"တီချယ်ရယ်...လပတ် စာမေးပွဲလေးကို...."
"လပတ်စာမေးပွဲလည်း စာမေးပွဲပဲလေ...
အားယားနေလို့ ပေးဖြေနေတာမှ မဟုတ်တာ..
အလေ့ အကျင့်ဖြစ်အောင် ပေးဖြေတာ...
ငါ သိတယ်...အဲ့နေ့က တို့ အခန်းစောင့်လို့...
မင်း အခုလို...အမှတ် နည်းတာ မလား..."
"မဟုတ်ပါဘူးဆိုနေ တီချယ်ရယ်....
မြတ် ဘာသာ မြတ် စာ မကျက်ထားလို့ ဖြေမရတာ"
"ဘယ် ရမလဲ...အဲ့စာတွေကို မကျက်ဘဲ...
အလေလိုက်ပြီး...တို့ အခန်းထဲ ခဏ ခဏ
လာနေတာကိုး...."
"အို...ခက်ရော တီချယ်ရယ်...
မြတ်...အဲ့ အပုဒ်ကြီးကို ကျက်ဖို့မေ့သွားလို့ပါ"
"ငါသိတယ်....ဘယ်ကျက်မလဲ...မင်းစိတ်တွေက
ဆရာမကိုပဲ စော်ကားနေတာကိုး...သေချာကြည့်စမ်း
ငါ့ ဘာသာပဲ...အမှတ်က မရှုံးရုံတမယ်...
54 နဲ့...ကျန်တဲ့ ဘာသာတွေ အမှတ်က လန်ပျံနေရော
အဲ့တာ...အဲ့ ဘာသာပြ ဆရာမဖြစ်တဲ့...
ငါ့ကို...စော်ကားနေလို့...ဆရာဂိုဏ်းသင့်နေတာ...
နားလည်လား....တော်ပြီ တော်ပြီ....
မင်းစိတ်တွေ မင်းပြင်တော့.....
အဖြေလည်း စောင့်မနေနဲ့....အခုချိန် ဘာစိတ်မှ...
တို့ အပေါ် မထားနဲ့.....ငါက မင်းဆရာမပဲ....
ကြားလား...."
"ကြားတယ်...ကြားတယ်....ပြန်တော့မယ်...
ဆရာမ ဒေါ်ခင်ခန့်ခန့်ကို ရှင့်...."
"ရွဲ့ ရွဲ့.....ပြန်မလာနဲ့...."
"မလာဘူး...မလာဘူး....
လူကိုဆို...အော်ဖို့ပဲ သိတဲ့ ဆရာမဆီ ဘယ်တော့မှ
ပြန်မလာဘူး....."
"ကြွ ကြွ....."
မိုးတောင် အတော်ချုပ်နေပြီပဲ....
ဒီ အချိန် တီချယ်...ညနေစာရော...
စားပြီးလောက်ပြီလား...
သူက လူကြီးပဲဟာလေ....ပူနေစရာ မလိုပါဘူး....
ဒီအချိန်မှာ.......
"ဝွီး.......ဒုန်း...."
"မြတ်!!!"
တီချယ် စိတ်ကောက်ပြီး...ထမင်း မစားမှာ...
စိတ်ပူမိတယ်လေ....
မနေနိုင်...မထိုင်နိုင်...မြတ်ကပဲ...တီချယ့်ဆီကို...
စက်ဘီးလေးနဲ့...လာရတော့တာပေါ့....
လာခြင်းမကောင်းတဲ့ မြတ်ရဲ့...ကံတရားကြောင့်ပဲလား....
"ဘယ်တော့မှ ပြန်မလာဘူး"ဆိုတဲ့...စကားကပဲ...
ပါးစပ် စီးသွားတာများလား.....
မြတ်ဆီ လိုက်လာတဲ့...တီချယ့်ကို မြင်ပြီး..
အံ့ဩမိလို့....အနောက်မီးမပါတဲ့..သုံးဘီးကားကို...
ဝင်တိုက်မိလေပြီ....
မြတ် ဆီသို့ စိတ်ပူပူနှင့်အပြေးလာတဲ့....
