"အားလုံးပဲ ဒီနေ့ လေ့ကျင့်ရေးမှာ ရွေးမခံရတဲ့သူတွေအနေနဲ့ နောက်နှစ်တွေမှာ ၀င်ပါလို့ရပါသေးတယ် စိတ်မပျက်ကြပါနဲ့ ငါ့ကောင်တို့......
ဒီနေ့ အဆုံးအဖြတ်ကတော့ ရှင်းလင်းပြီဆိုတော့ ရွေးခံရတဲ့သူတွေက ပွဲကြီးမစခင် တစ်လတိတိ ထရိန်နင် လာဆင်းရမယ် အခုတော့ ဒီလောက်ပါပဲ။''
နည်းပြကိုလွင်ကြီးမှ စာရင်းပေးသူများအား လေ့လာပြီး အဆင်ပြေတဲ့ အလားအလာရှိသူများကို ရွေးထုတ်လိုက်သည်။အရံဆိုပေမဲ့ နောက်နှစ်တွေမှာ အတည်ဖြစ်လာနိုင်သည်မလား။
"'နေးဗစ်တာခေါင်' ဟုတ်တယ်မလား ။မီမီက ကြက်ခြေနီ အဖွဲ့ဝင်လေ သမိုင်းမေဂျာက ။''
ဗစ်တာ ခြေကုန်လက်ပန်းကျကာ မောမောဖြင့် ရေယူသောက်နေစဉ် ဘယ်ကမှန်းမသိ မိန်းကလေးတစ်ဦးလာမိတ်ဆက်လာသည်။
''ဪ ဟုတ်ကဲ့ ။''
ထိုမိန်းကလေးက ခေါင်းကိုငုံကာ ဂုတ်ထောက်လောက်ရှိသော ဆံပင်ကို နားနောက်ညှပ်ကာ ...
"တွေ့ရတာ ၀မ်းသာပါတယ် မီမီနဲ့ သူငယ်ချင်း လုပ်ရအောင်လေ စာသင်နှစ်ချင်းတူနေတာကို ။''
" အာ.....''
ကျွန်တော် ရှုပ်ရှုပ်ရှက်ရှက်များကို ကြိုက်သည်မဟုတ် 'အညိုရောင်လေး'ကိုမြင်ပြီးကတည်းက သက်တန့်ကြီး ကွေးသွားသည်မှာ စက်နဲ့ဆွဲရင်တောင်လုံးဝပြန်ဖြောင့်တော့မည်မဟုတ်ပါ......
ယတိပြက် ငြင်းရအောင်လည်း တစ်ဖက်က မိန်းကလေးဖြစ်သည့်အပြင် သူ့တွင်လည်း ငြင်းရသည့်အကြောင်းပြချက်မရှိ
" မီမီလွင်........."
ကျွန်တော်အကြပ်ရိုက်နေတုန်း ကိုလွင်ကြီးက မြင်သွားကာ 'မီမီလွင်' ဆိုသော မိန်းကလေးကို လှမ်းအော်ကာ လျှောက်လာသည်။
"နင်တို့ ကြက်ခြေနီ အဖွဲ့နဲ့ ထရိန်နင်ကွင်းနဲ့ဘာဆိုင်လို့လဲ ပွဲကြီးဆင်းတဲ့အခါမှ နင်တို့ပါရမှာ ဘာကိစ္စ လာရှုပ်နေတာတုန်း။''
ထိုမိန်းကလေးကလည်း လက်မလျှော့ဟန်
''ဒီမှာ 'ကိုလွင်ကိုကိုဦး' ထရိန်နင် ဆင်းတုန်း တခုခုဖြစ်သွားရင်ရော ကိုလွင်ကြီး ကြိုပြောနိုင်လို့လား အဲ့ဒါကြောင့် လာကြည့်ပေးတာပါနော် အတင်းနှင်နေတော့တာပဲ။''
''မပူနဲ့ ဒီကနေ တခန်းကျော်ရင် ကျောင်းဆေးပေးခန်း ရှိတယ် ။ စိတ်မပူပဲ နင်သာ လာလာမရှုပ်နဲ့ ။''
"တောက် .....တသက်လုံး ဆော် မရမဲ့လူ။''
ရှူးဖိနပ်ကို တဒေါက်ဒေါက်မြည်အောင် လျှောက်သွားသော ထိုမိန်းကလေးမှာ လွင်ကြီးကို မေတ္တာပါ ပို့သသွားသေးသည်။ရည်းစားရချင်ရ မရချင်နေ ကိုလွင်ကြီး ဂရုမစိုက်ပေါင် မင်းမရှိလဲဖြစ်တယ် အချစ်ရဲ့ ကိုယ့်မှာ အမေနဲ့မန်ယူရှိတယ်။
