သူ့အန်တီ

Por rachel_mai33

68.2K 2.3K 126

အန်တီ မျက်တောင်တစ်ချက်ခတ်လျှင်ကို သူ့အချစ်တွေတိုးရပါတယ် ။ Más

အခန်း-၁
အခန္း-၁
ဇာတ်သိမ်းပိုင်း
ဇာတ်သိမ်းပိုင်း
သင်္ကြန်လက်ဆောင်
အခန်းပို- ၁
အခန္းပို-၁
အခန်းပို-၂
အခန်းပို-၂
အခန်းပို-၃
...
come back par
let's fri

အခန်းပို-၃

9.8K 390 27
Por rachel_mai33

"သူ့ကို ကလေးလေးမွေးပေး "

ဖြစ်ပုံက ကျောင်းပိတ်ထားပေမဲ့ အစည်းအဝေးခေါ်သည်ကြောင့် ကျောင်းကိုလာကြိုရင်း သုံးနှစ်အရွယ်ကောင်လေးကိုသူ့အဖေကချီထားပြီ ငါးနှစ်အရွယ်ကောင်မလေးကိုအမေက လက်ဆွဲကာလမ်းလျှောက်နေကြသည့် မြင်ကွင်းကိုမြင်ခဲ့ခြင်း ။
အဲ့မြင်ကွင်းကို သူ့အကြာကြီးစိုက်ကြည့်နေခဲ့သည်လေ ။

ကားမောင်းနေတုန်းကလည်း လွန်းမေးမှပြန်သာဖြေပြီး စကားမပြောငြိမ်ကာ တစ်ခုခုစဥ်စားနေပုံက ဒီအကြောင်းထင်ပါရဲ့ ။ညနေခင်းရေချိုးပြီးတော့ ဝရံတာကdreambed၌ထိုင်၍ လွန်းအား ပေါင်ပေါ်မှာတင်ထားသည် ။

ခေါင်းတစ်လုံးပိုနေသည့်အနေအထားမှ ရင်ဘတ်ပေါ်မျက်နှာဖြင့် ပွတ်သပ်ကာတောင်းဆိုရဲ့ ။

"သူ့ စနေတာလား? "

"ဟင့်အင်း ။သူ့တကယ် အန်တီ့နဲ့သူ့ရဲ့ရင်သွေးလေးလိုချင်တာ "

မော့ကြည့်ကာ မျက်နှာတည်တည်နှင့်ပြောနေသည့်ပုံက တကယ့်ကိုလေးလေးနက်နက်ပင် ။
ဘာလို့မှန်းမသိ သူ့ရဲ့ထိုမျက်နှာကိုမြင်မှ ဝမ်းနည်းစိတ်တို့က တလှိုက်လှိုက်ဖြစ်လာတော့သည် ။

"ဒါပေမဲ့ အန်တီတို့က..

"သူ့သိတယ် ။အန်တီတွေးနေတာကို ။ဒါပေမဲ့ ဒီဘက်ခေတ်မှာ မဖြစ်နိူင်တာဆိုတာမရှိသလောက်ပဲလေ ။သူ့တို့ဘန်ကောက်သွားပြီး ကလေးယူကြရအောင်အန်တီ "

​သူ့ပါးတွေကိုအုပ်ကိုင်ကာ နဖူးပြင်ကို နှာခေါင်းထိပ်နှင့် ထိတွေ့ရသည် ။သူနှင့်တူသည့် ကလေးလေးကိုတွေးကြည့်ယုံနှင့်တင် ကြည်နူးလွန်းလို့ ။လွန်းတို့လည်း မိသားစုလေးရနိူင်ပါရဲ့ ။

"သူ့လိုချင်ရင် အန်တီကမွေးပေးမှာပေါ့ "

နှဖူးချင်းကပ်၍ မျက်လုံးမှ ရစ်သီလာတဲ့မျက်ရည်တွေကို မကျမိအောင် ထိန်းထားရသည် ။ဘာလို့မှန်းမသိ ရင်ထဲကပျော်ရွှင်မှုလှိုင်းဒဏ်ကြောင့်လား ။စိုးထိတ်မှုကြောင့်လား မသိ ။ဒီအချိန်မှာ ငိုချင်တာပဲသိတယ် ။

"သူ့မွေးပေးရမလား အန်တီ "

လွန်းအခြေအနေကိုသိပြီး အရွှန်းဖောက်တဲ့သူ့ကြောင့် ငိုချင်တဲ့စိတ်တွေပျောက်ကာ ပြုံးမိသည် ။
အမြဲတမ်းဦးဆောင်ချင်နေတဲ့သူကလေ ။

ရီနေသည့်သူမကို ခေါင်းကနေချုပ်ကိုင်ပြီး မျက်နှာအနှံ့ကို တရွှတ်ရွှတ်နမ်းသည် ။ထိုနောက်နှာဖျားကို လက်ညိုးလက်မဖြင့် ညစ်ကာ..

"ဒီလိုလေး ရီနေမှပေါ့ ။သူ့ပြောတာက ဝမ်းနည်းစရာပါလို့လား အန်တီရဲ့ "

ခါးကို လက်နှင့်ထွေးပွေ့ပြီး ရင်သားတင်းတင်းလေးတွေကြားက အချိုင့်နေရာလေးကို မျက်နှာအပ်နမ်းလာတာကြောင့် ဆက်ကနဲ့တွန့်ကာ ပခုံးကိုတွန်းရသည် ။သို့ပေမဲ့ သူ့ကဖယ်မပေး ။

"ဒီနေရာလေးမှာ မျက်နှာအပ်နမ်းရတာကြိုက်လို့ အိအိလေးနဲ့ အန်တီ့ကိုယ်သင်းနံ့ကို ပိုရတယ် ။ ဘယ်လိုလေးမှန်းမသိဘူး ရင်တွေတအားခုန်ရတာ "