တီချယ့်ကို...
"စိတ် တအား မပူပါနဲ့....ဘာမှ မဖြစ်ဘူး...."
"ဘာကို ဘာမှ မဖြစ်တာလည်း ကလေးရယ်...
ခေါင်းပေါက်သွားပြီ ထင်တယ်...
သွေးထွက်လွန်သွားမယ်...ဆေးခန်း သွားမယ်နော်...
တီချယ် ကုန်းပိုးသွားမယ်...သေချာ ကိုင်ထား...."
"တီချယ်...ဘယ်လိုဖြစ်နေတာလဲ...
ခါးနာသွားမယ်လေ...
ရပါတယ်ဆိုနေ...သမီး လမ်းလျှောက်နိုင်တယ်လို့..
အောက်ပြန်ချပေး...."
"ဘေဘီ!!!လူကြီးက ဒါဆို ဒါပေါ့...
သုံးဘီးဆရာ...ဘာရပ်ကြည့်နေလဲ....
ကလေးနဲ့ ကျွန်မကို...ဆေးခန်း လိုက်ပို့..."
"ဟို..."
"ဘာမှ မဟိုနေနဲ့...ကျွန်မ ကလေးတစ်ခုခု ဖြစ်လို့ကတော့....ရှင်...အချုပ်ထဲ ရောက်ပြီမှတ်...."
"ဟုတ်...ဟုတ်...ကျွန်တော် လိုက်ပို့ပါ့မယ်...."
"တီချယ်...သမီးတို့ ဘက်က မှားတာလေ...
ဘယ်နှယ့် သူများကိုသွားဟောက်နေတာလဲ..."
"ပါးစပ်ကလေး ပိတ်ထား...
မရှည်နဲ့....ရှင်လည်း အဆောင်ရောက်ရင် အဲ့ထက်
ပိုဟောက်ခံရမယ်...."
"ဟင်း....ဒေါ်ခင်ခန့်ခန့်ကိုရေ...
တကယ် မနိုင်ပါဘူး...."
"စေမှန်" အခမဲ့ ရပ်ရွာအဖွဲ့ ဆေးခန်း.....
ဒီဆေးခန်းလေးက...တီချယ် မ တည်ထားတဲ့...
မြတ်တို့ ...နယ်မြေက ဆေးခန်းလေးပေါ့....
နာမည်တောင်မှ...စေမှန်တဲ့လေ....
ဒီနာမ်စားလေးက...မြတ် အပိုင်ဆိုတာ...
တီချယ်နဲ့ မြတ်က လွဲရင် ဘယ်သူမှ မသိခဲ့ပါဘူး.....
"ညီမလေး...ခေါင်းမူးနေသေးလား...."
"ဟအင်း...မမူးတော့ဘူး...ဒေါက်တာ..."
"အာရုံကြောတွေရော...သေသေချာချာ မြင်ရ...
ကြားရ ရဲ့လား...."
"ဟုတ်...နတ်သမီး ဒေါက်တာလှလှလေးကို မြင်ရပြီး
အသံ ချိုချို....ဒေါက်တာ့ အသံလေးတွေကို...
သေသေချာချာ ကြားနေရပါတယ်....
အား...အား...."
"ဘာဖြစ်တာလဲ..ညီမလေး..."
"အော်..ဟို..ခေါင်းနည်းနည်း ကိုက်လို့ပါ..."
တကယ်တော့....မြတ် ဘေးနားက...
တကယ့် နတ်သမီး အစစ်လေး....
အူတိုတိုနဲ့....ဗိုက်ကြော ဆွဲလိမ်လိုက်တာကိုတော့...
ဒေါက်တာ သိမယ် မထင်ပါဘူး.....
"အနားယူဖို့လိုနေပြီ ထင်တယ် ညီမလေး...
၁ပတ် ၂ပတ် လောက်...သေသေချာချာ အနားယူလိုက်ပါနော်...."
"ဟုတ်ကဲ့ စိတ်ချပါ ....
ဒေါက်တာ့ စကား...မပယ်ရှား....
