Second Love

Autorstwa Venus-Zozo

37.8K 3.4K 570

zsww,possessive,mpreg Start Date :5.4.23 End Date:... Zawgyi/Unicode Więcej

part-1
part-2
part-3
part-4
part-5
part-6
part-7
part-8
part-9
part-10
part-11
part-12
part-13
part-14
part-15
part-16
part-17
part-19
part-20
part-21

part-18

1.6K 165 23
Autorstwa Venus-Zozo

Unicode!!


တစ်ဇွတ်ထိုးကောင်နှင့် ဖုန်းပြော အပြီး ရိပေါ် စူပုတ်ပုတ်ကလေးဖြင့် ရုံးခန်းထဲ ဝင်သွားလျှင် အထဲတွင် ရယ်မော နေကြသော အားခယ်နှင့် ဦးလေးရွှမ်း တို့ ၅ ဦးက ရိပေါ်ကို ပြိုင်တူ ကြည့်လာကြကာ…

"အိမ်ထောင်ဦးစီးလေးက ဘာများ အမှာတော် ရှိလိုက်ပါလိမ့်ကွာ!"

ပြုံးစစဖြင့် ဦးလေးဝမ်၏ အပြောသည်  ရိပေါ် အား ပြူးတူးပြဲတဲ ဖြစ်သွားစေ၏။ရိပေါ်  မခို့တရို့လေး ပြုံးလိုက်ကာ

"ဟို   အလုပ် အပ် တဲ့သူပါ…ဦးလေးတို့ ထင်သလို မဟုတ်ပါဘူး!"

ရိပေါ်၏ အပြောကို  အားလုံးက  သြ  သြ ဟုသာ ပြော၍ ပြုံးစိစိကြီးတွေ လုပ်နေကြလျှင် ရိပေါ် ရှက်လာရသည်။ရိပေါ် လည်ဂုတ် ဖွေးဖွေးလေးအား  ဘယ်ဖက် လက်ဖဝါးလေးဖြင့် မီးပွင့်မတက် ဖိပွတ်လိုက်မိကာ  အသံတွေပါ တုန်ယင် လာမိသည်က  ရှက်လွန်း၍……

ဒီ လူတွေ  ငါ့ကို ဖုန်းဆက်တာ ငါ့ယောက်ျားမှန်း ဘယ်လို သိသွားကြပါလိမ့်…ငါတောင် သူမှန်း မသိတာ သူတို့ကတော့ အစကတည်းက သိနေသေးတယ်…နေပါဦး ငါ အခု ဟို လူဆိုးကောင်ကို ငါ့ယောက်ျားလို့ တွေးလိုက်မိတာလား!……အာ   ဝမ်ရိပေါ်ရေ  ရှက်စရာကောင်းလိုက်တာကွ!……

"ဟို   ဟို  အရေးကြီး ကိစ္စရှိလို့  ရိပေါ် သွားလိုက်ဦးမယ်…အားခယ်က  လိုတာလေးတွေ  ပြောပေးဖို့ ဒီမှာ နေခဲ့ပါလိမ့်မယ်……သွားလိုက်ပါဦးမယ်ဗျ!"

ရိပေါ်မှာ  မျက်နှာ ပူပူဖြင့်ပင် ရုံးခန်းထဲက မပြေးရုံတမယ် ခပ်သုတ်သုတ်ကလေး ထွက်သွားတော့သည်။ချောင်ထိုး ခံရလို့  ပြိုတော့မယ့် မိုးလို ဖြစ်နေသည့် အားခယ်အားလဲ ရိေပၚ  အားနာမိသော်လည်း  တစ်ဇွတ်ထိုး သမား လူဆိုးကောင် ရှောင်းကျန့် ကိုလည်း လန့်ရသေး၏။

အခန်းထဲကနေ မပြေးရုံတမယ်  ထွက်သွားသည့် ရိပေါ်ကြောင့်  အားလုံး ရယ်လိုက်မိကြသည်။

"သူ့ ခင်ပွန်း ဖုန်းဆက်တာမှန်း  ခင်ဗျားဘယ်လို သိတာလဲ အဖိုးကြီး ဝမ်!"

