ℒ𝑖𝑠𝑡𝑒𝑛 𝑡𝑜 𝑡ℎ𝑒 ℛ𝑎𝑑�...

By AureumV

106K 15.3K 3.6K

Tennessee Radio Station ? Turn on 91.3 MHz. One fine evening let me hear your voice. Captivate my soul and fr... More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34 (Final)

Part 23

1.9K 321 55
By AureumV

Unicode~

​နွေဦး၏ ​နေသာ​သော ​နေ့တစ်​နေ့..။
​ထောက်ရှားပန်းတို့က ပွင့်အာစပြုလို့​နေပြီ။ ​​အ​အေးဓါတ်ကို တွန်းဖယ်ပြီး ​နေရာဝင်ယူစပြုလာ​​သော အ​နွေးဓါတ်ကို ​ထောက်ရှားပန်းတို့က ကြိုက်ဟန်တူပါ၏။

သာယာကြည်လင်​သော ​နေအလင်း​ရောင်ကို အားကိုးတကြီးဖြင့် ကုန်တိုက်သို့ ထွက်လာခဲ့သည်။ ပိတ်ရက်ဖြင့်လင့်ကစား မြို့နယ်အ​ရေး​ပေါ်အစည်းအ​ဝေးများ​ကြောင့် ​မောင်က ​ရောက်မလာနိုင်ပါ။ ထို့​ကြောင့်ပင် သည်တစ်​နေ့​တော့ ကုန်တိုက်​ဈေးတန်းများကြား တစ်​ယောက်တည်း ​ယောင်ချာချာနှင့် လမ်း​ပျောက်ရပါ​ရော..။

"ဒိန်ချဥ်၊ ​​ပေါင်မုန့်၊ အချိုရည်.. ဘာဝယ်ရင် ​ကောင်းမလဲ"

သူတစ်​ယောက်တည်း အ​မေးရှိလိုက်၊ အ​ဖြေရှိလိုက်။ အိမ်မှာ မည်သည့်ပစ္စည်းကုန်၍ မည်သည့်ပစ္စည်းတို့ ပိုလျှံ​နေသည်အား သူမစဥ်းစားနိုင်။ ​မနက်​​စော​စောထမိသည်နှင့် ပိတ်ရက်က တိုက်ဆိုင်​နေ​တော့ ရုတ်ခြည်းထွက်လာခဲ့တာနှင့် ဘာကိုမှ စာရင်းအတိအကျ မပြုစုဖြစ်ခဲ့ပါ။

"ဪ.. ဘယ်သူများလဲလို့။ မ​တွေ့တာကြာပြီ​နော် Kim Taehyung"

"Drew.."

မင်္ဂလာရှိ​​သော ​နေ့အဆက်ဆက်ကို ကြုံခဲ့ရပါလျက် Drewကို မြင်လိုက်စဥ်မှာ မင်္ဂလာရက်စွဲတို့က အလိုလိုညှိုးနွမ်းရသည်။ ​ယောင်လို့ပင် မ​တွေ့ချင်ဘူးဆိုကာမှ ကုန်တိုက်အထိ လာဆုံ​နေရတယ်လို့။ မြို့ပြင်ဘက်က St. Johnမှာ​နေ​သော Drewက ဘာ​ကြောင့်များ သည်အထိ ​​ဈေးလာ၀ယ်​နေရတာတဲ့လဲ။

"မှတ်မိ​သေးတယ်​ပေါ့ ကိုယ့်နာမည်ကို​လေ။ Taehyungက စိမ်းကားလွန်း​တော့ ​မေ့သွားပြီထင်​နေတာ"

"ငါသွား​တော့မယ်"

"​နေပါဦး။ ဟိုတစ်ခါ ဘုရား​ကျောင်းမှာ ​တွေ့တည်းက ကိုယ်တို့မဆုံဖြစ်ကြ​သေးဘူး​မလား။ လာပါ.. ဆိုင်တစ်ဆိုင်ဆိုင် သွားထိုင်ကြရ​အောင်"

လက်​မောင်း​သေး​သေးကို Drewက လက်ကြမ်းကြီးများနှင့် ဆွဲထားပါ၏။ အလုပ်ကြမ်းမလုပ်ရပါဘဲ ကြမ်း​ထော်​နေ​သော လက်ဖဝါးများဟာ Drew၏ စိတ်ဓါတ်နှင့် တိုက်ရိုက်အချိုးကျ​နေခြင်းဖြစ်နိုင်သည်။ ရှိသမျှအားကုန်သုံးပြီး ရုန်းလိုက်ကာ Drewကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။ သူငယ်ငယ်က သည်လိုပင် မကြည့်ရဲခဲ့။ ဤအကြည့်ထဲ မခန့်​လေးစားအ​ငွေ့အသက်များ၊ ချိုးနှိမ်စွာ အထင်​သေး​သော အရိပ်များ တန်းစီလို့ ပါ​နေလိမ့်မည်။ ထင်ချင်သလို ထင်စမ်းပါ​​စေ.. Drewကို အသားချင်းထိမိတာတင် ရွံလွန်းလို့..။

"ငါ့ကို မထိနဲ့။ ငါမင်းနဲ့ ဆိုင်အတူထိုင်ရ​အောင်အထိလည်း အားမ​နေဘူး။ မင်းနဲ့လည်း မ​တွေ့ချင်ဘူး"

"ဘယ်သူ့အားကိုးနဲ့ ဒီ​လောက်​သတ္တိရှိ​နေရတာလဲ ဟမ်.."

ရွံလှချည်ရဲ့ဆို​​သော လက်ကြမ်းကြီးများက သူ့ပါးနှစ်ဖက်ကို ဆွဲညစ်လို့ထားသည်။ ပွန်းပဲ့သွားမည်​တောင် စိုးရိမ်ရပါ၏။ Drew၏ မျက်ဝန်းများက မီးတဟုန်းဟုန်း​တောက်​နေသည့်အလား။ ငယ်ကျင့်​တွေက အခုထိ မ​ပျောက်​သေးဘူးပဲကိုး။

"ဖယ်.. မင်းကို အကြမ်းဖက်မှုနဲ့ ​ထောင်ထဲပို့လို့ရတယ် သိရဲ့လား"

"ဟုတ်လား။ မုန့်လုစားခံရရင်​တောင် ဆရာမကို ပြန်မတိုင်တတ်တဲ့​ကောင်ကများ ရဲတိုင်မယ်​ပေါ့။ ဟားဟားဟား.. ဖြစ်နိုင်တာပဲ ​ပြောစမ်းပါ Kim Taehyungရယ်"

"​တော်​တော့လို့ ငါ​ပြော​နေတယ်။ မင်းလည်း ငါ့ကို မုန်း​နေတာပဲမဟုတ်လား။ မုန်း​နေသူချင်း မမြင်​အောင်ဘဲ နေကြတာ​ပေါ့"

ထိုစဥ် သူတို့အနီး လူအနည်းငယ်ဖြတ်သွား၍ Taehyungရှက်မိသလိုလို။ ​ယောကျ်ားနှစ်​​ယောက် အ​​ချေအတင်​ဖြစ်ကြသည့် ပြဿနာမှာ တစ်ဖက်က ခန္ဓါကိုယ်အားဖြင့် အသားစီရ​​နေ​တော့ လူအများက သူ့ကို အာ​ရုံစိုက်မိပြီး တီးတိုးတီးတိုး​ပြောသွားကြသည်အား သူမနှစ်ခြိုက်နိုင်ပါ။

"အင်း​​လေ.. စိန်​ခေါ်တာ​ပေါ့။ ကံတရားကြီးက မြင်ခွင့်ဆုံခွင့်​ပေးရင်​တော့ မတတ်နိုင်ဘူး​ပေါ့​နော် Kim Taehyung"

Drewက ပါး​စောင်ထဲ မူလကပင် ငုံခဲထား​သော ပီ​ကေအား အသံမြည်​အောင်​ဖောက်ပြီး လှည့်ထွက်သွားသည်။ သူ၏ပုံစံက ​မေတ္တာရည်ပြည့်ဝ​သော မိဘမဲ့​​ဂေဟာနှင့် နည်းနည်းမှမလိုက်ဖက်​ချေ။ သာမာန်​ခြေသလုံးအိမ်တိုင်လမ်းသရဲနှင့်သာ တူပါ၏။
သည်လိုလူကို ဘာယုံလို့များ ​ဂေဟာမှူးတို့က လက်သင့်ခံထားတာပါလိမ့်။ ထို​မေးခွန်းကို ငယ်တည်းက အခုထိ ​မေး​မိ​သော်လည်း အ​ဖြေမသိရ​သေးပါ။
____

စာရွက်စာတမ်းနှင့် ဓါတ်ပုံအချို့။
မှုန်​​တေ​​တေနှင့် က​​လေးတစ်​ယောက်က ​ထောင့်ဆုံးမှာ ရပ်လို့​နေသည်။ အုပ်စုလိုက်ဓါတ်ပုံဖြစ်ပါ​သော်ငြား ထိုက​လေးက သိသိသာသာကို ​ဘေးထွက်လို့​နေသည်။ ပြုံး​ပျော်​နေ​သော က​လေးများကြား သူက မျက်နှာ​သေနှင့်။ ကစားစရာအရုပ်တစ်ခုစီကိုင်ထား​သော က​လေးများကြား ထိုက​လေးက လက်ဗလာနှင့်။

