ရွှေနန်းထက်က ဧကရီ (Complete ✅)

By Doh_Clover

216K 17.9K 290

ရိုးသားပွင့်လင်းပြီး လွတ်လွတ်လပ်လပ်နေရတာကြိုက်တဲ့ ယဲ့ကျန်းကျန်းတစ်ယောက် သူမဆန္ဒမပါဘဲ ထိမ်းမြားဖို့ အရွေးချယ်ခ... More

Chapter 1
Chapter 2
Chapter 4
Chapter 5
Paid GP
Chapter 6
Chapter 7
spoiler 👀
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Paid
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Promotion
🥺
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56.1
Chapter 56.2
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72.1
Chapter 72.2
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98.1
Chapter 98.2
Extra Chapter 1
Extra Chapter 2
Extra Chapter 3
Complete ✅

Chapter 3

3.2K 307 3
By Doh_Clover

Empress with no Virtue
Chapter 3
Translator – Utopia

ယဲ့ကျန်းကျန်းပြောလိုက်တဲ့ စကားက အမှန်ပဲ ဆိုတာကို လက်မခံချင်ပေမဲ့လည်း အတိုင်းအတာ တစ်ခုအထိတော့ သူ(မ)ပြောတာက မှန်နေတာပဲ။ ဒါပေမဲ့ သူက ဧကရာဇ်မင်းလေ ဒီလိုမျိုး တိုင်းပြည်အတွက် ကိုယ့်ကိုကိုယ် အနစ်နာခံလိုက်ပါတယ်ဆိုတဲ့ အချက်ကို လက်ခံလိုက်ဖို့ သူ့မာနက ခွင့်မပြုနိုင်ဘူး။ ဒါ့ကြောင့်မို့ အမှန်တရား တချို့တဝက်ကို လျစ်လျူရှုပစ်လိုက်တယ်။

အချိန်တိုလေး အတွင်းမှာပဲ လီကိုယ်လုပ်တော်က ကြာပန်းပွင့်သဏ္ဍာန် လှပတဲ့ စွပ်ပြုတ်ပန်းကန်လုံးကို ကိုင်ထားတဲ့ အစေခံနန်းတွင်းသူလေးနဲ့အတူ အပြင်မှာ လာစောင့်နေတယ်။ ဖုန့်ရိုးတျယ်က အရိုအသေပေးလိုက်ပြီး

“ မယ်မယ် အရှင်မင်းကြီးက ရုံးတော်စာရွက်စာတမ်းတွေကို ကြည့်ရှုစစ်ဆေးနေပါတယ်။ ကျွန်တော်မျိုးကို ဒီစွပ်ပြုတ် ဆက်သစေခိုင်းလိုက်ရင်ကော ဘယ်လိုပါလဲ။ ပြီးရင် မယ်မယ်လည်း ပြန်ပြီး အနားယူလို့ ရပါပြီ ”

သေချာတာပေါ့ လီကိုယ်လုပ်တော်က ဒီလောက်နဲ့တော့ ထွက်သွားမှာ မဟုတ်ဘူး။ အစတုန်းက သူ(မ) မိဖုရားခေါင်ကြီးရှေ့မှာ ကြွားပြမလို့ လုပ်ခဲ့ပေမဲ့ သူ(မ)ပဲ အရှက်ကွဲခဲ့ရတယ်။ ဒါ့အပြင် ရှီးဖေးဆီက‌ ခနဲ့တဲ့ စကားကို ကြားခဲ့ရတာဆိုတော့ သူ(မ) အရှင်မင်းကြီးဆီ အပြေးလာပြီး တိုင်တန်းချင်နေတာပဲ ဖြစ်တယ်။

“ ဒီစွပ်ပြုတ်ကို ငါ ကိုယ်တိုင် ချက်လာခဲ့တာ။ အရှင်မင်းကြီးက တိုင်းပြည်အတွက် စိတ်နှစ်ပြီး ကြိုးစားထမ်းရွက်နေတာဆိုတော့ ငါကလည်း သူ့ကို ကောင်းကောင်း ခစားသင့်တာ‌ပေါ့။ စိတ်မပူပါနဲ့ ငါကိုယ်တိုင်ပဲ ဆက်သလိုက်မယ် ”

အရှင်မင်းကြီး စိတ်ကြည်လင်မနေဘူးဆိုတာကို သူ တတ်နိုင်သလောက် အရိပ်အမြွက်ပြခဲ့ပေမဲ့ လီကိုယ်လုပ်တော်ကတော့ အရိပ်အကဲနားမလည်ပဲ အထဲကိုသာ ဝင်ချင်တယ်။ ဖုန့်ရိုးတျယ်အနေနဲ့ အရှင်မင်းကြီး စိတ်မကြည်မလင် ဖြစ်နေပါတယ်ဆိုပြီး လီကိုယ်လုပ်တော်ကို ဒဲ့ကြီးပြောဖို့ရာလည်း မသင့်တော်လှပေ။ အဲ့အချိန်မှာပဲ စာကြည့်ခန်းထဲကတေ အသံတစ်ခု ထွက်လာတယ်။

“ အပြင်မှာ ဘယ်သူရှိလဲ ”

“ အရှင်မင်းကြီးကို လျှောက်တင်ပါတယ် ... ”

“ အရှင်မင်းကြီး လီကိုယ်လုပ်တော် အရှင်မင်းကြီးအတွက် အာဟာရစွပ်ပြုတ်ကို ကိုယ်တိုင်ချက်ပြီး ဆက်သဖို့ ရောက်နေပါတယ် ”

“ ဖုန့်ရိုးတျယ် လီကိုယ်လုပ်တော်ကို အထဲဝင်ခိုင်းလိုက် ”

လီကိုယ်လုပ်တော် အစေခံနန်းတွင်းသူလေးဆီက လင်ဗန်းကို ယူလိုက်ပြီး စာကြည့်ခန်းထဲ ဝင်သွားလိုက်တယ်။

ကနွဲ့ကလျ လျှောက်လာရင်း လင်ဗန်းကို စားပွဲပေါ်မှာ တင်လိုက်တယ်။ အပြုအမူတစ်ခုချင်းဆီတိုင်းမှာ သူ(မ) ကလူ၏မြူ၏ လုပ်နေသည်မှာ ထင်ရှားနေတယ်။ ပြောရရင် စူးစစ်သူကြီးကြောင့် မဟုတ်ရင်တောင်မှ သူ(မ)ရဲ့ ပင်ကိုယ်အလှတစ်ခုထဲနဲ့တင် လီကိုယ်လုပ်တော်က သူ့ကြင်ယာတော် ဖြစ်ထိုက်တယ်။ ဟုတ်တာပေါ့ လီကိုယ်လုပ်တော်က သူ့ကို ဘယ်လိုပျော်အောင် ထားရမလဲဆိုတာ ကောင်းကောင်း သိတယ်လေ။

