Godly Sword System
Chapter 726 မုရွှယ်အာနဲ့ ပြန်ဆုံတွေ့ခြင်း
Translated by Thura
နဂါးဘုရားကျောင်း တပည့်တွေက ယန်ချီကို နှာခေါင်းရှုံ့ပြီး ကြည့်ုလိုက်တယ်။
သူတို့ရဲ့ အမြင်မှာတော့ ယန်ချီက တကယ်ကို ရူးနေတာပါ။
သူသာ ရူးနေတာမဟုတ်ဘူးဆိုရင် ဒီလို စကားမျိုး ပြောမှာ မဟုတ်ပါဘူး။
“ကောင်လေး ငါ မင်းကို အကြံပေးလိုက်မယ် မင်း ဒီကနေ မြန်မြန် ထွက်သွားတော့”
နဂါးဘုရားကျောင်း တပည့်တစ်ယောက်က ယန်ချီကို ပြောလိုက်တယ်။
ယန်ချီကတော့ ဒီစကားကို ကြားပေမယ့်လည်း တည်ငြိမ်စွာနဲ့ သူ့ကို စကားလှမ်းပြောလိုက်တဲ့ နဂါးဘုရားကျောင်း တပည့်ကို ကြည့်လိုက်တယ်။
“မင်းက ဘာကြောင့် မင်းရဲ့ အမြင်နဲ့ ဆုံးဖြတ်တာလဲ”
ယန်ချီက အဲ့ဒီ နဂါးဘုရားကျောင်း တပည့်ကို ပွင့်လင်းစွာ ပြောလိုက်တယ်။
ဒီစကားတွေကို ကြားတော့ အဲ့ဒီ နဂါးဘုရားကျောင်း တပည့်သာမက ကျန်တဲ့ နဂါးဘုရားကျောင်း တပည့်တွေအားလုံး ထိတ်လန့်သွားခဲ့တယ်။
သူတို့တွေက ယန်ချီ ဆိုလိုတာကို တကယ် နားမလည်ခဲ့ပါဘူး။
“ဟား ဟား ဟား ”
နဂါးဘုရားကျောင်း တပည့်တစ်ယောက်က ယန်ချီရဲ့ စကားကြောင့် အေးစက်စက် ရယ်မောလိုက်ပြီး ယန်ချီကို မကျေမနပ်နဲ့ ကြည့်ပြီး ပြောလိုက်တယ်။ “ငါက င့ါရဲ့ အမြင်ကို မယုံကြည်ရဘူးဆိုရင် မင်းရဲ့ အမြင်ကို ယုံကြည်ရမှာလား”
ယန်ချီက သူတို့တွေရဲ့ စကားကြောင့် တိတ်တဆိတ် ခေါင်းခါယမ်းလိုက်မိတယ်။
သူက အမှန်တွေ ပြောနေတိုင်း ဘယ်သူမှ မယုံကြည်ကြလဲဆိုပြီး သိချင်နေခဲ့တယ်။
ရုတ်တရက် သူက ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်နည်းစနစ် မိုးကြိုးမှော်အရိပ်ခြေလှမ်းကို အသုံးပြုလိုက်တယ်။
အဲ့ဒီအတွက် နဂါးဘုရားကျောင်း တပည့်တွေရဲ့ အရှေ့မှာ ပုံရိပ်ယောင်များစွာ ပေါ်လာခဲ့တယ်။
“ဘာတွေ ဖြစ်နေတာလဲ”
နဂါးဘုရားကျောင်း တပည့်တွေလည်း မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ထိတ်လန့်သွားကြပြီး ယန်ချီရဲ့ ပုံရိပ်အစစ်ကို လိုက်ရှာနေခဲ့ကြတယ်။
ဒါပေမယ့် သူတို့တွေက မျက်ကန်းတွေလို ယန်ချီ ဘယ်မှာလဲဆိုတာ ရှာမတွေ့ခဲ့ပါဘူး။
“ဘာတွေ ဖြစ်သွားတာလဲ”
နဂါးဘုရားကျောင်း တပည့်တစ်ယောက်က အံ့သြမှင်တက်စွာနဲ့ ရေရွတ်လိုက်မိတယ်။
“သူက အရမ်း အစွမ်းထက်တဲ့ လူတစ်ယောက်လား။ သူက လိုက်မဖမ်းနိုင်အောင် အရမ်း မြန်ဆန်တာပဲ။ အခု သူက နဂါးဘုရားကျောင်းထဲ ဝင်သွားပြီလား”
အဲ့ဒီစကာကို ပြောပြီးနောက် နဂါးဘုရားကျောင်း တပည့်တွေက အတွင်းထဲ ပြေးဝင်သွားခဲ့ကြတယ်။
သူတို့တွေ အထဲကို ပြေးဝင်သွားတော့ ယန်ချီကို မြင်လိုက်ကြတယ်
ဒီအချိန်မှာတော့ ယန်ချိက နဂါးဘုရားကျောင်း ရင်ပြင်မှာ ရှိတဲ့ တပည့်တွေကို ကြည့်နေတာ မြင်လိုက်ရတယ်။
အဲ့ဒီ ရင်ပြင်မှာ ရှိတဲ့ တပည့်တွေကလည်း ယန်ချီကို အံ့အားသင့်တဲ့ အမူအယာနဲ့ ကြည့်နေခဲ့တယ်။
ဘာကြောင့်လဲဆိုတော့ သူတို့အားလုံးက ယန်ချီရဲ့ အမြန်နှုန်း ကြောက်စရာ ကောင်းပုံကို မြင်လိုက်ရတာကြောင့်ပါ။
ဒီလူရဲ့ အမြန်နှုန်းက အရမ်း ကြောက်ဖို့ ကောင်းတာပဲ။
တပည့်တစ်ယောက်က သတိလက်လွတ်ရေရွတ်နေစဉ်မှာပဲ တပည့်တွေကြားထဲကနေ မိန်းကလေးတစ်ယောက် ထွက်လာခဲ့တယ်။
သူမက ဒဏ္ဍာရီထဲက နတ်သမီးအလား အလွန်တရာ လှပသူ တစ်ယောက်ပါ။
“စီနီယာအစ်မ မု လူတစ်ယောက် ကျွန်တော်တို့ နဂါးဘုရားကျောင်းကို ချိုးဖြတ်ဝင်ရောက်လာတယ်”
နဂါးဘုရားကျောင်း ဝင်ပေါက်မှာ စောင့်ကြပ်နေတဲ့ တပည့်တွေက မိန်းကလေးဆီ ပြေးလာပြီး တိုင်ကြားလိုက်ကြတယ်။
ရင်ပြင်မှာ ရှိတဲ့ တပည့်တွေကလည်း ဒီစကားကို ကြားတော့ အံ့အားသင့်သွားကြတယ်။
“သူတို့ရဲ့ နဂါးဘုရားကျောင်းထဲကို လူတစ်ယောက်က ချိုးဖြတ်ဝင်ရောက်လာတာလား”
