Unicode..
တော်ဝင်လွင်ဦး သူ့မိဘများကို သူ့ရဲ့ ဖြစ်တည်မှုကို ဖွင့်ဟခဲ့သော အချိန်တို့ကို ပြန်ပြောင်းတွေးမိလေသည်။ဘယ်လောက်တောင် ခက်ခဲခဲ့ရသလဲ သူကိုယ်တိုင်အသိဆုံးပင်..
တော်ဝင့်အသက် နှစ်ဆယ်ခန့်က...
" ဒယ်ဒီနဲ့ မားကို တော်ဝင် ဝန်ခံစရာရှိတယ်။"
" ပြောလေသမီးလေး.."
ဒယ်ဒီက စကားထောက်ပေးသော်လည်း မားကတော့ ဘာများပြောလေမလဲဆိုပြီး စူးစမ်းသည့် မျက်လုံးတွေနှင့် ကြည့်နေလေသည်။
" သမီးက အမျိုးသမီးချင်းသာ ချစ်မြတ်နိုးတဲ့ lesbian တစ်ယောက်ပါ ဒယ်ဒီနဲ့ မား.."
" ဘုရား ဘုရား လောကကြီးက ဘာတွေဖြစ်ကုန်တာလည်း.. ငါလုံးဝ လက်မခံနိင်ဘူး တော်ဝင်လွင်ဦး."
တော်ဝင် မားကို အလန့်တကြားကြည့်မိသည်။တစ်ခါမှပင် မအော်ဖူးသော မားက အော်ဟစ်ပြီး ပြောလေသည်။ဒယ်ဒီမျက်နှာကတော့ ပကတိ ကြည်လင်နေသည်။ ဒယ်ဒီ့စိတ်ထဲမည်သို့ ရှိမည်ဆိုတာ တော်ဝင် မခန့်မှန်းတတ်။
" ဘာဖြစ်လို့ လက်မခံရတာလဲ မား.."
" မားက မားသမီးကို သမရိုးကျ ဘဝမှာပဲ ရှင်သန်စေချင်တယ်။ ယောက်ျားကောင်းတစ်ယောက်နဲ့ လက်ထပ်ပြီး သားသမီးတွေနဲ့ ပျော်ရွှင်တဲ့ ဘဝလေး ပိုင်ဆိုင်စေချင်တာ။ ပတ်ဝန်းကျင်ရဲ့ အပြစ်တင်ဝေဖန်မှုတွေကြောင့် လုံးပါးပါးရမယ့်အစား သာမန်ဘဝမှာ အောင်မြင်ပြီး ပျော်ရွှင်စေချင်တယ်။ ဒါကို အတ္တကြီးတယ်လို့ ဆိုချင်ဆို..."
" ဒယ်ဒီ့သဘောထားကရောဟင်.."
" ဒယ်ဒီကတော့ ဒယ်ဒီ့သမီးကို ယုံတယ်။ ပတ်ဝန်းကျင်ဆိုတာ ချီးမွမ်းခုနစ်ရက်၊ ကဲ့ရဲ့ခုနစ်ရက်ပါ။ ဒယ်ဒီ့သမီးက စိတ်ဓာတ်မာကျောပြီးသားမို့ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေကို လျစ်လျူရှုနိုင်မှာပါ။ ဒယ်ဒီကတော့ သမီးေပျာ်မယ်ဆို သမီး ဖြစ်တည်မှုကို လက်ခံပေးဖို့ အသင့်ပါပဲ။"
" ကိုလွင်ဦး!"
" ကျေးဇူးတင်ပါတယ် ဒယ်ဒီ.."
မားက ဒယ်ဒီ့ကို တအံ့တဩကြည့်နေလေသည်။ မျက်နှာတွင်လည်း မနှစ်မြို့သည့် ဟန်တို့မှာ အတိုင်းသား။
" မားကတော့ လုံးဝ လက်မခံနိုင်ဘူး။"
" မား လက်ခံအောင် တော်ဝင်ကြိုးစားမှာပါ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး အောင်မြင်အောင် ကြိုးစားမယ်။ ကိုယ့်ဖြစ်တည်မှုကို လက်ခံရင်း အောင်မြင်အောင် ပျော်ရွှင်အောင် ကြိုးစားမှာပါ။ အဲ့တာကြောင့် တော်ဝင် ဒီက ထွက်သွားပါရစေ.."