"ငါတို့ မေဂျာတော့ ဒီနှစ် နာမည်ကြီးပြီဟေ့ ။ကောင်ချောလေး နှစ်ယောက်ပါတော့ ငါတို့မေဂျာဘဲ အားပေးစကြမ်းတော့မယ်ထင်တယ်။နှစ်ယောက်သား ရူပကာက ဂေါ့ကြီး ရော်နယ်ဒိုတောင် ရူးခါသွားရမယ်ဟေ့။''
လွင်ကြီး ဟာသနှောကာ အားပါးတရ အော်ပြောလိုက်သောအခါ အနောက်က တဝိုးဝိုးတွေနဲ့ ဟာမိုနီ လိုက်လာကြသည်။
"မှဲ့လေးနဲ့တစ်ယောက် အစမ်းလာကန်ကြည့်။လာ မင်းက ကိုယ်လုံးကိုယ်ပေါက်တောင့်ပြီး အပြေးသန်တယ်။ကန်တာ အဆင်ပြေမပြေကြည့်မယ်။''
သေချာပေါက် 'ဗစ်တာ့' ကို ခေါ်ခြင်းဖြစ်သည်။သူ့နာမည်အား မမှတ်မိသော အမဲကောင် ကို စိတ်ကောက်ချင်လာသည်မှာ ကိုယ်မှားလား။မနေ့က နာမည် လှတယ် ဘာညာပြောပြီးတော့။
ဘောလုံးကို သူ့ရှေ့ သုံးတောင်လောက်မှာ ထားပြီး အရှိန်ယူလိုက်ကာ ခြေထောက်ကို အားစိုက်ထည့်ပြီး ဂိုးပေါက်ရှိရာ ကန်လိုက်သည်။
အရှိန်တော့ အတော်ပြင်းပေမဲ့ ဂိုး မ၀င်ပါ။ဂိုးပေါက် အပေါ်တန်း တည့်တည့် အားပြင်းပြင်းနဲ့ သွားမှန်သည်။
''ကိုလွင်ကြီး သူ့ကို အနောက်တန်းကနေ ကန်တင် တဲ့အပိုင်းမှာ ထရိန်း ရင်ရော ဘယ်လိုမြင်လဲ ။''
''အင်း 'ဒေါင်း' မင်းပြောသလိုဘဲ ကန်တာအားပြင်းပြီး အာရုံစိုက်နိုင်တယ် ။ ဟုတ်ပြီ သူ့ကိုနောက်တန်းထည့်မယ်။''
ဒီလိုနှင့် ကျွန်တော် 'အညိုရောင်လေး'တို့ဘောလုံး Teamက နောက်တန်းမှာ အရံကစားသမားအဖြစ်ညနေအတန်းပြီးချိန်တိုင်းတွင် ထရိန်နင် စဆင်းလာရတော့မည်။
..........................
"သား ဗစ်တာ ဒီနေ့ပြန်လာတာ နောက်ကျလှချည်လား သား ။အမေ ဖုန်းဆက်တာလည်း မကိုင်ဘူး ......
ခြောက်နာရီကျော်လို့မှ ပြန်မလာရင် အမေဖြင့် ရဲစခန်းကို ဖုန်းဆက်တော့မလို့။''
ခြံပေါက်ဝတွင် မျှော်နေသည့် မေမေမာမီက သူ့ဆိုင်ကယ်အားမြင်သည်နှင့် ခြံတံခါး လျင်လျင်မြန်မြန် ဖွင့်ပေးကာ နောက်ကျရသည့်အကြောင်းမေးလာသည်။
မိဘကို တော်ရုံစိတ်ပူအောင် 'ဗစ်တာ'မလုပ်တတ်ပါ။ဖုန်းကို ကိုယ်နှင့်မကွာ အမြဲဆောင်ထားပြီး တခုခုလုပ်စရာရှိလို့ ကြာမည့်အခါတွင် အိမ်ကို လှမ်းပြောတတ်သည့်အကျင့်ရှိသည်။ဒီနေ့ စိတ်တွေလှုပ်ရှားနေ၍ အသိပေးမည်ကို မေ့သွားသည်။
''ဟုတ်တယ် မေမေ သား ဒီနေ့ ထရိန်နင် စာရင်းပေးထားမိတာ သတိမပေးလိုက်ရဘူး ။ ဒီနေ့ အစမ်းလေ့ကျင့်နေရတာကြောင့် ဖုန်းသံမကြားမိတာပါ။မေမေကလည်း စိတ်ပူတတ်ရန်ကော သားကယောကျားလေးပါဗျ ။''
''ဟဲ့ ယောကျားလေးလည်း စိတ်မပူလို့ ရမလား.......
