💕အကြင်နာဒိုင်ယာရီ💕

By myualinkar

7.3K 106 1

💕အကြင်နာဒိုင်ယာရီ💕 ~~~~~~~~~~~~~~~ ဖြစ်နိုင်ရင် ဒီအခြေအနေတွေကြားမှာ အဲ့ဒီတစ်ရက်ကို ရပ်တန့်ထားချင်မိတယ် ... More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀) (ဇာတ်သိမ်း)

အပိုင်း(၇)

229 6 0
By myualinkar

💕အကြင်နာဒိုင်ယာရီ💕

                အပိုင်း(၇)

ကျူး ဝရံတာတွင် ဖုန်းတစ်လုံးကိုင်ပြီး ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိတာ ဘယ်နှစ်ခါမှန်းမသိ။ ညနေက ဖေဖေနှင့်မေမေပြောသည့် မမတွယ်တာအကြောင်းအား အကြိမ်ကြိမ် အဖြေထုတ်နေမိသည်။ စွမ်းနှင့် ယှဉ်တွဲ၍ တွေ့ခဲ့သော ကိုယ့်မျက်လုံးကိုပင် ယခုထိ မယုံနိုင်။

မမတွယ်တာ ‌တောင်ကြီးမှာ နေတာ၊ စွမ်းကလည်း တောင်ကြီးက ပြောင်းလာတဲ့သူ.... မမတွယ်တာ စွမ်းဆီ လာတာများလား... သေချာနေပါပြီ မမတွယ်တာ ဘာတွေလျှောက်လုပ်နေတာလဲ...

သက်ပြင်းခပ်သဲ့သဲ့လေးချ၍ စိတ်ထဲမနှစ်မြို့ခြင်းတို့က နေရာယူလာကာ တံခါးကို ဆောင့်ပိတ်၍ အတွေးတွေကို ထိုနေရာတွင် ခေတ္တထားခဲ့သည်။
            ---------- ---------

"အားနာစရာကြီး နှောင်းရယ်.... နေ့တိုင်း တစ်မျိုးပြီး တစ်မျိုးလုပ်ကျွေးနေတာ... ကျွန်တော် မစားရက်တော့ဘူး...."

နှောင်းပေးသော မုန့်ဘူးလေးအား တယုတယကိုင်ကာ အားနာသည့် မျက်ဝန်းတွေပြည့်နေသည့်စွမ်း....

"အားနာစရာမလိုပါဘူး... နှောင်းက ချက်ပြုတ်ရတာတွေ၊ မုန့်လုပ်ရတာတွေ ဝါသနာပါတယ်လေ... ဒါက နှောင်းအတွက် အပန်းမကြီးပါဘူး...."

"အဟမ်း...."

တမင်ချောင်းဟန့်သံ ပေးလိုက်သည့် စိုးပိုင်က ဘေးလွယ်အိတ်ကိုင်ကာ ပြုံးစိစိနှင့် နှောင်းအား ကြည့်လိုက်သည်။

"နှောင်းတို့က မျက်နှာလိုက်တယ်နော်... စွမ်းတစ်ယောက်ထဲ အတွက်ပဲ လုပ်လာတယ်..."

ရှက်သွေးဖြာကာ ပန်းနုရောင်သန်းနေသော  နှောင်းမျက်နှာလေး ဝင်းကနဲ ပေါ်ထွက်လာပုံက ချစ်စရာ....

"ဟို... ကိုစိုးပိုင်ကလည်း... ကိုစိုးပိုင်က အတန်းမှ မမှန်တာ... တော်ကြာ နှောင်းရဲ့မုန့်လေးတွေ အလကား ဖြစ်ကုန်ရင် ဘယ်လိုလုပ်မလဲ..."

"အမယ်.... အလျှောက်ကောင်းနေတာ.... စေတနာတွေက တစ်ယောက်သောသူအတွက်ပဲဟုတ်ပါလေစွ"

"ကိုစိုးပိုင်နော်...."

နဂိုက ပန်းနုရောင် မျက်နှာလေးက ပို၍ပင် ဝင်းပသွားကာ ခေါင်းလေးငုံ့လျက် လက်နှစ်ဖက်ကိုသာ ကျစ်ကျစ်ဆုပ်ကိုင်ထားမိသည်။ စွမ်းက ပြုံးကာ စိုးပိုင်ပုခုံးအား ခပ်ဖွဖွလေး တွန်း၍...

