နတ်ဘုရားရေးရာ ဓားဆွဲထုတ်ခြင်း...

By Azure5549

43.9K 4.2K 53

ယန်ချီရောက်ရှိသွားတဲ့ လောကကြီးမှာဆိုရင် နတ်ဆိုးမိစ္ဆာတွေနဲ့ လူသားတွေက နေရာလု တိုက်ခိုက်နေကြပြီး တနေ့မှာတော့ ယ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဥ်းချုပ်
Ch 1 to 5
Ch 6 to 10
Ch 11 to 15
Ch 16 to 20
Ch 21 to 25
Ch 26 to 30
Ch 31 to 35
Ch 36 to 40
Ch 41 to 45
Ch 46 to 50
Ch 51 to 55
Ch 56 to 60
Ch 61 to 65
Ch 66 to 70
Ch 71 to 75
Ch 76 to 80
Ch 81 to 85
Ch 86 to 90
Ch 91 to 95
Ch 96 to 100
Ch 101 to 105
Ch 106 to 110
Ch 111 to 115
Ch 116 to 120
Ch 121 to 125
Ch 126 to 130
Ch 131 to 135
Ch 136 to 140
Ch 141 to 145
Ch 146 to 150
အပိုင်း ၁၅၁ မှ ၁၅၅
အပိုင်း ၁၅၆ မှ ၁၆၀
အပိုင်း ၁၆၁ မှ ၁၆၅
အပိုင်း ၁၆၆ မှ ၁၇၀
အပိုင်း ၁၇၁ မှ ၁၇၅
Ch 176 to 180
Ch 181 to 185
Ch 186 to 190
Ch 191 to 195
Ch 196 to 200
Ch 201 to 205
Ch 206 to 210
Ch 211 to 215
Ch 216 to 220
Ch 221 to 225
Ch 226 to 230
Ch 231 to 235
Ch 231 to 235
Ch 236 to 240
Ch 241 to 245
Ch 246 to 250
Ch 251 to 255
Ch 256 to 260
Ch 261 to 265
Ch 266 to 270
Ch 271 to 275
Ch 276 to 280
Ch 281 to 285
Ch 286 to 290
Ch 291 to 295
Ch 296 to 300
Ch 301 to 305
Ch 306 to 310
Ch 311 to 315
Ch 316 to 320
Ch 321 to 325
Ch 326 to 330
Ch 331 to 335
Ch 336 to 340
Ch 341 to 345
Ch 346 to 350
Ch 351 to 355
Ch 356 to 360
Ch 361 to 365
Ch 366 to 370
Ch 371 to 375
Ch 376 to 380
Ch 381 to 385
Ch 386 to 390
Ch 391 to 395
Ch 396 to 400
Ch 401 to 405
Ch 406 to 410
Ch 411 to 415
Ch 416 to 420
Ch 421 to 425
Ch 426 to 430
Ch 431 to 435
Ch 436 to 440
Ch 441 to 445
Ch 446 to 450
Ch 451 to 455
Ch 456 to 460
Ch 461 to 465
Ch 466 to 470
Ch 471 to 475
Ch 476 to 480
Ch 481 to 485
Ch 486 to 490
Ch 491 to 495
Ch 496 to 500
Ch 501 to 505
Ch 506 to 510
Ch 511 to 515
Ch 516 to 520
Ch 521 to 525
Ch 526 to 530
Ch 531 to 535
Ch 536 to 540
Ch 541 to 545
Ch 546 to 550
Ch 551 to Ch 555
Ch 556 to Ch 560
Ch 561 to Ch 565
Ch 566 to Ch 570
Ch 571 to Ch 575
Ch 576 to Ch 580
Ch 581 to 585
Ch 586 to 590
Ch 591 to 595
Ch 596 to 600
Ch 601 to 605
Ch 606 to 610
Ch 611 to 615
Ch 616 to 620
Ch 621 to 625
Ch 626 to 630
Ch 631 to 635
Ch 636 to 640
641 - 645
646 - 650
651 - 655
656 - 660
661 - 665
666 - 670
671 - 675
676 - 680
681 - 685
686 - 690
691 - 695
696 - 700
701 - 705
706 - 710
711 - 715
721 - 725
726 - 730
731 - 735
736 - 740
741 - 745
746 - 750
751 - 755
စာဖတ်သူများကို အနူးအညွတ်တောင်းပန်ခြင်း
756 - 760
761 - 765
766 - 770
771 - 775
776 - 780
ဘာသာပြန်စာရေးသူတွေက ဒီလိုပြဿနာမျိုးတွေ ကြုံနေကြတာပါ
781 - 785
786 - 790
791 - 795
တစ်ခုပြောချင်လို့ပါရှင့်
hello
hello

716 - 720

124 10 0
By Azure5549


Godly Sword System
Chapter 716 စိတ်ဝိဉာဉ်လက်နက်တွေ. . ။
Translated by Thura

ပိုင်ဟီမြို့အပြင်ဖက် ခံစစ်တံတိုင်းပေါ်မှာ ရှိတဲ့ လူတိုင်း မှင်သက်သွားမိတယ်။

ယန်ချီက ဒီလောက်ထိ ယုံကြည်မှုရှိနေလိမ့်မယ်လို့ သူတို့တွေ လုံးဝကို မထင်မိပါဘူး။

အားလုံး သိတဲ့အတိုင်း ဦးဆောင်လာတာက မူလအဆင့် အဆင့် ရှစ် နတ်ဆိုးသားရဲ သုံးကောင်တောင်လေ။

လူတိုင်းရဲ့ အမြင်မှာတော့ မူလအဆင့် အဆင့် ရှစ် နတ်ဆိုးသားရဲ သုံးကောင်ဆိုတာက တကယ်ကို ကြောက်မက်ဖွယ်ကောင်းသူတွေပါ။

ဒါပေမယ့်လည်း ယန်ချီရဲ့ စကားထဲမှာတော့ ဒီ မူလအဆင့် အဆင့် ရှစ် နတ်ဆိုးသားရဲ သုံးကောင်က ယန်ချီအရှေ့မှာတော့ သနားစရာပါပဲ။

မူလအဆင့် အဆင့် ရှစ် နတ်ဆိုးသားရဲ သုံးကောင်ကလည်း ယန်ချီကို အလွန်တရ ဒေါသထွက်နေခဲ့ကြပြီး အေးစက်စက် အမူအယာတွေနဲ့ ကြည့်နေခဲ့ကြတယ်။

“လူသား မင်းက ဘာကြောင့် ဒီလောက် မောက်မာနေတာလဲ”

မူလအဆင့် အဆင့် ရှစ် နတ်ဆိုးသားရဲ တစ်ကောင်က ယန်ချီကို စူးစိုက်ကြည့်ပြီး ကျယ်လောင်စွာ မေးလိုက်တယ်။

“စွမ်းအားကြောင့်ပဲလေ. . . ”

ယန်ချီက လိုရင်းကိုသာ ပြောလိုက်တယ်။

“စွမ်းအား ကြောင့်လား. . ”

မူလအဆင့် အဆင့် ရှစ် နတ်ဆိုးသားရဲ သုံးကောင်က အေးစက်စက် ပြုံးလိုက်တယ်။ သူတို့ရဲ့ အမြင်မှာတော့ ဒီ စိတ်ဝိဉာဉ်ကုန်းမြေမှာ ယန်ချီက တကယ်ကို ရယ်စရာ အကောင်းဆုံး လူသားတစ်ယောက်လို့ မြင်နေခဲ့တယ်။

“လူသား မင်းရဲ့ စွမ်းအားနဲ့ ငါတို့ကို ရင်ဆိုင်နိုင်တယ် ထင်နေတာလား”

မူလအဆင့် အဆင့် ရှစ် နတ်ဆိုးသားရဲ သုံးကောင်ရဲ့ အမြင်မှာတော့ ယန်ချီက တကယ်ကို အားနည်းတဲ့ ပုရွတ်ဆိတ်တစ်ကောင်ပါ။

