​Boss​၏ နတ်သမီးလေးအဖြစ် ကူးပြ...

By Clumsy_ShiAi

29K 2.8K 168

Genre-comedy,drama,josei,romance,school life,slice of life Chapters-98chapters+21extras I do not own this sto... More

Description
Chapter (1)
Chapter(2.1)
Chapter(2.2)
Chapter(3.1)
Chapter(3.2)
Chapter(4)
Chapter(5)
Chapter(6)
Chapter(7)
Chapter(8)
Chapter(9)
Chapter(10)
Chapter (11)
Chapter (12)
Chapter (14)
Chapter(15)
Chapter(16)

Chapter(13)

565 62 6
By Clumsy_ShiAi

Unicode

Chapter(13)

ကျောင်းခေါင်းလောင်းမြည်ပြီးနောက်မှာ ရူပဗေဒဆရာက အတန်းပြီးရမည့်အချိန်ထက် အတန်းချိန်ကို အနည်းငယ်ထပ်တိုးလိုက်တယ်။ ဆရာထွက်သွားသည်နှင့် အတန်း(၂)မှ ကျောင်းသားများအားလုံးက အော်ဟစ်မြူးတူးပြီး ကျောင်းခန်းထဲကနေ ထွက်လာကြတယ်။ အချို့က ဂိမ်းရုံမှာ ဂိမ်းသွားဆော့ဖို့ အစီအစဉ်ဆွဲနေကြတယ်။ အချို့က milk teaဆိုင်မှာ အိမ်စာသွားလုပ်ကြဖို့ မေးနေကြတယ်။ ကျောင်းသားတွေအကုန်လုံး အခန်းထဲကနေ တစ်ယောက်ပြီးတစ်ယောက် စတင် ထွက်ခွာကြတော့တယ်။

ကော်ရစ်ဒါထောင့်မှာ ရပ်စောင့်နေရင်း ကျီရန်ရဲ့မျက်နှာက ညို့မှိုင်းနေတယ်။ အခြားကျောင်းသားတွေက သူ့ရှေ့ကို ဖြတ်မလျှောက်ရဲကြဘဲ လှေကားရဲ့တစ်ဖက်ခြမ်းကနေ ကွေ့ပတ်သွားကြတယ်။ ချီရင်က အခုထိ ထွက်မလာသေးဘူး၊ ယွီကျိုးကို ငြိမ်ငြိမ်လေးထိုင်စောင့်နေတာနှင့်တူတယ်။

သူက သူမအတန်းရဲ့ အရှေ့တံခါးကို စိုက်ကြည့်နေတယ်၊ ခြေထောက်ကို မြှောက်လိုက် ကြွလိုက်နှင့် ထပ်တလဲလဲ လုပ်နေတယ်။

မင်း တကယ်ပဲ ဘာတွေ လုပ်နေတာလဲကွာ???

အပြစ်ဝန်ခံမလို့လား? ငါ့ကို မြင်တာနဲ့ ဘာကိစ္စထွက်ပြေးရတာလဲ?

သူ(မ) မြင်ခဲ့တာတွေက အထင်လွဲသွားတာပါလို့ ရှင်းပြရမလား? ရွှယ်မန်ချင်နဲ့ ငါက ဘာမှ မဟုတ်ကြဘူးဆိုတာကိုလေ?

ဘာမှမကြားရတဲ့ ကောင်မလေးကို ဒီအကြောင်းပြောပြနိုင်မယ်လို့ တကယ်ကြီး ကိုယ့်ကိုကိုယ်ယုံကြည်နေတယ်ပေါ့လေ? ငါနှင့် သူ(မ)က ဘာမှ မဆိုင်ကြတာကြီးကိုလေကွာ? သူ(မ)ရဲ့ဆက်သွယ်စရာဖုန်းနံပါတ်လေးတောင် ရှိတာ မဟုတ်ဘူးကွ!

နေ့လည်က ပေါက်စီတွေအများကြီးစားမိသွားလို့ပဲ ဖြစ်ရမယ်!

စိတ်ထဲက တုံးအအအတွေးတွေကြောင့် သူ့ကိုယ်သူ ဆူဆဲလိုက်ပြီးနောက် တည်တည်ငြိမ်ငြိမ်နှင့် လှည့်ပြန်ဖို့ ပြင်လိုက်တယ်။

တစ်ဝက်ပိတ်ထားတဲ့ အနောက်တံခါးက ပွင့်လာပြီး ချီရင်က ကျောပိုးအိတ်လေးနောက်မှာ လွယ်ထား၍ရင်း ထွက်လာတယ်။

ကျီရန် သတိလက်လွတ်ဖြစ်နေချိန်မှာ သူမနှင့် မျက်နှာချင်းဆိုင် တွေ့လိုက်ရပြီး ထွက်ပြေးဖို့ နောက်ကျသွားပြီး တုံ့ဆိုင်းသွားတယ်။ ချီရင်က သူ့ကို မြင်လိုက်ချိန်မှာ မျက်လုံးများက ဦးစွာ အရောင်တောက်သွားပြီးနောက် နူတ်ခမ်းထိပ်မှ အပြုံးကလေးမှာ ချိုမြိန်မှုဖြင့် ပြည့်နှက်နေလေ၏။ ဒါပေမဲ့ နောက်ခဏအကြာမှာတော့ ဘာဖြစ်သွားမှန်း ဘယ်သူသိမှာလဲ? သူ့ဆီကို ပြေးသွားချင်ခဲ့တဲ့ ခြေလှမ်းတစ်စုံက ရပ်တန့်သွားခဲ့တယ်။

ပြုံးနေဆဲဖြစ်ပေမဲ့ သူမရဲ့အတွေးတွေကို စုစည်းလိုက်ပြီးနောက် မဝံ့မရဲဖြစ်နေတယ်။

ကျီရန်က ရုတ်တရက် စိတ်မချမ်းမသာဖြစ်သွားတယ်၊ အံ့ကြိတ်ပြီး ပြောလိုက်တယ်၊ “မင်း လောင်ဇူးဆီ လာခဲ့”

ချီရင်က သူ့စကားလုံးတွေကို ဖတ်ကြည့်ပြီး စစ်သူကြီးက အခု အရမ်းစိတ်တိုနေတယ်လို့ ထင်သွားတယ်။

အရင်က သူ(မ)က စစ်သူကြီးကို အမြဲတမ်း စိတ်ဒုက္ခပေးနေခဲ့မိလို့များလား?

သူမက ဝမ်းနည်းစွာဖြင့် မျက်လွှာလေးချထားပြီး အဲ့ဒီအကြောင်းကို အတော်ကြာတွေးနေခဲ့တယ်၊ စစ်သူကြီးကို မနှောက်ယှက်ဘဲ စစ်သူကြီးရဲ့မြင်ကွင်းကနေ ထွက်သွားတာက ပိုကောင်းပါတယ်လို့ တွေးမိလိုက်တယ်။

အပြုံးချိုချိုလေး အမြဲပြုံးနေတတ်တဲ့ ကောင်မလေးက မျက်လုံးထောင့်စွန်းမှာ မျက်ရည်တွေ အိုင်နေပြီး လှည့်ထွက်သွားကာ အောက်ထပ်ကို တိတ်တိတ်ဆိတ်ဆိတ်နှင့် ဆင်းသွားတော့မှာကို ကျီရန် တွေ့သွားတယ်။ 

ကျီရန်က နေရာမှာ နေရင်း သူ့အမူအရာက တောင့်တင်းပြီး မာကြောကာ ချီရင် လှေကားရှေ့ လမ်းလျှောက်မသွားခင်အချိန်ထိ စောင့်ဆိုင်းနေခဲ့ပြီးနောက်မှာတော့ တုန့်ပြန်မှုပြုလာခဲ့တယ်။ ခြေထောက်အရှည်ကြီးတွေနှင့် ခြေလှမ်းအချို့လှမ်းပြီး သူမရဲ့ လက်ကောက်ဝတ်ကို အမြန်ဖမ်းဆွဲထားလိုက်တယ်။

ချီရင်က ခေါင်းလှည့်လာပြီး မတရားအနိုင်ကျင့်ခံရသလိုလို သည်းခံနေရသလိုဟန်ဖြင့် အနည်းငယ်စောင်းကြည့်လာသည်။ သူ့လက်ချောင်းများက အေးစက်နေပြီး သူ့လည်ချောင်းက တစ်ခုခုပိတ်ဆို့နေသလိုပင်: “လောင်.....ငါ မင်းကို သတ်မလို့မဟုတ်ပါဘူးကွာ...”။ ကျီရန်က သူ့နားထင်တွေ ရုတ်တရက် နာကျင်လာသလို ခံစားရသည်၊ သူက လျှာကို ကိုက်လိုက်တယ်။ နာကျင်မှုက သူ့ကို အာရုံပြန်စိုက်ဖို့ ကူညီပေးခဲ့တယ်။ “မင်းကို စတော်ဘယ်ရီပူတင်းကျွေးဖို့ ခေါ်သွားလို့ရလား?”

ချီရင်က သူ့ကို ငေးကြောင်ကြောင်နှင့် ကြည့်နေတယ်။

သူက စကားလုံးနှစ်လုံးကို ထပ်ပြောလိုက်တယ်: “စတော်ဘယ်ရီ၊ ပူတင်း”

သူမက နောက်ဆုံးမှာတော့ နားလည်သွားပြီ၊ ပြုံးလိုက်ပြီး လိမ်လိမ်မာမာနှင့် ခေါင်းငြိမ့်ပြလိုက်တယ်။

ဒီတစ်ကြိမ်မှာတော့ သူတို့ အချိုပွဲဆိုင်ကို ပြောင်းထိုင်ကြတယ်၊ ကျောင်းအနောက်တံခါးညာဘက်၊ ချီလိရှန်း Milk tea ဆိုင်ဘေးနားကပေါ့။ သူက စတော်ဘယ်ရီပူတင်းမှာလိုက်ပြီး ငွေရှင်းလိုက်တယ်။ ချီရင်က သူ့ဘေးမှာ ရပ်နေပြီး မှန်ကောင်တာထဲက အရောင်အမျိုးမျိုးနှင့် ချစ်စရာကောင်းတဲ့ အချိုပွဲတွေကို ကြည့်နေတယ်။

သူ(မ) ဒါတွေကို တစ်ခါမှ မစားဖူးဘူး၊ စားကြည့်ချင်တယ်။

သူမ အရင်တစ်ခေါက်က စတော်ဘယ်ရီပူတင်းစားဖူးတယ်၊ ဒီတစ်ခေါက် တခြားအရသာလေး ပြောင်းစားကြည့်ချင်တယ်။ ကျီရန်ရဲ့ ရှပ်အင်္ကျီကို အားနှင့်ဆွဲလိုက်ပြီး စတော်ဘယ်ရီ mousse ကို လက်ညှိုးထိုးပြပြီး သူမ ဒီတစ်ခုနှင့် လဲချင်ကြောင်း အချက်ပြလိုက်တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကျီရန်က လက်မခံဘဲ သူမကို ဒေါသတကြီးကြည့်လာတယ်: “မင်းကြိုက်တဲ့ဘယ်အရာပဲဖြစ်ဖြစ် စိတ်မပါလက်မပါလိုမျိုး မလုပ်ရဘူး!” သူက စတော်ဘယ်ရီပူတင်းကို သူမလက်ထဲ ထည့်ပေးလိုက်တယ်: “စား!”

