๐Ÿ’•แ€กแ€€แ€ผแ€„แ€บแ€”แ€ฌแ€’แ€ญแ€ฏแ€„แ€บแ€šแ€ฌแ€›แ€ฎ๐Ÿ’•

By myualinkar

5.9K 99 1

๐Ÿ’•แ€กแ€€แ€ผแ€„แ€บแ€”แ€ฌแ€’แ€ญแ€ฏแ€„แ€บแ€šแ€ฌแ€›แ€ฎ๐Ÿ’• ~~~~~~~~~~~~~~~ แ€–แ€ผแ€…แ€บแ€”แ€ญแ€ฏแ€„แ€บแ€›แ€„แ€บ แ€’แ€ฎแ€กแ€แ€ผแ€ฑแ€กแ€”แ€ฑแ€แ€ฝแ€ฑแ€€แ€ผแ€ฌแ€ธแ€™แ€พแ€ฌ แ€กแ€ฒแ€ทแ€’แ€ฎแ€แ€…แ€บแ€›แ€€แ€บแ€€แ€ญแ€ฏ แ€›แ€•แ€บแ€แ€”แ€ทแ€บแ€‘แ€ฌแ€ธแ€แ€ปแ€„แ€บแ€™แ€ญแ€แ€šแ€บ ... More

แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‡)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‰)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แแ€)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แแ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แแ‚)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แแƒ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แแ„)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แแ…)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แแ†)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แแ‡)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แแˆ)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แแ‰)
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ‚แ€) (แ€‡แ€ฌแ€แ€บแ€žแ€ญแ€™แ€บแ€ธ)

แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ(แ„)

211 6 0
By myualinkar

💕အကြင်နာဒိုင်ယာရီ💕

                    အပိုင်း(၄)

"နှောင်း..... အိမ်ပြန်မလို့လား..."

အရှေ့ကနေ ကာစီးကာစီးဖြင့် သူမအား မေးခွန်းထုတ်နေသော နေမျိုးအား များစွာ စိတ်ပျက်မိသည်။ နှောင်း ကျောင်းဝန်းထဲက ခုံလေးမှာ ကျူးအား ထိုင်စောင့်နေတာ တစ်နာရီခွဲကျော်ကျော်လောက်ပင် ရှိတော့မည်။ ကျူး နေ့လည်ကတည်းက ကျောင်းမတက်ပဲ အပြင်ထွက်သွားတာ အိမ်ပြန်မယ့် အချိန်ထိ ပြန်ပေါ်မလာသေး။ ကျောင်းဝန်းထဲမှာလည်း ပြန်သူက ပြန်ကြပြီမို့ ကျောင်းသူကျောင်းသား အချို့ပင် ကျန်တော့သည်။ ငြီးငွေ့စွာ ထိုင်နေရတဲ့ထဲ နေမျိုး‌ဆိုသူက ရောက်လာတော့ ရန်ရှာမလားဟူသည့် အတွေးဖြင့် စိုးထိတ်နေရသေးသည်။

"နှောင်း.... ကိုယ်အိမ်ပြန်ပို့ပေး ရမလား"

"ရတယ်....ရတယ် ကိုယ့်ဘာသာပဲ ပြန်လိုက်နော်...."

နေမျိုးက သူမဘေး ဝင်ထိုင်တော့ နှောင်း သူမရှိသည့်ဘက်သို့ ကိုယ်လေး ရွှေ့လိုက်သည်။

"နှောင်းကို တစ်ယောက်တည်း မထားခဲ့နိုင်ပါဘူး...."

"ငါ့ကိုဘာလို့ လိုက်နှောင့်ယှက်နေတာလဲ.... ဟိုနေ့ကအတွက် လျော်ကြေးပြန် လိုချင်လို့လား...."

"နှောင်းကလည်းကွာ... ကိုယ်က လျော်ကြေး လိုချင်တာမဟုတ်ဘူး.... နှောင်းရဲ့အချစ်ပဲ လိုချင်တာ...."