အမြဲ နှလုံးသားဝယ် ဆောင်ပါ့မည်ပေါ့....."
"သိပ်ပြောတတ်ပါ့..."
"ဟီးဟီး..."
"မြတ်!"
"ရှင် ဆရာမ..."
"အရှေ့မှာ Taxi ရှိတယ်...အဲ့တာနဲ့ တို့ အဆောင်
လိုက်ခဲ့နှင့်...တို့ မင်းစက်ဘီး နဲ့ ပြန်ပြီ...."
"အိုကေ..ကောင်းပြီ...
ဆရာမ ဒေါ်ခင်ခန့်ခန့်ကိုရှင့်....
သမီး...ဒေါက်တာနဲ့ စကားပြောပြီး...ခဏနေ လိုက်ခဲ့မယ်...."
"အခုလိုက်ခဲ့....ဒေါက်တာ့မှာ အလုပ်တွေ ရှိသေးတယ်....မင်း သူများတွေကို...လိုက် မရှုပ်နေနဲ့..."
"ရပါတယ်...ဆရာမရဲ့....
ညဘက်ဆိုတော့...လူနာက...သိပ်မလာကြတော့ဘူး"
"ဟုတ်တယ်နော်...ဆေးခန်းက...ဘယ်သူမှ
မရှိတော့ကြောက်စရာကြီး...
မြတ် အဖော် အိပ်ပေးရမလား...."
"အိပ်ပေးလိုက်...ပိုကောင်းတာပေါ့....
မြတ်...တို့ သွားပြီး..."
ဒီလို အချိန်တွေမှာ....ခန့်ရဲ့ ရင့်ကျက်မှု့တွေကလည်း
ဘယ်ကို ပျောက်လို့ပျောက်သွားမှန်း မသိ.....
"အူတို နေတဲ့ အမျိုးသမီးလေးရေ....
ဟောဒီ့က လူနာလေး ပြန်ရောက်ပါပြီ...."
"...."
"အမလေး...လန့်လိုက်တာ..တီချယ်ရယ်...
ဘယ်လိုဖြစ်လို့ ဆိုဖာပေါ်မှာ...မျက်ထောင့်နီနီနဲ့...
သရဲမကြီးလို ထိုင်နေရတာလဲ...
ခဏက....ဒေါက်တာမလေးနဲ့များ ကွာပါ့...."
တဘုန်းဘုန်းနဲ့.....ရောက်လာတဲ့...
တီချယ့် လက်တွေကို...မြတ် မတားဝံ့တော့ပါဘူး...
တီချယ် တကယ်....စိတ်ထိခိုက်သွားတာမို့....
မြတ် အမှားကို...မြတ်သိသွားပါပြီ....
တီချယ်ရယ်....မြတ်ကို...အဲ့သလောက်တောင် ချစ်ရသလား.....
"တီချယ်...ရိုက်လို့ ဝပြီလားဟင်...
ဘေဘီ မှားသွားတယ်နော်....နောက် မစတော့ဘူးနော်
မငိုနဲ့တော့...."
"လာမခေါ်နဲ့!! အခုမှ ဘာတီချယ်လဲ..."
"တီချယ်ကလည်း....
မြတ်မှာက အမြတ်တနိုး ခေါ်စရာ...
တီချယ်ဆိုတဲ့...နာမ်စားလေးပဲ ရှိတဲ့ဟာကို...
အဲ့လို မခေါ်လို့...မိန်းမလို့...ခေါ်ရမှာလားလို့..."
"မြတ်...မင်း မရွဲ့နဲ့နော်....
ခေါင်းထိပြီး...ရူးများရူးသွားပြီလား...မသိဘူး...
တို့...အရူးကိုတော့...မယား မတော်နိုင်ဘူး...
အိပ်ပြီ..."
"နေအုံးလေ... ပြောပြရအုံးမယ် တီချယ်ရဲ့....
လက်ဖက်ရည်ဆိုင် အရှေ့မှာလေ...
အမျိုးသမီးလေး တစ်ယောက်...
အရှက် မရှိ...စက်ဘီး မှောက်သွားလေရဲ့...."
