You Are My Doll (or) ချစ်ခြင်...

By ShanThaKhin

9.3K 498 14

နာကျင်မှုကနေမုန်းတီးမှုဆီကျရောက်လာခဲ့မယ်ဆိုရင် ပူလောင်လွန်းတဲ့လက်စားချေမှုတွေဖြစ်ပေါ်လာလိမ့်မယ် လက်စားချေမှုက... More

You Are My Doll(intro)
You Are My Doll (part1)
You Are My Doll (part2)
You Are My Doll (part3)
You Are My Doll (part4)
You Are My Doll(part5)
You Are My Doll (part6)
You Are My Doll (part7)
You Are My Doll (part8)
You Are My Doll(part9)
You Are My Doll(part10)
You Are My Doll (part11)
You Are My Doll ( The Main Characters)
You Are My Doll (part12)
You Are My Doll (part13)
You Are My Doll(part14)
You Are My Doll(part15)
You Are My Doll (part16)
You are my doll (part17)
You Are My Doll (part18)
You Are My Doll(part20)🚨🚨
You Are My Doll (part21)Final
Fic နာမူနာ

You Are My Doll(part19)

316 22 0
By ShanThaKhin

''နက္ခဆရာကြီးနက္ခဆုံတဲ့ညမှာနက္ခကိုတွက်ကြည့်တော့ခုနှစ်ကြယ်နက္ခကနေနက္ခနဲ့ယှဥ်ပြီးတိုက်ခိုက်နေတာတွေ့ရတယ်ဘေးမှာလဲဘီးလူးနက္ခကပါ၀င်ဖို့အတင့်ရှိနေတယ်....ဟောကိန်းကိုဆန်းစစ်ကြည့်လိုက်ရင်မဟာနတ်ထရာအတွက်ကံဆိုးမှုကြီးကျရောက်နေပြီးဆိုတာဘဲ''

''ဗျာဆရာကြီးဒါဆိုဘယ်လိုလုပ်ရမလဲ....''

''ဒီကိစ္စလွယ်မလိုနဲ့မရိုးရှင်းဘူးသခင်လေး...ရန်သူတွေကသခင်ကြီးသေဆုံးမှုမှာ၀မ်းသာနေကြတယ်..သူတိူ့အတွက်မဟာနတ်ထရာစံအိမ်ကိုချုပ်ကိုင်နိုင်ပြီးထင်နေကြတာ...သခင်လေးစိတ်မပူပါနဲ့ဆရာကြီးသခင်လေးတို့မဟာနတ်ထရာစံအိမ်တော်ကိုကာကွယ်ဖို့အတွက်လုပ်ဆောင်ပေးပါ့မယ်...သခင်လေးလုပ်ရမှာကဦးနေခမ်တို့သားအဖကိုသေချာစောင့်ကြည့်ထားဖို့ဘဲအနီးဆုံးရန်သူကပိုပြီးကြောက်ဖို့ကောင်းတယ်တဲ့.....သခင်လေးရဲ့ဖခင်သေဆုံးမှုဟာအရက်ကြောင့်မဟုတ်ဘူးသခင်လေးကိုဆရာကြီးအကြံပြန်ပြုစေချင်တယ်...''

ဆရာကြီးပြောစကားကြောင့်လော်ေက့ခေါင်းထဲမထင်မှတ်ထားတာတွေတွေးမိတော့သည်။

#ဒယ်ဒိသေဆုံးတဲ့ညမှာမသေဆုံးခင်ဘယ်ကိုသွားခဲ့တာလဲငါသိမှဖြစ်မယ်....ခွန်နေခမ်တို့ကိုငါသေချာစောင့်ကြည့်နေမှြဖစ်တော့မယ်.

''ကျွန်တော်အမှုကိုပြန်ပြီးဆန်းစစ်ပါမယ့်ဆရာကြီး....''

''ကိုလတ်ဘယ်လိုထင်လဲ....''

ကိုလတ်စဥ်းစားနေပြီးခနနေတော့တခုခုကိုသတိရသွားတာကြောင့်ပြောပြလေသည်။

''ငါသတိရပြီး...''

''ဘာလဲကိုလတ်''

''ဒယ်ဒီမသေဆုံးခင်ခွန်နေခမ်ဆီအလုပ်ကိစ္စနဲ့သွားတွေ့မယ်လို့ဦးမြတ်ငါ့ကိုပြောထားဖူးတယ်အဲနေ့ကငါလဲတာ၀န်မရှိတော့တာကြောင့်စံအိမ်မှာခနတဖြုတ်လာနားရင်းမေးမိသွားတာ...''

''နောက်တော့ဘာဆက်ဖြစ်လဲကိုလတ်...''

''ဦးမြတ်စံအိမ်ကိုtaxiနဲ့ပြန်လာခဲ့တယ်ဒယ်ဒီကအရေးကြီးကိစ္စရှိလို့ပြန်မလာခဲ့ဘူးငါသိတာဒယ်ဒီကခွန်နေခမ်တို့ဆီကိုသွားတာကိုဘဲ..''

''ကျွန်တော်ထင်တာသေချာသွားပြီးဒယ်ဒီအမှုမှာခွန်နေခမ်တို့ပါ၀င်မယ်ဆိုတာ...''

''သသမှတ်တည်းပြောလို့မရဘူးသူတို့တရားခံဆိုတာကိုလတ်တို့အရင်စစ်ဆေးမှုပြုလုပ်ရမယ်...ဆိုးတာကကိုလတ်တို့မှာသက်သေလက်၀ယ်မရှိတာဘဲ...ဒယ်ဒီအလောင်းကိုစစ်ဆေးတုန်းကနှလုံးရပ်ပြီးသေတာလို့ဆရာ၀န်တွေကောက်ချက်ချခဲ့တယ်ကိုလတ်တော့ဒယ်ဒီသေတာသွေးရိုးသားရိုးမဟုတ်တာသိတယ်အခုစံအိမ်မှာသုမဂ်လာရောက်နေတယ်မလား....''

''ဟုတ်ကဲ့ကိုလတ်သူ့ကိုသေချာစောင့်ကြည့်ဖို့ထီရတ်ကိုတာ၀န်ပေးထားပါတယ်....''

''ကောင်းတယ်အနီးကပ်စောင့်ကြည့်တာပိုပြီးကောင်းတယ်ကိုလတ်ဒယ်ဒီ့အမှုကိုရအောင်ဖော်ထုတ်မယ်ညီစစ်....''

''သခင်လေးတိူ့အခုလိုစည်းလုံးတာဆရာကြီး၀မ်းသာတယ်....နတ်မြတ်ဆရာကြီးပြောတာတွေဘယ်တော့မှမမေ့နဲ့''

''ဟုတ်ကဲ့ဆရာကြီး''

************************************
မဟာနတ်ထရာစံအိမ်မှာတော့

ခွမ်း..ခွမ်း....

တော်ပါတော့မလုပ်ပါနဲ့တော့.....အစေခံများက၀ိုင်းတားပေမယ်သုမဂ်လာဂရုမစိုက်ဘဲကျန်အစေခံများကိုပန်းကန်ဖြင့်ပစ်ခွဲနေလေသည်။

ပျိုကြည့်မနေနိုင်တော့တာကြောင့်သုမဂ်လာကိုပါးရိုက်လိုက်လေသည်။

ဖြန်း!!!ရိုက်အားပြင်းတာကြောင့်ခေါင်းနောက်ပြန်လည်ထွက်သွားလေသည်။စိတ်တိုကာပန်းခေတ်ပျိုအား...

ကောင်မနင်...နင်ငါကိုပါးရိုက်ရဲတယ်...နင်..
ကဲဟယ်....

ပန်းခေတ်ပျိုသုမဂ်လာလက်ကိုဆွဲပြီးချုပ်ထားလိုက်သည်၊

အားးးငါ့လက်ကိုလွှတ်....

ပန်းခေတ်ပျို...ရပ်လိုက်....

ပျို့ကိုရပ်လိုပြောလိုက်တာကြောင့်ပျိုသုမဂ်လာလက်ကိုလွှတ်ပြီးလော်ကေ့ကိုကြည့်လ
ိုက်သည်။လော်ကေ့သူမအားမျက်မှောင်ကျုံပြီးစိုက်ကြည့်နေတာကြောင့်သုမဂ်လာက....

ကိုကိုအဲမိန်းမသုသုကိုအနိုင်လာကျင့်နေတယ်...အင့်ဟင့်ဟင့်...

ပျိုက# သရုပ်ဆောင်လုပ်ရင်အကယ်ဒမီထက်ပိုမြင့်တာတောင်ရနိုင်တယ်လို့စိတ်ထဲကနေပြောလိုက်လေသည်။..

ငါကဘဲအနိုင်ကျင့်ရသေးနင်ခနကဘာလို့ပန်းကန်တွေကောက်ခွဲနေတာလဲဟမ်း....

ကိုကိုကြည့်သူလုပ်တာကိုသူများကိုအပြစ်ပုံချနေတယ်...

လော်ကေ့စံအိမ်ထဲ၀င်လာတော့မြင်လိုက်ရသောသူမတို့ရန်ဖြစ်နေတာကြောင့်ချက်ချင်းသူမတို့အနားကိုရောက်လာခဲ့သည်။ဆရာကြီးတိူ့အိမ်ကနေပြန်လာပြီးစံအိမ်ထဲကို၀င်၀င်ချင်းသုမဂ်လာရဲ့လုပ်ရပ်ကြောင့်တော်တော်စိတ်ပျက်မိသွားသည်။လော်ကေ့၀င်ဆွဲတော့သူမကဟန်ဆောင်ငိုပြလေသည်၊စိတ်ပျက်ဖို့ကောင်းလိုက်တာ...ပျို့ကိုကြည့်တော့သူမမှန်တယ်ထင်ရင်ဘယ်သူ့မှဂရုမစိုက်တဲ့ပုံစံပင်။.ကလေးဘ၀ကိုပုံစံလေးကိုပြန်သတိရပြီးပြုံးလိုက်မိသည်။

ကိုကိုဘာလိုပြုံးနေတာလဲသူများထိတာကိုပျော်နေတာလား....

မဟုတ်ပါဘူးသုသုရယ်ကိုကိုအတွေး၀င်သွားလို့ပါလာကိုကိုဆေးသွားထည့်ပေးမယ်...

ဟုတ်ကိုကို....

ပျို့အရှေ့ကမြင်ကွင်းကိုမကြည့်ချင်တော့တာကြောင့်ပန်းခြံထဲထွက်လာခဲ့သည်၊လသာနေတာကြောင့်ပန်းခြံကြီးတစ်ခုလုံးကိုလင်းလင်းရှင်းရှင်းမြင်နေရသည်။ဒန်းလေးအပေါ်မှာထိုင်ပြီးလမင်းကြီးအားငေးကြည့်နေမိသည်။

#လမင်းရယ်နင့်ကိုငါသ၀န်တိုမိတယ်သိလားနင်ကျတော့အေးချမ်းစွာကောင်းကင်ယံမှာထိန်ထိန်သာနိုင်တယ်ငါကျတော့ကိုယ်ချစ်တဲ့သူနားမှာနေရပေမယ့်ပူလောင်နေရတယ်....နင်သိလာလမင်း..ငါ့ရဲ့ဟောဒီရင်ဘတ်ကိုသူအကြိမ်ကြိမ်ဓားနဲ့ထိုးနေခဲ့တာ..ငါအရမ်းနာကျင်ရတယ်ဒါမယ့်ငါပျော်တယ်သူ့အနားမှာဘဲငါဘ၀ကုန်ဆုံးတဲ့အထိနေသွားမယ်လို့ဆုံးဖြတ်ထားပြီးပြီး....ငါဘ၀ကအခုမှမဟုတ်ဘူးအရင်ကတည်းကကံဆိုးနေခဲ့တာ....လော်ကေ့ငါနင့်ကိုချစ်မိတာနောင်တမရဘူးငါကြောင့်နင်နာကျင်ခဲ့ရတာတွေကိုပြန်ပြီးကလဲစားချေမယ်ဆိုလဲငါခံရဲပါတယ်....

သူမမျက်ရည်တွေမျက်၀န်းအိမ်အတွင်းမှပါးပြင်ပေါ်သို့ကျဆင်းလာခဲ့သည်။...

သူမအတွေးထဲမျောနေချိန်ဘယ်ချိန်ကတည်းကရောက်နေတာလဲမသိသောသူကသူမရဲ့မျက်ရည်တွေကိုသုတ်ပေးနေလေသည်။သူမဘေးဘက်ကိုကြည့်လိုက်တော့သူမအားစိုက်ကြည့်နေသောအကြည့်စူးစူးကိုတွေ့ရလေသည်။သူမဒီအကြည့်တွေကိုသိပ်ကိုမြတ်နိုးခဲ့တယ်....

သူမထထွက်သွားဖို့ပြင်တော့သူက သူမကိုရင်ခွင်ဆွဲသွင်းကာပွေ့ဖက်ထားလေသည်။

သူမရုန်းကန်မိသည်။သို့သော်သူမလွှတ်ပေ။

ရှင်ကျမကိုလွှတ်....

ဘာလို့ငိုနေတာလဲကို့ကြောင့်လား...

သူမတိတ်နေခဲ့သည်။သူသူမကိုမျက်လုံးချင်းဆုံအောင်ကြည့်ပြီးမေးလိုက်သည်။

ဘာလို့ငိုနေတာလဲ..

ရှင့်အပူမပါဘူးကျမကိုလွှတ်ပါ....

မင်းကို့အနားမှာရှိနေတာလေမင်းကိုကိုဂရုစိုက်ပေးရမှာပေါ့...

မလိုဘူးရှင့်ရဲ့သတို့သမီးလောင်းကိုဂရုစိုက်လိုက်ပါကျမကိုတစ်ယောက်တည်းလွှတ်ထားပေးပါရှင်သွားတော့.....

သူမပြောပြီးဒန်းပေါ်ပြန်ထိုင်ချလိုက်သည်။လော်ကေ့လဲသူမလေးနားမှာထိုင်ချပြီးသူမရဲ့လက်ကိုဆုပ်ကိုင်ထားလေသည်။သူမရုန်းသည်၊လော်ကေ့စိတ်မရှည်တာကြောင့်သူမမျက်နှာကိုဆွဲလှည့်ပြီးနှုတ်ခမ်းကိုအနမ်းပေးလိုက်သည်။

သူမဘက်ကတုံ့ပြန်မှုတစုံတရာမှမကျရောက်ခဲ့ပေ။လော်ကေ့၀မ်းနည်းသွာူေလသည်။
သူမနှုတ်ခမ်းကိုနမ်းတာရပ်လိုက်တော့သူမ

ချစ်လား

သူပြန်မဖြေမိပေ။သူမကပြုံးပြီးပြန်ပြောလေသည်။

အခုချိန်မှာကျမကရှင်ပိုင်တဲ့အရုပ်တစ်ရုပ်သာသာဘဲရှိတယ်မလားဒါကြောင့်ရှင်ကျမကိုရှင့်စိတ်ကြိုက်ပြုမူနေတာပေါ့...

လော်ကေ့သူမစကားတွေကြောင့်တော်တော်ဒေါသထွက်သွာသည််။

ပျိုမင်းကကို့အချစ်ကိုစော်ကားတယ်နော်ရတယ်.....မင်းကငါ့ရဲ့အရုပ်ဖြစ်ချင်နေတာမလားဖြစ်စေရမယ်မင်းကငါဘ၀အတွက်ပျော်ရွှင်မှုအရုပ်လေးဘဲင့ါကိုပျော်ရွှင်မှုဖန်တီဖို့မင်းကိုငါအခူလိုအပ်တယ်ပန်းခေတ်ပျို....

လော်ကေ့သူမအားပွေ့ချီကာအိပ်ခန်းရှိရာဆီလျှောက်လှမ်းလာခဲ့သည်။သူမကိုကုတင်ပေါ်ပွေ့တင်လိုက်ပြီးသူ့အ၀တ်အစားများအားချွတ်ကာကုတင်ပေါ်ရှိသူမအပေါ်သို့အုပ်မိုးလိုက်လေသည်။

################################

နောက်တစ်ပိုင်း🚨🚨🚨




Continue Reading

You'll Also Like

656K 34.8K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
62K 3K 8
Madhu and RK call off their wedding the night before their engagement, only to start falling for each other the very same night. Cover Courtesy : Im...
3.9M 162K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1K 107 16
Red Roses. Symbolises love and death together as it's both a blessing and a curse. Hwang Hyunjin grew red roses with passion, care and undying love...