ℒ𝑖𝑠𝑡𝑒𝑛 𝑡𝑜 𝑡ℎ𝑒 ℛ𝑎𝑑�...

Por AureumV

106K 15.3K 3.6K

Tennessee Radio Station ? Turn on 91.3 MHz. One fine evening let me hear your voice. Captivate my soul and fr... Más

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34 (Final)

Part 18

2.3K 408 110
Por AureumV

Unicode~

"ဘယ်လိုဖြစ်လို့ အချိန်ပိုဖြစ်သွားရတာလဲ မျက်ခြယ်ရယ်"

အထုပ်ကြီးအထုပ်ငယ် လက်တစ်ဖက်စီက ကိုင်ဆွဲကာ အလုပ်ခွင်ထိ လိုက်လာသူ မောင်က တဟောဟောတဟဲဟဲလှိုက်ခတ်နေသော အသက်ရှူသံတို့ မဆုံးခင်မှာပဲ သူအချိန်ပိုဆင်းရသည့်အကြောင်း မေးရှာသည်။

"မောင့်ကိုပြောရဦးမယ်"

"မောင်နားထောင်နေတယ်"

"ကျွန်တော် အခု အစီအစဉ်သစ်တစ်ခုကိုပါ တာဝန်ယူလိုက်ပြီလေ။ တနင်္လာနေ့ကျ စမယ်ဆိုလို့ ဒီနေ့တည်းက အချိန်ပိုဆင်းလိုက်တာ မောင်ရဲ့။ ဒီအစီအစဉ်သစ်နဲ့ အကျွမ်းတဝင်ဖြစ်အောင် လုပ်ထားမလို့လေ"

"တကယ်အလုပ်သရဲ​လေးပါပဲ။ အချိန်ပိုဆင်းရတယ်ဆိုလို့ ​မောင်က မျက်ခြယ်တို့တစ်ရုံးလုံးကို ခိုင်းထားလို့မှတ်​နေတာ။ လက်စသတ်​တော့ တစ်​ယောက်တည်းတာဝန်​ကျေချင်​နေတာ​ပေါ့ ဟုတ်လား"

​မောင့်လက်ဖျား​နွေးစိမ့်စိမ့်ရယ် ခပ်ပွပွဆံသားများကြား ပွတ်သပ်ကျီစယ်သွား၏။ သူကပဲ ​မောင်​ပြောသလို အလုပ်သရဲဖြစ်​နေလို့လား.. အလုပ်မပြီးဖူးဆိုတာမျိုး အ​တွေးဖြင့်ပင် မ​တွေးရက်နိုင်။ တာဝန်မ​ကျေလို့ အ​ပြောခံအဆူခံရမည်ကိုလည်း မလိုလား။ ​တစ်ခုခုအတွက် တာဝန်ယူပြီးပြီဆိုသည်နှင့် ပြည့်ပြည့်စုံစုံမပြီး​မြောက်မချင်း ရတက်​မ​အေးနိုင်တာက သူ့ဝသီဖြစ်လို့​နေပါပြီ။

"တာဝန်ယူလိုက်ပြီဆို​မှ​​တော့ အလွဲအ​ချော်​တော့ မဖြစ်ချင်ဘူး​ပေါ့ ​မောင်ရယ်"

"မဖြစ်ပါဘူး။ မျက်ခြယ်က ဒီအစီအစဥ်အသစ်ကိုလည်း အ​ကောင်းဆုံးလုပ်နိုင်မယ်ဆိုတာ ​မောင်သိ​နေတယ်"

သူ့ဘက်ကိုသာ မျက်နှာမူပြီး သူရှိရာအရပ်မှ တစ်ဖဝါးမခွာသူ ​မောင်လိုလူအတွက် ​မေတ္တာဓါတ်က အလိုလို​ရေစီးကမ်းပြိုလိုက်ပါ၏။ ယခုပင် သူစိုးရိမ်ပူပန်​နေသမျှအတွက် ​မောင်က ခွန်အားသစ်တည်​ပေးလိုက်ပြန်ပါပြီ။ ​​ကာယကံရှင်မဟုတ်သူ​မောင်က အာမဘန္တေခံလိုက်ရုံဖြင့် ကာယကံရှင်ဖြစ်သူ မိမိမှာ အလိုလိုစိတ်ဘဝင်​အေးချမ်းရပါသည်။

"​ဒါနဲ့ တနင်္လာ​နေ့တစ်ရက်တည်းလား။ ဘယ်အချိန်​တွေလဲ ​မောင့်ကို ​ပြောပါဦး။ ​မောင်နား​ထောင်ချင်​သေးတယ်​လေ"

"တစ်ပတ်တစ်ရက်တည်းပါပဲ ​မောင်ရယ်။ မနက်၇နာရီ မဟုတ်ရင် ၈နာရီလို့​တော့ ​အကြမ်းဖျင်းခန့်မှန်းထားတယ်"

"ဒါဆို တနင်္လာ​နေ့​တွေ အလုပ်​စောလာရမှာပဲ။ အဆင်​​ပြေရဲ့လား။ ​မောင့်ဒရိုက်ဘာကို လွှတ်လိုက်ရမလား။ ​လမ်း​လျှောက်သွား​နေရင် မမီဘဲ​နေဦးမယ်"

"အဲဒီ​လောက်ထိ တကူးတကလုပ်စရာ မလိုပါဘူး။ ကျွန်​တော် မနက်​စော​စောထလိုက်ရင် အဆင်​​ပြေသွားမှာပါ"

​မောင့်မှာ အလုပ်​တွေက တသီတသန်းကြီး။ အလုပ်ပုံကြားမှ ​ခေါင်းပြူ၍ သူ့အစီအစဥ်ကို နား​သောတဆင်​ပေးမည်ကပင် သူ့အတွက် မဟာကံထူးခွင့်ဖြစ်လို့​နေပြီ။ ကားအကြိုအပို့ထိပါဆိုလျှင် ​မောင့်မှာ ကရိကထများ​တော့မ​ပေါ့။ ​မောင်ကလည်း ​မောင်ပင်.. တစ်ခါတစ်ရံ​လောက်များ သူ့ဘက်သူကြည့်ပါ​တော့လား။

"​မောင်ငြိမ်ငြိမ်​လေး ​နားဆင်​ပေးရုံနဲ့တင် ကျွန်​တော်က ​ကျေနပ်လှပြီ"

"​သေချာ​​ပေါက် နား​ထောင်ရမှာ​​ပေါ့။ ​မောင်က မျက်ခြယ်ရဲ့ အမာခံပရိတ်သတ်ပဲ​လေ"

"​မောင်က​တော့ စကားကြွယ်ပြ​နေပြန်ပြီ"

ရှက်ပြုံး​လေးက တစိမ့်စိမ့် နှုတ်ခမ်းပါးမှ ပြိုကျသည်။ ပန်းဆီ​ရောင် ပါးနှစ်ဖက်ဝယ် အချစ်ရိပ်က အစီအရီ။ ကျွန်းကုလားထိုင်လက်ရန်းကိုပင် လက်သည်းနုနုများဖြင့် တီး​ခေါက်မိ​နေ၏။
မျက်​တောင်မခတ်စတမ်း ​မောင်က ကြည့်​နေဆဲ။ ထိုအကြည့် ထိုအပြုံးက ကိုယ့်တစ်ကိုယ်လုံးအား သိမ်းကြုံး​ပွေ့ဖက်လျက်သားရှိပါသည်။

"မျက်ခြယ်အလုပ်ဆက်လုပ်ရဦးမှာမလား။ ​မောင်​စောင့်​နေမယ်။ စိတ်ထဲမထားဘဲ အလုပ်ဆက်လုပ်​နော်"

မဖြစ်နိုင်တာ​တွေများ ​ရွေး​ပြော​နေသလား။ နံ​ဘေးစားပွဲကို လက်​ထောက်လျက်သား ကိုယ့်ကိုကြည့်​နေမှ​တော့ဖြင့် ဘယ်လိုစိတ်နှင့်များ စိတ်ထဲမထားဘဲ ​နေတတ်မည်နည်း။

စာရွက်တစ်ရွက်ပြီးတစ်ရွက် လှန်​လှောလိုက်တိုင်း ​​မောင့်ဝင်သက်ထွက်သက်ကို ခံစားရလို့​နေတာ။ စွဲလမ်းရူးသွပ်ရခြင်းဆိုတာ ဤသို့ပင်လား။

"​မောင်​နောက်ကျ​နေရင် ပြန်နှင့်​နော်။ ကျွန်​တော်က တက္ကစီစီးသွားလည်းရတယ်"

"မဖြစ်နိုင်တာ မျက်ခြယ်ရယ်။ ဒီလိုမိုးချုပ်ချုပ်အချိန်မှာ ​မောင်က တစ်​ယောက်တည်းထားခဲ့ရက်ပါ့မလား။ စဥ်းစဥ်းစားစားလည်း ​ပြောပါဦး"

"​မောင် အချိန်ကုန်​နေမှာစိုးလို့ပါ။ ​စောင့်ချင်လည်း ​မောင့်သ​ဘော"

"စိတ်ချ။ တစ်လှမ်း​မ​ရွေ့ဘဲ ​​ကျောက်ချပြီးကို ​စောင့်​နေမှာ"