"အိုက်ယား……ဒီလောက်  နီနီရဲနေအောင် ရှက်တက်တက် မျက်နှာနဲ့ နှုတ်ခမ်းကလဲ စူပုတ်နေသေးတာ  သေချာပေါက် တစ်ယောက်သောသူ ကြောင့်ပဲပေါ့…"

"ဟားဟား………အဲ့တာတော့ ဟုတ်သားဗျ!"

အဖိုးကြီးတွေက အူရွှင်နေသလောက်  မရွှင်နိုင်သူကတော့  ချူးခယ်လေးသာ……

ဝူး  ဝူး  ကောရေ  ဒီအဖိုးကြီးတွေ ကြားထဲ ထားခဲ့ရက်ပြီလား……ဒီအဖိုးကြီးတွေက အစ အနောက် သန်သေးတယ့် အပြင် စကားလဲ များသေး!……ဒီနေ့တော့ ချူးခယ်တို့ ကံမကောင်း ပါလားနော်………





****************

ကားပေါ် တက်လာကတည်းက မိမိကို တစ်ချက်တောင် မကြည့်ဘဲ  ကားမှန်ကနေ တစ်ဆင့် လမ်းတစ်ဖက်ခြမ်း ကို ကြည့်နေသည့် ဝမ်ရိပေါ်ကို ရှောင်းကျန့်မှာ ကားမောင်းနေရင်းမှ  အရိပ်တစ်ကြည့်ကြည့်။

"ခင်ဗျား  ဘာဖြစ်လာတာလဲ ဝမ်ဝမ်!?…ဒါမှမဟုတ်  ကျုပ်နဲ့ လိုက်လာရလို့ ဒီမျက်နှာ ဖြစ်နေတာလား!"

ရိပေါ်  သူ့စကားကြောင့် မျက်နှာကို သူ့ဘက် အမြန်လှည့်လိုက်ကာ…

"အို……ပေါက်ပေါက်ရှာရှာတွေ…"

ရိပေါ်  သူ အထင်မလွဲစေရန် ပြောလိုက်မိ၏။အခုတစ်လော ရိပေါ်လဲ ဘာဖြစ်နေမှန်း မသိတော့။သူ စိတ်ဆိုး၊စိတ်ခု သွားမှာကို မလိုချင်တာမျိုးလေ…

ရှောင်းကျန့်က  သူ(xz)အထင်လွဲမှာဆိုးလို့  အလျှင်အမြန် မျက်နှာလေး လှည့်လာကာ ခပ်ရို့ရို့ ကလေး ပြောနေသည့် ဝမ်ရိပေါ်ကြောင့်  အောက်နှုတ်ခမ်းကိုသာ ကိုက်ထားမိသည်။

ဝမ်ရိပေါ်ကတော့ မျက်နှာကလေး ပန်းနုရောင် ဖျော့ဖျော့လေး သမ်းကာ မျက်ဝန်းအကြည့်လေးတွေကို ဟို ဒီ လွှဲနေလေရဲ့…

နို့!!………ဒါလေး ပြောရုံပဲကို ဒီလောက်ထိ ရှက်စရာ လိုသလားကွာ…

"အဟွန်း~~~"

ပြုံးရယ်ချင်နေသည့် နှုတ်ခမ်းတွေကို အတင်း ချုပ်ထိန်းထားပါသော်လည်း မရပါချေ။ရယ်သံ ကြီးက ထွက်သွားနှင့်ပြီလေ……

ရှောင်းကျန့်၏ ရယ်သံကြီးကို ကြားလျှင် ဝမ်ရိပေါ်က  မျက်ဝန်းကလေးကို ပေစောင်းကလေး လုပ်ကြည့်    ကြည့်နေကာ  နှုတ်ခမ်းကလေးကလဲ အနည်းငယ် ခပ်စူစူကလေး ဖြစ်နေသေး၏။

ဒါက ဘယ်လို ပုံလေး လုပ်နေရပြန်တာလဲကွာ……ဒီ မောင် အသည်းယားရအောင်…

ရှောင်းကျန့်မှာ မချိတင်ကဲ ရေရွတ်မိပြန်ပါသည်။

"ဘာလို့ ရယ်တာလဲ!!   ငါ ပြောတဲ့ စကားလုံး (5)လုံးထဲမယ် ရယ်စရာ ဘာပါသလည်း မင်း ပြော!"