နှောင်း သူ့အား အမြင်ကပ်ကပ်ဖြင့် မျက်စောင်းထိုး၍ အိတ်ကလေးကို ပိုက်ထားလိုက်သည်။ ကျူးလာမယ့် လမ်းဆီသို့ လှမ်းမျှော်ကြည့်သော်လည်း အရိပ်အယောင်မျှပင် မတွေ့ရ။

"ခဏနေ ကျူးလာတော့မှာ... ဟိုတစ်ခါလို ထပ်ပြီး ခေါင်းကွဲချင်လို့လား...."

"ဟား...."

နေမျိုး လှောင်သလို အားပါတရ ရယ်လိုက်ရင်း နှောင်းအနား တိုးထိုင်လိုက်သည်။

"သူ့ကို ကြောက်မယ် ထင်နေလား.... လာခဲ့စမ်းပါစေ...."

"ဟူး...."

နှောင်း သက်ပြင်းရှည်ကြီး တစ်ချက်ချကာ ထသွားမည်အလုပ် နေမျိုးပါ လိုက်ထပြီး နှောင်းလက်အား ဆက်ခနဲဆွဲကာ....

"နှောင်း.... ငါနင့်ကို ဘယ်လောက်ချစ်လဲ နင်သိလား..."

"သိဖို့မလိုဘူး... ပြီးတော့ ငါနင့်ကို လုံးဝ မချစ်ဘူး"

"နင်မချစ်လည်းရတယ် နှောင်း.... ငါချစ်နေရင်ရပြီ... ငါနင့်ကို အဆုံးရှူံးမခံဘူး...."

နေမျိုးရဲ့ မျက်ဝန်းစူးစူးတို့က ကြောက်စရာကောင်းလောက်အောင် ရီဝေလျက် နှောင်းလက်အား ခပ်တင်းတင်း ဆုပ်ကိုင်ထားသည်။

"နေမျိုး..... ငါ့ကို တကယ်ချစ်ရင် ငါပျော်ရွှင်ဖို့ ဦးစားပေးရမယ်မလား.... "

"တော်တော့..... ငါက သူများတွေလို စွန့်လွှတ်ခြင်းတွေ ပေး‌ဆပ်ခြင်းတွေ နားမလည်ဘူး.... ငါ့အတွက်တော့ ငါချစ်တဲ့နင့်ကို ပိုင်ဆိုင်ရမှဖြစ်မှာ"

"ဆုတောင်းလိုက်လေ...."

"အဟင်း.... လာ အခု နင့်ကို အိမ်ပြန်လိုက်ပို့ပေးမယ်"

"မပြန်ဘူး..... ငါ့လက်ကိုလွှတ်..."

"နှောင်း....."

နှောင်းရုန်းနေစဉ် သူတို့ရှေ့ကို ဝင်လာသူက စွမ်း....

အားကိုးရာမဲ့‌နေသော နှောင်းက စွမ်းအားတွေ့သော် မျက်ဝန်းများ ဝင်းလက်သွားသည်။

"စွမ်း...."

"နှောင်း မပြန်သေးဘူးလား"

စွမ်းက လွယ်အိတ်ကြိုး ခပ်တင်းတင်းဆုပ်ကိုင်ကာ မျက်နှာက မသာမယာနှင့်...

"ကျူးလာမှ နှောင်းပြန်လို့ရမှာ..."

နေမျိုး၏ ခြေထောက်အား နှောင်း အားနှင့်ကန်ပစ်၍ စွမ်းဆီ ပြေးသွားလိုက်သည်။

"တောက်..."

နေမျိုး တောက်ခေါက်ကာ ခါးထောက်လျက် မဲ့ပြုံးပြုံးကာ စွမ်းအားကြည့်နေသည်။ နှောင်းက ရန်ဖြစ်မည် စိုး၍ စွမ်းလက်မောင်းအား ဆွဲရင်း လမ်းလျှောက်ခဲ့သည်။

"ကျူးရင့်မေက ဘာလို့ မလာသေးတာလဲ"

"သူ နေ့လည်က အပြင်သွားတာ.... အိမ်ပြန်ချိန် ဝင်ခေါ်မယ်ဆိုလို့ စောင့်နေတာ...."