​​ဆွေမရှိ မျိုးမရှိ၊ လစဥ်​ထောက်ပံ့မည့်သူမရှိ။ ပညာ​ရေးမှာ ထက်မြက်​သော်ငြား ပံ့ပိုးမှုတစ်စုံတစ်ရာ မခံစားခဲ့ရ။ ကွက်လပ်ဖြစ်​နေ​သော စာရွက်စာတမ်းများကို တစ်ရွက်ချင်းလိုက်ဖက်ရင်း Mrs. Jeonမှာ မျက်​မှောင်ကြုတ်သထက်ကြုတ်လာ၏။

"ဘာမှ အားရစရာကို မရှိဘူး"

"အားမရ​တော့​ရော ဘယ်လိုလုပ်မှာလဲ။ ငါတို့သားက အကုန်စီစဥ်​နေပြီ"

"စီစဥ်ရုံပဲ​လေ။ လက်ထပ်ဖိတ်စာ​တောင် ရိုက်ရ​သေးတာမဟုတ်ဘူး"

Kim Taehyungဆိုသည့်​ကောင်​လေး။ သူတစ်​ယောက်တည်းဆို၊ သို့တည်းမဟုတ် သားဖြစ်သူJeon JungKook၏ မိ​တ်​ဆွေသက်သက်သာဆို လူရည်လူမွန်​​လေးအဖြစ် ချီးကျူး​ပေးနိုင်လိမ့်မည်၊ ကရုဏာသက်စရာရှိ သက်​ပေးနိုင်မည်။
ယခု​တော့ဖြင့် ချစ်သူတဲ့လား။

အမျိုးသားတစ်​ယောက် ဖြစ်​နေရုံနှင့်ပင် အင်မတန်မယုံနိုင်စရာ ​ကောင်း​နေ​ပေပြီ။ ​အသိုင်းအဝိုင်းကို ကြည့်ပြန်​တော့ မိဘမဲ့။ ထိုထက်ဆိုးသည်က ​ဆွေမျိုးသားချင်းပင်မရှိ။ ​ဂေဟာမှာ ကြီးပြင်းလာရ​သော တစ်​ကောင်ကြွက်။ မိသားစု၏မ​တော်တဆမှုမှာ​ တစ်​ယောက်တည်းရှင်သန်ကျန်ရစ်သူဖြစ်တာတောင် ကြည့်ရှု​စောင့်​ရှောက်မည့် ​ဆွေမျိုးများက ​ပေါ်မလာ။
ယုတ်စွအဆုံး ထိုက​လေးက စကား​ပြောတတ်ဖို့ အင်မတန်အချိန်ယူခဲ့ရသည်ဆိုပါလား။ စကားမပြောတတ်သည့် ဗီဇမျိုးသာ ထိုက​လေးမှာ ပါလာလျှင် သူ​တော့ ရင်ကျိုးရပါချည့်။

မိမိသားနှင့် ဘယ်လိုစိတ်ထားပြီး သ​ဘောတူကြည်ဖြူနိုင်ပါမည်လဲ။ အဆင့်အတန်းခွဲခြား​ရေးကို ပဓါနထားတတ်သူမဟုတ်​သော်လည်း မိမိသား၏အိမ်​ထောင်​ရေးအတွက်​တော့ အဘက်ဘက်မှ အပြစ်ဆိုဖွယ်ရာမရှိသူကိုသာ ​ရွေးချယ်​​စေလိုသည်။ ကိုယ့်သားအတွက် အတ္တအသီးသီး​တော့ မိခင်တိုင်း ရှိတတ်ကြစမြဲဖြစ်ပါလိမ့်မည်။

အမျိုးသမီးတစ်​ယောက်သာဆို ​နောက်​ကြောင်းများကို စုံစမ်းမိမည်လားမ​သေချာ။ လက်ထပ်ပွဲမှာလည်း လူအများ ​မေး​ငေါ့၍ စပ်စပ်စုစု​မေးမှာ မဟုတ်​ချေ။ အခု​တော့ လိင်တူအမျိုးသားနှစ်​ယောက်၏ လက်ထပ်ပွဲတဲ့လား။ ဖိတ်စာကို မြင်သည်နှင့် ဘယ်လို​ကြောင့်လက်ထပ်ကြသည်အား လူတိုင်းသိချင်ကြမှာဧကန်။ ခရိုင်မင်းJeon JungKook​ရွေးချယ်​​သော အမျိုးသားအိမ်​​ထောင်ဖက်၏ အရည်အချင်း၊ အသိုင်းအဝိုင်း အစရှိသည်တို့အား သိကိုသိချင်ကြလိမ့်မည်။ ထိုအခါ သူဘယ်လို ​ပြန်​ဖြေရပါ့မလဲ။

"ကျွန်မ နာ့ရှ်ဗီးလ်ကို လိုက်သွားမယ်"

"လိုက်သွားပြီး ဘာလုပ်မယ်များ စိတ်ကူးထားသလဲ"

"JungKookကို​တော့ ​ပြောရမှာမဟုတ်တာ အ​သေအချာပဲ။ အဲဒီ​တော့ Mr. Kimကိုပဲ တိုက်ရိုက်​ပြောရမှာ​ပေါ့။ သူ့​နေရာသူသိသွားရုံ​လောက်ပါပဲ"

"​နေပါဦး။ မင်းက နာ့ရှ်ဗီးလ်ကို JungKookမသိ​အောင် တိတ်တိတ်က​လေး သွားမလို့လား"

"သွားသင့်ရင် သွားရမှာပဲ။ ကျွန်မသားကို လူ​ပြော​တော့ မခံနိုင်ဘူး။ ဘယ့်နှယ်​တော့ ​ယောကျ်ား​လေးဖြစ်တာက​တောင် ဆိုး​နေပြီကို မိဘမဲ့တစ်​ကောင်ကြွက်တဲ့​လေ"

နာ့ရှ်ဗီးလ်အထိ လိုက်သွားပြီးလျှင် Mr. Kimအ​​ကြောင်း အနည်းငယ်ထပ်စုံစမ်းဦးမည်။ ​နောက်ဆုတ်လိုက်ဖို့ အတိအလင်းအမိန့်​ပေးနိုင်မည့် အားနည်းချက်တစ်စုံတစ်ရာ​တော့ သူသိကိုသိထားသင့်ပါသည်။

JungKook​လေးက သူတို့သားသမီး​​လေး​ယောက်ထဲ အထက်မြက်ဆုံးသား​လေးဖြစ်တာ​ကြောင့် သူတို့မှာ အမြဲလိုလို မျက်နှာပွင့်ရသည်။ တစ်သက်လုံး ​ပြောဆိုစရာအကွက်ရယ်လို့မ​တွေ့​အောင် ​​နေလာပြီးကာမှ ဘယ်လိုဖြစ်လို့ ​ယောကျ်ားတစ်​ယောက်ကို လက်ထပ်ဖို့ ​တွေးမိရတာတဲ့လဲ။ သူဖြင့် နားကိုမလည်နိုင်။

မည်သို့ပင် ဖြစ်​​စေကာမူ မိမိသားဖြစ်သူ အသိစိတ်ဝင်ပြီး Mr. Kimကို စွန့်လွှတ်ဖို့အ​ရေး သူ​တော့ ဘာမဆို လုပ်ရမှာပင်။
____

"ကုန်တိုက်သွားတာကို Drewနဲ့မှ ဆုံခဲ့ရတယ်လို့ ​မောင်ရယ်"

ညည်းညည်းညူညူအသံ​လေးအား သူ၏ဦး​နှောက်မှာ သွက်သွက်ဖတ်လိုက်ပြီး​နောက် မျက်ခြယ်မည်မျှ စိတ်ညစ်​ထေး​နေ​ကြောင်း သိရပါ၏။ Drewဆိုသူက မျက်ခြယ်အတွက်​တော့ ​ဟောင်းနွမ်းစုတ်ပြတ်​နေ​သော အိပ်မက်ဆိုးတစ်ခုပင်။

"ဘာတဲ့လဲ။ သူမျက်ခြယ်ကို ဘာလုပ်​​သေးလဲ"

"ဖြစ်ခဲ့တာက ​တော်​တော်ကို ကျက်သ​ရေတုန်းတုန်းပါပဲ။ အတင်း​ရောအဓမ္မ ဆိုင်အတူတူထိုင်ကြမယ်လုပ်​နေလို့ စကားများလိုက်ကြ​သေးတယ်"

"​တော်​တော်ကို မင်္ဂလာမရှိတဲ့​ကောင်ပဲ။ မျက်ခြယ် သူ့ကို ဘာလုပ်​စေချင်လဲ။ ဘုရား​ကျောင်းတာဝန်ရှိသူ​တွေကို အသိ​ပေးရမလား"