"ဘေဘီနော်....မစနဲ့ကွာ...."
"မစပါဘူး...ဆေးထည့်ပေးဖို့....
ဆေးပုလင်း သွားယူအုံးမယ်နော်...ခဏစောင့်..."
"အင်း..."
"ရပါပြီဗျာ...ပိစိလေးစပ်မယ်နော်"
"သူများက သတ္တိရှိပြီးသား ထည့်စရာရှိထည့်"
"ဝါး...တကယ် မစပ်ဘူးပေါ့"
"မစပ်ဘူး"
"ဖူး....ဖူး...ဖူး..."
"ချီးတွေထွက်ကုန်အုံးမယ် မမှုတ်နဲ့တော့"
"တီချယ်ကလည်း မြတ် အမှုတ်ကျွမ်းပါတယ်
မယုံဘူးလား..."
"ယုံတယ် ယုံတယ်...
ဒီလောက်လေးနဲ့ ရပ်"
"ဟီး"
တီချယ်က မစပ်ဘူးလို့သာ ပြောတာပါ...
ရုပ်လေးကိုက စပ်သွားတဲ့ ရုပ်လေး...
တီချယ်က အဲ့လို သတ္တိခဲလေးပါ....။
________
Zawgyi
"တီခ်ယ္ရယ္...လပတ္ စာေမးပြဲေလးကို...."
"လပတ္စာေမးပြဲလည္း စာေမးပြဲပဲေလ...
အားယားေနလို႔ ေပးေျဖေနတာမွ မဟုတ္တာ..
အေလ့ အက်င့္ျဖစ္ေအာင္ ေပးေျဖတာ...
ငါ သိတယ္...အဲ့ေန႔က တို႔ အခန္းေစာင့္လို႔...
မင္း အခုလို...အမွတ္ နည္းတာ မလား..."
"မဟုတ္ပါဘူးဆိုေန တီခ်ယ္ရယ္....
ျမတ္ ဘာသာ ျမတ္ စာ မက်က္ထားလို႔ ေျဖမရတာ"
"ဘယ္ ရမလဲ...အဲ့စာေတြကို မက်က္ဘဲ...
အေလလိုက္ၿပီး...တို႔ အခန္းထဲ ခဏ ခဏ
လာေနတာကိုး...."
"အို...ခက္ေရာ တီခ်ယ္ရယ္...
ျမတ္...အဲ့ အပုဒ္ႀကီးကို က်က္ဖို႔ေမ့သြားလို႔ပါ"
"ငါသိတယ္....ဘယ္က်က္မလဲ...မင္းစိတ္ေတြက
ဆရာမကိုပဲ ေစာ္ကားေနတာကိုး...ေသခ်ာၾကည့္စမ္း
ငါ့ ဘာသာပဲ...အမွတ္က မ႐ႈံး႐ုံတမယ္...
54 နဲ႔...က်န္တဲ့ ဘာသာေတြ အမွတ္က လန္ပ်ံေနေရာ
အဲ့တာ...အဲ့ ဘာသာျပ ဆရာမျဖစ္တဲ့...
ငါ့ကို...ေစာ္ကားေနလို႔...ဆရာဂိုဏ္းသင့္ေနတာ...
နားလည္လား....ေတာ္ၿပီ ေတာ္ၿပီ....
မင္းစိတ္ေတြ မင္းျပင္ေတာ့.....
အေျဖလည္း ေစာင့္မေနနဲ႔....အခုခ်ိန္ ဘာစိတ္မွ...
တို႔ အေပၚ မထားနဲ႔.....ငါက မင္းဆရာမပဲ....
ၾကားလား...."
"ၾကားတယ္...ၾကားတယ္....ျပန္ေတာ့မယ္...
ဆရာမ ေဒၚခင္ခန္႔ခန္႔ကို ႐ွင့္...."
"႐ြဲ႕ ႐ြဲ႕.....ျပန္မလာနဲ႔...."
"မလာဘူး...မလာဘူး....
လူကိုဆို...ေအာ္ဖို႔ပဲ သိတဲ့ ဆရာမဆီ ဘယ္ေတာ့မွ
ျပန္မလာဘူး....."
