𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔�...

By choyee6

287K 26.3K 1.9K

13 Century နဲ့ လက်ရှိ Modern World အကြားက Time Travel အမျိုးအစားလေးပါ။ မှော်အတတ်ပညာတွေနဲ့ စိတ်ကူးယဉ်ဆန်ဆန် ရေ... More

Intro
Isaac Harold Kendrick
Minn Thit Kaung Yan (Kingsley)
🦋 1 🦋
🦋 2 🦋
🦋 3 🦋
🦋 4 🦋
🦋 5 🦋
🦋 6 🦋
🦋 7 🦋
🦋 8 🦋
🦋 9 🦋
🦋 10 🦋
🦋 11 🦋
🦋 12 🦋
Character Intro
🦋 13 🦋
🦋 14 🦋
🦋 15 🦋
🦋 16 🦋
🦋 17 🦋
🦋 18 🦋
ေခတၱရပ္နား (ခေတ္တရပ်နား)
နှစ်သစ်ဆုမွန်ကောင်း (ႏွစ္သစ္ဆုမြန္ေကာင္း)
🦋 19 🦋
🦋 20 🦋
🦋 21 🦋
🦋 22 🦋
🦋 23 🦋
New Fic Announcement
🦋 24 🦋
သိစေချင်သည့်အကြောင်းအရာ
Return
🦋 25 🦋
🦋 26 🦋
သေချာပေါက်ဖတ်ပေးပါ
🦋 27 🦋
🦋 28 🦋
🦋 29 🦋
🦋 30 🦋
🦋 Isaac Harold Kendrick🦋
🦋 32 🦋
🦋 33 🦋
Announcement
🦋 34 🦋
🦋 35 🦋
🦋 36 🦋
🦋 37 🦋 (Final)
S2 & Explanation
ခဏတာ နှုတ်ဆက်စာ
S2 Announcement
Book Announcements

🦋 31 🦋

3.9K 417 37
By choyee6

ယေန႔သည္ ထိုကိစၥအား ​ေကာင္းယံသိခဲ့သည္မွာ တစ္ပတ္ခန္႔႐ွိေနေသာေန႔ျဖစ္သည့္တုိင္ စိတ္အာရံုထဲေရာ အေတြးေတြထဲကပါ ထုတ္ပစ္၍မရႏုိင္ခဲ့ပဲ ျမင္ေယာင္ေနမိဆဲ။ ထိုေန႔က မင္းသားအိုင္းဆက္ႏွင့္ ညေနစာထြက္စားသည့္ေန႔။ ျပန္လာခဲ့ၾကၿပီးေနာက္ မိမိကေတာ့ေနအိမ္တြင္ပင္က်န္ခဲ့ကာ အ႐ွင့္သားမွာမူ ရဲတိုက္ႀကီးဆီသို႔ ျပန္သြားခဲ့သည္။ အရပ္သားေတြဧ။္ ဆင္ျခင္မႇဳမ႐ွိေသာ အေျပာၾကမ္းၾကမ္းအေပၚ စိတ္မေကာင္းျဖစ္သြားဟန္႐ွိသည့္ အ႐ွင့္သားမ်က္ႏွာကို ျမင္ေယာင္မိေလေတာ့ အေနာက္မွလိုက္သြားရန္ဆံုးျဖတ္ကာ ခပ္သြက္သြက္ လိုက္လာခဲ့သည့္ေနာက္တြင္ေတာ့ အ႐ွင့္သားဧ။္ဦးတည္ရာသည္ မွတ္တမ္းမႉးႀကီး႐ွိရာ အေဆာင္သို႔ျဖစ္ေနခဲ့သည္။

လွမ္းေခၚရန္ၾကံစည္ၿပီးမွ စာခြၽန္လိပ္ကိုထုတ္ေပး၍ မ်က္ႏွာပ်က္ယြင္းေနသည့္ အ႐ွင့္သားေၾကာင့္ လွမ္း၍မေခၚမိေတာ့ ၊ မရည္ရြယ္ပါေသာ္ျငား အေၾကာင္းအရာမ်ားကိုစတင္ၾကားသိလာခဲ့ရၿပီး မိမိဧ။္ႏွလံုးသားသည္လည္း အက္ကဲြစျပဳလာခဲ့ရၿပီျဖစ္ဧ။္။ မိမိေမ်ွာ္လင့္ထားသည့္ အဆံုးသတ္သည္ကား မိမိအေနျဖင့္ မိုခီတာကို တနည္းနည္းျဖင့္ကယ္တင္ႏိုင္ခဲ့ၿပီး သက္ဆုိင္ရာေနရာဆီသို႔ျပန္လာရံုသာ။ ယခုတြင္ေတာ့ မိမိႏွင့္အ႐ွင့္သားမွာ အျပန္အလွန္နာက်င္ေစၿပီးမွ ၊ မိုခီတာတြင္႐ွိ​ေနမည့္ မိမိဧ။္ျဖစ္တည္မႈကို ေခ်မြၿပီးကာမွ ခဲြခြာရေတာ့မည့္အေျခအေန။

"ရက္စက္လိုက္တဲ့ ကံၾကမၼာရယ္။ ဒီလိုနည္းနဲ႔ ငါတို႔ကို ကဲြကြာေစခ်င္တာတဲ့လား။ ငါ့ဘဝမွာ အ႐ွင့္သားကိုပဲ ခ်စ္မိခဲ့တာေလ။ အ႐ွင့္သား​ရဲ႕ႏွလံုးသား ကဲြ​ေၾက​ေအာင္ ငါက ထားခဲ့ရ​ေတာ့မယ္တဲ့လား၊ အ႐ွင့္သား​ရဲ႕တစ္သက္တာလံုး ​ေမ့မရ​ေတာ့​ေအာင္ ငါ့ကို သူ႔လက္နဲ႔သတ္ရ​ေတာ့မယ္တဲ့လား။ ငါက​ေရာ အ႐ွင့္သားရဲ႕ ကုိယ္ခႏၶာနာက်င္ေအာင္ ငါ့လက္နဲ႔လုပ္ရမတဲ့လား"

ခပ္တိုးတိုးေရရြတ္ကာ ဟင္းခနဲသက္ျပင္း႐ွည္ႀကီးခ်မိသည့္တုိင္ ရင္ထဲကေလးလံဆုိ႔နင့္မႈက တစ္စက္ကေလးမွေလ်ာ့မသြားခဲ့ေပ။ ထိုအေၾကာင္းအရာေၾကာင့္ပင္ထင္ဧ။္။ ထိုေန႔ညဧ။္ေနာက္ပိုင္းကစ၍ ယခုအခ်ိန္ထိ အ႐ွင့္သားကမိမိအား သီးသန့္အေခၚလႊတ္ျခင္းမ႐ွိေတာ့ပဲ ကန္းထရစ္ဘုရင္ႀကီးနဲ႔သာ အလုပ္မ်ားေနခဲ့ၿပီး မိမိသည္လည္း သံခ်ပ္ကာစစ္မက္ေတြႏွင့္ ေတြ႔လိုက္၊ ဓားေရးျမားေရးက်င့္လိုက္ျဖင့္သာ အခ်ိန္ကုန္ဆံုးေနခဲ့သည္။ လမ္းမထက္ဆီက အသံဗလံတစ္ခ်ိဳ႕ၾကားမွ မိုးလင္းေတာ့မည္ကို သတိျပဳမိစြာအိပ္ရန္ႀကိဳးပမ္းလိုက္ခ်ိန္မွာပင္ ထိုအသံဗလံမ်ားက ေၾကာက္လန္႔တၾကား အသံမ်ားျဖစ္ေနေၾကာင္း သိ႐ွိလိုက္ေသာအခါ

"ဘာေတြျဖစ္ေနလို႔ ဆူညံ​ေနတာလဲ ၊ မိုခီတာေရာက္ကတည္းက..."

အိမ္တံခါးခ်ပ္ကိုဆြဲဖြင့္ကာ အျပင္ဘက္သို႔လွမ္းလိုက္ရသည္သကာလ ျမင္ရသည္ျမင္ကြင္းက မိမိဧ။္စကားလံုးမ်ားကိုရပ္တန္႔ေစခဲ့သည္။ အိပ္တန္းထခ်ိန္ မတန္ေသးသည့္တုိင္ ​ဌက္အုပ္မွာ ေတာအုပ္ဆီမွလန္႔ဖ်န္စြာ ပ်ံသန္းထြက္လာခဲ့ၿပီး ေကာင္းကင္ဆီမွ ေျမႀကီးေပၚသို႔တျဖဳတ္ျဖဳတ္ ထိုးက်လာေနျခင္းပင္ျဖစ္ဧ။္။ အေတာင္ခတ္ျခင္းမ႐ွိေတာ့ပဲ ေျမႀကီးေပၚျပဳတ္က်ျခင္းေၾကာင့္ ေျမျပင္ေပၚေရာက္သည္႕အခါ ဌက္ေတြမွာ ခရမ္းခ်ဥ္သီးအား ကိုင္ေပါက္လိုက္သည့္ႏွယ္ ေသြးမ်ားကေဖာက္ခနဲပန္းထြက္ကာ ပံုပ်က္ပန္းပ်က္ေသဆံုးၾကကုန္သည္။

တစ္ေကာင္....ႏွစ္ေကာင္...ဆယ္ေကာင္ခန္႔အထိ အံ့ၾသျခင္းကသာႀကီးစိုးေနေသာ္လည္း ဆယ္ခ်ီကေန ရာခ်ီျဖစ္လုနီးသည့္အခ်ိန္တြင္ေတာ့ မိမိလိုေယာက္က်ားႀကီးပင္လ်ွင္ေသြးပ်က္စျပဳလာကာ အၾကည့္လႊဲလိုက္ရၿပီး ထိုအၾကည့္လဲႊလိုက္ရာေနရာကေတာ့ ရဲတုိက္အဝင္ဝသို႔ပင္ျဖစ္ကာ ထိုေနရာတြင္ ရဲမက္တစ္ခ်ိဳ႕ႏွင့္အတူ ေသြးပ်က္ဖြယ္ရာျမင္ကြင္းကို ၾကည့္ေနသည့္ အ႐ွင့္သားကို​ေတြ႕လိုက္ရသည္။

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

တစ္ႀကိမ္တစ္ခါမွမျမင္ဖူးသည့္ ထိုျမင္ကြင္း၊ ရဲတုိက္ႀကီးဧ။္အေစာင့္ရဲမက္ေတြတင္မက လမ္းမႀကီးေပၚ႐ွိ တုိင္းသူျပည္သားတို႔ဧ။္မ်က္ႏွာေပၚ​ေတြမွာ ပ်က္ယြင္းေနရံုသာမက ​ေၾကာက္လန္႔​ေနျခင္းကိုပါ အိုင္းဆက္အတိုင္းသားျမင္ေနရဧ။္။ သူတုိ႔ေတြမဆိုထားဘိ မည္သည့္အရာကိုမွေၾကာက္လန္႔ျခင္းမ႐ွိဟု ကိုယ့္ကိုယ္ကုိယ္ယူဆထားသည့္မိမိပင္လ်ွင္ ဌက္တစ္ေကာင္လမ္းမႀကီးႏွင့္ ႐ိုက္ခတ္သြားတုိင္း အာေမဋိတ္တခါထြက္မိေနၿပီး ျဖာခနဲပ်ံႏွံ႔သြားသည္ ေသြးမ်ားျမင္တုိင္း တစ္ခါတုန္ယင္သြားရသည္။

"တု္ိင္းျပည္ပ်က္ေတာ့မယ္ ကပ္ဆိုးႀကီးစလာၿပီ!!!! မင္းေလာင္းကမ်ိဳးတူခ်စ္ႀကိဳက္မိလို႔ ငါတို့ေတြ က်ိန္စာမိ ေဘးဒဏ္သင့္ရေတာ့မယ္!!! ငါတို႔ေသဆံုးရေတာ့မယ္!!!"

အသံနက္ႀကီးျဖင့္ေအာ္ဟစ္လာသည့္ အသက္အရြယ္ႀကီးရင့္ေသာ လူတစ္ေယာက္အသံေၾကာင့္ အိုင္းဆက္ထိုေနရာထံအၾကည့္ေရာက္သြား​ေသာ္ျငား ခဏျခင္းမွာပင္အၾကည့္ျပန္လဲႊလိုက္ရသည္။ အဘယ္ေၾကာင့္ဆိုေသာ္ မိမိထံသို႔ စူးစူး႐ွ႐ွၾကည့္ေနသာ တုိင္းသူျပည္သားေတြဧ။္အၾကည့္ေၾကာင့္ပင္ျဖစ္ဧ။္။ ဤကဲ့သို႔ေသာအၾကည့္မ်ိဳး တစ္ႀကိမ္မွအၾကည့္မခံခဲ့ရဖူးေပ။

ထိုလူက သူဧ။္အသံနက္ႀကီးျဖင့္ ထိုစကားလံုးမ်ားကို ထပ္ခါတလဲလဲ​ေျပာ​ေနသလို တီးတိုးေျပာဆိုသံေတြကလဲ ထြက္ေပၚလာၿပီး တုိင္းသူျပည္သား​ေတြတင္မက ရဲမက္အေစာင့္တစ္ခ်ိဳ႕ကပါ မိမိအားေျခဆံုးေခါင္းဆံုးၾကည့္၍ မိမိအနည္းငယ္ေရႊ႔လိုက္လ်ွင္ပင္ ရြံ႐ွာေၾကာက္ရြံ႔သည့္အလား အေနာက္ဘက္သို႔ယို႔သြားၾကဧ။္။

"ဌက္ေသေကာင္ေတြကို......"

အရာအားလံုးကို မသိက်ိဳးက်ံြျပဳ၍ အမိန္႔တခုေပးရန္ ဆိုလိုက္ေသာ္ျငား အံ့ၾသစရာ ​ေကာင္းေလာက္ေအာင္ မိမ္အသံကတိုးညႇင္း ျပတ္​ေတာင္းလွသည္မို႔ လည္ေခ်ာင္းတစ္ခ်က္႐ွင္း၍ ထပ္မံႀကိဳးစားေျပာလိုက္သည္။

"ဌက္ေသေကာင္ေတြကို အျမန္႐ွင္းၾကစမ္း၊ တုိင္းသူျပည္သားေတြနဲ႔ ကေလးငယ္ေတြ ​ေၾကာက္ရြံေနၾကေရာ့ၿပီ"

"............"

"ငါေျပာေနတာ မၾကားေရာ့ဘူးလား"

"............"

မိမိဧ။္ႏႈတ္ထြက္စကားသည္ ဧကရာဇ္မင္းဧ။္ အမိန္႔စာတစ္ခုႏွယ္သက္ေရာက္ၿပီး မည္သူကမွမေတာ္လွန္၊ မျငင္းဆိုခဲ့ၾကဝံ့။ သို႔ေသာ္ ဤတစ္ႀကိမ္တြင္ေတာ့ မိမိသည္တစ္ကိုယ္တည္းေျပာေနသကဲ့သို႔ျဖစ္ကာ က်န္လူမ်ားက တုပ္တုပ္မ်ွပင္ မလႈပ္၊ မိမိအားျပံဳး၍ ႐ိုက်ိဳး၍ အ​ေလးထား၍ ဆက္ဆံခဲ့ဖူး​ေလ​ေသာ ရဲမက္တစ္ခ်ိဳ႕ႏွင့္ ျပည္သားတစ္ခ်ိဳ႕ဆိုလ်ွင္ အဘိုးအိုဧ။္စကားလံုးမ်ားကို လိုက္၍တစ္ထပ္တည္းသံၿပိဳင္ရြတ္ဆိုကာ ရန္ျပဳခ်င္ၾကသေယာင္ အံႀကိတ္ၾကည့္႐ွဴေနၾကသည္မို႔ အိုင္းဆက္စတင္ တုန္လႈပ္လာရဧ။္။ ျပန္လွည့္ဝင္ရမည္လား ဆက္၍ရပ္ေနရမည္လားမသဲကဲြသည့္ ထိုအခိုက္မွာပင္...

"မင္းတို႔က ဘယ္လိုသတိၱေတြနဲ႔မ်ား ေတာ္ဝင္မင္းသားတစ္ပါးရဲ႕ ႏႈတ္ထြက္အမိန္႔ကို လြန္ဆန္ဝံ့သလဲ!!!"

