Cherish

Oleh TaeYoonKook_Cloud

8.3K 1K 158

Kim Taehyung x Min Yoongi Written by AchanN12 Lebih Banyak

Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part-8
Part-10
Part-11
Part-12
Part-13

Part-9

392 66 29
Oleh TaeYoonKook_Cloud

(Unicode)

"အကိုယွန်းဂီ နောက်ကျနေပြီ ! မြန်မြန် ! "

"အေးပါ ဂျီမင်းရဲ့ လာပါပြီ ခဏလေးပါ "

တိုက်ခန်းအပြင်ကနေ အော်ခေါ်နေတဲ့ ဂျီမင်းနဲ့ ကုတ်အင်္ကျီအရှည်ကြီးကိုဝတ်ထားပြီး လုံးလုံးလုံးလုံးနဲ့ ပြေးလာနေတဲ့ ယွန်းဂီက မျက်မှန်အထူကြီးလည်း တပ်ထားသေးတယ် ။

"လာ ကားမမှီပဲနေလိမ့်မယ် "

ဂျီမင်းပြောပြောဆိုဆိုနဲ့ ယွန်းဂီလက်ကိုဆွဲကာ ကားမှတ်တိုင်စီ ပြေးရတော့သည် ။ ဒီအရာက သူတို့ဘဝထဲမှာ ဖြစ်နေကြ ပုံမှန်အရာဖြစ်သည် ။ ယွန်းဂီ ပီယာနိုသင်တန်းနဲ့ ဂျီမင်းရဲ့ တက္ကသိုလ်ဟာ တစ်လမ်းကြောင်တည်းဖြစ်တာကြောင့် အတူတူသွားဖြစ်တာ ကြာပြီ ။ ဟိုဆော့နဲ့ ဆော့ဂျင်ကတော့ ဆေးရုံတစ်ခုတည်းဖြစ်တာကြောင့် ကားတစ်စီးတည်း အတူသုံးကြ၏ ။ ကားအပိုရှိနေပေမယ့် ကားမမောင်းတတ်တဲ့ ယွန်းဂီနဲ့ ဂျီမင်းက ဘတ်စ်ကားကိုသာ အားကိုးနေရသည် ။

"အကို ...ဒီနေ့ ကျွန်တော်ပြန်တာနောက်ကျမယ်လို့ ဦးလေးကိုပြောပေးနော် "

ဂျီမင်းကပြောပြီး ကားပေါ်ကနေ ဆင်းသွားတယ် ။ ကျွန်တော်ခေါင်းငြိမ့်ပြလိုက်၏ ။ ကျန်ခဲ့တဲ့ ကျွန်တော်ကတော့ သင်တန်းရှိရာကို ဆက်စီးသွားဖို့ပြင်လိုက်၏ ။ မျက်စိမမြင်ရတုန်းက တတ်ထားတဲ့ စန္ဒရားတီးခြင်းကိုပဲ အခုချိန်မှာပဲ သက်မွေးဝမ်ကြောင်းတစ်ခုအနေနဲ့ ဆက်လက်လုပ်ကိုင်နေသည် ။ လိုအပ်တဲ့ အသိအမှတ်ပြုချက်တွေကို နှစ်နှစ်ကျော်လောက်စုဆောင်းပြီးနောက် သင်တန်းကျောင်းတစ်ခုမှာပဲ အမြဲတမ်းဆရာတစ်ယောက်အနေနဲ့ စ,တင်လုပ်ကိုင်ခဲ့သည် ။ အတန်းတွေမရှိတဲ့ချိန်ဆို ခါတိုင်းလိုပဲ ဘုရာကျောင်းမှာ သင်ပေးပြီး လွန်ခဲ့တဲ့ တစ်နှစ်လောက်ကစ,လို့ ဖျော်ဖြေပွဲ အသေးလေးတွေကို လုပ်တတ်သည် ။ ဖျော်ဖြေပွဲနဲ့ သင်တန်းက ရသမျှပိုက်ဆံအများစုကို ဆော့ဂျင်ဟျောင်းလက်ထဲထည့်ပေးပြီး ကျွန်တော်က ဘာကိုမှ သိပ်အပူအပင်မရှိပဲ ဘဝကို ဖြတ်သန်းနေတယ်လို့ ပြောရမှာပဲ ။ တစ်ယောက်တည်းကျန်ခဲ့တဲ့ ကျွန်တော်က မျက်စိတွေကိုမှိတ်ချလိုက်၏ ။ ဒီအခိုက်အတန့်ဟာ ကျွန်တော်သဘောအကျဆုံးသောအချိန်ပဲ နားနားလေးကို ဖြတ်သွားတဲ့လေသံနဲ့ သစ်ရွက်သံတွေဟာ သဘာဝကပေးတဲ့ သီချင်းတစ်ပုဒ်လိုပဲ သာယာလွန်းတယ် ။

________

ဂျီမင်း ပါမောက္ခအခန်းကိုသွားရင်း ရင်းနှီးတဲ့ ပုံရိပ်ကြောင့် ခြေလှမ်းတို့ကို အနောက်ဆုတ်ကာ လှမ်းကြည့်လိုက်တော့ အကိုဟိုဆော့ဖြစ်နေ၏ ။ ခါတိုင်းလိုပဲ တောက်လျှောက်ဘောင်းဘီအပွနဲ့ အပေါ်က ရှပ်လက်ရှည်ကို ဘောင်းဘီထဲထည့်ကာ ဝတ်ထားပြီး တံတောင်ဆစ်လောက်အထိ အင်္ကျီလက်ကိုခေါက်ထားတဲ့ အကိုဟိုဆော့က စတိုင်ကျ၏ ။

"ဂျီမင်း..."

ကျွန်တော်ကြည့်နေတာကို မြင်သွားတဲ့ အကိုက လှမ်းခေါ်လာတယ် ။ ကျွန်တော်မျက်စိတွေမှိတ်သွားသည့်အထိ ရယ်ပြကာ နှုတ်ဆက်လိုက်၏ ။

"အကို ဒီကိုဘာလာလုပ်တာလဲ "

အဆောင်ရှေ့လမ်းကနေ ကားထားတဲ့ဆီကိုလျှောက်ရင်း မေးလိုက်သည် ။

"ငါလား ...သူငယ်ချင်းစီလာလည်ရင်း ဒီက အချိန်ပိုင်းပါမောက္ခအဖြစ်အလုပ်လျှောက်မယ့်ကိစ္စကို လာတိုင်ပင်တာ "

"ကျွန်တော်တို့ကျောင်းကို ..."

ဂျီမင်း မေးလိုက်တော့ ဟိုဆော့က ခေါင်းငြိမ့်ပြကာ

"ဟုတ်တယ် ...ဒီမှာက သူငယ်ချင်းလည်းရှိပြီး ဆေးရုံနဲ့လည်း အရမ်းကြီးမဝေးဘူးဆိုတော့ အလုပ်အတွက်ရော အဆင်ပြေတယ်လေ ပြီးတော့ ဒီမှာက ဂျီမင်းလည်းရှိတော့ အဆင်ပြေတယ်လေ "

"ကျွန်တော်ရှိတာနဲ့ ဘာအဆင်ပြေရမှာလဲ "

"သွားရေးလာရေးရော ပြီးတော့ အကူအညီရော အကုန်လုံးပဲလေ...ပြီးတော့ အဓိက,က မင်းဦးလေး ...ဆော့ဂျင်က မင်းရှိတဲ့ ဒီတက္ကသိုလ်ကို အရင်ဆုံး အကြံပေးတာ မင်းကို ကြည့်ပေးမယ့်လူရှိအောင်လို့တဲ့ "

အကိုဟိုဆော့က ပြောနေရင်းနဲ့ ကားအနောက်တံခါးကိုဖွင့်ပြီး လက်ထဲကို ဗူးလေးတစ်ဗူးထည့်ပေးလာတယ် ။

"ရော့ ဘာမှမစားရသေးရင် ဒီဟာယူထားလိုက် ဆော့ဂျင်က ဒီနေ့မှ ထူးထူးခြားခြား ဆူရှီစားချင်တယ်ပြောနေလို့ နာမည်ကြီးဆိုင်ကနေ သေချာမှာထားတာ အဲ့ဒါ ငါ့အတွက်ဟာ မင်း ယူထားလိုက်"

အကိုဟိုဆော့ လက်ထဲထည့်ပေးလာတဲ့ ဆူရှီဗူးလေးက သပ်သပ်ရပ်ရပ်လေး ။အထဲမှာပါတဲ့ ဆူရှီအမျိုးအစားတွေကို ကြည့်ရုံနဲ့တင် အကိုက ဦးလေးကို တော်တော်လေးချစ်တယ်ဆိုတာ ထင်ရှားသည် ။ ကျွန်တော် ခေါင်းငြိမ့်ပြလိုက်၏ ။

"ပြီးတော့ ဒီနေ့ စောစောပြန်ခဲ့နော် မင်းဦးလေး နေ့တစ်ပိုင်း ဂျုတီအားတယ် စောစောပြန်မှာ "

"အာ...အကိုဟိုဆော့ကလည်း ဒီတိုင်း ဒိတ်ဆိုပြီး အချိန်ဆွဲထားပေးလို့မရဘူးလား ဟိုမှာက ဘော်ဒါတွေနဲ့ အကုန် ချိန်းပြီးပြီ "

ကျွန်တော်ခေါင်းကိုကုတ်ပြီး ပြောလိုက်တယ် ။ အက,ကတဲ့နေရာမှာ ဘော်ဒါတွေနဲ့အကုန်ဆုံဖို့ စီစဉ်ပြီးသွားပြီ ။

"အဲ့လိုလုပ်ရမလား...အင်း အဲ့လိုလုပ်ပေးမယ်လေ ဆော့ဂျင်နဲ့ ညဘက်အတူတူမဒိတ်ရတာလည်းကြာပြီ ဒါပေမယ့် ၉နာရီအထိပဲနော် မင်းဦးလေး မနက်ဖြန်ကြ မနက်အစောပိုင်းဂျူတီရှိလို့ စောစော အိပ်ရမှာ "

အကိုဟိုဆော့က ပျော်ရွှင်စွာပြောလာ၏ ။

"သွားပြီ ကြက်ပေါက်လေး ..."

​ဆံပင်တွေဖွပြီး ကားထဲဝင်သွားတဲ့ အကိုဟိုဆော့ကြောင့် နှလုံးသားကခုန်သွားတာကို မသိကျွန်ပြုကာ ကျွန်တော်ပြုံးပြကာ ခေါင်းငြိမ့်ပြလိုက်သည် ။အကိုဟိုဆော့ရဲ့ကားလေးက ကျောင်းအပြင်ထွက်သွားသည့်အထိ ကြည့်နေပြီတော့မှ အဆောင်ဘက်ကို ပြန်လှည့်လာခဲ့သည် ။ အဆောင်ရှေ့ကခုံမှာထိုင်နေကြတဲ့ သူငယ်ချင်းတစ်သိုက်က စပ်စုချင်နေပုံရတယ် ။ ကျွန်တော် ဝင်ထိုင်လိုက်တာနဲ့ ဘေးနားရောက်လာကာ

"အဲ့ဒီ ခပ်လန်းလန်းဘဲက ဘယ်သူလဲ ဂျီမင်း "
"ဘယ်ကလည်း "

"ငါ့ဦးလေးရဲ့ကောင်လေး "

သူငယ်ချင်းတွေရဲ့ အမေးကို ပြန်ဖြေလိုက်တော့ အားလုံးက ဝိုင်းပြီး ချီးကျူးနေကြ၏ ။ 'မင်းဦးလေးနဲ့လိုက်တယ်' ၊ ' နှစ်ယောက်လုံးလိုက်နေတာပဲ' ဆိုတာတွေပေါ့ ။ သူတို့ပြောသလိုပဲ နှစ်ယောက်လုံးက နတ်ဖက်တဲ့စုံတွဲလို လိုက်ဖက်လွန်းတယ် ။ ရုပ်ချောတယ် ၊ စိတ်ရင်းကောင်းတယ် ပြီးတော့ နှစ်ယောက်လုံးက အသက်မွေးဝမ်းကြောင်းတူတဲ့အပြင် ဒီနိုင်ငံကလူတွေ အကုန်အားကျရတဲ့ ဆရာဝန်တွေချည်းပဲ ။ လူငယ်ဆန်ပြီး အရာရာကို လိုက်လျောညီအောင်တွေးပေးတတ်တဲ့ အကိုဟိုဆော့နဲ့ တည်ငြိမ်ပြီး အရာရာတိုင်းကို အလေးအနက်လုပ်ပေးတတ်တဲ့ဦးလေးက သူတို့ပြောသလိုမျိုး ကျွန်တော်ကြည့်လည်း မလိုက်ဖက်ပဲ ကွဲထွက်နေတဲ့အရာ တစ်ခုမှမရှိဘူး ။အဓိက,ကတော့ အကိုဟိုဆော့က ဦးလေးကို အရမ်းချစ်တယ်ဆိုတာပဲ ။ဦးလေးကိုချစ်လွန်းလို့ ကျွန်တော့်ကိုရော အကိုယွန်းဂီကိုပါ အလိုလိုက်အကြိုက်ဆောင်ပေးတာကိုပဲ ကြည့် ။

"မင်းနဲ့ရော အဆင်ပြေတယ်မလား တစ်အိမ်တည်းဆိုတော့ မင်းဦးလေးရဲ့ ချစ်သူဆိုပြီး မင်းကို ဗိုလ်ကျတာတွေ အာဏာပြတာတွေရှိလား "

"မရှိပါဘူး အကိုဟိုဆော့က သဘောကောင်းတယ် ပြီးတော့ ငါ့အပေါ်လည်း ဂရုစိုက်ပါတယ် "

ဂျီမင်းပြန်ဖြေလိုက်သည် ။ အကိုဟိုဆော့နဲ့ ကျွန်တော်နဲ့ ဘယ်လိုအဆင်ပြေသွားလဲဆိုတော့ အကိုက ကျွန်တော့်အပေါ်ကို နားလည်ပေးတယ် ။ အဲ့နေ့ ...အကသင်တန်းစ,တက်တဲ့နေ့မှာပဲ အကိုဟိုဆော့နဲ့ မိသွားလို့ ဦးလေးကိုပြန်တိုင်မယ်ထင်ထားပေးမယ့် ထိုသူကတော့ အခုထိ ဖုံးကွယ်ပေးထား၏ ။ တခါတခါ သင်တန်းကိုတောင် လာကြိုပေးတတ်သေးတယ် ။ ထိုနေ့ကစ,ပြီး တဖြည်းဖြည်းနဲ့ အကိုဟိုဆော့ကို ခင်တွယ်လာ၏ ။

________

ကိုရီးယားမြေကိုခြေချလိုက်သည်နှင့် ထယ်ယောင်း ရင်ထဲမှာ လွတ်လပ်သွားသလိုပဲ ။ တခြားသူအိမ်ကနေ ကိုယ့်အိမ်ကို ကိုယ်ပြန်ရောက်လာသလိုပဲ ပတ်ဝန်းကျင်ကအစ နေလို့သက်တောင့်သက်သာရှိစေသည် ။ လေဆိပ်အပြင်ကိုထွက်ပြီး ကားတစ်စီးကိုငှားကာ ဒယ်ဂူးအထိ တောက်လျှောက်မောင်းပေးဖို့ ညှိလိုက်၏ ။ လာကြိုမယ်လို့ပြောနေတဲ့ မေမေတို့ကို ကိုယ့်ဘာသာပြန်လာခဲ့မယ်လို့ပြောထားရသေးတယ် ။ ဒီမှာ တစ်ညအိပ်ပြီး မနက်စောစောထွက်ခဲ့မယ်လို့ပြောထားပေမယ့် တကယ်တမ်းကြ အိမ်ကိုသာ တန်းပြန်ချင်တော့တယ် ။ ကျွန်တော် မြင်ချင်နေတဲ့ မျက်နှာပိုင်ရှင်လေးကို မြန်မြန်တွေ့ချင်လှပြီ ။

ထယ်ယောင်း ပိုက်ဆံအိတ်ထဲက ဓါတ်ပုံအသေးလေးကိုထုတ်ယူကာ ဓါတ်ပုံထဲက ဦးလေးငယ်ကို ကြည့်ပြီး ပြုံးလိုက်မိသည် ။ဒီမျက်နှာနုနုလေးက ပြောင်းလဲသွားမလား ။ ဘယ်လောက်တောင် ပြောင်းလဲသွားမလဲ သိချင်မိ၏ ။အမြဲနူးနူးညံ့ညံ့ပြုံးတတ်တဲ့ မျက်နှာငယ်လေးက ရင့်ကျက်သွားမလား ဒါမှမဟုတ် ခပ်တိုးတိုးစကားပြောသံဟာ ပြောင်းလဲသွားမလား သိချင်မိသည် ။ စန္ဒရားတီးနေတဲ့လက်မလို့ ပန်းနုရောင်လက်ဆစ်လေးတွေကတော့ ပြောင်းလဲသွားမယ်လို့ မထင်ဘူး ။ ခန္ဓာကိုယ်ငယ်လေးကတော့ အခုဖက်လိုက်ရင် ရင်ခွင်ထဲတန်းရောက်သွားမယ်ထင်တယ် ။ တွေးကြည့်လို့တောင် မတတ်ပေမယ့် ယွန်းကို တွေ့ချင်လှပြီ ။

ကားကိုတော်တော်ကြာအောင်စီးပြီးနောက် အိမ်တော်ရှေ့ကို ကားရပ်ခိုင်းပြီး ကိုယ့်ဘာသာပဲ အိတ်တွေကိုယူကာ တံခါးကိုတွန်းဖွင့်ပြီး ဝင်သွားလိုက်၏ ။ တံခါးသံကြောင့် ပြေးလာတဲ့ကောင်မလေးက ခဏတာကြည့်နေပြီးမှ အိမ်တော်ထဲကို ပြေးဝင်သွားပြီး ခဏအကြာမှာပဲ အသံစာစာလေးထွက်လာ၏ ။

"သခင်လေးပြန်လာပြီ ! သခင်မကြီးရေ ...သခင်လေးပြန်လာပြီ ! "

ကောင်မလေးရဲ့အော်သံအဆုံးတွင် အိမ်တော်ထိန်းကြီးရော မေမေပါ အမြန်ထွက်လာကြ၏ ။မေမေက ကျွန်တော့်ကိုတွေ့တာနဲ့ ပြေးဖက်တော့တာပဲ ။

"သား ...မနက်ဖြန်လောက်မှ ဒီရောက်မှာဆို မေမေက ဘာမှပြင်မထားရသေးဘူး "

မေမေက ပြောလာတာကြောင့် ရယ်ပြကာ

"မေမေ့ကို အံ့ဩသွားအောင်လို့ပါ ဖေဖေရော ..."

