ခန်းဆီးစပါးပါးဟာ လေတစ်ချက်တိုက်တိုင်း လွင့်ဝဲနေခဲ့သည်။ လရောင်အစား နေရောင်ခြည်နွေးနွေးက နေရာယူကာ ကန်ရေပြင်ကို အလှဆင်နေခဲ့ချေပြီ။ မွေ့ယာဖြူဖြူပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသူ အား စောင်းငဲ့ကြည့်ရင်း ခပ်စိပ်စိပ်တိုတိုမျက်တောင်တွေကို လက်ဖြင့်မထိတထိ သွားထိမိလိုက်သည်။နဂို အသားလတ်သည့် မိုးသောက်ဟာ ရှမ်းပြည်မှာအနေကြာ၍ အသားအရေ ဖြူဝင်းသည့်ဘက်ကို ရောက်နေလေပြီ။လျော့တိလျော့ရဲ နက်ပြာရောင်ညဝတ်အင်္ကျီဟာ ပိုလို့ပင် အသားဆောင်နေခဲ့သည်။ နဖူးပေါ်ကျနေသည့် ဆံပင်တွေကို လက်ဖြင့်အသာ ဆွဲဖွမိတော့ ခပ်စိပ်စိပ်မျက်တောင်တွေဟာ လှုပ်ခတ်လာပြီး လှစ်ဟသည်ဆိုရုံကလေး ဖွင့်လာခဲ့သည်။
" နိုးပြီလား မိုးသောက် "
"အင်းးးး အခု ဘယ်နှစ်နာရီလဲ "
" ၆ခွဲပဲရှိပါသေးတယ် breakfast သွားစားဖို့ ထတော့မလား "
သူ့အမေးကိုမဖြေပါဘဲ ခါးကိုလာဖက်ကာ ပခုံးနားတိုးဝှေ့ရင်း ပြန်မှိန်းသွားသော မိုးသောက်ကြောင့် သူပါ အိပ်ရာထဲမှာ ခွေနေလိုက်မိသည်။ မိုးသောက်ရဲ့ ကျောပြင်ကို အသာပုတ်ပေးရင်း လူက အတွေးနယ်ချဲ့မိပြန်သည်။ သူတို့နှစ်ယောက် ယခုလိုမျိုး အတူမရှိရသည်မှာ နှစ်တွေအတော်ကြာခဲ့သည်ပင်။ မရေမရာသော အကြောင်းအရာတွေဖြင့် ဝေးကွာသလိုအခြေအနေမျိုးနှင့်ဘယ်လောက်တောင် အနေရခက်ခဲ့ရပါသလဲ။
သိတတ်စအရွယ်ကတည်းက ကျင့်ဝတ်တွေ၊စည်းမျဥ်းတွေဖြင့် ရှင်သန်လာခဲ့ရသော သူ့အတွက် မိုးသောက်ဟာ စည်းမျဥ်းကို သွေဖယ်စေခဲ့သူတစ်ယောက်။ ဘဝကိုအစီအစဥ်ချကာ ဖြတ်သန်းလာခဲ့ရတဲ့အခိုက် မိုးသောက်ဟာ မထင်မှတ်ပဲ ဝင်ရောက်လာကာ သူ့ဘဝကို လှုပ်ရှားပြောင်းလဲစေခဲ့သည့်သူ။ မိုးသောက်ရဲ့အမြင်ကို သူမသိခဲ့သည်လည်း မဟုတ်ပေ။ မိုးသောက်က သူ့ကို အစီအစဥ်ဆွဲထားသည့်ဘဝထဲသို့ ပုံမှန်အတိုင်း ပြန်နေစေအောင် ကြံရွယ်ခဲ့သည်ပင်။ ခက်သည်က သူ။ သူကသာလျှင် ထိုပုံစံခွက်ဘဝထဲမှာ မွန်းကြပ်ကာ အစီအစဥ်တကျ မနေချင်တော့ပေ။
ရှင်သန်ရာဘဝ ခဏလေးမှာတော့ ပျော်ရွှင်ရာကိုသာ ရွေးချယ်ပြီး နေလိုပါသည်။