"ဟောဗျာ  မောင် မရယ်မိပေါင်ဗျာ…ခင်ဗျားလေး နားကြားမှားတာ မဖြစ်နိုင်ရော့လား?!"

ကြည့်! ကြည့် !!မရယ်ဘူးဆိုးပြီး ပြီတည်တည် မျက်နှာကြီးက ရယ်ချင်နေတာ အသိသာကြီးကိုများ!  ဟွန့်!

"အို…နားကြားက မှားစရာ အကြောင်းမရှိဘူး!  ပြီးတော့ မင်းရဲ့ နွားပွဲစားကြီးလို ဖြီး နေတဲ့ မျက်နှာကြီးကိုရော ငါက မမြင်ဘူး ထင်နေလား!"

ဝမ်ရိပေါ်၏ ခိုင်းနှိုင်းစကားကြီးကြောင့် ရှောင်းကျန့်မှာ နင် သွား ရသည်။ထို့နောက်  အောင့်သက်သက်ကြီး ပြုံးလိုက်ကာ

"ကိုယ့်ယောက်ျား ကို ဘယ်လိုကြီး နှိုင်းလိုက်တာတုန်းကွာ!"

"ဟွန့်!"

ရှောင်းကျန့်အပြောကို ဟွန့် လုပ်ကာ ဟိုဘက်သို့ မျက်နှာပြန်လှည့်သွားသည့် ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်မှာ တစ်ဟားဟား အော်ရယ်မိတော့တာပါပဲ……




~~~~~~~~~~~~~~~


"ရောက်ပြီ   ဆင်းတော့!"

လူဆိုးကောင်က  ရောက်ပြီ ဆိုတာကြောင့် ရိပေါ် အပြင်ကို ကြည့်လိုက်တော့ ရှောင်း ပဏာမ စံအိမ်လက်အောက်မှ Shopping center တစ်ခု…

"ဒီ ကိုလား?!"

ရိပေါ် ဇဝေဇဝါ ဖြစ်ဟန်လေးဖြင့် မေးလိုက်၏။ထို လူဆိုးကောင်က ကားပေါ်မှ ဆင်းရန် ပြင်နေရာမှ ရိပေါ်ဆီ လှည့်ကြည့်လာကာ…

"အင်း…… ကျုပ် ဒီ နှစ်လ အတွင်း အလုပ်တွေ တအားရှှုပ်နေလို့ ခင်ဗျားကို အချိန် မပေးဖြစ်ဘူးလေ…ဒါကြောင့် ဒီနေ့  လင်မယားနှစ်ယောက် Date မလားလို့လေ!"

ရှောင်းကျန့်၏ လင်မယား ဟူသည့် စကားအသုံးကြောင့် ရိပေါ်  မျက်နှာလေး ရှက်သွေးဖြာသွားရကာ…

"ဘာ  ဘာ ကို လင်မယားလည်း!  ငါတို့ နှစ်ယောက်လုံးက ယောက်ျားတွေ!"

"အမ်း!………ခင်ဗျားက ကျုပ်ကလေးတွေရဲ့ မားမား ဖြစ်လာမှာပဲလေ…ဒီ အသုံးအနှုန်းလေးကို ရှက်မနေနဲ့!…"

(zozo's note:ဆောရီးပါ အိပေါ်က ယောက်ျားလေးမို့  အမှန်တကယ်ဆို ပါးပါးလို့ သုံးရမှာပေမယ့် ဇာတ်လမ်းအနေအထားလေးက အိပေါ်ကို  ဇနီးလေးတို့ မရီးတို့ မားမား တို့လို အခေါ်အဝေါ်နဲ့မှ လိုက်မယ် ထင်မိလို့ပါ   မကြိုက်ရင် လာပြောနော် တန်း ပြင်ပေးမယ်!)

"မင်း  အရှက်မရှိ ပြောရဲလိုက်တာများ…လူဆိုးကောင်!!"

