Regret (Complete)

By XiaoZhanWangYiboYizh

83.2K 6.6K 710

နောင်တတဲ့..။နောင်မှ တရတာအရှင်.. နောင်တတဲ့..။နောင်မှ တရတာအရှင်.. Starting date-30.4.2023 Ending date- 29.5.2023 More

Part-1(Unicode)
Part-2(Unicode)
Part-2 (Zawgi)
Part-3(Unicode)
Part-3(Zawgi)
Part-4(Unicode)
Part-4(Zawgi)
Part-5(Unicode)
Part-5 (Zawgi)
Part-6(Unicode)
Part-6(Zawgi)
Part-7(Unicode)
Part-7(Zawgi)
Part-8(Unicode)
Part-9(Unicode)
Part-8(Zawgi)
EP-9(Zawgi)
Part-10 (Unicode)
Part-10(Zawgi)
Part-11(Unicode)
Part-12Final(Unicode)
Part-11(Zawgi)
Part-12Final(Zawgi)
Extra-1(Unicode)
Extra 1(Zawgi)
Extra 2(Unicode)
Extra-2 (Zawgi)
Extra-3 (Unicode)
Extra-3(Zawgi)
Extra-4(Unicode)
Extra-5Final(Unicode)
Extra-4(Zawgi)
Extar-5Final (Zawgi)
Special Extra(Unicode)
Special Extra(Zawgi)
ဖူးစာရွေးချယ်ပွဲ
ဖူးစာရွေးချယ်ပွဲ

Part-1 (Zawgi)

1.9K 56 1

မည်းမှောင်နေသော ညပတ်ဝန်းကျင်၌ အေးမြသောလရောင်သည် အလင်းဓာတ်တစ်ခုသဖွယ် ကျရောက်သည်။

သစ်ပင်အိုကြီးများအောက်တွင် လရောင်ထိုးဖောက်ဖြာကျနေသဖြင့် သစ်ရိပ်အစက်အပြောက်များဖြစ်နေ၏။ အကိုင်းအလက်ခက်ရွက်ရိုးတံများမှာ လေဝှေ့သဖြင့် ယိမ်းနွဲ့လှုပ်ခတ်လျက် တိုးညှင်းသော ရွက်ချင်းထိသံသဲ့သဲ့ကိုလည်း ဖြစ်ပေါ်စေသည်။

ရှေးယခင်ကပင် ဘုန်းတန်ခိုးကြီးမားလှသည်ဟုသတ်မှတ်ခံထားရသည့် မင်းဧကရာဇ်တို့၏နန်းတော်သည် အဆောင်ကြီးငယ်များဖြင့် ဖွဲ့စည်းထားပြီး ဝင်္ကပါလမ်းကြောင်းများရှိရာ အရပ်ဖြစ်သည်။

ပုံမှန်တိတ်ဆိတ်နေကြ နန်းတော်ကြီးသည် ခါတိုင်းနှင့်မတူ နန်းဆောင်လေးတစ်နေရာ၌ ကွက်ကာဆူညံနေသည်။

ထိုအဆောင်သည် နန်းတော်၏အရှင်သခင် မင်းဧကရာဇ်စံစားရာ နန်းဆောင်ဖြစ်ပြီး အဆောင်တွင်းမှ ဖယောင်းတိုင်မီးများမှာ အပြင်သို့ဖြာထွက်လျက်ရှိသည်။

နန်းဆောင်ရှေ့မှ ကျောက်ရုပ်များကဲ့သို့ မလှုပ်မယှက် အစောင့်ရဲမက်တို့မှာလည်း နန်းဆောင်အတွင်းမှ ဆူညံသံကြောင့် မျက်ခုံးလှုပ်လျက်ရှိသည်။

‘ခွမ်း!!’

အဆောင်အတွင်းမှ ဆူညံစွာထွက်ပေါ်လာသော တစ်စုံတစ်ရာကျကွဲသံသည် နန်းဆောင်ရှေ့မှ အစောင့်ရဲမက်များအား အနည်းငယ်မျှလန့်သွားစေရန် လုံလောက်သည်။

တစ်စုံတစ်ရာကျကွဲသံဆိုပေမယ့် နန်းဆောင်အတွင်းသို့ အလျင်အမြန်ပြေးမဝင်သော အစောင့်ရဲမက်များသည် ဤရန်ပွဲနှောကြေနေဟန်တူသည်။
နန်းဆောင်တွင်း၌ ဖြစ်နေကျ ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာမို့။

"ရှောင်းကျန့်!! ဒီကြွေပန်းကန်က လွိတိုင်းပြည်က လက်ဆောင်ဆက်သထားတယ်ဆိုတာ မင်းသိရဲ့လား။ အခုကွဲသွားတော့ ဘယ်လိုလုပ်မလဲ"

"ကြွေထည်နဲ့ထုဆစ်ထားတဲ့ ပန်းကန်တစ်ခုသာသာပါပဲ။ မင်းလိုချင်ရင် မနက်ဖြန် ပြန်လျော်ပေးမယ်"

"ပေါ့ပျက်လှချည်လား။ ဒီကြွေထည်ပစ္စည်းက တိုင်းပြည်နှစ်ပြည်ကြားက ငြိမ်းချမ်းရေးဖလှယ်တဲ့အနေနဲ့ဆက်သထားတဲ့ ပစ္စည်း"

"ရော်..ပန်းကန်လေးတစ်ချပ်ပဲကို။ မင်းအဲ့လောက်အဖြစ်သည်းမနေနဲ့ ဝမ်ရိပေါ်!!"

