SHIPS

Galing kay shanemann622

689 69 32

| SKZ's real life ver; but just for entertainment only | -written in Burmese -collaborate with Dannik_tj Higit pa

part 1 (z+u)
part 2(z+u)
part 4(z+u)

part 3(z+u)

94 16 7
Galing kay shanemann622

" Han Ji Sung! ! မင်း သေချာမလေ့ကျင့်ထားဘူးလား! ! "

dance practice လုပ်ရင်း ဟိန်းထွက်လာတဲ့ lee know အသံကြောင့် ဆက်ကနေသည့် member များတုန့်ခနဲရပ်တန့်သွားကြသည်။ member များက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လ်ို့ ဖြစ်လာမယ့် အန္တာရယ်အငွေ့အသက်များကိုကြိုတင်ခံစားမိကြ၍ အသံမထွက်ရဲကြချေ။ ဒေါသထွက်နေပုံရသည့် lee know ကကျယ်လောင်စွာဖွင့်ထားသည့် သီချင်းသံကို ပိတ်ပစ်လိုက်ပြီး han jisung ထံသို့ စူးစူးစိုက်စိုက်ကြည့်လာသည်။

ရုတ်တရက်အအော်ခံလိုက်ရသော jisung ကဘာပြန်ပြောရမှန်းမသိအောင်လန့်သွားပြီး မျက်နှာငယ်လေးဖြစ်သွားသည်။ အမှန်တကယ်ပဲ lee know ပြောသည့်အတိုင်းသူ ဒီကကွက်ကိုသေချာမလေ့ကျင့်ရသေးပါ။ ဒီရက်ပိုင်း သူသီချင်းရေးလိုက် အသံသွင်းလိုက်နှင့်အလုပ်ရှုပ်နေပြီး အကဘက်ကို အာရုံစိုက်၍မရချေ။ မကြာခင်ရောက်လာတော့မယ့် ဆုပေးပွဲတစ်ခုအတွက်သူတို့ရဲ့ အကောင်းဆုံးဖျော်ဖြေမှုတွေကိုချပြဖို့ သုံးလအလိုထဲက လေ့ကျင့်ထားကြတာဖြစ်သည်။ သို့ပေမယ့် အနားနီးမှ Han jisung က အလုပ်များနေတာရယ် စိတ်ဖိစီးမှုတွေရယ်ကြောင့် ကကွက်တချို့ကိုမေ့နေခဲ့သည်။

" တောင်းပန်ပါတယ် Hyung "

jisung က မျက်လွှာလေးချကာ အောက်နှုတ်ခမ်းကိုကိုက်လိုက်ပြီး ဦးညွှန့်ကာတောင်းပန်စကားဆိုလိုက်သည်။

" ခုနကတည်းက မင်းဆက်တိုက်မှားနေတာသိတယ်မလား မင်းကြောင့် ဘယ်လောက်တခြားလူတွေပင်ပန်းနေကြပြီလဲမင်းကြည့်  "

lee know ရဲ့ ဒေါသသံနဲ့လေသံမာမာကြောင့် jisung တစ်ယောက်ခေါင်းငုံ့သွားကာ မျက်ရည်များဝဲလာသည်။ ဒီနေ့ကျမှ lee know ကဒေါသပိုထွက်နေသလိုဖြစ်နေပြီး အကဲဆက်နေသည်မို့ လီဒါဖြစ်သည့် Chan ကဝင်ထိန်းရတော့သည်။

" lee knowyaaa ....hannie ကအခုတလော နည်းနည်းပင်ပန်းနေလို့ပါ ကဲ....ကဲ....ငါတို့ခဏနားကြရအောင် ငါးမိနစ်လောက် break time "

" သူပဲပင်ပန်းနေတာလား ဒီမှာမပင်ပန်းတဲ့လူဆိုတာရှိလို့လား အကုန်ပင်ပန်းကြတာပဲကို "

Chan က လက်ခုပ်တီးပြီး အားလုံးနားဖို့လှုံ့ဆော်လိုက်ပေမယ့် အားလုံးကြားရဖို့လုံလောက်တဲ့အသံနဲ့ lee know ပြောလိုက်တဲ့စကားကြောင့် han jisung သည် ငိုလည်းငိုချင်ကာ စိတ်လည်းတိုသွားသည်။

