Uni
"ကေျာင်းဆရာရေ။ဗျို့ ကေျာင်းဆရာ။"
ကေျာင်းပိတ်ရက်မို့ နားအေးပါးအေးလေး စာအုပ်ကလေးဖတ်နေသည်ကို အသံဆိုးြဖင့် သူ့အား အော်ခေါ်နေသူကြောင့် ကြည်လင်နေသော စိတ်အစံု ပျောက်ဆံုးသွားလေတော့သည်။
ထိုအသံမှာ သကောင့်သားလေးရဲ့ အသံဆိုတာ သေချာပါလျက် ထိုသကောင့်သားလေးမှာ သူ့အိမ်ကိုသူ မဝင်ဘဲ ဘာ့ကြောင့် သူ့နာမည်အား အော်ခေါ်နေရပါသနည်း။
သိချင်စိတ်ဖြင့် အိမ်အောက်ကို ဆင်းကြည့်လိုက်တော့ မြင်လိုက်ရသည့်မြင်ကွင်းက သူ့ရင်ထဲ ထိတ်ခနဲ။
ခရမ်းပြာရောင် မြန်မာဝမ်းဆက်ကလေးကို ဝတ်ထားကာ ဆံနွယ်တေွကို pony tail စီးထားသော အသားြဖူြဖူ ပုပုလံုးလံုး ကောင်မလေးကြောင့် သူ ခြေမကိုင်မိ လက်မကိုင်မိ ြဖစ်သွားလေသည်။
ထို့နောက် သူ့နှုတ်ဖျားမှာလည်း အမည်နာမ တစ်ခုက ထိတ်လန့်စွာ ထွက်သွားလေတော့သည်။
"လပြည့််!!"
သူ ထိုနာမ ကို ခေါ်လိုက်တော့ တစ်ဖက်က မိန်းမပျိုက သူ့အား လှိုက်လှိုက်လှဲလှဲပြံုးပြလာပြီး သူ့ထံသို့အပြေးတကော ရောက်ရှိလာကာ သူ့လက်မောင်းကိုဖက်တွယ်လာလေသည်။
"သိပါဘူး။ကိုိကို က မွန်း ကို မေ့နေပြီထင်တာ။"
တစ်ဦးတည်းသော ညီမ ကို မေ့စရာလား။အထူးသဖြင့် နင့်လို ညီမကို။
ထိုကဲ့သို့ အော်ပြောကာ ငိုချလိုက်ချင်ပေမယ့်။သူက ကျောင်းဆရာ ပေပဲမလား။ကိုယ့် ဟန်ကိုယ်တော့ ထိန်းရဦးမည်လေ။
"မေမေ တို့ က ဘာမှ အကြောင်းမကြား..."
"အကြောင်းမကြားဆို မွန်း က ကိုကို့ ကို စပရိုက် ဖြစ်စေချင်လို့ေလ။ဘာလဲ ကိုယ့်ညီမ တစ်ယောက်လံုး ရောက်လာတာတောင် မပေျာ်တာလား။"
"မ...မ..မဟုတ်။ရုတ်တရက်ဆိုတော့ ကိုကို အံ့သြသွားလို့ပါ။"
"နောက်မှ အံ့သြ။မမ လည်း ပါလာတယ်။နောက်မှာ။"
အငယ်မ ထံမှ မမ ဟူသော စကားကြောင့်
သူ့ရင်တို့ လှုပ်ရှားသွားလေသည်။
သို့သော် အငယ်မရဲ့ စကားကို မယံုရဲ။
"ကေျာင်းဆရာ မှာ ညီမရှိတယ်ဆိုတာကိုတော့ ကြားမိပါရဲ့။ဒီလောက်ချောမယ်လို့ မထင်ထားတာ အမှန်ဗျို့။ကေျာင်းဆရာထက်တောင် ချောသေး လှသေးဗျ။"
မောင်နှမ နှစ်ယောက်ရဲ့ စကားဝိုင်းထဲသို့ ရယ်ကျဲကျဲ ဖြင့် ဝင်ရောက်လာသူကတော့ သကောင့်သားလေးပင်။
မြေွမြေွချင်း ခြေြမင်သူပမာ သူ သိလိုက်ပါပြီ။ထိုသကောင့်သား ဒီရက်ပိုင်း အပိုးကျိုးနေသည်မှာ သူ့ရဲ့ မဟာရန်သူတော် ချစ်ညီမကြောင့်ဆိုတာ။
"မဟုတ်တာ ကိုကြီးသက်ပိုင် ကလည်း။ကိုကို က ပိုခေျာပါတယ်။"
သက်ပိုင် ဆိုသော နာမကြောင့် ခန့်သူ ခဏလောက်ကြောင်အ သွားလေသည်။
နောက်မှ သကောင့်သားရဲ့နာမည် ြဖစ်ကြောင်းကို သဘောပေါက်သွားလေသည်။
နေပါဦး သကောင့်သားက သူ့နာမည်ကို သူ့ကို ပြောဖူးသလား။မပြောဖူးဘူးလား ဆိုတာ သူမမှတ်မိတော့။
သူ့စိတ်ထဲစွဲနေသည်မှာ ထိုလူအား သူပေးထားသော သကောင့်သားလေး ဟူသည့်နာမည်ပင်။
"ခန့်သူ!"