ချီရင်က စိတ်မဆိုးပါဘူး၊ ဘာပဲနေနေ စတော်ဘယ်ရီပူတင်းကလည်း အရသာရှိတယ်လေ။

သူမက နှစ်လုပ်သုံးလုပ်တည်းနှင့် ကုန်အောင်စားပစ်လိုက်တယ်၊ သူမရဲ့ကျောင်းလွယ်အိတ်ထဲက မုန့်ဖိုးကို ထုတ်ပြီး ပြေးသွားကာ သရက်သီး mousse ကို လက်ညှိုးထိုးပြပြီး သူမကို ကူညီဖို့ အရောင်းစာရေးမလေးကို အမူအရာပြလိုက်တယ်။

အရောင်းစာရေးမလေးက လာဖို့လုပ်နေချိန်မှာ ကျီရန်က သူ့ခုံမှာ ထိုင်နေရင်း သုန်သုန်မှုန်မှုန်နှင့် ပြောလိုက်တယ်: သူ့(မ)ကို မရောင်းနဲ့”

ဘယ်သူက ကျီရန့်ကို မသိပဲနေမလဲ?

အရောင်းစာရေးမလေးက သူ့စကား မနားထောင်ဘဲ မနေရဲလို့ ချီရင့်ကို လိမ်ညာလိုက်တယ်: “တခြားကာစတန်မာက မှာထားလို့ ရောင်းလို့မရဘူးရှင့်”

သူမ အနည်းငယ် စိတ်ပျက်သွားတယ်၊ သူမလက်ထဲမှာ ပိုက်ဆံကိုင်ထားကာ ဘယ်ညာကြည့်လိုက်ပြီးနောက် matchaကိတ်မုန့်ကို လက်ညှိုးထိုးပြပြီး စာရေးမလေးကို မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ကြည့်လိုက်တယ်။

စာရေးမလေး စကားမပြောခင် ကျောင်းလူဆိုးခေါင်းဆောင်က အေးတိအေးစက်နှင့် ပြောသည့်အသံကို ကြားလိုက်ရတယ်: “သူ(မ)ကို ပြောလိုက်၊ စတော်ဘယ်ရီပူတင်းကလွဲပြီး ဘာမှမရောင်းဘူးလို့”

အရောင်းစာရေးမလေး: “…”

ဘရားသားရေ၊ နားမကြားတဲ့သူကို ဒီလိုမျိုး အနိုင်ကျင့်တော့ လိပ်ပြာမလုံတာမျိုး မဖြစ်ဘူးလား?

စိတ်ထဲမှာ ပေါက်လွှတ်ပဲစားတွေ ပြောနေမိပေမဲ့ အရောင်းစာရေးမလေးက စကားနားထောင်ရုံသာ တတ်နိုင်တယ်။ အရောင်းစာရေးမလေးက တောင်းပန်ကြောင်း အမူအရာဖြင့်ပြပြီး ကျီရန့်စကားများကို အပြစ်ရှိစိတ်ဖြင့် အသိပေးရတော့တယ်။

ချီရင်က ဒီလိုအခြေအနေမျိုးကြုုံရသည့်အတွက် အနည်းငယ် အံ့ဩနေတယ်၊ ဒါပေမဲ့ ဒီအချိုပွဲဆိုင်က အလုပ်ဖြစ်နေတာပဲလို့ ယူဆပြီး ဒေါ်လာနှစ်ဆယ်နှင့်အတူ ပြန်လာခဲ့တယ်။

ကျီရန်က ဖုန်းနှင့် ဂိမ်းဆော့နေပြီး သူမ ထိုင်ချလိုက်တာကို ကြည့်နေတယ်၊ သူ့မျက်လုံးများကို အပြုံးဖျော့ဖျော့လေးရှိနေပြီးနောက် ပျောက်ကွယ်သွားတယ်။

ချီရင်က လက်နှစ်ဖက်ပေါ်တွင် မေးထောက်၍ သူ့ကို ခဏကြာ ကြည့်၍ သူ စကားမပြောသည်ကို မြင်သဖြင့် ထိုင်ခုံတွင် မှီလိုက်ပြီး ဖုန်းကို ထုတ်ပြီး စာရိုက်ကာ မေးလိုက်တယ်: တို့ကို ဘာလို့ လာရှာတာလဲဟင်?

ကျီရန်က သူမဖုန်း screenကို တစ်ချက်ကြည့်လိုက်ပြီးနောက် စိတ်မသက်မသာနှင့် ခန္ဓာကိုယ်ကို လှုပ်ရှားကာ ကိုယ်နေဟန်ထားကို ပြောင်းလိုက်တယ်။

သူ(မ)နှင့် စာရင်းရှင်းဖို့ လာတာလို့ မပြောသင့်ဘူးလေ၊ ဟုတ်တယ်မလား?

သူက အတော်ကြာ အသံတိတ်နေပြီးနောက် ချီရင်၏စပ်စုသည့်မျက်လုံးများကို အမူအရာမဲ့သည့် မျက်နှာနှင့် ပြန်ဖြေလိုက်တယ်: “မင်းနှင့် အိမ်စာတူတူလုပ်ဖို့ လာရှာတာ”

ချီရင့်မျက်လုံးတွေက ကွေးညွှတ်သွားတယ်၊ ဒီနေ့အတွက် လုပ်ရမည့်အိမ်စာကို လွယ်အိတ်ထဲကနေ ပျော်ရွှင်မြူးတူးစွာနှင့် ထုတ်ပြီး စားပွဲပေါ်တွင် ဖြန့်ချလိုက်တယ်၊ ထို့နောက် သူ့ကို မျှော်လင့်တကြီးနှင့် ကြည့်နေတယ်။

ကျောင်းဆင်းတိုင်း အတန်းဖော်တစ်ချို့က milk tea ဆိုင်နှင့် ကော်ဖီဆိုင်တွေမှာ အိမ်စာလုပ်ဖို့ ချိန်းကြတယ်။ သူမက ဘယ်သူနှင့်မှ မသွားဖူးသေးဘူး၊ သူ(မ)ကို ပထမဆုံးလာမေးတဲ့သူက စစ်သူကြီးဖြစ်လိမ့်မယ်လို့ တစ်ခါမှ မမျှော်လင့်မိခဲ့ဘူး!

ကျီရန် : …

သူက လွယ်အိတ်ကို ဖြည်းဖြည်းချင်း ဆွဲယူလိုက်ပြီး အထဲမှာ ဘာရှိလဲ ကြည့်လိုက်တယ်။

စီးကရက်အထုပ်ရယ်၊ မီးခြစ်ရယ်၊ တစ်ဝက်ဘဲရှိတဲ့cokeဘူးရယ်၊ ဘယ်နှစ်ဘယ်လကမှန်းမသိတဲ့ အထက်တန်းသင်္ချာစာအုပ်တစ်အုပ်ရယ်ပဲရှိတယ်။

သင်္ချာစာအုပ်ကိုပဲ ထုတ်လို့ရမယ်။

ဖွင့်ကြည့်လိုက်တဲ့အခါမှာ စာရွက်အချို့ အဖြဲခံထားရတယ်။

sine function တွေ cosine functionတွေက ဘာအရှုပ်ထုပ်တွေလဲ? cos, sin, tan, f(x)တွေက ဘာတွေလဲ? ဒါက သင်္ချာစာအုပ်လား အင်္ဂလိပ်စာအုပ်လားကွာ?!

ကျောင်းလူဆိုးခေါင်းဆောင်ခမျာ မေးခွန်းအချို့ကို ဟန်ဆောင်ပန်ဆောင်ရေးချင်တာတောင် မရေးနိုင်ပါဘူး။ ဘော့ပင်မှ မရှိဘဲကိုး။

မျက်နှာချင်းဆိုင်က ချီရင်ကတော့ နားရွက်ရှည်ယုန်ရုပ်လေး ထိုးထားတဲ့ ပန်းရောင်စာရေးကိရိယာအိတ်လေးကို ဖွင့်လိုက်တယ်။ အထဲမှာရှိတဲ့ ဘော့ပင်ကအစ ချစ်စရာကောင်းတယ်၊ သူတို့အပေါ်မှာ အပြာရောင်ဝေလငါးလေးတွေ ရှိတယ်။

သူမက multiple-choice မေးခွန်းတွေအများကြီး ရေးပြီးသွားပြီ၊ ကျီရန်က စာအုပ်ကို အရင်အတိုင်း စိုက်ကြည့်နေတာကို မြင်တော့ သိချင်စိတ်နှင့် ခေါင်းလေးစောင်းကြည့်တယ်။

ကျီရန်က သူမရဲ့အကြည့်ကို သတိုထားမိတယ်၊ သူ့လက်ကို ရဲရဲတင်းတင်း ဖြန့်ပြပြီး : ဘော့ပင်ငှားဦး

ချီရင်က ရုတ်တရက်ဆိုသလို သဘောပေါက်သွားပြီး အိတ်ကို တွန်းပို့လိုက်တယ်။

သူက ဘော့ပင်အိတ်ကို လက်ချောင်းနှစ်ချောင်းနှင့် ဖွင့်လိုက်ပြီး လိုက်ကြည့်ကာ ပန်းရောင်ဝေလငါးအဖုံးနှင့် ဘော့ပင်ကို ယူလိုက်တယ်။

သင်္ချာစာအုပ်အသစ်လေးပေါ်မှာ စတင်ရေးပါတော့တယ်။

သူက ponytail နှင့် ကောင်မလေးပုံဆွဲလိုက်တယ်၊ ပြီးနောက် စတော်ဘယ်ရီပုံဆွဲတယ်။ ကောင်မလေးက စတော်ဘယ်ရီစားနေတဲ့ပုံကို ဆွဲချင်တာရယ်။ ကံမကောင်းစွာနှင့်ပဲ သူ မဆွဲတတ်တော့ လက်လျှော့လိုက်တယ်။

ကွက်လပ်ဖြည့်တွေကို ရေးနေချိန်မှာ စားပွဲပေါ်မှာရှိတဲ့ ချီရင့်ဖုန်းက တုန်ခါလာတယ်။ ယွီကျိုးက စာပို့လာတယ်: အစ်မရေ၊ ဘယ်မှာလဲ? စာသင်ခန်းထဲမှာ စောင့်နေဖို့ ကျွန်တော်မပြောခဲ့ဘူးလား? လျှောက်မသွားပါနဲ့ဆိုဗျာ!

