ကောင်းကင်ပေါ်ကနေ ဆင်းသက်လာပြီးတာတောင် နန်ဟွိုင်လင် နှလုံးသားက ဆက်လက်ခုန်ပေါက်နေဆဲဖြစ်သည်။ ဥတွေမွေးဖွားမိတာကို ထည့်မတွက်ရင် အခုအဖြစ်အပျက်က သူ့ဘဝရဲ့ အံ့အားသင့်စရာအကောင်းဆုံး အတွေ့အကြုံတစ်ခုဖြစ်ပြီး ဖြစ်ရပ်မှန်တစ်ခုလို့ပြောရင်တောင် ချဲ့ကားပြောရာကျနေ၏။ ဒါကြောင့် သူ့ရင်ဘက်ထဲက ပြည့်ကျပ်နေတဲ့ ခံစားချက်တွေကို လျော့ချဖို့ ဖြေရှင်းရမဲ့နည်းလမ်းတစ်ခုကို ပြင်းပြင်းထန်ထန်လိုအပ်နေပြီ။ အဲ့လိုမှမဟုတ်ရင် သူ့ရင်ဘက်က ပေါက်ကွဲထွက်ဖို့ပဲရှိတော့တယ်။
ဖေ့ချန်က ကားမောင်းတဲ့နေရာမှာ ထိုင်ကာ အင်္ကျီဝတ်နေစဥ် နန်ဟွိုင်လင် မျက်နှာပြောင်စွာ ထိုနေရာသို့ကူးသွားပြီး ဖေ့ချန်ပေါင်ပေါ် တက်ထိုင်လိုက်သည်။
ထိုအခါ ဖေ့ချန်က သူ့ခါးသိမ်သိမ်လေးတွေကို ဖက်တွယ်လာရင်း ပြုံးကာမေးလာ၏။ " ဘာဖြစ်လို့လဲ? "
နန်ဟွိုင်လင် မျက်နှာကို ဖေ့ချန်လည်ပင်းထဲ ဝှက်ထားလိုက်သည်။ ထို့နောက် သူ့ရဲ့ ရှက်ရွံ့နေမှုကို ထိန်းချုပ်ကာ လေးသံဖွဖွဖြင့် ပြောလိုက်၏။ " ယောက်ျား ကားပေါ်မှာ ဟိုဟာလုပ်ရင်ရော....ခင်ဗျားအဲ့အကြောင်းကို ပိုမသိချင်ဘူးလား ဟမ်? "
တစ်နေ့နေ့ကြရင် ထိုကဲ့သို တစ်တစ်ခွခွပြောရမယ်လို့ နန်ဟွိုင်လင် တစ်ခါမှ မတွေးခဲ့ဖူးတာကြောင့် အခုလိုပြောလည်း ပြီးသွားရော သူ့တစ်ကိုယ်လုံးက ချက်ချင်းပူလောင်လာပြီး ရှက်ရွံ့နေမှုကို ခံစားလိုက်ရသည်။ သို့ပေမယ့် သူ့ရဲ့မသိစိတ်ထဲမှာလည်း အနည်းစိတ်လှုပ်ရှားနေမိသည်။
ဒီညက ရူးရူးမိုက်မိုက်တွေ လုပ်ဖို့ ကံတရားက စီရင်ပြီးသားထင်တယ်...ဒါကြောင့် နှစ်ယောက်အတူ အဆုံးထိ ရူးမိုက်ကြည့်လိုက်တာ ပိုမကောင်းဘူးလား..
" ကိုယ် အဲ့အကြောင်း ပိုသိလာရမှာကို ကြိုက်တယ် " ဖေ့ချန်က ပြုံးရင်းဆိုလာသည်။ " ကိုယ်က အဆင်သင့်ပဲ...မင်း စလုပ်လို့ရပြီ "
နန်ဟွိုင်လင် အမူအရာများ ရပ်တန့်သွားရသည်။ ဖေ့ချန်ပြောချင်တာက သူ့ဘာသာထိုင်ပြီး သူ့ဘာသာတက်လှုပ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်လား?
နန်ဟွိုင်လင် သွားကြိတ်လိုက်မိရင်း စတင်လှုပ်ရှားရမှာ ကြောက်ရွံ့နေခဲ့သည်။
....
....
ဖေ့ချန် အရာတွေက သူ့ထဲကို နာရီဝက်မပြည့်ခင်မှာ ဝင်ရောက်လာခဲ့သည်။ ထိုအချိန်က ဖေ့ချန် ပုံမှန်ကြာတဲ့အချိန်ရဲ့ တစ်ဝက်ထက်တောင် နည်းသေး၏။ ဖေ့ချန်က သူ့ရင်ဘက်ပေါ်မှာ ခေါင်းကို မှီထားရင်း အသက်လုရှုကာ ပြောလာသည်။ " ဘေဘီ....မင်းက အစွာလေးပဲ "
နန်ဟွိုင်လင် မောနေပေမယ့် အရမ်းကျေနပ်သွားရသည်။ သူ ဖေ့ချန်ခေါင်းလေးကိုကိုင်ကာ ဆံပင်လေးတွေကို နူးညံ့စွာပွတ်သပ်နေလိုက်သည်။ သူ အခုအချိန်မှာ ဘာကိုမှမပြောချင်ဘူး။ တစ်ယောက်ကိုတစ်ယောက် တိတ်တိတ်လေးဖက်ထားကြပြီး အေးချမ်းမှုကိုပဲ ခံစားချင်နေတယ်။
" ကိုယ်တို့ ထပ်လုပ်ကြရအောင်? " ဖေ့ချန်၏အသံက လုံးထွေးနေသည်။
"....ခင်ဗျား ကြိုက်သလောက်ယူ " နန်ဟွိုင်လင် တိုးတိုးလေးပြန်ပြောလိုက်သည်။
သူတို့အိမ်ကိုပြန်ရောက်တော့ မနက်တစ်နာရီတောင် ထိုးနေပြီဖြစ်သည်။
အိမ်ပြန်ရောက်တော့ ရေအတူတူချိုးပြီး တချို့အရာလေးတွေကို ထပ်လုပ်ကြပြီးနောက် နှစ်ယောက်အတူ အိပ်ပျော်သွားကြသည်။ ဒီလို ရူးရူးမိုက်မိုက်အခိုက်အတန့်တွေနဲ့ပဲ မင်္ဂလာဦးညလေးက စိတ်ကျေနပ်မှုအပြည့်ဖြင့် လှပစွာကုန်ဆုံးသွားခဲ့သည်။
နောက်နေ့မနက် နန်ဟွိုင်လင် အိပ်ယာက နိုးလာတဲ့အချိန်မှာ သူ့လည်ချောင်းတစ်လျှောက်က မသက်မသာဖြစ်နေတာကို ခံစားလိုက်ရပြီး ခေါင်းကလည်း အနည်းငယ် ကိုက်ခဲနေခဲ့သည်။
မနေ့ညက ကောင်းကင်ပေါ်မှာတိုက်ခက်နေတဲ့ လေအေးတွေကြောင့် အအေးမိသွားတာဖြစ်နိုင်သည်။ ဒါပေမယ့် အဆိုးရွားကြီးတော့ မဟုတ်ပါဘူး။
ဘေးမှာ ဖေ့ချန်ကလည်း ရှိမနေပဲ အခန်းတစ်ခုလုံးက တိတ်ဆိတ်နေ၏။
" ဖေ့ချန်? " နန်ဟွိုင်လင် ညင်သာစွာခေါ်လိုက်သည်။
မည်သည့်အသံမှ ထွက်ပေါ်မလာပေ။
ဖုန်းကို ကောက်ကိုင်ပြီး အချိန်ကြည့်လိုက်တော့ 9နာရီထိုးပြီးနေပြီဖြစ်သည်။
သူတို့ အမြန်ရထားနှင့် ပေကျင်းကို 11နာရီခွဲမှာပြန်ဖို့ ဘိုကင်လုပ်ထားပြီးပြီဖြစ်တာကြောင့် သူအမြန်ပြင်ဆင်မှ ဖြစ်တော့မည်။ နန်ဟွိုင်လင် အိပ်ယာထဲမှထကာ ဆေးကြောသန့်စင်လိုက်ပြီး ဧည့်ခန်းထဲကို သွားလိုက်သည်။ ဖေ့ချန်က ထိုနေရာတွင်လည်း ရှိမနေပေ။
" အမေ...ဖေ့ချန်ကို တွေ့သေးလား? "
" သူ ခုနှစ်နာရီကျော်လောက်မှာ အပြင်ထွက်သွားတာ....မေးတော့လည်း ဘယ်သွားမယ်လို့ ရေရေရာရာပြောမသွားဘူး "
