"သား..ချမ်းက တတိယနှစ်ရောက်နေပြီနော်"
"ဟုတ်တယ်..အန်တီနွေး"
ဒေါ်နွေးနွေးချိူကစားသောက်နေရင်း မေးလာတော့ ချမ်းက တိတ်တဆိတ်စားသောက်နေရာမှ ခေါင်းမော့ဖြေလာသည်။
"သမီးလေး ဒါလီနဲ့အတူတူပဲလေ နွေးရဲ့."
ဒေါ်မေမီက ပြုံးလျက်ဝင်ပြောသည်။
"အော်....ဟုတ်သားပဲ...ကျောင်းချင်းမတူတော့ ရုတ်တရက်မေ့သွားတာ မေမီရေ"
လူခြောက်ယောက်ရှိနေသော ညစာစားပွဲက နှစ်ဖက်မှ မိခင်နှစ်ယောက်အသံသာ ဝေဆာနေသည်။dinnerက ဒေါ်နွေးနွေးချိူတို့အိမ်မှာ စားဖြစ်တာဖြစ်သည်။ခြံထဲရှိ မြက်ခင်းစိမ်းပေါ်တွင် အဖြူရောင်စားပွဲရှည်ကြီးချထားသည်။ချမ်းတို့ မိသားစုသုံးယောက်နဲ့ ဒါလီတို့မိသားစုသုံးယောက်က မျက်နှာချင်းဆိုင်ထိုင်ပြီးစားသောက်နေကြခြင်းဖြစ်သည်။ဘေးနားတွင် အကူ ကောင်မလေးနှစ်ယောက်က လိုအပ်တာလုပ်ပေးရန် ခပ်ရို့ရို့အသင့်ရပ်နေကြသည်။dinnerဆိုပေမဲ့ ညနေ ခြောက်နာရီခန့်သာရှိသေးသည်။
"သမီးဒါလီ...သား ချမ်းကို ဟင်းတွေထည့်ပေးလေကွယ်..သားက ဘာမှလည်းသိပ်မစားဘူး"
"ရပါတယ်..အန်တီ"
ချမ်းက ပန်းကန်ထဲရှိ ထမင်းနဲ့ဟင်းကိုသာစားနေရင်း ဒေါ်နွေးနွေးချိူစကားကြောင့် ဝင်ပြောသည်။ချမ်းက အပြာရောင်ဖျော့ဖျော့ရှပ်တစ်ထည်ကို ဖြူဖျော့ဖျော့ဆင်စွယ်ရောင် ဘောင်းဘီနဲ့တွဲဝတ်ထားသည်။ဆံနွယ်အုပ်အုပ်လေးက နဖူးပေါ်ဝေ့ဝဲကျနေကာ ချမ်း ပုံစံက နုသစ်လန်းဆန်းပုံပေါ်ပေမဲ့ ချမ်း မျက်နှာလေးက အနည်းငယ်ညှိုးနွမ်းနေသည်။
"ရော့..စားနော်..ချမ်း"
ဒါလီက ချမ်း ထမင်းပန်းကန်ထဲ ဟင်းထည့်ပေးလာသည်။
"ချမ်းလေးက အိမ်မှာလည်း အဲလိုပဲနွေးရေ..အစားနည်းတယ်သိလား"
"ဟုတ်လား..."
"ကိုကောင်း..ခုprojectကတော်တော်အောင်မြင်တယ်နော်"
"ဟုတ်တယ် ကိုဖုန်း..ကိုဖုန်းကျေးဇူးတွေ အများကြီးပါတယ်ဗျာ"
ဦးကောင်းမြတ်တို့ ဖခင်နှစ်ယောက်စကားစလာကြသည်။
"ဟား..ဟား..မဟုတ်တာဗျာ..ကျွန်တော်က လမ်းကြောင်းလေးနည်းနည်းရှင်းပေးရုံပဲ"
ဦးဖုန်းမြင့်ရှိန်က အသက်ငါးဆယ်နီးနီးဆိုပေမဲ့ လျင်မြန်ဖြတ်လတ်တုန်းဖြစ်သည်။ဦးကောင်းမြတ်နဲ့သက်တူရွယ်တူတွေဖြစ်ပေမဲ့ ဦးကောင်းမြတ်က ဦးဖုန်းမြင့်ရှိန်နဲ့ ယှဉ်လျှင် အနည်းငယ် အသက်ကြီးသယောင်ထင်ရသည်။
"ချမ်းက ကျောင်းပြီးရင် ဘာလုပ်မယ်စဉ်းစားထားလဲ"
ဦးဖုန့်မြင့်ရှိန်က ချမ်း ဘက်လှည့်ပြောလာသည်။ချမ်းက ဦးဖုန်းမြင့်ရှိန်ကိုကြည့်လာကာ....
"ကျွန်တော်...ကော်ဖီဆိုင်တစ်ခုခုဖွင့်ဖို့ စဉ်းစားထားတယ်..အန်ကယ်လ်"
ချမ်း စကားကြောင့် ဦးဖုန်းမြင့်ရှိန်က နှုတ်ခမ်းတွေအောက်ကွေးကျကာ မျက်ခုံးပင့်သည်။ဒီကောင်လေးက လောဘနည်းတာပဲ။
"နင့်စိတ်ကူး ကောင်းတာပဲ ချမ်းရဲ့..ကော်ဖီဆိုင်လေးနဲ့တွဲရက် စာအုပ်ဆိုင်လေးပါထည့်!ငါတို့သူငယ်ချင်းတွေ အမြဲလာအားပေးမယ် သိလား"
"အင်း"
ဒါလီက ချမ်းကိုထောက်ခံကာ တက်တက်ကြွကြွပြောလာသည်။ဒေါ်မေမီက ဒါလီ့စကားကြောင့်ရယ်ရင်း.....
"နောက်ဆို..သမီးလေးက ချမ်းနဲ့အတူရှိမှာပဲ...အားပေးစရာမလိုတော့ဘူးလေ"
ဒေါ်မေမီ့စကားကြောင့် ချမ်း မနေတတ်ဖြစ်သွားသလို ဒါလီလည်း စားလက်စထမင်းသီးသွားရသည်။
"အဟွတ်!..အန်တီမီ ကလည်း.."
ဒါလီ့မျက်နှာ အနည်းငယ်ပန်းရောင်သမ်းသွားသည်။ဒါလီက ပန်းပွင့်သေးသေးလေးတွေပါသည့် စိမ်းနုရောင်ဂါဝန်ရှည်လေး ဝတ်ဆင်ထားခြင်းဖြစ်သည်။ဆံပင်တွေအပြောင်သိမ်းပြီး ထိပ်မှာ ထုံးထားသည်။ဖွေးနုနေသည့် ဒါလီမျက်နှာလေးက ပေါ်လွင်လျက်။
"ဟော..ကလေးတွေရှက်နေကြပြီရေ..မီရေ မစပါနဲ့"
ဒေါ်နွေးနွေးချိူကပါ သဘောတကျရယ်ရင်းဝင်ပြောသည်။
"ပြောမှပဲ..လာရင်းကိစ်ကိုမေ့တော့မလို့..ကိုဖုန်း ..မီစဉ်းစားတာလေ..ကလေးနှစ်ယောက်ကို နေ့ကောင်းရက်သာလေး ရွေးပြီးစေ့စပ်ပေးထားတော့မလားလို့...ကျောင်းပြီးတာနဲ့တစ်ခါတည်း လက်ထပ်ပေးလို့ရတယ်လေ"
ဒေါ်မေမီစကားကြောင့် ချမ်း ကိုင်လက်စ ဇွန်းလေးရပ်တန့်သွားရသလို ဒါလီလည်း ရေသောက်နေရင်း မျက်လုံးလေးပြူးသည်။
နှစ်ယောက်လုံး လန့်သွားသည်မဟုတ်လား။
ဦးဖုန်းက ဒေါ်မေမီစကားကြောင့်.....
"မမီပြောသလိုလည်း မဆိုးပါဘူး..ချိူနဲ့သမီး သဘောကရော"
ဦးဖုန်းမြင့်က အစကတည်းက ကလေးနှစ်ယောက်ကိုသဘောတူပြီးသားမို့ ထွေထွေထူးထူးငြင်းစရာမရှိပေ။လောဘနည်းပုံပေါ်သည့် သမက်လောင်းလေး ပုံစုံကိုသိပ်သဘောမတွေ့ပေမဲ့ မြတ်ကုဋေ မိသားစုရဲ့ ကြွယ်ဝချမ်းသာမှုတွေက ငြင်းလောက်စရာမရှိပေ။
"ချိူ့သဘောကတော့..အကိုသဘောပါပဲ..သမီးလေးကရော"
အားလုံး ဒါလီ့ထံအာရုံစိုက်လာကြသည်။
"သမီးကတော့လေ..အချိန်တန်လက်ထပ်ရမှာပဲဆိုတော့..ခုအချိန်လေးတော့ လွတ်လွတ်လပ်နေချင်သေးတယ်....စေ့စပ်ထားဖို့က စောလွန်းသေးတယ်လို့ ထင်တယ်....နော်...ချမ်း"
ပြောပြီး ချမ်း ဘက်ကိုပါတပ်ကူလှည့်ခေါ်သည်။ချမ်းက ဒါလီ့စကားကိုခေါင်းလေးငြိမ့်ထောက်ခံရင်း...