"အချိန်ကိုလည်းကြည့်ဦး...."

နှောင်း သူ့လက်မောင်းပေါ်မှ လက်လေး အသာဖယ်၍ လက်လေးနှစ်ဖက်ကိုသာ ကျစ်ကျစ် ဆုပ်ကိုင်ထားလိုက်သည်။

"ခဏနေဆို လာတော့မှာပါ..."

"နှောင်းသူငယ်ချင်းက ဟုတ်ကို မဟုတ်သေးပါဘူး... ပြန်လာမယ်ဆိုလည်း မြန်မြန်ပြန်လာတာ မဟုတ်ဘူး...."

ခဏအကြာ ‌စွမ်းအိမ်မှ ကားလေး ကားလေးလာနေသည်ကို အဝေးမှ မြင်ရသည်။

"ကျူးရင့်မေကို ဆက်စောင့်မနေနဲ့တော့.... ကိုယ်ပဲ အိမ်ပြန်လိုက်ပို့ပေးမယ်...."

"အားနာစရာကြီး စွမ်းရယ်... ဟို..."

"ဘာမှအားနားစရာမလိုဘူး... ကိုယ်တို့က သူငယ်ချင်းတွေပဲ...."

သူငယ်ချင်း ဆိုတဲ့ စကားလုံးလေး သုံးလိုက်တော့ နှောင်းရင်ထဲ ဝမ်းနည်းရမလား ကျေနပ်ရမလား မသိပေမယ့် အနည်းဆုံးတော့ သူခင်မင် ရင်းနှီးတဲ့သူထဲ အသိအမှတ် ပြုခံရတော့ ကြည်နူးမိသည်။

Driver ဦးမောင်မြင့် မောင်းလာသော ကားလေး စွမ်းတို့ရှေ့ ရပ်တော့ စွမ်းက နှောင်းအား တံခါးဖွင့်ပေး၍ အနောက်ခန်းတွင်သာ အတူထိုင်သည်။
               ------------- -------------

ထွက်သွားသော နှောင်းကျောပြင်အားကြည့်၍ ခံပြင်းစွာ ကျန်ခဲ့တဲ့ နေမျိုး သူ့အရှေ့မှ ခုံတန်းရှည်အား အားဖြင့် ကန်လိုက်သည်။

"နှောင်း.... မင်းလုပ်ထားဦးပေါ့.... မင်းကိုပိုင်ဆိုင်ဖို့ ငါဘာမဆို လုပ်ရဲတယ်..."

တစ်ကိုယ်တည်း ဒေါသထွက်ကာ မျက်ဝန်းတွေက မြေပြင်ပေါ်သို့ စိုက်ကြည့်နေသည်။

"နှောင်းကို ပိုင်ဆိုင်ရဖို့ အရှေ့မှာ တားဆီးနေတဲ့ အရာတွေကိုလည်း နေမျိုးက ရှင်းထုတ်ပစ်ဦးမှာ ဟင်း... အထူးသဖြင့် ကျူးရင့်မေပေါ့.. ဟင်း ဟင်း"

ခနဲ့သလို ရယ်ရင်း လွယ်အိတ်ကောက်ယူကာ ထိုနေရာမှ ခြေလှမ်းကျဲကြီးဖြင့် ထွက်လာခဲ့သည်။
            ------------- -------------

"နှောင်း....."

နှောင်းတို့အိမ်ထဲ ဝင်လိုက်တာနှင့် နှောင်းနာမည်အား တရဆက် ခေါ်နေသောကျူးက ဒေါ်လေးကို တွေ့လိုက်ရတော့ ခြေလှမ်းတွေ တုံ့ခနဲ ရပ်သွားသည်။

မျက်မှန်တပ်ကာ စာအုပ်ကိုင်ထားတဲ့ ဒေါ်လေးအကြည့်တွေက တစ်ခုခုကို မကျေနပ်ဖြစ်နေမှန်း ကျူးရိပ်မိသည်။

"နှောင်း သူ့အခန်းထဲမှာ ရှိတယ်...."

"ဟုတ် ဒေါ်စလေး..."