အိမ်​နေရင်းလည်းရင်ဖုံးအင်္ကျီဝတ်တက်သည့်လွန်းကြောင့် အချိုးအစားညီညီ ပြေပျစ်ပျစ်လှနေသည်။
ဖုံးကွယ်ထားသည့် အသားစိုင်တွေကို ဖိကပ်နမ်းတော့ နုနုနယ်နယ်ဖြစ်၍ နာသည် ။
ဝရံတာမှာဖြစ်ချင်တိုင်းဖြစ်နေတာတော့ မကောင်း ။ခြံထဲမှာ တစ်ယောက်ယောက်မြင်သွားခဲ့လျှင် မသင့်တော် ။

"တော်တော့ သူ့ ညနေခင်းကြီး "

"ကလေးမွေးပေးမယ်ဆို ဒါကအဓိက ကျတယ်မဟုတ်လား? "

"ဒါပေမဲ့ ညနေခင်းကြီးရှိ..အွင့် "

လိုချင်တာရှိရင် တဇွတ်ထိုးလုပ်တက်တဲ့ သူ့ပုံစံအတိုင်း ဘာကိုမှဂရုမစိုက်တော့ ။နှုတ်ခမ်းတွေကို မွတ်မွတ်သိပ်သိပ်နမ်းနေသည့်သူ့ အနမ်းတွေကို မောဟိုက်နေရာမှ ပြန်တုန့်ပြန်ပေးမိသည် ။

မွေ့ရာပေါ်မှာ ချပေးပြီးအင်္ကျီနှိပ်သီးတို့အား အကြမ်းအတမ်း ချွတ်ကာ သဘောကျပါတယ်ဆိုတဲ့နေရာကိုလွတ်လွတ်လပ်လပ် ခြယ်လှယ်တော့၏ ။