" ဟုတ်တယ် ကျွန်တော်ပဲမှားတာ ကျွန်တော်ပဲပင်ပန်းနေတာ ဒါကြောင့် တောင်းပန်ပါတယ် !! တောင်းပန်တယ်! ! ရပြီလား! ! "

မျက်ရည်အဝိုင်းသားနဲ့ ငိုသံပါကာ lee know အား အော်ဟစ်ပြီးနောက် han jisung သည် practice room၏တံခါးကိုဆောင့်ပိတ်ကာ ထွက်သွားတော့သည်။

" hyung တကယ်ပဲ ဒီနေ့ဘာဖြစ်နေတာလဲ "

သူ့ညီလေးငိုပြီးထွက်သွားတာကြောင့် စိတ်မကောင်းဖြစ်သွားသည့် Changbin က lee know ကို အပြစ်တင်သည့်အသံဖြင့်ပြောဆိုကာ han jisung နောက်သို့ လိုက်ပါသွား၏။ ကျန်ခဲ့တဲ့ memberတွေကလည်း တင်းမာနေသည့်လေထုနှင့် မျက်နှာပျက်သွားသည့်lee know ကိုကြည့်ကာ ဘာစကားမှမပြောကြတော့ဘဲ အလိုက်တသိ တိတ်နေလိုက်ကြသည်။

" lee knowyaa အခုတလော စိတ်ညစ်စရာများရှိနေလို့လား "

hanjisungထွက်သွားပြီးနောက် lee know၏ ပျက်ယွင်းနေသည့်မျက်နှာအားကြည့်ကာ  Chan က ဂရုတစိုက်ပင်မေးလိုက်သည်။ ပုံမှန်ဆို lee know က hannie ကိုဦးစားအပေးဆုံးမဟုတ်လား ဒါပေမဲ့ သူသတိထားမိသလောက်တော့ အခုတလောlee know က hannie အပေါ်တစ်ခုခုစိတ်ခုနေတယ်ထင်ရသည်။အခုလည်း ဒီလောက်ကြီးဆူစရာမရှိတာကို ဒေါသတကြီးနဲ့ဆူနေတာပုံမှန်တော့မဟုတ်လောက်ဘူးလေ။

" မရှိပါဘူး တောင်းပန်ပါတယ် hyung ကျွန်တော်နည်းနည်းစိတ်ရှုပ်သွားလို့ပါ "

lee know ကသက်ပြင်းတစ်ချက်ချကာ Chan ရဲ့ အမေးကိုပြန်ဖြေပြီးနောက် မှန်ကိုမှီကာထိုင်ချလိုက်သည်။

" ငါ့ကိုတောင်းပန်ရမှာမဟုတ်ဘူး မင်းhannie ပြောတာနည်းနည်းလွန်သွားတယ်နော် သေချာဖြေရှင်းကြအုံး တစ်ခုခုဆို hyung ကိုပြော ဟုတ်ပြီလား "

" ဟုတ်ကဲ့ hyung "

Chan က lee know ပုခုံးကိုပုတ်လိုက်ကာ တစ်ယောက်တည်းအချိန်ပေးခဲ့ပြီး ထောင့်နားလေးမှာထိုင်နေကြတော့ ကလေးတွေဆီကိုလျှောက်သွားလိုက်သည်။


တစ်ဖက်၌ han jisung မှာလည်းလှေကားတွင် မျက်ရည်အဝိုင်းသားနှင့်ထိုင်ကာ မငိုမိအောင်အံကြိတ်၍ထားသည်။ ထရိန်နင်ဘဝထဲက ပွဲဦးထွက်ပြီးငါးနှစ်ကြာတဲ့အခုချိန်အထိ သူနဲ့ lee know က ရန်ဖြစ်ဖို့မပြောနဲ့ တစ်ယောက်နဲ့တစ်ယောက်လေသံမာမာတောင်ပြောခဲ့ဖူးကြတာမဟုတ်ဘူး။ သူ့ဘဝမှာ ထရိန်နင်ကတည်းက member တွေနဲ့အကုန် ရန်ဖြစ်ဖူးခဲ့ပေမယ့် lee know နဲ့တော့ သင့်သင့်မြတ်မြတ်အမြဲရှိခဲ့တာလေ။ အခုဟာက သူမှားတာမှန်ပေမယ့် ဒီလောက်ကြီးပြောဖို့လိုလို့လား။ ဒီရက်တွေသူ့မှာ အိပ်ချိန်တောင်မရှိအောင် ဘယ်လောက်အလုပ်များနေခဲ့ရလဲ။ deadline နီးမှလုပ်တတ်တဲ့အကျင့်ကလည်းတကယ်ဆိုးတာပဲ။

