Strawberries & CigarettesπŸ“πŸš¬...
By Guu_JooniLili
4.5K 465 307
KimNamJoon X Kim SeokJin lighters and candy , i've been a fool πŸ“πŸš¬ playlist - Strawberries & Cigarettes by T... More
intro πŸ“πŸš¬
one πŸ“πŸš¬
two πŸ“πŸš¬
three πŸ“πŸš¬
four πŸ“πŸš¬
five πŸ“πŸš¬
six πŸ“πŸš¬
seven πŸ“πŸš¬
eight πŸ“πŸš¬
nine πŸ“πŸš¬
final πŸ“πŸš¬
Mg 's berry πŸ“πŸš¬
ten πŸ“πŸš¬
232 30 34
By Guu_JooniLili
Zawgyi~
KSJ 's pov ;
🍓🚬
"​နမ်​ ဂျွန်း .."
🍓🚬
"​မေ​မေက​နှောက်​ယှက်​-"
"ကိုယ့်​ကို ချစ်​တယ်​လား..."
"..."
"ဟင်​.."
🍓🚬
   ကိုယ့်​ရဲ့​ဆော့ဂျင်​ *
🍓🚬
From KSJ ♡
🍓🚬
"နမ်​ ဂျွန်း ?"
🍓🚬
နမ်​ဂျွန်းသိသင့်​သည်​။
🍓🚬
From KSJ ♡
🍓🚬
T.B.C
Written By
Guu_Joonilili
Unicode ~
KSJ 's pov ;
* Happy 1 year anni ပါ ကိုယ့်ရဲ့​ဆော့ဂျင်​
မင်းကို ကိုယ်​သိပ်​ချစ်​ပါတယ်​ *
ဝင်​လာ​သောစာကိုမြင်​လည်း​ဆော့ဂျင်​ဖုန်းကိုဆက်​လက်​၍​မှောက်​ထားပစ်​ပြီး လုပ်​စရာရှိ​သောအလုပ်​​တွေကိုသာဆက်​လုပ်​​နေမိသည်​။နံ​ဘေးရှိစီနီယာအမများပင်​သူ့မျက်​နှာပျက်​ယွင်းမှု​ကြောင့်စတင်​သတိထားမိလာကြ​သော်​လည်း သူ့မျက်​နှာမဲ့​နေဆဲဖြစ်​သည်​။အလွန်​တရာ ဝမ်းနည်း​နေသည်​။
တစ်​နှစ်​ပြည့်တွင်​​တော့အတူရှိချင်​မိတာဟာ နမ်​ဂျွန်းအ​ပေါ်သူထားသည့်ပထမဆုံး​သော​လောဘ​လေးရယ်​ပါ။အရင်​​နေ့​တွေတစ်​​လျှောက်​လုံးအတူရှိ​နေခဲ့သည့်တိုင်​ ခြံမှပြန်​လာ​သည့်လွန်​ခဲ့​သောသုံးရက်​ကတည်းကသူရုံးသွားလျှင်​လည်း ယခင်​ကဲ့သို့ ဘက်​စ်​နှင့်ပင်​ပြန်​လည်​ပတ်​ရသည်​။"သူ"နှင့်မ​တွေ့ရ​တာဟာ သုံးရင်​ပင်​ဖြစ်​​နေပြီ။​ပြောပြ​သော်​လည်း လျစ်​လျူရှုခံရ​သော သူ့စကား​လေးဟာ *လွမ်းတယ်​ နမ်​ဂျွန်းရယ်​*တဲ့..။
လက်​​ကောက်​ဝတ်​ထက်​ကhand chainကိုအသာပွတ်​တွယ်​မိပြီး​နောက်​ seen​တော့ပြလိုက်​​သေးသည်​။အနက်​​ရောင်​ဂျာကင်​နှင့်နမ်​ဂျွန်းသည်​သူ့နှလုံးခုန်​နှုန်းကဲ့သို့ပင်​။pfကနမ်​ဂျွန်းပုံကို​တောင်​အသာထိ​တွေ့မိသည်​အထိ သူသည်​မ​နေနိုင်​ပါ။
"​ဟေး ​ဆော့ဂျင်​ ​ကောင်​​လေးလာမကြိုဘူးလား .."