ကဗျာဆရာအ​ရေခြုံထား​လေသလား ​မောင်ရယ်။ ​ဘာရယ်မဟုတ် ​မောင်တစ်ခွန်းခွန်း​ပြောလိုက်တိုင်း ကိုယ့်မှာ အပြုံးပန်းမပြတ်မစဲစတမ်း​ပေါ့။ စာရွက်ဆယ်ရွက်ခန့်ထပ်ထား​သော ဖိုင်တွဲ​လေးဖြင့် နှုတ်ခမ်းကိုအုပ်ပြီး ရယ်မိတာ တခစ်ခစ်အသံများကို ကိုယ့်ကိုယ်ကိုယ်ပင် ပြန်ကြား​နေရ၏။

"Mr. Kim ရုံးမဆင်း​သေးဘူးလား။ ဪ.. ခရိုင်မင်းပါ ​ရောက်​နေတာလား"

​ထိုအစ်မဆီက တိပ်​ခွေ​တောင်းပြီး သူ့ကိုပြုံး​စေ​သော ​မောင့်အ​ကြောင်း ​တွေးမိလျက်။ ထိုအစ်မ​က​တော့ ​မောင့်ကို​တွေ့တာ ဘာဆိုဘာမှပင် အထူးအဆန်းမဖြစ်သွားသည့်အတိုင်းပင်။

"အစ်မ​ရော ညပိုင်းအစီအစဥ်ရှိလို့လား။ ခုထိမပြန်​သေးဘူးဆို​တော့"

"ဟုတ်တယ် Mr. Kim. အစ်မအစီအစဥ်က ညပိုင်းမဟုတ်​ပေမဲ့ ဟိုတစ်​နေ့က အ​ရေး​ပေါ်သတင်းအချိန်ဝင်သွား​တော့ အစ်မက ဒီညအစားထိုး​ပေးရတာ​ပေါ့"

Taehyung ​ခေါင်းတညိတ်ညိတ်သာ တုံ့ပြန်၏။ ထိုအစ်မကလည်း သူ့စားပွဲရှိရာဆီ တန်းတန်းမတ်မတ်သွားပြီးသာ သိမ်းဆည်းစရာရှိ သိမ်းဆည်းလို့​နေ​လေသည်။

"ကျွန်မ ​ကော်ဖီဖြစ်ဖြစ်သွား​ဖျော်လိုက်ရမလား.. ခရိုင်မင်း​ရောက်​နေတာဆို​​တော့"

"မလိုပါဘူး။ Taehyungပြီးရင် ကျွန်​တော်လည်း ပြန်​တော့မှာပါ"

"ဟုတ်ကဲ့ပါ။ ဪ..ဒါနဲ့ ကျွန်မ​ပေးလိုက်တဲ့ တိပ်​ခွေ​တွေ အဆင်မှ​ပြေရဲ့လားဟင်။ ပြန်ကူးထားရတာ​တွေနဲ့ ထစ်များထစ်​နေမလားလို့ပါ"

​မောင်က သူ့ဘက်ဆီ တစ်ချက်လှမ်းကြည့်သည်။ သည်အစ်မနှင့် စကား​ဖောင်ဖွဲ့​ခဲ့ရခြင်းက သူ့​ကြောင့်ပါဆိုတာ အလိုလို​​သေချာသွား၏။ ​မောင့်လိုလူဟာဖြင့် အပျင်း​ပြေသဝန်တိုတမ်း ကစားချင်လျှင်​တောင် ကစားလို့မရ​​အောင် ပြီးပြည့်စုံလွန်သူ။

ကျမ်းစာများအရ ​လောကမှာ အပြစ်ကင်းသူမရှိ​ချေဘူးဆိုပဲ။ သူ့အတွက်​တော့ ​မောင်ဟာ နှင်းစက်မြူမှုန်မျှပင် အပြစ်မရှိ​လေ​သောသူ။ အပြစ်ရှာစရာအ​ကြောင်းခြင်းရာကို မည်မျှပင် ဂဃနဏရှာပါ​စေဦး.. ​​မောင့်ဆီမှာဖြင့် ​တွေ့နိုင်မည်ဟု မထင်။

"အကုန်အဆင်​ပြေပါတယ်။ ​ကျေးဇူးတင်စကားလာ​ပြောရမှာကို အလုပ်​တွေပုံ​နေတာနဲ့ပဲ ​မေ့သွားတာ အားနာလိုက်တာဗျာ"

"မဟုတ်တာ။ ကျွန်မကိုယ်တိုင် ဆန္ဒရှိလို့သာ ယူ​ပေးတာ။ ခရိုင်မင်းက ကျွန်မတို့​ရေဒီယိုလိုင်းကို နား​ထောင်တယ်ဆိုတာနဲ့တင် ကျွန်မတို့က ဂုဏ်ယူရမှာ"

ထိုအစ်မပြန်သွားပြီး ကိုယ်လည်း အလုပ်ကို မြန်မြန်ဆန်ဆန်ပင် လက်စသတ်လိုက်သည်။ အကြမ်းဖျင်းဖတ်စရာရှိသည်များကို စာအုပ်ထဲ​ရေးမှတ်ရင်း အိမ်မှာဆက်ဖတ်ရမည်။
​မောင့်ကို အကြာကြီး​စောင့်ခိုင်းလို့ မ​ကောင်းတတ်။ ​​မောင့်မှာ သူ့အလုပ်နှင့်သူ​​တောင် မအားမလပ်ကြားက ကိုယ့်ဆီလာရတာဖြစ်​ကြောင်း ​မောင်နှင့်အတူပါလာ​သော ဖိုင်တွဲအိတ်များက သက်​သေပြလျက်ရှိသည်။

"သွားကြစို့​ ​မောင်။ အိမ်​ရောက်မှပဲ ဆက်လုပ်​တော့မယ်"

"အလွန်အကျွံ​တွေလည်း မလုပ်နဲ့ဦး။ ကျန်းမာ​ရေးက အဓိကဆိုတာ သိတယ်မဟုတ်လား"

"အင်းပါ.. ကျွန်​တော့်ကို က​လေးမှတ်​နေလား"

"​မောင့်က​လေး​​လေး"

​မောင်က လက်တစ်ဖက်ဖြင့် သူ့ကိုသိမ်းကြုံး​ပွေ့ဖက်ပြီး နားထင်စပ်ကို ​ထွေးအိစွာ အနမ်းနှင့်​မိတ်​ဆက်​ပေး၏။ တစ်စုံတစ်​ယောက်များ မြင်သွား​လေမလားဟူ​သော စိုးရိမ်စိတ်က တစ်မုဟုတ်ချင်း အ​ငွေ့ပျံ​၏။ ​မောင့်အကြင်နာချိုမြမြ​​ကြောင့်ပဲ ထင်ပါရဲ့။
____

​​သောကြာ​နေ့ည​နေ ရုံးဆင်းဆင်းချင်း သူ့ဝတ္တရားက အိမ်တန်းပြန်ကာ ​ရေဒီယိုနံ​ဘေးအသင့်​​စောင့်​နေဖို့ရာ။

သည်​သောကြာက ပိုလို့လည်း ထူးခြားနိုင်သည်။ ထို့​ကြောင့်ပင် ရုံက​နေ နာရီဝက်ခန့်​စောဆင်းလိုက်ပြီး အိမ်မှာ အသင့်အ​နေအထား​စောင့်​နေမိသည်။

​ရေဒီယိုထားရာ စာဖတ်ခန်း၏ အလယ်ဗဟိုမျဥ်းအတိုင်း ​ခေါက်တုံ့​ခေါက်ပြန် ​လျှောက်​နေမိသည်။ ​မျက်ခြယ်၏ 'နှလုံးသား ​တေးသံသာ'စဖို့ရာ အချိန်လို​သေးမှန်း သူသိ​နေပါလျက် သည်​အခန်းထဲမှ တစ်ဖဝါးမခွာနိုင်​သေးပြန်။

​ရေမိုးချိုးကိုယ်လက်သန့်စင်ပြီး ​​ကြော့​မော့စွာ ဝတ်ဆင်ထား​သော ဆင်စွယ်​ရောင်လည်ကတုံးရှပ်အင်္ကျီက သူ့အတွက် အနည်းငယ် အိုက်စပ်စပ်။ ဥတုရာသီရယ်က ​ဆောင်း​နှောင်း​ကျော်စပြု​နေ​သော်လည်း ​နွေဦးထဲသို့ လုံးလုံးလျားလျား​ခြေဦးမဆန့်ရ​သေး။ ​​​ချွေးတစို့စို့ဖြစ်​​နေသည့်အ​ကြောင်းမှာ ရာသီအကူးအ​ပြောင်းဆိုသည်ထက် ​ရေဒီယို​လေးတစ်လုံး​ကြောင့်သာ။

"ခရိုင်မင်း.. ဖုန်းလာ​နေတယ်။ ရုံးကတဲ့"

"​အ​​ရေးကြီးကိစ္စတဲ့လား"

"အဲဒီလို​တော့ မ​ပြော​ဘူး ခရိုင်မင်း"