ပုံမှန်ဆိုရင်တော့ ဘယ်လောက်ပဲ ကျီဝူကျိုး စိတ်မကြည်မလင်ဖြစ်နေပါစေ လီကိုယ်လုပ်တော်ကို မြင်လိုက်ရင် စိတ်ကျေနပ်သွားတယ်။ ဒါပေမဲ့ ဒီနေ့တော့ သူ စိတ်မကြည်လင်ရတဲ့ အဓိကအကြောင်းအရင်းက သူ(မ) ဖြစ်နေတယ်။ သူ ဘယ်လိုလုပ်ပြီး စိတ်ကြည်တော့မှာလဲ။ လီကိုယ်လုပ်တော်က စွပ်ပြုတ်ကို ဆက်သလာတယ်။
“ အရှင်မင်းကြီး သောက်ကြည့်ပါဦး ”

အနည်းငယ် သောက်လိုက်ပြီးနောက် မျက်နှာသေကြီးနဲ့

“ အိုက်ဖေး ပင်ပန်းသွားရပြီ ”

“ အရှင်မင်းကြီးအတွက် ဒီလိုမျိုး လုပ်ပေးခွင့်ရတာနဲ့တင် ကျွန်တော်မျိုးမ ဝမ်းမြောက်မိပါတယ် ”

ကျီဝူကျိုး သူ(မ)လက်ကလေးကို ကိုင်လိုက်ပြီး

“ ငါကိုယ်တော် သိပါတယ် ”

“ နောက်ပြီးတော့ ” .... လီကိုယ်လုပ်တော်က ကျွမ်းကျွမ်းကျင်ကျင်နဲ့ပဲ ကျီဝူကျိုးပေါင်ပဲ ထိုင်လိုက်ပြီး သူ့ကို သိုင်းဖက်လိုက်ရင်း နူးနူးညံ့ညံ့လေသံလေးနဲ့

“ အရှင်မင်းကြီးက တိုင်းပြည်အတွက် နေ့တိုင်း အလုပ်တွေ ကြိုးစားလုပ်နေရတာ။ အရှင်မင်းကြီးကသာ ပိုပင်ပန်းရတာပါ။ တိုင်းပြည်ကလည်း အရေးကြီးတယ်ဆိုပေမဲ့ အရှင်မင်းကြီးရဲ့ ကျန်းမာရေးကိုလည်း ပိုပြီး ဂရုစိုက်သင့်တယ် ”

လီကိုယ်လုပ်တော် ပြောလိုက်တဲ့စကားထဲမှာ “ တိုင်းပြည်အတွက် ” ဆိုတာကိုပဲ သူ ကြားလိုက်တယ်။ ရုတ်တရက် စိတ်ထဲ “ တိုင်းပြည်အတွက် အနစ်နာခံလိုက်တယ် ” ဆိုတဲ့စကားသံကို ပြန်ကြား‌ယောင်လာတယ်။

“ ကိုယ်တော် ရုံးတော်က စာရွက်စာတမ်းတွေကို စစ်ဆေးရဦးမယ်။ အိုက်ဖေး အနားယူဖို့ ပြန်နှင့်တော့ ”

သူ့ရင်ခွင်ထဲက မိန်းမလှလေးကို အဝေးကို ဖယ်ထုတ်လိုက်တယ်။

“ အရှင်မင်းကြီး ?? ”

လီကိုယ်လုပ်တော် အံ့အားသင့်သွားပြီး ဘာဖြစ်သွားမှန်းတောင် သေချာမသိတော့ဘူး။ ဒါပေမဲ့ ဒါက သူ(မ) တွက်ထားတာနဲ့ တခြားစီ ဖြစ်နေတယ်။

“ နောက်ဆို တော်ဝင်စာကြည့်ဆောင်ကို မင်း မလာသင့်ဘူး။ ဒီနေရာက အမျိုးသမီးတွေ ဝင်ထွက်နေရမယ့် နေရာမဟုတ်ဘူး။ ”

လီကိုယ်လုပ်တော် ချက်ချင်းပဲ ဒူးထောက်လိုက်ပြီး မျက်ရည်လည်ရွဲနဲ့ အရှင်မင်းကြီးကို ကြည့်ကာ

“ ကျွန်တော်မျိုးမ တစ်ခုခု အပြစ်ပြုခဲ့မိလို့လား ”

ကျီဝူကျိုးကတော့ အေးစက်စက်နဲ့

“ ကြည့်ရတာ ကိုယ်တော် မင်းကို အတော်လေး အလိုလိုက်ထားမိတယ်နဲ့ တူတယ် ”

ခွန်းနင်နန်းဆောင်မှာတော့ ယဲ့ကျန်းကျန်းတစ်ယောက် အသေးစိတ်ရေးဆွဲထားတဲ့ သေနတ်ပုံကြမ်းကို သေချာ ကြည့်နေတယ်။ ဒီရှုပ်ထွေးပြီး အနုစိတ်ကျတဲ့ ပုံကြမ်းကိုကြည့်ရင်း သူ(မ) မျက်လုံးတွေက တောက်ပသွားတယ်။

ပုံကြမ်းကို တရိုတသေပြန်ချလိုက်ရင်း စူးဖုန့်က ပြောလာတယ်။

“ မယ်မယ် လီကိုယ်လုပ်တော်က အရှင်မင်းကြီးကို သွားတိုင်တန်းမှာ စိတ်မပူဘူးလား ”

“ တိုင်တန်းမယ် ?? ဘာကို တိုင်တန်းမှာလဲ ? တို့လုပ်ခဲ့တဲ့ထဲ ဘာအမှားမှ မရှိဘူး ”

“ ဒါပေမဲ့ .... ”

“ တကယ်လို့ သူ(မ) သွားမတိုင်တန်းဘူးဆိုရင်တောင်မှ အရှင်မင်းကြီးက တို့ကို နှစ်သက်လာမှာ မဟုတ်ဘူး ”

“ မယ်မယ် မစိုးရိမ်ဘူးလား ”

“ စိုးရိမ်တာလား .... အွန်း သိပ်စိုးရိမ်တာပေါ့ ”

ပုံကြမ်းကို ကြည့်လိုက်ရင်း

“ ဒီဟာကို မြန်မြန် အချောထည် ထွက်လာစေချင်ပြီ ”

သူတို့နှစ်ယောက်ကို ကြည့်ရင်း စူးယွဲ့တစ်ယောက် ခေါင်းခါနေမိတော့တယ်။

“ အရှင်မင်းကြီး ကြွချီလာပါပြီ ”
တံခါးစောင့် ကုန်းကုန်းက ကြေငြာလေတယ်။

ပြောလို့ပြီးတာနဲ့ တပြိုင်နက် ကျီဝူကျိုးက ရောက်နေပြီ။ ရွှေဝါရောင် တဖိတ်ဖိတ်တောက်နေတဲ့ ဝတ်ရုံတော်ကို ဝတ်ဆင်ထားတယ်။ ယဲ့ကျန်းကျန်း အမြန်ပဲ သူ့ကို အရိုအသေပေးပြီး နှုတ်ခွန်းဆက်လိုက်တယ်။ စိတ်ထဲမှာတော့ “ ဒီဘုရင် ဒီကို ဘာလာလုပ်တာလဲ ” လို့ တွေးနေမိတယ်။