ထို့ကြောင့် သူ ဖေ့ချန်ဆီဖုန်းခေါ်လိုက်ရာ စက္ကန့်အနည်းငယ်အတွင်းမှာပဲ ဖုန်းကိုင်လာ၏။
" ခင်ဗျား ဘယ်မှာလဲ? "
" အိမ်ပြန်လာနေပြီ.....အကို ကျတော်တို့ အိမ်ရောက်ဖို့ ဘယ်လောက်လိုသေးလဲ? "
ထို့နောက် ဖုန်းထဲကနေ ပေါင့်ကွေ့ချန်အသံကို ကြားလိုက်ရသည်။ " မိနစ်၂၀ကျော်ကျော်လောက် "
" ခင်ဗျား ကျတော့်အကိုနဲ့ ရှိနေတာလား? "
" အမ်....မင်းရဲ့အကိုကို ကိုယ့်အတွက် တစ်ခုခုလုပ်ပေးဖို့ အကူအညီတောင်းထားလို့ "
" ဘာလုပ်ခိုင်းထားတာလဲ? "
" အိမ်ပြန်ရောက်ရင် ပြောမယ် "
ဖုန်းဆက်ပြီးသွားတော့ နန်ဟွိုင်လင်လည်း ထိုအကြောင်းကို အများကြီးတွေးမနေဘဲ ပစ္စည်းတွေထည့်ဖို့ အခန်းထဲကို ပြန်ဝင်ခဲ့လိုက်သည်။
သူတို့လာတုန်းက အဝတ်အနည်းငယ်အပြင် ဘာမှသိပ်မယူလာခဲ့တာကြောင့် ပစ္စည်းထည့်တာက ငါးမိနစ်လောက်နဲ့ပဲ ပြီးဆုံးသွား၏။
နန်ဟွိုင်လင် ဘာမှလုပ်စရာမရှိတာကြောင့် စာအုပ်အနီရောင်လေး နှစ်ခုကိုထုတ်ကာ ခနကြာအောင် ငေးကြည့်နေမိပြီး ထို့အတူ သူ၏နှုတ်ခမ်းထောင့်စွန်းများကလည်း ကွေးညွတ်လာခဲ့သည်။
စာအုပ်တွေကို ပြန်ပိတ်လိုက်ပြီး စားပွဲပေါ်မှာ စာအုပ်နှစ်ခုမှန်းသိသာစေရန် ထောင့်စွန်းလေးတွေကို တစ်ထပ်တည်းမဖြစ်အောင်ညှိပြီး တင်ကာ ဓာတ်ပုံအချို့ရိုက်ယူလိုက်သည်။ တော်တော်များများရိုက်ပြီးသွားတော့ အကြိုက်ဆုံးတစ်ခုကိုရွေးကာ အရောင်နည်းနည်းထပ်ပြင်လိုက်ပြီး ဖုန်းအယ်လ်ဘမ်ထဲမှာ သိမ်းလိုက်သည်။ ထို့နောက် သူ့နာမည်နဲ့ဖွင့်ထားတဲ့ကိုယ်ပိုင်ဝီဘိုအကောင့်ထဲသို့ ဝင်လိုက်သည်။
လွန်ခဲ့တဲ့နှစ်လ 'ကြယ်နိုင်ငံ'စပြကတည်းက သူ့ရဲ့ဝီဘိုဖော်လိုဝါက ၁၈မီလီယံထိရောက်ရှိသွားပြီး သူ့ရဲ့ကျော်ကြားမှုက ဘယ်သူနဲ့မှ နှိုင်းယှဥ်လို့မရအောင် ရှိနေခဲ့သည်။
သူ ဒီပို့စ်ကို တင်လိုက်ရင် သူ့ကိုအရူးအမူးကြိုက်နေကြတဲ့ဖန်တော်တော်များများကို ဆုံးရှုံးသွားမယ်ဆိုတာသိပေမယ့် ဒီလိုလုပ်ဖို့ သူ တွန့်ဆုတ်နေမှာမဟုတ်ပေ။ ဘာလို့လဲဆိုတော့ သူ ဖေ့ချန်ကို ဖုံးကွယ်မထားချင်ဘူး..သူ့နောက်မှာ ဖေ့ချန်ရှိနေတယ်ဆိုတာကို သိစေချင်တယ်။ သူ ဖေ့ချန်နဲ့ သစ်ပစ်နှစ်ပင်လို ဘေးချင်းကပ်ရပ်မှာ ယှဥ်တွဲပြီး မားမားမတ်မတ်ရပ်တည်ချင်တယ်။ သူ ဖေ့ချန်နဲ့ပဲ လက်တွေတွဲထားပြီး မကွယ်ဝှက်ဘဲ မှန်မှန်ကန်ကန်နဲ့ ရှေ့ကို လျှောက်သွားချင်တယ်။
နန်ဟွိုင်လင် ဝီဘိုက ပို့စ်တင်မဲ့နေရာကို နှိပ်လိုက်ပြီး ဓာတ်ပုံအယ်လ်ဘမ်ထဲက ပုံနှစ်ခုကို ရွေးချယ်လိုက်သည်။
တစ်ပုံက Suzhouကိုသွားတဲ့အမြန်ရထားပေါ်မှာ ရိုက်ထားတာဖြစ်ပြီး နဂါးအရိုးလက်စွပ်နှင့် ရွှေဖြူရောင်လက်စွပ်ကို ရှည်လျားတဲ့လက်ချောင်းတွေပေါ်မှာ အသီးသီးဝတ်ဆင်ထားပြီး လက်ချင်းယှက်သွယ်ထားကြတဲ့ ပုံလေးဖြစ်သည်။ နောက်တစ်ပုံကတော့ အခုမှ ရိုက်ထားတဲ့ သူတို့ရဲ့အသည်းနှလုံးလို ဘေးချင်းကပ်ရပ် အနီရောင်စာအုပ်နှစ်အုပ်ပုံဖြစ်သည်။
နန်ဟွိုင်လင် အချိန်ခနယူကာ လေးလေးနက်နက်စဥ်းစားလိုက်ပြီးနောက် စာနှစ်ကြောင်းထွက်ပေါ်လာခဲ့သည်။
[ ကျတော်တို့နှစ်ယောက် တွေ့ဆုံခွင့်ရခဲ့တာ အရမ်းကံကောင်းတာပဲ]
[ ဒီနေ့ကစပြီး နေ့ရက်တိုင်း အတူတူဖြတ်သန်းကြမယ်နော်]
ထို့နောက် ပို့စ်တင်လိုက်ကာ စခရင်ရှော့ရိုက်ယူထားလိုက်သည်။
နန်ဟွိုင်လင် ဖုန်းချပြီး အခန်းအပြင်ထွက်လိုက်တော့ ဖေ့ချန်နှင့်ပေါင့်ကွေ့ချန်က ဧည့်ခန်းထဲ ဝင်သွားတာတွေ့လိုက်တာကြောင့် သူတို့နောက်က လိုက်ကာဝင်လာလိုက်သည်။
" မနက်အစောကြီး ဘာတွေလုပ်နေတာလဲ?"
သူ မေးတာကို ဖေ့ချန်ကပြန်မဖြေသေးဘဲ သူ့အမေဘက်လှည့်ကာ မေးလာ၏။ " အမေ...အဖေရော? "
" သူ လူတစ်ယောက်နဲ့ ချက်ကစားဖို့ အပြင်သွားတယ် "
" အဲ့တာဆို ကျတော် အမေ့ကိုပဲပြောလိုက်တော့မယ် " ဖေ့ချန်က ကန်းရှောင်ရုံဆီကို ဖိုင်တစ်ချို့ ကမ်းပေးလိုက်၏။ ကန်းရှောင်ရုံ ထိုစာရွက်တွေကို တစ်ချက်ကြည့်ပြီးနောက် မှင်သက်သွားရသည်။ " ဝယ်ယူပြီးစီးခြင်း စာချုပ်? "
နန်ဟွိုင်လင် ဖေ့ချန်အား မထင်မှတ်ထားစွာဖြင့် လှည့်ကြည့်လိုက်သည်။ " ကျတော် ခင်ဗျားကို ဝယ်ခွင့်ပြုမထားခဲ့ဘူး မို့လား? "
ကန်းရှောင်ရုံက စာချုပ်ကို ဖေ့ချန်ဆီ အတင်းပြန်ပေးလိုက်၏။ " အမေ မလိုချင်ဘူး...မင်းပဲ ယူထားလိုက် "
