"Sim Jake come back to Australia,right now"
"but mom..."
"Right now!!!"
Jake ရဲ့အမေဟာ jake ကိုချက်ချင်းကြီး Aussie ကိုပြန်လာခိုင်းနေတယ်။အကျိုးအကြောင်းလဲသေချာမသိရသေးဘဲနဲ့ ချက်ချင်းကြီးပြန်သွားရတော့မယ်။သေချာတာတစ်ခုကတော့ သူ့နဲ့ Heeseung နှစ်ယောက်သားနမ်းနေတဲ့ video. ဟာ ပြန့်သွားခဲ့လို့ဘဲဖြစ်တယ်။အဲ့တာနဲ့ဘဲချက်ချင်းကြီး သူ့အဖေကိုဖုန်းလှမ်းဆက်လိုက်တယ်။
"အဖေ အမေ့ကိုပြောပါအုံး..."
"ဒီတစ်ခါတော့ငါလည်း မရတော့ဘူး မင်းလည်းသိရဲ့သားနဲ့ မင်းအမေကစိတ်ကြီးတယ်ဆိုတာကို..."
"ဒါပေမဲ့ ကျွန်တော်...ကျွန်တော်...ပြန်မလာချင်ဘူး..."
"အဲ့ဒီ့ကောင်လေးကြောင့်လား..."
"အင်း...ဟုတ်တယ်...အဖေစိတ်ဆိုးနေမယ်ဆိုတာသားလည်းသိပါတယ်...ဒါပေမဲ့ကျွန်တော် သူ့ကိုချစ်တယ် အဖေ"
"အေးပါ...ပြန်လာမှပြောကြတာပေါ့"
အဲ့တာနဲ့ဘဲ ချက်ချင်း Aussie ကိုပြန်ဖို့ဖြစ်လာခဲ့ပြီ။အဲ့တာနဲ့ Jungwon နဲ့ အန်တီရီကိုနှုတ်ဆက်ဖို့ထွက်လာခဲ့တယ်။jungwon ကတော့ ငိုယိုပြီးသူ့အကိုကိုဆွဲထားခဲ့တယ်။
"Won-ah မငိုနဲ့တော့နော်...ပြီးတော့ Heeseung-shi ကိုတောင်းပန်ပါတယ်လို့ပြောပေးပါနော်"
"ဘယ်တော့ပြန်လာမှာလဲ hyung က..."
"အဲ့တာကလားမသေချာဘူး...ဘယ်တော့မှပြန်မလာနိုင်တာလဲဖြစ်နိုင်တယ်.."
နှုတ်ဆက်စကားပြောပြီး jake ဟာထွက်သွားခဲ့တယ်...ပြန့်သွားခဲ့တဲ့ video ကြောင့် Heeseung လည်း jake အိမ်ကိုပြေးလာခဲ့တယ်။အိမ်မှာဘယ်သူမှရှိမနေခဲ့ဘူး။အဲ့တာနဲ့ jungwon ဆီကိုဖုန်းလှမ်းဆက်ခဲ့တယ်။အဲ့ကျမှအကြောင်းစုံသိသွားခဲ့ပြီးလေဆိပ်ကိုပြေးလိုက်ခဲ့တယ်။လေဆိပ်ရောက်တာနဲ့ Jake ရဲ့နာမည်ကိုအော်ခေါ်ပြီး ရှာဖွေနေခဲ့တယ်။မလှမ်းမကမ်းလောက်မှာ Jake ကိုတွေ့လိုက်ရတယ်။jake ကအသံကြားလို့နောက်ကိုလှည့်ကြည့်ပြီး Heeseung ကိုပြေးဖက်ခဲ့တယ်။
"ကို..."
"Jake ကလေး..."
"ကလေးတောင်းပန်ပါတယ်...ကိုကို့နားမှာအကြာကြီးရှိနေချင်သေးတယ်...ဒါပေမဲ့ ပြန်မှရတော့မှာ...မဟုတ်ရင် ပြဿနာတွေပိုကြီးကုန်လိမ့်မယ်..."