" hanna "

တစ်ယောက်တည်းတွေးကာ စိတ်မကောင်းဖြစ်နေတုန်း Changbin ရောက်လာတော့ Han ကသူ့ရဲ့ ဝိုင်းတက်ကာယိုစိမ့်ကျခါနီးဖြစ်တဲ့မျက်ရည်စတွေကို ကပျာကယာပဲဖယ်ရှားလိုက်သည်။Changbin သည် Hannie ဘေး၌ထိုင်ကာ ခေါင်းကိုပွတ်သပ်ပေးလိုက်ပြီးနောက် နူးညံ့သောအသံဖြင့်

" အရမ်းစိတ်မကောင်းမဖြစ်ပါနဲ့ lee know hyungလည်းနည်းနည်းပင်ပန်းပြီးစိတ်ဆက်နေတဲ့အချိန်မို့လို့နေမှာပါ "


" ကျွန်တော်နားလည်ပါတယ် hyung ဘာမှမဖြစ်ပါဘူး "

Han jisung ကခေါင်းငြိမ့်ရင်း လေသံခပ်ဖျော့ဖျော့ဖြင့်ပြန်ဖြေလိုက်သော်လည်း မျက်နှာမကောင်းပေ။

" ဒီရက်ပိုင်း မင်းသူမကြိုက်တာတစ်ခုခုများလုပ်မိသေးလား တစ်ခုခုရော ကတောက်ကဆဖြစ်တာမျိုးရှိလား "

Changbin အမေးကို Han က အသေအချာတွေးဆဆလုပ်ပြီးမှ သက်ပြင်းချကာခေါင်းခါပြလိုက်သည်။

" မရှိပါဘူး အင်း.....မရှိဘူးထင်တာပဲ hyung ကျွန်တော် ဒီရက်ပိုင်းအားမှမအားတာ သူနဲ့တောင် တနေ့ကအကတိုက်တော့မှတွေ့တာကို "

Han jisung ရဲ့ အပြောကိုChangbin ကမျက်မှောင်ကြုံ့လိုက်ပြီးနောက်

" မင်း ဟိုနေ့က သူအပြင်သွားဖို့ဖုန်းဆက်ချိန်းတာကိုငြင်းလိုက်တယ်မလား "

" အာ... ဟုတ်သားပဲ hyungကဘယ်လိုသိတာလဲ "

" အဲ့အချိန်တုန်းက lee know hyung နဲ့ ငါအဆောင်မှာရှိနေတာလေ သူဖုန်းဆက်တော့ ငါ့ရှေ့မှာပဲ "

" ဟုတ်တယ် အဲ့နေ့ကျွန်တော်မအားလို့ငြင်းလိုက်တာ ဒါပေမဲ့အဲ့အချိန်တုန်းကလည်းကောင်းကောင်းမွန်မွန်ပါပဲ ဟင်းးးးးးး မသိတော့ပါဘူးဗျာ ထားလိုက်ပါတော့ "

သူ lee know အပေါ်မှာဘာတွေမှားခဲ့လဲတော့မသိပေမယ့် အခုချိန်မှာတော့ သူleeknow hyung ကိုတကယ်စိတ်ဆိုးသည်။ ဒါကြောင့်စိတ်ရှုပ်စွာဖြင့်သက်ပြင်းချကာ ပူထူနေပြီဖြစ်သည့်ခေါင်းပေါ်ကဆံပင်များကိုဆွဲဖွလိုက်သည်။

" လာ hyung အအေးဝယ်တိုက်မယ် ပြီးရင် အကပြန်ကျင့်ရအောင် ပွဲကနီးနေပြီလေ "