ဖေ့ချန်က စာချုပ်ကို ဘေးမှာရှိတဲ့စာပွဲပေါ်တင်လိုက်ကာ ပြုံးနေရင်း ပြောလာ၏။ " အမေ..ဒီအိမ်ကို နန်ဟွိုင်လင် နာမည်နဲ့ဝယ်ထားတာ...အဲ့တာက လှလှပပပြင်ဆင်ပြီးသားအသေးစားဗီလာလေး...နေရာက တိဟုကန်ရဲ့ ညာဘက်ထောင့်စွန်းလေးမှာမို့ ရှုခင်းက တော်တော်လေးကောင်းတယ်...အမေနှင့်အဖေ ရက်နည်းနည်းလောက်ဖြစ်ဖြစ် တစ်လလောက်ပဲဖြစ်ဖြစ် အဲ့မှာသွားနေ..ပြီးရင် တိဟုကန်ရဲ့ ရှုခင်းလေးတွေခံစားပြီး လေကောင်းလေသန့်လေးရှုတာက အမေတို့ကျန်းမာရေးကို အထောက်အကူဖြစ်စေတယ် "
" အဲ့ဒါက...." ကန်းရှောင်ရုံ ဖေ့ချန်နှင့်နန်ဟွိုင်လင်ကိုကြည့်ကာ ဘာလုပ်ရမလဲ အခက်တွေ့နေရသည်။
ထိုအခါ ပေါင့်ကွေ့ချန်က ဝင်ကာပြောလာသည်။ " အန်တီ...လက်ခံလိုက်ပါ...ဖေ့ချန်က လင်းလင်းကို တင်တောင်းတယ်လို့ပဲ သဘောထားလိုက် "
နန်ဟွိုင်လင် သူ့အကိုအား အသံနှိမ့်ကာ မေးလိုက်သည်။ " ဘယ်လောက်ပေးရတာလဲ? "
" ၁၂ မီလီယံ " ပေါင့်ကွေ့ချန်ကလည်း တိုးတိတ်စွာဖြေလာခဲ့သည်။ " တစ်ခါတည်း ငွေအပြည့်ချေလိုက်တာနော်..မယုံနိုင်စရာပဲ "
သူတို့နှစ်ယောက်က တီးတိုးစွာပြောနေကြပေမယ့်လည်း ကမ်းရှောင်ရုံက သူတို့ပြောနေတာတွေကို ရှင်းလင်းစွာ ကြားနေရ၏။ ဒါပေမယ့် ပေါင့်ကွေ့ချန်က ဘာမှဆက်ပြီး မပြောနိုင်ခင်မှာပဲ ဖေ့ချန်က နန်ဟွိုင်လင်ကို ဆွဲထုတ်သွားတော့သည်။ " ကိုယ်တို့ မြန်မြန်လုပ်ရအောင်...ရထား မမှီတော့ပဲနေမယ် " ဖေ့ချန်က လမ်းလျှောက်နေရင်းပဲ နောက်လှည့်ကာ ပေါင့်ကွေ့ချန်ကို ပြောလိုက်၏။ " အကို...ကျတော်တို့ကို လိုက်ပို့ဖို့ အကိုကို့ ထပ်တောင်းဆိုရတော့မယ် "
ပေါင့်ကွေ့ချန်ကလည်း ပြုံးကာဆိုလာ၏။ " မိသားစုအတွက်ဆို ပြဿနာဆိုတာ ရှိရဦးမှာလား? "
သူတို့ အခန်းထဲကိုရောက်တဲ့အချိန်မှာ နန်ဟွိုင်လင် ဖေ့ချန်ကို အပြစ်မတင်ပဲမနေနိုင်တော့ပေ။ " ကျတော် ခင်ဗျားကို အိမ်မဝယ်ဖို့ပြောထားတယ်လေ...ခင်ဗျားဝယ်လည်း အမေတို့က နေမှာမဟုတ်ဘူး...ပိုက်ဆံတွေဖြုန်းတီးနေတာပဲ "
" မင်းယောက်ျားမှာ ပိုက်ဆံတွေမှ အများကြီးပဲ...အိမ်တစ်လုံးရဖို့ မျက်ရည်နှစ်စက်ပဲလိုတယ်...ဒါက ဘာမှမဟုတ်သေးပါဘူး "
" ...... " နန်ဟွိုင်လင် ဘာပြောလို့ပြောရမလဲတောင် မသိတော့ပါ
ဖေ့ချန်က သူ့ကိုဖက်ကာ နမ်းလာပြီး ရုတ်တရက် မျက်မှောင်ကြုတ်သွား၏။ " မင်း အဖျားရှိနေတာလား "
" အဲ့တာ ခင်ဗျားကြောင့်လေ...မြေပြင်ပေါ်နေရတာ အားမရလို့ ကောင်းကင်ပေါ်ထိပါခေါ်သွားတာကို "
" လာပါဦး....ဟောက်ျားက မင်းကိုအရည်တိုက်ပေးမယ်...အဲ့တာဆို ပျောက်သွားမှာ "
" ရပ်တော့နော်..ကျတော့်အခြေအနေက အရမ်းမဆိုးပါဘူး...မြန်မြန်လုပ်ပြီး သွားကြစို့...ဆယ်နာရီကျော်သွားပြီ "
ထို့နောက် အထုတ်တွေအကုန်လုံးပြင်ပြီးသွားတော့ ပြန်ဖို့ အသင့်ဖြစ်သွားပြီဖြစ်၏။
ကန်းရှောင်ရုံက သူတို့ကို အိမ်အပေါက်ဝထိ လိုက်ပို့ပြီး နန်ဟွိုင်လင်နှင့် ခနကြာအောင် ဖက်ထားကြသည်။
" အမေနှင့်အဖေ ကျန်းမာရေးကို ဂရုစိုက်ရမယ်နော်...အခု ကျတော် ပိုက်ဆံရှာနိုင်နေပြီဆိုတော့ ကျတော့်အတွက် ပိုက်ဆံတွေ စုနေစရာမလိုတော့ဘူး..ကိုယ့်အတွက်ကိုယ်ပဲ ရက်ရက်ရောရာသုံးကြနော်? "
ကန်းရှောင်ရုံက ချောင်းအသာဟန့်လိုက်ပြီး ပြုံးကာဆိုလာသည်။ " အမေ သိပါတယ်...သားရောပဲ သားရဲ့ကျန်းမာရေးက အရေးကြီးဆုံးပဲ...အလုပ်တွေကြီး အတင်းလုပ်မနေနဲ့ "
ဘေးနားက ဖေ့ချန်ကလည်း ဝင်ပြောလာ၏။ " အမေ...သိပ်မစိုးရိမ်ပါနဲ့...ကျတော် သူ့ကိုကောင်းကောင်း စောင့်ရှောက်မှာပါ "
ကန်းရှောင်ရုံ ခေါင်းညိမ့်ကာ နန်ဟွိုင်လင့်ကျောလေးကို အသာအယာပုတ်လိုက်သည်။ " ကဲကဲ...မြန်မြန်သွားကြတော့...ရထား မမှီပဲနေမယ် "
နန်ဟွိုင်လင်က သူ့အမေရဲ့ရင်ခွင်ထဲကနေထွက်လာပြီး ကားပေါ်သို့ ဖေ့ချန်နှင့်အတူတက်တာခဲ့သည်။ ထို့နောက် ကားက ကျဥ်းမြောင်းတဲ့လမ်းကြားလေးထဲမှာ ဖြေးညှင်းစွာထွက်ခွါသွား၏။ ဖေ့ချန်က နန်ဟွိုင်လင်ရဲ့ လက်လေးကို ညင်သာစွာဆုပ်ကိုင်လိုက်တော့ ထိုသူက ဖျော့တော့စွာ ပြုံးပြလာ၏။ " ကျတော် အဆင်ပြေပါတယ် "
ရုတ်တရက် ဖုန်းဝင်လာ၏။
နန်ဟွိုင်လင် ပြန်ဖြေလိုက်တော့ မိန်ထျန်းကျူက တုန်လှုပ်နေတဲ့အသံဖြင့် ပြောလာ၏။ " မင်းရဲ့ ဝီဘိုမှာ မိုးမီးလောင်နေပြီ! ဘာတွေဖြစ်တာလဲ? မင်း လက်ထပ်လိုက်တာလား? ဘယ်သူနဲ့လဲ? ဘုရားရေ...ဝီဘိုက ပျက်နေပြီ! "
" အမကျူ..စိတ်ငြိမ်ငြိမ်ထားပါဦး...ဒါက လက်ထပ်ပွဲတစ်ခုပဲလေ...တရားဝင် လက်ထပ်လို့ရတဲ့အရွယ်မှာ လက်ထပ်တယ်ဆိုတာ တရားဝင်ပြီး လက်သင့်ခံလို့ရတဲ့ကိစ္စပဲလေ...အဲ့တာကြောင့် ဘာမှ ရေးကြီးခွယ်ကျယ်တွေလုပ်နေစရာမလိုဘူး "
ဖေ့ချန်ကလည်း သူ့ကို သံသယဖြစ်စွာလှည့်ကြည့်လာပြီး ပါးစပ်လှုပ်ရုံ အသံမထွက်ဘဲ မေးလာ၏။ ဘာဖြစ်လို့လဲ?
