Unicode~
ယနေ့မှ အချိန်အခါမသင့်စွာ ဥတုအခါရာသီရယ်က မှိုင်းညှို့ညှို့။ မိုးမရွာသော်ငြား တိမ်မကင်းစင်။ ယမန်နေ့ကောင်းကင်ကြီးနှင့် လားလားမှမဆိုင်အောင် ခြားနားလျက်။
ဝါရှင်တန်မြို့လယ်ခေါင်ရှိ မီးခိုးရောင်တိုက်အိမ်ကြီးက ထီးထီးမားမား။ မောင့်လက်ကို တင်းတင်းဆုပ်ကိုင်ကာ မော့ကြည့်နေမိသည်။ မူမမှန်သော နှလုံးခုန်သံအရ စိတ်မလှုပ်ရှားဘဲ မနေနိုင်ကြောင်း သိသိသာသာ။ သူဒါကို ဖြတ်ကျော်နိုင်မည်တဲ့လား။
မီးခိုးရောင် တိမ်တိုက်များအောက်က မီးခိုးရောင်တိုက်ကြီးက သူ့ကို စိတ်မဖြောင့်စေပါ။ ကျယ်ပြန့်သော တံခါးရွက်များနောက် သူဘာတွေကြုံကြိုက်ရဦးမည်လဲ။
"လာ.. အထဲဝင်ကြစို့"
မောင်က လက်ဆွဲခေါ်တော့ သူတန့်ခနဲသာ တုံ့ပြန်မိသည်။ မောင် သူ့ကို သမင်လည်ပြန်ကြည့်လာစဥ် သူ့မျက်နှာပေါ် မဝံ့မရဲအရိပ်အငွေ့တို့က သိသာနေလိမ့်မည်။
"ဖြစ်ပါ့မလား။ ကျွန်တော့်ကို ကြည်ဖြူပါ့မလား"
"မောင့်ကိုပဲကြည့်နေ။ မျက်ခြယ်ကို လက်ထပ်ခြင်းမထပ်ခြင်းက မောင့်တစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်။ အသိပေးချင်ရုံသက်သက် မောင်တို့က ဒီကိုရောက်နေတာ။ မောင့်မိသားစုကလည်း မျက်ခြယ်ကို လက်ခံသဘောမကျဘဲ မနေနိုင်ပါဘူး"
အားတင်းလျက်သာ ထိုအိမ်ကြီးထဲ ဝင်လာခဲ့သည်။ တံခါးမကြီးကို ဖွင့်လျက်သားဖြစ်နေပြီး ဆင်နားရွက်တံခါးရွက်များကတော့ လေအရှိန်အတိုင်း တစ်ဖက်နှင့်တစ်ဖက် ရိုက်ခတ်နေကြလေရဲ့။
"ငါ့မောင် ရောက်လာပြီလား။ အမေရေ.. အမေ။ ဒီမှာ အမေ့သားခရိုင်မင်းကြီး ပေါ်တော်မူလာပြီတော်"
မြောက်ပိုင်းလေယူလေသိမ်းအတိုင်း မောင့်အစ်မဖြစ်သူက အသံပေါ့ပေါ့လေးနှင့် သူ့အမေကို လှမ်းခေါ်သည်။ ထိုစဥ် နောက်ဖေးတံခါးမှ ထွက်လာသူ အသက်၆၀နီးပါးရှိမည်ဟု ထင်ရသော အမျိုးသမီးကြီးတစ်ယောက်။ မောင်နှင့်တူသော မျက်ဝန်းများကို ပိုင်ဆိုင်ထားသည်။
"ရောက်လာပြီလား။ မင်းအဖေထွက်လာလိမ့်မယ်။ အခုမှ ရေထချိုးနေလို့လေ"
"ဟုတ်ကဲ့ပါ အမေ"
ကျွန်းသားပရိဘောဂများကို မောင်တို့အိမ်တွင် ဖောဖောသီသီတွေ့ရသည်။ မဟော်ဂနီသား စားပွဲဝိုင်းများကလည်း ဟိုနေရာသည်နေရာမှာ အိမ်ကြီးကို အလှဆင်လျက်။
"မင်းလက်ထပ်မယ့်သူခေါ်ခဲ့မယ်ဆို JungKook"
ယင်းစကားကမူ Taehyungအရှိုက်တည့်တည့်ကိုထိ၍ အိုးတိုးအမ်းတမ်းဖြစ်သွားစေ၏။ ဗွေယူစရာတော့မဟုတ်။ ယောကျ်ားသားတစ်ယောက်နှင့် အတူရောက်လာခြင်းကို မောင့်အမေက ချစ်သူတစ်ယောက်ဟု မမြင်နိုင်ခြင်းမှာ သာမာန်အတိုင်း သဘာဝကျပါ၏။
"မျက်ခြယ်..ထိုင်လေ"
မောင်ထိုင်ဆိုလို့သာ ထိုင်လိုက်ရသည်။ သူ့မှာ ခြေထောက်နှင့် ကြမ်းပြင်ပင် ကပ်မနေတော့သည့်အလား။
"ဒါ ကျွန်တော့်ချစ်သူ။ Kim Taehyungတဲ့"
မောင့်အမေ၊ မောင့်အစ်မ၊ ခပ်လှမ်းလှမ်းက စောင့်ကြည့်နေသော မောင့်အစ်ကိုနှင့် မောင့်ညီမ.. အားလုံး၏ အကြည့်နှင့် အာရုံဟာ သူ့ဆီမှာ တစ်သားတည်းကျ၏။ မောင်က သူ့လက်ကို ပိုတင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
မျှော်လင့်ထားသည့် အံ့ဩခြင်းမျိုးပါပဲ KimTaehyung. သူ့ကိုယ်သူ နှစ်သိမ့်နေသော်လည်း ထင်သလောက် အရာမထင်။
"ငါ့သားတို့ ရောက်နေပြီဆို"
လှေကားပေါ်က ဆင်းလာသော အမျိုးသားကြီးက မောင့်ဖခင်ဖြစ်ဟန်တူသည်။ မောင်နှင့်တူညီသော မေးရိုးထင်းထင်းများကို သူရိပ်စားမိသည်။ မောင်က မိဘနှစ်ပါးဆီမှ ရုပ်သွင်လက္ခဏာတစ်မျိုးစီအမွေရလာသူ။
"ဘယ်မှာလဲ ငါ့သားလက်ထပ်မယ့်သူက.."
အလိုက်မသိစွာသော Mr. Jeon၏ အမေးကြောင့် Mrs. Jeonက စူးခနဲစိုက်ကြည့်သည်။ ထိုမှသာ Mr. Jeonလည်း အခြေအနေကို ရိပ်စားမိတော့သည်။
"ယောကျ်ား.. ဒါက JungKookချစ်သူတဲ့"
"ဟေ.."
နောက်ထပ်မယုံနိုင်စွာ ကြည့်လာသူတစ်ဦး။ ဖြစ်နိုင်လျှင် ထူးဆန်းသူတစ်ယောက်လို အကြည့်ခံနေရသည့်အချိန်ကာလအား ကျော်ပစ်လိုက်ချင်ပါရဲ့။
"အားနာလိုက်တာ ဒီက.."