အပြင်ဖက် ခံစစ်တံတိုင်းအပေါ်မှာ ရှိနေတဲ့ လူတိုင်းကလည်း ယန်ချီ ဘာဆက်ပြောမလဲဆိုပြီး ယန်ချီကို ကြည့်နေခဲ့ကြတယ်။

“ဝှစ် ”

ရုတ်တရက်သူတို့အားလုံးက လေခွင်းသံ တစ်ခုကို ကြားလိုက်ရတယ်။

သူတို့အရှေ့မှာ ရှိနေတဲ ယန်ချီက ပျောက်ကွယ်သွားခဲ့ပါပြီ။

ယန်ချီက လက်ထဲမှာ အေးစက်စက် အလင်းတွေကို ထုတ်လွှတ်နေတဲ့ ဓါးတစ်ချောင်းကို ကိုင်ပြီး နတ်ဆိုးသားရဲတွေအရှေ့မှာ ပြန်ပေါ်လာခဲ့တယ်။

ယန်ချီလက်ထဲက ဓါးပေါ်မှာလည်း အနီရောင် သုံးကွင်းပါရှိနေခဲ့တယ်။

ဒီအချိန်မှာတော့ ယန်ချီက လေထဲမှာ နတ်ဆိုးဘုရင်တပါး အလား ဝင့်ကြွားစွာ ရပ်တည်နေခဲ့တယ်။

“ဟူး. . . ”

အပြင်ဖက်ခံစစ်တံတိုင်းပေါ်က လူတိုင်းကတော့ ယန်ချီရဲ့ လက်ထဲက ဓါးကို ကြည့်ပြီး ပင့်သက်ရှိုက်မိလိုက်ကြတယ်။

“ကောင်းကင်အဆင့် အဆင့်မြင့် ဆက်နွယ်မှု လက်နက်. . . . .”

သူတို့အားလုံးက ယန်ချီအနေနဲ့ ကောင်းကင်အဆင့် အဆင့်မြင့် ဆက်နွယ်မှု လက်နက်ကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ မထင်မိကြပါဘူး။

မုရွှယ်အာလည်းပဲ အံ့သြတုန်လှုပ်နေခဲ့တယ်။

တကယ်တော့ သူမလည်း ယန်ချီမှာ ကောင်းကင်အဆင့် အဆင့်မြင့် ဆက်နွယ်မှု လက်နက် ရှိလိမ့်မယ်လို့ မတွေးမိထားပါဘူး။

ဒီမြင်ကွင်းကြောင့် အပြင်ဖက် ခံစစ်တံတိုင်းပေါ်မှာ ရှိနေတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ စိတ်ဝိဉာဉ်ပညာရှင်တွေအားလုံး လုံးဝကို အံ့အားသင့်သွားကြတယ်။

ဘာကြောင့်လဲဆိုတော့ သူတို့အားလုံးက ယန်ချီကိုင်ထားတဲ့ ဓါးကို ကြည့်ပြီး ဘယ်လိုမှ အသက်ရှင် လွှတ်မြောက်ခွင့် မရှိတော့ဘူးလို့ ခံစားမိတာကြောင့်ပါ။

ယန်ချီရဲ့လက်ထဲမှာ ကိုင်ထားတဲ့ ဓါးက ဘယ်လောက်ထိ အစွမ်းထက်လဲဆိုတာ ဘယ်သူမှ မမှန်းဆနိုင်ပါဘူး။

“လူသား. . .”

မူလအဆင့် အဆင့် ရှစ် နတ်ဆိုးသားရဲ သုံးကောင်က လေထဲမှာ ဝဲလွင့်နေတဲ့ ယန်ချီကို စူးစိုက်ကြည့်ပြီး ပြောလိုက်တယ်။

တကယ်တော့ သူတို့တွေကလည်း ကောင်းကင်အဆင့် အဆင့်မြင့် ဆက်နွယ်မှု လက်နက်က ဘာလဲဆိုတာ သိကြပါတယ်။

“လာခဲ့လေ ငါ မင်းတို့အားလုံးကို သတ်ပေးမယ်”

ယန်ချီက မူလအဆင့် အဆင့် ရှစ် နတ်ဆိုးသားရဲ သုံးကောင်ကို လက်ညိုးထိုးပြီး ကွေးညွှတ်ကာ ပြောလိုက်တယ်။

ဒါကို မြင်တော့ မူလအဆင့် အဆင့် ရှစ် နတ်ဆိုးသားရဲ သုံကောင်က ဒေါသတွေ တလိမ့်လိမ့် ထွက်လာခဲ့တယ်။

“သေချင်နေတာပဲ”

စကားသံ ဆုံးသွားပြီးနောက် မူလအဆင့် အဆင့် ရှစ် နတ်ဆိုးသားရဲ တစ်ကောင်က လေထဲ ခုန်တက်လာခဲ့တယ်။

ပိုင်ဟီမြို့ အပြင်ဖက်ခံစစ်တံတိုင်းပေါ်မှာ ရှိနေတဲ့ လူတိုင်းကတော့ မူလအဆင့် အဆင့် ရှစ် နတ်ဆိုးသားရဲ တစ်ကောင် လှုပ်ရှားလာတာကို မြင်တော့ စိတ်ထဲ တုန်လှုပ်သွားခဲ့ကြတယ်။

သူတို့တွေက ယန်ချီနဲ့ အဲ့ဒီ မူလအဆင့် အဆင့် ရှစ် နတ်ဆိုးသားရဲ တို့ ဘယ်သူက ပိုပြီး အစွမ်းထက်လဲဆိုတာ သိချင်ခဲ့တယ်။

မူလအဆင့် အဆင့် ရှစ် နတ်ဆိုးသားရဲ ကလည်း လေထဲကို လျင်မြန်စွာ ခုန်တက်လိုက်ပြီး ယန်ချီအရှေ့ကို ချက်ချင်းဆိုသလို ရောက်လာခဲ့တယ်။

ဒါပေမယ့် အဲ့ဒီ အချိန်မှာလည်း ယန်ချီက လှုပ်ရှားလိုက်တယ်။ သူက သူ့ရဲ့ စိတ်ဝိဉာဉ်လက်နက်တွေကို ဆင့်ခေါ်လိုက်တယ်။

တိုက်ပွဲမီးတောက်ကျား။

တိမ်လွှာနဂါးဓါး။

သွေးသံမဏိ အရိုးလှံ။

ကောင်းကင်ဘုံနဂါးဝိဉာဉ်။

ကျားအာဏာရှင်ဓါး။

ငရဲရေ နတ်ဆိုးလှံ။

ဟင်းလင်းပြင်ကြေးမုံဘုရင်။

ဟိုတျန်း နတ်ဆိုးတူ။

အစွမ်းထက် စိတ်ဝိဉာဉ်လက်နက် ရှစ်ခုက ယန်ချီရဲ့ ခန္ဓာကိုယ်ကို ရစ်ပတ်ထွက်ပေါ်လာခဲ့တယ်။

“အိုး ဘုရားရေ .. ”

အပြင်ဖက် ခံစစ်တံတိုင်းပေါ်မှာ ရှိတဲ့ လူတိုင်းက ယန်ချီရဲ့ ခန္ဓာကိုယ်မှာ ရစ်ပတ်နေတဲ့ စိတ်ဝိဉာဉ်လက်နက်တွေကို ကြည့်ပြီး နောက်တစ်ကြိမ် ထိတ်လန့်သွားကြတယ်။

ဒီအချိန်မှာတော့ သူတို့အားလုံး တညီတညွှတ်ထဲ ကျောက်ရုပ်အလား ဖြစ်သွားခဲ့ရတယ်။

“စိတ်ဝိဉာဉ်လက်နက်တွေအားလုံးက ကောင်းကင်အဆင့်တွေပါလား”