"ႂကြ ႂကြ....."
မိုးေတာင္ အေတာ္ခ်ဳပ္ေနၿပီပဲ....
ဒီ အခ်ိန္ တီခ်ယ္...ညေနစာေရာ...
စားၿပီးေလာက္ၿပီလား...
သူက လူႀကီးပဲဟာေလ....ပူေနစရာ မလိုပါဘူး....
ဒီအခ်ိန္မွာ.......
"ဝြီး.......ဒုန္း...."
"ျမတ္!!!"
တီခ်ယ္ စိတ္ေကာက္ၿပီး...ထမင္း မစားမွာ...
စိတ္ပူမိတယ္ေလ....
မေနႏိုင္...မထိုင္ႏိုင္...ျမတ္ကပဲ...တီခ်ယ့္ဆီကို...
စက္ဘီးေလးနဲ႔...လာရေတာ့တာေပါ့....
လာျခင္းမေကာင္းတဲ့ ျမတ္ရဲ႕...ကံတရားေၾကာင့္ပဲလား....
"ဘယ္ေတာ့မွ ျပန္မလာဘူး"ဆိုတဲ့...စကားကပဲ...
ပါးစပ္ စီးသြားတာမ်ားလား.....
ျမတ္ဆီ လိုက္လာတဲ့...တီခ်ယ့္ကို ျမင္ၿပီး..
အံ့ဩမိလို႔....အေနာက္မီးမပါတဲ့..သုံးဘီးကားကို...
ဝင္တိုက္မိေလၿပီ....
ျမတ္ ဆီသို႔ စိတ္ပူပူႏွင့္အေျပးလာတဲ့....
တီခ်ယ့္ကို...
"စိတ္ တအား မပူပါနဲ႔....ဘာမွ မျဖစ္ဘူး...."
"ဘာကို ဘာမွ မျဖစ္တာလည္း ကေလးရယ္...
ေခါင္းေပါက္သြားၿပီ ထင္တယ္...
ေသြးထြက္လြန္သြားမယ္...ေဆးခန္း သြားမယ္ေနာ္...
တီခ်ယ္ ကုန္းပိုးသြားမယ္...ေသခ်ာ ကိုင္ထား...."
"တီခ်ယ္...ဘယ္လိုျဖစ္ေနတာလဲ...
ခါးနာသြားမယ္ေလ...
ရပါတယ္ဆိုေန...သမီး လမ္းေလွ်ာက္ႏိုင္တယ္လို႔..
ေအာက္ျပန္ခ်ေပး...."
"ေဘဘီ!!!လူႀကီးက ဒါဆို ဒါေပါ့...
သုံးဘီးဆရာ...ဘာရပ္ၾကည့္ေနလဲ....
ကေလးနဲ႔ ကြၽန္မကို...ေဆးခန္း လိုက္ပို႔..."
"ဟို..."
"ဘာမွ မဟိုေနနဲ႔...ကြၽန္မ ကေလးတစ္ခုခု ျဖစ္လို႔ကေတာ့....႐ွင္...အခ်ဳပ္ထဲ ေရာက္ၿပီမွတ္...."
"ဟုတ္...ဟုတ္...ကြၽန္ေတာ္ လိုက္ပို႔ပါ့မယ္...."
"တီခ်ယ္...သမီးတို႔ ဘက္က မွားတာေလ...
ဘယ္ႏွယ့္ သူမ်ားကိုသြားေဟာက္ေနတာလဲ..."
"ပါးစပ္ကေလး ပိတ္ထား...
မ႐ွည္နဲ႔....႐ွင္လည္း အေဆာင္ေရာက္ရင္ အဲ့ထက္
ပိုေဟာက္ခံရမယ္...."
"ဟင္း....ေဒၚခင္ခန္႔ခန္႔ကိုေရ...
တကယ္ မႏိုင္ပါဘူး...."
"ေစမွန္" အခမဲ့ ရပ္႐ြာအဖြဲ႕ ေဆးခန္း.....