"Kim Taehyungပါ အဒေါ်"
"Mr. Kimရယ်။ အဒေါ်တို့က သားရဲ့ချစ်သူကို အမျိုးသားတစ်ယောက်ဖြစ်နေလိမ့်မယ်လို့ မတွေ့ဖူးတော့ နည်းနည်းအံ့ဩသွားမိတာပါ။ Mr. Kimကို အနေရခက်စေဖို့ မရည်ရွယ်ပါဘူး"
မောင့်အမေ၏ မျက်ဖြေစကားကို ကြားရစဥ် သူ့ပူပန်မှုလျော့ကျသွားသည်ကိုတော့ ဝန်ခံရပေမည်။ မောင့်ကို သိပ်ချစ်ကြပုံပါပဲ။ မောင့်ကိုချစ်လို့ မောင့်ဖြစ်တည်မှုကို နားလည်ပေးကြလိမ့်မည်ဟု မျှော်လင့်ချက်ရေးရေးကလေး ရောင်နီသန်းစပြုလာသည်။
"ရပါတယ် အဒေါ်။ ကျွန်တော်လည်း မျှော်လင့်ထားပြီးသားပါ။ ဪ.. ဒါက တန်နက်ဆီဒေသထွက်လက်ဆောင်တွေ ယူလာပေးတာပါ။ မောင့်ကိုမေးပြီး တစ်မိသားစုလုံးအတွက် လက်ဆောင်ပြင်ခဲ့ပေးတာပါ"
"အိုကွယ်.. သက်သက်မဲ့ အလုပ်များသွားရပြီ။ သမီးကြီးရေ.. ဒါလေးတွေ သိမ်းသွားလိုက်ပါဦး"
မောင့်အမေ၏ ဖော်ဖော်ရွေရွေအပြောများကြောင့် တင်းကြပ်ဖိစီးနေသော အစိုင်အခဲကို ပျောက်ကွယ်လုနီးပါးပင်။
မောင်က သူ့ကို 'အဆင်ပြေမှာပါ'ဟူသော အပြုံးနှင့် ရွှန်းရွှန်းဝေအောင် နှစ်သိမ့်ကြည့်လေးပေး၏။
"Mr. Kimကရော နာ့ရှ်ဗီးလ်ကပဲလား"
"ဟုတ်ကဲ့။ ဇာတိမြို့လို့တောင် ပြောလို့ရပါတယ်"
"ဪ.. အစိုးရဝန်ထမ်းပဲလား"
"မျက်ခြယ်က Melomaniac FMရေဒီယိုရုံးကလေ။ သူတင်ဆက်သမျှ အစီအစဥ်တွေက သိပ်နာမည်ကြီးတာ"
မောင့်ရဲ့ မြှောက်ပင့်စကားကြောင့် ကိုယ့်မှာ မနေတတ် မထိုင်တတ်။ မောင်က ကိုယ့်အတွက် အမှတ်များကို သူ့အမေဆီက ယူပေးချင်ပုံပါပင်။ ကိုင်ဆွဲထားသည့် လက်ကိုလည်း လွတ်ကိုမလွတ်သေးတာ။
"တော်လိုက်တာကွယ်။ အလုပ်အကိုင်ရှားပါးတဲ့ခေတ်ကြီးမှာ ဒီလိုအလုပ်အကိုင်ကောင်းနဲ့ဆိုတော့ အရည်အချင်းရှိလို့ပဲပေါ့"
"အသိအမှတ်ပြုပေးလို့ ကျေးဇူးတင်ပါတယ် အဒေါ်"
"မိဘတွေကရော ဘာလုပ်ကြသလဲကွဲ့"
၎င်းမေးခွန်း မေးလိမ့်မည်ဆိုတာ ကြိုသိထားပါလျက် မောင့်အဖေဆီက နားနှင့်ဆတ်ဆတ်ကြားရချိန်တွင် သူ့နှလုံးသားဟာ ခဲဆွဲခံထားရသည့်နှယ် လေးလံသွားပါ၏။ မှန်ကန်တိကျသော အဖြေကို ပေးနိုင်ပါလျက် သူ့ကိုယ်သူ ယုံကြည်မှုမရှိ ဖြစ်ရသည်။
"ကျွန်တော်ငယ်ငယ်တည်းက ကားမတော်တဆမှုနဲ့ ဆုံးသွားကြပါပြီ"
"စိတ်မကောင်းပါဘူး Mr. Kimရယ်။ ဆွေမျိုးတွေနဲ့ အကြာကြီးနေခဲ့ရမှာပဲ"
"ဟင့်အင်း..။ ကျွန်တော့်မှာ ဆွေမျိုးရယ်လို့ မရှိပါဘူး။ St. Johnဘုရားကျောင်းက မိဘမဲ့ဂေဟာမှာပဲ ကြီးလာတာပါ"
ထိုအဖြေကို ဖြေနေစဥ် Taehyung ခေါင်းမဖော်ဝံ့။ အဖြေ၏ အကျိုးဆက်အရ တုံ့ပြန်ရရှိလာမည့် အကြည့်များအား ရင်မဆိုင်နိုင်သေး။
ယခုပင် ရုတ်ခြည်းငြိမ်သက်သွားသော လေထုက သူ့အတွက် ထိတ်လန့်စရာကောင်းလို့နေပြီ။ မောင်တို့တစ်မိသားစုလုံးက သူ့ကို အကဲဖြတ်နေကြလောက်ပြီ။ မောင့်ဆုံးဖြတ်ချက်ကို ယုံကြည်လေးစားသည့်တိုင် မိသားစု၏ အကြည်ဖြူမခံရသော လက်ထပ်ပွဲမျိုး မဖြစ်သွားချင်တာ ကိုယ့်ရဲ့ဆန္ဒ။
"အဲဒါတွေ မေးမနေပါနဲ့တော့။ ကျွန်တော်က လက်ထပ်ပွဲအတွက် မိသားစုကို လာအသိပေးရုံပဲ။ မျက်ခြယ်ကိုလည်း အားလုံးတွေ့ဖူးချင်ကြမယ်ထင်လို့ လာမိတ်ဆက်ပေးတာ"
ခပ်အမ်းအမ်းအကြည့်များအောက် မောင်က ကိုယ့်ကို အပြည့်အဝနားလည်ပေးသူ။ အေးစက်နေသော ခြေဖျားလက်ဖျားများက သူ၏ တုန်လှုပ်မှုကို အပြည့်အဝ ဖော်ပြလို့နေသည်။
"ဟုတ်သားပဲ ရှင်ကလည်း။ ကလေးတွေ ခရီးပန်းလာတာကို။ အမေ သားတို့အတွက် နေ့လယ်စာပါ ပြင်ထားပေးတယ်။ တစ်ခါတည်း စားသွားကြ"
မောင့်မေမေက သုတ်သုတ်ကလေး ထသွားပြီး မီးဖိုခန်းထဲ ဝင်သွားသည်။ အနည်းငယ်ဖြစ်ဖြစ် အသက်ရှူချောင်ရအောင် သည်အိမ်ကနေ ပြန်ချင်လှပြီ။ သူစိမ်းတစ်ရံများဆီမှ အကဲဖြတ်ခံနေရသည်ကို သူ့မှာ သတ္တိမရှိလှ။ နဂိုတည်းက ဆက်ဆံရေးအားနည်းသူဖြစ်တာကြောင့် ယခုခဏတွင်းချင်းမှာပင် စကားအမှားပါသွားပြီဟု ထင်နေမိသည်။
"လာ.. မောင်တို့လည်း ထမင်းစားဆောင်သွားစို့"
လက်တွဲမဖြုတ်စတမ်း သူ့အတွက်ရှိပေးနေသော မောင့်ကို ကျေးဇူးတင်ရမည်။ မောင်သာ သူ့အနားမှာ အပြည့်အဝမရှိနေလျှင် သူဘယ်လောက်တောင် အားငယ်ရလိမ့်မလဲ။
"ငါ့သားက သိုးသားကြိုက်တယ်မလား။ များများ ထည့်စားနော်။ Mr. Kimရော ဝဝလင်လင်စားနော်.. အားမနာနဲ့"
"ကျေးဇူးပါ အဒေါ်"