"ထားလိုက်စမ်းပါ ​မောင်ရယ်။ ဒင်းနဲ့​တော့ ပတ်ကို မပတ်သက်ချင်တာ။ မြင်ရတာ​တောင် မျက်စိသနလွန်းလို့"

"တစ်ခုခုဆို ​မောင့်ကို ​ပြောရမယ်​နော်။ မျက်ခြယ်က လျစ်လျူရှုချင်တာကို ​မောင်နားလည်​ပေမဲ့ တစ်ခါတ​လေ ဒီလို​ကောင်​တွေက လျစ်လျူရှုတာကို အခွင့်​ကောင်းယူကြလွန်းလို့ ​မောင်တို့လုပ်သင့်လုပ်ထိုက်တာ​တော့လုပ်ရမယ်.. ဟုတ်ပြီလား"

"အင်းပါ ​မောင်ရဲ့"

​မောင်ခမျာ အိမ်​ရောက်လာလို့ ​ချွေးပင်မသိပ်​သေးခင် သူ့ဆီက အမင်္ဂလာသတင်းကြားလိုက်ရ​တော့ အ​မော့ဆို့သွား​တော့မှာ အ​သေအချာ။
အနီးရှိ​ လက်ကိုင်ပဝါဖြူညစ်ညစ်​လေးအားယူ၍ ချွေးတစိုစိုဖြစ်​နေ​သော ​မောင့်နားထင်​နေရာကို ဖိကပ်သုတ်​ပေးလိုက်၏။

"အစည်းအ​ဝေးက အဆင်​​ပြေခဲ့ရဲ့လား"

"​ပြေပါတယ်။ မြို့ထဲက ​ရေ​နုတ်​မြောင်း​တွေကိစ္စ​လေ။ မျက်ခြယ်လည်း ကြား​လောက်မှာပါ။ ​နွေဦးအကုန်ဆို မိုးတစ်ပြိုက်​လေတစ်ပြိုက်နဲ့ ​ရေနုတ်​မြောင်း​တွေမ​လောက်ရင် ​ရေအိုင်ပြီး မြို့မသန့်မှာ စိုးရလို့​လေ။ ​မောင်လည်း နာ့ရှ်ဗီးလ်မုတ်သုံကို အခုမှကြုံဖူးမှာ​ဆို​တော့ အကြံ​ပေးရတာ ဂွကျလိုက်တာမှ.."

အမှန်​တော့ ​နွေဦးမကုန်ခင် ဧပြီလလယ်ဆိုလျှင်​တောင် နာ့ရှ်ဗီးလ်က မိုး​ကောင်းလှပြီ။ ​ရေနုတ်​မြောင်းကိစ္စက​တော့ဖြင့် တစ်နှစ်တစ်ခါစည်း​ဝေးရ​သော မြို့စည်ပင်​ရေးကိစ္စပင်။

"မိုးက​တော့ ​ရှေ့လဆိုရင်ပဲ သိပ်​ကောင်း​တော့မှာ။ ​ရေနုတ်​မြောင်းက​တော့ နှစ်တိုင်းတူး နှစ်တိုင်းမ​​​လောက်။ ဘာ​တွေများ လုပ်ကြလို့လဲမသိပါဘူး"

"စနစ်တကျမတူး​တော့ ​​​​မြေ​တွေပြိုပြီး ​မြောင်းလည်းမ​ပေါ်တာ ဖြစ်လိမ့်မယ်။ ဒီနှစ်​တော့ အိမ်​တိုင်းကို ကိုယ်ထူကိုယ်ထ ​မြောင်းတူးခိုင်း​နေမယ့်အစား ​မောင်တို့ပဲ ဘဏ္ဍာ​ငွေချပြီး တူး​​ပေးလိုက်​တော့မယ်။ ​ဆောက်လုပ်​ရေးကုမ္ပဏီ​တွေကိုလည်း အကူအညီလိုက်​တောင်းကြည့်ရမှာ​ပေါ့"

"​မောင်​တော့ အလုပ်​တွေများ​နေ​တော့မှာပဲကွာ"

"​မောင်ဖြင့် ဒီဧပြီလ​နှောင်းပိုင်းကို လက်ထပ်ကြမယ်လို့ ချိန်ထားပြီးမှ အလုပ်​တွေပုံ​အောလာ​တော့ စိတ်​တောင်မချမ်းသာဘူး မျက်ခြယ်ရယ်"

​ပြောရင်းဆိုရင်းပင် ​မောင်က သူ့​ပေါင်​ပေါ်ကို ​ခေါင်းအုံးရန် လဲချလာသည်။ အ​ပေါ်စီးက​နေကြည့်​သော် ​မောင့်မျက်ခွံများမှ မျက်​တောင်စိပ်စိပ်များအထိ အ​သေးစိတ်ကို သူ​ငေး​နေမိ၏။ ရူပါရုံမှအစ အပြုအမူများအထိ ​မောင်ဟာ သူ့ကို ​ငေး​မောသက်ဝင်​စေရန် စွမ်းပါ၏။

"ကျွန်​​တော် အလျင်မလိုပါဘူး ​မောင်ရဲ့။ ​မောင် လုံးလုံးလျားလျားအားမှ ​အေး​အေး​ဆေး​ဆေးလက်ထပ်ကြလည်း ရတာပဲ​လေ"

"နားလည်​ပေးလို့ နှစ်ဆပိုချစ်သွားပြီ။ ဘယ်လိုလုပ်ရမလဲဟင် မျက်ခြယ်​လေး"

​​မောင်က လဲ​လျောင်း​နေရာက သူ့မျက်နှာနုနု​ပေါ် ထိစပ်ကိုင်တွယ်လာသည်။ ဝါဂွမ်းစိုင်​လေးကို ကိုင်တွယ်သည့်နှယ် မထိတထိ နူးညံ့စွာဖြင့်။ ​မောင့်အထိအ​တွေ့ ​သေး​သေး​​လေးကပင် သူ့နှလုံးသားကို ဓါတ်လိုက်​စေသလို။ လျှပ်စီး​ကြောင်း​လေးတစ်ခုဟာ ​မောင့်လက်ဖျားမှတစ်ဆင့် သူ့အပိုင်ဆံချည်မျှင်​သွေး​ကြောများအထိ ဖြတ်စီးသွားပါ၏။

"နှစ်ဆပဲဆို နည်းတာ​ပေါ့။ လက်ထပ်ပွဲ​နောက်ဆုတ်ရတာ​တောင် နားလည်​ပေးမှ​တော့ ​လေးငါးဆပိုချစ်သင့်တာ မဟုတ်ဘူးလား"

"ဟား.. တကယ်ပါပဲကွာ။ ​လေးငါးဆမကလို့ အဆ​လေးငါးဆယ်လိုချင်​သေးလား။ ဟင်.. ​ပြောပါဦး"

"ဟာ.. ​မောင်။ ဘာလို့ ပါးကို လာညစ်​နေတာလဲ"

အသာအယာ​လေး ပါးနုနုကို ညစ်​ကြည့်​တော့ 'ဟာ.. ​မောင်'ဆိုသည့် အာ​မေဋိတ်နုနုငယ်ငယ်အား ပြန်ကြားရ​လေရဲ့။ သူ့တစ်​ယောက်တည်းအတွက်ဖြစ်တည်​သော မျက်ခြယ်၏အရာရာဟာ အဖိုးမဖြတ်နိုင်စရာ။ တခြား​သောတစ်​ယောက်​ယောက်နှင့်သာ ​ဝေမျှရလို့က​တော့ သူဖြင့် နှ​မြောလို့ဆုံးမည်မဟုတ်​တော့။

အပြင်ဘက်ဝရန်တာမှ ဖြန့်ကြက်​​လာ​သော ​လေအ​ဝှေ့က ​ဆောင်းညများလို ​အေးမ​​နေ​တော့။ ​နွေးစိုစို​​လေထုအရ ​နွေ​ဦးရာသီ​ရောက်​နေပြီမှန်း ခံစားလို့ရသည်။

​​သည်​နွေဦးမှ ​နောက်​နွေဦးများစွာ၊ ​ထောက်ရှားတို့ ဖူးချိန် ပွင့်ချိန် ရာသီအလီလီ၊ နှစ်အသင်္ချေတို့အား လူတစ်​ယောက်တည်းနှင့် ဖြတ်သန်းသွားချင်​​သော ဆန္ဒ။ မငြီးမ​​​ငွေ့နိုင်စွာ အသစ်တစ်ဖန်ပြန်ပြန်စ​နေမည့် ချစ်ခြင်းနာရီတို့ကို သူဘယ်လိုအာမခံချက်မျိုးနှင့် ကတိ​ပေးဝံ့ပါသနည်း။ မမြင်ရသည့် အနာဂတ်တို့ကို ယုံကြည်သက်ဝင်နိုင်ခြင်းဟာ အချစ်စစ်မှာ မြစ်ဖျားခံခြင်းမည်ပါ၏။
____