သူတို့တွေက နားကြား မှားသလာဆိုပြီး ခံစားမိခဲ့ကြတယ်။
သူတို့တွေက နဂါးဘုရားကျောင်း ကို ရောက်နေတာ ကြာခဲ့ပြီး ဒီလိုမျိုး တစ်ယောက်ယောက်က နဂါးဘုရားကျောင်း ထဲကို ချိုးဖြတ်ဝင်ရောက်တယ်ဆိုတဲ့ သတင်းကို မကြားဖူးပါဘူး။
မုရွှယ်အာက ယန်ချီကို မြင်တဲ့အခါ သူ့ကို သတင်းပို့လာသူရဲ့ စကားတွေကို လျစ်လျူရှုလိုက်တယ်။
သူက ယန်ချီအရှေ့ကို လျင်မြန်စွာ လျှောက်သွားခဲ့တယ်။
“စီနီယာ အစ်မ မု သူက ကျွန်တော်တို့ နဂါးဘုရားကျောင်းထဲကို ချိုးဖြတ်ဝင်ရောက်သူပဲ”
နဂါးဘုရားကျောင်း ဝင်ပေါက်အရှေ့မှာ စောင့်ကြပ်တဲ့ တပည့်က မုရွှယ်အာကို ပြောလိုက်တယ်။
ပြောပြီးနောက် ဝင်ပေါက်မှာ စောင့်ကြပ်နေတဲ့ တပည့်တွေက ယန်ချီရဲ့ မျက်နှာကို လှမ်းကြည့်လိုက်ကြတယ်။
သူတို့တွေက ယန်ချီရဲ့ မျက်နှာ အလွန်တရာ ထိတ်လန့်သွားလိမ့်မယ်လို့ ထင်လိုက်ကြတယ်။
ဒါပေမယ့်လည်း ယန်ချီရဲ့ မျက်နှာက ဒီလောက် တည်ငြိမ်နေလိမ့်မယ်လို့ သူတို့ လုံးဝ မထင်မိပါဘူး။
ယန်ချီကို ကြည့်ရတာ ဘာစကားကိုမှ မကြားသလို ဖြစ်နေခဲ့တယ်။
“စီနီယာ ရှင် ဒီကို ရောက်လာပြီလား”
မုရွှယ်အာက ယန်ချီကို အလွန်တရာ ပျော်ရွှင်တဲ့ အမူအယာနဲ့ ကြည့်လိုက်တယ်။
“ဟူး .. .”
ရင်ပြင်မှာ ရှိနေတဲ့ နဂါးဘုရားကျောင်း တပည့်တွေက မုရွှယ်အာရဲ့ စကားကို ကြားတဲ့အခါ သူတို့အားလုံး ပင့်သက်ရှိုက်မိလိုက်ကြတယ်။
မုရွှယ်အာက ဒီလူကို စီနီယာလို့ ခေါ်လိမ့်မယ်လို့ သူတို့တွေ အိမ်မက်တောင် မမက်ဖူးပါဘူး။
🐱🐱🐱🐱🐱
Godly Sword System
Chapter 727 နဂါးရေကန်ထဲက မုဆိုးဘုရင်ရဲ့တူ
Translated by Thura
ဒီအတွက် နဂါးဘုရားကျောင်း ရင်ပြင်မှာ ရှိတဲ့ တပည့်တွေက တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြတယ်။
စီနီယာအစ်မ မုက စီနီယာက ယန်ချီလို့ ခေါ်လိမ့်မယ်လို့ သူတို့တွေ ဘယ်လိုလုပ်ပြီး တွေးမိမှာလဲ။
“ဖြစ်နိုင်တာက .. .”
“သူတို့အရှေ့မှာ ရှိတဲ့ လူငယ်က အလွန်တရာ အစွမ်းထက်တဲ့ စိတ်ဝိဉာဉ်ပညာရှင်လား”
တပည့်တွေက ဒီအကြောင်းကိုတွေးမိပြီး သူတို့ရဲ့ မျက်နှာထက်မှာ ထိတ်လန့်မှု အပြည့်ဖြစ်သွားခဲ့တယ်။
နောက်ဆုံးမှာတော့ သူတို့အားလုံးက ယန်ချီရဲ့ အမြန်နှုန်းကို စဉ်းစားမိလိုက်တာကြောင့် စီနီယာအစ်မ မုက တကယ်ကို စီနီယာလို့ ခေါ်တာဖြစ်ရမယ်လို့ တွေးမိလိုက်ကြတယ်။
“စီနီယာ ရှင် နဂါးဘုရားကျောင်းကို တကယ် ရောက်လာလိမ့်မယ်လို့ ကျွန်မ မထင်မိဘူး”
မုရွှယ်က ယန်ချီကို ပြုံးပြီး ပြောလိုက်တယ်။
“ငါက ဘာကြောင့်များ နဂါးဘုရားကျောင်းကို မလာရမှာလဲ။ မင်းလည်း သိသာပဲ”
ယန်ချီက မုရွှယ်အာကို ပုံမှန်အတိုင်း ပြောလိုက်တယ်။
မုရွှယ်အာလည်း ယန်ချီရဲ့ စကားကြောင့် အံ့အားသင့်သွားခဲ့တယ်။
သူမက ခဏလောက် စဉ်းစားပြီးနောက် စိတ်ထဲ တုန်လှုပ်သွားခဲ့တယ်။
ယန်ချီက နဂါးဘုရားကျောင်း ကိုလာတဲ့ ရည်ရွယ်ချက်ကို သူမ မှန်းဆမိလိုက်တယ်။
သူမက ယန်ချီကို နဂါးဘုရားကျောင်း မှာ ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် မုဆိုးဘုရင်ရဲ့တူရှိတယ်လို့ ပြောခဲ့ဖူးတာ ပြန်အမှတ်ရလိုက်တယ်။
ဒီအတွက် ယန်ချီတစ်ယောက် နဂါးဘုရားကျောင်း ကို လာတာက မုဆိုးဘုရင်ရဲ့တူကို လာရှာတာ ဖြစ်နိုင်တယ်ဆိုတာ မတွေးကြည့်ပဲ သိနိုင်ပါတယ်။
“စီနီယာ ရှင် ရယ်စရာ ပြောနေတာလား။ အလေးအနက် ပြောနေတာလား”
မုရွှယ်အာရဲ့ ဖြူလွှလွှ မျက်နှာထက်မှာ စိုးရိမ်တဲ့ အမူအယာ ပေါ်လာခဲ့တယ်။
နဂါးဘုရားကျောင်း မှာ မုဆိုးဘုရင်ရဲ့တူ ရှိတယ်ဆိုတာ တကယ်ပါ။
ဒါပေမယ့်လည်း မုဆိုးဘုရင်ရဲ့တူကို ဖမ်းဆီးဖို့က ခက်ခဲလွန်းပါတယ်။
ယန်ချီမပြောနဲ့ နဂါးဘုရားကျောင်း ရဲ့ သခင်တောင်မှာ မဖမ်းဆီးနိုင်ခဲ့ပါဘူး။
“ယန်. . ယန်ချီ ..”