ကျီဝူကျိုး သူ(မ) နန်းဆောင်ကို လှမ်းဝေ့ကြည့်တဲ့အခါ ပုံဆွဲထားတာကို တွေ့လိုက်တယ်။ အစကတော့ မိဖုရားခေါင်ကြီးက ပန်း‌တွေ တောင်တန်းတွေကို အဆွဲလေ့ကျင့်နေတယ်ထင်တာနဲ့ သေချာကြည့်ရအောင်လို့ အနားတိုးသွားလိုက်တယ်။ ဒါပေမဲ့ အနားရောက်တဲ့အခါ အဲ့ဒါက အသေးစိတ်ဆွဲထားတဲ့ သေနတ်ပုံကြမ်းမှန်း တွေ့တဲ့အခါ မျက်လုံးကို မှိတ်ထားရင်း

“ ဒီပုံကြမ်းကို ဘယ်က ရလာတာလဲ ”

“ ရှာတွေ့ခဲ့တာ ”

“အို ? ဘယ်ကလဲ ”

“ တော်ဝင်ဥယျာဉ်ထဲမှာ ”

“ မိဖုရားခေါင်ကြီး ဆိုလိုတာက ကာကွယ်ရေး ဝန်ကြီးတချို့က တော်ဝင်ဉယျာဉ်ထဲ ခိုးဝင်လာပြီး ဒီပုံကြမ်းကို မေ့ကျန်ရစ်ခဲ့တယ်ပေါ့ ”

“….”


သူ(မ) စိတ်ထဲတော့ “ ကျွန်မ ပြောချင်တာက ရှင့်ရဲ့ လုပ်ကြံပြောနိုင်စွမ်းက ကျွန်မထက် အပုံကြီး သာတယ်လို့ ” ပြောနေမိတယ်။

ကျီဝူကျိုး ခေါင်းတငြိမ့်ငြိမ့်နဲ့
“ မင်းပြောတာ အဲ့လိုပြောလာမှတော့ အဲ့လိုပဲဖြစ်မှာ သေချာပါတယ်။ ဒီကာကွယ်ရေးဝန်ကြီးတွေက ဘာမှအသုံးမကျဘူး။ ကိုယ်တော် အခုချက်ချင်းပဲ စုံစမ်းစစ်ဆေးလိုက်မယ် ”

ယဲ့ကျန်းကျန်း ချက်ချင်းပဲ ဒူးထောက်လိုက်တယ်။

“ အရှင်မင်းကြီး ! ”
“ ဒီကိစ္စက ကာကွယ်ရေးဝန်ကြီးတွေနဲ့ ဘာမှမဆိုင်ပါဘူး။ ကျွန်တော်မျိုးမရဲ့ အစ်ကို ၂ နဲ့လည်း မသက်ဆိုင်ပါဘူး။”
( သူ(မ)အစ်ကိုကလည်း ကာကွယ်ရေးဝန်ကြီးတွေထဲက တစ်ယောက်ဖြစ်တယ်။ တကယ်လို့ ကျီဝူကျိုးသာ စုံစမ်းစစ်ဆေးရေး လုပ်မယ်ဆိုရင် သူ(မ)အစ်ကိုပါ ဆွဲသွင်းခံရတော့မှာပဲ ဖြစ်တယ်။ )

ဒူးထောက်နေတဲ့ ယဲ့ကျန်းကျန်းကို ကြည့်ရင်း ကျီဝူကျိုး စိတ်ကျေနပ်သွားတယ်။ နောက်ဆုံးတော့ သူ(မ) သူ့ကို ရိုကျိုးလာပြီပေါ့။

“ ဒါဆိုလည်း ပြောပါဦး။ ဒီပုံကြမ်းကို မင်း ဘယ်ကရတာလဲ။ မင်းကိုယ်တိုင် ဆွဲထားတာလို့တော့ မပြောနဲ့နော် ”

ယဲ့ကျန်းကျန်း ငိုတော့မတတ် မျက်နှာနဲ့

“ တကယ်ပါ ဒီပုံကြမ်းကို ကျွန်တော်မျိုးမကိုယ်တိုင် ဆွဲထားတာပါ ”

ပုံကြမ်းကို သူ ပြန်ကြည့်လိုက်တယ်။ ပုံကြမ်းကို သေချာဆွဲထားပေမဲ့ တချို့ရှုထောင့်တွေမှာတော့ လိုအပ်ချက်တွေ ရှိနေသေးတယ်။ တကယ်ပဲ ဒီဟာက သင်ခါစလူတစ်‌ယောက်ရဲ့ လက်ရာပဲ။ ဒါပေမဲ့ ....

“ ဒီဟာကို ဘယ်လိုလုပ် ဆွဲတတ်တာလဲ။ ဘယ်ကနေ မှီငြမ်းစရာ ရတာလဲ ”

“ တစ်ခါတုန်းက ဝမ်းကွဲအစ်ကိုရဲ့ သေနတ်ကို ခိုးပြီး တစ်စစီဖြုတ်ကြည့်ပြီး ပြန်တပ်ကြည့်ခဲ့ဖူးပါတယ် ”

“ ဝမ်းကွဲအစ်ကို ? ” ဒါပေါ့ ယဲ့ကျန်းကျန်းရဲ့ ဝမ်းကွဲအစ်ကိုက ဘယ်သူဆိုတာ သူ သေချာပေါက် သိတာပေါ့။ တော်ဝင်ကိုယ်ရံတော်ဖွဲ့ရဲ့ ခေါင်းဆောင် လုလီ။ သုံးလေးရက်တစ်ခါ သူနဲ့တွေ့နေရတာဆိုတော့ လုလီဆီမှာ သေနတ်ရှိတယ်ဆိုတာ ကျီဝူကျိုး သေချာပေါက် သိ‌တာပေါ့။ ဒီလိုနည်းနဲ့ ယဲ့ကျန်းကျန်း သူ(မ)အစ်ကို၂သာမက လုလီကိုပါ ကယ်လိုက်နိုင်တော့တယ်။ အမှန်ကို ပြောသည်ဖြစ်စေ မဖြစ်စေ ဒီဆင်ခြေကို သုံးလိုက်တာက တကယ်ကို ပါးနပ်တယ်။

ဒါပေမဲ့ ကျီဝူကျိုးကတော့ ယဲ့ကျန်းကျန်းကို လွယ်လွယ်နဲ့ လွှတ်ပေးလိုက်ချင်စိတ် မရှိဘူး။ စားပွဲကို လက်ချောင်းနဲ့ ဖြေးဖြေးချင်း တောက်နေရင်း

