မောင့်အမိန့်စည်း (မောင့်အမိန်...
بواسطة XC5953
1M 54.2K 2.7K
Chapter...1
အမိန့်စည်း...သို့( အမိနျ့စညျး...သို့)
Chapter...2
Chapter...3
Chapter...4
Chapter...5
Chapter...6
Chapter...7
Chapter...8
Chapter...10
Chapter...11
Chapter...12
Chapter...13
Chapter...14
Chapter...15
Chapter...16
Chapter...17
Chapter...18
Chapter...19
Chapter...20
Chapter...21
Chapter...22
Chapter...23
Chapter...24
Chapter...25
Chapter...26
Chapter...27
Chapter...28
Chapter...29
Chapter...30
Chapter...31
Chapter...32
Chapter...33
Chapter...34
Chapter...35
Chapter...36
Chapter...37
Chapter...38
Chapter...39
Chapter...40
Chapter...41
Chapter...42
Chapter...43
Chapter...44
Chapter...45
Chapter...9
26.3K 1.5K 91
بواسطة XC5953
တစ်ခု။
လေးပေါ့။
ပေါ့နော် မေမေကြီး"
တယ်လေ"
သူ့ခမျာ..."
ပြီမလားကွယ်"
ပြန်လေတယ်။
မည်သာ။
ဟူးးးး......။
တယ်...
ခဲ့ရပေမဲ့ မသိစိတ်ထဲမှာ ရိုးသူ့အပေါ်ခင်တွယ်ချစ်မိသွားမှာ
သိပ်ကြောက်နေပေသည်။
ခိုလှုံမိခဲ့လဲမတွေးတတ်...ဘယ်လောက်တောင်မိုက်ရူးရဲဆန်
က်ျားလေးတယောက်ဆိုတာ အမိန့်စည်းဘယ်နည်းနဲ့မျှသိလို့
မဖြစ်သလို သခင်မကြီးကလည်း ခွင့်ပြုလိမ့်မည်မဟုတ်။
လိုက်လေ၏။
သွားဝယ်မလို့"
လေညင်းခံချင်မိတယ်"
က....
သွားသွား...သူကဂရုစိုက်မှာမဟုတ်ပါဘူး..လုပ်ပါဒေါ်လေး
အမော။
ကြိမ်းဖြင့်သာ ညီးညူရင်း မျက်နှာလေးတွေရှုံမဲ့လို့ပေါ့။
ကိုဝတ်ထားတဲ့ ရိုးရဲ့ခပ်နွမ်းနွမ်းပုံစံလေးက ဘယ်သူကများ
အဓိကကတော့ သားယောက်ျားလေးမျိုးဆက် ရှားပါးလွန်း
တဲ့ ပန်းရဂုံရဲ့မျိုးဆက်မှာ အမိန့်စည်းက ယောက်ျားလေးတစ်
လည်းပါလေသည်။
ဘာမှ မရှိတဲ့တောသားတယောက်ကတော့ ထုတ်ပြစရာဆို
ခိုးထွက်လာရပေမဲ့ စိတ်ထဲပျော်မြူးမိတာအမှန်ပင်။
ဒီအတွက် ဒေါ်လေးနွယ်တို့တာဝန်လုံးဝမရှိအောင် ရိုးဘာသာ
"ဟို..တစိတ်လောက်ရှင့်"
လေးကထွက်လာလေ၏။
"ဘာပြောမလို့လဲဟင်"
"ပန်းရဂုံစံအိမ်ကိုသွားချင်လို့...လမ်းညွှန်ပေးလို့ရလား"
အိမ်ဆိုတဲ့ စာတန်းကြီးကထင်းလို့"
ပြလိုက်လေသည်။
လက်ဆင့်ကမ်းပေးတဲ့ ပိုက်ဆံကို ရိုးမှာ တအံ့တသြကြည့်ရင်း
"မလိုဘူး...မလိုပါဘူး"
နော်"
၏။
အမိန့်စည်းက ရိုးရဲ့ယောက်ျားပါဟု ပြောလိုက်ချင်ပေမဲ့ ရိုး
ပိုင်ခွင့်ဆိုတာမရှိ။
ပါဘူး။
ကျ ဖြစ်ပျက်နေလိုက်တာ မိန်းမဖြစ်တဲ့မမလေးအရှင့်ကိုကျ
"ဒီမှာ"
လေးမဟုတ်လား"
ရုတ်တရက် ဘယ်ကမှန်းမသိတဲ့ယောက်ျားသားတစ်ယောက်
"မယူတော့ဘူး"
မယူတော့ဘူးဆိုတော့"
လိုက်သေး၏။
လိမ့်မည်မဟုတ်။
သီးကိုလိုက်ယူရမယ်"
"မမလေးအရှင်ကို လွှတ်ပေးပါလိုက်ပါ...အမလေး မိုးမီး
လောင်တော့မှာပဲ"
ပြောရှာလေသည်။
မခံချင်စိတ်နဲ့ လက်ကိုဆွဲပီး စနောက်မိပေမဲ့ သူမရဲ့မျက်ဝန်း
မှ အုံ့တတ်လာတဲ့ မျက်ရည်စတွေကိုတွေ့ရချိန်မှာတော့ သူ
လိုက်မိလေသည်။
ထွက်သွားလေတော့၏။
"အရှင်...အရှင်"
သူမဆီက မျက်ကွယ်ပြုခြင်းကိုမခံနိင်တာကြောင့် လုပ်မိ
....................
"ဟုတ်ပ့ဒေါ်လေးရယ်...မစာမနာ...ယောက်ျားကြီးဖြစ်ပြီး"
လိုသွားကြမလဲဟင်..ဒီပတ်ဝန်းကျင်ကို တခါမှမရောက်ဘူးဖူး
ဆိုတော့"
တစ်တန်နဲ့"
သည်။ အခုနကများဆို ရိုးရဲ့မျက်နှာလေးက ညိုးငယ်နေတာ
များ မကြည့်ရက်စရာ။
"ဒါများ..ရိုး...အဲ...အရှင်က ကျွမ်းပြီးသားပါနော်၊ဘယ်နံပါတ်စီးရမလဲသာပြောပြ"
"နံပါတ်....92...မမလေးအရှင်"
အနား၌ မည်သည်မျှ အထွေအထူးမရှိ၊ ဇိမ်ခံ အပန်းဖြေတဲ့
လူတွေအတွက်တော့ လွယ်ကူတဲ့အရာပါပဲ ဘာလို့ဆိုကိုယ်
ကားတစ်ခုစီမှာ တယောက်ချင်းစီသီးသန့်ခန့်ထားတာကြောင့်
"ဟိုမှာ...92 နံပါတ်နဲ့ကားမလား အရှင်"
"ဟုတ်တယ်...ဟုတ်တယ် တတ်တတ်"
တယ်ဆိုပြီး....အမှန်က ကျွမ်းသလိုမကျွမ်းသလိုနှင့် မမဆောင်းရယ်။
လည်း အသံမထွက်ရဲ။
"ဒေါ်လေးနွယ်"
ကလှမ်းကြည့်ရှာ၏။
"ဘယ်ကိုသွားမှာလဲဟင်"
လိုက်၏။
ရိုးကမန္တလေးသားပေမဲ့ ရန်ကုန်က လိုင်းကားတွေတော့စီး
တတ်ပါသေးတယ်နော်။
ရင် အသိပေးပါဦးနော်"
"ဘယ်ကိုသွားမှာလဲ...တူမကြီးတို့က"
"သချိုင်းကုန်းပါ"
ဟု ပြောလိုက်ပြီးမှ မှားထွက်သွားတဲ့ပါးစပ်ကို အမြန်ပိတ်ပြီး
ပါ၏။
ရိုးမှာလည်းလေ တနေ့တနေ့မလွဲရရင်မနေနိင်တဲ့ ကံများပါ
လားပဲနော်။
...................