တနင်္ဂ​နွေပိတ်ရက်မှာ​တော့ ​မောင့်အိမ်ကို အလည်အပတ်သ​ဘောမျိုးနှင့် ​ရောက်လာခဲ့သည်။ လတ်တ​လောပိတ်ရက်များအတွင်း အလည်လာ​နေကြဖြစ်သဖြင့် Jimတို့မိသားစုနှင့်ပင် အ​တော်ရင်းနှီး​လို့ ​နေကြပြီ။ အထူးသဖြင့် Jimဇနီးဖြစ်သူ၏ ထမင်းဟင်းလက်ရာက တစ်ခါစားပြီးတိုင်း စွဲလမ်းချင်စရာ။

"အစ်မ ဒီ​နေ့​​ရော အာဖရိကအစားအစာ​တွေ လုပ်​ကျွေးဦးမယ် မဟုတ်လား"

"ဒါ​ပေါ့ ဒါ​ပေါ့။ သခင်​လေးသ​ဘောကျတာနဲ့တင် ချက်ပြုတ်ရကျိုးနပ်​နေပြီ"

"လိုတာရှိရင်​ပြော​နော်။ ကျွန်​တော်ကူ​ပေးမယ်"

"လုပ်စရာမလိုပါဘူး​တော်။ ခရိုင်မင်းသိရင် ကျွန်မအဆူခံ​နေရပါဦးမယ်"

"အို.. ကျွန်​တော်မ​ဆူခိုင်းရင် မဆူ​စေရပါဘူး။ ပြီး​တော့ ကျွန်​တော့်အိမ်မှာလည်း ကျွန်​တော်ကိုယ်တိုင် ချက်ပြုတ်​နေကျဆို​တော့ ကျွမ်းကျင်အဆင့်​တောင် ​ရောက်​နေပြီ"

Jim၏ဇနီးဖြစ်သူမှာ သခင်​လေးဝင်ကူမည်ဆို​တော့ မနည်းတားယူရသည်။ ခရိုင်မင်းက သခင်​လေးKim Taehyungကို ​ရွှေဘုံ​ပေါ်ထားပြီး ဖူးဖူးမှုတ်ထားတာများ ဆက်ဆက်ထိမခံ။ မီးဖို​ချောင်ထဲ ဝင်ခိုင်းပါမှ ဆက်ဆက်ထိမခံခရိုင်မင်းကို သွားစိန်​ခေါ်မိသလို ဖြစ်​နေပါဦးမည်။ ဒါမျိုး​တော့ Jimက​တော်တို့က ​ကြောက်တတ်ပါ၏။

"ကျွမ်းကျင်ချင်လည်း အိမ်​ရောက်မှကျွမ်းကျင်​တော့ သခင်​လေး။ ဒီမှာကျွမ်းကျင်လို့က​တော့ ကျွန်မကို အမျှ​ဝေပြီးသား ဖြစ်သွားလိမ့်မယ်"

ထိုစကားအား Taehyung သ​ဘောတကျ ရယ်​မောမိ​နေစဥ် ​ဧည့်ခန်းထဲ အခန့်သားဝင်လာသူ ​မောင်။ ရုံးပိတ်ရက်အလုပ်နားချိန်မှာ​တောင် ​မောင့်ရဲ့ ​နေပုံထိုင်ပုံ၊ ဝတ်ပုံစားပုံက ​သေသပ်ကျန​နေဆဲ။ မသိလျှင် တစ်​နေ​ရာရာပဲ သွား​တော့မလိုလို။

"ဘာ​တွေ​ပြော​နေကြတာလဲ။ ​မောင့်မ​ကောင်း​ကြောင်းလား"

"မဟုတ်ပါဘူးဆို သိပ်​ပြော​စေချင်​​နေတယ် ဟုတ်လား"

"​ပြောတယ်ဆိုရင်​တောင် ဒါမျက်ခြယ် ​သွေးထိုးခံရလို့ပဲဖြစ်ရမယ်"

"အလို​တော်.. ခရိုင်မင်းရယ်။ ကျွန်မဖြင့် ​သွေးမထိုးရပါဘူး​နော်"

Jim၏ဇနီးက အသည်းအသန်ပြန်​ချေပ​တော့ Taehyungမှာ ဂျာနယ်စာရွက်​လေးကို ပါးစပ်အုပ်၍ တိတ်တိတ်ရယ်​ရ​သေး၏။

​မောင်က ​နွေး​ထွေးကြည်လင်မှုကြား ​​အလှဆုံးကြီးပြင်းလာသည့် လူသား​လေး။ ​သိုက်ဝန်းလှပါသည့် မိသားစု​လေးရှိပြီး Jimတို့မိသားစုလို အ​​ခြွေအရံ​ကောင်းများက ​မောင့်ဘဝ​လေးကို ဝန်ရံထားသည်။ သူ့အ​ခြေအ​နေနှင့် ဆန့်ကျင်စွာ ကြီးပြင်းလာပါ​သော ​မောင်က သူ့ဘဝကို တစ်ဆစ်ချိုး ​ပြောင်းလဲ​ပေးနိုင်သူပါပဲ။

"ကဲ.. ဒါဆို ဘာ​တွေ​ပြော​နေကြတာတုန်း။ ​မောင် ​ရေခဏ​လေးသွားချိုး​နေတုန်း စကား​ဖောင်ဖွဲ့​နေလိုက်ကြတာ​နော်"

"ဪ.. အစ်မရဲ့ အာဖရိကဟင်း​တွေအ​ကြောင်းပါ ​မောင်ရဲ့။ ကျွန်​တော်လည်း အစ်မချက်တာအားကျလို့ မီးဖိုချောင်ထဲဝင်ပြီး သင်ယူမလားလို့"

"ကိုယ့်အိမ်​ရောက်တုန်း​တော့ အိမ်မှုကိစ္စ​တွေကို ​မေ့ထားစမ်းပါ။ ​​မောင်က ​ခြေ​မွေးလက်​မွေးမီးမ​လောင် ထားချင်တာကို"

ပိုကဲလှစွာ​သော စကားရပ်ကို တုံ့ပြန်ရာတွင် Taehyungက မျက်ဆန်ကို မျက်သားဖြူဖြူထဲ တစ်ပတ်လှည့်လိုက်သည်။ သူကဖြင့် အစား​ကောင်းအ​သောက်​ကောင်းချက်ပြုတ်ရတာကို အိမ်မှုကိစ္စဟုပင် ​ခေါင်းစဥ်မတပ်ထားပါ​ချေ။

"ဒါ​လေးလုပ်ရုံနဲ့​တော့ ဘယ်​ခြေ​​မွေးလက်​မွေးမှ မီးမ​​လောင်ပါဘူး ​မောင်ကလည်း"

"အဲဒီ​လောက်​တောင် ဆန္ဒရှိရင်လည်း မျက်ခြယ်သ​ဘောသာလုပ်​တော့"

ကိုယ့်မှာ​တော့ ပင်ပန်းမှာစိုးထိတ်လှ၍ တနင်္ဂ​နွေ​နေ့​လေး အပြည့်အဝအနားယူ​စေချင်သည်ကို ချစ်စိတ်ပို​အောင် ချွဲမြူ​နေမှ​တော့ သည်လူမှာ ခံနိုင်ရိုးတဲ့လား။

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Zawgyi~

ေႏြဦး၏ ​ေနသာ​ေသာ ​ေန႔တစ္​ေန႔..။
​ေထာက္ရွားပန္းတို႔က ပြင့္အာစျပဳလို႔​ေနၿပီ။ ​​အ​ေအးဓါတ္ကို တြန္းဖယ္ၿပီး ​ေနရာဝင္ယူစျပဳလာ​​ေသာ အ​ေႏြးဓါတ္ကို ​ေထာက္ရွားပန္းတို႔က ႀကိဳက္ဟန္တူပါ၏။

သာယာၾကည္လင္​ေသာ ​ေနအလင္း​ေရာင္ကို အားကိုးတႀကီးျဖင့္ ကုန္တိုက္သို႔ ထြက္လာခဲ့သည္။ ပိတ္ရက္ျဖင့္လင့္ကစား ၿမိဳ႕နယ္အ​ေရး​ေပၚအစည္းအ​ေဝးမ်ား​ေၾကာင့္ ​ေမာင္က ​ေရာက္မလာႏိုင္ပါ။ ထို႔​ေၾကာင့္ပင္ သည္တစ္​ေန႔​ေတာ့ ကုန္တိုက္​ေဈးတန္းမ်ားၾကား တစ္​ေယာက္တည္း ​ေယာင္ခ်ာခ်ာႏွင့္ လမ္း​ေပ်ာက္ရပါ​ေရာ..။

"ဒိန္ခ်ဥ္၊ ​​ေပါင္မုန္႔၊ အခ်ိဳရည္.. ဘာဝယ္ရင္ ​ေကာင္းမလဲ"

သူတစ္​ေယာက္တည္း အ​ေမးရွိလိုက္၊ အ​ေျဖရွိလိုက္။ အိမ္မွာ မည္သည့္ပစၥည္းကုန္၍ မည္သည့္ပစၥည္းတို႔ ပိုလွ်ံ​ေနသည္အား သူမစဥ္းစားႏိုင္။ ​မနက္​​ေစာ​ေစာထမိသည္ႏွင့္ ပိတ္ရက္က တိုက္ဆိုင္​ေန​ေတာ့ ႐ုတ္ျခည္းထြက္လာခဲ့တာႏွင့္ ဘာကိုမွ စာရင္းအတိအက် မျပဳစုျဖစ္ခဲ့ပါ။

"ဪ.. ဘယ္သူမ်ားလဲလို႔။ မ​ေတြ႕တာၾကာၿပီ​ေနာ္ Kim Taehyung"

"Drew.."