ဘာမှအထွေအထူးမဟုတ်ဘူးဆိုတဲ့ ပုံစံမျိုးဖြင့် နန်ဟွိုင်လင်က ခေါင်းယမ်းပြလာ၏။
" ငါ့ဖုန်းက ရီပို့စ်ထုတဲ့သူကြောင့် ပေါက်ကွဲလုနီးပါးဖြစ်နေပြီ " မိန်ထျန်းကျူက ခနလေးရပ်သွားပြီးနောက် ထပ်မေးလာ၏။ " မင်း ဘယ်သူနဲ့ လက်ထပ်လိုက်တာလဲ........? ဖေ့ချန်လား? "
" အင်း " နန်ဟွိုင်လင် တခါတည်းပဲ ဝန်ခံလိုက်၏။ " အမကျူ...အမရှန်ကို ပြောပေးပါဦး...ကျတော် သူ့ဆီ ဖုန်းခေါ်မနေတော့ဘူး "
" အို့....အိုကေ...မင်းတို့ အခု ဘယ်မှာလဲ? "
" Suzhouမှာ...ဒါပေမယ့် ခနနေ ပေကျင်းကို ပြန်တော့မယ် "
" ဒါဆို မင်း ပြန်ရောက်ရင် တွေ့ရအောင် "
" ဟုတ်ကဲ့...အဲ့ဒါဆို ဒါပဲနော် "
ဖုန်းချပြီးပြီးချင်းမှာ ဖေ့ချန်က မေးလာ၏။ " ဘာဖြစ်လို့လဲ? "
နန်ဟွိုင်လင် ဖုန်းဖွင့်ကာ သူရိုက်ယူထားတဲ့ စခရင်ရှော့ပုံကို ပြလိုက်၏။
ဖေ့ချန်က ဖုန်းမျက်နှာပြင်ကို မျက်တောင်မခက်စိုက်ကြည့်နေပြီး ဖုန်းက အော်တိုပိတ်သွားမှ တုန့်ပြန်လာခဲ့သည်။ ထို့နောက် ဖေ့ချန်က နန်ဟွိုင်လင်ကို သူ့ရင်ဘက်ထဲဆွဲသွင်းပြီး တင်းတင်းကြပ်ကြပ်ဖက်ကာ တိုးဖွစွာ ပြောလာခဲ့သည်။
" ကိုယ် ငိုမိတော့မယ် "
နန်ဟွိုင်လင် အသက်ရှုမဝတဲ့ကြားတဲ့က လက်မြောက်ကာ ဖေ့ချန်ကို ပြန်ဖက်လိုက်ပြီး အပြုံးသဲ့သဲ့လေးဖြင့် ဆိုလိုက်၏။
" ငို..ငို...ကျတော်တို့ နောက်ထပ်အိမ်တစ်လုံးဝယ်ဖို့ ပိုက်ဆံရတော့မယ် "
ဖေ့ချန် ကျယ်လောင်စွာ ပြန်ရယ်လိုက်မိပြီး နန်ဟွိုင်လင်ကို ပြန်လွတ်ပေးလိုက်ကာ နက်နက်နဲနဲ စိုက်ကြည့်နေလိုက်သည်။ သူ့ရင်ထဲမှာ ပြောစရာစကားတွေ ထောင်သောင်းမကရှိပေမယ့် အခုအချိန်မှာ စကားလေးတစ်လုံးထွက်ကျလာဖို့အောင် အားမထုတ်နိုင်တော့ပေ။
ထိုအရာတွေအားလုံးကို နန်ဟွိုင်လင် နားလည်ပါ၏။ ထို့ကြောင့် သူ မနေနိုင်တော့ဘဲ ပေါင့်ကွေ့ချန် အာရုံများနေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ဖေ့ချန်ရဲ့နှုတ်ခမ်းပေါ် လျင်မြန်စွာ အနမ်းပေးလိုက်၏။ ထိုအခါ ဖေ့ချန်က သူ့လက်တွေထဲ တစ်ခါပြန်ဆွဲထည့်ကာဖက်ထားပြီး ဘူတာရုံရောက်သည်ထိ လွတ်မပေးတော့ပေ။
ပေါင့်ကွေ့ချန်ကို ကျေးဇူးတင်စကားဆိုပြီးနောက် လက်မှတ်ဖြတ်ကာ ဘူတာရုံထဲကို ဝင်ခဲ့လိုက်ကြသည်။ သူတို့တွေ စောင့်ဆိုင်းဖို့ထိုင်ရတဲ့နေရာကိုရောက်တဲ့အချိန် အချိန်ကိုက် လက်မှတ်တွေ စစ်နေပြီဖြစ်တဲ့ကြေညာသံကိုကြားလိုက်ရ၏။ ထို့နောက် ရထားပေါ်ရောက်ပြီး နေရာယူပြီးချိန်မှာ နန်ဟွိုင် အရင်ကထက် မူးဝေလာတာကို ခံစားလိုက်ရပြီး သူ့လည်ချောင်းတစ်လျှောက်ကလည်း ပိုပြီးတော့ မသက်မသာဖြစ်လာခဲ့သည်။
ထို့ကြောင့် သူ ရေနှစ်ငုံလောက် ယူသောက်လိုက်သည်။ " ကျတော် အိပ်ချင်တယ် "
ထိုအခါ ဖေ့ချန်က သူ့ပေါ်ကိုမှီအိပ်ဖို့ လုပ်ပေးလာပြီး သူ့နဖူးကိုစမ်းကာ စိုးရိမ်စွာပြောလာ၏။ " မင်းရဲ့အဖျားက အရင်ကထက် ပိုဆိုးလာတဲ့ပုံပဲ"
နန်ဟွိုင်လင်ကတော့ အခုအချိန်မှာတောင် ဟာသလုပ်ဖို့ မေ့မနေသေးပေ။ " ကျတော်က ဘယ်တော့မှ မဖျားတော့ဘူးလို့တောင် ထင်နေတာ...ခင်ဗျားရဲ့ နဂါးအရည်ကလည်း ဘာမှအစွမ်းမထက်ပါဘူး "
ဖေ့ချန်က သူ့ကို ဖက်ထားရင်းပြောလာ၏။ " နဂါးအရည်က မင်းရဲ့ခန္ဓာကိုယ်ကို အားအင်တွေ ပြည့်ဝလာစေပြီး အသက်ပိုရှည်လာစေပေမယ့်...ရောဂါအားလုံးကို ပျောက်တယ်လို့ မဆိုလိုဘူးလေ...အဲ့ဒါကို မင်းက တရှန်းလောင်ကျန်းရဲ့ မသေဆေးလို့များ ထင်နေတာလား? "
" ဝိုး.....အဲ့ဒါဆိုရင် ကျတော်က ကံမကောင်းပြီး သေလုမျောပါးရောဂါတစ်ခုခုဖြစ်လာခဲ့ရင် သေမှာပဲလား? "
" တော်တော့! " ဖေ့ချန်က အနည်းငယ် စိတ်တိုလာ၏။ " အဲ့လိုစကားမျိုးတွေ မပြောနဲ့! "
" အစွဲကလည်းကြီးလိုက်တာ " နန်ဟွိုင်လင် ရယ်လိုက်မိသည်။ " မပြောတော့ပါဘူး...အိပ်တော့မယ် "
ဖေ့ချန်က ဘာမှပြန်ဖြေမလာဘဲ အချိန်အတော်ကြာမှ စကားသံထွက်ပေါ်လာခဲ့သည်။
" မင်း သေသွားရင် ကိုယ်လည်း မနေတော့ဘူး"
နန်ဟွိုင်လင်ကတော့ ထိုစကားကိုမကြားတော့ပါ။ အကြောင်းကတော့ ထိုသူက အိပ်ပျော်သွားပြီဖြစ်သည်။
နန်ဟွိုင်လင်က တစ်လမ်းလုံး အိပ်လိုက်လာခဲ့သည်။
ညနေငါးနာရီထိုးမှာ သူတို့ ပေကျင်းကို ရောက်ရှိလာခဲ့၏။
ဖေ့ချန်က တစ်ဖက်က လက်တွန်းလှည်းအိတ်ကိုဆွဲထားပြီး တစ်ဖက်က နန်ဟွိုင်လင် လက်ကိုကိုင်ကာ လူအုပ်နောက်က လိုက်လာရင်း ထွက်ပေါက်ဆီကို လျှောက်လာခဲ့သည်။
နန်ဟွိုင်လင် လက်ဖဝါးတွေက ပူလောင်နေပြီး ချွေးစေးတွေထွက်နေ၏။
" ကိုယ်တို့ ဆေးရုံကိုအရင်သွားရအောင် " ဖေ့ချန် စိုးရိမ်လာခဲ့သည်။
" အင်း " နန်ဟွိုင်လင် ခေါင်းတွေအရမ်းမူးနေတာကြောင့် လမ်းကို မတ်မတ်တောင် မလျှောက်နိုင်တော့ပေ။
ဘူတာရုံကနေထွက်ပြီး အပြင်ကို လမ်းလျှောက်ထွက်လာခဲ့တော့ နန်ဟွိုင်လင် မျက်လုံးတွေက ညနေခင်း နေဝင်ချိန်အရောင်ကြောင့် ခနတာလှုပ်ခက်သွားပြီး ရုတ်တရက် သူ့ရှေ့က မြင်ကွင်းတစ်ခုလုံးက မှောင်ကျသွားတော့သည်။
" ဖေ့....."
သူ ဖေ့ချန်ရဲ့ နာမည်ကိုတောင် ဆုံးအောင် မခေါ်နိုင်တော့ဘဲ ရုတ်တရက် မေ့မျောသွားချိန်မှာ သူ့ရဲ့ ဖျော့တော့သွားတဲ့ကိုယ်ကို ချက်ချင်း ဖမ်းယူလိုက်တဲ့ ဖေ့ချန်ရဲ့ လျင်မြန်တဲ့မျက်လုံးတွေကို ကျေးဇူးတင်ရတော့မည်။
____________
10. 5. 23 (wed)
TN/ mizzle ပျံလာပြီနော်
----------
zawgyi
ေကာင္းကင္ေပၚကေန ဆင္းသက္လာၿပီးတာေတာင္ နန္ဟြိုင္လင္ ႏွလံုးသားက ဆက္လက္ခုန္ေပါက္ေနဆဲျဖစ္သည္။ ဥေတြေမြးဖြားမိတာကို ထည့္မတြက္ရင္ အခုအျဖစ္အပ်က္က သူ႔ဘဝရဲ့ အံ့အားသင့္စရာအေကာင္းဆံုး အေတြ့အႀကံဳတစ္ခုျဖစ္ၿပီး ျဖစ္ရပ္မွန္တစ္ခုလို႔ေျပာရင္ေတာင္ ခ်ဲ့ကားေျပာရာက်ေန၏။ ဒါေၾကာင့္ သူ႔ရင္ဘက္ထဲက ျပည့္က်ပ္ေနတဲ့ ခံစားခ်က္ေတြကို ေလ်ာ့ခ်ဖို႔ ေျဖရွင္းရမဲ့နည္းလမ္းတစ္ခုကို ျပင္းျပင္းထန္ထန္လိုအပ္ေနၿပီ။ အဲ့လိုမွမဟုတ္ရင္ သူ႔ရင္ဘက္က ေပါက္ကြဲထြက္ဖို႔ပဲရိွေတာ့တယ္။
ေဖ့ခ်န္က ကားေမာင္းတဲ့ေနရာမွာ ထိုင္ကာ အက်ႌဝတ္ေနစဥ္ နန္ဟြိုင္လင္ မ်က္ႏွာေျပာင္စြာ ထိုေနရာသို႔ကူးသြားၿပီး ေဖ့ခ်န္ေပါင္ေပၚ တက္ထိုင္လိုက္သည္။
ထိုအခါ ေဖ့ခ်န္က သူ႔ခါးသိမ္သိမ္ေလးေတြကို ဖက္တြယ္လာရင္း ၿပံဳးကာေမးလာ၏။ " ဘာျဖစ္လို႔လဲ? "
နန္ဟြိုင္လင္ မ်က္ႏွာကို ေဖ့ခ်န္လည္ပင္းထဲ ဝွက္ထားလိုက္သည္။ ထို႔ေနာက္ သူ႔ရဲ့ ရွက္ရြံ႔ေနမႈကို ထိန္းခ်ဳပ္ကာ ေလးသံဖြဖျြဖင့္ ေျပာလိုက္၏။ " ေယာက္်ား ကားေပၚမွာ ဟိုဟာလုပ္ရင္ေရာ....ခင္ဗ်ားအဲ့အေၾကာင္းကို ပိုမသိခ်င္ဘူးလား ဟမ္? "
တစ္ေန့ေန့ၾကရင္ ထိုကဲ့သို တစ္တစ္ခြခြေျပာရမယ္လို႔ နန္ဟြိုင္လင္ တစ္ခါမွ မေတြးခဲ့ဖူးတာေၾကာင့္ အခုလိုေျပာလည္း ၿပီးသြားေရာ သူ႔တစ္ကိုယ္လံုးက ခ်က္ခ်င္းပူေလာင္လာၿပီး ရွက္ရြံ႔ေနမႈကို ခံစားလိုက္ရသည္။ သို႔ေပမယ့္ သူ႔ရဲ့မသိစိတ္ထဲမွာလည္း အနည္းစိတ္လႈပ္ရွားေနမိသည္။
ဒီညက ရူးရူးမိုက္မိုက္ေတြ လုပ္ဖို႔ ကံတရားက စီရင္ၿပီးသားထင္တယ္...ဒါေၾကာင့္ ႏွစ္ေယာက္အတူ အဆံုးထိ ရူးမိုက္ၾကည့္လိုက္တာ ပိုမေကာင္းဘူးလား..