" အဲ့တာတော့ ဒယ်ဒီ ခွင့်မပြုနိုင်ဘူး သမီး.."
" တော်ဝင့်ကို ယုံလိုက်ပါ ဒယ်ဒီ"
တော်ဝင်လည်း အဲ့ဒီနောက်ပိုင်း ဒယ်ဒီ့အကူအညီဖြင့်နိုင်ငံခြားသို့ သွားခဲ့သည်။
ဒယ်ဒီ့အကူအညီ မယူလို့လည်း မရ။ တစ်ယောက်တည်း နေတော့မှ အလုပ်လုပ်ရသည်မှာ ဘယ်လောက် ခက်ခဲသလဲ သိလာရသည်။
ဒယ်ဒီ့အကူအညီယူပြီး ဂျပန်မှာ ကျောင်းသွားတက်ဖြစ်သည်။
ကျောင်းတက်ရင်း အလုပ်လုပ်ရသည်မှာ မလွယ်ကူလှ။ အစားအသောက်၊ အနေအထိုင်ကအစ အရမ်းပင်ပန်းလို့ တစ်ခါတစ်ခါ မားရင်ခွင်ရှိရာ မြန်မာပြည်ကိုပြန်ချင်စိတ်တွေ ဖြစ်လာရသည်။
မာနဆိုသည့် အရာက တင်းခံနေလို့ မပြန်ဖြစ်။
စီးပွားရေးနှင့် University လေးနှစ်တက်ပြီး သုံးနှစ်မျှ အလုပ်လုပ်ခဲ့သည်။
အတန်သင့်စုဆောင်းမိလာသည်နှင့် မြန်မာပြည့်သို့ပြန်ပြီ ကော်ဖီဆိုင်လေးဖွင့်ထားတာဖြစ်သည်။
ကော်ဖီဆိုင်လေး အောင်မြင်လာေစရန် page ဖွင့်ပြီး ဈေးဗန်းခင်းရန်ကြံရွယ်လိုက်သည်။
မသုံးဖြစ်တာ ကြာပြီဖြစ်သော Facebook ကို ဖွင့်ပြီး အမှတ်မထင် ကြောင်တောင်တောင် ကလေးမလေးကို addလိုက်မိသည်။
post တင်ပြီး စာတွေကလည်း တစ်နေ့ သုံးလေးပုဒ်ရေးသည်။
Moe Yeik Sin ဆိုတဲ့ ကလောင်နာမည်လေးနှင့် လိုက်ဖက်စွာ အဲ့ကလေးမ wallထဲ ဝင်လိုက်ရင် လွမ်းလွမ်းဆွေးဆွေး..
တော်တော်လေး feel နိုင်တဲ့ ကလေးမ။
အဲ့တာနှင့် ဘာရယ်မဟုတ် စကားပြောမိတာ ။
ပြောရဲဆိုရဲ ရပ်ကွက်က ကလေးမက တွဲကြရအောင်ဆိုလို့ တွဲဖြစ်သွားကြသည်။
အခုတော့ အဲ့ကလေးမကို ပြစ်ထားလိုက်အုံးမည်။ အမြဲ တွေဝေပြီး မပြတ်မသားနှင်မို့ အားမလိုအားမရဖြစ်မိသည်မှာအမှန်။
ကိုယ်ပစ်ထားပင်မယ့် မနားမနေ ဖုန်းခေါ်နေသည်ကို လျစ်လျူရှုထားမိသည်မှာ လွယ်တော့မလွယ်။
မနက်ဖြန်တော့ ဖုန်းဆက်ကြည့်ရမည်ဟု တွေးနေလိုက်သည်။
..နှစ်ဆွေးဆူး..
Zawgyi..
ေတာ္ဝင္လြင္ဦး သူ႕မိဘမ်ားကို သူ႕ရဲ႕ ျဖစ္တည္မႈကို ဖြင့္ဟခဲ့ေသာ အခ်ိန္တို႔ကို ျပန္ေျပာင္းေတြးမိေလသည္။ဘယ္ေလာက္ေတာင္ ခက္ခဲခဲ့ရသလည္း သူကိုယ္တိုင္အသိပင္...
ေတာ္ဝင့္အသက္ ႏွစ္ဆယ္ခန္႔က...