အိမ်ထမင်းအိမ်ဟင်းလက်ရာက ဤသို့ဆိုတာ Taehyungသိလိုက်ရသည်။ ဖွယ်ဖွယ်ရာရာဟင်းလျာများက သူ့အတွက် များပင်များလွန်းနေသည်။ အကြိုက်တွေ့စရာချည်း ဖြစ်နေလျက်ပင် စိတ်လေးလံမှုကြောင့် သူ့မှာ စားချင်သလောက်မစားနိုင်ပါ။
____
မျက်ခြယ်ကို ဟိုတယ်ပြန်ပို့ပြီး နေအိမ်သို့ တစ်ဖန်ပြန်လာခဲ့သည်။ ကိုယ်တိုင်သာဆို ပြန်လာဖြစ်မည်မဟုတ်သော်လည်း မိသားစုကို အချိန်ပေးသင့်ကြောင်း၊ သူမရှိချိန် မိသားစုအရေး ပြောစရာတွေရှိမည်ဖြစ်ကြောင်း နားချနေသော မျက်ခြယ်ကြောင့်ပင်။
"ငါ့မောင်ကတော့ တစ်အိမ်သားလုံးကို သွေးတက်စေချင်သလားမှတ်ရတယ်။ လုပ်လိုက်ရင် အဆန်းချည်းပဲ"
"ဘာများဆန်းလို့လဲ အစ်မရယ်။ လူငယ်သဘာဝ ချစ်ကြကြိုက်ကြပြီး လက်ထပ်မှာပဲကို"
"ဒါပေမဲ့ အမျိုးသားတစ်ယောက်လေ။ ရေရှည်အဆင်ပြေပါ့မလားပဲ ငါ့မောင်အတွက် စိတ်ပူတာ။ Mr. Kimကြည့်ရတာတော့ ရည်ရည်မွန်မွန်ပါပဲ"
"အဆင်မပြေစရာမရှိပါဘူး။ သာမာန်ယောကျ်ားမိန်းမအိမ်ထောင်ရေးမှာတောင် တစ်သက်တာတည်မြဲဖို့ ရုန်းကန်သည်းခံနေရတာပဲလေ။ အမျိုးသားချင်းဖြစ်နေလို့ ဘာမှပိုမထူးသွားပါဘူး"
JungKookနှင့် အစ်မဖြစ်သူက တစ်နှစ်ကျော်မျှသာ အသက်ကွာပြီး ရွယ်တူကဲ့သို့ပင် ငြင်းကြခုံကြတတ်သည်။ အစ်ကိုကြီးကတော့ စီးပွားရေးကလွဲလို့ စိတ်မဝင်စားသည့်လူ။ သည်စကားဝိုင်းမှာ ရွှင်ပျဟန်လည်းမပြသလို မကျေနပ်ဟန်လည်းမပြ။ ညီမဖြစ်သူကတော့ အငယ်ဆုံးပီပီ အရာရာကို စိတ်ဝင်တစားစပ်စုလိုဟန်နားထောင်၍ ဝင်မပြောရဲသည့်နှယ်။
"ငါ့သားကတော့ တကယ်အချစ်နွံကျွံနေပြီပဲဟ"
အဖေ၏ ရွှတ်နောက်နောက်အသံ။ အမေက မျက်စောင်းထိုးလိုက်မှ တိခနဲတိတ်၏။ ဤသို့ပင် အိမ်ထောင်ဦးစီးဖြစ်သော အဖေက လူမှုရေးကိစ္စအလီလီကို အမေ့ဆီသာ ဝကွက်အပ်ထားသူဖြစ်ပါ၏။
"JungKookရယ်.. ရုတ်တရက်ဆိုတော့ အမေတို့မှာ လန့်သွားတာပေါ့။ အလောတကြီးမဟုတ်ဘဲ သေချာစဥ်းစားပါဦးလား။ လွယ်လွယ်နဲ့ ငြီးငွေ့ရင် Mr. Kimလည်း နစ်နာလိမ့်မယ်"
"အဘက်ဘက်က စဥ်းစားပြီးမှ ဆုံးဖြတ်လိုက်တာပါ အမေ။ မျက်ခြယ်ကို ရွေးလိုက်လို့ ဘယ်တော့မှ နောင်တမရပါဘူး။ ကျွန်တော်လည်း အရွယ်ရောက်ပြီးသား ယောကျ်ားတစ်ယောက်ပဲ။ လွယ်လွယ်နဲ့တော့ လက်ထပ်ပါ့မလား"
"အမေဖြင့် ငါ့သားကို အပြစ်အနာအဆာမရှိတဲ့ သမီးပျိုတွေ ရှာပေးခဲ့ရတာလေ။ ငါ့သားရွေးတာက ယောကျ်ားတစ်ယောက်ဆိုတော့ လူပြောစရာဖြစ်နေပါဦးမယ်"
"မျက်ခြယ်ကရော ဘာအပြစ်အနာအဆာများ ရှိနေလို့လဲ။ ဒီလောက်ပဲ နားချကြပါတော့။ ကျွန်တော်ဆုံးဖြတ်ပြီးတာလည်းကြာပြီ.. တားနေလို့လည်း မထူးတော့ဘူး"
အမေ့ဆီက သက်ပြင်းရှိုက်သံတိုးတိုး။ ဘာမှမပြောလိုတော့ဟန် အရှုံးပေးလိုက်ရသည့် တိတ်ဆိတ်ခြင်းမျိုး။ သူဆိုသည်ကလည်း စကားတစ်ခွန်းကို လွယ်လွယ်နှင့် အာမခံပြောတတ်သူမဟုတ်။ တိကျသေချာခြင်းအလီလီကို ဖြတ်သန်းပြီးကာမှ လက်ထပ်ဖို့အထိ ရည်ရွယ်ထားသူ။
"အမေက မြေးချီချင်သေးတာ"
"အစ်ကိုရော အစ်မရော ညီမလေးရောရှိနေတာပဲ။ မဖြစ်မနေ ကျွန်တော့်ဆီကဖြစ်မှမဟုတ်ပါဘူး"
လျင်မြန်စွာ ခွန်းတုံ့ပြန်မိသည်။ မျိုးဆက်ကို အကြောင်းပြချင်လျှင်တောင် သူက တစ်ဦးတည်းသောသားမှမဟုတ်လေတာ။ ပုံကြီးချဲ့ပြနေလို့လည်း သူဆုံးဖြတ်ချက်ကို ပြင်မှမဟုတ်။
နှစ်နှစ်လောက် သူ့နှလုံးသားထဲ ကိန်းဝပ်နေသော ဆန္ဒလေး။ သည်တစ်ယောက်တည်းကိုသာ လက်ထပ်နိုင်ပါမည်ဟူသော အဓိဌာန်ရယ်။ အသံလေးတင်ကြားရချိန်တည်းက သူ့ရဲ့ရည်ရွယ်ချက်။ ချစ်သူဖြစ်တာ ကြာလာလေလေ ဆန္ဒကပိုပြီးပြင်းပြလေလေ။ မျက်ခြယ်အတွက်သာ ဖြစ်တည်သော သူ၏အိမ်ထောင်ရှင်စိတ်ကူးကို မည့်သည့်အနှောင်အဖွဲ့ကမှ လာတားဆီး၍မရ။
"အမေက Mr. Kimကို အပြစ်မြင်နေတာမဟုတ်ပါဘူး"
"ကျွန်တော် နားလည်ပါတယ်"
တစ်မိသားစုလုံးက မျက်ခြယ်ကို အထင်သေးအပြစ်မြင်လိုစိတ်မရှိကြောင်း သူသိပါ၏။ အားလုံး၏ စိုးရိမ်စိတ်က အမျိုးသားချင်း အိမ်ထောင်တည်မြဲပါ့မလားဟူသည့် ရှေးထုံးအယူသည်းမှုဆီမှာ။
မြောက်ပိုင်းပြည်နယ်များမှာ တောင်ပိုင်းထက် အစစအရာရာ အမြင်ကျယ်ဖွံ့ဖြိုးသော်လည်း အဖေအမေတို့လို လူကြီးပိုင်းများနှင့် ဗိုင်းကောင်းကျောက်ဖိ မိသားစုဝင်များမှာတော့ စိုးရိမ်စိတ်တို့ ကပ်ပါလျက်သာရှိနေဆဲ။