"ဟုတ်တယ်..ကျွန်တော် တို့ အသက်ကလည်း ငယ်လွန်းသေးတယ်...ပြီးတော့..ကျွန်တော်က ကိုယ်ပိုင်အလုပ်လေးတစ်ခုခုရှိမှ လက်ထပ်ချင်တယ်...ဒီကြားထဲ ဒါလီနဲ့ကျွန်တော် အဆင်ပြေနေရင်ပြီးတာပါပဲ"
နှစ်ယောက်လုံးက တက်ညီလက်ညီ အစီအစဉ်တကျ ပြောလိုက်တော့ လူကြီးတွေ ခဏတော့ငြိမ်သက်သွားသည်။ဒါလီက "အလုပ်ဖြစ်သားပဲ"ဟူသောသဘောဖြင့် ချမ်း ကို မျက်ခုံးလေးပင့်ပြသည်။ချမ်းကလည်း လက်မလေး မသိမသာပြန်ထောင်ပြသည်။
"အင်း...သားတို့သမီးတို့ သဘောကအဲလိုဆိုတော့ ကျောင်းပြီးမှပဲ မဂ်လာပွဲနဲ့ပတ်သက်ပြီး အေးဆေးစဉ်းစားကြမလား..ကလေးတွေကလည်း သူတို့ရည်မှန်းချက်လေးတွေ၊စိတ်ကူးလေးတွေ အကောင်အထည်ဖော်ချင်ကြအုံးမှာပဲ"
ဒေါ်နွေးနွေးချိူက ကလေးတွေကိုစာနာ နားလည်စွာ ပြောသည်။
"ဟုတ်သားပဲ...ကလေးတွေ ငယ်ပါသေးတယ်ကွာ...လွတ်လွတ်လပ်နေကြပါစေအုံး"
ဦးကောင်းမြတ်ကပါ ဝင်ပြောလာသည်။ဦးဖုန်းကိုယ်တိုင်လည်း လက်ခံသလို ဆိတ်ဆိတ်နေလေတော့ ဒေါ်မေမီ မကျေမနပ်ဖြစ်သွားရသည်။ဒီစေ့စပ်ပွဲကို သူမလောနေရတာ ချမ်းလေးကြောင့်ပင်။
မထုံတက်သေးနဲ့ ချမ်း ပုံစံက ပြန်မပြောနားမထောင်လေးဖြစ်သည်။အလိုနည်းပေမဲ့ သူဖြစ်ချင်တာ၊ရချင်တာ တစ်ခုခုကိုတော့ မရမချင်း မဖြစ်ဖြစ်အောင်ကြိုးစားတတ်သည်။ချစ်မိရင် စွဲစွဲလန်းလန်းချစ်တတ်သလို မုန်းပြီဆိုလျှင်လည်း ကမ်ဘာပျက်နေပါစေ သူမုန်းတဲ့လူကို ဥပက်ခါပြုတတ်တာမျိူး။သူမဝမ်း နဲ့လွယ်ပိုးလာရသည့် သူမသားလေးအကြောင်းကိုသူမသာအသိဆုံးဖြစ်သည်။အကယ်၍များ ချမ်း လေး ရုးမိုက်ပြီး ဟိုကောင်လေးနဲ့ပါသွားရင် သူမရင်ကျိူးရချည်ရဲ့။
"ငယ်သေးပေမဲ့ စေ့စပ်ထားတော့မကောင်းဘူးလား၊သမီးနဲ့သားလေး ကြားကို ဘယ်သူမှဝင်နှောင့်ယှက်လို့မလွယ်အောင် စေ့စပ်ပွဲလေးတော့........"
"အဲဒီကိစ်စအတွက်တော့ စိတ်ချ အန်တီမီ..သမီးက သမီးလက်ထပ်ရမယ့်သူ ချမ်း ပဲဖြစ်ရမယ်လို့ အဓိဌာန်ချပြီးသား"
ဒါလီက ပိုပိုသာသာလေးဖြတ်ပြောလိုက်သည်။သူမအနေနဲ့ ချမ်းကို အမှန်တကယ်လက်ထပ်ရမည်ဆိုလျှင် ချမ်းက သူမလိုချင်သောစိတ်နေသဘောထား၊ရုပ်ရည်အရည်အချင်း အကုန်ပြည့်စုံပါသည်။
သို့ပေမဲ့ ချမ်းက သူမကိုဟိုးအရင်ကတည်းက သူငယ်ချင်းထက်အဆင့်မပို တာသိသည်။သူမ လိုချင်တာ သူမကိုမြတ်မြတ်နိုးနိုးချစ်ပေးမည့်သူဖြစ်သည်။ချမ်းက သူမကိုမချစ်တော့ ဒါလီ ချမ်းနဲ့လက်မထပ်ချင်ပေ။ပြီးတော့ ချမ်းမှာဆိုင်သူရှိပြီးသား။အကယ်၍ ချမ်း ရည်းစားက မိန်းကလေးတစ်ယောက်ဆိုလျှင် ဒါလီ နည်းနည်းခံပြင်း မိမှာပေမဲ့ ယောကျာ်းလေးဖြစ်နေတော့ အလိုလိုတောင် သဘောတူမိသွားသေးသည်။ ချမ်းက သူမ မောင် ချောလေးနေမင်းတာရာရဲ့အပိုင်ဆိုတော့လည်း ဘယ်သူလုယူရဲမှာလဲ။
"ဟုတ်...ဟုတ်တယ် ကျွန်တော်လည်း အဲလိုပဲ"
ချမ်းက ပါ အားဖြည့်ထောက်ခံလာသေးသည်။
"ကဲပါ..မီရယ် အဲဒီလောက်ထိတွေးပူမနေပါနဲ့..ကလေးတွေကလည်း လွတ်လွတ်လပ်လပ်နေချင်သေးတာဆိုတော့ ကျောင်းပြီးမှ ဒီကိစ်စ စဉ်းစားကြတာပေါ့"
"အင်း...အဲလိုလုပ်ကြတာပေါ့"
ဦးဖုန်းမြင့်တို့ ဇနီးမောင်နှံနှစ်ယောက်လုံးက ပြောလာတော့ ဒေါ်မေမီလက်မခံလို့မကောင်းတော့ပေ။သဘောတူသလို ဆိတ်ဆိတ်သာနေလိုက်သည်။ဒေါ်မေမီ မကျေမနပ်ဖြစ်ကာ ရင်ထဲကအပူလုံးကြီးက ကျမသွား။သူမ သားလေးကိုမျက်လုံးရှေ့က အပျောက်ခံလို့မဖြစ်ပေ။
စားကြသောက်ကြပြီးတော့ အကူကောင်မလေးတွေက အချိူပွဲအစုံလာချကြသည်။မှောင်စပြုလာကာ ခြံဝန်းထဲ မီးသီးတွေ ထိန်ထိန်လင်းနေပြီဖြစ်သည်။လူကြီးတွေ စကားပြောနေကြစဉ် ဒါလီ့ဖုန်းက messageဝင်လာသည်မို့ ဒါလီ မသိမသာဖုန်းကိုယူကြည့်လိုက်သည်။ထင်သည့်အတိုင်း နေမင်းတာရာပင်။ဒီည ဒါလီတို့မိသားစုနဲ့ ချမ်းတို့ dinnerစားကြမည်ကို သိကာ နေ က ချမ်းကို ခဏလောက်ခေါ်ထုတ်လာရန် ဒါလီ့ကို အကူအညီတောင်းထားသည်။