"အ​ရေးမကြီးရင် ​နောက်မနက်မှဆက်ပါလို့။ ငါအလုပ်ရှုပ်​နေတယ်လို့သာ ​ပြောလိုက်"

Jimက ​ခေါင်းတကုတ်ကုတ်နှင့် ပြန်ထွက်သွားသည်။ လမ်း​လျှောက်ရုံသာ​လျှောက်​နေပြီး မည်သည့်အလုပ်မှ မလုပ်​နေသည့်ကိုယ်က အလုပ်ရှုပ်​နေတယ်ဆို​တော့ သူ့ခမျာလည်း ​ကြောင်အမ်းအမ်းသာ တုံ့ပြန်နိုင်​တော့ဟန်တူပါရဲ့။

ည​နေဆည်းဆာချိန် တသဲ့သဲ့​ရောက်လျှင် မျက်ခြယ်၏ အသံ​ချိုစိမ့်စိမ့်​လေးအား ကြားရစမြဲ။ ဆည်းဆာချိန်​တွေက သ​ဘာဝအတိုင်း လှမြဲလှဆဲဖြစ်​သော်ငြား မျက်ခြယ်၏အသံ​လေးပါ ​ပေါင်းစပ်ပါဝင်လျှင်​တော့ အချိုပွဲအ​ပေါ် သကာရည်ဆမ်းထားသည့်နှယ်။

"Jim.. ငါ့ကို ​ချောင်းကြည့်မ​နေဘဲ အခန်းတံခါးကို ပိတ်ထားစမ်းပါ။ ​ငါအေး​ဆေး​နေမလို့"

"ဟုတ်..ဟုတ် ခရိုင်မင်း"

ခရိုင်မင်းအသံက ခပ်​မာမာခပ်ဆတ်ဆတ်နှင့်ဆို​တော့ Jimခမျာ အလိုလိုအသည်းငယ်ရသည်။ သူ့ထက်ငယ်​သော ခရိုင်မင်းက ဩဇာအရာမှာ​တော့ မည်သူမည်ဝါမှ ​တော်ရုံမယှဥ်သာ။ Jimလို နှစ်များစွာအနီးကပ်​နေလာခဲ့သူပင် တစ်ခါတစ်ခါများ တုန်​နေ​အောင် ​​ကြောက်ရသလို ​ယောင်လို့ဖြင့် မ​လေးမစားမလုပ်ရဲပါ။ အသစ်စက်စက်ဝန်ထမ်းများဆိုလျှင်​တော့ မဆိုထားနှင့်​တော့။ အတက်အကျမရှိသည့် အသံမာမာနှင့် ​ပြောလျှင်ကို အူကလီစာများ ဆွဲဆုတ်ခံရသလို ဖိန့်ဖိန့်တုန်ချင်စရာ​။

"ရှင်ကလည်းရှင်ပဲ။ ခရိုင်မင်းက သူစာဖတ်ခန်းထဲ​နေချိန်​တွေ ​​နှောင့်ယှက်တာမကြိုက်ဘူးဆိုတာ မသိတာလည်းမဟုတ်"

"ဪ.. ရုံးက မဆက်စဖူးဆို​တော့ ငါလည်း အ​ရေးကြီးတယ်ထင်လို့​ပေါ့"

"အဲဒါ​ပြော​နေတာမဟုတ်ဘူး။ သွားသွား​ချောင်း​နေတာကို​ပြောတာ။ ခရိုင်မင်းက မသိဘဲ​နေမလား ရှင်ကိုက ပျာယီးပျာယာ။ သူမ​ပြောနဲ့ ကျွန်မ​တောင် မျက်စိ​​​နောက်သရှင်.."

"ဒီမိန်းမက​တော့လား။ အိမ်ဦးနတ်ကို ကြပ်ကြပ်​ပြော။ ကံကြီးထိုက်လိမ့်မယ်"

Jim၏ဇနီးဖြစ်သူက သူ့နှုတ်ခမ်းများကို နဂို​ထော်သည်ထက် နှစ်ဆပို​ထော်ထားသည်။ မီးဖိုး​ချောင်ထဲ အနားမ​နေရသဖြင့် မည်းပြာပြာအသားအရည်က ​ချွေးတစို့စို့နှင့် ​ပြောင်လက်လို့​နေ၏။
​Jimက အနည်းငယ်အသံမြင့်လိုက်​တော့ ​ကျော​ပေါ်တွင် ပိုးသိပ်ထား​သော က​လေးငယ်က နိုးအံ့ဆဲဆဲရယ်​ကြောင့် Jimကို မျက်​စောင်းတထိုးထိုး။

"က​လေးအိပ်​နေတာကို သူ့အသံကျယ်ကြီးနဲ့"

"အင်းပါ အင်းပါ။ ငါ့အမှား"

သည်တစ်ခါလည်း Jimမှာ အ​လျှော့​ပေးရပြန်​​ချေပြီ။ သူ့မိန်းမကို နိုင်ဖူးသည့်အ​ရေအတွက်က လက်တစ်ဖက်​တောင် ပြည့်ပါရဲ့လား။
____

"မင်္ဂလာပါခင်ဗျာ။ Melomaniac FMရဲ့ 'နှလုံးသားတေးသံသာ'အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်"

ကြိုတင်မဖတ်ထားရ​သေး​သော ဇာတ်ညွှန်းစာရွက်ကို မမှိတ်မသုန်ကြည့်ရင်း စကားလုံးအသုံးအနှုန်း မမှား​စေဖို့ရာ ဂရုစိုက်​နေရသည်။ အမှန်စင်စစ် ဇာတ်ညွှန်းကြိုမဖတ်ဘဲ တင်ဆက်ရသည်အား သူသ​ဘောကျ​လေ့မရှိ။ ယခုလည်း သ​ဘောကျမ​နေပါ။ ​​နောက်တနင်္လာ၏ အစီအစဥ်သစ်​တွေသာ အချိန်​တွေဖဲ့မ​ပေးခဲ့ရလျှင် သည်ဇာတ်ညွှန်းကို သူကြိုဖတ်မိမှာ ဧကန်။

"ဒီတစ်ခါ​တော့ မင်္ဂလာနှစ်ပတ်လည်အတွက်ဆိုပြီး တက္ကဆက်က ​တောင်းဆိုချက်တစ်​စောင်ကို လက်ခံထားရပါတယ်။ အရင်ဆုံး မင်္ဂလာ​နှစ်ပတ်လည်​နေ့အတွက် ​ဂုဏ်ယူပါတယ်​နော်.."

တက္ကဆက်ပြည်နယ်က စာလွှာ​လေးက သူ့ကို မျက်ရည်လည်​စေသည်။ 'နှလုံးသား​တေးသံသာ'မှာ ​တောင်းဆိုခံရသည့် သီချင်းများနှင့် စာလွှာအများစုက တစ်​ထောင့်ငါးရာတည်းမည်​သော ချစ်ခြင်းအ​ကြောင်း ဖွဲ့နွဲ့ကြသည်က များသည်။ ​တော်ရုံတန်ရုံ ချစ်သဝဏ်လွှာ​လောက်ကိုဖြင့် သူ့ရင်ထဲမတိုး​တော့။

သည်တစ်ခါ စာလွှာက​တော့ဖြင့် ရင်ထဲတသိမ့်သိမ့်လှိုက်ဖို​စေတာအမှန်။ မင်္ဂလာသက်တမ်းက နည်းနည်း​နော​နောမဟုတ်.. အနှစ်ငါးဆယ်​တောင်တဲ့​လေ။ လူသားနှစ်​ယောက် ဤမျှ​ပေါင်းဖက်နိုင်ဖို့ဆိုသည်မှာ ချစ်ခြင်းတရားအပြင် သစ္စာ၊ ​မေတ္တာတို့နှင့်တကွ ယုံကြည်ခြင်း​တရား၊ ခန္တီပါရမီ.. အစစ ပြည့်စုံ​နေ​လေမှ​ပေါ့။ ​မောင်နှင့် သူ့ကြားမှာ​ရော.. သည်လိုအဓွန့်ရှည်ကြာ​သော ချစ်ခြင်းပန်းခင်းမျိုး ပွင့်ဖူးနိုင်ပါ့မည်လား။

"အာ.. ​နောက်ထပ်တစ်ပုဒ်ကို တင်ဆက်​ပေးဖို့ အချိန်ကျလာပြီ​ပေါ့​နော်။ 'နှလုံးသား​တေးသံသာ'ဆိုတဲ့အတိုင်း ဒီတစ်ခါလည်း သိပ်လှတဲ့ ချစ်ခြင်းဖွဲ့ဋီကာ​လေးပါပဲ.."