ထယ်ယောင်းမေးရင်းနဲ့ ဘေးဘီကိုကြည့်ကာ တွေ့ချင်နေတဲ့လူသားလေးကို ရှာနေမိသည် ။ သို့သော် အရိပ်လေးတောင်မတွေ့ရပဲ ။

"ဖေဖေက ခဏနေပြန်လာလိမ့်မယ် လာ..ရေချိုးဘာညာလုပ်ပြီး နားလိုက်အုံး မေမေပြင်စရာရှိတာတွေ ပြင်လိုက်အုံးမယ် "

"သားက မေမေနဲ့ စကားတွေပြောချင်သေးတာကို "

"အချွဲလေး...နားပါ မေမေနဲ့ ညစာစားရင်းနဲ့မှ ပြောတာပေါ့ "

"မေမေဒါနဲ့ ..ဦးလေးငယ်ရော .."

"သွားနားပါအုံး ပြီးတော့ပြောမှာပေါ့ "

သူမ သားကို သွားနားဖို့ပြောပြီးနောက် အိမ်တော်က လူတွေအားလုံးကိုစုလိုက်ပြီး ယွန်းဂီအကြောင်း ပါးစပ်တောင်မဟဖို့ သတိပေးလိုက်သည် ။ သူမ ညစာအတွက် ဖွယ်ဖွယ်ရာရာချင်ဖို့ပြင်လိုက်၏ ။ အခုတော့ သူမရင်ခွင်နဲ့အဝေးမှာရောက်နေတဲ့ သားလေးလည်းပြန်ရောက်လာပြီး အရာရာဟာ အဆင်ပြေတော့မည်ဖြစ်သည် ။သူမ စိတ်ထင့်နေတာ တစ်ခုပဲ သားက အရင်လို ယွန်းဂီကို ဖက်တွယ်နေမှာ စိုးတယ် ။

______

အိမ်တော်ထိန်းကြီးက အခန်းထဲကို ပစ္စည်းတွေ နေရာချပေးပြီးနောက် ထွက်သွားကြ၏ ။ ထယ်ယောင်း အခန်းကတော့ အရင်ရက်ကတည်းက သန့်ရှင်းရေး ကြိုလုပ်ပေးထားတယ်ထင်တယ် သန့်ရှင်းနေ၏ ။အခန်းထောင့်မှာ ထားထားတဲ့ ဘလက်ခ်ဟာ အရင်လိုပဲ ခမ်းခမ်းနားနားနေရာယူလျက် ။ ကိုယ့်အခန်းကိုကိုယ် တစ်ချက်ကြည့်ပြီးတော့ တစ်ယောက်သောသူရဲ့အခန်းကို ခြေလှမ်းတို့ ဦးတည်လိုက်၏ ။

အခန်းတံခါးကို ဆွဲဖွင့်လိုက်သည်နှင့် ပိတ်စ,အဖြူရောင်တို့ ဖုံးအုပ်ထားတဲ့ ကုတင်ဟာ ဆီးကြိုနေ၏ ။ ထယ်ယောင်းရင်ထဲမှာ အနည်းငယ်တော့ ပူလောင်လာသည် ။ အခန်းထဲကနေပြန်ထွက်ပြီး မေမေသွားမလို့လုပ်နေတုန်း အိမ်တံခါးဝက ဖေဖေကို တွေ့လိုက်တယ် ။

"ဖေဖေ ..! "

ထယ်ယောင်း ဝမ်းသာအားရနဲ့ခေါ်လိုက်တော့ ဖေဖေလည်း အံ့ဩသွားတယ် ထင်တယ် ။ ဖေဖေဆီကို ပြေးသွားပြီး ဖက်လိုက်၏ ။

"သား ပြောတော့ မနက်ဖြန်မှ ပြန်လာမှာဆို.."

"ဖေဖေနဲ့ မေမေကို ဝမ်းသာသွားအောင်လို့ပါ "

ပြောလိုက်တော့ ဖေဖေက သဘောတကျရယ်ပြီး ပခုံးကိုဖက်လာ၏ ။

"လာ မင်းမေမေဆီ သွားရအောင် "

စိတ်ထင်လို့ပဲလားမသိဘူး ဖေဖေ ပိုပိန်သွားသလိုပဲ ။ မေးစရာရှိတာကို အနောက်ဆုတ်ထားလိုက်ပြီး အတွေ့အကြုံတွေနဲ့ ဆေးရုံတွေအကြောင်းကို အရင်ပြောပြလိုက်၏ ။

ညစာ ထမင်းဝိုင်တွင် ရှိနေတဲ့ ထမင်းပန်ကန်သုံးချပ်ကြောင့် ဟင်းထည့်ရင်းနဲ့ မသိချင်ယောင်ဆောင်ကာ

"ဦးလေးငယ်ရော ...ကျောင်းက ပြန်မလာဘူးလား ..ကျောင်းပိတ်ရက်ပဲ ဒီပြန်လာတာလား "

မေးပြီး အခြေအနေကို အကဲခတ်လိုက်၏ ။ မေမေက ထမင်းစားနေတဲ့ ဇွန်းကို ချကာ

"ယွန်းဂီက ဒီကနေ ထွက်သွားပြီ "

ထယ်ယောင်း မယုံကြည်နိုင်ပဲ မေမေကို ကြည့်လိုက်မိသည် ။ ကျွန်တော်ပြန်လာတာကို စောင့်နေပါ့မယ်လို့ ကတိပေးထားတဲ့ဦးလေးငယ်က ထွက်သွားတယ်ဆိုတာ မယုံဘူး ။

"ဘယ်ကိုလဲ ...ဘာလို့လဲ ...သူ ကျွန်တော့်ကို စောင့်နေမယ်လို့ ကတိပေးထားတာ ဘာလို့ ထွက်သွားရမှာလဲ "

"မေမေလည်းမသိဘူးထယ်ယောင်း ... သူ့အနေနဲ့ ဒီအိမ်မှာ နေရတာ ကံကောင်းလှပြီကို ဘာလို့ထွက်သွားလဲ မေမေလည်း မသိဘူး ပြောမရဘူးလေ ကျောင်းမှာအလုပ်လုပ်နေတုန်း တခြားလူနဲ့တွေ့ပြီး လိုက်သွားတာနေမှာပေါ့ "

"ရှင်မ ... ကိုယ်ထင်ရာကို လျှောက်မပြောနဲ့ .."

ဖေဖေက ပြောပြီး ကျွန်တော့်ကိုကြည့်လာသည် ။

"ဖေဖေလည်း ရှာနေတယ်သား ...အခုထိ မတွေ့သေးဘူး ..ယွန်းဂီဘာလို့ ထွက်သွားတယ် ထွက်မသွားခင် ဘာဖြစ်ခဲ့တယ်ဆိုတာ သူနဲ့တွေ့မှအကြောင်းစုံသိရမှာ ဖေဖေပြောနိုင်တာ ဒါအကုန်ပဲ "

ဖေဖေပြောပြီး ထမင်းစားပွဲကနေ ထွက်သွား၏ ။ မေမေက သက်ပြင်းချကာ

"ပထမဆုံး ထမင်းပွဲမှာ ဒီလိုအကြောင်းအရာနဲ့ ပြဿနာရှာမှ ဖြစ်မှာလား သား ..."

"မေမေက ပြဿနာလို့ထင်နေတာလေ "

ထယ်ယောင်းပြောပြီး အပြင်ထွက်လာခဲ့သည် ။ မေမေက အမြဲတမ်း ဦးလေးငယ်ကို ပြဿနာလို့ထင်နေခဲ့တာ ။ အပြင်ကိုထွက်ပြီး အခန်းဘက်ကိုလျှောက်လာတော့ အပေါက်ဝ,မှာ ရပ်နေတဲ့ ဦးလေးကြီးကို တွေ့လိုက်ရသည် ။ဦလေးကြီးက လက်ထဲမှာလည်း ပုံးလေးတစ်ပုံးကို ပိုက်ထားသေးတယ် ။

"ဦးလေးကြီး .."

"သခင်လေး ...သခင်လေးကို ပြောစရာရှိလို့ "

​ဦးလေးကြီးကိုကြည့်ရတာ တစ်ခုခုကို တုံ့ဆိုင်းနေတဲ့ပုံပေါ်တာကြောင့် ထယ်ယောင်း ခေါင်းငြိမ့်ပြလိုက်သည် ။

"ယွန်းဂီက ..သခင်လေးတို့ပြောနေသလိုမျိုး ထွက်သွားတာမဟုတ်ဘူး ..ယွန်းဂီလေးက သခင်လေးကို စောင့်နေသေးပါတယ် ..ဘာတွေဖြစ်လဲသေချာမသိပေမယ့် အဲ့ဒီ့နေ့က ဦးလေးရော အကိုကြီးပါ အလုပ်ကိစ္စနဲ့ ဆိုးလ်ကိုသွားရတာ ပြန်လာတော့ ယွန်းဂီထွက်သွားပြီလို့ပဲ ပြောကြလို့ ..မမကြီးပြောသလိုမျိုး တခြားလူနဲ့လိုက်သွားတာ မဖြစ်နိုင်ဘူး ဦးလေးကြီးသိသလောက် ယွန်းဂီမှာ ဒီအိမ်ကလွဲရင် တခြားခင်တွယ်ရာမရှိပါဘူး "

ဦးလးကြီးက ပြောပြီးပြီးချင်း စိတ်ပေါ့သွားဟန်ဖြင့် သက်ပြင်းချလိုက်၏ ။

"ဦလေးကပြောတာ မမကြီးနဲ့သခင်လေးအချင်းများဖို့မဟုတ်ဘူး ဒီတိုင်း ယွန်းဂီလေးအပေါ်မှာ မလိုအပ်တဲ့အထင်မှားတာတွေ အမုန်းတွေထပ်မရှိလာအောင်လို့ပြောပြတာ ..ယွန်းဂီလေးက သနားဖို့ကောင်းပါတယ် သခင်လေးရယ် ..ပြီးတော့ ဒီဟာက သခင်လေးပို့ပေးတဲ့ စာအိတ်လေးတွေ ဦးလေးလည်း သခင်လေးပြန်လာရင် ပြန်ပေးဖို့ သိမ်းထားခဲ့တာ "

ဦလေးကြီးပြောပြီး ထယ်ယောင်းလက်ထဲကို စာအိတ်ဘေးတွေစုထားတဲ့ ပုံးလေးကို ထည့်ပေးလိုက်သည် ။ ဒီစာအိတ်တွေကို မမကြီးလွင့်ပစ်ခိုင်းထားတယ်ဆိုတာကိုတော့ ထည့်မပြောလိုက်တော့ပါဘူး ။ယွန်းဂီပျောက်သွားကတည်းက အကိုကြီးနဲ့သူနဲ့ ရဲစခန်းရော မိဘမဲ့ဂေဟာတွေရော အစုံရောက်အောင် ရှာပြီးပြီ ။ ဒါပေမယ့် အလုပ်ကတစ်ဖက်နဲ့ရယ် မမကြီးမသိအောင်ရှာနေတာရယ်နဲ့မို့ ထင်သလောက် မထိရောက်ခဲ့ဘူး ။

ဦးလေးကြီး ထွက်သွားပြီးနောက် ထယ်ယောင်း မေမေဆီကို လှည့်ထွက်လာခဲ့သည် ။ ဦးလေးငယ်အိမ်ကနေ ပျောက်သွားတဲ့ကိစ္စနဲ့ ပတ်သက်တဲ့ တခုခုကို မေမေ သေချာပေါက် သိလိမ့်မည် ။

"ရှင်ဘာသိလို့လဲ သားက အခုထိ ယွန်းဂီမှ ယွန်းဂီဖြစ်နေတာ...အဲ့ဒါကို ရှင်က အဲ့ဒီအကန်းကို လိုက်ရှာနေတုန်း "

မေမေတို့ အခန်းထဲကနေ ပြောနေတဲ့စကားကြောင့် ခြေလှမ်းတို့ကို ရပ်ကာ တိတ်တဆိတ် နားထောင်နေလိုက်သည် ။

"မင်း ...စကားကို အဲ့လိုပြောမှ ဖြစ်မှာလား ..ယွန်းဂီကို စောင့်ရှောက်ပေးဖို့က အမေ့ရဲ့နောက်ဆုံးဆန္ဒလေ ရှင်မရယ် ပြီးတော့ အမေပေးခဲ့တဲ့အမွေတွေရှိရက်နဲ့ အဲ့ဒီကလေးက အပြင်မှာ ဒုက္ခခံနေရမှာ ဖြစ်သင့်လို့လား "

"သူ့ခြေနဲ့သူ ထွက်သွားတဲ့လူကို ရှင်က ဒီပြန်ခေါ်လာမလို့လား "

"ငါလည်း စဉ်းစားပြီးသား တကယ်လို့ရှာတွေ့ရင်လည်း အမေ့ရဲ့အရင်အိမ်မှာပဲ ကလေးနှစ်ယောက်လောက်နဲ့ ထားလိုက်မယ် မင်းလည်းမကြည်ဖြူတာ ဒီမှာနေရင် သူလည်း အနေခက်မှာပဲ တခါတလေ အခါကြီးရက်ကြီးမှ ဒီခေါ်လာခဲ့မယ် "

"ရှင်တို့ သားအဖလည်း ဘာတွေနဲ့ ဆွဲဆောင်ခံထားရလဲ ကျွန်မ မသိတော့ဘူး ..အခုသားလည်း ပြန်​ရောက်လာပြီဆိုတော့ ရှင် အဲ့ကလေးကိုရှာနေတာ ရပ်လိုက်တော့ ..ကျွန်မက မဖြစ်သင့်တာ မဖြစ်အောင် ပြောပြနေတာ "

"ရှင်မ ...မင်းတို့ မောင်နှမ နှစ်ယောက်လုံး ယွန်းဂီအပေါ်မှာ ဘယ်လိုဆက်ဆံခဲ့လဲဆိုတာ ငါမသိဘူးမှတ်နေလား ...မင်းကွာ ဒါက လူလူချင်း ကိုယ်ချင်းစာတရားထားတာကွ ..ကိုယ့်သွေးသားကြကောင်းစားပါစေ သူများကြ ဒုက္ခရောက်ပါစေ စိတ်သောကရောက်ပါစေဆိုတာ မဟုတ်သေးဘူး"

ဖေဖေက ပြောပြီး အခန်းတံခါးဆွဲဖွင့်လိုက်တာကြောင့် ထယ်ယောင်းအနောက်ကိုဆုတ်ကာ ခေါင်းတစ်ချက်ငုံ့ပြီး နှုတ်ဆက်လိုက်၏ ။

"သား ..."