“ ဒါဆိုရင်တော့ မင်း ငါကိုယ်တော်ကို လိမ်ညာခဲ့တာပဲ ”

“ အရှင်မင်းကြီး ကျွန်တော်မျိုးမ မှားသွားပါတယ် ”

ယဲ့ကျန်းကျန်းစိတ်ထဲ နည်းနည်းတော့ ကြောက်ရွံ့သွားတယ်။ ဧကရာဇ်မင်းကို လိမ်လည်တဲ့အပြစ်က ဘယ်လောက်ကြီးလဲဆိုတာ သူ(မ) ကောင်းကောင်း နားလည်တယ်။

သူ(မ) ကြောက်ရွံ့နေတာကို မြင်ရတော့ ကျီဝူကျိုးစိတ်ထဲ နည်းနည်းပို ကျေနပ်သွားတယ်။

“ ဒါ မိဖုရားခေါင်ကြီး ပထမဆုံးအကြိမ် အမှားလုပ်မိတာဆိုတော့ ကိုယ်တော် ခွင့်လွှတ်ပေးလိုက်မယ် ”

ကျီဝူကျိုး ဒီကိစ္စကို စိတ်ထဲ မှတ်ထားလိုက်တယ်။ ဒီပုံစံနဲ့ဆို နောင်ကျ သူ(မ)လည်း သူ့အဖိုးလို ဖြစ်လာမှာ သေချာတယ်။ ( ဖြုတ်ချပစ်မယ့်စာရင်းထဲမှာပေါ့ )

ယဲ့ကျန်းကျန်း ကြည် ညိုလေးစားတဲ့ မျက်နှာလေးနဲ့ သူ့ကို ကြည့်လိုက်ရင်း

“ ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး ”

“ ကောင်းပြီ မင်းထလို့ရပြီ ”

ကျီဝူကျိုးပြောပြီးတဲ့နောက် ပုံကြမ်းဆီကို အကြည့်ပြန်လွှဲလိုက်တယ်။

အရှင်မင်းကြီး တကယ် လိုချင်တာ ဘာလဲ စိတ်ထဲ ခန့်မှန်းရင်း ယဲ့ကျန်းကျန်း သူ့ကိုသာ လိုက်ကြည့်နေမိတယ်။ သူ(မ) ဘက်က လှမ်းကြည့်တဲ့အခါ နှာတံမြင့်မြင့် ရုပ်ချောချော‌ နဖူးမြင့်မြင့်နဲ့ အလွန် ကြည့်ကောင်းတဲ့ မျက်နှာတစ်ခုကို မြင်လိုက်ရတယ်။ မျက်တောင်တွေကလည်း ရှည်လျားထူထဲပြီး အသားအရည်ကလည်း ချောမွေ့နေတယ်။

တော်တော် ခန့်တာပဲ။ ယဲ့ကျန်းကျန်း တွေးလိုက်မိတယ်။

“ မင်းဆွဲထားတာ အမှားတွေ အများကြီး ပါနေတယ် ”

“ ဘယ်နားမှာလဲ ”

ယဲ့ကျန်းကျန်း ပုံကြမ်းကို ကြည့်ဖို့ အမှတ်တမဲ့ အရှေ့ကို ငုံလိုက်တဲ့အခါ ရင်ဘတ်က တစ်လက်မလောက် ပေါ်သွားတယ်။ သူ(မ)ကတော့ သတိမထားမိဘူး။

“……..”

ကျီဝူကျိုး တခြားဘက်ကို အမြန် အကြည့်လွှဲလိုက်ပြီး

“ နေရာ တော်တော်များများပဲ ”

တဖြေးဖြေးချင်း ပြင်လိုက် ဖျက်လိုက်နဲ့ နောက်ဆုံးမှ အချောသတ် ပုံကြမ်းကို ရလာပြီး သေနတ်ထုတ်လို့ရတော့မယ်လို့ သူ(မ) ထင်နေခဲ့တာ။ ဘယ်သူကသိမှာလဲ ဒါက အချောသတ်ပုံကြမ်းဖြစ်ဖို့ အဝေးကြီးလိုသေးတယ်ဆိုတာ။

“ ငါကိုယ်တော့်ဆီမှာ သေနတ် အချောသတ်ပုံကြမ်းတွေ အများကြီး ရှိတယ် ”

ယဲ့ကျန်းကျန်း မျက်ဝန်းတွေ တောက်ပသွားပြီး

“ ကျွန်တော်မျိုးမကို ပြပေးလို့ရမလား အရှင်မင်းကြီး ”

ကျီဝူကျိုးကတော့ အောင်နိုင်သူအပြုံးကြီးနဲ့

“ သေချာပေါက် .... မရဘူး ”

ယဲ့ကျန်းကျန်း နောက်ဆုံးတော့ နားလည်သွားပြီ။ သူ ဒီနေ့ ဒီကိုရောက်လာတာက သူ(မ)ကို တမင် စိတ်တိုအောင် ရန်စဖို့ သက်သက်ကိုး။

သူ ပြောလိုက်တဲ့အချိန် ယဲ့ကျန်းကျန်းရဲ့ မျက်နှာက ယင်ကောင်မြိုချမိသလိုဖြစ်သွားတာ တွေ့ရတော့ ရုတ်တရက် ကျီဝူကျိုးစိတ်ထဲ နည်းနည်း ပျော်သွားတယ်။

Zawgyi

Empress with no Virtue
Chapter 3
Translator – Utopia

ယဲ့က်န္းက်န္းေျပာလိုက္တဲ့ စကားက အမွန္ပဲ ဆိုတာကို လက္မခံခ်င္ေပမဲ့လည္း အတိုင္းအတာ တစ္ခုအထိေတာ့ သူ(မ)ေျပာတာက မွန္ေနတာပဲ။ ဒါေပမဲ့ သူက ဧကရာဇ္မင္းေလ ဒီလိုမ်ိဳး တိုင္းျပည္အတြက္ ကိုယ့္ကိုကိုယ္ အနစ္နာခံလိုက္ပါတယ္ဆိုတဲ့ အခ်က္ကို လက္ခံလိုက္ဖို႔ သူ႕မာနက ခြင့္မျပဳနိုင္ဘူး။ ဒါ့ေၾကာင့္မို႔ အမွန္တရား တခ်ိဳ႕တဝက္ကို လ်စ္လ်ဴရႈပစ္လိုက္တယ္။

အခ်ိန္တိုေလး အတြင္းမွာပဲ လီကိုယ္လုပ္ေတာ္က ၾကာပန္းပြင့္သ႑ာန္ လွပတဲ့ စြပ္ျပဳတ္ပန္းကန္လုံးကို ကိုင္ထားတဲ့ အေစခံနန္းတြင္းသူေလးနဲ႕အတူ အျပင္မွာ လာေစာင့္ေနတယ္။ ဖုန႔္ရိုးတ်ယ္က အရိုအေသေပးလိုက္ၿပီး