ရုတ်တရက် အိုမင်းတဲ့ အသံတစ်သံကို ယန်ချီ ကြားလိုက်ရတယ်။
ရင်ပြင်မှာ ရှိတဲ့ တပည့်တွေက အသံထွက်ပေါ်ရာဆီကို လှည့်ကြည့်လိုက်ကြတယ်။
သူတို့တွေ လှည့်ကြည့်ပြီးနောက် အံ့သြမှင်သက်သွားခဲ့ကြတယ်။
ဘာကြောင့်လဲဆိုတော့ စကားလှမ်းပြောလိုက်တဲ့သူက အခြားသူ မဟုတ်ပဲ မဟာအကြီးအကဲ ဖြစ်နေတာကြောင့်ပါ။
နဂါးဘုရားကျောင်း မဟာအကြီးအကဲက ယန်ချီဆီကို ပျော်ရွှင်တဲ့ အမူအယာနဲ့ လျင်မြန်စွာ လျှောက်လာခဲ့တယ်။
“ယန်ချီက နောက်ဆုံးတော့ မင်းက ငါတို့ နဂါးဘုရားကျောင်းကို ရောက်လာပြီလား”
နဂါးဘုရားကျောင်း မဟာအကြီးအကဲက ယန်ချီကို ပြုံးပြီး နှုတ်ဆက်လိုက်တယ်။
ဒါပေမယ့်လည်း ယန်ချီအမူအယာကတော့ တည်ငြိမ်နေဆဲပါ။ သူက နဂါးဘုရားကျောင်း မဟာအကြီးအကဲကို ကြည့်လိုက်ပြီး တည်ငြိမ်စွာေ ပြာလိုက်တယ်။
“ကျွန်တော် ဘာကြောင့် နဂါးဘုရားကျောင်းကို ရောက်လာလဲဆိုတာ စီနီယာ သိလား”
ယန်ချီရဲ့ စကားကို ကြားတော့ နဂါးဘုရားကျောင်း မဟာအကြီးတစ်ယောက် အံ့အားသင့်သွားခဲ့ပြီး သူရဲ့ အိုမင်းတဲ့ မျက်နှာထက်မှာ နားမလည်နိုင်မှုတွေ ပြည့်နှက်သွားခဲ့တယ်။
ယန်ချီ ဘာကြောင့် နဂါးဘုရားကျောင်း ကို ရောက်လာလဲဆိုတာ သူ တကယ်ကို မသိပါဘူး။
“ယန်ချီ မင်း ဘာကြောင့်များ ငါတို့ နဂါးဘုရားကျောင်းကို ရောက်လာတာလဲ”
နဂါးဘုရားကျောင်း မဟာအကြီးအကဲက ယန်ချီကို နားမလည်နိုင်စွာနဲ့ ကြည့်ပြီး မေးလိုက်တယ်။
“အခြားတနေရာမှာ သွားပြောရအောင်”
ယန်ချီက ပြောလိုက်တယ်။
နဂါးဘုရားကျောင်း မဟာအကြီးအကဲကလည် လူရိပ်လူကဲ နားလည်တာကြောင့် ယန်ချီ ဘာဆိုလိုချင်တာလဲဆိုတာ နားလည်လိုက်တယ်။
ချက်ချင်းပင် သူက ယန်ချီကို မည်သူမှ မရှိတဲ့ နေရာတစ်ခုဆီကို ခေါ်သွားတယ်။
“ယန်ချီ အခု မင်းဘာကြောင့် ငါတို့ နဂါးဘုရားကျောင်းကို ရောက်လာလဲဆိုတာ ပြောလို့ရပြီလား”
“မုဆိုးဘုရင်ရဲ့တူ .. ”
ယန်ချီက ဘာမှ ကွက်ဝှက်မနေပဲ သူ့ရဲ့ ရည်ရွယ်ချက်ကို အမှန်အတိုင်းပြောလိုက်တယ်။
“ဘာ . . ဘာ .. ”
နဂါးဘုရားကျောင်း မဟာအကြီးအကဲလည်း ယန်ချီရဲ့ စကားကို ကြားတော့ မှင်သက်သွားမိတယ်။
ဘာကြောင့်လဲဆိုတော့ ယန်ချီက နဂါးဘုရားကျောင်း ကို မုဆိုးဘုရင်ရဲ့တူအတွက် ရောက်လာလိမ့်မယ်လို့ မဟာအကြီးအကဲကလည်း မထင်မိလိုက်ပါဘူး။
“ယန်ချီ မင်း .. မင်းက တကယ်ကို မုဆိုးဘုရင်ရဲ့တူကို တကယ်ရှာမလို့လား”
“ဒါက ဘာမျာ းထူးဆန်းနေလို့လဲ”
ယန်ချီက နဂါးဘုရားကျောင်း မဟာအကြီးအကဲကို ပြန်မေးလိုက်တယ်။
နဂါးဘုရားကျောင်း မဟာအကြီးအကဲလည်း အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သက်ပြင်းချကာ ယန်ချီကို ပြောလိုက်တယ်။ “ယန်ချီ မင်း တကယ်ကို မုဆိုးဘုရင်ရဲ့ တူကို တကယ်ရှာမယ်ဆိုရင် အခု ထွက်သွားလိုက်တော့”
“ဘာကြောင့်လဲ”
ယန်ချီက နဂါးဘုရားကျောင်း မဟာအကြီးအကဲကို နားမလည်နိုင်စွာနဲ့ မေးလိုက်တယ်။
“ဘာကြောင့်လဲဆိုတော့ မုဆိုးဘုရင်ရဲ့ တူက နဂါးနတ်ဘုရားရေကန်ထဲမှာ ရှိတာကြောင့်လေ”
“နဂါးနတ်ဘုရား ရေကန်”
ယန်ချီက နဂါးနတ်ဘုရားရေကန်အကြောင်းကို ပထမဦးဆုံး အကြိမ် ကြားဖူးလိုက်တာပါ။
🐱🐱🐱🐱🐱
Godly Sword System
Chapter 728
Translated by Thura