သူတို့တွေ မယုံကြည်နိုင်ကြပါဘူး။ တကယ်ကို လုံးဝ မယုံကြည်နိုင်ပါဘူး။

🐱🐱🐱🐱🐱

Godly Sword System
Chapter 717 အားစိုက်ထုတ်မှု အနည်းဆုံး 
Translated by Thura

အပြင်ဖက် ခံစစ်တံတိုင်းပေါ်မှာ ရှိနေတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ စိတ်ဝိဉာဉ်ပညာရှင်တွေအားလုံး ထိတ်လန့်သွားခဲ့ကြတယ်။

သူတို့တွေက အမြင်များ မှားသလားဆိုပြီး မျက်လုံးကို ပွတ်သပ်ကြည့်လိုက်ပေမယ့်လည်း ရလဒ်ကတော့ ပြောင်းမသွားခဲ့ပါဘူး။

ယန်ချီရဲ့ ခန္ဓာကိုယ်ပတ်လည်မှာ တကယ်ကို အစွမ်းထက်တဲ့ စိတ်ဝိဉာဉ်လက်နက် ရှစ်ခုက ရစ်ပတ်နေခဲ့တယ်။

တကယ်တော့ သူတို့အားလုံးက ဒီလို မြင်ကွင်းကို ပထမဆုံး မြင်ဖူးတာပါ။

မုရွှယ်အာလည်းပဲ အံ့သြတုန်လှုပ်နေခဲ့တယ်။

သူမအနေနဲ့ မွေးကတည်းကနေ အခုအချိန်ထိအောင် ဒီမြင်ကွင်းက ထိတ်လန့်ဖွယ်အကောင်းဆုံး မြင်ကွင်းဆိုတာကို ကျိန်ဆိုရဲပါတယ်။

မူလအဆင့် အဆင့်ရှစ် နတ်ဆိုးသားရဲလည်း ထိတ်လန့်တုန်လှုပ်သွားခဲ့တယ်။

ယန်ချီမှာ ဒီလို အစွမ်းထက် ကြောက်မက်ဖွယ်ရာ စိတ်ဝိဉာဉ်လက်နက်တွေ ရှိနေလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။

“ပေါင်းစည်းစမ်း. . . ”

ရုတ်တရက် ယန်ချီက ကျယ်လောင်စွာ ကြုံးဝါးလိုက်တော့ စိတ်ဝိဉာဉ်လက်နက် ရှစ်ခုနဲ့ သူနဲ့ ပေါင်းစည်းသွားခဲ့တယ်။

ဒါကြောင့် ယန်ချီရဲ့ ခန္ဓာကိုယ်မှာ ရစ်ပတ်နေတဲ့ စိတ်ဝိဉာဉ်စွမ်းအားတွေကြောင့် တစ်ကိုယ်လုံး အနီရောင်ပြောင်းသွားခဲ့တယ်။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

မူလအဆင့် အဆင့်ရှစ် နတ်ဆိုးသားရဲ လည်း ယန်ချီက အလွန်တရာကို အစွမ်းထက်တယ်လို့ ခံစားလိုက်မိပြီး သူလည်း ထိတ်လန့်သွားခဲ့တယ်။

သူကိုယ်တိုင်က ယန်ချီရဲ့ ပြိုင်ဖက်မဖြစ်နိုင်ကြောင်း သိလိုက်တယ်။

ဒီအတွက် မူလအဆင့် အဆင့်ရှစ် နတ်ဆိုးသားရဲ လည်း အသက်ရှင်လွှတ်မြောက်ဖို့အတွက် အရူးအမူး ကြိုးစားလိုက်တယ်။

သူသာ ဒီနေရာမှာ ဆက်နေမယ်ဆိုရင် သူ့အသက်သေဆုံးသွားနိုင်တယ်ဆိုတာ သိနေခဲ့ပါပြီ။

သနားစရာ ကောင်းတာကတော့ သူသာ လေထဲမှာ ဆက်မနေခဲ့ဘူးဆိုရင်လည်း အသက်ရှင် မလွတ်မြောက်နိုင်ပါဘူး။

ဒီအချိန်မှာတော့ ယန်ချီက လက်ထဲမှာ ကိုင်ထားတဲ့ ဓါးသွားတစ်ထောင်မှော်ဓါးကို မြှောက်လိုက်တယ်။

ဓါးသွားတစ်ထောင်မှော်ဓါးပေါ်မှာတော့ ကြောက်မက်ဖွယ်ရာ အေးစက်စက် ဓါးအလင်းက ဖြစ်တည်လာခဲ့တယ်။

“ဝှစ် ”

ယန်ချီက ဓါးကို မူလအဆင့် အဆင့်ရှစ် နတ်ဆိုးသားရဲ ဆီကို ပိုင်းချလိုက်တယ်။

ရုတ်တရက် ဓါးသွားတစ်ထောင်မှော်ဓါးဆီကနေ ကြောက်မက်ဖွယ်ရာ ဓါးအလင်းက မူလအဆင့် အဆင့်ရှစ် နတ်ဆိုးသားရဲ ရဲ့ ခန္ဓာကိုယ်ဆီကို လွင့်မြောသွားခဲ့တယ်။

မူလအဆင့် အဆင့်ရှစ် နတ်ဆိုးသားရဲ က မြေပြင်ပေါ်မရောက်သေးခင်မှာပဲ ယန်ချီက သူ့အနောက်ကနေ လိုက်လာမလားလို့ လှည့်ကြည့်လိုက်ပေမယ့် ယန်ချီကတော့ လိုက်မလာပဲ ကြောက်မက်ဖွယ်ဓါးအလင်းတစ်ခုသာ သူ့ဆီကို ပြေးဝင်လာတာ မြင်လိုက်ရတယ်။

“ငါ့အသက်တော့ သွားပြီ”

သူ့ရဲ့ နောက်ဆုံးအခိုက်အတန့်မှာ ဒီစကားတွေကိုသာ နောက်ဆုံး ပြောနိုင်ခဲ့တယ်။

“အား. . . ”

ကြောက်မက်ဖွယ်ရာ ဓါးအလင်းက မူလအဆင့် အဆင့်ရှစ် နတ်ဆိုးသားရဲရဲ့ ခန္ဓာကိုယ်ကို ထိမှန်သွားတဲ့အခါ တခါတည်းသေဆုံးသွားခဲ့ရတယ်။

ဒီဖြစ်ရပ်တစ်ခုလုံးက အလွန်တရာကို မြန်ဆန်တဲ့အတွက် ပိုင်ဟီမြိ့တံတိုင်းပေါ်မှာ ရှိနေတဲ့ လူတိုင်း ဘာမှ မတုန့်ပြန်နိုင်ခဲ့ပါဘူး။

“အဲ့ဒါ. . အဲ့ဒါ. . . အဲ့ဒါ. . .”