သူမကိုယ်တိုင်ကိုယ်က သူဆိုရင်ကို မလွန်ဆန်နိူင် ။မလွန်ဆန်ရက်ဖြစ်နေတော့ခက်ရဲ့ ။

~~~

-၁၀လခန့်ကြာသော်-

သူ့တို့ ဘန်ကောက်သွားပြီး သန္ဓေဆောင်ခဲ့ကြသည် ။၂နှစ်ကျော်ကြာပြီဖြစ်တဲ့ အိမ်ထောင်သက်မှာလည်း နှစ်ဖက်မိဘလုံးကသူ့တို့ကိုကလေးယူစေချင်လှပြီဖြစ်တာကြောင့်ရော သူ့ကြောင့်ရောပါ အန်တီကမြတ်နိူးလှတဲ့စာသင်တဲ့အလုပ်ကိုခတ္တနားကာ သူ့အတွက်ဘေဘီလေးအားလွယ်ပေးသည် ။

ကိုယ်ဝန်ရှိစထဲကအန်တီက အပြင်အရမ်းထွက်ချင်တာ ။အိမ်ထဲနေရတာကို ပျင်းတယ် ။ပျင်းတယ်နဲ့ ။အရင်ကရုံးသွားဖို့အတင်းလွှတ်တဲ့အန်တီက တစ်ခါတစ်လေကျပြန်တော့လည်း သူ့ကိုအနားမှာရှိစေချင်ပုံပင် ။အလုပ်တွေကိုပစ်ထားလို့လည်းမရပြန်တော့ သူအလုပ်သွားချိန်ဆို မှိုင်မှိုင်ပြီး မျက်နှာမကောင်းတော့သည့် အန်တီ ။

"သူ့ထက်သာ! .."

အောက်ထပ်က အသံစူးစူးလေးကြောင့် သူ့ရှပ်အင်္ကျီအညိုလက်ရှည်ရဲ့အပေါ်ကြယ်သီးနှစ်လုံးကို မတက်တော့ဘဲ လက်ဖဝါးစာလောက်ရှိတဲ့ ခေါက်ပိုက်ဆံအိတ်လေးကို ဂျင်းဘောင်းဘီအနက်အထဲထိုးထည့်ကာ လှေကားကနေအမြန်အောက်ဆင်းရသည် ။

ဧည့်ခန်းက ဆိုဖာမှာ ခြေချိတ်ထိုင်နေသည့် ဂါဝန်အနက်ရောင်လေးနှင့်အန်တီ ။အနက်ရောင်ကို သဘောကျနေတာထင်ပါရဲ့ ။အခုတလော ဝတ်တာတွေက ထိုအနက်တွေချည်းသာ ။
ဆယ်ကျော်သက်လေးတွေတောင် သူ့လောက်မနုဘူး ။လက်နှစ်ဖက်ကိုပိုက်ထားပြီး မျက်ခုံးတွေက လှိုင်းတွန့်နေ၏ ။

"အန်တီ သွားမယ်လေ ။သူ့ပြီးပြီး "

"ဘာလို့အဲ့လောက်တောင်ကြာနေတာလဲ ။စောင့်နေရတာ ကြာလှပြီ "

ကြာလှပြီ ။အလွန်ဆုံးကြာ ၁၀မိနစ်ပါ..

သူ့ရုံးကပြန်ရောက်ရောက်ခြင်း အပြင်သွားချင်ပါတယ်လို့ အိမ်ပေါက်ဝကနေပြင်ဆင်ပြီး စီးပြောသည့်အန်တီကြောင့် ချက်ချင်းရေချိုးအဝတ်စားလဲကာ အခုအန်တီ့ရှေ့မှာရပ်နေခြင်းသာ ။သူ့မှာ ရေတောင်တကိုယ်လုံးရွဲရဲ့လားမသိ ။

"အန်တီရယ် သူ့ရေချိုးရသေးတယ်လေကွာ ။အခုပြီးနေပြီပဲ စိတ်မဆိုးတော့နဲ့နော် ။ဘယ်သွားမလဲ.. ?"

လက်ဆွဲခေါ်ကာ ကားဆီသွားရင်းပြောတော့ လက်ထဲမှာဆောင့်ရုန်းကာ..

"ကဲကြည့်.. ။ရုံးကပြန်လာတုန်းက မြန်မာပလာဇာနားက အသစ်ဖွင့်တဲ့ကော်ဖီနဲ့ကိတ်ဆိုင်သွားမယ်လို့ပြောထားတာကို မင်းကဂရုတစိုက်မရှိဘူး "

သူ့ပျာပျာ ပျာပျာနဲ့အပြင်သွားဖို့ပြောတာသာကြားတယ် ။ဘယ်သွားမလဲမသိတာတော့ မှန်သည် ။အဲ့ဒါလေးကို ပြိုတော့မယောင်မျက်ဝန်းတွေကြောင့် အန်တီ့ကိုခါးမှဆွဲခေါ်ဖက်ကာ ချော့ရတော့သည် ။

"သူ့အာရုံများသွားလို့ပါ ။တောင်းပန်ပါတယ်နော် ။လာ..လာ သွားမယ် ။မိုးမချုပ်ခင်ပြန်ရောက်အောင်လို့ "

"ခဏ ။ဒီကြယ်သီးတွေကို ဖြုတ်ဖြုတ်မထားပါနဲ့ဆိုတာကို "

အန်တီအော်ခေါ်သံကြောင့် မတပ်မိသည့်အင်္ကျီကကြယ်သီးကို တပ်ပေးရင်း နှုတ်ခမ်းတဆူဆူဖြင့်ပြောသည် ။

"သူ့အလျင်လိုနေလို့ပါ "

မျက်စောင်းထိုးသည့် အန်တီ ။
စိတ်မကြည်ချင်တော့သည့် အမျိုးသမီးကိုကားတစ်ဖက်ခုံမှာ ထိုင်ခိုင်းပြီး သူကဘဲခါးပတ် ပတ်ပေးရသည် ။

အန်တီက ကိုယ်ဝန်စရှိတာမသိခင်ထဲက စိတ်ဆတ်တက်တာတွေ အလွယ်တကူဝမ်းနည်းတက်တာတွေ စိတ်မရှည်တက်တာတွေ အများကြီးရှိခဲ့တာ ။

ကိုယ်ဝန်လရင့်လာတော့ ပိုပိုပြီး ထိုအကျင့်တွေက သိသာလာသည် ။အန်တီ့ရဲ့စိတ်အခြေအနေတွေက သိသာပြောင်းလဲလာတာ ။ဒီအမျိုးသမီးကို အရိပ်တကြည်ကြည်ရှိနေသည့် သူကပိုသိတာပေါ့ ။

အခုလို နည်းနည်းလေးနောက်ကျနေရင်တောင် သူမအတွက်က အတော်ကိုကြာနေပြီ ။ရေချိုးရင်း
ပုံမှန်ကောင်းနေတဲ့ရေပန်းကို ရေကျနှေးတယ်ဆိုတာကအစ နာရီလက်တံကိုတောင် မြန်တယ်နှေးတယ်ဆိုကာအပြစ် လုပ်နေတက်သည် ။ဝတ်ပုံစားပုံက လူငယ်ဆန်လာသည် ။

ထိုသက်မဲ့ပစ္စည်းတွေကို အန်တီစိတ်မကြည်တဲ့အခါတိုင်း သူ့က အအော်ခံအဟောက်ခံ ။တစ်ခါတစ်လေ ဘာမှမလုပ်ဘဲနဲ့ကို အန်တီကသူ့ကို မကြည်တက် အမြဲတမ်း ခုနဧည့်ခန်းထဲကလိုပင် လက်ပိုက်မျက်ခုံးတွေလှိုင်းတွန့်ပြီး စိုက်ကြည့်နေတက်သည် ။ထိုအခါတွေဆို သူ့သေးသေးလေးတောင် အမှားမလုပ်ရဲ ။မဟုတ်လျှင် အန်တီကထိုအမှားကို နောက်ရက်ထိပြောလိုပင်မပြီးတော့ ။

ရှိသေးသည် ။နောက်ထပ် အများကြီး ။
သူ့လေသံမာမိလျှင်တောင် အန်တီကမျက်ရည်ပေါက်ပေါက် ကျအောင်ငိုတက်သေးတာ ။သူမဝမ်းနည်းစိတ်ဝင်နေရင် အလိုလိုကို မျက်နှာလေးက ညိုးနေတက်သည် ။