မဂၤလာရွိ​​ေသာ ​ေန႔အဆက္ဆက္ကို ႀကဳံခဲ့ရပါလ်က္ Drewကို ျမင္လိုက္စဥ္မွာ မဂၤလာရက္စြဲတို႔က အလိုလိုညႇိဳးႏြမ္းရသည္။ ​ေယာင္လို႔ပင္ မ​ေတြ႕ခ်င္ဘူးဆိုကာမွ ကုန္တိုက္အထိ လာဆုံ​ေနရတယ္လို႔။ ၿမိဳ႕ျပင္ဘက္က St. Johnမွာ​ေန​ေသာ Drewက ဘာ​ေၾကာင့္မ်ား သည္အထိ ​​ေဈးလာ၀ယ္​ေနရတာတဲ့လဲ။

"မွတ္မိ​ေသးတယ္​ေပါ့ ကိုယ့္နာမည္ကို​ေလ။ Taehyungက စိမ္းကားလြန္း​ေတာ့ ​ေမ့သြားၿပီထင္​ေနတာ"

"ငါသြား​ေတာ့မယ္"

"​ေနပါဦး။ ဟိုတစ္ခါ ဘုရား​ေက်ာင္းမွာ ​ေတြ႕တည္းက ကိုယ္တို႔မဆုံျဖစ္ၾက​ေသးဘူး​မလား။ လာပါ.. ဆိုင္တစ္ဆိုင္ဆိုင္ သြားထိုင္ၾကရ​ေအာင္"

လက္​ေမာင္း​ေသး​ေသးကို Drewက လက္ၾကမ္းႀကီးမ်ားႏွင့္ ဆြဲထားပါ၏။ အလုပ္ၾကမ္းမလုပ္ရပါဘဲ ၾကမ္း​ေထာ္​ေန​ေသာ လက္ဖဝါးမ်ားဟာ Drew၏ စိတ္ဓါတ္ႏွင့္ တိုက္႐ိုက္အခ်ိဳးက်​ေနျခင္းျဖစ္ႏိုင္သည္။ ရွိသမွ်အားကုန္သုံးၿပီး ႐ုန္းလိုက္ကာ Drewကို စူးစူးရဲရဲစိုက္ၾကည့္လိုက္သည္။ သူငယ္ငယ္က သည္လိုပင္ မၾကည့္ရဲခဲ့။ ဤအၾကည့္ထဲ မခန္႔​ေလးစားအ​ေငြ႕အသက္မ်ား၊ ခ်ိဳးႏွိမ္စြာ အထင္​ေသး​ေသာ အရိပ္မ်ား တန္းစီလို႔ ပါ​ေနလိမ့္မည္။ ထင္ခ်င္သလို ထင္စမ္းပါ​​ေစ.. Drewကို အသားခ်င္းထိမိတာတင္ ႐ြံလြန္းလို႔..။

"ငါ့ကို မထိနဲ႔။ ငါမင္းနဲ႔ ဆိုင္အတူထိုင္ရ​ေအာင္အထိလည္း အားမ​ေနဘူး။ မင္းနဲ႔လည္း မ​ေတြ႕ခ်င္ဘူး"

"ဘယ္သူ႔အားကိုးနဲ႔ ဒီ​ေလာက္​သတၱိရွိ​ေနရတာလဲ ဟမ္.."

႐ြံလွခ်ည္ရဲ႕ဆို​​ေသာ လက္ၾကမ္းႀကီးမ်ားက သူ႔ပါးႏွစ္ဖက္ကို ဆြဲညစ္လို႔ထားသည္။ ပြန္းပဲ့သြားမည္​ေတာင္ စိုးရိမ္ရပါ၏။ Drew၏ မ်က္ဝန္းမ်ားက မီးတဟုန္းဟုန္း​ေတာက္​ေနသည့္အလား။ ငယ္က်င့္​ေတြက အခုထိ မ​ေပ်ာက္​ေသးဘူးပဲကိုး။

"ဖယ္.. မင္းကို အၾကမ္းဖက္မႈနဲ႔ ​ေထာင္ထဲပို႔လို႔ရတယ္ သိရဲ႕လား"

"ဟုတ္လား။ မုန္႔လုစားခံရရင္​ေတာင္ ဆရာမကို ျပန္မတိုင္တတ္တဲ့​ေကာင္ကမ်ား ရဲတိုင္မယ္​ေပါ့။ ဟားဟားဟား.. ျဖစ္ႏိုင္တာပဲ ​ေျပာစမ္းပါ Kim Taehyungရယ္"

"​ေတာ္​ေတာ့လို႔ ငါ​ေျပာ​ေနတယ္။ မင္းလည္း ငါ့ကို မုန္း​ေနတာပဲမဟုတ္လား။ မုန္း​ေနသူခ်င္း မျမင္​ေအာင္ဘဲ ေနၾကတာ​ေပါ့"

ထိုစဥ္ သူတို႔အနီး လူအနည္းငယ္ျဖတ္သြား၍ Taehyungရွက္မိသလိုလို။ ​ေယာက်္ားႏွစ္​​ေယာက္ အ​​ေခ်အတင္​ျဖစ္ၾကသည့္ ျပႆနာမွာ တစ္ဖက္က ခႏၶါကိုယ္အားျဖင့္ အသားစီရ​​ေန​ေတာ့ လူအမ်ားက သူ႔ကို အာ​႐ုံစိုက္မိၿပီး တီးတိုးတီးတိုး​ေျပာသြားၾကသည္အား သူမႏွစ္ၿခိဳက္ႏိုင္ပါ။

"အင္း​​ေလ.. စိန္​ေခၚတာ​ေပါ့။ ကံတရားႀကီးက ျမင္ခြင့္ဆုံခြင့္​ေပးရင္​ေတာ့ မတတ္ႏိုင္ဘူး​ေပါ့​ေနာ္ Kim Taehyung"

Drewက ပါး​ေစာင္ထဲ မူလကပင္ ငုံခဲထား​ေသာ ပီ​ေကအား အသံျမည္​ေအာင္​ေဖာက္ၿပီး လွည့္ထြက္သြားသည္။ သူ၏ပုံစံက ​ေမတၱာရည္ျပည့္ဝ​ေသာ မိဘမဲ့​​ေဂဟာႏွင့္ နည္းနည္းမွမလိုက္ဖက္​ေခ်။ သာမာန္​ေျခသလုံးအိမ္တိုင္လမ္းသရဲႏွင့္သာ တူပါ၏။
သည္လိုလူကို ဘာယုံလို႔မ်ား ​ေဂဟာမႉးတို႔က လက္သင့္ခံထားတာပါလိမ့္။ ထို​ေမးခြန္းကို ငယ္တည္းက အခုထိ ​ေမး​မိ​ေသာ္လည္း အ​ေျဖမသိရ​ေသးပါ။
____

စာ႐ြက္စာတမ္းႏွင့္ ဓါတ္ပုံအခ်ိဳ႕။
မႈန္​​ေတ​​ေတႏွင့္ က​​ေလးတစ္​ေယာက္က ​ေထာင့္ဆုံးမွာ ရပ္လို႔​ေနသည္။ အုပ္စုလိုက္ဓါတ္ပုံျဖစ္ပါ​ေသာ္ျငား ထိုက​ေလးက သိသိသာသာကို ​ေဘးထြက္လို႔​ေနသည္။ ၿပဳံး​ေပ်ာ္​ေန​ေသာ က​ေလးမ်ားၾကား သူက မ်က္ႏွာ​ေသႏွင့္။ ကစားစရာအ႐ုပ္တစ္ခုစီကိုင္ထား​ေသာ က​ေလးမ်ားၾကား ထိုက​ေလးက လက္ဗလာႏွင့္။

​​ေဆြမရွိ မ်ိဳးမရွိ၊ လစဥ္​ေထာက္ပံ့မည့္သူမရွိ။ ပညာ​ေရးမွာ ထက္ျမက္​ေသာ္ျငား ပံ့ပိုးမႈတစ္စုံတစ္ရာ မခံစားခဲ့ရ။ ကြက္လပ္ျဖစ္​ေန​ေသာ စာ႐ြက္စာတမ္းမ်ားကို တစ္႐ြက္ခ်င္းလိုက္ဖက္ရင္း Mrs. Jeonမွာ မ်က္​ေမွာင္ၾကဳတ္သထက္ၾကဳတ္လာ၏။

"ဘာမွ အားရစရာကို မရွိဘူး"

"အားမရ​ေတာ့​ေရာ ဘယ္လိုလုပ္မွာလဲ။ ငါတို႔သားက အကုန္စီစဥ္​ေနၿပီ"

"စီစဥ္႐ုံပဲ​ေလ။ လက္ထပ္ဖိတ္စာ​ေတာင္ ႐ိုက္ရ​ေသးတာမဟုတ္ဘူး"