မနက် ၇နာရီကျော်လောက်မှာတော့ နှစ်ယောက်သား ဟိုတယ်ထမင်းစားခန်းဆီသို့ ရောက်လာခဲ့သည်။ ဘူဖေးခင်းကျင်းထားသော အစားအသောက်တွေဟာ အမျိုးအမည်စုံလှပေသည်။အင်းသားရိုးရာ ဟင်းတွေလည်း ပါသည်။ ထမင်းစားခန်းထဲမှာတော့ လူသိပ်မရှိပေ။ ဝန်ထမ်းတွေလည်း ညကပါတီမှာ အပြတ်ကဲပြီး မထနိုင်ကြသေးသည်က ဖြစ်လောက်ပေသည်။
" ရော့ ကော်ဖီ "
ဖျော်လာပေးသည့် ကော်ဖီခွက်ကို မိုးသောက်အရှေ့မှာချပေးလိုက်တော့ ပြုံးစစနဲ့ ဆိုလာသည်။
" မင်္ဂလာနံနက်ခင်းမှာပဲ အရင်က အရုဏ်ဦးလေး ပြန်လည် သက်ဆင်းလာခဲ့ပြီ "
" ပေါက်တတ်ကရ စကားမများစမ်းနဲ့ စားစရာရှိတာစား "
ပြောင်ချော်ချော်စကားတွေနဲ့ ပြောတတ်သည်က မိုးသောက်ရဲ့ အကျင့်တစ်ခုပင်။သည်ကောင်ဟာ သူတို့အုပ်စုရဲ့ King လည်းဖြစ်သလို ရုပ်လေးနဲ့မှမလိုက် မျက်နှာအပြောင်တတ်ဆုံးသူလည်း ဖြစ်ခဲ့သည်။ ဆရာဝန်ကြီးဆိုသော ဂုဏ်သိက္ခာနဲ့အညီ တည်ငြိမ်နေရပေမယ့် အတွင်းစိတ်မှာ ဘယ်လောက် ပေါက်ကရတွေးနေသလဲ သူတို့သာ အသိဆုံးပင်။
" ဆရာမိုးသောက် ၊ ဆရာအရုဏ် Morning ပါ ဆရာတို့ စောစောနိုးသားပဲ "
အဟွတ်...
ဆေးရုံမှ မန်နေဂျာက သူတို့နှစ်ယောက်ကို ရိုးရိုးသားသား နှုတ်ဆက်လာပေမယ့် ဆန်းဆန်းပြားပြားတွေးမိသွားသူ မိုးသောက်တစ်ယောက်ကတော့ သောက်လက်စ ကော်ဖီပင်သီးသွားလေသည်။
" ကျွန်တော်တို့ ညက အစောကြီးပြန်အိပ်လိုက်တာလေဗျာ "
သူကတော့ ခပ်တည်တည်နဲ့သာပြန်ဖြေလိုက်သည်။ မန်နေဂျာက ခေါင်းတငြိမ့်ငြိမ့်နဲ့
" ဟုတ်လား အဲ့တာကြောင့် ညက ဆရာတို့ကို မတွေ့တာ ဝန်ထမ်းတွေကတော့ ပျော်နေကြတာပဲဗျို့ "
မန်နေဂျာနှင့်ထွေရာလေးပါးပြောရင်းဆိုရင်း စားသောက်မှုက ပြီးစီးသွားသည်။
" ကဲ ဖြည်းဖြည်းစားနော် ကျွန်တော်တို့ အစာကြေအောင် လမ်းလျှောက်လိုက်ဦးမယ် "
နှစ်ယောက်သား ထမင်းစားခန်းကနေထွက်လာပြီး ဟိုတယ်လျှောက်လမ်းအတိုင်း လမ်းလျှောက်လာရင်း တောင်ပေါ်တက်သည့် လမ်းလေးကို မြင်တော့ အနီးနားရှိဝန်ထမ်းတစ်ယောက်ကိာ လှမ်းခေါ်ကာ အပေါ်တက်လို့ရ မရ မေးကြည့်လိုက်သည်။ တောင်ပေါ်က ဘုရားရှိကြောင်း ပြောတော့ အေးအေးလူလူပင် တောင်ပေါ်တက်ခဲ့ကြသည်။