" ဒယ္ဒီနဲ႔ မားကို ေတာ္ဝင္ ဝန္ခံစရာ႐ွိတယ္။"
" ေျပာေလသမီးေလး.."
ဒယ္ဒီက စကားေထာက္ေပးေသာ္လည္း မားကေတာ့ ဘာမ်ားေျပာေလမလည္းဆိုၿပီး စူးစမ္းတဲ့ မ်က္လုံးေတြနဲ႔ ၾကည့္ေနေလသည္။
" သမီးက အမ်ိဳးသမီးခ်င္းသာ ခ်စ္ျမတ္ႏိုးတဲ့ lesbian တစ္ေယာက္ပါ ဒယ္ဒီနဲ႔ မား.."
" ဘုရား ဘုရား ေလာကႀကီးက ဘာေတြျဖစ္ကုန္တာလည္း.. ငါလုံးဝ လက္မခံနိင္ဘူး ေတာ္ဝင္လြင္ဦး."
ေတာ္ဝင္ မားကို အလန္႔တၾကားၾကည့္မိသည္။တစ္ခါမွပင္ မေအာ္ဖူးေသာ မားက ေအာ္ဟစ္ၿပီး ေျပာေလသည္။ဒယ္ဒီမ်က္ႏွာကေတာ့ ပကတိ ၾကည္လင္ေနသည္။ ဒယ္ဒီ့စိတ္ထဲမည္သို႔ ႐ွိမည္ဆိုတာ ေတာ္ဝင္ မခန္႔မွန္းတတ္ခဲ့။
" ဘာျဖစ္လို႔ လက္မခံရတာလည္း မား.."
" မားက မားသမီးကို သမ႐ိုးက် ဘဝမွာပဲ ႐ွင္သန္ေစခ်င္တယ္။ ေယာက်္ားေကာင္းတစ္ေယာက္နဲ႔ လက္ထပ္ၿပီး သားသမီးေတြနဲ႔ ေပ်ာ္႐ႊင္တဲ့ ဘဝေလး ပိုင္ဆိုင္ေစခ်င္တာ။ ပတ္ဝန္းက်င္ရဲ႕ အျပစ္တင္ေဝဖန္မႈေတြေၾကာင့္ လုံးပါးပါးရမယ့္အစား သာမန္ဘဝမွာ ေအာင္ျမင္ၿပီး ေပ်ာ္႐ႊင္ေစခ်င္တယ္။ ဒါကို အတၱႀကီးတယ္လို႔ ဆိုခ်င္ဆို..."
" ဒယ္ဒီ့သေဘာထားကေရာဟင္.."
" ဒယ္ဒီကေတာ့ ဒယ္ဒီ့သမီးကို ယုံတယ္။ ပတ္ဝန္းက်င္ဆိုတာ ခ်ီးမြမ္းခုနစ္ရက္၊ ကဲ့ရဲ႕ခုနစ္ရက္ပါ။ ဒယ္ဒီ့သမီးက စိတ္ဓာတ္မာေက်ာၿပီးသားမို႔ ပတ္ဝန္းက်င္ရဲ႕ ေဝဖန္မႈေတြကို လ်စ္လ်ဴ႐ႈႏိုင္မွာပါ။ ဒယ္ဒီကေတာ့ သမီးေပ်ာ္မယ္ဆို သမီး ျဖစ္တည္မႈကို လက္ခံေပးဖို႔ အသင့္ပါပဲ။"
" ကိုလြင္ဦး!"
" ေက်းဇူးတင္ပါတယ္ ဒယ္ဒီ.."
မားက ဒယ္ဒီ့ကို တအံ့တဩၾကည့္ေနေလသည္။ မ်က္ႏွာတြင္လည္း မႏွစ္ၿမိဳ႕သည့္ ဟန္တို႔မွာ အတိုင္းသား။
" မားကေတာ့ လုံးဝ လက္မခံႏိုင္ဘူး။"
" မား လက္ခံေအာင္ ေတာ္ဝင္ႀကိဳးစားမွာပါ။ ကိုယ့္ေျခေထာက္ေပၚ ကိုယ္ရပ္တည္ၿပီး ေအာင္ျမင္ေအာင္ ႀကိဳးစားမယ္။ ကိုယ့္ျဖစ္တည္မႈကို လက္ခံရင္း ေအာင္ျမင္မွာ ေပ်ာ္႐ႊင္ေအာင္ ႀကိဳးစားမွာပါ။ အဲ့တာေၾကာင့္ ေတာ္ဝင္ ဒီက ထြက္သြားပါရေစ.."