" ကိုယ္ အဲ့အေၾကာင္း ပိုသိလာရမွာကို ႀကိဳက္တယ္ " ေဖ့ခ်န္က ၿပံဳးရင္းဆိုလာသည္။ " ကိုယ္က အဆင္သင့္ပဲ...မင္း စလုပ္လို႔ရၿပီ "
နန္ဟြိုင္လင္ အမူအရာမ်ား ရပ္တန္႔သြားရသည္။ ေဖ့ခ်န္ေျပာခ်င္တာက သူ႔ဘာသာထိုင္ၿပီး သူ႔ဘာသာတက္လႈပ္ရမယ္ဆိုတဲ့ အဓိပၸါယ္လား?
နန္ဟြိုင္လင္ သြားႀကိတ္လိုက္မိရင္း စတင္လႈပ္ရွားရမွာ ေၾကာက္ရြံ႔ေနခဲ့သည္။
....
....
ေဖ့ခ်န္ အရာေတြက သူ႔ထဲကို နာရီဝက္မျပည့္ခင္မွာ ဝင္ေရာက္လာခဲ့သည္။ ထိုအခ်ိန္က ေဖ့ခ်န္ ပံုမွန္ၾကာတဲ့အခ်ိန္ရဲ့ တစ္ဝက္ထက္ေတာင္ နည္းေသး၏။ ေဖ့ခ်န္က သူ႔ရင္ဘက္ေပၚမွာ ေခါင္းကို မွီထားရင္း အသက္လုရႈကာ ေျပာလာသည္။ " ေဘဘီ....မင္းက အစြာေလးပဲ "
နန္ဟြိုင္လင္ ေမာေနေပမယ့္ အရမ္းေက်နပ္သြားရသည္။ သူ ေဖ့ခ်န္ေခါင္းေလးကိုကိုင္ကာ ဆံပင္ေလးေတြကို ႏူးညံ့စြာပြတ္သပ္ေနလိုက္သည္။ သူ အခုအခ်ိန္မွာ ဘာကိုမွမေျပာခ်င္ဘူး။ တစ္ေယာက္ကိုတစ္ေယာက္ တိတ္တိတ္ေလးဖက္ထားၾကၿပီး ေအးခ်မ္းမႈကိုပဲ ခံစားခ်င္ေနတယ္။
" ကိုယ္တို႔ ထပ္လုပ္ၾကရေအာင္? " ေဖ့ခ်န္၏အသံက လံုးေထြးေနသည္။
"....ခင္ဗ်ား ႀကိဳက္သေလာက္ယူ " နန္ဟြိုင္လင္ တိုးတိုးေလးျပန္ေျပာလိုက္သည္။
သူတို႔အိမ္ကိုျပန္ေရာက္ေတာ့ မနက္တစ္နာရီေတာင္ ထိုးေနၿပီျဖစ္သည္။
အိမ္ျပန္ေရာက္ေတာ့ ေရအတူတူခ်ိဳးၿပီး တခ်ိဳ႕အရာေလးေတြကို ထပ္လုပ္ၾကၿပီးေနာက္ ႏွစ္ေယာက္အတူ အိပ္ေပ်ာ္သြားၾကသည္။ ဒီလို ရူးရူးမိုက္မိုက္အခိုက္အတန္႔ေတြနဲ႔ပဲ မဂၤလာၪီးညေလးက စိတ္ေက်နပ္မႈအျပည့္ျဖင့္ လွပစြာကုန္ဆံုးသြားခဲ့သည္။
ေနာက္ေန့မနက္ နန္ဟြိုင္လင္ အိပ္ယာက ႏိုးလာတဲ့အခ်ိန္မွာ သူ႔လည္ေခ်ာင္းတစ္ေလ်ွာက္က မသက္မသာျဖစ္ေနတာကို ခံစားလိုက္ရၿပီး ေခါင္းကလည္း အနည္းငယ္ ကိုက္ခဲေနခဲ့သည္။
မေန့ညက ေကာင္းကင္ေပၚမွာတိုက္ခက္ေနတဲ့ ေလေအးေတြေၾကာင့္ အေအးမိသြားတာျဖစ္ႏိုင္သည္။ ဒါေပမယ့္ အဆိုးရြားႀကီးေတာ့ မဟုတ္ပါဘူး။
ေဘးမွာ ေဖ့ခ်န္ကလည္း ရိွမေနပဲ အခန္းတစ္ခုလံုးက တိတ္ဆိတ္ေန၏။
" ေဖ့ခ်န္? " နန္ဟြိုင္လင္ ညင္သာစြာေခၚလိုက္သည္။
မည္သည့္အသံမွ ထြက္ေပၚမလာေပ။
ဖုန္းကို ေကာက္ကိုင္ၿပီး အခ်ိန္ၾကည့္လိုက္ေတာ့ 9နာရီထိုးၿပီးေနၿပီျဖစ္သည္။
သူတို႔ အျမန္ရထားႏွင့္ ေပက်င္းကို 11နာရီခြဲမွာျပန္ဖို႔ ဘိုကင္လုပ္ထားၿပီးၿပီျဖစ္တာေၾကာင့္ သူအျမန္ျပင္ဆင္မွ ျဖစ္ေတာ့မည္။ နန္ဟြိုင္လင္ အိပ္ယာထဲမွထကာ ေဆးေၾကာသန္႔စင္လိုက္ၿပီး ဧည့္ခန္းထဲကို သြားလိုက္သည္။ ေဖ့ခ်န္က ထိုေနရာတြင္လည္း ရိွမေနေပ။
" အေမ...ေဖ့ခ်န္ကို ေတြ့ေသးလား? "
" သူ ခုႏွစ္နာရီေက်ာ္ေလာက္မွာ အျပင္ထြက္သြားတာ....ေမးေတာ့လည္း ဘယ္သြားမယ္လို႔ ေရေရရာရာေျပာမသြားဘူး "
ထို႔ေၾကာင့္ သူ ေဖ့ခ်န္ဆီဖုန္းေခၚလိုက္ရာ စကၠန္႔အနည္းငယ္အတြင္းမွာပဲ ဖုန္းကိုင္လာ၏။
" ခင္ဗ်ား ဘယ္မွာလဲ? "
" အိမ္ျပန္လာေနၿပီ.....အကို က်ေတာ္တို႔ အိမ္ေရာက္ဖို႔ ဘယ္ေလာက္လိုေသးလဲ? "
ထို႔ေနာက္ ဖုန္းထဲကေန ေပါင့္ေကြ့ခ်န္အသံကို ၾကားလိုက္ရသည္။ " မိနစ္၂၀ေက်ာ္ေက်ာ္ေလာက္ "
" ခင္ဗ်ား က်ေတာ့္အကိုနဲ႔ ရိွေနတာလား? "
" အမ္....မင္းရဲ့အကိုကို ကိုယ့္အတြက္ တစ္ခုခုလုပ္ေပးဖို႔ အကူအညီေတာင္းထားလို႔ "
" ဘာလုပ္ခိုင္းထားတာလဲ? "
" အိမ္ျပန္ေရာက္ရင္ ေျပာမယ္ "
ဖုန္းဆက္ၿပီးသြားေတာ့ နန္ဟြိုင္လင္လည္း ထိုအေၾကာင္းကို အမ်ားႀကီးေတြးမေနဘဲ ပစၥည္းေတြထည့္ဖို႔ အခန္းထဲကို ျပန္ဝင္ခဲ့လိုက္သည္။
သူတို႔လာတုန္းက အဝတ္အနည္းငယ္အျပင္ ဘာမွသိပ္မယူလာခဲ့တာေၾကာင့္ ပစၥည္းထည့္တာက ငါးမိနစ္ေလာက္နဲ႔ပဲ ၿပီးဆံုးသြား၏။
နန္ဟြိုင္လင္ ဘာမွလုပ္စရာမရိွတာေၾကာင့္ စာအုပ္အနီေရာင္ေလး ႏွစ္ခုကိုထုတ္ကာ ခနၾကာေအာင္ ေငးၾကည့္ေနမိၿပီး ထို႔အတူ သူ၏ႏႈတ္ခမ္းေထာင့္စြန္းမ်ားကလည္း ေကြးၫြတ္လာခဲ့သည္။