ဖေဖေခေါ်သံကြောင့် အထဲမှာနေနေတဲ့ မေမေကပါ ကြည့်လာ၏ ။

"သားသား ..မေမေပြောပြမယ် "

​မေမေက အလောတကြီးထွက်လာပြီး လက်ကိုလှမ်းဆွဲကာ ပြောလာသည် ။ ထယ်ယောင်း သူ့မေမေလက်ကနေ ရုန်းလိုက်ကာ

"သား ...သွားလိုက်အုံးမယ် မေမေ ...ဦးလေးငယ်ကို လိုက်ရှာရမယ်လေ "

"ကင်မ်ထယ်ယောင်း မင်းရဲ့ စွဲလမ်းမှုက အခုထိ မပြီးနိုင်သေးဘူးလား ၁၃နှစ် ...၁၃နှစ်ကျော်ခဲ့ပြီ ..အခုထိ ယွန်းဂီအပေါ်မှာ ဖက်တွယ်ပြီးတော့ပဲ နေမှာလား "

"မေမေ ...ဦးလေးငယ်က ကျွန်တော့်ရဲ့ ရှင်သန်မှုလေးတစ်ခုပဲ မေမေလိုချင်တဲ့ ပညာတတ်ဆိုတဲ့ဂုဏ်ကို ယူခဲ့ပြီးပြီလေ ..ဒီတိုင်း ကျွန်တော့်ကို ဒါလေးတစ်ခုကိုတော့ လိုက်လျောပေးလို့မရဘူးလား .."

"ယောက်ျားအချင်းချင်းကြိုက်တာ မင်းမရှက်ဘူးလား ..ကင်မ်ထယ်ယောင်း မင်းအတွက် ကြိုက်စရာလူအဲ့လောက်ရှားလား "

"ရှားတယ် မေမေ..ကျွန်တော့်အတွက်တော့ ရှားတယ် ..ဦလေးငယ်လို ကျွန်တော့်ကိုပျော်ရွှင်စေမယ့်လူ ၊ဦးလေးငယ်လိုမျိုး တည်ရှိမှုကလေးကတောင် ကျွန်တော့်ကို အသက်ရှင်ဖို့ အားဖြစ်စေတဲ့လူမျိုး မရှိဘူး..မေမေပြောသလိုမဖြစ်အောင် ဦးလေးငယ်ကို မချစ်မိအောင် နေခဲ့တယ် ဒါပေမယ့် ချစ်မိသွားတာကို မေမေရယ် "

ကျွန်တော်ပြောလိုက်တော့ မေမေက ငိုတယ် ။ ဖေဖေကတော့ သက်ပြင်းကိုသာ ချနေ၏ ။ နားလည်ပါတယ် ..အခုချိန်မှာ ကိုယ့်အပေါ်မှာ မျှော်လင့်ချက်ကြီးတဲ့မေမေရဲ့ကမ္ဘာကြီးက ပြိုလဲသွားမယ်ဆိုတာကို ။ကိုယ်တိုင်တောင်မှပဲ အမှန်တရားကို လက်ခံရချိန်မှာ အလဲလဲအပြိုပြိုဖြစ်နေခဲ့တာ ။ ကိုယ့်အပေါ်မှာ အရာအားလုံး မြှုပ်နှံထားတဲ့မိဘတွေပဲ ကိုယ့်ထက်မများတောင် ကိုယ့်ထက်မလျော့ တုန်လှုပ်သွားကြမှာ ။

"မေမေ .. နော် ..."

ထယ်ယောင် သူ့မေမေလက်ကို ဆွဲပြီးပြောလိုက်တော့ မေမေက မျက်နှာလွဲကာ

"မရဘူး သား ..မေမေ ဒီတစ်ခုတော့ လျှော့မပေးနိုင်ဘူး ပတ်ဝန်းကျင်ကသိသွားရင် မေမေ့သားကို မေမေရဲ့အဖိုးတန်သားလေးကို ဝိုင်းပြောကြမှာတွေ မခံနိုင်ဘူး ..သားကို မေမေမွေးခဲ့တာ ဒီလိုမျိုး အပြောဆို ခံရဖို့မှ မဟုတ်တာ "

ထယ်ယောင်း ဖေဖေ့ကိုကြည့်လိုက်တော့ ဖေဖေက ထ,သွား၏ ။ဖေဖေသည်လည်း လက်ခံရခက်ခဲမှာပဲ ။သူအားကိုးတဲ့ သူ့သားက လူပတ်ဝန်းကျင်ပြောစရာအလုပ်ကို လုပ်နေခဲ့တာလေ ။

"မေမေ .."

"နောက်မှပြောမယ် အခုတော့ ပြန်လိုက်အုံး "

မေမေက စကားကိုပိတ်ပြောတာကြောင့် ကျွန်တော်ထွက်လာခဲ့သည် ။ ဘေးနားက သူငယ်ချင်းတွေက လွက်ကူသလောက် ဘာလို့ ကိုယ့်ကြမှ လက်ခံပေးဖို့ ခက်ခဲနေတာလဲ ။သက်ပြင်းချလိုက်ပြီး ဆိုးလ်ပြန်ဖို့ရာအတွက် အခန်းဘက်ပြန်လာတော့ ကွပ်ပျစ်လေးပေါ်မှာ ထိုင်နေတဲ့ ဖေဖေ့ကို တွေ့လိုက်ရသည် ။ အနားရောက်သွားတော့ မော့ကြည့်လာတဲ့ ဖေဖေ့မျက်ဝန်းတွေက အရင်လိုပဲ နွေးထွေးပြီး ကြင်နာတဲ့အကြည့်တွေပါဝင်နေတုန်း ။ ကျွန်တော် အနည်းငယ်တော့ စိတ်အေးသွား၏ ။ ဖေဖေ့ဘေးမှာ ဝင်ထိုင်လိုက်သည် ။

"အချိန်တော့ ယူရလိမ့်မယ် "

ခဏတာတိတ်ဆိတ်ပြီးနောက် ဖေဖေဆီက စကားစ,ပြောလာ၏ ။

"သားအနေနဲ့ ဖေဖေနဲ့မေမေလက်ခံလာအောင် အချိန်တော့ယူရလိမ့်မယ် "

"ဟုတ်ကဲ့"

"ပြင်ဆင်ထား ...ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုတွေကိုရော လူတွေရဲ့အကြည့်ကအစ အထင်သေးတာတွေပါလာလိမ့်မယ် အဲ့တာတွေအတွက်ပြင်ဆင်ထား ပြီးတော့ သားချစ်တဲ့ သားဦးလေးငယ်အပေါ် သက်ရောက်လာတဲ့ ဒုက္ခတွေ အထင်သေးတာတွေ အကုန်လုံးကို သားက ရှေ့ကနေ ကာကွယ်နိုင်တဲ့အထိ ကြံ့ခိုင်အောင် စိတ်ကိုပြင်ဆင်ထား "

ဖေဖေကပြောလာ၏ ။ ဖေဖေက ကိုယ့်အတွက် စိတ်ပူပေးနေတာ ဖြစ်တာကြောင့် ခေါင်းကိုငုံ့လိုက်ကာ

"တောင်းပန်ပါတယ် ..ဖေဖေတို့အတွက် သားက သားကောင်းတစ်ယောက်မဖြစ်ခဲ့ဘူး "

"ဖေဖေ့သားက ဘာလို့သားကောင်းမဟုတ်ဘူးလို့ ပြောရတာလဲ ...ဖေဖေ့အတွက်တော့ သားက သားတတ်တဲ့ပညာနဲ့တင် သားက လူတော်ဖြစ်ပြီး သူများကိုစိတ်ဆင်းရဲအောင်မလုပ်သရွေ့ သမာအာဇီဝအလုပ်ကို လုပ်ကိုင်နေသရွေ့ သားက လူကောင်းတစ်ယောက်ပဲ ..ဘယ်နေရာမှာ ရာဇဝတ်မှုပြစ်ချက် အစွန်းအထင်းရှိလို့ အဲ့စကားပြောရတာလဲ .."

ဖေဖေက ပြောလာ၏ ။ ​ထယ်ယောင်း မျက်ရည်ဝဲလာတာကြောင့် မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်တော့ ဖေဖေက ပခုံးကိုပုတ်ပေး လာတယ် ။

"တစ်ခုပဲ ...သားက လူတွေပြောချင်ဆိုချင်ကြတဲ့အရာကိုလုပ်မယ်ဆိုရင် ဒီကိစ္စကလွဲလို့ ကျန်တဲ့နေရာမှာတော့ အမှားအယွင်းမရှိ ထူးချွန်ရမယ် ...လူတွေက အမြင့်ကိုရောက်သွားရင် အပြစ်တင်ချင်စိတ်တွေ မရှိတော့ဘူး မြှောက်ပင့်တဲ့လူတွေပဲ များလာလိမ့်မယ် ..ဟုတ်ပြီလား ..ဒီဟာက ကားသော့နဲ့ တိုက်ခန်းသော့ ..ကားကတော့ နောက်ရက်ကြ သားကြိုက်တဲ့ကားနဲ့လဲလိုက် ဟုတ်ပြီလား သွားတာတော့ မနက်မှသွားပါ သားရယ် ညကြီး လမ်းခရီးကို ဖေဖေ စိတ်မချဘူး "

ဖေဖေက လက်ထဲကို သော့နှစ်ခုထည့်ပေးလာတယ် ။

"ယွန်းဂီလေးကို ရှာပြီးခေါ်ခဲ့လိုက်ပါ ..ဖေဖေလည်း တောင်းပန်စရာတွေရော ပြောစရာတွေရောရှိတယ် "

ဖေဖေကပြောပြီး ထ,သွား၏ ။ ထယ်ယောင်း အကြာကြီးထိုင်နေပြီးတော့မှ အခန်းထဲဝင်ခဲ့လိုက်သည် ။ ဦးလေးငယ်မရှိတဲ့ အိမ်တော်က ပြန်လာခါစ,တုန်းကလောက် ဖက်တွယ်စရာမရှိတော့သလိုခံစားရ၏ ။ အိမ်မှာရှိနေရတာက မေမေ့အပေါ်မှာ အားနာစိတ်တို့နဲ့သာ မွန်းကြပ်လာတယ်။

မနက်စောစော ထယ်ယောင်း ဆိုးလ်ကိုထွက်တော့ ဖေဖေကသာ တံခါးဝထိလိုက်ပို့ပေးပြီး မေမေကတော့ ထွက်တောင်မတွေ့ဘူး ။ အိမ်ထဲကို လှမ်းကြည့်ပြီး သက်ပြင်းချလိုက်တော့ ဖေဖေက ပခုံးကို လက်ဖြင့်ခပ်သာသာဆုပ်ကာ

"သားမေမေ စိတ်ဆိုးတာ ခဏပါ နောက်ရက်လာခဲ့ပေါ့ ..သားမေမေက သားကိုအကြာကြီး စိတ်မဆိုးနိုင်ပါဘူး သားကို သိပ်ချစ်တာကို "

"ဟုတ် ဖေဖေ...သား သွားလိုက်အုံးမယ် ကျန်းမာရေး ဂရုစိုက်အုံး "

ဖေဖေ့ကို နှုတ်ဆက်ပြီးနောက် ဆိုးလ်ကို ထွက်လာခဲ့သည် ။ရောက်ရောက်ချင်းပဲ တိုက်ခန်းမှာ အထုတ်တွေထားကာ ဂျောင်ကုဆီလိပ်စာမေးပြီး သွားလိုက်၏ ။ အခန်းကိုဘဲလ်နှိပ်လိုက်တော့ ထွက်လာတဲ့ ဂျောင်ကုက ဝမ်းသာအားရဖက်လာ၏ ။

"ထယ်ယောင်း ...မင်း တကယ့်ကောင်ကွာ ပြန်လာမယ်ဆိုတာ ပြောရင် ငါလာကြိုမှာပေါ့ "

"ငါ အိမ်ကိုတန်းပြန်လိုက်တာမို့ မပြောလိုက်တော့တာ "

ဆိုဖာပေါ်ထိုင်ချလိုက်တော့ သောက်လက်စ,အရက်ကိုနဲ့ ပုလင်းကို စားပွဲပေါ်မှာတွေ့လိုက်ရ၏ ။ လူပေါ်ဆီသူဌေးသားလေးကတော့ ထုံးစံအတိုင်း သောက်စားပျော်ပါးကောင်းတုန်းနေမယ် ။ ဂျောင်ကုက ခွက်အသစ်တစ်ခုယူလာကာ ကမ်းပေးလာတာကြောင့် လှမ်းယူလိုက်၏ ။

"ဘယ်လိုလဲ ...မင်းဦးလေးငယ်လေးကို အလွမ်းသယ်ပြီးပြီလား ...နေအုံး ..မင်း ဦးလေးငယ်သာရှိရင် ငါ့ဆီကို ဒီလောက်မြန်မြန်ရောက်လာမှ မဟုတ်ဘူး ..ဘာလဲ မိန်းမယူသွားလို့ အသည်းကွဲလာတာလား "

ဂျောင်ကုရဲ့ ဗလွှတ်ရွှတ်တစကားများကြောင့် ထယ်ယောင်း ဘုကြည့်ကြည့်လိုက်ကာ

"ဗရမ်းဗတာတွေ...ယွန်း အိမ်မှာမရှိလို့ .."

"ဘယ်မှာတဲ့လဲ "

"မသိဘူး...အိမ်ကနေ ထွက်သွားတယ်ပြောပေမယ့် ပျောက်နေတာ ..ဖေဖေတို့လည်း ရှာတာပဲ မတွေ့ဘူး ..အဲ့ဒါ မင်းကူညီပေးအုံး "

ထယ်ယောင်းပြောလိုက်တော့ ဂျောင်ကုက ခေါင်းငြိမ့်ပြသည် ။

"ငါလည်း ရှာပေးမယ် ပြီးတော့ နမ်ဂျွန်းကိုလည်း ပြောလိုက်မယ် သူက ငါ့ထက် လက်တံပိုရှည်တယ်လေ "

ထယ်ယောင်း ဂျောင်ကုစကားကြောင့် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်မိသည် ။ တိုက်ခန်းက ဂျွန်ဂျောင်ကုမပီသစွာပဲ ရှင်းလင်းနေ၏ ။

"မင်း စီနီယာနဲ့ အတူတူနေတာလား "

"နေစရာလား ...သူက အဖေ့သားဆိုတော့ အိမ်မှာနေတယ်လေ ငါက မယားပါသားဆိုတော့ အပြင်မှာနေတယ် ..မနက်ဆို အာရုံနောက်စရာကောင်းလောက်အောင် ရောက်ချလာပြီး ငါ့အခန်းကို သူ့စိတ်တိုင်းကျ အကုန်လုပ်ပြီးမှ အလုပ်သွားတယ် ..ငါလည်း ပြောမနေချင်ဘူး သူရှင်းပေးတော့ ငါတောင် သက်သာသေး "

ဂျောင်ကုစကားအဆုံးတွင် အခန်းကသပ်ရပ်နေရတဲ့ တရားခံလက်သည်ကို သိလိုက်ရတယ်။ ဂျောင်ကုက သိပ်အရေးမလုပ်ပေမယ့် ကိုယ်တွေလိုဘေးကနေကြည့်တဲ့လူတွေတောင် စီနီယာက ဘယ်လောက်ချစ်လဲဆိုတာ သိသာ၏ ။

"ဒါနဲ့ မင်းအလုပ်ရော ..ငါကတော့ မင်းသိတဲ့အတိုင်း အခုထိ ၁၀၉/၁၁၀ ပဲ "

"ငါက စီနီယာဟိုဆော့လုပ်နေတဲ့ ဆေးရုံမှာပဲ အလုပ်ဝင်မယ်လို့ပဲ စီနီယာကလည်ခေါ်နေပြီး ဆေးရုံကလည်း မြို့လည်မှာဆိုတော့ သွားရတာလာရတာ အဆင်ပြေတယ်လေ ပြီးတော့ ဒီမှာ အလုပ်လုပ်ရင်း အပုန်းကောင်းနေတဲ့ ကြောင်ပေါက်စလေးကို ပြန်ရှာရအုံးမယ် "