"မင်းကလည်းကွာ... အပင်ပန်းခံပြီး မုန့်တွေလုပ်လာပေးတဲ့သူကို အနေရခက်အောင် လုပ်နေပြန်ပြီ...."

စိုးပိုင် အသံထွက်အောင်ရယ်၍....

"ဟားဟား.... စတာပါကွာ..."

"နှောင်း.... ကျွန်တော်တို့ အတန်းသွားတက်တော့မယ်နော်..."

"ကောင်းပါပြီ စွမ်း"

"သွားပြီနှောင်းရေ.... အတန်းထဲရောက်မှ ဒီကောင့်ဆီက မုန့်တွေ လုစားပစ်ဦးမယ်"

စွမ်းပုခုံးအား စိုးပိုင် ဖွဖွလေးဖက်၍ ထွက်သွားသော ကျောပြင်လေးကို ကြည့်ကာ ပြုံး၍ ကျန်နေခဲ့သည်။ စွမ်းလိုအပ်သည် ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ အခုလို စွမ်းအတွက် နေ့တိုင်း မုန့်တွေလုပ်ပေးရတာကိုက နှောင်းအတွက် စိတ်ချမ်းသာစရာမဟုတ်လား။

"ဟိတ်.... ဒီမှာ ဘာလုပ်နေတာလဲ"

ကျူးက အပြေးအလွှားလေး နှောင်းပုခုံးနှစ်ဖက်အား ဆုပ်ကိုင်၍ လှုပ်လိုက်ရာမှ အသိပြန်ဝင်လာကာ ကျူးဘက်လှည့်ကြည့်လိုက်သည်။

"ဪ.... စွမ်းစားဖို့ မုန့်လာပေးတာလေ..."

"ဟင်း.... သူ့အတွက်ကျတော့ လုပ်လာပေးတယ်.... ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ငါ့ကိုတော့ မေ့ထားပြီး မနေ့တစ်နေ့ကမှ တွေ့တဲ့သူကိုတော့ နင်ကပိုခင်သွားပြီပေါ့.... ရပါတယ်...."

မျက်လွှာလေးချကာ နှုတ်ခမ်းလေးစူ၍ လွယ်အိတ်ကြိုးအား ကစားရင်း ပြောနေသော ကျူးအားကြည့်၍ နှောင်း ရယ်လိုက်သည်။ ကျူး၏လက်မောင်းလေးအား ဖွဖွကိုင်၍....

"မဟုတ်ပါဘူး ကျူးရဲ့... ငါကနင့်ကို ပိုခင်တာပါနော်...."

"ဟွန်း.... မသိဘူး"

"ကလေးကျနေတာ.... ငယ်ငယ်ကအတိုင်းပဲ အခုထိ စိတ်ကောက်နေတုန်း.... ကဲပါ နင်စားချင်တာတွေ ပိတ်ရက်မှာ တစ်ဝကြီး လုပ်ကျွေးမယ် ဟုတ်ပြီလား..."

"သေချာလို့လား..."

"သေချာတာပေါ့..."

"ဟွန်း ပြီးရော... လာ အတန်းသွားတက်မယ်"

ထိုအခါမှ ကျူး သွားလေးတွေပေါ်အောင် ရယ်လိုက်ရင်း နှောင်းလက်ကလေးအား ဆုပ်ကိုင်ကာ အတန်းသို့ ဦးတည်လာခဲ့သည်။ တစ်ဦးကိုတစ်ဦး အလျှော့ပေးတတ်တဲ့ သူငယ်ချင်းနှစ်ယောက်၏ ရယ်မောသံများက ကျောင်းတော်ကြီးအတွင်း ပျံ့လွှင့်သွားလေသည်။
          ---------- ----------

"စွမ်း.... နှောင်းရဲ့လက်ရာတွေက ရှယ်ပဲ..."

အတန်းထဲရောက်တော့ စိုးပိုင်က စွမ်းဆီက မုန့်ဘူးလေးအား မြည်းကြည့်ကာ အရသာတွေ့သွားပုံ‌ ပေါ်၏။

"မင်းလက်ရာနဲ့တော့ တခြားဆီပဲမလား...."

"အောင်မယ်.... ငါ့လက်ရာကိုပြလိုက်ရင် နှောင်းတို့ ထိုင်ငိုသွားမှာစိုးလို့နော် အဟမ်း...."