ဟူ​ေသာ ခပ္မာမာအသံတစ္ခုကထြက္ေပၚလာခဲ့ၿပီး အရိပ္တစ္ရိပ္ကလဲ မိမိဧ။္အေ႐ွ႕မွာ လာရပ္ကာလို႔ထားသည္။ထိုလူကား Kingsley ပင္ျဖစ္ၿပီး မ်က္ႏွာသည္ တင္းမာခက္ထန္လြန္းေနကာ ေမးေၾကာေတြပင္လ်ွင္ေထာင္ထေနသည့္အထိ အံႀကိတ္၍ ရဲမက္ေတြထံသို႔ စူးစူးရဲရဲစိုက္ၾကည့္ကာ စကားဆက္ေျပာလာဧ။္။

"ဒါ ဘယ္လိုအျပဳအမူေတြလဲ "

"..........."

"အေျခအျမစ္မ႐ွိတဲ့ အရာတခု၊ အ႐ွင့္သားရဲ႕ ပေယာဂေၾကာင့္လို႔ေတာင္ လက္ဆုပ္လက္ကိုင္ျပမရတဲ့ ကိစၥတစ္ခုအတြက္နဲ႔ တစ္သက္လံုးေလးစားခ်စ္ခင္လာတဲ့ မင္းတို႔ရဲ႕မင္းသားတစ္ပါးအေပၚ ဘယ္လိုဆက္ဆံလိုက္တာလဲ"

"စစ္သူႀကီး"

"ငါေျပာလို႔မၿပီးေသးဘူး"

"စစ္သူႀကီး နမိတ္အေဟာေတြဟာ မွားယြင္း႐ိုးထံုးစံ..."

"မင္းရဲ႕ ​ေဟာဒီပါးစပ္ကို ဒီတုိင္းပိတ္ထားလိုက္မလား၊ ငါဒါနဲ႔ပိတ္ထားေပးရမလား

အရဲစြန္႔ကာ ထပ္မံ​ေျပာေတာ့မည့္ ရဲမက္တစ္ဦးမွာ Kingsley ဧ။္ ဓားဖ်ားက သူ႔ဧ။္ႏႈတ္ခမ္းအနီး ​ေဝ့ဝိုက္​ေရာက္႐ွိသြား​ေသာအခါ စကားစတို႔ ႐ုတ္ျခည္းရပ္တန္႔သြားၿပီး မ်က္လံုးမ်ားကျပဴးက်ယ္သြားသည္။

"တုိင္းသူျပည္သားေတြထက္ မင္းတို႔ကေတာ့ ပိုၿပီးအ႐ွင့္သားကို ​ေလးစားရမယ္ မဟုတ္ဘူးလား။ အခုပ်ံ့ႏွံ႔ေနတဲ့စကားေတြက မွန္ကန္ပါတယ္လို႔ အတိအက်သိရမယ့္ အခ်ိန္အထိ၊ အဲ့ဒီေနာက္ဆံုးအခ်ိန္အထိ မင္းတို့က သစၥာ​ေစာင့္သိရမွာကို အခုကတည္းက အာခံ​ေနၾကတယ္ေပါ့။ မင္းတို့သိထားရမယ့္ အသိက လက္႐ွိမွာ အ႐ွင့္သားက ဒီတုိင္းျပည္ရဲ႕ ဦးေသ်ွာင္အေလာင္းအလ်ာ၊ ကန္းထရစ္မင္းႀကီးရဲ႕ တစ္ဦးတည္းေသာေသြးသားဆိုတာကိုပဲ။ ဒါကို အာခံဝံ့တယ္​ေပါ့၊ အဲ့ဒီေလာက္ေတာင္ ရဲတင္းေနၾကတယ္ေပ့ါ ရဲတင္းတဲ့သူထြက္ခဲ့ "

"..........."

"ထြက္ခဲ့ေလ!!!"

ထိုေတာ့မွ အနီးဝန္းက်င္တြင္႐ွိေနေသာ တုိင္းသူျပည္သား​ေတြႏွင့္ ရဲမက္တို႔မွာ ေျမျပင္ေပၚဝပ္တြားလာၾကၿပီး မိမိအား အ႐ိုအေသေပးလာၾကေတာ့သည္။

"အ႐ွင့္သားအေပၚ ႀကီးေလးတဲ့ျပစ္မႈကိုက်ဴးလြန္မိပါတယ္။ ကြၽန္ေတာ္မ်ိဳးတို႔ကို ျပစ္ဒဏ္ခ်မွတ္လွည့္ပါ"

"႐ွိေစေတာ့ ဌက္ေသေတြကိုအျမန္ဆံုး႐ွင္းလင္းၿပီး ေသြးတစ္စက္ေတာင္လမ္းေပၚမက်န္ေရာ့နဲ႔"

"လုပ္ေဆာင္လိုက္ပါ့မယ္ အ႐ွင့္သား"

"ဌက္ေသတစ္ေကာင္ကို စစ္ေဆးဖို႔သယ္ေဆာင္သြားလွည့္ပါ"

"ေကာင္းပါၿပီ အ႐ွင့္သား"

အ႐ိုအေသေပးျခင္းဆိုသည့္ အေလးေပးမႈကိုျပန္လည္ရ႐ွိလိုက္သည့္တုိင္ အိုင္းဆက္ဧ။္စိတ္သည္ကား ​ေပါ့ပါးျခင္းအလ်ဥ္းမ႐ွိေတာ့သလို Kingsley သည္လည္း မ်က္ႏွာတင္းမာေနဆဲ။ ေျပာလက္စစကားအား ခပ္ျမန္ျမန္ပင္စကားျဖတ္ၿပီးေနာက္ အိပ္ခန္းေဆာင္႐ွိရာသို႔ျပန္လွည့္လာခဲ့ၿပီး အေနာက္မွထပ္ၾကပ္မကြာပါလာသည့္ Kingsley ထံသို႔ လွည့္ၾကည့္လိုက္သည္ႏွင့္တစ္ၿပိဳင္နက္

"အ႐ွင့္သား..."

"မင္း ဘာကိုေျပာခ်င္ေရာ့သလဲဆိုတာ ငါသိတယ္​ေကာင္းယံ"

"ဒီ့ထက္ပိုၿပီး သည္းခံႏိုင္စြမ္းမ႐ွိေတာ့ဘူး"

"အဲ့ဒီလိုမလုပ္ပါနဲ႔ ။ ဒါ​ေတြက အခိုက္အတန္႔​ေတြသာ ျဖစ္​ေပ​ေရာ့တယ္။ ငါ့မ်က္ႏွာကိုပဲၾကည့္ၿပီး..."

"မဟုတ္ဘူး အ႐ွင့္သား ကြၽန္ေတာ္မ်ိဳးအတြက္ သည္းခံေနရမယ့္အရာ ဘာတခုမွ႐ွိမေနပါဘူး၊ ကြၽန္ေတာ္မ်ိဳးကိုဘယ္သူကဘာေျပာေျပာ အကုန္သည္းခံႏုိုင္တယ္။ အခုကအဲ့ဒီလိုမဟုတ္ဘူးေလ"

"ေကာင္းယံ"

"ဘယ္သူေတြဘာေျပာေျပာ၊ ဘာလုပ္လုပ္ အဲ့ဒီအရာေတြအားလံုးက အ႐ွင့္သားဆီကိုပဲ ဦးတည္သြားေနတာကို ဘယ္လိုအင္အားမ်ိဳးနဲ႔ ကြၽန္ေတာ္မ်ိဳးက သည္းခံေပးရမွာလဲ"

"ငါ အဆင္ေျပေရာ့တယ္ ဟုတ္ၿပီလား ငါအဆင္ေျပတာမို႔.."

"အ႐ွင့္သား ညာေနတာ!! ဘယ္မွာေျပလဲ ဘယ္ေနရာမွာေျပလို႔လဲ!!! ဒီေလာက္ထိုးႏွက္ခံရလို႔ ႏႈတ္ဆိတ္ၿငိမ္သက္သြားတဲ့အ႐ွင့္သားကို ကြၽန္ေတာ္မ်ိဳးျမင္ေနရတာေတာင္မွပဲ...သတ္ပစ္ခ်င္တယ္ အကုန္လံုးကိုသတ္ပစ္ခ်င္တယ္ အ႐ွင့္သားကိုေျပာတဲ့...."

ေျပာရင္းျဖင့္ ေဒါသနွင့္ခံျပင္းစိတ္ကို ထိန္းခ်ဳပ္ႏုိင္စြမ္းမဲ့လာဟန္တူသည့္ ေကာင္းယံက မိမိထိန္းခ်ဳပ္ထားသည့္ၾကားမွ ႐ုန္းကန္ကာ ေအာ္ဟစ္ေနဧ။္။ မ်က္ႏွာတစ္ျပင္လံုးက တင္းမာေနေသာ္လည္း မ်က္လံုးအိမ္မွာမူ မ်က္ရည္ၾကည္တို႔က ေဝ့သီလာေနၿပီး အသံမ်ားကတုန္ယင္လို႔လာသည္။ ထို႔ေၾကာင့္ လွမ္းေပြ႔ဖက္လိုက္ကာ နဖူးျပင္သို႔ခပ္ဖြဖြနမ္း႐ႈိက္လိုက္​ေလ​ေတာ့ ၿငိမ္က်သြားခဲ့ဧ။္။

"႐ွဴး....အဲ့ဒီအေၾကာင္းေတြေၾကာင့္နဲ႔ ေဒါသမထြက္ေရာ့နဲ႔ေကာင္းယံ ၊ မင္း ဒီလိုျဖစ္ေနပံုကိုျမင္ရတာက အဲ့ဒီအေၾကာင္းအရာေတြထက္ ငါပိုခံစားရတယ္၊ နာက်င္ရတယ္။ ၿပီးေတာ့ မင္းေျပာတာမွန္ေရာ့တယ္၊ ငါတကယ္ပဲ အဆင္မေျပေရာ့ဘူး။ ဒါေပမဲ့ မင္း႐ွိေနတယ္ေလေကာင္းယံ၊ သူတုိ႔ေတြဘယ္လိုေျပာေျပာ မင္းကေတာ့ ငါ့အနား႐ွိေနတာမို႔ အဲ့ဒီတစ္ခ်က္နဲ႔တင္ ငါအရာအားလံုးကို တျဖည္းျဖည္းနဲ႔သည္းခံလာႏုိင္လိမ့္မွာပါ"

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

လက္တစ္ဖက္က ေက်ာျပင္ကိုသိုင္းဖက္ထားၿပီး လက္တစ္ဖက္ျဖင့္ မိမိဧ။္ဦးေခါင္းကိုပြတ္သတ္ေပးရင္း တစ္လံုးျခင္းဆိုလာသည့္ အ႐ွင့္သားဧ။္စကားလံုးမ်ား အဆံုးသတ္သြားသည့္အခါ တင္းၾကပ္စြာေကာင္းယံျပန္ဖက္ထားမိသည္။ အ႐ွင့္သားနဲ႔မိမိအၾကားက အဆံုးသတ္ရမည့္ကံၾကမၼာကို ​ေတြးမိသြားျပန္ေတာ့ ရင္တခုလံုးနင့္တက္လာကာ ဖက္ထားသည့္လက္တို႔သည္ ပိုမိုတင္းၾကပ္သြားရၿပီး သူ႔ထက္ငါ အလုအယက္ခုန္ဆင္းလာ​ေတာ့မည့္ မ်က္ရည္ေတြကိုလဲ မထိန္းထားႏုိင္ေတာ့။

"ငိုေနေရာ့သလား ​ေကာင္းယံ"

ရိပ္မိဟန္ျဖင့္ မိမိကိုခြာကာၾကည့္ရန္ျပင္ေနသည့္ အ႐ွင့္သား၊ မိမိဧ။္မ်က္ရည္မ်ားကို မျမင္ေစဖို႔ရာ အတင္းတိုးဖက္၍ ရင္ခြင္ထက္ေခါင္းထိုးအပ္ေလေတာ့ ပခံုးႏွစ္ဖက္ကိုတြန္း၍ အတင္းငံု႔ၾကည့္လာေတာ့သည္။

"ေကာင္းယံ ဘာျဖစ္ေရာ့သလဲ ငါ့ကိုေျပာ..."

"ကြၽန္ေတာ္မ်ိဳး...အကုန္...ၾကား..ခဲ့..တယ္"

"ၾကားတယ္..။ဘာကိုၾကားခဲ့ေရာ့သလဲ"

"မွတ္တမ္းမွဴးႀကီးနဲ႔ အ႐ွင့္သားေျပာေနၾကတဲ့ကိစၥအားလံုး ၾကားခဲ့တယ္။ စာခြၽန္လိပ္ကေနစလို႔ အကုန္..အကုန္ပဲ"

ထိန္းခ်ဳပ္ထားသည့္မ်က္ရည္ေတြက အခုေတာ့ တရ​ေဟာ က်ဆင္းလာၿပီးျဖစ္ၿပီး အ႐ွင့္သားသည္လည္း မိမိၾကားသိသြားရသည္အေပၚ မွင္သက္ကာ ေငးၾကည့္ေနေလဧ။္။

"ကြၽန္ေတာ္မ်ိဳးတို႔ဘယ္လိုလုပ္ၾကမလဲ အ႐ွင့္သား ၊ ဟင္ ဘယ္လိုလုပ္ၾကမလဲ။ အ႐ွင့္သားေျပာေတာ့ အန္ခ်ီနဲ႔မယွဥ္ၿပိဳင္ခင္ေလးပဲ သည္းခံေပးၿပီးရင္ ရၿပီဆို။ ကြၽန္ေတာ္မ်ိဳးမျပန္ခင္အထိ ေတာအုပ္ေလးထဲႏွစ္ေယာက္သား သြားေနၾကရမယ္ဆို။ အခုေတာ့ဘယ္လိုလုပ္ၾကမလဲ..."

"..........."