ချီရင်က ယွီကျိုး ကျီရန်ကို သဘောမကျမှန်းသိတာကြောင့် အမှန်ကို မပြောဘူး: ငါ ချီလိရှန်းကို milk tea သောက်ဖို့ သွားတာပါ

ယွီကျိုး: အို့ဒါဆို ကျွန်တော့်ကို စောင့်နေ၊ ကျွန်တော် အခု လာခဲ့မယ်! ကျွန်တော့်ဖို့ လက်ဖက်စိမ်း milk teaတစ်ခွက် ဝယ်ထားပေးဦး၊ သကြား ၇၀ ရာခိုင်နှုန်း ဘာဘယ်စေ့များများလေး

ကျီရန့်ဖုန်းလည်း မြည်လာတယ်၊ ပြန်ဖြေလိုက်တော့ ချွီတာ့ကျွမ်းက အော်ပြောတယ်၊ “အကိုကြီး၊ အတန်း ၇ ရဲ့ အတန်းပိုင်ဆရာ ရုတ်တရက်ကြီး ရောက်ချလာလို့ အဲ့ကလေး ယွီကျိုး ထွက်ပြေးသွားပြီ! နာရီဝက်တောင် ရှိပြီဆိုတော့ ကျွန်တော် သူ့ကို လိုက်မဖမ်းတော့ဘူး”

ကျီရန်က စာပြန်နေတဲ့ ချီရင့်ကို တစ်ချက်ကြည့်လိုက်ပြီး အေးတိအေးစက်နှင့် ပြောလိုက်တယ်၊ “သိပြီ”

သူဖုန်းချလိုက်တော့ ချီရင်က သူမရဲ့မှတ်စုစာအုပ်ထဲမှာ စာရေးပြီး သူ့ကို လွှဲပေးနေတာကို တွေ့လိုက်ရတယ်။

သူမရဲ့လက်ရေးက သူမလိုပဲ ကောင်းမွန်လွန်းတယ်: မောင်လေး လာကြိုနေလို့ ပြန်တော့မယ်

ကျီရန်က ခပ်ပေါ့ပေါ့ ခေါင်းငြိမ့်ပြလိုက်တယ်။

သူမက ထပ်ရေးလိုက်တယ်: နောက်ကျရင် အိမ်စာတူတူလုပ်လို့ရလားဟင်?

သူ့သေတွင်းသူတူးပြီးမှတော့ ခုန်ချရတော့မှာပေါ့၊ သူ ခေါင်းဆက်ပြီး ငြိမ့်ပြလိုက်တယ်။

ချီရင်က သူ့ကို ချိုသာစွာ ပြုံးပြပြီး ကျောပိုးအိတ်ကို စထုတ်ပိုးတော့တယ်။ သူက သူမရဲ့ဝေလငါးဘော့ပင်လေးကို ပြန်မပေးဘဲ သင်္ချာမှတ်စုစာအုပ်နှင့်အတူ သူ့အိတ်ထဲ ထည့်လိုက်တယ်။

အချိုပွဲဆိုင်ကနေ ထွက်လာပြီးနောက်မှာ ချီရင်က ဘေးကချီလိရှန်းဆိုင်ဆီသွားပြီး ယွီကျိုးအတွက် milk tea သွားဝယ်တယ်။

သူမက အရောင်းစာရေးမလေးကို အော်ဒါမှာပြီးတဲ့အချိန်မှာ နောက်လှည့်ကြည့်လိုက်တော့ ကျီရန်က ထွက်သွားနှင့်နေပြီ။ သူ့ကျောပိုးအိတ်ကို တစောင်းလွယ်ထားတယ်၊ သူ့ခြေလှမ်းတွေက ပျင်းရိလေးတွဲနေပြီး ကျောင်းဝတ်စုံက မသပ်ရပ်နေပါဘူး၊ ဒါပေမဲ့ သူ့ကျောပြင်ကတော့ ဖြောင့်မတ်နေပါတယ်။

ချီရင်က milk teaပူပူကို ကိုင်ထားရင်း သူ့နောက်ကျောကို လက်ပြနေခဲ့တယ်။

ဒီအချိန်က မိဘတွေ ကျောင်းရှေ့မှာ ကလေးလာကြိုဖို့ စောင့်နေတဲ့နေရာမှာ ကားတွေ လာလိုက်သွားလိုက်လုပ်နေတဲ့ အချိန်ဖြစ်တယ်။ ယွီကျိုးက လူအုပ်ထဲကနေ ကျောင်းလွယ်အိတ်တစ်လုံးနှင့် ခုန်ပေါက်ပြီး ချီလိရှန်းဆိုင်ဆီ ပြေးလာခဲ့တယ်။

လမ်းဆုံမှာ တစ်စုံတစ်ယောက်ရဲ့ ဟွန်းက အကျယ်ကြီး မြည်လာတယ်။

အဖြူရောင်ဘော့ဝက်ဂွန်ကားက လမ်းမကြိးမှာ ရပ်ပြီး လမ်းဆုံကို ပိတ်ထားတယ်။ ကားပိုင်ရှင်က သတ်လက်ပိုင်းအရွယ် ယောင်္ကျားကြိးတစ်ဦးပါ။ သူက ကားမောင်းတဲ့အခြမ်း မှန်ပြတင်းပေါက်ကနေ ခေါင်းပြူထွက်ပြီး သိပ်မဝေးတဲ့ ဆိုင်သေးသေးလေးဆီကို လှမ်းအော်ဟစ်နေတယ်: “မြန်မြန်လုပ်စမ်းပါ! အအေးဝယ်ဖို့ ဘာလို့ ဒီလောက်တောင်ကြာနေရတာလဲ?!”

ဆိုင်ရှေ့က ဝတုတ်တုတ်ကောင်လေးက ဆိုဒါဘူးဖိုးပေးလိုက်ပြီး၊ “သား အခု လာနေပါပြီ”

သူပိတ်ထားတဲ့ အနက်ရောင်ကားက ဆက်ဟွန်းတီးနေတယ်။

သူ မရွှေ့တာကို မြင်တော့ ကားက ညာဘက်ကို ခေါင်းတည်လိုက်ပြီး ကင်မရာတွေတပ်ထားတဲ့ အန္တရာယ်ဇုန်ကို ဖြတ်မောင်းလိုက်တယ်။ အရှေ့ကို မောင်းနေတုန်းမှာ ကားမှန်က ဖြည်းဖြည်းချင်း ကျလာပြီး အေးစက်စက်အမျိူးသမီးအသံတစ်သံ ထွက်လာတယ်: “ဒီနားမှာ မရပ်နဲ့လေ။ လူတွေ အန္တရာယ်ဖြစ်အောင် မမောင်းစမ်းပါနဲ့!”

သက်လတ်ပိုင်းအရွယ်အမျိုးသားလည်း သူမဆီကနေ အကြိမ်းခံရပြီးနောက်မှာ ကားက ရှေ့ထွက်မသွားခင်အချိန်ထိ တစ်ခွန်းမှ မဟခဲ့ဘဲ ပြီးမှ ပြတင်းပေါက်ကနေ တံတွေးထွေးပြီး ဆဲဆိုနေတယ်: “ဒါဆို ရပ်နေလိုက်လေ! အများပြည်သူပိုင်တဲ့လမ်းပဲကို၊ ငါမောင်းတာ ဘာမှားလို့လဲ?”

သူလမ်းပိတ်တာ ခံထားရတဲ့ တခြားကားမောင်းသူက မကျေမနပ်ဖြစ်နေခဲ့တာကြောင့် မနေနိုင်ဘဲ နှာခေါင်းရှုံ့လိုက်တယ်: “ဟာသမလုပ်စမ်းပါနဲ့ ၊ အဲ့ဒီကားမျိုးက ခင်ဗျားကား ဆယ်စီးလောက်ဝယ်လို့ရတယ်”

သက်လတ်ပိုင်းအရွယ်ယောင်္ကျားကြီး: ....

ယွီကျိုးက ရထားလမ်းအပေါ်ကနေ ဘေးက လျှောက်လမ်းဆီးခုန်ကူးပြီး အလွယ်လမ်းလိုက်ဖို့ ကြံရွယ်နေတုန်း လမ်းဘေးဘက်အခြမ်းကနေ တစ်ယောက်ယောက်ခေါ်နေတာကို ရုတ်တရက် ကြားလိုက်ရတယ်: “ဟေ့ ၊ ကလေး!”။ သူမကြားချင်ယောင်ဆောင်ပြီး ခြေတစ်လှမ်းလှမ်းနေချိန်မှာ အသံက ထပ်အော်ခေါ်နေပြန်တယ်: “Adidas အနီရောင်နဲ့ ကလေး!”

အနီရောင် Adidas ဝတ်ထားတာ? အဲ့ဒါက သူပဲရှိတာမလား?