"မင်းက ဘာမှန်နေလို့ ငါ့လာအော်နေတာလဲ။ မင်းမမေ့နဲ့ ငါတစ်ချက်အမိန့်ပေးလိုက်တာနဲ့ မင်းလည်ပင်းပြတ်သွားနိုင်တယ်"

"ငါ့ကို လာခြိမ်းခြောက်မနေနဲ့ ဝမ်ရိပေါ်။ မင်းကရှင်ဘုရင်ဆိုတိုင်း ငါကကြောက်ရမှာလား"

အဆောင်အတွင်းရှိ စကားစစ်ထိုးပွဲသည် အနီရောင်အဆင့်ရောက်သည်အထိ ပြင်းထန်လျက်ရှိသည်။
စကားများနေကြသူနှစ်ဦးက မင်းကြီးနှင့် မိဖုရားခေါင်ကြီး။

"မင်းအဆောင်မင်းပြန်တော့ ရှောင်းကျန့်၊ ဒီလောက်ငါ့ကိုစိတ်ဒုက္ခပေးပြီးရင် ကျေနပ်တော့"

"မင်းနှင်မထုတ်လည်း ငါကသွားမှာ မင်းလိုကောင်မျိုးနဲ့ တစ်‌ဆောင်တည်းအတူမနေနိုင်ဘူး"

ရန်ဖြစ်သံခဏတိတ်ဆိတ်သွားပြီးနောက်၌ နန်းဆောင်ထဲမှ မိဖုရားခေါင်ကြီးသည် သူ၏လက်ဆွဲတော်ဓားကိုကိုင်ဆွဲလျက် နန်းဆောင်ထဲမှ ပြန်ထွက်သွားသည်။
သူ၏ လက်ရုန်းမိန်းကလေးနှစ်ယောက်ကို ခေါ်ရင်းလေ။

မိဖုရားခေါင်ကြီးအကြောင်းအား ပြောရမည်ဆိုလျှင် နန်းတော်၏စည်းမျဉ်းစည်းကမ်းများကို ပထမဆုံးဖောက်ဖျက်သူဟု ပြောရလိမ့်မည်။
ညီလာခံထဲနှင့် နန်းတော်ထဲ၌ မင်းကြီးနှင့် အစောင့်ရဲမက်များ၊ ကိုယ်ရံတော်များကလွဲလျှင် လက်နက်ကိုင်ဆောင်ခွင့်မပြုပေ။ အနောက်နန်းဆောင်၏ မိဖုရားများလက်နက်မကိုင်ဆောင်ခွင့်အမိန့်ကိုဖောက်ဖျက်သူမှာ မိဖုရားခေါင်ကြီးပင်ဖြစ်သည်။

ညအမှောင်၏တိတ်ဆိတ်မှုသည် အတွေးများနယ်ချဲ့ရန် လုံလောက်သည်။ ‌မိဖုရားခေါင်ကြီးသည် မိမိအတွက် သီးသန့်ဆောက်လုပ်ပေးထားသော အဆောင်ထဲဝင်၍ ကုတင်ပေါ်လှဲအိပ်လိုက်သည်။

‌သူသည် တခဏချင်းပင် အိပ်ပျော်သွားကာ စိတ်အစဉ်သည် တိုးညှင်းစွာတိုက်ခတ်သော လေညှင်းကဲ့သို့ အတိတ်ဆီသို့ လွင့်ပျံ့သွားတော့၏။

---------------။

         လွန်ခဲ့သော၃နှစ်

"အရှင်မင်းသားနဲ့တွေ့ချင်တယ်"

မီးခိုးရောင်အဆောင်ခန်းငယ်လေး၏ ရှေ့၌အဆောင့်တပ်သားနှစ်ယောက်က စကားကိုမာထန်နေအောင် ပြောလာသည့်မျက်နှာထားတင်းတင်းနှင့်လူကို ဘုကြည့်ကြည့်သည်။

သူတို့၏ တော်ဝင်အိမ်ရှေ့စံမင်းသားကို တွေ့ခွင့်တောင်းသူက စစ်သူကြီးရှောင်း၏ သားဖြစ်ပါသည်တဲ့။

တည်တင်းနေသည့် မျက်နှာထားက ‌တစ်လောကလုံးသူ့လုပ်စာထိုင်စားနေရသလိုမျိုးဖြစ်နေပြီး အသံကမာထန်သည်မို့အစောင့်ရဲမက်နှစ်ယောက်က မျက်နှာကိုတစ်ချက်မဲ့လိုက်သည်။
ရှောင်းသခင်လေးက မာနသိပ်ကြီးလို့ဖြစ်ပါသည်တဲ့။

ရှောင်းသခင်လေး၏ တွေ့ဆုံခွင့်တောင်းဆိုမှုကြောင့် အစောင့်ရဲမက်တစ်ယောက်က အဆောင်ထဲ၌ သူ့ကိုယ်ရံတော်နှစ်ယောက်နှင့် စကားပြောနေသော အိမ်ရှေ့စံမင်းသားဆီဝင်လာခဲ့သည်။

"အရှင့်သားကို ရှောင်းသခင်လေးကတွေ့ခွင့်တောင်းနေပါတယ်"