ထယ်ယောင်းပြောပြီး ပိုက်ဆံအိတ်ထဲက ပုံလေးကိုထုတ်ကာ ပြုံးလိုက်တယ် ။ ဦးလေးငယ် ဘယ်လောက်ဝေးဝေးမှာ နေနေပါစေ ရှာမတွေ့နိုင်ဘူးဆိုတာကို မယုံကြည်ဘူး ။ သိပ်မကြာခင်မှာပဲ ရှာတွေ့မယ်လို့ နှလုံးသားထဲက ခံစားနေမိတယ် ။

______

နောက်ရက် အလုပ်အတွက် စီနီယာဟိုဆော့ဆီဖုန်းဆက်လိုက်ပြီး စီနီယာ ပြောပြတဲ့ ကော်ဖီဆိုင်ကို သွားလိုက်၏ ။ ကော်ဖီဆိုင်လေးက သပ်သပ်ရပ်ရပ်လေးနဲ့ ထိုင်ချင်စရာကောင်းတယ် ။ သိပ်မရှာလိုက်ရပဲ ဘေးချင်ယှဉ်ထိုင်နေတဲ့ စီနီယာဟိုဆော့နဲ့ စီနီယာဆော့ဂျင်ကို တွေ့လိုက်ရတယ် ။ ထယ်ယောင်း လက်ပြကာ နှုတ်ဆက်လိုက်၏ ။

အလုပ်ကိစ္စပြောနေတဲ့ တစ်လျှောက် အကိုဆော့ဂျင်က ဘာမှဝင်မပြောပဲ ဘေးနားမှာ နားသာထောင်နေသည် ။ စီနီယာဟိုဆော့ ချစ်မယ်ဆိုလည်း ချစ်ချင်စရာ ..အကိုဆော့ဂျင်က တအားအေးသည် ။

"အဲ့တာဆို နောက်အပတ်လောက် စ,ဝင်မယ်မလား ဆေးရုံအုပ်ကို ပြောထားပေးမယ် အာရုံကြောဌာနက လူလိုနေတာဆိုတော့ ချက်ချင်းအိုခေမှာ "

"ဟုတ် စီနီယာ ..ကူညီပေးပါအုံး "

"အဲ့စကားက မင်းဌာနရောက်လာရင် ငါပြောရတော့မှာ "

စီနီယာက ရယ်ပြီးပြော၏ ။ နှုတ်ဆက်စကားပြောနေတုန်း ဆိုင်ကကောင်မလေးလာချပေးတဲ့ စတော်ဘယ်ရီကိတ်လေးကြောင့် ကျွန်တော် လှမ်းကြည့်လိုက်မိသည် ။

"ဒီကိတ်လောက်ဆို သူ့ပွဲမလာလို့ စိတ်ဆိုးနေမယ့် ကောင်လေးတစ်ယောက်ကို ချော့လို့ရလောက်မှာပါနော် ဟိုဆော့ "

"မပြောတတ်ဘူး ..အပြန် ကြက်ကြောနဲ့ သူကြိုက်တတ်တဲ့ ရေခဲမုန့်ပါ ဝယ်သွားကြမလား "

စီနီယာတို့စကားကို နားထောင်ရင်း တစ်ယောက်သောသူကို သတိရလာ၏ ။ သူ့ယွန်း သည်လည်း စတော်ဘယ်ရီနဲ့ ရေခဲမုန့်ကို တအားကြိုက်တာမလား ။ စတော်ဘယ်ရီတွေကို သေချာရေဆေးပေးတိုင်း သဘောတကျနဲ့ သွားဖွေးဖွေးလေးတွေပေါ်လာသည့်အထိ ပြုံးနေတတ်တဲ့ ဦးလေးငယ်ကို တကယ်သတိရပါသည် ။

ဒီနေ့လည်း ဖေဖေပေးတဲ့ကားကို ဂျောင်ထိုးပြီး လမ်းတွေမှာ ဦးလေးငယ်နဲ့ တူတဲ့လူရှိမလား ရှာနေမိပြန်တယ် ။ ဒီရက်ပိုင်းအတွင်း ခြေတိုအောင်လမ်းလျှောက်တာနဲ့ မိဘမဲ့ကလေးကျောင်းတွေ တွေ့တိုင်း လူဝင်ရှာမိတာ အကျင့်တစ်ခုလိုတောင်ဖြစ်နေပြီ ။ ကိုယ်မသေသေးသ၍ တနေ့နေ့ ပြန်တွေ့မှာပါ ။

_____

ထယ်ယောင်း ဖုန်းထဲက လိပ်စာ တစ်ခုကိုကြည့်ပြီး ကားကို မြန်မြန်မောင်းမိတယ် ။ ဆေးရုံကနေပြန်လို့ အိမ်မှာခဏနားနေတုန်း ဂျောင်ကုဆီက ဖုန်းဝင်လာပြီး မင်းဦးလေးငယ်ကို ရှာတွေ့ပြီတဲ့ ။ ဖုန်းထဲကို လိပ်စာတစ်ခုပို့လိုက်လို့ အခု အဲ့ဒီလိပ်စာအတိုင်းသွားနေတာ ။ ဖုန်းကပြတဲ့နေရာနဲ့ နီးနီးလာလေ ကျွန်တော့်ရင်ခုန်သံတွေက မြန်မြန်လာလေဖြစ်သည် ။

ထိုနေရာရောက်လို့ကြည့်လိုက်တော့ စန္ဒရားဖျော်ဖြေပွဲရှိတဲ့နေရာဖြစ်နေ၏ ။ ဟုတ်တယ် ..ဦးလေးငယ်ဖြစ်နိုင်တယ် ။ ဦးလေးငယ်က ဒီအပိုင်းမှာ ဘယ်လောက်တော်ကြောင်း ကိုယ်တိုင်သိပြီးသား ။ လက်ခုပ်သံတွေကြားပြီးနောက် အခန်းဝကနေ လူတွေထွက်လာတာကြောင်း ထယ်ယောင်း ဘေးလေးမှာ ခဏရပ်စောင့်နေရင်း လူတွေထဲလိုက်ရှာနေမိတယ် ။ လူအကုန်ကုန်တဲ့အထိ မပါလို့ အထဲထဲဝင်ကြည့်မလို့လုပ်တုန်း အထဲကနေ စကားပြောသံထွက်လာ၏ ။

"ပတ်ဂျီမင် ...ငါ့ကိုပါ လိမ်ခိုင်းနေတာ ..ပြောတော့ လာကြိုပြီး အတူတူပြန်မယ်ဆို အခု ဂိမ်းဆိုင်ရောက်နေပြန်ပြီလား ..မင်း စာမေးပွဲဘယ်စာနဲ့သွားဖြေမှာလဲ တကယ် "

ဖုန်းပြောရင်းထွက်လာတဲ့ ခန္ဓာကိုယ်လေးက သူ့ဦးလေးငယ်မှ သူ့ဦးလေးငယ် ။ ကျန်တာတွေပြောင်းလဲသွားတောင် အေးချမ်းပြီးသာယာတဲ့အသံလေးက မပြောင်းလဲသွားနိုင်ဘူး ။ ထိုအသံလေးကို ကိုယ်က ဘယ်လောက် သဘောကျခဲ့လိုက်ရလဲ ။ လက်ထဲမှာ စာရွက်တချို့ပွေ့ထားတဲ့ ဦးလေးငယ်က မျက်မှန်အဝိုင်လေးကို တပ်ထားသေး၏ ။ တချက်...ဦးလေးငယ်ရဲ့ မျက်ဝန်းတွေက ..။

အဆောက်အဦးကအထွက် လေဝှေ့လို့ စာရွက်တွေလွင့်ကျသွားတဲ့ ဦးလေးငယ်က သက်ပြင်းချပြီး စာရွက်တွေ ကောက်နေပြန်သည် ။ ထယ်ယောင်း သွားကောက်ပေးလိုက်၏ ။

"ကျေးဇူးတင်ပါတယ် .."

"ရပါတယ် ..."

ထယ်ယောင်း ကိုယ့်ကိုများ သိမလားဆိုပြီး ကြည့်နေပေမယ့် ဦးလေးငယ်ကတော့ သူ့စာရွက်တွေအပေါ်မှာပဲ အာရုံများနေ၏ ။ ဦးလေးငယ်က ဒီလိုပဲ ရှပ်တီးရှပ်ပြာလေးလားဆိုတာ တွေးမိတော့ ပြုံးလိုက်မိသည် ။ လက်ထဲက စာရွက်တွေကို သူလုပ်သလို သေချာစီပေးပြီး လက်ထဲထည့်ပေးတော့ ခေါင်းငုံ့ကာ

"ကျေးဇူးတင်ပါတယ် "

"မလိုပါဘူး ရပါတယ် ...ဦးလေးငယ် "

ကျွန်တော့်စကားအဆုံးတွင် လက်ထဲကစာရွက်တွေက ပြန်ပြုတ်ကျသွား၏ ။ ထယ်ယောင်းပြန်ကောက်ပေးလိုက်ကာ

"တအားလန့်သွားတာလား...ကျွန်တော်က ဦးလေးငယ်ကို ပျော်သွားစေချင်လို့ ချက်ချင်းလာတွေ့လိုက်တာ ဦးလေးငယ်ရော သတိရရဲ့လား ..ကျွန်တော်တော့ နေ့တိုင်းပဲ သတိရတယ် "

ထယ်ယောင်း စိတ်လှုပ်ရှားစွာပြောလိုက်ပေမယ့် တုံ့ပြန်လာမှုက ထင်ထားတာနဲ့ ခြားနားစွာ ။

"ကျွန်တော် ...ကျွန်တော် မသိတဲ့လူမို့ သွားခွင့်ပြုပါအုံး "

ထယ်ယောင်းလက်ထဲက စာရွက်တို့ကို ယူကာပြောလာတဲ့ အရှေ့ကလူသားလေးကြောင့် မျက်မှောင်တို့ကို တွန့်ချိုးလိုက်မိတယ် ။ မျှော်လင့်ခဲ့တဲ့ တုံ့ပြန်မှုက ဒီလိုမဟုတ်ဘူးလေ အနည်းဆုံး ယောင်းငယ်လေးလို့ ခေါ်ပေးဖို့ရာ မျှော်လင့်ထားခဲ့တာ ။ အရှေ့ကနေ ထွက်သွားတဲ့လူရဲ့ လက်ကို လှမ်းဆွဲကာ

"ယွန်း...ယွန်း ..ကျွန်တော့်ကို ကြည့်ပါအုံး ယောင်းလေ ..ဦးလေးငယ်ခေါ်နေကြ ယောင်းငယ်လေးလေ ကင်မ်ထယ်ယောင်းလေ မမှတ်မိတာလား "

" လူကြီမင်းကို ကျွန်တော်တကယ်မသိတာမို့  သွားခွင့်ပြုပါအုံး"

ကျွန်တော်ဆွဲထားတဲ့ လက်ကနေ ရုန်းထွက်ပြီး လုံးဝမသိသလိုကြီး ပြောနေတဲ့ ဦးလေးငယ်ကို တကယ် စိတ်မရှည်တော့ဘူး ။ လက်မောင်းတို့ကနေ လှည့်ယူကာ မျက်ဝန်းချင်းဆုံလိုက်ပြီး

"မင်းယွန်းဂီ ..ကျွန်တော့်ကို တကယ်မသိတာလား "

"မ..မသိဘူး ...တကယ်ကို မသိတာ ပြီးတော့ လွတ်ပေးပါ နာပြီ "

အသံတိုးတိုးနောက်မှာပါလာတဲ့ မျက်ရည်လဲ့နေတဲ့မျက်ဝန်းတစ်စုံကြောင့် အယောင်ယောင်အမှားမှား လွတ်ပေးလိုက်မိသည် ။ထိုလူကတော့ ကိုယ့်ရှေ့ကနေ ထွက်သွားလိုက်တာ လေအတိုင်းပဲ ။ တဖြည်းဖြည်းဝေးကွာသွားတဲ့ နောက်ကျောလေးကိုကြည့်ကာ ထယ်ယောင်းရင်တွေနာလာတယ် ။ ပြန်တွေ့ချင်ခဲ့တာ ပြီးတော့ ပွေ့ဖက်ပြီး ဘယ်လောက်လွမ်းကြောင်းတွေ ပြောပြချင်ခဲ့တာ ။ ကျွန်တော့်အတိုင်းမဟုတ်တောင် 'ယောင်းငယ်လေးကို စောင့်နေခဲ့တာ 'ဆိုတဲ့စကားလေး တစ်ခွန်းဖြစ်ဖြစ်တော့ ကြားချင်ခဲ့တာ ။ အခုလို တုန်လှုပ်ပြီး မသိဘူးလို့ အတင်းငြင်းဆန်နေတဲ့ ဦးလေးငယ်ဟာ ထယ်ယောင်းရင်တွေကို အစိမ်းလိုက်ခွဲနေသလိုပဲ ။ နာကျင်လိုက်တာ ...ဦလေးငယ်ရဲ့ သူစိမ်းဆန်ခြင်းတွေက ထယ်ယောင်းကို တစ်ယောက်ယောက်ထိုးနှက်နေသလိုမျိုး နာကျင်ရတယ် ။

ဆက်ရန်......

(Zawgyi)

"အကိုယြန္းဂီ ေနာက္က်ေနၿပီ ! ျမန္ျမန္ ! "

"ေအးပါ ဂ်ီမင္းရဲ႕ လာပါၿပီ ခဏေလးပါ "

တိုက္ခန္းအျပင္ကေန ေအာ္ေခၚေနတဲ့ ဂ်ီမင္းနဲ႔ ကုတ္အက်ႌအရွည္ႀကီးကိုဝတ္ထားၿပီး လုံးလုံးလုံးလုံးနဲ႔ ေျပးလာေနတဲ့ ယြန္းဂီက မ်က္မွန္အထူႀကီးလည္း တပ္ထားေသးတယ္ ။

"လာ ကားမမွီပဲေနလိမ့္မယ္ "

ဂ်ီမင္းေျပာေျပာဆိုဆိုနဲ႔ ယြန္းဂီလက္ကိုဆြဲကာ ကားမွတ္တိုင္စီ ေျပးရေတာ့သည္ ။ ဒီအရာက သူတို႔ဘဝထဲမွာ ျဖစ္ေနၾက ပုံမွန္အရာျဖစ္သည္ ။ ယြန္းဂီ ပီယာႏိုသင္တန္းနဲ႔ ဂ်ီမင္းရဲ႕ တကၠသိုလ္ဟာ တစ္လမ္းေၾကာင္တည္းျဖစ္တာေၾကာင့္ အတူတူသြားျဖစ္တာ ၾကာၿပီ ။ ဟိုေဆာ့နဲ႔ ေဆာ့ဂ်င္ကေတာ့ ေဆး႐ုံတစ္ခုတည္းျဖစ္တာေၾကာင့္ ကားတစ္စီးတည္း အတူသုံးၾက၏ ။ ကားအပိုရွိေနေပမယ့္ ကားမေမာင္းတတ္တဲ့ ယြန္းဂီနဲ႔ ဂ်ီမင္းက ဘတ္စ္ကားကိုသာ အားကိုးေနရသည္ ။

"အကို ...ဒီေန႔ ကြၽန္ေတာ္ျပန္တာေနာက္က်မယ္လို႔ ဦးေလးကိုေျပာေပးေနာ္ "