စာအုပ္ေတြကို ျပန္ပိတ္လိုက္ၿပီး စားပြဲေပၚမွာ စာအုပ္ႏွစ္ခုမွန္းသိသာေစရန္ ေထာင့္စြန္းေလးေတြကို တစ္ထပ္တည္းမျဖစ္ေအာင္ၫွိၿပီး တင္ကာ ဓာတ္ပံုအခ်ိဳ႕ရိုက္ယူလိုက္သည္။ ေတာ္ေတာ္မ်ားမ်ားရိုက္ၿပီးသြားေတာ့ အႀကိဳက္ဆံုးတစ္ခုကိုေရြးကာ အေရာင္နည္းနည္းထပ္ျပင္လိုက္ၿပီး ဖုန္းအယ္လ္ဘမ္ထဲမွာ သိမ္းလိုက္သည္။ ထို႔ေနာက္ သူ႔နာမည္နဲ႔ဖြင့္ထားတဲ့ကိုယ္ပိုင္ဝီဘိုအေကာင့္ထဲသို႔ ဝင္လိုက္သည္။
လြန္ခဲ့တဲ့ႏွစ္လ 'ၾကယ္ႏိုင္ငံ'စျပကတည္းက သူ႔ရဲ့ဝီဘိုေဖာ္လိုဝါက ၁၈မီလီယံထိေရာက္ရိွသြားၿပီး သူ႔ရဲ့ေက်ာ္ၾကားမႈက ဘယ္သူနဲ႔မွ ႏိႈင္းယွဥ္လို႔မရေအာင္ ရိွေနခဲ့သည္။
သူ ဒီပို႔စ္ကို တင္လိုက္ရင္ သူ႔ကိုအရူးအမူးႀကိဳက္ေနၾကတဲ့ဖန္ေတာ္ေတာ္မ်ားမ်ားကို ဆံုးရႈံးသြားမယ္ဆိုတာသိေပမယ့္ ဒီလိုလုပ္ဖို႔ သူ တြန္႔ဆုတ္ေနမွာမဟုတ္ေပ။ ဘာလို႔လဲဆိုေတာ့ သူ ေဖ့ခ်န္ကို ဖံုးကြယ္မထားခ်င္ဘူး..သူ႔ေနာက္မွာ ေဖ့ခ်န္ရိွေနတယ္ဆိုတာကို သိေစခ်င္တယ္။ သူ ေဖ့ခ်န္နဲ႔ သစ္ပစ္ႏွစ္ပင္လို ေဘးခ်င္းကပ္ရပ္မွာ ယွဥ္တြဲၿပီး မားမားမတ္မတ္ရပ္တည္ခ်င္တယ္။ သူ ေဖ့ခ်န္နဲ႔ပဲ လက္ေတြတြဲထားၿပီး မကြယ္ဝွက္ဘဲ မွန္မွန္ကန္ကန္နဲ႔ ေရ႔ွကို ေလ်ွာက္သြားခ်င္တယ္။
နန္ဟြိုင္လင္ ဝီဘိုက ပို႔စ္တင္မဲ့ေနရာကို ႏိွပ္လိုက္ၿပီး ဓာတ္ပံုအယ္လ္ဘမ္ထဲက ပံုႏွစ္ခုကို ေရြးခ်ယ္လိုက္သည္။
တစ္ပံုက Suzhouကိုသြားတဲ့အျမန္ရထားေပၚမွာ ရိုက္ထားတာျဖစ္ၿပီး နဂါးအရိုးလက္စြပ္ႏွင့္ ေရႊျဖဴေရာင္လက္စြပ္ကို ရွည္လ်ားတဲ့လက္ေခ်ာင္းေတြေပၚမွာ အသီးသီးဝတ္ဆင္ထားၿပီး လက္ခ်င္းယွက္သြယ္ထားၾကတဲ့ ပံုေလးျဖစ္သည္။ ေနာက္တစ္ပံုကေတာ့ အခုမွ ရိုက္ထားတဲ့ သူတို႔ရဲ့အသည္းႏွလံုးလို ေဘးခ်င္းကပ္ရပ္ အနီေရာင္စာအုပ္ႏွစ္အုပ္ပံုျဖစ္သည္။
နန္ဟြိုင္လင္ အခ်ိန္ခနယူကာ ေလးေလးနက္နက္စဥ္းစားလိုက္ၿပီးေနာက္ စာႏွစ္ေၾကာင္းထြက္ေပၚလာခဲ့သည္။
[ က်ေတာ္တို႔ႏွစ္ေယာက္ ေတြ့ဆံုခြင့္ရခဲ့တာ အရမ္းကံေကာင္းတာပဲ]
[ ဒီေန့ကစၿပီး ေန့ရက္တိုင္း အတူတူျဖတ္သန္းၾကမယ္ေနာ္]
ထို႔ေနာက္ ပို႔စ္တင္လိုက္ကာ စခရင္ေရွာ့ရိုက္ယူထားလိုက္သည္။
နန္ဟြိုင္လင္ ဖုန္းခ်ၿပီး အခန္းအျပင္ထြက္လိုက္ေတာ့ ေဖ့ခ်န္ႏွင့္ေပါင့္ေကြ့ခ်န္က ဧည့္ခန္းထဲ ဝင္သြားတာေတြ့လိုက္တာေၾကာင့္ သူတို႔ေနာက္က လိုက္ကာဝင္လာလိုက္သည္။
" မနက္အေစာႀကီး ဘာေတြလုပ္ေနတာလဲ?"
သူ ေမးတာကို ေဖ့ခ်န္ကျပန္မေျဖေသးဘဲ သူ႔အေမဘက္လွည့္ကာ ေမးလာ၏။ " အေမ...အေဖေရာ? "
" သူ လူတစ္ေယာက္နဲ႔ ခ်က္ကစားဖို႔ အျပင္သြားတယ္ "
" အဲ့တာဆို က်ေတာ္ အေမ့ကိုပဲေျပာလိုက္ေတာ့မယ္ " ေဖ့ခ်န္က ကန္းေရွာင္ရံုဆီကို ဖိုင္တစ္ခ်ိဳ႕ ကမ္းေပးလိုက္၏။ ကန္းေရွာင္ရံု ထိုစာရြက္ေတြကို တစ္ခ်က္ၾကည့္ၿပီးေနာက္ မွင္သက္သြားရသည္။ " ဝယ္ယူၿပီးစီးျခင္း စာခ်ဳပ္? "
နန္ဟြိုင္လင္ ေဖ့ခ်န္အား မထင္မွတ္ထားစြာျဖင့္ လွည့္ၾကည့္လိုက္သည္။ " က်ေတာ္ ခင္ဗ်ားကို ဝယ္ခြင့္ျပဳမထားခဲ့ဘူး မို႔လား? "
ကန္းေရွာင္ရံုက စာခ်ဳပ္ကို ေဖ့ခ်န္ဆီ အတင္းျပန္ေပးလိုက္၏။ " အေမ မလိုခ်င္ဘူး...မင္းပဲ ယူထားလိုက္ "
ေဖ့ခ်န္က စာခ်ဳပ္ကို ေဘးမွာရိွတဲ့စာပြဲေပၚတင္လိုက္ကာ ၿပံဳးေနရင္း ေျပာလာ၏။ " အေမ..ဒီအိမ္ကို နန္ဟြိုင္လင္ နာမည္နဲ႔ဝယ္ထားတာ...အဲ့တာက လွလွပပျပင္ဆင္ၿပီးသားအေသးစားဗီလာေလး...ေနရာက တိဟုကန္ရဲ့ ညာဘက္ေထာင့္စြန္းေလးမွာမို႔ ရႈခင္းက ေတာ္ေတာ္ေလးေကာင္းတယ္...အေမႏွင့္အေဖ ရက္နည္းနည္းေလာက္ျဖစ္ျဖစ္ တစ္လေလာက္ပဲျဖစ္ျဖစ္ အဲ့မွာသြားေန..ၿပီးရင္ တိဟုကန္ရဲ့ ရႈခင္းေလးေတြခံစားၿပီး ေလေကာင္းေလသန္႔ေလးရႈတာက အေမတို႔က်န္းမာေရးကို အေထာက္အကူျဖစ္ေစတယ္ "
" အဲ့ဒါက...." ကန္းေရွာင္ရံု ေဖ့ခ်န္ႏွင့္နန္ဟြိုင္လင္ကိုၾကည့္ကာ ဘာလုပ္ရမလဲ အခက္ေတြ့ေနရသည္။
ထိုအခါ ေပါင့္ေကြ့ခ်န္က ဝင္ကာေျပာလာသည္။ " အန္တီ...လက္ခံလိုက္ပါ...ေဖ့ခ်န္က လင္းလင္းကို တင္ေတာင္းတယ္လို႔ပဲ သေဘာထားလိုက္ "