ရယ်ကျဲကျဲနှင့် ပြောလာသော စိုးပိုင်အား စွမ်းလှမ်းကြည့်၍ နှုတ်ခမ်းမဲ့ပြလိုက်သည်။

"နှောင်းနဲ့တော့ ယှဉ်ပြီး မပြောစမ်းပါနဲ့ကွာ.... ဟား ဟား..."

"ဒါနဲ့.... မင်းကို နှောင်းက တော်တော် ခင်တွယ်ပုံပဲနော်... မင်းအတွက်လည်း နေ့တိုင်း အပင်ပန်းခံပြီး စားစရာတွေ လုပ်လာပေးတယ်... မင်းစိတ်ထဲရော နှောင်းကို ဘယ်လိုသဘောရလဲ...."

စိုးပိုင်အမေးကြောင့် ဘောပင်ကိုင်ကာ စာမှတ်နေသော စွမ်း၏လက်များ ရပ်တန့်သွားရသည်။ သူ့စိတ်ထဲ နှောင်းက ဘယ်နေရာမှာ ရှိနေလဲဆိုတာ သူကိုယ်တိုင် အဖြေထုတ်မရသေး။

"သူငယ်ချင်းပေါ့ကွ မင်းကလည်း..."

"သူငယ်ချင်းတော့ ငါလည်း သိတာပေါ့.... ဟို... သူငယ်ချင်းထက် ပိုမလားလို့လေ"

"မင်းနော်.... နှောင်းကြားသွားရင် အားနာစရာတွေ ဖြစ်မယ်... မင်းလက်ထဲက မုန့်ဘူး ငါ ပြန်ယူလိုက်ရမလား..."

"မလုပ်ပါနဲ့ကွာ.... အေးအေးဆေးဆေးပဲ စားပါတော့မယ်နော်...."

ထိုအခါမှ စွမ်း မှတ်လတ်စစာအုပ် ပြန်ကိုင်၍သာ အာရုံစုစည်းထားတော့သည်။
             --------- ---------

နှောင်း လှေကားထစ်အတိုင်း ဆင်းလာ၍ ဧည့်ခန်းတွင် ဒေါ်လေးရှိ မရှိ ဝေ့ဝဲကြည့်မိသည်။ ဒေါ်လေးအား မြင်သော် မျက်နှာလေးက ကြည်နူးမှုအပြည့်ဖြင့် ‌ဒေါ်လေးဘေးနား ဝင်ထိုင်လိုက်သည်။

"ဒေါ်လေး...."

"ဟေ...."

"ဒေါ်လေးကို နှောင်း ပြောစရာရှိလို့...."

"ပြောလေ သမီး.... မဟုတ်မှလွှဲရော တစ်ခုခုပူဆာချင်‌လို့ထင်တယ်..."

နှောင်းက ဒေါ်လေးခါးအားဖက်၍....

"ဟုတ်တယ်.... ဒေါ်လေး.... မနက်ဖြန် ကျောင်းပိတ်ရက်ဆိုတော့လေ အိမ်မှာ မုန့်လုပ်စားဖို့ စွမ်းကို ခေါ်ထားတယ်.... ရတယ်မလားဟင်..."

ဒေါ်လေးက ပြုံး၍ နှောင်းဖက်ထား‌သော လက်ဖမိုးလေးအား ထိကာ...

"ရတာပေါ့ သမီးရယ်... စွမ်းက တခြားသူမှ မဟုတ်ပဲ..."

"ပြီးတော့ ကျူးကိုလည်း ခေါ်ထားတယ် ဒေါ်လေးရဲ့..."

ပြုံးယောင်သန်းနေသော ဒေါ်လေးမျက်နှာ ချက်ချင်း တည်သွားကာ မလိုလားသော အကြည့်ဖြင့်...

"သူကဘာလို့ ပါလာရသေးတာလဲ.... သမီးကို သူနဲ့ ပေါင်းတာ သဘောမကျပါဘူးဆို"

"ကျူးနဲ့ ငယ်ငယ်ကတည်းက ပေါင်းလာတာပဲ ဒေါ်လေးရဲ့.... ဘာမှမဖြစ်ပါဘူး.... သူငယ်ချင်း သုံးယောက်မှာ ကျူးကိုလည်း ပါစေချင်လို့ပါ... နော်... ဒေါ်လေး..."

ဒေါ်လေးမျက်နှာ မပြောင်းသေးပဲ ဆက်လက် တည်ထားမိသည်။

"နော်.... နော်လို့ ဒေါ်လေး..."