နံ​ဘေးရှိစပ်​စုတတ်​​သောအမ၏စကား​ကြောင့် ငိုချင်​ရက်​လက်​​တို့ဆိုသလို ​ဆော့ဂျင်​မျက်​နှာ​လေးပြန်​လည်​မဲ့ကျကာ​ခေါင်းခါပြမိသည်​။အမသည်​မျက်​မှန်​ပန်း​ရောင်​ကိုတစ်​ချက်​ပင့်တင်​ပြီး​နောက်​​ခေါင်းငြိမ့်ပြ​လေသည်​။ထိုအမသည်​ အတွင်း​ရေးမှူးဟန်​၏သူငယ်​ချင်းဖြစ်​​လေသည်​။
မြင်​သမျှသည်​ သူ့ကိုမဲ့​စေပါသည်​။
နမ်​ဂျွန်းကိုလည်း စာမပြန်​မိ​တော့​ပေ။
စီးကရက်​ရနံ့​တွေကိုလည်း သိပ်​လွမ်းမိပါသည်​။
ဒီလိုဆိုလျှင်​ သူကိုယ်​တိုင်​ စီးကရက်​​တွေ​သောက်​ဖြစ်​လိမ့်မည်​။
🍓🚬
ည​နေ​မှောင်​ရီသန်း​နေချိန်​တွင်​ အပြင်​ဘက်​မှတစ်​ရိပ်​ရိပ်​​ရွေ့​နေ​သော ဆိုးလ်​မြို့ကို​တွေ့​နေရသည်​။ဘက်​စ်​၏​နောက်​ဆုံးခုံတွင်​ပဲထိုင်​ဖြစ်​ခဲ့ပြီး နမ်​ဂျွန်းသူ့အတွက်​​နေရာဦး​ပေးခဲ့တာ​တွေကိုသတိရသည်​။ဘက်​စ်​၏ခုံကိုမှီထားလည်း နမ်​ဂျွန်းဟုတ်​မ​နေခဲ့ဘဲ ​ထွေး​ပွေ့​ပေးမည့်ကိုယ်​​ငွေ့များကင်းမဲ့သည်​။မျက်​ရည်​တစ်​စက်​သည်​ ပါးမို့မို့ထက်​သို့​ပေါက်​ခနဲကျသွားရသည်​။
လက်​ထဲရှိဖုန်းမြည်​လာလည်း ​ခေါ်ဆိုသူကိုသိပြီးသားမလို့လှည့်မကြည့်ဖြစ်​ပါ။သူစာမပြန်၊ဖုန်းမကိုင်​ရင်​ နမ်​ဂျွန်းသူ့ဆီကို​သေချာ​ပေါက်​​ရောက်​လာမှာကို ​ဆော့ဂျင်​ကြိုသိပါသည်​။
​လေးပင်​​သော​ခြေလှမ်းများနှင့်အိမ်​သို့​လျှောက်​လာရင်း ​လေ​တွေသူထံသို့တိုး​ဝှေ့ကာကျီစယ်​လာ​လေသည်​။ထုံးစံအတိုင်းဖိုင်​​တွေကို​ပွေ့ပြီးပဲ​လျှောက်​လာဖြစ်​ခဲ့​ပေမယ့် ကူသယ်​​ပေးမယ့်လူသည်​အနားမှာရှိမ​နေခဲ့​ပေ။အိမ်​ကအ​မေကိုပဲအ​ကြောင်းပြတတ်​​သော အရူးမရှိ​ပါ​ပေ။
ဟုတ်​ပါသည်​။နာမ်​စားဟာအရူးဖြစ်​သွားပြီ။တကယ်​​တော့ သူဒီ​နေ့အတွက်​ နမ်​ဂျွန်းနှင့်မတူအချိန်​ကုန်​ဖို့အတွက်​စိတ်​ကူးယဉ်​ခဲ့မိတာ..။
"​နမ်​ ဂျွန်း .."
သူ့ထံသို့​ခြေ​လှမ်းကျဲများနှင့်လှမ်း​လျှောက်​လာသူသည်​ အ​နား​ရောက်​​တော့ သူ့ကိုအလွန်​တရာပင်​ဆွဲ​ပွေ့လိုက်​ပါသည်​။ဖိုင်​တစ်​ချို့​အောက်​သို့လွတ်​ကျသွားခဲ့သည်​။လွမ်း​နေ​သော စီးကရက်​ရနံ့​ကြောင့်​ခြေဖျားပင်​​ထောက်​မိသွားသည်​အထိပခုံးတစ်​ဝိုက်​သို့သူ​​ပွေ့ဖက်​လိုက်​မိသည်​။နမ်​ဂျွန်း၏အသက်​ရှူ​ငွေ့များကိုရ​နေစဉ်​ နမ်​ဂျွန်း၏လည်​ဂုတ်​ထက်​အလွန်​တရာပင်​​မှီနားလိုက်​မိသည်​။
"ကိုယ်​စိတ်​ပူသွားတာပဲ .. ​ဆော့ဂျင်​ရာ.."