ယန်ချီက နဂါးနတ်ဘုရားရေကန်နာမည်ကို ပထမဦးဆုံးအကြိမ် ကြားလိုက်ပေမယ်လည်း နဂါးနတ်ဘုရားရေကန်က အလွန် ကြောက်မက်ဖွယ်ရာ နေရာတစ်ခုမှန်း တွေးမိလိုက်တယ်။ အဲ့ဒီလိုမှ မဟုတ်ရင် ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် မုဆိုးဘုရင်ရဲ့တူက ဖမ်းဆီးခံရတာ အချိန်အတော်ကြာလောက်ပါပြီ။
“ယန်ချီ နဂါးနတ်ဘုရားရေကန်ရဲ့ အေးစိမ့်မှုက မင်း ဘယ်လိုမှ မှန်းဆနိုင်မှာ မဟုတ်ဘူး။ တခါက စိတ်ဝိဉာဉ်အင်ပါယာတစ်ယောက် ရေကန်ထဲကို ဆင်းသွားပေမယ့် ရလဒ်ကို မင်းသိလား”
နဂါးဘုရားကျောင်း မဟာအကြီးအကဲက ယန်ချီကို ကြည့်ပြီး မေးလိုက်တယ်။
ယန်ချီကတော့ ဘာထင်မြင်ချက်မှ မပေးခဲ့ပါဘူး။ နဂါးဘုရားကျောင်း မဟာအကြီးအကဲရဲ့ စကားမဆုံးသေမှန်း သူ သိပါတယ်။
“အဲ့ဒီ စိတ်ဝိဉာဉ်အင်ပါယာက အရိုးတောင် မကျန်ခဲ့ဘူး”
နဂါးဘုရားကျောင်း မဟာအကြီးအကဲက ပြောလိုက်တယ်။
ယန်ချီက ဒီစကားကို ကြားတော့ တိတ်ဆိတ်သွားခဲ့တယ်။
“စိတ်ဝိဉာဉ်အင်ပါယာ တစ်ယောက်က နဂါးနတ်ဘုရားရေကန်ထဲမှာ အရိုးတောင် မကျန်ခဲ့ဘူးလား”
အကယ်၍ သူသာ မုဆိုးဘုရင်ရဲ့တူကို ဖမ်းဆီးခဲ့မယ်ဆိုရင် ဒီလို ဒုက္ခမျိုး ရင်ဆိုင်ရမှာပါ။
“ဒင် ကံစမ်းခွင့် ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်”
အဲ့ဒီအချိန်မှာပဲ ရုတ်တရက် စနစ်ရဲ့ အသံက ယန်ချီရဲ့ စိတ်ထဲ ပေါ်လာခဲ့တယ်။
ယန်ချီက အံ့အားသင့်သွားခဲ့တယ်။
“င့ါကံများ ကောင်းနေတာလား”
အဲ့ဒီနောက် ဆက်မတွေးနေတော့ပဲ ကံစမ်းမယ့် အခွင့်အရေးကို အသုံးပြုလိုက်တယ်။
ရုတ်တရက် သူ့စိတ်ထဲမှာ ရှိတဲ့ အဝိုင်းပြားပေါ်က မြားတံလေးက အဆက်မပြတ် လှည့်ပတ်သွားခဲ့တယ်။
စက္ကန့်အနည်းငယ် ကြာတော့ မြားတံလေးက ရပ်တန့်သွားခဲ့တယ်။
“ယန်လုံဆေးလုံး ရရှိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်”
“ယန်လုံဆေးလုံး ဒီဆေးလုံးကို အသုံးပြုလိုက်မယ်ဆိုရင် စိတ်ဝိဉာဉ်ကုန်းမြေမှာ ရှိတဲ့ မည်သည့်အအေးမဆို ခံနိုင်ရည်ရှိပါတယ်”
ယန်လုံဆေးလုံးရဲ့ အညွှန်းကို ကြည့်ပြီးနောက် ယန်ချီတစ်ယောက် အားပါးတရ ရယ်မောလိုက်မိတယ်။
သူ့အနေနဲ့ ကံကောင်းစေတဲ့ မုန့်ကို စားမိသလို ကံက ကောင်းပြီးရင်း ကောင်းနေခဲ့တာပါလားလို့ တွေးနေခဲ့တယ်။
ယန်လုံဆေးလုံးကို ရရှိပြီးနောက် သူ့အနေနဲ့ နဂါးနတ်ဘုရားရေကန်ထဲ ဝင်ဖို့က မခက်ခဲတော့ပါဘူး။
“စီနီယာ ကျွန်တော်ကို နဂါးနတ်ဘုရားရေကန်ဆီကို ခေါ်သွားပါလား”
ယန်ချီက နဂါးဘုရားကျောင်း မဟာအကြီးအကဲကို ပြောလိုက်တယ်။
နဂါးဘုရားကျောင်း မဟာအကြီးအကဲကလည်း အရူးတစ်ယောက်တော့ မဟုတ်ပါဘူး။
ယန်ချီက နဂါးနတ်ဘုရားရေကန်ဆီ သွားကြည့်ရုံပဲလို့ တွေးလိုက်မိတယ်။ ယန်ချီက ဘယ်လောက်ပင် အစွမ်းထက်စေကာမူ နဂါးနတ်ဘုရားရေကန်ရဲ့ ကြောက်စရာ ကောင်းပုံကို သိမြင်သွားခဲ့မယ်ဆိုရင် ဆက်လုပ်ရဲမှာ မဟုတ်ဘူးလို့ ထင်လိုက်မိတယ်။
အဲ့ဒီအတွက် နဂါးဘုရားကျောင်း မဟာအကြီးအကဲက ဆက်ပြီး တွေးမနေတော့ပဲ ယန်ချီကို နဂါးနတ်ဘုရားရေကန်ဆီကို ခေါ်ဆောင်သွားခဲ့တယ်။
သိပ်မကြာမီမှာပဲ နဂါးဘုရားကျောင်း မဟာအကြီးအကဲက ယန်ချီကို နဂါးနတ်ဘုရားရေကန်အရှေ့ကို ခေါ်လာခဲ့တယ်။
ယန်ချီက သူ့အရှေ့မှာ ရှိတဲ့ နဂါးနတ်ဘုရားရေကန်ကို ကြည့်လိုက်တယ်။