"ဘယ်က ချီးပေလဲသားအမိန့်"
အမိန့်ကိုကြည့်ရင်း ညှိနိုင်းလို့ရအောင် ဘယ်လိုလုပ်ရမလဲပင်
ချင်မိသည်...ကောင်လေးကအရိုးခံလေးပါ...သူမကတော့
ရှင်းသည်...သားယောက်ျားလေးမှ မြေးအဖြစ်လိုချင်သည်မ
"အမိန့်...မေမေပြောတာ"
ကြည့်ရင်လည်း အပြစ်မဆိုသာ...သူ့မှာလည်း 18နှစ်အရွယ်
ဘယ်လိုမှ ကလေးအဖေဖြစ်ချင်လိမ့်မလဲ။ ပညာတတ် ဥာဏ်
ကောင်းဆုံးအရွယ်ပင်။
...............
"........"
"အခုကော နားမထောင်နေလို့လား..အရှင် ဘာအမှားလုပ်မိ
လို့လဲ"
ရှင်းလား"
ရိုးမှာ ငိုမိဖို့မျက်ရည်တွေ ကျမိရာမှ သူ့ရဲ့ဒေါသတကြီးအော်
တဲ့စားပွဲကို ခြေထောက်နဲ့ပိတ်ကန်ထုတ်လိုက်ပြီး ဒေါသတ
ကြီးဖြင့်...
"ဒုန်း!"
"မ...မငို...မငိုတော့ဘူး"
တာသိလေလေ...အနားမှာမနေချင်တာသိလေလေ ဘယ်သူ
သူ့လို လူတယောက်ကို မပြောလည်းအနားကပ်နေရမည်။သူ
သာပုံချနေမိလေသည်။
............
လေသည်။
ပွဲကို မလာခိုင်းတာလို့ထင်နေတာမလား...ဒါဆို အမိန့်ထင်
"ဟင်"!
နေကြလေ၏။
ရိုးက ယောက်ျားလေးတယောက်ပါ...သို့ပေမဲ့ ရိုး အမိန့်စည်း
တယ်ဆိုတာအမှန်ပါပဲ။
✨✨✨✨✨✨
Uni......
ငယ်ငယ်တုန်းက ရိုးရဲ့အိပ်ရာဝင်ပုံပြင်တွေထဲမှာ အမှတ်ရဆုံး
တမ်းတသတိရဖြစ်ရဆုံးပုံပြင်လေးတစ်ခုရှိတယ်...။
ရိုးရဲ့မိဘတွေမဆုံးခင် ရိုးရဲ့ညီမလေးနဲ့အတူညအိပ်ရာဝင်
အိပ်စက်ချိန်တိုင်း မေမေပြောပြဖူးတဲ့အကြောင်းအရာလေး
တစ္ခု။
ဟော...မေမေဆုံးပြန်တော့ ဒေါ်လေးနွယ်ကထပ်ဆင့်အနေနဲ့
ရိုးကိုပြောပြခဲ့ပြန်တယ်။ ရှုပ်ပွေလီပြီးပြန်မတမ်းတချင်မလွမ်း
မောချင်တဲ့ ရိုးရဲ့ရင်နာစရာငယ်ဘဝကို ကြီးစိုးထားခဲ့တဲ့အရာ
လေးပေါ့။
ရှင်မှုန်းနံ့သာကိုမေမေကြီးက အိပ်ရာဝင်ပုံပြင်တွေပြောပြ
ချော့သိပ့်လေချိန်မှာ အချိန်ကိုက်အနေနဲ့ရိုးအမှတ်မထင်ကြား
ရပြန်တော့ တံခါးအကွယ်လေးဘေးနားရပ်ပြီး ပါးချိုင့်လေး
တွေခပ်ရေးရေးပေါ်တဲ့ထိပြုံးမိပြန်တယ်။
သြော်...ဒီပုံပြင်လေးကငါကြိုက်တဲ့ပုံပြင်လေးပါပေါ့။
တောက်ပြောင်ပြီးငွေရောင်တဖိတ်ဖိတ်တောက်နေတဲ့အလှဆုံးဂါဝန်လေးကိုဝတ်ဆင်ပြီး မြင်သူတကာငေးရလောက်တဲ့
ကြည်လင်တောက်ပလွန်းစွာသော ဖန်သားဖိနပ်လေးကိုဆင်
မြန်းပြီးပွဲတတ်လာခဲ့တဲ့မင်းသမီးလေးတစ်ယောက်အကြောင်း။
"အို...ဒါဆို မင်းသမီးလေးကမင်းသားလေးနဲ့ညားသွားတာ
ပေါ့နော် မေမေကြီး"
"ဒါပေါ့...ရိုးရယ်...မင်းသမီးလေးကအယောင်ဆောင်မင်းသ
မီးလေးဖြစ်ခဲ့ပေမဲ့ နောက်ဆုံးမှာမင်းသားလေးနဲ့ညားသွားရ
တယ်လေ"
ခေါင်းလေးကိုပွတ်သပ်ရင်း ကြင်နာစွာပြောပြလာတဲ့ဒေါ်လေး
နွယ်က ပြုံးပြကာ ရိုးကိုစောင်ခြုံပေးလိုက်လေ၏။
"ဟင်း...ဒါပေမဲ့ မင်းသမီးလေးကသနားဖို့ကောင်းတယ်နော်
သူ့ခမျာ..."
"ရိုးရယ်..ဒါကနားထောင်ရကောင်းပြီးအမှတ်ရစေမဲ့ ပုံပြင်
လေးတစ်ပုဒ်ပါပဲ...နောက်ဆုံးမှာပျော်ရွှင်သွားရတာပဲလေ...
ဇာတ်သိမ်းမှာ အချိုမြဆုံးဇာတ်သိမ်းလေးနဲ့သိမ်းသွားရင်ပျော်
ပြီမလားကွယ်"
အဲ့တုန်းက ရိုးက ကလေးဘဝနားမလည်လေတဲ့အရွယ်လေး
မို့ ဒေါ်လေးနွယ်ပြောသမျှကို ခေါင်းလေးညိမ့်ပါးချိုင့်လေးပေါ်
အောင်ထိပြုံးရင်း ကျေကျေနပ်နပ်ကြီးလက်ခံခဲ့မိသေးတာ။
ပြောလိုက်ပါသေးရဲ့...ရိုးက မင်းသားလေးဖြစ်ချင်တာတဲ့လေ
ဒီစကားကိုကြားတော့ ဒေါ်လေးနွယ်ကဟက်ဟက်ပတ်ပတ်
ရယ်ရင်း ဒီကောင်လေးကတော့ စိတ်ကူးသိပ်ယဉ်တာပဲတဲ့။
ရိုးဘဝရဲ့ မင်းသမီးလေးကို တချိန်ချိန်တွေ့နိင်မှာပဲလို့ တွေး
ထင်ထားမိပေမဲ့ အခုလက်ရှိမှာတော့ ရိုးကဟန်ဆောင်မင်းသ
မီးလေးဘဝရောက်နေရပြန်ပြီမဟုတ်လား။
ပိုဆိုးတာက အမိန့်စည်းဆိုသူကို ကြောက်လည်းအရမ်း
ကြောက်သလို မျက်လုံးချင်တောင်မဆုံမိရဲအောင် ရင်ဖိုနေရ
ပြန်လေတယ်။
ပုံပြင်ထဲကလို ဖန်ဖိနပ်လေးစီးရလောက်တဲ့ထိ ရိုးစိတ်ကူးမ
ယဉ်ရဲ...အချိန်တန်လို့ အမိန့်စည်းက ကွာရှင်းတဲ့အခါ သမီး
လေးကိုထားခဲ့ပြီး ရိုးရဲ့ဇာတိ တောရွာလေးကိုပဲ ရိုးခင်တွယ်ရ
မည်သာ။
ဟူးးးး......။
ညတုန်းက တရိုက်မက်မက်နဲ့အနမ်းခံလိုက်ရတဲ့ပါးပြင်နုနုကို
ရိုးအောက်မေ့သတိရစွာ ကိုင်တွယ်ရင်း ကြည်နူးနေရပြန်
တယ်...