"ကြၽန္ေတာ္မ်ိဳးတို႔ အဲ့ဒါေတြကိုမလုပ္ႏုိင္ေတာ့ဘူး အ႐ွင့္သားရယ္။ ကြၽန္​ေတာ္မ်ိဳးတို႔ ခ်စ္ျခင္းက ခါးသီးရင္နာစရာေတြနဲ႔ အဆံုးသတ္ရေတာ့မယ္"

"မင္းကို အဲ့ဒီအေၾကာင္းအရာေတြ ၾကားသိေစခဲ့ရလို႔ ငါစိတ္မေကာင္းေရာ့ပါဘူး ။ ဒါေပမဲ့ ငါလံုးဝအျဖစ္မခံမွာမို႔ ေမ့ပစ္လိုက္ရင္ရေပေရာ့တယ္"

"ဘယ္လိုနည္းလမ္းနဲ႔လဲ၊ ဘယ္လိုနည္းနဲ႔အ႐ွင့္သားက အျဖစ္မခံပဲေနလို႔ရမွာလဲ။ မိုခီတာကိုကာကြယ္ဖို႔ ဒီတနည္းပဲ႐ွိေနတာ​ေလ မလုပ္ရင္ အ႐ွင့္သားေရာ ကြၽန္​ေတာ္မ်ိဳး​ေရာ ကာကြယ္ခ်င္ေနတဲ့ ဒီမိုခီတာႀကီး ပ်က္သုန္းသြားလိမ့္မယ္"

"ငါတို႔ကို ၿခိမ္းေျခာက္ေနတာ Elroy နဲ႔ ဒ႑ာရီလာသတၱဝါႀကီးပဲ ႐ွိတာပါ။ Elroy ကို ငါမႏုိင္ႏုိင္ဘူးလို႔ မင္းထင္ေနေရာ့သလား ေကာင္းယံ"

"သတၱဝါႀကီးက​ေရာ...သူတုိ႔သတ္ဖို႔ စာခြၽန္လိပ္ထဲကနည္းလမ္းအျပင္မ႐ွိဘူး အ႐ွင့္သား"

"အရမ္းပူပန္ဝမ္းမနည္းပါနဲ႔ ငါ မင္းကိုအႏၱာရယ္အျဖစ္မခံဘူး။ အဲ့ဒီနည္းလမ္းအတုိင္း ငါလုပ္လိမ့္မွာမဟုတ္ေရာ့ဘူး"

"ကြၽန္ေတာ္မ်ိဳးက အႏၱာရယ္ျဖစ္မွာစိုးလို႔ ေျပာေနတာမဟုတ္ဘူး။ အ႐ွင့္သားကိုမခဲြခ်င္လို႔၊ အ႐ွင့္သားကိုထားခဲ့ၿပီး ေပ်ာက္ကြယ္သြားရမွာကို မလိုခ်င္လို႔"

"ငါသိ​ေပတယ္ ​ေကာင္းယံ ။ ငါက ထူးျခားတဲ့မင္းသားတစ္ပါးေလ။ နတ္ဘုရားကေတြကေစလႊတ္ခဲ့တဲ့ မင္းသားတစ္ပါးလို႔ တင္စားခံရတဲ့အတြက္ ငါ့ရဲ႕အင္အားနဲ႔ သူ႔ကိုသုတ္သင္လို႔မရဘူးဆိုတာ မယံုေရာ့ဘူး"

ထိုစကားလံုးက​ေတာ့ ေကာင္းယံစိတ္ထဲတစ္မ်ိဳးျဖစ္လာရသည္။ မိမိ​ေျပာ​ေနသည့္ ရည္ရြယ္ခ်က္ႏွင့္ အ႐ွင့္သားျပန္ေျဖေနသည့္ပံုစံက အနည္းငယ္ေသြဖယ္ေနကာ တစံုတခုသို႔ ဦးတည္ေနျခင္းေၾကာင့္ ရင္ခြင္ထဲမွ ႐ုန္းထြက္ကာ ေမာ့ၾကည့္လုိက္သည့္ခဏ အ႐ွင့္သားဧ။္ မိႈင္းရီေဝေနသည့္ ေရႊေရာင္မ်က္ဝန္းတို႔ႏွင့္ ဆံုေတြ႔ရသည္။

"ဘာကို...အ႐ွင့္သား ဘာကိုရည္ရြယ္ခ်င္တာလဲ။ မဟုတ္မွ တစ္ေယာက္တည္းဘာလုပ္ဖို႔ ၾကံစည္ေနတာလဲ"

"အရာအားလံုးက အခ်ိန္တခုၾကာရင္ ၿပီးဆံုးသြား​ေပ​ေရာ့မွာမို႔ ဒီတုိင္းေလးပဲ မင္းေနေပးလို႔ရမလား"

"ၿပီးဆံုးသြားခ်ိန္ အ႐ွင့္သားမ႐ွိေတာ့ရင္ေရာ"

"ၿပီးဆံုးသြားခ်ိန္ မင္းမ႐ွိေတာ့ရင္ေရာ ဒါေၾကာင့္..."

"ဘာကိုပဲစဥ္းစားထား စဥ္းစားထား ကြၽန္ေတာ္မ်ိဳးကိုျပန္ၾကည့္ပါ အ႐ွင့္သား။ မိုခီတာကေနမျပန္လိုတဲ့ တခုတည္း​ေသာ အေၾကာင္းရင္းကိုက အ႐ွင့္သားျဖစ္​ေနခဲ့တာပါ။ တတ္ႏုိင္သ​ေလာက္ ႀကိဳးစားၾကည့္ၿပီး မလဲႊသာ​ေတာ့မယ့္ အ​ေျခအ​ေန​ေရာက္လာရင္​ေတာ့ အ႐ွင့္သားရဲ႕အိပ္မက္အလိုအတုိင္း ေသြဖယ္ျခင္းမျပဳပဲ ကြၽန္ေတာ္မ်ိဳးတို႔ အတူလုပ္ၾကရေအာင္ပါ"

"ငါ မင္းကို သိပ္ခ်စ္ျမတ္ႏိုးရတယ္ ေကာင္းယံ"

"ကြၽန္ေတာ္မ်ိဳးေရာက္႐ွိလာတာ မွားခဲ့ၿပီထင္ပါတယ္။ ေရာက္လာကတည္းက အ႐ွင့္သားကို မ​ေကာင္းတဲ့အရာ​ေတြခ်ည္း ေပးခဲ့မိတယ္။ အခုလဲ..."

"မင္းသာေရာက္မလာရင္ ခ်စ္ျခင္းေမတၱာဆိုတာကို ငါဘယ္လိုသိႏိုင္ေရာ့မွာလဲ။ ႏွလံုးသားတစ္ခုလံုးနဲ႔ တစ္ဖက္သားကိုခ်စ္တယ္ဆိုတာကို ငါဘယ္လိုနားလည္ႏုိင္ေရာ့မွာလဲ။ မင္းေရာက္႐ွိလာတာဟာ မင္းနဲ႔ေတြ႔ဆံုရျခင္းဟာ မင္းကိုခ်စ္ျမတ္ႏိုးခြင့္ရတာဟာ ငါ့ဘဝတစ္ခုလံုးနဲ႔ေတာင္ လဲမရႏိုင္တဲ့ ဆုလာဒ္ႀကီးတစ္ခုပါ ေကာင္းယံ။ "

ေယာက္က်ားႀကီးတစ္ေယာက္ေပမို႔ မ်က္ရည္အလြယ္တကူမက်ဟု ေႂကြးေၾကာ္ခဲ့ဖူးသူျငား အ႐ွင့္သားဧ။္စကားလံုးတိုင္းက မိမိရင္ကိုထိ႐ွေစသည္မို႔ မ်က္ရည္လည္ရဲႊျဖစ္ရသည္။

"ကြၽန္ေတာ္မ်ိဳး အ႐ွင့္သားကိုအရမ္းခ်စ္တာပဲ"

ဟု ဆိုလိုက္သည့္အခါ အ႐ွင့္သားကျပံဳး၍ မိမိမ်က္ႏွာကိုလက္ႏွစ္ဖက္ျဖင့္ အုပ္ကိုင္ကာ မ်က္ရည္မ်ားကိုလက္ျဖင့္အသာပြတ္သုတ္​ေပးလာၿပီး ႏႈတ္ခမ္းဆီသို႔နမ္း႐ိႈက္သည္။ ထိုအနမ္းတို႔ကား ခ်ိဳၿမိန္လြန္းလွသည္မို႔ မိမိကိုယ္တုိင္ပင္ မက္မက္ေမာေမာတံု႔ျပန္​ေနခဲ့ၿပီး​ေနာက္ ႏွစ္ဦးသားဧ။္ေသြးသားဆႏၵကို တြန္းလွန္ရန္မျဖစ္ႏုိင္ေတာ့...။ အ႐ွင့္သားက အနမ္းတို႔ပင္မပ်က္ေစရ၊ ယွက္တြယ္လာသည့္ လက္တို႔က​ေတာ့ ​ေကာင္းယံဧ။္ကိုယ္ခႏၶာေပၚ ဟိုဟုိဒီဒီေျပးလႊားလာခဲ့ၿပီး ကုတင္ထက္သုိ႔ အသာလွဲေစသည္။ ႏႈတ္ခမ္းဆီမွ အနမ္းတို႔သည္ လည္တုိင္ထက္သို႔ ဆင္းသက္လာၿပီး ထိုမွတစ္ဆင့္ ညႇပ္႐ိုးအား ခပ္ဖြဖြကိုက္ခ်လာသည္။

"အ႐ွင့္သား"

မိမိက ဘာရယ္မဟုတ္ ခပ္တုိးတိုးေခၚမိလိုက္ျခင္းက အ႐ွင့္သားကို အသိဝင္သြားသလိုျဖစ္သြားရကာ ႐ုတ္ျခည္းရပ္တန္႔သြားခဲ့သည္။ ထို႔ေနာက္...

"ငါ စိတ္ေလာသြားမိတယ္ ၊ မသင့္ေလ်ာ္တဲ့အျပဴအမူကိုလုပ္မိေရာ့ၿပီ"

ဟုဆိုကာ ထရန္ျပင္ေနျခင္းေၾကာင့္ ခါးကို ​လက္ႏွစ္ဖက္ျဖင့္ ယွက္၍ လွမ္းဖက္ထားလိုက္သည့္အခါ အ႐ွင့္သားမွာမိမိ​ေပၚသို႔ ေမွာက္ရက္ျပန္က်လာရသည္။

"ကြၽန္ေတာ္မ်ိဳးတို႔က ကာမပိုင္႐ွိသူေတြ မဟုတ္သလို အသက္မျပည့္သူေတြလဲ မဟုတ္ပါဘူး အ႐ွင့္သား၊ ဒါေၾကာင့္ ႏွစ္ဦးသားကဆႏၵ႐ွိတယ္ဆို စိတ္အလိုအတုိင္းျပဳမူလို႔ရပါတယ္"

"မင္း တကယ္ေသခ်ာေရာ့ၿပီလား ေကာင္းယံ"

"ဘာေတြျဖစ္လာဦးမွာလဲ မသိရတဲ့ အေျခအေနမွာ ဒီလိုအခိုက္အတန္႔ေလးကို တန္ဖိုးထားရေအာင္ပါ ။ အ႐ွင့္သားဆႏၵ႐ွိသလို ျပဳမူႏုိင္ပါတယ္။ ဒါေပမဲ့ ​မနက္ခင္းႀကီးကေတာ့..."

"မိုးေသာက္ယံက ဘာျဖစ္ေရာ့သလဲ။ ငါသင္ခဲ့ရတဲ့ သင္ခန္းစာထဲလဲ မိုးေသာက္ယံမွာမျပဳမူရဘူးလို႔ မပါေရာ့ဘူး"

ထိုအေျဖေၾကာင့္ ေကာင္းယံခပ္တိုးတိုးရယ္မိၿပီး အ႐ွင့္သားကေတာ့ လိုက္ကာမ်ားကို ထပိတ္ေနခဲ့သည္။ လိပ္ျပာႀကီးမွာလဲ ျပတင္းေပါက္အျပင္ဘက္ဆီသို႔ပ်ံသန္းသြားကာ မိမိတို႔အတြက္ေ႐ွာင္ေပးခဲ့သည္ဟန္။ ထို႔ေနာက္တြင္ေတာ့ တစ္ႀကိမ္တစ္ခါမွ မကူးခတ္ဖူးသည့္ အခ်စ္ပင္လယ္တစ္ခုထဲ ႏွစ္ဦးသား စတင္စီးေမ်ာခဲ့ၾကၿပီး ခံစားခ်က္မ်ားက မ်ိဳးစံုေနခဲ့သည္။ မိမိထံမွ မတိုးမက်ယ္ အသံတစ္ခ်က္ထြက္တုိင္း အ႐ွင့္သားကသူဧ။္ လႈပ္႐ွားမႈမ်ားကို႐ုတ္ခ်ည္းရပ္တန္႔ပစ္ကာ နားသယ္စပ္အား အသာနမ္း႐ိႈက္၍ မိမိလက္ခံလာႏုိင္သည့္အခ်ိန္ကို ေစာင့္ဆုိင္းေပးခဲ့ျခင္းျဖင့္ ပထမဆံုးအထိအေတြ႔ကို ျငင္သာစြာပင္ ျဖတ္သန္းေစခဲ့သည္။

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

ေလးထံမွ ​ေ႐ွ႕ဆင့္​ေနာက္ဆင့္ ​ေျပးထြက္သြားသည့္ ျမားတံတို႔ကား ပစ္မွတ္ဧ။္အလယ္ဗဟိုဆီသို႔ ဒုတ္ခနဲဒုတ္ခနဲ။

"စစ္သူႀကီးက အရင္ကအတုိင္း လက္ရည္ထက္ေနတုန္းပဲ"

လက္ခုပ္တီးသံေတြႏွင့္ Land ဧ။္ခ်ီးက်ဴးစကားေၾကာင့္ ေကာင္းယံေခါင္းကိုေမာ့ပစ္လိုက္ကာ ဆံပင္ကိုဟန္ပါပါသပ္တပ္လိုက္သည္။ အ႐ွင့္သားသင္ၾကားေပးခဲ့သည့္အတုိင္းေန႔ေရာညပါ ခိုးေလ့က်င့္ရာက ယခုေတာ့ လူၾကားထဲတြင္ ေပၚတင္ပစ္ျပႏုိင္သည့္ အေျခအေနသို႔ေရာက္႐ွိလာၿပီျဖစ္သည္။ သို႔ေသာ္ လႈပ္႐ွားေနေသာပစ္မွတ္မ်ား အတြက္မူ ထင္သေလာက္မရေသးေပ။

"Land မင္း သိလား။ ဒါေတာင္ ငါ အာရံုသိပ္မရေသးဘူးေနာ္ ။ အာရံုရရင္ အ႐ွင့္သားထက္ေတာင္ ကြၽမ္းက်င္လာမွာ။ ေကာင္းကင္မွာ ပ်ံေနတဲ့ဌက္ရဲ႕ႏႈတ္သီးကို...."

"စစ္သူႀကီးက အလြန္အမင္းေတြေျပာေနျပန္ပါၿပီ။ အ႐ွင့္သားကျမားသံုးစင္းကို တၿပိဳင္တည္းပစ္ႏိုင္တာ​ေလ"

"ငါ့ကို နည္းနည္းေတာင္ေပးမႂကြားေတာ့ဘူးလား မင္းကလဲ"

"ကြၽန္ေတာ့္ကို သင္ေပးလွည့္ပါလား ျမားပစ္ခါနီး စစ္သူႀကီးရဲ႕ကိုယ္ေနဟန္ထားက သိပ္ၾကည့္လို႔ေကာင္းလို႔ "

"ျမားပစ္တယ္ဆိုတာ ကိုယ္ေနဟန္ထားထက္ ေလရဲ႕အလ်င္၊သိပ္သည္းမႈကို တြက္ဆ...ဆ"

"အ႐ွင့္သား လာေနၿပီ။ ကြၽန္ေတာ္သြားေတာ့မယ္ စစ္ေရးေလ့က်င့္တဲ့ေနရာမွာ တာဝန္ေပးထားတာကို ဒီမွာစကားလာေျပာမိေနတာ..."

စကားဆံုးသည္ႏွင့္ သုတ္ခနဲထြက္ေျပးသြားသည့္ Land ။ အ႐ွင့္သားကလာပါေသာ္လည္း မိမိအနားသို႔ကပ္မလာပဲ တျခားေသာ ျမားေရးေလ့က်င့္ေနသူေတြ အနားမွာသာရပ္ေနသည္။ ထိုေန႔ၿပီးကတည္းက မိမိကိုျမင္လိုက္တာႏွင့္ မ်က္ႏွာေရာနားရြက္ေတြပါ ရဲတက္လာတတ္သည့္အ႐ွင့္သားက မ်က္လံုးေတြပါဂနာမၿငိမ္ခဲ့။ မိမိထက္သူကပုိ၍ အ႐ွက္သည္းေနေတာ့ ေကာင္းယံရယ္ခ်င္လာရာက အ႐ွင့္သားအနားသို႔ လွစ္ခနဲေျပးကပ္လိုက္ေတာ့သည္။

ေသြးသားစပ္ယွက္ျခင္း...။ ထိုစပ္ယွက္ျခင္းက မ်ိဳးတူတစ္ေယာက္ႏွင့္ဆိုသည့္အသိရယ္၊ သင္ၾကားေနခ်ိန္ကလဲြ၍ က်န္သည့္အခ်ိန္မွာ ေတြးေတာင္မေတြးၾကည့္ဖူးသည့္ ထိုကိစၥရပ္ကို လိုလိုလားလားနဲ႔ ျမန္ျမန္ဆန္ဆန္ပင္ျပဳလုပ္ခဲ့ၿပီးေနာက္ အိုင္းဆက္မွာ လိပ္ျပာႀကီးကိုလဲမၾကည့္ရဲ၊ Kingsley ကိုလဲ မၾကည့္ရဲ၊ Kingsley ကိုျမင္တိုင္းလဲ ထိုေန႔ကအထိအေတြ႔၊ အေငြ႔အသက္မ်ားကိုျပန္ျမင္ေယာင္ကာ ရင္ခုန္လာတတ္တာမို႔ မေတြ႔ေအာင္ေ႐ွာင္ေနခဲ့သည္မွာ ရက္သတၱပတ္တစ္ပတ္ခန္႔႐ွိေနၿပီျဖစ္သည္။

ယခုေတာ့ Kingsley ကမိမိအနားလာရပ္ေနၿပီမို႔ ေ႐ွာင္၍မရေတာ့၊ ဘာမွလဲမေျပာပဲ သူဧ။္ေလးကိုသာၾကည့္​ေနျခင္း​ေၾကာင့္ အိုင္းဆက္မသိခ်င္​ေယာင္​ေဆာင္ကာ ေဘးသို႔ေျခတစ္လွမ္းခြာလိုက္သည္။ Kingsley က ေျခတစ္လွမ္းကပ္လာသည္မို႔ ေနာက္တစ္လွမ္းထပ္ခြာခဲ့ျပန္ဧ။္။ ေျခလွမ္းေတြသာမ်ားလာေသာ္လည္း မိမိႏွင့္Kingsley မွာ ေဘးခ်င္းကပ္လ်က္သာ႐ွိေနရသည္။ အဘယ္ေၾကာင့္ဆိုေသာ္မိမိေျခတစ္လွမ္းခြာတိုင္း Kingsley က တစ္လွမ္းကပ္လာျခင္းေၾကာင့္ပင္။ ေနာက္ဆံုးတြင္ေတာ့ အိုင္းဆက္ထပ္ေရႊ႔၍မရေတာ့ ေဘးတြင္သစ္ပင္ႀကီးသာ႐ွိေတာ့သည္။ ထို႔ေၾကာင့္

"ဘာျဖစ္ေနေရာ့သလဲ Kingsley"

"အ႐ွင့္သားကမွ ဘာျဖစ္ေနတာလဲ။ ဘာလို႔အဲ့ဒီေလာက္႐ွက္ေနတာလဲ။ ျပန္စဥ္းစားၾကည့္ရင္ ကြၽန္ေတာ္မ်ိဳးကေတာင္႐ွက္ရဦးမယ္။ အ႐ွင့္သားကျပဳလုပ္သူ၊ ကြၽန္ေတာ္မ်ိဳးက..."