လက်မခံချင်ပေမယ့် ကလေးတစ်ယောက်ပမာ ‌ချွဲနွဲ့ကာ အတင်းတောင်းဆိုတော့မှ ဒေါ်လေး သက်ပြင်းချကာ....

"အင်း အင်း.... ပြီးတာပဲ..."

"ဒါမှ နှောင်းဒေါ်လေး..."

သူမအလိုအား လက်ခံတော့မှ ဒေါ်လေးအား ရွှတ်ခနဲ နမ်းကာ အပေါ်ပြန်တက်သွားပုံက အပြစ်ကင်းစင်သည့် ကလေးတစ်ယောက်ပမာ။
            ----------- ------------

"နှောင်း.... ဘာကူလုပ်ပေးရဦးမလဲ..."

ကျူး မေးရင်း ဝင်လာတော့ apron လေးဝတ်ကာ နှောင်းက မီးဖိုခန်းထဲ အလုပ်‌ရှုပ်နေလေရဲ့...

"ရပါတယ် ကျူးရဲ့... မကူနဲ့ဦး...  လောလောဆယ်တော့ ဒါလေးတွေပဲ လတ်ဆသတ်လိုက်ဦးမယ်"

မုန်လာဥနီ ရေဆေးနေသော နှောင်းအနားသွား၍....

"ဒီနေ့ ဘာလုပ်စားမှာလဲ...."

"မာလာရှမ်းကော...."

"ဟာ.... ငါ့အကြိုက်ပဲ..."

"သိသားပဲ....ဒါကြောင့်လည်း နင်အကြိုက်ဆုံးအစားစာကို ရွေးလုပ်တာ..."

"အမယ်... အဲ့ဒါကြောင့် ငါ့သူငယ်ချင်းလေးကို ချစ်နေရတာ..."

ကျူး ကျေကျေနပ်နပ် ပြုံးကာ ဖြူနုနေသော နှောင်း၏ ပါးပြင်လေးအား ညင်သာစွာ ညှစ်လိုက်သည်။ ခဏအကြာ ခြံဝန်းထဲမှ ကားဝင်လာသံ ကြားတော့ စွမ်းရောက်ပြီဆိုတာ သိလိုက်ရသည်။ 

"ဟော.... စွမ်းတောင်လာပြီ... ကျူး... စွမ်းကို အိမ်ရှေ့မှာ ကြိုပေးပါဦး..... ငါ့လက်တွေ ပေနေလို့...."

"အင်း အင်း"

ကျူး မီးဖိုခန်းထဲမှ အိမ်ရှေ့သို့ သွားကာ စွမ်းအား စောင့်နေ၏။ စွမ်းကားပေါ်မှဆင်းကာ ကျူးအရှေ့ရောက်တော့ နေကာမျက်မှန်ချွတ်လျက်....

"ဒါ... နှောင်းရဲ့အိမ် ဟုတ်ပါတယ်နော်...."

သူမကိုတွေ့တော့ မယုံ‌သလိုလေး မေးလာတဲ့သူ့ကိုကြည့်၍ ကျူးလက်ပိုက်ကာ သက်ပြင်းခပ်ဖွဖွ ချလိုက်သည်။

"နှောင်းအိမ်မဟုတ်တော့ရော ရှင့်ကို ကျူးက ကိုက်စားမှာ မလို့လား"

"ဪ....ဒီအိမ်မှာ မင်းကိုတွေ့လိုက်ရတော့ နှောင်းအိမ် မဟုတ်ဘူး ထင်သွားတာပေါ့.... ဒါလေးမေးတာကို... ဟုတ်ရင်ဟုတ်တယ်... မဟုတ်ရင်မဟုတ်ဘူး ဖြေလိုက်ရင် ပြီးနေတာ..."

"စကားမများချင်ဘူး.... အထဲဝင်..."

စကားများရအောင်လုပ်တဲ့ သူကပဲ ပြောရတယ်ရှိသေးတယ်ဆိုတဲ့ အကြည့်ဖြင့် စွမ်းတစ်ချက်ပြန်ကြည့်လိုက်သည်။

ကျူး နှုတ်ခမ်းလေးမဲ့ကာ ခေါင်းမော့လျက် စွမ်းက သူမအနောက်မှ လိုက်လာခဲ့သည်။ မီးဖိုခန်းထဲ စွမ်း ရောက်လာတာမြင်တော့ နှောင်းက ထမင်းစား စားပွဲမှ ထိုင်ခုံလေးအား ဆွဲယူ၍ ထိုင်စေသည်။

"စွမ်း ရောက်လာပြီလား.... ဒီနေ့ နှောင်းလက်ရာ အဝစားရမယ်နော်..."