“ မယ္မယ္ အရွင္မင္းႀကီးက ႐ုံးေတာ္စာ႐ြက္စာတမ္းေတြကို ၾကည့္ရႈစစ္ေဆးေနပါတယ္။ ကြၽန္ေတာ္မ်ိဳးကို ဒီစြပ္ျပဳတ္ ဆက္သေစခိုင္းလိုက္ရင္ေကာ ဘယ္လိုပါလဲ။ ၿပီးရင္ မယ္မယ္လည္း ျပန္ၿပီး အနားယူလို႔ ရပါၿပီ ”

ေသခ်ာတာေပါ့ လီကိုယ္လုပ္ေတာ္က ဒီေလာက္နဲ႕ေတာ့ ထြက္သြားမွာ မဟုတ္ဘူး။ အစတုန္းက သူ(မ) မိဖုရားေခါင္ႀကီးေရွ႕မွာ ႂကြားျပမလို႔ လုပ္ခဲ့ေပမဲ့ သူ(မ)ပဲ အရွက္ကြဲခဲ့ရတယ္။ ဒါ့အျပင္ ရွီးေဖးဆီက‌ ခနဲ႕တဲ့ စကားကို ၾကားခဲ့ရတာဆိုေတာ့ သူ(မ) အရွင္မင္းႀကီးဆီ အေျပးလာၿပီး တိုင္တန္းခ်င္ေနတာပဲ ျဖစ္တယ္။

“ ဒီစြပ္ျပဳတ္ကို ငါ ကိုယ္တိုင္ ခ်က္လာခဲ့တာ။ အရွင္မင္းႀကီးက တိုင္းျပည္အတြက္ စိတ္ႏွစ္ၿပီး ႀကိဳးစားထမ္း႐ြက္ေနတာဆိုေတာ့ ငါကလည္း သူ႕ကို ေကာင္းေကာင္း ခစားသင့္တာ‌ေပါ့။ စိတ္မပူပါနဲ႕ ငါကိုယ္တိုင္ပဲ ဆက္သလိုက္မယ္ ”

အရွင္မင္းႀကီး စိတ္ၾကည္လင္မေနဘူးဆိုတာကို သူ တတ္နိုင္သေလာက္ အရိပ္အႁမြက္ျပခဲ့ေပမဲ့ လီကိုယ္လုပ္ေတာ္ကေတာ့ အရိပ္အကဲနားမလည္ပဲ အထဲကိုသာ ဝင္ခ်င္တယ္။ ဖုန႔္ရိုးတ်ယ္အေနနဲ႕ အရွင္မင္းႀကီး စိတ္မၾကည္မလင္ ျဖစ္ေနပါတယ္ဆိုၿပီး လီကိုယ္လုပ္ေတာ္ကို ဒဲ့ႀကီးေျပာဖို႔ရာလည္း မသင့္ေတာ္လွေပ။ အဲ့အခ်ိန္မွာပဲ စာၾကည့္ခန္းထဲကေတ အသံတစ္ခု ထြက္လာတယ္။

“ အျပင္မွာ ဘယ္သူရွိလဲ ”

“ အရွင္မင္းႀကီးကို ေလွ်ာက္တင္ပါတယ္ ... ”

“ အရွင္မင္းႀကီး လီကိုယ္လုပ္ေတာ္ အရွင္မင္းႀကီးအတြက္ အာဟာရစြပ္ျပဳတ္ကို ကိုယ္တိုင္ခ်က္ၿပီး ဆက္သဖို႔ ေရာက္ေနပါတယ္ ”

“ ဖုန႔္ရိုးတ်ယ္ လီကိုယ္လုပ္ေတာ္ကို အထဲဝင္ခိုင္းလိုက္ ”

လီကိုယ္လုပ္ေတာ္ အေစခံနန္းတြင္းသူေလးဆီက လင္ဗန္းကို ယူလိုက္ၿပီး စာၾကည့္ခန္းထဲ ဝင္သြားလိုက္တယ္။

ကႏြဲ႕ကလ် ေလွ်ာက္လာရင္း လင္ဗန္းကို စားပြဲေပၚမွာ တင္လိုက္တယ္။ အျပဳအမူတစ္ခုခ်င္းဆီတိုင္းမွာ သူ(မ) ကလူ၏ျမဴ၏ လုပ္ေနသည္မွာ ထင္ရွားေနတယ္။ ေျပာရရင္ စူးစစ္သူႀကီးေၾကာင့္ မဟုတ္ရင္ေတာင္မွ သူ(မ)ရဲ႕ ပင္ကိုယ္အလွတစ္ခုထဲနဲ႕တင္ လီကိုယ္လုပ္ေတာ္က သူ႕ၾကင္ယာေတာ္ ျဖစ္ထိုက္တယ္။ ဟုတ္တာေပါ့ လီကိုယ္လုပ္ေတာ္က သူ႕ကို ဘယ္လိုေပ်ာ္ေအာင္ ထားရမလဲဆိုတာ ေကာင္းေကာင္း သိတယ္ေလ။

ပုံမွန္ဆိုရင္ေတာ့ ဘယ္ေလာက္ပဲ က်ီဝူက်ိဳး စိတ္မၾကည္မလင္ျဖစ္ေနပါေစ လီကိုယ္လုပ္ေတာ္ကို ျမင္လိုက္ရင္ စိတ္ေက်နပ္သြားတယ္။ ဒါေပမဲ့ ဒီေန႕ေတာ့ သူ စိတ္မၾကည္လင္ရတဲ့ အဓိကအေၾကာင္းအရင္းက သူ(မ) ျဖစ္ေနတယ္။ သူ ဘယ္လိုလုပ္ၿပီး စိတ္ၾကည္ေတာ့မွာလဲ။ လီကိုယ္လုပ္ေတာ္က စြပ္ျပဳတ္ကို ဆက္သလာတယ္။
“ အရွင္မင္းႀကီး ေသာက္ၾကည့္ပါဦး ”

အနည္းငယ္ ေသာက္လိုက္ၿပီးေနာက္ မ်က္ႏွာေသႀကီးနဲ႕

“ အိုက္ေဖး ပင္ပန္းသြားရၿပီ ”

“ အရွင္မင္းႀကီးအတြက္ ဒီလိုမ်ိဳး လုပ္ေပးခြင့္ရတာနဲ႕တင္ ကြၽန္ေတာ္မ်ိဳးမ ဝမ္းေျမာက္မိပါတယ္ ”

က်ီဝူက်ိဳး သူ(မ)လက္ကေလးကို ကိုင္လိုက္ၿပီး

“ ငါကိုယ္ေတာ္ သိပါတယ္ ”