သူ့မျက်​နှာသည်​နမ်​ဂျွန်း၏လက်​ဖဝါးနှစ်​ဖက်​ကြားတွင်​နစ်​ဝင်​သွားပြီး စိုးရိမ်​ရိပ်​​တွေသန်း​နေ​သောမျက်​ဝန်းများကိုသူ့အားအင်​ချိနဲ့စွာ​ငေးလိုက်​မိပါသည်​။နဖူးချင်းထိတိုက်​ခြင်းတွင်​ သူနှာ​ခေါင်းရှုံ့မိသွားပြီး အနည်းငယ်​တွန်းလိုက်​မိ၍ထင်​သည်​။
သူ့ခါးသို့​ပွေ့ပိုက်​​သောလက်​များသိပ်​ကိုတင်းကြပ်​သွားကြပါသည်​။
🍓🚬
သူ့ကုတင်​ထက်​မှလှမ်းကြည့်မည်​ဆိုလျှင်​ ပြတင်းမှတစ်​ဆင့်ကြယ်​​တာရာနှင့် တင်းတင်းပြည့်​နေပြိဖြစ်​​သောလမင်းကိုမြင်​ရ​လေသည်​။ရာသီဥတုအနည်းငယ်​ခပ်​​နွေး​နွေးရှိလို့​လေ​အေး​ပေးစက်​မှ အ​အေးဓာတ်​အနည်းငယ်​​တော့အခန်းငယ်​အတွင်းပျံ့နှံ့​နေ​လေသည်။
"ကျွန်​​တော့်ကိုပစ်​ထားတာပဲ .."
သူ့ကိုဖက်​ထား​သောနမ်​ဂျွန်းကို ​မော့မကြည့်မိဘဲ​ဆော့ဂျင်​ကြယ်​​တွေထက်​သို့ကြည့်ရင်းဆိုမိ​လေသည်​။အခန်းအတွင်းဝယ်​မီး​ရောင်​မှိန်​ပြပြသာတည်​ရှိ​နေသည်​။နမ်​ဂျွန်းသူ့ပါးသို့နစ်​ခနဲနမ်း​လေသည်​။hand chainမှအသည်းပုံ​လေးသည်​ သူ့ပုံသဏ္ဍာန်​အမှန်​အတိုင်းရှိ​နေခဲ့သည်​။
"​မေ​မေက​နှောက်​ယှက်​-"
"​တော်​ပါ​တော့ ကျွန်​​တော်​ အဲ့စကားကိုအလွတ်​ရ​နေပြီ .."
သူခပ်​ဆူဆူ​ပြော​မိ​တော့ နမ်​ဂျွန်း၏ရယ်​သံခပ်​ချိုချိုသည်​ထွက်​​ပေါ်လာ​လေသည်​။သူလိုက်​မရယ်​မိဘဲ ပထမဆုံး​သောanni​တွေမျက်​ရည်​ကျ​အောင်​လုပ်​သည့်လူကိုစိတ်​ဆိုးသည်​။သူတို့အိမ်​ထဲဝင်​လာကတည်းက သူကုတင်​​ပေါ်တက်​ချိန်​တွင်​ နမ်​ဂျွန်း ဒ်ီလိုဖက်​ပြီးဘယ်​မှအသွားမခံခဲ့တာဖြစ်​သည်​။
"ကိုယ့်ကို ချစ်​တယ်​လား..."
"..."
"ဟင်​.."
