💕အကြင်နာဒိုင်ယာရီ💕

By myualinkar

5.9K 99 1

💕အကြင်နာဒိုင်ယာရီ💕 ~~~~~~~~~~~~~~~ ဖြစ်နိုင်ရင် ဒီအခြေအနေတွေကြားမှာ အဲ့ဒီတစ်ရက်ကို ရပ်တန့်ထားချင်မိတယ် ... More

အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀) (ဇာတ်သိမ်း)

အပိုင်း(၃)

244 3 0
By myualinkar

💕အကြင်နာဒိုင်ယာရီ💕

                    အပိုင်း(၃)

နှောင်း ခေတ္တငေးနေမိရင်း အသိပြန်ဝင်လာတော့ ခေါင်းလေးငုံ့ကာ ဘေးမှ ဖန်ခွက်အရှည်လေးဖြင့် ထည့်ထားသော ရေအား တစ်ငုံသောက်လိုက်သည်။

စွမ်းက သူမအား တစ်ချက်ကြည့်ကာ ခပ်သဲ့သဲ့လေး ပြုံးပြလိုက်သည်။

နှောင်းကို မှတ်မိ၍ပြုံးပြတာလား ဒါမှမဟုတ် အန်တီ့ဧည့်သည်မို့လို့ ပြုံးပြတာလားဆိုတာ နှောင်း မခန့်မှန်းတတ်။

"သား.... ဒီအန်တီက မေမေ့ သူငယ်ချင်း ဒေါ်ခင်သက်ထားတဲ့.... သူလေးကတော့ ဒီအန်တီရဲ့ တူမလေး နှောင်းရိပ်ချိုတဲ့.... ဒါကတော့ သားတော်မောင် မင်းစွမ်းရည်...."

မေမေ မိတ်ဆက်ပေးတော့ နှစ်ယောက်သား ပြုံးကာ ခေါင်းလေး ညိမ့်လိုက်သည်။

တော်သေးတာပေါ့.... နှောင်းဖြစ်နေလို့၊ ဟိုတစ်ယောက်သာဆိုရင် မပြုံးပြချင်လည်း ပြုံးပြနေရဦးမှာ... လူကို ပြောဆိုရုံတင် အားမရဘူး ထိခိုက်ဒဏ်ရာပါ ပေးချင်သည့် ကောင်မလေးအကြောင်း တစ်ချက်တွေးလိုက်မိသည်။
                        ---------------------- -------------------------

ကျောင်းဝန်းထဲမှ ခုံတန်းရှည်လေးပေါ်၌ လွယ်အိတ် ဘေးနားချပြီး မျက်ဝန်းတွေက လက်ထဲမှစာမျက်နှာဆီသို့ အာရုံရောက်နေသောစွမ်း....

သူငယ်ချင်းတွေနှင့် အမြဲတွဲတွေ့ရလေ့မရှိသည့် စွမ်းက ယခုလို တစ်ယောက်တည်း စာအုပ်တစ်အုပ်နှင့် အချိန်ဖြုန်းရတာ သူ့အတွက် သာယာတဲ့ ကမ္ဘာကြီးတစ်ခုလိုပင်။

နာရီဝက်လောက်အကြာ သူ့ကမ္ဘာကို ဖြိုခွင်းလိုက်တာက ကပျာကယာနှင့် ပြေးလာသောကျူး....

ထဘီလေး မ ကာ မျက်ဝန်းက အနောက်သို့ လှည့်တကြည့်ကြည့်နှင့် လက်ထဲက ကော်ဖီဘူးကိုင်ပြီး ပြေးလာကာ စွမ်းဘေး ဝင်ထိုင်ပြီး လွယ်အိတ်ပေါ် တင်ထားသော စွမ်းရဲ့အပေါ်ထပ်အင်္ကျီအား လျင်မြန်စွာ ကိုယ်ပေါ်ခြုံထားလျက် အင်္ကျီမှပါသော ဦး‌ထုပ်ဆောင်း၍ စက္ကန့်ပိုင်းမျှ ငြိမ်နေလိုက်သည်။

"မင်းဘာလုပ်တာလဲ...."