“ ေနာက္ၿပီးေတာ့ ” .... လီကိုယ္လုပ္ေတာ္က ကြၽမ္းကြၽမ္းက်င္က်င္နဲ႕ပဲ က်ီဝူက်ိဳးေပါင္ပဲ ထိုင္လိုက္ၿပီး သူ႕ကို သိုင္းဖက္လိုက္ရင္း ႏူးႏူးညံ့ညံ့ေလသံေလးနဲ႕

“ အရွင္မင္းႀကီးက တိုင္းျပည္အတြက္ ေန႕တိုင္း အလုပ္ေတြ ႀကိဳးစားလုပ္ေနရတာ။ အရွင္မင္းႀကီးကသာ ပိုပင္ပန္းရတာပါ။ တိုင္းျပည္ကလည္း အေရးႀကီးတယ္ဆိုေပမဲ့ အရွင္မင္းႀကီးရဲ႕ က်န္းမာေရးကိုလည္း ပိုၿပီး ဂ႐ုစိုက္သင့္တယ္ ”

လီကိုယ္လုပ္ေတာ္ ေျပာလိုက္တဲ့စကားထဲမွာ “ တိုင္းျပည္အတြက္ ” ဆိုတာကိုပဲ သူ ၾကားလိုက္တယ္။ ႐ုတ္တရက္ စိတ္ထဲ “ တိုင္းျပည္အတြက္ အနစ္နာခံလိုက္တယ္ ” ဆိုတဲ့စကားသံကို ျပန္ၾကား‌ေယာင္လာတယ္။

“ ကိုယ္ေတာ္ ႐ုံးေတာ္က စာ႐ြက္စာတမ္းေတြကို စစ္ေဆးရဦးမယ္။ အိုက္ေဖး အနားယူဖို႔ ျပန္ႏွင့္ေတာ့ ”

သူ႕ရင္ခြင္ထဲက မိန္းမလွေလးကို အေဝးကို ဖယ္ထုတ္လိုက္တယ္။

“ အရွင္မင္းႀကီး ?? ”

လီကိုယ္လုပ္ေတာ္ အံ့အားသင့္သြားၿပီး ဘာျဖစ္သြားမွန္းေတာင္ ေသခ်ာမသိေတာ့ဘူး။ ဒါေပမဲ့ ဒါက သူ(မ) တြက္ထားတာနဲ႕ တျခားစီ ျဖစ္ေနတယ္။

“ ေနာက္ဆို ေတာ္ဝင္စာၾကည့္ေဆာင္ကို မင္း မလာသင့္ဘူး။ ဒီေနရာက အမ်ိဳးသမီးေတြ ဝင္ထြက္ေနရမယ့္ ေနရာမဟုတ္ဘူး။ ”

လီကိုယ္လုပ္ေတာ္ ခ်က္ခ်င္းပဲ ဒူးေထာက္လိုက္ၿပီး မ်က္ရည္လည္႐ြဲနဲ႕ အရွင္မင္းႀကီးကို ၾကည့္ကာ

“ ကြၽန္ေတာ္မ်ိဳးမ တစ္ခုခု အျပစ္ျပဳခဲ့မိလို႔လား ”

က်ီဝူက်ိဳးကေတာ့ ေအးစက္စက္နဲ႕

“ ၾကည့္ရတာ ကိုယ္ေတာ္ မင္းကို အေတာ္ေလး အလိုလိုက္ထားမိတယ္နဲ႕ တူတယ္ ”

ခြန္းနင္နန္းေဆာင္မွာေတာ့ ယဲ့က်န္းက်န္းတစ္ေယာက္ အေသးစိတ္ေရးဆြဲထားတဲ့ ေသနတ္ပုံၾကမ္းကို ေသခ်ာ ၾကည့္ေနတယ္။ ဒီရႈပ္ေထြးၿပီး အႏုစိတ္က်တဲ့ ပုံၾကမ္းကိုၾကည့္ရင္း သူ(မ) မ်က္လုံးေတြက ေတာက္ပသြားတယ္။

ပုံၾကမ္းကို တရိုတေသျပန္ခ်လိဳက္ရင္း စူးဖုန႔္က ေျပာလာတယ္။

“ မယ္မယ္ လီကိုယ္လုပ္ေတာ္က အရွင္မင္းႀကီးကို သြားတိုင္တန္းမွာ စိတ္မပူဘူးလား ”

“ တိုင္တန္းမယ္ ?? ဘာကို တိုင္တန္းမွာလဲ ? တို႔လုပ္ခဲ့တဲ့ထဲ ဘာအမွားမွ မရွိဘူး ”

“ ဒါေပမဲ့ .... ”

“ တကယ္လို႔ သူ(မ) သြားမတိုင္တန္းဘူးဆိုရင္ေတာင္မွ အရွင္မင္းႀကီးက တို႔ကို ႏွစ္သက္လာမွာ မဟုတ္ဘူး ”

“ မယ္မယ္ မစိုးရိမ္ဘူးလား ”

“ စိုးရိမ္တာလား .... အြန္း သိပ္စိုးရိမ္တာေပါ့ ”

ပုံၾကမ္းကို ၾကည့္လိုက္ရင္း

“ ဒီဟာကို ျမန္ျမန္ အေခ်ာထည္ ထြက္လာေစခ်င္ၿပီ ”

သူတို႔ႏွစ္ေယာက္ကို ၾကည့္ရင္း စူးယြဲ႕တစ္ေယာက္ ေခါင္းခါေနမိေတာ့တယ္။

“ အရွင္မင္းႀကီး ႂကြခ်ီလာပါၿပီ ”
တံခါးေစာင့္ ကုန္းကုန္းက ေၾကျငာေလတယ္။

ေျပာလို႔ၿပီးတာနဲ႕ တၿပိဳင္နက္ က်ီဝူက်ိဳးက ေရာက္ေနၿပီ။ ေ႐ႊဝါေရာင္ တဖိတ္ဖိတ္ေတာက္ေနတဲ့ ဝတ္႐ုံေတာ္ကို ဝတ္ဆင္ထားတယ္။ ယဲ့က်န္းက်န္း အျမန္ပဲ သူ႕ကို အရိုအေသေပးၿပီး ႏႈတ္ခြန္းဆက္လိုက္တယ္။ စိတ္ထဲမွာေတာ့ “ ဒီဘုရင္ ဒီကို ဘာလာလုပ္တာလဲ ” လို႔ ေတြးေနမိတယ္။

က်ီဝူက်ိဳး သူ(မ) နန္းေဆာင္ကို လွမ္းေဝ့ၾကည့္တဲ့အခါ ပုံဆြဲထားတာကို ေတြ႕လိုက္တယ္။ အစကေတာ့ မိဖုရားေခါင္ႀကီးက ပန္း‌ေတြ ေတာင္တန္းေတြကို အဆြဲေလ့က်င့္ေနတယ္ထင္တာနဲ႕ ေသခ်ာၾကည့္ရေအာင္လို႔ အနားတိုးသြားလိုက္တယ္။ ဒါေပမဲ့ အနားေရာက္တဲ့အခါ အဲ့ဒါက အေသးစိတ္ဆြဲထားတဲ့ ေသနတ္ပုံၾကမ္းမွန္း ေတြ႕တဲ့အခါ မ်က္လုံးကို မွိတ္ထားရင္း

“ ဒီပုံၾကမ္းကို ဘယ္က ရလာတာလဲ ”

“ ရွာေတြ႕ခဲ့တာ ”

“အို ? ဘယ္ကလဲ ”

“ ေတာ္ဝင္ဥယ်ာဥ္ထဲမွာ ”

“ မိဖုရားေခါင္ႀကီး ဆိုလိုတာက ကာကြယ္ေရး ဝန္ႀကီးတခ်ိဳ႕က ေတာ္ဝင္ဉယ်ာဥ္ထဲ ခိုးဝင္လာၿပီး ဒီပုံၾကမ္းကို ေမ့က်န္ရစ္ခဲ့တယ္ေပါ့ ”

“….”