​ပြန်​လည်​​ဖြေမဆိုမိ၍ နမ်​ဂျွန်းသည်​ သူ့မျက်​နှာကို​မော့​စေကာ အကြည့်ချင်းဆုံ​စေသည်​။​ဆော့ဂျင်​မျက်​လုံး​တွေကိုမှိတ်​ပစ်​လိုက်​သည်​။ပါးကိုဆွဲဖျစ်​ပါသည်​။နှာ​ခေါင်းကိုလည်းဆွဲညှစ်​သည်​။​နောက်​ထပ်​ မျက်​ခွံ​ပေါ်ကိုလည်းနမ်းသည်​။သူက​တော့ တိတ်​တဆိတ်​ရင်​ခုန်​သည်​။
"ချစ် တယ်​ ..ကျွန်​​တော်​ မင်းကိုချစ်​လာတာ တစ်​နှစ်​​​ကျော်​​လောက်​ပါပြီ ​နမ်​ဂျွန်း .."
နှုတ်​ခမ်းနှစ်​ခုထပ်​တူကျသွားခြင်းတွင်​ နမ်​ဂျွန်း၏လက်​​ဖဝါးကြီးကြီးများ သူ့​ယူနီ​ဖောင်းရှပ်​​အောက်​သို့လျှိုဝင်​သွားကြသည်​။​ဆော့ဂျင်​မျက်​ဝန်းများကိုမှိတ်​ထားရင်းပဲ သူ့ထံသို့တိုးဝင်​လာ​သောလျှာဖျားကို ပြန်​လည်​တုံ့ပြန်​မိသည်​။သူ့​မေး​စေ့ထက်​သို့အရည်​တစ်​ချို့စီးကျ​သော်​ နမ်​ဂျွန်းသည်​ သူ့​မေး​စေ့ကိုလက်​ဖျားနှင့်ပင်​ကာနမ်း​လေသည်​။
ရင်​သက်​ရှူ​မောစွာ မျက်​လုံးများဖွင့်ကြည့်မိချိန်​တွင်​ သူ့ကို​ငေး​နေ​သောနမ်​ဂျွန်းနှင့်အကြည့်ဆုံမိသည်​။day 1ကတည်းကညှို့​နိုင်​ခဲ့သူသည်​ နမ်​ဂျွန်းဖြစ်​ပါသည်​။
🍓🚬
​နေ​ရောင်​ခြည်​​တွေသည်​သာမာန်​အတိုင်းပင်​ သူ့မျက်​နှာ​ချော​ချောထက်​သို့ပုံကျ​နေကြသည်​။မအိပ်​ခင်​ကသူ့ခါးထက်​တွင်​ရှိ​နေ​သောလက်​​တွေမရှိ​တော့လို့​ဆော့ဂျင်​​ငေါက်​ခနဲထထိုင်​မိသွားသည်​။ဆံနွယ်​တစ်​ချို့မျက်​နှာထက်​သို့ကပိုကယိုဝဲကျသွားကြ​သေးသည်​။​လေ​တွင်​လွင့်​မြော​နေ​သော ခန်းစီးအပြာနု​ရောင်​သည်​ပင်​လျှင်​ သူ့မျက်​နှာသို့လာ​ရောက်​ဖုံး​နေကြ​လေပြီ။
ကုတင်​​ဘေးကစား​ပွဲတွင်​ ​ခေါက်​လျက်​တင်​ထား​သောစာတစ်​​စောင်​ကို​တွေ့လိုက်​ရ၍အလျင်​အမြန်​ပင်​ဆွဲယူမိချိန်​တွင်​ မျက်​ရည်​တစ်​စက်​ကျသွားပြန်​သည်​။သူဝမ်းနည်းလွယ်​​နေသည်​။
* ကိုယ်​​မေ​မေဖုန်းဆက်​လို့ ပြန်​ပြီ​နော်​ ​ဆော့ဂျင်​ ။
   ကိုယ်​မင်းအတွက်​ ​ပေါင်​မုန့်ကြက်​ဥ​ကြော်​​ပေးခဲ့တယ်​ ။
   အိပ်​ပုပ်​​လေး အနမ်းခိုးတယ်​ဖြစ်​မှာ စိုးလို့ ​ပြောရဦးမယ်​ ။
   ကိုယ်​မင်းနဖူး​လေးကို နမ်းသွား​သေးတယ်​​နော်​ ။
   ကိုယ့်အနမ်း​တွေနဲ့မင်းမနက်​ခင်း သာယာပါ​စေ ။
   ကိုယ့်ရဲ့​ဆော့ဂျင်​ *