အစောင့်ရဲမက်က ရိုကျိုးစွာလျှောက်ထားသည်။ နဂိုပြုံးနေသည့်အရှင့်သား၏ မျက်နှာထားက ရှောင်းသခင်လေး၏ နာမည်ကိုကြားရုံနှင့် တည်တံ့သွားသည်။
သူတို့ဆက်ဆံရေးက သည်လိုပဲ။ အမုန်းတရားတွေကြားခံ၏။

"မတွေ့ဘူးလို့ပြောလိုက်"

အရှင့်မင်းသား၏အမိန့်ကြောင့် အစောင့်ရဲမက်က ရိုကျိုးစွာနှုတ်ဆက်ရင်း ပြန်ထွက်သွားသည်။ စားပွဲပေါ်က ရေနွေးကြမ်းကို ပန်းကန်ထဲငှဲ့ရင်း ဒေါသဖြေဖို့ကြိုးစားနေသည့် အရှင်မင်းသားကို ကိုယ်ရံတော်နှစ်ယောက်အနက် တစ်ယောက်က ပြောပါသည်။

"အရှင်၊ မနက်ဖြန်ပဲ ရှောင်းသခင်လေးနဲ့လက်ထပ်ပြီး နန်းသိမ်းပွဲကျင်းပရတော့မယ်။ အရှင်တကယ်ပဲ ရှောင်းသခင်လေးနဲ့ ငြိမ်းချမ်းရေးရယူဖို့.."

ကိုယ်ရံတော်ရဲ့စကားဟာ မပြီးဆုံးခင်မှာ အဆောင်ရှေ့က ထွက်ပေါ်လာ‌သော အသံကြောင့် တစ်ဝက်တစ်ပျက်နဲ့ရပ်တန့်သွားသည်။

"ဝမ်ရိပေါ်! မင်းကဘာကောင်မို့ ငါ့ကိုထွက်မတွေ့တာလဲ..ဟမ်။ မင်းကိုယ်မင်းဘာလို့ထင်နေလဲ။ သတ္တိ‌ရှိရင် အရှေ့ထွက်ခဲ့။ မင်းနဲ့ငါနဲ့တစ်ပွဲလောက်နွှဲတာပေါ့"

အဆောင်ရှေ့က ရှောင်းသခင်လေးက အရှင်မင်းသားသူ့ကို ငြင်းလွှတ်လိုက်တယ်ဆိုတာကြားကြားချင်း ဒေါသထွက်ပြီးထအော်ပါသည်။

ဒါကို အဆောင်တွင်းက အိမ်ရှေ့စံမင်းသားက ရေနွေးတစ်ကျိုက်မော့ပြီး ခနဲ့တဲ့တဲ့ပြုံးသည်။

"တွေ့လား ဟွာလွန်။ ငါတို့က ရုပ်ခန္ဓာချင်းပဲပေါင်းစည်းလို့ရမယ်။ စိတ်ချင်းက ဘယ်တော့မှပေါင်းစည်းလို့ရမှာမဟုတ်ဘူး"

အရှင့်သားကပြောပြီးတာနှင့် အေးအေးလူလူ ‌ရေနွေးသာဆက်သောက်နေသည်။ အရှင့်သားရဲ့ကိုယ်ရံတော်နှစ်ယောက်ကတော့ ခေါင်းတခါခါနှင့်။

"ဝမ်ရိပေါ်!! အေး..မင်းတွေ့မယ်။ မနက်ဖြန်ကျမှ မင်းနဲ့ငါတွေ့ကြတာပေါ့။ တောက်!"

‌အဆောင်ရှေ့က ဒေါသောတကြီးအော်ဟစ်ပြောဆိုပြီး ထွက်သွားသော ရှောင်းသခင်လေး၏ ခြေသံဝေးမှ အိမ်ရှေ့စံမင်းသားတစ်ယောက် ဒေါသတကြီး တောက်ခေါက်မိပါသတဲ့။ ရှောင်းသခင်လေးနှင့်သူက မွေးကတည်းက ကမ္ဘာ့ရန်ငြိုးတွေလား ထင်ရလောက်အောင် တစ်ယောက်နဲ့တစ်ယောက် မုန်းတီးနေကြသည်မို့။

ရှောင်းသခင်လေးနာမည်က ရှောင်းကျန့်ဖြစ်ပါသတဲ့။ ငယ်ငယ်ကတည်းက အိမ်ရှေ့စံနဲ့ မျက်စောင်းတခဲခဲနဲ့ တစ်ယောက်ကိုတစ်ယောက် ရန်စောင်ခဲ့ကြတဲ့သူတွေ။ အခုတော့ အဲ့လိုမုန်းတီးနေကြတဲ့သူနဲ့ကျမှ အိမ်ထောင်ပြုဖို့ဖြစ်လာတဲ့အတွက် အိမ်ရှေ့စံကတော့ ဘယ်လိုမှမကျေနပ်နိုင်ဖြစ်နေပါသတဲ့။

"အရှင်..နန်းတော်ကိုပြန်ကြမလား။ မနက်ဖြန်အတွက် ပြင်ဆင်စရာရှိတာတွေပြင်ဆင်ရအောင်"

အိမ်ရှေ့စံမင်းသားကခေါင်းညိတ်လိုက်ပါသည်။ ရေနွေးကြမ်းတွေထည့်ထားသည့် ကြွေခွက်လေးကိုလက်ကချရင်း အဆောင်ထဲမှ ဦးဆုံးထွက်လာခဲ့လိုက်ပါသတဲ့။ သူမုန်းတဲ့ရှောင်းကျန့်နဲ့ လက်ထပ်ရမယ့် မနက်ဖြန်အတွက် ကြိုတင်ရင်လေးရင်းပေါ့။