သူ(မ) စိတ္ထဲေတာ့ “ ကြၽန္မ ေျပာခ်င္တာက ရွင့္ရဲ႕ လုပ္ႀကံေျပာနိုင္စြမ္းက ကြၽန္မထက္ အပုံႀကီး သာတယ္လို႔ ” ေျပာေနမိတယ္။

က်ီဝူက်ိဳး ေခါင္းတၿငိမ့္ၿငိမ့္နဲ႕
“ မင္းေျပာတာ အဲ့လိုေျပာလာမွေတာ့ အဲ့လိုပဲျဖစ္မွာ ေသခ်ာပါတယ္။ ဒီကာကြယ္ေရးဝန္ႀကီးေတြက ဘာမွအသုံးမက်ဘဴး။ ကိုယ္ေတာ္ အခုခ်က္ခ်င္းပဲ စုံစမ္းစစ္ေဆးလိုက္မယ္ ”

ယဲ့က်န္းက်န္း ခ်က္ခ်င္းပဲ ဒူးေထာက္လိုက္တယ္။

“ အရွင္မင္းႀကီး ! ”
“ ဒီကိစၥက ကာကြယ္ေရးဝန္ႀကီးေတြနဲ႕ ဘာမွမဆိုင္ပါဘူး။ ကြၽန္ေတာ္မ်ိဳးမရဲ႕ အစ္ကို ၂ နဲ႕လည္း မသက္ဆိုင္ပါဘူး။”
( သူ(မ)အစ္ကိုကလည္း ကာကြယ္ေရးဝန္ႀကီးေတြထဲက တစ္ေယာက္ျဖစ္တယ္။ တကယ္လို႔ က်ီဝူက်ိဳးသာ စုံစမ္းစစ္ေဆးေရး လုပ္မယ္ဆိုရင္ သူ(မ)အစ္ကိုပါ ဆြဲသြင္းခံရေတာ့မွာပဲ ျဖစ္တယ္။ )

ဒူးေထာက္ေနတဲ့ ယဲ့က်န္းက်န္းကို ၾကည့္ရင္း က်ီဝူက်ိဳး စိတ္ေက်နပ္သြားတယ္။ ေနာက္ဆုံးေတာ့ သူ(မ) သူ႕ကို ရိုက်ိဳးလာၿပီေပါ့။

“ ဒါဆိုလည္း ေျပာပါဦး။ ဒီပုံၾကမ္းကို မင္း ဘယ္ကရတာလဲ။ မင္းကိုယ္တိုင္ ဆြဲထားတာလို႔ေတာ့ မေျပာနဲ႕ေနာ္ ”

ယဲ့က်န္းက်န္း ငိုေတာ့မတတ္ မ်က္ႏွာနဲ႕

“ တကယ္ပါ ဒီပုံၾကမ္းကို ကြၽန္ေတာ္မ်ိဳးမကိုယ္တိုင္ ဆြဲထားတာပါ ”

ပုံၾကမ္းကို သူ ျပန္ၾကည့္လိုက္တယ္။ ပုံၾကမ္းကို ေသခ်ာဆြဲထားေပမဲ့ တခ်ိဳ႕ရႈေထာင့္ေတြမွာေတာ့ လိုအပ္ခ်က္ေတြ ရွိေနေသးတယ္။ တကယ္ပဲ ဒီဟာက သင္ခါစလူတစ္‌ေယာက္ရဲ႕ လက္ရာပဲ။ ဒါေပမဲ့ ....

“ ဒီဟာကို ဘယ္လိုလုပ္ ဆြဲတတ္တာလဲ။ ဘယ္ကေန မွီျငမ္းစရာ ရတာလဲ ”

“ တစ္ခါတုန္းက ဝမ္းကြဲအစ္ကိုရဲ႕ ေသနတ္ကို ခိုးၿပီး တစ္စစီျဖဳတ္ၾကည့္ၿပီး ျပန္တပ္ၾကည့္ခဲ့ဖူးပါတယ္ ”

“ ဝမ္းကြဲအစ္ကို ? ” ဒါေပါ့ ယဲ့က်န္းက်န္းရဲ႕ ဝမ္းကြဲအစ္ကိုက ဘယ္သူဆိုတာ သူ ေသခ်ာေပါက္ သိတာေပါ့။ ေတာ္ဝင္ကိုယ္ရံေတာ္ဖြဲ႕ရဲ႕ ေခါင္းေဆာင္ လုလီ။ သုံးေလးရက္တစ္ခါ သူနဲ႕ေတြ႕ေနရတာဆိုေတာ့ လုလီဆီမွာ ေသနတ္ရွိတယ္ဆိုတာ က်ီဝူက်ိဳး ေသခ်ာေပါက္ သိ‌တာေပါ့။ ဒီလိုနည္းနဲ႕ ယဲ့က်န္းက်န္း သူ(မ)အစ္ကို၂သာမက လုလီကိုပါ ကယ္လိုက္နိုင္ေတာ့တယ္။ အမွန္ကို ေျပာသည္ျဖစ္ေစ မျဖစ္ေစ ဒီဆင္ေျခကို သုံးလိုက္တာက တကယ္ကို ပါးနပ္တယ္။

ဒါေပမဲ့ က်ီဝူက်ိဳးကေတာ့ ယဲ့က်န္းက်န္းကို လြယ္လြယ္နဲ႕ လႊတ္ေပးလိုက္ခ်င္စိတ္ မရွိဘူး။ စားပြဲကို လက္ေခ်ာင္းနဲ႕ ေျဖးေျဖးခ်င္း ေတာက္ေနရင္း

“ ဒါဆိုရင္ေတာ့ မင္း ငါကိုယ္ေတာ္ကို လိမ္ညာခဲ့တာပဲ ”

“ အရွင္မင္းႀကီး ကြၽန္ေတာ္မ်ိဳးမ မွားသြားပါတယ္ ”