​ဆော့ဂျင်​ယူနီ​ဖောင်းကိုဆွဲချွတ်​မိပြိး​နောက်​စာကို​စားပွဲအံဆွဲထဲသို့ပစ်​ထည့်လိုက်မိသည်​။သွားမတိုက်​​သေး၊မျက်​နှာမသစ်​​သေး၊အိပ်​ရာမသိမ်း​သေး၊​ပေါင်​မုန့်ကြက်​ဥ​ကြော်​ကိုစိတ်​ဝင်​စားစွာ ​အောက်​ထပ်​သို့​ဆောင့်​အောင့်ကာသူဆင်းလာခဲ့သည်။​ဗိုက်​​တွေအလွန်​ဆာ​နေခြင်းသည်​ ယမန်​ညကနမ်​ဂျွန်းရင်​ခွင်​ထဲချက်​ချင်းအိပ်​​ပျော်​သွား၍ဖြစ်​သည်​။
သူ့ထံတွင်​နမ်​ဂျွန်း၏ကိုယ်​သင်းရနံ့များစွဲ​နေဆဲဖြစ်​ပါသည်​။
ထမင်းစားပွဲထက်က​ပေါင်​မုန့်ကြက်​ဥ​ကြော်​​တွေကိုခက်​ရင်းနှင့်ထိုးကာသူအကုန်​စားပစ်​လိုက်​သည်​။နမ်​ဂျွန်းပထမဆုံးတိုက်​ဖူးသည့် ​ကော်​ဖီလိုပဲ။အရသာဟာ အချစ်​​တွေဖြစ်​သည်​။
🍓🚬
I can still smell you on my clothes
Always hoping things would change
But we went right back to your games
From KSJ ♡
🍓🚬
နမ်​ဂျွန်းကိုဖုန်းဆက်​​သော်​လည်း မကိုင်​ပါ​ပေ။​ဆော့ဂျင်​စိတ်​ညီးညူစွာ​သက်​ပြင်းချမိပြီး အလုပ်​ကအပြန်​ဘက်​စ်​မှတ်​တိုင်​ဆ်ိ​သို့သွား​သော​ခြေလှမ်းများခဲစွဲသကဲ့သို့ ​လေးလံ​နေခဲ့သည်​။​လေ​အေး​အေးသည်​ညင်​သာစွာတိုက်​​နေ​သော်​လည်း နမ်​ဂျွန်း​ခြေလှမ်း​တွေပျက်​​နေသည့်အ​ပေါ် သူငိုချင်​လာသည်​။သိပ်​ကိုသည်းသည်းထန်​ထန်​ငိုချင်​လာသည်​။
ဘက်​စ်​မှတ်​တိုင်​သို့သွားသည့်တစ်​​လျှောက်​ စတိုးဆိုင်​​တွေကိုဖြတ်​ရသည်​။ပန်းဆိုင်​​တွေကိုဖြတ်​ရသည်​။​နောက်​ထပ်​ စား​သောက်​ဆိုင်​​တွေလည်းဖြတ်​ရသည်​။ထိုအရာရာတွင်​ နမ်​ဂျွန်းမပါလို့သူ​မ​ပျော်​ပါ​ပေ။
"နမ်​ ဂျွန်း ?"
နှုတ်​ခမ်းလှုပ်​ရုံ​ရေရွတ်​မိသွားခြင်းတွင်​ သူမျက်​ဝန်း​တွေပါပြူးကျယ်​ကုန်​ပြီး တစ်​ကိုယ်​လုံး​အေးစက်​သည်​။အတွင်း​ရေးမှူးဟန်​ဂျီဝန်းနှင့် နမ်​ဂျွန်းသည်​စား​သောက်​ဆိုင်​တစ်​ခုတွင်​တစ်​ဝိုင်းတည်းအတူထိုင်​ကာ နှစ်​ဦးတည်းစကား​ပြော​နေသည်​။ထိုအရာ​တွေကို သူမှန်​ပြတင်း​ပေါက်​မှတစ်​ဆင့်လှမ်းမြင်​​နေရခြင်းဖြစ်​သည်​။
သူဆက်​မကြည့်ဖြစ်​​တော့ပါ။အကြည့်ကိုချက်​ချင်းလွှဲလိုက်​ရပြီး နှုတ်​ခမ်းဖူးဖူး​လေးသည်​တစ်​ဆက်​ဆက်​တုန်​ယင်​လာရသည်​။သူ့​ခြေလှမ်း​တွေသည်​ လွန်​စွာလျင်​မြန်​​နေပြီး စား​သောက်​ဆိုင်​အတွင်းရှိလူနှစ်​ဦးကိုအမြန်​ပင်​​ကျောခိုင်းပစ်​ခဲ့မိသည်​။တအင့်အင့်နှင့်ရှိုက်​သံ​တွေ​တောင်​ထွက်​လာပြီး သူခဲတစ်​ခုနှင့်ခလုတ်​တိုက်​မိချိန်​တွင်​ အလွန်​ငို​ကြွေးမိသွားသည်​။