နေက သူ ရောက်နေပြီဖြစ်ကြောင်း စာပို့တာ ဖြစ်သည်။ထိုစာမြင်ပြီးသည်နဲ့ဒါလီက ချမ်းကိုဘယ်လိုခေါ်ထုတ်သွားရမလဲ ကြံသည်။
"ဟိုဟာလေ...သမီး ဝယ်ချင်တာလေးရှိလို့ အဲတာအပြင်ခဏလောက်ထွက်မလို့....အန်တီမီ သမီး ချမ်းကိုခေါ်သွားမယ်နော်"
"ခေါ်သွား..ခေါ်သွား သမီး"
ဒေါ်မေမီက ဒါလီပြောတော့ ပြုံးပြုံးရွှင်ရွှင်ခေါင်းငြိမ့်ခွင့်ပြုသည်။ချမ်းက ဒါလီဆွဲခေါ်ရာနောက်ပါသွားသည်။
"ညကြီး..နင်က ဘာဝယ်မလို့လဲ"
ချမ်းက ဒါလီ့နောက်ကလိုက်လာရင်း မေးသည်။
"နင့်ကို ရောင်းစားမလို့လေ"
"ဟင်"
ဒါလီစကားကြောင့် ချမ်းက မျက်ခုံးလေးပင့်သည်။
"နေက နင့်ကိုတွေ့ချင်တယ်ဆိုပြီးငါတို့ လမ်းကြားထဲစောင့်နေတယ်...နာရီဝက်လောက်အချိန်ဆွဲလို့ရတယ်..ပြောစရာရှိတာပြောပြီး မြန်မြန်ပြန်လာပေါ့"
ဒါလီစကားအဆုံး ချမ်း ဝမ်းသာသွားသည်မှာ မျက်လုံးလေးတွေလက်ခနဲ။
"ကျေးဇူးပဲ..ဒါဒါ"
"You're welcome par baby"
နှစ်ယောက်စလုံးကားပေါ်ရောက်လာတော့ ဒါလီက ကားစက်နှိုးရင်း ချမ်းကိုကြည့်ပြီးပြောင်စပ်စပ်ပြန်ပြောသည်။ချမ်း တို့ရောက်လာတော့ လမ်းမီးတိုင်အောက်ပြောင်လက်နေသော အနက်ရောင်ကားတစ်စီးက ရပ်နေသည်။ဒါလီကားက ထိုကားနားထိုးရပ်သွားသည်။နေ က ကားပေါ်မှဆင်းကာ ဒါလီကားနားရောက်လာသည်။ချမ်းက ကားရပ်သွားသည်နဲ့ကားပေါ်မှ လှစ်ခနဲဆင်းသည်။
"ဘေဘီ"
"မောင်"
ချမ်းကိုမြင်သည်နဲ့ နေက ရင်ခွင်ထဲဆွဲသွင်းသည်။
"အဟမ်း...ချမ်း..ငါ ကားပေါ်ကစောင့်နေမယ်နော်..သိပ်မကြာစေနဲ့"
ဒါလီက တွေ့တွေ့ချင်းပူးကပ်သွားသည့်အတွဲကိုကြည့်ကာ ချောင်းတစ်ချက်ဟန့်ရင်းပြောသည်။
"အိုကေဗျာ...ကျေးဇူးနော်..မဒါ"
နေက ကားထဲကဒါလီ့ကိုငုံ့ကြည့်လာရင်းကျေးဇူးတင်စကားဆိုသည်။
"ရတယ်..ရတယ်...နင်တို့ ကားပေါ်မှာစကားပြောတာကောင်းမယ်နော်..ဒီနားက သိပ်စိတ်မချရဘူး နင်တို့ကိုလူတွေမြင်သွားရင်မကောင်းဘူး"
"ဟုတ်ကဲ့..မဒါ"
နေက ဒါလီ့စကားကို ခေါင်းငြိမ့်ပြီး ချမ်းကို သူ့ကားပေါ်ခေါ်သွားသည်။ဒါလီ့က သူမ ကားပေါ်မှာဖုန်းထုတ် ကျန်နေခဲ့ရသည်။ဒီနှစ်ယောက်နဲ့မှ သူမ မလုပ်စဖူး အတွဲစောင့်လုပ်နေရသည်။
"မောင်...ခုရက်ပိုင်း မာမီက ချမ်းကိုမျက်စိဒေါက်ထောက်လိုက်ကြည့်နေတယ် မောင်နဲ့တွေ့ဖို့မလွယ်ဘူး"
"အင်း..ကိုယ်နားလည်တယ်"
နေက ချမ်း မျက်နှာလေးကိုသာစူးစိုက်ကြည့်ရင်းဆိုသည်။နေက ခဲပုတ်ရောင်ဆွဲသားလက်ရှည်တစ်ထည်ကို ဂျင်းနက်နဲ့တွဲဝတ်ထားခြင်းဖြစ်သည်။ရင်ဘတ်က ကြယ်သီးသုံးလေးစေ့လေးပါသည်ကို မတပ်ဘဲ ထုံးစံအတိုင်းဟ ထားသည်။နေ့ ဆံပင်တွေက စည်းနေကျအတိုင်းမဟုတ်ပဲ ဘေးသို့လွှဲချထားသည်။
ကားမီးရောင်ဖျော့ဖျော့အောက် နေ့ မျက်တောင်တွေကအရိပ်ထင်လျက်။ချမ်းက နေ့မျက်နှာကို ငေးငေးလေးကြည့်ပြီးမှ နေ့ပါးကိုဖွဖွတစ်ချက်နမ်းကာ နေ့ရင်ခွင်ထဲတိုးဝင်လာသည်။နေက ချမ်းကိုယ်လေးကိုအလိုက်သင့်ပွေ့ဖက်သည်။ရင်ခွင်ထဲက နွေးနွေးအိအိကိုယ်လုံးလေးကို တင်းတင်းပွေ့ဖက်လိုက်ရင်း နေ ချမ်းခေါင်းလေးကိုတစ်ချက်ဖိနမ်းသည်။ချမ်း သုံးနေကျရှန်ပူနံ့သင်းသင်းလေးက နေ့ နှာခေါင်းထဲတိုးဝင်လာသည်။
"အခု..ကိုယ်နဲ့လိုက်မလား ဘေဘီ"
နေ့စကားကြောင့် ချမ်း ကိုယ်လေးတောင့်သွားသည်။
"ကိုယ့် မှာ ပိုင်ဆိုင်မှုတွေများများမရှိသေးပေမဲ့ ဘေဘီ့ကိုဘေဘီ့မိဘတွေ ထားတာထက်ပိုသာအောင်ထားဖို့ ကိုယ်ကြိုးစားပါ့မယ် ဘေဘီ ကိုယ်နဲ့အတူနေပြီးအချိန်ခဏပဲစောင့်ပေး"
နေ့စကားကြောင့် ချမ်း ရင်ခုန်သံတွေ မြန်ရသလို ကြည်နူးမှုတို့ကလည်းတသိမ့်သိမ့်။ကိုယ်ချစ်တဲ့သူဆီက ဒီလိုစကားတွေကြားရတဲ့သူတိုင်း ဘယ်သူမကြည်နူးပဲနေနိုင်မှာလဲ။
ချမ်း နေ့ရင်ခွင်ထဲကနေ နေ့မျက်နှာကိုမော့ကာကြည့်လာရင်း......