အန်တီက စိတ်ခံစားချက်တွေအမျိုးမျိုးပြောင်းတာ မြန်တက်သည် ။မူးနေသည့် လူလိုမျိုး။သူ့ဘေဘီလေးမမွေးခင်ထိတော့ အန်တီ့ကို ကလေးပေါက်စနတစ်ယောက်လို အရိပ်ကြည့်နေရအုံးမှာ..

လက်ညိုးတထိုးထိုးနှင့်မှာနေတဲ့အန်တီက ချစ်စရာပင် ။အနက်ရောင် ဒူးဖုံးဂါဝန်ရိုးရိုးရှင်းရှင်းလေးက အန်တီနှင့်အရမ်းလိုက်ဖက်လွန်းသည် ။ဗိုက်ပူပူလေးကို သူ့မှာအသည်းယားနေရတာ ။

"တော်ပြီလား ။ထပ်မှာချင်သေးလား "

"တော်ပြီ သူ့ ။အန်တီ ထမင်းစားလာတော့ ဗိုက်ပြည့်နေတယ် ။နည်းနည်းလေးဘဲ စားမှာ "

လက်အမူအရာလုပ်ပြနေတဲ့ ကလေးဆန်လွန်းတဲ့အန်တီရဲ့ ပါးဖောင်းဖောင်းလေးတွေကို လက်ဖြင့်ညစ်ဆွဲယူပစ်သည် ။ပြုံးပြုံးလေးလုပ်နေ၍ အန်တီစိတ်ကြည်နေသည် ။

ကော်ဖီဘူးရယ် အသားညှပ်ပေါင်မုန့်အထုပ်နှစ်ထုပ်ကိုသာမှာသည် ။ဆိုင်မှာအေးဆေးထိုင်စားပါပြောတာကို မရ ။လမ်းလျောက်ရင်းမှ စားချင်တာတဲ့ ။
ကားကိုရပ်ထားခဲ့ရသာ် ။မြန်မာပလာဇာနားက ညနေကြီးလမ်းလျောက်လို့ကောင်းတဲ့နေရာလည်းမဟုတ်တာကို ။

သူ့မှာ အန်တီရဲ့ပိုနေတဲ့ အသားညှပ်ပေါင်မုန့်နှင့် သူ့အတွက်ကော်ဖီဘူးကတစ်ဖက် ။လက်ကိုမတွဲတော့ဘဲ အစားသာအာရုံရောက်နေတဲ့ အန်တီကိုလည်း ဘယ်ဘက်လက်ကိုအပိုထားပြီး ခါးမှဖွဖွဖက်ကာ လမ်းလျောက်နေသည့်လူတွေဆီမှ ကာကွယ်ပေးရသည် ။

"တို့ကို မင်းဆီကနည်းနည်းတိုက် "

"အကုန်သောက်လို့ရတယ် အန်တီ ။အကုန်သောက်လိုက်နော် "

သူမလက်ထဲကကော်ဖီဘူးကုန်သွားတော့ နည်းနည်းသာလျော့သွားသေးတဲ့ သူ့ကော်ဖီဘူးကိုမျက်စောင်းထိုးလာသည် ။
သူအဖြေကြောင့် အန်တီကမျက်လုံးတွေမှိက်သည်ထိ ပြုံးပြသည် ။ချစ်စရာကောင်းလိုက်တာ ။

"ပေး ကော်ဖီးဘူးအခွံ ။သူ့ ပစ်ပေးမယ် "

ဒေါ်ပန်းလွန်းအိမ်တို့ ကိုယ်ဝန်ရှိပြီး လမ်းလျှောက်တဲ့ပုံက တမျိုးပင် ။မြောက်ကြွမြောက်ကြွနှင့် ။ခြေဖျားတွေ ထောက်လျှောက်တက်သည် ။အပေါ်ကို အခုပဲခုန်တက်သွားတော့မယ် ငှက်ငယ်လေးကြလို့ ။

"စား "

ဗိုက်ပြည့်လွန်နေသည့်ဖြစ်ပေမဲ့ နှုတ်ခမ်းရှေ့ရောက်လာတဲ့ လက်ဖြူဖြူလေးနှင့်ကိုင်ထားသည့် အသားညှပ်ပေါင်မုန့်ကို ကိုက်စားပေးရသည် ။အန်တီက သူမကျွေးတာမစားလျှင် မကြိုက် ။

"ကောင်းလား? "

"အွန်း..ကောင်းတယ် အွန်း "

ပေါင်မုန့်ပလုတ်ပလောင်းနှင့်ပြောရတာကြောင့် သူစကားတို့ကသိပ်မပီသချင် ။

"ကလေးကျနေတာဘဲ "

ပြောလည်းပြော နှုတ်ခမ်းထောင့်ရောက်လာတဲ့သွေးကြောစိမ်းစိမ်းလက်လေး ။ထိုလက်ဆီ သူ့အရအမိလိုက်ကာ လက်မဖျားလေးကို နှုတ်ခမ်းတို့ဖြင့်ထိသည် ။

"သူ့မရတော့ဘူး "

"ဟင်.."

လူခပ်ရှင်းရှင့်လမ်းထောင့်က တိုက်နှစ်လုံးကြားအန်တီကို ဆွဲကာအသည်းယားဖွယ်ကောင်းနေတဲ့နှုတ်ခမ်းတွေကိုနမ်းပစ်သည် ။

"သူ့.. အွင့် "

ကော်ဖီနံသင်းနေတဲ့ နှုတ်ခမ်းအိအိလေးကို စုပ်ယူပစ်သည် ။နံရံနှင့်အန်တီကို သူအရင်ကလို အတင်းမဖိထား ။ကော်ဖီဘူးနှင့် ပေါင်မုန့်ကို လက်တစ်ဖက်ဆီကိုင်ထားဆဲ ။အောက်နှုတ်ခမ်းလေးကို သွားတို့ဖြင့်ဖွဖွဖိကိုက်တဲ့အခါ လျှာဖျားကိုထုတ်လာသည့်အန်တီ ။လက်တစ်ဖက်ဖြင့် မေးကိုပင့်ယူကာ ပိုနမ်းပစ်သည် ။

ကော်ဖီဘူးနှင့်အသားညှပ်ပေါင်မုန့်ကိုင်ထားတဲ့လက်တွေတုန်ရီလာသည် ။သူ့ခေါင်းကိုညာဘက်စောင်းထားရာမှ ဘယ်ဘက်ပြောင်းလိုက်ကာ နှုတ်ခမ်းနွေးနွေးလေးကို အာတွင်းထဲအရအမိ ငုံသည် ။နံရံကိုကပ်ရုံသာကပ်ထားတဲ့အန်တီက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ပစ်မှီကျသည် ။

ခပ်လှုပ်လှုပ် အန်တီ့နှုတ်ခမ်းတွေက သူ့အပိုင်ဆိုတဲ့ ခံစားချက်က ကောင်းလိုက်တာ ။
မလွှတ်ချင်သော်လည်း ကြာလာလျှင် အသက်ရှူရခက်လာမည့်အန်တီ့ကို နှုတ်ခမ်းသားနှစ်ခုလုံးနှင့်ပွတ်သပ်ဖိကပ်ပြီး လွှတ်ပေးရသည် ။

"သူ့ "

"ဘာလဲ "

"မင်း ဘယ်လိုဖြစ်နေတာလဲ ။တော်တော်ကဲ "

"ကိုယ့်မိန်းမကို ကိုယ်နမ်းတာဘယ်သူ့ဂရုစိုက်ရမှာလဲ "

"မင်းဟာလေ "

"ချစ်တယ် "

ဘယ်လောက်ပဲ မောပန်းနေပါစေ ။သူ့ဆီက ထိုစကားကိုကြားရရင် အလိုလိုနှုတ်ခမ်းပါးတို့က တာဝန်တသိလှုပ်ရှားလာကြသည် ။

"လာ..အောက်ငုံ့ပေး "

ဟုတ်သည်လေ ။သူမလက်နှစ်ဖက်လုံးကမအား ။အရင်ကလို သူ့ပခုံးတွေကို အားယူပြီ ၊သူ့ပါးနှစ်ဖက်ကိုအုပ်မိုးကိုင်ပြီး နမ်းဖို့ကအဆင်မှမပြေတာ ။ငုံ့ပေးလာတဲ့ နဖူးလေးကို ခုနကသူအပိုင်စိုးထားတဲ့ နှုတ်ခမ်းတို့ဖြင့် နမ်းသည် ။

"တို့က မင်းကိုပိုချစ်တယ် "