ယွီကျိုးက ခေါင်းစောင်းကြည့်လိုက်တော့ လမ်းဘေးမှာ ရပ်ထားတဲ အနက်ရောင်ကားကို တွေ့တယ်။ ဆံပင်တိုနှင့် ကောင်မလေးလှလှလေးက ကားမောင်းတဲ့နေရာမှာ ထိုင်နေပြီး သူ့ကို လက်ရမ်းပြနေတယ်။

ယွီကျိုးလည်း  တုံ့ဆိုင်းသွားပြီး သူ့ကိုယ်သူ လက်ညှိုးထိုးပြတော့ သူမက ခေါင်းငြိမ့်ပြတယ်။

သူက ခုန်ပြေးဖို့ကြံနေတဲ့ ခြေထောက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ၎င်းကို တိတ်တဆိတ်ပြန်ရုတ်၍ ချောင်းဟန့်ရင်း : “ကျွန်တော်တို့ တစ်ယောက်နှင့်တစ်ယောက် သိကြလို့လား?”

ဆံပင်တိုနှင့်မိန်းကလေးက ပြုံးပြတယ်၊ သူမရဲ့ မျက်ခုံးများက ကျဉ်းမြောင်း၍ မျက်လုံးများက ရှည်သွယ်ကာ အေးစက်၍ လှပသော ခံစားချက်ကို လှစ်ဟပြနေသည်၊ “တို့ မင်းကို မြင်ဖူးပါတယ်။ မင်း ကျီရန်ကို သိတယ်မလား?”

ယွီကျိုးက ပို၍ပို၍ တောင့်တင်းလာပြီး သူမကို အသံတိတ်ဖြင့် ကြည့်နေတယ်။

သူမက ထပ်ပြုံးပြလိုက်ကာ နောက်လှည့်၍ ခရီးသည်ထိုင်ခုံမှ စာအိတ်တစ်အိတ်ကိုယူ၍ သူ့ဆီ လွှဲပေးလိုက်တယ်။ “ ကျီရန့်ဆီ ဒါလေးပေးပေးဖို့ မင်းကို တို့ ဒုက္ခပေးရတော့မှာပဲ?”

ယွီကျိုးက မျက်မှောင်ကြုံ့လျက်: “ကျွန်တော် သူနဲ့ မရင်းနှီးဘူး၊ ဘာလို့ ကိုယ့်ဘာသာ မပေးတာလဲ?”

ကျီချန်ကလည်း ပြုံးပြပြီး သူမလက်ထဲက စာကို မြှောက်ပြတယ်: “ကလေး၊ ဒီမမအတွက် လုပ်ပေးပါကွာနော်”

အဲ့ဒီအပြုံးက အရမ်းလှနေသလို သူက ယောင်္ကျားလေးတစ်ယောက်ဖြစ်တဲ့အတွက် မငြင်းနိုင်ခဲ့ဘူး။

ယွီကျိုးက လှမ်းယူလိုက်ပြီး ထပ်ပြောပြန်တယ်: “ပထမအချက် ကျွန်တော်နဲ့ သူက မရင်းနှီးဘူး၊ သူ့ဆီ လွှဲမပေးနိုင်တာလဲ ဖြစ်နိုင်တယ်နော်။ သူ့ကို ပေးလိုက်ရင်တောင် သူက မယူလောက်ဘူး”

ကျီချန်က ပြုံးလိုက်ပြီး၊ “ဟုတ်ပါပြီ” ။ သူ့ကို ကျေးဇူးတင်စကားပြောပြီးနောက် ဖြည်းဖြည်းချင်း မောင်းထွက်သွားတယ်။

ယွီကျိုးက မပိတ်ထားတဲ့ စာအိတ်ကို ငုံ့ကြည့်ပြီး သူ့ကျောပိုးအိတ်ထဲ ထည့်လိုက်တယ်။

သူ ချီလိရှန်းဆိုင်ကို ရောက်တော့ ချီရင်က တံခါးဝမှာ milk teaနှင့် မတ်တပ်ရပ်နေပြီး သူ့ကို မြင်တော့ လက်ပြလိုက်တယ်။

milk teaတစ်ငုံသောက်ပြီးနောက်မှာ ယွီကျိုးက စောဒကတက်တယ်: “ဘာလို့ပူနေတာလဲ? ကျွန်တော်က အအေးသောက်ချင်တာကို”

ဒါပေမဲ့ သူမ ဝယ်ပြီးသားဖြစ်နေပြီဖြစ်နေတော့ သူပြန်လဲဖို့ မလုပ်တော့ဘဲ ချီရင့်ကို ဘတ်စ်ကားမှတ်တိုင်ဆီ ခေါ်သွားလိုက်တယ်။

ကားပေါ်တက်ပြီးနောက်မှာ သူက ချီရင့်ကို စာပို့လိုက်တယ်: အစ်မကျွန်တော်ပြောသားပဲ ကျီရန်က  သေချာပေါက် မရိုးရှင်းပါဘူးဆို

ချီရင်: ...

မိန်းမလှလေးတစ်ယောက်က သူ့ကို ဆွဲခေါ်ပြီး ရည်းစားစာတစ်စောင်ပို့ခိုင်းတဲ့အကြောင်း ယွီကျိုးက ပြောပြလိုက်ပြီးနောက် ထပ်ပြောတယ်: သူက သူများတွေရဲ့ခံစားချက်တွေကို ကစားနေတဲ့ မကောင်းတဲ့အကောင်ပါဆို!

ချီရင်က အနည်းငယ်စိတ်ဆိုးသွားတယ်: တစ်ခုခု အရေးကြီးတာလဲ ဖြစ်နိုင်တာပဲ၊ ကိုယ့်ဘာသာ လျှောက်ပြီး ထင်မြင်ချက်တွေမပေးနဲ့လေ

ယွီကျိုး : ဒါဆို ဘာလို့ သူက လူတွေကို ငွေညစ်နေတာလဲ? အစ်မ အမှန်ကို လက်မခံချင်နေတာပဲ!

ချီရင်: နင် ဆက်ပြောနေရင် ဒီနေ့ နင် ရန်ဖြစ်ခဲ့တယ်လို့ ငါ ဦးလေးကိုပြောမှာနော်

ယွီကျိုး : ???

ချီရင်က သူ့တံတောင်ဆစ်ကို လက်ညှိုးထိုးပြလိုက်တယ်။

ခုဏတုန်းက အတန်းထဲမှာ ချွီတာ့ကျွမ်းနှင့်တခြားလူတွေ သူနှင့် ထိပ်တိုက်တွေ့တော့ သူခုန်ချတဲ့ နံရံက ဖုန်တွေရှိနေတယ်၊ အရေပြားမှာ အနည်းငယ်ပွန်းသွားတယ်။ ယွီကျိုးက သူ့အစ်မတော်ရဲ့ စူးရှလွန်းတဲ့ အမြင်အာရုံကို လေးစားသွားပြီး ပါးစပ်ပိတ်သွားတယ်။

အိမ်ရောက်ချိန်မှာ ညစာပြင်ထားပြီးတဲ့ ဝူရင်းဟွက ကလေးနှစ်ယောက်ရဲ့ လွယ်အိတ်ကို ယူလိုက်ပြီး သူတို့ကို လက်ဆေးဖို့ ပြောလိုက်တယ်။

ယွီကျိုးရဲ့ အိတ်ဇစ်က တစ်ဝက်ပဲ ပိတ်ထားတာဖြစ်တဲ့အတွက် ကုတင်ပေါ်ကို စာအိတ်တစ်စောင် ပြုတ်ကျလာတယ်။ ဝူရင်းဟွလည်း သိချင်စိတ်နှင့် ကောက်လိုက်သည်။ စာအိတ်က မပိတ်ထားဘူး။ သူမက ဖွင့်ကြည့်လိုက်တယ်။

ဒါက ဓါတ်ပုံတစ်ပုံပါပဲ။

နူးညံ့သိမ်မွေ့ပုံရတဲ့ အမျိုးသမီးတစ်ယောက်က တစ်နှစ်နှစ်နှစ်အရွယ်ကလေးလေးတစ်ယောကို ချီထားပြီး သူမရဲ့လက်ထဲမှာ မစ်ကီမောက်ဘောလုံးတစ်လုံး ရှိ၍ ကင်မရာကို ပြုံးပြနေတယ်။