"မောင်က သေချာစဉ်းစားပြီးပြီလား"
"ဘေဘီနဲ့အတူနေရမှာကို ကိုယ်ကဘာစဉ်းစားစရာလိုလဲ...ဘေဘီသာ ကိုယ့်နောက်လိုက်ရဲဖို့ပဲလိုတယ်"
နှစ်ယောက်တစ်ဘဝတည်ထောင်ရန်အရမ်းတက်ကြွနေသော မောင့်ကို ချမ်း ချစ်စနိုး နှာခေါင်းချွန်ချွန်အား ဖွဖွလိမ်ဆွဲမိသည်။
နေက ချမ်း လုပ်သမျှငြိမ်ခံသည်။
"မောင်က အသက်အရမ်းငယ်သေးတယ်လို့မထင်ဘူးလား"
"အသက်ငယ်တော့ ဘာဖြစ်လဲ..ကိုယ် ဘေဘီကို ရှာကျွေးနိုင်ပါတယ်...ပြီးတော့ အသက်ငယ်ပေမဲ့ ကိုယ့်ဟာက ကြီးတာပဲ..ဘေဘီ့ကိုစိတ်ကျေနပ်မှုအပြည့်ပေးနိုင်မှာပဲလေ မဟုတ်ဘူးလား"
နေက ထိုစကားကိုအတည်ပေါက်ဆိုတာဖြစ်သည်။သူကချမ်းထက်အသက်ငယ်ပေမဲ့ သူပိုက်ဆံရှာတတ်သည်၊သူ့အရာကစံချိန်မှီမို့ အိမ်ထောင်ရေးသုခလည်း သူအပြည့်အဝပေးနိုင်တယ်လေ။ဒါဆိုရင် ပြီးပြီပေါ့။အသုံးမဝင်တဲ့ ဒီအသက် ဂဏန်းလေးတစ်ခုကို ချမ်း ထည့်ထည့်ပြောနေတာတော့ မဟုတ်သေးပါဘူး။
နေ့ စကားကြောင့် ချမ်း မျက်နှာလေးရဲသည်။မောင်က တော့ တကယ်ကိုပြောရဲဆိုရဲ။
"ကိုယ်ပြောတာ လက်ခံလား"
ဘာမှပြန်မပြောသည့် ချမ်းကြောင့် နေကချမ်းမျက်နှာလေးအားကြည့်ကာ မျက်ခုံးပင့်မေးသည်။
"အင်း...လက်ခံပေမဲ့ ချမ်း မာမီ့အခြေအနေ ခဏလောက်စောင့်ကြည့်ချင်သေးတယ် မာမီ ဒီ့ထက်ပိုတင်းကြပ်လာရင် ၊မောင်နဲ့ နည်းနည်းလေးတောင် တွေ့ခွင့်မရဘူးဆိုရင် ချမ်း..မောင့်..မောင့်နောက်လိုက်ပါမယ်"
ချမ်းက မျက်လွှာလေးချကာ ပြန်ဖြေသည်။ချမ်း ဒီစကားကိုသေချာစဉ်းစားပြီးမှ ပြောတာဖြစ်သည်။မောင်နဲ့ဝေးရရင် မပျော်ရွှင်ရမယ့်အတူတူ မောင်နဲ့အတူတူစွန့်စားလိုက်တာ ပိုကောင်းသည်။မာမီ စိတ်ဆိုးမှာသိပေမဲ့ အချိန်တန်ရင် ပြေပျောက်သွားလောက်ပါသည်။ရုးမိုက်သည်ပဲဆိုဆို သူ့နှလုံးသားက မောင်မှမောင်ပဲဖြစ်နေတော့ ဘယ်တတ်နိုင်ပါ့မလဲ။
ချမ်း စကားကြောင့် နေပျော်ရွှင်သွားရကာမျက်နှာချောချော ထက်ပြုံးရိပ်ထင်သည်။
"ဘေဘီ..တကယ်ပြောတာနော်"
"အင်း"
"ပြီးတာပဲ...ပြီးမှ စိတ်ပြောင်းလို့မရဘူးနော်"
"မပြောင်းပါဘူး..မောင်ရဲ့...ချမ်းက စိတ်အပြောင်းအလဲမြန်ရအောင် ကလေးမှမဟုတ်ပဲ"
"ကိုယ်က စိတ်ပူလို့ပါကွာ"
နေက အပျော်လွန်ကာ ချမ်းကိုယ်လေးအားတင်းတင်းကြပ်ကြပ်ပွေ့ဖက်လာသည်။နေ့ နှာခေါင်းချွန်ချွန်က ချမ်း ပါးလေးထံဝေ့ဝဲနေကာ ခပ်တိုးတိုးဆိုသည်။
"ကိုယ်တို့ ခိုးပြေးပြီးရင်တော့ ဘေဘီ့ ကိုယ့်ကိုငြင်းလို့မရဘူးနော်"
နေ့ စကားကြောင့် ချမ်း ကိုယ်လေးတုန်ခနဲ။နေက ချမ်း ဗိုက်သားလေးတွေကိုပွတ်သပ်နေရင်းမှ ချမ်းရှပ်အင်ကျီလေးထဲ လက်လျိူဝင်လာသည်။
"ကိုယ်က အဲနေ့လေးကိုစောင့်နေတာ..ချမ်းကို ကိုယ် ဘယ်လောက်ချစ်ချင်နေလဲ သိလား.."
နေက ချမ်း နှုတ်ခမ်းဖူးလေးကိုရီဝေဝေကြည့်ရင်းဆိုလာတော့.....
"ဟင့်အင်း"
ချမ်း ခေါင်းလေးယမ်းကာ နီးကပ်လာသည့်မောင့်မျက်နှာကို ရှောင်ရှားရင်း မောင့်ရင်ဘတ်ထံ ချမ်း ပါးလေးကပ်ကာ မောင့်ကိုသာ တင်းတင်းတိုးဖက်မိသည်။
ဒါဒါ စောင့်နေသည်မို့ ချမ်း မောင့်အနမ်းတွေကိုလက်မခံချင်ပေ။ချမ်း အပြုအမှုလေးကြောင့် နေက နမ်းရန်မကြိုးစားတော့ပဲ လက်လျှော့ကာ ချမ်း ပခုံးသားလေးကိုသာ ဖွဖွပွတ်သပ်ပေးသည်။
"ဒီည ဘေဘီနဲ့အတူတူရှိချင်တယ်"
နေက ချမ်းနဲ့ဒီလိုလေး အတူရှိချင်သည်မို့ တောင့်တောင့်တတပြောမိသည်။တွေ့နေရတာတောင် လွမ်းနေမိတယ် ဆိုတာ အခုလိုမျိူးဖြစ်မည်။တစ်ခါတစ်လေ နေ ချမ်းကိုသူဘာလို့ အဲလောက်ကြီး ချစ်မိသွားလဲ စဉ်းစားမိသည်။အကြောင်းပြချက်ရေရေရာရာမရှိပေ။ချမ်းက သူ့အပေါ်ကောင်းလို့ချစ်တာလည်းမဟုတ်။ချမ်းက သူ့အပေါ်ဆိုးဆိုးဝါးဝါးပြုမှုရင်တောင် သူ ချမ်းကို ချစ်မိနေမှာ။
"ကျနော်ရောပဲ...မောင်နဲ့အတူတူ တစ်ညလုံးဒီလိုလေး အတူတူရှိချင်တယ်"
နှစ်ဦးသားရဲ့ ဆန်ဒတွေကထပ်တူကျသည်။
"ဒေါက်....ဒေါက်"
ထိုစဉ် ကားမှန်ခေါက်သံကြောင့် နှစ်ဦးသား ခန်ဓာကိုယ်ချင်းပူးကပ်နေရာမှ ကွာသွားရသည်။ကားတံခါးဖွင့်ပေးလိုက်တော့ ဒါဒါဖြစ်သည်။
"ချမ်း...ပြန်ရအောင်တော့...ငါတို့နောက်ကျနေပြီ"
"အင်း"
ချမ်းက ဒါဒါ့ကို ခေါင်းငြိမ့်ပြပြီးနေ့ဘက်လှည့်ကြည့်လာရင်း....
"မောင်..ကျနော်ပြန်တော့မယ်"
"အင်း...ကိုယ်စောင့်နေမယ်နော်...ဘေဘီ လာခေါ်လို့ပြောတဲ့ အချိန်ကို ကိုယ်စောင့်နေမယ်"
နေက ချမ်းမျက်ဝန်းလေးတွေကိုစူးစိုက်ကြည့်ရင်းဆိုသည်။ချမ်းက ခေါင်းလေးငြိမ့်ပြပြီး ကားပေါ်မှ ဆင်းသွားသည်။ချမ်းတို့ကားလေးပြန်လှည့်ထွက်သွားသည်အထိ နေ ကားပေါ်မှကြည့်ကျန်နေခဲ့သည်။
<<<<<<>>>>>>>
ထုံစံအတိုင်း commentsလေးတွေမျှော်နေမယ်နော်
အများကြီးမန့်ပေးရင် ကိုယ်အရမ်းပျော်မိမှာ☹️
"သား..ခ်မ္းက တတိယႏွစ္ေရာက္ေနၿပီေနာ္"
"ဟုတ္တယ္..အန္တီေႏြး"
ေဒၚေႏြးေႏြးခ်ိဴကစားေသာက္ေနရင္း ေမးလာေတာ့ ခ်မ္းက တိတ္တဆိတ္စားေသာက္ေနရာမွ ေခါင္းေမာ့ေျဖလာသည္။
"သမီးေလး ဒါလီနဲ႔အတူတူပဲေလ ေႏြးရဲ႕."