ဒီဆယ်ကျော်သက်ကောင်ဆိုးလေးက လူကိုမထင်ရင်မထင်
သလိုအော်ငေါက်တတ်သလို အရိုင်းဆန်စွာလည်းလက်ရဲဇက်
ရဲနိင်လွန်းပေ၏။ မိန်းကလေးတယောက်အဖြစ်ဟန်ဆောင်နေ
ခဲ့ရေပမဲ့ မသိစိတ်ထဲမှာ ရိုးသူ့အပေါ်ခင်တွယ်ချစ်မိသွားမှာ
သိပ်ကြောက်နေပေသည်။
ယခုတောင် ရိုးဘာလို့များငြိမ်ခံ၍ သူ့ရင်ခွင်ထဲအလိုက်သင့်
ခိုလံှုမိခဲ့လဲမတွေးတတ်...ဘယ်လောက်တောင်မိုက်ရူးရဲဆန်
လိုက်လဲ....အမိန့်စည်းနဲ့ကွာမရှင်းရသေးခင်ထိ ရိုးက ယော
ကျ်ားလေးတယောက်ဆိုတာ အမိန့်စည်းဘယ်နည်းနဲ့မျှသိလို့
မျဖစ္သလို သခင်မကြီးကလည်း ခွင့်ပြုလိမ့်မည်မဟုတ်။
"ဘာတွေသက်ပြင်းချနေတာလဲ...အရှင်"
"ဒီလိုပါပဲ ဒေါ်လေးနွယ်ရယ်....ဒါနဲ့ ဘယ်သွားကြမလို့လဲ"
တွေးစစအမူအရာလေးဖြင့် အိမ်အပေါ်ထပ်လှေကားကနေ
ဆင်းလာတဲ့ နွမ်းလျတဲ့မူဟန်လေးပေါ်လွင်နေတဲ့ ရိုးကမေး
လိုက်လေ၏။
"ဒီနေ့ည ပန်းရဂုံမှာ ပါတီပွဲရှိတယ်လေအရှင်...အဲ့ဒါ ဒေါ်
လေးနဲ့ကောင်မလေးတွေ လိုရမယ်ရဈေးမှာ လိုအပ်တာတွေ
သွားဝယ်မလို့"
ကောင်မလေးတွေဆိုတာ ဒေါ်လေးနွယ်က သဘောရိုးဖြင့်
အိမ်စေမလေးတွေကို သုံးနှုန်းလိုက်လေခြင်းဖြစ်၏။
"ရိုးလည်း လိုက်ချင်လိုက်တာ...ပန်းရဂုံမှာနေရတာအရမ်း
မွန်းကြပ်လွန်းတယ်...စိတ်ပြေလက်ပျောက် ဈေးသွားရင်း
လေညင်းခံချင်မိတယ်"
ဟု ရိုးက အားတတ်သရောပြောလိုက်လေတော့ ဘေးပတ်
ဝန်းကျင်ကိုအကဲခတ်ပြီး သက်ပြင်းချလိုက်တဲ့ဒေါ်လေးနွယ်
က....
"အမိန့်စည်းက ခွင့်ပြုလို့လားကွယ်"
"အို...အရှင်ကအရှင်...သူကသူ...အရှင်ကိုသူကအမြင်ကပ်
လို့အနားမလာပါနဲ့တောင်အော်ထုတ်နေတာ...အရှင်ဘယ်
သြားသြား...သူကဂရုစိုက်မှာမဟုတ်ပါဘူး..လုပ်ပါဒေါ်လေး
နွယ်ရယ်...လိုက်ခဲ့မယ်နော်"
"ဆုလဲ့လေးကကော...အရှင်ကိုမတွေ့ရင်ငိုနေမှဖြင့်"
ဒေါ်လေးနွယ်မှာလည်း လူအများကြားထဲမို့ ရိုးကိုအရှင်ဟုမ
နည်းသုံးနှုန်းခေါ်ဝေါ်နေရပုံပင်...စကားမမှားအောင်မနည်း
ထိန်းပြောနေရသည်မှာ သိသာပေ၏။
ရိုးလည်း ဒီလိုပါပဲ...နှုတ်ဖျားက ကိုယ့်နာမည်ကိုမှားထွက်
ထွက်မိလို့ လက်မတင်လေးပါးစပ်ကိုလက်ဖြင့်ပြန်ပိတ်ရတာ
အေမာ။
ဒါကိုပင် နိင်စားလွန်းတဲ့သူက ရိုးကိုရူးနေတာလားဆိုပြီးဒေါ
သတကြီးအော်ငေါက်တာခံရသေး...သူ့စိတ်ချည်းပဲ။
"သမီးလေးကအခုတင် နို့ဝလို့အိပ်သွားပြီ...ကဲပါ..နောက်ကျ
နေမယ်...ပေးပေး အရှင်ခြင်းတောင်းဆွဲပေးမယ်"
"အမိန့်စည်းသိရင်တော့ ပြသနာတွေတတ်တော့မှာပဲ"
ဟု ဒေါ်လေးနွယ်နဲ့အိမ်စေမလေးတွေမှာတော့ ခေါင်းတကြိမ်း
ကြိမ်းဖြင့်သာ ညီးညူရင်း မျက်နှာလေးတွေရံှုမဲ့လို့ပေါ့။
ပန်းရဂုံစံအိမ်ကြီးထဲက ပထမဆုံးအကြိမ် ထွက်လာလိုက်ရတဲ့
ရိုးရဲ့ခြေလှမ်းတွေက တတ်ကြွသွက်လက်စွာ....စကားတ
ပြောပြော အပြုံးလေးတရွှင်ရွှင်နှင့် အကျီအကွက်တီရှပ်လေး
ကိုဝတ္ထားတဲ့ ရိုးရဲ့ခပ်နွမ်းနွမ်းပုံစံလေးက ဘယ္သူကမ်ား
အမိန့်စည်းရဲ့မိန်းမလို့ ထင်ရဲမည်လဲ။
ပါတီပွဲအတွက် လိုရမယ်ရလောက်ပဲဝယ်မှာဖြစ်တာကြောင့်
အမိန့်စည်းရဲ့မေမေက သာမာန်ဈေးမှာသွားဝယ်ခိုင်းခြင်းပင်။
ပါတီပွဲကလည်း ညနေဆိုတာနဲ့ စတင်တော့မှာဖြစ်တာရယ်...