ဂ်ီမင္းကေျပာၿပီး ကားေပၚကေန ဆင္းသြားတယ္ ။ ကြၽန္ေတာ္ေခါင္းၿငိမ့္ျပလိုက္၏ ။ က်န္ခဲ့တဲ့ ကြၽန္ေတာ္ကေတာ့ သင္တန္းရွိရာကို ဆက္စီးသြားဖို႔ျပင္လိုက္၏ ။ မ်က္စိမျမင္ရတုန္းက တတ္ထားတဲ့ စႏၵရားတီးျခင္းကိုပဲ အခုခ်ိန္မွာပဲ သက္ေမြးဝမ္ေၾကာင္းတစ္ခုအေနနဲ႔ ဆက္လက္လုပ္ကိုင္ေနသည္ ။ လိုအပ္တဲ့ အသိအမွတ္ျပဳခ်က္ေတြကို ႏွစ္ႏွစ္ေက်ာ္ေလာက္စုေဆာင္းၿပီးေနာက္ သင္တန္းေက်ာင္းတစ္ခုမွာပဲ အၿမဲတမ္းဆရာတစ္ေယာက္အေနနဲ႔ စ,တင္လုပ္ကိုင္ခဲ့သည္ ။ အတန္းေတြမရွိတဲ့ခ်ိန္ဆို ခါတိုင္းလိုပဲ ဘုရာေက်ာင္းမွာ သင္ေပးၿပီး လြန္ခဲ့တဲ့ တစ္ႏွစ္ေလာက္ကစ,လို႔ ေဖ်ာ္ေျဖပြဲ အေသးေလးေတြကို လုပ္တတ္သည္ ။ ေဖ်ာ္ေျဖပြဲနဲ႔ သင္တန္းက ရသမွ်ပိုက္ဆံအမ်ားစုကို ေဆာ့ဂ်င္ေဟ်ာင္းလက္ထဲထည့္ေပးၿပီး ကြၽန္ေတာ္က ဘာကိုမွ သိပ္အပူအပင္မရွိပဲ ဘဝကို ျဖတ္သန္းေနတယ္လို႔ ေျပာရမွာပဲ ။ တစ္ေယာက္တည္းက်န္ခဲ့တဲ့ ကြၽန္ေတာ္က မ်က္စိေတြကိုမွိတ္ခ်လိုက္၏ ။ ဒီအခိုက္အတန႔္ဟာ ကြၽန္ေတာ္သေဘာအက်ဆုံးေသာအခ်ိန္ပဲ နားနားေလးကို ျဖတ္သြားတဲ့ေလသံနဲ႔ သစ္႐ြက္သံေတြဟာ သဘာဝကေပးတဲ့ သီခ်င္းတစ္ပုဒ္လိုပဲ သာယာလြန္းတယ္ ။

________

ဂ်ီမင္း ပါေမာကၡအခန္းကိုသြားရင္း ရင္းႏွီးတဲ့ ပုံရိပ္ေၾကာင့္ ေျခလွမ္းတို႔ကို အေနာက္ဆုတ္ကာ လွမ္းၾကည့္လိုက္ေတာ့ အကိုဟိုေဆာ့ျဖစ္ေန၏ ။ ခါတိုင္းလိုပဲ ေတာက္ေလွ်ာက္ေဘာင္းဘီအပြနဲ႔ အေပၚက ရွပ္လက္ရွည္ကို ေဘာင္းဘီထဲထည့္ကာ ဝတ္ထားၿပီး တံေတာင္ဆစ္ေလာက္အထိ အက်ႌလက္ကိုေခါက္ထားတဲ့ အကိုဟိုေဆာ့က စတိုင္က်၏ ။

"ဂ်ီမင္း..."

ကြၽန္ေတာ္ၾကည့္ေနတာကို ျမင္သြားတဲ့ အကိုက လွမ္းေခၚလာတယ္ ။ ကြၽန္ေတာ္မ်က္စိေတြမွိတ္သြားသည့္အထိ ရယ္ျပကာ ႏႈတ္ဆက္လိုက္၏ ။

"အကို ဒီကိုဘာလာလုပ္တာလဲ "

အေဆာင္ေရွ႕လမ္းကေန ကားထားတဲ့ဆီကိုေလွ်ာက္ရင္း ေမးလိုက္သည္ ။

"ငါလား ...သူငယ္ခ်င္းစီလာလည္ရင္း ဒီက အခ်ိန္ပိုင္းပါေမာကၡအျဖစ္အလုပ္ေလွ်ာက္မယ့္ကိစၥကို လာတိုင္ပင္တာ "

"ကြၽန္ေတာ္တို႔ေက်ာင္းကို ..."

ဂ်ီမင္း ေမးလိုက္ေတာ့ ဟိုေဆာ့က ေခါင္းၿငိမ့္ျပကာ

"ဟုတ္တယ္ ...ဒီမွာက သူငယ္ခ်င္းလည္းရွိၿပီး ေဆး႐ုံနဲ႔လည္း အရမ္းႀကီးမေဝးဘူးဆိုေတာ့ အလုပ္အတြက္ေရာ အဆင္ေျပတယ္ေလ ၿပီးေတာ့ ဒီမွာက ဂ်ီမင္းလည္းရွိေတာ့ အဆင္ေျပတယ္ေလ "

"ကြၽန္ေတာ္ရွိတာနဲ႔ ဘာအဆင္ေျပရမွာလဲ "

"သြားေရးလာေရးေရာ ၿပီးေတာ့ အကူအညီေရာ အကုန္လုံးပဲေလ...ၿပီးေတာ့ အဓိက,က မင္းဦးေလး ...ေဆာ့ဂ်င္က မင္းရွိတဲ့ ဒီတကၠသိုလ္ကို အရင္ဆုံး အႀကံေပးတာ မင္းကို ၾကည့္ေပးမယ့္လူရွိေအာင္လို႔တဲ့ "

အကိုဟိုေဆာ့က ေျပာေနရင္းနဲ႔ ကားအေနာက္တံခါးကိုဖြင့္ၿပီး လက္ထဲကို ဗူးေလးတစ္ဗူးထည့္ေပးလာတယ္ ။

"ေရာ့ ဘာမွမစားရေသးရင္ ဒီဟာယူထားလိုက္ ေဆာ့ဂ်င္က ဒီေန႔မွ ထူးထူးျခားျခား ဆူရွီစားခ်င္တယ္ေျပာေနလို႔ နာမည္ႀကီးဆိုင္ကေန ေသခ်ာမွာထားတာ အဲ့ဒါ ငါ့အတြက္ဟာ မင္း ယူထားလိုက္"

အကိုဟိုေဆာ့ လက္ထဲထည့္ေပးလာတဲ့ ဆူရွီဗူးေလးက သပ္သပ္ရပ္ရပ္ေလး ။အထဲမွာပါတဲ့ ဆူရွီအမ်ိဳးအစားေတြကို ၾကည့္႐ုံနဲ႔တင္ အကိုက ဦးေလးကို ေတာ္ေတာ္ေလးခ်စ္တယ္ဆိုတာ ထင္ရွားသည္ ။ ကြၽန္ေတာ္ ေခါင္းၿငိမ့္ျပလိုက္၏ ။

"ၿပီးေတာ့ ဒီေန႔ ေစာေစာျပန္ခဲ့ေနာ္ မင္းဦးေလး ေန႔တစ္ပိုင္း ဂ်ဳတီအားတယ္ ေစာေစာျပန္မွာ "

"အာ...အကိုဟိုေဆာ့ကလည္း ဒီတိုင္း ဒိတ္ဆိုၿပီး အခ်ိန္ဆြဲထားေပးလို႔မရဘူးလား ဟိုမွာက ေဘာ္ဒါေတြနဲ႔ အကုန္ ခ်ိန္းၿပီးၿပီ "

ကြၽန္ေတာ္ေခါင္းကိုကုတ္ၿပီး ေျပာလိုက္တယ္ ။ အက,ကတဲ့ေနရာမွာ ေဘာ္ဒါေတြနဲ႔အကုန္ဆုံဖို႔ စီစဥ္ၿပီးသြားၿပီ ။

"အဲ့လိုလုပ္ရမလား...အင္း အဲ့လိုလုပ္ေပးမယ္ေလ ေဆာ့ဂ်င္နဲ႔ ညဘက္အတူတူမဒိတ္ရတာလည္းၾကာၿပီ ဒါေပမယ့္ ၉နာရီအထိပဲေနာ္ မင္းဦးေလး မနက္ျဖန္ၾက မနက္အေစာပိုင္းဂ်ဴတီရွိလို႔ ေစာေစာ အိပ္ရမွာ "

အကိုဟိုေဆာ့က ေပ်ာ္႐ႊင္စြာေျပာလာ၏ ။

"သြားၿပီ ၾကက္ေပါက္ေလး ..."

ဆံပင္ေတြဖြၿပီး ကားထဲဝင္သြားတဲ့ အကိုဟိုေဆာ့ေၾကာင့္ ႏွလုံးသားကခုန္သြားတာကို မသိကြၽန္ျပဳကာ ကြၽန္ေတာ္ၿပဳံးျပကာ ေခါင္းၿငိမ့္ျပလိုက္သည္ ။အကိုဟိုေဆာ့ရဲ႕ကားေလးက ေက်ာင္းအျပင္ထြက္သြားသည့္အထိ ၾကည့္ေနၿပီေတာ့မွ အေဆာင္ဘက္ကို ျပန္လွည့္လာခဲ့သည္ ။ အေဆာင္ေရွ႕ကခုံမွာထိုင္ေနၾကတဲ့ သူငယ္ခ်င္းတစ္သိုက္က စပ္စုခ်င္ေနပုံရတယ္ ။ ကြၽန္ေတာ္ ဝင္ထိုင္လိုက္တာနဲ႔ ေဘးနားေရာက္လာကာ

"အဲ့ဒီ ခပ္လန္းလန္းဘဲက ဘယ္သူလဲ ဂ်ီမင္း "
"ဘယ္ကလည္း "

"ငါ့ဦးေလးရဲ႕ေကာင္ေလး "

သူငယ္ခ်င္းေတြရဲ႕ အေမးကို ျပန္ေျဖလိုက္ေတာ့ အားလုံးက ဝိုင္းၿပီး ခ်ီးက်ဴးေနၾက၏ ။ 'မင္းဦးေလးနဲ႔လိုက္တယ္' ၊ ' ႏွစ္ေယာက္လုံးလိုက္ေနတာပဲ' ဆိုတာေတြေပါ့ ။ သူတို႔ေျပာသလိုပဲ ႏွစ္ေယာက္လုံးက နတ္ဖက္တဲ့စုံတြဲလို လိုက္ဖက္လြန္းတယ္ ။ ႐ုပ္ေခ်ာတယ္ ၊ စိတ္ရင္းေကာင္းတယ္ ၿပီးေတာ့ ႏွစ္ေယာက္လုံးက အသက္ေမြးဝမ္းေၾကာင္းတူတဲ့အျပင္ ဒီႏိုင္ငံကလူေတြ အကုန္အားက်ရတဲ့ ဆရာဝန္ေတြခ်ည္းပဲ ။ လူငယ္ဆန္ၿပီး အရာရာကို လိုက္ေလ်ာညီေအာင္ေတြးေပးတတ္တဲ့ အကိုဟိုေဆာ့နဲ႔ တည္ၿငိမ္ၿပီး အရာရာတိုင္းကို အေလးအနက္လုပ္ေပးတတ္တဲ့ဦးေလးက သူတို႔ေျပာသလိုမ်ိဳး ကြၽန္ေတာ္ၾကည့္လည္း မလိုက္ဖက္ပဲ ကြဲထြက္ေနတဲ့အရာ တစ္ခုမွမရွိဘူး ။အဓိက,ကေတာ့ အကိုဟိုေဆာ့က ဦးေလးကို အရမ္းခ်စ္တယ္ဆိုတာပဲ ။ဦးေလးကိုခ်စ္လြန္းလို႔ ကြၽန္ေတာ့္ကိုေရာ အကိုယြန္းဂီကိုပါ အလိုလိုက္အႀကိဳက္ေဆာင္ေပးတာကိုပဲ ၾကည့္ ။

"မင္းနဲ႔ေရာ အဆင္ေျပတယ္မလား တစ္အိမ္တည္းဆိုေတာ့ မင္းဦးေလးရဲ႕ ခ်စ္သူဆိုၿပီး မင္းကို ဗိုလ္က်တာေတြ အာဏာျပတာေတြရွိလား "

"မရွိပါဘူး အကိုဟိုေဆာ့က သေဘာေကာင္းတယ္ ၿပီးေတာ့ ငါ့အေပၚလည္း ဂ႐ုစိုက္ပါတယ္ "

ဂ်ီမင္းျပန္ေျဖလိုက္သည္ ။ အကိုဟိုေဆာ့နဲ႔ ကြၽန္ေတာ္နဲ႔ ဘယ္လိုအဆင္ေျပသြားလဲဆိုေတာ့ အကိုက ကြၽန္ေတာ့္အေပၚကို နားလည္ေပးတယ္ ။ အဲ့ေန႔ ...အကသင္တန္းစ,တက္တဲ့ေန႔မွာပဲ အကိုဟိုေဆာ့နဲ႔ မိသြားလို႔ ဦးေလးကိုျပန္တိုင္မယ္ထင္ထားေပးမယ့္ ထိုသူကေတာ့ အခုထိ ဖုံးကြယ္ေပးထား၏ ။ တခါတခါ သင္တန္းကိုေတာင္ လာႀကိဳေပးတတ္ေသးတယ္ ။ ထိုေန႔ကစ,ၿပီး တျဖည္းျဖည္းနဲ႔ အကိုဟိုေဆာ့ကို ခင္တြယ္လာ၏ ။

________

ကိုရီးယားေျမကိုေျခခ်လိုက္သည္ႏွင့္ ထယ္ေယာင္း ရင္ထဲမွာ လြတ္လပ္သြားသလိုပဲ ။ တျခားသူအိမ္ကေန ကိုယ့္အိမ္ကို ကိုယ္ျပန္ေရာက္လာသလိုပဲ ပတ္ဝန္းက်င္ကအစ ေနလို႔သက္ေတာင့္သက္သာရွိေစသည္ ။ ေလဆိပ္အျပင္ကိုထြက္ၿပီး ကားတစ္စီးကိုငွားကာ ဒယ္ဂူးအထိ ေတာက္ေလွ်ာက္ေမာင္းေပးဖို႔ ညႇိလိုက္၏ ။ လာႀကိဳမယ္လို႔ေျပာေနတဲ့ ေမေမတို႔ကို ကိုယ့္ဘာသာျပန္လာခဲ့မယ္လို႔ေျပာထားရေသးတယ္ ။ ဒီမွာ တစ္ညအိပ္ၿပီး မနက္ေစာေစာထြက္ခဲ့မယ္လို႔ေျပာထားေပမယ့္ တကယ္တမ္းၾက အိမ္ကိုသာ တန္းျပန္ခ်င္ေတာ့တယ္ ။ ကြၽန္ေတာ္ ျမင္ခ်င္ေနတဲ့ မ်က္ႏွာပိုင္ရွင္ေလးကို ျမန္ျမန္ေတြ႕ခ်င္လွၿပီ ။

ထယ္ေယာင္း ပိုက္ဆံအိတ္ထဲက ဓါတ္ပုံအေသးေလးကိုထုတ္ယူကာ ဓါတ္ပုံထဲက ဦးေလးငယ္ကို ၾကည့္ၿပီး ၿပဳံးလိုက္မိသည္ ။ဒီမ်က္ႏွာႏုႏုေလးက ေျပာင္းလဲသြားမလား ။ ဘယ္ေလာက္ေတာင္ ေျပာင္းလဲသြားမလဲ သိခ်င္မိ၏ ။အၿမဲႏူးႏူးညံ့ညံ့ၿပဳံးတတ္တဲ့ မ်က္ႏွာငယ္ေလးက ရင့္က်က္သြားမလား ဒါမွမဟုတ္ ခပ္တိုးတိုးစကားေျပာသံဟာ ေျပာင္းလဲသြားမလား သိခ်င္မိသည္ ။ စႏၵရားတီးေနတဲ့လက္မလို႔ ပန္းႏုေရာင္လက္ဆစ္ေလးေတြကေတာ့ ေျပာင္းလဲသြားမယ္လို႔ မထင္ဘူး ။ ခႏၶာကိုယ္ငယ္ေလးကေတာ့ အခုဖက္လိုက္ရင္ ရင္ခြင္ထဲတန္းေရာက္သြားမယ္ထင္တယ္ ။ ေတြးၾကည့္လို႔ေတာင္ မတတ္ေပမယ့္ ယြန္းကို ေတြ႕ခ်င္လွၿပီ ။

ကားကိုေတာ္ေတာ္ၾကာေအာင္စီးၿပီးေနာက္ အိမ္ေတာ္ေရွ႕ကို ကားရပ္ခိုင္းၿပီး ကိုယ့္ဘာသာပဲ အိတ္ေတြကိုယူကာ တံခါးကိုတြန္းဖြင့္ၿပီး ဝင္သြားလိုက္၏ ။ တံခါးသံေၾကာင့္ ေျပးလာတဲ့ေကာင္မေလးက ခဏတာၾကည့္ေနၿပီးမွ အိမ္ေတာ္ထဲကို ေျပးဝင္သြားၿပီး ခဏအၾကာမွာပဲ အသံစာစာေလးထြက္လာ၏ ။

"သခင္ေလးျပန္လာၿပီ ! သခင္မႀကီးေရ ...သခင္ေလးျပန္လာၿပီ ! "

ေကာင္မေလးရဲ႕ေအာ္သံအဆုံးတြင္ အိမ္ေတာ္ထိန္းႀကီးေရာ ေမေမပါ အျမန္ထြက္လာၾက၏ ။ေမေမက ကြၽန္ေတာ့္ကိုေတြ႕တာနဲ႔ ေျပးဖက္ေတာ့တာပဲ ။

"သား ...မနက္ျဖန္ေလာက္မွ ဒီေရာက္မွာဆို ေမေမက ဘာမွျပင္မထားရေသးဘူး "

ေမေမက ေျပာလာတာေၾကာင့္ ရယ္ျပကာ

"ေမေမ့ကို အံ့ဩသြားေအာင္လို႔ပါ ေဖေဖေရာ ..."

