Zawgyi~
သာယာေသာရာသီဥတု႐ွိေသာစေနေန႔တစ္ရက္ျဖစ္ေလသည္။တစ္နည္း စေတာ္ဘယ္ရီႏွင့္စီးကရက္၏ပထမဆံုးအနမ္း သံုးလျပည့္ေသာေန႔ျဖစ္သည္။ေန႔ရက္ေတြအကုန္ျမန္သည္ဟုေျပာရလွ်င္ လူတိုင္းနားလည္ေလာက္ပါသည္။ခံစားမိလိမ့္မည္။
အခုမွရေသာအလုပ္ႏွင့္လည္ပတ္လိုက္၊ေဆာ့ဂ်င္ဆိုေသာအႏွီလူသားေလးႏွင့္ ၾကည္ႏူးလိုက္ဆိုေတာ့ အခ်ိန္ေတြကုန္သြားတာကိုေတာင္ နမ္ဂြၽန္းကေတာ့သတိမထားမိခဲ့ပါဘူးတဲ့ေလ...။
ခိုက္ရန္ဆိုသည္မွာေတာ့သူတို႔ႏွစ္ဦးၾကားတြင္မ႐ွိခဲ့ပါေပ။ေယာက်္ားႏွစ္ေယာက္ႏွင့္ခ်ည္ေႏွာင္ထားေသာ relationship တစ္ခုသည္ နားလည္မႈအျပည့္အဝပါဝင္ျမဲျဖစ္သည္။တစ္ခါတစ္ရံေတာ့ သူသိပ္အကဲပိုေၾကာင္းေဂ်ာင္ကုမ်က္ေစာင္းထိုးရင္း ဆိုတတ္ပါသည္။
ျခံအေ႐ွ႕သို႔ဆိုင္ကယ္ထိုးရပ္လိုက္သည္ႏွင့္ သင္းေနေသာစေတာ္ဘယ္ရီရနံ႔ေလးေတြကိုရ႐ွိလိုက္ရသည္။ေျပာရလွ်င္ ေဆာ့ဂ်င္၏ကိုယ္သင္းရနံ႔ႏွင့္တစ္ထပ္တည္းက်သည္။ခ်စ္သည္။အျပံဳးေတြသည္ခ်က္ခ်င္းဆိုသလိုထိုသို႔ေတြးမိတိုင္းေပါက္ဖြားတတ္ေလ့႐ွိသည္။
"အစ္ကို ဒီကိုလာတာ စေတာ္ဘယ္ရီဝယ္ဖို႔ပဲေနာ္ ကြၽန္ေတာ္အခ်ိန္မေပးဘူး..."
ဆံပင္ေကာက္ေကာက္ေတြကိုေျမႇာက္ေျမႇာက္ၿပီးေစြ႔ေစြ႔ခုန္စြာေျပာေနေသာေဂ်ာင္ကုသည္ နမ္ဂြၽန္းအေ႐ွ႕မွခုန္စြခုန္စြႏွင့္ထြက္သြားေလသည္။လက္တစ္ဖက္စလံုးတြင္႐ွိသည့္တက္တူးေတြကိုမွအားမနာပါဘဲ ယုန္ဆန္ေနလိုက္ေလျခင္း။ဒါဟာ နည္းပညာတကၠသိုလ္ကလူေတြအလြန္႐ွိန္ရသည့္the whole kingပါတဲ့ေလ....။
နမ္ဂြၽန္းေခါင္းအသာခါယမ္းၿပိိးေနာက္အနက္ေရာင္ဂ်င္းဂ်ာကင္ကိုဆြဲခ်ကာ ျခံအတြင္းသို႔ဝင္လာခဲ့လိုက္သည္။ေျပာရလွ်င္ သူဒီျခံကိုယခုမွတတိယအႀကိမ္ေရာက္လာျခင္းျဖစ္သည္။အံ့ျသစရာေတြပဲမဟုတ္ပါလား..။
ဒီၾကားထဲေဆာ့ဂ်င္အလုပ္ကသူေ႒း၏ဇီဇာေတြေၾကာင့္ ရံုးပိတ္ရက္ေတြေဆာ့ဂ်င္ဒီကိုမလာရပါ။ေဆာ့ဂ်င္မလာေတာ့ သူလည္းမလာပါ။ေဆာ့ဂ်င္ ရံုးတက္သည့္ရက္တိုင္းတြင္ သူပါသူ႔ရံုးကိုသြားေနတတ္လို႔ ေမေမတို႔သူ႔က္ုစိတ္ပ်က္တတ္ၾကပါသည္။တကယ္ေတာ့နမ္ဂြၽန္းသည္ ေဆာ့ဂ်င္မ႐ွိလွ်င္မေနတတ္ပါ။ထိုအရာကိုအခ်စ္ဟုေခၚပါသည္ေလ။စီးကရက္ထက္ပင္ ပို၍စြဲလမ္းေနေလၿပီ။
ဆိုင္အတြင္းသို႔ဝင္လာသည္ႏွင့္ ေကာင္တာတြင္ထိုင္ေနတတ္ေသာေဆာ့ဂ်င္၏ဦးေလးျဖစ္သူကိုေတြ႔ရသည္။သူ႔ကိုမွတ္မိေနမွာေတာင္ သူစိုးရိမ္သည္။အရင္တစ္ခါကသူ႔တူမ႐ွိလို႔ျပန္သြားခဲ့သည္မဟုတ္ပါလား..။
"ဦးေလး စေတာ္ဘယ္ရီ ႏွစ္ျခင္း.."