-------------------။

သာယာကြည်ရှင်းသော ကောင်းကင်ပြာကြီးအောက်၌ အနီရောင်တို့ဖြင့်လွှမ်းခြုံသော နန်းတော်သည် ယခင်နေ့များထက် ပိုမိုကာကြည့်ကောင်းနေသည်။

နန်းတော်၏အလယ် အခမ်းအနားကျင်းပသည့်နေရာ၌ တူရိယာတီးမှုသံများက သာယာနာပျော်ဖွယ်လွင့်ပျံ့နေ၏။
ခြေဆစ်လက်ဆစ်ချိုးကာ ကြည်လွင်လွင် ကပြဖျော်ဖြေနေသော မောင်းမတစ်ချို့သည် အခမ်းအနားရှိလူများ၏ အာရုံအားဖမ်းစားထားသေးသည်။

အခမ်းအနား၏ ပုလ္လင်စပ်၌ နန်းတော်ကြီး၏မယ်တော်ကြီးထိုင်နေပြီး မကြာသေးခင်ကမှ သူမ၏ခင်ပွန်းးဖြစ်သူ ဆုံးပါးသွားသည်ကြောင့် မျက်နှာကအနည်းငယ် ညိုးနွမ်းလျက်ရှိသည်။

ကွင်းပြင်ကြီး၏အလယ်၌ အနီရောင်ကော်ဇောနီလျှောက်လမ်းတစ်ခုရှိပြီး ဘေးတစ်ဖက်စီ၌ အနီရောင်မင်္ဂလာပန်းစည်းများဖြင့် လျှောက်လမ်းကိုဝန်းရံထားသည်။

တီးမှုတ်သီဆိုကခုန်နေသော မြင်ကွင်းက နန်းတွင်းအမတ်များနှင့် ကြွရောက်လာကြသည့် ရာထူးကြီးပုဂ္ဂိုလ်များအတွက် အမြင့်တင့်တယ်စေသည်။

မကြာမီထွက်ပေါ်လာသော ခရာတေးသွားနှင့်အတူ ကော်ဇော်နီလျှောက်လမ်းမှတစ်ဆင့် လျှောက်လှမ်းလာကြသော သတို့သားနှစ်ဦးသည် နီမြန်းသောဝတ်စုံကို ကိုယ်စီဆင်မြန်းထား၏။

လက်နှစ်ဖက်ကိုယှက်ရင်း အိ‌နြေ္ဒကြီးစွာလျှောက်လှမ်းလာကြသည့် သတို့သားနှစ်ဦးသည် တိုင်းပြည်၏အရှင်မင်းကြီးလောင်းလျာနှင့် မိဖုရားခေါင်လောင်းလျာဖြစ်ပါသတဲ့။

အနီရောင်များဖြင့်လွှမ်းခြုံသော စင်မြင့်ပေါ်သို့ရောက်လျှင် ဘိသိတ်ဆရာသည် အိမ်ရှေ့စံမင်းသား၏ခေါင်းပေါ်၌ ဆောင်းထားသော သရဖူကိုဖြုတ်ကာ မကိုဋ်အားဆောင်းစေလျက် ဘိသိတ်သွန်းပွဲကိုကျင်းပသည်။

နန်းသိမ်းပွဲနှင့် လက်ထပ်ပွဲအားတစ်ပြိုင်နက်တည်းကျင်းပသည်ကြောင့် နန်းတော်တွင်း၌ ခြိမ့်ခြိမ့်သဲစည်ကားလျက်ရှိသည်။

ယခုမှနန်းတက်သော အရှင်မင်းကြီး၏ ‌မိဖုရားခေါင်သည် ယောကျာ်းလေးတစ်ယောက်ဟူသော သတင်းကြောင့် အနီးအနားရှိ တိုင်းပြည်များ၏ စိတ်ဝင်စားမှုကိုပါရရှိထားသည်။

နန်းတွင်းရှိအမတ်ကြီးများနှင့်မတူစွာ စင်ပေါ်မှ သတို့သားနှစ်ယောက်၏မျက်နှာသည် ခက်ထန်လို့နေသည်။
သူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်မရအောင်ပင် မုန်းတီးနေကြသည်မို့။

အခမ်းအနားပြီးစီးသည့်အချိန်၌ ကောင်းကင်တွင် မှောင်ရိပ်ပင်သန်းနေပြီဖြစ်သည်။

အနီရောင်မင်္ဂလာဦးအခန်း၌ မီးရောင်မှိန်ပြပြက တလဲ့လဲ့နှင့်။ သတို့သားနှစ်ဦးအတွက် ခုနှစ်ရက် ခုနှစ်လီမီးမငြိမ်းပွဲကျင်းပပေးမည်ကြောင့်ဖြစ်သည်။

ဝမ်အရှင်သည် သူ၏အနီရောင်အပေါ်ထပ်ဝတ်ရုံအားချွတ်ကာ ဘေးကတန်းပေါ်တင်၍ ထိုင်ခုံ၌ ပြန်ထိုင်ကာ ကျောက်စိမ်းဖြင့်ပြုလုပ်ထားသောခွက်ထဲသို့ ရေနွေးများငှဲ့လိုက်သည်။