"ကိုတောင်းပန်ပါတယ်...အကုန်လုံးကို့ကြောင့်ပါ...ကိုအစဉ်းစားဘဲလုပ်ချင်ရာလုပ်ချလိုက်လို့ အဲ့လိုဖြစ်သွားတာ အကုန်လုံးကို့အမှားတွေပါ.."
"မဟုတ်ပါဘူး...ကလေးအမြန်ဆုံးပြန်လာနိုင်အောင်ကြိုးစားမယ်နော်..."
"ကလေးသာ ရောက်မလာရင် ကိုလာရှာမယ် ကလေးကို..."
"အင်း.."
အဲ့နေရာကနှစ်ယောက်လုံးရဲ့နောက်ဆုံးတွေ့ခဲ့ခြင်းဖြစ်တယ်။Heeseung တစ်ယောက် တွဲတာ တစ်လလောက်ဘဲရှိသေးတဲ့ ကောင်လေးနဲ့အဲ့လိုဝေးရလိမ့်မယ်လို့မှမထင်ခဲ့တာ...နောက်တစ်နေ့ကျောင်းကိုလဲရောက်ကော video ဖြန့်ခဲ့တဲ့ တရားခံကိုရှာနေခဲ့တယ်။ထိုသူဟာတစ်ခြားသူမဟုတ်ပါဘူး...အတန်းခေါင်းဆောင်ကိုယ်တိုင်ပါဘဲ...အဲ့နေ့ကဆိုရင် Heeseung တစ်ယောက်ဒေါသတကြီးနဲ့ ထိုးချလိုက်တာ အတန်းခေါင်းဆောင်ရဲ့မျက်နှာလဲရစရာမရှိဖြစ်သွားခဲ့တယ်။အတန်းခေါင်းဆောင်ဟာ အဲ့ဒီ့ video ကို Sim လုပ်ငန်းစုကြီးဆီကိုတိုက်ရိုက်ပို့လိုက်လို့အဲ့လိုဖြစ်သွားခဲ့တာဖြစ်တယ်။jungwon ကတော့ ni-ki ဆီမှာ ငိုယိုပြီးရင်ဖွင့်နေခဲ့တယ်။
"မင်းဘဲစဉ်းစားကြည့်ဟာ..ငါ့မှာ ငါ့crh ကလည်း မောင်နှမဇုံသွင်း...ငါ့ရဲ့အကိုရင်းလိုချစ်ရတဲ့သူကလည်း ပြန်သွားပြီဆိုတော့...ငါ့မှာဘယ်သူမှမရှိတော့ဘူး"
"မင်းကလည်း Jaeyun ဟျောင်းကပြန်လာမှာပါ"
"အခုကမသေချာဘူးလေ...သူရည်စားထားတဲ့ကိစ္စနဲ့ပြဿနာတက်နေတာကို...သူ့အမေအကြောင်းငါသိတယ်..အရမ်းဒေါသကြီးတာ...တစ်ခါတစ်လေသူ့အဖေတောင်မပြောနိုင်ဘူးဟာ...sim လုပ်ငန်းစုကြီးကို သူဘဲအုပ်ချုပ်နေတာလေ.."
စကားပြောနေချိန်မှာအနောက်ကနေ jay ကအကုန်နားထောင်နေခဲ့တယ်။
"အော် မင်းမှာသဘောကျနေတဲ့သူရှိတာဘဲ.."
"Hyung....ဘယ်..ဘယ်တုန်းကရောက်နေတာလဲ"
"မင်းစကားစပြောနေကတည်းကရောက်နေတာ..မင်းသဘောကျနေတဲ့သူကဘယ်သူလဲ..."
"အ...အဲ့...အဲ့တာ hyung နဲ့မဆိုင်ပါဘူး..."