သြက္လက္လွေသာဂြၽန္ေဂ်ာင္ကုဆိုသူသည္ စေတာ္ဘယ္ရီျခင္းႏွစ္းျခင္းကိုေကာင္တာအေပၚတင္ေနတာကိုနမ္ဂြၽန္းတစ္လက္စတည္း႐ွံု႔မဲ့စြာေတြ႔လိုက္ရသည္။ဒီလိုမွန္းသိရင္ ေခၚမလာပါဘူးဟုေတာင္ေတြးမိလိုက္သည္။
"ငါ့တူတို႔ဒီကိုလာဖူးၾကတယ္ေနာ္ အခုလည္းေဆာ့ဂ်င္ကိုလာ႐ွာတာပဲလား..."
ရယ္ၾကဲၾကဲႏွင့္ေဂ်ာင္ကုေပးေသာစေတာ္ဘယ္ရီျခင္းေတြကိုထုတ္ပိုးေပးေနရင္း ဦးေလးေျပာေတာ့နမ္ဂြၽန္းနားဖ်ားမ်ားရဲတက္ၿပီး ရယ္သင့္သလို၊ငိုသင့္သလိုျဖစ္သြားရသည္။ေျပာရလွ်င္အ႐ိႈက္ထိသြားသည္ေလ။အခုအထိႀကိဳတင္ဇာတ္တိုက္ထားလ်က္ေရာက္မလာေသးေသာ ကင္မ္ေဆာ့ဂ်င္ဟူသည့္ခ်စ္သူေလးအားနမ္ဂြၽန္းဆူပစ္ခ်င္ေသးပါသည္။
"ေဆာ့ဂ်င္က အေနာက္ျခံနားမွာ..."
ဘာေျပာရမွန္းမသိသည့္အေျခအေနတြင္ေဂ်ာင္ကုသည္လည္း သူ႔ကိုမ်က္လံုးေတြျပဴးျပေနေလၿပီ။သေဘာကျပန္မယ္ေပါ့ေလ။မရဘူး ! မျပန္ဘူး ! နမ္ဂြၽန္းအ႐ွက္ေျပရယ္ရင္းေဘာင္းဘီအိတ္ကပ္အတြင္းမွစီးကရက္ဘူးကိုထုတ္ကာလွည့္ေနလိုက္သည္။လာပါေတာ့ အသဲေလးရယ္...။
"နမ္ဂြၽန္း..."
ဆိုင္အတြင္းသို႔အေနာက္ဘက္တံခါးမွဝင္လာေသာအျပံဳးေလးသည္ လြန္ခဲ့ေသာသံုးလေလာက္ကကဲ့သို႔သိပ္လွေနဆဲျဖစ္သည္။ဤေနရာတြင္ပါပဲ..ဤအျပံဳးေလးေတြ..ဤအေငြ႔အသက္ကေလးေတြသည္ day 1ကတည္းကသူ႔မသိစိတ္တြင္ေနရာယူခဲ့သလိုပါပင္။
"ကြၽန္ေတာ့္မိတ္ေဆြ..စေတာ္ဘယ္ရီေတြၾကည့္ခ်င္တယ္ဆိုလို႔ေလ...လာ..နမ္ဂြၽန္း လာ ေဂ်ာင္ကုေရာ.."
"အစ္ကိုတို႔ဗ်ာ..."
သူ႔လက္ကိုအသာဆုပ္ကိုင္ၿပီး ေဆာ့ဂ်င္ဆြဲေခၚခ်ိန္တြင္ သူထိုလက္ကေလးကိုျပန္လည္ဆုပ္ကိုင္ၿပိိးေနာက္ ျပံဳးေနသည့္ဦးေလးကိုဦးၫႊတ္ႏႈတ္ဆက္ကာ ထြက္လာလိုက္ခဲ့သည္။စေတာ္ဘယ္ရီႏွစ္ျခင္းကိုပါဆြဲ၍ပါလာေသာ ေဂ်ာင္ပုသည္ေတာ့ သူ႔ဂ်ာကင္ကိုဆြဲကာဆူပုပ္ၿပီးပါလာခဲ့သည္။
🍓🚬
စေတာ္ဘယ္ရီေတြသည္သူ႔ပံုမွန္အတိုင္းပဲ လတ္ဆတ္စြာရနံ႔ေတြပ်ံ့ႏွံ႔ေနေသာ္လည္း နမ္ဂြၽန္းေရာက္လာမွပို၍႐ွက္ေသြးျဖာကာနီးျမန္းေနၾကသေယာင္။နမ္ဂြၽန္းမ်က္ႏွာသည္ပကတိၾကည္လင္သြားၿပီး မ်က္ဝန္းမ်ားအတြင္းတြင္စေတာ္ဘယ္ရီတို႔ေရာင္ျပန္ဟပ္သည္။ေသခ်ာေပါက္နမ္ဂြၽန္းသေဘာက်မည္မွန္းသူသိပါသည္။ဒီမတိုင္ခင္က မနက္အေစာႀကီးေရာက္လာၿပီး ဦးေလးကိုကူသလိုႏွင့္ျခံအတြင္း သူအေတာ္ျပင္ဆင္ထားခဲ့သည္။
"ကိုယ္ေတြးထားတာထက္ေတာင္ပိုလွေနတာပဲ...ေမႊးၿပီးလတ္ဆတ္ေနတာပဲ ေဆာ့ဂ်င္ဒီမွာေနတာမ်ားလို႔ စေတာ္ဘယ္ရီေလးလို႔ျဖစ္ေနတာေနမယ္..."