"ေတာ္လိုက္ပါေတာ့ ငါ႐ွက္ေရာ့တယ္ ။ ခႏၶာကိုယ္ေရာ အဆင္ေျပရဲ႕လား"

"တစ္ပတ္ေတာင္ၾကာေနခဲ့ၿပီပဲ အကုန္ေပ်ာက္ကင္းသြားပါၿပီ။ Lord ျပန္မလာေသးဘူးလား အ႐ွင့္သား"

"ျပန္ေရာက္ေနၿပီး သြားစစ္ေဆးေနေရာ့တယ္"

"ကိစၥေတြကထပ္႐ႈပ္လာခဲ့ျပန္ၿပီ"

ႏႈတ္ျဖင့္ျပန္မေျဖလိုက္ေသာ္ျငား အိုင္းဆက္သက္ျပင္းေမာႀကီးေတာ့ခ်မိသည္။ လြန္ခဲ့ေသာ ႏွစ္ရက္သံုးရက္ခန္႔မွစတင္၍ မိုခီတာတြင္ေရထြက္႐ွိသည့္ ေနရာတစ္ခ်ိဳ႕မွာ ေရေတြကအေၾကာင္းရင္းမ႐ွိပဲ အမည္းေရာင္သို႔ေျပာင္းလဲကုန္သည္မုိ႔ မည္သူကမွမသံုးရဲၾကေတာ့။ တိုင္းျပည္ဧ။္နမိတ္ႏွင့္ပတ္သတ္ၿပီး မိမိအေပၚဆိုးရြားစြာေျပာဆိုျခင္းမ်ားသည္လည္း တုိင္းသူျပည္သားေတြၾကားထဲ ပိုမိုပ်ံ့ႏွံ႔လာျခင္းေၾကာင့္ ျပင္ပသို့ထြက္ရွိျခင္းမျပဳေတာ့ပဲ က်ဴးေက်ာ္စစ္ကို ကာကြယ္ရန္ စစ္ေရးေလ့က်င့္ေနသည့္ ေနရာတြင္သာအခ်ိန္ကုန္ဆံုးေနခဲ့ရဧ။္။

"Lord လာၿပီ အ႐ွင့္သား...."

အေဆာတလ်င္လွမ္းလာေနသည့္ Lord ထံမွအေၾကာင္းအရာမ်ားကို နားေထာင္ေနခိုက္တြင္

"အ႐ွင့္သားနဲ႔စစ္သူႀကီးကို အ႐ွင္မင္းႀကီးအေခၚလႊတ္ပါတယ္"

ဟူေသာ အေခၚအမိန္႔ေၾကာင့္ ခမည္းေတာ္႐ွိရာရဲတိုက္ခန္းမေဆာင္သို႔ထြက္လာခဲ့ၿပီး ထိုေနရာတြင္ မေမ်ွာ္လင့္ထားသည့္ ျမင္ကြင္းတခုကေစာင့္ႀကိဳေနခဲ့သည္။ ငို​ေနၾကသည့္ ျပည္သားတစ္ခ်ိဳ႕ႏွင့္ တင္းမာ​ေန​ေသာ ခမည္းေတာ္ဧ။္မ်က္ႏွာ။ မိမိတို႔ိကိုျမင္သည္ႏွင့္ ခမည္းေတာ္က ျပည္သူျပည္သားမ်ားကို ျပန္ေစခဲ့သည့္အျပင္ တျခားေသာအေစာင့္မ်ားကိုပါ အျပင္ထြက္ခိုင္း၍ မိမိတို႔ကိုသာ႐ွိေစခဲ့သည္။

"သူတုိ႔ေတြ အဘယ္ေၾကာင့္လာသလဲ သိေပသလား"

"ကြၽန္ေတာ္မသိပါ ခမည္းေတာ္"

"သူတုိ႔ေတြရဲ႕အိမ္ေမြးတိရစၦာန္ေတြ တၿပိဳင္နက္တည္းေသကုန္လို႔ တုိင္ၾကားဖို့ရာ လာျခင္းပဲ။ ကပ္ဆိုးက်ေရာက္ေစတဲ့ အဓိကလူကိုတုိင္ၾကားဖို႔ရာ ေရာက္႐ွိလာၾကတာ"

"............"

"အိုင္းဆက္ အခုျဖစ္ပ်က္ေနတဲ့ အေၾကာင္းအရာေတြအေပၚ မင္းဘာေျပာခ်င္ေလသလဲ"

"ကြၽန္ေတာ့္မွာ ဘာမွေျပာစရာမ႐ွိေရာ့ပါဘူး ခမည္းေတာ္"

"ဒီေလာက္ကပ္ေတြဆိုက္ေနတာေတာင္ မင္းတို႔ရပ္တန္းကရပ္ဖို႔အေတြး မ႐ွိေပဘူးလား။"

"ကြၽန္ေတာ္ေျပာရင္ ခမည္းေတာ္အမ်က္ထြက္ေရာ့ႏုိင္ေပမယ့္ မ်ိဳးတူခ်စ္ႀကိဳက္ျခင္းေၾကာင့္ လူေတြအတိဒုကၡေရာက္ျပီး တုိင္းျပည္ပ်က္သုန္းရမယ္ဆိုတဲ့အ​ေပၚ တိက်တဲ့..."

"တိက်တဲ့သက္ေသ!!! တိက်တဲ့သက္ေသကိုပဲ မင္းထပ္ထပ္ၿပီးေျပာေနတယ္။ ေကာင္းကင္ေပၚကဌက္ေတြအေၾကာင္းျပခ်က္မ႐ွိ ေသဆံုးၾကကုန္တယ္။ေရေတြမည္းနက္လာတယ္ ။ ဒါေတြက ဘာေၾကာင့္ျဖစ္လာသလဲေရာ မင္းမွာ႐ွင္းျပစရာမ႐ွိလွဘူး မဟုတ္လား"

"အေျဖ႐ွာ​ေနလွည့္ပါတယ္ ခမည္းေတာ္"

"ဘာအေျဖကို႐ွာခ်င္တာလဲ အိုင္းဆက္၊ မင္းဘယ္ေတာ့မွအသိဝင္ေတာ့မလဲ။ ဌက္ေတြကိုစစ္ေဆးၿပီးၿပီ ဘာအဆိပ္မွမမိထားဘူး ေရေတြကိုလဲစစ္ေဆးၿပီးၿပီ ဘာမွခပ္ခံထားရျခင္းမ႐ွိေပဘူးတဲ့။ အဲ့ဒီလိုအေျဖေတြထြက္တာေတာင္ မင္းကဘာကိုအေျဖ႐ွာခ်င္လွည့္သလဲ.."

"ထူးျခားခ်က္ကိုေရာ ခမည္းေတာ္သတိမထားမိပါဘူးလား။ ဌက္ေတြေသဆံုးကုန္တယ္ဆိုတာ မွန္​ေရာ့တယ္ ဒါေပမဲ့ အဲ့ဒီေန႔မိုးေသာက္ယံအခ်ိန္ မိုခီတာရဲ႕ပိုင္နက္အတြင္း ေကာင္းကင္ယံက ဌက္ေတြမပါဝင္ခဲ့ေရာ့ဘူး။ အကုန္လံုးက ​ေတာထဲကေန လန့္ဖ်န့္စြာ ပ်ံသန္းထြက္လာေရာ့တာပါ။ ေရေတြမည္းကုန္ေပမယ့္ မိုခီတာရဲတုိက္နဲ႔ အနီးဝန္းက်င္မဟုတ္ေရာ့ပဲ တိုင္းျပည္ နယ္နမိန္အစြန္အဖ်ားေတြပဲ ေရြးျဖစ္ရတဲ့ အေၾကာင္းအရင္းကို ႐ွာရပါမယ္ခမည္းေတာ္"

"သိပ္႐ွာခ်င္တယ္ဆို မင္း႐ွာလို႔ရေပတယ္အိုင္းဆက္။ ဒါေပမဲ့ မင္းတို႔ႏွစ္ေယာက္ကေတာ့ ဒီေနရာမွာရပ္တန္႔လိုက္ရမယ္။ ဒါဟာငါ့ရဲ႕အမိန္႔ ။ လြန္ဆန္ရင္မင္းျပစ္မင္းဒဏ္သင့္မယ္။ မင္း လြန္ဆန္ရင္ Kingsley ကိုငါအေဝးပို႔ပစ္မယ္။ မင္းလိုက္သြားရင္ Kingsley ကို ငါသတ္ပစ္မယ္"

"ခမည္းေတာ္!!"

ခမည္းေတာ္ဧ။္စကားလံုးေၾကာင့္ မ်က္ႏွာပ်က္စြာေခါင္းငံု႔သြားသည့္ Kingsley အျပင္ အိုင္းဆက္ကိုယ္တုိင္လဲ ထိုသို႔ေသာစကားလံုးအတြက္ တုန္လႈပ္သြားရဧ။္။

"ဘာလဲ ငါတကယ္မလုပ္ဘူးလို႔ မင္းထင္ေနလိမ့္သလား"

"ခမည္းေတာ္ကစည္းမ်ဥ္းစည္းကမ္းကို အသက္လိုတန္ဖိုးထားသူပါ။ အေၾကာင္းျပခ်က္မ႐ွိပဲ လက္ေအာက္ငယ္သားကို မသတ္ရဘူးဆိုတဲ့ ကုိယ္တုိင္ခ်မွတ္ထားတဲ့အေပၚ ခ်ိဳးေဖာက္ေရာ့မွာမဟုတ္ဘူး"

"မွားတယ္ အိုင္းဆက္။ ငါ့တုိင္းျပည္၊ တိုင္းသူျပည္သားေတြရဲ႕အသက္နဲ႔ပတ္သတ္လာရင္ ဘယ္စည္းကမ္းကိုမဆိုခ်ိဳးေဖာက္ႏုိင္တယ္။ အေၾကာင္းျပခ်က္မ႐ွိတာမဟုတ္ဘူး ငါကလုပ္ခ်င္ရင္ Kingsley ကို ေသဒဏ္ေပးရေလာက္တဲ့ ျပစ္ခ်က္ေတြ အမ်ားအျပားထြက္လာမွာ မယံုေလေရာ့သလား "

"............."

"တုိင္းျပည္တခုမွာ အုပ္ခ်ဳပ္သူဧကရာဇ္က အေရးပါသလို တိုင္းသူျပည္သားဆိုတာကလဲ အေရးပါတယ္။ အုပ္ခ်ဳပ္သူေကာင္းမ႐ွိရင္ တုိင္းျပည္မျဖစ္ထြန္းသလို အုပ္ခ်ဳပ္ရမယ့္သူမ႐ွိရင္လဲ တိုင္းျပည္ဆိုတာျဖစ္လာမွာမဟုတ္ဘူး။ ဒါေၾကာင့္ ငါ့စိတ္ကိုမစမ္းသပ္လွည့္ပဲ မင္းတို႔လုပ္ရပ္ေတြကိုရပ္ပစ္လိုက္"

"ေနာက္က်သြားေရာ့ၿပီ"

"ဘာ...."

"ကြၽန္ေတာ္နဲ႔ Kingsley ရဲ႕ခ်စ္ျခင္းက ေနာက္ျပန္လွည့္လို႔မရေအာင္ကို နက္႐ႈိင္းေနေရာ့ၿပီ ခမည္းေတာ္။ ဒါ့အျပင္ ကြၽန္ေတာ္တို႔....ကုိယ္လက္ႏွီးေႏွာခဲ့ၿပီးေရာ့ၿပီမို႔ အိမ္ေထာင္ဖက္အရာ ေရာက္ခဲ့ၿပီးပါၿပီ"

"ဘာေျပာတယ္"

"ဒါ​ေၾကာင့္ ကြၽန္ေတာ္သာ အေဆာင္အေယာင္စြန္႔လႊတ္လိုက္မယ္ဆို Kingsley က ကြၽန္ေတာ္ရဲ႕လက္တဲြ​ေဖာ္ျဖစ္လာမွာျဖစ္ၿပီး အ​ေဆာင္အ​ေယာင္​ေတြနဲ႔ ႐ွိ​ေနသမ်ွဒီကာလပတ္လံုး Viscount နယ္​ေျမကိုအပိုင္စားရထားတဲ့ ကြၽန္​ေတာ့္ရဲ႕ၾကင္ယာ​ေတာ္ Duchess Of Viscount မလဲြမေသြျဖစ္ရမွာပါ"

"အိုင္းဆက္!!!! "

သလြန္ေပၚမွ ေျပးဆင္းလာကာ ျဖတ္႐ိုက္လိုက္သည့္ ခမည္းေတာ္ဧ။္လက္ဆသည္ကား ျပင္းလြန္းသည္မို႔ အိုင္းဆက္ယုိင္ဆင္းသြားရသည္။ လက္စဲြေတာ္ဓားကိုဆဲြထုတ္၍ ရြယ္လိုက္သည့္ခဏတြင္​ေတာ့ Kingsley က ေျပးဝင္လာကာ ဒူးေထာက္၍ တားျမစ္႐ွာဧ။္။

"အ႐ွင့္သားကို ထိခုိက္ေအာင္မလုပ္ပါနဲ႔ အ႐ွင္မင္းႀကီး။ အမ်က္ေတာ္႐ွေနရင္ ကြၽန္ေတာ္မ်ိဳးအေပၚကိုပံုခ်လွည့္ပါ"

"Kingsley နဲ႔မသက္ဆုိင္ေရာ့ဘူး ။ ခမည္းေတာ္အျပစ္ေပးခ်င္ရင္"

"မဟုတ္ဘူး....အ႐ွင့္သား"

"တိတ္ၾကစမ္း တိတ္ၾက!!!! သိပ္ကိုခ်စ္ျပေနၾကတယ္ေပါ့ "

ခမည္းေတာ္ဧ။္ေဒါသကို သိေနျခင္းေၾကာင့္ လဲႊခုတ္လိုက္ည့္ဓားခ်က္ Kingsley ထံမေရာက္ေအာင္ အုိင္းဆက္ဝင္ကာလိုက္​ဧ။္။ သို႔ေသာ္ဓားခ်က္က မည္သူ႔ထံမွမေရာက္႐ွိလာပဲ ခမည္းေတာ္မွာၾကမ္းျပင္ေပၚဒူးေထာက္လ်က္သားျဖင့္ ေခြက်သြားျခင္းေၾကာင့္ အိုင္းဆက္ေျပးတဲြရန္ျပင္လိုက္ေသာ္ျငား လက္ကာျပကာတားျမစ္လာဧ။္။

"ငါ့ကိုမထိနဲ႔"

"ခမည္းေတာ္ သမားေတာ္ပင္ခဲ့စမ္း!!!"