တောင်ထိပ်ပေါ်ရှိဘုရားက အိုဟောင်းနေခဲ့ပြီ။ သို့သော် တောင်ပေါ် ကနေ စီးမြင်ရသည့် အင်းလေးရေပြင်နှင့် တောင်တန်းကတော့ လှပနေခဲ့သည်။ စက်လှေတချို့ဖြတ်ပြေးသွားသည်ကိုလည်း မြင်ရသည်။ ရေပေါ်စိုက်ခင်းတွေ လှိုင်းကြက်ခွပ်နှင့်အတူ လှုပ်ခါသွားသည်ကိုလည်း မြင်ရသည်။
" အင်းလေးကန်တောင် တော်တော်လေး ယိုယွင်းသွားပြီနော် "
မိုးသောက်က နှမြောတမ်းတစွာ ညည်းညူသည်။
" သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရကောင်းမှန်းမသိကြလို့လေ... ဟိုတယ်တွေကလည်း အကျိုးအမြတ်ရချင်တာပဲ ကြည့်ကြတာ "
လက်ဆောင်ရထားသည့် သဘာဝရေမြေတွေဟာ တန်ဖိုးမထားတတ်သည့်သူများကြောင့် ပျက်စီးရလေပြီ။ အခုနောက်ပိုင်း လူငယ်တွေဦးဆောင်ကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အားကြိုးမာန်တက် လုပ်ကိုင်လာ၍သာ တော်ပေတော့သည်။ရှုခင်းကိုငေးရင်း ဖြည်းဖြည်းချင်း အောက်ကိုပြန်ဆင်းလာချိန် ဆေးရုံမှဝန်ထမ်းတွေဟာ သွားလာ ပျော်ရွှင်ကာ အသက်ဝင်နေကြချေပြီ။
" ဆရာမိုးသောက် ဆရာမိုးသောက် ဓာတ်ပုံတူတူရိုက်ကြရအောင် ဆရာ "
မိုးသောက်လက်ကိုဆွဲကာ စံကားဝါပင်အောက် ပုံတူတူရိုက်ကြပြန်သည်။ သူ့ကိုပါ ဆွဲခေါ်ကာ ထပ်ရိုက်ပြန်သည်။ ပြီးနောက် သူတို့အုပ်စု လိုက် နေရာအနှံ့ပတ်ကာ ဓာတ်ပုံရိုက်နေကြသည်မှာ မပြီးတော့ပေ။ ဒါသည်လည်း အမှတ်တရတွေကို သိမ်းဆည်းသည့် နည်းလမ်းတစ်မျိုးပဲမဟုတ်လား။
အင်းလေးကအပြန်မှာတော့ ဆရာဝန်အငယ်တချို့ကိုပါ ကားပေါ်တင်ခေါ်လာခဲ့သည်။ အငယ်တွေပါလာသဖြင့် ကားအတွင်းဆူညံကာ အသက်ဝင်နေတော့သည်။
" တောင်...ယာ...ဝင်ချိန်မှာ... ငွေမိုးစက်ကလေးတွေ....
စုံလင်စွာဖူးပွင့်လို့ အို...လှပ ပါတယ်....
အသီးအပွင့်ပန်းတွေ....
ယိမ်းကလို့နေ...
နုနုကိုလေ တို့လာခေါ်မယ်... တွေးလို့ပျော်နေ...
ဝါကျွတ်ပွဲတော် လက်ထပ်ဖို့ ကြိုးစားနေပါတယ်....
"
ကလေးတွေနှင့်အတူ သီချင်းလိုက်ဆိုရင်း တွေးမိကာ ပြုံးလိုက်သည်။ ဝါကျွတ်ပွဲအမှီ လက်ဆက်ပေးချင်နေသော မယ်မယ်တစ်ယောက် အကြံမထမြောက်သဖြင့် မကျေမနပ်ဖြစ်နေရတော့မည်ပင်။
ဆက်ရန်.....