"မင်းတို့ချင်း ငြီးငွေ့လွယ်ရင် နှစ်ဦးသားလုံး အိမ်ထောင်ကွဲဖြစ်ရမှာ။ အဖေတို့မျိုးရိုးမှာ အိမ်ထောင်ကွဲဆိုတာ ရှိမှမရှိခဲ့တာ မင်းလည်း သိသားပဲ"
"ဘာလို့ အပျက်သဘောကိုပဲ တွေးနေကြတာလဲ။ ကျွန်တော်တော့ နားမလည်နိုင်တော့ဘူး။ ကျွန်တော်တို့ကြားမှာ ငြီးငွေ့တယ်ဆိုတာက ဖြစ်လာစရာအကြောင်းကို မရှိဘူး။ ကျွန်တော်ကလည်း Kim Taehyungမှမဟုတ်ရင် ဘယ်သူ့ကိုမှ လက်မထပ်နိုင်ဘူး"
ကိုယ့်ဘဝမှာ မိန်းမယောကျ်ားမျိုးစုံကို တွေ့ဖူးခဲ့ပါလျက် မျက်ခြယ်တစ်ယောက်တည်းအတွက်သာ အချက်ပေးမြည်ဟီးသော နှလုံးသားဖြစ်ပါ၏။ သည်ထက် ဘာက သေချာဦးမှာတဲ့လဲ။ မျက်ခြယ်မဟုတ်သော တစ်ပါးသူတစ်ယောက်ကို သူ၏အိမ်ထောင်ဖက်အဖြစ် တွေးကြည့်လို့ပင်မရ။
သူဟာ အမေ့စကားကိုနားထောင်သော သားလိမ္မာအဖြစ် အမေမိတ်ဆက်ပေးသမျှ အမျိုးသမီးတွေကို တွေ့ကြည့်ခဲ့ဖူးသည်။ ရုပ်ရည်လှသော၊ အိမ်ထောင်မှုနိုင်သော၊ ထက်မြက်အရည်အချင်းရှိသော.. စသဖြင့် ဂုဏ်သတ္တိများစွာနှင့် အမျိုးသမီးများ။ မိတ်ဆွေများအဖြစ် လက်ခံရန် ဝန်မလေးသော်ငြား မိမိ၏အိမ်သူကြင်ရာဖက်အဖြစ်တော့ လက်မခံနိုင်။ ဦးနှောက်နှင့်ချင့်ချိန်လက်ခံနိုင်မည်ဆိုလျှင်တောင် နှလုံးသားက ရုပ်ခြည်းဆန့်ကျင်လိမ့်မည်။
"အေး.. သဘောပဲ။ ကိုယ့်အိမ်ထောင်ကိုယ်တော့ ထိန်းကြပေါ့။ မင်းလည်းအရွယ်ရောက်ပြီပဲ။ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ချင်မှာပေါ့။ နာ့ရှ်ဗီးလ်မှာပဲလက်ထပ်ကြမယ်မဟုတ်လား။ ဟိုရောက်ရင် အကျိုးအကြောင်း ပြန်ဆက်သွယ်ခဲ့"
"ကျေးဇူးပါ အမေ"
ယခုမှ နှုတ်ခမ်းဝမှ လေပူမှုတ်ထုတ်နိုင်တော့သည်။ အပြင်းအထန်မကန့်ကွက်တော့ မင်္ဂလာပွဲအတွက် နောက်ဆံတင်းစရာအကြောင်းမရှိတော့။ မျက်ခြယ်ကိုပြောလျှင် သူလည်းစိတ်ချမ်းသာလိမ့်မည်။ ကန့်ကွက်ခြင်း၊ လက်ခံခြင်းတို့က ကိုယ့်အပေါ် မသက်ရောက်နိုင်သော ပညက်ချက်များ။ သို့သော် မျက်ခြယ်အတွက်တော့ ၎င်းတို့က အရေးကြီးနေဟန်။ အငြင်းခံရမှာ သိပ်ကြောက်သည့် ကိုယ့်ချစ်သူလေးတော့ သည်သတင်းကြားလျှင် ပျော်နေဦးတော့မည်။
"ကျွန်တော့်ကို ခွင့်ပြုပါဦး။ မျက်ခြယ်တစ်ယောက်တည်းဖြစ်နေလို့ ကြာကြာနေလို့မကောင်းဘူး။ နောက်နေ့မှ သူ့ကိုခေါ်ပြီး ထပ်လာခဲ့ပါဦးမယ်"
"ဟုတ်ပါပြီ။ ဂရုစိုက်ပြီးလည်း ပြန်ဦး"
သူဟိုတယ်ပြန်လာစဥ် လမ်းမှာ မိုးက ထစ်ချုန်းစပြုလာသည်။ လိုရမယ်ရဆောင်လာသည့် ထီးက အသုံးဝင်သွားသည်။ အချိန်အခါမဟုတ် မိုးရွာသည်ကြောင့် မြို့ထဲရှိလူများမှာ ရုတ်ရုတ်သဲသဲ။ သူ့မှာတော့ ထီးပါလာသည့်အပြင် ဟိုတယ်ရောက်ခါနီးမှ မိုးရွာတော့ အခက်အခဲမဖြစ်လိုက်။
မှောင်မိုက်မိုက်တိမ်သားတိမ်လိပ်များကို သူတစ်ချက်လှမ်းကြည့်လိုက်သေးသည်။ နေဝင်ဖို့ပင်အချိန်မတန်သေးသော မွန်းလွဲကာလက ညခင်းအလား မည်းကျလို့နေ၏။
"မောင်.. မောင်မိုးမိတော့မယ်ထင်လို့ ထွက်လာခဲ့တာ။ အတော်ပဲဖြစ်သွားတယ်"
ရေးကြီးသုတ်ပျာနှင့် သူ့ဆီလျှောက်လှမ်းလာသူကြောင့် တောက်ပစွာပင် ပြုံးပြမိမည်။ စိုးရိမ်တကြီး သူ့အနားတိုးလာကာ သူမိုးမိမမိ စစ်နေသူက သူ၏အိမ်သူသက်ထားလောင်းလျာလေး။
"မောင့်မှာ ထီးပါသွားတယ်လေ မျက်ခြယ်ပဲယူသွားဆိုလို့"
"ဪ.. အဲဒါတော့ အဲဒါပေါ့။ မိုးကသည်းလာရင် ထီးလေးတစ်ချောင်းနဲ့ လမ်းလျှောက်ပြန်လာလို့ရမလား။ အခုလည်း မောင်က ကားလေးဘာလေး ငှားလာတာမဟုတ်ဘူး"
"ဟိုနားဒီနားလေးပဲ မျက်ခြယ်ရယ်။ အခုတောင် မောင်ဟိုတယ်အနားရောက်မှ မိုးကစရွာလာတာ။ ဘာလဲ.. မောင့်ကို အဲဒီလောက်ထိစိုးရိမ်တယ်ပေါ့။ သေချာတယ်.. မောင်တော့ အိမ်ထောင်သည်ဖြစ်ရင် ပိုပြီး ကျန်းမာဝဖြိုးလာတော့မှာ"
မျက်ခြယ်က ရှက်သည်းတလှိုက်လှိုက် ကိုယ့်လက်မောင်းကို ဆွဲဆိတ်လို့။ ဧည့်ကြိုကောင်တာက ဝန်ထမ်းလေးများက တစိုက်မက်မက်ကြည့်ပြီး လက်သည်းကိုက်လိုက် တခစ်ခစ်ရယ်လိုက်လုပ်နေကြတော့ သူရှက်လိမ့်မပေါ့။ သည်ကလေးမများ အလိုက်မသိချက်။
"လူကြားထဲ ဘာတွေပြောနေမှန်းမသိဘူး"
"ဟော.. အဲဒါကရှက်သွားတာလား"
သူ့ကိုမစောင့်ဘဲ တသုတ်သုတ် ရှေ့ကလျှောက်သွားသော မျက်ခြယ်ကို သူ့မှာလိုက်ရတာ အမော..။
TBC~
Do vote⭐ me if you like it.