ကျူး ခေါင်းလေး ညိမ့်ပြ၍ လှေကားထစ်တွေ အတိုင်း တက်လာရင်း နှောင်းအခန်းသို့ တံခါးခေါက်လိုက်သည်။ နှစ်ချက်လောက် ခေါက်ပြီး နှောင်း တံခါးလေး လာဖွင့်သည်။

"ကျူး.... လာလေ"

နှောင်းအခန်းထဲ ခြေချပြီး ကုတင်ပေါ် အသာလေးထိုင်ကာ....

"ငါ... လမ်းမှာကားပျက်နေလို့ နင့်ကိုလာခေါ်တာ နောက်ကျမိလို့ စိတ်မဆိုးပါနဲ့နော်..."

နှောင်းက စိတ်ဆိုးရမယ့်အစား တစ်ခုခုအား သတိရဟန်ဖြင့် ရှက်စိတ်လေးဖြင့် ပြုံးလိုက်သည်။

"အင်းပါ.... ငါ စိတ်မဆိုးပါဘူး"

"ငါလာတော့ နင့်ကို မတွေ့တော့ဘူး.... နင်ပြန်ရောက်ရဲ့လားဆိုပြီး ချက်ချင်းလာကြည့်တာ... နင်ဘယ်လို ပြန်သွားတာလဲ"

နှောင်း မျက်လွှာလေးချကာ ဘေးကအရုပ်လေးအား ဆုပ်ကိုင်ထားမိရင်း ပြုံးကာ...

"စွမ်း ပြန်လိုက်ပို့တာ...."

"မင်းစွမ်းရည်ဆိုတဲ့ တစ်ယောက်ကို ပြောတာလား...."

"ဟုတ်တယ် ကျူး..."

"ဟင်း.... ဒါမျိုး အခွင့်အရေးကို သူစောင့်‌နေတာနေမှာပေါ့"

အဲ့ဒီအခွင့်အရေးကို စွမ်း စောင့်နေတယ် ဆိုရင်တောင် ငါပျော်ပျော်ကြီး လက်ခံမိမှာ... စွမ်းက ကြင်နာတတ်ပြီး သူနဲ့တွေ့ရင် ငါ့နှလုံးသား အမြဲလိုလို လန်းဆန်းနေတာ နင်မှမသိတာ ကျူးရဲ့.....

ကျူးမကြားနိုင်သည့် စကားများအား စိတ်ထဲ၌သာ ရေရွတ်လိုက်မိသည်။

စွမ်းရဲ့ ဖြစ်တည်မှုတိုင်းကို နှောင်း သဘောကျနှစ်သက်ပြီး သူ့ကိုတွေ့တိုင်း တဒိတ်ဒိတ် ခုန်နေတဲ့ နှ‌လုံးသားကြောင့် သူ့ကို ချစ်မိနေပြီဆိုတာ နှောင်း ကိုယ့်ကိုယ်ကို ဝန်ခံလိုက်ပါသည်။

"ကျူး သူနဲ့ ခင်ကြည့်ပါလား... သူက ခင်ဖို့ကောင်းရုံတင်မဟုတ်ဘူး သဘောလည်း ကောင်းတယ်...."

နဂိုကမှ ကြည့်မရတဲ့သူကို ခင်ကြည့်ပါတဲ့လား... လူကိုတွေ့တိုင်း မှုန်ကုတ်နေတဲ့ မျက်နှာနဲ့ အဲ့လူ သဘောကောင်းတယ်ဆိုတာ ကျူး ယုံရမှာတဲ့လား။

"မခင်ချင်ပါဘူးအေ.... ကိုယ့်ဘာသာ နေတာပဲ ကောင်းတယ်...."

"ဒီနေ့ နင်ငါ့ကို ‌အကြာကြီး စောင့်ခိုင်းတာ စိတ်မဆိုးဘူးဆိုတာ အတည်မဟုတ်ဘူးနော်..."

"ဟင်.... နင် စိတ်ဆိုးမလို့လား.... တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီအချိန်မှ ကား‌ပျက်လို့ ပါဟာ.... နော်.... စိတ်မဆိုးပါနဲ့နော်...."