~~~

ဒီနေ့ဟာဆိုရင် သူ့နဲ့အန်တီရဲ့အိမ်ထောင်သက်၅နှစ်ပြည့်သည့်နေ့ ။အန်တီဟာသူ့အား ချစ်စရာကောင်းလွန်းတဲ့သမီးလေးကို မွေးပေးခဲ့သည် ။အခုဆိုရင် သမီးက၂နှစ်ပြည့်ပြီခါစလေးပဲရှိသေးပေမဲ့ အရွယ်နှင့်မလိုက် တအားလည်သွက်သည် ။

"မား.. မား "

ပိုးထက်သာ ။
ကားကိုအိမ်ရှေ့ထိုးရပ်ပြီး လက်ထဲက နှင်းဆီပန်းစည်းနဲ့ ဝက်ဝံရုပ်အားပိုက်ကာဆင်းလိုက်သည်နှင့် သမီးကအနားအပြေးလေးရောက်လာသည် ။
အနောက်မှာတော့ မျက်စောင်းတချီချီနဲ့အန်တီ ။
ဘောင်းဘီတိုလေးနှင့် တီရှပ်ဖြူဖြူလေးထဲနစ်နေသည့် သမီးအားသူ့ပွေ့ချီကာ ပါးဖောင်းဖောင်းလေးတွေကိုတစ်ချက်နမ်းရသည် ။

"ဘေဘီလေး ကြည့်ပါအုံး ။မာမီက ဘေဘီကြိုက်တဲ့ ဝက်ဝံလေးဝယ်လာတယ် ။အားဘွားပေး..

"ခစ်ခစ်.. မား ချစ် ချစ် "

စကားသိပ်မပြောတက်သေးပေမဲ့ သမီးကသူ့ခံစားချက်ကို အခုလိုစကားလုံးအတိုလေးတွေဖြင့်ဖော်ပြတက်သည် ။သူ့အားနားရွက်နှစ်ဖက်ကဆွဲကာ ပါးပြင်တွေကိုနှာခေါင်းသေးသေးလေးဖြင့် တရှုံ့ရှုံ့နမ်းသည် ။သူ့မှာ အမောကိုပြေလို့ ။

ဝက်ဝံရုပ်ရတော့ အောက်အတင်းဆင်းကာ သူ့အရပ်ထက်ရှည်နေတဲ့အရုပ်ကိုဒရွတ်တိုက်ဆွဲသွားပြီး အိမ်ပေါက်ဝကလက်ပိုက်ရပ်နေတဲ့ အန်တီဆီသွားသည် ။

"မေ.."

လွန်းအရုပ်အား မကာ.မကာပြနေတဲ့သမီးကိုကောက်ပွေ့လိုက်ပြီး အိမ်ထဲဝင်ခဲ့လိုက်သည် ။သမီးကတော့ အရင်ကလိုသူ့မာမီကို လွန်းအရေးမလုပ်သည်ကြောင့် မျက်လုံးဝိုင်းလေးတွေနှင့်နောက်ကိုတကြည့်ကြည့် ။

နောက်ကနေ အလျင်မီအောင်လိုက်လာတဲ့ခြေလှမ်းသံတွေကိုကြားပေမဲ့ လွန်းဧည့်ခန်းကထိုင်ခုံဆီသာသွားနေလိုက်သည် ။ဒီရက်ဒီခါမှ ရုံးကနေပြန်လာသည်က ည၇နာရီတဲ့လေ ။လွန်းမှာတော့ တစ်နေကုန်မနက်တည်းစျေးကိုယ်တိုင်သွား သမီးကိုလုံးလုံးနဲ့ပစ်ထားပြီး ချက်ပြုတ်နေတာ ။သူကတော့ အလုပ်ကိုသာအရေးတယူရှိသည် ။

"အန်တီတွက် "

ပေးလာတဲ့ပန်းစည်းအားလွန်းယူကာ တစ်ချက်နမ်းရှိုက်ပြီး ဆိုဖာပေါ်ပြန်တင်ကာ ဝက်ဝံရုပ်နဲ့လုံးထွေးနေသည့်သမီးကိုသာကြည့်နေရသည် ။သူကတော့ ပန်းစည်းအားဘေးတိုးကာ လွန်းနားဝင်ထိုင်သည် ။
ခါးကိုခပ်ဖွဖွဖက်လာသည် ။

"ညနေရုံးစောစောဆင်းမယ်ဆိုမှ ဝယ်သူတွေကရောက်လာလို့လေ ။သူ့က စံစံနဲ့ပစ်ထားခဲ့လို့လဲမကောင်းဘူး ။ဝယ်သူအသစ်တွေမို့ သူ့သေချာလုပ်ပေးနေရတယ် ။အဲ့ဒါကြောင့် သူ့နောက်ကျသွားတာပါ အန်တီ "