Changbin လည်းစိတ်မသက်မသာဖြစ်နေသည့် ညီလေး၏ပခုံးကိုဖက်ကာဆွဲထူလိုက်ပြီး အအေးစက်နားသို့အတူလျှောက်သွားလိုက်သည်။ သူတို့နှစ်ယောက်အအေးသောက်ရင်းအပြင်မှာဆယ်မိနစ်ကြာအောင် နေကြပြီးမှ practice roomထဲသို့ အတူတူပြန်ဝင်လာသည်။

အခန်းတွင်းကလေထုသည် Han jisung နဲ့ Changbin ဝင်လာသည့်အခါ ခုနကလောက် တင်းမာမနေတော့ပေမယ့် နည်းနည်းထိမိလျှင် ပေါက်ကွဲနိုင်သည့်အနေအထားမှာရှိနေသည်။ jisung က ဝင်လာကတည်းက ထိုင်နေသည့် lee know ကိုတစ်ချက်မျှမကြည့်ဘဲ ကြမ်းပြင်ပေါ်တွင်လှဲနေသော hyunjin ထံသို့ တန်းတန်းမတ်မတ်လျှောက်သွားလိုက်သည်။

" hyunjinna ငါ့ကို ခုနက အပိုင်းပြန်သင်ပေးလို့ရမလား ငါတကယ်ရှုပ်နေလို့ "

jisung ပြောလိုက်တော့ hyunjin ကလှဲနေရာကနေ ထကာ မတ်တပ်ထရပ်လိုက်သည်။

" အင်း ရတာပေါ့ မင်းဘယ်နားမရတာလဲ ငါ့ကိုပြ "

Hyunjin နဲ့ Jisung တို့အကသင်နေကြချိန် ဘေးက Felix ကလည်း jisung နဲ့အတူတူဝင်ကပေးကာ ဝင်ကူညီပေးသည်။ ဆယ့်မိနစ်လောက်ကြာတော့ break time ပြီးဆုံးပြီး lee know ဦးဆောင်ကာ အကပြန်လေ့ကျင့်တာကြောင့် jisungကလွဲပြီး ကျန်တဲ့ member များက လုံးဝမမှားရအောင်သေချာဂရုတစိုက်ဖြင့် လေ့ကျင့်နေကြသည် ။ အခုချိန်မှာ ဘယ်သူမှ lee know ရဲ့ဒေါသကိုမစမ်းချင်ကြဘူးလေ။ jisung ကတော့ တစ်ခါတစ်ခါအမှားပါနေပေမယ့် ပိုပြီးအများကြီးကောင်းလာခဲ့သည်။ jisung ရဲ့ ခြေထောက်စည်းချက်မမိတာကို မြင်သည့် lee know ကပြောချင်သော်လည်း မမြင်ချင်ယောင်ဆောင်လိုက်၏ ။ အခုချိန်မှာ ထပ်ပြီးပြောလည်း ထပ်ပြီးရန်ဖြစ်ဖို့ပဲရှိတာမို့ နောက်မှပဲ hyunjin နဲ့ lix ကိုပြောကာjisung ကိုသေချာသင်ခိုင်းရမယ်လို့တွေးလိုက်သည်။

..........................................

#5/5/23
#shanemann


Zawgyi




" Han Ji Sung! ! မင္း ေသခ်ာမေလ့က်င့္ထားဘူးလား! ! "

dance practice လုပ္ရင္း ဟိန္းထြက္လာတဲ့ lee know အသံေၾကာင့္ ဆက္ကေနသည့္ member မ်ားတုန့္ခနဲရပ္တန့္သြားၾကသည္။ member မ်ားက တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္လ္ို႔ ျဖစ္လာမယ့္ အႏၲာရယ္အေငြ႕အသက္မ်ားကိုႀကိဳတင္ခံစားမိၾက၍ အသံမထြက္ရဲၾကေခ်။ ေဒါသထြက္ေနပုံရသည့္ lee know ကက်ယ္ေလာင္စြာဖြင့္ထားသည့္ သီခ်င္းသံကို ပိတ္ပစ္လိုက္ၿပီး han jisung ထံသို႔ စူးစူးစိုက္စိုက္ၾကည့္လာသည္။