ပန်းရဂုံစံအိမ်ဆိုတာ နာမည်ဂုဏ်သတင်းကျော်စောပြီး အာဏာသိပ်ရှိလေတဲ့ စံအိမ်ဖြစ်တာရယ်ကြောင့် လိုလေး
သေးမရှိ တည့်ခင်းဧည့်ခံရမည်သာ။
တစေ့တစောင်းလေးတောင် ပန်းရဂုံက လိုအပ်သွားတာမျိုး
စိတ်ကွက်သွားကြတာမျိုး အဖြစ်မခံနိင်။
အဓိကကေတာ့ သားယောကျ်ားလေးမျိုးဆက် ရှားပါးလွန်း
တဲ့ ပန်းရဂုံရဲ့မျိုးဆက်မှာ အမိန့်စည်းက ယောကျ်ားလေးတစ်
ယောက်ဖြစ်တာရယ်....နိင်ငံခြားမှာ အခြေချဆိုးသွမ်းလွန်း
တဲ့ လူဆိုးလေးကို အသိုင်းအဝိုင်းကြားပွဲထုတ်ချင်တာတစ်ခု
လည်းပါလေသည်။
ရိုးမှာတော့ ပိုင်ဆိုင်စရာဆိုလို့ ခြေမနဲ့ကော်ထုတ်ရင်တောင်
ကျောက်တုံးကိုအရည်ညှစ်ခါမှ ရေထွက်ကျလာဦးမည်။ဘာဆို
ဘာမွ မရှိတဲ့တောသားတယောက်ကတော့ ထုတ်ပြစရာဆို
တာဘာမျှမရှိချေ။ယခုလည်း မေမေနဲ့သခင်မကြီး မသိခင်ရိုး
ခိုးထြက္လာရေပမဲ့ စိတ်ထဲပျော်မြူးမိတာအမှန်ပင်။
ရိုးကို အမိန့်စည်းသာပိုင်သည်...ဘဝ..စိတ်နဲ့ ခန္ဓာကိုယ်ကို
ကအစ အမိန့်စည်းကပိုင်တယ်ဆိုတာသိသလို ကြောက်
လည်းသိပ်ကြောက်ပေမဲ့ ယခုအချိန်မှာ အအော်ငေါက်ခံရမဲ့
အတူတူ ရိုးအပြင်ကိုမိုက်ရူးရဲစွာ ခိုးထွက်လာခြင်းပင်။
ဒီအတွက် ဒေါ်လေးနွယ်တိူ့တာဝန်လုံးဝမရှိအောင် ရိုးဘာသာ
တာဝန်ယူခံမည်ဟု ဆုံးဖြတ်ထားပြီးသားပင်။
"ဟို..တစိတ်လောက်ရှင့်"
အကောင်းစားကားကြီးဟု ထင်ရလောက်တဲ့ကားက ရိုးတို့
ရှေ့မှာ ရပ်လိုက်ပြီးချင်းမှာပင် ကားမှန်ကိုအသာအယာချပြီး
အတွင်းထဲမှ မိန်းကလေးတယောက်ရဲ့ခပ်ချောချောမျက်နှာ
လေးကထွက်လာလေ၏။
"ဘာပြောမလို့လဲဟင်"
"ပန်းရဂုံစံအိမ်ကိုသွားချင်လို့...လမ်းညှွန်ပေးလို့ရလား"
"ရတာပေါ့...ဒီလမ်းရှေ့တည့်တည့်သွားပြီး...ညာကိုချိုးလိုက်....ပိတောက်ပင်ကြီးက ခြံရှေ့မှာရှိလိမ့်မယ်...ပန်းရဂုံစံ
အိမ္ဆိုတဲ့ စာတန်းကြီးကထင်းလို့"
ရိုးကတော့ ဝမ်းသာအားရဖြင့် ရွှင်ပျစွာ အားရပါးရနဲ့ကိုပြော
ပြလိုက်လေသည်။
"Thankyou....ရော့...ဒီမှာမင်းအတွက်"
လက်ဆင့်ကမ်းပေးတဲ့ ပိုက္ဆံကို ရိုးမှာ တအံ့တသြကြည့်ရင်း
အပြုံးလေးနှင့်ပင် လက်တကာကာနှင့် ငြင်းပယ်ရှာ၏။
"မလိုဘူး...မလိုပါဘူး"
"ယူပါ...တို့က ကျေးဇူးကြွေးအတင်မခံချင်လို့"
"ဟင့်အင်း...ရိုးကသဘောရိုးနဲ့ပြောပြတာလေ...အပင်ပန်း
ကြီးတာမှမဟုတ်တာ...ဒီတိုင်းသာမာန်ပြောပြရုံတင်ဥစ္စာ"
"ဟုတ်သားပဲမိန်းကလေးရယ်...ပန်းရဂုံစံအိမ်ကိုသွားမှာမ
လား...ဒါဖြင့်သွားတော့လေ."
ဟု ဒေါ်လေးနွယ်ကဝင်ပြောလိုက်လေသည်။
"ထားလိုက်ပါ ပန်းချီရယ်...သူလည်း ဒီတိုင်းမသိလို့ပြောပြ
တာပဲဥစ္စာ...ဟိုမှာအမိန့်စည်းက စောင့်နေတာမလား...သူပဲ
အမိန့်စည်းနဲ့ပြန်တွေ့ရမှာမလို့ ယွနေပြီးတော့"
"ကောင်မနော်....ဖဲ့နေလိုက်သိလား..ထားပါတော့ကျေးဇူး
နော်"
ထိုမျှသာပြောရင်း နှုတ်ဆက်ကာထွက်သွားတဲ့မိန်းမလှလေး
နှစ်ယောက်ကို ရိုး နှုတ်ခမ်းလေးဆူကာ ရပ်ကြည့်နေလိုက်
၏။
တရွေ့ရွေ့ထွက်ခွာသွားတဲ့ ကားကိုငေးကြည့်ရင်းပေါ့။
ရိုးရဲ့ ရင်ထဲနှလုံးသားထဲမှာတော့ အမိန့်စည်းဆိုတဲ့နာမည်
လေးကြားရရုံနဲ့တင် ထိတ်ထိတ်ပြာပြာဖြစ်သွားရတဲ့အထိပင်။
အမိန့်စည်းက ရိုးရဲ့ယောကျ်ားပါဟု ပြောလိုက်ချင်ပေမဲ့ ရိုး
ကဟန်ဆောင်နေရတဲ့သူပေပဲမလား။ရိုးမှာ လုပ်ပိုင်ခွင့်ပြော
ပိုင်ခွင့်ဆိုတာမရှိ။
ကားပေါ်ပါလာတဲ့ မိန်းကလေးနှစ်ယောက်အနက် ပန်းချီဆို
တဲ့မိန်းကလေးကပိုချောပိုလှသလို အရှေ့တိုင်းလည်းဆန်
လွန်းပေသည်။ ရွှေဝါရောင်ဆံပင်အလိပ်ကြီးနှင့် မီးခိုးရောင်
မျက်ဝန်းတွေကသိပ်လိုက်ဖက်လွန်းလေသလို စတော်ဘယ်
ရီရောင်နှုတ်ခမ်းကလည်း ဆွဲဆောင်မူရှိတယ်ဆိုတာ ရိုးမငြင်း
ပါဘူး။
"ဟွန့်....မိန်းကလေးတွေများလည်းနော် သခင်လေးအမိန့်