စွမ်း သူမအနားက ထတော့မလိုလိုနှင့် အလန့်တကြားမေးလိုက်ရာ စွမ်းလက်မောင်းဆွဲ၍ ပြန်ထိုင်စေသည်။

"ရှူး.... တိတ်တိတ်နေ... ကျူးအနောက် လူတစ်ယောက်လိုက်လာလို့"

နှုတ်ခမ်းဝ လက်ညှိုးလေးတေ့၍ မျက်မှောင်လေးကြုတ်ကာ တိတ်တိတ်နေ‌ဖို့ ပြောနေသော ကျူးအမိန့်အား လက်ခံမိရာ သူမဘေးမှ ကျောက်ရုပ်သဖွယ် ငြိမ်သက်နေမိသည်။

ခဏအကြာ ဘေးသို့ ဝေ့ဝဲကြည့်၍ ခြုံထားသည့် စွမ်းအင်္ကျီအားဖယ်ကာ သက်ပြင်းချလိုက်သည်။

"ဟူး...တော်ပါသေးတယ် သူသွားပြီ...."

"မင်းဘာလို့ ငါ့အနား လာထိုင်တာလဲ..."

"ဪ....ကျူးလည်းလောနေတော့ ထိုင်မိထိုင်ရာ ထိုင်လိုက်တာပေါ့...."

"အဲ့ဒီလိုပဲ ထိုင်နေကျလား"

"ဘာ...."

ကျူးရဲ့ ခပ်စူးစူးအော်လိုက်သံကြောင့် စွမ်း မဲ့ပြုံး ပြုံးလိုက်သည်။

"မဟုတ်လို့လား...."

"လူကိုဘယ်လိုထင်နေလို့လဲ.... ဟင်း... သူ့အနား ခဏလေးထိုင်မိပါတယ်... ဖြစ်ပျက်နေလိုက်တာ... ရော့ ရှင့်အင်္ကျီ...."

ဆောင့်အောင့်ကာ သူ့ပေါင်ပေါ်မှ အင်္ကျီအား စွမ်းဆီပေးလိုက်ရင်း ဘေးနားက ကော်ဖီဘူးလေးကိုင်ကာ ထသွားမည်အလုပ် ခဲလုံးနှင့် ခလုတ်တိုက်မိကာ စွမ်းကိုယ်ပေါ် ဖိတ်စင်သွားသည်။

"အား.... ပူလိုက်တာ...."

စွမ်း ချက်ချင်းထရပ်၍ ရင်ဘက်နှင့် မကပ်အောင် ကော်ဖီပေနေသော အင်္ကျီအား လက်ဖြင့် အသာဆွဲထားသည်။ ကျူးက မျက်လုံးလေးပြူးကာ  ကြောင်အမ်းအမ်းနှင့် ဘေးနားရပ်၍ ခေါင်းလေး ကုတ်နေမိသည်။

"အရမ်း.... အရမ်း ပူသွားလားဟင်"

"ကျစ်.... မင်းတော်တော် စိတ်ပျက်ဖို့ ကောင်းတာပဲ... ဟိုတစ်ခေါက်ကလည်း ကားနဲ့တိုက်မလို ဖြစ်ပြီးပြီ... အခုလည်း ကော်ဖီတွေနဲ့... ငါ့ကို ဒုက္ခပေးလို့ မဝသေးဘူးလား"

ကျူး အိတ်လေးကိုင်ကာ ခပ်ကုတ်ကုတ်လေးဖြင့် ခေါင်းငုံ့လျက်.....

"ဟိုလေ.... မတော်တဆ ဖြစ်သွားတာပါ...."

မတော်တဆဟု ပြောနေပေမယ့် တောင်းပန်းစကား ဆိုမလာသောကျူး....