နမ္ဂြၽန္းႏွင့္အတူျခံတစ္ေလွ်ာက္အတူေလွ်ာက္လာျဖစ္ၿပီး သူ႔ခါးကိုပံုမွန္အတိုင္းပဲေထြးေပြ႔ေသာ္ ေဆာ့ဂ်င္ "သူ႔"အေပၚမသိမသာမွီလိုက္မိသည္။စေတာ္ဘယ္ရီလိုစကားသံခပ္ျသျသေတြပါတဲ့..။သူထိုသို႔သတ္မွတ္ခဲ့တာဟာ ထိုစကားသံေတြသိပ္ခ်ိဳသာခဲ့လို႔ပဲျဖစ္လိမ့္မည္။သူမွီထားေသာအနက္ေရာင္ဂ်င္းတြင္စြဲေနေသာစီးကရက္ရနံ႔ေတြအားသိပ္ခ်စ္ပါသည္။
အခ်စ္ေတြသည္ အခ်ိန္ၾကာလာသည္ႏွင့္အမွ်ပို၍နက္နဲလာသည္။
"အစ္ကိုယြန္းဂီနဲ႔ ေဂ်ာင္ကုအဆင္ေျပေနပံုပဲ .."
အေဝးတြင္က်န္ခဲ့ေသာ ဖ်ာခင္း၍ထိုင္ကာစေတာ္ဘယ္ရီေတြကိုေရေဆးေနၾကေသာႏွစ္ဦးကိုလွမ္းၾကည့္နမ္ဂြၽန္းဆိုေတာ့ ေဆာ့ဂ်င္ျပံဳးမိသည္။
"သူတို႔ကဒီလိုက်လည္းခင္တတ္ၾကပါတယ္..."
ေဆာ့ဂ်င္စေတာ္ဘယ္ရီတစ္လံုးကိုဆြဲယူခူးလိုက္ကာနမ္ဂြၽန္း၏ႏႈတ္ခမ္းမ်ားၾကားသို႔ထည့္ေပးလိုက္ပါသည္။ပထမဆံုးတြင္အံ့ျသသြားပံုေပၚေသာနမ္ဂြၽန္းသည္သူ႔ခါးထက္သို႔ပိုမိုေပြ႕ဖြက္လာမွန္းသတိထားမိသည္။နမ္ဂြၽန္း၏ရယ္သံေတြသည္အလြန္နားေထာင္၍ေကာင္းစြာထြက္ေပၚလာၿပီးေနာက္ သူ႔ဆံႏြယ္ေတြကိုငံု႔နမ္းပါေလသည္။အြန္....နမ္ဂြၽန္းဟာသိပ္အရပ္႐ွည္ပါသည္။
"ကိုယ္လည္းတစ္ခုေလာက္ခူးလို႔ရတယ္မဟုတ္လား..."
"ခြင့္ေတြမေတာင္းဖို႔ေျပာထားတယ္မဟုတ္လား ဒါေတြအကုန္နမ္ဂြၽန္းအပိုင္ပဲေလ.."
ဦးေလးၾကားလွ်င္ ျခံကေနေမာင္းထုတ္မလားဟုေဆာ့ဂ်င္မေတြးတတ္ေသာ္လည္း နမ္ဂြၽန္းကိုေတာ့စိတ္ထဲ႐ွိသမွ်ေတြအရာရာကိုသိေစခ်င္သည္။စေတာ္ဘယ္ရီရဲရဲတစ္လံုးကိုဆြဲယူခူးလိုက္ေသာနမ္ဂြၽန္းသည္ သူ႔လုပ္ခဲ့သလိုမ်ိဳးပဲခြံလာပါသည္။
"တစ္ဝက္ပဲေနာ္ ေဆာ့ဂ်င္..."