႐ုတ္တရက္အေအာ္ခံလိုက္ရေသာ jisung ကဘာျပန္ေျပာရမွန္းမသိေအာင္လန့္သြားၿပီး မ်က္ႏွာငယ္ေလးျဖစ္သြားသည္။ အမွန္တကယ္ပဲ lee know ေျပာသည့္အတိုင္းသူ ဒီကကြက္ကိုေသခ်ာမေလ့က်င့္ရေသးပါ။ ဒီရက္ပိုင္း သူသီခ်င္းေရးလိုက္ အသံသြင္းလိုက္ႏွင့္အလုပ္ရႈပ္ေနၿပီး အကဘက္ကို အာ႐ုံစိုက္၍မရေခ်။ မၾကာခင္ေရာက္လာေတာ့မယ့္ ဆုေပးပြဲတစ္ခုအတြက္သူတို႔ရဲ႕ အေကာင္းဆုံးေဖ်ာ္ေျဖမႈေတြကိုခ်ျပဖို႔ သုံးလအလိုထဲက ေလ့က်င့္ထားၾကတာျဖစ္သည္။ သို႔ေပမယ့္ အနားနီးမွ Han jisung က အလုပ္မ်ားေနတာရယ္ စိတ္ဖိစီးမႈေတြရယ္ေၾကာင့္ ကကြက္တခ်ိဳ႕ကိုေမ့ေနခဲ့သည္။

" ေတာင္းပန္ပါတယ္ Hyung "

jisung က မ်က္လႊာေလးခ်ကာ ေအာက္ႏႈတ္ခမ္းကိုကိုက္လိုက္ၿပီး ဦးၫႊန့္ကာေတာင္းပန္စကားဆိုလိုက္သည္။

" ခုနကတည္းက မင္းဆက္တိုက္မွားေနတာသိတယ္မလား မင္းေၾကာင့္ ဘယ္ေလာက္တျခားလူေတြပင္ပန္းေနၾကၿပီလဲမင္းၾကည့္  "

lee know ရဲ႕ ေဒါသသံနဲ႕ေလသံမာမာေၾကာင့္ jisung တစ္ေယာက္ေခါင္းငုံ႕သြားကာ မ်က္ရည္မ်ားဝဲလာသည္။ ဒီေန႕က်မွ lee know ကေဒါသပိုထြက္ေနသလိုျဖစ္ေနၿပီး အကဲဆက္ေနသည္မို႔ လီဒါျဖစ္သည့္ Chan ကဝင္ထိန္းရေတာ့သည္။

" lee knowyaaa ....hannie ကအခုတေလာ နည္းနည္းပင္ပန္းေနလို႔ပါ ကဲ....ကဲ....ငါတို႔ခဏနားၾကရေအာင္ ငါးမိနစ္ေလာက္ break time "

" သူပဲပင္ပန္းေနတာလား ဒီမွာမပင္ပန္းတဲ့လူဆိုတာရွိလို႔လား အကုန္ပင္ပန္းၾကတာပဲကို "

Chan က လက္ခုပ္တီးၿပီး အားလုံးနားဖို႔လႈံ႕ေဆာ္လိုက္ေပမယ့္ အားလုံးၾကားရဖို႔လုံေလာက္တဲ့အသံနဲ႕ lee know ေျပာလိုက္တဲ့စကားေၾကာင့္ han jisung သည္ ငိုလည္းငိုခ်င္ကာ စိတ္လည္းတိုသြားသည္။

" ဟုတ္တယ္ ကြၽန္ေတာ္ပဲမွားတာ ကြၽန္ေတာ္ပဲပင္ပန္းေနတာ ဒါေၾကာင့္ ေတာင္းပန္ပါတယ္ !! ေတာင္းပန္တယ္! ! ရၿပီလား! ! "

မ်က္ရည္အဝိုင္းသားနဲ႕ ငိုသံပါကာ lee know အား ေအာ္ဟစ္ၿပီးေနာက္ han jisung သည္ practice room၏တံခါးကိုေဆာင့္ပိတ္ကာ ထြက္သြားေတာ့သည္။

" hyung တကယ္ပဲ ဒီေန႕ဘာျဖစ္ေနတာလဲ "