ထယ္ေယာင္းေမးရင္းနဲ႔ ေဘးဘီကိုၾကည့္ကာ ေတြ႕ခ်င္ေနတဲ့လူသားေလးကို ရွာေနမိသည္ ။ သို႔ေသာ္ အရိပ္ေလးေတာင္မေတြ႕ရပဲ ။

"ေဖေဖက ခဏေနျပန္လာလိမ့္မယ္ လာ..ေရခ်ိဳးဘာညာလုပ္ၿပီး နားလိုက္အုံး ေမေမျပင္စရာရွိတာေတြ ျပင္လိုက္အုံးမယ္ "

"သားက ေမေမနဲ႔ စကားေတြေျပာခ်င္ေသးတာကို "

"အခြၽဲေလး...နားပါ ေမေမနဲ႔ ညစာစားရင္းနဲ႔မွ ေျပာတာေပါ့ "

"ေမေမဒါနဲ႔ ..ဦးေလးငယ္ေရာ .."

"သြားနားပါအုံး ၿပီးေတာ့ေျပာမွာေပါ့ "

သူမ သားကို သြားနားဖို႔ေျပာၿပီးေနာက္ အိမ္ေတာ္က လူေတြအားလုံးကိုစုလိုက္ၿပီး ယြန္းဂီအေၾကာင္း ပါးစပ္ေတာင္မဟဖို႔ သတိေပးလိုက္သည္ ။ သူမ ညစာအတြက္ ဖြယ္ဖြယ္ရာရာခ်င္ဖို႔ျပင္လိုက္၏ ။ အခုေတာ့ သူမရင္ခြင္နဲ႔အေဝးမွာေရာက္ေနတဲ့ သားေလးလည္းျပန္ေရာက္လာၿပီး အရာရာဟာ အဆင္ေျပေတာ့မည္ျဖစ္သည္ ။သူမ စိတ္ထင့္ေနတာ တစ္ခုပဲ သားက အရင္လို ယြန္းဂီကို ဖက္တြယ္ေနမွာ စိုးတယ္ ။

______

အိမ္ေတာ္ထိန္းႀကီးက အခန္းထဲကို ပစၥည္းေတြ ေနရာခ်ေပးၿပီးေနာက္ ထြက္သြားၾက၏ ။ ထယ္ေယာင္း အခန္းကေတာ့ အရင္ရက္ကတည္းက သန႔္ရွင္းေရး ႀကိဳလုပ္ေပးထားတယ္ထင္တယ္ သန႔္ရွင္းေန၏ ။အခန္းေထာင့္မွာ ထားထားတဲ့ ဘလက္ခ္ဟာ အရင္လိုပဲ ခမ္းခမ္းနားနားေနရာယူလ်က္ ။ ကိုယ့္အခန္းကိုကိုယ္ တစ္ခ်က္ၾကည့္ၿပီးေတာ့ တစ္ေယာက္ေသာသူရဲ႕အခန္းကို ေျခလွမ္းတို႔ ဦးတည္လိုက္၏ ။

အခန္းတံခါးကို ဆြဲဖြင့္လိုက္သည္ႏွင့္ ပိတ္စ,အျဖဴေရာင္တို႔ ဖုံးအုပ္ထားတဲ့ ကုတင္ဟာ ဆီးႀကိဳေန၏ ။ ထယ္ေယာင္းရင္ထဲမွာ အနည္းငယ္ေတာ့ ပူေလာင္လာသည္ ။ အခန္းထဲကေနျပန္ထြက္ၿပီး ေမေမသြားမလို႔လုပ္ေနတုန္း အိမ္တံခါးဝက ေဖေဖကို ေတြ႕လိုက္တယ္ ။

"ေဖေဖ ..! "

ထယ္ေယာင္း ဝမ္းသာအားရနဲ႔ေခၚလိုက္ေတာ့ ေဖေဖလည္း အံ့ဩသြားတယ္ ထင္တယ္ ။ ေဖေဖဆီကို ေျပးသြားၿပီး ဖက္လိုက္၏ ။

"သား ေျပာေတာ့ မနက္ျဖန္မွ ျပန္လာမွာဆို.."

"ေဖေဖနဲ႔ ေမေမကို ဝမ္းသာသြားေအာင္လို႔ပါ "

ေျပာလိုက္ေတာ့ ေဖေဖက သေဘာတက်ရယ္ၿပီး ပခုံးကိုဖက္လာ၏ ။

"လာ မင္းေမေမဆီ သြားရေအာင္ "

စိတ္ထင္လို႔ပဲလားမသိဘူး ေဖေဖ ပိုပိန္သြားသလိုပဲ ။ ေမးစရာရွိတာကို အေနာက္ဆုတ္ထားလိုက္ၿပီး အေတြ႕အႀကဳံေတြနဲ႔ ေဆး႐ုံေတြအေၾကာင္းကို အရင္ေျပာျပလိုက္၏ ။

ညစာ ထမင္းဝိုင္တြင္ ရွိေနတဲ့ ထမင္းပန္ကန္သုံးခ်ပ္ေၾကာင့္ ဟင္းထည့္ရင္းနဲ႔ မသိခ်င္ေယာင္ေဆာင္ကာ

"ဦးေလးငယ္ေရာ ...ေက်ာင္းက ျပန္မလာဘူးလား ..ေက်ာင္းပိတ္ရက္ပဲ ဒီျပန္လာတာလား "

ေမးၿပီး အေျခအေနကို အကဲခတ္လိုက္၏ ။ ေမေမက ထမင္းစားေနတဲ့ ဇြန္းကို ခ်ကာ

"ယြန္းဂီက ဒီကေန ထြက္သြားၿပီ "

ထယ္ေယာင္း မယုံၾကည္ႏိုင္ပဲ ေမေမကို ၾကည့္လိုက္မိသည္ ။ ကြၽန္ေတာ္ျပန္လာတာကို ေစာင့္ေနပါ့မယ္လို႔ ကတိေပးထားတဲ့ဦးေလးငယ္က ထြက္သြားတယ္ဆိုတာ မယုံဘူး ။

"ဘယ္ကိုလဲ ...ဘာလို႔လဲ ...သူ ကြၽန္ေတာ့္ကို ေစာင့္ေနမယ္လို႔ ကတိေပးထားတာ ဘာလို႔ ထြက္သြားရမွာလဲ "

"ေမေမလည္းမသိဘူးထယ္ေယာင္း ... သူ႔အေနနဲ႔ ဒီအိမ္မွာ ေနရတာ ကံေကာင္းလွၿပီကို ဘာလို႔ထြက္သြားလဲ ေမေမလည္း မသိဘူး ေျပာမရဘူးေလ ေက်ာင္းမွာအလုပ္လုပ္ေနတုန္း တျခားလူနဲ႔ေတြ႕ၿပီး လိုက္သြားတာေနမွာေပါ့ "

"ရွင္မ ... ကိုယ္ထင္ရာကို ေလွ်ာက္မေျပာနဲ႔ .."

ေဖေဖက ေျပာၿပီး ကြၽန္ေတာ့္ကိုၾကည့္လာသည္ ။

"ေဖေဖလည္း ရွာေနတယ္သား ...အခုထိ မေတြ႕ေသးဘူး ..ယြန္းဂီဘာလို႔ ထြက္သြားတယ္ ထြက္မသြားခင္ ဘာျဖစ္ခဲ့တယ္ဆိုတာ သူနဲ႔ေတြ႕မွအေၾကာင္းစုံသိရမွာ ေဖေဖေျပာႏိုင္တာ ဒါအကုန္ပဲ "

ေဖေဖေျပာၿပီး ထမင္းစားပြဲကေန ထြက္သြား၏ ။ ေမေမက သက္ျပင္းခ်ကာ

"ပထမဆုံး ထမင္းပြဲမွာ ဒီလိုအေၾကာင္းအရာနဲ႔ ျပႆနာရွာမွ ျဖစ္မွာလား သား ..."

"ေမေမက ျပႆနာလို႔ထင္ေနတာေလ "

ထယ္ေယာင္းေျပာၿပီး အျပင္ထြက္လာခဲ့သည္ ။ ေမေမက အၿမဲတမ္း ဦးေလးငယ္ကို ျပႆနာလို႔ထင္ေနခဲ့တာ ။ အျပင္ကိုထြက္ၿပီး အခန္းဘက္ကိုေလွ်ာက္လာေတာ့ အေပါက္ဝ,မွာ ရပ္ေနတဲ့ ဦးေလးႀကီးကို ေတြ႕လိုက္ရသည္ ။ဦေလးႀကီးက လက္ထဲမွာလည္း ပုံးေလးတစ္ပုံးကို ပိုက္ထားေသးတယ္ ။

"ဦးေလးႀကီး .."

"သခင္ေလး ...သခင္ေလးကို ေျပာစရာရွိလို႔ "

ဦးေလးႀကီးကိုၾကည့္ရတာ တစ္ခုခုကို တုံ႔ဆိုင္းေနတဲ့ပုံေပၚတာေၾကာင့္ ထယ္ေယာင္း ေခါင္းၿငိမ့္ျပလိုက္သည္ ။

"ယြန္းဂီက ..သခင္ေလးတို႔ေျပာေနသလိုမ်ိဳး ထြက္သြားတာမဟုတ္ဘူး ..ယြန္းဂီေလးက သခင္ေလးကို ေစာင့္ေနေသးပါတယ္ ..ဘာေတြျဖစ္လဲေသခ်ာမသိေပမယ့္ အဲ့ဒီ့ေန႔က ဦးေလးေရာ အကိုႀကီးပါ အလုပ္ကိစၥနဲ႔ ဆိုးလ္ကိုသြားရတာ ျပန္လာေတာ့ ယြန္းဂီထြက္သြားၿပီလို႔ပဲ ေျပာၾကလို႔ ..မမႀကီးေျပာသလိုမ်ိဳး တျခားလူနဲ႔လိုက္သြားတာ မျဖစ္ႏိုင္ဘူး ဦးေလးႀကီးသိသေလာက္ ယြန္းဂီမွာ ဒီအိမ္ကလြဲရင္ တျခားခင္တြယ္ရာမရွိပါဘူး "

ဦးလးႀကီးက ေျပာၿပီးၿပီးခ်င္း စိတ္ေပါ့သြားဟန္ျဖင့္ သက္ျပင္းခ်လိုက္၏ ။

"ဦေလးကေျပာတာ မမႀကီးနဲ႔သခင္ေလးအခ်င္းမ်ားဖို႔မဟုတ္ဘူး ဒီတိုင္း ယြန္းဂီေလးအေပၚမွာ မလိုအပ္တဲ့အထင္မွားတာေတြ အမုန္းေတြထပ္မရွိလာေအာင္လို႔ေျပာျပတာ ..ယြန္းဂီေလးက သနားဖို႔ေကာင္းပါတယ္ သခင္ေလးရယ္ ..ၿပီးေတာ့ ဒီဟာက သခင္ေလးပို႔ေပးတဲ့ စာအိတ္ေလးေတြ ဦးေလးလည္း သခင္ေလးျပန္လာရင္ ျပန္ေပးဖို႔ သိမ္းထားခဲ့တာ "

ဦေလးႀကီးေျပာၿပီး ထယ္ေယာင္းလက္ထဲကို စာအိတ္ေဘးေတြစုထားတဲ့ ပုံးေလးကို ထည့္ေပးလိုက္သည္ ။ ဒီစာအိတ္ေတြကို မမႀကီးလြင့္ပစ္ခိုင္းထားတယ္ဆိုတာကိုေတာ့ ထည့္မေျပာလိုက္ေတာ့ပါဘူး ။ယြန္းဂီေပ်ာက္သြားကတည္းက အကိုႀကီးနဲ႔သူနဲ႔ ရဲစခန္းေရာ မိဘမဲ့ေဂဟာေတြေရာ အစုံေရာက္ေအာင္ ရွာၿပီးၿပီ ။ ဒါေပမယ့္ အလုပ္ကတစ္ဖက္နဲ႔ရယ္ မမႀကီးမသိေအာင္ရွာေနတာရယ္နဲ႔မို႔ ထင္သေလာက္ မထိေရာက္ခဲ့ဘူး ။

ဦးေလးႀကီး ထြက္သြားၿပီးေနာက္ ထယ္ေယာင္း ေမေမဆီကို လွည့္ထြက္လာခဲ့သည္ ။ ဦးေလးငယ္အိမ္ကေန ေပ်ာက္သြားတဲ့ကိစၥနဲ႔ ပတ္သက္တဲ့ တခုခုကို ေမေမ ေသခ်ာေပါက္ သိလိမ့္မည္ ။

"ရွင္ဘာသိလို႔လဲ သားက အခုထိ ယြန္းဂီမွ ယြန္းဂီျဖစ္ေနတာ...အဲ့ဒါကို ရွင္က အဲ့ဒီအကန္းကို လိုက္ရွာေနတုန္း "

ေမေမတို႔ အခန္းထဲကေန ေျပာေနတဲ့စကားေၾကာင့္ ေျခလွမ္းတို႔ကို ရပ္ကာ တိတ္တဆိတ္ နားေထာင္ေနလိုက္သည္ ။

"မင္း ...စကားကို အဲ့လိုေျပာမွ ျဖစ္မွာလား ..ယြန္းဂီကို ေစာင့္ေရွာက္ေပးဖို႔က အေမ့ရဲ႕ေနာက္ဆုံးဆႏၵေလ ရွင္မရယ္ ၿပီးေတာ့ အေမေပးခဲ့တဲ့အေမြေတြရွိရက္နဲ႔ အဲ့ဒီကေလးက အျပင္မွာ ဒုကၡခံေနရမွာ ျဖစ္သင့္လို႔လား "

"သူ႔ေျခနဲ႔သူ ထြက္သြားတဲ့လူကို ရွင္က ဒီျပန္ေခၚလာမလို႔လား "

"ငါလည္း စဥ္းစားၿပီးသား တကယ္လို႔ရွာေတြ႕ရင္လည္း အေမ့ရဲ႕အရင္အိမ္မွာပဲ ကေလးႏွစ္ေယာက္ေလာက္နဲ႔ ထားလိုက္မယ္ မင္းလည္းမၾကည္ျဖဴတာ ဒီမွာေနရင္ သူလည္း အေနခက္မွာပဲ တခါတေလ အခါႀကီးရက္ႀကီးမွ ဒီေခၚလာခဲ့မယ္ "

"ရွင္တို႔ သားအဖလည္း ဘာေတြနဲ႔ ဆြဲေဆာင္ခံထားရလဲ ကြၽန္မ မသိေတာ့ဘူး ..အခုသားလည္း ျပန္ေရာက္လာၿပီဆိုေတာ့ ရွင္ အဲ့ကေလးကိုရွာေနတာ ရပ္လိုက္ေတာ့ ..ကြၽန္မက မျဖစ္သင့္တာ မျဖစ္ေအာင္ ေျပာျပေနတာ "

"ရွင္မ ...မင္းတို႔ ေမာင္ႏွမ ႏွစ္ေယာက္လုံး ယြန္းဂီအေပၚမွာ ဘယ္လိုဆက္ဆံခဲ့လဲဆိုတာ ငါမသိဘူးမွတ္ေနလား ...မင္းကြာ ဒါက လူလူခ်င္း ကိုယ္ခ်င္းစာတရားထားတာကြ ..ကိုယ့္ေသြးသားၾကေကာင္းစားပါေစ သူမ်ားၾက ဒုကၡေရာက္ပါေစ စိတ္ေသာကေရာက္ပါေစဆိုတာ မဟုတ္ေသးဘူး"

ေဖေဖက ေျပာၿပီး အခန္းတံခါးဆြဲဖြင့္လိုက္တာေၾကာင့္ ထယ္ေယာင္းအေနာက္ကိုဆုတ္ကာ ေခါင္းတစ္ခ်က္ငုံ႔ၿပီး ႏႈတ္ဆက္လိုက္၏ ။

"သား ..."