ခါး႐ွိလက္တစ္ဖက္သည္ အက်ီ ၤပါးခ်ပ္ခ်ပ္ေအာက္သို႔တိုးဝင္လို႔လာၿပီး သူ႔ပါးႏွစ္ဖက္ကိုနမ္ဂြၽန္းက်န္လက္တစ္ဖက္ႏွင့္အုပ္ကိုင္လာပါသည္။သူစေတာ္ဘယ္ရီကိုကိုက္ထားရရင္းေတာင္ နမ္ဂြၽန္းသူ႔ႏႈတ္ခမ္းမွအၾကည့္မဖယ္သြားလို႔ ေဆာ့ဂ်င္ပါးမ်ားရဲကာ႐ွက္သြားျဖာသည္။သူ႔မ်က္ဝန္းေတြလႈပ္ခတ္မိသြားခ်ိန္တြင္ နမ္ဂြၽန္းသည္သူ႔မ်က္ခြံထက္တြင္အရင္ဖိနမ္းေလသည္။
စေတာ္ဘယ္ရီေတြေဆာ့ဂ်င္ကိုေလွာင္ၾကလိမ့္မည္။သူတို႔ကို႐ွက္ေသြးျဖာတယ္ဆိုၿပီး ကိုယ္တိုင္နီတာရဲေနၿပီမလိုျဖစ္သည္။သူ႔ကိုက္ထားေသာစေတာ္ဘယ္ရီကိုနမ္ဂြၽန္းဆြဲကိုက္လာသည္။ႏႈတ္ခမ္းထူထူတို႔ သူ႔ႏႈတ္ခမ္းဖူးဖူးေတြထံထိကပ္လာခ်ိန္တြင္ အျဖစ္မ႐ွိစြာရင္ခုန္ႏႈန္းေတြျမန္ဆဲျဖစ္ၿပီးနမ္ဂြၽန္း၏ရင္ဘက္အေပၚလက္တင္ထားမိသည္။
ယခင္ႏွင့္မတူစြာပင္ အလြန္နမ္း႐ိႈက္လာခ်ိန္တြင္ေဆာ့ဂ်င္အေနာက္သို႔ေခါင္းလန္က်သြား၍ နမ္ဂြၽန္း၏လက္ေခ်ာငိးေတြသည္ သူ႔ေခါင္းအေနာက္မွထိန္းကိုင္ေပးထားေလသည္။အဆံုးတြင္ေတာ့ သူ႔ႏႈတ္ခမ္းအားနမ္ဂြၽန္းဖြဖြေလးနမ္းရင္းအဆံုးသတ္သြားသည္။
"ခ်ိဳတယ္..."
ေမာဟိုက္ေနရင္း ရယ္လ်က္ေျပာေသာနမ္ဂြၽန္းစကားေၾကာင့္ ေဆာ့ဂ်င္ နမ္ဂြၽန္း၏ရင္ခြင္အတြင္းမ်က္ႏွာကိုအပ္ထားမိခဲ့သည္။
🍓🚬
So you sat and stared at my lips
And I could already feel your kiss
From KSJ ♡
🍓🚬
ဦးေလး၏ဆိုင္သည္ႏွစ္ထပ္တိုက္ပုျဖစ္သည္မလို႔ အေပၚထပ္တြင္အခန္းလြတ္ေတြ႐ွိေလသည္။
ရြာခ်ၿပီးမသည္းေတာ့ေသာမိုးမ်ားေၾကာင့္ နမ္ဂြၽန္းတို႔ဒီျခံတြင္သာအိပ္ျဖစ္ဖို႔မ်ားသြားလို႔ဝမ္းသာအားရျဖစ္ေနသည္။သူေဆာ့ဂ်င္ႏွင့္အတူအိပ္ျဖစ္မွာျဖစ္ၿပီး အစ္ကိုယြန္းဂီ၊ေဂ်ာင္ကုႏွင့္ဦးေလးတို႔ကတစ္ခန္းျဖစ္သည္။ဦးေလးအံ့ျသျခင္းတြင္ ေဆာ့ဂ်င္သူႏွင့္လာအိပ္ေသာေၾကာင့္ျဖစ္ေပသည္။
ေဂ်ာင္ကုကေတာ့ မ်က္ႏွာတစ္ခ်က္႐ွံု႔သြားခဲ့ေသာ္လည္း အစ္ကိုယြန္းဂိိလိုသူငယ္ခ်င္းအသစ္ရၿပီမလို႔ သူကိုမလိုဘူးဟုလည္းဆိုလာပါေသးသည္။
"နမ္ဂြၽန္း..."
ျပတင္းေပါက္မွတစ္ဆင့္စေတာ္ဘယ္ရီျခံ၏အမိုးထက္သို႔မိုးေတြရြာက်ေနတာကိုၾကည့္ေနရင္း အေနာက္မွသိုင္းဖက္ျခင္းကိုခံလိုက္ရေလသည္။လက္ေကာက္ဝတ္ႏွစ္ခုကိုနမ္ဂြၽန္းဆုပ္ကိုင္မိၿပိ္း နီရဲေနေသာႏႈတ္ခမ္းေလးေတြကိုခ်စ္ျမတ္ႏိုးစြာေငးမိသည္။
အိညက္ေသာေစာင္ထူထူမ်ားၾကား ေဆာ့ဂ်င္ကိုနစ္ဝင္ေစၿပီးေနာက္နမ္ဂြၽန္းအလြန္ပင္ေပြ႕ဖက္ထားမိသည္။သူ႔ကိုေဆာ့ဂ်င္ျပန္လည္ေပြ႕ဖက္ေသာ္ အေပၚစီးမွပဲေန၍အႏုပညာဆန္ဆန္နတ္သားေလးကိုေငးေနမိသည္။
"ကိုယ့္ကိုမင္းၾကည့္ေနတိုင္းကိုယ္ဘယ္လိုခံစားရတယ္ထင္လည္း....မေျဖႏိုင္တိုင္းတစ္ခါစီနမ္းမယ္.."
"နမ္ဂြၽန္းရာ..."
ႏႈတ္ခမ္းဖူးဖူးေလးကိုတစ္ခ်က္ဖိနမ္းရင္းသူျပံဳးသည္။ထပ္တူပင္။ေဆာ့ဂ်င္လည္းျပံဳးသည္။
"ခ်စ္ျမတ္ႏိုးရတာ...." ( cherish )
ေဆာ့ဂ်င္မ်က္ဝန္းေလးေတြလႈပ္ခတ္သြားခဲ့သည္။စိမ့္စမ္းေရေလးလို။
"ကိုယ္ မင္းကိုသေဘာက်ေနတုိင္းမွာဘယ္လိုခံစားရတယ္ထင္လည္း...."