လူ​တွေကွက်​ကြည့်၊ကွက်​ကြည့်ဖြစ်​သွားလည်း ဂရုမထားမိ​တော့ပါ။
ကျွန်​​တော်​ ချစ်​တာ မင်းတစ်​​ယောက်​တည်းရှိတာမလို့ မရက်​စက်​ပစ်​ပါနဲ့ နမ်​ဂျွန်းရယ်​..။
🍓🚬
အိပ်​ခန်းမီး​တွေအကုန်​ကိုသူမှိတ်​ထားပစ်​ခဲ့သည်​။နှစ်​နာရီ​လောက်​အသည်းအသန်​ငိုပစ်​ပြီးတဲ့​နောက်​မှာ​တော့ သူ့နှလုံးသား​လေးကိုအနား​ပေးဖို့လိုအပ်​ပြီ။နမ်​ဂျွန်းအလွန်​ဆက်​​နေ​သောဖုန်းကိုလည်း စက်​ပင်​ပိတ်​ထားခဲ့​သော်​လည်း နမ်​ဂျွန်းသည်​​​ရောက်​မလာခဲ့​ပေ။
အိပ်​ယာအတွင်းလူးလွန့်​နေရင်း မျက်​ရည်​သည်​ကျ​နေဆဲဖြစ်​သည်​မလို့ ​ဆော့ဂျင်​​စောင်​​တွေကိုကန်​ထုတ်​ပစ်​လိုက်​သည်​။သူထိ​တွေ့​နေ​သော​စောင်​ထူထူ​တွေသည်​ နမ်​ဂျွန်း၏ကိုယ်​​ငွေ့​တွေ​ရောစွက်​​နေ​လေသည်။
မျက်​လုံး​တွေကိုအတင်းမှိတ်​ပြီး အိပ်​ရန်​ကြိုးစားသည်​။နမ်​ဂျွန်းသာ အမြဲ​ပေါ်လာခဲ့လို့ ရင်တွင်​စုတ်​ပြတ်​သတ်​​နေ​လေပြီ။နမ်​ဂျွန်းသည်​ သူ့နှလုံးသား​လေးကိုအနား​ပေးချင်​ပုံမ​ပေါ်ပါ။
နမ်​ဂျွန်းသိသင့်သည်​။
သူ့နှလုံးသား​လေးက နူးနူးညံ့ညံ့​လေးဆိုတာကို ။
အထိအခိုက်​မခံဘူးဆိုတာကို နမ်​ဂျွန်း.."သူ"သင့်ပါသည်​။
စီးကရက်​ဆန်​​သောကိုယ်​​ငွေ့​​တွေနှင့်
စ​တော်​ဘယ်​ရိဆန်​​သော စကားသံ​တွေ..။
အနမ်းနုနု​တွေနှင့် နမ်​ဂျွန်းမ​နေ့ညကပဲ ဒီ​နေရာမှာ သူ့ကိုလွှမ်းမိုးခဲ့ပါသည်​။
🍓🚬
Even if I run away, give my heart a holiday . Still strawberries and cigarettes always taste like you
From KSJ ♡
🍓🚬
​T.B.C
​ပြောခဲ့သလိုပဲ ပုချိ​လေးဆို​တော့
​နောက်​တစ်​ပိုင်းက final ပါ <3
Written By
Guu_Joonilili
Continue Reading
You'll Also Like
60.9K 2.5K 21
Namjin's galaxy α€™α€½αΎα€€α€­α€³α€†α€­α€―α€•α€«α€α€šα€ΉπŸ˜βœŒ
8.5K 711 9
Min_TaeHyung93 Comeback With KILLER JEON Γ— MIN #March - 9 - 2023 #September - 14 - 2023
88.1K 1.7K 13
BTS VMIN MOMENTS TOGETHER
113K 10.9K 20
Yoon To The Min>>>>> Equals To Yoonmin Baby~~ everything for you I'm your Sugar Daddy Tell me... What you need? What you want? What you do? My owners...