ခိုင်လုံလှတဲ့အကြောင်းကြောင့် လွန်းသက်ပြင်းချရသည် ။အိမ်ထောင်ဦးစီးတစ်ယောက်ပမာ လွန်းတို့သားအမိအပေါ်မှာသူ့ဟာတာဝန်ကျေလှသည် ။အချိန်နောက်ကျတာလေးနဲ့ကို လွန်းသူ့အားစိတ်လုပ်နေတာ မဖြစ်သ​င့်ပါဘူးလေ ။တစ်ခါတစ်လေဆို လွန်းသူ့အပေါ်အရမ်းကိုအနိူင်ယူလွန်းသည် ။စိတ်ဆက်လွန်းသည် ။

"တို့နည်းနည်း ဝမ်းနည်းစိတ်ဝင်သွားမိလို့ မင်းကိုစိတ်လုပ်နေမိတာကွယ် ။ဒီအသက်အရွယ်ထိ မင်းကြောင့်ဆို တို့မှာမရင့်ကျတ်သေးနိူင်ဘူး "

"သူ့ကြောင့်ရင်ကျတ်အောင်ကြိုးစားနေစရာမလိုပါဘူး ။အန်တီ့စိတ်ထဲကအတိုင်းသူ့အပေါ် စိတ်ဆိုးစိတ်ကောက်လို့ရတယ်နော် ။ဒါပေမဲ့ သူ့ချော့ပြီးရင်တော့ အန်တီစိတ်ကောက်ပြေပေးပေါ့ ။နော်..နော် "

"ခစ်ခစ်..ခစ် "

လွန်းခါးအားဖက်ပြီး အတင်းတိုးချွဲနေသည့်သူ့ကြောင့် ကိုယ်ပေါ်ကသမီးက သူ့မာမီလုပ်နေပုံကိုကြည့်ကာ တခစ်ခစ်ရယ်သည် ။

"ဟာ..ဘေဘီလေးက မာမီ့ကိုရယ်တယ်ပေါ့ ။လာကွာ..အားဘွားတွေချည်ပေးပစ်မယ် ရွှတ် "

သမီးမျက်နှာအနှံ့ကို နမ်းသည်ကြောင့်သမီးကမျက်နှာလေးမဲ့လာသည် ။သူ့ကချစ်သည်ကြောင့် ခပ်ကြမ်းကြမ်းနမ်းလျှင် သမီးကမကြိုက် ။တအီးအီးနှင့် လွန်းကိုမော့ကြည့်လာသည် ။စစ်ကူတောင်းနေသလိုမျိုး ။ငိုတော့မငို ။လက်ထဲမှာ ဝက်ဝံရုပ်ကြီးနဲ့မို့လား ။

"တော်တော့ သူ့ ။သမီးက မင်းအဲ့လိုနမ်းရင်မကြိုက်ဘူး "

"အင်း..သမီးကိုလွှတ်ပေးလိုက်မယ် ။အန်တီလာခဲ့.."

"အို့ သူ့!
မင်းနော် ကလေးရှိနေတာကိုကွယ် "

ပါးပြင်နှစ်ဖက်အားလက်ဖြင့်ထိန်းပြီး လွန်းမျက်နှာပေါ်ကျလာတဲ့အနမ်းတွေ ။နှုတ်ခမ်းဖြင့်ရော နှာခေါင်းဖြင့်ရောနမ်းနေတာ ။သမီးရှိနေတာတောင် လွန်းနှုတ်ခမ်းကိုရှပ်ထိနေသည်ကြောင့် ဗိုက်ကိုလိမ်ဆွဲတော့မှ ရပ်သွားသည် ။သမီးကတော့ သူကိုယ်နမ်းခံရတာမဟုတ်၍ ပြုံးပြုံးလေးသာမော့ကြည့်နေတယ် ။သူ့ရောသမီးရော သားမိနှစ်ယောက်လုံး အဆိုးတွေ ။

"မင်းကြိုက်တဲ့ဟင်းတွေချည်းပဲချက်ထားတယ် ။ထမင်းစားရအောင် "

"ဟုတ်ကဲ့ ။သူ့အပေါ်ကို အင်္ကျီသွားလဲအုံးမယ်အန်တီ ။ထမင်းဝိုင်းပြင်ချင်ရင် သမီးကိုသူ့ဆီပေးလိုက်လေ "

"ရတယ် သွားသွား ။လုံးလုံးရဲ့ခေါ်လိုက်မယ် "

"ဟုတ် ။ရွှတ်! ..happy anniversary သူ့ရဲ့အမျိုးသမီး "