မကြာမီ အခန်းတံခါးပွင့်သွားခဲ့ပြီး အထဲသို့ ချောမောလှပသော အမျိုးသားငယ်တစ်ဦးဝင်လာခဲ့သည်။

"ဝမ်အရှင်က ငယ်ငယ်တုန်းကလိုပဲနော်၊ သေရည်မသောက်တတ်တဲ့အကျင့်က ပြောင်းလဲမသွားဘူး"

ရွဲ့သလိုလိုစောင်းသလိုလိုပြောကာ သူ၏အပေါ်ထပ်ဝတ်ရုံအားချွတ်၍ တန်းပေါ်လှမ်းနေသည့် မိမိ၏မိဖုရားခေါင်အသစ်စက်စက်ကိုကြည့်ကာ ဝမ်အရှင်သည် လက်သီးကိုခပ်တင်းတင်းဆုပ်ထားလိုက်သည်။

မိဖုရားခေါင်ရှောင်းသည် လမင်းနှင့်အပြိုင်လှပသော ရုပ်ရည်မျက်နှာထားအားပိုင်ဆိုင်ထားသော်လည်း ဝမ်အရှင်တစ်ယောက် မည်သည့်နည်းနှင့်မျှ မိဖုရားရှောင်းအား မကြည်ဖြူနိုင်။ သူ့ရင်ထဲ၌ အမုန်းတရားသာရှိ၏။

"ဘာလဲ၊ ဝမ်ရိပေါ်။ မင်းငါနဲ့စကားမပြောချင်တာလဲ။ ဒီညက ငါတို့ရဲ့ မင်္ဂလာဦးဆိုတာ မင်းမေ့နေတာတော့မဟုတ်ပါဘူးနော်"

ဝမ်အရှင်က သူ၏လက်ထဲရှိခွက်ကို ‌စားပွဲပေါ်သို့ အသံမြည်အောင် ဆောင့်ချလိုက်သည်။
ထိုင်ခုံကနေလည်း မတ်တပ်ထရပ်ရင်းလေ။

"ရှောင်းကျန့်! မင်းစကားကိုကြည့်ပြောစမ်း။ မတတ်သာတဲ့အခြေအနေတစ်ခုကြောင့်သာ မင်းကငါ့မိဖုရားခေါင်ဖြစ်လာခဲ့ပေမယ့် တစ်ချိန်ချိန်ကျရင် မင်းက အပယ်ခံမိဖုရားလည်းဖြစ်သွားနိုင်တာပဲလေ"

မိဖုရားခေါင်းရှောင်းက ဟက်ဟက်ပက်ပက်ရယ်သည်။ အမှန်တကယ် ရယ်စရာတစ်ခုမှမပါဘဲလေ။

"နတ်သမီးရုပ်ထုရှေ့မှာ ရွေးချယ်ခဲ့တဲ့ ဖူးစာကို ဘယ်သူက စွန့်ပစ်ရိုးထုံးစံရှိလို့လဲ ဝမ်ရိပေါ်ရဲ့"

"အဲ့ဖူးစာကမင်းမှမဟုတ်ခဲ့တာ ရှောင်းကျန့်။ မင်းက သက်သက်မဲ့နေရာဝင်ယူတဲ့သူလေ"

မိဖုရားရှောင်းသည် ထပ်မံကာရယ်သွမ်းသွေးပြန်သည်။ သူ့မျက်နှာထက်၌ လှောင်ရိပ်များသန်းလျက်။

"ဟုတ်တော့ ဘာဖြစ်လဲ။ မိဖုရားခေါင်ကြီးနေရာကိုရတဲ့သူက ဩဇာဘယ်လောက်ညောင်းလိုက်လဲ"

အားမာန်အပြည့်နှင့်ဆိုသည့် မိဖုရားရှောင်းအား ဝမ်အရှင်သည် လက်သီးကိုကျစ်ကျစ်ဆုပ်လျက် ကြည့်သည်။
ဝမ်အရှင်၏မျက်ဝန်းများ၌ အမုန်းတရားများပြည့်နှက်လျက်။

"ယောကျာ်းတန်မဲ့ အရှက်မရှိတဲ့လူ"

ဝမ်အရှင်သည် အံကြိတ်လျက် သွားကြားထဲမှထွက်သောလေသံဖြင့် ဒေါသဖြစ်စွာဆိုသည်။ မိဖုရားခေါင်ရှောင်းသည် မျက်နှာကိုမဲ့ရွဲ့ကာဖြင့် ဝမ်အရှင်အား မထိလေးစားစိုက်ကြည့်သည်။
ဝမ်အရှင်သည် မိမိ၏ရန်ဖက်သာသာမို့။

"ဘာလဲ ဝမ်ရိပေါ်။ မတော်လိုက်ရတဲ့ဇနီးလောင်းလေးအကြောင်းကိုတွေးမိပြီး ငါ့ကိုရန်လိုနေတာလား"

ဝမ်အရှင်သည် မိဖုရားခေါင်ရှောင်း၏ စကားကြောင့် ပိုမိုဒေါသဖြစ်သွားပြီး စားပွဲပေါ်၌တင်ထားသော ဓားကိုကိုင်လိုက်သည်။

"မင်းအပြင်ကိုထွက်။ မင်းနဲ့ငါ ဒီညမှာတစ်ပွဲတစ်လမ်းမနွှဲလိုက်ရရင် မင်းနဲ့ငါပီသမှာမဟုတ်ဘူး"