သူ႕ညီေလးငိုၿပီးထြက္သြားတာေၾကာင့္ စိတ္မေကာင္းျဖစ္သြားသည့္ Changbin က lee know ကို အျပစ္တင္သည့္အသံျဖင့္ေျပာဆိုကာ han jisung ေနာက္သို႔ လိုက္ပါသြား၏။ က်န္ခဲ့တဲ့ memberေတြကလည္း တင္းမာေနသည့္ေလထုႏွင့္ မ်က္ႏွာပ်က္သြားသည့္lee know ကိုၾကည့္ကာ ဘာစကားမွမေျပာၾကေတာ့ဘဲ အလိုက္တသိ တိတ္ေနလိုက္ၾကသည္။

" lee knowyaa အခုတေလာ စိတ္ညစ္စရာမ်ားရွိေနလို႔လား "

hanjisungထြက္သြားၿပီးေနာက္ lee know၏ ပ်က္ယြင္းေနသည့္မ်က္ႏွာအားၾကည့္ကာ  Chan က ဂ႐ုတစိုက္ပင္ေမးလိုက္သည္။ ပုံမွန္ဆို lee know က hannie ကိုဦးစားအေပးဆုံးမဟုတ္လား ဒါေပမဲ့ သူသတိထားမိသေလာက္ေတာ့ အခုတေလာlee know က hannie အေပၚတစ္ခုခုစိတ္ခုေနတယ္ထင္ရသည္။အခုလည္း ဒီေလာက္ႀကီးဆူစရာမရွိတာကို ေဒါသတႀကီးနဲ႕ဆူေနတာပုံမွန္ေတာ့မဟုတ္ေလာက္ဘူးေလ။

" မရွိပါဘူး ေတာင္းပန္ပါတယ္ hyung ကြၽန္ေတာ္နည္းနည္းစိတ္ရႈပ္သြားလို႔ပါ "

lee know ကသက္ျပင္းတစ္ခ်က္ခ်ကာ Chan ရဲ႕ အေမးကိုျပန္ေျဖၿပီးေနာက္ မွန္ကိုမွီကာထိုင္ခ်လိဳက္သည္။

" ငါ့ကိုေတာင္းပန္ရမွာမဟုတ္ဘူး မင္းhannie ေျပာတာနည္းနည္းလြန္သြားတယ္ေနာ္ ေသခ်ာေျဖရွင္းၾကအုံး တစ္ခုခုဆို hyung ကိုေျပာ ဟုတ္ၿပီလား "

" ဟုတ္ကဲ့ hyung "

Chan က lee know ပုခုံးကိုပုတ္လိုက္ကာ တစ္ေယာက္တည္းအခ်ိန္ေပးခဲ့ၿပီး ေထာင့္နားေလးမွာထိုင္ေနၾကေတာ့ ကေလးေတြဆီကိုေလွ်ာက္သြားလိုက္သည္။


တစ္ဖက္၌ han jisung မွာလည္းေလွကားတြင္ မ်က္ရည္အဝိုင္းသားႏွင့္ထိုင္ကာ မငိုမိေအာင္အံႀကိတ္၍ထားသည္။ ထရိန္နင္ဘဝထဲက ပြဲဦးထြက္ၿပီးငါးႏွစ္ၾကာတဲ့အခုခ်ိန္အထိ သူနဲ႕ lee know က ရန္ျဖစ္ဖို႔မေျပာနဲ႕ တစ္ေယာက္နဲ႕တစ္ေယာက္ေလသံမာမာေတာင္ေျပာခဲ့ဖူးၾကတာမဟုတ္ဘူး။ သူ႕ဘဝမွာ ထရိန္နင္ကတည္းက member ေတြနဲ႕အကုန္ ရန္ျဖစ္ဖူးခဲ့ေပမယ့္ lee know နဲ႕ေတာ့ သင့္သင့္ျမတ္ျမတ္အၿမဲရွိခဲ့တာေလ။ အခုဟာက သူမွားတာမွန္ေပမယ့္ ဒီေလာက္ႀကီးေျပာဖို႔လိုလို႔လား။ ဒီရက္ေတြသူ႕မွာ အိပ္ခ်ိန္ေတာင္မရွိေအာင္ ဘယ္ေလာက္အလုပ္မ်ားေနခဲ့ရလဲ။ deadline နီးမွလုပ္တတ္တဲ့အက်င့္ကလည္းတကယ္ဆိုးတာပဲ။