ေဒၚေမမီက ၿပဳံးလ်က္ဝင္ေျပာသည္။
"ေအာ္....ဟုတ္သားပဲ...ေက်ာင္းခ်င္းမတူေတာ့ ႐ုတ္တရက္ေမ့သြားတာ ေမမီေရ"
လူေျခာက္ေယာက္ရွိေနေသာ ညစာစားပြဲက ႏွစ္ဖက္မွ မိခင္ႏွစ္ေယာက္အသံသာ ေဝဆာေနသည္။dinnerက ေဒၚေႏြးေႏြးခ်ိဴတို႔အိမ္မွာ စားျဖစ္တာျဖစ္သည္။ၿခံထဲရွိ ျမက္ခင္းစိမ္းေပၚတြင္ အျဖဴေရာင္စားပြဲရွည္ႀကီးခ်ထားသည္။ခ်မ္းတို႔ မိသားစုသုံးေယာက္နဲ႔ ဒါလီတို႔မိသားစုသုံးေယာက္က မ်က္ႏွာခ်င္းဆိုင္ထိုင္ၿပီးစားေသာက္ေနၾကျခင္းျဖစ္သည္။ေဘးနားတြင္ အကူ ေကာင္မေလးႏွစ္ေယာက္က လိုအပ္တာလုပ္ေပးရန္ ခပ္႐ို႕႐ို႕အသင့္ရပ္ေနၾကသည္။dinnerဆိုေပမဲ့ ညေန ေျခာက္နာရီခန႔္သာရွိေသးသည္။
"သမီးဒါလီ...သား ခ်မ္းကို ဟင္းေတြထည့္ေပးေလကြယ္..သားက ဘာမွလည္းသိပ္မစားဘူး"
"ရပါတယ္..အန္တီ"
ခ်မ္းက ပန္းကန္ထဲရွိ ထမင္းနဲ႔ဟင္းကိုသာစားေနရင္း ေဒၚေႏြးေႏြးခ်ိဴစကားေၾကာင့္ ဝင္ေျပာသည္။ခ်မ္းက အျပာေရာင္ေဖ်ာ့ေဖ်ာ့ရွပ္တစ္ထည္ကို ျဖဴေဖ်ာ့ေဖ်ာ့ဆင္စြယ္ေရာင္ ေဘာင္းဘီနဲ႔တြဲဝတ္ထားသည္။ဆံႏြယ္အုပ္အုပ္ေလးက နဖူးေပၚေဝ့ဝဲက်ေနကာ ခ်မ္း ပုံစံက ႏုသစ္လန္းဆန္းပုံေပၚေပမဲ့ ခ်မ္း မ်က္ႏွာေလးက အနည္းငယ္ညႇိဳးႏြမ္းေနသည္။
"ေရာ့..စားေနာ္..ခ်မ္း"
ဒါလီက ခ်မ္း ထမင္းပန္းကန္ထဲ ဟင္းထည့္ေပးလာသည္။
"ခ်မ္းေလးက အိမ္မွာလည္း အဲလိုပဲေႏြးေရ..အစားနည္းတယ္သိလား"
"ဟုတ္လား..."
"ကိုေကာင္း..ခုprojectကေတာ္ေတာ္ေအာင္ျမင္တယ္ေနာ္"
"ဟုတ္တယ္ ကိုဖုန္း..ကိုဖုန္းေက်းဇူးေတြ အမ်ားႀကီးပါတယ္ဗ်ာ"
ဦးေကာင္းျမတ္တို႔ ဖခင္ႏွစ္ေယာက္စကားစလာၾကသည္။
"ဟား..ဟား..မဟုတ္တာဗ်ာ..ကြၽန္ေတာ္က လမ္းေၾကာင္းေလးနည္းနည္းရွင္းေပး႐ုံပဲ"
ဦးဖုန္းျမင့္ရွိန္က အသက္ငါးဆယ္နီးနီးဆိုေပမဲ့ လ်င္ျမန္ျဖတ္လတ္တုန္းျဖစ္သည္။ဦးေကာင္းျမတ္နဲ႔သက္တူ႐ြယ္တူေတြျဖစ္ေပမဲ့ ဦးေကာင္းျမတ္က ဦးဖုန္းျမင့္ရွိန္နဲ႔ ယွဥ္လွ်င္ အနည္းငယ္ အသက္ႀကီးသေယာင္ထင္ရသည္။
"ခ်မ္းက ေက်ာင္းၿပီးရင္ ဘာလုပ္မယ္စဥ္းစားထားလဲ"
ဦးဖုန႔္ျမင့္ရွိန္က ခ်မ္း ဘက္လွည့္ေျပာလာသည္။ခ်မ္းက ဦးဖုန္းျမင့္ရွိန္ကိုၾကည့္လာကာ....
"ကြၽန္ေတာ္...ေကာ္ဖီဆိုင္တစ္ခုခုဖြင့္ဖို႔ စဥ္းစားထားတယ္..အန္ကယ္လ္"
ခ်မ္း စကားေၾကာင့္ ဦးဖုန္းျမင့္ရွိန္က ႏႈတ္ခမ္းေတြေအာက္ေကြးက်ကာ မ်က္ခုံးပင့္သည္။ဒီေကာင္ေလးက ေလာဘနည္းတာပဲ။
"နင့္စိတ္ကူး ေကာင္းတာပဲ ခ်မ္းရဲ႕..ေကာ္ဖီဆိုင္ေလးနဲ႔တြဲရက္ စာအုပ္ဆိုင္ေလးပါထည့္!ငါတို႔သူငယ္ခ်င္းေတြ အၿမဲလာအားေပးမယ္ သိလား"
"အင္း"
ဒါလီက ခ်မ္းကိုေထာက္ခံကာ တက္တက္ႂကြႂကြေျပာလာသည္။ေဒၚေမမီက ဒါလီ့စကားေၾကာင့္ရယ္ရင္း.....
"ေနာက္ဆို..သမီးေလးက ခ်မ္းနဲ႔အတူရွိမွာပဲ...အားေပးစရာမလိုေတာ့ဘူးေလ"
ေဒၚေမမီ့စကားေၾကာင့္ ခ်မ္း မေနတတ္ျဖစ္သြားသလို ဒါလီလည္း စားလက္စထမင္းသီးသြားရသည္။
"အဟြတ္!..အန္တီမီ ကလည္း.."
ဒါလီ့မ်က္ႏွာ အနည္းငယ္ပန္းေရာင္သမ္းသြားသည္။ဒါလီက ပန္းပြင့္ေသးေသးေလးေတြပါသည့္ စိမ္းႏုေရာင္ဂါဝန္ရွည္ေလး ဝတ္ဆင္ထားျခင္းျဖစ္သည္။ဆံပင္ေတြအေျပာင္သိမ္းၿပီး ထိပ္မွာ ထုံးထားသည္။ေဖြးႏုေနသည့္ ဒါလီမ်က္ႏွာေလးက ေပၚလြင္လ်က္။
"ေဟာ..ကေလးေတြရွက္ေနၾကၿပီေရ..မီေရ မစပါနဲ႔"
ေဒၚေႏြးေႏြးခ်ိဴကပါ သေဘာတက်ရယ္ရင္းဝင္ေျပာသည္။
"ေျပာမွပဲ..လာရင္းကိစ္ကိုေမ့ေတာ့မလို႔..ကိုဖုန္း ..မီစဥ္းစားတာေလ..ကေလးႏွစ္ေယာက္ကို ေန႔ေကာင္းရက္သာေလး ေ႐ြးၿပီးေစ့စပ္ေပးထားေတာ့မလားလို႔...ေက်ာင္းၿပီးတာနဲ႔တစ္ခါတည္း လက္ထပ္ေပးလို႔ရတယ္ေလ"
ေဒၚေမမီစကားေၾကာင့္ ခ်မ္း ကိုင္လက္စ ဇြန္းေလးရပ္တန႔္သြားရသလို ဒါလီလည္း ေရေသာက္ေနရင္း မ်က္လုံးေလးျပဴးသည္။
ႏွစ္ေယာက္လုံး လန႔္သြားသည္မဟုတ္လား။
ဦးဖုန္းက ေဒၚေမမီစကားေၾကာင့္.....
"မမီေျပာသလိုလည္း မဆိုးပါဘူး..ခ်ိဴနဲ႔သမီး သေဘာကေရာ"
ဦးဖုန္းျမင့္က အစကတည္းက ကေလးႏွစ္ေယာက္ကိုသေဘာတူၿပီးသားမို႔ ေထြေထြထူးထူးျငင္းစရာမရွိေပ။ေလာဘနည္းပုံေပၚသည့္ သမက္ေလာင္းေလး ပုံစုံကိုသိပ္သေဘာမေတြ႕ေပမဲ့ ျမတ္ကုေဋ မိသားစုရဲ႕ ႂကြယ္ဝခ်မ္းသာမႈေတြက ျငင္းေလာက္စရာမရွိေပ။
"ခ်ိဴ႕သေဘာကေတာ့..အကိုသေဘာပါပဲ..သမီးေလးကေရာ"
အားလုံး ဒါလီ့ထံအာ႐ုံစိုက္လာၾကသည္။
"သမီးကေတာ့ေလ..အခ်ိန္တန္လက္ထပ္ရမွာပဲဆိုေတာ့..ခုအခ်ိန္ေလးေတာ့ လြတ္လြတ္လပ္ေနခ်င္ေသးတယ္....ေစ့စပ္ထားဖို႔က ေစာလြန္းေသးတယ္လို႔ ထင္တယ္....ေနာ္...ခ်မ္း"
ေျပာၿပီး ခ်မ္း ဘက္ကိုပါတပ္ကူလွည့္ေခၚသည္။ခ်မ္းက ဒါလီ့စကားကိုေခါင္းေလးၿငိမ့္ေထာက္ခံရင္း...