‌မိဖုရားခေါင်ရှောင်းသည် အရှင်မင်းကြီး၏ ဖြစ်ပျက်နေသည့် ပုံစံကိုပြဇာတ်တစ်ပုဒ်နှယ် ဝမ်းသာအားရကြည့်ရှူနေရင်း သူ့လက်နှစ်ဖက်ကိုပိုက်ကာ ခနဲ့သည်။
ဝမ်အရှင်သည် သူ၏မျက်လုံးထဲ၌ ရယ်စရာကြီးဖြစ်နေသည်မို့။

"ကြည့်ရတာ မင်းရဲ့မတော်လိုက်ရတဲ့ဇနီးလေးအကြောင်းပြောလိုက်တာနဲ့ ကြိတ်မနိုင်ခဲမရ ဖြစ်နေတုန်းထင်တယ်။ ဟင်း.. ဝမ်ရိပေါ်၊ ဝမ်ရိပေါ် မင်းလည်းဝဋ်ကြွေးတွေကြီးပါတယ်လေ"

"မင်းတော်လိုက်တော့ ရှောင်းကျန့်၊ မင်းအပြင်ကိုထွက်မှာလားမထွက်ဘူးလား။ ဒီနေ့ အနိုင်အရှုံးပေါ်မှကိုဖြစ်မှာ"

မျက်နှာကိုတည်တင်းလျက် အံကြိတ်ကာဆိုသည့် ဝမ်အရှင်အား ‌မိဖုရားခေါင်ရှောင်းသည် လက်ကာပြရင်း ခန္ဓာကိုယ်အား မတ်မတ်ရပ်လိုက်သည်။
သူ့မျက်နှာမှာတော့ အပြုံးသေးသေးလေးနှင့်။

"မင်္ဂလာဦးညကြီးလေကွာ။ ဒီလိုမင်္ဂလာဦးညမှာ မင်းကြီးနဲ့မိဖုရားခေါင်ကြီး ဓားတွေကိုယ်စီနဲ့ချနေကြတာကြားရင် တစ်တိုင်းတစ်ပြည်လုံး ဘယ်လိုတွေပြောကြမလဲ။ မင်းမစဉ်းစားမိဘူးလား ဦးနှောက်မရှိဘဲ ဘုရင်တက်လုပ်နေတဲ့သူရဲ့"

"မင်း!! ရှောင်းကျန့်!!၊ အဟက် ဘာလဲ၊ ငါ့ရဲ့ဇနီးဖြစ်ခဲ့ရမယ့်မိန်းကလေးကြားသွားမှာစိုးတာလား။ မင်းရှုံးသလိုခံစားလိုက်ရမှာစိုးတာလား"

"ဟက်၊ မိန်းကလေး‌တစ်ယောက်ကို ငါကအဲ့လောက်ထိ ကြောက်မနေဘူး ဝမ်ရိပေါ်။ ပြီးတော့ အဲ့မိန်းကလေးကလည်း ငါ့ရဲ့ငယ်နိုင် ငါ့ရဲ့ညီမလေးဆိုတာလည်း မင်းမမေ့နဲ့"

အောင်နိုင်သူတစ်ယောက်လိုပြုံးရယ်နေသည့် မိဖုရားရှောင်သည် ဝမ်အရှင်၏ မျက်လုံးထဲတွင်တော့ ကန့်လန့်ကြီးဖြစ်လို့နေသည်။
‌မည်သည့်စကားမျှထပ်မဆိုနိုင်လောက်အောင် ဒေါသထွက်နေသည့် ဝမ်အရှင်သည် အင်္ကျီလက်ကိုခါယမ်းရင်း မိဖုရားရှောင်းအား တွန်းတိုက်ကာ မင်္ဂလာဦးနန်းဆောင်အပြင်သို့ ထွက်သွားတော့သည်။

အရင်ကတည်းက ပျိုးခဲ့ဖူးသော အမုန်းတရားများသည် ဤမှစ၍ ရှင်သန်လာသည်။ မည်သည့်အချိန်ထိ ဆက်လက်ကြီးထွားနိုင်မည်မသိ။

------------------။

လက်ရှိကာလဟု‌ဆိုသော်....။

"သခင်လေးနိုးလာပြီလား.."

မိဖုရားရှောင်းသည် မျက်လုံးနှစ်လုံးပွင့်၍ ကုတင်ထက်မှ ငုတ်တုတ်ထထိုင်မိသည်။ ညကအိပ်မက်များသည် အတိတ်ကိုဆောင်ကြဉ်းနေသည်မို့။

"နေမကောင်းဘူးလား သခင်လေး။ မျက်နှာလည်းမကောင်းဘူး။ စူးစူးဘာလုပ်ပေးရမလဲ"

အိပ်ရာနိုးနိုးချင်း ကုတင်ထက်၌ ငိုင်နေသည့်သူ့ကိုကြည့်ကာ ပျာယာခတ်နေသည့် စူးစူးအားသူလက်ကာပြလိုက်သည်။

သူမွေးစဉ်ကတည်းက သူ၏ဘေးမှာ တကယ့်အစ်မအရင်းတွေလိုစောင့်ရှောက်ပေးခဲ့ကြသည့် စူးစူးနှင့်ချူးချူးသည် သူမျက်နှာတစ်ချက်ပျက်သည်နှင့် ပျာယာခတ်ကြစမြဲ။