"မထိနဲ႔ အိုင္းဆက္ ငါ့ကိုမထိနဲ႔ ။ ဘယ္သူ႔မ်က္ႏွာမွ မၾကည့္ပဲ မင္းလုပ္ခ်င္သလိုလုပ္ခ်ပစ္ၿပီး ျဖစ္ေပၚလာတဲ့အက်ိဳးဆက္အေပၚမွာလဲ ျပင္ဆင္ရပ္တန္႔လိုစိတ္မ႐ွိတဲ့ မင္းက ငါ့ရဲ႕သားေတာ္မဟုတ္ေတာ့ဘူး။ Kingsley အတြက္နဲ႔ ငါ့ကိုေရာ၊ မင္းမယ္ေတာ္ကိုေရာ၊ မိုခီတာကိုေရာ၊တိုင္းသူျပည္သားေတြနဲ႔ မင္းရဲ႕ရဲမက္ေတြအထိ မင္းကတစ္ခ်က္မၾကည့္စြန္႔လႊတ္ႏုိင္တဲ့အ​ေပၚ ငါသိပ္ကိုအံ့ၾသမွင္သက္မိေပတယ္။ ငါ့ ​ေ႐ွ႕ကိုမင္းမလာနဲ႔ "

ေျပးဝင္လာသည့္ ရဲမက္မ်ားအကူအညီျဖင့္ အိပ္ေဆာင္႐ွိရာျပန္သြားသည့္ ကန္းထရစ္ဘုရင္ႀကီးကို အ႐ွင့္သားမွာမ်က္စိတဆံုး အသံတိတ္လိုက္ၾကည့္​ေန႐ွာသည္။ ဘာတခြန္းမွျပန္မေျပာေသာ္ျငား ကန္းထရစ္ဘုရင္ႀကီးဧ။္ စကားေတြကအ႐ွင့္သားကို အင္မတန္မွ ဝမ္းနည္းေစမွာျဖစ္ေၾကာင္းကိုေတာ့ မိမိလဲသိ႐ွိေနသည္။ တကယ္တမ္းတြင္​ေတာ့ အ႐ွင့္သားမွာ သူဧ။္ခမည္းေတာ္၊မယ္​ေတာ္၊ ရဲမက္ေတြ၊ မိုခီတာႏွင့္တုိင္းသူျပည္သားတို႔အား လံုျခံဳစိတ္ခ်ရသည့္ အာမခံခ်က္ေပးႏုိင္ရန္ လူအမ်ားေျပာဆိုသမ်ွသည္းခံ၍ Elroy ႏွင့္ယွဥ္တိုက္မည့္ ေန႔ကိုေစာင့္ဆိုင္း​ေနမွန္း သိေနျခင္းေၾကာင့္ပင္ျဖစ္သည္။

အခုျဖစ္ရပ္ေတြသည္ တကယ္ပင္မ်ိဳးတူခ်စ္ႀကိဳက္ျခင္းေၾကာင့္ ျဖစ္ေပၚပါသည္ဆိုပါက စာခြၽန္လႊာထဲအတုိင္း ျမန္ျမန္အေကာင္အထည္ေဖာ္လိုက္လ်ွင္ နမိတ္ဆိုးေတြရပ္တန္႔သြားမည္လား၊ အ႐ွင့္သားသည္လည္း အရင္လိုလူအမ်ားခ်စ္ခင္႐ိုေစမႈကို ျပန္ရသြားေစလိမ့္မလား၊ သို႔ေသာ္ ဘယ္လိုအင္အားနဲ႔မ်ား မိမိဧ။္မင္းသားေလးကို ခဲြခြာသြားရပါ့မည္နည္း။

(AN အရမ္းၾကာသြားတယ္ဟုတ္။ ဒီတစ္ပိုင္းေတာင္ ေရးေနတာ တစ္ပတ္ေက်ာ္ႏွစ္ပတ္နီးပါး ႐ွိပါၿပီ။ လ်ွပ္စစ္မီးက တစ္ေန႔လံုးမွ၃နာရီေလာက္လာေတာ့ ဖုန္းအားသြင္းဖို႔ေကာင္းေကာင္း မရဘူးျဖစ္ေနတာနဲ႔စိတ္႐ွိေနတာေတာင္ ေရးလို႔မရဘူးျဖစ္ေနတာပါ။ ၾကာသြားတဲ့အတြက္အႏူးအၫြတ္ေတာင္းပန္ပါတယ္ေနာ္)

9000 words

Unicode

ယနေ့သည် ထိုကိစ္စအား ကောင်းယံသိခဲ့သည်မှာ တစ်ပတ်ခန့်ရှိနေသောနေ့ဖြစ်သည့်တိုင် စိတ်အာရုံထဲရော အတွေးတွေထဲကပါ ထုတ်ပစ်၍မရနိုင်ခဲ့ပဲ မြင်ယောင်နေမိဆဲ။ ထိုနေ့က မင်းသားအိုင်းဆက်နှင့် ညနေစာထွက်စားသည့်နေ့။ ပြန်လာခဲ့ကြပြီးနောက် မိမိကတော့နေအိမ်တွင်ပင်ကျန်ခဲ့ကာ အရှင့်သားမှာမူ ရဲတိုက်ကြီးဆီသို့ ပြန်သွားခဲ့သည်။ အရပ်သားတွေဧ။် ဆင်ခြင်မှုမရှိသော အပြောကြမ်းကြမ်းအပေါ် စိတ်မကောင်းဖြစ်သွားဟန်ရှိသည့် အရှင့်သားမျက်နှာကို မြင်ယောင်မိလေတော့ အနောက်မှလိုက်သွားရန်ဆုံးဖြတ်ကာ ခပ်သွက်သွက် လိုက်လာခဲ့သည့်နောက်တွင်တော့ အရှင့်သားဧ။်ဦးတည်ရာသည် မှတ်တမ်းမှူးကြီးရှိရာ အဆောင်သို့ဖြစ်နေခဲ့သည်။

လှမ်းခေါ်ရန်ကြံစည်ပြီးမှ စာချွန်လိပ်ကိုထုတ်ပေး၍ မျက်နှာပျက်ယွင်းနေသည့် အရှင့်သားကြောင့် လှမ်း၍မခေါ်မိတော့ ၊ မရည်ရွယ်ပါသော်ငြား အကြောင်းအရာများကိုစတင်ကြားသိလာခဲ့ရပြီး မိမိဧ။်နှလုံးသားသည်လည်း အက်ကွဲစပြုလာခဲ့ရပြီဖြစ်ဧ။်။ မိမိမျှော်လင့်ထားသည့် အဆုံးသတ်သည်ကား မိမိအနေဖြင့် မိုခီတာကို တနည်းနည်းဖြင့်ကယ်တင်နိုင်ခဲ့ပြီး သက်ဆိုင်ရာနေရာဆီသို့ပြန်လာရုံသာ။ ယခုတွင်တော့ မိမိနှင့်အရှင့်သားမှာ အပြန်အလှန်နာကျင်စေပြီးမှ ၊ မိုခီတာတွင်ရှိနေမည့် မိမိဧ။်ဖြစ်တည်မှုကို ချေမွပြီးကာမှ ခွဲခွာရတော့မည့်အခြေအနေ။

"ရက်စက်လိုက်တဲ့ ကံကြမ္မာရယ်။ ဒီလိုနည်းနဲ့ ငါတို့ကို ကွဲကွာစေချင်တာတဲ့လား။ ငါ့ဘဝမှာ အရှင့်သားကိုပဲ ချစ်မိခဲ့တာလေ။ အရှင့်သားရဲ့နှလုံးသား ကွဲကြေအောင် ငါက ထားခဲ့ရတော့မယ်တဲ့လား၊ အရှင့်သားရဲ့တစ်သက်တာလုံး မေ့မရတော့အောင် ငါ့ကို သူ့လက်နဲ့သတ်ရတော့မယ်တဲ့လား။ ငါကရော အရှင့်သားရဲ့ ကိုယ်ခန္ဓာနာကျင်အောင် ငါ့လက်နဲ့လုပ်ရမတဲ့လား"

ခပ်တိုးတိုးရေရွတ်ကာ ဟင်းခနဲသက်ပြင်းရှည်ကြီးချမိသည့်တိုင် ရင်ထဲကလေးလံဆို့နင့်မှုက တစ်စက်ကလေးမှလျော့မသွားခဲ့ပေ။ ထိုအကြောင်းအရာကြောင့်ပင်ထင်ဧ။်။ ထိုနေ့ညဧ။်နောက်ပိုင်းကစ၍ ယခုအချိန်ထိ အရှင့်သားကမိမိအား သီးသန့်အခေါ်လွှတ်ခြင်းမရှိတော့ပဲ ကန်းထရစ်ဘုရင်ကြီးနဲ့သာ အလုပ်များနေခဲ့ပြီး မိမိသည်လည်း သံချပ်ကာစစ်မက်တွေနှင့် တွေ့လိုက်၊ ဓားရေးမြားရေးကျင့်လိုက်ဖြင့်သာ အချိန်ကုန်ဆုံးနေခဲ့သည်။ လမ်းမထက်ဆီက အသံဗလံတစ်ချို့ကြားမှ မိုးလင်းတော့မည်ကို သတိပြုမိစွာအိပ်ရန်ကြိုးပမ်းလိုက်ချိန်မှာပင် ထိုအသံဗလံများက ကြောက်လန့်တကြား အသံများဖြစ်နေကြောင်း သိရှိလိုက်သောအခါ

"ဘာတွေဖြစ်နေလို့ ဆူညံနေတာလဲ ၊ မိုခီတာရောက်ကတည်းက..."

အိမ်တံခါးချပ်ကိုဆွဲဖွင့်ကာ အပြင်ဘက်သို့လှမ်းလိုက်ရသည်သကာလ မြင်ရသည်မြင်ကွင်းက မိမိဧ။်စကားလုံးများကိုရပ်တန့်စေခဲ့သည်။ အိပ်တန်းထချိန် မတန်သေးသည့်တိုင် ဌက်အုပ်မှာ တောအုပ်ဆီမှလန့်ဖျန်စွာ ပျံသန်းထွက်လာခဲ့ပြီး ကောင်းကင်ဆီမှ မြေကြီးပေါ်သို့တဖြုတ်ဖြုတ် ထိုးကျလာနေခြင်းပင်ဖြစ်ဧ။်။ အတောင်ခတ်ခြင်းမရှိတော့ပဲ မြေကြီးပေါ်ပြုတ်ကျခြင်းကြောင့် မြေပြင်ပေါ်ရောက်သည့်အခါ ဌက်တွေမှာ ခရမ်းချဉ်သီးအား ကိုင်ပေါက်လိုက်သည့်နှယ် သွေးများကဖောက်ခနဲပန်းထွက်ကာ ပုံပျက်ပန်းပျက်သေဆုံးကြကုန်သည်။

တစ်ကောင်....နှစ်ကောင်...ဆယ်ကောင်ခန့်အထိ အံ့သြခြင်းကသာကြီးစိုးနေသော်လည်း ဆယ်ချီကနေ ရာချီဖြစ်လုနီးသည့်အချိန်တွင်တော့ မိမိလိုယောက်ကျားကြီးပင်လျှင်သွေးပျက်စပြုလာကာ အကြည့်လွှဲလိုက်ရပြီး ထိုအကြည့်လွဲှလိုက်ရာနေရာကတော့ ရဲတိုက်အဝင်ဝသို့ပင်ဖြစ်ကာ ထိုနေရာတွင် ရဲမက်တစ်ချို့နှင့်အတူ သွေးပျက်ဖွယ်ရာမြင်ကွင်းကို ကြည့်နေသည့် အရှင့်သားကိုတွေ့လိုက်ရသည်။

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

တစ်ကြိမ်တစ်ခါမှမမြင်ဖူးသည့် ထိုမြင်ကွင်း၊ ရဲတိုက်ကြီးဧ။်အစောင့်ရဲမက်တွေတင်မက လမ်းမကြီးပေါ်ရှိ တိုင်းသူပြည်သားတို့ဧ။်မျက်နှာပေါ်တွေမှာ ပျက်ယွင်းနေရုံသာမက ကြောက်လန့်နေခြင်းကိုပါ အိုင်းဆက်အတိုင်းသားမြင်နေရဧ။်။ သူတို့တွေမဆိုထားဘိ မည်သည့်အရာကိုမှကြောက်လန့်ခြင်းမရှိဟု ကိုယ့်ကိုယ်ကိုယ်ယူဆထားသည့်မိမိပင်လျှင် ဌက်တစ်ကောင်လမ်းမကြီးနှင့် ရိုက်ခတ်သွားတိုင်း အာမေဋိတ်တခါထွက်မိနေပြီး ဖြာခနဲပျံနှံ့သွားသည် သွေးများမြင်တိုင်း တစ်ခါတုန်ယင်သွားရသည်။

"တိုင်းပြည်ပျက်တော့မယ် ကပ်ဆိုးကြီးစလာပြီ!!!! မင်းလောင်းကမျိုးတူချစ်ကြိုက်မိလို့ ငါတို့တွေ ကျိန်စာမိ ဘေးဒဏ်သင့်ရတော့မယ်!!! ငါတို့သေဆုံးရတော့မယ်!!!"

အသံနက်ကြီးဖြင့်အော်ဟစ်လာသည့် အသက်အရွယ်ကြီးရင့်သော လူတစ်ယောက်အသံကြောင့် အိုင်းဆက်ထိုနေရာထံအကြည့်ရောက်သွားသော်ငြား ခဏခြင်းမှာပင်အကြည့်ပြန်လွဲှလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် မိမိထံသို့ စူးစူးရှရှကြည့်နေသာ တိုင်းသူပြည်သားတွေဧ။်အကြည့်ကြောင့်ပင်ဖြစ်ဧ။်။ ဤကဲ့သို့သောအကြည့်မျိုး တစ်ကြိမ်မှအကြည့်မခံခဲ့ရဖူးပေ။

ထိုလူက သူဧ။်အသံနက်ကြီးဖြင့် ထိုစကားလုံးများကို ထပ်ခါတလဲလဲပြောနေသလို တီးတိုးပြောဆိုသံတွေကလဲ ထွက်ပေါ်လာပြီး တိုင်းသူပြည်သားတွေတင်မက ရဲမက်အစောင့်တစ်ချို့ကပါ မိမိအားခြေဆုံးခေါင်းဆုံးကြည့်၍ မိမိအနည်းငယ်ရွှေ့လိုက်လျှင်ပင် ရွံရှာကြောက်ရွံ့သည့်အလား အနောက်ဘက်သို့ယို့သွားကြဧ။်။

"ဌက်သေကောင်တွေကို......"

အရာအားလုံးကို မသိကျိုးကျွံပြု၍ အမိန့်တခုပေးရန် ဆိုလိုက်သော်ငြား အံ့သြစရာ ကောင်းလောက်အောင် မိမ်အသံကတိုးညှင်း ပြတ်တောင်းလှသည်မို့ လည်ချောင်းတစ်ချက်ရှင်း၍ ထပ်မံကြိုးစားပြောလိုက်သည်။

"ဌက်သေကောင်တွေကို အမြန်ရှင်းကြစမ်း၊ တိုင်းသူပြည်သားတွေနဲ့ ကလေးငယ်တွေ ကြောက်ရွံနေကြရော့ပြီ"

"............"

"ငါပြောနေတာ မကြားရော့ဘူးလား"

"............"