နတ်ဆိုးသားရဲတွေလည်း ဒီမြင်ကွင်းကို မြင်တော့ နားမလည်နိုင်ဖြစ်သွားခဲ့ရတယ်။

သူတို့တွေက သေးငယ်တဲ့ ပိုင်ဟီမြို့လေးမှာ ဒီလို အစွမ်းထက်တဲ့ သူ ရှိလိမ့်မယ်လို့ မထင်မိကြပါဘူး။

“လူသား မင်း. . မင်း. . ”

ကျန်တဲ့ မူလအဆင့် အဆင့်ရှစ် နတ်ဆိုးသားရဲ နှစ်ယောက်ကလည်း သေလုနီးပါး ကြောက်လန့်သွားကြတယ်။

သူတို့တွေသာ ခုနက ခုန်တက်တဲ့သူ ဖြစ်သွားခဲ့မယ်ဆိုရင် သေဆုံးရမယ့်သူက သူတို့တွေသ ဖြစ်လိမ့်မယ်လို့ တွေးနေခဲ့တယ်။

“မင်းတို့တွေလည်း သေချင်တာလား”

ယန်ချီက အဲ့ဒီ မူလအဆင့် အဆင့်ရှစ် နတ်ဆိုးသားရဲ နှစ်ကောင်ကို မထူးခြားသလို ကြည့်ပြီး မေးလိုက်တယ်။

ဒီစကားကို ကြားတော့ မူလအဆင့် အဆင့်ရှစ် နတ်ဆိုးသားရဲ နှစ်ကောင်လည်း ထိတ်လန့်သွားခဲ့ကြတယ်။

“မ ..  မ. . မသေချင်သေးပါဘူး”

“မင်းတို့တွေ မသေချင်ဘူးဆိုရင် ဒီမှာ ဘာလုပ်နေတာလဲ”

ယန်ချီက ပုံမှန်အတိုင်း ပြောလိုက်တယ်။

မူလအဆင့် အဆင့်ရှစ် နတ်ဆိုးသားရဲ နှစ်ကောင်ကလည်း အရူးတွေ မဟုတ်တာကြောင့် ယန်ချီ ဘာဆိုလိုချင်တာလဲဆိုတာ နားလည်လိုက်တယ်။

“သွား သွားကြမယ်”

ရုတ်တရက် မူလအဆင့် အဆင့်ရှစ် နတ်ဆိုးသားရဲ နှစ်ကောင်က နတ်ဆိုးသားရဲအဖွဲ့ကြီးကို ဦးဆောင်ပြီး ပိုင်ဟီမြိ့အပြင်ဖက် ခံစစ်တံတိုင်းကနေ သူတို့တသက်တာမှာ အလျင်မြန်ဆုံး ဆုတ်ခွာသွားကြတယ်။

နတ်ဆိုးသားရဲတွေ မြင်ကွင်းကနေ ပျောက်ကွယ်သွားပြီးနောက် ပိုင်ဟီမြို့ အပြင်ဖက် ခံစစ်တံတိုင်းအပေါ်က လူတိုင်း သတိပြန်ဝင်လာခဲ့တယ်။

သူတို့တွေက စကားမပြောရဲအောင်ကို ကြောက်လန့်နေခဲ့ကြတယ်။

ယန်ချီလို အစွမ်းထက်တဲ့ စိတ်ဝိဉာဉ်ပညာရှင် ရှိနေတာကြောင့် ဘယ်လိုလုပ်ပြီး သူတို့တွေ စကားပြောရဲဦးမှာလဲ။

“ယန်ချီ ကျေးဇူးတင်ပါတယ်”

ပိုင်ဟီမြို့သခင် ရှုထုက သတိပြန်ဝင်လာပြီးနောက် ယန်ချီကို အဆောတလျင်နဲ့ ကျေးဇူးတင်စကား ပြောလိုက်တယ်။

“ဘာမှ ကျေးဇူးတင်ဖို့ မလိုပါဘူး။ ဘာမှ အားစိုက်ထုတ်စရာမှ မလိုတာ”

ယန်ချီက ပေါ့ပါးစွာ ပြောလိုက်တယ်။

🐱🐱🐱🐱🐱🐱

Godly Sword System
Chapter 718 ကောင်းကင်ဓါးဂိုဏ်းသို့ အပြန်
Translated by Thura

ပိုင်ဟီမြို့အပြင်ဖက် ခံစစ်တံတိုင်းပေါ်မှာ ရှိတဲ့ လူတိုင်းက ယန်ချီကြောင့်သာ မဟုတ်ခဲ့ရင် သူတို့ရဲ့ ပိုင်ဟီမြို့က ဖျက်ဆီးခံရနိုင်တယ်ဆိုတာ သိပါတယ်။

အဲ့ဒီအခါကျရင် အလောင်းတွေက နေရာတိုင်းမှာ ပြန့်ကျဲနေပြီး သွေးတွေကလည်း မြစ်တွေအလား စီးဆင်းနေမှာပါ။

“ဒါနဲ့ စကားမစပ် ကျွန်တော် ပြန်တော့မယ်”

ယန်ချီက ပိုင်ဟီမြို့သခင် ရှုထုကို ပုံမှန်အတိုင်း ပြောလိုက်တယ်။

ပိုင်ဟီမြို့သခင် ရှုထုလည်း ယန်ချီရဲ့ စကားကြောင့် အံ့အားသင့်သွားခဲ့တယ်။

“စီနီယာက ဘယ်ကိုများ ပြန်မလဲမသိဘူး”

“ကောင်းကင်ဓါးဂိုဏ်း”

ယန်ချီက ပုံမှန်အတိုင်းပြန်ဖြေလိုက်တယ်။

အပြင်ဖက် ခံစစ်တံတိုင်းပေါ်မှာ ရှိတဲ့ လူတိုင်း အံ့အားသင့်သွားကြတယ်။

တကယ်တော့ သူတို့အားလုံးက အလယ်ပိုင်းဒေသမှာ အစွမ်းထက်ဂိုဏ်းကြီး ဖြစ်တဲ့ ကောင်းကင်ဓါးဂိုဏ်းကို သိကြတယ်။

ပိုင်ဟီမြို့သခင်လည်း ဘာမှ ဆက်မပြောတော့ပါဘူး။

ဘာကြောင့်လဲဆိုတော့ ယန်ချီလို စိတ်ဝိဉာဉ် ပညာရှင်တွေက အခြားသူတွေကို စကားများများ မပြောချင်မှန်း သိပါတယ်။

ချက်ချင်းပင် ယန်ချီလည် အပြင်ဖက် ခံစစ်တံတိုင်းပေါ်ကနေ ဆင်းလာခဲ့တယ်။

မုရွှယ်အာကလည်း သူ့အနောက်ကို ဆက်လိုက်နေတုန်းပါပဲ။

“ယန်ချီ ရှင်က အရမ်းကို အစွမ်းထက်တာပဲ”

မုရွှယ်အာက ယန်ချီကို ပြောလိုက်တယ်။

ယန်ချီကတော့ ဒီစကားကို ကြားပေမယ့်လည်း တည်ငြိမ်နေဆဲပါ။ သူက ဘာအမူအယာမှ ပြောင်းလဲခြင်းမရှိပဲ မုရွှယ်အာကို ပေါ့ပါးစွာ ကြည့်ပြီး ပြောလိုက်တယ်။

“သာမန်ပါပဲ။ သိပ်အစွမ်းထက်တယ်လို့ ပြောလို့ မရပါဘူး”

ယန်ချီစကားကြောင့် မုရွှယ်အာတစ်ယောက် အနည်းငယ် အံ့သြမှင်သက်သွားခဲ့တယ်။

ယန်ချီက အစွမ်းထက်ရုံအပြင် ကိုယ့်ကိုယ်ကို နှိမ့်ချတက်လိမ့်မယ်လို့ သူမ မထင်မိလိုက်ပါဘူး။

ယန်ချီနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကောင်းကင်နဲ့ မြေကြီးလောက် ကွာဟတယ်လို့ သူမ တွေးမိလိုက်တယ်။

“ယန်ချီ အခု ရှင်က ကောင်းကင်ဓါးဂိုဏ်းကို ပြန်တော့မှာလား”

“အင်း အဲ့ဒါ ဘာများ ဖြစ်လို့လဲ”

ယန်ချီက မုရွှယ်အာကို ကြည့်ပြီး မေးလိုက်တယ်။

မုရွှယ်အာက သူမရဲ့ ဖြူလွှလွှ မျက်နှာထက်မှာ ကြောက်လန့်တဲ့ အမူအယာနဲ့ တံတွေးမြိုချမိလိုက်တယ်။