စိမ်းပြာရောင် ရေကန်ကို ကြည့်လိုက်ရုံနဲ့တင် အလွန်တရာ နက်ရှိုင်းမှန်း ခံစားမိလိုက်တယ်။
“ဒါက နဂါးနတ်ဘုရားရေကန်ပဲ”
နဂါးဘုရားကျောင်း မဟာအကြီးအကဲက ယန်ချီကို ပြောလိုက်တယ်။
“စီနီယာ ကျွန်တော် နဂါးနတ်ဘုရားရေကန်ထဲ သွားချင်တယ်”
ယန်ချီက ပြောလိုက်တယ်။
“ဘာ .. . ဘာ. .. ”
နဂါးဘုရားကျောင်း မဟာအကြီးအကဲက ဒီစကားကို ကြားတော့ ထိတ်လန့်သွားမိတယ်။ ယန်ချီက ဒီစကားကို ပြောလိမ့်မယ်လို့ သူ မထင်ထားမိဘူးလေ။
“ယန်ချီ မင်း ရူးနေတာလား”
နဂါးဘုရားကျောင်း မဟာအကြီးအကဲက သူ့အနေနဲ့ ယန်ချီကို နဂါးနတ်ဘုရားရေကန်ရဲ့ ကြောက်စရာ ကောင်းပုံကို ပြောနေပေမယ့်လည်း ယန်ချီက နဂါးနတ်ဘုရားရေကန်ကို သွားချင်တုန်းပဲလို့ မထင်မိလိုက်ပါဘူး။
“ကျွန်တော် ရူးနေတယ်လို့ စီနီယာ ထင်နေတာလား”
ယန်ချီရဲ့ နှုတ်ခမ်းထောင်က အနည်းငယ် မြင့်တက်သွားခဲ့ပြီး သူ့ရဲ့ မျက်နှာထက်မှာ တည်ငြိမ်တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။
နဂါးဘုရားကျောင်း မဟာအကြီးအကဲက ယန်ချီရဲ့ အပြုံးကို မြင်တော့ အံ့အားသင့်သွားခဲ့တယ်။
ယန်ချီက ရူးနေတယ်လို့ သူ ခံစားခဲ့ရတယ်။
ယန်ချီသာ ရူးနေတာ မဟုတ်ဘူးဆိုရင် ဘာကြောင့်များ နဂါးနတ်ဘုရားရေကန်ကို သွားမှာလဲ။
“ယန်ချီ နဂါးနတ်ဘုရားရေကန်ရဲ့ အေးစိမ့်မှုက စိတ်ဝိဉာဉ်အင်ပါယာတောင် မခုခံနိုင်ဘူးနော်။ မင်း နဂါးနတ်ဘုရားရေကန်ထဲ ဆင်းမယ်ဆိုရင် သေသွားနိုင်တယ်”
နဂါးဘုရားကျောင်း မဟာအကြီးအကဲက ယန်ချီအနေနဲ့ သူ့ရဲ့ စွမ်းအားကို ယုံကြည်မှု ရှိလွန်းတယ်လို့ သူ တွေးနေခဲ့တယ်။
“သူက သေရမှာ မကြောက်ဘူးလား”
“အင်း ကိစ္စ မရှိပါဘူး။ ကျွန်တော် မကြောက်တက်ဘူး”
ယန်ချီက နဂါးဘုရားကျောင်း မဟာအကြီးအကဲကို ပုံမှန်အတိုင်း ပြောလိုက်တယ်။
ဒီစကားကိုတော့ ကြားတော့ နဂါးဘုရားကျောင်း မဟာအကြီးအကဲကလည်း တိတ်တဆိတ် သက်ပြင်းချမိလိုက်တယ်။
သူက ယန်ချီလို လူအနေနဲ့ သူ့အသက်အန္တရယ်နဲ့ ရင်ဆိုင်ရမယ်ဆိုရင် ကိုယ့်ကိုယ်ကို ကယ်တင်နိုင်လောက်တယ်လို့ တွေးမိလိုက်တယ်။
“မဟာအကြီးအကဲ”
ရုတ်တရက် မုရွှယ်အာရဲ့ အသံကို ယန်ချီနဲ့ နဂါးဘုရားကျောင်း မဟာအကြီးအကဲတို့နှစ်ယောက်လုံး ကြားလိုက်ရတယ်။
🐱🐱🐱🐱🐱
Godly Sword System
Chapter 729 နဂါးဘုရားကျောင်း သခင်
Translated by Thura
ယန်ချီက လှည့်ကြည့်လိုက်တော့ မုရွှယ်အာတစ်ယောက် သူတို့ဆီကို လျှောက်လာတာ မြင်လိုက်ရတယ်။
“မဟာအကြီးအကဲ ဘုရားကျောင်း သခင်က စီနီယာ နဂါးဘုရားကျောင်းကို ရောက်လာတာ သိတော့ သူ့ကို လာတွေ့ပါဦးတဲ့”
မုရွှယ်အာက နဂါးဘုရားကျောင်း မဟာအကြီးအကဲကို ပြောလိုက်တယ်။
ယန်ချီကလည်း သူမရဲ့ စကားကို ကြားတော့ အံ့အားသင့်သွားခဲ့တယ်။
ဒီနေရာက နဂါးဘုရားကျောင်း ဆိုတာကို တွေးလိုက်မိပြိးနောက် နဂါးဘုရားကျောင်း သခင်ဆိုတဲ့ နာမည်ဂုဏ်သတင်းကလည်း လောကအနှံ့ မြင့်မားသော အဆင့်မှာ ရှိသူ တစ်ယောက်ပါ။
ဒီလိုလူမျိုးအကြောင်းကို သူ တခါမှ မတွေးဖူးပါဘူး။
ယန်ချီလည်း ခေါင်းညိတ်လိုက်တယ်။
သူ့အနေနဲက နဂါးဘုရားကျောင်း ကို ရောက်ရှိပြီးတာကြောင့် ကောင်းကင်အဆင့် အဆင့်မြင့် စ်ိတ်ဝိဉာဉ်လက်နက် မုဆိုးဘုရင်ရဲ့တူက ဘယ်လိုမှ ထွက်မပြေးနိုင်တော့ဘူးလို့ တွေးမိလိုက်တယ်။