"ဟုတ္တယ္..ကြၽန္ေတာ္ တို႔ အသက္ကလည္း ငယ္လြန္းေသးတယ္...ၿပီးေတာ့..ကြၽန္ေတာ္က ကိုယ္ပိုင္အလုပ္ေလးတစ္ခုခုရွိမွ လက္ထပ္ခ်င္တယ္...ဒီၾကားထဲ ဒါလီနဲ႔ကြၽန္ေတာ္ အဆင္ေျပေနရင္ၿပီးတာပါပဲ"
ႏွစ္ေယာက္လုံးက တက္ညီလက္ညီ အစီအစဥ္တက် ေျပာလိုက္ေတာ့ လူႀကီးေတြ ခဏေတာ့ၿငိမ္သက္သြားသည္။ဒါလီက "အလုပ္ျဖစ္သားပဲ"ဟူေသာသေဘာျဖင့္ ခ်မ္း ကို မ်က္ခုံးေလးပင့္ျပသည္။ခ်မ္းကလည္း လက္မေလး မသိမသာျပန္ေထာင္ျပသည္။
"အင္း...သားတို႔သမီးတို႔ သေဘာကအဲလိုဆိုေတာ့ ေက်ာင္းၿပီးမွပဲ မဂ္လာပြဲနဲ႔ပတ္သက္ၿပီး ေအးေဆးစဥ္းစားၾကမလား..ကေလးေတြကလည္း သူတို႔ရည္မွန္းခ်က္ေလးေတြ၊စိတ္ကူးေလးေတြ အေကာင္အထည္ေဖာ္ခ်င္ၾကအုံးမွာပဲ"
ေဒၚေႏြးေႏြးခ်ိဴက ကေလးေတြကိုစာနာ နားလည္စြာ ေျပာသည္။
"ဟုတ္သားပဲ...ကေလးေတြ ငယ္ပါေသးတယ္ကြာ...လြတ္လြတ္လပ္ေနၾကပါေစအုံး"
ဦးေကာင္းျမတ္ကပါ ဝင္ေျပာလာသည္။ဦးဖုန္းကိုယ္တိုင္လည္း လက္ခံသလို ဆိတ္ဆိတ္ေနေလေတာ့ ေဒၚေမမီ မေက်မနပ္ျဖစ္သြားရသည္။ဒီေစ့စပ္ပြဲကို သူမေလာေနရတာ ခ်မ္းေလးေၾကာင့္ပင္။
မထုံတက္ေသးနဲ႔ ခ်မ္း ပုံစံက ျပန္မေျပာနားမေထာင္ေလးျဖစ္သည္။အလိုနည္းေပမဲ့ သူျဖစ္ခ်င္တာ၊ရခ်င္တာ တစ္ခုခုကိုေတာ့ မရမခ်င္း မျဖစ္ျဖစ္ေအာင္ႀကိဳးစားတတ္သည္။ခ်စ္မိရင္ စြဲစြဲလန္းလန္းခ်စ္တတ္သလို မုန္းၿပီဆိုလွ်င္လည္း ကမ္ဘာပ်က္ေနပါေစ သူမုန္းတဲ့လူကို ဥပက္ခါျပဳတတ္တာမ်ိဴး။သူမဝမ္း နဲ႔လြယ္ပိုးလာရသည့္ သူမသားေလးအေၾကာင္းကိုသူမသာအသိဆုံးျဖစ္သည္။အကယ္၍မ်ား ခ်မ္း ေလး ႐ုးမိုက္ၿပီး ဟိုေကာင္ေလးနဲ႔ပါသြားရင္ သူမရင္က်ိဴးရခ်ည္ရဲ႕။
"ငယ္ေသးေပမဲ့ ေစ့စပ္ထားေတာ့မေကာင္းဘူးလား၊သမီးနဲ႔သားေလး ၾကားကို ဘယ္သူမွဝင္ေႏွာင့္ယွက္လို႔မလြယ္ေအာင္ ေစ့စပ္ပြဲေလးေတာ့........"
"အဲဒီကိစ္စအတြက္ေတာ့ စိတ္ခ် အန္တီမီ..သမီးက သမီးလက္ထပ္ရမယ့္သူ ခ်မ္း ပဲျဖစ္ရမယ္လို႔ အဓိဌာန္ခ်ၿပီးသား"
ဒါလီက ပိုပိုသာသာေလးျဖတ္ေျပာလိုက္သည္။သူမအေနနဲ႔ ခ်မ္းကို အမွန္တကယ္လက္ထပ္ရမည္ဆိုလွ်င္ ခ်မ္းက သူမလိုခ်င္ေသာစိတ္ေနသေဘာထား၊႐ုပ္ရည္အရည္အခ်င္း အကုန္ျပည့္စုံပါသည္။
သို႔ေပမဲ့ ခ်မ္းက သူမကိုဟိုးအရင္ကတည္းက သူငယ္ခ်င္းထက္အဆင့္မပို တာသိသည္။သူမ လိုခ်င္တာ သူမကိုျမတ္ျမတ္ႏိုးႏိုးခ်စ္ေပးမည့္သူျဖစ္သည္။ခ်မ္းက သူမကိုမခ်စ္ေတာ့ ဒါလီ ခ်မ္းနဲ႔လက္မထပ္ခ်င္ေပ။ၿပီးေတာ့ ခ်မ္းမွာဆိုင္သူရွိၿပီးသား။အကယ္၍ ခ်မ္း ရည္းစားက မိန္းကေလးတစ္ေယာက္ဆိုလွ်င္ ဒါလီ နည္းနည္းခံျပင္း မိမွာေပမဲ့ ေယာက်ာ္းေလးျဖစ္ေနေတာ့ အလိုလိုေတာင္ သေဘာတူမိသြားေသးသည္။ ခ်မ္းက သူမ ေမာင္ ေခ်ာေလးေနမင္းတာရာရဲ႕အပိုင္ဆိုေတာ့လည္း ဘယ္သူလုယူရဲမွာလဲ။
"ဟုတ္...ဟုတ္တယ္ ကြၽန္ေတာ္လည္း အဲလိုပဲ"
ခ်မ္းက ပါ အားျဖည့္ေထာက္ခံလာေသးသည္။
"ကဲပါ..မီရယ္ အဲဒီေလာက္ထိေတြးပူမေနပါနဲ႔..ကေလးေတြကလည္း လြတ္လြတ္လပ္လပ္ေနခ်င္ေသးတာဆိုေတာ့ ေက်ာင္းၿပီးမွ ဒီကိစ္စ စဥ္းစားၾကတာေပါ့"
"အင္း...အဲလိုလုပ္ၾကတာေပါ့"
ဦးဖုန္းျမင့္တို႔ ဇနီးေမာင္ႏွံႏွစ္ေယာက္လုံးက ေျပာလာေတာ့ ေဒၚေမမီလက္မခံလို႔မေကာင္းေတာ့ေပ။သေဘာတူသလို ဆိတ္ဆိတ္သာေနလိုက္သည္။ေဒၚေမမီ မေက်မနပ္ျဖစ္ကာ ရင္ထဲကအပူလုံးႀကီးက က်မသြား။သူမ သားေလးကိုမ်က္လုံးေရွ႕က အေပ်ာက္ခံလို႔မျဖစ္ေပ။
စားၾကေသာက္ၾကၿပီးေတာ့ အကူေကာင္မေလးေတြက အခ်ိဴပြဲအစုံလာခ်ၾကသည္။ေမွာင္စျပဳလာကာ ၿခံဝန္းထဲ မီးသီးေတြ ထိန္ထိန္လင္းေနၿပီျဖစ္သည္။လူႀကီးေတြ စကားေျပာေနၾကစဥ္ ဒါလီ့ဖုန္းက messageဝင္လာသည္မို႔ ဒါလီ မသိမသာဖုန္းကိုယူၾကည့္လိုက္သည္။ထင္သည့္အတိုင္း ေနမင္းတာရာပင္။ဒီည ဒါလီတို႔မိသားစုနဲ႔ ခ်မ္းတို႔ dinnerစားၾကမည္ကို သိကာ ေန က ခ်မ္းကို ခဏေလာက္ေခၚထုတ္လာရန္ ဒါလီ့ကို အကူအညီေတာင္းထားသည္။