နန္ဟြိုင္လင္ သူ႔အကိုအား အသံႏိွမ့္ကာ ေမးလိုက္သည္။ " ဘယ္ေလာက္ေပးရတာလဲ? "
" ၁၂ မီလီယံ " ေပါင့္ေကြ့ခ်န္ကလည္း တိုးတိတ္စြာေျဖလာခဲ့သည္။ " တစ္ခါတည္း ေငြအျပည့္ေခ်လိုက္တာေနာ္..မယံုႏိုင္စရာပဲ "
သူတို႔ႏွစ္ေယာက္က တီးတိုးစြာေျပာေနၾကေပမယ့္လည္း ကမ္းေရွာင္ရံုက သူတို႔ေျပာေနတာေတြကို ရွင္းလင္းစြာ ၾကားေနရ၏။ ဒါေပမယ့္ ေပါင့္ေကြ့ခ်န္က ဘာမွဆက္ၿပီး မေျပာႏိုင္ခင္မွာပဲ ေဖ့ခ်န္က နန္ဟြိုင္လင္ကို ဆြဲထုတ္သြားေတာ့သည္။ " ကိုယ္တို႔ ျမန္ျမန္လုပ္ရေအာင္...ရထား မမွီေတာ့ပဲေနမယ္ " ေဖ့ခ်န္က လမ္းေလ်ွာက္ေနရင္းပဲ ေနာက္လွည့္ကာ ေပါင့္ေကြ့ခ်န္ကို ေျပာလိုက္၏။ " အကို...က်ေတာ္တို႔ကို လိုက္ပို႔ဖို႔ အကိုကို႔ ထပ္ေတာင္းဆိုရေတာ့မယ္ "
ေပါင့္ေကြ့ခ်န္ကလည္း ၿပံဳးကာဆိုလာ၏။ " မိသားစုအတြက္ဆို ျပႆနာဆိုတာ ရိွရၪီးမွာလား? "
သူတို႔ အခန္းထဲကိုေရာက္တဲ့အခ်ိန္မွာ နန္ဟြိုင္လင္ ေဖ့ခ်န္ကို အျပစ္မတင္ပဲမေနႏိုင္ေတာ့ေပ။ " က်ေတာ္ ခင္ဗ်ားကို အိမ္မဝယ္ဖို႔ေျပာထားတယ္ေလ...ခင္ဗ်ားဝယ္လည္း အေမတို႔က ေနမွာမဟုတ္ဘူး...ပိုက္ဆံေတျြဖဳန္းတီးေနတာပဲ "
" မင္းေယာက္်ားမွာ ပိုက္ဆံေတြမွ အမ်ားႀကီးပဲ...အိမ္တစ္လံုးရဖို႔ မ်က္ရည္ႏွစ္စက္ပဲလိုတယ္...ဒါက ဘာမွမဟုတ္ေသးပါဘူး "
" ...... " နန္ဟြိုင္လင္ ဘာေျပာလို႔ေျပာရမလဲေတာင္ မသိေတာ့ပါ
ေဖ့ခ်န္က သူ႔ကိုဖက္ကာ နမ္းလာၿပီး ရုတ္တရက္ မ်က္ေမွာင္ၾကဳတ္သြား၏။ " မင္း အဖ်ားရိွေနတာလား "
" အဲ့တာ ခင္ဗ်ားေၾကာင့္ေလ...ေျမျပင္ေပၚေနရတာ အားမရလို႔ ေကာင္းကင္ေပၚထိပါေခၚသြားတာကို "
" လာပါၪီး....ေဟာက္်ားက မင္းကိုအရည္တိုက္ေပးမယ္...အဲ့တာဆို ေပ်ာက္သြားမွာ "
" ရပ္ေတာ့ေနာ္..က်ေတာ့္အေျခအေနက အရမ္းမဆိုးပါဘူး...ျမန္ျမန္လုပ္ၿပီး သြားၾကစို႔...ဆယ္နာရီေက်ာ္သြားၿပီ "
ထို႔ေနာက္ အထုတ္ေတြအကုန္လံုးျပင္ၿပီးသြားေတာ့ ျပန္ဖို႔ အသင့္ျဖစ္သြားၿပီျဖစ္၏။
ကန္းေရွာင္ရံုက သူတို႔ကို အိမ္အေပါက္ဝထိ လိုက္ပို႔ၿပီး နန္ဟြိုင္လင္ႏွင့္ ခနၾကာေအာင္ ဖက္ထားၾကသည္။
" အေမႏွင့္အေဖ က်န္းမာေရးကို ဂရုစိုက္ရမယ္ေနာ္...အခု က်ေတာ္ ပိုက္ဆံရွာႏိုင္ေနၿပီဆိုေတာ့ က်ေတာ့္အတြက္ ပိုက္ဆံေတြ စုေနစရာမလိုေတာ့ဘူး..ကိုယ့္အတြက္ကိုယ္ပဲ ရက္ရက္ေရာရာသံုးၾကေနာ္? "
ကန္းေရွာင္ရံုက ေခ်ာင္းအသာဟန္႔လိုက္ၿပီး ၿပံဳးကာဆိုလာသည္။ " အေမ သိပါတယ္...သားေရာပဲ သားရဲ့က်န္းမာေရးက အေရးႀကီးဆံုးပဲ...အလုပ္ေတြႀကီး အတင္းလုပ္မေနနဲ႔ "
ေဘးနားက ေဖ့ခ်န္ကလည္း ဝင္ေျပာလာ၏။ " အေမ...သိပ္မစိုးရိမ္ပါနဲ႔...က်ေတာ္ သူ႔ကိုေကာင္းေကာင္း ေစာင့္ေရွာက္မွာပါ "
ကန္းေရွာင္ရံု ေခါင္းညိမ့္ကာ နန္ဟြိုင္လင့္ေက်ာေလးကို အသာအယာပုတ္လိုက္သည္။ " ကဲကဲ...ျမန္ျမန္သြားၾကေတာ့...ရထား မမွီပဲေနမယ္ "
နန္ဟြိုင္လင္က သူ႔အေမရဲ့ရင္ခြင္ထဲကေနထြက္လာၿပီး ကားေပၚသို႔ ေဖ့ခ်န္ႏွင့္အတူတက္တာခဲ့သည္။ ထို႔ေနာက္ ကားက က်ဥ္းေျမာင္းတဲ့လမ္းၾကားေလးထဲမွာ ေျဖးၫွင္းစြာထြက္ခြါသြား၏။ ေဖ့ခ်န္က နန္ဟြိုင္လင္ရဲ့ လက္ေလးကို ညင္သာစြာဆုပ္ကိုင္လိုက္ေတာ့ ထိုသူက ေဖ်ာ့ေတာ့စြာ ၿပံဳးျပလာ၏။ " က်ေတာ္ အဆင္ေျပပါတယ္ "
ရုတ္တရက္ ဖုန္းဝင္လာ၏။
နန္ဟြိုင္လင္ ျပန္ေျဖလိုက္ေတာ့ မိန္ထ်န္းက်ူက တုန္လႈပ္ေနတဲ့အသံျဖင့္ ေျပာလာ၏။ " မင္းရဲ့ ဝီဘိုမွာ မိုးမီးေလာင္ေနၿပီ! ဘာေတျြဖစ္တာလဲ? မင္း လက္ထပ္လိုက္တာလား? ဘယ္သူနဲ႔လဲ? ဘုရားေရ...ဝီဘိုက ပ်က္ေနၿပီ! "
" အမက်ူ..စိတ္ၿငိမ္ၿငိမ္ထားပါၪီး...ဒါက လက္ထပ္ပြဲတစ္ခုပဲေလ...တရားဝင္ လက္ထပ္လို႔ရတဲ့အရြယ္မွာ လက္ထပ္တယ္ဆိုတာ တရားဝင္ၿပီး လက္သင့္ခံလို႔ရတဲ့ကိစၥပဲေလ...အဲ့တာေၾကာင့္ ဘာမွ ေရးႀကီးခြယ္က်ယ္ေတြလုပ္ေနစရာမလိုဘူး "
ေဖ့ခ်န္ကလည္း သူ႔ကို သံသယျဖစ္စြာလွည့္ၾကည့္လာၿပီး ပါးစပ္လႈပ္ရံု အသံမထြက္ဘဲ ေမးလာ၏။ ဘာျဖစ္လို႔လဲ?