Zawgyi
ခန္းဆီးစပါးပါးဟာ ေလတစ္ခ်က္တိုက္တိုင္း လြင့္ဝဲေနခဲ့သည္။ လေရာင္အစား ေနေရာင္ျခည္ႏြေးႏြေးက ေနရာယူကာ ကန္ေရျပင္ကို အလွဆင္ေနခဲ့ေခ်ၿပီ။ ေမြ႕ယာျဖဴျဖဴေပၚတြင္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနသူ အား ေစာင္းငဲ့ၾကည့္ရင္း ခပ္စိပ္စိပ္တိုတိုမ်က္ေတာင္ေတြကို လက္ျဖင့္မထိတထိ သြားထိမိလိုက္သည္။နဂို အသားလတ္သည့္ မိုးေသာက္ဟာ ရွမ္းျပည္မွာအေနၾကာ၍ အသားအေရ ျဖဴဝင္းသည့္ဘက္ကို ေရာက္ေနေလၿပီ။ေလ်ာ့တိေလ်ာ့ရဲ နက္ျပာေရာင္ညဝတ္အကၤ်ီဟာ ပိုလို႔ပင္ အသားေဆာင္ေနခဲ့သည္။ နဖူးေပၚက်ေနသည့္ ဆံပင္ေတြကို လက္ျဖင့္အသာ ဆြဲဖြမိေတာ့ ခပ္စိပ္စိပ္မ်က္ေတာင္ေတြဟာ လႈပ္ခတ္လာၿပီး လွစ္ဟသည္ဆို႐ုံကေလး ဖြင့္လာခဲ့သည္။
" နိုးၿပီလား မိုးေသာက္ "
"အင္းးးး အခု ဘယ္ႏွစ္နာရီလဲ "
" ၆ခြဲပဲရွိပါေသးတယ္ breakfast သြားစားဖို႔ ထေတာ့မလား "
သူ႕အေမးကိုမေျဖပါဘဲ ခါးကိုလာဖက္ကာ ပခုံးနားတိုးေဝွ႕ရင္း ျပန္မွိန္းသြားေသာ မိုးေသာက္ေၾကာင့္ သူပါ အိပ္ရာထဲမွာ ေခြေနလိုက္မိသည္။ မိုးေသာက္ရဲ႕ ေက်ာျပင္ကို အသာပုတ္ေပးရင္း လူက အေတြးနယ္ခ်ဲ့မိျပန္သည္။ သူတို႔ႏွစ္ေယာက္ ယခုလိုမ်ိဳး အတူမရွိရသည္မွာ ႏွစ္ေတြအေတာ္ၾကာခဲ့သည္ပင္။ မေရမရာေသာ အေၾကာင္းအရာေတြျဖင့္ ေဝးကြာသလိုအေျခအေနမ်ိဳးႏွင့္ဘယ္ေလာက္ေတာင္ အေနရခက္ခဲ့ရပါသလဲ။
သိတတ္စအ႐ြယ္ကတည္းက က်င့္ဝတ္ေတြ၊စည္းမ်ဥ္းေတြျဖင့္ ရွင္သန္လာခဲ့ရေသာ သူ႕အတြက္ မိုးေသာက္ဟာ စည္းမ်ဥ္းကို ေသြဖယ္ေစခဲ့သူတစ္ေယာက္။ ဘဝကိုအစီအစဥ္ခ်ကာ ျဖတ္သန္းလာခဲ့ရတဲ့အခိုက္ မိုးေသာက္ဟာ မထင္မွတ္ပဲ ဝင္ေရာက္လာကာ သူ႕ဘဝကို လႈပ္ရွားေျပာင္းလဲေစခဲ့သည့္သူ။ မိုးေသာက္ရဲ႕အျမင္ကို သူမသိခဲ့သည္လည္း မဟုတ္ေပ။ မိုးေသာက္က သူ႕ကို အစီအစဥ္ဆြဲထားသည့္ဘဝထဲသို႔ ပုံမွန္အတိုင္း ျပန္ေနေစေအာင္ ႀကံ႐ြယ္ခဲ့သည္ပင္။ ခက္သည္က သူ။ သူကသာလွ်င္ ထိုပုံစံခြက္ဘဝထဲမွာ မြန္းၾကပ္ကာ အစီအစဥ္တက် မေနခ်င္ေတာ့ေပ။
ရွင္သန္ရာဘဝ ခဏေလးမွာေတာ့ ေပ်ာ္႐ႊင္ရာကိုသာ ေ႐ြးခ်ယ္ၿပီး ေနလိုပါသည္။