ထိုစဥ် ြခံဝင်းထဲဝင်ရောက်လာသော လူတစ်ယောက်ကြောင့် ခန့်သူ ရဲ့ စိတ်အစံုဟာ ထိုလူသားလေးအပေါ်တွင် အလံုးစံုရောက်ရှိသွားလေတော့သည်။
ထိုမိန်းမပျိုကလေးမှာ ငှက်ခါးရောင်မြန်မာဝမ်းဆက်ကလေးကို ဝတ်ဆင်ထားပြီး တင်ထိရှိသော ဆံနွယ်တေွအား ချည်ကွင်းလေးဖြင့် စည်းနှောင်ထားလေသည်။
"ကြည်ပြာ ဘယ်လိုလုပ်ပြီး။"
မျက်လံုးကြီးကျွတ်ကျမတတ်ဖြစ်နေသော ကျောင်းဆရာအား သက်ပိုင် တစ်ချက်ကြည့်လို်က်ကာ မဲ့ပြံုးပြံုးလိုက်လေသည်။
မြေွမြေွချင်းမို့ ခြေမြင်သည်လေ။
သို့သော် ယောက်ဖလောင်းလေးမို့ သူ သိပ်မပြောချင်ပေ။
ယခုကတည်းက အပိုးကျိုးထားရမည်မလား။
သူ့ညီမ ဆိုသူက သူနှင့် လားလားမှမဆိုင်။
သူ့လို ဂလန့့်ဂလား မဟုတ်ဘဲ ပုပုလံုးလံုး ချစ်စရာလေး။
နှုတ်ခမ်းလေးတေွဆိုလည်း ရဲလို့ ၊ မျက်တောင်လေးများမှာလည်း ကော့ညွတ်လို့ ၊ အပြောအဆိုကလည်း ညက်ညက်ကလေး။
သူ့ဆို ကိုကြီး ကိုကြီး နဲ့ တယ်လည်း နားဝင်ချိုချက်။
အမ ထံမှ ကေျာင်းဆရာမှာ ညီမ ရှိတယ်ဆိုလို့ ယောက်ဖလောင်းနေရာ အရံထားပြီး အပိုးကျိုးခဲ့သမျှ အခုတော့ အလကားမဖြစ်။
ထိုကောင်မလေးမှာ သူထင်ထားသည်ထက်ပင် အဆတစ်သောင်းလောက်ပင်မကအောင် ချစ်ဖို့ကောင်းနေလေသည်။
သူ လည်း သူ့မဟေသီြဖစ်လာမည့်သူကို မည်သို့ မည်ပံုချစ်ပြမည်ဟု ပြောထားသဖြင့် ယောက်ဖလောင်းကြီးကလည်း သူ့အား ငြင်းနိုင်မည့် အင်အားရှိလိမ့်မည်မဟုတ်။
တယ်ပိုင်ချက်။မင်းတော်တယ် သက်ပိုင်။မင်းတော်တယ်။ဟားဟားဟား။
သူ စိတ်ထဲတွင် လူယုတ်မာဆန်ဆန်ရယ်လိုက်ကာ နွားပြာကြီးအောက်သွားမရှိသကဲ့သို့ ပြံုးဖြီးနေသော ကျောင်းဆရာကိုကြည့်လိုက်လေသည်။
ထိုကေျာင်းဆရာ ထိုကောင်မလေးကို ကြိုက်လည်းကြိုက်ချင်စရာပင်။
ဘယ်လိုကြည့်ကြည့်ကို လှနေတာ။ရင်ထဲအေးပြီး မြန်မာဆန်ဆန်လေး။နောက် ပါးမို့မို့လေးထက် သနပ်ခါးရေကျဲလေးလည်း လိမ်းထားသေးသည်။
တကယ် လှပါပေသည်။
သို့သော် သူသည် ကေျာင်းဆရာရဲ့ ညီမကိုသာ ပိုသဘောကျသည်။
အဟိ။သက်ပိုင် တစ်ယောက်တော့ ကေျာင်းဆရာနဲ့ ယောက်ဖတော်ရချည်သေးရဲ့။
...........