"ဟုတ်ကဲ့ပါဗျာ.... စိုးပိုင်ကို ခေါ်လာဖို့တောင် မေ့သွားတယ်..."

"ဟွန်း အဲ့ဒီ ကိုစိုးပိုင်ကလေ ကျောင်းမှာ နှောင်းပေးတဲ့မုန့်တွေ လုလုစားတာနဲ့ စွမ်းကောင်းကောင်း မစားရဘူးမလား...."

နှောင်းက ခါးလေးထောက်ကာ မရှိတဲ့ ကိုစိုးပိုင်အား ချစ်စရာကောင်းအောင် ရန်တွေ့နေတာကြောင့် စွမ်း အသံထွက်အောင် ရယ်မိသည်။

"ဟုတ်ပါ့ဗျာ.... ဟုတ်ပါ့...."

"အဟမ်း.... ‌နှောင်း... ဒီတိုင်းထိုင်နေရတာ ပျင်းစရာကြီး... တစ်ခုခု ကူလုပ်ပေးပါမယ်ဆို..."

ကျူးက ချောင်းဟန့်သံနှင့်အတူ ပြောလိုက်တော့ ‌စွမ်းကပါ မနေသာတော့ပဲ....

"ဟုတ်သားပဲ နှောင်းရဲ့.... ကျွန်တော်တို့ တစ်ခုခုကူလုပ်ပေးမယ်လေ..."

"ကဲ အဲ့ဒါဆိုလည်း ကျူးက ကြက်သွန်ဖြူ အခွံနွှာပေး.... ခုနရေဆေးထားတဲ့ မုန့်လာဥနီတွေကို စွမ်းက ဒီဓားနဲ့ ပါးပါးလေးလှီး.... နှောင်းက ပင်လယ်စာတွေ ကြော်လိုက်ဦးမယ်..."

တာဝန်ကိုယ်စီနှင့် သုံးယောက်သား မီးဖိုခန်းတွင် အလုပ်ရှုပ်နေကြသည်။ မီးဖိုချောင် ဝင်နေကျမဟုတ်သည့် စွမ်းက နှောင်းပေးသည့် တာဝန်ကို ကြိုးစားလုပ်နေရှာသည်။

မုန့်လာဥနီ လှီးထားတာ ပုံမကျတာတွေကို ကျူးမြင်တော့ ဟန်မဆောင်ပဲ ရယ်လိုက်သည်။ စွမ်းအလုပ်မပျက်ပဲ ကျူးအား ဝေ့ကြည့်ကာ....

"ဘာရယ်တာလဲ...."

"မုန်လာဥနီတွေကို ကြည့်ဦးလေ...."

"ဘာဖြစ်လဲ... မင်းနွှာတဲ့ ကြက်သွန်ဖြူကိုလည်း ကြည့်ဦး.... ပြောင်အောင် မနွှာတတ်ဘူး..."

"အောင်မာ...."

နှောင်းက သူတို့ စကားများနေတာလေးအား ကြည့်၍ တိတ်တိတ်လေး ရယ်မိသည်။

"မိန်းကလေးအလုပ်ဖြစ်တဲ့ မီးဖိုချောင်အလုပ်တွေ မကျွမ်းတာ ဆန်းသလား...."

"ဒီမယ်..... ကိုမင်းစွမ်းရည်.... ဒီခေတ်မှာလေ မိန်းကလေးအလုပ် ယောက်ျားလေးအလုပ်ဆိုပြီး ခွဲခြားထားတာ မရှိတော့ဘူး"

"မင်းနဲ့ စကားပြောရတာ လက်ပေါက်ကပ်တယ်..."

ကျူးအား မချေပတော့ပဲ ကိုယ့်အလုပ်ကိုသာ အာရုံပြန်စိုက်မည်အလုပ် စွမ်း ကသူ့လက်သူ ဓားနှင့်ထိမိကာ သွေးစိုစိုလေးများ ထွက်လာသည်။

"အား..."