မျက်လုံး အဝိုင်းသားလေးနှင့် ပြောလာသော ကျူးအား ဘာမျှ ပြန်မဖြေသေးပဲ နှောင်း နှုတ်ခမ်းလေး စူထားလိုက်သည်။

"ဒါဆို ငါပြောတာ လုပ်ပေးမလား"

"အင်း ပြောကြည့်လေ..."

"မနက်ဖြန် ကန်တင်းမှာ စွမ်းနဲ့ သူငယ်ချင်း ဖြစ်ပေးရမယ်..."

"ဟမ်.... မဖြစ်နိုင်တာ...."

နှောင်း စကားကြောင့် ကျူး ခေါင်းလေးခါကာ အသည်းအသန် ငြင်းလိုက်မိသည်။

"ဖြစ်နိုင်ပါတယ်.... နော်....နင်ပြောတော့ ငါ့ကို စိတ်မဆိုးစေချင်ဘူးဆို"

ကျူး ခေတ္တတွေဝေမိရင်း သက်ပြင်းချကာ ခေါင်းလေး ညိမ့်လိုက်ပါသည်။

"အင်း အင်း ပြီးရော..."

နှောင်း မျက်နှာလေး ဝင်းလက်သွားပြီး ကျူးအား ဖက်လိုက်ပါသည်။

သူမ ချစ်ရတဲ့ ကောင်လေးကို ကျူးနှင့်လည်း သူငယ်ချင်း ဖြစ်စေချင်တာ နှောင်းဆန္ဒပင်.....။
                   -------------- ------------

"စွမ်း.... မနေ့က ပြန်လိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ်..."

"ရပါတယ် နှောင်းရဲ့...."

"ခဏနေ ကျူးလာတော့မယ်... "

ကျူးဆိုတဲ့ နာမည်ကြားတော့ စွမ်း သူ့အရှေ့က ကော်ဖီ တစ်ငုံ သောက်ရင်း သက်ပြင်းချမိသည်။ ဘေးကစိုးပိုင်က.....

"ကျူးလာမယ်ဆိုတော့ ပိုကောင်းတာပေါ့... "

ပြောနေရင်း အိတ်ကို ဟိုရမ်းဒီရမ်းဖြင့် လာနေသော ကျူးအား တွေ့ရသည်။ စွမ်းအနားရောက်တော့ အိတ်ကို စားပွဲပေါ် ပစ်တင်ကာ မျက်နှာမဲ့၍ ထိုင်လိုက်သည်။

ကြည့်ပါလား.... ပုံစံကိုက ဒေါင့်မကျိုးဘူး။

"ခေါက်ဆွဲကြော် တစ်ပွဲပေး..."

"အစ်မ.... ခေါက်ဆွဲကြော်က တစ်ပွဲပဲ ရတော့မယ်ဗျ"

"အင်းလေ.... တစ်ပွဲပဲ မှာတာလေ...."

"အဲ့ဒီတစ်ပွဲက ဒီအစ်ကို အရင်မှာထားလို့ဗျ..."

လူငယ်လေးက သူမဘေးက စွမ်းအား လက်ညှိုးထိုး ပြလိုက်ပါသည်။

ဟင်း.... ဒီလူမှာထားတာနဲ့မှ လာတိုးနေတယ်။ ဗိုက်ဆာပါတယ်ဆို....

"ပြီးရော ပြီးရော.... ဒါဆိုလည်း ထမင်းကြော်ပဲ ပေးတော့..."

"ဟုတ်ကဲ့ဗျ...."

မှာပြီး၍ စားပွဲပေါ်မှအိတ်အား ပေါင်ပေါ်ပြန်တင်၍ ဘာမျှမစားရသေးတဲ့ ဗိုက်ကလေးကို ထိထားလိုက်သည်။

"မိကျူးတို့က အခုမှပေါ်လာတယ်.... အရင်နေ့တွေလည်း ကျောင်းမတက်ဘူး ထင်ပါတယ်...."

စိုးပိုင်ပြောလိုက်တော့ ကျူးက ရယ်ရင်း....