ကဗျာဆရာတစ်​ယောက်အလား စာလွှာက ရှည်ရှည်။ ​ဝေါဟာရအဆန်း​တွေကို ​ဖော​ဖောသီသီသုံးထားသည်။ တချို့အရာများမှာ အဘိဓါန်ထဲတွင်မှ ရှိပါရဲ့လားဟု ယုံမှားသံသယဝင်ချင်စရာ။
သည်လိုစာမျိုးကို​တော့ စာရူး​ပေရူးလူငယ်​လေး​တွေ ပို့လာကြတာများသည်။ အချစ်ကို ရူးရူးမိုက်မိုက်ခံစားတတ်သည့် လူငယ်အရွယ်မဟုတ်လား။

သူ​တောင် ပထမအရွယ်ကို ​ကျော်စပြုခဲ့​ရော​ပေါ့။ အချစ်ကိုရူးမိုက်ကြပုံများ မြင်ရကြားရလျှင် ကိုယ်နှင့်မသက်ဆိုင်သည့်နှယ် လျစ်လျူရှုခဲ့ရင်း ​မောင့်ကို​တွေ့ပြီးမှ ချစ်ခြင်း​ချောက်နက်ကြီးထဲ ​ပျော်​ပျော်ကြီးခုန်ဆင်းမိ​တော့တာ။ သည်လိုဆိုပြန်​တော့ ကဗျာဆရာ​ပေါက်စ​လေးများကို အပြစ်မဖို့​သာ​တော့​ချေ။

"​နား​သောတရှင်တို့နဲ့ မခွဲချင်​သေး​ပေမဲ့ နောက်ဆုံးတစ်ပုဒ်အတွက် အချိန်ကျလို့လာပါပြီခင်ဗျာ။ တန်နက်ဆီပြည်နယ်၊ နာ့ရှ်ဗီးလ်ကလို့ စာအိတ်ညိုညို​လေး​ပေါ်မှာ ​ရေးထိုးထားပါတယ်.."

ကိုယ့်ဇာတိမြို့​လေးထဲကစာလွှာဆို​တော့ စိတ်ဝင်တစားဖတ်မည်ကြံ၏။ မြင်ဖူးဟန်ရှိ​နေ​သော ခပ်​သော့​သော့​လက်​ရေး​စောင်း​လေးများက အလိုလိုနှစ်သက်ဖွယ်​ကောင်း​နေသည်။
ဘယ်သူကများ ဘယ်သူ့ကို​ပေးတဲ့စာပါလိမ့်။ ​ရှည်ရှည်​ဝေး​ဝေး ​တွေး​ခေါ်ဆန်းစစ်​နေဖို့ အချိန်မရသည်တွင် သူ့မှာ စာလွှာဖတ်ပြရန်သာ..။

"သိပ်ချစ်ရတဲ့သူကို ခွင့်​တောင်းပန်ဆင်ချင်လို့ပါခင်ဗျာ..။ ​မောင့်အတွက် ​ကျောက်မျက်တစ်ပါးပါပဲလို့ မကြာခဏ​ပြောခဲ့သလိုပဲ.."

ထိုစာ​ကြောင်းအထိဖတ်ပြီး Taehyung တန့်ခနဲ။ နှုတ်ခမ်းဖျား​ပေါ် ချိုမြ​နေ​သော်လည်း ထုတ်​ဖတ်ပြဖို့ရာ အသံတည်ငြိမ်ပါ့မလား မဆိုသာ​ချေ။
ကြိုလို့ ​ကျော်မဖတ်နိုင်​သော စာတန်းများကြား ​မောင်ဖြစ်​နေမလားဆိုသည့် ​မျှော်လင့်ချက်​ရေး​ရေးက​လေးပါသည်။

'ညဥ့်ဦးယံ၊ သန်း​ခေါင်ယံ၊ မိုး​သောက်ယံမှ ဥတု​လေးပါး ကာလ ပန်း​ကြွေချိန်၊ ပန်း​ဝေချိန်အထိ ​အခါနာရီပင်မ​ရွေး ​မောင့်နှလုံးသား​ပေါ် ငွားစွင့်​စွာခြယ်စီထား​တဲ့ ​ကျောက်မျက်​လေးရယ်..။

​သောကြာ​နေ့များအတွက် ဘုရားသခင်ကို ​ကျေးဇူးတင်ရစတမ်းဆိုလျှင် ​မောင်​တော့ဖြင့် မျက်ခြယ်​ကြောင့်သာ ​ကျေးဇူးတင်စရာရှိလိမ့်မယ်။ ​သောကြာ​နေ့ရဲ့ ညခင်းဆည်းဆာအလှက မျက်ခြယ်ရဲ့​ရေဒီယိုသံ​လေးနဲ့မှမဟုတ်ရင် ဘယ်ပြည့်စုံပါ့မလဲ​နော်။

ဒီလိုပဲ.. ​မောင့်​နေ့ရက်​တွေဟာလည်း မျက်ခြယ်မပါဘဲ အ​ရောင်စုံနိုင်လိမ့်မည်မထင်ပါ။ ကန္တာရအလယ်မှာ ​ရေ​​ဘေးဒုက္ခခံ​နေရသူလို ​မောင်ဟာ မျက်ခြယ်ကို ​နေ့​နေ့ညညလိုအပ်​နေပါပြီ​​ကောကွယ်။

အချိန်အားဖြင့်လည်း ယူသင့်သ​​လောက်ယူခဲ့ပြီ..။ ​မောင့်ဘက်က ဒီစကား​ပြောဖို့ အဆင်သင့်ဖြစ်တာထက် ပို​နေပါ​ပြီ။ မျက်ခြယ်ကို ကမ်းလင့်​​ထွေး​ပွေ့ဖို့ရာ ​မောင့်ဘဝတစ်ခုလုံးကလည်း အသင့်ပါတဲ့​လေ။

​မောင်တို့စိတ်ဝိညာဥ်နှစ်ခု အ​တွေးတစ်မျိုးတည်း​ကိုတွေး​ခေါ်ပြီး အသည်းနှလုံးနှစ်ခု တစ်ပြိုင်တည်းခုန်​နေ​ကြောင်း ​သေချာသည်ထက် ပို​နေပါပြီ။

မ​ရှေးမ​နှောင်းမှာပဲ ​မောင်တို့ဖူးစာကြိုးကို ဂ​ဟေဆက်ကြပါစို့​နော်..။'

ထိုစာကို ဆုံး​​အောင်ဖတ်ပြီး​နောက် ညိုညစ်​သော ဝါးစာရွက်၏ ​​​အောက်ဘက်​ထောင့်မှာ ​မောင့်လက်မှတ်ကိုမြင်​တော့ သူအလိုလိုမျက်ရည်လည်မိသည်။ စို​နွေးသွား​သော ပါးပြင်တစ်ဖက်က ကြည်နူးလှိုက်ခုန်မှု​ကြောင့်ဆိုသည်မှာ အထင်ကရ။

​မောင်က သူ့ကို လက်ထပ်ခွင့်​တောင်းလိုက်တာ သည်လိုနည်းနှင့်လား။
အို.. ကိုယ်ဘယ်လို​တောင် လက်​တွေ့ဖြစ်​နေပါသည်ဟုလက်ခံနိုင်ပါ့မလဲ။

နဝရက်​ကျောက်မျက်ပုလဲစီခြယ်ထားသည့်အိပ်မက်ဟုသာ ​ပြောလိုက်ပါ​တော့လား ​မောင်ရယ်..။

"​တောင်းဆိုထားတဲ့သီချင်းက Don Williamsသီဆိုထားတဲ့ 'Listen to the Radio'ပါတဲ့ခင်ဗျာ"

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Zawgyi~

"ဘယ္လိုျဖစ္လို႔ အခ်ိန္ပိုျဖစ္သြားရတာလဲ မ်က္ျခယ္ရယ္"

အထုပ္ႀကီးအထုပ္ငယ္ လက္တစ္ဖက္စီက ကိုင္ဆြဲကာ အလုပ္ခြင္ထိ လိုက္လာသူ ေမာင္က တေဟာေဟာတဟဲဟဲလႈိက္ခတ္ေနေသာ အသက္ရႉသံတို႔ မဆုံးခင္မွာပဲ သူအခ်ိန္ပိုဆင္းရသည့္အေၾကာင္း ေမးရွာသည္။

"ေမာင့္ကိုေျပာရဦးမယ္"

"ေမာင္နားေထာင္ေနတယ္"

"ကြၽန္ေတာ္ အခု အစီအစဥ္သစ္တစ္ခုကိုပါ တာဝန္ယူလိုက္ၿပီေလ။ တနလၤာေန႔က် စမယ္ဆိုလို႔ ဒီေန႔တည္းက အခ်ိန္ပိုဆင္းလိုက္တာ ေမာင္ရဲ႕။ ဒီအစီအစဥ္သစ္နဲ႔ အကြၽမ္းတဝင္ျဖစ္ေအာင္ လုပ္ထားမလို႔ေလ"

"တကယ္အလုပ္သရဲ​ေလးပါပဲ။ အခ်ိန္ပိုဆင္းရတယ္ဆိုလို႔ ​ေမာင္က မ်က္ျခယ္တို႔တစ္႐ုံးလုံးကို ခိုင္းထားလို႔မွတ္​ေနတာ။ လက္စသတ္​ေတာ့ တစ္​ေယာက္တည္းတာဝန္​ေက်ခ်င္​ေနတာ​ေပါ့ ဟုတ္လား"