ေနက သူ ေရာက္ေနၿပီျဖစ္ေၾကာင္း စာပို႔တာ ျဖစ္သည္။ထိုစာျမင္ၿပီးသည္နဲ႔ဒါလီက ခ်မ္းကိုဘယ္လိုေခၚထုတ္သြားရမလဲ ႀကံသည္။
"ဟိုဟာေလ...သမီး ဝယ္ခ်င္တာေလးရွိလို႔ အဲတာအျပင္ခဏေလာက္ထြက္မလို႔....အန္တီမီ သမီး ခ်မ္းကိုေခၚသြားမယ္ေနာ္"
"ေခၚသြား..ေခၚသြား သမီး"
ေဒၚေမမီက ဒါလီေျပာေတာ့ ၿပဳံးၿပဳံး႐ႊင္႐ႊင္ေခါင္းၿငိမ့္ခြင့္ျပဳသည္။ခ်မ္းက ဒါလီဆြဲေခၚရာေနာက္ပါသြားသည္။
"ညႀကီး..နင္က ဘာဝယ္မလို႔လဲ"
ခ်မ္းက ဒါလီ့ေနာက္ကလိုက္လာရင္း ေမးသည္။
"နင့္ကို ေရာင္းစားမလို႔ေလ"
"ဟင္"
ဒါလီစကားေၾကာင့္ ခ်မ္းက မ်က္ခုံးေလးပင့္သည္။
"ေနက နင့္ကိုေတြ႕ခ်င္တယ္ဆိုၿပီးငါတို႔ လမ္းၾကားထဲေစာင့္ေနတယ္...နာရီဝက္ေလာက္အခ်ိန္ဆြဲလို႔ရတယ္..ေျပာစရာရွိတာေျပာၿပီး ျမန္ျမန္ျပန္လာေပါ့"
ဒါလီစကားအဆုံး ခ်မ္း ဝမ္းသာသြားသည္မွာ မ်က္လုံးေလးေတြလက္ခနဲ။
"ေက်းဇူးပဲ..ဒါဒါ"
"You're welcome par baby"
ႏွစ္ေယာက္စလုံးကားေပၚေရာက္လာေတာ့ ဒါလီက ကားစက္ႏႈိးရင္း ခ်မ္းကိုၾကည့္ၿပီးေျပာင္စပ္စပ္ျပန္ေျပာသည္။ခ်မ္း တို႔ေရာက္လာေတာ့ လမ္းမီးတိုင္ေအာက္ေျပာင္လက္ေနေသာ အနက္ေရာင္ကားတစ္စီးက ရပ္ေနသည္။ဒါလီကားက ထိုကားနားထိုးရပ္သြားသည္။ေန က ကားေပၚမွဆင္းကာ ဒါလီကားနားေရာက္လာသည္။ခ်မ္းက ကားရပ္သြားသည္နဲ႔ကားေပၚမွ လွစ္ခနဲဆင္းသည္။
"ေဘဘီ"
"ေမာင္"
ခ်မ္းကိုျမင္သည္နဲ႔ ေနက ရင္ခြင္ထဲဆြဲသြင္းသည္။
"အဟမ္း...ခ်မ္း..ငါ ကားေပၚကေစာင့္ေနမယ္ေနာ္..သိပ္မၾကာေစနဲ႔"
ဒါလီက ေတြ႕ေတြ႕ခ်င္းပူးကပ္သြားသည့္အတြဲကိုၾကည့္ကာ ေခ်ာင္းတစ္ခ်က္ဟန႔္ရင္းေျပာသည္။
"အိုေကဗ်ာ...ေက်းဇူးေနာ္..မဒါ"
ေနက ကားထဲကဒါလီ့ကိုငုံ႔ၾကည့္လာရင္းေက်းဇူးတင္စကားဆိုသည္။
"ရတယ္..ရတယ္...နင္တို႔ ကားေပၚမွာစကားေျပာတာေကာင္းမယ္ေနာ္..ဒီနားက သိပ္စိတ္မခ်ရဘူး နင္တို႔ကိုလူေတြျမင္သြားရင္မေကာင္းဘူး"
"ဟုတ္ကဲ့..မဒါ"
ေနက ဒါလီ့စကားကို ေခါင္းၿငိမ့္ၿပီး ခ်မ္းကို သူ႔ကားေပၚေခၚသြားသည္။ဒါလီ့က သူမ ကားေပၚမွာဖုန္းထုတ္ က်န္ေနခဲ့ရသည္။ဒီႏွစ္ေယာက္နဲ႔မွ သူမ မလုပ္စဖူး အတြဲေစာင့္လုပ္ေနရသည္။
"ေမာင္...ခုရက္ပိုင္း မာမီက ခ်မ္းကိုမ်က္စိေဒါက္ေထာက္လိုက္ၾကည့္ေနတယ္ ေမာင္နဲ႔ေတြ႕ဖို႔မလြယ္ဘူး"
"အင္း..ကိုယ္နားလည္တယ္"
ေနက ခ်မ္း မ်က္ႏွာေလးကိုသာစူးစိုက္ၾကည့္ရင္းဆိုသည္။ေနက ခဲပုတ္ေရာင္ဆြဲသားလက္ရွည္တစ္ထည္ကို ဂ်င္းနက္နဲ႔တြဲဝတ္ထားျခင္းျဖစ္သည္။ရင္ဘတ္က ၾကယ္သီးသုံးေလးေစ့ေလးပါသည္ကို မတပ္ဘဲ ထုံးစံအတိုင္းဟ ထားသည္။ေန႔ ဆံပင္ေတြက စည္းေနက်အတိုင္းမဟုတ္ပဲ ေဘးသို႔လႊဲခ်ထားသည္။
ကားမီးေရာင္ေဖ်ာ့ေဖ်ာ့ေအာက္ ေန႔ မ်က္ေတာင္ေတြကအရိပ္ထင္လ်က္။ခ်မ္းက ေန႔မ်က္ႏွာကို ေငးေငးေလးၾကည့္ၿပီးမွ ေန႔ပါးကိုဖြဖြတစ္ခ်က္နမ္းကာ ေန႔ရင္ခြင္ထဲတိုးဝင္လာသည္။ေနက ခ်မ္းကိုယ္ေလးကိုအလိုက္သင့္ေပြ႕ဖက္သည္။ရင္ခြင္ထဲက ေႏြးေႏြးအိအိကိုယ္လုံးေလးကို တင္းတင္းေပြ႕ဖက္လိုက္ရင္း ေန ခ်မ္းေခါင္းေလးကိုတစ္ခ်က္ဖိနမ္းသည္။ခ်မ္း သုံးေနက်ရွန္ပူနံ႔သင္းသင္းေလးက ေန႔ ႏွာေခါင္းထဲတိုးဝင္လာသည္။
"အခု..ကိုယ္နဲ႔လိုက္မလား ေဘဘီ"
ေန႔စကားေၾကာင့္ ခ်မ္း ကိုယ္ေလးေတာင့္သြားသည္။
"ကိုယ့္ မွာ ပိုင္ဆိုင္မႈေတြမ်ားမ်ားမရွိေသးေပမဲ့ ေဘဘီ့ကိုေဘဘီ့မိဘေတြ ထားတာထက္ပိုသာေအာင္ထားဖို႔ ကိုယ္ႀကိဳးစားပါ့မယ္ ေဘဘီ ကိုယ္နဲ႔အတူေနၿပီးအခ်ိန္ခဏပဲေစာင့္ေပး"
ေန႔စကားေၾကာင့္ ခ်မ္း ရင္ခုန္သံေတြ ျမန္ရသလို ၾကည္ႏူးမႈတို႔ကလည္းတသိမ့္သိမ့္။ကိုယ္ခ်စ္တဲ့သူဆီက ဒီလိုစကားေတြၾကားရတဲ့သူတိုင္း ဘယ္သူမၾကည္ႏူးပဲေနႏိုင္မွာလဲ။
ခ်မ္း ေန႔ရင္ခြင္ထဲကေန ေန႔မ်က္ႏွာကိုေမာ့ကာၾကည့္လာရင္း......