မိမိ စကားကြောင့် ရှက်ဒေါသတွေဖြင့် ကားတံခါးကို အသံမြည်အောင် တွန်း ဖွင့် ကာ ကားပေါ်မှ ဆင်းသွားသူလေးကြောင့် ရှောင်းကျန့်မှာ ခေါင်း တစ်ခါခါနဲ့သာ ရယ်လျှက်  ကားပေါ်မှ အမြန် ဆင်းကာ ထို လူသားကလေးနောက်  အမှီ လိုက်ရပြန်ပါသည်။

သို့သော် အရပ်ရှည်ခြင်း အကျိုးကျေးဇူးကြောင့် ရှေ့မှ ဘောက်ဆက်ဆက်ကလေး သွားနေသည့် ဝမ်လူသားလေးကို ရှောင်းကျန့် မှီသွား၏။ထို့နောက် ဝမ်ရိပေါ်၏ ညာဘက် လက်ကလေး တစ်ဖက်ကို ဆွဲယူကာ မိမိ၏ ဘယ်ဘက် လက်မောင်းပေါ် တင်ချိတ် လိုက်၏။

ထိုအခါ ထို ဝမ်ရိပေါ်သည် ရှောင်းကျန့်ကို ထူးဆန်းသလို မော့ကြည့်လာ၏။ရှောင်းကျန့်  ချောင်းတစ်ချက် ဟမ့် လိုက်ကာ…

"အဟမ်း!   ဟားဟား  ဟိုဟာ  လူကွဲသွားမှာ ဆိုးလို့!"

လူဆိုးကောင်စကားကြောင့် ရိပေါ် မျက်မှောင် ကြုံ့လိုက်ကာ…

"လူကွဲသွားရအောင်  ငါက ကလေးလေး လား?!!"

ရှောင်းကျန့်  ဝမ်ရိပေါ်၏  မျက်နှာကလေးအား  ချစ်မြတ်နိုးစွာ အပြုံး ရိပ်ကလေးများဖြင့် နူးနူးညံ့ညံ့ကလေး  ငုံ့ကြည့် လိုက်ကာ  ဝမ်ရိပေါ်၏ အတင်း စုကြုံ့ ထားသည့် မျက်ခုံး မထူမပါးလေး နှစ်ဖက်အား  မိမိ၏  လက်ညှိးနှင့် လက်မ ကို သုံး၍  ဖြေလျော့ ပေးလိုက်ရင်း ဖြင့်…

"အင်း……ကလေးလေးပဲလေ…ဟောဒိ့က ရှောင်းကျန့်ဆိုတဲ့ မောင့်ရဲ့ ကလေးလေး…"







___________________________
















________________________________

Zawgyi!!


တစ္ဇြတ္ထိုးေကာင္ႏွင့္ ဖုန္းေျပာ အၿပီး ရိေပၚ စူပုတ္ပုတ္ကေလးျဖင့္ ႐ုံးခန္းထဲ ဝင္သြားလွ်င္ အထဲတြင္ ရယ္ေမာ ေနၾကေသာ အားခယ္ႏွင့္ ဦးေလး႐ႊမ္း တို႔ ၅ ဦးက ရိေပၚကို ၿပိဳင္တူ ၾကည့္လာၾကကာ…

"အိမ္ေထာင္ဦးစီးေလးက ဘာမ်ား အမွာေတာ္ ႐ွိလိုက္ပါလိမ့္ကြာ!"

ျပဳံးစစျဖင့္ ဦးေလးဝမ္၏ အေျပာသည္  ရိေပၚ အား ျပဴးတူးၿပဲတဲ ျဖစ္သြားေစ၏။ရိေပၚ  မခို႔တ႐ို႕ေလး ျပဳံးလိုက္ကာ

"ဟို   အလုပ္ အပ္ တဲ့သူပါ…ဦးေလးတို႔ ထင္သလို မဟုတ္ပါဘူး!"