“စီနီယာ ရှင်က အဆင့် ၈၁ မဟာစိတ်ဝိဉာဉ် သူတော်စင်အဆင့်ဆိုရင် ရှင့်မှာ စိတ်ဝိဉာဉ်လက်နက် ကိုးခု ရှိသင့်တာပေါ့။ ကျွန်မတို့ နဂါးဘုရားကျောင်းမှာ ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက် မုဆိုးဘုရင်ရဲ့ တူရှိတယ်”

မုရွှယ်အာက ယန်ချီကို ပြောလိုက်တယ်။

“မုဆိုးဘုရင်ရဲ့ တူလား”

မုရွှယ်အာရဲ့ စကားကြောင့် ယန်ချီက ခြေလှမ်းတွေကို ရပ်တန့်လိုက်မိတယ်။

သူက သာလွန်ကောင်းကင်အဆင့် ကျင့်ကြံခြင်းနည်းစနစ် ဓါးအကြိမ် သန်းထောင်ပေါင်းများစွာ ဆွဲထုတ်ခြင်း အဋ္ဌမအဆင့် ဓါးအကြိမ် သန်းတစ်ထောင် ဆွဲထုတ်ခြင်း အောင်မြင်သွားတဲ့အချိန်က ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက်ရဲ့ တည်နေရာကို ရရှိခဲ့တယ်။

အဲ့ဒီ ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်လက်နက်က မုဆိုးဘုရင်ရဲ့ တူပါပဲ။

ယန်ချီက သူ့ရဲ့ ကံက မဆိုးသေးဘူးလို့ တွေးမိပြီး ခေါင်းခါယမ်းမိလိုက်တယ်။

“မစိုးရိမ်ပါနဲ့ ။ မင်းတို့ နဂါးဘုရားကျောင်းမှာ ရှိတဲ့ မုဆိုးဘုရင်ရဲ့တူက ငါ့အတွက်ပဲ”

ယန်ချီက ပုံမှန်အတိုင်းပြောလိုက်တယ်။

မုရွှယ်အာလည်း ယန်ချီရဲ့ စကားကြောင့် မှင်သက်သွားမိတယ်။

“ယန်ချီ ရှင်က အရမ်း အစွမ်းထက်တယ်ပြီး ဒီလောက်မှာ ရှင့်လို ပါရမီရှင်မျိုး မရှိဘူးဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမယ့်လည်း မုဆိုးဘုရင်ရဲ့တူကို သိမ်းသွင်းဖမ်းဆီးဖို့က မလွယ်ကူဘူး”

“မင်း ဒီကိစ္စနဲ့ ပတ်သတ်ပြီး စိတ်ပူစရာ မလိုပါဘူး”

ယန်ချီက စကားကို အဆုံးသတ်လိုက်ပြီးနောက် ကောင်းကင်ဓါးဂိုဏ်းဆီကို ဦးတည် ထွက်လာခဲ့တယ်။

မုရွှယ်အာလည်း ယန်ချီရဲ့ နောက်ကျောကို လှမ်းကြည့်လိုက်ပြီး အနောက်ကနေ ဆက်လိုက်လာခဲ့တယ်။

“မင်း ဘာကြောင့် ငါ့အနောက်ကနေ လိုက်လာတာလဲ”

မိနစ်အနည်းငယ်ကြာပြီးနောက် ယန်ချီက ရပ်တန့်လိုက်ပြီး မုရွှယ်အာကို နားမလည်နိုင်စွာ ကြည့်ပြီး မေးလိုက်တယ်။

မုရွှယ်အာလည်း ပြုံးပြီး မေးလိုက်တယ်။ “ကျွန်မတို့ နဂါးဘုရားကျောင်းက သိပ်မကြာခင်မှာ ကောင်းကင်ဓါးဂိုဏ်းကို ရောက်လာတော့မှာလေ။ အဲ့ဒါကြောင့်. . .”

မုရွှယ်အာလည်း စကားကို ကြားတော့ ယန်ချီတစ်ယောက် နားလည်သွားခဲ့တယ်။

“ငါက မင်း ငါ့ကို နှစ်သက်နေတယ် ထင်နေတာ”

“ဘယ်. . ဘယ်သူက ရှင်ကို နှစ်သက်နေလို့လဲ”

ယန်ချီရဲ့ စကားကြောင့် မုရွှယ်အာရဲ့ ဖြူလွှလွှ မျက်နှာက ရဲဗဒေါင်းခတ်သွားခဲ့တယ်။

“.  .. . . … . . . . . . .”

ကောင်းကင်ဓါးဂိုဏ်း .. ။

ယန်ချီနဲ့ မုရွှယ်အာတို့နှစ်ယောက် ကောင်းကင်ဓါးဂိုဏ်းကို ပြန်လည် ရောက်ရှိလာခဲ့တယ်။

ဒီနေ့မှာတော့ ကောင်းကင်ဓါးဂိုဏ်းမှာ ယန်ချီကို မသိတဲ့ သူ မသိတော့ပါဘူး။

နဂါးဘုရားကျောင်းပါရမီရှင်ဖြစ်သူ ဟွမ်ဟွိုင်ကို တိုက်ခိုက်ရေးကွင်းထဲမှာ ယန်ချီ အနိုင်ယူလိုက်တဲ့ မြင်ကွင်းကို သူတို့တွေက ဒီကနေထိ အမှတ်ရနေတုန်းပါပဲ။

“ယန်ချီ ရှင် ပြန်လာပြီးလား”

ရုတ်တရက် တောင်ကြားထဲကနေ ထွက်ပေါ်လာတဲ့ တေးသီငှက်သံလေးလို့ အသံကို ယန်ချီနဲ့ မုရွှယ်အာတို့နှစ်ယောက်ကြားလိုက်ရတယ်။

ယန်ချီကတော့ အဲ့ဒီအသံကို ကျိုးဇီရဲ့ အသံမှန်း သိလိုက်တယ်။

မုရွှယ်အာက သူမတို့ဆီကို လျှောက်လာတဲ့ ကျိုးဇီကို ကြည့်ပြီး အနည်းငယ် မနာလို ဖြစ်သွားမိတယ်။ ဒီလို လှပတဲ့ မိန်းကလေးတစ်ယောက်က ကောင်းကင်ဓါးဂိုဏ်းမှာ ရှိနေလိမ့်မယ်လို့ သူမ မထင်ထားမိပါဘူး။

သူမနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကျိုးဇီက အနည်းငယ် ပိုလှပါတယ်။

“သူမက .. . .”

ကျိုးဇီက မုရွှယ်အာကို ကြည့်ပြီး မေးလိုက်တယ်။

“မိန်းကလေး တစ်ယောက်ပဲလေ”

ယန်ချီက ဖြေးညှင်းစွာ ပြောလိုက်တယ်။

မုရွှယ်အာအနေနဲ့ ယန်ချီက သူမကို ဒီလိုမျိုး မိတ်ဆက်ပေးလိမ့်မယ်လို့ မမျှော်လင့်မိပါဘူး။

“မင်္ဂလာပါ ကျွန်မနာမည်က မုရွှယ်အာပါ”

သူမနာမည်ကို ပြောပြီးနောက် ကျိုးဇီဆီကို သူမလက် ကမ်းပေးလိုက်တယ်။

🐱🐱🐱🐱🐱🐱

Godly Sword System
Chapter 719 နဂါးဘုရားကျောင်းက လူတွေ ရောက်ရှိလာခြင်း
Translated by Thura

ကျိုးဇီက လက်ကမ်းပေးတာကို မြင်တော့ သူမလည်း သူမရဲ့ လက်ကို ဆန့်ပြီး မုရွှယ်အာကို လက်ဆွဲနှုတ်ဆက်လိုက်တယ်။

“ဒါနဲ့ စကားမစပ် ယန်ချီ ဆရာက ရှင်ပြန်လာရင် ခန်းမကို လာခဲ့ပါတဲ့”