ပြီးတော့ နဂါးဘုရားကျောင်း ဆိုတာ့ လောကတခွင်မှာ အစွမ်းထက်တဲ့ ဂိုဏ်းတစ်ခုမှန်း သိပါတယ်။
ဒီအတွက် နဂါးဘုရားကျောင်း သခင်ဆိုတာကလည်း အလွန်တရာ အစွမ်းထက်တဲ့ သူမှန်း နားလည်ပါတယ်။
ချက်ချင်းပင် နဂါးဘုရားကျောင်း မဟာအကြီးအကဲက ယန်ချီကို နဂါးဘုရားကျောင်း ခန်းမဆီကို ခေါ်လာခဲ့တယ်။
သိပ်မကြာခင်မှာပဲ ယန်ချီနဲက နဂါးဘုရားကျောင်း မဟာအကြီးအကဲတို့နှစ်ယောက်က နဂါးဘုရားကျောင်း ခန်းမဆီကို ရောက်လာခဲံတယ်။
ဒီအချိန်မှာတော့ ခန်းမထဲမှာ နဂါးဘုရားကျောင်း သခင်နဲ့ အကြီးအကဲများစွာ ရောက်ရှိနေကြတယ်။
ထိပ်ဆုံးပုလ္လင်မှာ ထိုင်နေသူက အဆုံးမရှိတဲ့ လွှမ်းမိုးနိုင်သော အမူအယာ ပျက်နှက်နေခဲ့ပြီး ယန်ချီကို ပေါ့ပါးစွာ ကြည့်နေခဲ့တယ်။
“မင်းက ယန်ချီလား”
“ဟုတ်ကဲ့ပါ”
ယန်ချီက ယဉ်ကျေးစွာ တုန့်ပြန်ပြောဆိုလိုက်တယ်။
ဒါပေမယ်လည်း ထိပ်ဆုံးပုလ္လင်ထက်မှာ ထိုင်နေသူက ကြောက်စရာကောင်းလွန်းတဲ့လူတစ်ယောက်မှန်း ယန်ချီ သိပါတယ်။
သူသာ အဲဒီလူနဲ့တိုက်ခိုက်မယ်ဆိုရင် ဘယ်လိုမှ အနိုင်ရနိုင်မှာ မဟုတ်ပါဘူး။
“ယန်ချီ မင်းက ဟွမ်ဟွိုင်နဲ့ ဂျင်ယွင်တို့ကို အနိုင်ယူလိုက်တယ်ဆိုတော့ အလွန် အစွမ်းထက်တာပဲ”
ရုတ်တရက် နဂါးဘုရားကျောင်း အကြီးအကဲတစ်ဦးက ယန်ချီကို အထင်မြင်သေးစွာနဲ့ ကြည့်ပြီး ပြောလိုက်တယ်။
အဲ့ဒီ နဂါးဘုရားကျောင်း အကြီးအကဲဖြစ်သူက အဆင့် ၉၁ စိတ်ဝိဉာဉ်အင်ပါယာ အဆင့်ပါ။
ယန်ချီက ဘာမှ ပြန်မပြောခဲ့ပါဘူး။
ဘာကြောင့်လဲဆိုတော့ သူက အဲ့ဒီ အကြီးအကဲ ဖြစ်သူနဲ့ အဓိပ္ပါယ်မရှိတာတွေ ပြောမချင်တဲ့ အတွက်ပါ။
ရုတ်တရက် နဂါးဘုရားကျောင်း မဟာအကြီးအကဲက နဂါးဘုရားကျောင်း သခင်ကို ပြောလိုက်တယ်။
“ဘုရားကျောင်းသခင် ယန်ချီက နဂါးနတ်ဘုရားရေကန်ကို ဝင်ချင်နေပါတယ်”
“ဘာ. . ”
ဒီစကားကို ကြားတော့ ခန်းမထဲမှာ ရှိတဲ့ နဂါးဘုရားကျောင်း သခင်နဲ့ အကြီးအကဲတွေအားလုံး မှင်သက်တုန်လှုပ်သွားခဲ့ကြတယ်။
အချိန်အတော်ကြာပြီးနောက် နဂါးဘုရားကျောင်း သခင်နဲ့ အကြီးအကဲတွေအားလုံ သတိပြန်ဝင်လာခဲ့ပြီး ယန်ချီကို အံ့သြမှင်သက်စွာ ကြည့်နေမိကြတယ်။
“ဟား ဟား ဟား ”
နဂါးဘုရားကျောင်း အကြီးအကဲ တစ်ယောက်က ယန်ချီကို နှာခေါင်းရှုံ့ကာ ကြည့်ပြီးေ ပြာလိုက်တယ် ။ “ယန်ချီ မင်း အသက်ရှင်ဖို့ စိတ်မရှည်တော့ဘူးလား။ နဂါးနတ်ဘုရားရေကန်ထဲကိုတောင် ဆင်းရဲနေတယ်ပေါ့”
ခန်းမထဲမှာ ရှိတဲ့ အကြီးအကဲအားလုံးရဲ့ အမြင်မှာတော့ ယန်ချီက တကယ်ကို ရူးမိုက်နေသူလို့ မြင်နေခဲ့တယ်။
ဒါပေမယ့်လည်း ယန်ချီက သူတို့စကားကို မကြားလိုက်သလို အမူအယာက တည်ငြိမ်နေလိမ့်မယ်လို့ သူတို့တွေ မထင်မိပါဘူး။
“ယန်ချီ မင်း ငါပြောတာကို ကြားရဲ့လား”
နဂါးဘုရားကျောင်း အကြီးအကဲက မျက်မှောင်ကြုတ်လိုက်ပြီး ယန်ချီ မကျေမနပ်နဲ့ ကြည့်လိုက်တယ်။
“နဂါးနတ်ဘုရားရေကန်က တကယ်တော့ ဘာမှ ကြောက်စရာ မကောင်းဘူး”
ယန်ချီက ပုံမှန်အတိုင်းပြောလိုက်တယ်။
ခန်းမထဲမှာ ရှိနေသူတိုင်းက ဒီစကားကို ကြားတော့ အားပါးတရ ရယ်မောလိုက်ကြတယ်။