ရိေပၚ၏ အေျပာကို  အားလုံးက  ၾသ  ၾသ ဟုသာ ေျပာ၍ ျပဳံးစိစိႀကီးေတြ လုပ္ေနၾကလွ်င္ ရိေပၚ ႐ွက္လာရသည္။ရိေပၚ လည္ဂုတ္ ေဖြးေဖြးေလးအား  ဘယ္ဖက္ လက္ဖဝါးေလးျဖင့္ မီးပြင့္မတက္ ဖိပြတ္လိုက္မိကာ  အသံေတြပါ တုန္ယင္ လာမိသည္က  ႐ွက္လြန္း၍……

ဒီ လူေတြ  ငါ့ကို ဖုန္းဆက္တာ ငါ့ေယာက်္ားမွန္း ဘယ္လို သိသြားၾကပါလိမ့္…ငါေတာင္ သူမွန္း မသိတာ သူတို႔ကေတာ့ အစကတည္းက သိေနေသးတယ္…ေနပါဦး ငါ အခု ဟို လူဆိုးေကာင္ကို ငါ့ေယာက်္ားလို႔ ေတြးလိုက္မိတာလား!……အာ   ဝမ္ရိေပၚေရ  ႐ွက္စရာေကာင္းလိုက္တာကြ!……

"ဟို   ဟို  အေရးႀကီး ကိစၥ႐ွိလို႔  ရိေပၚ သြားလိုက္ဦးမယ္…အားခယ္က  လိုတာေလးေတြ  ေျပာေပးဖို႔ ဒီမွာ ေနခဲ့ပါလိမ့္မယ္……သြားလိုက္ပါဦးမယ္ဗ်!"

ရိေပၚမွာ  မ်က္ႏွာ ပူပူျဖင့္ပင္ ႐ုံးခန္းထဲက မေျပး႐ုံတမယ္ ခပ္သုတ္သုတ္ကေလး ထြက္သြားေတာ့သည္။ေခ်ာင္ထိုး ခံရလို႔  ၿပိဳေတာ့မယ့္ မိုးလို ျဖစ္ေနသည့္ အားခယ္အားလဲ ရိေပၚ  အားနာမိေသာ္လည္း  တစ္ဇြတ္ထိုး သမား လူဆိုးေကာင္ ေ႐ွာင္းက်န္႔ ကိုလည္း လန္႔ရေသး၏။


အခန္းထဲကေန မေျပး႐ုံတမယ္  ထြက္သြားသည့္ ရိေပၚေၾကာင့္  အားလုံး ရယ္လိုက္မိၾကသည္။

"သူ႕ ခင္ပြန္း ဖုန္းဆက္တာမွန္း  ခင္ဗ်ားဘယ္လို သိတာလဲ အဖိုးႀကီး ဝမ္!"

"အိုက္ယား……ဒီေလာက္  နီနီရဲေနေအာင္ ႐ွက္တက္တက္ မ်က္ႏွာနဲ႔ ႏႈတ္ခမ္းကလဲ စူပုတ္ေနေသးတာ  ေသခ်ာေပါက္ တစ္ေယာက္ေသာသူ ေၾကာင့္ပဲေပါ့…"

"ဟားဟား………အဲ့တာေတာ့ ဟုတ္သားဗ်!"

အဖိုးႀကီးေတြက အူ႐ႊင္ေနသေလာက္  မ႐ႊင္ႏိုင္သူကေတာ့  ခ်ဴးခယ္ေလးသာ……

ဝူး  ဝူး  ေကာေရ  ဒီအဖိုးႀကီးေတြ ၾကားထဲ ထားခဲ့ရက္ၿပီလား……ဒီအဖိုးႀကီးေတြက အစ အေနာက္ သန္ေသးတယ့္ အျပင္ စကားလဲ မ်ားေသး!……ဒီေန႔ေတာ့ ခ်ဴးခယ္တို႔ ကံမေကာင္း ပါလားေနာ္………






****************

ကားေပၚ တက္လာကတည္းက မိမိကို တစ္ခ်က္ေတာင္ မၾကည့္ဘဲ  ကားမွန္ကေန တစ္ဆင့္ လမ္းတစ္ဖက္ျခမ္း ကို ၾကည့္ေနသည့္ ဝမ္ရိေပၚကို ေ႐ွာင္းက်န္႔မွာ ကားေမာင္းေနရင္းမွ  အရိပ္တစ္ၾကည့္ၾကည့္။

"ခင္ဗ်ား  ဘာျဖစ္လာတာလဲ ဝမ္ဝမ္!?…ဒါမွမဟုတ္  က်ဳပ္နဲ႔ လိုက္လာရလို႔ ဒီမ်က္ႏွာ ျဖစ္ေနတာလား!"