မိမိဧ။်နှုတ်ထွက်စကားသည် ဧကရာဇ်မင်းဧ။် အမိန့်စာတစ်ခုနှယ်သက်ရောက်ပြီး မည်သူကမှမတော်လှန်၊ မငြင်းဆိုခဲ့ကြဝံ့။ သို့သော် ဤတစ်ကြိမ်တွင်တော့ မိမိသည်တစ်ကိုယ်တည်းပြောနေသကဲ့သို့ဖြစ်ကာ ကျန်လူများက တုပ်တုပ်မျှပင် မလှုပ်၊ မိမိအားပြုံး၍ ရိုကျိုး၍ အလေးထား၍ ဆက်ဆံခဲ့ဖူးလေသော ရဲမက်တစ်ချို့နှင့် ပြည်သားတစ်ချို့ဆိုလျှင် အဘိုးအိုဧ။်စကားလုံးများကို လိုက်၍တစ်ထပ်တည်းသံပြိုင်ရွတ်ဆိုကာ ရန်ပြုချင်ကြသယောင် အံကြိတ်ကြည့်ရှူနေကြသည်မို့ အိုင်းဆက်စတင် တုန်လှုပ်လာရဧ။်။ ပြန်လှည့်ဝင်ရမည်လား ဆက်၍ရပ်နေရမည်လားမသဲကွဲသည့် ထိုအခိုက်မှာပင်...

"မင်းတို့က ဘယ်လိုသတ္တိတွေနဲ့များ တော်ဝင်မင်းသားတစ်ပါးရဲ့ နှုတ်ထွက်အမိန့်ကို လွန်ဆန်ဝံ့သလဲ!!!"

ဟူသော ခပ်မာမာအသံတစ်ခုကထွက်ပေါ်လာခဲ့ပြီး အရိပ်တစ်ရိပ်ကလဲ မိမိဧ။်အရှေ့မှာ လာရပ်ကာလို့ထားသည်။ထိုလူကား Kingsley ပင်ဖြစ်ပြီး မျက်နှာသည် တင်းမာခက်ထန်လွန်းနေကာ မေးကြောတွေပင်လျှင်ထောင်ထနေသည့်အထိ အံကြိတ်၍ ရဲမက်တွေထံသို့ စူးစူးရဲရဲစိုက်ကြည့်ကာ စကားဆက်ပြောလာဧ။်။

"ဒါ ဘယ်လိုအပြုအမူတွေလဲ "

"..........."

"အခြေအမြစ်မရှိတဲ့ အရာတခု၊ အရှင့်သားရဲ့ ပယောဂကြောင့်လို့တောင် လက်ဆုပ်လက်ကိုင်ပြမရတဲ့ ကိစ္စတစ်ခုအတွက်နဲ့ တစ်သက်လုံးလေးစားချစ်ခင်လာတဲ့ မင်းတို့ရဲ့မင်းသားတစ်ပါးအပေါ် ဘယ်လိုဆက်ဆံလိုက်တာလဲ"

"စစ်သူကြီး"

"ငါပြောလို့မပြီးသေးဘူး"

"စစ်သူကြီး နမိတ်အဟောတွေဟာ မှားယွင်းရိုးထုံးစံ..."

"မင်းရဲ့ ဟောဒီပါးစပ်ကို ဒီတိုင်းပိတ်ထားလိုက်မလား၊ ငါဒါနဲ့ပိတ်ထားပေးရမလား

အရဲစွန့်ကာ ထပ်မံပြောတော့မည့် ရဲမက်တစ်ဦးမှာ Kingsley ဧ။် ဓားဖျားက သူ့ဧ။်နှုတ်ခမ်းအနီး ဝေ့ဝိုက်ရောက်ရှိသွားသောအခါ စကားစတို့ ရုတ်ခြည်းရပ်တန့်သွားပြီး မျက်လုံးများကပြူးကျယ်သွားသည်။

"တိုင်းသူပြည်သားတွေထက် မင်းတို့ကတော့ ပိုပြီးအရှင့်သားကို လေးစားရမယ် မဟုတ်ဘူးလား။ အခုပျံ့နှံ့နေတဲ့စကားတွေက မှန်ကန်ပါတယ်လို့ အတိအကျသိရမယ့် အချိန်အထိ၊ အဲ့ဒီနောက်ဆုံးအချိန်အထိ မင်းတို့က သစ္စာစောင့်သိရမှာကို အခုကတည်းက အာခံနေကြတယ်ပေါ့။ မင်းတို့သိထားရမယ့် အသိက လက်ရှိမှာ အရှင့်သားက ဒီတိုင်းပြည်ရဲ့ ဦးသျှောင်အလောင်းအလျာ၊ ကန်းထရစ်မင်းကြီးရဲ့ တစ်ဦးတည်းသောသွေးသားဆိုတာကိုပဲ။ ဒါကို အာခံဝံ့တယ်ပေါ့၊ အဲ့ဒီလောက်တောင် ရဲတင်းနေကြတယ်ပေ့ါ ရဲတင်းတဲ့သူထွက်ခဲ့ "

"..........."

"ထွက်ခဲ့လေ!!!"

ထိုတော့မှ အနီးဝန်းကျင်တွင်ရှိနေသော တိုင်းသူပြည်သားတွေနှင့် ရဲမက်တို့မှာ မြေပြင်ပေါ်ဝပ်တွားလာကြပြီး မိမိအား အရိုအသေပေးလာကြတော့သည်။

"အရှင့်သားအပေါ် ကြီးလေးတဲ့ပြစ်မှုကိုကျူးလွန်မိပါတယ်။ ကျွန်တော်မျိုးတို့ကို ပြစ်ဒဏ်ချမှတ်လှည့်ပါ"

"ရှိစေတော့ ဌက်သေတွေကိုအမြန်ဆုံးရှင်းလင်းပြီး သွေးတစ်စက်တောင်လမ်းပေါ်မကျန်ရော့နဲ့"

"လုပ်ဆောင်လိုက်ပါ့မယ် အရှင့်သား"

"ဌက်သေတစ်ကောင်ကို စစ်ဆေးဖို့သယ်ဆောင်သွားလှည့်ပါ"

"ကောင်းပါပြီ အရှင့်သား"

အရိုအသေပေးခြင်းဆိုသည့် အလေးပေးမှုကိုပြန်လည်ရရှိလိုက်သည့်တိုင် အိုင်းဆက်ဧ။်စိတ်သည်ကား ပေါ့ပါးခြင်းအလျဉ်းမရှိတော့သလို Kingsley သည်လည်း မျက်နှာတင်းမာနေဆဲ။ ပြောလက်စစကားအား ခပ်မြန်မြန်ပင်စကားဖြတ်ပြီးနောက် အိပ်ခန်းဆောင်ရှိရာသို့ပြန်လှည့်လာခဲ့ပြီး အနောက်မှထပ်ကြပ်မကွာပါလာသည့် Kingsley ထံသို့ လှည့်ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက်

"အရှင့်သား..."

"မင်း ဘာကိုပြောချင်ရော့သလဲဆိုတာ ငါသိတယ်ကောင်းယံ"

"ဒီ့ထက်ပိုပြီး သည်းခံနိုင်စွမ်းမရှိတော့ဘူး"

"အဲ့ဒီလိုမလုပ်ပါနဲ့ ။ ဒါတွေက အခိုက်အတန့်တွေသာ ဖြစ်ပေရော့တယ်။ ငါ့မျက်နှာကိုပဲကြည့်ပြီး..."

"မဟုတ်ဘူး အရှင့်သား ကျွန်တော်မျိုးအတွက် သည်းခံနေရမယ့်အရာ ဘာတခုမှရှိမနေပါဘူး၊ ကျွန်တော်မျိုးကိုဘယ်သူကဘာပြောပြော အကုန်သည်းခံနိုင်တယ်။ အခုကအဲ့ဒီလိုမဟုတ်ဘူးလေ"

"ကောင်းယံ"

"ဘယ်သူတွေဘာပြောပြော၊ ဘာလုပ်လုပ် အဲ့ဒီအရာတွေအားလုံးက အရှင့်သားဆီကိုပဲ ဦးတည်သွားနေတာကို ဘယ်လိုအင်အားမျိုးနဲ့ ကျွန်တော်မျိုးက သည်းခံပေးရမှာလဲ"

"ငါ အဆင်ပြေရော့တယ် ဟုတ်ပြီလား ငါအဆင်ပြေတာမို့.."

"အရှင့်သား ညာနေတာ!! ဘယ်မှာပြေလဲ ဘယ်နေရာမှာပြေလို့လဲ!!! ဒီလောက်ထိုးနှက်ခံရလို့ နှုတ်ဆိတ်ငြိမ်သက်သွားတဲ့အရှင့်သားကို ကျွန်တော်မျိုးမြင်နေရတာတောင်မှပဲ...သတ်ပစ်ချင်တယ် အကုန်လုံးကိုသတ်ပစ်ချင်တယ် အရှင့်သားကိုပြောတဲ့...."

ပြောရင်းဖြင့် ဒေါသနှင့်ခံပြင်းစိတ်ကို ထိန်းချုပ်နိုင်စွမ်းမဲ့လာဟန်တူသည့် ကောင်းယံက မိမိထိန်းချုပ်ထားသည့်ကြားမှ ရုန်းကန်ကာ အော်ဟစ်နေဧ။်။ မျက်နှာတစ်ပြင်လုံးက တင်းမာနေသော်လည်း မျက်လုံးအိမ်မှာမူ မျက်ရည်ကြည်တို့က ဝေ့သီလာနေပြီး အသံများကတုန်ယင်လို့လာသည်။ ထို့ကြောင့် လှမ်းပွေ့ဖက်လိုက်ကာ နဖူးပြင်သို့ခပ်ဖွဖွနမ်းရှိုက်လိုက်လေတော့ ငြိမ်ကျသွားခဲ့ဧ။်။

"ရှူး....အဲ့ဒီအကြောင်းတွေကြောင့်နဲ့ ဒေါသမထွက်ရော့နဲ့ကောင်းယံ ၊ မင်း ဒီလိုဖြစ်နေပုံကိုမြင်ရတာက အဲ့ဒီအကြောင်းအရာတွေထက် ငါပိုခံစားရတယ်၊ နာကျင်ရတယ်။ ပြီးတော့ မင်းပြောတာမှန်ရော့တယ်၊ ငါတကယ်ပဲ အဆင်မပြေရော့ဘူး။ ဒါပေမဲ့ မင်းရှိနေတယ်လေကောင်းယံ၊ သူတို့တွေဘယ်လိုပြောပြော မင်းကတော့ ငါ့အနားရှိနေတာမို့ အဲ့ဒီတစ်ချက်နဲ့တင် ငါအရာအားလုံးကို တဖြည်းဖြည်းနဲ့သည်းခံလာနိုင်လိမ့်မှာပါ"

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

လက်တစ်ဖက်က ကျောပြင်ကိုသိုင်းဖက်ထားပြီး လက်တစ်ဖက်ဖြင့် မိမိဧ။်ဦးခေါင်းကိုပွတ်သတ်ပေးရင်း တစ်လုံးခြင်းဆိုလာသည့် အရှင့်သားဧ။်စကားလုံးများ အဆုံးသတ်သွားသည့်အခါ တင်းကြပ်စွာကောင်းယံပြန်ဖက်ထားမိသည်။ အရှင့်သားနဲ့မိမိအကြားက အဆုံးသတ်ရမည့်ကံကြမ္မာကို တွေးမိသွားပြန်တော့ ရင်တခုလုံးနင့်တက်လာကာ ဖက်ထားသည့်လက်တို့သည် ပိုမိုတင်းကြပ်သွားရပြီး သူ့ထက်ငါ အလုအယက်ခုန်ဆင်းလာတော့မည့် မျက်ရည်တွေကိုလဲ မထိန်းထားနိုင်တော့။

"ငိုနေရော့သလား ကောင်းယံ"

ရိပ်မိဟန်ဖြင့် မိမိကိုခွာကာကြည့်ရန်ပြင်နေသည့် အရှင့်သား၊ မိမိဧ။်မျက်ရည်များကို မမြင်စေဖို့ရာ အတင်းတိုးဖက်၍ ရင်ခွင်ထက်ခေါင်းထိုးအပ်လေတော့ ပခုံးနှစ်ဖက်ကိုတွန်း၍ အတင်းငုံ့ကြည့်လာတော့သည်။

"ကောင်းယံ ဘာဖြစ်ရော့သလဲ ငါ့ကိုပြော..."

"ကျွန်တော်မျိုး...အကုန်...ကြား..ခဲ့..တယ်"

"ကြားတယ်..။ဘာကိုကြားခဲ့ရော့သလဲ"

"မှတ်တမ်းမှူးကြီးနဲ့ အရှင့်သားပြောနေကြတဲ့ကိစ္စအားလုံး ကြားခဲ့တယ်။ စာချွန်လိပ်ကနေစလို့ အကုန်..အကုန်ပဲ"

ထိန်းချုပ်ထားသည့်မျက်ရည်တွေက အခုတော့ တရဟော ကျဆင်းလာပြီးဖြစ်ပြီး အရှင့်သားသည်လည်း မိမိကြားသိသွားရသည်အပေါ် မှင်သက်ကာ ငေးကြည့်နေလေဧ။်။

"ကျွန်တော်မျိုးတို့ဘယ်လိုလုပ်ကြမလဲ အရှင့်သား ၊ ဟင် ဘယ်လိုလုပ်ကြမလဲ။ အရှင့်သားပြောတော့ အန်ချီနဲ့မယှဉ်ပြိုင်ခင်လေးပဲ သည်းခံပေးပြီးရင် ရပြီဆို။ ကျွန်တော်မျိုးမပြန်ခင်အထိ တောအုပ်လေးထဲနှစ်ယောက်သား သွားနေကြရမယ်ဆို။ အခုတော့ဘယ်လိုလုပ်ကြမလဲ..."

"..........."

"ကျွန်တော်မျိုးတို့ အဲ့ဒါတွေကိုမလုပ်နိုင်တော့ဘူး အရှင့်သားရယ်။ ကျွန်တော်မျိုးတို့ ချစ်ခြင်းက ခါးသီးရင်နာစရာတွေနဲ့ အဆုံးသတ်ရတော့မယ်"

"မင်းကို အဲ့ဒီအကြောင်းအရာတွေ ကြားသိစေခဲ့ရလို့ ငါစိတ်မကောင်းရော့ပါဘူး ။ ဒါပေမဲ့ ငါလုံးဝအဖြစ်မခံမှာမို့ မေ့ပစ်လိုက်ရင်ရပေရော့တယ်"

"ဘယ်လိုနည်းလမ်းနဲ့လဲ၊ ဘယ်လိုနည်းနဲ့အရှင့်သားက အဖြစ်မခံပဲနေလို့ရမှာလဲ။ မိုခီတာကိုကာကွယ်ဖို့ ဒီတနည်းပဲရှိနေတာလေ မလုပ်ရင် အရှင့်သားရော ကျွန်တော်မျိုးရော ကာကွယ်ချင်နေတဲ့ ဒီမိုခီတာကြီး ပျက်သုန်းသွားလိမ့်မယ်"

"ငါတို့ကို ခြိမ်းခြောက်နေတာ Elroy နဲ့ ဒဏ္ဍာရီလာသတ္တဝါကြီးပဲ ရှိတာပါ။ Elroy ကို ငါမနိုင်နိုင်ဘူးလို့ မင်းထင်နေရော့သလား ကောင်းယံ"

"သတ္တဝါကြီးကရော...သူတို့သတ်ဖို့ စာချွန်လိပ်ထဲကနည်းလမ်းအပြင်မရှိဘူး အရှင့်သား"

"အရမ်းပူပန်ဝမ်းမနည်းပါနဲ့ ငါ မင်းကိုအန္တာရယ်အဖြစ်မခံဘူး။ အဲ့ဒီနည်းလမ်းအတိုင်း ငါလုပ်လိမ့်မှာမဟုတ်ရော့ဘူး"

"ကျွန်တော်မျိုးက အန္တာရယ်ဖြစ်မှာစိုးလို့ ပြောနေတာမဟုတ်ဘူး။ အရှင့်သားကိုမခွဲချင်လို့၊ အရှင့်သားကိုထားခဲ့ပြီး ပျောက်ကွယ်သွားရမှာကို မလိုချင်လို့"

"ငါသိပေတယ် ကောင်းယံ ။ ငါက ထူးခြားတဲ့မင်းသားတစ်ပါးလေ။ နတ်ဘုရားကတွေကစေလွှတ်ခဲ့တဲ့ မင်းသားတစ်ပါးလို့ တင်စားခံရတဲ့အတွက် ငါ့ရဲ့အင်အားနဲ့ သူ့ကိုသုတ်သင်လို့မရဘူးဆိုတာ မယုံရော့ဘူး"

ထိုစကားလုံးကတော့ ကောင်းယံစိတ်ထဲတစ်မျိုးဖြစ်လာရသည်။ မိမိပြောနေသည့် ရည်ရွယ်ချက်နှင့် အရှင့်သားပြန်ဖြေနေသည့်ပုံစံက အနည်းငယ်သွေဖယ်နေကာ တစုံတခုသို့ ဦးတည်နေခြင်းကြောင့် ရင်ခွင်ထဲမှ ရုန်းထွက်ကာ မော့ကြည့်လိုက်သည့်ခဏ အရှင့်သားဧ။် မှိုင်းရီဝေနေသည့် ရွှေရောင်မျက်ဝန်းတို့နှင့် ဆုံတွေ့ရသည်။

"ဘာကို...အရှင့်သား ဘာကိုရည်ရွယ်ချင်တာလဲ။ မဟုတ်မှ တစ်ယောက်တည်းဘာလုပ်ဖို့ ကြံစည်နေတာလဲ"

"အရာအားလုံးက အချိန်တခုကြာရင် ပြီးဆုံးသွားပေရော့မှာမို့ ဒီတိုင်းလေးပဲ မင်းနေပေးလို့ရမလား"

"ပြီးဆုံးသွားချိန် အရှင့်သားမရှိတော့ရင်ရော"

"ပြီးဆုံးသွားချိန် မင်းမရှိတော့ရင်ရော ဒါကြောင့်..."