Love you and thank you Taekookers💜
Zawgyi~
ယေန႔မွ အခ်ိန္အခါမသင့္စြာ ဥတုအခါရာသီရယ္က မႈိင္းညႇိဳ႕ညႇိဳ႕။ မိုးမ႐ြာေသာ္ျငား တိမ္မကင္းစင္။ ယမန္ေန႔ေကာင္းကင္ႀကီးႏွင့္ လားလားမွမဆိုင္ေအာင္ ျခားနားလ်က္။
ဝါရွင္တန္ၿမိဳ႕လယ္ေခါင္ရွိ မီးခိုးေရာင္တိုက္အိမ္ႀကီးက ထီးထီးမားမား။ ေမာင့္လက္ကို တင္းတင္းဆုပ္ကိုင္ကာ ေမာ့ၾကည့္ေနမိသည္။ မူမမွန္ေသာ ႏွလုံးခုန္သံအရ စိတ္မလႈပ္ရွားဘဲ မေနႏိုင္ေၾကာင္း သိသိသာသာ။ သူဒါကို ျဖတ္ေက်ာ္ႏိုင္မည္တဲ့လား။
မီးခိုးေရာင္ တိမ္တိုက္မ်ားေအာက္က မီးခိုးေရာင္တိုက္ႀကီးက သူ႔ကို စိတ္မေျဖာင့္ေစပါ။ က်ယ္ျပန္႔ေသာ တံခါး႐ြက္မ်ားေနာက္ သူဘာေတြႀကဳံႀကိဳက္ရဦးမည္လဲ။
"လာ.. အထဲဝင္ၾကစို႔"
ေမာင္က လက္ဆြဲေခၚေတာ့ သူတန္႔ခနဲသာ တုံ႔ျပန္မိသည္။ ေမာင္ သူ႔ကို သမင္လည္ျပန္ၾကည့္လာစဥ္ သူ႔မ်က္ႏွာေပၚ မဝံ့မရဲအရိပ္အေငြ႕တို႔က သိသာေနလိမ့္မည္။
"ျဖစ္ပါ့မလား။ ကြၽန္ေတာ့္ကို ၾကည္ျဖဴပါ့မလား"
"ေမာင့္ကိုပဲၾကည့္ေန။ မ်က္ျခယ္ကို လက္ထပ္ျခင္းမထပ္ျခင္းက ေမာင့္တစ္ေယာက္တည္းရဲ႕ ဆုံးျဖတ္ခ်က္။ အသိေပးခ်င္႐ုံသက္သက္ ေမာင္တို႔က ဒီကိုေရာက္ေနတာ။ ေမာင့္မိသားစုကလည္း မ်က္ျခယ္ကို လက္ခံသေဘာမက်ဘဲ မေနႏိုင္ပါဘူး"
အားတင္းလ်က္သာ ထိုအိမ္ႀကီးထဲ ဝင္လာခဲ့သည္။ တံခါးမႀကီးကို ဖြင့္လ်က္သားျဖစ္ေနၿပီး ဆင္နား႐ြက္တံခါး႐ြက္မ်ားကေတာ့ ေလအရွိန္အတိုင္း တစ္ဖက္ႏွင့္တစ္ဖက္ ႐ိုက္ခတ္ေနၾကေလရဲ႕။
"ငါ့ေမာင္ ေရာက္လာၿပီလား။ အေမေရ.. အေမ။ ဒီမွာ အေမ့သားခ႐ိုင္မင္းႀကီး ေပၚေတာ္မူလာၿပီေတာ္"
ေျမာက္ပိုင္းေလယူေလသိမ္းအတိုင္း ေမာင့္အစ္မျဖစ္သူက အသံေပါ့ေပါ့ေလးႏွင့္ သူ႔အေမကို လွမ္းေခၚသည္။ ထိုစဥ္ ေနာက္ေဖးတံခါးမွ ထြက္လာသူ အသက္၆၀နီးပါးရွိမည္ဟု ထင္ရေသာ အမ်ိဳးသမီးႀကီးတစ္ေယာက္။ ေမာင္ႏွင့္တူေသာ မ်က္ဝန္းမ်ားကို ပိုင္ဆိုင္ထားသည္။
"ေရာက္လာၿပီလား။ မင္းအေဖထြက္လာလိမ့္မယ္။ အခုမွ ေရထခ်ိဳးေနလို႔ေလ"
"ဟုတ္ကဲ့ပါ အေမ"
ကြၽန္းသားပရိေဘာဂမ်ားကို ေမာင္တို႔အိမ္တြင္ ေဖာေဖာသီသီေတြ႕ရသည္။ မေဟာ္ဂနီသား စားပြဲဝိုင္းမ်ားကလည္း ဟိုေနရာသည္ေနရာမွာ အိမ္ႀကီးကို အလွဆင္လ်က္။
"မင္းလက္ထပ္မယ့္သူေခၚခဲ့မယ္ဆို JungKook"
ယင္းစကားကမူ Taehyungအရႈိက္တည့္တည့္ကိုထိ၍ အိုးတိုးအမ္းတမ္းျဖစ္သြားေစ၏။ ေဗြယူစရာေတာ့မဟုတ္။ ေယာက်္ားသားတစ္ေယာက္ႏွင့္ အတူေရာက္လာျခင္းကို ေမာင့္အေမက ခ်စ္သူတစ္ေယာက္ဟု မျမင္ႏိုင္ျခင္းမွာ သာမာန္အတိုင္း သဘာဝက်ပါ၏။
"မ်က္ျခယ္..ထိုင္ေလ"
ေမာင္ထိုင္ဆိုလို႔သာ ထိုင္လိုက္ရသည္။ သူ႔မွာ ေျခေထာက္ႏွင့္ ၾကမ္းျပင္ပင္ ကပ္မေနေတာ့သည့္အလား။
"ဒါ ကြၽန္ေတာ့္ခ်စ္သူ။ Kim Taehyungတဲ့"
ေမာင့္အေမ၊ ေမာင့္အစ္မ၊ ခပ္လွမ္းလွမ္းက ေစာင့္ၾကည့္ေနေသာ ေမာင့္အစ္ကိုႏွင့္ ေမာင့္ညီမ.. အားလုံး၏ အၾကည့္ႏွင့္ အာ႐ုံဟာ သူ႔ဆီမွာ တစ္သားတည္းက်၏။ ေမာင္က သူ႔လက္ကို ပိုတင္းက်ပ္စြာ ဆုပ္ကိုင္ထားသည္။
ေမွ်ာ္လင့္ထားသည့္ အံ့ဩျခင္းမ်ိဳးပါပဲ KimTaehyung. သူ႔ကိုယ္သူ ႏွစ္သိမ့္ေနေသာ္လည္း ထင္သေလာက္ အရာမထင္။
"ငါ့သားတို႔ ေရာက္ေနၿပီဆို"
ေလွကားေပၚက ဆင္းလာေသာ အမ်ိဳးသားႀကီးက ေမာင့္ဖခင္ျဖစ္ဟန္တူသည္။ ေမာင္ႏွင့္တူညီေသာ ေမး႐ိုးထင္းထင္းမ်ားကို သူရိပ္စားမိသည္။ ေမာင္က မိဘႏွစ္ပါးဆီမွ ႐ုပ္သြင္လကၡဏာတစ္မ်ိဳးစီအေမြရလာသူ။
"ဘယ္မွာလဲ ငါ့သားလက္ထပ္မယ့္သူက.."
အလိုက္မသိစြာေသာ Mr. Jeon၏ အေမးေၾကာင့္ Mrs. Jeonက စူးခနဲစိုက္ၾကည့္သည္။ ထိုမွသာ Mr. Jeonလည္း အေျခအေနကို ရိပ္စားမိေတာ့သည္။
"ေယာက်္ား.. ဒါက JungKookခ်စ္သူတဲ့"
"ေဟ.."
ေနာက္ထပ္မယုံႏိုင္စြာ ၾကည့္လာသူတစ္ဦး။ ျဖစ္ႏိုင္လွ်င္ ထူးဆန္းသူတစ္ေယာက္လို အၾကည့္ခံေနရသည့္အခ်ိန္ကာလအား ေက်ာ္ပစ္လိုက္ခ်င္ပါရဲ႕။
"အားနာလိုက္တာ ဒီက.."