ပါးစပ်ကနေ jay hyung ဆိုပြီးပြောလိုက်ချင်ပေမဲ့ တစ်ခြားဟာထွက်သွားခဲ့တယ်။စိတ်ထဲမှာတော့... "ချီးဘဲဟေ ပါးစပ်ကနေစောက်တလွဲတွေထွက်သွားပြန်ပြီ...တကယ်ပါငါ hyung နဲ့နီးစပ်ဖို့ကံမပါပါလား"
Jay ကထွက်သွားခဲ့တယ်။jungwon ကတော့ကင်းကိုက်ခံရပြီဟေ့..crh လေးရဲ့စိတ်ကောက်ခြင်းကိုခံရပြီလေ။နေပါအုန်းဘာတွေကြောက်နေတာလဲ သူ့နဲ့က ရည်းစားမှမဟုတ်တာ။
Heeseung နဲ့ Jay ကတော့ နှစ်ယောက်သား စိတ်ညစ်ညစ်နဲ့ ညဖက်ကြီး mini-mart ကိုထွက်လာကြတယ်။နှစ်ယောက်သားမတိုင်ပင်ဘဲထွက်လာကြတာမလို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးအံ့ဩနေကြတယ်။
"Jay..."
"အဲ့နာမည်ကြီးမခေါ်စမ်းနဲ့ဟာ...အဲ့နာမည်ကို ခေါ်ခွင့်ရှိတဲ့သူကတစ်ယောက်ဘဲရှိတယ်.."
"မင်းရအောင်တောင်ဖွင့်မပြောဘဲနဲ့ ဘာတွေလေကျယ်နေတာလဲ"
"ငါဖွင့်မပြောတာမဟုတ်ဘူး အဲ့ကလေးဘက်ကဖွင့်ပြောမခံတာ...ငါကြိုးစားတိုင်း သူကထွက်ထွက်သွားတာချည်းဘဲလေ..."
"မင်းကလဲအရူးဘဲလေ crh နဲ့horror movie သွားကြည့်တဲ့သူကများ.."
"အဲ့တာငါ ပါးစပ်ကဒီအတိုင်းဘဲထွက်သွားတာပါဟာ.."
"မင်းထပ်ကြိုးစားကြည့်ပါလား.."
"အဲ့ကလေး jungwonnie ကငါ့ကို ငြင်းလိုက်ရင်ဘယ်လိုလုပ်မလဲ.."
"ကြိုးစားကြည့်ပေါ့ဟာ...ဒါနဲ့ ငါ့ကို Aussie ဘက်မှာတက်ဖို့တက္ကသိုလ်ကောင်းကောင်းလေးရှာပေးပါလား"
"နောက်တစ်နှစ်တောင်ကျန်ပါသေးတယ်ကျောင်းပြီးဖို့က.."
"ငါသိပါတယ်...ငါကြောင့်ဖြစ်သွားတဲ့ပြဿနာလေ အဲ့တာကြောင့်ငါပြန်ရှင်းပြဖို့လိုတယ်"
"ငါလည်း မစဉ်းစားတက်ဘူးဟ တက္ကသိုလ်ကောင်းကောင်းလေးကိုရှာဖို့နေနေသာသာ ငါ့ဟာငါတောင်တက်ဖို့တက္ကသိုလ်မရှာချင်တာကို.."
"တက္ကသိုလ်ဆိုရင် ကျွန်တော်သိတယ် Heeseung hyung.."
"Jungwon-ah ဘယ်တုန်းကရောက်နေတာလဲ.."
"ကြာပြီ..Jongseong hyung ကိုပြောစရာရှိလို့လာရင်းနဲ့"
"အာ့ဆိုရင် ငါလုပ်စရာလေးရှိလို့သွားလိုက်အုံးမယ်နော် jay သွားပြီ"
ပြောပြောဆိုဆိုနဲ့ ထွက်သွားခဲ့တယ်။
"Hyung ကိုပြောစရာရှိတယ်.."