"ဒီတစ်ခါ မတော်တဆ ဖြစ်သွားတယ် ထားပါတော့... အရင်တစ်ခေါက် ငါ့ကို ကားနဲ့ တိုက်မိမလို ဖြစ်တုန်းက ဘာလို့ ‌ဆင်းပြီး မတောင်းပန်တာလဲ...."

"ကျူး အချိန်မရလို့ပါ...."

လူကို ဒုက္ခပေးဖို့တော့ အချိန်ရသည့် ကောင်မလေး...။

စွမ်း ခုံပေါ်မှ အိတ်နှင့် အပေါ်ထပ်အင်္ကျီ ယူ၍ ခြေလှမ်းပြင်နေစဉ် ကျူးက....

"ကျူး ဘာပြန်လုပ်ပေးရမလဲဟင်...."

‌စွမ်း လက်ကာပြ၍....

"ရပြီ.... ရပြီ.... အေးအေးဆေးဆေးပဲ နေပါ‌ဗျာ.... ကျွန်တော်ဘာမှ မလိုဘူး ဟုတ်ပြီလား...."

ရွဲ့သလို ပြောပြီး ထွက်သွားသော စွမ်းကျောပြင်အား မျက်နှာလေးစူကာ ကြည့်နေလိုက်သည်။

"ဟွန်း... အဲ့ဒါငါ့ကို ပြောဆိုလို့ ဖြစ်ရတာ.... ငါမသောက်ရသေးပဲ ကော်ဖီတွေ မှောက်ကုန်တာကျတော့ မပြောဘူး....."

မယ်မင်းကြီးမလေး ပြောပုံက သူ့ကော်ဖီအား ပြန်ဝယ်ပေးရမည့်ပုံ.... ကုန်သွားသော ကော်ဖီဘူးအလွတ်အား ပြန်ကောက်၍ အမှိုက်ပုံးထဲထည့်ကာ အတန်းထဲသို့ ဦးတည်လာခဲ့သည်။
                     -------------- --------------

"မေမေတို့က အကြာကြီး သွားမှာလား....."

"သိပ်တော့မကြာပါဘူး သမီးရဲ့... ဟိုကအလုပ်တွေ ရုတ်တရက်ပေါ်လာတော့ မသွားမဖြစ်လို့ပါ... ပြီးတော့ သမီး ဒေါ်လေးလည်း ရှိတာပဲ"

မေမေ့လက်ကလေးကိုင်ကာ စိတ်မကောင်းဖြစ်နေသည့် နှောင်းအား ဖေဖေနှင့် ဒေါ်လေးက ပြုံး၍ ကြည့်နေပါသည်။

"ဖေဖေတို့ ခရီးထွက်နေတုန်း လိမ်လိမ်မာမာနေနော် သမီး.... ဒေါ်လေးစကားလည်း နားထောင်"

"ဟုတ်ကဲ့ပါ ဖေဖေရဲ့..."

"ခင်....မမကြီး စိတ်ချမယ်နော်..."

"စိတ်သာချ မမကြီး... နှောင်းကို ခင် စောင့်ရှောက်ထားပါ့မယ်...."

မေမေ နှောင်းရဲ့ ခေါင်းလေး အသာပုတ်ရင်း နူးညံ့သည့် နှောင်းလက်ကလေးများအား ဆုပ်ကိုင်ထားသည်။

"အန်ကယ်နဲ့အန်တီ...."

ဖေဖေတို့က အသံလာရာ ကြည့်လိုက်တော့ အပြေးအလွှား ရောက်လာသည့်ကျုး....

"ဟော.... သမီးကျူးတောင် လာပြီ..."

"အန်ကန်နဲ့ အန်တီ ခရီးသွားမယ်ဆိုလို့ လမ်းမှာ စားလို့ရအောင် ဒီမုန့်လေးတွေ လာပေးတာ"

"ကျေးဇူးပါပဲကွယ်.... နှောင်းကိုလည်း အဖော်လုပ်ပေးဦးနော် သမီး..."

"ဟုတ်ကဲ့ပါ အန်ကယ်..."

"ကဲ.... အချိန်လည်းနီးပြီ ဆိုတော့ သွားတော့မယ်..."