"ေမာင္က ေသခ်ာစဥ္းစားၿပီးၿပီလား"
"ေဘဘီနဲ႔အတူေနရမွာကို ကိုယ္ကဘာစဥ္းစားစရာလိုလဲ...ေဘဘီသာ ကိုယ့္ေနာက္လိုက္ရဲဖို႔ပဲလိုတယ္"
ႏွစ္ေယာက္တစ္ဘဝတည္ေထာင္ရန္အရမ္းတက္ႂကြေနေသာ ေမာင့္ကို ခ်မ္း ခ်စ္စႏိုး ႏွာေခါင္းခြၽန္ခြၽန္အား ဖြဖြလိမ္ဆြဲမိသည္။
ေနက ခ်မ္း လုပ္သမွ်ၿငိမ္ခံသည္။
"ေမာင္က အသက္အရမ္းငယ္ေသးတယ္လို႔မထင္ဘူးလား"
"အသက္ငယ္ေတာ့ ဘာျဖစ္လဲ..ကိုယ္ ေဘဘီကို ရွာေကြၽးႏိုင္ပါတယ္...ၿပီးေတာ့ အသက္ငယ္ေပမဲ့ ကိုယ့္ဟာက ႀကီးတာပဲ..ေဘဘီ့ကိုစိတ္ေက်နပ္မႈအျပည့္ေပးႏိုင္မွာပဲေလ မဟုတ္ဘူးလား"
ေနက ထိုစကားကိုအတည္ေပါက္ဆိုတာျဖစ္သည္။သူကခ်မ္းထက္အသက္ငယ္ေပမဲ့ သူပိုက္ဆံရွာတတ္သည္၊သူ႔အရာကစံခ်ိန္မွီမို႔ အိမ္ေထာင္ေရးသုခလည္း သူအျပည့္အဝေပးႏိုင္တယ္ေလ။ဒါဆိုရင္ ၿပီးၿပီေပါ့။အသုံးမဝင္တဲ့ ဒီအသက္ ဂဏန္းေလးတစ္ခုကို ခ်မ္း ထည့္ထည့္ေျပာေနတာေတာ့ မဟုတ္ေသးပါဘူး။
ေန႔ စကားေၾကာင့္ ခ်မ္း မ်က္ႏွာေလးရဲသည္။ေမာင္က ေတာ့ တကယ္ကိုေျပာရဲဆိုရဲ။
"ကိုယ္ေျပာတာ လက္ခံလား"
ဘာမွျပန္မေျပာသည့္ ခ်မ္းေၾကာင့္ ေနကခ်မ္းမ်က္ႏွာေလးအားၾကည့္ကာ မ်က္ခုံးပင့္ေမးသည္။
"အင္း...လက္ခံေပမဲ့ ခ်မ္း မာမီ့အေျခအေန ခဏေလာက္ေစာင့္ၾကည့္ခ်င္ေသးတယ္ မာမီ ဒီ့ထက္ပိုတင္းၾကပ္လာရင္ ၊ေမာင္နဲ႔ နည္းနည္းေလးေတာင္ ေတြ႕ခြင့္မရဘူးဆိုရင္ ခ်မ္း..ေမာင့္..ေမာင့္ေနာက္လိုက္ပါမယ္"
ခ်မ္းက မ်က္လႊာေလးခ်ကာ ျပန္ေျဖသည္။ခ်မ္း ဒီစကားကိုေသခ်ာစဥ္းစားၿပီးမွ ေျပာတာျဖစ္သည္။ေမာင္နဲ႔ေဝးရရင္ မေပ်ာ္႐ႊင္ရမယ့္အတူတူ ေမာင္နဲ႔အတူတူစြန႔္စားလိုက္တာ ပိုေကာင္းသည္။မာမီ စိတ္ဆိုးမွာသိေပမဲ့ အခ်ိန္တန္ရင္ ေျပေပ်ာက္သြားေလာက္ပါသည္။႐ုးမိုက္သည္ပဲဆိုဆို သူ႔ႏွလုံးသားက ေမာင္မွေမာင္ပဲျဖစ္ေနေတာ့ ဘယ္တတ္ႏိုင္ပါ့မလဲ။
ခ်မ္း စကားေၾကာင့္ ေနေပ်ာ္႐ႊင္သြားရကာမ်က္ႏွာေခ်ာေခ်ာ ထက္ၿပဳံးရိပ္ထင္သည္။
"ေဘဘီ..တကယ္ေျပာတာေနာ္"
"အင္း"
"ၿပီးတာပဲ...ၿပီးမွ စိတ္ေျပာင္းလို႔မရဘူးေနာ္"
"မေျပာင္းပါဘူး..ေမာင္ရဲ႕...ခ်မ္းက စိတ္အေျပာင္းအလဲျမန္ရေအာင္ ကေလးမွမဟုတ္ပဲ"
"ကိုယ္က စိတ္ပူလို႔ပါကြာ"
ေနက အေပ်ာ္လြန္ကာ ခ်မ္းကိုယ္ေလးအားတင္းတင္းၾကပ္ၾကပ္ေပြ႕ဖက္လာသည္။ေန႔ ႏွာေခါင္းခြၽန္ခြၽန္က ခ်မ္း ပါးေလးထံေဝ့ဝဲေနကာ ခပ္တိုးတိုးဆိုသည္။
"ကိုယ္တို႔ ခိုးေျပးၿပီးရင္ေတာ့ ေဘဘီ့ ကိုယ့္ကိုျငင္းလို႔မရဘူးေနာ္"
ေန႔ စကားေၾကာင့္ ခ်မ္း ကိုယ္ေလးတုန္ခနဲ။ေနက ခ်မ္း ဗိုက္သားေလးေတြကိုပြတ္သပ္ေနရင္းမွ ခ်မ္းရွပ္အင္က်ီေလးထဲ လက္လ်ိဴဝင္လာသည္။
"ကိုယ္က အဲေန႔ေလးကိုေစာင့္ေနတာ..ခ်မ္းကို ကိုယ္ ဘယ္ေလာက္ခ်စ္ခ်င္ေနလဲ သိလား.."
ေနက ခ်မ္း ႏႈတ္ခမ္းဖူးေလးကိုရီေဝေဝၾကည့္ရင္းဆိုလာေတာ့.....
"ဟင့္အင္း"
ခ်မ္း ေခါင္းေလးယမ္းကာ နီးကပ္လာသည့္ေမာင့္မ်က္ႏွာကို ေရွာင္ရွားရင္း ေမာင့္ရင္ဘတ္ထံ ခ်မ္း ပါးေလးကပ္ကာ ေမာင့္ကိုသာ တင္းတင္းတိုးဖက္မိသည္။
ဒါဒါ ေစာင့္ေနသည္မို႔ ခ်မ္း ေမာင့္အနမ္းေတြကိုလက္မခံခ်င္ေပ။ခ်မ္း အျပဳအမႈေလးေၾကာင့္ ေနက နမ္းရန္မႀကိဳးစားေတာ့ပဲ လက္ေလွ်ာ့ကာ ခ်မ္း ပခုံးသားေလးကိုသာ ဖြဖြပြတ္သပ္ေပးသည္။
"ဒီည ေဘဘီနဲ႔အတူတူရွိခ်င္တယ္"
ေနက ခ်မ္းနဲ႔ဒီလိုေလး အတူရွိခ်င္သည္မို႔ ေတာင့္ေတာင့္တတေျပာမိသည္။ေတြ႕ေနရတာေတာင္ လြမ္းေနမိတယ္ ဆိုတာ အခုလိုမ်ိဴးျဖစ္မည္။တစ္ခါတစ္ေလ ေန ခ်မ္းကိုသူဘာလို႔ အဲေလာက္ႀကီး ခ်စ္မိသြားလဲ စဥ္းစားမိသည္။အေၾကာင္းျပခ်က္ေရေရရာရာမရွိေပ။ခ်မ္းက သူ႔အေပၚေကာင္းလို႔ခ်စ္တာလည္းမဟုတ္။ခ်မ္းက သူ႔အေပၚဆိုးဆိုးဝါးဝါးျပဳမႈရင္ေတာင္ သူ ခ်မ္းကို ခ်စ္မိေနမွာ။
"က်ေနာ္ေရာပဲ...ေမာင္နဲ႔အတူတူ တစ္ညလုံးဒီလိုေလး အတူတူရွိခ်င္တယ္"
ႏွစ္ဦးသားရဲ႕ ဆန္ဒေတြကထပ္တူက်သည္။
"ေဒါက္....ေဒါက္"
ထိုစဥ္ ကားမွန္ေခါက္သံေၾကာင့္ ႏွစ္ဦးသား ခန္ဓာကိုယ္ခ်င္းပူးကပ္ေနရာမွ ကြာသြားရသည္။ကားတံခါးဖြင့္ေပးလိုက္ေတာ့ ဒါဒါျဖစ္သည္။
"ခ်မ္း...ျပန္ရေအာင္ေတာ့...ငါတို႔ေနာက္က်ေနၿပီ"
"အင္း"
ခ်မ္းက ဒါဒါ့ကို ေခါင္းၿငိမ့္ျပၿပီးေန႔ဘက္လွည့္ၾကည့္လာရင္း....
"ေမာင္..က်ေနာ္ျပန္ေတာ့မယ္"
"အင္း...ကိုယ္ေစာင့္ေနမယ္ေနာ္...ေဘဘီ လာေခၚလို႔ေျပာတဲ့ အခ်ိန္ကို ကိုယ္ေစာင့္ေနမယ္"
ေနက ခ်မ္းမ်က္ဝန္းေလးေတြကိုစူးစိုက္ၾကည့္ရင္းဆိုသည္။ခ်မ္းက ေခါင္းေလးၿငိမ့္ျပၿပီး ကားေပၚမွ ဆင္းသြားသည္။ခ်မ္းတို႔ကားေလးျပန္လွည့္ထြက္သြားသည္အထိ ေန ကားေပၚမွၾကည့္က်န္ေနခဲ့သည္။
<<<<<<>>>>>>>
ထုံစံအတိုင္း commentsေလးေတြေမွ်ာ္ေနမယ္ေနာ္
အမ်ားႀကီးမန႔္ေပးရင္ ကိုယ္အရမ္းေပ်ာ္မိမွာ☹️