"နမ္ဂြၽန္းဗ်ာ...မေနတတ္ေတာ့ဘူး..."
ဒီတစ္ခါလည္းမေျဖႏိုင္လို႔သူငံု႔နမ္းမိျပန္သည္။
"ခ်စ္ျမတ္ႏိုးရတာ..." ( cherish )
ေဆာ့ဂ်င္သူ႔ဂုတ္ကိုဖက္၍ရင္ခြင္အတြင္းတိုးဝင္လာခ်ိန္တြင္ နမ္ဂြၽန္းအသည္းေတြယားစြာေစာင္ေတြႏွင့္လံုးဖက္ထားလိုက္ေတာ့သည္။
မိုးသံေတြသည္ေတာင္မတိုးႏိုင္သည္အထိ ေစာင္ပံုမ်ားၾကားတြင္သူတို႔ႏွစ္ဥိိး၏ေႏြးေထြးမႈတြင္သာလြန္ခဲ့သည္။
🍓🚬
T.B.C
Playlist - Cherish by IVE
Written By
Guu_Joonilili
Unicode~
သာယာသောရာသီဥတုရှိသောစနေနေ့တစ်ရက်ဖြစ်လေသည်။တစ်နည်း စတော်ဘယ်ရီနှင့်စီးကရက်၏ပထမဆုံးအနမ်း သုံးလပြည့်သောနေ့ဖြစ်သည်။နေ့ရက်တွေအကုန်မြန်သည်ဟုပြောရလျှင် လူတိုင်းနားလည်လောက်ပါသည်။ခံစားမိလိမ့်မည်။
အခုမှရသောအလုပ်နှင့်လည်ပတ်လိုက်၊ဆော့ဂျင်ဆိုသောအနှီလူသားလေးနှင့် ကြည်နူးလိုက်ဆိုတော့ အချိန်တွေကုန်သွားတာကိုတောင် နမ်ဂျွန်းကတော့သတိမထားမိခဲ့ပါဘူးတဲ့လေ...။
ခိုက်ရန်ဆိုသည်မှာတော့သူတို့နှစ်ဦးကြားတွင်မရှိခဲ့ပါပေ။ယောက်ျားနှစ်ယောက်နှင့်ချည်နှောင်ထားသော relationship တစ်ခုသည် နားလည်မှုအပြည့်အဝပါဝင်မြဲဖြစ်သည်။တစ်ခါတစ်ရံတော့ သူသိပ်အကဲပိုကြောင်းဂျောင်ကုမျက်စောင်းထိုးရင်း ဆိုတတ်ပါသည်။
ခြံအရှေ့သို့ဆိုင်ကယ်ထိုးရပ်လိုက်သည်နှင့် သင်းနေသောစတော်ဘယ်ရီရနံ့လေးတွေကိုရရှိလိုက်ရသည်။ပြောရလျှင် ဆော့ဂျင်၏ကိုယ်သင်းရနံ့နှင့်တစ်ထပ်တည်းကျသည်။ချစ်သည်။အပြုံးတွေသည်ချက်ချင်းဆိုသလိုထိုသို့တွေးမိတိုင်းပေါက်ဖွားတတ်လေ့ရှိသည်။
"အစ်ကို ဒီကိုလာတာ စတော်ဘယ်ရီဝယ်ဖို့ပဲနော် ကျွန်တော်အချိန်မပေးဘူး..."
ဆံပင်ကောက်ကောက်တွေကိုမြှောက်မြှောက်ပြီးစွေ့စွေ့ခုန်စွာပြောနေသောဂျောင်ကုသည် နမ်ဂျွန်းအရှေ့မှခုန်စွခုန်စွနှင့်ထွက်သွားလေသည်။လက်တစ်ဖက်စလုံးတွင်ရှိသည့်တက်တူးတွေကိုမှအားမနာပါဘဲ ယုန်ဆန်နေလိုက်လေခြင်း။ဒါဟာ နည်းပညာတက္ကသိုလ်ကလူတွေအလွန်ရှိန်ရသည့်the whole kingပါတဲ့လေ....။
နမ်ဂျွန်းခေါင်းအသာခါယမ်းပြိးနောက်အနက်ရောင်ဂျင်းဂျာကင်ကိုဆွဲချကာ ခြံအတွင်းသို့ဝင်လာခဲ့လိုက်သည်။ပြောရလျှင် သူဒီခြံကိုယခုမှတတိယအကြိမ်ရောက်လာခြင်းဖြစ်သည်။အံ့သြစရာတွေပဲမဟုတ်ပါလား..။
ဒီကြားထဲဆော့ဂျင်အလုပ်ကသူဋ္ဌေး၏ဇီဇာတွေကြောင့် ရုံးပိတ်ရက်တွေဆော့ဂျင်ဒီကိုမလာရပါ။ဆော့ဂျင်မလာတော့ သူလည်းမလာပါ။ဆော့ဂျင် ရုံးတက်သည့်ရက်တိုင်းတွင် သူပါသူ့ရုံးကိုသွားနေတတ်လို့ မေမေတို့သူ့က်ုစိတ်ပျက်တတ်ကြပါသည်။တကယ်တော့နမ်ဂျွန်းသည် ဆော့ဂျင်မရှိလျှင်မနေတတ်ပါ။ထိုအရာကိုအချစ်ဟုခေါ်ပါသည်လေ။စီးကရက်ထက်ပင် ပို၍စွဲလမ်းနေလေပြီ။
ဆိုင်အတွင်းသို့ဝင်လာသည်နှင့် ကောင်တာတွင်ထိုင်နေတတ်သောဆော့ဂျင်၏ဦးလေးဖြစ်သူကိုတွေ့ရသည်။သူ့ကိုမှတ်မိနေမှာတောင် သူစိုးရိမ်သည်။အရင်တစ်ခါကသူ့တူမရှိလို့ပြန်သွားခဲ့သည်မဟုတ်ပါလား..။
"ဦးလေး စတော်ဘယ်ရီ နှစ်ခြင်း.."