ရိေပၚ  သူ႕စကားေၾကာင့္ မ်က္ႏွာကို သူ႕ဘက္ အျမန္လွည့္လိုက္ကာ…

"အို……ေပါက္ေပါက္႐ွာ႐ွာေတြ…"

ရိေပၚ  သူ အထင္မလြဲေစရန္ ေျပာလိုက္မိ၏။အခုတစ္ေလာ ရိေပၚလဲ ဘာျဖစ္ေနမွန္း မသိေတာ့။သူ စိတ္ဆိုး၊စိတ္ခု သြားမွာကို မလိုခ်င္တာမ်ိဳးေလ…

ေ႐ွာင္းက်န္႔က  သူ(xz)အထင္လြဲမွာဆိုးလို႔  အလွ်င္အျမန္ မ်က္ႏွာေလး လွည့္လာကာ ခပ္႐ို႕႐ို႕ ကေလး ေျပာေနသည့္ ဝမ္ရိေပၚေၾကာင့္  ေအာက္ႏႈတ္ခမ္းကိုသာ ကိုက္ထားမိသည္။

ဝမ္ရိေပၚကေတာ့ မ်က္ႏွာကေလး ပန္းႏုေရာင္ ေဖ်ာ့ေဖ်ာ့ေလး သမ္းကာ မ်က္ဝန္းအၾကည့္ေလးေတြကို ဟို ဒီ လႊဲေနေလရဲ႕…

ႏို႔!!………ဒါေလး ေျပာ႐ုံပဲကို ဒီေလာက္ထိ ႐ွက္စရာ လိုသလားကြာ…

"အဟြန္း~~~"

ျပဳံးရယ္ခ်င္ေနသည့္ ႏႈတ္ခမ္းေတြကို အတင္း ခ်ဳပ္ထိန္းထားပါေသာ္လည္း မရပါေခ်။ရယ္သံ ႀကီးက ထြက္သြားႏွင့္ၿပီေလ……

ေ႐ွာင္းက်န္႔၏ ရယ္သံႀကီးကို ၾကားလွ်င္ ဝမ္ရိေပၚက  မ်က္ဝန္းကေလးကို ေပေစာင္းကေလး လုပ္ၾကည့္    ၾကည့္ေနကာ  ႏႈတ္ခမ္းကေလးကလဲ အနည္းငယ္ ခပ္စူစူကေလး ျဖစ္ေနေသး၏။

ဒါက ဘယ္လို ပုံေလး လုပ္ေနရျပန္တာလဲကြာ……ဒီ ေမာင္ အသည္းယားရေအာင္…

ေ႐ွာင္းက်န္႔မွာ မခ်ိတင္ကဲ ေရ႐ြတ္မိျပန္ပါသည္။

"ဘာလို႔ ရယ္တာလဲ!!   ငါ ေျပာတဲ့ စကားလုံး (5)လုံးထဲမယ္ ရယ္စရာ ဘာပါသလည္း မင္း ေျပာ!"

"ေဟာဗ်ာ  ေမာင္ မရယ္မိေပါင္ဗ်ာ…ခင္ဗ်ားေလး နားၾကားမွားတာ မျဖစ္ႏိုင္ေရာ့လား?!"

ၾကည့္! ၾကည့္ !!မရယ္ဘူးဆိုးၿပီး ၿပီတည္တည္ မ်က္ႏွာႀကီးက ရယ္ခ်င္ေနတာ အသိသာႀကီးကိုမ်ား!  ဟြန္႔!

"အို…နားၾကားက မွားစရာ အေၾကာင္းမ႐ွိဘူး!  ၿပီးေတာ့ မင္းရဲ႕ ႏြားပြဲစားႀကီးလို ၿဖီး ေနတဲ့ မ်က္ႏွာႀကီးကိုေရာ ငါက မျမင္ဘူး ထင္ေနလား!"

ဝမ္ရိေပၚ၏ ခိုင္းႏိႈင္းစကားႀကီးေၾကာင့္ ေ႐ွာင္းက်န္႔မွာ နင္ သြား ရသည္။ထို႔ေနာက္  ေအာင့္သက္သက္ႀကီး ျပဳံးလိုက္ကာ

"ကိုယ့္ေယာက်္ား ကို ဘယ္လိုႀကီး ႏိႈင္းလိုက္တာတုန္းကြာ!"

"ဟြန္႔!"

ေ႐ွာင္းက်န္႔အေျပာကို ဟြန္႔ လုပ္ကာ ဟိုဘက္သို႔ မ်က္ႏွာျပန္လွည့္သြားသည့္ ဝမ္ရိေပၚေၾကာင့္ ေ႐ွာင္းက်န္႔မွာ တစ္ဟားဟား ေအာ္ရယ္မိေတာ့တာပါပဲ……