ေဖေဖေခၚသံေၾကာင့္ အထဲမွာေနေနတဲ့ ေမေမကပါ ၾကည့္လာ၏ ။

"သားသား ..ေမေမေျပာျပမယ္ "

ေမေမက အေလာတႀကီးထြက္လာၿပီး လက္ကိုလွမ္းဆြဲကာ ေျပာလာသည္ ။ ထယ္ေယာင္း သူ႔ေမေမလက္ကေန ႐ုန္းလိုက္ကာ

"သား ...သြားလိုက္အုံးမယ္ ေမေမ ...ဦးေလးငယ္ကို လိုက္ရွာရမယ္ေလ "

"ကင္မ္ထယ္ေယာင္း မင္းရဲ႕ စြဲလမ္းမႈက အခုထိ မၿပီးႏိုင္ေသးဘူးလား ၁၃ႏွစ္ ...၁၃ႏွစ္ေက်ာ္ခဲ့ၿပီ ..အခုထိ ယြန္းဂီအေပၚမွာ ဖက္တြယ္ၿပီးေတာ့ပဲ ေနမွာလား "

"ေမေမ ...ဦးေလးငယ္က ကြၽန္ေတာ့္ရဲ႕ ရွင္သန္မႈေလးတစ္ခုပဲ ေမေမလိုခ်င္တဲ့ ပညာတတ္ဆိုတဲ့ဂုဏ္ကို ယူခဲ့ၿပီးၿပီေလ ..ဒီတိုင္း ကြၽန္ေတာ့္ကို ဒါေလးတစ္ခုကိုေတာ့ လိုက္ေလ်ာေပးလို႔မရဘူးလား .."

"ေယာက္်ားအခ်င္းခ်င္းႀကိဳက္တာ မင္းမရွက္ဘူးလား ..ကင္မ္ထယ္ေယာင္း မင္းအတြက္ ႀကိဳက္စရာလူအဲ့ေလာက္ရွားလား "

"ရွားတယ္ ေမေမ..ကြၽန္ေတာ့္အတြက္ေတာ့ ရွားတယ္ ..ဦေလးငယ္လို ကြၽန္ေတာ့္ကိုေပ်ာ္႐ႊင္ေစမယ့္လူ ၊ဦးေလးငယ္လိုမ်ိဳး တည္ရွိမႈကေလးကေတာင္ ကြၽန္ေတာ့္ကို အသက္ရွင္ဖို႔ အားျဖစ္ေစတဲ့လူမ်ိဳး မရွိဘူး..ေမေမေျပာသလိုမျဖစ္ေအာင္ ဦးေလးငယ္ကို မခ်စ္မိေအာင္ ေနခဲ့တယ္ ဒါေပမယ့္ ခ်စ္မိသြားတာကို ေမေမရယ္ "

ကြၽန္ေတာ္ေျပာလိုက္ေတာ့ ေမေမက ငိုတယ္ ။ ေဖေဖကေတာ့ သက္ျပင္းကိုသာ ခ်ေန၏ ။ နားလည္ပါတယ္ ..အခုခ်ိန္မွာ ကိုယ့္အေပၚမွာ ေမွ်ာ္လင့္ခ်က္ႀကီးတဲ့ေမေမရဲ႕ကမာၻႀကီးက ၿပိဳလဲသြားမယ္ဆိုတာကို ။ကိုယ္တိုင္ေတာင္မွပဲ အမွန္တရားကို လက္ခံရခ်ိန္မွာ အလဲလဲအၿပိဳၿပိဳျဖစ္ေနခဲ့တာ ။ ကိုယ့္အေပၚမွာ အရာအားလုံး ျမႇဳပ္ႏွံထားတဲ့မိဘေတြပဲ ကိုယ့္ထက္မမ်ားေတာင္ ကိုယ့္ထက္မေလ်ာ့ တုန္လႈပ္သြားၾကမွာ ။

"ေမေမ .. ေနာ္ ..."

ထယ္ေယာင္ သူ႔ေမေမလက္ကို ဆြဲၿပီးေျပာလိုက္ေတာ့ ေမေမက မ်က္ႏွာလြဲကာ

"မရဘူး သား ..ေမေမ ဒီတစ္ခုေတာ့ ေလွ်ာ့မေပးႏိုင္ဘူး ပတ္ဝန္းက်င္ကသိသြားရင္ ေမေမ့သားကို ေမေမရဲ႕အဖိုးတန္သားေလးကို ဝိုင္းေျပာၾကမွာေတြ မခံႏိုင္ဘူး ..သားကို ေမေမေမြးခဲ့တာ ဒီလိုမ်ိဳး အေျပာဆို ခံရဖို႔မွ မဟုတ္တာ "

ထယ္ေယာင္း ေဖေဖ့ကိုၾကည့္လိုက္ေတာ့ ေဖေဖက ထ,သြား၏ ။ေဖေဖသည္လည္း လက္ခံရခက္ခဲမွာပဲ ။သူအားကိုးတဲ့ သူ႔သားက လူပတ္ဝန္းက်င္ေျပာစရာအလုပ္ကို လုပ္ေနခဲ့တာေလ ။

"ေမေမ .."

"ေနာက္မွေျပာမယ္ အခုေတာ့ ျပန္လိုက္အုံး "

ေမေမက စကားကိုပိတ္ေျပာတာေၾကာင့္ ကြၽန္ေတာ္ထြက္လာခဲ့သည္ ။ ေဘးနားက သူငယ္ခ်င္းေတြက လြက္ကူသေလာက္ ဘာလို႔ ကိုယ့္ၾကမွ လက္ခံေပးဖို႔ ခက္ခဲေနတာလဲ ။သက္ျပင္းခ်လိုက္ၿပီး ဆိုးလ္ျပန္ဖို႔ရာအတြက္ အခန္းဘက္ျပန္လာေတာ့ ကြပ္ပ်စ္ေလးေပၚမွာ ထိုင္ေနတဲ့ ေဖေဖ့ကို ေတြ႕လိုက္ရသည္ ။ အနားေရာက္သြားေတာ့ ေမာ့ၾကည့္လာတဲ့ ေဖေဖ့မ်က္ဝန္းေတြက အရင္လိုပဲ ေႏြးေထြးၿပီး ၾကင္နာတဲ့အၾကည့္ေတြပါဝင္ေနတုန္း ။ ကြၽန္ေတာ္ အနည္းငယ္ေတာ့ စိတ္ေအးသြား၏ ။ ေဖေဖ့ေဘးမွာ ဝင္ထိုင္လိုက္သည္ ။

"အခ်ိန္ေတာ့ ယူရလိမ့္မယ္ "

ခဏတာတိတ္ဆိတ္ၿပီးေနာက္ ေဖေဖဆီက စကားစ,ေျပာလာ၏ ။

"သားအေနနဲ႔ ေဖေဖနဲ႔ေမေမလက္ခံလာေအာင္ အခ်ိန္ေတာ့ယူရလိမ့္မယ္ "

"ဟုတ္ကဲ့"

"ျပင္ဆင္ထား ...ပတ္ဝန္းက်င္ရဲ႕႐ိုက္ခတ္မႈေတြကိုေရာ လူေတြရဲ႕အၾကည့္ကအစ အထင္ေသးတာေတြပါလာလိမ့္မယ္ အဲ့တာေတြအတြက္ျပင္ဆင္ထား ၿပီးေတာ့ သားခ်စ္တဲ့ သားဦးေလးငယ္အေပၚ သက္ေရာက္လာတဲ့ ဒုကၡေတြ အထင္ေသးတာေတြ အကုန္လုံးကို သားက ေရွ႕ကေန ကာကြယ္ႏိုင္တဲ့အထိ ႀကံ့ခိုင္ေအာင္ စိတ္ကိုျပင္ဆင္ထား "

ေဖေဖကေျပာလာ၏ ။ ေဖေဖက ကိုယ့္အတြက္ စိတ္ပူေပးေနတာ ျဖစ္တာေၾကာင့္ ေခါင္းကိုငုံ႔လိုက္ကာ

"ေတာင္းပန္ပါတယ္ ..ေဖေဖတို႔အတြက္ သားက သားေကာင္းတစ္ေယာက္မျဖစ္ခဲ့ဘူး "

"ေဖေဖ့သားက ဘာလို႔သားေကာင္းမဟုတ္ဘူးလို႔ ေျပာရတာလဲ ...ေဖေဖ့အတြက္ေတာ့ သားက သားတတ္တဲ့ပညာနဲ႔တင္ သားက လူေတာ္ျဖစ္ၿပီး သူမ်ားကိုစိတ္ဆင္းရဲေအာင္မလုပ္သေ႐ြ႕ သမာအာဇီဝအလုပ္ကို လုပ္ကိုင္ေနသေ႐ြ႕ သားက လူေကာင္းတစ္ေယာက္ပဲ ..ဘယ္ေနရာမွာ ရာဇဝတ္မႈျပစ္ခ်က္ အစြန္းအထင္းရွိလို႔ အဲ့စကားေျပာရတာလဲ .."

ေဖေဖက ေျပာလာ၏ ။ ထယ္ေယာင္း မ်က္ရည္ဝဲလာတာေၾကာင့္ မ်က္လုံးကို ပုတ္ခတ္ပုတ္ခတ္လုပ္လိုက္ေတာ့ ေဖေဖက ပခုံးကိုပုတ္ေပး လာတယ္ ။

"တစ္ခုပဲ ...သားက လူေတြေျပာခ်င္ဆိုခ်င္ၾကတဲ့အရာကိုလုပ္မယ္ဆိုရင္ ဒီကိစၥကလြဲလို႔ က်န္တဲ့ေနရာမွာေတာ့ အမွားအယြင္းမရွိ ထူးခြၽန္ရမယ္ ...လူေတြက အျမင့္ကိုေရာက္သြားရင္ အျပစ္တင္ခ်င္စိတ္ေတြ မရွိေတာ့ဘူး ေျမႇာက္ပင့္တဲ့လူေတြပဲ မ်ားလာလိမ့္မယ္ ..ဟုတ္ၿပီလား ..ဒီဟာက ကားေသာ့နဲ႔ တိုက္ခန္းေသာ့ ..ကားကေတာ့ ေနာက္ရက္ၾက သားႀကိဳက္တဲ့ကားနဲ႔လဲလိုက္ ဟုတ္ၿပီလား သြားတာေတာ့ မနက္မွသြားပါ သားရယ္ ညႀကီး လမ္းခရီးကို ေဖေဖ စိတ္မခ်ဘူး "

ေဖေဖက လက္ထဲကို ေသာ့ႏွစ္ခုထည့္ေပးလာတယ္ ။

"ယြန္းဂီေလးကို ရွာၿပီးေခၚခဲ့လိုက္ပါ ..ေဖေဖလည္း ေတာင္းပန္စရာေတြေရာ ေျပာစရာေတြေရာရွိတယ္ "

ေဖေဖကေျပာၿပီး ထ,သြား၏ ။ ထယ္ေယာင္း အၾကာႀကီးထိုင္ေနၿပီးေတာ့မွ အခန္းထဲဝင္ခဲ့လိုက္သည္ ။ ဦးေလးငယ္မရွိတဲ့ အိမ္ေတာ္က ျပန္လာခါစ,တုန္းကေလာက္ ဖက္တြယ္စရာမရွိေတာ့သလိုခံစားရ၏ ။ အိမ္မွာရွိေနရတာက ေမေမ့အေပၚမွာ အားနာစိတ္တို႔နဲ႔သာ မြန္းၾကပ္လာတယ္။

မနက္ေစာေစာ ထယ္ေယာင္း ဆိုးလ္ကိုထြက္ေတာ့ ေဖေဖကသာ တံခါးဝထိလိုက္ပို႔ေပးၿပီး ေမေမကေတာ့ ထြက္ေတာင္မေတြ႕ဘူး ။ အိမ္ထဲကို လွမ္းၾကည့္ၿပီး သက္ျပင္းခ်လိုက္ေတာ့ ေဖေဖက ပခုံးကို လက္ျဖင့္ခပ္သာသာဆုပ္ကာ

"သားေမေမ စိတ္ဆိုးတာ ခဏပါ ေနာက္ရက္လာခဲ့ေပါ့ ..သားေမေမက သားကိုအၾကာႀကီး စိတ္မဆိုးႏိုင္ပါဘူး သားကို သိပ္ခ်စ္တာကို "

"ဟုတ္ ေဖေဖ...သား သြားလိုက္အုံးမယ္ က်န္းမာေရး ဂ႐ုစိုက္အုံး "

ေဖေဖ့ကို ႏႈတ္ဆက္ၿပီးေနာက္ ဆိုးလ္ကို ထြက္လာခဲ့သည္ ။ေရာက္ေရာက္ခ်င္းပဲ တိုက္ခန္းမွာ အထုတ္ေတြထားကာ ေဂ်ာင္ကုဆီလိပ္စာေမးၿပီး သြားလိုက္၏ ။ အခန္းကိုဘဲလ္ႏွိပ္လိုက္ေတာ့ ထြက္လာတဲ့ ေဂ်ာင္ကုက ဝမ္းသာအားရဖက္လာ၏ ။

"ထယ္ေယာင္း ...မင္း တကယ့္ေကာင္ကြာ ျပန္လာမယ္ဆိုတာ ေျပာရင္ ငါလာႀကိဳမွာေပါ့ "

"ငါ အိမ္ကိုတန္းျပန္လိုက္တာမို႔ မေျပာလိုက္ေတာ့တာ "

ဆိုဖာေပၚထိုင္ခ်လိုက္ေတာ့ ေသာက္လက္စ,အရက္ကိုနဲ႔ ပုလင္းကို စားပြဲေပၚမွာေတြ႕လိုက္ရ၏ ။ လူေပၚဆီသူေဌးသားေလးကေတာ့ ထုံးစံအတိုင္း ေသာက္စားေပ်ာ္ပါးေကာင္းတုန္းေနမယ္ ။ ေဂ်ာင္ကုက ခြက္အသစ္တစ္ခုယူလာကာ ကမ္းေပးလာတာေၾကာင့္ လွမ္းယူလိုက္၏ ။

"ဘယ္လိုလဲ ...မင္းဦးေလးငယ္ေလးကို အလြမ္းသယ္ၿပီးၿပီလား ...ေနအုံး ..မင္း ဦးေလးငယ္သာရွိရင္ ငါ့ဆီကို ဒီေလာက္ျမန္ျမန္ေရာက္လာမွ မဟုတ္ဘူး ..ဘာလဲ မိန္းမယူသြားလို႔ အသည္းကြဲလာတာလား "

ေဂ်ာင္ကုရဲ႕ ဗလႊတ္႐ႊတ္တစကားမ်ားေၾကာင့္ ထယ္ေယာင္း ဘုၾကည့္ၾကည့္လိုက္ကာ

"ဗရမ္းဗတာေတြ...ယြန္း အိမ္မွာမရွိလို႔ .."