အောက်ခြေထောင့်နားမှာ ရက်စွဲထိုးထားတယ်: 2000ခုနှစ်တွင် ရိုက်ကူးသည်။

(ဟဲလို.....တနင်္ဂနွေတိုင်း updateရှိပါတယ်နော်....ဒီတစ်ပါတ်မပါဘူးနော်)

~~~~

Zawgyi

Chapter(13)

ေက်ာင္းေခါင္းေလာင္းျမည္ၿပီးေနာက္မွာ ႐ူပေဗဒဆရာက အတန္းၿပီးရမည့္အခ်ိန္ထက္ အတန္းခ်ိန္ကို အနည္းငယ္ထပ္တိုးလိုက္တယ္။ ဆရာထြက္သြားသည္ႏွင့္ အတန္း(၂)မွ ေက်ာင္းသားမ်ားအားလုံးက ေအာ္ဟစ္ျမဴးတူးၿပီး ေက်ာင္းခန္းထဲကေန ထြက္လာၾကတယ္။ အခ်ိဳ႕က ဂိမ္း႐ုံမွာ ဂိမ္းသြားေဆာ့ဖို႔ အစီအစဥ္ဆြဲေနၾကတယ္။ အခ်ိဳ႕က milk teaဆိုင္မွာ အိမ္စာသြားလုပ္ၾကဖို႔ ေမးေနၾကတယ္။ ေက်ာင္းသားေတြအကုန္လုံး အခန္းထဲကေန တစ္ေယာက္ၿပီးတစ္ေယာက္ စတင္ ထြက္ခြာၾကေတာ့တယ္။

ေကာ္ရစ္ဒါေထာင့္မွာ ရပ္ေစာင့္ေနရင္း က်ီရန္ရဲ႕မ်က္ႏွာက ညိဳ႕မိႈင္းေနတယ္။ အျခားေက်ာင္းသားေတြက သူ႕ေ႐ွ႕ကို ျဖတ္မေလွ်ာက္ရဲၾကဘဲ ေလွကားရဲ႕တစ္ဖက္ျခမ္းကေန ေကြ႕ပတ္သြားၾကတယ္။ ခ်ီရင္က အခုထိ ထြက္မလာေသးဘူး၊ ယြီက်ိဳးကို ၿငိမ္ၿငိမ္ေလးထိုင္ေစာင့္ေနတာႏွင့္တူတယ္။

သူက သူမအတန္းရဲ႕ အေ႐ွ႕တံခါးကို စိုက္ၾကည့္ေနတယ္၊ ေျခေထာက္ကို ေျမႇာက္လိုက္ ႂကြလိုက္ႏွင့္ ထပ္တလဲလဲ လုပ္ေနတယ္။

မင္း တကယ္ပဲ ဘာေတြ လုပ္ေနတာလဲကြာ???

အျပစ္ဝန္ခံမလို႔လား? ငါ့ကို ျမင္တာနဲ႔ ဘာကိစၥထြက္ေျပးရတာလဲ?

သူ(မ) ျမင္ခဲ့တာေတြက အထင္လြဲသြားတာပါလို႔ ႐ွင္းျပရမလား? ႐ႊယ္မန္ခ်င္နဲ႔ ငါက ဘာမွ မဟုတ္ၾကဘူးဆိုတာကိုေလ?

ဘာမွမၾကားရတဲ့ ေကာင္မေလးကို ဒီအေၾကာင္းေျပာျပႏိုင္မယ္လို႔ တကယ္ႀကီး ကိုယ့္ကိုကိုယ္ယုံၾကည္ေနတယ္ေပါ့ေလ? ငါႏွင့္ သူ(မ)က ဘာမွ မဆိုင္ၾကတာႀကီးကိုေလကြာ? သူ(မ)ရဲ႕ဆက္သြယ္စရာဖုန္းနံပါတ္ေလးေတာင္ ႐ွိတာ မဟုတ္ဘူးကြ!

ေန႔လည္က ေပါက္စီေတြအမ်ားႀကီးစားမိသြားလို႔ပဲ ျဖစ္ရမယ္!

စိတ္ထဲက တုံးအအအေတြးေတြေၾကာင့္ သူ႕ကိုယ္သူ ဆူဆဲလိုက္ၿပီးေနာက္ တည္တည္ၿငိမ္ၿငိမ္ႏွင့္ လွည့္ျပန္ဖို႔ ျပင္လိုက္တယ္။

တစ္ဝက္ပိတ္ထားတဲ့ အေနာက္တံခါးက ပြင့္လာၿပီး ခ်ီရင္က ေက်ာပိုးအိတ္ေလးေနာက္မွာ လြယ္ထား၍ရင္း ထြက္လာတယ္။

က်ီရန္ သတိလက္လြတ္ျဖစ္ေနခ်ိန္မွာ သူမႏွင့္ မ်က္ႏွာခ်င္းဆိုင္ ေတြ႕လိုက္ရၿပီး ထြက္ေျပးဖို႔ ေနာက္က်သြားၿပီး တုံ႔ဆိုင္းသြားတယ္။ ခ်ီရင္က သူ႕ကို ျမင္လိုက္ခ်ိန္မွာ မ်က္လုံးမ်ားက ဦးစြာ အေရာင္ေတာက္သြားၿပီးေနာက္ ႏူတ္ခမ္းထိပ္မွ အျပဳံးကေလးမွာ ခ်ိဳၿမိန္မႈျဖင့္ ျပည့္ႏွက္ေနေလ၏။ ဒါေပမဲ့ ေနာက္ခဏအၾကာမွာေတာ့ ဘာျဖစ္သြားမွန္း ဘယ္သူသိမွာလဲ? သူ႕ဆီကို ေျပးသြားခ်င္ခဲ့တဲ့ ေျခလွမ္းတစ္စုံက ရပ္တန္႔သြားခဲ့တယ္။

ျပဳံးေနဆဲျဖစ္ေပမဲ့ သူမရဲ႕အေတြးေတြကို စုစည္းလိုက္ၿပီးေနာက္ မဝံ့မရဲျဖစ္ေနတယ္။

က်ီရန္က ႐ုတ္တရက္ စိတ္မခ်မ္းမသာျဖစ္သြားတယ္၊ အံ့ႀကိတ္ၿပီး ေျပာလိုက္တယ္၊ “မင္း ေလာင္ဇူးဆီ လာခဲ့”

ခ်ီရင္က သူ႕စကားလုံးေတြကို ဖတ္ၾကည့္ၿပီး စစ္သူႀကီးက အခု အရမ္းစိတ္တိုေနတယ္လို႔ ထင္သြားတယ္။

အရင္က သူ(မ)က စစ္သူႀကီးကို အၿမဲတမ္း စိတ္ဒုကၡေပးေနခဲ့မိလို႔မ်ားလား?

သူမက ဝမ္းနည္းစြာျဖင့္ မ်က္လႊာေလးခ်ထားၿပီး အဲ့ဒီအေၾကာင္းကို အေတာ္ၾကာေတြးေနခဲ့တယ္၊ စစ္သူႀကီးကို မေႏွာက္ယွက္ဘဲ စစ္သူႀကီးရဲ႕ျမင္ကြင္းကေန ထြက္သြားတာက ပိုေကာင္းပါတယ္လို႔ ေတြးမိလိုက္တယ္။

အျပဳံးခ်ိဳခ်ိဳေလး အၿမဲျပဳံးေနတတ္တဲ့ ေကာင္မေလးက မ်က္လုံးေထာင့္စြန္းမွာ မ်က္ရည္ေတြ အိုင္ေနၿပီး လွည့္ထြက္သြားကာ ေအာက္ထပ္ကို တိတ္တိတ္ဆိတ္ဆိတ္ႏွင့္ ဆင္းသြားေတာ့မွာကို က်ီရန္ ေတြ႕သြားတယ္။ 

က်ီရန္က ေနရာမွာ ေနရင္း သူ႕အမူအရာက ေတာင့္တင္းၿပီး မာေၾကာကာ ခ်ီရင္ ေလွကားေ႐ွ႕ လမ္းေလွ်ာက္မသြားခင္အခ်ိန္ထိ ေစာင့္ဆိုင္းေနခဲ့ၿပီးေနာက္မွာေတာ့ တုန္႔ျပန္မႈျပဳလာခဲ့တယ္။ ေျခေထာက္အ႐ွည္ႀကီးေတြႏွင့္ ေျခလွမ္းအခ်ိဳ႕လွမ္းၿပီး သူမရဲ႕ လက္ေကာက္ဝတ္ကို အျမန္ဖမ္းဆြဲထားလိုက္တယ္။

ခ်ီရင္က ေခါင္းလွည့္လာၿပီး မတရားအႏိုင္က်င့္ခံရသလိုလို သည္းခံေနရသလိုဟန္ျဖင့္ အနည္းငယ္ေစာင္းၾကည့္လာသည္။ သူ႕လက္ေခ်ာင္းမ်ားက ေအးစက္ေနၿပီး သူ႕လည္ေခ်ာင္းက တစ္ခုခုပိတ္ဆို႔ေနသလိုပင္: “ေလာင္.....ငါ မင္းကို သတ္မလို႔မဟုတ္ပါဘူးကြာ...”။ က်ီရန္က သူ႕နားထင္ေတြ ႐ုတ္တရက္ နာက်င္လာသလို ခံစားရသည္၊ သူက လွ်ာကို ကိုက္လိုက္တယ္။ နာက်င္မႈက သူ႕ကို အာ႐ုံျပန္စိုက္ဖို႔ ကူညီေပးခဲ့တယ္။ “မင္းကို စေတာ္ဘယ္ရီပူတင္းေကြၽးဖို႔ ေခၚသြားလို႔ရလား?”

ခ်ီရင္က သူ႕ကို ေငးေၾကာင္ေၾကာင္ႏွင့္ ၾကည့္ေနတယ္။

သူက စကားလုံးႏွစ္လုံးကို ထပ္ေျပာလိုက္တယ္: “စေတာ္ဘယ္ရီ၊ ပူတင္း”

သူမက ေနာက္ဆုံးမွာေတာ့ နားလည္သြားၿပီ၊ ျပဳံးလိုက္ၿပီး လိမ္လိမ္မာမာႏွင့္ ေခါင္းၿငိမ့္ျပလိုက္တယ္။

ဒီတစ္ႀကိမ္မွာေတာ့ သူတို႔ အခ်ိဳပြဲဆိုင္ကို ေျပာင္းထိုင္ၾကတယ္၊ ေက်ာင္းအေနာက္တံခါးညာဘက္၊ ခ်ီလိ႐ွန္း Milk tea ဆိုင္ေဘးနားကေပါ့။ သူက စေတာ္ဘယ္ရီပူတင္းမွာလိုက္ၿပီး ေငြ႐ွင္းလိုက္တယ္။ ခ်ီရင္က သူ႕ေဘးမွာ ရပ္ေနၿပီး မွန္ေကာင္တာထဲက အေရာင္အမ်ိဳးမ်ိဳးႏွင့္ ခ်စ္စရာေကာင္းတဲ့ အခ်ိဳပြဲေတြကို ၾကည့္ေနတယ္။

သူ(မ) ဒါေတြကို တစ္ခါမွ မစားဖူးဘူး၊ စားၾကည့္ခ်င္တယ္။