"Hyung လဲပြောစရာရှိတယ်"
"Hyung အရင်ပြောပါ.."
"wonnie ကိုချစ်တယ်...ပိုင်ဆိုင်ချင်တယ်..ကလေးသဘောကျနေတဲ့သူရှိလည်းဂရုမစိုက်ဘူး...ကိုယ့်ကိုပြန်ကြိုက်လာအောင်ကိုယ်ကြိုးစားမှာ"
Jungwon မှာကြောင်အအလေးကြည့်နေခဲ့တယ်။ရင်ထဲမှာတော့ အတိုင်းထက်အလွန်ပျော်ရွှင်နေခဲ့တယ်။
"won လည်း hyung ကိုချစ်တယ်...ဟျောင်းကျောင်းစပြောင်းလာကတည်းက ကြိုက်ခဲ့တာ...."
"Wonnie တကယ်ပြောနေတာလား.."
"တကယ်ပြောနေတာ"
"ပျော်လိုက်တာ wonnie ရယ်.."
"Hyung ဂိမ်းဆိုင်အရှေ့မှာတုန်းကဖက်နေတဲ့ကောင်မလေးကဘယ်သူလဲ"
"ကလေးက ကိုယ့်ကိုအဲ့တာကြောင့်ရှောင်နေတာလား"
"ဟုတ်တယ်...အဲ့တာကိုလှမ်းတွေ့လိုက်တဲ့အချိန်တုန်းက ကျွန်တော် တော်တော်ခံစားခဲ့ရတယ်"
"ကိုယ်တောင်းပါတယ်နော်...အဲ့တစ်ယောက် ကိုယ့်ရဲ့ ဝမ်းကွဲညီမလေး အမှတ်မထင်ဘဲတွေ့လိုက်တာကြောင့်ပါ"
"နောက်ထပ်အဲ့လိုဖြစ်တာမမြင်ချင်ဘူးနော် ကိုကို"
"ဟုတ်ပါပြီ မှတ်ထားပါ့မယ် ဘေဘီလေးရယ်
နှစ်ယောက်သားဖက်နေကြတာကို Heeseung ကအဝေးကနေလှမ်းကြည့်နေခဲ့တယ်။သူစိတ်ပိုင်းဖြတ်ပြီးသွားပြီ Aussie ကိုသွားပြီး jake ကိုရှာဖို့အတွက်ပေါ့။
တစ်နှစ်ကြာပြီးနောက်...
Heeseung ဟာစာမေးပွဲမှာအမြင့်ဆုံးအမှတ်နဲ့ အောင်ခဲ့တယ်။အဲ့တာနဲ့သူစီစဉ်ထားတဲ့အတိုင်း Aussie ကိုတစ်ယောက်ထဲထွက်လာခဲ့တယ်။jungwon ပြောတဲ့ တက္ကသိုလ်ဝင်ခွင့်လည်းလွယ်လွယ်ကူကူအောင်သွားခဲ့တယ်။
Australia ကိုစရောက်လာတဲ့အခါသူ့ကို လူတစ်ယောက်ကလာကြိုခဲ့တယ်။အဲ့ဒီ့လူက Jay နဲ့သိတဲ့လူဖြစ်တယ်။အဲ့ဒီ့လူရဲကျေးဇူးကြောင့် အဆောင်ကိုချောချောချူချူရောက်ခဲ့တယ်။အခန်းဖော်ကရောက်မလာသေးပေမဲ့ သူအရမ်းတွေစိတ်လှုတ်ရှားနေခဲ့တယ်။အခန်းဖော်ရောက်လာတဲ့အခါမှာ အရမ်းကို အံ့ဩသွားခဲ့တယ်။အဲ့ဒီ့လူက.......