​ေမာင့္လက္ဖ်ား​ေႏြးစိမ့္စိမ့္ရယ္ ခပ္ပြပြဆံသားမ်ားၾကား ပြတ္သပ္က်ီစယ္သြား၏။ သူကပဲ ​ေမာင္​ေျပာသလို အလုပ္သရဲျဖစ္​ေနလို႔လား.. အလုပ္မၿပီးဖူးဆိုတာမ်ိဳး အ​ေတြးျဖင့္ပင္ မ​ေတြးရက္ႏိုင္။ တာဝန္မ​ေက်လို႔ အ​ေျပာခံအဆူခံရမည္ကိုလည္း မလိုလား။ ​တစ္ခုခုအတြက္ တာဝန္ယူၿပီးၿပီဆိုသည္ႏွင့္ ျပည့္ျပည့္စုံစုံမၿပီး​ေျမာက္မခ်င္း ရတက္​မ​ေအးႏိုင္တာက သူ႔ဝသီျဖစ္လို႔​ေနပါၿပီ။

"တာဝန္ယူလိုက္ၿပီဆို​မွ​​ေတာ့ အလြဲအ​ေခ်ာ္​ေတာ့ မျဖစ္ခ်င္ဘူး​ေပါ့ ​ေမာင္ရယ္"

"မျဖစ္ပါဘူး။ မ်က္ျခယ္က ဒီအစီအစဥ္အသစ္ကိုလည္း အ​ေကာင္းဆုံးလုပ္ႏိုင္မယ္ဆိုတာ ​ေမာင္သိ​ေနတယ္"

သူ႔ဘက္ကိုသာ မ်က္ႏွာမူၿပီး သူရွိရာအရပ္မွ တစ္ဖဝါးမခြာသူ ​ေမာင္လိုလူအတြက္ ​ေမတၱာဓါတ္က အလိုလို​ေရစီးကမ္းၿပိဳလိုက္ပါ၏။ ယခုပင္ သူစိုးရိမ္ပူပန္​ေနသမွ်အတြက္ ​ေမာင္က ခြန္အားသစ္တည္​ေပးလိုက္ျပန္ပါၿပီ။ ​​ကာယကံရှင်မဟုတ္သူ​ေမာင္က အာမဘေႏၲခံလိုက္႐ုံျဖင့္ ကာယကံရွင္ျဖစ္သူ မိမိမွာ အလိုလိုစိတ္ဘဝင္​ေအးခ်မ္းရပါသည္။

"​ဒါနဲ႔ တနလၤာ​ေန႔တစ္ရက္တည္းလား။ ဘယ္အခ်ိန္​ေတြလဲ ​ေမာင့္ကို ​ေျပာပါဦး။ ​ေမာင္နား​ေထာင္ခ်င္​ေသးတယ္​ေလ"

"တစ္ပတ္တစ္ရက္တည္းပါပဲ ​ေမာင္ရယ္။ မနက္၇နာရီ မဟုတ္ရင္ ၈နာရီလို႔​ေတာ့ ​အၾကမ္းဖ်င္းခန္႔မွန္းထားတယ္"

"ဒါဆို တနလၤာ​ေန႔​ေတြ အလုပ္​ေစာလာရမွာပဲ။ အဆင္​​ေျပရဲ႕လား။ ​ေမာင့္ဒ႐ိုက္ဘာကို လႊတ္လိုက္ရမလား။ ​လမ္း​ေလွ်ာက္သြား​ေနရင္ မမီဘဲ​ေနဦးမယ္"

"အဲဒီ​ေလာက္ထိ တကူးတကလုပ္စရာ မလိုပါဘူး။ ကြၽန္​ေတာ္ မနက္​ေစာ​ေစာထလိုက္ရင္ အဆင္​​ေျပသြားမွာပါ"

​ေမာင့္မွာ အလုပ္​ေတြက တသီတသန္းႀကီး။ အလုပ္ပုံၾကားမွ ​ေခါင္းျပဴ၍ သူ႔အစီအစဥ္ကို နား​ေသာတဆင္​ေပးမည္ကပင္ သူ႔အတြက္ မဟာကံထူးခြင့္ျဖစ္လို႔​ေနၿပီ။ ကားအႀကိဳအပို႔ထိပါဆိုလွ်င္ ​ေမာင့္မွာ ကရိကထမ်ား​ေတာ့မ​ေပါ့။ ​ေမာင္ကလည္း ​ေမာင္ပင္.. တစ္ခါတစ္ရံ​ေလာက္မ်ား သူ႔ဘက္သူၾကည့္ပါ​ေတာ့လား။

"​ေမာင္ၿငိမ္ၿငိမ္​ေလး ​နားဆင္​ေပး႐ုံနဲ႔တင္ ကြၽန္​ေတာ္က ​ေက်နပ္လွၿပီ"

"​ေသခ်ာ​​ေပါက္ နား​ေထာင္ရမွာ​​ေပါ့။ ​ေမာင္က မ်က္ျခယ္ရဲ႕ အမာခံပရိတ္သတ္ပဲ​ေလ"

"​ေမာင္က​ေတာ့ စကားႂကြယ္ျပ​ေနျပန္ၿပီ"

ရွက္ၿပဳံး​ေလးက တစိမ့္စိမ့္ ႏႈတ္ခမ္းပါးမွ ၿပိဳက်သည္။ ပန္းဆီ​ေရာင္ ပါးႏွစ္ဖက္ဝယ္ အခ်စ္ရိပ္က အစီအရီ။ ကြၽန္းကုလားထိုင္လက္ရန္းကိုပင္ လက္သည္းႏုႏုမ်ားျဖင့္ တီး​ေခါက္မိ​ေန၏။
မ်က္​ေတာင္မခတ္စတမ္း ​ေမာင္က ၾကည့္​ေနဆဲ။ ထိုအၾကည့္ ထိုအၿပဳံးက ကိုယ့္တစ္ကိုယ္လုံးအား သိမ္းႀကဳံး​ေပြ႕ဖက္လ်က္သားရွိပါသည္။

"မ်က္ျခယ္အလုပ္ဆက္လုပ္ရဦးမွာမလား။ ​ေမာင္​ေစာင့္​ေနမယ္။ စိတ္ထဲမထားဘဲ အလုပ္ဆက္လုပ္​ေနာ္"

မျဖစ္ႏိုင္တာ​ေတြမ်ား ​ေ႐ြး​ေျပာ​ေနသလား။ နံ​ေဘးစားပြဲကို လက္​ေထာက္လ်က္သား ကိုယ့္ကိုၾကည့္​ေနမွ​ေတာ့ျဖင့္ ဘယ္လိုစိတ္ႏွင့္မ်ား စိတ္ထဲမထားဘဲ ​ေနတတ္မည္နည္း။

စာ႐ြက္တစ္႐ြက္ၿပီးတစ္႐ြက္ လွန္​ေလွာလိုက္တိုင္း ​​ေမာင့္ဝင္သက္ထြက္သက္ကို ခံစားရလို႔​ေနတာ။ စြဲလမ္း႐ူးသြပ္ရျခင္းဆိုတာ ဤသို႔ပင္လား။

"​ေမာင္​ေနာက္က်​ေနရင္ ျပန္ႏွင့္​ေနာ္။ ကြၽန္​ေတာ္က တကၠစီစီးသြားလည္းရတယ္"

"မျဖစ္ႏိုင္တာ မ်က္ျခယ္ရယ္။ ဒီလိုမိုးခ်ဳပ္ခ်ဳပ္အခ်ိန္မွာ ​ေမာင္က တစ္​ေယာက္တည္းထားခဲ့ရက္ပါ့မလား။ စဥ္းစဥ္းစားစားလည္း ​ေျပာပါဦး"

"​ေမာင္ အခ်ိန္ကုန္​ေနမွာစိုးလို႔ပါ။ ​ေစာင့္ခ်င္လည္း ​ေမာင့္သ​ေဘာ"

"စိတ္ခ်။ တစ္လွမ္း​မ​ေ႐ြ႕ဘဲ ​​ေက်ာက္ခ်ၿပီးကို ​ေစာင့္​ေနမွာ"

ကဗ်ာဆရာအ​ေရၿခဳံထား​ေလသလား ​ေမာင္ရယ္။ ​ဘာရယ္မဟုတ္ ​ေမာင္တစ္ခြန္းခြန္း​ေျပာလိုက္တိုင္း ကိုယ့္မွာ အၿပဳံးပန္းမျပတ္မစဲစတမ္း​ေပါ့။ စာ႐ြက္ဆယ္႐ြက္ခန္႔ထပ္ထား​ေသာ ဖိုင္တြဲ​ေလးျဖင့္ ႏႈတ္ခမ္းကိုအုပ္ၿပီး ရယ္မိတာ တခစ္ခစ္အသံမ်ားကို ကိုယ့္ကိုယ္ကိုယ္ပင္ ျပန္ၾကား​ေနရ၏။

"Mr. Kim ႐ုံးမဆင္း​ေသးဘူးလား။ ဪ.. ခ႐ိုင္မင္းပါ ​ေရာက္​ေနတာလား"

​ထိုအစ္မဆီက တိပ္​ေခြ​ေတာင္းၿပီး သူ႔ကိုၿပဳံး​ေစ​ေသာ ​ေမာင့္အ​ေၾကာင္း ​ေတြးမိလ်က္။ ထိုအစ္မ​က​ေတာ့ ​ေမာင့္ကို​ေတြ႕တာ ဘာဆိုဘာမွပင္ အထူးအဆန္းမျဖစ္သြားသည့္အတိုင္းပင္။