သွက်လက်လှသောဂျွန်ဂျောင်ကုဆိုသူသည် စတော်ဘယ်ရီခြင်းနှစ်းခြင်းကိုကောင်တာအပေါ်တင်နေတာကိုနမ်ဂျွန်းတစ်လက်စတည်းရှုံ့မဲ့စွာတွေ့လိုက်ရသည်။ဒီလိုမှန်းသိရင် ခေါ်မလာပါဘူးဟုတောင်တွေးမိလိုက်သည်။
"ငါ့တူတို့ဒီကိုလာဖူးကြတယ်နော် အခုလည်းဆော့ဂျင်ကိုလာရှာတာပဲလား..."
ရယ်ကြဲကြဲနှင့်ဂျောင်ကုပေးသောစတော်ဘယ်ရီခြင်းတွေကိုထုတ်ပိုးပေးနေရင်း ဦးလေးပြောတော့နမ်ဂျွန်းနားဖျားများရဲတက်ပြီး ရယ်သင့်သလို၊ငိုသင့်သလိုဖြစ်သွားရသည်။ပြောရလျှင်အရှိုက်ထိသွားသည်လေ။အခုအထိကြိုတင်ဇာတ်တိုက်ထားလျက်ရောက်မလာသေးသော ကင်မ်ဆော့ဂျင်ဟူသည့်ချစ်သူလေးအားနမ်ဂျွန်းဆူပစ်ချင်သေးပါသည်။
"ဆော့ဂျင်က အနောက်ခြံနားမှာ..."
ဘာပြောရမှန်းမသိသည့်အခြေအနေတွင်ဂျောင်ကုသည်လည်း သူ့ကိုမျက်လုံးတွေပြူးပြနေလေပြီ။သဘောကပြန်မယ်ပေါ့လေ။မရဘူး ! မပြန်ဘူး ! နမ်ဂျွန်းအရှက်ပြေရယ်ရင်းဘောင်းဘီအိတ်ကပ်အတွင်းမှစီးကရက်ဘူးကိုထုတ်ကာလှည့်နေလိုက်သည်။လာပါတော့ အသဲလေးရယ်...။
"နမ်ဂျွန်း..."
ဆိုင်အတွင်းသို့အနောက်ဘက်တံခါးမှဝင်လာသောအပြုံးလေးသည် လွန်ခဲ့သောသုံးလလောက်ကကဲ့သို့သိပ်လှနေဆဲဖြစ်သည်။ဤနေရာတွင်ပါပဲ..ဤအပြုံးလေးတွေ..ဤအငွေ့အသက်ကလေးတွေသည် day 1ကတည်းကသူ့မသိစိတ်တွင်နေရာယူခဲ့သလိုပါပင်။
"ကျွန်တော့်မိတ်ဆွေ..စတော်ဘယ်ရီတွေကြည့်ချင်တယ်ဆိုလို့လေ...လာ..နမ်ဂျွန်း လာ ဂျောင်ကုရော.."
"အစ်ကိုတို့ဗျာ..."
သူ့လက်ကိုအသာဆုပ်ကိုင်ပြီး ဆော့ဂျင်ဆွဲခေါ်ချိန်တွင် သူထိုလက်ကလေးကိုပြန်လည်ဆုပ်ကိုင်ပြိးနောက် ပြုံးနေသည့်ဦးလေးကိုဦးညွှတ်နှုတ်ဆက်ကာ ထွက်လာလိုက်ခဲ့သည်။စတော်ဘယ်ရီနှစ်ခြင်းကိုပါဆွဲ၍ပါလာသော ဂျောင်ပုသည်တော့ သူ့ဂျာကင်ကိုဆွဲကာဆူပုပ်ပြီးပါလာခဲ့သည်။
🍓🚬
စတော်ဘယ်ရီတွေသည်သူ့ပုံမှန်အတိုင်းပဲ လတ်ဆတ်စွာရနံ့တွေပျံ့နှံ့နေသော်လည်း နမ်ဂျွန်းရောက်လာမှပို၍ရှက်သွေးဖြာကာနီးမြန်းနေကြသယောင်။နမ်ဂျွန်းမျက်နှာသည်ပကတိကြည်လင်သွားပြီး မျက်ဝန်းများအတွင်းတွင်စတော်ဘယ်ရီတို့ရောင်ပြန်ဟပ်သည်။သေချာပေါက်နမ်ဂျွန်းသဘောကျမည်မှန်းသူသိပါသည်။ဒီမတိုင်ခင်က မနက်အစောကြီးရောက်လာပြီး ဦးလေးကိုကူသလိုနှင့်ခြံအတွင်း သူအတော်ပြင်ဆင်ထားခဲ့သည်။
"ကိုယ်တွေးထားတာထက်တောင်ပိုလှနေတာပဲ...မွှေးပြီးလတ်ဆတ်နေတာပဲ ဆော့ဂျင်ဒီမှာနေတာများလို့ စတော်ဘယ်ရီလေးလို့ဖြစ်နေတာနေမယ်..."