"ဘယ္မွာတဲ့လဲ "

"မသိဘူး...အိမ္ကေန ထြက္သြားတယ္ေျပာေပမယ့္ ေပ်ာက္ေနတာ ..ေဖေဖတို႔လည္း ရွာတာပဲ မေတြ႕ဘူး ..အဲ့ဒါ မင္းကူညီေပးအုံး "

ထယ္ေယာင္းေျပာလိုက္ေတာ့ ေဂ်ာင္ကုက ေခါင္းၿငိမ့္ျပသည္ ။

"ငါလည္း ရွာေပးမယ္ ၿပီးေတာ့ နမ္ဂြၽန္းကိုလည္း ေျပာလိုက္မယ္ သူက ငါ့ထက္ လက္တံပိုရွည္တယ္ေလ "

ထယ္ေယာင္း ေဂ်ာင္ကုစကားေၾကာင့္ ေဘးပတ္ပတ္လည္ကို ၾကည့္လိုက္မိသည္ ။ တိုက္ခန္းက ဂြၽန္ေဂ်ာင္ကုမပီသစြာပဲ ရွင္းလင္းေန၏ ။

"မင္း စီနီယာနဲ႔ အတူတူေနတာလား "

"ေနစရာလား ...သူက အေဖ့သားဆိုေတာ့ အိမ္မွာေနတယ္ေလ ငါက မယားပါသားဆိုေတာ့ အျပင္မွာေနတယ္ ..မနက္ဆို အာ႐ုံေနာက္စရာေကာင္းေလာက္ေအာင္ ေရာက္ခ်လာၿပီး ငါ့အခန္းကို သူ႔စိတ္တိုင္းက် အကုန္လုပ္ၿပီးမွ အလုပ္သြားတယ္ ..ငါလည္း ေျပာမေနခ်င္ဘူး သူရွင္းေပးေတာ့ ငါေတာင္ သက္သာေသး "

ေဂ်ာင္ကုစကားအဆုံးတြင္ အခန္းကသပ္ရပ္ေနရတဲ့ တရားခံလက္သည္ကို သိလိုက္ရတယ္။ ေဂ်ာင္ကုက သိပ္အေရးမလုပ္ေပမယ့္ ကိုယ္ေတြလိုေဘးကေနၾကည့္တဲ့လူေတြေတာင္ စီနီယာက ဘယ္ေလာက္ခ်စ္လဲဆိုတာ သိသာ၏ ။

"ဒါနဲ႔ မင္းအလုပ္ေရာ ..ငါကေတာ့ မင္းသိတဲ့အတိုင္း အခုထိ ၁၀၉/၁၁၀ ပဲ "

"ငါက စီနီယာဟိုေဆာ့လုပ္ေနတဲ့ ေဆး႐ုံမွာပဲ အလုပ္ဝင္မယ္လို႔ပဲ စီနီယာကလည္ေခၚေနၿပီး ေဆး႐ုံကလည္း ၿမိဳ႕လည္မွာဆိုေတာ့ သြားရတာလာရတာ အဆင္ေျပတယ္ေလ ၿပီးေတာ့ ဒီမွာ အလုပ္လုပ္ရင္း အပုန္းေကာင္းေနတဲ့ ေၾကာင္ေပါက္စေလးကို ျပန္ရွာရအုံးမယ္ "

ထယ္ေယာင္းေျပာၿပီး ပိုက္ဆံအိတ္ထဲက ပုံေလးကိုထုတ္ကာ ၿပဳံးလိုက္တယ္ ။ ဦးေလးငယ္ ဘယ္ေလာက္ေဝးေဝးမွာ ေနေနပါေစ ရွာမေတြ႕ႏိုင္ဘူးဆိုတာကို မယုံၾကည္ဘူး ။ သိပ္မၾကာခင္မွာပဲ ရွာေတြ႕မယ္လို႔ ႏွလုံးသားထဲက ခံစားေနမိတယ္ ။

______

ေနာက္ရက္ အလုပ္အတြက္ စီနီယာဟိုေဆာ့ဆီဖုန္းဆက္လိုက္ၿပီး စီနီယာ ေျပာျပတဲ့ ေကာ္ဖီဆိုင္ကို သြားလိုက္၏ ။ ေကာ္ဖီဆိုင္ေလးက သပ္သပ္ရပ္ရပ္ေလးနဲ႔ ထိုင္ခ်င္စရာေကာင္းတယ္ ။ သိပ္မရွာလိုက္ရပဲ ေဘးခ်င္ယွဥ္ထိုင္ေနတဲ့ စီနီယာဟိုေဆာ့နဲ႔ စီနီယာေဆာ့ဂ်င္ကို ေတြ႕လိုက္ရတယ္ ။ ထယ္ေယာင္း လက္ျပကာ ႏႈတ္ဆက္လိုက္၏ ။

အလုပ္ကိစၥေျပာေနတဲ့ တစ္ေလွ်ာက္ အကိုေဆာ့ဂ်င္က ဘာမွဝင္မေျပာပဲ ေဘးနားမွာ နားသာေထာင္ေနသည္ ။ စီနီယာဟိုေဆာ့ ခ်စ္မယ္ဆိုလည္း ခ်စ္ခ်င္စရာ ..အကိုေဆာ့ဂ်င္က တအားေအးသည္ ။

"အဲ့တာဆို ေနာက္အပတ္ေလာက္ စ,ဝင္မယ္မလား ေဆး႐ုံအုပ္ကို ေျပာထားေပးမယ္ အာ႐ုံေၾကာဌာနက လူလိုေနတာဆိုေတာ့ ခ်က္ခ်င္းအိုေခမွာ "

"ဟုတ္ စီနီယာ ..ကူညီေပးပါအုံး "

"အဲ့စကားက မင္းဌာနေရာက္လာရင္ ငါေျပာရေတာ့မွာ "

စီနီယာက ရယ္ၿပီးေျပာ၏ ။ ႏႈတ္ဆက္စကားေျပာေနတုန္း ဆိုင္ကေကာင္မေလးလာခ်ေပးတဲ့ စေတာ္ဘယ္ရီကိတ္ေလးေၾကာင့္ ကြၽန္ေတာ္ လွမ္းၾကည့္လိုက္မိသည္ ။

"ဒီကိတ္ေလာက္ဆို သူ႔ပြဲမလာလို႔ စိတ္ဆိုးေနမယ့္ ေကာင္ေလးတစ္ေယာက္ကို ေခ်ာ့လို႔ရေလာက္မွာပါေနာ္ ဟိုေဆာ့ "

"မေျပာတတ္ဘူး ..အျပန္ ၾကက္ေၾကာနဲ႔ သူႀကိဳက္တတ္တဲ့ ေရခဲမုန႔္ပါ ဝယ္သြားၾကမလား "

စီနီယာတို႔စကားကို နားေထာင္ရင္း တစ္ေယာက္ေသာသူကို သတိရလာ၏ ။ သူ႔ယြန္း သည္လည္း စေတာ္ဘယ္ရီနဲ႔ ေရခဲမုန႔္ကို တအားႀကိဳက္တာမလား ။ စေတာ္ဘယ္ရီေတြကို ေသခ်ာေရေဆးေပးတိုင္း သေဘာတက်နဲ႔ သြားေဖြးေဖြးေလးေတြေပၚလာသည့္အထိ ၿပဳံးေနတတ္တဲ့ ဦးေလးငယ္ကို တကယ္သတိရပါသည္ ။

ဒီေန႔လည္း ေဖေဖေပးတဲ့ကားကို ေဂ်ာင္ထိုးၿပီး လမ္းေတြမွာ ဦးေလးငယ္နဲ႔ တူတဲ့လူရွိမလား ရွာေနမိျပန္တယ္ ။ ဒီရက္ပိုင္းအတြင္း ေျခတိုေအာင္လမ္းေလွ်ာက္တာနဲ႔ မိဘမဲ့ကေလးေက်ာင္းေတြ ေတြ႕တိုင္း လူဝင္ရွာမိတာ အက်င့္တစ္ခုလိုေတာင္ျဖစ္ေနၿပီ ။ ကိုယ္မေသေသးသ၍ တေန႔ေန႔ ျပန္ေတြ႕မွာပါ ။

_____

ထယ္ေယာင္း ဖုန္းထဲက လိပ္စာ တစ္ခုကိုၾကည့္ၿပီး ကားကို ျမန္ျမန္ေမာင္းမိတယ္ ။ ေဆး႐ုံကေနျပန္လို႔ အိမ္မွာခဏနားေနတုန္း ေဂ်ာင္ကုဆီက ဖုန္းဝင္လာၿပီး မင္းဦးေလးငယ္ကို ရွာေတြ႕ၿပီတဲ့ ။ ဖုန္းထဲကို လိပ္စာတစ္ခုပို႔လိုက္လို႔ အခု အဲ့ဒီလိပ္စာအတိုင္းသြားေနတာ ။ ဖုန္းကျပတဲ့ေနရာနဲ႔ နီးနီးလာေလ ကြၽန္ေတာ့္ရင္ခုန္သံေတြက ျမန္ျမန္လာေလျဖစ္သည္ ။

ထိုေနရာေရာက္လို႔ၾကည့္လိုက္ေတာ့ စႏၵရားေဖ်ာ္ေျဖပြဲရွိတဲ့ေနရာျဖစ္ေန၏ ။ ဟုတ္တယ္ ..ဦးေလးငယ္ျဖစ္ႏိုင္တယ္ ။ ဦးေလးငယ္က ဒီအပိုင္းမွာ ဘယ္ေလာက္ေတာ္ေၾကာင္း ကိုယ္တိုင္သိၿပီးသား ။ လက္ခုပ္သံေတြၾကားၿပီးေနာက္ အခန္းဝကေန လူေတြထြက္လာတာေၾကာင္း ထယ္ေယာင္း ေဘးေလးမွာ ခဏရပ္ေစာင့္ေနရင္း လူေတြထဲလိုက္ရွာေနမိတယ္ ။ လူအကုန္ကုန္တဲ့အထိ မပါလို႔ အထဲထဲဝင္ၾကည့္မလို႔လုပ္တုန္း အထဲကေန စကားေျပာသံထြက္လာ၏ ။

"ပတ္ဂ်ီမင္ ...ငါ့ကိုပါ လိမ္ခိုင္းေနတာ ..ေျပာေတာ့ လာႀကိဳၿပီး အတူတူျပန္မယ္ဆို အခု ဂိမ္းဆိုင္ေရာက္ေနျပန္ၿပီလား ..မင္း စာေမးပြဲဘယ္စာနဲ႔သြားေျဖမွာလဲ တကယ္ "

ဖုန္းေျပာရင္းထြက္လာတဲ့ ခႏၶာကိုယ္ေလးက သူ႔ဦးေလးငယ္မွ သူ႔ဦးေလးငယ္ ။ က်န္တာေတြေျပာင္းလဲသြားေတာင္ ေအးခ်မ္းၿပီးသာယာတဲ့အသံေလးက မေျပာင္းလဲသြားႏိုင္ဘူး ။ ထိုအသံေလးကို ကိုယ္က ဘယ္ေလာက္ သေဘာက်ခဲ့လိုက္ရလဲ ။ လက္ထဲမွာ စာ႐ြက္တခ်ိဳ႕ေပြ႕ထားတဲ့ ဦးေလးငယ္က မ်က္မွန္အဝိုင္ေလးကို တပ္ထားေသး၏ ။ တခ်က္...ဦးေလးငယ္ရဲ႕ မ်က္ဝန္းေတြက ..။

အေဆာက္အဦးကအထြက္ ေလေဝွ႔လို႔ စာ႐ြက္ေတြလြင့္က်သြားတဲ့ ဦးေလးငယ္က သက္ျပင္းခ်ၿပီး စာ႐ြက္ေတြ ေကာက္ေနျပန္သည္ ။ ထယ္ေယာင္း သြားေကာက္ေပးလိုက္၏ ။

"ေက်းဇူးတင္ပါတယ္ .."

"ရပါတယ္ ..."

ထယ္ေယာင္း ကိုယ့္ကိုမ်ား သိမလားဆိုၿပီး ၾကည့္ေနေပမယ့္ ဦးေလးငယ္ကေတာ့ သူ႔စာ႐ြက္ေတြအေပၚမွာပဲ အာ႐ုံမ်ားေန၏ ။ ဦးေလးငယ္က ဒီလိုပဲ ရွပ္တီးရွပ္ျပာေလးလားဆိုတာ ေတြးမိေတာ့ ၿပဳံးလိုက္မိသည္ ။ လက္ထဲက စာ႐ြက္ေတြကို သူလုပ္သလို ေသခ်ာစီေပးၿပီး လက္ထဲထည့္ေပးေတာ့ ေခါင္းငုံ႔ကာ

"ေက်းဇူးတင္ပါတယ္ "

"မလိုပါဘူး ရပါတယ္ ...ဦးေလးငယ္ "

ကြၽန္ေတာ့္စကားအဆုံးတြင္ လက္ထဲကစာ႐ြက္ေတြက ျပန္ျပဳတ္က်သြား၏ ။ ထယ္ေယာင္းျပန္ေကာက္ေပးလိုက္ကာ

"တအားလန႔္သြားတာလား...ကြၽန္ေတာ္က ဦးေလးငယ္ကို ေပ်ာ္သြားေစခ်င္လို႔ ခ်က္ခ်င္းလာေတြ႕လိုက္တာ ဦးေလးငယ္ေရာ သတိရရဲ႕လား ..ကြၽန္ေတာ္ေတာ့ ေန႔တိုင္းပဲ သတိရတယ္ "

ထယ္ေယာင္း စိတ္လႈပ္ရွားစြာေျပာလိုက္ေပမယ့္ တုံ႔ျပန္လာမႈက ထင္ထားတာနဲ႔ ျခားနားစြာ ။

"ကြၽန္ေတာ္ ...ကြၽန္ေတာ္ မသိတဲ့လူမို႔ သြားခြင့္ျပဳပါအုံး "

ထယ္ေယာင္းလက္ထဲက စာ႐ြက္တို႔ကို ယူကာေျပာလာတဲ့ အေရွ႕ကလူသားေလးေၾကာင့္ မ်က္ေမွာင္တို႔ကို တြန႔္ခ်ိဳးလိုက္မိတယ္ ။ ေမွ်ာ္လင့္ခဲ့တဲ့ တုံ႔ျပန္မႈက ဒီလိုမဟုတ္ဘူးေလ အနည္းဆုံး ေယာင္းငယ္ေလးလို႔ ေခၚေပးဖို႔ရာ ေမွ်ာ္လင့္ထားခဲ့တာ ။ အေရွ႕ကေန ထြက္သြားတဲ့လူရဲ႕ လက္ကို လွမ္းဆြဲကာ

"ယြန္း...ယြန္း ..ကြၽန္ေတာ့္ကို ၾကည့္ပါအုံး ေယာင္းေလ ..ဦးေလးငယ္ေခၚေနၾက ေယာင္းငယ္ေလးေလ ကင္မ္ထယ္ေယာင္းေလ မမွတ္မိတာလား "

" လူႀကီမင္းကို ကြၽန္ေတာ္တကယ္မသိတာမို႔  သြားခြင့္ျပဳပါအုံး"

ကြၽန္ေတာ္ဆြဲထားတဲ့ လက္ကေန ႐ုန္းထြက္ၿပီး လုံးဝမသိသလိုႀကီး ေျပာေနတဲ့ ဦးေလးငယ္ကို တကယ္ စိတ္မရွည္ေတာ့ဘူး ။ လက္ေမာင္းတို႔ကေန လွည့္ယူကာ မ်က္ဝန္းခ်င္းဆုံလိုက္ၿပီး

"မင္းယြန္းဂီ ..ကြၽန္ေတာ့္ကို တကယ္မသိတာလား "

"မ..မသိဘူး ...တကယ္ကို မသိတာ ၿပီးေတာ့ လြတ္ေပးပါ နာၿပီ "

အသံတိုးတိုးေနာက္မွာပါလာတဲ့ မ်က္ရည္လဲ့ေနတဲ့မ်က္ဝန္းတစ္စုံေၾကာင့္ အေယာင္ေယာင္အမွားမွား လြတ္ေပးလိုက္မိသည္ ။ထိုလူကေတာ့ ကိုယ့္ေရွ႕ကေန ထြက္သြားလိုက္တာ ေလအတိုင္းပဲ ။ တျဖည္းျဖည္းေဝးကြာသြားတဲ့ ေနာက္ေက်ာေလးကိုၾကည့္ကာ ထယ္ေယာင္းရင္ေတြနာလာတယ္ ။ ျပန္ေတြ႕ခ်င္ခဲ့တာ ၿပီးေတာ့ ေပြ႕ဖက္ၿပီး ဘယ္ေလာက္လြမ္းေၾကာင္းေတြ ေျပာျပခ်င္ခဲ့တာ ။ ကြၽန္ေတာ့္အတိုင္းမဟုတ္ေတာင္ 'ေယာင္းငယ္ေလးကို ေစာင့္ေနခဲ့တာ 'ဆိုတဲ့စကားေလး တစ္ခြန္းျဖစ္ျဖစ္ေတာ့ ၾကားခ်င္ခဲ့တာ ။ အခုလို တုန္လႈပ္ၿပီး မသိဘူးလို႔ အတင္းျငင္းဆန္ေနတဲ့ ဦးေလးငယ္ဟာ ထယ္ေယာင္းရင္ေတြကို အစိမ္းလိုက္ခြဲေနသလိုပဲ ။ နာက်င္လိုက္တာ ...ဦေလးငယ္ရဲ႕ သူစိမ္းဆန္ျခင္းေတြက ထယ္ေယာင္းကို တစ္ေယာက္ေယာက္ထိုးႏႈိက္ေနသလိုမ်ိဳး နာက်င္ရတယ္ ။

ဆက္ရန္......

Lanjutkan Membaca

Kamu Akan Menyukai Ini

156K 9.8K 20
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။
17.6K 3.6K 53
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
299K 51.2K 63
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
8.8K 1.1K 24
Jungkook Atlas Francis - Taehyung Rowan Elliot