ဒီေဆးခန္းေလးက...တီခ်ယ္ မ တည္ထားတဲ့...
ျမတ္တို႔ ...နယ္ေျမက ေဆးခန္းေလးေပါ့....
နာမည္ေတာင္မွ...ေစမွန္တဲ့ေလ....
ဒီနာမ္စားေလးက...ျမတ္ အပိုင္ဆိုတာ...
တီခ်ယ္နဲ႔ ျမတ္က လြဲရင္ ဘယ္သူမွ မသိခဲ့ပါဘူး.....
"ညီမေလး...ေခါင္းမူးေနေသးလား...."
"ဟအင္း...မမူးေတာ့ဘူး...ေဒါက္တာ..."
"အာ႐ုံေၾကာေတြေရာ...ေသေသခ်ာခ်ာ ျမင္ရ...
ၾကားရ ရဲ႕လား...."
"ဟုတ္...နတ္သမီး ေဒါက္တာလွလွေလးကို ျမင္ရၿပီး
အသံ ခ်ိဳခ်ိဳ....ေဒါက္တာ့ အသံေလးေတြကို...
ေသေသခ်ာခ်ာ ၾကားေနရပါတယ္....
အား...အား...."
"ဘာျဖစ္တာလဲ..ညီမေလး..."
"ေအာ္..ဟို..ေခါင္းနည္းနည္း ကိုက္လို႔ပါ..."
တကယ္ေတာ့....ျမတ္ ေဘးနားက...
တကယ့္ နတ္သမီး အစစ္ေလး....
အူတိုတိုနဲ႔....ဗိုက္ေၾကာ ဆြဲလိမ္လိုက္တာကိုေတာ့...
ေဒါက္တာ သိမယ္ မထင္ပါဘူး.....
"အနားယူဖို႔လိုေနၿပီ ထင္တယ္ ညီမေလး...
၁ပတ္ ၂ပတ္ ေလာက္...ေသေသခ်ာခ်ာ အနားယူလိုက္ပါေနာ္...."
"ဟုတ္ကဲ့ စိတ္ခ်ပါ ....
ေဒါက္တာ့ စကား...မပယ္႐ွား....
အၿမဲ ႏွလုံးသားဝယ္ ေဆာင္ပါ့မည္ေပါ့....."
"သိပ္ေျပာတတ္ပါ့..."
"ဟီးဟီး..."
"ျမတ္!"
"႐ွင္ ဆရာမ..."
"အေ႐ွ႕မွာ Taxi ႐ွိတယ္...အဲ့တာနဲ႔ တို႔ အေဆာင္
လိုက္ခဲ့ႏွင့္...တို႔ မင္းစက္ဘီး နဲ႔ ျပန္ၿပီ...."
"အိုေက..ေကာင္းၿပီ...
ဆရာမ ေဒၚခင္ခန္႔ခန္႔ကို႐ွင့္....
သမီး...ေဒါက္တာနဲ႔ စကားေျပာၿပီး...ခဏေန လိုက္ခဲ့မယ္...."
"အခုလိုက္ခဲ့....ေဒါက္တာ့မွာ အလုပ္ေတြ ႐ွိေသးတယ္....မင္း သူမ်ားေတြကို...လိုက္ မ႐ႈပ္ေနနဲ႔..."
"ရပါတယ္...ဆရာမရဲ႕....
ညဘက္ဆိုေတာ့...လူနာက...သိပ္မလာၾကေတာ့ဘူး"
"ဟုတ္တယ္ေနာ္...ေဆးခန္းက...ဘယ္သူမွ
မ႐ွိေတာ့ေၾကာက္စရာႀကီး...
ျမတ္ အေဖာ္ အိပ္ေပးရမလား...."
"အိပ္ေပးလိုက္...ပိုေကာင္းတာေပါ့....
ျမတ္...တို႔ သြားၿပီး..."
ဒီလို အခ်ိန္ေတြမွာ....ခန္႔ရဲ႕ ရင့္က်က္မႈ႕ေတြကလည္း
ဘယ္ကို ေပ်ာက္လို႔ေပ်ာက္သြားမွန္း မသိ.....