~~~~~~~~~~~~~~~


"ေရာက္ၿပီ   ဆင္းေတာ့!"

လူဆိုးေကာင္က  ေရာက္ၿပီ ဆိုတာေၾကာင့္ ရိေပၚ အျပင္ကို ၾကည့္လိုက္ေတာ့ ေ႐ွာင္း ပဏာမ စံအိမ္လက္ေအာက္မွ Shopping center တစ္ခု…

"ဒီ ကိုလား?!"

ရိေပၚ ဇေဝဇဝါ ျဖစ္ဟန္ေလးျဖင့္ ေမးလိုက္၏။ထို လူဆိုးေကာင္က ကားေပၚမွ ဆင္းရန္ ျပင္ေနရာမွ ရိေပၚဆီ လွည့္ၾကည့္လာကာ…

"အင္း…… က်ဳပ္ ဒီ ႏွစ္လ အတြင္း အလုပ္ေတြ တအား႐ွွဳပ္ေနလို႔ ခင္ဗ်ားကို အခ်ိန္ မေပးျဖစ္ဘူးေလ…ဒါေၾကာင့္ ဒီေန႔  လင္မယားႏွစ္ေယာက္ Date မလားလို႔ေလ!"

ေ႐ွာင္းက်န္႔၏ လင္မယား ဟူသည့္ စကားအသုံးေၾကာင့္ ရိေပၚ  မ်က္ႏွာေလး ႐ွက္ေသြးျဖာသြားရကာ…

"ဘာ  ဘာ ကို လင္မယားလည္း!  ငါတို႔ ႏွစ္ေယာက္လုံးက ေယာက်္ားေတြ!"

"အမ္း!………ခင္ဗ်ားက က်ဳပ္ကေလးေတြရဲ႕ မားမား ျဖစ္လာမွာပဲေလ…ဒီ အသုံးအႏႈန္းေလးကို ႐ွက္မေနနဲ႔!…"

(zozo's note:ေဆာရီးပါ အိေပၚက ေယာက်္ားေလးမို႔  အမွန္တကယ္ဆို ပါးပါးလို႔ သုံးရမွာေပမယ့္ ဇာတ္လမ္းအေနအထားေလးက အိေပၚကို  ဇနီးေလးတို႔ မရီးတို႔ မားမား တို႔လို အေခၚအေဝၚနဲ႔မွ လိုက္မယ္ ထင္မိလို႔ပါ   မႀကိဳက္ရင္ လာေျပာေနာ္ တန္း ျပင္ေပးမယ္!)

"မင္း  အ႐ွက္မ႐ွိ ေျပာရဲလိုက္တာမ်ား…လူဆိုးေကာင္!!"