"အိပ်မက်မကောင်းလို့ပါ စူးစူး။ ငါဘာမှထွေထွေထူးထူးမဖြစ်ပါဘူး"

မိဖုရားခေါင်ကြီးသည် ကုတင်ထက်မှထကာ ကိုယ်လက်သန့်စင်၍ မိမိနှင့်သင့်တော်လျောက်ပတ်သော ဝတ်စုံကိုဆင်မြန်းလိုက်သည်။

"စူးစူး၊ ချူးချူး။ သုံးနှစ်တောင်ရှိတော့မယ်။ တိုင်းပြည်ထဲက လူတွေကငါ့ဆိုရင် ဘယ်တော့မှအကောင်းမပြောကြဘူးနော်"

မိဖုရားခေါင်ကြီး၏စကားကြောင့် ကောင်မလေးနှစ်ယောက်သည် မျက်နှာတို့ပျက်သွားကြပါလိမ့်မည်။
တိုင်းပြည်နေရာအနှံ့၌ မိဖုရားခေါင်ကြီးအား ရှုံ့ချပြောဆိုနေကြသည်မို့။

"ရှောင်းအိမ်တော်ဘက်က ဘာသတင်းရသေးလဲ"

ရုတ်တရက်ဆန်စွာမေးမြန်းလာသူ မိဖုရားခေါင်ရှောင်းသည် သူ၏နူးညံ့လာသော ဆံနွယ်ရှည်များကို ဖြီးသင်၍နေသည်။
သူ၏နောက်လိုက်ကောင်မလေးနှစ်ယောက်သည် မျက်နှာတို့ညိုးလျက်။

"သခင်လေးကို အခုထက်ထိ သခင်ကြီးကစိတ်ပြေသေးဟန်မတူဘူး"

မဝံ့မရဲနှင့်ပြန်ဖြေလာသော ချူးချူး၏စကားကြောင့် ‌မိဖုရားခေါင်ရှောင်းသည် ခေါင်းတဆက်ဆက်ညိတ်လျက်ရှိသည်။

မင်းဧကရာဇ်နှင့်သူလက်ထပ်ခဲ့သည်ဆိုသော်လည်း ယောကျာ်းလေးအချင်းချင်းမို့ လက်မခံနိုင်သော ဖခင်သည် သူတို့မင်္ဂလာဆောင်သည့်နေ့မှာပင် ရှောင်းမိဖုရား၏ မျက်နှာထက်ကို လက်သီးတစ်ချက်ပစ်သွင်းဖူးသည်မို့။

"ညီလာခံကိုသွားရအောင်"

ကောင်မလေးနှစ်ယောက်အား အတွေးမများစေရန် ဆံပင်ဖြီးသင်နေရာမှ ကျောက်စိမ်းဘီးလေးကို စားပွဲပေါ်သို့ငြင်သာစွာတင်ရင်း ထိုင်ခုံမှ မတ်တပ်ထရပ်သည့်မိဖုရားခေါင်ရှောင်းသည် ပွင့်ကာစပန်းလေးတစ်ပွင့်နှယ် တင့်တယ်လှပေ၏။

ခြေတစ်လှမ်းချင်း လှမ်းလိုက်တိုင်းမှာ ပန်းတွေပွင့်လာသကဲ့သို့ ဩဇာကြီးသော မိဖုရားခေါင်ကြီး၏ဦးတည်ရာသည် ဘုရင်းမင်းမြတ်၏ ညီလာခံသို့ဖြစ်လိမ့်မည်။

နောက်လိုက်ကောင်မလေးနှစ်ယောက်ကတော့ ခေါင်းကြိမ်းလျက်။

----------------------။

"ဒီနေ့အတွက်ပြဿနာက များလှချည်လား။ ကိုယ်တော်ထီးနန်းစိုးစံလာတဲ့သက်တမ်းတစ်လျှောက်မှာ ဒီလောက်များတဲ့အမှုတွဲတွေတစ်ခါမှမတွေ့ဖူးဘူး"

"အုပ်ချုပ်တဲ့မင်းက အရည်အချင်းမရှိရင် တိုင်းပြည်မှာမကောင်းမှုတွေများနေတာ မဆန်းပါဘူး"

အနီရောင်ညီလာခံခန်းမအလယ်၌ မြစိမ်းရောင်ပိုးသားဝတ်ရုံကိုဆင်မြန်းထားသော မိဖုရားခေါင်ကြီးသည် မာန်ဝံ့လျက် လျှောက်လှမ်းလာသည်။

မျက်နှာပျက်သွားသောမင်းကြီး၏ရင်ထဲ၌ ဒေါသမီးများဟုန်းဟုန်းတောက်နေပြီဟု ညီလာခံအမတ်များကောင်းကောင်းသိနေကြပြီဖြစ်သည်။

သူတို့သည် မင်းကြီးနှင့်မိဖုရားခေါင်ကြီး၏ဆက်ဆံရေးကို သိထားကြသူတွေမို့..။

"မင်းဘာလာလုပ်တာလဲရှောင်းကျန့်!!"