က် ဖြစ်ပျက်နေလိုက်တာ မိန်းမဖြစ်တဲ့မမလေးအရှင့်ကိုကျ
သိတောင်သိဖော်မရဘူး...အံသြပ...သခင်လေးအမိန့်က
လည်းနော်....နည်းနည်းပါးပါးပြောပြမထားဘူးလားမသိဘူး
မမလေးအရှင်နေရာမှာ...ကျွန်မသာဆိုရင်"
"ထားလိုက်ပါ....ရိုးမှမလှပဲလေ...ဘယ်လိုချင်ပါ့မလဲ"
ညိုးငယ်နွမ်းလျတဲ့ နေထိပန်းကလေးပမာ ခြင်းတောင်းလေး
ကိုဆွဲရင်း ဖြည်းညှင်းစွာ လမ်းလျှောက်လာလိုက်လေသည်။
"ဒီမွာ"
"အမိန့်စည်းကို မေးမလို့လားဟင်"
"ကျစ်!!...ဘာတွေလာကြောင်နေတာလဲ..မင်းဟိုနေ့ကငါ့ခြံ
ထဲ သရက်သီးပြုတ်ကျလို့ဆိုပြီး သောင်းကျန်းနေတဲ့မိန်းက
လေးမဟုတ်လား"
ရုတ်တရက် ဘယ်ကမှန်းမသိတဲ့ယောကျ်ားသားတစ်ယောက်
က ထိုစကားဆိုလာလေတော့ ရိုးကြောင်တောင်တောင်လေး
ဖြင့် ခြင်းတောင်းလေးကို ရင်ဝယ်ပိုက်ပြီး ဟုတ်သလိုမဟုတ်
သလိုလိုဖြင့် ဘုမသိဘမသိခေါင်းငြိမ့်ပြလိုက်လေသည်။
"မင်းသရက်သီးတွေ ဘယ်နေ့လာယူမှာလဲ...အဲ့နေ့ညနေက
ပဲငါခြုံတွေရှင်းရင်း တွေ့လို့...ဒါပေမဲ့အခုလောက်ဆိုနွမ်းနေ
ရောပေါ့...စားလို့တော့ရပါသေးတယ်"
"မယူတော့ဘူး"
ဘယ်လိုမိန်းကလေးပါလိမ့်...နုံတုံတုံအတတနှင့် မထုံတတေးဆိုဒ်ဖြင့် မဝတ်တတ်မစားတတ်မပြင်မဆင်တတ်
မျက်နှာပေးလေးက ထင်ရှားနေပေ၏။
"ယူချင်တုန်းကတော့ သေမလိုအတင်းလူကိုခိုင်းပြီးအခုကျ
မယူတော့ဘူးဆိုတော့"
"ရိုးနဲ့မတည့်လို့ပေါ့...ရိုး သရက်သီးထပ်စားလို့မရလို့...ဒါပဲ
မလား...စားချင်ရင်ယူထားလိုက်"
ဘုဘောက်စကားလိုမျိုးပြောပြီး ဘာမဟုတ်တဲ့သရက်သီးတွေ
ကိုတွေ့လို့ပြန်ပေးရသေး...အခုကျသူ့ကိုတောင်ပြန်ပေးနေ
လိုက်သေး၏။
မသိရင်ပဲ ဒီက သူ့ဆီကတောင်းစားသလိုလိုနဲ့ ဘယ်လိုမိန်းက
လေးပါလိမ့်...လူကိုလည်းစိတ်ရှုပ်သလို စိတ်မရှည်သလိုဖြင့်
အဟက်....ဒီလိုလာကျောလို့တော့ ဂျူးနသန် တို့ကလက်ခံ
လိမ့်မည်မဟုတ်။
"ဖယ်...ရိုးကိုလွှတ်...အခုလွှတ်"
"မလွှတ်နိင်ဘူး...မင်းအခု ငါ့အိမ်ကိုလိုက်ခဲ့ပြီး မင်းရဲ့သရက်
သီးကိုလိုက်ယူရမယ်"
"အို...မယူတော့ပါဘူးပြောနေတာမကြားဘူးလား၊ ကိုယ့်ဘာ
သာစားလိုက်ပါလားလို့...လွှတ်စမ်းပါ"
"လုံးဝမလွှတ်ဘူး...အခုချက်ချင်းသရက်သီးလိုက်ယူမှလွှတ်
ပေးမယ်...မင်းသရက်သီးကို ငါကဘာလုပ်ရမှာလဲပြော"
"လုပ်ချင်သလိုလုပ်...ဖင်ကသွပ်သွပ်..ခေါင်းကသွပ်သွပ်..
ကြိုက်သလိုလုပ်လိုက်...ရိုးကို လွှတ်လို့ပြောနေတယ်နော်"
"လွှတ်ပေးလိုက်ပါငါ့တူရယ်...လမ်းမကြီးမှာအမြင်လည်းမ
သင့်ပါဘူး...ရိုးက တကယ်ထပ်စားလို့မရတော့လို့ပါ"
"မမလေးအရှင်ကို လွှတ်ပေးပါလိုက်ပါ...အမေလး မိုးမီး
လောင်တော့မှာပဲ"
ဟု ဘေးကပါလာတဲ့အန်တီကြီးနှင့် ကောင်မလေးတွေကဝိုင်း
ပြောရှာလေသည်။
အကြောက်အကန်ရုမ်းကန်နေတဲ့ ထိုမိန်းကလေးကို အစက
မခံချင်စိတ်နဲ့ လက္ကိုဆြဲပီး စနောက်မိပေမဲ့ သူမရဲ့မျက်ဝန်း
မွ အုံ့တတ်လာတဲ့ မျက်ရည်စတွေကိုတွေ့ရချိန်မှာတော့ သူ
ကိုယ်တိုင် အယောင်ယောင်အမှားမှားဖြင့် လက်အားလွှတ်
လိုက်မိလေသည်။
သူ့ကို ဘာစကားမှထပ်မပြောပဲ သူကိုင်ထားမိခဲ့တဲ့ လက်
ကောက်ဝတ်ကို ဖိကိုင်ရင်း စူးစိုက်ကြည့်လေသောမျက်ဝန်း
တွေဖြင့်သာတုန့်ပြန်ကာ အောက်နှုတ်ခမ်းကိုဖိကိုက်၍ အမြန်
ထွက်သွားလေတော့၏။
"အရှင်...အရှင်"
ထိုမိန်းကလေးနောက် ပြေးလိုက်သွားကြတဲ့ကောင်မလေး
တွေမှာလည်း သူ့အားမျက်စောင်းထိုးသူကထိုး..နှုတ်ခမ်းရွဲ့
ပြသူကရွဲ့ပြနဲ့ ပြေးလိုက်သွားကြလေသည်။
စိတ်လိုက်မာန်ပါ မခံချင်စိတ်နဲ့ သူ့အားမသိကျိုးကျွန်ပြူတဲ့
သူမဆီက မျက်ကွယ်ပြုခြင်းကိုမခံနိင်တာကြောင့် လုပ္မိ
လိုက်တဲ့အရာက မှားယွင်းသွားပြီလားပင်မသိတော့။
....................