Kim Taehyungဆိုသည့္​ေကာင္​ေလး။ သူတစ္​ေယာက္တည္းဆို၊ သို႔တည္းမဟုတ္ သားျဖစ္သူJeon JungKook၏ မိ​တ္​ေဆြသက္သက္သာဆို လူရည္လူမြန္​​ေလးအျဖစ္ ခ်ီးက်ဴး​ေပးႏိုင္လိမ့္မည္၊ က႐ုဏာသက္စရာရွိ သက္​ေပးႏိုင္မည္။
ယခု​ေတာ့ျဖင့္ ခ်စ္သူတဲ့လား။

အမ်ိဳးသားတစ္​ေယာက္ ျဖစ္​ေန႐ုံႏွင့္ပင္ အင္မတန္မယုံႏိုင္စရာ ​ေကာင္း​ေန​ေပၿပီ။ ​အသိုင္းအဝိုင္းကို ၾကည့္ျပန္​ေတာ့ မိဘမဲ့။ ထိုထက္ဆိုးသည္က ​ေဆြမ်ိဳးသားခ်င္းပင္မရွိ။ ​ေဂဟာမွာ ႀကီးျပင္းလာရ​ေသာ တစ္​ေကာင္ႂကြက္။ မိသားစု၏မ​ေတာ္တဆမႈမွာ​ တစ္​ေယာက္တည္းရွင္သန္က်န္ရစ္သူျဖစ္တာေတာင္ ၾကည့္ရႈ​ေစာင့္​ေရွာက္မည့္ ​ေဆြမ်ိဳးမ်ားက ​ေပၚမလာ။
ယုတ္စြအဆုံး ထိုက​ေလးက စကား​ေျပာတတ္ဖို႔ အင္မတန္အခ်ိန္ယူခဲ့ရသည္ဆိုပါလား။ စကားမေျပာတတ္သည့္ ဗီဇမ်ိဳးသာ ထိုက​ေလးမွာ ပါလာလွ်င္ သူ​ေတာ့ ရင္က်ိဳးရပါခ်ည့္။

မိမိသားႏွင့္ ဘယ္လိုစိတ္ထားၿပီး သ​ေဘာတူၾကည္ျဖဴႏိုင္ပါမည္လဲ။ အဆင့္အတန္းခြဲျခား​ေရးကို ပဓါနထားတတ္သူမဟုတ္​ေသာ္လည္း မိမိသား၏အိမ္​ေထာင္​ေရးအတြက္​ေတာ့ အဘက္ဘက္မွ အျပစ္ဆိုဖြယ္ရာမရွိသူကိုသာ ​ေ႐ြးခ်ယ္​​ေစလိုသည္။ ကိုယ့္သားအတြက္ အတၱအသီးသီး​ေတာ့ မိခင္တိုင္း ရွိတတ္ၾကစၿမဲျဖစ္ပါလိမ့္မည္။

အမ်ိဳးသမီးတစ္​ေယာက္သာဆို ​ေနာက္​ေၾကာင္းမ်ားကို စုံစမ္းမိမည္လားမ​ေသခ်ာ။ လက္ထပ္ပြဲမွာလည္း လူအမ်ား ​ေမး​ေငါ့၍ စပ္စပ္စုစု​ေမးမွာ မဟုတ္​ေခ်။ အခု​ေတာ့ လိင္တူအမ်ိဳးသားႏွစ္​ေယာက္၏ လက္ထပ္ပြဲတဲ့လား။ ဖိတ္စာကို ျမင္သည္ႏွင့္ ဘယ္လို​ေၾကာင့္လက္ထပ္ၾကသည္အား လူတိုင္းသိခ်င္ၾကမွာဧကန္။ ခ႐ိုင္မင္းJeon JungKook​ေ႐ြးခ်ယ္​​ေသာ အမ်ိဳးသားအိမ္​​ေထာင္ဖက္၏ အရည္အခ်င္း၊ အသိုင္းအဝိုင္း အစရွိသည္တို႔အား သိကိုသိခ်င္ၾကလိမ့္မည္။ ထိုအခါ သူဘယ္လို ​ျပန္​ေျဖရပါ့မလဲ။

"ကြၽန္မ နာ့ရွ္ဗီးလ္ကို လိုက္သြားမယ္"

"လိုက္သြားၿပီး ဘာလုပ္မယ္မ်ား စိတ္ကူးထားသလဲ"

"JungKookကို​ေတာ့ ​ေျပာရမွာမဟုတ္တာ အ​ေသအခ်ာပဲ။ အဲဒီ​ေတာ့ Mr. Kimကိုပဲ တိုက္႐ိုက္​ေျပာရမွာ​ေပါ့။ သူ႔​ေနရာသူသိသြား႐ုံ​ေလာက္ပါပဲ"

"​ေနပါဦး။ မင္းက နာ့ရွ္ဗီးလ္ကို JungKookမသိ​ေအာင္ တိတ္တိတ္က​ေလး သြားမလို႔လား"

"သြားသင့္ရင္ သြားရမွာပဲ။ ကြၽန္မသားကို လူ​ေျပာ​ေတာ့ မခံႏိုင္ဘူး။ ဘယ့္ႏွယ္​ေတာ့ ​ေယာက်္ား​ေလးျဖစ္တာက​ေတာင္ ဆိုး​ေနၿပီကို မိဘမဲ့တစ္​ေကာင္ႂကြက္တဲ့​ေလ"

နာ့ရွ္ဗီးလ္အထိ လိုက္သြားၿပီးလွ်င္ Mr. Kimအ​​ေၾကာင္း အနည္းငယ္ထပ္စုံစမ္းဦးမည္။ ​ေနာက္ဆုတ္လိုက္ဖို႔ အတိအလင္းအမိန္႔​ေပးႏိုင္မည့္ အားနည္းခ်က္တစ္စုံတစ္ရာ​ေတာ့ သူသိကိုသိထားသင့္ပါသည္။

JungKook​ေလးက သူတို႔သားသမီး​​ေလး​ေယာက္ထဲ အထက္ျမက္ဆုံးသား​ေလးျဖစ္တာ​ေၾကာင့္ သူတို႔မွာ အၿမဲလိုလို မ်က္ႏွာပြင့္ရသည္။ တစ္သက္လုံး ​ေျပာဆိုစရာအကြက္ရယ္လို႔မ​ေတြ႕​ေအာင္ ​​ေနလာၿပီးကာမွ ဘယ္လိုျဖစ္လို႔ ​ေယာက်္ားတစ္​ေယာက္ကို လက္ထပ္ဖို႔ ​ေတြးမိရတာတဲ့လဲ။ သူျဖင့္ နားကိုမလည္ႏိုင္။

မည္သို႔ပင္ ျဖစ္​​ေစကာမူ မိမိသားျဖစ္သူ အသိစိတ္ဝင္ၿပီး Mr. Kimကို စြန္႔လႊတ္ဖို႔အ​ေရး သူ​ေတာ့ ဘာမဆို လုပ္ရမွာပင္။
____

"ကုန္တိုက္သြားတာကို Drewနဲ႔မွ ဆုံခဲ့ရတယ္လို႔ ​ေမာင္ရယ္"

ညည္းညည္းညဴညဴအသံ​ေလးအား သူ၏ဦး​ေႏွာက္မွာ သြက္သြက္ဖတ္လိုက္ၿပီး​ေနာက္ မ်က္ျခယ္မည္မွ် စိတ္ညစ္​ေထး​ေန​ေၾကာင္း သိရပါ၏။ Drewဆိုသူက မ်က္ျခယ္အတြက္​ေတာ့ ​ေဟာင္းႏြမ္းစုတ္ျပတ္​ေန​ေသာ အိပ္မက္ဆိုးတစ္ခုပင္။

"ဘာတဲ့လဲ။ သူမ်က္ျခယ္ကို ဘာလုပ္​​ေသးလဲ"

"ျဖစ္ခဲ့တာက ​ေတာ္​ေတာ္ကို က်က္သ​ေရတုန္းတုန္းပါပဲ။ အတင္း​ေရာအဓမၼ ဆိုင္အတူတူထိုင္ၾကမယ္လုပ္​ေနလို႔ စကားမ်ားလိုက္ၾက​ေသးတယ္"

"​ေတာ္​ေတာ္ကို မဂၤလာမရွိတဲ့​ေကာင္ပဲ။ မ်က္ျခယ္ သူ႔ကို ဘာလုပ္​ေစခ်င္လဲ။ ဘုရား​ေက်ာင္းတာဝန္ရွိသူ​ေတြကို အသိ​ေပးရမလား"

"ထားလိုက္စမ္းပါ ​ေမာင္ရယ္။ ဒင္းနဲ႔​ေတာ့ ပတ္ကို မပတ္သက္ခ်င္တာ။ ျမင္ရတာ​ေတာင္ မ်က္စိသနလြန္းလို႔"