" အဲ့တာေတာ့ ဒယ္ဒီ ခြင့္မျပဳႏိုင္ဘူး သမီး.."
" ေတာ္ဝင့္ကို ယုံလိုက္ပါ ဒယ္ဒီ"
ေတာ္ဝင္လည္း အဲ့ဒီေနာက္ပိုင္း ဒယ္ဒီ့အကူအညီျဖင့္ႏိုင္ငံျခားသို႔ သြားခဲ့သည္။
ဒယ္ဒီ့အကူအညီ မယူလို႔လည္း မရ။ တစ္ေယာက္တည္း ေနေတာ့မွ အလုပ္လုပ္ရသည္မွာ ဘယ္ေလာက္ ခက္ခဲသလည္း သိလာရသည္။
ဒယ္ဒီ့အကူအညီယူၿပီး ဂ်ပန္မွာ ေက်ာင္းသြားတက္ျဖစ္သည္။
ေက်ာင္းတက္ရင္း အလုပ္လုပ္ရသည္မွာ မလြယ္ကူလွ။ အစားအေသာက္၊ အေနအထိုင္ကအစ အရမ္းပင္ပန္းလို႔ တစ္ခါတစ္ခါ မားရင္ခြင္႐ွိရာ ျမန္မာျပည္ကိုျပန္ခ်င္စိတ္ေတြ ျဖစ္လာရသည္။
မာနဆိုသည့္ အရာက တင္းခံေနလို႔ မျပန္ျဖစ္ခဲ့။
စီးပြားေရးနဲ႔ University ေလးႏွစ္တက္ၿပီး သုံးႏွစ္မွ် အလုပ္လုပ္ခဲ့သည္။
အတန္သင့္စုေဆာင္းမိလာသည္ႏွင့္ ျမန္မာျပည့္သို႔ျပန္ၿပီ ေကာ္ဖီဆိုင္ေလးဖြင့္ထားတာျဖစ္သည္။
ေကာ္ဖီဆိုင္ေလး ေအာင္ျမင္လာရန္ page ဖြင့္ၿပီး ေဈးဗန္းခင္းရန္ၾကံ႐ြယ္လိုက္သည္။
မသုံးျဖစ္တာ ၾကာၿပီျဖစ္ေသာ Facebook ကို ဖြင့္ၿပီး အမွတ္မထင္ ေၾကာင္ေတာင္ေတာင္ ကေလးမေလးကို addလိုက္မိသည္။
post တင္ၿပီး စာေတြကလည္း တစ္ေန႔ သုံးေလးပုဒ္ေရးသည္။
Moe Yeik Sin ဆိုတဲ့ ကေလာင္နာမည္ေလးႏွင့္ လိုက္ဖက္စြာ အဲ့ကေလးမ wallထဲ ဝင္ခိုက္ရင္ လြမ္းလြမ္းေဆြးေဆြး..
ေတာ္ေတာ္ေလး feel ႏိုင္တဲ့ ကေလးမ။
အဲ့တာႏွင့္ ဘာရယ္မဟုတ္ စကားေျပာမိတာ
ေျပာရဲဆိုရဲ ရပ္ကြက္က ကေလးမက တြဲၾကရေအာင္ဆိုလို႔ တြဲျဖစ္သြားၾကသည္။
အခုေတာ့ အဲ့ကေလးမကို ျပစ္ထားလိုက္အုံးမည္။ အၿမဲ ေတြေဝၿပီး မျပတ္မသားႏွင္မို႔ အားမလိုအားမရျဖစ္မိသည္မွာအမွန္။
ကိုယ္ပစ္ထားပင္မယ့္ မနားမေန ဖုန္းေခၚေနသည္ကို လ်စ္လ်ဴ႐ႈထားမိသည္မွာ လြယ္ေတာ့မလြယ္။
မနက္ျဖန္ေတာ့ ဖုန္းဆက္ၾကည့္ရမည္ဟု ေတြးေနလိုက္သည္။
..ႏွစ္ေဆြးဆူး..