ကျိုးဇီက ယန်ချီကို ပြောလိုက်တယ်။

ယန်ချီလည်း ခေါင်းညိတ်လိုက်တယ်။

ချက်ချင်းပင် သူက ခန်းမဆီကို လျှောက်သွားခဲ့တယ်။

မုရွှယ်အာလည်း ယန်ချီ လျှောက်သွားတာကို မြင်တော့ သူမက အနောက်ကနေ လိုက်သွားခဲ့တယ်။

အဲ့ဒီနောက်တော့ သူတို့နှစ်ယောက် ခန်းမထဲကို ရောက်သွားခဲ့တယ်။

ခန်းမထဲကို ရောက်သွားတော့ ခန်းမထဲမှာ ဂိုဏ်းခေါင်းဆောင် ရှခွမ်နဲ့ အကြီးအကဲတွေအားလုံး ရှိနေခဲ့တယ်။

“ယန်ချီ မင်း ပြန်လာပြီလား”

ကောင်းကင်ဓါးဂိုဏ်းခေါင်းဆောင် ရှခွမ်က ယန်ချီ ခန်းမထဲကို ဝင်လာတာ မြင်တော့ အံ့အားသင့်စွာနဲ့ မေးလိုက်တယ်။

“ဟုတ်ကဲ့ ခေါင်းဆောင်”

ယန်ချီလည်း ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်တယ်။

ခန်းမထဲမှာ ရှိတဲ့ အကြီးအကဲတွေကလည်း ယန်ချီ ပြန်လာတာကို မြင်တော့စိတ်သက်သာရာရသွားခဲ့ပြီး သက်ပြင်းကိုယ်စီ ချမိလိုက်တယ်။

ဘာကြောင့်လဲဆိုတော့ ရင်အနည်းငယ်ကြာရင်နဂါးဘုရားကျောင်းက သူတို့ ကောင်းကင်ဓါးဂိုဏ်းကို ရောက်လာကြမှာလေ။

သူတို့တွေက ဒီတစ်ကြိမ် နဂါးဘုရားကျောင်းက ခေါ်လာတဲ့ ပါရမီရှင်က ဟွမ်ဟွိုင်ထက်ပိုပြီး အစွမ်းထက်မယ်ဆိုတာ သိပါတယ်။

“ယန်ချီ ဒီတစ်ကြိမ်မှာလည်း နဂါးဘုရားကျောင်းရဲ့ ပါရမီရှင်ကို အနိုင်ယူနိုင်တယ်ဆိုတာ သေချာလား”

ကောင်းကင်ဓါးဂိုဏ်း ခေါင်းဆောင် ရှခွမ်က ယန်ချီကို ကြည့်ပြီး မေးလိုက်တယ်။

အကြီးအကဲတွေကလည်း ဒီစကားကို ကြားတဲ့အခါ ယန်ချီ ဘယ်လို ပြန်ဖြေမလဲဆိုတာ သိချင်တာကြောင့် ယန်ချီကို ကြည့်လိုက်ကြတယ်။

“တကယ်တော့ နဂါးဘုရားကျောင်းရဲ့ ပါရမီရှင်က ယန်ချီ ရဲ့ ပြိုင်ဖက် ဘယ်လိုမှ မဖြစ်နိုင်ဘူး”

ရုတ်တရက် ယန်ချီဘေးမှာ ရှိနေတဲ့ မုရွှယ်အာက ဝင်ပြောလိုက်တယ်။

ကောင်းကင်ဓါးဂိုဏ်းခေါင်းဆောင် ရှခွမ်နဲ့ အကြီးအကဲတွေက ဒီလိုအချိန်မှာ မုရွှယ်အာက ဝင်ပြောလိမ့်မယ်လို့ မထင်ထားကြပါဘူး။

“မင်းက ဘယ်သူလဲ”

ဂိုဏ်းခေါင်းဆောင် ရှခွမ်က မုရွှယ်အာကို နားမလည်နိုင်စွာနဲ့ ကြည့်ပြီးေ မးလိုက်တယ်။

“စီနီယာ ကျွန်မနာမည်က မုရွှယ်အာပါ။ ကျွန်မက နဂါးဘုရားကျောင်းကပါ”

“ဘာ .. ”

မုရွှယ်အာရဲ့ စကားကြောင့် ခန်းမထဲမှာ ရှိတဲ့ လူတိုင်း မှင်သင်သွားကြတယ်။ တကယ်တော့ သူတို့အားလုံးက မုရွှယ်အာကို နဂါးဘုရားကျောင်း ကလို့ မထင်ထားကြပါဘူး။

“မင်း. .  မင်းက တကယ်ကို နဂါးဘုရားကျောင်းကလား”

ဂိုဏ်းခေါင်းဆောင် ရှခွမ်က နောက်တစ်ကြိမ် ထပ်မေးလိုက်မိတယ်။

“ဟုတ်ပါတယ် စီနီယာ ဒီတစ်ကြိမ် ကျွန်မတို့ နဂါးဘုရားကျောင်းက လာမယ့်သူက စီနီယာ အစ်ကိုကြီးပဲ။ ဒါပေမယ့် စီနီယာအစ်ကိုကြီးက ယန်ချီရဲ့ ပြိုင်ဖက် မဖြစ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်မက ယန်ချီရဲ့ အစွမ်းကို မျက်ဝါးထင်ထင် မြင်ဖူးပါတယ်”

အခုဆိုရင် မုရွှယ်အာလည်း ယန်ချီရဲ့ အစွမ်းကို သိနေခဲ့ပါပြီ။

ပြီးတော့ သူမရဲ့ စီနီယာအစ်ကိုကြီးကလည်း ယန်ချီရဲ့ ပြိုင်ဖက် လုံးဝမဖြစ်နိုင်ကြောင်း သိသွားခဲ့တယ်။

ကောင်းကင်ဓါးဂိုဏ်းခေါင်းဆောင် ရှခွမ်နဲ့ အကြီးအကဲတွေအားလုံးက ဒီစကားကို ကြားပြီးနောက် တစ်ယောက်ကို တစ်ယောက် ကြည်မိလိုက်တယ်။ သူတို့ထဲက တချို့ကတော့ မုရွှယ်အာကို နဂါးဘုရားကျောင်း ကလို့ မယုံကြည်နိုင်သေးပါဘူး။

ဒါပေမယ့်လည်း မုရွှယ်အာရဲ့ ပြောစကားအရ ဒီတစ်ကြိမ် နဂါးဘုရားကျောင်း ရဲ့ ပါရမီရှင်က ပိုပြီး အစွမ်းထက်လား အားနည်းလားဆိုတာ မြင်ရတော့မှာပါ။

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့တယ်။

ရက်အနည်းငယ် ကုန်လွန်သွားပြီးနောက် ကောင်းကင်ဓါးဂိုဏ်းခေါင်းဆောင် ရှခွမ်၊ အကြီးအကဲတွေ အားလုံးနဲ့ တပည့်တွေအားလုံးက ရင်ပြင်ကြီးထဲမှာ စုဝေးနေခဲ့ကြတယ်။

ဘာကြောင့်လဲဆိုတော့ ဒီနေ့မှာ နဂါးဘုရားကျောင်းက လူတွေအားလုံး ရောက်လာမယ့် နေ့ဖြစ်တာကြောင့်ပါ။

မိနစ်များစွာ ကုန်လွန်သွားပြီနောက် စိတ်ဝိဉာဉ်ပညာရှင် တဒါဇင်ကျော်က ရောက်လာခဲ့တယ်။

သူတို့တွေကို ဦဆောင်လာသူကတော့ နဂါးဘုရားကျောင်း ရဲ့ မဟာအကြီးအကဲပါ။

ပြီးခဲ့တဲ့ တစ်ကြိမ်မှာ ကောင်းကင်ဓါးဂိုဏ်းနဲ့ ရင်ဆိုင်ခဲ့ရစဉ်က နဂါးဘုရားကျောင်း ရဲ့ မဟာအကြီးအကဲတို့ ရှုံးနိမ့်သွားခဲ့ရတာကြောင့် သူ့ရဲ့ မျက်နှာ အမူအယာက အေးစက်စက် ဖြစ်နေခဲ့တယ်။

ဒါပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ နဂါးဘုရားကျောင်း မဟာအကြီးအကဲရဲ့ မျက်နှာပေါ်မှာတော့ အောင်နိုင်မယ်အမှတ်နဲ့ ရွှင်မြူးနေခဲ့တယ်။

ယန်ချီက ဒီတစ်ကြိမ်မှာတော့ နဂါးဘုရားကျောင်း ရဲ့ ပါရမီရှင်ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူးလို့ ထင်ထားခဲ့တယ်။

သူ့အနေနဲ့ ကောင်းကင်ကြီး ပြိုကျသွားပါစေ ယန်ချီကတော့ သူတို့ နဂါးဘုရားကျောင်း ရဲ့ ပါရမီရှင်ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်ခဲ့တာပါ။

“ဂိုဏ်းခေါင်းဆောင် ရှ နိုင်ဖို့ မျှော်လင့်ထားတာလား”

နဂါးဘုရားကျောင်း ရဲ့ မဟာအကြီးအကဲ က ဂိုဏ်းခေါင်းဆောင် ရှခွမ်ကို ဂုဏ်ယူတဲ့ အမူအယာနဲ့ ကြည့်ပြီး ပြောလိုက်တယ်။ “ငါတို့ နောက်တစ်ကြိမ် ရောက်လာပြန်ပြီလေ”

ပြောဆိုပြီးနောက် သူက ကောင်းကင်ဓါးဂိုဏ်းခေါင်းဆောင် ရှခွမ်ပြန်ပြောမှာကို စောင့်ဆိုင်းနေခဲ့ပြီး ယန်ချီကို လှည့်ကြည့်လိုက်တယ်။

“ဂျူနီယာက မင်းရဲ့ မျက်နှာပေါ်မှာ ဘာကြောင့်များ ကြောက်ရွံ့မှုတွေ မတွေ့ရတာလဲ”

နဂါးဘုရားကျောင်း မဟာအကြီးအကဲရဲ့ အမြင်မှာတော့ ဒီလိုအချိန်မှာ ယန်ချီရဲ့ အမူအယာက ကြောက်လန့်နေသင့်တယ်လေ။

“ဟင် ရွှယ်အာ မင်းလည်း ဒီရောက်နေတာလား”

မုရွှယ်အာကို မြင်လိုက်တော့ နဂါးဘုရားကျောင်း မဟာအကြီးအကဲတစ်ယောက် မှင်သက်သွားမိတယ်။

သူ့အနောက်မှာ ရှိနေတဲ့ နဂါးဘုရားကျောင်း စိတ်ဝိဉာဉ်ပညာရှင်တွေကလည်း မှင်သက်သွားခဲ့ကြတယ်။

ကောင်းကင်ဓါးဂိုဏ်းခေါင်းဆောင် ရှခွမ်နဲ့ အကြီးအကဲတွေအားလုံးက နဂါးဘုရားကျောင်း မဟာအကြီးအကဲရဲ့ စကားကို ကြားတဲ့အခါ တိတ်တဆိတ် ရယ်မောလိုက်မိကြတယ်။

ဘာကြောင့်လဲဆိုတော့ နဂါးဘုရားကျောင်း မဟာအကြီးအကဲဆီကနေ မုရွှယ်အာက နဂါးဘုရားကျောင်း ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်နေကြောင်းကို ကြားဖို့က သူတို့အတွက် လွယ်ကူပါတယ်။

🐱🐱🐱🐱🐱

Godly Sword System
Chapter 720 ဂျင်ယွင်
Translated by Thura

“ကျွန်မ..  ကျွန်မက အလယ်ပိုင်းဒေသမှာ အတွေ့အကြုံသစ်တွေ လာရှာတာ”

မုရွှယ်အာက နဂါးဘုရားကျောင်း မဟာအကြီးအကဲကို ကြောက်ရွံ့တဲ့ အမူအယာနဲ့ ပြန်ပြောလိုက်တယ်။

နဂါးဘုရားကျောင်း မဟာအကြီးအကဲ က မုရွှယ်အာ ပြောတာကို ကြာတော့ ဆက်မမေးတော့ပဲ ကောင်းကင်ဓါးဂိုဏ်း ခေါင်းဆောင် ရှခွမ်ကို နောက်တစ်ကြိမ် ကြည့်ပြီး ပြောလိုက်တယ်။

“ရှခွမ် ဒီတစ်ကြိမ်တော့ မင်းတို့ ကောင်းကင်ဓါးဂိုဏ်းနဲ့ငါတို့ နဂါးဘုရားကျောင်းတို့ကြားက ယှဉ်ပြိုင်ပွဲကို ဘာပြောဦးမှာလဲ”

နဂါးဘုရားကျောင်း မဟာအကြီးအကဲ က ကောင်းကင်ဓါးဂိုဏ်း ခေါင်းဆောင် အလွန်ဂုဏ်ယူတဲ့ အမူအယာနဲ့ မေးလိုက်တယ်။

ဒီတစ်ကြိမ်မှာတော့ ယန်ချီက သူတို့ နဂါးဘုရားကျောင်းရဲ့ထိပ်တန်းပါရမီရှင်ကို ဘယ်လိုမှ အနိုင်မယူနိုင်ဘူးလို့ တွေးနေခဲ့တယ်။ သူ့အတွေးတွေက သံသယ ဝင်စရာမလိုအောင်ကို မှန်ကန်မယ်လို့ထင်နေခဲ့တယ်။

“မင်းတို့ နဂါးဘုရားကျောင်းရဲ့ ထိပ်တန်းပါရမီရှင်က အလွန်အစွမ်းထက်တယ်လို့ မင်း တကယ် ထင်နေတာလား”

ကောင်းကင်ဓါးဂိုဏ်းခေါင်းဆောင် ရှခွမ်က အံံကြိတ်ပြီး နဂါးဘုရားကျောင်း မဟာအကြီးအကဲ ကို ကြည့်ကာ ပြောလိုက်တယ်။

နဂါးဘုရားကျောင်း မဟာအကြီးအကဲ လည်း ဂုဏ်ယူစွာနဲ့ နောက်လှည့်ပြီး ပြောလိုက်တယ်။

“သူကတော့ ငါတို့ နဂါးဘုရားကျောင်းရဲ့ ထိပ်တန်းပါရမီရှင်ပဲ”

နဂါးဘုရားကျောင်း မဟာအကြီးအကဲ ရဲ့ စကားဆုံးသွားတဲ့အခါ ချောမောခန့်ညားတဲ့ လူငယ်တစ်ယောက် အရှေ့ကို ထွက်လာခဲ့တယ်။

အဲ့ဒီလူငယ်က နဂါးဘုရားကျောင်းရဲ့ ထိပ်တန်းပါရမီရှင်ဖြစ်သူ ဂျင်ယွင်ဖြစ်ပြီး အဆင့် ၇၁ စိတ်ဝိဉာဉ်သူတော်စင်အဆင့်ပါ။

အဆင့် ၇၁ စိတ်ဝိဉာဉ်သူတော်စင်ဆိုတာ ပါရမီရှင်တွေကြားမှာတော့ တကယ့် ပါရမီရှင်ပါပဲ။ ဒါပေမယ့်လည်း သူက ယန်ချီအရှေ့မှာတော့ ဘာမှ မဟုတ်သေးပါဘူး။

နဂါးဘုရားကျောင်း ရဲ့ ထိပ်တန်း တပည့်ဖြစ်သူ ဂျင်ယွင်က ယန်ချီကို အလွန်တရာ အထင်သေးစွာနဲ့ ကြည့်လိုက်တယ်။