"အစ္မ​ေရာ ညပိုင္းအစီအစဥ္ရွိလို႔လား။ ခုထိမျပန္​ေသးဘူးဆို​ေတာ့"

"ဟုတ္တယ္ Mr. Kim. အစ္မအစီအစဥ္က ညပိုင္းမဟုတ္​ေပမဲ့ ဟိုတစ္​ေန႔က အ​ေရး​ေပၚသတင္းအခ်ိန္ဝင္သြား​ေတာ့ အစ္မက ဒီညအစားထိုး​ေပးရတာ​ေပါ့"

Taehyung ​ေခါင္းတညိတ္ညိတ္သာ တုံ႔ျပန္၏။ ထိုအစ္မကလည္း သူ႔စားပြဲရွိရာဆီ တန္းတန္းမတ္မတ္သြားၿပီးသာ သိမ္းဆည္းစရာရွိ သိမ္းဆည္းလို႔​ေန​ေလသည္။

"ကြၽန္မ ​ေကာ္ဖီျဖစ္ျဖစ္သြား​ေဖ်ာ္လိုက္ရမလား.. ခ႐ိုင္မင္း​ေရာက္​ေနတာဆို​​ေတာ့"

"မလိုပါဘူး။ Taehyungၿပီးရင္ ကြၽန္​ေတာ္လည္း ျပန္​ေတာ့မွာပါ"

"ဟုတ္ကဲ့ပါ။ ဪ..ဒါနဲ႔ ကြၽန္မ​ေပးလိုက္တဲ့ တိပ္​ေခြ​ေတြ အဆင္မွ​ေျပရဲ႕လားဟင္။ ျပန္ကူးထားရတာ​ေတြနဲ႔ ထစ္မ်ားထစ္​ေနမလားလို႔ပါ"

​ေမာင္က သူ႔ဘက္ဆီ တစ္ခ်က္လွမ္းၾကည့္သည္။ သည္အစ္မႏွင့္ စကား​ေဖာင္ဖြဲ႕​ခဲ့ရျခင္းက သူ႔​ေၾကာင့္ပါဆိုတာ အလိုလို​​ေသခ်ာသြား၏။ ​ေမာင့္လိုလူဟာျဖင့္ အပ်င္း​ေျပသဝန္တိုတမ္း ကစားခ်င္လွ်င္​ေတာင္ ကစားလို႔မရ​​ေအာင္ ၿပီးျပည့္စုံလြန္သူ။

က်မ္းစာမ်ားအရ ​ေလာကမွာ အျပစ္ကင္းသူမရွိ​ေခ်ဘူးဆိုပဲ။ သူ႔အတြက္​ေတာ့ ​ေမာင္ဟာ ႏွင္းစက္ျမဴမႈန္မွ်ပင္ အျပစ္မရွိ​ေလ​ေသာသူ။ အျပစ္ရွာစရာအ​ေၾကာင္းျခင္းရာကို မည္မွ်ပင္ ဂဃနဏရွာပါ​ေစဦး.. ​​ေမာင့္ဆီမွာျဖင့္ ​ေတြ႕ႏိုင္မည္ဟု မထင္။

"အကုန္အဆင္​ေျပပါတယ္။ ​ေက်းဇူးတင္စကားလာ​ေျပာရမွာကို အလုပ္​ေတြပုံ​ေနတာနဲ႔ပဲ ​ေမ့သြားတာ အားနာလိုက္တာဗ်ာ"

"မဟုတ္တာ။ ကြၽန္မကိုယ္တိုင္ ဆႏၵရွိလို႔သာ ယူ​ေပးတာ။ ခ႐ိုင္မင္းက ကြၽန္မတို႔​ေရဒီယိုလိုင္းကို နား​ေထာင္တယ္ဆိုတာနဲ႔တင္ ကြၽန္မတို႔က ဂုဏ္ယူရမွာ"

ထိုအစ္မျပန္သြားၿပီး ကိုယ္လည္း အလုပ္ကို ျမန္ျမန္ဆန္ဆန္ပင္ လက္စသတ္လိုက္သည္။ အၾကမ္းဖ်င္းဖတ္စရာရွိသည္မ်ားကို စာအုပ္ထဲ​ေရးမွတ္ရင္း အိမ္မွာဆက္ဖတ္ရမည္။
​ေမာင့္ကို အၾကာႀကီး​ေစာင့္ခိုင္းလို႔ မ​ေကာင္းတတ္။ ​​ေမာင့္မွာ သူ႔အလုပ္ႏွင့္သူ​​ေတာင္ မအားမလပ္ၾကားက ကိုယ့္ဆီလာရတာျဖစ္​ေၾကာင္း ​ေမာင္ႏွင့္အတူပါလာ​ေသာ ဖိုင္တြဲအိတ္မ်ားက သက္​ေသျပလ်က္ရွိသည္။

"သြားၾကစို႔​ ​ေမာင္။ အိမ္​ေရာက္မွပဲ ဆက္လုပ္​ေတာ့မယ္"

"အလြန္အကြၽံ​ေတြလည္း မလုပ္နဲ႔ဦး။ က်န္းမာ​ေရးက အဓိကဆိုတာ သိတယ္မဟုတ္လား"

"အင္းပါ.. ကြၽန္​ေတာ့္ကို က​ေလးမွတ္​ေနလား"

"​ေမာင့္က​ေလး​​ေလး"

​ေမာင္က လက္တစ္ဖက္ျဖင့္ သူ႔ကိုသိမ္းႀကဳံး​ေပြ႕ဖက္ၿပီး နားထင္စပ္ကို ​ေထြးအိစြာ အနမ္းႏွင့္​မိတ္​ဆက္​ေပး၏။ တစ္စုံတစ္​ေယာက္မ်ား ျမင္သြား​ေလမလားဟူ​ေသာ စိုးရိမ္စိတ္က တစ္မုဟုတ္ခ်င္း အ​ေငြ႕ပ်ံ​၏။ ​ေမာင့္အၾကင္နာခ်ိဳျမျမ​​ေၾကာင့္ပဲ ထင္ပါရဲ႕။
____

​​ေသာၾကာ​ေန႔ည​ေန ႐ုံးဆင္းဆင္းခ်င္း သူ႔ဝတၱရားက အိမ္တန္းျပန္ကာ ​ေရဒီယိုနံ​ေဘးအသင့္​​ေစာင့္​ေနဖို႔ရာ။

သည္​ေသာၾကာက ပိုလို႔လည္း ထူးျခားႏိုင္သည္။ ထို႔​ေၾကာင့္ပင္ ႐ုံက​ေန နာရီဝက္ခန္႔​ေစာဆင္းလိုက္ၿပီး အိမ္မွာ အသင့္အ​ေနအထား​ေစာင့္​ေနမိသည္။

​ေရဒီယိုထားရာ စာဖတ္ခန္း၏ အလယ္ဗဟိုမ်ဥ္းအတိုင္း ​ေခါက္တုံ႔​ေခါက္ျပန္ ​ေလွ်ာက္​ေနမိသည္။ ​မ်က္ျခယ္၏ 'ႏွလုံးသား ​ေတးသံသာ'စဖို႔ရာ အခ်ိန္လို​ေသးမွန္း သူသိ​ေနပါလ်က္ သည္​အခန္းထဲမွ တစ္ဖဝါးမခြာႏိုင္​ေသးျပန္။

​ေရမိုးခ်ိဳးကိုယ္လက္သန္႔စင္ၿပီး ​​ေၾကာ့​ေမာ့စြာ ဝတ္ဆင္ထား​ေသာ ဆင္စြယ္​ေရာင္လည္ကတုံးရွပ္အက်ႌက သူ႔အတြက္ အနည္းငယ္ အိုက္စပ္စပ္။ ဥတုရာသီရယ္က ​ေဆာင္း​ေႏွာင္း​ေက်ာ္စျပဳ​ေန​ေသာ္လည္း ​ေႏြဦးထဲသို႔ လုံးလုံးလ်ားလ်ား​ေျခဦးမဆန္႔ရ​ေသး။ ​​​ေခြၽးတစို႔စို႔ျဖစ္​​ေနသည့္အ​ေၾကာင္းမွာ ရာသီအကူးအ​ေျပာင္းဆိုသည္ထက္ ​ေရဒီယို​ေလးတစ္လုံး​ေၾကာင့္သာ။

"ခ႐ိုင္မင္း.. ဖုန္းလာ​ေနတယ္။ ႐ုံးကတဲ့"

"​အ​​ေရးႀကီးကိစၥတဲ့လား"

"အဲဒီလို​ေတာ့ မ​ေျပာ​ဘူး ခ႐ိုင္မင္း"

"အ​ေရးမႀကီးရင္ ​ေနာက္မနက္မွဆက္ပါလို႔။ ငါအလုပ္ရႈပ္​ေနတယ္လို႔သာ ​ေျပာလိုက္"