"အဟဲ..... ကျောင်းငါးရက်ဖွင့်ရင် သုံး‌ရက်လောက်က ပျက်လိုက်ရမှ....."

"‌ဘာလဲ.... ကောင်လေး ရနေပြီလား...."

"မရပါဘူး ကိုစိုးပိုင်ရယ်.... ထားလည်းမထားချင်ဘူး.... သိတယ်မလား အခုခေတ်ကောင်လေးတွေက အခွင့်အရေးဆိုရင် ရအောင်ယူချင်ကြတာလေ...."

စွမ်းအား တစ်ချက်ဝေ့ကြည့်ကာ ပြောလိုက်တော့ သောက်နေတဲ့ ကော်ဖီတောင် တီးတော့မလိုလို....

အခွင့်အရေးတဲ့.... ဘာကိုအခွင့်အရေးယူမိတာပါလိမ့်။ ကိုယ်မလုပ်ထားတဲ့ အရာကို ကြံဖန်ပြီး အပြစ်တင်တတ်တာ ချီးကျူးရလောက်အောင်ပင်။

"ဪ.... ကျူးနဲ့ စွမ်းကို ပြန်မိတ်ဆက်ပေးရဦးမယ်... တစ်ယောက်နဲ့တစ်ယောက် သိပြီးသား ဆိုပေမယ့် ဒီနေ့ သူငယ်ချင်း ဖြစ်တဲ့အနေနဲ့ နှောင်းကပဲ မိတ်ဆက်ပေးမယ်နော်"

နှောင်း မိတ်ဆက်ပေးတော့ နှစ်ယောက်သာ မပြုံးချင် ပြုံးချင်နှင့် ပြုံးလိုက်သည်။

"ခေါက်ဆွဲကြော် ရပါပြီဗျ..."

လူငယ်လေးက စွမ်းအရှေ့ လာချပေးပြီး ပြန်ထွက်သွားသည်။

တဂွီဂွီနဲ့ မြည်နေတဲ့ ဗိုက်အား ကျူး ထိန်းချုပ်မထားနိုင်ပဲ ခေါက်ဆွဲကြော်ပန်းကန် လုယူ၍ ပါးစပ်ထဲ ပလုတ်ပလောင်း တွတ်ထည့်လိုက်သည်။

"ဟေ့.... ဘာလုပ်တာလဲ..."

တားချိန်ပင် မရလိုက်တဲ့ စွမ်းက သူမအားကြည့်၍ ပန်းကန် ပြန်ယူရမလိုလို.... စိတ်တိုရမလိုလို...

"စားလို့ကောင်းလိုက်တာ... အရသာကို ရှိလို့...."

အားရပါးရ ဝါးရင်း မျက်လုံးလေးမှိတ်ကာ အရသာခံနေတဲ့ ကျူးအား ‌စိုးပိုင်က တိတ်တိတ်လေး ရယ်မိသည်။ နှောင်းကတော့ အားနာမိရုံကတစ်ပါး ဘာလုပ်လို့လုပ်ရမှန်းမသိ။ ဘေးမှာရှိတဲ့ စွမ်းက....

"အဲ့ဒါ..... ငါမှာထားတာလေ..."

"အဟဲ.... ကျူးဗိုက်ဆာလွန်းလို့ပါ... ရော့ အများကြီး ကျန်သေးတယ် စားမလား...."

ကျူး ပန်းကန်လေး မ,ကာ စွမ်း‌အရှေ့ တိုးပေးတော့ လက်ဖြင့်ကာရင်း....

"မင်း စားပြီးသား စားစရာလား..."

"ဒါလေးစားမိတာကို မသဒ္ဒါဘူးလား... သူငယ်ချင်းဆိုတာ အဲ့ဒီလိုစိတ် မထားရဘူးလေ... ဟုတ်တယ်မလား နှောင်း..."

နှောင်းကို စစ်ကူခေါ်လိုက်တော့ ခေါင်းညိမ့်ပြရင်း....