"တစ္ခုခုဆို ​ေမာင့္ကို ​ေျပာရမယ္​ေနာ္။ မ်က္ျခယ္က လ်စ္လ်ဴရႈခ်င္တာကို ​ေမာင္နားလည္​ေပမဲ့ တစ္ခါတ​ေလ ဒီလို​ေကာင္​ေတြက လ်စ္လ်ဴရႈတာကို အခြင့္​ေကာင္းယူၾကလြန္းလို႔ ​ေမာင္တို႔လုပ္သင့္လုပ္ထိုက္တာ​ေတာ့လုပ္ရမယ္.. ဟုတ္ၿပီလား"

"အင္းပါ ​ေမာင္ရဲ႕"

​ေမာင္ခမ်ာ အိမ္​ေရာက္လာလို႔ ​ေခြၽးပင္မသိပ္​ေသးခင္ သူ႔ဆီက အမဂၤလာသတင္းၾကားလိုက္ရ​ေတာ့ အ​ေမာ့ဆို႔သြား​ေတာ့မွာ အ​ေသအခ်ာ။
အနီးရွိ​ လက္ကိုင္ပဝါျဖဴညစ္ညစ္​ေလးအားယူ၍ ေခြၽးတစိုစိုျဖစ္​ေန​ေသာ ​ေမာင့္နားထင္​ေနရာကို ဖိကပ္သုတ္​ေပးလိုက္၏။

"အစည္းအ​ေဝးက အဆင္​​ေျပခဲ့ရဲ႕လား"

"​ေျပပါတယ္။ ၿမိဳ႕ထဲက ​ေရ​ႏုတ္​ေျမာင္း​ေတြကိစၥ​ေလ။ မ်က္ျခယ္လည္း ၾကား​ေလာက္မွာပါ။ ​ေႏြဦးအကုန္ဆို မိုးတစ္ၿပိဳက္​ေလတစ္ၿပိဳက္နဲ႔ ​ေရႏုတ္​ေျမာင္း​ေတြမ​ေလာက္ရင္ ​ေရအိုင္ၿပီး ၿမိဳ႕မသန္႔မွာ စိုးရလို႔​ေလ။ ​ေမာင္လည္း နာ့ရွ္ဗီးလ္မုတ္သုံကို အခုမွႀကဳံဖူးမွာ​ဆို​ေတာ့ အႀကံ​ေပးရတာ ဂြက်လိုက္တာမွ.."

အမွန္​ေတာ့ ​ေႏြဦးမကုန္ခင္ ဧၿပီလလယ္ဆိုလွ်င္​ေတာင္ နာ့ရွ္ဗီးလ္က မိုး​ေကာင္းလွၿပီ။ ​ေရႏုတ္​ေျမာင္းကိစၥက​ေတာ့ျဖင့္ တစ္ႏွစ္တစ္ခါစည္း​ေဝးရ​ေသာ ၿမိဳ႕စည္ပင္​ေရးကိစၥပင္။

"မိုးက​ေတာ့ ​ေရွ႕လဆိုရင္ပဲ သိပ္​ေကာင္း​ေတာ့မွာ။ ​ေရႏုတ္​ေျမာင္းက​ေတာ့ ႏွစ္တိုင္းတူး ႏွစ္တိုင္းမ​​​ေလာက္။ ဘာ​ေတြမ်ား လုပ္ၾကလို႔လဲမသိပါဘူး"

"စနစ္တက်မတူး​ေတာ့ ​​​​ေျမ​ေတြၿပိဳၿပီး ​ေျမာင္းလည္းမ​ေပၚတာ ျဖစ္လိမ့္မယ္။ ဒီႏွစ္​ေတာ့ အိမ္​တိုင္းကို ကိုယ္ထူကိုယ္ထ ​ေျမာင္းတူးခိုင္း​ေနမယ့္အစား ​ေမာင္တို႔ပဲ ဘ႑ာ​ေငြခ်ၿပီး တူး​​ေပးလိုက္​ေတာ့မယ္။ ​ေဆာက္လုပ္​ေရးကုမၸဏီ​ေတြကိုလည္း အကူအညီလိုက္​ေတာင္းၾကည့္ရမွာ​ေပါ့"

"​ေမာင္​ေတာ့ အလုပ္​ေတြမ်ား​ေန​ေတာ့မွာပဲကြာ"

"​ေမာင္ျဖင့္ ဒီဧၿပီလ​ေႏွာင္းပိုင္းကို လက္ထပ္ၾကမယ္လို႔ ခ်ိန္ထားၿပီးမွ အလုပ္​ေတြပုံ​ေအာလာ​ေတာ့ စိတ္​ေတာင္မခ်မ္းသာဘူး မ်က္ျခယ္ရယ္"

​ေျပာရင္းဆိုရင္းပင္ ​ေမာင္က သူ႔​ေပါင္​ေပၚကို ​ေခါင္းအုံးရန္ လဲခ်လာသည္။ အ​ေပၚစီးက​ေနၾကည့္​ေသာ္ ​ေမာင့္မ်က္ခြံမ်ားမွ မ်က္​ေတာင္စိပ္စိပ္မ်ားအထိ အ​ေသးစိတ္ကို သူ​ေငး​ေနမိ၏။ ႐ူပါ႐ုံမွအစ အျပဳအမူမ်ားအထိ ​ေမာင္ဟာ သူ႔ကို ​ေငး​ေမာသက္ဝင္​ေစရန္ စြမ္းပါ၏။

"ကြၽန္​​ေတာ္ အလ်င္မလိုပါဘူး ​ေမာင္ရဲ႕။ ​ေမာင္ လုံးလုံးလ်ားလ်ားအားမွ ​ေအး​ေအး​ေဆး​ေဆးလက္ထပ္ၾကလည္း ရတာပဲ​ေလ"

"နားလည္​ေပးလို႔ ႏွစ္ဆပိုခ်စ္သြားၿပီ။ ဘယ္လိုလုပ္ရမလဲဟင္ မ်က္ျခယ္​ေလး"

​​ေမာင္က လဲ​ေလ်ာင္း​ေနရာက သူ႔မ်က္ႏွာႏုႏု​ေပၚ ထိစပ္ကိုင္တြယ္လာသည္။ ဝါဂြမ္းစိုင္​ေလးကို ကိုင္တြယ္သည့္ႏွယ္ မထိတထိ ႏူးညံ့စြာျဖင့္။ ​ေမာင့္အထိအ​ေတြ႕ ​ေသး​ေသး​​ေလးကပင္ သူ႔ႏွလုံးသားကို ဓါတ္လိုက္​ေစသလို။ လွ်ပ္စီး​ေၾကာင္း​ေလးတစ္ခုဟာ ​ေမာင့္လက္ဖ်ားမွတစ္ဆင့္ သူ႔အပိုင္ဆံခ်ည္မွ်င္​ေသြး​ေၾကာမ်ားအထိ ျဖတ္စီးသြားပါ၏။

"ႏွစ္ဆပဲဆို နည္းတာ​ေပါ့။ လက္ထပ္ပြဲ​ေနာက္ဆုတ္ရတာ​ေတာင္ နားလည္​ေပးမွ​ေတာ့ ​ေလးငါးဆပိုခ်စ္သင့္တာ မဟုတ္ဘူးလား"

"ဟား.. တကယ္ပါပဲကြာ။ ​ေလးငါးဆမကလို႔ အဆ​ေလးငါးဆယ္လိုခ်င္​ေသးလား။ ဟင္.. ​ေျပာပါဦး"

"ဟာ.. ​ေမာင္။ ဘာလို႔ ပါးကို လာညစ္​ေနတာလဲ"

အသာအယာ​ေလး ပါးႏုႏုကို ညစ္​ၾကည့္​ေတာ့ 'ဟာ.. ​ေမာင္'ဆိုသည့္ အာ​ေမဋိတ္ႏုႏုငယ္ငယ္အား ျပန္ၾကားရ​ေလရဲ႕။ သူ႔တစ္​ေယာက္တည္းအတြက္ျဖစ္တည္​ေသာ မ်က္ျခယ္၏အရာရာဟာ အဖိုးမျဖတ္ႏိုင္စရာ။ တျခား​ေသာတစ္​ေယာက္​ေယာက္ႏွင့္သာ ​ေဝမွ်ရလို႔က​ေတာ့ သူျဖင့္ ႏွ​ေျမာလို႔ဆုံးမည္မဟုတ္​ေတာ့။

အျပင္ဘက္ဝရန္တာမွ ျဖန္႔ၾကက္​​လာ​ေသာ ​ေလအ​ေဝွ႔က ​ေဆာင္းညမ်ားလို ​ေအးမ​​ေန​ေတာ့။ ​ေႏြးစိုစို​​ေလထုအရ ​ေႏြ​ဦးရာသီ​ေရာက္​ေနၿပီမွန္း ခံစားလို႔ရသည္။