အဲ့ဒီ့လူက သူ့ရဲ့ ရန်ဘက်ကြီး အတန်းခေါင်းဆောင်ဖြစ်နေခဲ့တယ်။
(စိတ်လှုပ်ရှားသွားတယ်မလား ပုံကလေးကတော့ဒီတိုင်းဘဲလွမ်းနေမှာဆိုးလို့ထည့်ထားပေးတာပါ)
"အတန်းခေါင်းဆောင်??"
"Heeseung-shi!!!"
"ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ"
"ငါမေးရမှာလေ မင်းကဘာလို့ဒီရောက်နေတာလဲ မင်းကိုအားကစားတက္ကသိုလ်ရွေးလိုက်တယ်ထင်နေတာ"
"ငါ jake အဲမဟုတ် Jaeyun ကိုရှာဖို့လာတာ မင်းကရော"
"ငါလည်း Jaeyun ကိုရှာဖို့လာတာ"
"ဟေး မင်းသူ့ကိုကြိုက်နေတာလား..စဉ်းတောင်မစဉ်းစားနဲ့နော် ငါတစ်ယောက်လုံးရှိတယ် သူ့မှာ"
"မဟုတ်ပါဘူးဟာ...ငါတောင်းပန်ချင်လို့ပါ...ငါ့ကြောင့်နဲ့မင်းကော သူကောနှစ်ယောက်လုံးဝေးသွားတာလေ...မင်းကိုရောဘဲ ငါတောင်းပန်ပါတယ်.."
"ပြီးခဲ့တာကပြီးခဲ့ပြီဘဲ သူ့ကို ဒီမှာရှိမယ်လို့ မင်းကိုဘယ်သူပြောပြတာလဲ"
"ဟိုဟာလေ သူ့ဘေးနားမှာအမြဲရှိနေတက်တဲ့ကောင်လေးလေ အဲ့ကောင်လေးကို မုန့်ဝယ်ကျွေးပြီးမေးလိုက်တာ...ငါ့ကိုအတန်းခေါင်းဆောင်လို့မခေါ်ပါနဲ့ သာမန်အတိုင်းငါ့နာမည်ဘဲခေါ်ပါ ငါကမင်းတို့ရဲ့အတန်းခေါင်းဆောင်လဲမဟုတ်တော့ဘူးလေ.."
"အေးပါဟာ...shin Gujoon-shi"
နှစ်ယောက်အရင်ပြဿနာတွေပြေလည်သွားတော့ Jake ရှာပုံတော်ဖွင့်လိုက်ကြတယ်။နေရာသာစုံခဲ့တာ jake ကိုအရိပ်ယောင်လေးတောင်မတွေ့ပါဘူး။
"ဟေ့ရှာနေတာလည်းနှံ့နေပြီ သူတက္ကသိုလ်ပြောင်းတက်သွားတာများဖြစ်နေမလား"
"မသိတော့ဘူးကွာ ငါလဲ"
ထိုအချိန်မှာကောင်မလေးတစ်ချို့ရဲ့စကားသံကိုကြားလိုက်ရတယ်။
"အနုပညာအတန်းက jake လေ သူအရမ်းချောတာဘဲ ငါတွေ့ခဲ့ပြီးပြီ"
......
"ဟေ့ Jaeyun ဘယ်မှာလဲဆိုတာငါသိပြီ ငါနဲ့လိုက်ခဲ့"
.
.
.
"Jake အဆင်ပြေရဲ့လား"
"ဟုတ်ပြေပါတယ် senior Chan"
"အေးပြေတယ်ဆိုရင်ပြီးတာပါဘဲ ရင်ဖွင့်ချင်ရင်ငါ့ဆီလာခဲ့လို့ရတယ်နော်"
"ကျေးဇူးပါမလိုပါဘူး.."