"အူတို ေနတဲ့ အမ်ိဳးသမီးေလးေရ....
ေဟာဒီ့က လူနာေလး ျပန္ေရာက္ပါၿပီ...."
"...."
"အမေလး...လန္႔လိုက္တာ..တီခ်ယ္ရယ္...
ဘယ္လိုျဖစ္လို႔ ဆိုဖာေပၚမွာ...မ်က္ေထာင့္နီနီနဲ႔...
သရဲမႀကီးလို ထိုင္ေနရတာလဲ...
ခဏက....ေဒါက္တာမေလးနဲ႔မ်ား ကြာပါ့...."
တဘုန္းဘုန္းနဲ႔.....ေရာက္လာတဲ့...
တီခ်ယ့္ လက္ေတြကို...ျမတ္ မတားဝံ့ေတာ့ပါဘူး...
တီခ်ယ္ တကယ္....စိတ္ထိခိုက္သြားတာမို႔....
ျမတ္ အမွားကို...ျမတ္သိသြားပါၿပီ....
တီခ်ယ္ရယ္....ျမတ္ကို...အဲ့သေလာက္ေတာင္ ခ်စ္ရသလား.....
"တီခ်ယ္...႐ိုက္လို႔ ဝၿပီလားဟင္...
ေဘဘီ မွားသြားတယ္ေနာ္....ေနာက္ မစေတာ့ဘူးေနာ္
မငိုနဲ႔ေတာ့...."
"လာမေခၚနဲ႔!! အခုမွ ဘာတီခ်ယ္လဲ..."
"တီခ်ယ္ကလည္း....
ျမတ္မွာက အျမတ္တႏိုး ေခၚစရာ...
တီခ်ယ္ဆိုတဲ့...နာမ္စားေလးပဲ ႐ွိတဲ့ဟာကို...
အဲ့လို မေခၚလို႔...မိန္းမလို႔...ေခၚရမွာလားလို႔..."
"ျမတ္...မင္း မ႐ြဲ႕နဲ႔ေနာ္....
ေခါင္းထိၿပီး...႐ူးမ်ား႐ူးသြားၿပီလား...မသိဘူး...
တို႔...အ႐ူးကိုေတာ့...မယား မေတာ္ႏိုင္ဘူး...
အိပ္ၿပီ..."
"ေနအုံးေလ... ေျပာျပရအုံးမယ္ တီခ်ယ္ရဲ႕....
လက္ဖက္ရည္ဆိုင္ အေ႐ွ႕မွာေလ...
အမ်ိဳးသမီးေလး တစ္ေယာက္...
အ႐ွက္ မ႐ွိ...စက္ဘီး ေမွာက္သြားေလရဲ႕...."
"ေဘဘီေနာ္....မစနဲ႔ကြာ...."
"မစပါဘူး...ေဆးထည့္ေပးဖို႔....
ေဆးပုလင္း သြားယူအုံးမယ္ေနာ္...ခဏေစာင့္..."
"အင္း..."
"ရပါၿပီဗ်ာ...ပိစိေလးစပ္မယ္ေနာ္"
"သူမ်ားက သတၱိ႐ွိၿပီးသား ထည့္စရာ႐ွိထည့္"
"ဝါး...တကယ္ မစပ္ဘူးေပါ့"
"မစပ္ဘူး"
"ဖူး....ဖူး...ဖူး..."
"ခ်ီးေတြထြက္ကုန္အုံးမယ္ မမႈတ္နဲ႔ေတာ့"
"တီခ်ယ္ကလည္း ျမတ္ အမႈတ္ကြၽမ္းပါတယ္
မယုံဘူးလား..."
"ယုံတယ္ ယုံတယ္...
ဒီေလာက္ေလးနဲ႔ ရပ္"
"ဟီး"
တီခ်ယ္က မစပ္ဘူးလို႔သာ ေျပာတာပါ...
႐ုပ္ေလးကိုက စပ္သြားတဲ့ ႐ုပ္ေလး...
တီခ်ယ္က အဲ့လို သတၱိခဲေလးပါ....။
________