မနက္ ၇နာရီကျော်လောက်မှာတော့ ႏွစ္ေယာက္သား ဟိုတယ္ထမင္းစားခန္းဆီသို႔ ေရာက္လာခဲ့သည္။ ဘူေဖးခင္းက်င္းထားေသာ အစားအေသာက္ေတြဟာ အမ်ိဳးအမည္စုံလွေပသည္။အင္းသားရိုးရာ ဟင္းေတြလည္း ပါသည္။ ထမင္းစားခန္းထဲမွာေတာ့ လူသိပ္မရွိေပ။ ဝန္ထမ္းေတြလည္း ညကပါတီမွာ အျပတ္ကဲၿပီး မထနိုင္ၾကေသးသည္က ျဖစ္ေလာက္ေပသည္။
" ေရာ့ ေကာ္ဖီ "
ေဖ်ာ္လာေပးသည့္ ေကာ္ဖီခြက္ကို မိုးေသာက္အေရွ႕မွာခ်ေပးလိုက္ေတာ့ ၿပဳံးစစနဲ႕ ဆိုလာသည္။
" မဂၤလာနံနက္ခင္းမွာပဲ အရင္က အ႐ုဏ္ဦးေလး ျပန္လည္ သက္ဆင္းလာခဲ့ၿပီ "
" ေပါက္တတ္ကရ စကားမမ်ားစမ္းနဲ႕ စားစရာရွိတာစား "
ေျပာင္ေခ်ာ္ေခ်ာ္စကားေတြနဲ႕ ေျပာတတ္သည္က မိုးေသာက္ရဲ႕ အက်င့္တစ္ခုပင္။သည္ေကာင္ဟာ သူတို႔အုပ္စုရဲ႕ King လည္းျဖစ္သလို ႐ုပ္ေလးနဲ႕မွမလိုက္ မ်က္ႏွာအေျပာင္တတ္ဆုံးသူလည္း ျဖစ္ခဲ့သည္။ ဆရာဝန္ႀကီးဆိုေသာ ဂုဏ္သိကၡာနဲ႕အညီ တည္ၿငိမ္ေနရေပမယ့္ အတြင္းစိတ္မွာ ဘယ္ေလာက္ ေပါက္ကရေတြးေနသလဲ သူတို႔သာ အသိဆုံးပင္။
" ဆရာမိုးေသာက္ ၊ ဆရာအ႐ုဏ္ Morning ပါ ဆရာတို႔ ေစာေစာနိုးသားပဲ "
အဟြတ္...
ေဆး႐ုံမွ မန္ေနဂ်ာက သူတို႔ႏွစ္ေယာက္ကို ရိုးရိုးသားသား ႏႈတ္ဆက္လာေပမယ့္ ဆန္းဆန္းျပားျပားေတြးမိသြားသူ မိုးေသာက္တစ္ေယာက္ကေတာ့ ေသာက္လက္စ ေကာ္ဖီပင္သီးသြားေလသည္။
" ကြၽန္ေတာ္တို႔ ညက အေစာႀကီးျပန္အိပ္လိုက္တာေလဗ်ာ "
သူကေတာ့ ခပ္တည္တည္နဲ႕သာျပန္ေျဖလိုက္သည္။ မန္ေနဂ်ာက ေခါင္းတၿငိမ့္ၿငိမ့္နဲ႕
" ဟုတ္လား အဲ့တာေၾကာင့္ ညက ဆရာတို႔ကို မေတြ႕တာ ဝန္ထမ္းေတြကေတာ့ ေပ်ာ္ေနၾကတာပဲဗ်ိဳ႕ "
မန္ေနဂ်ာႏွင့္ေထြရာေလးပါးေျပာရင္းဆိုရင္း စားေသာက္မႈက ၿပီးစီးသြားသည္။
" ကဲ ျဖည္းျဖည္းစားေနာ္ ကြၽန္ေတာ္တို႔ အစာေၾကေအာင္ လမ္းေလွ်ာက္လိုက္ဦးမယ္ "
ႏွစ္ေယာက္သား ထမင္းစားခန္းကေနထြက္လာၿပီး ဟိုတယ္ေလွ်ာက္လမ္းအတိုင္း လမ္းေလွ်ာက္လာရင္း ေတာင္ေပၚတက္သည့္ လမ္းေလးကို ျမင္ေတာ့ အနီးနားရွိဝန္ထမ္းတစ္ေယာက္ကိာ လွမ္းေခၚကာ အေပၚတက္လို႔ရ မရ ေမးၾကည့္လိုက္သည္။ ေတာင္ေပၚက ဘုရားရွိေၾကာင္း ေျပာေတာ့ ေအးေအးလူလူပင္ ေတာင္ေပၚတက္ခဲ့ၾကသည္။