" hanna "

တစ္ေယာက္တည္းေတြးကာ စိတ္မေကာင္းျဖစ္ေနတုန္း Changbin ေရာက္လာေတာ့ Han ကသူ႕ရဲ႕ ဝိုင္းတက္ကာယိုစိမ့္က်ခါနီးျဖစ္တဲ့မ်က္ရည္စေတြကို ကပ်ာကယာပဲဖယ္ရွားလိုက္သည္။Changbin သည္ Hannie ေဘး၌ထိုင္ကာ ေခါင္းကိုပြတ္သပ္ေပးလိုက္ၿပီးေနာက္ ႏူးညံ့ေသာအသံျဖင့္

" အရမ္းစိတ္မေကာင္းမျဖစ္ပါနဲ႕ lee know hyungလည္းနည္းနည္းပင္ပန္းၿပီးစိတ္ဆက္ေနတဲ့အခ်ိန္မို႔လို႔ေနမွာပါ "


" ကြၽန္ေတာ္နားလည္ပါတယ္ hyung ဘာမွမျဖစ္ပါဘူး "

Han jisung ကေခါင္းၿငိမ့္ရင္း ေလသံခပ္ေဖ်ာ့ေဖ်ာ့ျဖင့္ျပန္ေျဖလိုက္ေသာ္လည္း မ်က္ႏွာမေကာင္းေပ။

" ဒီရက္ပိုင္း မင္းသူမႀကိဳက္တာတစ္ခုခုမ်ားလုပ္မိေသးလား တစ္ခုခုေရာ ကေတာက္ကဆျဖစ္တာမ်ိဳးရွိလား "

Changbin အေမးကို Han က အေသအခ်ာေတြးဆဆလုပ္ၿပီးမွ သက္ျပင္းခ်ကာေခါင္းခါျပလိုက္သည္။

" မရွိပါဘူး အင္း.....မရွိဘူးထင္တာပဲ hyung ကြၽန္ေတာ္ ဒီရက္ပိုင္းအားမွမအားတာ သူနဲ႕ေတာင္ တေန႕ကအကတိုက္ေတာ့မွေတြ႕တာကို "

Han jisung ရဲ႕ အေျပာကိုChangbin ကမ်က္ေမွာင္ႀကဳံ႕လိုက္ၿပီးေနာက္

" မင္း ဟိုေန႕က သူအျပင္သြားဖို႔ဖုန္းဆက္ခ်ိန္းတာကိုျငင္းလိုက္တယ္မလား "

" အာ... ဟုတ္သားပဲ hyungကဘယ္လိုသိတာလဲ "

" အဲ့အခ်ိန္တုန္းက lee know hyung နဲ႕ ငါအေဆာင္မွာရွိေနတာေလ သူဖုန္းဆက္ေတာ့ ငါ့ေရွ႕မွာပဲ "

" ဟုတ္တယ္ အဲ့ေန႕ကြၽန္ေတာ္မအားလို႔ျငင္းလိုက္တာ ဒါေပမဲ့အဲ့အခ်ိန္တုန္းကလည္းေကာင္းေကာင္းမြန္မြန္ပါပဲ ဟင္းးးးးးး မသိေတာ့ပါဘူးဗ်ာ ထားလိုက္ပါေတာ့ "

သူ lee know အေပၚမွာဘာေတြမွားခဲ့လဲေတာ့မသိေပမယ့္ အခုခ်ိန္မွာေတာ့ သူleeknow hyung ကိုတကယ္စိတ္ဆိုးသည္။ ဒါေၾကာင့္စိတ္ရႈပ္စြာျဖင့္သက္ျပင္းခ်ကာ ပူထူေနၿပီျဖစ္သည့္ေခါင္းေပၚကဆံပင္မ်ားကိုဆြဲဖြလိုက္သည္။

" လာ hyung အေအးဝယ္တိုက္မယ္ ၿပီးရင္ အကျပန္က်င့္ရေအာင္ ပြဲကနီးေနၿပီေလ "