နမ်ဂျွန်းနှင့်အတူခြံတစ်လျှောက်အတူလျှောက်လာဖြစ်ပြီး သူ့ခါးကိုပုံမှန်အတိုင်းပဲထွေးပွေ့သော် ဆော့ဂျင် "သူ့"အပေါ်မသိမသာမှီလိုက်မိသည်။စတော်ဘယ်ရီလိုစကားသံခပ်သြသြတွေပါတဲ့..။သူထိုသို့သတ်မှတ်ခဲ့တာဟာ ထိုစကားသံတွေသိပ်ချိုသာခဲ့လို့ပဲဖြစ်လိမ့်မည်။သူမှီထားသောအနက်ရောင်ဂျင်းတွင်စွဲနေသောစီးကရက်ရနံ့တွေအားသိပ်ချစ်ပါသည်။
အချစ်တွေသည် အချိန်ကြာလာသည်နှင့်အမျှပို၍နက်နဲလာသည်။
"အစ်ကိုယွန်းဂီနဲ့ ဂျောင်ကုအဆင်ပြေနေပုံပဲ .."
အဝေးတွင်ကျန်ခဲ့သော ဖျာခင်း၍ထိုင်ကာစတော်ဘယ်ရီတွေကိုရေဆေးနေကြသောနှစ်ဦးကိုလှမ်းကြည့်နမ်ဂျွန်းဆိုတော့ ဆော့ဂျင်ပြုံးမိသည်။
"သူတို့ကဒီလိုကျလည်းခင်တတ်ကြပါတယ်..."
ဆော့ဂျင်စတော်ဘယ်ရီတစ်လုံးကိုဆွဲယူခူးလိုက်ကာနမ်ဂျွန်း၏နှုတ်ခမ်းများကြားသို့ထည့်ပေးလိုက်ပါသည်။ပထမဆုံးတွင်အံ့သြသွားပုံပေါ်သောနမ်ဂျွန်းသည်သူ့ခါးထက်သို့ပိုမိုပွေ့ဖွက်လာမှန်းသတိထားမိသည်။နမ်ဂျွန်း၏ရယ်သံတွေသည်အလွန်နားထောင်၍ကောင်းစွာထွက်ပေါ်လာပြီးနောက် သူ့ဆံနွယ်တွေကိုငုံ့နမ်းပါလေသည်။အွန်....နမ်ဂျွန်းဟာသိပ်အရပ်ရှည်ပါသည်။
"ကိုယ်လည်းတစ်ခုလောက်ခူးလို့ရတယ်မဟုတ်လား..."
"ခွင့်တွေမတောင်းဖို့ပြောထားတယ်မဟုတ်လား ဒါတွေအကုန်နမ်ဂျွန်းအပိုင်ပဲလေ.."
ဦးလေးကြားလျှင် ခြံကနေမောင်းထုတ်မလားဟုဆော့ဂျင်မတွေးတတ်သော်လည်း နမ်ဂျွန်းကိုတော့စိတ်ထဲရှိသမျှတွေအရာရာကိုသိစေချင်သည်။စတော်ဘယ်ရီရဲရဲတစ်လုံးကိုဆွဲယူခူးလိုက်သောနမ်ဂျွန်းသည် သူ့လုပ်ခဲ့သလိုမျိုးပဲခွံလာပါသည်။
"တစ်ဝက်ပဲနော် ဆော့ဂျင်..."
ခါးရှိလက်တစ်ဖက်သည် အင်္ကျီပါးချပ်ချပ်အောက်သို့တိုးဝင်လို့လာပြီး သူ့ပါးနှစ်ဖက်ကိုနမ်ဂျွန်းကျန်လက်တစ်ဖက်နှင့်အုပ်ကိုင်လာပါသည်။သူစတော်ဘယ်ရီကိုကိုက်ထားရရင်းတောင် နမ်ဂျွန်းသူ့နှုတ်ခမ်းမှအကြည့်မဖယ်သွားလို့ ဆော့ဂျင်ပါးများရဲကာရှက်သွားဖြာသည်။သူ့မျက်ဝန်းတွေလှုပ်ခတ်မိသွားချိန်တွင် နမ်ဂျွန်းသည်သူ့မျက်ခွံထက်တွင်အရင်ဖိနမ်းလေသည်။
စတော်ဘယ်ရီတွေဆော့ဂျင်ကိုလှောင်ကြလိမ့်မည်။သူတို့ကိုရှက်သွေးဖြာတယ်ဆိုပြီး ကိုယ်တိုင်နီတာရဲနေပြီမလိုဖြစ်သည်။သူ့ကိုက်ထားသောစတော်ဘယ်ရီကိုနမ်ဂျွန်းဆွဲကိုက်လာသည်။နှုတ်ခမ်းထူထူတို့ သူ့နှုတ်ခမ်းဖူးဖူးတွေထံထိကပ်လာချိန်တွင် အဖြစ်မရှိစွာရင်ခုန်နှုန်းတွေမြန်ဆဲဖြစ်ပြီးနမ်ဂျွန်း၏ရင်ဘက်အပေါ်လက်တင်ထားမိသည်။
ယခင်နှင့်မတူစွာပင် အလွန်နမ်းရှိုက်လာချိန်တွင်ဆော့ဂျင်အနောက်သို့ခေါင်းလန်ကျသွား၍ နမ်ဂျွန်း၏လက်ချောငိးတွေသည် သူ့ခေါင်းအနောက်မှထိန်းကိုင်ပေးထားလေသည်။အဆုံးတွင်တော့ သူ့နှုတ်ခမ်းအားနမ်ဂျွန်းဖွဖွလေးနမ်းရင်းအဆုံးသတ်သွားသည်။
"ချိုတယ်..."