အရှင်မင်းကြီး၏အသံသည် ညီလာခံထဲ၌ ပဲ့တင်ထပ်လျက်ရှိသည်။ မိဖုရားခေါင်ကြီး၏ မာန်ပါသောခြေလှမ်းများသည် အရှင်ဧကရာဇ်၏ ပုလ္လင်ရှိရာသို့ဦးတည်လျက်..။

"ညီလာခံလာတက်တာလေ..။ မမြင်ဘူးလား"

ဝမ်မင်းကြီးက ဟက်ခနဲရယ်သည်။ လှောင်ရယ်လိုသော မျက်ဝန်းများက သူ၏မိဖုရားခေါင်ဆီဦးတည်လျက်..။

"အနောက်ဆောင်က မိဖုရားတွေက တိုင်းပြည်ရေးရာဝင်ပါခွင့်မရှိတာ မင်းနားမလည်ဘူးလား ရှောင်းကျန့်"

မိဖုရားခေါင်ကြီးသည် မချိပြုံးပြုံးလျက် ဝမ်ဧကရာဇ်အားစိုက်ကြည့်သည်။ သူ့မျက်ဝန်းတွေက ဒေါသကြောင့်ရဲရဲနီလျက်..။

"အနောက်ဆောင်ကမိဖုရား...?။ အဟက် ငါကအနောက်ဆောင်ရဲ့ အရှင်သခင်လေ။ အနောက်ဆောင်က မိဖုရားတစ်ယောက်မှမဟုတ်တာ။ ဘာလို့စည်းမျဉ်းတွေကိုလိုက်နာနေရမှာလဲ ဝမ်ရိပေါ်"

ညီလာခံအတွင်းမှအမတ်များသည် မျက်နှာပျက်လျက်ရှိသည်။ စိတ်ညစ်စွာခေါင်းကိုအသာအယာခါနေသူများသည် ရန်ပွဲများကို မလိုလားကြောင်းသက်သေပြ၏။

ယခုထက်ထိ ခန်းမအလယ်၍ မာန်ဝံ့ကာမတ်တပ်ရပ်၍ အရှင်မင်းကြီးနှင့် စကားနိုင်လုဆဲဖြစ်သည့် မိဖုရားခေါင်ကြီးသည် အများအမြင်၌ အတော့်ကိုအမြင်ကတ်ဖို့ကောင်းသည်။

"ဘယ်လိုပဲဖြစ်ဖြစ်၊ မင်းဒီကိုလာခွင့်မရှိဘူးရှောင်းကျန့်။ မင်းနေရာမင်းပြန်။ မင်းအဆောင်ကိုပဲပြန်ပြန်၊ ဥယျာဉ်တော်ကိုပဲသွားသွား၊ ကြိုက်တဲ့နေရာဆီလစ်"

အရှင်မင်းကြီး၏ ရုတ်ရင်းကြမ်းတမ်းသောစကားများကို ကြားနာပြီးသည့်သကာလ မိဖုရားခေါင်ကြီးသည် မျက်နှာတစ်ချက်ပျက်သွားရုံကလွဲလျှင် ဘာမျှမဖြစ်။

ခပ်တည်တည်မျက်နှာထားဖြင့်သာ လှောင်နေသည့်မျက်ဝန်းများဖြင့် အရှင်မင်းကြီးအားစိုက်ကြည့်နေဆဲ..။

"တိုင်းပြည်ရဲ့မင်းကြီးတစ်ယောက်က သူ့ရဲ့မိဖုရားခေါင်ကို ဒီလိုကြီးနှင်ထုတ်တာကို ပြည်သူပြည်သားတွေကြားရင် ဘယ်လိုများနေမလဲမသိဘူးနော်"

မိဖုရားခေါင်ကြီးသည် မဲ့ပြုံးပြုံးရင်းသာ ဆိုသည်။

"မင်းကဘာမှန်နေလို့ အသံကောင်းဟစ်နေတာလဲ။ အခုချိန်မှာရှုံးနေတာကမင်းပါ"

"ဟက် ကြည့်ကြသေးတာပေါ့"

မိဖုရားခေါင်ကြီးသည် တစ်ချက်မျှရယ်၍ သူ့ဝတ်ရုံစကိုခါကာ ညီလာခံခန်းမမှလှည့်ထွက်ခဲ့သည်။
နေရောင်ခြည်အောက်၌ တောက်ပနေသည့် မြစိမ်းရောင် ပိုးသားဝတ်စုံသည် အခြားသူမျက်လုံးထဲ၌ ခန့်ညားချင်ခန့်ညားပါလိမ့်မည်။
သို့သော် ဝမ်အရှင့်မျက်လုံးထဲ၌ မုန်းစရာကောင်းနေဆဲ..။

---------------------။

ကြည့်မရခြင်းသစ်စေ့လေးကို လောင်စာထပ်ဖြည့်တဲ့အခါ မုန်းတီးခြင်းဆိုတဲ့အပင်ပေါက်လေးဖြစ်ပေါ်လာတယ်။

--------------------။

EP-2 is coming soon

Continue Reading

You'll Also Like

10.3K 875 15
Hidup berada di antara pertengkaran kedua orang tua bukanlah hal yang mudah bagi Bulan dan Bintang. Setiap hari, setiap saat, satu persatu barang di...
1.3M 57K 103
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
42.6K 3.6K 27
ကိုယ်ချစ်တဲ့idolကလည်းကိုယ့်ယောက်ျားဖြစ်လာနိုင်ပါတယ် ကိုယ့်ရဲ့ idolကလည်းကိုယ့်ယောကျာ်းဖြစ်လာနိုင်ပါတယ်
1M 40.6K 93
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...