Jakeဟာ သူ့ရဲ့ senior Chan ကို ခါး ၉၀•ကွေးပြီး နှုတ်ဆက်ခဲ့ပြီးထွက်လာခဲ့တယ်။အဲ့ကနေ BangChan က jake ကိုပစ္စည်းကျန်ခဲ့လို့လိုက်ပေးနေခဲ့တယ်။ထိုအချိန်မှာဘဲ Jaeyun ဆိုပြီး အသံအကျယ်ကြီးကို BangChan ကြားလိုက်ရတယ်။ဒါပေမဲ့ Jake ကအဝေးရောက်သွားခဲ့ပြီ။အနုပညာအတန်းမှာလာရှာခဲ့ပေမဲ့မတွေ့တော့ပါဘူး။အဲ့မှာ BangChan ကအနားရောက်လာခဲ့တယ်။
"Korean လူမျိုးလား"
Aussie သားတစ်ယောက်က သူတို့ကို ကိုရီးယားလိုမေးခဲ့တာကြောင့်အရမ်းကိုအံ့ဩနေခဲ့တယ်။
"ဟုတ်ပါတယ်.."
"Jake ကိုရှာနေတာလား"
"ဘယ်လိုသိတာလဲ.."Heeseung တစ်ယောက်အံ့ဩစွာနဲ့မေးလိုက်တယ်"
"Jake ရဲ့ Korean name ကိုလှမ်းခေါ်လိုက်တဲ့အသံကြားလိုက်လို့"
"သူဘယ်မှာရှိလဲဆိုတာသိလား"
"အခုတော့သူ့အဆောင်ပြန်သွားပြီ အကိုလိုက်ပို့ပေးမယ်လေ.."
"ဟုတ်ကျေးဇူးပါ.."
..............
"ဟူး...Heeseung-shi ကျွန်တော့ကိုသတိရသေးရဲ့လားမသိဘူး"
တီးတောင်..
ဘဲလ်မြည်သံကြောင့်အရှေ့ကိုထွက်ခဲ့လိုက်တယ်။
"senior Chan ဘာလာလုပ်တာလဲ..."
စကားမဆုံးသေးခင်မှာဘဲ Heeseung ကိုတွေ့လိုက်ရတယ်။
"Jake ကလေး"
"Heeseung-shi"
Jake ကဝမ်းသာအားရနဲ့ပြေးဖက်လိုက်တယ်။
"အရမ်းသတိရနေခဲ့တာ Heeseung-shi ကို"
"ကိုယ်ကောဘဲ အရမ်းသတိရနေခဲ့တာ"
"Hi Jaeyun-shi"
"အတန်းခေါင်းဆောင်..."
"ငါလေ ဖြစ်ခဲ့သမျှကိစ္စအားလုံးအတွက်တောင်းပန်ပါတယ်"
အတန်းခေါင်းဆောင် အရာအားလုံးအတွက်တောင်းပန်နေခဲ့တယ်။
"ထားလိုက်ပါတော့ အဲ့တာတွေကပြီးခဲ့ပြီဘဲ"
Jake ကတော့အရင်လိုသဘောထားကြီးတုန်းပါဘဲ။
....................