"အရှင်...ဘာဖြစ်သွားသေးလဲလက်က...အဲ့ကောင်လေးက
လည်းကွယ်...သူ့အားကြီးနဲ့"
"ဟုတ်ပ့ဒေါ်လေးရယ်...မစာမနာ...ယောကျ်ားကြီးဖြစ်ပြီး"
"ထားလိုက်ပါဒေါ်လေးနွယ်...အခုကအရှင်တို့ ဈေးကိုဘယ်
လိုသွားကြမလဲဟင်..ဒီပတ်ဝန်းကျင်ကို တခါမွမေရာက္ဘူးဖူး
ဆိုတော့"
"လိုင်းကားစီးသွားရမှာ...အရှင်"
"ဈေးကအဲ့လောက်တောင် ဝေးလို့လား၊ ရေတစ်တန် ကုန်း
တစ်တန်နဲ့"
ဖြစ်သွားတဲ့ပြသနာကို အမူမထားပဲ မျက်နှာလေးပြူံးရွှင်လာ
တဲ့ပါးချိုင့်ပိုင်ရှင်လေးကြောင့် အခုမှစိတ်သက်သာရာရမိလေ
သည်။ အခုနကမ်ားဆို ရိုးရဲ့မျက်နှာလေးက ညိုးငယ်နေတာ
မ်ား မကြည့်ရက်စရာ။
"လိုင်းကားစီးတတ်တယ်မလား...မမလေးအရှင်"
"ဒါမ်ား..ရိုး...အဲ...အရှင်က ကျွမ်းပြီးသားပါနော်၊ဘယ်နံပါတ်စီးရမလဲသာပြောပြ"
"နံပါတ်....92...မမလေးအရှင်"
ပန်းရဂုံစံအိမ်ကြီးက သီးသန့်နေရာတစ်ခုလိုဖြစ်နေတာမို့အနီး
အနား၌ မည်သည်မျှ အထွေအထူးမရှိ၊ ဇိမ္ခံ အပန်းဖြေတဲ့
စံအိမ်ကြီးပမာနဲ့တူလွန်းလှတာမို့ ကိုယ်ပိုင်ရပ်ဝန်းလေးတစ်
ခုဖြစ်နေတာဖြစ်လို့နေ၏။ ဒါမို့ တစ်နေရာကိုသွားမည်ဆိုပါက
အနည်းငယ်တော့ ကွာဝေးလေသည်။ဒါကလည်း ပန်းရဂုံက
လူတွေအတွက်တော့ လြယ္ကူတဲ့အရာပါပဲ ဘာလို့ဆိုကိုယ်
ပိုင်ဇိမ်ခံကားတွေ ဒါဇင်နဲ့အမျှရှိသလို ဒရိုင်ဘာတွေကလည်း
ကားတစ္ခုစီမွာ တယောက်ချင်းစီသီးသန့်ခန့်ထားတာကြောင့်
ကိုယ်သွားချင်တဲ့ခရီးက လွယ်လင့်တကူ။
"ဟိုမွာ...92 နံပါတ်နဲ့ကားမလား အရှင်"
"ဟုတ်တယ်...ဟုတ််တယ် တတ်တတ်"
ကားပေါ်အလုအယက်တတ်တဲ့ လူအများကြားတိုးဝှေ့ရင်း
ရိုး တီရှပ်အကျီအိတ်ထဲက နွမ်းပါးပါးပိုက်ဆံလေးကိုထုတ်
ကာ ကားခထည့်လိုက်ပြီး လှုပ်ရမ်းနေတဲ့ကားထဲ မပြိုလဲမ
ယိုင်လဲအောင် မနည်းကိုင်ထားရ၏။
ကိုယ်တိုင်က ကြွားထားပြီးပြီမလား လိုင်းကားစီးရတာကျွမ်း
တယ်ဆိုပြီး....အမွန္က ကျွမ်းသလိုမကျွမ်းသလိုနှင့် မမဆောင်းရယ်။
ကားစီးရင်လည်း အရမ်းမူးတတ်တာ ဒါမို့ ဒေါ်လေးနွယ်ကအ
တွင်းသိအဆင်းသိမို့ တားနေပေမဲ့ ရိုးက ပန်းရဂုံကနေ စိတ်
ပြေလိုပြေငြား ကိုယ့်ဆန္ဒနဲ့ကိုယ်ခိုးလိုက်လာတာဆိုတော့
လည်း အသံမထွက်ရဲ။
"ဒေါ်လေးနွယ်"
ဟု ပြောတော့ ခေါင်းပေါ်ရုံလေးညှပ်နေရှာတဲ့ ဒေါ်လေးနွယ်
ကလှမ်းကြည့်ရှာ၏။
"ဘယ်ကိုသွားမှာလဲဟင်"
"သင်္ကန်းကျွန်းကို မမလေးအရှင်"
"မမေ့နဲ့ဦးနော်အရှင် ကားစပယ်ယာကိုပြောပြထားလိုက်"
ရိုးက အရှေ့ဆုံးရောက်နေတာမို့ ရိုးကတာဝန်ရှိတဲ့လူလိုလို
မို့ ရိုးကိုစိတ်ချစမ်းပါဟု သတ္တိရှိတဲ့အကြည့်နဲ့ခေါင်းညိမ့်ပြ
လိုက်၏။
ရိုးကမန္တလေးသားပေမဲ့ ရန္ကုန္က လိုင်းကားတွေတော့စီး
တတ်ပါသေးတယ်နော်။
"ဟို...ကားစပယ်ယာကြီး ရိုးတို့သွားချင်တဲ့နေရာကိုရောက်
ရင် အသိပေးပါဦးနော်"
"ဘယ္ကိုသြားမွာလဲ...တူမကြီးတို့က"
"သချိုင်းကုန်းပါ"
ဟု ပြောလိုက်ပြီးမှ မွားထြက္သြားတဲ့ပါးစပ္ကို အမြန်ပိတ်ပြီး
အားနာတဲ့မျက်ဝန်းလေးဖြင့် စပ်ဖြဲဖြဲလုပ်ရင်း အပေါ်ဝတ်အ
ကျီအကွက်တီရှပ်လေးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ
"ဘွာတေး..ဘွာတေး...သင်္ကန်းကျွန်းလို့ပြောတာ"
ဒေါ်လေးနွယ်မှာတော့ ဖြစ်ရမယ်ရိုးရယ်ဆိုတဲ့အကြည့်နဲ့သက်
ပြင်းချတာတွေ့လိုက်လေသည်။ အိမ်စေကောင်မလေးတွေမှာ
လည်း ရိုးရဲ့စကားအမှားလေးကို သဘောကျစွာရယ်မောနေ
ပါ၏။
ရိုးမှာလည်းလေ တနေ့တနေ့မလွဲရရင်မနေနိင်တဲ့ ကံမ်ားပါ
လားပဲနော်။
...................