Changbin လည္းစိတ္မသက္မသာျဖစ္ေနသည့္ ညီေလး၏ပခုံးကိုဖက္ကာဆြဲထူလိုက္ၿပီး အေအးစက္နားသို႔အတူေလွ်ာက္သြားလိုက္သည္။ သူတို႔ႏွစ္ေယာက္အေအးေသာက္ရင္းအျပင္မွာဆယ္မိနစ္ၾကာေအာင္ ေနၾကၿပီးမွ practice roomထဲသို႔ အတူတူျပန္ဝင္လာသည္။

အခန္းတြင္းကေလထုသည္ Han jisung နဲ႕ Changbin ဝင္လာသည့္အခါ ခုနကေလာက္ တင္းမာမေနေတာ့ေပမယ့္ နည္းနည္းထိမိလွ်င္ ေပါက္ကြဲနိုင္သည့္အေနအထားမွာရွိေနသည္။ jisung က ဝင္လာကတည္းက ထိုင္ေနသည့္ lee know ကိုတစ္ခ်က္မွ်မၾကည့္ဘဲ ၾကမ္းျပင္ေပၚတြင္လွဲေနေသာ hyunjin ထံသို႔ တန္းတန္းမတ္မတ္ေလွ်ာက္သြားလိုက္သည္။

" hyunjinna ငါ့ကို ခုနက အပိုင္းျပန္သင္ေပးလို႔ရမလား ငါတကယ္ရႈပ္ေနလို႔ "

jisung ေျပာလိုက္ေတာ့ hyunjin ကလွဲေနရာကေန ထကာ မတ္တပ္ထရပ္လိုက္သည္။

" အင္း ရတာေပါ့ မင္းဘယ္နားမရတာလဲ ငါ့ကိုျပ "

Hyunjin နဲ႕ Jisung တို႔အကသင္ေနၾကခ်ိန္ ေဘးက Felix ကလည္း jisung နဲ႕အတူတူဝင္ကေပးကာ ဝင္ကူညီေပးသည္။ ဆယ့္မိနစ္ေလာက္ၾကာေတာ့ break time ၿပီးဆုံးၿပီး lee know ဦးေဆာင္ကာ အကျပန္ေလ့က်င့္တာေၾကာင့္ jisungကလြဲၿပီး က်န္တဲ့ member မ်ားက လုံးဝမမွားရေအာင္ေသခ်ာဂ႐ုတစိုက္ျဖင့္ ေလ့က်င့္ေနၾကသည္ ။ အခုခ်ိန္မွာ ဘယ္သူမွ lee know ရဲ႕ေဒါသကိုမစမ္းခ်င္ၾကဘူးေလ။ jisung ကေတာ့ တစ္ခါတစ္ခါအမွားပါေနေပမယ့္ ပိုၿပီးအမ်ားႀကီးေကာင္းလာခဲ့သည္။ jisung ရဲ႕ ေျခေထာက္စည္းခ်က္မမိတာကို ျမင္သည့္ lee know ကေျပာခ်င္ေသာ္လည္း မျမင္ခ်င္ေယာင္ေဆာင္လိုက္၏ ။ အခုခ်ိန္မွာ ထပ္ၿပီးေျပာလည္း ထပ္ၿပီးရန္ျဖစ္ဖို႔ပဲရွိတာမို႔ ေနာက္မွပဲ hyunjin နဲ႕ lix ကိုေျပာကာjisung ကိုေသခ်ာသင္ခိုင္းရမယ္လို႔ေတြးလိုက္သည္။

..........................................

#5/5/23
#shanemann

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

864K 19.7K 48
In wich a one night stand turns out to be a lot more than that.
101K 4.3K 50
❥❥❥ [BNHA x Fem!Reader] ❛❛𝔸𝕝𝕝 𝕥𝕙𝕖 𝕣𝕚𝕔𝕙𝕖𝕤 𝕓𝕒𝕓𝕪, 𝕎𝕠𝕟'𝕥 𝕞𝕖𝕒𝕟 𝕒𝕟𝕪𝕥𝕙𝕚𝕟𝕘, 𝔸𝕝𝕝 𝕥𝕙𝕖 𝕣𝕚𝕔𝕙𝕖𝕤 𝕓𝕒𝕓𝕪...
185K 6.6K 94
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
678K 24.8K 100
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...