"Kim Taehyungပါ အေဒၚ"
"Mr. Kimရယ္။ အေဒၚတို႔က သားရဲ႕ခ်စ္သူကို အမ်ိဳးသားတစ္ေယာက္ျဖစ္ေနလိမ့္မယ္လို႔ မေတြ႕ဖူးေတာ့ နည္းနည္းအံ့ဩသြားမိတာပါ။ Mr. Kimကို အေနရခက္ေစဖို႔ မရည္႐ြယ္ပါဘူး"
ေမာင့္အေမ၏ မ်က္ေျဖစကားကို ၾကားရစဥ္ သူ႔ပူပန္မႈေလ်ာ့က်သြားသည္ကိုေတာ့ ဝန္ခံရေပမည္။ ေမာင့္ကို သိပ္ခ်စ္ၾကပုံပါပဲ။ ေမာင့္ကိုခ်စ္လို႔ ေမာင့္ျဖစ္တည္မႈကို နားလည္ေပးၾကလိမ့္မည္ဟု ေမွ်ာ္လင့္ခ်က္ေရးေရးကေလး ေရာင္နီသန္းစျပဳလာသည္။
"ရပါတယ္ အေဒၚ။ ကြၽန္ေတာ္လည္း ေမွ်ာ္လင့္ထားၿပီးသားပါ။ ဪ.. ဒါက တန္နက္ဆီေဒသထြက္လက္ေဆာင္ေတြ ယူလာေပးတာပါ။ ေမာင့္ကိုေမးၿပီး တစ္မိသားစုလုံးအတြက္ လက္ေဆာင္ျပင္ခဲ့ေပးတာပါ"
"အိုကြယ္.. သက္သက္မဲ့ အလုပ္မ်ားသြားရၿပီ။ သမီးႀကီးေရ.. ဒါေလးေတြ သိမ္းသြားလိုက္ပါဦး"
ေမာင့္အေမ၏ ေဖာ္ေဖာ္ေ႐ြေ႐ြအေျပာမ်ားေၾကာင့္ တင္းၾကပ္ဖိစီးေနေသာ အစိုင္အခဲကို ေပ်ာက္ကြယ္လုနီးပါးပင္။
ေမာင္က သူ႔ကို 'အဆင္ေျပမွာပါ'ဟူေသာ အၿပဳံးႏွင့္ ႐ႊန္း႐ႊန္းေဝေအာင္ ႏွစ္သိမ့္ၾကည့္ေလးေပး၏။
"Mr. Kimကေရာ နာ့ရွ္ဗီးလ္ကပဲလား"
"ဟုတ္ကဲ့။ ဇာတိၿမိဳ႕လို႔ေတာင္ ေျပာလို႔ရပါတယ္"
"ဪ.. အစိုးရဝန္ထမ္းပဲလား"
"မ်က္ျခယ္က Melomaniac FMေရဒီယို႐ုံးကေလ။ သူတင္ဆက္သမွ် အစီအစဥ္ေတြက သိပ္နာမည္ႀကီးတာ"
ေမာင့္ရဲ႕ ေျမႇာက္ပင့္စကားေၾကာင့္ ကိုယ့္မွာ မေနတတ္ မထိုင္တတ္။ ေမာင္က ကိုယ့္အတြက္ အမွတ္မ်ားကို သူ႔အေမဆီက ယူေပးခ်င္ပုံပါပင္။ ကိုင္ဆြဲထားသည့္ လက္ကိုလည္း လြတ္ကိုမလြတ္ေသးတာ။
"ေတာ္လိုက္တာကြယ္။ အလုပ္အကိုင္ရွားပါးတဲ့ေခတ္ႀကီးမွာ ဒီလိုအလုပ္အကိုင္ေကာင္းနဲ႔ဆိုေတာ့ အရည္အခ်င္းရွိလို႔ပဲေပါ့"
"အသိအမွတ္ျပဳေပးလို႔ ေက်းဇူးတင္ပါတယ္ အေဒၚ"
"မိဘေတြကေရာ ဘာလုပ္ၾကသလဲကြဲ႕"
၎ေမးခြန္း ေမးလိမ့္မည္ဆိုတာ ႀကိဳသိထားပါလ်က္ ေမာင့္အေဖဆီက နားႏွင့္ဆတ္ဆတ္ၾကားရခ်ိန္တြင္ သူ႔ႏွလုံးသားဟာ ခဲဆြဲခံထားရသည့္ႏွယ္ ေလးလံသြားပါ၏။ မွန္ကန္တိက်ေသာ အေျဖကို ေပးႏိုင္ပါလ်က္ သူ႔ကိုယ္သူ ယုံၾကည္မႈမရွိ ျဖစ္ရသည္။
"ကြၽန္ေတာ္ငယ္ငယ္တည္းက ကားမေတာ္တဆမႈနဲ႔ ဆုံးသြားၾကပါၿပီ"
"စိတ္မေကာင္းပါဘူး Mr. Kimရယ္။ ေဆြမ်ိဳးေတြနဲ႔ အၾကာႀကီးေနခဲ့ရမွာပဲ"
"ဟင့္အင္း..။ ကြၽန္ေတာ့္မွာ ေဆြမ်ိဳးရယ္လို႔ မရွိပါဘူး။ St. Johnဘုရားေက်ာင္းက မိဘမဲ့ေဂဟာမွာပဲ ႀကီးလာတာပါ"
ထိုအေျဖကို ေျဖေနစဥ္ Taehyung ေခါင္းမေဖာ္ဝံ့။ အေျဖ၏ အက်ိဳးဆက္အရ တုံ႔ျပန္ရရွိလာမည့္ အၾကည့္မ်ားအား ရင္မဆိုင္ႏိုင္ေသး။
ယခုပင္ ႐ုတ္ျခည္းၿငိမ္သက္သြားေသာ ေလထုက သူ႔အတြက္ ထိတ္လန္႔စရာေကာင္းလို႔ေနၿပီ။ ေမာင္တို႔တစ္မိသားစုလုံးက သူ႔ကို အကဲျဖတ္ေနၾကေလာက္ၿပီ။ ေမာင့္ဆုံးျဖတ္ခ်က္ကို ယုံၾကည္ေလးစားသည့္တိုင္ မိသားစု၏ အၾကည္ျဖဴမခံရေသာ လက္ထပ္ပြဲမ်ိဳး မျဖစ္သြားခ်င္တာ ကိုယ့္ရဲ႕ဆႏၵ။
"အဲဒါေတြ ေမးမေနပါနဲ႔ေတာ့။ ကြၽန္ေတာ္က လက္ထပ္ပြဲအတြက္ မိသားစုကို လာအသိေပး႐ုံပဲ။ မ်က္ျခယ္ကိုလည္း အားလုံးေတြ႕ဖူးခ်င္ၾကမယ္ထင္လို႔ လာမိတ္ဆက္ေပးတာ"
ခပ္အမ္းအမ္းအၾကည့္မ်ားေအာက္ ေမာင္က ကိုယ့္ကို အျပည့္အဝနားလည္ေပးသူ။ ေအးစက္ေနေသာ ေျခဖ်ားလက္ဖ်ားမ်ားက သူ၏ တုန္လႈပ္မႈကို အျပည့္အဝ ေဖာ္ျပလို႔ေနသည္။
"ဟုတ္သားပဲ ရွင္ကလည္း။ ကေလးေတြ ခရီးပန္းလာတာကို။ အေမ သားတို႔အတြက္ ေန႔လယ္စာပါ ျပင္ထားေပးတယ္။ တစ္ခါတည္း စားသြားၾက"
ေမာင့္ေမေမက သုတ္သုတ္ကေလး ထသြားၿပီး မီးဖိုခန္းထဲ ဝင္သြားသည္။ အနည္းငယ္ျဖစ္ျဖစ္ အသက္ရႉေခ်ာင္ရေအာင္ သည္အိမ္ကေန ျပန္ခ်င္လွၿပီ။ သူစိမ္းတစ္ရံမ်ားဆီမွ အကဲျဖတ္ခံေနရသည္ကို သူ႔မွာ သတၱိမရွိလွ။ နဂိုတည္းက ဆက္ဆံေရးအားနည္းသူျဖစ္တာေၾကာင့္ ယခုခဏတြင္းခ်င္းမွာပင္ စကားအမွားပါသြားၿပီဟု ထင္ေနမိသည္။
"လာ.. ေမာင္တို႔လည္း ထမင္းစားေဆာင္သြားစို႔"
လက္တြဲမျဖဳတ္စတမ္း သူ႔အတြက္ရွိေပးေနေသာ ေမာင့္ကို ေက်းဇူးတင္ရမည္။ ေမာင္သာ သူ႔အနားမွာ အျပည့္အဝမရွိေနလွ်င္ သူဘယ္ေလာက္ေတာင္ အားငယ္ရလိမ့္မလဲ။
"ငါ့သားက သိုးသားႀကိဳက္တယ္မလား။ မ်ားမ်ား ထည့္စားေနာ္။ Mr. Kimေရာ ဝဝလင္လင္စားေနာ္.. အားမနာနဲ႔"
"ေက်းဇူးပါ အေဒၚ"