သူမ အရင္တစ္ေခါက္က စေတာ္ဘယ္ရီပူတင္းစားဖူးတယ္၊ ဒီတစ္ေခါက္ တျခားအရသာေလး ေျပာင္းစားၾကည့္ခ်င္တယ္။ က်ီရန္ရဲ႕ ႐ွပ္အက်ႌကို အားႏွင့္ဆြဲလိုက္ၿပီး စေတာ္ဘယ္ရီ mousse ကို လက္ညိႇဳးထိုးျပၿပီး သူမ ဒီတစ္ခုႏွင့္ လဲခ်င္ေၾကာင္း အခ်က္ျပလိုက္တယ္။ ဒါေပမဲ့ ေနာက္ဆုံးမွာေတာ့ က်ီရန္က လက္မခံဘဲ သူမကို ေဒါသတႀကီးၾကည့္လာတယ္: “မင္းႀကိဳက္တဲ့ဘယ္အရာပဲျဖစ္ျဖစ္ စိတ္မပါလက္မပါလိုမ်ိဳး မလုပ္ရဘူး!” သူက စေတာ္ဘယ္ရီပူတင္းကို သူမလက္ထဲ ထည့္ေပးလိုက္တယ္: “စား!”

ခ်ီရင္က စိတ္မဆိုးပါဘူး၊ ဘာပဲေနေန စေတာ္ဘယ္ရီပူတင္းကလည္း အရသာ႐ွိတယ္ေလ။

သူမက ႏွစ္လုပ္သုံးလုပ္တည္းႏွင့္ ကုန္ေအာင္စားပစ္လိုက္တယ္၊ သူမရဲ႕ေက်ာင္းလြယ္အိတ္ထဲက မုန္႔ဖိုးကို ထုတ္ၿပီး ေျပးသြားကာ သရက္သီး mousse ကို လက္ညိႇဳးထိုးျပၿပီး သူမကို ကူညီဖို႔ အေရာင္းစာေရးမေလးကို အမူအရာျပလိုက္တယ္။

အေရာင္းစာေရးမေလးက လာဖို႔လုပ္ေနခ်ိန္မွာ က်ီရန္က သူ႕ခုံမွာ ထိုင္ေနရင္း သုန္သုန္မႈန္မႈန္ႏွင့္ ေျပာလိုက္တယ္: “သူမကို မေရာင္းနဲ႔”

ဘယ္သူက က်ီရန္႔ကို မသိပဲေနမလဲ?

အေရာင္းစာေရးမေလးက သူ႕စကား မနားေထာင္ဘဲ မေနရဲလို႔ ခ်ီရင့္ကို လိမ္ညာလိုက္တယ္: “တျခားကာစတန္မာက မွာထားလို႔ ေရာင္းလို႔မရဘူး႐ွင့္”

သူမ အနည္းငယ္ စိတ္ပ်က္သြားတယ္၊ သူမလက္ထဲမွာ ပိုက္ဆံကိုင္ထားကာ ဘယ္ညာၾကည့္လိုက္ၿပီးေနာက္ matchaကိတ္မုန္႔ကို လက္ညိႇဳးထိုးျပၿပီး စာေရးမေလးကို မ်က္ေတာင္ေလးပုတ္ခတ္ပုတ္ခတ္ျဖင့္ ၾကည့္လိုက္တယ္။

စာေရးမေလး စကားမေျပာခင္ ေက်ာင္းလူဆိုးေခါင္းေဆာင္က ေအးတိေအးစက္ႏွင့္ ေျပာသည့္အသံကို ၾကားလိုက္ရတယ္: “သူ(မ)ကို ေျပာလိုက္၊ စေတာ္ဘယ္ရီပူတင္းကလြဲၿပီး ဘာမွမေရာင္းဘူးလို႔”

အေရာင္းစာေရးမေလး: “…”

ဘရားသားေရ၊ နားမၾကားတဲ့သူကို ဒီလိုမ်ိဳး အႏိုင္က်င့္ေတာ့ လိပ္ျပာမလုံတာမ်ိဳး မျဖစ္ဘူးလား?

စိတ္ထဲမွာ ေပါက္လႊတ္ပဲစားေတြ ေျပာေနမိေပမဲ့ အေရာင္းစာေရးမေလးက စကားနားေထာင္႐ုံသာ တတ္ႏိုင္တယ္။ အေရာင္းစာေရးမေလးက ေတာင္းပန္ေၾကာင္း အမူအရာျဖင့္ျပၿပီး က်ီရန္႔စကားမ်ားကို အျပစ္႐ွိစိတ္ျဖင့္ အသိေပးရေတာ့တယ္။

ခ်ီရင္က ဒီလိုအေျခအေနမ်ိဳးၾကဳုံရသည့္အတြက္ အနည္းငယ္ အံ့ဩေနတယ္၊ ဒါေပမဲ့ ဒီအခ်ိဳပြဲဆိုင္က အလုပ္ျဖစ္ေနတာပဲလို႔ ယူဆၿပီး ေဒၚလာႏွစ္ဆယ္ႏွင့္အတူ ျပန္လာခဲ့တယ္။

က်ီရန္က ဖုန္းႏွင့္ ဂိမ္းေဆာ့ေနၿပီး သူမ ထိုင္ခ်လိုက္တာကို ၾကည့္ေနတယ္၊ သူ႕မ်က္လုံးမ်ားကို အျပဳံးေဖ်ာ့ေဖ်ာ့ေလး႐ွိေနၿပီးေနာက္ ေပ်ာက္ကြယ္သြားတယ္။

ခ်ီရင္က လက္ႏွစ္ဖက္ေပၚတြင္ ေမးေထာက္၍ သူ႕ကို ခဏၾကာ ၾကည့္၍ သူ စကားမေျပာသည္ကို ျမင္သျဖင့္ ထိုင္ခုံတြင္ မွီလိုက္ၿပီး ဖုန္းကို ထုတ္ၿပီး စာ႐ိုက္ကာ ေမးလိုက္တယ္: “တို႔ကို ဘာလို႔ လာ႐ွာတာလဲဟင္?”

က်ီရန္က သူမဖုန္း screenကို တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ စိတ္မသက္မသာႏွင့္ ခႏၶာကိုယ္ကို လႈပ္႐ွားကာ ကိုယ္ေနဟန္ထားကို ေျပာင္းလိုက္တယ္။

သူ(မ)ႏွင့္ စာရင္း႐ွင္းဖို႔ လာတာလို႔ မေျပာသင့္ဘူးေလ၊ ဟုတ္တယ္မလား?

သူက အေတာ္ၾကာ အသံတိတ္ေနၿပီးေနာက္ ခ်ီရင္၏စပ္စုသည့္မ်က္လုံးမ်ားကို အမူအရာမဲ့သည့္ မ်က္ႏွာႏွင့္ ျပန္ေျဖလိုက္တယ္: “မင္းႏွင့္ အိမ္စာတူတူလုပ္ဖို႔ လာ႐ွာတာ”

ခ်ီရင့္မ်က္လုံးေတြက ေကြးၫႊတ္သြားတယ္၊ ဒီေန႔အတြက္ လုပ္ရမည့္အိမ္စာကို လြယ္အိတ္ထဲကေန ေပ်ာ္႐ႊင္ျမဴးတူးစြာႏွင့္ ထုတ္ၿပီး စားပြဲေပၚတြင္ ျဖန္႔ခ်လိုက္တယ္၊ ထို႔ေနာက္ သူ႕ကို ေမွ်ာ္လင့္တႀကီးႏွင့္ ၾကည့္ေနတယ္။

ေက်ာင္းဆင္းတိုင္း အတန္းေဖာ္တစ္ခ်ိဳ႕က milk tea ဆိုင္ႏွင့္ ေကာ္ဖီဆိုင္ေတြမွာ အိမ္စာလုပ္ဖို႔ ခ်ိန္းၾကတယ္။ သူမက ဘယ္သူႏွင့္မွ မသြားဖူးေသးဘူး၊ သူ(မ)ကို ပထမဆုံးလာေမးတဲ့သူက စစ္သူႀကီးျဖစ္လိမ့္မယ္လို႔ တစ္ခါမွ မေမွ်ာ္လင့္မိခဲ့ဘူး!

က်ီရန္ : …

သူက လြယ္အိတ္ကို ျဖည္းျဖည္းခ်င္း ဆြဲယူလိုက္ၿပီး အထဲမွာ ဘာ႐ွိလဲ ၾကည့္လိုက္တယ္။

စီးကရက္အထုပ္ရယ္၊ မီးျခစ္ရယ္၊ တစ္ဝက္ဘဲ႐ွိတဲ့cokeဘူးရယ္၊ ဘယ္ႏွစ္ဘယ္လကမွန္းမသိတဲ့ အထက္တန္းသခ်ၤာစာအုပ္တစ္အုပ္ရယ္ပဲ႐ွိတယ္။

သခ်ၤာစာအုပ္ကိုပဲ ထုတ္လို႔ရမယ္။

ဖြင့္ၾကည့္လိုက္တဲ့အခါမွာ စာ႐ြက္အခ်ိဳ႕ အၿဖဲခံထားရတယ္။

sine function ေတြ cosine functionေတြက ဘာအ႐ႈပ္ထုပ္ေတြလဲ? cos, sin, tan, f(x)ေတြက ဘာေတြလဲ? ဒါက သခ်ၤာစာအုပ္လား အဂၤလိပ္စာအုပ္လားကြာ?!

ေက်ာင္းလူဆိုးေခါင္းေဆာင္ခမ်ာ ေမးခြန္းအခ်ိဳ႕ကို ဟန္ေဆာင္ပန္ေဆာင္ေရးခ်င္တာေတာင္ မေရးႏိုင္ပါဘူး။ ေဘာ့ပင္မွ မ႐ွိဘဲကိုး။

မ်က္ႏွာခ်င္းဆိုင္က ခ်ီရင္ကေတာ့ နား႐ြက္႐ွည္ယုန္႐ုပ္ေလး ထိုးထားတဲ့ ပန္းေရာင္စာေရးကိရိယာအိတ္ေလးကို ဖြင့္လိုက္တယ္။ အထဲမွာ႐ွိတဲ့ ေဘာ့ပင္ကအစ ခ်စ္စရာေကာင္းတယ္၊ သူတို႔အေပၚမွာ အျပာေရာင္ေဝလငါးေလးေတြ ႐ွိတယ္။

သူမက multiple-choice ေမးခြန္းေတြအမ်ားႀကီး ေရးၿပီးသြားၿပီ၊ က်ီရန္က စာအုပ္ကို အရင္အတိုင္း စိုက္ၾကည့္ေနတာကို ျမင္ေတာ့ သိခ်င္စိတ္ႏွင့္ ေခါင္းေလးေစာင္းၾကည့္တယ္။

က်ီရန္က သူမရဲ႕အၾကည့္ကို သတိုထားမိတယ္၊ သူ႕လက္ကို ရဲရဲတင္းတင္း ျဖန္႔ျပၿပီး : ေဘာ့ပင္ငွားဦး