အိမ်ထောင်သက်၅နှစ်ရှိပြီကို သူ့ပါးပြင်ကိုနမ်းလျှင်တောင် လွန်းမှာရင်တွေခုန်ပြီး နေမရထိုင်မရဖြစ်နေတုန်း ။ချစ်တာကို ။

~~~

"ဒီနှစ် anniမှာသူ့အလုပ်တွေရှုပ်နေလို့ အန်တီနဲ့သမီးကိုအပြင်မခေါ်သွားရဘူး ။မနက်ဖြန် တစ်နေရာရာသွားချင်လား အန်တီ "

"ဟင့်အင်း ။အန်တီနဲ့သမီးလေးက မင်းအနားမှာရှိနေပေးရုံနဲ့ရပြီ "

"ဟာကွာ...သူ့ကိုခြွေနေတာ ခြွေနေတာ "

ကုတင်ဘောင်အားမှီထားတဲ့သူ့ရင်ခွင်ထဲကလွန်းအား ခေါင်းတွေငုံ့၍လည်တိုင်ဆီတိုးကာနမ်းသည် ။သူ့လက်ချောင်းတွေနဲ့လွန်းလက်ချောင်းတွေယှက်ထားရက်ဖြင့် လွန်းခါးအားဖက်ထား၏ ။သမီးကအောက်ထပ်မှာ လုံးလုံးနဲ့အိပ်သည် ။ခွဲအိပ်တာ တစ်လလောက်ရှိရော့မယ် ။

"ဟန်ဟန်လေးက လက်ထက်ပွဲတွက်ဖိတ်စာပေးသွားတယ် သူ့ "

သမီးမွေးပြီးတော့ ဟန်ဟန်နဲ့အန်တီက ဓာတ်ကျသွားသည် ။ဘယ်ကဘယ်လိုလဲမသိပေမဲ့ အရင်ကဟန်ဟန့်ကိုမြင်တာနဲ့စိတ်ဆက်လွန်းတဲ့အန်တီက အခုတော့အိမ်တောင်ဝင်လားထွက်လားပေါင်းသင်းနေတာ ။သမီးကိုလည်း ဟန်ဟန်ကချစ်သည် ။

"ဒီလကုန်မှဆိုတော့ သူ့အလုပ်အားရဲ့လား "

"အားပါတယ် ။မအားလို့မှမရတာ ဟန်ဟန်က သူ့မင်္ဂလာပွဲမလာလို့ ကုမ္မဏီလာရမ်းမှ "

"အဟင်း..ဟင်း ဟုတ်သား ။ဟန်ဟန်လေးက သိပ်ရဲတယ် "

လွန်းရီပြောနေရာကနေ တိခနဲ့ရပ်မိသွားသည် ။လွန်းအား ရီဝေဝေလေးငေးကြည့်နေသည့် သူ့ကြောင့် ။ရင်တွေတအားခုန်လာတာ ။လွန်းအားနေရာပြောင်း၍ မျက်နှာချင်းဆိုင်ကာ မေးဖျားတွေကိုပင့်ယူကာ လက်တွေကခါးအောက်ဆီသို့ဦးတည်ပွတ်သပ်နေ၏ ။ချက်ချင်းကြီး ဒီအနေအထားရောက်လာရတာ လွန်းသိပ်ရှက်တယ် ။

"၅နှစ်ရှိပြီ ။သူ့ အန်တီကိုပိုင်ဆိုင်ခဲ့တာက "
"ဘာလို့များ အခုထိပြည့်စုံအောင်လှနေရတာလဲ ။သူ့အန်တီက အရမ်းကိုလှတာ "

လူကိုအပေါ်အောက်စုံချည်ဆန်ချည်ကြည့်ကာပြောသည် ။သမီးတောင်ရနေမှတော့ သူ့ထက်သာဟာ အပြောအဆိုတွေရဲလာသည် ။အရင်ကလည်းရဲပါရဲ့ ။ဒါပေမဲ့ သူ့ကိုယ်သူထိန်းသေးသည်လေ ။
အခုတော့ သူ့အပြောတွေ အကြည့်တွေက ဆင်ဆာမဲ့သည် ။

"သူ့စိတ်ရှိတိုင်း အန်တီ့ကိုကြမ်းရမ်းပစ်ချင်တယ် "

နှုတ်ခမ်းတွေကို မွတ်သိပ်စွာနမ်းသည် ။လျှာတွေဖြင့် ။လက်တွေက ရဲတင်းသည် ။လွန်းမှာသာ ဘာမှမပြောင်းလဲကာ အခုလိုချိန်တွေဆို မျက်နှာရဲ၍ အသံကိုအတင်းထိန်းရသည် ။

"အ့..နာတယ် "

"လက်ထဲမှာ ပြည့်လျှံနေအောင်ထိမိန်းမ "

"မင်းစကားကိုထိန်းအုံး သူ့..
အ့ မညှစ်နဲ့ "

"အား...ကြိုက်တယ် ။နူးညံ့အိစက်ပြီး အန်တီ့ရင်သားတွေက ကိတ်နေရော "

သူ့အနမ်းတွေကို အလျှင်မီအောင်လိုက်ပေးရသည် ။လွန်း သူ့ကိုဒီအချိန်တွေမှာ အမိန့်ပေး၍မရ ။လွန်းသာ နာခံရသည် ။

ဒေါက်..ဒေါက်

"အန်တီလွန်း..
မမလေး "

"မေ..မေ ။မား.. အီး အဟင့် မား "

သမီးငိုသံကြောင့် လွန်းကိုယ်ပေါ်က အတင်းကိုလည်တိုင်ကြားမျက်နှာအပ်ထားတဲ့သူ့ကိုတွန်းဖယ်ရသည် ။တော်တော်နှင့်မရ ။

"သူ့ ဖယ်အုံး ။သမီးငိုနေတယ် ။သူ့... "

"သူ့ကြားတယ်အန်တီ ။ပြွတ်စ့်..

နှုတ်ခမ်းအောက်လွှာကို အသံထွက်သည်ထိ ဆွဲစုပ်သွားပြီး တံခါးဆီသွားသည် ။လွန်းမှာသာ ပျက်ယွန်းတွန့်ကျေနေတဲ့ အင်္ကျီကိုသပ်ချကာ ကုတင်ပေါ်မှာထထိုင်ရသည် ။ဆင်းလို့တော့မရသေး ခြေထောက်တွေမခိုင်စွာ လဲသွားမည်ပင် ။ရင်တွေတအားခုန်နေတာ ။

"ဘေဘီလေး ဘာဖြစ်တာလဲ "

"ပိုးလေးက တရေးနိူးပြီး အန်တီလွန်းနဲ့မမလေးကိုပဲ တပြီးငိုနေလို့ ။..ဟို လုံးလုံးလည်း မတက်သာလို့ "

"ရပါတယ် ။လုံးလုံးသွားအိပ်တော့လေ ။ဘေဘီလေးကို မမလေးတို့နဲ့သိပ်လိုက်တော့မယ် "

"ဟုတ်ကဲ့ "