"ဟင်.... စွမ်း.... သွေးတွေ"

နှောင်းက လှမ်းမြင်လိုက်တာကြောင့် အပြေးအလွှား စွမ်းအနားလာကာ သွေးထွက်နေသော စွမ်းလက်ညှိုးအား အဝတ်စလေးနှင့် အုပ်ထားလိုက်သည်။

"ရရဲ့လား စွမ်းရယ်.... သွေးတွေက အများကြီးပဲ"

နှောင်းမျက်ဝန်းတွေက စိုးရိမ်‌မှုတွေ အထင်းသား ပေါ်လွင်တာကို ကျူး သတိထားမိသည်။ စွမ်းလက်ကောက်ဝတ်အား တယုတယ ကိုင်ကာ ဧည့်ခန့်သို့ ခေါ်သွား၍ ဆေးဘူးလေး အပြေးအလွှား သွားယူကာ ညင်သာစွာ ဆေးထည့်ပေးပြီး အနာကပ် ပလာစတာဖြင့် ကပ်ထားပေးလိုက်သည်။ ကျူးက နှောင်းဘေးနား အသာလေးသာ ရပ်နေလိုက်သည်။

စွမ်းအား နှောင်းနှင့် ထိုမျှ ပူးကပ်နေတာ တွေ့ရတော့ ကျူးစိတ်ထဲ နေရခက်သလိုလိုပင်။

ဘယ်အရာကများ ကျူးစိတ်ကို အနေရခက်စေရတာလဲ... နှောင်းကြောင့်လား... ဒါမှမဟုတ် စွမ်းကို ကျူးကိုယ်တိုင် ချစ်နေမိလို့လား....အို... ကျူးက ဘာလို့ ချစ်ရမှာလဲ.... စွမ်းမှာ မမတွယ်တာ ရှိနေတာ.... ကျူးလည်းချစ်လို့မရဘူး..... နှောင်းလဲ မချစ်ရဘူး....။

"ရပါတယ် နှောင်းရဲ့.... အရမ်းမနာပါဘူး... ကျွန်တော်က ယောက်ျားလေးပဲဟာ ဒီလောက်တော့ ခံနိုင်ပါတယ်...."

"ဘာပဲဖြစ်ဖြစ်.... စွမ်း အနာတရ ဖြစ်သွားတာတော့ မကောင်းဘူးပေါ့... စွမ်း ဒီမှာပဲ စာဖတ်နေနော်... လုပ်စရာရှိတာတွေ နှောင်းတို့ပဲ လုပ်လိုက်မယ်..."

"မဟုတ်တာ.... ကျွန်တော်..."

"ကဲ.... ရှင်နေခဲ့လိုက်တော့... လာ နှောင်း သွားမယ်...."

စွမ်းစကားပင် မဆုံးသေး စိတ်မရှည်သလို ကျူးက ဝင်ပြောကာ နှောင်းလက်အား ဆွဲခေါ်သွား၏။

စောစောက နှောင်းအပြုအမူတွေက စွမ်းအပေါ် လိုတာထက် ပိုနေသည်ကို ကျူးသဘောမကျမိတာအမှန်။ စွမ်းကို ကျူးချစ်မိတာ မချစ်မိတာထက် စွမ်းက မမတွယ်တာရဲ့လူဖြစ်နေတာဆိုတဲ့ အကြောင်းတစ်ရားတစ်ခုနဲ့တင် နှောင်း သူ့ကို ချစ်လို့မဖြစ်ဘူးဆိုတာ ကျူးစိတ်ထဲ စွဲနေခဲ့သည်။

နင်မချစ်မိအောင်တော့ ငါ တားရမှာပဲ နှောင်း.... ငါ့သူငယ်ချင်းဖြစ်တဲ့ နင့်ကို  ဒုတိယလူအဖြစ်မခံနိုင်တာ ငါ့စေတနာပါ....

မပြောဖြစ်သည့် စကားကို ရင်ထဲတွင်သာ မြိုသိပ်ထားရင်း စောစောက စွမ်းထိုင်သွားသည့် နေရာအား ဘာရယ်မဟုတ် ငေးကြည့်နေမိသည်။

အပိုင်း၈မျှော်>>>>>

ကျေးဇူးတင်လျက်......

                      မြူအလင်္ကာ

Continue Reading

You'll Also Like

10.2M 641K 168
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
460K 11.4K 30
In a district where danger lurks around every corner, Isaac North tries to live a normal life, but quickly finds himself entangled in a perilous roma...
546K 34.7K 70
"Sshhhhh....." he hushed and pinned us against the wall leaving no space between us. I held onto his biceps with my hand in reflex. He shook his head...
794K 80K 55
3 lives got entangled due to the twisted Destiny...... Vidyut Rajvanshi married his college sweetheart Sanjana and was leading a happy life ......bot...