"ချီးပေ..ဘယ်ရောက်သွားလဲ"
ခါးထောက်ပြီး မျက်မှောင်ကြီးကျုတ်လို့ အလိုမကျတဲ့မျက်နှာ
ကြီးကထင်းလို့ အခန်းထဲ ဒုန်းဆိုင်းဝင်လာတဲ့ အမိန့်စည်း။
"ဘယ္က ချီးပေလဲသားအမိန့်"
"ဘယ်သူရှိရဦးမှာလဲ...မေမေတို့ရဲ့ချွေးမပြသနာချီးပေလေ"
"ဟယ်....အမိန့်ရယ်...ကိုယ့်မိန်းမကိုယ် အာ့လိုပြောရလား
သူလေးကြားရင် စိတ်မကောင်းဖြစ်နေပါ့မယ်"
"ကျစ်!စိတ်ရှုပ်စရာ...သူလောက်ညစ်တီးညစ်ပတ်နိင်တာသူ
ပဲရှိတယ်...အနားကပ်ရင် ချဉ်စူးစူးအနံ့နဲ့ ပြသနာကလည်း
တနေ့တမျိုးမရိုးရဘူး...ကျွန်တော်ကွာရှင်းမယ်ဆိုတော့လည်းနေ့ရွှေ့ညရွှေ့နဲ့"
အမိန့်ကိုကြည့်ရင်း ညှိနိူင်းလို့ရအောင် ဘယ်လိုလုပ်ရမလဲပင်
မသိတော့....ထိုကောင်လေးကိုလည်း အမိန့်နဲ့အဆင်ပြေစေ
ချင်မိသည်...ကောင်လေးကအရိုးခံလေးပါ...သူမကေတာ့
ရှင်းသည်...သားယောကျ်ားလေးမှ မြေးအဖြစ်လိုချင်သည်မ
ဟုတ်...အခုလည်းမြေးမလေးရှိနေပြီမို့ အမိန့်စည်းကိုထိန်း
ကျောင်းနိင်သည့် သူကိုပဲ လိုချင်မိသည်။
"ဖြည်းဖြည်းပေါ့အမိန့်ရယ်...အတွင်းကျကျလေ့လာရင်သူ
လေးကိုကွာရှင်းချင်မှာတောင်မဟုတ်ဘူး"
"ကျွန်တော်ဒီကိုလာတာ သူ့ကိုကွာရှင်းဖို့သက်သက်ပဲမေမေ
သူက မျက်စီထဲလုံးဝအပိုးမကျိုးသလို...ကျွန်တော်အကြိုက်
တွေ့တဲ့အရည်အချင်းကိုရှိမနေတာ....မေမေတို့သာ ပြောပြီး
သားကတိကိုမမေ့ပါနဲ့...ကျွန်တော်သမီးကိုလည်း မေမေတို့
အရိပ်အောက်မှာ စောင့်ရှောက်ထားတာမကြိုက်ရင် ကျွန်တော်ပြန်ရင် ခေါ်သွားဖို့ ဝန်လေးနေမှာမဟုတ်ဘူး"
"အမိန့်...မေမေပြောတာ"
"တော်ပြီမေမေ...ကျွန်တော်သူ့ကိုမရရအောင်ကွာရှင်းမှာ...
ဘယ်သူမှတားပိုင်ခွင့်မရှိသလို ဟန့်တားလို့ရမှာလည်းမဟုတ်
ဘူး...ပြီးမှ ကျွန်တော်ကိုရိုင်းတယ်တော့မပြောနဲ့"
ပြတ်သားလွန်းပြီး ဇွတ်တရွတ်ဆန်လွန်းတဲ့ အမိန့်ဘက်က
ကြည့်ရင်လည်း အျပစ္မဆိုသာ...သူ့မှာလည်း 18နှစ်အရွယ်
သာသာ ဆယ်ကျော်သက်လေး....အဘွားဖြစ်သူရဲ့ဖိအား
ပေးမူကြောင့်သာ သုတ်ပိုးပေးခဲ့ပေမဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့
ဘယ္လိုမွ ကလေးအဖေဖြစ်ချင်လိမ့်မလဲ။ ပညာတတ် ဉာဏ်
ကောင်းလွန်းပြီး နိင်ငံခြားမှာကျောင်းတတ်နေတဲ့အမိန့်က
ပြင်သစ်ဘာသာစကားနဲ့အင်္ဂလိပ်စကားကို မိခင်ဘာသာစ
ကားကဲ့သို့ ရေရေလည်လည်ပြောတတ်၏။ ပြီးတော့ဒီအရွယ်
လေးဆိုတာ ပျော်ပါးလို့ကောင်းတုန်း...မိုက်ရူးရဲဆန်လို့အ
ကောင်းဆုံးအရွယ်ပင်။
ပိုဆိုးသည်က အမိန့်စည်းက ခေတ်လူငယ်ပညာတတ် သိပ်
ခေါင်းမာလွန်းပြီး ဘယ်သူကိုမှဂရုမစိုက် သူလုပ်ချင်ရာပဲသူသိ
သလို ဘယ်သူဘာဖြစ်ဖြစ် သူဖြစ်ရာပဲဇွတ်တရွတ်လုပ်တတ်
တာမို့ ရန်ပွဲတွေလည်းခဏခဏ...အဘွားဖြစ်သူကတောင်
လက်လွှတ်ထားရလောက်တဲ့ထိ..ယခုတောင်ရောဂါကိုအ
ကြောင့်ပြပြီး ကြံဖန် သုတ်ပိုးယူထားရခြင်းသာ။
ရင်တမမနဲ့ အမိန့်နဲ့ သခွပ်ရိုးတို့ အမြန်နီးစပ်ဖို့ကိုပဲ ဆုတောင်းနေရလေတော့၏။
...............
"ခင်ဗျားဘယ်သွားသေနေလို့ အခုမှဝင်လာတာလဲ"
"........"
ဈေးကပြန်လာပြီး ခေါင်းကမူးတူးတူးဖြစ်နေလို့ အခန်းထဲ
ဖြည်းဖြည်းလေး မသိမသာဝင်လာပါတယ်ဆိုမှ ပိတ်အော်
လိုက်တာကြောင့် ကားမူးပင်ပျောက်သွားကာ အခန်းထောင့်
လေးနားပြေးကပ်သွားလိုက်လေသည်။
"ပြောလေ!! ကျုပ်ကိုဒေါသထွက်ရအောင်မလုပ်နဲ့...ခင်ဗျား
ကိုသတ်ပစ်ဖို့ဝန်မလေးဘူး နားလည်လား"
"သတ်လေ...သတ်ပေါ့...အရှင်မှ ကိုယ့်ကိုကိုယ်မပိုင်တာ"
"စောက်သက်ကကြီးနေပြီ...မျက်ရည်ကလွယ်လိုက်တာ
ကျုပ်ကိုစောက်မြင့်ကပ်အောင်လာမလုပ်နဲ့...ကျုပ်စကား
တစ်ခွန်းပြောရင် အဲ့စကားကိုနားထောင်နေလိုက်"
"အခုကော နားမထောင်နေလို့လား..အရှင် ဘာအမွားလုပ္မိ
လို့လဲ"
"shit!! ကျုပ်ကို ပြန်အာမခံနေနဲ့...ခင်ဗျားကိုကျုပ်ပိုင်နေ
သေးသရွေ့ ခင်ဗျားခန္ဓာကိုယ်ကို တစ်စစီဆုတ်ဖြဲလို့ရတယ်
ရှင်းလား"
ရိုးမှာ ငိုမိဖို့မျက်ရည်တွေ က်မိရာမွ သူ့ရဲ့ဒေါသတကြီးအော်
သံတွေကြောင့် ထွက်နေတဲ့မျက်ရည်တွေပင်ပြန်ဝင်ခါနီးဆဲဆဲ
ရိုးမှာ သူ့ကိုကြောက်လိုက်ရတာဆိုတာလေ။
မသိရင်သူကပဲ အကြီးလား...အငယ်လားမတွေးတတ်တော့။
"လီးပဲ!! ငိုလေ...ငိုစမ်း..ဟမ်!ခင်ဗျား"
အနားသို့ ဒုန်းဆိုင်းရောက်လာတဲ့ အမိန့်စည်းက ရှေ့ကခံနေ
တဲ့စားပြဲကို ခြေထောက်နဲ့ပိတ်ကန်ထုတ်လိုက်ပြီး ဒေါသတ
ကြီးဖြင့်...
"ဒုန်း!"