အိမ္ထမင္းအိမ္ဟင္းလက္ရာက ဤသို႔ဆိုတာ Taehyungသိလိုက္ရသည္။ ဖြယ္ဖြယ္ရာရာဟင္းလ်ာမ်ားက သူ႔အတြက္ မ်ားပင္မ်ားလြန္းေနသည္။ အႀကိဳက္ေတြ႕စရာခ်ည္း ျဖစ္ေနလ်က္ပင္ စိတ္ေလးလံမႈေၾကာင့္ သူ႔မွာ စားခ်င္သေလာက္မစားႏိုင္ပါ။
____
မ်က္ျခယ္ကို ဟိုတယ္ျပန္ပို႔ၿပီး ေနအိမ္သို႔ တစ္ဖန္ျပန္လာခဲ့သည္။ ကိုယ္တိုင္သာဆို ျပန္လာျဖစ္မည္မဟုတ္ေသာ္လည္း မိသားစုကို အခ်ိန္ေပးသင့္ေၾကာင္း၊ သူမရွိခ်ိန္ မိသားစုအေရး ေျပာစရာေတြရွိမည္ျဖစ္ေၾကာင္း နားခ်ေနေသာ မ်က္ျခယ္ေၾကာင့္ပင္။
"ငါ့ေမာင္ကေတာ့ တစ္အိမ္သားလုံးကို ေသြးတက္ေစခ်င္သလားမွတ္ရတယ္။ လုပ္လိုက္ရင္ အဆန္းခ်ည္းပဲ"
"ဘာမ်ားဆန္းလို႔လဲ အစ္မရယ္။ လူငယ္သဘာဝ ခ်စ္ၾကႀကိဳက္ၾကၿပီး လက္ထပ္မွာပဲကို"
"ဒါေပမဲ့ အမ်ိဳးသားတစ္ေယာက္ေလ။ ေရရွည္အဆင္ေျပပါ့မလားပဲ ငါ့ေမာင္အတြက္ စိတ္ပူတာ။ Mr. Kimၾကည့္ရတာေတာ့ ရည္ရည္မြန္မြန္ပါပဲ"
"အဆင္မေျပစရာမရွိပါဘူး။ သာမာန္ေယာက်္ားမိန္းမအိမ္ေထာင္ေရးမွာေတာင္ တစ္သက္တာတည္ၿမဲဖို႔ ႐ုန္းကန္သည္းခံေနရတာပဲေလ။ အမ်ိဳးသားခ်င္းျဖစ္ေနလို႔ ဘာမွပိုမထူးသြားပါဘူး"
JungKookႏွင့္ အစ္မျဖစ္သူက တစ္ႏွစ္ေက်ာ္မွ်သာ အသက္ကြာၿပီး ႐ြယ္တူကဲ့သို႔ပင္ ျငင္းၾကခုံၾကတတ္သည္။ အစ္ကိုႀကီးကေတာ့ စီးပြားေရးကလြဲလို႔ စိတ္မဝင္စားသည့္လူ။ သည္စကားဝိုင္းမွာ ႐ႊင္ပ်ဟန္လည္းမျပသလို မေက်နပ္ဟန္လည္းမျပ။ ညီမျဖစ္သူကေတာ့ အငယ္ဆုံးပီပီ အရာရာကို စိတ္ဝင္တစားစပ္စုလိုဟန္နားေထာင္၍ ဝင္မေျပာရဲသည့္ႏွယ္။
"ငါ့သားကေတာ့ တကယ္အခ်စ္ႏြံကြၽံေနၿပီပဲဟ"
အေဖ၏ ႐ႊတ္ေနာက္ေနာက္အသံ။ အေမက မ်က္ေစာင္းထိုးလိုက္မွ တိခနဲတိတ္၏။ ဤသို႔ပင္ အိမ္ေထာင္ဦးစီးျဖစ္ေသာ အေဖက လူမႈေရးကိစၥအလီလီကို အေမ့ဆီသာ ဝကြက္အပ္ထားသူျဖစ္ပါ၏။
"JungKookရယ္.. ႐ုတ္တရက္ဆိုေတာ့ အေမတို႔မွာ လန္႔သြားတာေပါ့။ အေလာတႀကီးမဟုတ္ဘဲ ေသခ်ာစဥ္းစားပါဦးလား။ လြယ္လြယ္နဲ႔ ၿငီးေငြ႕ရင္ Mr. Kimလည္း နစ္နာလိမ့္မယ္"
"အဘက္ဘက္က စဥ္းစားၿပီးမွ ဆုံးျဖတ္လိုက္တာပါ အေမ။ မ်က္ျခယ္ကို ေ႐ြးလိုက္လို႔ ဘယ္ေတာ့မွ ေနာင္တမရပါဘူး။ ကြၽန္ေတာ္လည္း အ႐ြယ္ေရာက္ၿပီးသား ေယာက်္ားတစ္ေယာက္ပဲ။ လြယ္လြယ္နဲ႔ေတာ့ လက္ထပ္ပါ့မလား"
"အေမျဖင့္ ငါ့သားကို အျပစ္အနာအဆာမရွိတဲ့ သမီးပ်ိဳေတြ ရွာေပးခဲ့ရတာေလ။ ငါ့သားေ႐ြးတာက ေယာက်္ားတစ္ေယာက္ဆိုေတာ့ လူေျပာစရာျဖစ္ေနပါဦးမယ္"
"မ်က္ျခယ္ကေရာ ဘာအျပစ္အနာအဆာမ်ား ရွိေနလို႔လဲ။ ဒီေလာက္ပဲ နားခ်ၾကပါေတာ့။ ကြၽန္ေတာ္ဆုံးျဖတ္ၿပီးတာလည္းၾကာၿပီ.. တားေနလို႔လည္း မထူးေတာ့ဘူး"
အေမ့ဆီက သက္ျပင္းရႈိက္သံတိုးတိုး။ ဘာမွမေျပာလိုေတာ့ဟန္ အရႈံးေပးလိုက္ရသည့္ တိတ္ဆိတ္ျခင္းမ်ိဳး။ သူဆိုသည္ကလည္း စကားတစ္ခြန္းကို လြယ္လြယ္ႏွင့္ အာမခံေျပာတတ္သူမဟုတ္။ တိက်ေသခ်ာျခင္းအလီလီကို ျဖတ္သန္းၿပီးကာမွ လက္ထပ္ဖို႔အထိ ရည္႐ြယ္ထားသူ။
"အေမက ေျမးခ်ီခ်င္ေသးတာ"
"အစ္ကိုေရာ အစ္မေရာ ညီမေလးေရာရွိေနတာပဲ။ မျဖစ္မေန ကြၽန္ေတာ့္ဆီကျဖစ္မွမဟုတ္ပါဘူး"
လ်င္ျမန္စြာ ခြန္းတုံ႔ျပန္မိသည္။ မ်ိဳးဆက္ကို အေၾကာင္းျပခ်င္လွ်င္ေတာင္ သူက တစ္ဦးတည္းေသာသားမွမဟုတ္ေလတာ။ ပုံႀကီးခ်ဲ႕ျပေနလို႔လည္း သူဆုံးျဖတ္ခ်က္ကို ျပင္မွမဟုတ္။
ႏွစ္ႏွစ္ေလာက္ သူ႔ႏွလုံးသားထဲ ကိန္းဝပ္ေနေသာ ဆႏၵေလး။ သည္တစ္ေယာက္တည္းကိုသာ လက္ထပ္ႏိုင္ပါမည္ဟူေသာ အဓိဌာန္ရယ္။ အသံေလးတင္ၾကားရခ်ိန္တည္းက သူ႔ရဲ႕ရည္႐ြယ္ခ်က္။ ခ်စ္သူျဖစ္တာ ၾကာလာေလေလ ဆႏၵကပိုၿပီးျပင္းျပေလေလ။ မ်က္ျခယ္အတြက္သာ ျဖစ္တည္ေသာ သူ၏အိမ္ေထာင္ရွင္စိတ္ကူးကို မည့္သည့္အေႏွာင္အဖြဲ႕ကမွ လာတားဆီး၍မရ။
"အေမက Mr. Kimကို အျပစ္ျမင္ေနတာမဟုတ္ပါဘူး"
"ကြၽန္ေတာ္ နားလည္ပါတယ္"
တစ္မိသားစုလုံးက မ်က္ျခယ္ကို အထင္ေသးအျပစ္ျမင္လိုစိတ္မရွိေၾကာင္း သူသိပါ၏။ အားလုံး၏ စိုးရိမ္စိတ္က အမ်ိဳးသားခ်င္း အိမ္ေထာင္တည္ၿမဲပါ့မလားဟူသည့္ ေရွးထုံးအယူသည္းမႈဆီမွာ။
ေျမာက္ပိုင္းျပည္နယ္မ်ားမွာ ေတာင္ပိုင္းထက္ အစစအရာရာ အျမင္က်ယ္ဖြံ႕ၿဖိဳးေသာ္လည္း အေဖအေမတို႔လို လူႀကီးပိုင္းမ်ားႏွင့္ ဗိုင္းေကာင္းေက်ာက္ဖိ မိသားစုဝင္မ်ားမွာေတာ့ စိုးရိမ္စိတ္တို႔ ကပ္ပါလ်က္သာရွိေနဆဲ။