Jimက ​ေခါင္းတကုတ္ကုတ္ႏွင့္ ျပန္ထြက္သြားသည္။ လမ္း​ေလွ်ာက္႐ုံသာ​ေလွ်ာက္​ေနၿပီး မည္သည့္အလုပ္မွ မလုပ္​ေနသည့္ကိုယ္က အလုပ္ရႈပ္​ေနတယ္ဆို​ေတာ့ သူ႔ခမ်ာလည္း ​ေၾကာင္အမ္းအမ္းသာ တုံ႔ျပန္ႏိုင္​ေတာ့ဟန္တူပါရဲ႕။

ည​ေနဆည္းဆာခ်ိန္ တသဲ့သဲ့​ေရာက္လွ်င္ မ်က္ျခယ္၏ အသံ​ခ်ိဳစိမ့္စိမ့္​ေလးအား ၾကားရစၿမဲ။ ဆည္းဆာခ်ိန္​ေတြက သ​ဘာဝအတိုင္း လွၿမဲလွဆဲျဖစ္​ေသာ္ျငား မ်က္ျခယ္၏အသံ​ေလးပါ ​ေပါင္းစပ္ပါဝင္လွ်င္​ေတာ့ အခ်ိဳပြဲအ​ေပၚ သကာရည္ဆမ္းထားသည့္ႏွယ္။

"Jim.. ငါ့ကို ​ေခ်ာင္းၾကည့္မ​ေနဘဲ အခန္းတံခါးကို ပိတ္ထားစမ္းပါ။ ​ငါေအး​ေဆး​ေနမလို႔"

"ဟုတ္..ဟုတ္ ခ႐ိုင္မင္း"

ခ႐ိုင္မင္းအသံက ခပ္​မာမာခပ္ဆတ္ဆတ္ႏွင့္ဆို​ေတာ့ Jimခမ်ာ အလိုလိုအသည္းငယ္ရသည္။ သူ႔ထက္ငယ္​ေသာ ခ႐ိုင္မင္းက ဩဇာအရာမွာ​ေတာ့ မည္သူမည္ဝါမွ ​ေတာ္႐ုံမယွဥ္သာ။ Jimလို ႏွစ္မ်ားစြာအနီးကပ္​ေနလာခဲ့သူပင္ တစ္ခါတစ္ခါမ်ား တုန္​ေန​ေအာင္ ​​ေၾကာက္ရသလို ​ေယာင္လို႔ျဖင့္ မ​ေလးမစားမလုပ္ရဲပါ။ အသစ္စက္စက္ဝန္ထမ္းမ်ားဆိုလွ်င္​ေတာ့ မဆိုထားႏွင့္​ေတာ့။ အတက္အက်မရွိသည့္ အသံမာမာႏွင့္ ​ေျပာလွ်င္ကို အူကလီစာမ်ား ဆြဲဆုတ္ခံရသလို ဖိန္႔ဖိန္႔တုန္ခ်င္စရာ​။

"ရွင္ကလည္းရွင္ပဲ။ ခ႐ိုင္မင္းက သူစာဖတ္ခန္းထဲ​ေနခ်ိန္​ေတြ ​​ေႏွာင့္ယွက္တာမႀကိဳက္ဘူးဆိုတာ မသိတာလည္းမဟုတ္"

"ဪ.. ႐ုံးက မဆက္စဖူးဆို​ေတာ့ ငါလည္း အ​ေရးႀကီးတယ္ထင္လို႔​ေပါ့"

"အဲဒါ​ေျပာ​ေနတာမဟုတ္ဘူး။ သြားသြား​ေခ်ာင္း​ေနတာကို​ေျပာတာ။ ခ႐ိုင္မင္းက မသိဘဲ​ေနမလား ရွင္ကိုက ပ်ာယီးပ်ာယာ။ သူမ​ေျပာနဲ႔ ကြၽန္မ​ေတာင္ မ်က္စိ​​​ေနာက္သရွင္.."

"ဒီမိန္းမက​ေတာ့လား။ အိမ္ဦးနတ္ကို ၾကပ္ၾကပ္​ေျပာ။ ကံႀကီးထိုက္လိမ့္မယ္"

Jim၏ဇနီးျဖစ္သူက သူ႔ႏႈတ္ခမ္းမ်ားကို နဂို​ေထာ္သည္ထက္ ႏွစ္ဆပို​ေထာ္ထားသည္။ မီးဖိုး​ေခ်ာင္ထဲ အနားမ​ေနရသျဖင့္ မည္းျပာျပာအသားအရည္က ​ေခြၽးတစို႔စို႔ႏွင့္ ​ေျပာင္လက္လို႔​ေန၏။
​Jimက အနည္းငယ္အသံျမင့္လိုက္​ေတာ့ ​ေက်ာ​ေပၚတြင္ ပိုးသိပ္ထား​ေသာ က​ေလးငယ္က ႏိုးအံ့ဆဲဆဲရယ္​ေၾကာင့္ Jimကို မ်က္​ေစာင္းတထိုးထိုး။

"က​ေလးအိပ္​ေနတာကို သူ႔အသံက်ယ္ႀကီးနဲ႔"

"အင္းပါ အင္းပါ။ ငါ့အမွား"

သည္တစ္ခါလည္း Jimမွာ အ​ေလွ်ာ့​ေပးရျပန္​​ေခ်ၿပီ။ သူ႔မိန္းမကို ႏိုင္ဖူးသည့္အ​ေရအတြက္က လက္တစ္ဖက္​ေတာင္ ျပည့္ပါရဲ႕လား။
____

"မဂၤလာပါခင္ဗ်ာ။ Melomaniac FMရဲ႕ 'ႏွလုံးသားေတးသံသာ'အစီအစဥ္ကေန ႀကိဳဆိုလိုက္ပါတယ္"

ႀကိဳတင္မဖတ္ထားရ​ေသး​ေသာ ဇာတ္ၫႊန္းစာ႐ြက္ကို မမွိတ္မသုန္ၾကည့္ရင္း စကားလုံးအသုံးအႏႈန္း မမွား​ေစဖို႔ရာ ဂ႐ုစိုက္​ေနရသည္။ အမွန္စင္စစ္ ဇာတ္ၫႊန္းႀကိဳမဖတ္ဘဲ တင္ဆက္ရသည္အား သူသ​ေဘာက်​ေလ့မရွိ။ ယခုလည္း သ​ေဘာက်မ​ေနပါ။ ​​ေနာက္တနလၤာ၏ အစီအစဥ္သစ္​ေတြသာ အခ်ိန္​ေတြဖဲ့မ​ေပးခဲ့ရလွ်င္ သည္ဇာတ္ၫႊန္းကို သူႀကိဳဖတ္မိမွာ ဧကန္။

"ဒီတစ္ခါ​ေတာ့ မဂၤလာႏွစ္ပတ္လည္အတြက္ဆိုၿပီး တကၠဆက္က ​ေတာင္းဆိုခ်က္တစ္​ေစာင္ကို လက္ခံထားရပါတယ္။ အရင္ဆုံး မဂၤလာ​ႏွစ္ပတ္လည္​ေန႔အတြက္ ​ဂုဏ္ယူပါတယ္​ေနာ္.."

တကၠဆက္ျပည္နယ္က စာလႊာ​ေလးက သူ႔ကို မ်က္ရည္လည္​ေစသည္။ 'ႏွလုံးသား​ေတးသံသာ'မွာ ​ေတာင္းဆိုခံရသည့္ သီခ်င္းမ်ားႏွင့္ စာလႊာအမ်ားစုက တစ္​ေထာင့္ငါးရာတည္းမည္​ေသာ ခ်စ္ျခင္းအ​ေၾကာင္း ဖြဲ႕ႏြဲ႕ၾကသည္က မ်ားသည္။ ​ေတာ္႐ုံတန္႐ုံ ခ်စ္သဝဏ္လႊာ​ေလာက္ကိုျဖင့္ သူ႔ရင္ထဲမတိုး​ေတာ့။

သည္တစ္ခါ စာလႊာက​ေတာ့ျဖင့္ ရင္ထဲတသိမ့္သိမ့္လႈိက္ဖို​ေစတာအမွန္။ မဂၤလာသက္တမ္းက နည္းနည္း​ေနာ​ေနာမဟုတ္.. အႏွစ္ငါးဆယ္​ေတာင္တဲ့​ေလ။ လူသားႏွစ္​ေယာက္ ဤမွ်​ေပါင္းဖက္ႏိုင္ဖို႔ဆိုသည္မွာ ခ်စ္ျခင္းတရားအျပင္ သစၥာ၊ ​ေမတၱာတို႔ႏွင့္တကြ ယုံၾကည္ျခင္း​တရား၊ ခႏၲီပါရမီ.. အစစ ျပည့္စုံ​ေန​ေလမွ​ေပါ့။ ​ေမာင္ႏွင့္ သူ႔ၾကားမွာ​ေရာ.. သည္လိုအဓြန္႔ရွည္ၾကာ​ေသာ ခ်စ္ျခင္းပန္းခင္းမ်ိဳး ပြင့္ဖူးႏိုင္ပါ့မည္လား။

"အာ.. ​ေနာက္ထပ္တစ္ပုဒ္ကို တင္ဆက္​ေပးဖို႔ အခ်ိန္က်လာၿပီ​ေပါ့​ေနာ္။ 'ႏွလုံးသား​ေတးသံသာ'ဆိုတဲ့အတိုင္း ဒီတစ္ခါလည္း သိပ္လွတဲ့ ခ်စ္ျခင္းဖြဲ႕ဋီကာ​ေလးပါပဲ.."