မိမိ စကားေၾကာင့္ ႐ွက္ေဒါသေတြျဖင့္ ကားတံခါးကို အသံျမည္ေအာင္ တြန္း ဖြင့္ ကာ ကားေပၚမွ ဆင္းသြားသူေလးေၾကာင့္ ေ႐ွာင္းက်န္႔မွာ ေခါင္း တစ္ခါခါနဲ႔သာ ရယ္လွ်က္  ကားေပၚမွ အျမန္ ဆင္းကာ ထို လူသားကေလးေနာက္  အမွီ လိုက္ရျပန္ပါသည္။

သို႔ေသာ္ အရပ္႐ွည္ျခင္း အက်ိဳးေက်းဇူးေၾကာင့္ ေ႐ွ႕မွ ေဘာက္ဆက္ဆက္ကေလး သြားေနသည့္ ဝမ္လူသားေလးကို ေ႐ွာင္းက်န္႔ မွီသြား၏။ထို႔ေနာက္ ဝမ္ရိေပၚ၏ ညာဘက္ လက္ကေလး တစ္ဖက္ကို ဆြဲယူကာ မိမိ၏ ဘယ္ဘက္ လက္ေမာင္းေပၚ တင္ခ်ိတ္ လိုက္၏။

ထိုအခါ ထို ဝမ္ရိေပၚသည္ ေ႐ွာင္းက်န္႔ကို ထူးဆန္းသလို ေမာ့ၾကည့္လာ၏။ေ႐ွာင္းက်န္႔  ေခ်ာင္းတစ္ခ်က္ ဟမ့္ လိုက္ကာ…

"အဟမ္း!   ဟားဟား  ဟိုဟာ  လူကြဲသြားမွာ ဆိုးလို႔!"

လူဆိုးေကာင္စကားေၾကာင့္ ရိေပၚ မ်က္ေမွာင္ ၾကဳံ႕လိုက္ကာ…

"လူကြဲသြားရေအာင္  ငါက ကေလးေလး လား?!!"

ေ႐ွာင္းက်န္႔  ဝမ္ရိေပၚ၏  မ်က္ႏွာကေလးအား  ခ်စ္ျမတ္ႏိုးစြာ အျပဳံး ရိပ္ကေလးမ်ားျဖင့္ ႏူးႏူးညံ့ညံ့ကေလး  ငုံ႔ၾကည့္ လိုက္ကာ  ဝမ္ရိေပၚ၏ အတင္း စုၾကဳံ႕ ထားသည့္ မ်က္ခုံး မထူမပါးေလး ႏွစ္ဖက္အား  မိမိ၏  လက္ညႇိးႏွင့္ လက္မ ကို သုံး၍  ေျဖေလ်ာ့ ေပးလိုက္ရင္း ျဖင့္…

"အင္း……ကေလးေလးပဲေလ…ေဟာဒိ့က ေ႐ွာင္းက်န္႔ဆိုတဲ့ ေမာင့္ရဲ႕ ကေလးေလး…"



_____________________________

Czytaj Dalej

To Też Polubisz

272K 47.6K 59
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
30.1K 2.9K 21
ဝိုင်.....🍷 မြည်းစမ်းရုံနဲ့ ရူးနှမ်းစေမယ့် ဝိုင်... ဦးကိုကိုရဲ့ နှုတ်ခမ်းက ချိုပေမယ့် အဆိပ်တွေနဲ့.. ဒါပေမဲ့ ကျွန်တော်ကြိုက်တယ်..။ ❗ZhanYi Fanfic 20...
170K 26.4K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
1.6M 102K 49
" ရေစက်မပြတ်လို့ တစ်ပတ်ပြန်လည်လာတဲ့ သံသရာဟာ သံသယနဲ့ အစပြုရတာမျိုးတော့ ဘယ်တော့မှမဖြစ်စေချင်ပါ ။ ချစ်ခြင်းအားဖြင့် တစ်ခါလောက်တော့ ငြိမ်းချမ်းချင်မိပါ...