"ဘာကိုပဲစဉ်းစားထား စဉ်းစားထား ကျွန်တော်မျိုးကိုပြန်ကြည့်ပါ အရှင့်သား။ မိုခီတာကနေမပြန်လိုတဲ့ တခုတည်းသော အကြောင်းရင်းကိုက အရှင့်သားဖြစ်နေခဲ့တာပါ။ တတ်နိုင်သလောက် ကြိုးစားကြည့်ပြီး မလွဲှသာတော့မယ့် အခြေအနေရောက်လာရင်တော့ အရှင့်သားရဲ့အိပ်မက်အလိုအတိုင်း သွေဖယ်ခြင်းမပြုပဲ ကျွန်တော်မျိုးတို့ အတူလုပ်ကြရအောင်ပါ"

"ငါ မင်းကို သိပ်ချစ်မြတ်နိုးရတယ် ကောင်းယံ"

"ကျွန်တော်မျိုးရောက်ရှိလာတာ မှားခဲ့ပြီထင်ပါတယ်။ ရောက်လာကတည်းက အရှင့်သားကို မကောင်းတဲ့အရာတွေချည်း ပေးခဲ့မိတယ်။ အခုလဲ..."

"မင်းသာရောက်မလာရင် ချစ်ခြင်းမေတ္တာဆိုတာကို ငါဘယ်လိုသိနိုင်ရော့မှာလဲ။ နှလုံးသားတစ်ခုလုံးနဲ့ တစ်ဖက်သားကိုချစ်တယ်ဆိုတာကို ငါဘယ်လိုနားလည်နိုင်ရော့မှာလဲ။ မင်းရောက်ရှိလာတာဟာ မင်းနဲ့တွေ့ဆုံရခြင်းဟာ မင်းကိုချစ်မြတ်နိုးခွင့်ရတာဟာ ငါ့ဘဝတစ်ခုလုံးနဲ့တောင် လဲမရနိုင်တဲ့ ဆုလာဒ်ကြီးတစ်ခုပါ ကောင်းယံ။ "

ယောက်ကျားကြီးတစ်ယောက်ပေမို့ မျက်ရည်အလွယ်တကူမကျဟု ကြွေးကြော်ခဲ့ဖူးသူငြား အရှင့်သားဧ။်စကားလုံးတိုင်းက မိမိရင်ကိုထိရှစေသည်မို့ မျက်ရည်လည်ရွဲှဖြစ်ရသည်။

"ကျွန်တော်မျိုး အရှင့်သားကိုအရမ်းချစ်တာပဲ"

ဟု ဆိုလိုက်သည့်အခါ အရှင့်သားကပြုံး၍ မိမိမျက်နှာကိုလက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ မျက်ရည်များကိုလက်ဖြင့်အသာပွတ်သုတ်ပေးလာပြီး နှုတ်ခမ်းဆီသို့နမ်းရှိုက်သည်။ ထိုအနမ်းတို့ကား ချိုမြိန်လွန်းလှသည်မို့ မိမိကိုယ်တိုင်ပင် မက်မက်မောမောတုံ့ပြန်နေခဲ့ပြီးနောက် နှစ်ဦးသားဧ။်သွေးသားဆန္ဒကို တွန်းလှန်ရန်မဖြစ်နိုင်တော့...။ အရှင့်သားက အနမ်းတို့ပင်မပျက်စေရ၊ ယှက်တွယ်လာသည့် လက်တို့ကတော့ ကောင်းယံဧ။်ကိုယ်ခန္ဓာပေါ် ဟိုဟိုဒီဒီပြေးလွှားလာခဲ့ပြီး ကုတင်ထက်သို့ အသာလှဲစေသည်။ နှုတ်ခမ်းဆီမှ အနမ်းတို့သည် လည်တိုင်ထက်သို့ ဆင်းသက်လာပြီး ထိုမှတစ်ဆင့် ညှပ်ရိုးအား ခပ်ဖွဖွကိုက်ချလာသည်။

"အရှင့်သား"

မိမိက ဘာရယ်မဟုတ် ခပ်တိုးတိုးခေါ်မိလိုက်ခြင်းက အရှင့်သားကို အသိဝင်သွားသလိုဖြစ်သွားရကာ ရုတ်ခြည်းရပ်တန့်သွားခဲ့သည်။ ထို့နောက်...

"ငါ စိတ်လောသွားမိတယ် ၊ မသင့်လျော်တဲ့အပြူအမူကိုလုပ်မိရော့ပြီ"

ဟုဆိုကာ ထရန်ပြင်နေခြင်းကြောင့် ခါးကို လက်နှစ်ဖက်ဖြင့် ယှက်၍ လှမ်းဖက်ထားလိုက်သည့်အခါ အရှင့်သားမှာမိမိပေါ်သို့ မှောက်ရက်ပြန်ကျလာရသည်။

"ကျွန်တော်မျိုးတို့က ကာမပိုင်ရှိသူတွေ မဟုတ်သလို အသက်မပြည့်သူတွေလဲ မဟုတ်ပါဘူး အရှင့်သား၊ ဒါကြောင့် နှစ်ဦးသားကဆန္ဒရှိတယ်ဆို စိတ်အလိုအတိုင်းပြုမူလို့ရပါတယ်"

"မင်း တကယ်သေချာရော့ပြီလား ကောင်းယံ"

"ဘာတွေဖြစ်လာဦးမှာလဲ မသိရတဲ့ အခြေအနေမှာ ဒီလိုအခိုက်အတန့်လေးကို တန်ဖိုးထားရအောင်ပါ ။ အရှင့်သားဆန္ဒရှိသလို ပြုမူနိုင်ပါတယ်။ ဒါပေမဲ့ မနက်ခင်းကြီးကတော့..."

"မိုးသောက်ယံက ဘာဖြစ်ရော့သလဲ။ ငါသင်ခဲ့ရတဲ့ သင်ခန်းစာထဲလဲ မိုးသောက်ယံမှာမပြုမူရဘူးလို့ မပါရော့ဘူး"

ထိုအဖြေကြောင့် ကောင်းယံခပ်တိုးတိုးရယ်မိပြီး အရှင့်သားကတော့ လိုက်ကာများကို ထပိတ်နေခဲ့သည်။ လိပ်ပြာကြီးမှာလဲ ပြတင်းပေါက်အပြင်ဘက်ဆီသို့ပျံသန်းသွားကာ မိမိတို့အတွက်ရှောင်ပေးခဲ့သည်ဟန်။ ထို့နောက်တွင်တော့ တစ်ကြိမ်တစ်ခါမှ မကူးခတ်ဖူးသည့် အချစ်ပင်လယ်တစ်ခုထဲ နှစ်ဦးသား စတင်စီးမျောခဲ့ကြပြီး ခံစားချက်များက မျိုးစုံနေခဲ့သည်။ မိမိထံမှ မတိုးမကျယ် အသံတစ်ချက်ထွက်တိုင်း အရှင့်သားကသူဧ။် လှုပ်ရှားမှုများကိုရုတ်ချည်းရပ်တန့်ပစ်ကာ နားသယ်စပ်အား အသာနမ်းရှိုက်၍ မိမိလက်ခံလာနိုင်သည့်အချိန်ကို စောင့်ဆိုင်းပေးခဲ့ခြင်းဖြင့် ပထမဆုံးအထိအတွေ့ကို ငြင်သာစွာပင် ဖြတ်သန်းစေခဲ့သည်။

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

လေးထံမှ ရှေ့ဆင့်နောက်ဆင့် ပြေးထွက်သွားသည့် မြားတံတို့ကား ပစ်မှတ်ဧ။်အလယ်ဗဟိုဆီသို့ ဒုတ်ခနဲဒုတ်ခနဲ။

"စစ်သူကြီးက အရင်ကအတိုင်း လက်ရည်ထက်နေတုန်းပဲ"

လက်ခုပ်တီးသံတွေနှင့် Land ဧ။်ချီးကျူးစကားကြောင့် ကောင်းယံခေါင်းကိုမော့ပစ်လိုက်ကာ ဆံပင်ကိုဟန်ပါပါသပ်တပ်လိုက်သည်။ အရှင့်သားသင်ကြားပေးခဲ့သည့်အတိုင်းနေ့ရောညပါ ခိုးလေ့ကျင့်ရာက ယခုတော့ လူကြားထဲတွင် ပေါ်တင်ပစ်ပြနိုင်သည့် အခြေအနေသို့ရောက်ရှိလာပြီဖြစ်သည်။ သို့သော် လှုပ်ရှားနေသောပစ်မှတ်များ အတွက်မူ ထင်သလောက်မရသေးပေ။

"Land မင်း သိလား။ ဒါတောင် ငါ အာရုံသိပ်မရသေးဘူးနော် ။ အာရုံရရင် အရှင့်သားထက်တောင် ကျွမ်းကျင်လာမှာ။ ကောင်းကင်မှာ ပျံနေတဲ့ဌက်ရဲ့နှုတ်သီးကို...."

"စစ်သူကြီးက အလွန်အမင်းတွေပြောနေပြန်ပါပြီ။ အရှင့်သားကမြားသုံးစင်းကို တပြိုင်တည်းပစ်နိုင်တာလေ"

"ငါ့ကို နည်းနည်းတောင်ပေးမကြွားတော့ဘူးလား မင်းကလဲ"

"ကျွန်တော့်ကို သင်ပေးလှည့်ပါလား မြားပစ်ခါနီး စစ်သူကြီးရဲ့ကိုယ်နေဟန်ထားက သိပ်ကြည့်လို့ကောင်းလို့ "

"မြားပစ်တယ်ဆိုတာ ကိုယ်နေဟန်ထားထက် လေရဲ့အလျင်၊သိပ်သည်းမှုကို တွက်ဆ...ဆ"

"အရှင့်သား လာနေပြီ။ ကျွန်တော်သွားတော့မယ် စစ်ရေးလေ့ကျင့်တဲ့နေရာမှာ တာဝန်ပေးထားတာကို ဒီမှာစကားလာပြောမိနေတာ..."

စကားဆုံးသည်နှင့် သုတ်ခနဲထွက်ပြေးသွားသည့် Land ။ အရှင့်သားကလာပါသော်လည်း မိမိအနားသို့ကပ်မလာပဲ တခြားသော မြားရေးလေ့ကျင့်နေသူတွေ အနားမှာသာရပ်နေသည်။ ထိုနေ့ပြီးကတည်းက မိမိကိုမြင်လိုက်တာနှင့် မျက်နှာရောနားရွက်တွေပါ ရဲတက်လာတတ်သည့်အရှင့်သားက မျက်လုံးတွေပါဂနာမငြိမ်ခဲ့။ မိမိထက်သူကပို၍ အရှက်သည်းနေတော့ ကောင်းယံရယ်ချင်လာရာက အရှင့်သားအနားသို့ လှစ်ခနဲပြေးကပ်လိုက်တော့သည်။

သွေးသားစပ်ယှက်ခြင်း...။ ထိုစပ်ယှက်ခြင်းက မျိုးတူတစ်ယောက်နှင့်ဆိုသည့်အသိရယ်၊ သင်ကြားနေချိန်ကလွဲ၍ ကျန်သည့်အချိန်မှာ တွေးတောင်မတွေးကြည့်ဖူးသည့် ထိုကိစ္စရပ်ကို လိုလိုလားလားနဲ့ မြန်မြန်ဆန်ဆန်ပင်ပြုလုပ်ခဲ့ပြီးနောက် အိုင်းဆက်မှာ လိပ်ပြာကြီးကိုလဲမကြည့်ရဲ၊ Kingsley ကိုလဲ မကြည့်ရဲ၊ Kingsley ကိုမြင်တိုင်းလဲ ထိုနေ့ကအထိအတွေ့၊ အငွေ့အသက်များကိုပြန်မြင်ယောင်ကာ ရင်ခုန်လာတတ်တာမို့ မတွေ့အောင်ရှောင်နေခဲ့သည်မှာ ရက်သတ္တပတ်တစ်ပတ်ခန့်ရှိနေပြီဖြစ်သည်။

ယခုတော့ Kingsley ကမိမိအနားလာရပ်နေပြီမို့ ရှောင်၍မရတော့၊ ဘာမှလဲမပြောပဲ သူဧ။်လေးကိုသာကြည့်နေခြင်းကြောင့် အိုင်းဆက်မသိချင်ယောင်ဆောင်ကာ ဘေးသို့ခြေတစ်လှမ်းခွာလိုက်သည်။ Kingsley က ခြေတစ်လှမ်းကပ်လာသည်မို့ နောက်တစ်လှမ်းထပ်ခွာခဲ့ပြန်ဧ။်။ ခြေလှမ်းတွေသာများလာသော်လည်း မိမိနှင့်Kingsley မှာ ဘေးချင်းကပ်လျက်သာရှိနေရသည်။ အဘယ်ကြောင့်ဆိုသော်မိမိခြေတစ်လှမ်းခွာတိုင်း Kingsley က တစ်လှမ်းကပ်လာခြင်းကြောင့်ပင်။ နောက်ဆုံးတွင်တော့ အိုင်းဆက်ထပ်ရွှေ့၍မရတော့ ဘေးတွင်သစ်ပင်ကြီးသာရှိတော့သည်။ ထို့ကြောင့်

"ဘာဖြစ်နေရော့သလဲ Kingsley"

"အရှင့်သားကမှ ဘာဖြစ်နေတာလဲ။ ဘာလို့အဲ့ဒီလောက်ရှက်နေတာလဲ။ ပြန်စဉ်းစားကြည့်ရင် ကျွန်တော်မျိုးကတောင်ရှက်ရဦးမယ်။ အရှင့်သားကပြုလုပ်သူ၊ ကျွန်တော်မျိုးက..."

"တော်လိုက်ပါတော့ ငါရှက်ရော့တယ် ။ ခန္ဓာကိုယ်ရော အဆင်ပြေရဲ့လား"

"တစ်ပတ်တောင်ကြာနေခဲ့ပြီပဲ အကုန်ပျောက်ကင်းသွားပါပြီ။ Lord ပြန်မလာသေးဘူးလား အရှင့်သား"

"ပြန်ရောက်နေပြီး သွားစစ်ဆေးနေရော့တယ်"

"ကိစ္စတွေကထပ်ရှုပ်လာခဲ့ပြန်ပြီ"

နှုတ်ဖြင့်ပြန်မဖြေလိုက်သော်ငြား အိုင်းဆက်သက်ပြင်းမောကြီးတော့ချမိသည်။ လွန်ခဲ့သော နှစ်ရက်သုံးရက်ခန့်မှစတင်၍ မိုခီတာတွင်ရေထွက်ရှိသည့် နေရာတစ်ချို့မှာ ရေတွေကအကြောင်းရင်းမရှိပဲ အမည်းရောင်သို့ပြောင်းလဲကုန်သည်မို့ မည်သူကမှမသုံးရဲကြတော့။ တိုင်းပြည်ဧ။်နမိတ်နှင့်ပတ်သတ်ပြီး မိမိအပေါ်ဆိုးရွားစွာပြောဆိုခြင်းများသည်လည်း တိုင်းသူပြည်သားတွေကြားထဲ ပိုမိုပျံ့နှံ့လာခြင်းကြောင့် ပြင်ပသို့ထွက်ရှိခြင်းမပြုတော့ပဲ ကျူးကျော်စစ်ကို ကာကွယ်ရန် စစ်ရေးလေ့ကျင့်နေသည့် နေရာတွင်သာအချိန်ကုန်ဆုံးနေခဲ့ရဧ။်။

"Lord လာပြီ အရှင့်သား...."