Zawgyi
"ကျောင်းဆရာရေ။ဗျို့ ကျောင်းဆရာ။"
ကျောင်းပိတ်ရက်မို့ နားအေးပါးအေးလေး စာအုပ်ကလေးဖတ်နေသည်ကို အသံဆိုးဖြင့် သူ့အား အော်ခေါ်နေသူကြောင့် ကြည်လင်နေသော စိတ်အစုံ ပျောက်ဆုံးသွားလေတော့သည်။
ခရမ်းပြာရောင် မြန်မာဝမ်းဆက်ကလေးကို ဝတ်ထားကာ ဆံနွယ်တွေကို pony tail စီးထားသော အသားဖြူဖြူ ပုပုလုံးလုံး ကောင်မလေးကြောင့် သူ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားလေသည်။
"လပြည့််!!"
သူ ထိုနာမ ကို ခေါ်လိုက်တော့ တစ်ဖက်က မိန်းမပျိုက သူ့အား လှိုက်လှိုက်လှဲလှဲပြုံးပြလာပြီး သူ့ထံသို့အပြေးတကော ရောက်ရှိလာကာ သူ့လက်မောင်းကိုဖက်တွယ်လာလေသည်။
"သိပါဘူး။ကိုကို က မွန်း ကို မေ့နေပြီထင်တာ။"
"အကြောင်းမကြားဆို မွန်း က ကိုကို့ ကို စပရိုက် ဖြစ်စေချင်လို့လေ။ဘာလဲ ကိုယ့်ညီမ တစ်ယောက်လုံး ရောက်လာတာတောင် မပျော်တာလား။"
"နောက်မှ အံ့သြ။မမ လည်း ပါလာတယ်။နောက်မှာ။"
အငယ်မ ထံမှ မမ ဟူသော စကားကြောင့် သူ ရင်တို့ လှုပ်ရှားသွားလေသည်။
သို့သော် အငယ်မရဲ့ စကားကို မယုံရဲ။
နောက်မှ သကောင့်သားရဲ့နာမည် ဖြစ်ကြောင်းကို သဘောပေါက်သွားလေသည်။
"ခန့်သူ!"
ထိုစဉ် ခြံဝင်းထဲဝင်ရောက်လာသော လူတစ်ယောက်ကြောင့် ခန့်သူ ရဲ့ စိတ်အစုံဟာ ထိုလူသားလေးအပေါ်တွင် အလုံးစုံရောက်ရှိသွားလေတော့သည်။
ထိုမိန်းမပျိုကလေးမှာ ငှက်ခါးရောင်မြန်မာဝမ်းဆက်ကလေးကို ဝတ်ဆင်ထားပြီး တင်ထိရှိသော ဆံနွယ်တွေအား ချည်ကွင်းလေးဖြင့် စည်းနှောင်ထားလေသည်။
မျက်လုံးကြီးကျွတ်ကျမတတ်ဖြစ်နေသော ကျောင်းဆရာအား သက်ပိုင် တစ်ချက်ကြည့်လိုက်ကာ မဲ့ပြုံးပြုံးလိုက်လေသည်။
မြွေမြွေချင်းမို့ ခြေမြင်သည်လေ။
သူ့လို ဂလန့်ဂလား မဟုတ်ဘဲ ပုပုလုံးလုံး ချစ်စရာလေး။
နှုတ်ခမ်းလေးတွေဆိုလည်း ရဲလို့ ၊ မျက်တောင်လေးများမှာလည်း ကော့ညွတ်လို့ ၊ အပြောအဆိုကလည်း ညက်ညက်ကလေး။
အမ ထံမှ ကျောင်းဆရာမှာ ညီမ ရှိတယ်ဆိုလို့ ယောက်ဖလောင်းနေရာ အရံထားပြီး အပိုးကျိုးခဲ့သမျှ အခုတော့ အလကားမဖြစ်။
သူ လည်း သူ့မဟေသီဖြစ်လာမည့်သူကို မည်သို့ မည်ပုံချစ်ပြမည်ဟု ပြောထားသဖြင့် ယောက်ဖလောင်းကြီးကလည်း သူ့အား ငြင်းနိုင်မည့် အင်အားရှိလိမ့်မည်မဟုတ်။
တယ်ပိုင်ချက်။မင်းတော်တယ် သက်ပိုင်။မင်းတော်တယ်။ဟားဟားဟား။
သူ စိတ်ထဲတွင် လူယုတ်မာဆန်ဆန်ရယ်လိုက်ကာ နွားပြာကြီးအောက်သွားမရှိသကဲ့သို့ ပြုံးဖြီးနေသော ကျောင်းဆရာကိုကြည့်လိုက်လေသည်။
ထိုကျောင်းဆရာ ထိုကောင်မလေးကို ကြိုက်လည်းကြိုက်ချင်စရာပင်။
တကယ် လှပါပေသည်။
သို့သော် သူသည် ကျောင်းဆရာရဲ့ ညီမကိုသာ ပိုသဘောကျသည်။
အဟိ။သက်ပိုင် တစ်ယောက်တော့ ကျောင်းဆရာနဲ့ ယောက်ဖတော်ရချည်သေးရဲ့။
...........