ဖေဖေနှင့် မေမေရဲ့ ခရီးဆောင်အိတ်လေးအား ကားပေါ်ကူတင်ပေးပြီး၍ လက်ပြကာ ကားလေးက နှောင်းတို့ခြံဝန်းထဲမှ ထွက်သွားခဲ့သည်။ ကျူးကတော့ နှောင်းလက်ကလေးအား ကျစ်ကျစ်ဆုပ်ကိုင်ထားလျက်.....။
                    --------------- --------------

"ဟင်..... ကော်ဖီတွေ သူ့အပေါ် ဖိတ်ကျသွားတယ် ဟုတ်လား ကျူး...."

စိုးရိမ်သည့် မျက်ဝန်းလေးတွေနှင့် မေးလာသော နှောင့်အား ခေါင်းခပ်ဖွဖွ ညိမ့်ပြလိုက်သည်။

"သူတော်တော်ပူသွားမှာပဲ.... နင် ပြန်မတောင်းပန်ခဲ့ဘူးလား...."

"နင်သိတဲ့အတိုင်း တစ်သက်နဲ့တစ်ကိုယ် တောင်းပန်တယ်ဆိုတဲ့စကား ငါ ဘယ်သူ့ကိုမှ မပြောဖူးဘူးဆိုတာ..."

ကိုယ့်ကြောင့်မှားခဲ့ရင်တောင် တောင်းပန်စကားပြောဖို့ ဝန်လေးတဲ့သူမ....

"ဒါပေမယ့် အမှားလုပ်သူက နင်လေကျူး...."

"ငါမတောင်းပန်ခဲ့ပေမယ့် ဘာပြန်လုပ်ပေးရမလဲလို့တော့ မေးခဲ့ပါတယ်.... သူပဲရပြီဆိုလို့...."

လုပ်မိခဲ့တဲ့ အမှားတိုင်းက မတော်တဆ ဖြစ်တာမို့ ပေါ့ပေါ့ပါးပါးနေခဲ့သော်လည်း ဒီလူနဲ့မှ စိုးရိမ်သလိုလို ဖြစ်နေတာ ဘာကြောင့်များပါလိမ့်.....

သို့သော် ကျူးရဲ့ စိုးရိမ်မှုကိုတော့ နှောင်းမမြင်ခဲ့....
                       ----------------- ----------------

စွမ်း နေ့လည်စာစားရန် စိုးပိုင်နှင့်အတူ ကန်တင်းသို့ လာခဲ့သည်။ ခုံဆွဲပြီး ထိုင်မည်အလုပ် စိုးပိုင်က....

"စွမ်း.... လာ ဟိုမှာ ထိုင်ရအောင်...."

စိုးပိုင် ညွှန်ပြရာ လှမ်းကြည့်လိုက်တော့ မြန်မာဝမ်းဆက်လေးနှင့် စာအုပ်ထဲသို့ အာရုံရောက်နေသော နှောင်းအား တွေ့ရသည်။

"အဲ့မှာ လူရှိတယ်လေကွာ မင်းကလည်း...."

"လာပါကွာ...."

စွမ်းအား အတင်းဆွဲခေါ်၍ နှောင်းထိုင်သည့်အနား ရောက်လာတော့ ခုံဆွဲယူကာ ထိုင်လိုက်သည်။

"ထိုင်မယ်နော် နှောင်း..."

"ဪ.... ကိုစိုးပိုင်... လာ... ထိုင်လေ"

စားပွဲပေါ်တင်ထားသည့် သူမအိတ်လေးအား ပေါင်ပေါ်သို့ ရွှေ့ပြောင်းလိုက်သည်။

စိုးပိုင်က စွမ်းအတွက်ပါ တစ်ခုခုမှာပြီး၍....

"‌ကျောင်းသာတက်နေတာ နှောင်းနဲ့ အခုမှတွေ့ဖြစ်တော့တယ်....."