ယဲ့က်န္းက်န္းစိတ္ထဲ နည္းနည္းေတာ့ ေၾကာက္႐ြံ႕သြားတယ္။ ဧကရာဇ္မင္းကို လိမ္လည္တဲ့အျပစ္က ဘယ္ေလာက္ႀကီးလဲဆိုတာ သူ(မ) ေကာင္းေကာင္း နားလည္တယ္။

သူ(မ) ေၾကာက္႐ြံ႕ေနတာကို ျမင္ရေတာ့ က်ီဝူက်ိဳးစိတ္ထဲ နည္းနည္းပို ေက်နပ္သြားတယ္။

“ ဒါ မိဖုရားေခါင္ႀကီး ပထမဆုံးအႀကိမ္ အမွားလုပ္မိတာဆိုေတာ့ ကိုယ္ေတာ္ ခြင့္လႊတ္ေပးလိုက္မယ္ ”

က်ီဝူက်ိဳး ဒီကိစၥကို စိတ္ထဲ မွတ္ထားလိုက္တယ္။ ဒီပုံစံနဲ႕ဆို ေနာင္က် သူ(မ)လည္း သူ႕အဖိုးလို ျဖစ္လာမွာ ေသခ်ာတယ္။ ( ျဖဳတ္ခ်ပစ္မယ့္စာရင္းထဲမွာေပါ့ )

ယဲ့က်န္းက်န္း ၾကည္ ညိုေလးစားတဲ့ မ်က္ႏွာေလးနဲ႕ သူ႕ကို ၾကည့္လိုက္ရင္း

“ ေက်းဇူးတင္ပါတယ္ အရွင္မင္းႀကီး ”

“ ေကာင္းၿပီ မင္းထလို႔ရၿပီ ”

က်ီဝူက်ိဳးေျပာၿပီးတဲ့ေနာက္ ပုံၾကမ္းဆီကို အၾကည့္ျပန္လႊဲလိုက္တယ္။

အရွင္မင္းႀကီး တကယ္ လိုခ်င္တာ ဘာလဲ စိတ္ထဲ ခန႔္မွန္းရင္း ယဲ့က်န္းက်န္း သူ႕ကိုသာ လိုက္ၾကည့္ေနမိတယ္။ သူ(မ) ဘက္က လွမ္းၾကည့္တဲ့အခါ ႏွာတံျမင့္ျမင့္ ႐ုပ္ေခ်ာေခ်ာ‌ နဖူးျမင့္ျမင့္နဲ႕ အလြန္ ၾကည့္ေကာင္းတဲ့ မ်က္ႏွာတစ္ခုကို ျမင္လိုက္ရတယ္။ မ်က္ေတာင္ေတြကလည္း ရွည္လ်ားထူထဲၿပီး အသားအရည္ကလည္း ေခ်ာေမြ႕ေနတယ္။

ေတာ္ေတာ္ ခန႔္တာပဲ။ ယဲ့က်န္းက်န္း ေတြးလိုက္မိတယ္။

“ မင္းဆြဲထားတာ အမွားေတြ အမ်ားႀကီး ပါေနတယ္ ”

“ ဘယ္နားမွာလဲ ”

ယဲ့က်န္းက်န္း ပုံၾကမ္းကို ၾကည့္ဖို႔ အမွတ္တမဲ့ အေရွ႕ကို ငုံလိုက္တဲ့အခါ ရင္ဘတ္က တစ္လက္မေလာက္ ေပၚသြားတယ္။ သူ(မ)ကေတာ့ သတိမထားမိဘူး။

“……..”

က်ီဝူက်ိဳး တျခားဘက္ကို အျမန္ အၾကည့္လႊဲလိုက္ၿပီး

“ ေနရာ ေတာ္ေတာ္မ်ားမ်ားပဲ ”

တေျဖးေျဖးခ်င္း ျပင္လိုက္ ဖ်က္လိုက္နဲ႕ ေနာက္ဆုံးမွ အေခ်ာသတ္ ပုံၾကမ္းကို ရလာၿပီး ေသနတ္ထုတ္လို႔ရေတာ့မယ္လို႔ သူ(မ) ထင္ေနခဲ့တာ။ ဘယ္သူကသိမွာလဲ ဒါက အေခ်ာသတ္ပုံၾကမ္းျဖစ္ဖို႔ အေဝးႀကီးလိုေသးတယ္ဆိုတာ။

“ ငါကိုယ္ေတာ့္ဆီမွာ ေသနတ္ အေခ်ာသတ္ပုံၾကမ္းေတြ အမ်ားႀကီး ရွိတယ္ ”

ယဲ့က်န္းက်န္း မ်က္ဝန္းေတြ ေတာက္ပသြားၿပီး

“ ကြၽန္ေတာ္မ်ိဳးမကို ျပေပးလို႔ရမလား အရွင္မင္းႀကီး ”

က်ီဝူက်ိဳးကေတာ့ ေအာင္နိုင္သူအၿပဳံးႀကီးနဲ႕

“ ေသခ်ာေပါက္ .... မရဘူး ”

ယဲ့က်န္းက်န္း ေနာက္ဆုံးေတာ့ နားလည္သြားၿပီ။ သူ ဒီေန႕ ဒီကိုေရာက္လာတာက သူ(မ)ကို တမင္ စိတ္တိုေအာင္ ရန္စဖို႔ သက္သက္ကိုး။

သူ ေျပာလိုက္တဲ့အခ်ိန္ ယဲ့က်န္းက်န္းရဲ႕ မ်က္ႏွာက ယင္ေကာင္ၿမိဳခ်မိသလိုျဖစ္သြားတာ ေတြ႕ရေတာ့ ႐ုတ္တရက္ က်ီဝူက်ိဳးစိတ္ထဲ နည္းနည္း ေပ်ာ္သြားတယ္။

Continue Reading

You'll Also Like

40.1K 3.7K 105
💥New Normal အချက်အပြုတ် novel တောင်းနေတဲ့ချစ်လေးတို့တွက်လာပါပြီရှင် ... Title- Futuristic Gourmet's Spoiled Marriage Description ဖုဘလော့ဂါလေး လင်း...
156K 13.5K 71
Title - Pampering My Husband Every Day Type - Web Novel (CN) Genre - Romance , Slice of Life Author - Grumpy Crab (暴躁的螃蟹) Myanmar tran - KNK Chapter...
28.9K 2.8K 19
Genre-comedy,drama,josei,romance,school life,slice of life Chapters-98chapters+21extras I do not own this story.All credits go to original author.
124K 18.5K 43
ဗီလိန်ဖြစ်ရန် ကြမ္မာဖန် (ဒု- တွဲ) အမျိုးသမီးဇာတ်ရံအဖြစ် သူမ ဝတ္ထုတစ်အုပ်ထဲ ရောက်သွားခဲ့တယ်။ အဓိကဇာတ်လိုက်မင်းသားကို တစ်ဖက်သတ်စွဲမက်နေခဲ့တဲ့ ဇာတ်ကောင်...