သမီးက သူ့ကိုကားယားခွ၍လည်တိုင်ကိုဖက်ထားသည် ။ပြေနေတဲ့ဆံပင်တွေကို လွန်းစုစည်းရသည် ။ထို့နောက် အနားလာတဲ့သူ့ဆီကသမီးကိုခေါ်ဖို့လုပ်ရသည် ။

"အီး..မေ ။အိပ်ချင်ရို့ မေ.."

"အင်းအင်း ။မေမေနဲ့အိပ်နော် "

"ဘေဘီ့ ရေသောက်မလား "

"တောက်ပြီးတာ မား ။အိပ်ချင်ရို့..အင့် "

မျက်လုံးနှစ်ဖက်ကိုလက်ဖြင့်ပွတ်သပ်ပြီးဖြေသည် ။အခန်းထဲဝင်လာထဲက အိပ်ချင်တာကိုခွင့်တောင်းနေဆဲသမီး ။အန်တီပြောပြီးတော့ သူ့အားပြောနေသေးတာ ။

"မာမီတို့နဲ့အိပ်ချင်တာလား "

"ဟုတ်တဲ့ "

"အိပ်လို့ရပါတယ် ။တိတ်တော့ ။
အန်တီရေသောက်လိုက်အုံး "

လွန်းမှာလည်ပင်းတွေခြောက်ကပ်နေတာ သူ့လှမ်းပေးမှရေခွက်ကိုတအားမော့ချသောက်ရသည် ။သမီးကတော့မွေ့ရာပေါ်မှာလူးလိမ့်နေပြီ ။ငိုတာလည်းတိတ်သွားသည် ။သူ့ကိုကြည့်တော့ သူ့ကလွန်းအားမျက်ခုံးပင့်ပြ၏ ။ထို့နောက် သမီးနားဝင်လှဲကာ ကျစ်နေအောင်ဖက်ထားတော့ သမီးကမျက်နှာမဲ့နေပြန်သည် ။

"အီး..မေ ။ကျပ် ကျပ် "

"သူ့သမီးကိုလွှတ်ပေးလိုက်အုံး "

"ဘေဘီကကွာ ။မာမီက ချစ်လို့ဖက်တာကို "

သူ့ကစိတ်ဆိုးသလိုပြောတော့ သမီးကမျက်လုံးတွေဝိုင်းပြီး ကိုယ်ပေါ်ကဖယ်ဖို့ပြင်နေတဲ့ သူ့လက်ကိုလက်သေးသေးလေးတွေဖြင့်အုပ်ကိုင်ထားလိုက်ပြန်သည် ။တက်လည်းတက်နိူင်တဲ့သမီး ။

"ဖက်..ခစ်ခစ် ဖက်..ဖက် မား ။"

"အား..အူတွေယားလာပြီနော် "

လွန်းလည်းသမီးတစ်ဖက်ကနေဝင်လှဲကာ သူ့အားကြည့်နေမိသည် ။သမီးကိုဖွဖွပွတ်သပ်ကာ သိပ်နေသည် ။

"အဆင်ပြေရဲ့လား သူ့ "

လွန်းဘာသဘောမေးလဲဆိုတာသိတော့ သူ့ကပြုံးနေသည် ။

"ပြေပါတယ် ။အန်တီလည်းအိပ်တော့လေ "

"မေ..ချိုချို မေ "

သမီးက လွန်းဖက်လှည့်ကာရင်ဘတ်အားလက်သေးသေးလေးတွေဖြင့်ကိုင်ကာတောင်းလာသည် ။သူ့အောက်နှုတ်ခမ်းအား သပ်ကာလည်စိ့လေးလှုပ်ရှားသွားတာ လွန်းမြင်လိုက်၏ ။

"သမီးလို သူ့လည်းတောင်းလို့ရရင်အကောင်းသား နော် "

လွန်းထွေးပွေ့ထားတဲ့သမီးကိုကြည့်ရင်းနားဆီကပ်ကာ ခပ်တိုးတိုးပြောသည် ။ကုတ်ပစ်လိုက်ချင်သည် ။အသည်းယားလွန်း၍ ။

နှဖူးပြင်အားနှုတ်ခမ်းတွေဖြင့်ဖိကပ်နမ်းလာသည် ။
လွန်းမျက်လုံးတွေမှိက်ချကာ ထိုအထိအတွေ့အားခံယူနေမိသည် ။

"ချစ်တယ် "

"တို့ရော မင်းကိုချစ်လွန်းလို့ "

လွန်းထိုသို့ပြန်ပြောတော့ လွန်းကို​ရောသမီးကိုပါအတင်း သူ့ရင်ခွင်ထဲဆွဲထည့်သည် ။သမီးက အိပ်ချင်နေ၍မျက်လုံးများပင်စင်းနေပြီ ။လွန်းလည်းထိုနည်းတူပင် ။သူ့ရင်ခွင်ထဲမှာလွန်းတို့နှစ်ယောက်လုံးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မည်ပင် ။

လွန်းတို့အတွက် သူ့ဟာလုံလောက်သည်ထက်ပိုတဲ့ အားကိုးအားထားရာတစ်ခုပါ ။

-ပြီးပါပြီ-

နှင်းရဲ့ ပထမဆုံးocမှာ မှန်းထားတာက တစ်ပိုင်းတည်းအပြီး one shortဆိုပေမဲ့ အခုဆိုအပိုင်း၅ပိုင်းနဲ့short ficဖြစ်သွားတယ် ။fan ficရေးနေတာဆိုတော့ ocကိုမရေးနိူင်လောက်ဘူးထင်ထားပေမဲ့ အခုတော့ နှင်းရဲ့ပထမဆုံးshort ocလေးဖြစ်သွားခဲ့ပါပြီ ။သင်္ကြန်အတွက်ဆိုပြီးတော့လည်း နောက်ထပ်short ocတစ်ပုဒ်ရေးနိူင်ခဲ့လို့ကိုယ့်ကိုယ်ကိုလည်း အရမ်းအားရကျေနပ်မိပါတယ် ။
နောက်တော့ ocတစ်ပုဒ်ကိုသေသေချာချာလေးအချိန်ပေးပြီး ရေးပါအုံးမယ် ။အခုတော့ သူ့နဲ့လွန်းကိုကျေနပ်ကြတယ်မလား ။

Seguir leyendo

También te gustarán

3.7M 292K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
2.8M 161K 50
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
2M 112K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
1.3M 69.1K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...