ကဗ်ာဆရာတစ္​ေယာက္အလား စာလႊာက ရွည္ရွည္။ ​ေဝါဟာရအဆန္း​ေတြကို ​ေဖာ​ေဖာသီသီသုံးထားသည္။ တခ်ိဳ႕အရာမ်ားမွာ အဘိဓါန္ထဲတြင္မွ ရွိပါရဲ႕လားဟု ယုံမွားသံသယဝင္ခ်င္စရာ။
သည္လိုစာမ်ိဳးကို​ေတာ့ စာ႐ူး​ေပ႐ူးလူငယ္​ေလး​ေတြ ပို႔လာၾကတာမ်ားသည္။ အခ်စ္ကို ႐ူး႐ူးမိုက္မိုက္ခံစားတတ္သည့္ လူငယ္အ႐ြယ္မဟုတ္လား။

သူ​ေတာင္ ပထမအ႐ြယ္ကို ​ေက်ာ္စျပဳခဲ့​ေရာ​ေပါ့။ အခ်စ္ကို႐ူးမိုက္ၾကပုံမ်ား ျမင္ရၾကားရလွ်င္ ကိုယ္ႏွင့္မသက္ဆိုင္သည့္ႏွယ္ လ်စ္လ်ဴရႈခဲ့ရင္း ​ေမာင့္ကို​ေတြ႕ၿပီးမွ ခ်စ္ျခင္း​ေခ်ာက္နက္ႀကီးထဲ ​ေပ်ာ္​ေပ်ာ္ႀကီးခုန္ဆင္းမိ​ေတာ့တာ။ သည္လိုဆိုျပန္​ေတာ့ ကဗ်ာဆရာ​ေပါက္စ​ေလးမ်ားကို အျပစ္မဖို႔​သာ​ေတာ့​ေခ်။

"​နား​ေသာတရွင္တို႔နဲ႔ မခြဲခ်င္​ေသး​ေပမဲ့ ေနာက္ဆုံးတစ္ပုဒ္အတြက္ အခ်ိန္က်လို႔လာပါၿပီခင္ဗ်ာ။ တန္နက္ဆီျပည္နယ္၊ နာ့ရွ္ဗီးလ္ကလို႔ စာအိတ္ညိဳညိဳ​ေလး​ေပၚမွာ ​ေရးထိုးထားပါတယ္.."

ကိုယ့္ဇာတိၿမိဳ႕​ေလးထဲကစာလႊာဆို​ေတာ့ စိတ္ဝင္တစားဖတ္မည္ႀကံ၏။ ျမင္ဖူးဟန္ရွိ​ေန​ေသာ ခပ္​ေသာ့​ေသာ့​လက္​ေရး​ေစာင္း​ေလးမ်ားက အလိုလိုႏွစ္သက္ဖြယ္​ေကာင္း​ေနသည္။
ဘယ္သူကမ်ား ဘယ္သူ႔ကို​ေပးတဲ့စာပါလိမ့္။ ​ရွည္ရွည္​ေဝး​ေဝး ​ေတြး​ေခၚဆန္းစစ္​ေနဖို႔ အခ်ိန္မရသည္တြင္ သူ႔မွာ စာလႊာဖတ္ျပရန္သာ..။

"သိပ္ခ်စ္ရတဲ့သူကို ခြင့္​ေတာင္းပန္ဆင္ခ်င္လို႔ပါခင္ဗ်ာ..။ ​ေမာင့္အတြက္ ​ေက်ာက္မ်က္တစ္ပါးပါပဲလို႔ မၾကာခဏ​ေျပာခဲ့သလိုပဲ.."

ထိုစာ​ေၾကာင္းအထိဖတ္ၿပီး Taehyung တန္႔ခနဲ။ ႏႈတ္ခမ္းဖ်ား​ေပၚ ခ်ိဳျမ​ေန​ေသာ္လည္း ထုတ္​ဖတ္ျပဖို႔ရာ အသံတည္ၿငိမ္ပါ့မလား မဆိုသာ​ေခ်။
ႀကိဳလို႔ ​ေက်ာ္မဖတ္ႏိုင္​ေသာ စာတန္းမ်ားၾကား ​ေမာင္ျဖစ္​ေနမလားဆိုသည့္ ​ေမွ်ာ္လင့္ခ်က္​ေရး​ေရးက​ေလးပါသည္။

'ညဥ့္ဦးယံ၊ သန္း​ေခါင္ယံ၊ မိုး​ေသာက္ယံမွ ဥတု​ေလးပါး ကာလ ပန္း​ေႂကြခ်ိန္၊ ပန္း​ေဝခ်ိန္အထိ ​အခါနာရီပင္မ​ေ႐ြး ​ေမာင့္ႏွလုံးသား​ေပၚ ငြားစြင့္​စြာျခယ္စီထား​တဲ့ ​ေက်ာက္မ်က္​ေလးရယ္..။

​ေသာၾကာ​ေန႔မ်ားအတြက္ ဘုရားသခင္ကို ​ေက်းဇူးတင္ရစတမ္းဆိုလွ်င္ ​ေမာင္​ေတာ့ျဖင့္ မ်က္ျခယ္​ေၾကာင့္သာ ​ေက်းဇူးတင္စရာရွိလိမ့္မယ္။ ​ေသာၾကာ​ေန႔ရဲ႕ ညခင္းဆည္းဆာအလွက မ်က္ျခယ္ရဲ႕​ေရဒီယိုသံ​ေလးနဲ႔မွမဟုတ္ရင္ ဘယ္ျပည့္စုံပါ့မလဲ​ေနာ္။

ဒီလိုပဲ.. ​ေမာင့္​ေန႔ရက္​ေတြဟာလည္း မ်က္ျခယ္မပါဘဲ အ​ေရာင္စုံႏိုင္လိမ့္မည္မထင္ပါ။ ကႏၲာရအလယ္မွာ ​ေရ​​ေဘးဒုကၡခံ​ေနရသူလို ​ေမာင္ဟာ မ်က္ျခယ္ကို ​ေန႔​ေန႔ညညလိုအပ္​ေနပါၿပီ​​ေကာကြယ္။

အခ်ိန္အားျဖင့္လည္း ယူသင့္သ​​ေလာက္ယူခဲ့ၿပီ..။ ​ေမာင့္ဘက္က ဒီစကား​ေျပာဖို႔ အဆင္သင့္ျဖစ္တာထက္ ပို​ေနပါ​ၿပီ။ မ်က္ျခယ္ကို ကမ္းလင့္​​ေထြး​ေပြ႕ဖို႔ရာ ​ေမာင့္ဘဝတစ္ခုလုံးကလည္း အသင့္ပါတဲ့​ေလ။

​ေမာင္တို႔စိတ္ဝိညာဥ္ႏွစ္ခု အ​ေတြးတစ္မ်ိဳးတည္း​ကိုေတြး​ေခၚၿပီး အသည္းႏွလုံးႏွစ္ခု တစ္ၿပိဳင္တည္းခုန္​ေန​ေၾကာင္း ​ေသခ်ာသည္ထက္ ပို​ေနပါၿပီ။

မ​ေရွးမ​ေႏွာင္းမွာပဲ ​ေမာင္တို႔ဖူးစာႀကိဳးကို ဂ​ေဟဆက္ၾကပါစို႔​ေနာ္..။'

ထိုစာကို ဆုံး​​ေအာင္ဖတ္ၿပီး​ေနာက္ ညိဳညစ္​ေသာ ဝါးစာ႐ြက္၏ ​​​ေအာက္ဘက္​ေထာင့္မွာ ​ေမာင့္လက္မွက္ကိုျမင္​ေတာ့ သူအလိုလိုမ်က္ရည္လည္မိသည္။ စို​ေႏြးသြား​ေသာ ပါးျပင္တစ္ဖက္က ၾကည္ႏူးလႈိက္ခုန္မႈ​ေၾကာင့္ဆိုသည္မွာ အထင္ကရ။

​ေမာင္က သူ႔ကို လက္ထပ္ခြင့္​ေတာင္းလိုက္တာ သည္လိုနည္းႏွင့္လား။
အို.. ကိုယ္ဘယ္လို​ေတာင္ လက္​ေတြ႕ျဖစ္​ေနပါသည္ဟုလက္ခံႏိုင္ပါ့မလဲ။

နဝရက္​ေက်ာက္မ်က္ပုလဲစီျခယ္ထားသည့္အိပ္မက္ဟုသာ ​ေျပာလိုက္ပါ​ေတာ့လား ​ေမာင္ရယ္..။

"​ေတာင္းဆိုထားတဲ့သီခ်င္းက Don Williamsသီဆိုထားတဲ့ 'Listen to the Radio'ပါတဲ့ခင္ဗ်ာ"

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Seguir leyendo

También te gustarán

155K 3.6K 50
When your PR team tells you that we have to date a girl on the UCONN women basketball team and you can't say no to it... At first you don't think too...
38.8K 1.9K 57
in which two childhood stars fall for each other in the worst of ways
831K 50.7K 115
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
744K 16.7K 45
In wich a one night stand turns out to be a lot more than that.