​​သည္​ေႏြဦးမွ ​ေနာက္​ေႏြဦးမ်ားစြာ၊ ​ေထာက္ရွားတို႔ ဖူးခ်ိန္ ပြင့္ခ်ိန္ ရာသီအလီလီ၊ ႏွစ္အသေခ်ၤတို႔အား လူတစ္​ေယာက္တည္းႏွင့္ ျဖတ္သန္းသြားခ်င္​​ေသာ ဆႏၵ။ မၿငီးမ​​​ေငြ႕ႏိုင္စြာ အသစ္တစ္ဖန္ျပန္ျပန္စ​ေနမည့္ ခ်စ္ျခင္းနာရီတို႔ကို သူဘယ္လိုအာမခံခ်က္မ်ိဳးႏွင့္ ကတိ​ေပးဝံ့ပါသနည္း။ မျမင္ရသည့္ အနာဂတ္တို႔ကို ယုံၾကည္သက္ဝင္ႏိုင္ျခင္းဟာ အခ်စ္စစ္မွာ ျမစ္ဖ်ားခံျခင္းမည္ပါ၏။
____

တနဂၤ​ေႏြပိတ္ရက္မွာ​ေတာ့ ​ေမာင့္အိမ္ကို အလည္အပတ္သ​ေဘာမ်ိဳးႏွင့္ ​ေရာက္လာခဲ့သည္။ လတ္တ​ေလာပိတ္ရက္မ်ားအတြင္း အလည္လာ​ေနၾကျဖစ္သျဖင့္ Jimတို႔မိသားစုႏွင့္ပင္ အ​ေတာ္ရင္းႏွီး​လို႔ ​ေနၾကၿပီ။ အထူးသျဖင့္ Jimဇနီးျဖစ္သူ၏ ထမင္းဟင္းလက္ရာက တစ္ခါစားၿပီးတိုင္း စြဲလမ္းခ်င္စရာ။

"အစ္မ ဒီ​ေန႔​​ေရာ အာဖရိကအစားအစာ​ေတြ လုပ္​ေကြၽးဦးမယ္ မဟုတ္လား"

"ဒါ​ေပါ့ ဒါ​ေပါ့။ သခင္​ေလးသ​ေဘာက်တာနဲ႔တင္ ခ်က္ျပဳတ္ရက်ိဳးနပ္​ေနၿပီ"

"လိုတာရွိရင္​ေျပာ​ေနာ္။ ကြၽန္​ေတာ္ကူ​ေပးမယ္"

"လုပ္စရာမလိုပါဘူး​ေတာ္။ ခ႐ိုင္မင္းသိရင္ ကြၽန္မအဆူခံ​ေနရပါဦးမယ္"

"အို.. ကြၽန္​ေတာ္မ​ဆူခိုင္းရင္ မဆူ​ေစရပါဘူး။ ၿပီး​ေတာ့ ကြၽန္​ေတာ့္အိမ္မွာလည္း ကြၽန္​ေတာ္ကိုယ္တိုင္ ခ်က္ျပဳတ္​ေနက်ဆို​ေတာ့ ကြၽမ္းက်င္အဆင့္​ေတာင္ ​ေရာက္​ေနၿပီ"

Jim၏ဇနီးျဖစ္သူမွာ သခင္​ေလးဝင္ကူမည္ဆို​ေတာ့ မနည္းတားယူရသည္။ ခ႐ိုင္မင္းက သခင္​ေလးKim Taehyungကို ​ေ႐ႊဘုံ​ေပၚထားၿပီး ဖူးဖူးမႈတ္ထားတာမ်ား ဆက္ဆက္ထိမခံ။ မီးဖို​ေခ်ာင္ထဲ ဝင္ခိုင္းပါမွ ဆက္ဆက္ထိမခံခ႐ိုင္မင္းကို သြားစိန္​ေခၚမိသလို ျဖစ္​ေနပါဦးမည္။ ဒါမ်ိဳး​ေတာ့ Jimက​ေတာ္တို႔က ​ေၾကာက္တတ္ပါ၏။

"ကြၽမ္းက်င္ခ်င္လည္း အိမ္​ေရာက္မွကြၽမ္းက်င္​ေတာ့ သခင္​ေလး။ ဒီမွာကြၽမ္းက်င္လို႔က​ေတာ့ ကြၽန္မကို အမွ်​ေဝၿပီးသား ျဖစ္သြားလိမ့္မယ္"

ထိုစကားအား Taehyung သ​ေဘာတက် ရယ္​ေမာမိ​ေနစဥ္ ​ဧည့္ခန္းထဲ အခန္႔သားဝင္လာသူ ​ေမာင္။ ႐ုံးပိတ္ရက္အလုပ္နားခ်ိန္မွာ​ေတာင္ ​ေမာင့္ရဲ႕ ​ေနပုံထိုင္ပုံ၊ ဝတ္ပုံစားပုံက ​ေသသပ္က်န​ေနဆဲ။ မသိလွ်င္ တစ္​ေန​ရာရာပဲ သြား​ေတာ့မလိုလို။

"ဘာ​ေတြ​ေျပာ​ေနၾကတာလဲ။ ​ေမာင့္မ​ေကာင္း​ေၾကာင္းလား"

"မဟုတ္ပါဘူးဆို သိပ္​ေျပာ​ေစခ်င္​​ေနတယ္ ဟုတ္လား"

"​ေျပာတယ္ဆိုရင္​ေတာင္ ဒါမ်က္ျခယ္ ​ေသြးထိုးခံရလို႔ပဲျဖစ္ရမယ္"

"အလို​ေတာ္.. ခ႐ိုင္မင္းရယ္။ ကြၽန္မျဖင့္ ​ေသြးမထိုးရပါဘူး​ေနာ္"

Jim၏ဇနီးက အသည္းအသန္ျပန္​ေခ်ပ​ေတာ့ Taehyungမွာ ဂ်ာနယ္စာ႐ြက္​ေလးကို ပါးစပ္အုပ္၍ တိတ္တိတ္ရယ္​ရ​ေသး၏။

​ေမာင္က ​ေႏြး​ေထြးၾကည္လင္မႈၾကား ​​အလွဆုံးႀကီးျပင္းလာသည့္ လူသား​ေလး။ ​သိုက္ဝန္းလွပါသည့္ မိသားစု​ေလးရွိၿပီး Jimတို႔မိသားစုလို အ​​ေႁခြအရံ​ေကာင္းမ်ားက ​ေမာင့္ဘဝ​ေလးကို ဝန္ရံထားသည္။ သူ႔အ​ေျခအ​ေနႏွင့္ ဆန္႔က်င္စြာ ႀကီးျပင္းလာပါ​ေသာ ​ေမာင္က သူ႔ဘဝကို တစ္ဆစ္ခ်ိဳး ​ေျပာင္းလဲ​ေပးႏိုင္သူပါပဲ။

"ကဲ.. ဒါဆို ဘာ​ေတြ​ေျပာ​ေနၾကတာတုန္း။ ​ေမာင္ ​ေရခဏ​ေလးသြားခ်ိဳး​ေနတုန္း စကား​ေဖာင္ဖြဲ႕​ေနလိုက္ၾကတာ​ေနာ္"

"ဪ.. အစ္မရဲ႕ အာဖရိကဟင္း​ေတြအ​ေၾကာင္းပါ ​ေမာင္ရဲ႕။ ကြၽန္​ေတာ္လည္း အစ္မခ်က္တာအားက်လို႔ မီးဖိုေခ်ာင္ထဲဝင္ၿပီး သင္ယူမလားလို႔"

"ကိုယ့္အိမ္​ေရာက္တုန္း​ေတာ့ အိမ္မႈကိစၥ​ေတြကို ​ေမ့ထားစမ္းပါ။ ​​ေမာင္က ​ေျခ​ေမြးလက္​ေမြးမီးမ​ေလာင္ ထားခ်င္တာကို"

ပိုကဲလွစြာ​ေသာ စကားရပ္ကို တုံ႔ျပန္ရာတြင္ Taehyungက မ်က္ဆန္ကို မ်က္သားျဖဴျဖဴထဲ တစ္ပတ္လွည့္လိုက္သည္။ သူကျဖင့္ အစား​ေကာင္းအ​ေသာက္​ေကာင္းခ်က္ျပဳတ္ရတာကို အိမ္မႈကိစၥဟုပင္ ​ေခါင္းစဥ္မတပ္ထားပါ​ေခ်။

"ဒါ​ေလးလုပ္႐ုံနဲ႔​ေတာ့ ဘယ္​ေျခ​​ေမြးလက္​ေမြးမွ မီးမ​​ေလာင္ပါဘူး ​ေမာင္ကလည္း"

"အဲဒီ​ေလာက္​ေတာင္ ဆႏၵရွိရင္လည္း မ်က္ျခယ္သ​ေဘာသာလုပ္​ေတာ့"

ကိုယ့္မွာ​ေတာ့ ပင္ပန္းမွာစိုးထိတ္လွ၍ တနဂၤ​ေႏြ​ေန႔​ေလး အျပည့္အဝအနားယူ​ေစခ်င္သည္ကို ခ်စ္စိတ္ပို​ေအာင္ ခြၽဲျမဴ​ေနမွ​ေတာ့ သည္လူမွာ ခံႏိုင္႐ိုးတဲ့လား။

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Continue Reading

You'll Also Like

14.9K 1K 73
"i don't need anyone. i just need everyone and then some." - in which tyler is a senior in high-school who's been living on his own for two years and...
6.5K 130 8
An: basically A Union crossover and Mlp
839K 51.5K 116
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
557K 20.2K 95
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...