“မင်းက ဟွမ်ဟွိုင်ကို အနိုင်ယူလိုက်တဲ့ ပါရမီရှင်လား”

“ဟုတ်တယ်”

ယန်ချီက ခေါင်းညိတ်လိုက်ပေမယ့် ဘာမှ ပြန်မပြောခဲ့ပါဘူး။

ဂျင်ယွင်က ယန်ချီတစ်ယောက် ယုံကြည်မှုရှိနေပုံကို မြင်တော့ အေးစက်စက် အမူအယာ ဖြစ်သွားခဲ့တယ်။

“ကောင်လေး မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ”

ဂျင်ယွင်ရဲ့ အမြင်မှာတော့ ယန်ချီက တကယ်ကို ရယ်စရာ ကောင်းတဲ့ ကောင်လေးတစ်ယောက်လို့ မြင်နေခဲ့တယ်။

“ငါ ဘယ်သူလဲ ဟုတ်လား”

ယန်ချီက ခဏလောက်စဉ်းစားလိုက်ပြီးနောက် ဂျင်ယွင်ကို ကြည့်ကာ ပြောလိုက်တယ်။

“ငါက မင် းမပြစ်မှားသင့်တဲ့ လူပေါ့”

“ဟူး. .”

ဒီစကားကို ကြားတော့ ကောင်းကင်ဓါးဂိုဏ်း ရင်ပြင်မှာ ရှိတဲ့ လူတိုင်း ပင့်သက်ရှိုက်မိလိုက်ကြတယ်။

ယန်ချီက ဒီလိုစကားကို ပြောလိမ့်မယ်လို့ သူတို့အားလုံ မထင်ထားကြပါဘူး။

“မင်း . . မင်း ဘာပြောလိုက်တာလဲ”

နဂါးဘုရားကျောင်း ရဲ့ ထိပ်တန်းတပည့်ဖြစ်သူ ဂျင်ယွင်ကလည်း ယန်ချီက ဒီလို ပြောလိမ့်မယ်လို့ မထင်ထားတဲ့အတွက် ယန်ချီကို အလွန်တရာ ဒေါသပြင်းစွာနဲ့ ကြည့်လိုက်တယ်။

ယန်ချီကတော့ တည်ငြိမ်စွာနဲ့ မျက်လုံးမှေးပြီး ဂျင်ယွင်ကို ကြည့်နေခဲ့တယ်။

“အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့တော့။ မင်းက ငါနဲ့ တိုက်ခိုက်ချင်တယ်ဆိုရင် တိုက်ခိုက်ရေးကွင်းထဲ လာခဲ့”

ပြောပြီးနောက် ယန်ချီက ရင်ပြင်မှာ ရှိတဲ့ တိုက်ခိုက်ရေးကွင်းဆီကို လျှောက်သွားခဲ့တယ်။

“နာချင်နေတာပဲ”

ဂျင်ယွင်က ယန်ချီရဲ့ နောက်ကျောကို ကြည့်ပြီး အေးစက်စက် ပြောလိုက်တယ်။

“စီနီယာ အစ်ကိုကြီး ရှင်. . ”

ဘေးမှာ ရှိနေတဲ့ မုရွှယ်အာလည်း စကားအနည်းငယ် ပြောပြီနောက် ရပ်တန့်လိုက်မိတယ်။

“ဘာတွေ ဖြစ်နေလို့လဲ”

ဂျင်ယွင်က သူ့ဒေါသတွေကို ဖိနှိပ်ပြီး မုရွှယ်အာကို ကြည့်လိုက်တယ်။

“စီနီယာ အစ်ကိုကြီး ရှင် အရှုံးပေးလိုက်သင့်တယ်လို့ ကျွန်မ ထင်တယ်”

“ဘာ. . ”

မုရွှယ်အာရဲ့ စကားကြောင့် ဂျင်ယွင် ၊ နဂါးဘုရားကျောင်း မဟာအကြီးအကဲနဲ့ ကျန်တဲ့ စိတ်ဝိဉာဉ်ပညာရှင်တွေ အားလုံး မှင်သက်သွားကြတယ်။

“ရွှယ်အာ မင်း ရူးနေတာလား”

နဂါးဘုရားကျောင်း မဟာအကြီးအကဲက မုရွှယ်အာကို ကြည့်ပြီး လေးနက်တဲ့ အသံနဲ့ မေးလိုက်တယ်။

“ကျွန်မ မရူးဘူး။ ယန်ချီက တကယ်ကို ကြောက်ဖို့ ကောင်းအောင် အစွမ်းထက်တာ”

မုရွှယ်အာက ပြောလိုက်တယ်။

ဒီစကားကို ကြားလိုက်တော့ နဂါးဘုရားကျောင်း မဟာအကြီးအကဲက ဖြစ်လာမယ့် အကျိုးဆက်အတွက် အံကြိတ်ပြီး ပြောလိုက်တယ်။

“သူမကို ဒီအတိုင်း ထားလိုက်။ တိုက်ခိုက်ရေးကွင်းထဲကို သွားတော့”

နဂါးဘုရားကျောင်း မဟာအကြီးအကဲက ဂျင်ယွင်ကို ပြောလိုက်တယ်။

ဂျင်ယွင်လည်း မဟာအကြီးအကဲရဲ့ စကားကို ကြားတော့ ခေါင်းညိတ်လိုက်တယ်။

ချက်ချင်းပင် သူက ကောင်းကင်ဓါးဂိုဏ်း ရင်ပြင်မှာ ရှိတဲ့ တိုက်ခိုက်ရေးကွင်းဆီကို ဆက်လျှောက်သွားခဲ့တယ်။

အဲ့ဒီနောက်တော့ နဂါးဘုရားကျောင်း ရဲ့ ထိပ်တန်းပါရမီရှင်ဖြစ်သူ ဂျင်ယွင်က တိုက်ခိုက်ရေးကွင်းပေါ် တက်သွားခဲ့တယ်။

ကောင်းကင်ဓါးဂိုဏ်းရင်ပြင်မှာ ရှိနေကြသူတိုင်းက မျက်လုံးအစုံကို ပြူးကျယ်စွာ ဖွင့်ထားလိုက်တယ်။

ဂျင်ယွင် တိုက်ခိုက်ရေးကွင်းထဲကို ရောက်သွားတော့ ရင်ပြင်တစ်ခုလုံး အပ်ကျသံ ကြားရလုမတက် တိတ်ဆိတ်သွားခဲ့တယ်။

ဘယ်သူမှ ဘာအသံမှာ ထွက်မလာခဲ့ပါဘူး။

ဘာကြောင့်လဲဆိုတော့ မကြာခင်မှာ တိုက်ပွဲကြီးတစ်ခု ဖြစ်လာတော့မှာပါ။

“ဟား ဟား ဟား ”

နဂါးဘုရားကျောင်း ရဲ့ ထိပ်တန်း ပါရမီရှင် ဂျင်ယွင်က ယန်ချီကို ကြည့်ပြီးေ အးစက်စက် ရယ်မောလိုက်တယ်။

“ယန်ချီ ဟွမ်ဟွိုင်ကို အနိုင်ရတိုင်း ငါကိုများ အနိုင်ယူနိုင်မယ်လို့များ ထင်နေတာလား”

ဂျင်ယွင်က ယန်ချီကို အထင်သေးစွာနဲ့ ပြောလိုက်တယ်။

ယန်ချီကလည်း တည်ငြိမ်စွာနဲ့ ပြန်ပြောလိုက်တယ်။ “မင်း အရှုံးပေးလိုက်တာ ပိုကောင်းမယ်”

Continue Reading

You'll Also Like

95K 13K 68
Title- Who Touched My Tail! Author- Xiao Xuan «筱玄» Total chapter - 206+ 5 Extra Start date : May - 26 -2022 End date : This is my first translatio...
95.8K 9.6K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
2.3M 315K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...
61.6K 5.8K 200
မူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟ...