ငါ့ခင်ပွန်းကို နေ့တိုင်း အလို...

Bởi NyeinHlaingZin123

157K 13.6K 139

Title - Pampering My Husband Every Day Type - Web Novel (CN) Genre - Romance , Slice of Life Author - Grumpy... Xem Thêm

Description
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
paid gp
အပိုင်း ၄
promotion
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
ပရိုမိုးရှင်း
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
အပိုင်း ၃၃
အပိုင်း ၃၄
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
လျော့စျေး
အပိုင်း ၄၁
အပိုင်း ၄၂
gp ပြီးဆုံးခြင်း
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
၃ နှစ်ပြည့် 😍😘😘
အပိုင်း ၅၃
အပိုင်း ၅၄
အပိုင်း ၅၅
အပိုင်း ၅၆
အပိုင်း ၅၇
အပိုင်း ၅၈
အပိုင်း ၅၉
အပိုင်း ၆၀
အပိုင်း ၆၁
အပိုင်း ၆၂
အပိုင်း ၆၃
အပိုင်း ၆၄

အပိုင်း ၂၀

2.3K 242 8
Bởi NyeinHlaingZin123

Unicode

ငါ့ခင်ပွန်းကို နေ့တိုင်း အလိုလိုက်နေရတယ်

အပိုင်း ၂၀


"အထူး သွားချင်တဲ့နေရာမျိုးရှိလား"  ချင်ကောက မေးလိုက်သည်။

"ရှင်သွားချင်တဲ့နေရာကိုသွားပါ ကျွန်မ အဆင်ပြေပါတယ်" ဝူထုန်က တုံ့ပြန်ခဲ့သည်။

“ကောင်းပြီလေ။  မင်းရဲ့ပတ်စပို့ကို နောက်ကျ ပေးဖို့မမေ့နဲ့” ချင်ကော ပြောလိုက်သည်။

"အိုကေ" ဝူထုန်က ချင်ကောပဲ အလုပ်အားလုံးကို အမြဲလုပ်ပေးနေရတာအတွက် အနည်းငယ်ရှက်ရွံ့သလို ခံစားမိတာကြောင့် သူမ သူ့ကို အားရပါးရပြုံးပြခဲ့သည်။ နေရောင်ခြည်က သူမမျက်နှာကို တောက်ပစေတာကြောင့် ဘယ်လောက်လှပပြီး စူးရှတောက်ပနေလဲကို သူမ မသိလိုက်ပေ။  သူမ အပြုံးက ချင်ကော အတွက် အလွန် ဆွဲဆောင်မှု ရှိသည်။

ချင်ကောက သူ့အတွင်းရှိ သားရဲကို မထိန်းချုပ်နိုင်တော့ပေ။ သူ အဲ့တာကိုအကြာကြီးသည်းခံခဲ့ပြီးနောက် စားကောင်းသောက်ဖွယ် အစားအစာကို ကိုက်စားဖို့ အသင့်ဖြစ်နေတဲ့ ဝံပုလွေတစ်ကောင်လို ဝူထုန်ကို သစ်ပင်ရဲ့ ပင်စည်မှာ အတင်းဖိကပ်ထားခဲ့သည်။

ဝူထုန်ရဲ့ ခန္ဓာကိုယ် တောင့်တင်းသွားပေမယ့် တဖြည်းဖြည်း သက်သာလာသည်။ ငါတို့ရဲ့အိမ်ထောင်ရေးက တရားဝင်ဖြစ်နေပြီလေ။ ငါဘာလို့ စိတ်ရှုပ်နေရမှာလဲ။  ဝူထုန်က ချင်ကော မျက်ဝန်းတွေထဲ အရိုင်းဆန်တဲ့ အကြည့်ကို မြင်လိုက်ရသည်။  သူမ မျက်လုံးတွေကို ဖြည်းညှင်းစွာမှိတ်လိုက်ပြီး နှုတ်ခမ်းကို အနည်းငယ်ဟလိုက်သည်။

ဝူထုန်ရဲ့ နှုတ်ခမ်းများကို သူ ခွဲလိုက်ရင်း ချင်ကော ကမ္ဘာသစ်ကို ရှာဖွေတွေ့ရှိနေသလိုပင်။ သူ့လျှာက သူမပါးစပ်ထဲ ချော်ဝင်သွားပြီး သူမ လျှာဖျားကို ထိတွေ့မိသွားသည်။  နှစ်ယောက်စလုံး အသက်ရှုမဝတော့သည်အထိ ပြင်းပြင်းထန်ထန် စုပ်ယူခဲ့ကြသည်။

ချင်ကောက သူ့ကိုယ်သူ ထိန်းချုပ်ရန် ကြိုးစားနေသလိုမျိုး ဝူထုန့်ခါးကို အနည်းငယ် တင်းတင်းဆုပ်ကိုင်ထားသည်။

"မင်း အချိန်ဘယ်လောက်ကြာကြာ လိုအပ်လဲ"  ချင်ကောက မေးလိုက်သည်။

ဝူထုန် ကြောင်တောင်တောင်နေခဲ့သည်။  အချိန်အတော်ကြာပြီးနောက် သူမက လက်ရှိအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်ဖို့ အချိန်အနည်းငယ်လိုအပ်ကြောင်း ကော်ဖီဆိုင်မှာ ချင်ကောကို ပြောပြခဲ့တာကို ပြန်သတိရလာသည်။  သူမ အချိန်ဘယ်လောက်ကြာကြာ လိုအပ်ပြီး အဲ့တာက“မှန်တယ်” လို့ ခံစားရမယ်ဆိုတာ သူမသေချာမသိပေမယ့် ချင်ကောကို စောင့်ခိုင်းရတာကတော့ သူ့အတွက် တကယ်မတရားဘူး။  နောက်ဆုံးတော့ သူ့မှာ ပြင်းပြတဲ့ ဆန္ဒရှိတယ်။

“ကျွန်မ…”

“တစ်လ… ဒီလအတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် အချိန်ပိုပေးကြရအောင်”  ချင်ကောက "ကိုယ်တို့ရဲ့ ဟန်းနီးမွန်းခရီးမှာ သီးခြားစီခွဲမအိပ်ချင်ဘူး" ဟု ပြောကာ ရှာဖွေသောအကြည့်ဖြင့် ဝူထုန့်မျက်​ဝန်းတွေကို ကြည့်လိုက်သည်။

ဝူထုန်က ဘယ်လိုတုံ့ပြန်ရမလဲကို သေချာမသိပေမယ့် ချင်ကောက အလွန်ရက်စက်တဲ့ တောင်းဆိုမှု မလုပ်ကြောင်း သူမ သိသည်။ အဆုံးတွင် သူမ ခေါင်းညိတ်လိုက်သည်။

နောက်ဆုံး ချင်ကော ဝူထုန့်ကို လွှတ်ပေးတဲ့အခါ ရွှင်မြူးနေသည့် ခံစားချက်မျိုး ရှိနေပုံရသည်။  သူက ပြုံးပြီး "မင်းကို အိမ်ပြန်ပို့ပေးမယ်"

ချင်ကောက သူ့ဆိုင်ကယ်ကိုစီးပြီး သူမရဲ့ တိုက်ခန်း အဆောက်အဦးတံခါးဝမှာ ချပေးခဲ့သည်။  ဝူထုန်က လှေကားဘေးတွင် ရပ်ကာ အဝေးမှ သူ့ပုံသဏ္ဍာန်ပျောက်သွားတာကို ကြည့်ခဲ့သည်။  နေရောင်မှိန်မှိန်မှိန် နေဝင်ရီတရောဖြစ်နေသည့်နေရောင်က သူမ အပေါ်ကျရောက်နေကာ သူမကို အနည်းငယ်အားနည်းနေပုံပေါ်စေသည်။

ဘဝက မင်းလိုချင်တဲ့လမ်းကို ဘယ်တော့မှမသွားဘူး။  မင်းရဲ့လက်ရှိဘဝကို ကျေနပ်တယ်ဆိုရင် အဲဒါက မင်းရဲ့ပုံစံကို “ကြိုက်” ချင်တဲ့ ဆန္ဒကြောင့်ပဲ။ ဒီအချိန်မှာ ဝူထုန်အတွက် အဲ့တာက ဘယ်လိုမျိုးလဲ။ သူမ ချင်ကော ကို အခွင့်အရေးပေးလိုတဲ့စိတ်ရှိခဲ့သည်။

အပြောင်းအလဲနှင့် လိုက်လျောညီထွေရှိတာက အမြဲနာကျင်စေသည်။  သူမရဲ့ ကြိုးစားအားထုတ်မှုတိုင်းက အဆုံးမှာ သူမကို ပျော်ရွှင်စေလိမ့်မယ်လို့ မျှော်လင့်တယ်။

ဝူထုန် ပြုံးလိုက်သည်။  သူမ အိတ်ကို ဆုပ်ကိုင်လိုက်ပြီး ဆေးရုံက မောင်လေးကို သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

ချင်ကော ကျောက်စိမ်းတောင်ကိုရောက်တာနဲ့ ချင် မိသားစုကလူတိုင်း သက်ဝင်လှုပ်ရှားလာကြသည်။  သူပြန်လာတာကိုမြင်တော့ အားလုံးက သူ့ကို လှမ်းကြည့်နေကြသည်။

"ကျွန်တော်တို့ လက်ထပ်စာအုပ်တွေရလာပြီ  " ချင်ကောက အမှုမဲ့အမှတ်မဲ့ပြောလိုက်သည်။

မစ္စစ်ချင်က ဘာလို့ သူ့သား တစ်ယောက်တည်း ပြန်လာတာလဲ ဆိုတာကို စိတ်ရှုပ်နေမိသည်။  "ဝူထုန်ကော "

"ဝူထုန်မှာ တခြားအလုပ်တွေရှိသေးလို့ သူ့ကို အိမ်ပြန်ပို့လိုက်တယ်" လို့ ချင်ကောပြောလိုက်သည်။ “နောက်လမှာ ဟန်းနီးမွန်းထွက်ဖို့ စီစဉ်ထားတယ်။ အဲ့ကပြန်ရောက်ပြီးရင် အိမ်ပြောင်းတော့မယ်”

"ဒါပေမယ့် ငါ့ချွေးမကို တွေ့ခွင့်တောင် မရတော့ဘူးပေါ့"  သူပြောတာကို အခြေခံရရင် သူမကို ခေါ်လာဖို့ သူ့မှာ အစီအစဉ်မရှိဘူးဆိုတာကို မစ္စစ် ချင် ပြောနိုင်သည်။

" ကျွန်တော်တို့ သူမနဲ့ သူမမိသားစုနဲ့ အတူတူ ညစာစားကြမယ်လေ " ချင်ဟွိုက်က အကြံပေးခဲ့သည်။

"အဲ့လိုလုပ်လိုက် "  သူစကားပြောပြီးတာနဲ့ ဖေးဖေးကို စစ်ဆေးဖို့ အပေါ်ထပ်ကို ချက်ချင်းတက်သွားခဲ့သည်။

ချင်မိသားစုမှ ကျန်အဖွဲ့ဝင်တွေက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ချင်ကော အခု ပျော်နေတာလား မပျော်ဘူးလား။

ချင်ကောက သူ့သားရဲ့ အိပ်ခန်းတံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်သည်။ သူထင်ထားသလိုပဲ၊ ဖေးဖေးက ဉာဏ်စမ်းရုပ်ဆက်တစ်ခုနဲ့ ကြမ်းပြင်ပေါ်တွင် ရှိနေပြန်သည်။  ချင်ကောက သူ့လက်ထပ်စာအုပ်ကို ထုတ်ပြီး ဖေးဖေး ကို မပြခင် ခဏလောက်ထိုင်ပြီး သူ့ကိုကြည့်ခဲ့သည်။  "ဖေးဖေး၊ ဒါက မင်းရဲ့ အနာဂတ်အမေပဲ "

ဖေးဖေး သူ့ရဲ့ဉာဏ်စမ်းရုပ်ဆက်ကို ပြန်မကြည့်မီ ၎င်းကို တစ်ချက်ကြည့်လိုက်သည်။

ချင်ကောက လက်ထပ်စာအုပ်ပေါ်က ဝူထုန့်ဓာတ်ပုံကို စစ်ဆေးခဲ့ပြီး သူ့ဘာသာ စကားစပြောခဲ့သည်။

“သူမ ဒီနေ့ မပျော်ဘူး။ သူမရဲ့ စိတ်ခံစားချက်တွေကို ကောင်းကောင်းဖုံးကွယ်ထားနိုင်တယ်လို့ သူမ ထင်ခဲ့ပေမယ့် အဖေ ချက်ချင်းနီးပါး သတိထားမိခဲ့တယ်” လို့ ချင်ကောက ပြောလိုက်သည်။  “ရိုးရိုးသားသား ပြောရရင်တော့ အဖေ့မှာ စိတ်ပူစရာ ဘာမှမရှိပါဘူး။ နောက်ဆုံးတော့ အဖေတို့ရဲ့အိမ်ထောင်ရေးက အဆင်ပြေတဲ့အိမ်ထောင်ရေးတစ်ခုသာဖြစ်ပြီး အဖေတို့နှစ်ယောက်က အဲဒါကို သဘောတူထားကြတာ။ ဒါနဲ့ သူမ မပျော်ရင် ဘယ်လိုလုပ်မလဲ”

"ဒါပေမယ့်...အဖေ တို့အိမ်အသစ်ကိုမြင်လိုက်တာနဲ့ ပန်းအိုးတွေကို ငေးကြည့်ရင်း ပျော်ရွှင်တဲ့အမူအရာနဲ့ သူ့မျက်နှာပေါ်က အလင်းရောင်တွေကို မြင်လိုက်ရတဲ့အချိန် သူမရဲ့ပုံစံက အရမ်းကိုပြုစားလွန်းတယ်" လို့ ချင်ကောက ပြန်ပြောပြခဲ့သည်။  “အဲဒီတော့ သူ့ကိုဘယ်တော့ပြောင်းလာမလဲလို့ မေးလိုက်တာနဲ့ သူ့မျက်လုံးထဲက အလင်းရောင်က အဲဒီအတိုင်းပဲ ငြိမ်းသွားခဲ့တယ်။  သူ့ရဲ့အတင်းကြီးပြုံးထားတဲ့ အပြုံးကို ကြည့်ပြီးတဲ့ နောက်မှာ ဒေါသအရမ်းထွက်မိသွားတယ်"

"အဲ့နောက်တော့ သူ့ကို နမ်းပစ်လိုက်တယ်"  ချင်ကော က ဖေးဖေးကိုကြည့်ရင်း "နမ်းတယ်ဆိုတာက ဘာကိုဆိုလိုတယ်ဆိုတာ မင်းသိလား။ လူကြီးတွေ  ကလေးတွေကို နမ်းတာနဲ့မတူဘူး။ အဲ့တာက ယောက်ျားတစ်ယောက်က မိန်းမကို  ရင်းရင်းနှီးနှီး နမ်းတာ ”

“အဲဒီတုန်းက…အဖေ ထိန်းမနိုင်သိမ်းမရဖြစ်သွားတယ်။သူမက အဖေနဲ့ အတူရှိချင်တဲ့စိတ်မရှိတာကို တွေးလိုက်ရုံနဲ့ အဖေ သူမနဲ့ ပိုရင်းနှီးချင်လာခဲ့တယ် — ဒါကြောင့် အဖေတို့ အိမ်ထောင်ရေးက တရားဝင်ဖြစ်ပြီးပြီ၊ အခု သူက အဖေ့မိန်းမပဲဆိုတာ သူ့ကို သတိပေးလို့ရသွားပြီ။ သူမ ကြိုက်ကြိုက် မကြိုက်ကြိုက် အဖေ့ရဲ့ထိတွေ့မှုနဲ့ သူမဘဝကိုနေသားကျဖို့ လိုတယ်"

“ဒီလိုခံစားချက်မျိုးက အဖေနဲ့ သိပ်မရင်းနှီးဘူး။ ဒါက အဖေ တစ်ခါမှ မခံစားဖူးတဲ့ အရာပဲ။ အကြောင်းပြချက်က မမှန်ဘူးလို့ ပြောပေမယ့် ကိုယ့်ကိုယ်ကိုယ် မကူညီနိုင်ဘူး။  ဒါ့အပြင်…အဲဒါကိုလုပ်ပြီးတဲ့နောက်မှာ အဖေ အရမ်းကျေနပ်သွားတယ်။ အဖေ့ရဲ့ရောဂါ ပြန်ပေါ်လာပြီလား။ ဒါကို ဒေါက်တာလီဆီ စစ်ဆေးသင့်လား"

"သူမနဲ့ နောက်ထပ် တစ်ခုခုလုပ်ဖို့ ဒီတွန်းအားကို အဖေ မထိန်းနိုင်ပေမယ့် သူ့ကိုမကြောက်လန့်စေချင်ဘူး။  အဖေ ဘာလုပ်သင့်လဲ"  ချင်ကောက ရှုံးသွားပုံရသည်။  "သူမ ဒီနေ့တုံ့ဆိုင်းနေတဲ့အချိန်မှာ အဖေ လိုချင်တာတစ်ခုက သူမကိုအဲဒီနေရာမှာပဲ ( ယူပစ်လိုက်ချင်တာ)..."

*ဝေါ....  *

ဖေးဖေး နောက်ဆုံးပဟေဠိအပိုင်းကို ဆက်ပြီးသွားပြီ။  ပြီးသွားသော ပဟေဋ္ဌိကို မဖျက်ဆီးမီ တစ်ကြိမ်သာ ကြည့်လိုက်သည်။  ပဟေဠိအပိုင်းအစပေါင်းများစွာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။

ဒါကိုမြင်တော့ ချင်ကော ရုတ်တရက် ပြုံးလိုက်သည်။

ဒီနေ့ သူမကို နမ်းလိုက်တာက သူမလည်းဆန္ဒရှိမယ်လို့ ထင်တယ်။




••••••••••

Zawgyi

ငါ့င္ပြန္းကို ေန႔တိုင္း အလိုလိုက္ေနရယ္

ပိုင္း ၂၀

"အထူး သြားခ်င္တဲ့ေနရာမ်ိဳး႐ွိလား"  ခ်င္ေကာက ေမးလိုက္သည္။

"႐ွင္သြားခ်င္တဲ့ေနရာကိုသြားပါ ကြၽန္မ အဆင္ေျပပါတယ္" ဝူထုန္က တုံ႔ျပန္ခဲ့သည္။

“ေကာင္းၿပီေလ။  မင္းရဲ႕ပတ္စပို႔ကို ေနာက္က် ေပးဖို႔မေမ့နဲ႔” ခ်င္ေကာ ေျပာလိုက္သည္။

"အိုေက" ဝူထုန္က ခ်င္ေကာပဲ အလုပ္အားလုံးကို အၿမဲလုပ္ေပးေနရတာအတြက္ အနည္းငယ္႐ွက္႐ြံ႕သလို ခံစားမိတာေၾကာင့္ သူမ သူ႕ကို အားရပါးရျပဳံးျပခဲ့သည္။ ေနေရာင္ျခည္က သူမမ်က္ႏွာကို ေတာက္ပေစတာေၾကာင့္ ဘယ္ေလာက္လွပၿပီး စူး႐ွေတာက္ပေနလဲကို သူမ မသိလိုက္ေပ။  သူမ အျပဳံးက ခ်င္ေကာ အတြက္ အလြန္ ဆြဲေဆာင္မႈ ႐ွိသည္။

ခ်င္ေကာက သူ႕အတြင္း႐ွိ သားရဲကို မထိန္းခ်ဳပ္ႏိုင္ေတာ့ေပ။ သူ အဲ့တာကိုအၾကာႀကီးသည္းခံခဲ့ၿပီးေနာက္ စားေကာင္းေသာက္ဖြယ္ အစားအစာကို ကိုက္စားဖို႔ အသင့္ျဖစ္ေနတဲ့ ဝံပုေလြတစ္ေကာင္လို ဝူထုန္ကို သစ္ပင္ရဲ႕ ပင္စည္မွာ အတင္းဖိကပ္ထားခဲ့သည္။

ဝူထုန္ရဲ႕ ခႏၶာကိုယ္ ေတာင့္တင္းသြားေပမယ့္ တျဖည္းျဖည္း သက္သာလာသည္။ ငါတို႔ရဲ႕အိမ္ေထာင္ေရးက တရားဝင္ျဖစ္ေနၿပီေလ။ ငါဘာလို႔ စိတ္႐ႈပ္ေနရမွာလဲ။  ဝူထုန္က ခ်င္ေကာ မ်က္ဝန္းေတြထဲ အ႐ိုင္းဆန္တဲ့ အၾကည့္ကို ျမင္လိုက္ရသည္။  သူမ မ်က္လုံးေတြကို ျဖည္းညႇင္းစြာမွိတ္လိုက္ၿပီး ႏႈတ္ခမ္းကို အနည္းငယ္ဟလိုက္သည္။

ဝူထုန္ရဲ႕ ႏႈတ္ခမ္းမ်ားကို သူ ခြဲလိုက္ရင္း ခ်င္ေကာ ကမ႓ာသစ္ကို ႐ွာေဖြေတြ႕႐ွိေနသလိုပင္။ သူ႕လွ်ာက သူမပါးစပ္ထဲ ေခ်ာ္ဝင္သြားၿပီး သူမ လွ်ာဖ်ားကို ထိေတြ႕မိသြားသည္။  ႏွစ္ေယာက္စလုံး အသက္႐ႈမဝေတာ့သည္အထိ ျပင္းျပင္းထန္ထန္ စုပ္ယူခဲ့ၾကသည္။

ခ်င္ေကာက သူ႕ကိုယ္သူ ထိန္းခ်ဳပ္ရန္ ႀကိဳးစားေနသလိုမ်ိဳး ဝူထုန္႔ခါးကို အနည္းငယ္ တင္းတင္းဆုပ္ကိုင္ထားသည္။

"မင္း အခ်ိန္ဘယ္ေလာက္ၾကာၾကာ လိုအပ္လဲ"  ခ်င္ေကာက ေမးလိုက္သည္။

ဝူထုန္ ေၾကာင္ေတာင္ေတာင္ေနခဲ့သည္။  အခ်ိန္အေတာ္ၾကာၿပီးေနာက္ သူမက လက္႐ွိအေျခအေနနဲ႔ လိုက္ေလ်ာညီေထြျဖစ္ဖို႔ အခ်ိန္အနည္းငယ္လိုအပ္ေၾကာင္း ေကာ္ဖီဆိုင္မွာ ခ်င္ေကာကို ေျပာျပခဲ့တာကို ျပန္သတိရလာသည္။  သူမ အခ်ိန္ဘယ္ေလာက္ၾကာၾကာ လိုအပ္ၿပီး အဲ့တာက“မွန္တယ္” လို႔ ခံစားရမယ္ဆိုတာ သူမေသခ်ာမသိေပမယ့္ ခ်င္ေကာကို ေစာင့္ခိုင္းရတာကေတာ့ သူ႕အတြက္ တကယ္မတရားဘူး။  ေနာက္ဆုံးေတာ့ သူ႕မွာ ျပင္းျပတဲ့ ဆႏၵ႐ွိတယ္။

“ကြၽန္မ…”

“တစ္လ… ဒီလအတြင္းမွာ တစ္ေယာက္နဲ႔တစ္ေယာက္ အခ်ိန္ပိုေပးၾကရေအာင္”  ခ်င္ေကာက "ကိုယ္တို႔ရဲ႕ ဟန္းနီးမြန္းခရီးမွာ သီးျခားစီခြဲမအိပ္ခ်င္ဘူး" ဟု ေျပာကာ ႐ွာေဖြေသာအၾကည့္ျဖင့္ ဝူထုန္႔မ်က္​ဝန္းေတြကို ၾကည့္လိုက္သည္။

ဝူထုန္က ဘယ္လိုတုံ႔ျပန္ရမလဲကို ေသခ်ာမသိေပမယ့္ ခ်င္ေကာက အလြန္ရက္စက္တဲ့ ေတာင္းဆိုမႈ မလုပ္ေၾကာင္း သူမ သိသည္။ အဆုံးတြင္ သူမ ေခါင္းညိတ္လိုက္သည္။

ေနာက္ဆုံး ခ်င္ေကာ ဝူထုန္႔ကို လႊတ္ေပးတဲ့အခါ ႐ႊင္ျမဴးေနသည့္ ခံစားခ်က္မ်ိဳး ႐ွိေနပုံရသည္။  သူက ျပဳံးၿပီး "မင္းကို အိမ္ျပန္ပို႔ေပးမယ္"

ခ်င္ေကာက သူ႕ဆိုင္ကယ္ကိုစီးၿပီး သူမရဲ႕ တိုက္ခန္း အေဆာက္အဦးတံခါးဝမွာ ခ်ေပးခဲ့သည္။  ဝူထုန္က ေလွကားေဘးတြင္ ရပ္ကာ အေဝးမွ သူ႕ပုံသ႑ာန္ေပ်ာက္သြားတာကို ၾကည့္ခဲ့သည္။  ေနေရာင္မွိန္မွိန္မွိန္ ေနဝင္ရီတေရာျဖစ္ေနသည့္ေနေရာင္က သူမ အေပၚက်ေရာက္ေနကာ သူမကို အနည္းငယ္အားနည္းေနပုံေပၚေစသည္။

ဘဝက မင္းလိုခ်င္တဲ့လမ္းကို ဘယ္ေတာ့မွမသြားဘူး။  မင္းရဲ႕လက္႐ွိဘဝကို ေက်နပ္တယ္ဆိုရင္ အဲဒါက မင္းရဲ႕ပုံစံကို “ႀကိဳက္” ခ်င္တဲ့ ဆႏၵေၾကာင့္ပဲ။ ဒီအခ်ိန္မွာ ဝူထုန္အတြက္ အဲ့တာက ဘယ္လိုမ်ိဳးလဲ။ သူမ ခ်င္ေကာ ကို အခြင့္အေရးေပးလိုတဲ့စိတ္႐ွိခဲ့သည္။

အေျပာင္းအလဲႏွင့္ လိုက္ေလ်ာညီေထြ႐ွိတာက အၿမဲနာက်င္ေစသည္။  သူမရဲ႕ ႀကိဳးစားအားထုတ္မႈတိုင္းက အဆုံးမွာ သူမကို ေပ်ာ္႐ႊင္ေစလိမ့္မယ္လို႔ ေမွ်ာ္လင့္တယ္။

ဝူထုန္ ျပဳံးလိုက္သည္။  သူမ အိတ္ကို ဆုပ္ကိုင္လိုက္ၿပီး ေဆး႐ုံက ေမာင္ေလးကို သြားၾကည့္ဖို႔ ဆုံးျဖတ္လိုက္သည္။

ခ်င္ေကာ ေက်ာက္စိမ္းေတာင္ကိုေရာက္တာနဲ႔ ခ်င္ မိသားစုကလူတိုင္း သက္ဝင္လႈပ္႐ွားလာၾကသည္။  သူျပန္လာတာကိုျမင္ေတာ့ အားလုံးက သူ႕ကို လွမ္းၾကည့္ေနၾကသည္။

"ကြၽန္ေတာ္တို႔ လက္ထပ္စာအုပ္ေတြရလာၿပီ  " ခ်င္ေကာက အမႈမဲ့အမွတ္မဲ့ေျပာလိုက္သည္။

မစၥစ္ခ်င္က ဘာလို႔ သူ႕သား တစ္ေယာက္တည္း ျပန္လာတာလဲ ဆိုတာကို စိတ္႐ႈပ္ေနမိသည္။  "ဝူထုန္ေကာ "

"ဝူထုန္မွာ တျခားအလုပ္ေတြ႐ွိေသးလို႔ သူ႕ကို အိမ္ျပန္ပို႔လိုက္တယ္" လို႔ ခ်င္ေကာေျပာလိုက္သည္။ “ေနာက္လမွာ ဟန္းနီးမြန္းထြက္ဖို႔ စီစဥ္ထားတယ္။ အဲ့ကျပန္ေရာက္ၿပီးရင္ အိမ္ေျပာင္းေတာ့မယ္”

"ဒါေပမယ့္ ငါ့ေခြၽးမကို ေတြ႕ခြင့္ေတာင္ မရေတာ့ဘူးေပါ့"  သူေျပာတာကို အေျခခံရရင္ သူမကို ေခၚလာဖို႔ သူ႕မွာ အစီအစဥ္မ႐ွိဘူးဆိုတာကို မစၥစ္ ခ်င္ ေျပာႏိုင္သည္။

" ကြၽန္ေတာ္တို႔ သူမနဲ႔ သူမမိသားစုနဲ႔ အတူတူ ညစာစားၾကမယ္ေလ " ခ်င္ဟြိဳက္က အၾကံေပးခဲ့သည္။

"အဲ့လိုလုပ္လိုက္ "  သူစကားေျပာၿပီးတာနဲ႔ ေဖးေဖးကို စစ္ေဆးဖို႔ အေပၚထပ္ကို ခ်က္ခ်င္းတက္သြားခဲ့သည္။

ခ်င္မိသားစုမွ က်န္အဖြဲ႕ဝင္ေတြက တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္လိုက္ၾကသည္။ ခ်င္ေကာ အခု ေပ်ာ္ေနတာလား မေပ်ာ္ဘူးလား။

ခ်င္ေကာက သူ႕သားရဲ႕ အိပ္ခန္းတံခါးကို တြန္းဖြင့္ၿပီး ဝင္လိုက္သည္။ သူထင္ထားသလိုပဲ၊ ေဖးေဖးက ဉာဏ္စမ္း႐ုပ္ဆက္တစ္ခုနဲ႔ ၾကမ္းျပင္ေပၚတြင္ ႐ွိေနျပန္သည္။  ခ်င္ေကာက သူ႕လက္ထပ္စာအုပ္ကို ထုတ္ၿပီး ေဖးေဖး ကို မျပခင္ ခဏေလာက္ထိုင္ၿပီး သူ႕ကိုၾကည့္ခဲ့သည္။  "ေဖးေဖး၊ ဒါက မင္းရဲ႕ အနာဂတ္အေမပဲ "

ေဖးေဖး သူ႕ရဲ႕ဉာဏ္စမ္း႐ုပ္ဆက္ကို ျပန္မၾကည့္မီ ၎ကို တစ္ခ်က္ၾကည့္လိုက္သည္။

ခ်င္ေကာက လက္ထပ္စာအုပ္ေပၚက ဝူထုန္႔ဓာတ္ပုံကို စစ္ေဆးခဲ့ၿပီး သူ႕ဘာသာ စကားစေျပာခဲ့သည္။

“သူမ ဒီေန႔ မေပ်ာ္ဘူး။ သူမရဲ႕ စိတ္ခံစားခ်က္ေတြကို ေကာင္းေကာင္းဖုံးကြယ္ထားႏိုင္တယ္လို႔ သူမ ထင္ခဲ့ေပမယ့္ အေဖ ခ်က္ခ်င္းနီးပါး သတိထားမိခဲ့တယ္” လို႔ ခ်င္ေကာက ေျပာလိုက္သည္။  “႐ိုး႐ိုးသားသား ေျပာရရင္ေတာ့ အေဖ့မွာ စိတ္ပူစရာ ဘာမွမ႐ွိပါဘူး။ ေနာက္ဆုံးေတာ့ အေဖတို႔ရဲ႕အိမ္ေထာင္ေရးက အဆင္ေျပတဲ့အိမ္ေထာင္ေရးတစ္ခုသာျဖစ္ၿပီး အေဖတို႔ႏွစ္ေယာက္က အဲဒါကို သေဘာတူထားၾကတာ။ ဒါနဲ႔ သူမ မေပ်ာ္ရင္ ဘယ္လိုလုပ္မလဲ”

"ဒါေပမယ့္...အေဖ တို႔အိမ္အသစ္ကိုျမင္လိုက္တာနဲ႔ ပန္းအိုးေတြကို ေငးၾကည့္ရင္း ေပ်ာ္႐ႊင္တဲ့အမူအရာနဲ႔ သူ႕မ်က္ႏွာေပၚက အလင္းေရာင္ေတြကို ျမင္လိုက္ရတဲ့အခ်ိန္ သူမရဲ႕ပုံစံက အရမ္းကိုျပဳစားလြန္းတယ္" လို႔ ခ်င္ေကာက ျပန္ေျပာျပခဲ့သည္။  “အဲဒီေတာ့ သူ႕ကိုဘယ္ေတာ့ေျပာင္းလာမလဲလို႔ ေမးလိုက္တာနဲ႔ သူ႕မ်က္လုံးထဲက အလင္းေရာင္က အဲဒီအတိုင္းပဲ ၿငိမ္းသြားခဲ့တယ္။  သူ႕ရဲ႕အတင္းႀကီးျပဳံးထားတဲ့ အျပဳံးကို ၾကည့္ၿပီးတဲ့ ေနာက္မွာ ေဒါသအရမ္းထြက္မိသြားတယ္"

"အဲ့ေနာက္ေတာ့ သူ႕ကို နမ္းပစ္လိုက္တယ္"  ခ်င္ေကာ က ေဖးေဖးကိုၾကည့္ရင္း "နမ္းတယ္ဆိုတာက ဘာကိုဆိုလိုတယ္ဆိုတာ မင္းသိလား။ လူႀကီးေတြ  ကေလးေတြကို နမ္းတာနဲ႔မတူဘူး။ အဲ့တာက ေယာက်္ားတစ္ေယာက္က မိန္းမကို  ရင္းရင္းႏွီးႏွီး နမ္းတာ ”

“အဲဒီတုန္းက…အေဖ ထိန္းမႏိုင္သိမ္းမရျဖစ္သြားတယ္။သူမက အေဖနဲ႔ အတူ႐ွိခ်င္တဲ့စိတ္မ႐ွိတာကို ေတြးလိုက္႐ုံနဲ႔ အေဖ သူမနဲ႔ ပိုရင္းႏွီးခ်င္လာခဲ့တယ္ — ဒါေၾကာင့္ အေဖတို႔ အိမ္ေထာင္ေရးက တရားဝင္ျဖစ္ၿပီးၿပီ၊ အခု သူက အေဖ့မိန္းမပဲဆိုတာ သူ႕ကို သတိေပးလို႔ရသြားၿပီ။ သူမ ႀကိဳက္ႀကိဳက္ မႀကိဳက္ႀကိဳက္ အေဖ့ရဲ႕ထိေတြ႕မႈနဲ႔ သူမဘဝကိုေနသားက်ဖို႔ လိုတယ္"

“ဒီလိုခံစားခ်က္မ်ိဳးက အေဖနဲ႔ သိပ္မရင္းႏွီးဘူး။ ဒါက အေဖ တစ္ခါမွ မခံစားဖူးတဲ့ အရာပဲ။ အေၾကာင္းျပခ်က္က မမွန္ဘူးလို႔ ေျပာေပမယ့္ ကိုယ့္ကိုယ္ကိုယ္ မကူညီႏိုင္ဘူး။  ဒါ့အျပင္…အဲဒါကိုလုပ္ၿပီးတဲ့ေနာက္မွာ အေဖ အရမ္းေက်နပ္သြားတယ္။ အေဖ့ရဲ႕ေရာဂါ ျပန္ေပၚလာၿပီလား။ ဒါကို ေဒါက္တာလီဆီ စစ္ေဆးသင့္လား"

"သူမနဲ႔ ေနာက္ထပ္ တစ္ခုခုလုပ္ဖို႔ ဒီတြန္းအားကို အေဖ မထိန္းႏိုင္ေပမယ့္ သူ႕ကိုမေၾကာက္လန္႔ေစခ်င္ဘူး။  အေဖ ဘာလုပ္သင့္လဲ"  ခ်င္ေကာက ႐ႈံးသြားပုံရသည္။  "သူမ ဒီေန႔တုံ႔ဆိုင္းေနတဲ့အခ်ိန္မွာ အေဖ လိုခ်င္တာတစ္ခုက သူမကိုအဲဒီေနရာမွာပဲ ( ယူပစ္လိုက္ခ်င္တာ)..."

*ေဝါ....  *

ေဖးေဖး ေနာက္ဆုံးပေဟဠိအပိုင္းကို ဆက္ၿပီးသြားၿပီ။  ၿပီးသြားေသာ ပေဟ႒ိကို မဖ်က္ဆီးမီ တစ္ႀကိမ္သာ ၾကည့္လိုက္သည္။  ပေဟဠိအပိုင္းအစေပါင္းမ်ားစြာ ေျမျပင္ေပၚတြင္ ျပန္႔က်ဲေနသည္။

ဒါကိုျမင္ေတာ့ ခ်င္ေကာ ႐ုတ္တရက္ ျပဳံးလိုက္သည္။

ဒီေန႔ သူမကို နမ္းလိုက္တာက သူမလည္းဆႏၵ႐ွိမယ္လို႔ ထင္တယ္။




#28.4.2023

Đọc tiếp

Bạn Cũng Sẽ Thích

2.5M 345K 50
အနာဂတ်စီမံကိန်းများစွာ ရေးခြစ်ရင်း ကျွန်တော်ဟာ အဖြူ ရောင်မေတ္တာတွေနဲ့ သူ့ဘေးနားမှာ တသက်လုံးနေဖို့ ရည်စူးခဲ့သတဲ့... အဝါရောင် နှင်းဆီပန်းကလေးဟာ မသိလို...
434K 16.3K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
445K 38.9K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
466K 11.2K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."