သူတို့အားလုံးက ယန်ချီအနေနဲ့ ကောင်းကင်နဲ့ မြေကြီးအတိုင်းအတာကို မသိဘူးလို့ တွေးမိလိုက်ကြတယ်။ ကောင်းကင်နဲ့ မြေကြီးအတိုင်းအတာကို သိတဲ့ သူဆိုရင် ဒီလို ပြောဆိုမှာ မဟုတ်ပါဘူး။
“ယန်ချီ မင်းက ဘာကြောင့် နဂါးနတ်ဘုရားရေကန်ထဲ ဆင်းချင်ရတာလဲ”
ရုတ်တရက် နဂါးဘုရားကျောင်း သခင်က ယန်ချီကို မေးလိုက်တယ်။
“မုဆိုးဘုရင်ရဲ့တူအတွက်ပါ”
ယန်ချီက ဖြေးညှင်းစွာ ပြောလိုက်တယ်။
“ဘာ .. ဘာ. . ”
ခန်းမထဲမှာ ရှိတဲ့ အကြီးအကဲအားလုံး အံ့သြမှင်သက်သွားခဲ့ကြတယ်။
သူတို့တွေက ယန်ချီကို သေချင်နေတာပဲလို့ ထင်မိလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် မုဆိုးဘုရင်ရဲ့တူကို ရှာတဲ့ သူတိုင်း သေဆုံးသွားတာကြောင့်ပါ။
နောက်ဆုံးမှာတော့ ယန်ချီက နဂါးနတ်ဘုရားရေကန်ထဲ ဘာကြောင့် ဆင်းချင်တာလဲဆိုတာကို သူတို့တွေ နားလည်သွားခဲ့တယ်။
“ဟား ဟား ဟား ”
ဒီအတွက် နဂါးဘုရားကျောင်း အကြီးအကဲတစ်ယောက်က အားပါးတရ ရုတ်တရက်ရယ်မောလိုက်တယ်။
သူ့အနေနဲ့ မွေးကတည်းကနေ အခုအချိန်ထိ ဒီလို ရယ်စရာ ကောင်းတဲ့ စကားတွေကို မကြားဖူးသလို ခံစားနေခဲ့ရတယ်။
🐱🐱🐱🐱🐱
Godly Sword System
Chapter 730 နဂါးနတ်ဘုရားရေကန်ထဲ ဆင်းသက်ခြင်း
Translated by Thura
တကယ်တမ်းလည်း နဂါးဘုရားကျောင်း အကြီးအကဲက ယန်ချီတစ်ယောက် ဒီလို ရယ်စရာ ကောင်းတဲ့ စကားကို ပြောလိမ့်မယ်လို့ မထင်ထားပါဘူး။
ဘယ်လိုပဲ ဖြစ်ဖြစ် ယန်ချီက ဘယ်လောက်ပင်အစွမ်းထက်တဲ့ ပါရမီရှင် ဖြစ်နေပါစေ သူက ဂျူနီယာ တစ်ယောက်လေ။
ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် မုဆိုးဘုရင်ရဲ့ တူကို ဖမ်းဆီးဖို့အတွက် နဂါးနတ်ဘုရားရေကုန်ကို ဆင်းချင်တာလား။
သူ့ရဲ့ အမြင်မှာတော့ ဒီကိစ္စက တကယ်ကို ရယ်စရာ ကောင်းနေခဲ့တယ်။
“ဒါပေမယ့် ယန်ချီ မင်းက မုဆိုးဘုရင်ရဲ့ တူကို ဖမ်းယူနိုင်မှာ မဟုတ်ဘူး”
နဂါးဘုရားကျောင်း သခင်က ယန်ချီကို ပြောလိုက်တယ်။
“ဘာကြောင့်လဲ”
ယန်ချီကလည် နဂါးဘုရားကျောင်း သခင်ကို မေးလိုက်တယ်။
“ဘာကြောင့်လဲဆိုတော့ အဆင့် ၉၆ စိတ်ဝိဉာဉ်အင်ပါယာ ဖြစ်တဲ့ ငါတောင်မှ ဒီနဂါးနတ်ဘုရားရေကန်ရဲ့ အေးစိမ့်မှုကို မခုခံနိုင်ဘူး”
နဂါးဘုရားကျောင်း သခင်က ပြောလိုက်တယ်။
ယန်ချီက သူ့စကားကို ကြားတော့ ဆက်ပြောလိုက်တယ်။
“ဒါပေမယ့် ကျွန်တော်က ခုခံနိုင်တယ်”
ခန်းမထဲမှာ ရှိကြတဲ့ လူတိုင်းက ဒီစကားကို ကြားတော့ နည်းနည်းတော့ ဒေါသ ထွက်သွားခဲ့ကြတယ်။
ဘာကြောင့်လဲဆိုတော့ ယန်ချီက မောက်မာလွန်းတယ်လို့ သူတို့က မြင်နေခဲ့တယ်လေ။
သူတို့တွေက ကိုယ်ပိုင်မျက်စိနဲ့ မြင်ခဲ့ရတာ မဟုတ်ခဲ့ရင် စိတ်ဝိဉာဉ်ကုန်းမြေမှာ ဒီလို မောက်မာတဲ့ လူမျိုး ရှိလိမ့်မယ်လို့ ယုံကြည်ကြမှာ မဟုတ်ပါဘူး။
“ယန်ချီ မင်းကိုယ်မင်း မောက်မာတယ်လို့ မထင်မိဘူးလား”
နဂါးဘုရားကျောင်း အကြီးအကဲ တစ်ယောက်က ယန်ချီကို အေးစက်စက် မေးလိုက်တယ်။
သူ့အနေနဲ့ အသက်နှစ်ဆယ်လောက်ပဲ ရှိသေးတဲ့ ဂျူနီယာတစ်ယောက်က တနေ့မှာ သူတို့ စိတ်ဝိဉာဉ်အင်ပါယာတွေ အရှေ့မှာ မောက်မာရဲလိမ့်မယ်လို့ မတွေးမိထားပါဘူး။
“ပုံမှန်ပါပဲ။ ကျွန်တော်က မောက်မာလွန်းတာ မဟုတ်ပါဘူး ” ယန်ချီက သူ့ကို စကားလှမ်းပြောတဲ့ အကြီးအကဲကို ပေ့ါပါးစွာ ကြည့်ပြီး ပြောလိုက်တယ်။