"အင်း..... ဟုတ်... ဟုတ်တာပေါ့.... စွမ်း... နှောင်းတစ်ခုခု ပြန်မှာပေးရမလား...."

စွမ်းခေါင်းယမ်းပြသော်လည်း ကျူးက....

"ခုန ထမင်းကြော် မှာထားသေးတယ်လေ.... အဲ့ဒါ ဒီခေါက်‌ဆွဲကြော်အစား ပြန်စားလိုက်နော်...."

သူငယ်ချင်းဖြစ်တာ တစ်နာရီတောင် မပြည့်သေးဘူး.... လူကိုအနိုင်ကျင့်လိုက် ဒုက္ခပေးလိုက်နဲ့... ပြောရဆိုရ လက်ပေါက်ကပ်တဲ့ သူငယ်ချင်း စွမ်းဘဝမှာ ဒီတစ်ခါသာ ကြုံဖူးသည်။
                     ---------------- -----------------

"ဟယ်လို....မြတ်..."

"..........."

"အင်းပါ.... ခင် လာလည်မှာပေါ့....."

"............."

"အံမယ် မြတ်တင် သားလိမ္မာလေး ရထားတာ မဟုတ်ပါဘူးနော်.... ခင်လည်း လိမ္မာတဲ့ တူမလေးကို ရထားပါတယ်...."

"..............."

"သဘောကျနေပြီမလား.."

"............."

"အခုတော့..... ခင့်တူမလေးကို ချွေးမ တော်ချင်ပြီပေါ့လေ...."

"............"

"‌သူတို့ ကျောင်းပြီးရင် စဉ်းစားကြတာပေါ့ ဟင်း...ဟင်း"

နံရံကွယ်၍ ရပ်နေသော နှောင်းက ဒေါ်လေးဖုန်းပြောသံများ ကြားရ၍ အလိုလို ရှက်သွေးဖြာကာ လက်ကလေးများ အေးစက်နေသည်။

စနောက်ပြောတာလား တကယ်လား မသိပေမယ့် နှောင်းရင်ထဲ ကြည်နူးမှုတွေ တိုးဝင်လာတာတော့အမှန်...

စွမ်းသာ ဒေါ်လေးတို့ပြောတာ ကြားရင် နှောင်းလို ခံစားချက်ပဲ ဖြစ်မှာလားဟု သူမတွေးရင်း မိမိအခန်းသို့ ဦးတည်သွားလိုက်သည်။

အပိုင်း၅မျှော်>>>>>>

ကျေးဇူးတင်လျက်.....

                         မြူအလင်္ကာ



Continue Reading

You'll Also Like

1.3M 69.6K 59
๐’๐œ๐ž๐ง๐ญ ๐จ๐Ÿ ๐‹๐จ๐ฏ๐žใ€ข๐๐ฒ ๐ฅ๐จ๐ฏ๐ž ๐ญ๐ก๐ž ๐ฌ๐ž๐ซ๐ข๐ž๐ฌ ใ€ˆ๐›๐จ๐จ๐ค 1ใ€‰ ๐‘ถ๐’‘๐’‘๐’๐’”๐’Š๐’•๐’†๐’” ๐’‚๐’“๐’† ๐’‡๐’‚๐’•๐’†๐’… ๐’•๐’ ๐’‚๐’•๐’•๐’“๐’‚๐’„๐’• โœฐ|| ๐‘บ๐’•๐’†๐’๐’๐’‚ ๐‘ด๏ฟฝ...
1.6M 138K 46
โœซ ๐๐จ๐จ๐ค ๐Ž๐ง๐ž ๐ˆ๐ง ๐‘๐š๐ญ๐ก๐จ๐ซ๐ž ๐†๐ž๐ง'๐ฌ ๐‹๐จ๐ฏ๐ž ๐’๐š๐ ๐š ๐’๐ž๐ซ๐ข๐ž๐ฌ โŽโŽโŽโŽโŽโŽโŽโŽโŽโŽโŽ She is shy He is outspoken She is clumsy He is graceful...
3.1M 70.6K 81
Diana is an 18 year old girl about to start her senior year until she bumps into a woman at the bookstore who has quite the personality. The woman ta...