Heeseung တစ်ယောက် jake ရဲ့အိမ်အထိသွားပြီးတော့ jake နဲ့သဘောတူပေးဖို့တောင်းဆိုခဲ့တယ်။အကြိမ်ကြိမ်အခါခါ တောင်းဆိုပြီးတော့မှ သူ့ရဲ့အမေဟာလက်ခံခဲ့တယ်။အပျော်လွန်ပြီး သူ့ရဲ့ မိဘတွေရှေ့မှာ Jake ကိုနမ်းလိုက်တယ်။ပြီးတော့မှ ကပြာကယာနဲ့ အနမ်းတွေပြန်သုတ်ပေးနေခဲ့တယ်။နောက်ငါးနှစ်နေတော့ နှစ်ယောက်လုံးကျောင်းပြီးသွားခဲ့ပြီ။Heeseung က sim လုပ်ငန်းစုရဲ့သမက်အဖြစ် sim လုပ်ငန်းစုကို korea မှာ ကုပ္မဏီခွဲဖွင့်တော့ အဲ့မှာ ဥက္ခဌ ရာထူးကိုဆက်ခံခဲ့တယ်။jake ကတော့သူဝါသနာပါတဲ့အနုပညာအလုပ်ကို သူ့အသက် 22 ကတည်းကစလုပ်လာခဲ့တာအခုဆိုအရမ်းအောင်မြင်ကျော်ကြားတဲ့မင်းသားတစ်လက်ဖြစ်နေခဲ့ပြီ။တစ်ကမ္ဘာလုံးနီးပါ fan တွေရဲ့အချစ်ကိုရယူနေခဲ့တယ်။jungwon ကတော့သူ့အမေရဲ့ဆိုင်လေးကိုဘဲ ဆက်ခံပြီး တိုးချဲနေခဲ့တယ်။အခုဆိုရင် ထိပ်တန်းrestaurant ကြီးတစ်ခုတောင် ပိုင်ဆိုင်နေပြီဖြစ်သည်။Jay ကတော့ sim လုပ်ငန်းစုကြီးရဲ့ ပါတနာ လုပ်ငန်းစုကြီး J လုပ်ငန်းစုကြီးရဲ့ ဥက္ခဌဖြစ်နေပြီ။ တစ်ရက်မှာ Heeseung နဲ့ Jake တို့တရားဝင်လက်ထပ်လိုက်ပြီ။အဲ့နေ့မှာ တစ်ကမ္ဘာလုံးကအမျိုးသမီးထုကြီးရဲ့ကြေကွဲခန်းဖြစ်နေခဲ့တယ်။
...........................
တစ်ရက် ဟန်းနီးမွန်းအပြီး Heeseung နဲ့အတူ ကုပ္မဏီကိုလိုက်လာခဲ့လိုက်တယ်။ကုပ္မဏီကလူတွေရဲ့ပါးစပ်ဖျားမှာ sim jake ကအရမ်းဆွဲဆောင်မှုရှိတာဘဲဆိုပြီးပြောနေခဲ့ကြတယ်။Heeseung ကတော့ သဝန်တိုနေပြန်ပြီ။
.......
ရုံးခန်းထဲရောက်သော်..
"ကိုကို ဘာဖြစ်နေတာလဲ"
"ကလေးရယ် အရမ်းကြီးဆွဲဆောင်မှုရှိအောင်မနေပါနဲ့လား"
Heeseung ရဲ့စကားသံကြောင့် ထရီမိတယ်။
"ကိုကိုကလည်း ဘာများလဲလို့.."
"ပြီးတော့ အနုပညာအလုပ်တွေဆက်မလုပ်ပါနဲ့လား ကလေးကိုလေ တစ်ခြားမင်းသမီးတွေနဲ့အတူတူတွေ့နေရတာ ကိုယ်မကြိုက်ဘူး"
"ကိုကိုကလည်း ကလေးက ဝါသနာပါလို့လုပ်နေတာကို ကိုကိုကမတားလို့မရဘူးလား အတက်နိုင်ဆုံး အဲ့လိုမဖြစ်ရအောင် လာကမ်းလှမ်းတဲ့ဇာတ်ကားတွေကို ငြင်းထားရတာကို"
နှုတ်ခမ်းလေးဆူပြီးပြောနေတဲ့ပုံစံကြောင့် Heeseung တစ်ယောက်စိတ်မထိန်းနိုင်တော့ဘဲ စလုပ်တော့တယ်။
"ကလေးရယ် အရမ်းချစ်ဖို့ကောင်းတာဘဲ..."
"ကလေးမဟုတ်တော့ဘူးလို့"
"တစ်ခြားသူအတွက်သာ မင်းကအရမ်းဆွဲဆောင်မှုရှိတဲ့ကောင်လေးဖြစ်ချင်ဖြစ်မယ် ငါ့အတွက်တော့ ကလေးတစ်ယောက်ဘဲ"
The End