"ကိုစိုးပိုင်ကြီး စာတွေပဲ ကြိုးစားနေပြီး ကန်တင်း မထိုင်ဘူး ထင်နေတာ"

"ဘယ်ကသာ.... ကျောင်းတောင် ပုံမှန်မတက်ဖြစ်ဘူး"

"ကိုစိုးပိုင်ကတော့ လုပ်ပြီ...."

နှောင်း ရယ်လိုက်ရင်း စွမ်းကပါ ခပ်သဲ့သဲ့ လိုက်ရယ်မိသည်။

"မိတ်ဆက်ပေးရဦးမယ်... ဒါက မင်းစွမ်းရည်တဲ့..."

"နှောင်းတို့ သိပြီးပါပြီ...."

"ဪ... ဟုတ်လား.... ဒါများ စကားပြောကြတာ မဟုတ်ဘူး..."

နှောင်းရော စွမ်းပါ ဘာမှပြန်မပြောမိပဲ ပြုံးသာပြုံးနေလိုက်ကြသည်။ မှာထားသော စားစရာများအား အနည်းငယ် စားပြီး စိုးပိုင် တစ်ခုခုအား သတိရဟန်နှင့်...

"ဟာ.... ချိန်းထားတာ နောက်ကျနေပြီ.... ငါသွားတော့မယ်.... စွမ်း... မင်းနေခဲ့ဦးနော်.... နှောင်း... အကိုသွားဦးမယ်...."

စားလတ်စ ဇွန်းကို ကပျာကယာချ၍ လွယ်အိတ်ချက်ချင်းကောက်လွယ်၍ ထွက်သွားသော စိုးပိုင်အား စွမ်းနှင့်နှောင်း ကြောင်အမ်းအမ်းလေးကြည့်ရင်း ကျန်ခဲ့သည်။

စိုးပိုင်သွားတော့ စွမ်းက ခပ်တည်တည်နှင့် အစားမပျက်.... နှောင်းက အပြစ်ရှိသလို ခံစားမိရင်း သူ့အား တစ်ခုခုပြောချင်နေသည့်ပုံ....

လူအကဲခတ် မညံ့သော စွမ်းက သူမအား တစ်ချက်ကြည့်၍....

"နှောင်း ကျွန်တော့်ကို တစ်ခုခုပြောစရာရှိလို့လား"

"ဟုတ်.... ဟိုလေ.... နှောင်းသူငယ်ချင်း ကျူးအစား တောင်းပန်ချင်လို့ပါ...."

စွမ်း သူမအားတွေးမိကာ ပြုံးရုံသာပြုံးလျက်...

"ရပါတယ်... ကိစ္စမရှိပါဘူး..."

"နှောင်းလေ ကိုမင်းစွမ်းရည်ကို အားနာနေတာ.... တောင်းပန်ချင်နေတာလည်း ကြာပြီ...."

ကာယကံရှင်ကျူးက မထီမဲ့မြင်နဲ့ ဂရုမစိုက်သလောက် နှောင်းရဲ့ အားနာမှု၊ စာနာပေးမှုတို့က စွမ်း‌အပေါ် ရိုက်ခတ်လာတာ သတိထားမိပါသည်။

"စွမ်းလို့ တရင်းတနှီး ခေါ်လို့ရပါတယ်ဗျာ...ဒါနဲ့နှောင်း သူငယ်ချင်းက တော်တော်စွာတယ်နော်..."

"အင်း.... သူက စွာပေမယ့် ပေါင်းကြည့်ရင်တော့ သဘောကောင်းပါတယ်"

သဘောကောင်းလို့သာ တော်တော့တယ်.... လူကို ခနဲ့ပုံက ရိုက်ပစ်ချင်စရာ....

ကျူးအားနှောင်း ကာကွယ်ပြီး ပြောလိုက်ပေမယ့် စွမ်းကတော့ သူမ သဘောကောင်းသည်ဆိုတာ ရယ်စရာတစ်ခုလိုပင်။

"ပြီးတော့.... နှောင်းသူငယ်ချင်းအပေါိ အပြစ်မမြင်ပါနဲ့နော်..."