အဆောတလျင်လှမ်းလာနေသည့် Lord ထံမှအကြောင်းအရာများကို နားထောင်နေခိုက်တွင်

"အရှင့်သားနဲ့စစ်သူကြီးကို အရှင်မင်းကြီးအခေါ်လွှတ်ပါတယ်"

ဟူသော အခေါ်အမိန့်ကြောင့် ခမည်းတော်ရှိရာရဲတိုက်ခန်းမဆောင်သို့ထွက်လာခဲ့ပြီး ထိုနေရာတွင် မမျှော်လင့်ထားသည့် မြင်ကွင်းတခုကစောင့်ကြိုနေခဲ့သည်။ ငိုနေကြသည့် ပြည်သားတစ်ချို့နှင့် တင်းမာနေသော ခမည်းတော်ဧ။်မျက်နှာ။ မိမိတို့ိကိုမြင်သည်နှင့် ခမည်းတော်က ပြည်သူပြည်သားများကို ပြန်စေခဲ့သည့်အပြင် တခြားသောအစောင့်များကိုပါ အပြင်ထွက်ခိုင်း၍ မိမိတို့ကိုသာရှိစေခဲ့သည်။

"သူတို့တွေ အဘယ်ကြောင့်လာသလဲ သိပေသလား"

"ကျွန်တော်မသိပါ ခမည်းတော်"

"သူတို့တွေရဲ့အိမ်မွေးတိရစ္ဆာန်တွေ တပြိုင်နက်တည်းသေကုန်လို့ တိုင်ကြားဖို့ရာ လာခြင်းပဲ။ ကပ်ဆိုးကျရောက်စေတဲ့ အဓိကလူကိုတိုင်ကြားဖို့ရာ ရောက်ရှိလာကြတာ"

"............"

"အိုင်းဆက် အခုဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေအပေါ် မင်းဘာပြောချင်လေသလဲ"

"ကျွန်တော့်မှာ ဘာမှပြောစရာမရှိရော့ပါဘူး ခမည်းတော်"

"ဒီလောက်ကပ်တွေဆိုက်နေတာတောင် မင်းတို့ရပ်တန်းကရပ်ဖို့အတွေး မရှိပေဘူးလား။"

"ကျွန်တော်ပြောရင် ခမည်းတော်အမျက်ထွက်ရော့နိုင်ပေမယ့် မျိုးတူချစ်ကြိုက်ခြင်းကြောင့် လူတွေအတိဒုက္ခရောက်ပြီး တိုင်းပြည်ပျက်သုန်းရမယ်ဆိုတဲ့အပေါ် တိကျတဲ့..."

"တိကျတဲ့သက်သေ!!! တိကျတဲ့သက်သေကိုပဲ မင်းထပ်ထပ်ပြီးပြောနေတယ်။ ကောင်းကင်ပေါ်ကဌက်တွေအကြောင်းပြချက်မရှိ သေဆုံးကြကုန်တယ်။ရေတွေမည်းနက်လာတယ် ။ ဒါတွေက ဘာကြောင့်ဖြစ်လာသလဲရော မင်းမှာရှင်းပြစရာမရှိလှဘူး မဟုတ်လား"

"အဖြေရှာနေလှည့်ပါတယ် ခမည်းတော်"

"ဘာအဖြေကိုရှာချင်တာလဲ အိုင်းဆက်၊ မင်းဘယ်တော့မှအသိဝင်တော့မလဲ။ ဌက်တွေကိုစစ်ဆေးပြီးပြီ ဘာအဆိပ်မှမမိထားဘူး ရေတွေကိုလဲစစ်ဆေးပြီးပြီ ဘာမှခပ်ခံထားရခြင်းမရှိပေဘူးတဲ့။ အဲ့ဒီလိုအဖြေတွေထွက်တာတောင် မင်းကဘာကိုအဖြေရှာချင်လှည့်သလဲ.."

"ထူးခြားချက်ကိုရော ခမည်းတော်သတိမထားမိပါဘူးလား။ ဌက်တွေသေဆုံးကုန်တယ်ဆိုတာ မှန်ရော့တယ် ဒါပေမဲ့ အဲ့ဒီနေ့မိုးသောက်ယံအချိန် မိုခီတာရဲ့ပိုင်နက်အတွင်း ကောင်းကင်ယံက ဌက်တွေမပါဝင်ခဲ့ရော့ဘူး။ အကုန်လုံးက တောထဲကနေ လန့်ဖျန့်စွာ ပျံသန်းထွက်လာရော့တာပါ။ ရေတွေမည်းကုန်ပေမယ့် မိုခီတာရဲတိုက်နဲ့ အနီးဝန်းကျင်မဟုတ်ရော့ပဲ တိုင်းပြည် နယ်နမိန်အစွန်အဖျားတွေပဲ ရွေးဖြစ်ရတဲ့ အကြောင်းအရင်းကို ရှာရပါမယ်ခမည်းတော်"

"သိပ်ရှာချင်တယ်ဆို မင်းရှာလို့ရပေတယ်အိုင်းဆက်။ ဒါပေမဲ့ မင်းတို့နှစ်ယောက်ကတော့ ဒီနေရာမှာရပ်တန့်လိုက်ရမယ်။ ဒါဟာငါ့ရဲ့အမိန့် ။ လွန်ဆန်ရင်မင်းပြစ်မင်းဒဏ်သင့်မယ်။ မင်း လွန်ဆန်ရင် Kingsley ကိုငါအဝေးပို့ပစ်မယ်။ မင်းလိုက်သွားရင် Kingsley ကို ငါသတ်ပစ်မယ်"

"ခမည်းတော်!!"

ခမည်းတော်ဧ။်စကားလုံးကြောင့် မျက်နှာပျက်စွာခေါင်းငုံ့သွားသည့် Kingsley အပြင် အိုင်းဆက်ကိုယ်တိုင်လဲ ထိုသို့သောစကားလုံးအတွက် တုန်လှုပ်သွားရဧ။်။

"ဘာလဲ ငါတကယ်မလုပ်ဘူးလို့ မင်းထင်နေလိမ့်သလား"

"ခမည်းတော်ကစည်းမျဉ်းစည်းကမ်းကို အသက်လိုတန်ဖိုးထားသူပါ။ အကြောင်းပြချက်မရှိပဲ လက်အောက်ငယ်သားကို မသတ်ရဘူးဆိုတဲ့ ကိုယ်တိုင်ချမှတ်ထားတဲ့အပေါ် ချိုးဖောက်ရော့မှာမဟုတ်ဘူး"

"မှားတယ် အိုင်းဆက်။ ငါ့တိုင်းပြည်၊ တိုင်းသူပြည်သားတွေရဲ့အသက်နဲ့ပတ်သတ်လာရင် ဘယ်စည်းကမ်းကိုမဆိုချိုးဖောက်နိုင်တယ်။ အကြောင်းပြချက်မရှိတာမဟုတ်ဘူး ငါကလုပ်ချင်ရင် Kingsley ကို သေဒဏ်ပေးရလောက်တဲ့ ပြစ်ချက်တွေ အများအပြားထွက်လာမှာ မယုံလေရော့သလား "

"............."

"တိုင်းပြည်တခုမှာ အုပ်ချုပ်သူဧကရာဇ်က အရေးပါသလို တိုင်းသူပြည်သားဆိုတာကလဲ အရေးပါတယ်။ အုပ်ချုပ်သူကောင်းမရှိရင် တိုင်းပြည်မဖြစ်ထွန်းသလို အုပ်ချုပ်ရမယ့်သူမရှိရင်လဲ တိုင်းပြည်ဆိုတာဖြစ်လာမှာမဟုတ်ဘူး။ ဒါကြောင့် ငါ့စိတ်ကိုမစမ်းသပ်လှည့်ပဲ မင်းတို့လုပ်ရပ်တွေကိုရပ်ပစ်လိုက်"

"နောက်ကျသွားရော့ပြီ"

"ဘာ...."

"ကျွန်တော်နဲ့ Kingsley ရဲ့ချစ်ခြင်းက နောက်ပြန်လှည့်လို့မရအောင်ကို နက်ရှိုင်းနေရော့ပြီ ခမည်းတော်။ ဒါ့အပြင် ကျွန်တော်တို့....ကိုယ်လက်နှီးနှောခဲ့ပြီးရော့ပြီမို့ အိမ်ထောင်ဖက်အရာ ရောက်ခဲ့ပြီးပါပြီ"

"ဘာပြောတယ်"

"ဒါကြောင့် ကျွန်တော်သာ အဆောင်အယောင်စွန့်လွှတ်လိုက်မယ်ဆို Kingsley က ကျွန်တော်ရဲ့လက်တွဲဖော်ဖြစ်လာမှာဖြစ်ပြီး အဆောင်အယောင်တွေနဲ့ ရှိနေသမျှဒီကာလပတ်လုံး Viscount နယ်မြေကိုအပိုင်စားရထားတဲ့ ကျွန်တော့်ရဲ့ကြင်ယာတော် Duchess Of Viscount မလွဲမသွေဖြစ်ရမှာပါ"

"အိုင်းဆက်!!!! "

သလွန်ပေါ်မှ ပြေးဆင်းလာကာ ဖြတ်ရိုက်လိုက်သည့် ခမည်းတော်ဧ။်လက်ဆသည်ကား ပြင်းလွန်းသည်မို့ အိုင်းဆက်ယိုင်ဆင်းသွားရသည်။ လက်စွဲတော်ဓားကိုဆွဲထုတ်၍ ရွယ်လိုက်သည့်ခဏတွင်တော့ Kingsley က ပြေးဝင်လာကာ ဒူးထောက်၍ တားမြစ်ရှာဧ။်။

"အရှင့်သားကို ထိခိုက်အောင်မလုပ်ပါနဲ့ အရှင်မင်းကြီး။ အမျက်တော်ရှနေရင် ကျွန်တော်မျိုးအပေါ်ကိုပုံချလှည့်ပါ"

"Kingsley နဲ့မသက်ဆိုင်ရော့ဘူး ။ ခမည်းတော်အပြစ်ပေးချင်ရင်"

"မဟုတ်ဘူး....အရှင့်သား"

"တိတ်ကြစမ်း တိတ်ကြ!!!! သိပ်ကိုချစ်ပြနေကြတယ်ပေါ့ "

ခမည်းတော်ဧ။်ဒေါသကို သိနေခြင်းကြောင့် လွဲှခုတ်လိုက်ည့်ဓားချက် Kingsley ထံမရောက်အောင် အိုင်းဆက်ဝင်ကာလိုက်ဧ။်။ သို့သော်ဓားချက်က မည်သူ့ထံမှမရောက်ရှိလာပဲ ခမည်းတော်မှာကြမ်းပြင်ပေါ်ဒူးထောက်လျက်သားဖြင့် ခွေကျသွားခြင်းကြောင့် အိုင်းဆက်ပြေးတွဲရန်ပြင်လိုက်သော်ငြား လက်ကာပြကာတားမြစ်လာဧ။်။

"ငါ့ကိုမထိနဲ့"

"ခမည်းတော် သမားတော်ပင်ခဲ့စမ်း!!!"

"မထိနဲ့ အိုင်းဆက် ငါ့ကိုမထိနဲ့ ။ ဘယ်သူ့မျက်နှာမှ မကြည့်ပဲ မင်းလုပ်ချင်သလိုလုပ်ချပစ်ပြီး ဖြစ်ပေါ်လာတဲ့အကျိုးဆက်အပေါ်မှာလဲ ပြင်ဆင်ရပ်တန့်လိုစိတ်မရှိတဲ့ မင်းက ငါ့ရဲ့သားတော်မဟုတ်တော့ဘူး။ Kingsley အတွက်နဲ့ ငါ့ကိုရော၊ မင်းမယ်တော်ကိုရော၊ မိုခီတာကိုရော၊တိုင်းသူပြည်သားတွေနဲ့ မင်းရဲ့ရဲမက်တွေအထိ မင်းကတစ်ချက်မကြည့်စွန့်လွှတ်နိုင်တဲ့အပေါ် ငါသိပ်ကိုအံ့သြမှင်သက်မိပေတယ်။ ငါ့ ရှေ့ကိုမင်းမလာနဲ့ "

ပြေးဝင်လာသည့် ရဲမက်များအကူအညီဖြင့် အိပ်ဆောင်ရှိရာပြန်သွားသည့် ကန်းထရစ်ဘုရင်ကြီးကို အရှင့်သားမှာမျက်စိတဆုံး အသံတိတ်လိုက်ကြည့်နေရှာသည်။ ဘာတခွန်းမှပြန်မပြောသော်ငြား ကန်းထရစ်ဘုရင်ကြီးဧ။် စကားတွေကအရှင့်သားကို အင်မတန်မှ ဝမ်းနည်းစေမှာဖြစ်ကြောင်းကိုတော့ မိမိလဲသိရှိနေသည်။ တကယ်တမ်းတွင်တော့ အရှင့်သားမှာ သူဧ။်ခမည်းတော်၊မယ်တော်၊ ရဲမက်တွေ၊ မိုခီတာနှင့်တိုင်းသူပြည်သားတို့အား လုံခြုံစိတ်ချရသည့် အာမခံချက်ပေးနိုင်ရန် လူအများပြောဆိုသမျှသည်းခံ၍ Elroy နှင့်ယှဉ်တိုက်မည့် နေ့ကိုစောင့်ဆိုင်းနေမှန်း သိနေခြင်းကြောင့်ပင်ဖြစ်သည်။

အခုဖြစ်ရပ်တွေသည် တကယ်ပင်မျိုးတူချစ်ကြိုက်ခြင်းကြောင့် ဖြစ်ပေါ်ပါသည်ဆိုပါက စာချွန်လွှာထဲအတိုင်း မြန်မြန်အကောင်အထည်ဖော်လိုက်လျှင် နမိတ်ဆိုးတွေရပ်တန့်သွားမည်လား၊ အရှင့်သားသည်လည်း အရင်လိုလူအများချစ်ခင်ရိုစေမှုကို ပြန်ရသွားစေလိမ့်မလား၊ သို့သော် ဘယ်လိုအင်အားနဲ့များ မိမိဧ။်မင်းသားလေးကို ခွဲခွာသွားရပါ့မည်နည်း။

(AN အရမ်းကြာသွားတယ်ဟုတ်။ ဒီတစ်ပိုင်းတောင် ရေးနေတာ တစ်ပတ်ကျော်နှစ်ပတ်နီးပါး ရှိပါပြီ။ လျှပ်စစ်မီးက တစ်နေ့လုံးမှ၃နာရီလောက်လာတော့ ဖုန်းအားသွင်းဖို့ကောင်းကောင်း မရဘူးဖြစ်နေတာနဲ့စိတ်ရှိနေတာတောင် ရေးလို့မရဘူးဖြစ်နေတာပါ။ ကြာသွားတဲ့အတွက်အနူးအညွတ်တောင်းပန်ပါတယ်နော်)

9000 words

Continue Reading

You'll Also Like

268K 37.9K 20
လက်တွေ့ဘဝနှင့် နီးစပ်ချင်ယောင်ဆောင်ခြင်း
109K 220 84
Erotic shots
133K 3.7K 25
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။
255K 10.1K 32
""SIT THERE AND TAKE IT LIKE A GOOD GIRL"" YOU,DIRTY,DIRTY GIRL ,I WAS TALKING ABOUT THE BOOK🌝🌚