ခ်ီရင္က ႐ုတ္တရက္ဆိုသလို သေဘာေပါက္သြားၿပီး အိတ္ကို တြန္းပို႔လိုက္တယ္။

သူက ေဘာ့ပင္အိတ္ကို လက္ေခ်ာင္းႏွစ္ေခ်ာင္းႏွင့္ ဖြင့္လိုက္ၿပီး လိုက္ၾကည့္ကာ ပန္းေရာင္ေဝလငါးအဖုံးႏွင့္ ေဘာ့ပင္ကို ယူလိုက္တယ္။

သခ်ၤာစာအုပ္အသစ္ေလးေပၚမွာ စတင္ေရးပါေတာ့တယ္။

သူက ponytail ႏွင့္ ေကာင္မေလးပုံဆြဲလိုက္တယ္၊ ၿပီးေနာက္ စေတာ္ဘယ္ရီပုံဆြဲတယ္။ ေကာင္မေလးက စေတာ္ဘယ္ရီစားေနတဲ့ပုံကို ဆြဲခ်င္တာရယ္။ ကံမေကာင္းစြာႏွင့္ပဲ သူ မဆြဲတတ္ေတာ့ လက္ေလွ်ာ့လိုက္တယ္။

ကြက္လပ္ျဖည့္ေတြကို ေရးေနခ်ိန္မွာ စားပြဲေပၚမွာ႐ွိတဲ့ ခ်ီရင့္ဖုန္းက တုန္ခါလာတယ္။ ယြီက်ိဳးက စာပို႔လာတယ္: အစ္မေရ၊ ဘယ္မွာလဲ? စာသင္ခန္းထဲမွာ ေစာင့္ေနဖို႔ ကြၽန္ေတာ္မေျပာခဲ့ဘူးလား? ေလွ်ာက္မသြားပါနဲ႔ဆိုဗ်ာ!

ခ်ီရင္က ယြီက်ိဳး က်ီရန္ကို သေဘာမက်မွန္းသိတာေၾကာင့္ အမွန္ကို မေျပာဘူး: ငါ ခ်ီလိ႐ွန္းကို milk tea ေသာက္ဖို႔ သြားတာပါ

ယြီက်ိဳး: အို႔၊ ဒါဆို ကြၽန္ေတာ့္ကို ေစာင့္ေန၊ ကြၽန္ေတာ္ အခု လာခဲ့မယ္! ကြၽန္ေတာ့္ဖို႔ လက္ဖက္စိမ္း milk teaတစ္ခြက္ ဝယ္ထားေပးဦး၊ သၾကား ၇၀ ရာခိုင္ႏႈန္း ဘာဘယ္ေစ့မ်ားမ်ားေလး

က်ီရန္႔ဖုန္းလည္း ျမည္လာတယ္၊ ျပန္ေျဖလိုက္ေတာ့ ခြၽီတာ့ကြၽမ္းက ေအာ္ေျပာတယ္၊ “အကိုႀကီး၊ အတန္း ၇ ရဲ႕ အတန္းပိုင္ဆရာ ႐ုတ္တရက္ႀကီး ေရာက္ခ်လာလို႔ အဲ့ကေလး ယြီက်ိဳး ထြက္ေျပးသြားၿပီ! နာရီဝက္ေတာင္ ႐ွိၿပီဆိုေတာ့ ကြၽန္ေတာ္ သူ႕ကို လိုက္မဖမ္းေတာ့ဘူး”

က်ီရန္က စာျပန္ေနတဲ့ ခ်ီရင့္ကို တစ္ခ်က္ၾကည့္လိုက္ၿပီး ေအးတိေအးစက္ႏွင့္ ေျပာလိုက္တယ္၊ “သိၿပီ”

သူဖုန္းခ်လိုက္ေတာ့ ခ်ီရင္က သူမရဲ႕မွတ္စုစာအုပ္ထဲမွာ စာေရးၿပီး သူ႕ကို လႊဲေပးေနတာကို ေတြ႕လိုက္ရတယ္။

သူမရဲ႕လက္ေရးက သူမလိုပဲ ေကာင္းမြန္လြန္းတယ္: ေမာင္ေလး လာႀကိဳေနလို႔ ျပန္ေတာ့မယ္”

က်ီရန္က ခပ္ေပါ့ေပါ့ ေခါင္းၿငိမ့္ျပလိုက္တယ္။

သူမက ထပ္ေရးလိုက္တယ္: ေနာက္က်ရင္ အိမ္စာတူတူလုပ္လို႔ရလားဟင္?

သူ႕ေသတြင္းသူတူးၿပီးမွေတာ့ ခုန္ခ်ရေတာ့မွာေပါ့၊ သူ ေခါင္းဆက္ၿပီး ၿငိမ့္ျပလိုက္တယ္။

ခ်ီရင္က သူ႕ကို ခ်ိဳသာစြာ ျပဳံးျပၿပီး ေက်ာပိုးအိတ္ကို စထုတ္ပိုးေတာ့တယ္။ သူက သူမရဲ႕ေဝလငါးေဘာ့ပင္ေလးကို ျပန္မေပးဘဲ သခ်ၤာမွတ္စုစာအုပ္ႏွင့္အတူ သူ႕အိတ္ထဲ ထည့္လိုက္တယ္။

အခ်ိဳပြဲဆိုင္ကေန ထြက္လာၿပီးေနာက္မွာ ခ်ီရင္က ေဘးကခ်ီလိ႐ွန္းဆိုင္ဆီသြားၿပီး ယြီက်ိဳးအတြက္ milk tea သြားဝယ္တယ္။

သူမက အေရာင္းစာေရးမေလးကို ေအာ္ဒါမွာၿပီးတဲ့အခ်ိန္မွာ ေနာက္လွည့္ၾကည့္လိုက္ေတာ့ က်ီရန္က ထြက္သြားႏွင့္ေနၿပီ။ သူ႕ေက်ာပိုးအိတ္ကို တေစာင္းလြယ္ထားတယ္၊ သူ႕ေျခလွမ္းေတြက ပ်င္းရိေလးတြဲေနၿပီး ေက်ာင္းဝတ္စုံက မသပ္ရပ္ေနပါဘူး၊ ဒါေပမဲ့ သူ႕ေက်ာျပင္ကေတာ့ ေျဖာင့္မတ္ေနပါတယ္။

ခ်ီရင္က milk teaပူပူကို ကိုင္ထားရင္း သူ႕ေနာက္ေက်ာကို လက္ျပေနခဲ့တယ္။

ဒီအခ်ိန္က မိဘေတြ ေက်ာင္းေ႐ွ႕မွာ ကေလးလာႀကိဳဖို႔ ေစာင့္ေနတဲ့ေနရာမွာ ကားေတြ လာလိုက္သြားလိုက္လုပ္ေနတဲ့ အခ်ိန္ျဖစ္တယ္။ ယြီက်ိဳးက လူအုပ္ထဲကေန ေက်ာင္းလြယ္အိတ္တစ္လုံးႏွင့္ ခုန္ေပါက္ၿပီး ခ်ီလိ႐ွန္းဆိုင္ဆီ ေျပးလာခဲ့တယ္။

လမ္းဆုံမွာ တစ္စုံတစ္ေယာက္ရဲ႕ ဟြန္းက အက်ယ္ႀကီး ျမည္လာတယ္။

အျဖဴေရာင္ေဘာ့ဝက္ဂြန္ကားက လမ္းမႀကိးမွာ ရပ္ၿပီး လမ္းဆုံကို ပိတ္ထားတယ္။ ကားပိုင္႐ွင္က သတ္လက္ပိုင္းအ႐ြယ္ ေယာက်ၤားႀကိးတစ္ဦးပါ။ သူက ကားေမာင္းတဲ့အျခမ္း မွန္ျပတင္းေပါက္ကေန ေခါင္းျပဴထြက္ၿပီး သိပ္မေဝးတဲ့ ဆိုင္ေသးေသးေလးဆီကို လွမ္းေအာ္ဟစ္ေနတယ္: “ျမန္ျမန္လုပ္စမ္းပါ! အေအးဝယ္ဖို႔ ဘာလို႔ ဒီေလာက္ေတာင္ၾကာေနရတာလဲ?!”

ဆိုင္ေ႐ွ႕က ဝတုတ္တုတ္ေကာင္ေလးက ဆိုဒါဘူးဖိုးေပးလိုက္ၿပီး၊ “သား အခု လာေနပါၿပီ”

သူပိတ္ထားတဲ့ အနက္ေရာင္ကားက ဆက္ဟြန္းတီးေနတယ္။

သူ မေ႐ႊ႕တာကို ျမင္ေတာ့ ကားက ညာဘက္ကို ေခါင္းတည္လိုက္ၿပီး ကင္မရာေတြတပ္ထားတဲ့ အႏၲရာယ္ဇုန္ကို ျဖတ္ေမာင္းလိုက္တယ္။ အေ႐ွ႕ကို ေမာင္းေနတုန္းမွာ ကားမွန္က ျဖည္းျဖည္းခ်င္း က်လာၿပီး ေအးစက္စက္အမ်ိဴးသမီးအသံတစ္သံ ထြက္လာတယ္: “ဒီနားမွာ မရပ္နဲ႔ေလ။ လူေတြ အႏၲရာယ္ျဖစ္ေအာင္ မေမာင္းစမ္းပါနဲ႔!”

သက္လတ္ပိုင္းအ႐ြယ္အမ်ိဳးသားလည္း သူမဆီကေန အႀကိမ္းခံရၿပီးေနာက္မွာ ကားက ေ႐ွ႕ထြက္မသြားခင္အခ်ိန္ထိ တစ္ခြန္းမွ မဟခဲ့ဘဲ ၿပီးမွ ျပတင္းေပါက္ကေန တံေတြးေထြးၿပီး ဆဲဆိုေနတယ္: “ဒါဆို ရပ္ေနလိုက္ေလ! အမ်ားျပည္သူပိုင္တဲ့လမ္းပဲကို၊ ငါေမာင္းတာ ဘာမွားလို႔လဲ?”

သူလမ္းပိတ္တာ ခံထားရတဲ့ တျခားကားေမာင္းသူက မေက်မနပ္ျဖစ္ေနခဲ့တာေၾကာင့္ မေနႏိုင္ဘဲ ႏွာေခါင္း႐ႈံ႕လိုက္တယ္: “ဟာသမလုပ္စမ္းပါနဲ႔ ၊ အဲ့ဒီကားမ်ိဳးက ခင္ဗ်ားကား ဆယ္စီးေလာက္ဝယ္လို႔ရတယ္”

သက္လတ္ပိုင္းအ႐ြယ္ေယာက်ၤားႀကီး: ....

ယြီက်ိဳးက ရထားလမ္းအေပၚကေန ေဘးက ေလွ်ာက္လမ္းဆီးခုန္ကူးၿပီး အလြယ္လမ္းလိုက္ဖို႔ ၾကံ႐ြယ္ေနတုန္း လမ္းေဘးဘက္အျခမ္းကေန တစ္ေယာက္ေယာက္ေခၚေနတာကို ႐ုတ္တရက္ ၾကားလိုက္ရတယ္: “ေဟ့ ၊ ကေလး!”။ သူမၾကားခ်င္ေယာင္ေဆာင္ၿပီး ေျခတစ္လွမ္းလွမ္းေနခ်ိန္မွာ အသံက ထပ္ေအာ္ေခၚေနျပန္တယ္: “Adidas အနီေရာင္နဲ႔ ကေလး!”