"ကောင်းပါပြီ...."

နှောင်း သူမလွယ်အိတ်ထဲက ပိုက်ဆံလေးအချို့အား ခုံပေါ်တင်၍ စွမ်း‌ဆီ ရွှေ့ပေးလိုက်ကာ....

"ဒါက ဟိုနေ့က နှောင်းတို့စားထားတာ ရှင်းပေးထားလို့ ပြန်ပေးတာပါ...."

"အာ.... မလိုပါဘူးဗျာ.... ကျွန်တော်က ဒီတိုင်းပဲ ကူညီတာ နှောင်းပိုက်ဆံ ပြန်ယူထားလိုက်ပါ...."

ပြောရင်း နှောင်းဆီသို့ ပြန်ရွှေ့ပေးလိုက်သည်။ စေတနာ စော်ကားသည်ဟု ထင်မည်စိုး၍ နှောင်း ဆက်မပြောတော့ပေ။

"ဒါဆိုရင် အခုစားထားတာ နှောင်းပဲ ရှင်းလိုက်မယ်နော်"

"ဟုတ်ပါပြီဗျာ....."

"အရင်နေ့တွေက ကိစ္စတွေ စွမ်း ခွင့်လွှတ်တယ်မလားဟင်...."

"ခွင့်မလွှတ်လည်း ကျူးရင့်မေတို့က ဂရုမစိုက်ဘူးနော်"

ခပ်စူးစူးအသံနှင့် နှောင်းဘေး ဝင်ထိုင်လိုက်သော ကျူးက အရှေ့က စားစရာများ ပါးစပ်ထဲ ထည့်၍ ဂရုမစိုက်စွာ ပြောလိုက်သည်။

"မင်း ရောက်လာပြန်ပြီလား"

"ရှင့်ဆီလာတာမဟုတ်ဘူး... နေစမ်းပါဦး... ရှင်က နှောင်းကို ဘာတွေ အနိုင်ကျင့်နေတာလဲ.... ဒီမတော်တဆ ဖြစ်သွားတာလေးကို ရှင်က ခွင့်မလွှတ်နိုင်ဘူးလား..."

"ဘယ်သူ့ကို ခွင့်လွှတ်စေချင်တာလဲ.... မင်းကိုလား..."

ကျူးကို ခွင့်လွှတ်ရအောင် တောင်းပန်စကား မဆိုထားတာကြောင့် ခေတ္တဆွံ့အမိရင်း....

"ဘယ်သူ့ကိုဖြစ်ဖြစ်ပေါ့..."

"တော်ပြီ... မင်းနဲ့ပြောရတာ လက်ပေါက်ကပ်တယ်.... နှောင်း ကိုယ်သွားတော့မယ်"

ခနဲ့သလိုကြည့်ပြီး ချက်ချင်း ထသွားတဲ့ သူ့ကျောပြင်အား ကျူး လျှာလေးထုတ်ပြကာ ကျန်ခဲ့သည်။

"ကျူး.... ဟိုမှာ စိတ်ဆိုးသွားပြီလား မသိဘူး..."

"ဆိုးပါစေပေါ့... ယောက်ျားတန်မဲ့ ငါ့ကို ပြောဆိုသွားသေးတယ်...."

မျက်နှာလေးရှုံ့၍ ပြောကာ အစားအသောက်များကိုသာ ပလုတ်ပလောင်း စားပစ်လိုက်သည်။ အမြဲဂျစ်ကန်ကန်နှင့် ပြောဆိုရခက်သော ကျူးအား ကြည့်၍ သက်ပြင်း ခပ်ဖွဖွချမိသည်။

အပိုင်း(၄)မျှော်>>>>>

ကျေးဇူးတင်လျက်....

                        မြူအလင်္ကာ

       







Continue Reading

You'll Also Like

1.4M 35.1K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
425K 12.8K 37
The Sokolov brothers are everything most girls want. Intimidating, tall, broody, they are everything to lust after. Not that they... particularly car...
1.6M 119K 44
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
293K 17.1K 18
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...