ဘာမွအေထြအထူးမဟုတ္ဘူးဆိုတဲ့ ပံုစံမ်ိဳးျဖင့္ နန္ဟြိုင္လင္က ေခါင္းယမ္းျပလာ၏။
" ငါ့ဖုန္းက ရီပို႔စ္ထုတဲ့သူေၾကာင့္ ေပါက္ကြဲလုနီးပါးျဖစ္ေနၿပီ " မိန္ထ်န္းက်ူက ခနေလးရပ္သြားၿပီးေနာက္ ထပ္ေမးလာ၏။ " မင္း ဘယ္သူနဲ႔ လက္ထပ္လိုက္တာလဲ........? ေဖ့ခ်န္လား? "
" အင္း " နန္ဟြိုင္လင္ တခါတည္းပဲ ဝန္ခံလိုက္၏။ " အမက်ူ...အမရွန္ကို ေျပာေပးပါၪီး...က်ေတာ္ သူ႔ဆီ ဖုန္းေခၚမေနေတာ့ဘူး "
" အို႔....အိုေက...မင္းတို႔ အခု ဘယ္မွာလဲ? "
" Suzhouမွာ...ဒါေပမယ့္ ခနေန ေပက်င္းကို ျပန္ေတာ့မယ္ "
" ဒါဆို မင္း ျပန္ေရာက္ရင္ ေတြ့ရေအာင္ "
" ဟုတ္ကဲ့...အဲ့ဒါဆို ဒါပဲေနာ္ "
ဖုန္းခ်ၿပီးၿပီးခ်င္းမွာ ေဖ့ခ်န္က ေမးလာ၏။ " ဘာျဖစ္လို႔လဲ? "
နန္ဟြိုင္လင္ ဖုန္းဖြင့္ကာ သူရိုက္ယူထားတဲ့ စခရင္ေရွာ့ပံုကို ျပလိုက္၏။
ေဖ့ခ်န္က ဖုန္းမ်က္ႏွာျပင္ကို မ်က္ေတာင္မခက္စိုက္ၾကည့္ေနၿပီး ဖုန္းက ေအာ္တိုပိတ္သြားမွ တုန္႔ျပန္လာခဲ့သည္။ ထို႔ေနာက္ ေဖ့ခ်န္က နန္ဟြိုင္လင္ကို သူ႔ရင္ဘက္ထဲဆြဲသြင္းၿပီး တင္းတင္းၾကပ္ၾကပ္ဖက္ကာ တိုးဖြစြာ ေျပာလာခဲ့သည္။
" ကိုယ္ ငိုမိေတာ့မယ္ "
နန္ဟြိုင္လင္ အသက္ရႈမဝတဲ့ၾကားတဲ့က လက္ေျမာက္ကာ ေဖ့ခ်န္ကို ျပန္ဖက္လိုက္ၿပီး အၿပံဳးသဲ့သဲ့ေလးျဖင့္ ဆိုလိုက္၏။
" ငို..ငို...က်ေတာ္တို႔ ေနာက္ထပ္အိမ္တစ္လံုးဝယ္ဖို႔ ပိုက္ဆံရေတာ့မယ္ "
ေဖ့ခ်န္ က်ယ္ေလာင္စြာ ျပန္ရယ္လိုက္မိၿပီး နန္ဟြိုင္လင္ကို ျပန္လြတ္ေပးလိုက္ကာ နက္နက္နဲနဲ စိုက္ၾကည့္ေနလိုက္သည္။ သူ႔ရင္ထဲမွာ ေျပာစရာစကားေတြ ေထာင္ေသာင္းမကရိွေပမယ့္ အခုအခ်ိန္မွာ စကားေလးတစ္လံုးထြက္က်လာဖို႔ေအာင္ အားမထုတ္ႏိုင္ေတာ့ေပ။
ထိုအရာေတြအားလံုးကို နန္ဟြိုင္လင္ နားလည္ပါ၏။ ထို႔ေၾကာင့္ သူ မေနႏိုင္ေတာ့ဘဲ ေပါင့္ေကြ့ခ်န္ အာရံုမ်ားေနတဲ့အခ်ိန္ကို အခြင့္ေကာင္းယူၿပီး ေဖ့ခ်န္ရဲ့ႏႈတ္ခမ္းေပၚ လ်င္ျမန္စြာ အနမ္းေပးလိုက္၏။ ထိုအခါ ေဖ့ခ်န္က သူ႔လက္ေတြထဲ တစ္ခါျပန္ဆြဲထည့္ကာဖက္ထားၿပီး ဘူတာရံုေရာက္သည္ထိ လြတ္မေပးေတာ့ေပ။
ေပါင့္ေကြ့ခ်န္ကို ေက်းဇူးတင္စကားဆိုၿပီးေနာက္ လက္မွတ္ျဖတ္ကာ ဘူတာရံုထဲကို ဝင္ခဲ့လိုက္ၾကသည္။ သူတို႔ေတြ ေစာင့္ဆိုင္းဖို႔ထိုင္ရတဲ့ေနရာကိုေရာက္တဲ့အခ်ိန္ အခ်ိန္ကိုက္ လက္မွတ္ေတြ စစ္ေနၿပီျဖစ္တဲ့ေၾကညာသံကိုၾကားလိုက္ရ၏။ ထို႔ေနာက္ ရထားေပၚေရာက္ၿပီး ေနရာယူၿပီးခ်ိန္မွာ နန္ဟြိုင္ အရင္ကထက္ မူးေဝလာတာကို ခံစားလိုက္ရၿပီး သူ႔လည္ေခ်ာင္းတစ္ေလ်ွာက္ကလည္း ပိုၿပီးေတာ့ မသက္မသာျဖစ္လာခဲ့သည္။
ထို႔ေၾကာင့္ သူ ေရႏွစ္ငံုေလာက္ ယူေသာက္လိုက္သည္။ " က်ေတာ္ အိပ္ခ်င္တယ္ "
ထိုအခါ ေဖ့ခ်န္က သူ႔ေပၚကိုမွီအိပ္ဖို႔ လုပ္ေပးလာၿပီး သူ႔နဖူးကိုစမ္းကာ စိုးရိမ္စြာေျပာလာ၏။ " မင္းရဲ့အဖ်ားက အရင္ကထက္ ပိုဆိုးလာတဲ့ပံုပဲ"
နန္ဟြိုင္လင္ကေတာ့ အခုအခ်ိန္မွာေတာင္ ဟာသလုပ္ဖို႔ ေမ့မေနေသးေပ။ " က်ေတာ္က ဘယ္ေတာ့မွ မဖ်ားေတာ့ဘူးလို႔ေတာင္ ထင္ေနတာ...ခင္ဗ်ားရဲ့ နဂါးအရည္ကလည္း ဘာမွအစြမ္းမထက္ပါဘူး "
ေဖ့ခ်န္က သူ႔ကို ဖက္ထားရင္းေျပာလာ၏။ " နဂါးအရည္က မင္းရဲ့ခႏၶာကိုယ္ကို အားအင္ေတြ ျပည့္ဝလာေစၿပီး အသက္ပိုရွည္လာေစေပမယ့္...ေရာဂါအားလံုးကို ေပ်ာက္တယ္လို႔ မဆိုလိုဘူးေလ...အဲ့ဒါကို မင္းက တရွန္းေလာင္က်န္းရဲ့ မေသေဆးလို႔မ်ား ထင္ေနတာလား? "
" ဝိုး.....အဲ့ဒါဆိုရင္ က်ေတာ္က ကံမေကာင္းၿပီး ေသလုေမ်ာပါးေရာဂါတစ္ခုခုျဖစ္လာခဲ့ရင္ ေသမွာပဲလား? "
" ေတာ္ေတာ့! " ေဖ့ခ်န္က အနည္းငယ္ စိတ္တိုလာ၏။ " အဲ့လိုစကားမ်ိဳးေတြ မေျပာနဲ႔! "
" အစြဲကလည္းႀကီးလိုက္တာ " နန္ဟြိုင္လင္ ရယ္လိုက္မိသည္။ " မေျပာေတာ့ပါဘူး...အိပ္ေတာ့မယ္ "
ေဖ့ခ်န္က ဘာမျွပန္ေျဖမလာဘဲ အခ်ိန္အေတာ္ၾကာမွ စကားသံထြက္ေပၚလာခဲ့သည္။
" မင္း ေသသြားရင္ ကိုယ္လည္း မေနေတာ့ဘူး"
နန္ဟြိုင္လင္ကေတာ့ ထိုစကားကိုမၾကားေတာ့ပါ။ အေၾကာင္းကေတာ့ ထိုသူက အိပ္ေပ်ာ္သြားၿပီျဖစ္သည္။
နန္ဟြိုင္လင္က တစ္လမ္းလံုး အိပ္လိုက္လာခဲ့သည္။
ညေနငါးနာရီထိုးမွာ သူတို႔ ေပက်င္းကို ေရာက္ရိွလာခဲ့၏။
ေဖ့ခ်န္က တစ္ဖက္က လက္တြန္းလွည္းအိတ္ကိုဆြဲထားၿပီး တစ္ဖက္က နန္ဟြိုင္လင္ လက္ကိုကိုင္ကာ လူအုပ္ေနာက္က လိုက္လာရင္း ထြက္ေပါက္ဆီကို ေလ်ွာက္လာခဲ့သည္။
နန္ဟြိုင္လင္ လက္ဖဝါးေတြက ပူေလာင္ေနၿပီး ေခြၽးေစးေတြထြက္ေန၏။
" ကိုယ္တို႔ ေဆးရံုကိုအရင္သြားရေအာင္ " ေဖ့ခ်န္ စိုးရိမ္လာခဲ့သည္။
" အင္း " နန္ဟြိုင္လင္ ေခါင္းေတြအရမ္းမူးေနတာေၾကာင့္ လမ္းကို မတ္မတ္ေတာင္ မေလ်ွာက္ႏိုင္ေတာ့ေပ။
ဘူတာရံုကေနထြက္ၿပီး အျပင္ကို လမ္းေလ်ွာက္ထြက္လာခဲ့ေတာ့ နန္ဟြိုင္လင္ မ်က္လံုးေတြက ညေနခင္း ေနဝင္ခ်ိန္အေရာင္ေၾကာင့္ ခနတာလႈပ္ခက္သြားၿပီး ရုတ္တရက္ သူ႔ေရ႔ွက ျမင္ကြင္းတစ္ခုလံုးက ေမွာင္က်သြားေတာ့သည္။
" ေဖ့....."
သူ ေဖ့ခ်န္ရဲ့ နာမည္ကိုေတာင္ ဆံုးေအာင္ မေခၚႏိုင္ေတာ့ဘဲ ရုတ္တရက္ ေမ့ေမ်ာသြားခ်ိန္မွာ သူ႔ရဲ့ ေဖ်ာ့ေတာ့သြားတဲ့ကိုယ္ကို ခ်က္ခ်င္း ဖမ္းယူလိုက္တဲ့ ေဖ့ခ်န္ရဲ့ လ်င္ျမန္တဲ့မ်က္လံုးေတြကို ေက်းဇူးတင္ရေတာ့မည္။
____________
10. 5. 23 (wed)
TN/ mizzle ပ်ံလာၿပီေနာ္