အနီေရာင္ Adidas ဝတ္ထားတာ? အဲ့ဒါက သူပဲ႐ွိတာမလား?

ယြီက်ိဳးက ေခါင္းေစာင္းၾကည့္လိုက္ေတာ့ လမ္းေဘးမွာ ရပ္ထားတဲ အနက္ေရာင္ကားကို ေတြ႕တယ္။ ဆံပင္တိုႏွင့္ ေကာင္မေလးလွလွေလးက ကားေမာင္းတဲ့ေနရာမွာ ထိုင္ေနၿပီး သူ႕ကို လက္ရမ္းျပေနတယ္။

ယြီက်ိဳးလည္း  တုံ႔ဆိုင္းသြားၿပီး သူ႕ကိုယ္သူ လက္ညိႇဳးထိုးျပေတာ့ သူမက ေခါင္းၿငိမ့္ျပတယ္။

သူက ခုန္ေျပးဖို႔ၾကံေနတဲ့ ေျခေထာက္ကို တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ ၎ကို တိတ္တဆိတ္ျပန္႐ုတ္၍ ေခ်ာင္းဟန္႔ရင္း : “ကြၽန္ေတာ္တို႔ တစ္ေယာက္ႏွင့္တစ္ေယာက္ သိၾကလို႔လား?”

ဆံပင္တိုႏွင့္မိန္းကေလးက ျပဳံးျပတယ္၊ သူမရဲ႕ မ်က္ခုံးမ်ားက က်ဥ္းေျမာင္း၍ မ်က္လုံးမ်ားက ႐ွည္သြယ္ကာ ေအးစက္၍ လွပေသာ ခံစားခ်က္ကို လွစ္ဟျပေနသည္၊ “တို႔ မင္းကို ျမင္ဖူးပါတယ္။ မင္း က်ီရန္ကို သိတယ္မလား?”

ယြီက်ိဳးက ပို၍ပို၍ ေတာင့္တင္းလာၿပီး သူမကို အသံတိတ္ျဖင့္ ၾကည့္ေနတယ္။

သူမက ထပ္ျပဳံးျပလိုက္ကာ ေနာက္လွည့္၍ ခရီးသည္ထိုင္ခုံမွ စာအိတ္တစ္အိတ္ကိုယူ၍ သူ႕ဆီ လႊဲေပးလိုက္တယ္။ “ က်ီရန္႔ဆီ ဒါေလးေပးေပးဖို႔ မင္းကို တို႔ ဒုကၡေပးရေတာ့မွာပဲ?”

ယြီက်ိဳးက မ်က္ေမွာင္ၾကဳံ႕လ်က္: “ကြၽန္ေတာ္ သူနဲ႔ မရင္းႏွီးဘူး၊ ဘာလို႔ ကိုယ့္ဘာသာ မေပးတာလဲ?”

က်ီခ်န္ကလည္း ျပဳံးျပၿပီး သူမလက္ထဲက စာကို ေျမႇာက္ျပတယ္: “ကေလး၊ ဒီမမအတြက္ လုပ္ေပးပါကြာေနာ္”

အဲ့ဒီအျပဳံးက အရမ္းလွေနသလို သူက ေယာက်ၤားေလးတစ္ေယာက္ျဖစ္တဲ့အတြက္ မျငင္းႏိုင္ခဲ့ဘူး။

ယြီက်ိဳးက လွမ္းယူလိုက္ၿပီး ထပ္ေျပာျပန္တယ္: “ပထမအခ်က္ ကြၽန္ေတာ္နဲ႔ သူက မရင္းႏွီးဘူး၊ သူ႕ဆီ လႊဲမေပးႏိုင္တာလဲ ျဖစ္ႏိုင္တယ္ေနာ္။ သူ႕ကို ေပးလိုက္ရင္ေတာင္ သူက မယူေလာက္ဘူး”

က်ီခ်န္က ျပဳံးလိုက္ၿပီး၊ “ဟုတ္ပါၿပီ” ။ သူ႕ကို ေက်းဇူးတင္စကားေျပာၿပီးေနာက္ ျဖည္းျဖည္းခ်င္း ေမာင္းထြက္သြားတယ္။

ယြီက်ိဳးက မပိတ္ထားတဲ့ စာအိတ္ကို ငုံ႔ၾကည့္ၿပီး သူ႕ေက်ာပိုးအိတ္ထဲ ထည့္လိုက္တယ္။

သူ ခ်ီလိ႐ွန္းဆိုင္ကို ေရာက္ေတာ့ ခ်ီရင္က တံခါးဝမွာ milk teaႏွင့္ မတ္တပ္ရပ္ေနၿပီး သူ႕ကို ျမင္ေတာ့ လက္ျပလိုက္တယ္။

milk teaတစ္ငုံေသာက္ၿပီးေနာက္မွာ ယြီက်ိဳးက ေစာဒကတက္တယ္: “ဘာလို႔ပူေနတာလဲ? ကြၽန္ေတာ္က အေအးေသာက္ခ်င္တာကို”

ဒါေပမဲ့ သူမ ဝယ္ၿပီးသားျဖစ္ေနၿပီျဖစ္ေနေတာ့ သူျပန္လဲဖို႔ မလုပ္ေတာ့ဘဲ ခ်ီရင့္ကို ဘတ္စ္ကားမွတ္တိုင္ဆီ ေခၚသြားလိုက္တယ္။

ကားေပၚတက္ၿပီးေနာက္မွာ သူက ခ်ီရင့္ကို စာပို႔လိုက္တယ္: အစ္မ၊ ကြၽန္ေတာ္ေျပာသားပဲ က်ီရန္က  ေသခ်ာေပါက္ မ႐ိုး႐ွင္းပါဘူးဆို”

ခ်ီရင္: ...

မိန္းမလွေလးတစ္ေယာက္က သူ႕ကို ဆြဲေခၚၿပီး ရည္းစားစာတစ္ေစာင္ပို႔ခိုင္းတဲ့အေၾကာင္း ယြီက်ိဳးက ေျပာျပလိုက္ၿပီးေနာက္ ထပ္ေျပာတယ္: သူက သူမ်ားေတြရဲ႕ခံစားခ်က္ေတြကို ကစားေနတဲ့ မေကာင္းတဲ့အေကာင္ပါဆို!

ခ်ီရင္က အနည္းငယ္စိတ္ဆိုးသြားတယ္: တစ္ခုခု အေရးႀကီးတာလဲ ျဖစ္ႏိုင္တာပဲ၊ ကိုယ့္ဘာသာ ေလွ်ာက္ၿပီး ထင္ျမင္ခ်က္ေတြမေပးနဲ႔ေလ

ယြီက်ိဳး : ဒါဆို ဘာလို႔ သူက လူေတြကို ေငြညစ္ေနတာလဲ? အစ္မ အမွန္ကို လက္မခံခ်င္ေနတာပဲ!

ခ်ီရင္: နင္ ဆက္ေျပာေနရင္ ဒီေန႔ နင္ ရန္ျဖစ္ခဲ့တယ္လို႔ ငါ ဦးေလးကိုေျပာမွာေနာ္

ယြီက်ိဳး : ???

ခ်ီရင္က သူ႕တံေတာင္ဆစ္ကို လက္ညိႇဳးထိုးျပလိုက္တယ္။

ခုဏတုန္းက အတန္းထဲမွာ ခြၽီတာ့ကြၽမ္းႏွင့္တျခားလူေတြ သူႏွင့္ ထိပ္တိုက္ေတြ႕ေတာ့ သူခုန္ခ်တဲ့ နံရံက ဖုန္ေတြ႐ွိေနတယ္၊ အေရျပားမွာ အနည္းငယ္ပြန္းသြားတယ္။ ယြီက်ိဳးက သူ႕အစ္မေတာ္ရဲ႕ စူး႐ွလြန္းတဲ့ အျမင္အာ႐ုံကို ေလးစားသြားၿပီး ပါးစပ္ပိတ္သြားတယ္။

အိမ္ေရာက္ခ်ိန္မွာ ညစာျပင္ထားၿပီးတဲ့ ဝူရင္းဟြက ကေလးႏွစ္ေယာက္ရဲ႕ လြယ္အိတ္ကို ယူလိုက္ၿပီး သူတို႔ကို လက္ေဆးဖို႔ ေျပာလိုက္တယ္။

ယြီက်ိဳးရဲ႕ အိတ္ဇစ္က တစ္ဝက္ပဲ ပိတ္ထားတာျဖစ္တဲ့အတြက္ ကုတင္ေပၚကို စာအိတ္တစ္ေစာင္ ျပဳတ္က်လာတယ္။ ဝူရင္းဟြလည္း သိခ်င္စိတ္ႏွင့္ ေကာက္လိုက္သည္။ စာအိတ္က မပိတ္ထားဘူး။ သူမက ဖြင့္ၾကည့္လိုက္တယ္။

ဒါက ဓါတ္ပုံတစ္ပုံပါပဲ။

ႏူးညံ့သိမ္ေမြ႕ပုံရတဲ့ အမ်ိဳးသမီးတစ္ေယာက္က တစ္ႏွစ္ႏွစ္ႏွစ္အ႐ြယ္ကေလးေလးတစ္ေယာကို ခ်ီထားၿပီး သူမရဲ႕လက္ထဲမွာ မစ္ကီေမာက္ေဘာလုံးတစ္လုံး ႐ွိ၍ ကင္မရာကို ျပဳံးျပေနတယ္။

ေအာက္ေျခေထာင့္နားမွာ ရက္စြဲထိုးထားတယ္: 2000ခုႏွစ္တြင္ ႐ိုက္ကူးသည္။

(ဟဲလို.....တနဂၤေႏြတိုင္း update႐ွိပါတယ္ေနာ္....ဒီတစ္ပါတ္မပါေနာ္)

Continue Reading

You'll Also Like

40.8K 3.8K 108
💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်း...
1.2M 63.7K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
14.6K 1.2K 12
Title - 万蛊谣 (Ballad of Ten Thousand Gu) Author - 叶笑 (Ye Xiao) English translator - Catharcity Original publisher - 飞魔幻 magazine Audio drama link - ht...
3.6M 362K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္