ဒီစကားကို ကြားတော့ နဂါးဘုရားကျောင်းအကြီးအကဲက ဒေါသအကြီးကျယ် ထွက်သွားခဲ့တယ်။
သူ့အနေနဲ့ မောက်မာသူများစွာကို မြင်ဖူးပါတယ်။ ဒါပေမယ့်လည်း ယန်ချီလို မောက်မာသူကိုကျတော့ ဒီတခါသာ မြင်ဖူးတာပါ။
“ယန်ချီ မင်း နဂါးနတ်ဘုရားရေကန်ကို မဆင်းသင့်ဘူး။ မင်းက ငါတို့ နဂါးဘုရားကျောင်းကို ရောက်လာတယ်ဆိုမှတော့ ကျေးဇူးပြုပြီး ဒီမှာပဲ ပြင်းပြင်းထန်ထန် လေ့ကျင့်ပါလား”
နဂါးဘုရားကျောင်း သခင်က ယန်ချီကို ပြောလိုက်တယ်။
နဂါးဘုရားကျောင်း ရဲ့ ထိပ်တန်း တပည့်ဖြစ်သူ ဂျင်ယွင်တောင်မှ ယန်ချီအရှေ့မှာ သနားစရာ အခြေအနေနဲ့ ရင်ဆိုင်ရမှန်း သူ သိပါတယ်။
ယန်ချီရဲ့ အစွမ်းက ဘယ်လောက်ထိ ကြောက်စရာ ကောင်းလဲဆိုတာ ဘယ်သူမှ မမှန်းဆနိုင်ပါဘူး။
ယန်ချီကိုသာ အချိန်ပေးမယ်ဆိုရင် ယန်ချီက စိတ်ဝိဉာဉ်ကုန်းမြေမှာ အစွမ်းအထက်ဆုံး လူဖြစ်လာနိုင်တယ်ဆိုာ သူ သိပါတယ်။
“ကျွန်တော်က နဂါးနတ်ဘုရားရေကန်ရဲ့ အေးစိမ့်မှုကို မကြောက်ပါဘူး”
ယန်ချီက သူ အမှန်တရားကို ပြောနေပေမယ့်လည်း ဘယ်သူမှ မယုံကြတာလဲဆိုပြီး ကိုယ့်ကိုယ်ကို တွေးနေခဲ့တယ်။
“ဘုရားကျောင်း သခင် ကျွန်တော်တို့တွေ ဒီကိစ္စကို မေ့ထားလိုက်တာ ကောင်းမယ်ထင်တယ်”
နဂါးဘုရားကျောင်း အကြီးအကဲ တစ်ယောက်က နဂါးဘုရားကျောင်း သခင်ကို ကြည့်ပြီး ဆက်ပြောလိုက်တယ်။ “ကောင်းမွန်တဲ့ စကားတွေက နတ်ဆိုးတွေကို မဆွဲဆောင်နိုင်ဘူးလေ”
ကျန်တဲ့ အကြီးအကဲတွေကလည်း ခေါင်းညိတ်လိုက်ကြတယ်။
သူတို့ရဲ့ အမြင်အရ ယန်ချီက သေချင်တဲ့ လူတစ်ယောက်ပါ။
နဂါးဘုရားကျောင်း သခင်က သူတို့စကားတွေကို ကြားတော့ ခေါင်းခါယမ်းလိုက်မိတယ်။
သူသာ တက်နိုင်မယ်ဆိုရင် ယန်ချီကို နဂါးနတ်ဘုရားရေကန်ထဲ မဆင်းစေချင်ပါဘူး။ ဒါပေမယ့်လည်း ယန်ချီက ဆုံးဖြတ်ထားတော့ သူလည်း ဘာမှ မတက်နိုင်ပါဘူး။
“ဒါဆိုရင် ယန်ချီ မင်း နဂါးနတ်ဘုရားရေကုန်ထဲ ဘယ်အချိန် ဆင်းမလဲ”
နဂါးဘုရားကျောင်း သခင်က ယန်ချီကို ကြည့်ပြီး မေးလိုက်တယ်။
ခန်းမထဲမှာ ရှိတဲ့ အကြီးအကဲတွေအားလုံး ယန်ချီတစ်ယောက် ဘယ်အချိန် နဂါးနတ်ဘုရားရေကန်ထဲ ဝင်မလဲဆိုပြီး သိချင်တာကြောင့် ယန်ချီကို ကြည့်လိုက်ကြတယ်။
“အခုပဲ .. . ”
ယန်ချီက ခန်းမထဲက လူတိုင်းက ဖြေးညှင်းစွာ ပြောလိုက်တယ်။
ဒီစကားကို ကြားတော့ နဂါးဘုရားကျောင်း သခင်နဲ့ အကြီးအကဲတွေအားလုံး အံ့အားသင့်သွားကြတယ်။
ယန်ချီတစ်ယောက် အခုချက်ချင်း နဂါးနတ်ဘုရားရေကန်ထဲ ဆင်းချင်နေလိမ့်မယ်လို့ သူတို့အားလုံး မထင်မိလိုက်ပါဘူး။
“ဖြစ်နိုင်တာက. . .”
“ယန်ချီက အသက် မရှင်ချင်တော့တာလား”
ယန်ချီသာ နဂါးနတ်ဘုရားရေကန်ထဲ ဆင်းသွားမယ်ဆိုရင် သေချာပေါက် သေသွားနိုင်တယ်ဆိုတာ သူတို့အားလုံး သိကြတယ်။
“ကောင်းပြီလေ ငါတို့တွေ လိုက်ကြည့်ကြမယ်”
နဂါးဘုရားကျောင်း သခင်က ပြောလိုက်တယ်။
ယန်ချီလည်း ခေါင်းညိတ်ပြလိုက်တယ်။
အဲ့ဒီနောက်တော့ သူက ခန်းမထဲကနေ ဖြေးညှင်းစွာ လျှောက်လှမ်းသွားခဲ့တယ်။
ခန်းမအပြင်မှာ စောင့်နေတဲ့ မုရွှယ်အာလည်း ယန်ချီ ထွက်လာတာကို မြင်တော့ ယန်ချီကို အဆောတလျင် မေးလိုက်တယ်။
“စီနီယာ ရှင် အခု ဘယ်ကို သွားမှာလဲ”