"မင္းတို႔ခ်င္း ၿငီးေငြ႕လြယ္ရင္ ႏွစ္ဦးသားလုံး အိမ္ေထာင္ကြဲျဖစ္ရမွာ။ အေဖတို႔မ်ိဳး႐ိုးမွာ အိမ္ေထာင္ကြဲဆိုတာ ရွိမွမရွိခဲ့တာ မင္းလည္း သိသားပဲ"
"ဘာလို႔ အပ်က္သေဘာကိုပဲ ေတြးေနၾကတာလဲ။ ကြၽန္ေတာ္ေတာ့ နားမလည္ႏိုင္ေတာ့ဘူး။ ကြၽန္ေတာ္တို႔ၾကားမွာ ၿငီးေငြ႕တယ္ဆိုတာက ျဖစ္လာစရာအေၾကာင္းကို မရွိဘူး။ ကြၽန္ေတာ္ကလည္း Kim Taehyungမွမဟုတ္ရင္ ဘယ္သူ႔ကိုမွ လက္မထပ္ႏိုင္ဘူး"
ကိုယ့္ဘဝမွာ မိန္းမေယာက်္ားမ်ိဳးစုံကို ေတြ႕ဖူးခဲ့ပါလ်က္ မ်က္ျခယ္တစ္ေယာက္တည္းအတြက္သာ အခ်က္ေပးျမည္ဟီးေသာ ႏွလုံးသားျဖစ္ပါ၏။ သည္ထက္ ဘာက ေသခ်ာဦးမွာတဲ့လဲ။ မ်က္ျခယ္မဟုတ္ေသာ တစ္ပါးသူတစ္ေယာက္ကို သူ၏အိမ္ေထာင္ဖက္အျဖစ္ ေတြးၾကည့္လို႔ပင္မရ။
သူဟာ အေမ့စကားကိုနားေထာင္ေသာ သားလိမၼာအျဖစ္ အေမမိတ္ဆက္ေပးသမွ် အမ်ိဳးသမီးေတြကို ေတြ႕ၾကည့္ခဲ့ဖူးသည္။ ႐ုပ္ရည္လွေသာ၊ အိမ္ေထာင္မႈႏိုင္ေသာ၊ ထက္ျမက္အရည္အခ်င္းရွိေသာ.. စသျဖင့္ ဂုဏ္သတၱိမ်ားစြာႏွင့္ အမ်ိဳးသမီးမ်ား။ မိတ္ေဆြမ်ားအျဖစ္ လက္ခံရန္ ဝန္မေလးေသာ္ျငား မိမိ၏အိမ္သူၾကင္ရာဖက္အျဖစ္ေတာ့ လက္မခံႏိုင္။ ဦးေႏွာက္ႏွင့္ခ်င့္ခ်ိန္လက္ခံႏိုင္မည္ဆိုလွ်င္ေတာင္ ႏွလုံးသားက ႐ုပ္ျခည္းဆန္႔က်င္လိမ့္မည္။
"ေအး.. သေဘာပဲ။ ကိုယ့္အိမ္ေထာင္ကိုယ္ေတာ့ ထိန္းၾကေပါ့။ မင္းလည္းအ႐ြယ္ေရာက္ၿပီပဲ။ ကိုယ့္ဟာကိုယ္ ဆုံးျဖတ္ခ်င္မွာေပါ့။ နာ့ရွ္ဗီးလ္မွာပဲလက္ထပ္ၾကမယ္မဟုတ္လား။ ဟိုေရာက္ရင္ အက်ိဳးအေၾကာင္း ျပန္ဆက္သြယ္ခဲ့"
"ေက်းဇူးပါ အေမ"
ယခုမွ ႏႈတ္ခမ္းဝမွ ေလပူမႈတ္ထုတ္ႏိုင္ေတာ့သည္။ အျပင္းအထန္မကန္႔ကြက္ေတာ့ မဂၤလာပြဲအတြက္ ေနာက္ဆံတင္းစရာအေၾကာင္းမရွိေတာ့။ မ်က္ျခယ္ကိုေျပာလွ်င္ သူလည္းစိတ္ခ်မ္းသာလိမ့္မည္။ ကန္႔ကြက္ျခင္း၊ လက္ခံျခင္းတို႔က ကိုယ့္အေပၚ မသက္ေရာက္ႏိုင္ေသာ ပညက္ခ်က္မ်ား။ သို႔ေသာ္ မ်က္ျခယ္အတြက္ေတာ့ ၎တို႔က အေရးႀကီးေနဟန္။ အျငင္းခံရမွာ သိပ္ေၾကာက္သည့္ ကိုယ့္ခ်စ္သူေလးေတာ့ သည္သတင္းၾကားလွ်င္ ေပ်ာ္ေနဦးေတာ့မည္။
"ကြၽန္ေတာ့္ကို ခြင့္ျပဳပါဦး။ မ်က္ျခယ္တစ္ေယာက္တည္းျဖစ္ေနလို႔ ၾကာၾကာေနလို႔မေကာင္းဘူး။ ေနာက္ေန႔မွ သူ႔ကိုေခၚၿပီး ထပ္လာခဲ့ပါဦးမယ္"
"ဟုတ္ပါၿပီ။ ဂ႐ုစိုက္ၿပီးလည္း ျပန္ဦး"
သူဟိုတယ္ျပန္လာစဥ္ လမ္းမွာ မိုးက ထစ္ခ်ဳန္းစျပဳလာသည္။ လိုရမယ္ရေဆာင္လာသည့္ ထီးက အသုံးဝင္သြားသည္။ အခ်ိန္အခါမဟုတ္ မိုး႐ြာသည္ေၾကာင့္ ၿမိဳ႕ထဲရွိလူမ်ားမွာ ႐ုတ္႐ုတ္သဲသဲ။ သူ႔မွာေတာ့ ထီးပါလာသည့္အျပင္ ဟိုတယ္ေရာက္ခါနီးမွ မိုး႐ြာေတာ့ အခက္အခဲမျဖစ္လိုက္။
ေမွာင္မိုက္မိုက္တိမ္သားတိမ္လိပ္မ်ားကို သူတစ္ခ်က္လွမ္းၾကည့္လိုက္ေသးသည္။ ေနဝင္ဖို႔ပင္အခ်ိန္မတန္ေသးေသာ မြန္းလြဲကာလက ညခင္းအလား မည္းက်လို႔ေန၏။
"ေမာင္.. ေမာင္မိုးမိေတာ့မယ္ထင္လို႔ ထြက္လာခဲ့တာ။ အေတာ္ပဲျဖစ္သြားတယ္"
ေရးႀကီးသုတ္ပ်ာႏွင့္ သူ႔ဆီေလွ်ာက္လွမ္းလာသူေၾကာင့္ ေတာက္ပစြာပင္ ၿပဳံးျပမိမည္။ စိုးရိမ္တႀကီး သူ႔အနားတိုးလာကာ သူမိုးမိမမိ စစ္ေနသူက သူ၏အိမ္သူသက္ထားေလာင္းလ်ာေလး။
"ေမာင့္မွာ ထီးပါသြားတယ္ေလ မ်က္ျခယ္ပဲယူသြားဆိုလို႔"
"ဪ.. အဲဒါေတာ့ အဲဒါေပါ့။ မိုးကသည္းလာရင္ ထီးေလးတစ္ေခ်ာင္းနဲ႔ လမ္းေလွ်ာက္ျပန္လာလို႔ရမလား။ အခုလည္း ေမာင္က ကားေလးဘာေလး ငွားလာတာမဟုတ္ဘူး"
"ဟိုနားဒီနားေလးပဲ မ်က္ျခယ္ရယ္။ အခုေတာင္ ေမာင္ဟိုတယ္အနားေရာက္မွ မိုးကစ႐ြာလာတာ။ ဘာလဲ.. ေမာင့္ကို အဲဒီေလာက္ထိစိုးရိမ္တယ္ေပါ့။ ေသခ်ာတယ္.. ေမာင္ေတာ့ အိမ္ေထာင္သည္ျဖစ္ရင္ ပိုၿပီး က်န္းမာဝၿဖိဳးလာေတာ့မွာ"
မ်က္ျခယ္က ရွက္သည္းတလႈိက္လႈိက္ ကိုယ့္လက္ေမာင္းကို ဆြဲဆိတ္လို႔။ ဧည့္ႀကိဳေကာင္တာက ဝန္ထမ္းေလးမ်ားက တစိုက္မက္မက္ၾကည့္ၿပီး လက္သည္းကိုက္လိုက္ တခစ္ခစ္ရယ္လိုက္လုပ္ေနၾကေတာ့ သူရွက္လိမ့္မေပါ့။ သည္ကေလးမမ်ား အလိုက္မသိခ်က္။
"လူၾကားထဲ ဘာေတြေျပာေနမွန္းမသိဘူး"
"ေဟာ.. အဲဒါကရွက္သြားတာလား"
သူ႔ကိုမေစာင့္ဘဲ တသုတ္သုတ္ ေရွ႕ကေလွ်ာက္သြားေသာ မ်က္ျခယ္ကို သူ႔မွာလိုက္ရတာ အေမာ..။
TBC~
Do vote⭐ me if you like it.
Love you and thank you Taekookers💜