ေတာင္ထိပ္ေပၚရွိဘုရားက အိုေဟာင္းေနခဲ့ၿပီ။ သို႔ေသာ္ ေတာင္ေပၚ ကေန စီးျမင္ရသည့္ အင္းေလးေရျပင္ႏွင့္ ေတာင္တန္းကေတာ့ လွပေနခဲ့သည္။ စက္ေလွတခ်ိဳ႕ျဖတ္ေျပးသြားသည္ကိုလည္း ျမင္ရသည္။ ေရေပၚစိုက္ခင္းေတြ လွိုင္းၾကက္ခြပ္ႏွင့္အတူ လႈပ္ခါသြားသည္ကိုလည္း ျမင္ရသည္။
" အင္းေလးကန္ေတာင္ ေတာ္ေတာ္ေလး ယိုယြင္းသြားၿပီေနာ္ "
မိုးေသာက္က ႏွေျမာတမ္းတစြာ ညည္းၫူသည္။
" သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္းရေကာင္းမွန္းမသိၾကလို႔ေလ... ဟိုတယ္ေတြကလည္း အက်ိဳးအျမတ္ရခ်င္တာပဲ ၾကည့္ၾကတာ "
လက္ေဆာင္ရထားသည့္ သဘာဝေရေျမေတြဟာ တန္ဖိုးမထားတတ္သည့္သူမ်ားေၾကာင့္ ပ်က္စီးရေလၿပီ။ အခုေနာက္ပိုင္း လူငယ္ေတြဦးေဆာင္ကာ ပတ္ဝန္းက်င္ထိန္းသိမ္းေရးကို အားႀကိဳးမာန္တက္ လုပ္ကိုင္လာ၍သာ ေတာ္ေပေတာ့သည္။ရႈခင္းကိုေငးရင္း ျဖည္းျဖည္းခ်င္း ေအာက္ကိုျပန္ဆင္းလာခ်ိန္ ေဆး႐ုံမွဝန္ထမ္းေတြဟာ သြားလာ ေပ်ာ္႐ႊင္ကာ အသက္ဝင္ေနၾကေခ်ၿပီ။
" ဆရာမိုးေသာက္ ဆရာမိုးေသာက္ ဓာတ္ပုံတူတူရိုက္ၾကရေအာင္ ဆရာ "
မိုးေသာက္လက္ကိုဆြဲကာ စံကားဝါပင္ေအာက္ ပုံတူတူရိုက္ၾကျပန္သည္။ သူ႕ကိုပါ ဆြဲေခၚကာ ထပ္ရိုက္ျပန္သည္။ ၿပီးေနာက္ သူတို႔အုပ္စု လိုက္ ေနရာအႏွံ႕ပတ္ကာ ဓာတ္ပုံရိုက္ေနၾကသည္မွာ မၿပီးေတာ့ေပ။ ဒါသည္လည္း အမွတ္တရေတြကို သိမ္းဆည္းသည့္ နည္းလမ္းတစ္မ်ိဳးပဲမဟုတ္လား။
အင္းေလးကအျပန္မွာေတာ့ ဆရာဝန္အငယ္တခ်ိဳ႕ကိုပါ ကားေပၚတင္ေခၚလာခဲ့သည္။ အငယ္ေတြပါလာသျဖင့္ ကားအတြင္းဆူညံကာ အသက္ဝင္ေနေတာ့သည္။
" ေတာင္...ယာ...ဝင္ခ်ိန္မွာ... ေငြမိုးစက္ကေလးေတြ....
စုံလင္စြာဖူးပြင့္လို႔ အို...လွပ ပါတယ္....
အသီးအပြင့္ပန္းေတြ....
ယိမ္းကလို႔ေန...
ႏုႏုကိုေလ တို႔လာေခၚမယ္... ေတြးလို႔ေပ်ာ္ေန...
ဝါကြၽတ္ပြဲေတာ္ လက္ထပ္ဖို႔ ႀကိဳးစားေနပါတယ္....
"
ကေလးေတြႏွင့္အတူ သီခ်င္းလိုက္ဆိုရင္း ေတြးမိကာ ၿပဳံးလိုက္သည္။ ဝါကြၽတ္ပြဲအမွီ လက္ဆက္ေပးခ်င္ေနေသာ မယ္မယ္တစ္ေယာက္ အႀကံမထေျမာက္သျဖင့္ မေက်မနပ္ျဖစ္ေနရေတာ့မည္ပင္။
ဆက္ရန္.....