မောဟိုက်နေရင်း ရယ်လျက်ပြောသောနမ်ဂျွန်းစကားကြောင့် ဆော့ဂျင် နမ်ဂျွန်း၏ရင်ခွင်အတွင်းမျက်နှာကိုအပ်ထားမိခဲ့သည်။
🍓🚬
So you sat and stared at my lips
And I could already feel your kiss
From KSJ ♡
🍓🚬
ဦးလေး၏ဆိုင်သည်နှစ်ထပ်တိုက်ပုဖြစ်သည်မလို့ အပေါ်ထပ်တွင်အခန်းလွတ်တွေရှိလေသည်။
ရွာချပြီးမသည်းတော့သောမိုးများကြောင့် နမ်ဂျွန်းတို့ဒီခြံတွင်သာအိပ်ဖြစ်ဖို့များသွားလို့ဝမ်းသာအားရဖြစ်နေသည်။သူဆော့ဂျင်နှင့်အတူအိပ်ဖြစ်မှာဖြစ်ပြီး အစ်ကိုယွန်းဂီ၊ဂျောင်ကုနှင့်ဦးလေးတို့ကတစ်ခန်းဖြစ်သည်။ဦးလေးအံ့သြခြင်းတွင် ဆော့ဂျင်သူနှင့်လာအိပ်သောကြောင့်ဖြစ်ပေသည်။
ဂျောင်ကုကတော့ မျက်နှာတစ်ချက်ရှုံ့သွားခဲ့သော်လည်း အစ်ကိုယွန်းဂိလိုသူငယ်ချင်းအသစ်ရပြီမလို့ သူကိုမလိုဘူးဟုလည်းဆိုလာပါသေးသည်။
"နမ်ဂျွန်း..."
ပြတင်းပေါက်မှတစ်ဆင့်စတော်ဘယ်ရီခြံ၏အမိုးထက်သို့မိုးတွေရွာကျနေတာကိုကြည့်နေရင်း အနောက်မှသိုင်းဖက်ခြင်းကိုခံလိုက်ရလေသည်။လက်ကောက်ဝတ်နှစ်ခုကိုနမ်ဂျွန်းဆုပ်ကိုင်မိပြ်ိး နီရဲနေသောနှုတ်ခမ်းလေးတွေကိုချစ်မြတ်နိုးစွာငေးမိသည်။
အိညက်သောစောင်ထူထူများကြား ဆော့ဂျင်ကိုနစ်ဝင်စေပြီးနောက်နမ်ဂျွန်းအလွန်ပင်ပွေ့ဖက်ထားမိသည်။သူ့ကိုဆော့ဂျင်ပြန်လည်ပွေ့ဖက်သော် အပေါ်စီးမှပဲနေ၍အနုပညာဆန်ဆန်နတ်သားလေးကိုငေးနေမိသည်။
"ကိုယ့်ကိုမင်းကြည့်နေတိုင်းကိုယ်ဘယ်လိုခံစားရတယ်ထင်လည်း....မဖြေနိုင်တိုင်းတစ်ခါစီနမ်းမယ်.."
"နမ်ဂျွန်းရာ..."
နှုတ်ခမ်းဖူးဖူးလေးကိုတစ်ချက်ဖိနမ်းရင်းသူပြုံးသည်။ထပ်တူပင်။ဆော့ဂျင်လည်းပြုံးသည်။
"ချစ်မြတ်နိုးရတာ...." ( cherish )
ဆော့ဂျင်မျက်ဝန်းလေးတွေလှုပ်ခတ်သွားခဲ့သည်။စိမ့်စမ်းရေလေးလို။
"ကိုယ် မင်းကိုသဘောကျနေတိုင်းမှာဘယ်လိုခံစားရတယ်ထင်လည်း...."
"နမ်ဂျွန်းဗျာ...မနေတတ်တော့ဘူး..."
ဒီတစ်ခါလည်းမဖြေနိုင်လို့သူငုံ့နမ်းမိပြန်သည်။
"ချစ်မြတ်နိုးရတာ..." ( cherish )
ဆော့ဂျင်သူ့ဂုတ်ကိုဖက်၍ရင်ခွင်အတွင်းတိုးဝင်လာချိန်တွင် နမ်ဂျွန်းအသည်းတွေယားစွာစောင်တွေနှင့်လုံးဖက်ထားလိုက်တော့သည်။
မိုးသံတွေသည်တောင်မတိုးနိုင်သည်အထိ စောင်ပုံများကြားတွင်သူတို့နှစ်ဥိး၏နွေးထွေးမှုတွင်သာလွန်ခဲ့သည်။
🍓🚬
T.B.C
Playlist - Cherish by IVE
Written By
Guu_Joonilili