"မ...မငို...မငိုတော့ဘူး"
"တောက်! ခင်ဗျား ဒီည အခန်းထဲကထွက်ဖို့မစဉ်းစားနဲ့၊ ကျုပ်က ခင်ဗျားကို မသေနဲ့ဆိုရင်တောင်သေရာကပြန်ရှင်လာ
ရမှာဖြစ်သလို ကျုပ်သေဆိုမှသေရမယ် နားလည်လား ဒေါ်ရှင်မှုန်းနံ့သာ"
ငိုသံထွက်လုဖြစ်နေတဲ့ နှုတ်ခမ်းကို လက်နှစ်ဖက်ဖြင့်ပိတ်
ထားရင်းမှ ခေါင်းတငြိမ့်ငြိမ့်လုပ်ပြရှာ၏။ သူ့ကိုကြောက်လွန်း
လို့အသံတွေပင်တုန်နေသည်ဆိုတာသိပေမဲ့ သူ့ကိုအထိမခံ
တာသိလေလေ...အနားမှာမနေချင်တာသိလေလေ ဘယ္သူ
ကိုမကျေနပ်မှန်းမသိ မကျေနပ်ဖြစ်မိ၏။
သူ့လို လူတေယာက္ကို မပြောလည်းအနားကပ်နေရမည်။သူ
ဘယ်လောက်ပြောပြော တွယ်ကပ်နေရမည်။ ဒါမို့ဒေါသတွေ
သာပုံချနေမိလေသည်။
ဘာကြောင့်များလဲဆိုတာ အဖြေရှာမရအောင်ခေါင်းခြောက်
လွန်းတာမို့ မစဉ်းစားချင်ပေ။
............
"အရှင်....မေမေနဲ့ခဏလိုက်ခဲ့နော်"
အခန်းထဲ ကုတ်ကုတ်လေးငြိမ်နေတဲ့ သူလေးကိုတွေ့တော့
အမိန့်မေမေက အခန်းထဲကနေ အပြင်သို့အတင်းလာခေါ်
လေသည်။
အမိန့်စည်းအကြောင်းမသိတာလည်းမဟုတ်...အခုလောက်
ဆို ပန်းရဂုံခြံဝန်းကြီးထဲ လူတွေရှုပ်ယှက်ခတ်နေရောပေါ့။
"ဟင့်အင်း...သူကအခန်းထဲကမထွက်ဖို့ မှာသွားတယ်...သူ
သိရင် သတ်လိမ့်မယ်...အရှင် သူကိုကြောက်တယ်"
"မေမေကသူ့ကိုမွေးထားတဲ့သူပါ...မေမေရဲ့စကားကိုသူ
ငြင်းပယ်မှာမဟုတ်ပါဘူး..လက်ခံမှာပါ"
"အရှင်...ကြောက်...ကြောက်တယ်၊ ဘယ်မှမသွားပါရစေနဲ့
ပြီးတော့ အရှင့်ကိုအခန်းထဲကမထွက်ရဘူးတဲ့ သေချာမှာ
သွားတယ်...အရှင့်ကို လူတွေမမြင်စေချင်လို့နေမှာ"
"အမိန့်က အရှင့်ကို မလှဘူး၊ကြည့်မကောင်းဘူးထင်လို့ပါတီ
ပြဲကို မလာခိုင်းတာလို့ထင်နေတာမလား...ဒါဆို အမိန့်ထင်
နေတာမဟုတ်ကြောင်း သက်သေပြရမယ်လေ"
"ဟင်"!
"အမိန့်ရဲ့ အမြင်တွေကို ဖယ်ခွာချချင်တယ်မလား၊ ဒါဆိုမေ
မေပြောတာလက်ခံလိုက်...အရှင်ကို အမိန့်က မုန်းနေတာ
အမြင်ကပ်နေတာမကြိုက်ဘူးမဟုတ်လား"
"ဒါ..ဒါပေမဲ့ အရှင်ကတကယ်မလှတာပါ"
"မေမေ့ရဲ့ဦးဆောင်မူနောက်သာ အရှင်လိုက်ခဲ့၊ အရှင့်ကို
မြင်ပြီး အမိန့်လုံးဝ အံ့သြမှင်သက်သွားစေရမယ်"
မျှော်လင့်ချက်အပြည့်နဲ့ မျက်ဝန်းလေးဖြင့် ရိုး မရဲတရဲခေါင်း
ညိမ့်ပြလိုက်ပေမဲ့ ရင်ထဲ ဖရိုဖရဲဖြင့်တုန်ယင်နေတုန်း။
ဖြစ်ပါ့မလား...ဆိုတဲ့ မေးခွန်းတွေကထပ်လျက်၊ သူ့ကိုလည်း
ကြောက်ရသူမို့ လွန်ဆွဲလျက်။
အမိန့်မေမေရဲ့ ပြင်ဆင်ခြယ်သမူတွေရဲ့အောက် ရိုးငြိမ်ခံရင်း
နာခံနေရပေမဲ့ စိတ်လှုပ်ရှားလွန်းလို့ နှလုံးရောဂါရမတတ်ပင်။
ခြံဝန်းထဲမှ ကြားနေရတဲ့ ဂီတသံအေးအေးက နားထဲမကြား
တစ်ချက်ကြားတစ်ချက်...ပန်းရဂုံစံအိမ်ကြီးမှ အိမ်စေများမှာ
လည်းမအားလပ်ကြ...တည့်ခင်းဧည့်ခံနေတာနှင့်အလုပ်ရှုပ်
နေကြလေ၏။
အမိန့်မေမေ ထုတ်ပြလာတဲ့ ဖိနပ်လေးကိုမြင်ရချိန်မှာတော့
ရိုး ပုံပြင်လေးကိုတောင်သတိရသွားပါရဲ့။
ရိုးက ယောကျ်ားလေးတယောက်ပါ...သို့ပေမဲ့ ရိုး အမိန့်စည်း
ရဲ့နာမည်ကြားရရုံနဲ့တင် လှုပ်ခတ်သွားရလောက်တဲ့ထိရင်ဖိုမိ
တယ်ဆိုတာအမှန်ပါပဲ။
✨✨✨✨✨✨✨
စာရေးတာကြာတယ်ဆိုတာ အခုရောက်နေတဲ့အရပ်ဒေသနဲ့
အလုပ်ကဖုန်းကိုင်ဖို့မလွယ်လို့ပါ...လိုင်းလည်းရပါစေဆု
တောင်းနေရတာအမောပါပဲ။ စာကိုပြန်မစစ်နိင်သလို လက်
တန်းချရေးထားတာမို့ အမှားပါနေရင်နားလည်ပေးပါ။အား
တာနဲ့ရေးမှာမို့ စိတ်မပူပါနဲ့နော်။
واصل القراءة
ستعجبك أيضاً
1.9K 171 13
တကယ်တမ်းတော့ ငါဟာ ဒီလူသားတ‌စ်ယောက်အပေါ်သာ လောဘကြီးခဲ့မိရုံပါ။ ။ [Unicode] တကယ်တမ်းတော့ ငါဟာ ဒီလူသားတ‌စ်ယောက်အပေါ်သာ လောဘကြီးခဲ့မိရုံပါ။ ။ [Zawgyi]
121K 5.9K 36
"Daddy က ငါ့အပိုင်...လာမရှုပ်နဲ့"
444K 23.2K 51
1.7M 17.3K 3
*Wattys 2018 Winner / Hidden Gems* CREATE YOUR OWN MR. RIGHT Weeks before Valentine's, seventeen-year-old Kate Lapuz goes through her first ever br...