ငါ့မှာ ဒီသားလေး တစ်ယောက်ရှိတာ ပူရမှာပေါ့ ဒီသားမှ မပူရင် ဘယ်သူ့သွားပူ ရမှာတုန်း။''
''ဦးမောင်မောင်ကြီး သွားပူလေဗျ။''
'ဗစ်တာ' မေ့မေ့အား ခဏခဏ စ တတ်လွန်းကာ ဂျစ်တူးလေးဟု မေမေ ငယ်ငယ်က ခေါ်တတ်သည်။
"ဟယ် ဒီကောင်လေးတော့ မအေကိုစ စရာများမှတ်နေလား။သွား ရေအ၀သောက် ခဏနားပြီး ရေချိုး
ပြီးရင် မင်းဒယ်ဒီ ပြန်လာတော့မှာ အမေတို့ညစာအတူစားကြမယ်။သားကြိုက်တဲ့ မှိုအစပ်ကြော်နဲ့ ဟင်းခါးလေးပါ ချက်ထားတယ်။''
" ထရိန်နင်ဆင်းထားတည်းက အားတွေကုန်နေတာ။ရေမြန်မြန်ချိုးပြီး မှိုကြော် စားချင်နေပြီ။''
''ငါ့သားလေး ကြိုက်တတ်လို့ ချက်ထားတာ။ညနေက ဆိုင်ကယ်နဲ့ ဈေးသည် ရောင်းနေတာတွေ့လို့လေ အတော်ပဲပေါ့...ကဲကဲ သွားတော့သား။''
''မှိုကြော်က သားဟာနော် မေမေ''
ညစာထမင်းဝိုင်းတွင်ဖြစ်သည်....
နှိုက်ခါနီး လက်ပါတွန့်သွားသည်။သူ့အမေကို ပြောသလိုနှင့် သူ့အားမကြားကြားအောင် ပြောနေသော
ချစ်သားလေး။ဦးမောင်မောင်ကြီး မြင်ပြင်းကပ်လာ၍
''ဟေ့ကောင် မင်းဘယ်သူ့ကိုပြောတာလဲငါသိတယ်နော်။ငါ့နောက်မှလူဖြစ် မှိုကြော်စားဖူပြီး ပါးစပ်မှာ အမှိုက်ကပ်နေတဲ့ကောင်က။''
''ဒါအမှိုက်မဟုတ်ပါဘူးနော်Beauty markလို့ခေါ်တယ်။သားက မေမေ့ကို ပြောနေတာကို။''
''ကဲပါ ဦးမောင်ရယ် ရှင်ကလည်း ကလေးနဲ့အပြိုင် ကိုဖြစ်နေတာ ။ရှင်ငယ်မူများပြန်နေသလား။''
ထုံးစံအတိုင်းသူ့သားဘက်ကပင်။
သားက အမူအရာလေးတွေနှင့် သူနိုင်တယ် မြင်လားဆိုသည့်ပုံနှင့် သူ့အားreactionတွေအမျိုးမျိုးလုပ်ပြနေသည်။သူ့မျက်လုံးထဲမှာတော့ သားဟာ ဘယ်အရွယ်ရှိနေပါစေ ငါးနှစ်သားအရွယ် ကလေးတစ်ယောက်လို့ပဲမြင်နေတုန်းပါပဲ။
''ကဲ ဟိုမျောက် စားစရာရှိတာစား ။မင်းရဲ့ နီရဲကြဲတောက် အင်းစက်ကြော် မင်းဘာသာစား ဟုတ်ပြီလား။''
"ရှင်ဟာ ပြောလေ ကဲလေ ။ကဲ စားကြတော့ နှစ်ယောက်လုံး။''
ထမင်းလုတ်တစ်လုတ်ကို မြိုချပြီး ရေတစ်ငုံသောက်ကာ
''ဒယ်ဒီနဲ့မေမေ သား ကျောင်းက အဖွဲ့လိုက် စာတမ်းပြုစုခိုင်းထားတာ။အဲ့ဒါသားသူငယ်ချင်းတွေကိုမနက်ဖြန် သားအိမ်ကိုခေါ်ချင်လို့။''
ဦးမောင်မောင်ကြီး မျက်ခုံးပင့်သွားသည်။သားက အိမ်မှာသာ တက်တက်ကြွကြွနဲ့ ကလေးလို နေတတ်ကာ အပြင်ဘက်တွင် တအားအေးဆေးသည့် introvert တစ်ယောက်သာဖြစ်သည်ကို သူရိပ်မိသည်။အပေါင်းအသင်းများနှင့်နေစေချင်သော်လည်း သားကိုဖိအားမပေးချင်၍သာ အခုလို သူငယ်ချင်းတွေဘာတွေ ရတော့ သူအံဩမိသွားသည်။ကိုရေခဲတုံးရဲ့ သူငယ်ချင်းဆိုတာတွေကိုပင်စိတ်ဝင်စားမိသွားသည်။
"ကောင်းတာပေါ့ ခေါ်လာလေ ။သားသူငယ်ချင်းတွေနဲ့ အေးဆေး စာလာလုပ် ။''
"ဟုတ် ဒယ်ဒီ။''
"အဲ့ဒါဆို ဟုတ်ပြီ သားသူငယ်ချင်းတွေ ကို ခေါ်လာပြီး ထမင်းပါဖိတ်ကျွေးရမယ်။မုန့်တွေလည်း လုပ်ကျွေးရမယ်။''
မေမေကတော့ပြုံးရွှင်စွာ ပြောလာသည်။
ဒယ်ဒီရောမေမေရော သူတို့သားမှာ သူငယ်ချင်းရသွားသည်ကို ၀မ်းသာရိပ်မြူးနေဟန်။
1.5.23