Strawberries & Cigarettes🍓🚬...
By Guu_JooniLili
4.5K 465 307
KimNamJoon X Kim SeokJin lighters and candy , i've been a fool 🍓🚬 playlist - Strawberries & Cigarettes by T... More
intro 🍓🚬
one 🍓🚬
two 🍓🚬
three 🍓🚬
five 🍓🚬
six 🍓🚬
seven 🍓🚬
eight 🍓🚬
nine 🍓🚬
ten 🍓🚬
final 🍓🚬
Mg 's berry 🍓🚬
four 🍓🚬
255 35 18
By Guu_JooniLili
Zawgyi~
"အင်း ဒါ​လေးယူမယ်​.."
"ဟယ်​လို..​သက်​သာရဲ့လား.."
"မလိုပါဘူး​ဗျာ...​"
🍓🚬
"​ဘာဖြစ်​လို့လည်း ကူး.."
*ဟမ်​..*
🍓🚬
"​ဟေး ​ငေးလှချည်​လား.."
"အာ.."
"နမ်​ဂျွန်းအတွက်​ ဘာကြိုက်​လည်းမသိ​ပေမယ့်​ ပဲ​ခေါက်​ဆွဲပဲမှာထားလိုက်တယ်​.."
"ကိုယ်ရင်​ခုန်​​နေတယ်​.."
"နမ်​ဂျွန်းသ​ဘောပါ.."
🍓🚬
From KSJ ♡
🍓🚬
T.B.C
Written By
Guu_Joonilili
Unicode~
အမျိုးအစားစုံလင်​​နေ​သောguitarမျိုးစုံကိုသူလိုက်​လံကြည့်​နေရင်း စီးကရက်​ဘူးကိုလည်းလက်​ကအလှည့်မပျက်​ခဲ့။နံ​ဘေးမှလိုက်​လံရှင်းပြ​နေ​သောဝန်​ထမ်း​ကောင်​​လေး၏စကားသံကိုအာရုံ​တွေ​ပေးထားပြီး အနီ​ရောင်​တစ်​ခုသည်​သူ့အမြင်​​တွေကိုဖမ်းစားသွားခဲ့သည်​။
"တကယ်​​တော့ ကိုယ့်အရင်​တစ်​ခုကsky blueမလို့ အဲ့လိုမလိုချင်​​တော့ဘူး..အနီ​လေးမဆိုးဘူး​နော်​..."
"ဟုတ်​ အစ်​ကို ဒါ​လေးကမ​နေ့ကမှ​ရောက်​တာပါ.."
ထို​ကောင်​​လေးသည်​guitarအနီ​လေးကိုခုံတစ်​ခုအ​ပေါ်သို့တင်​၍သူ့ကိုပါတစ်​ချက်​လှည့်ကြည့်သည်​။အနက်​​ရောင်​ဂျင်းဂျာကင်​အားချွတ်​လိုက်​ရင်းလက်​ဖျံ၌ချိတ်​ကာ နမ်​ဂျွန်း..သူဂစ်​တာကြိုး​​တွေကိုစစ်​​ဆေးလိုက်​သည်​။​တိုလွ​သောဆံနွယ်​တို့​ကြောင့်သူသည်​အလွန်​​ယောက်ျားဆန်​စွာကြည့်​ကောင်းသည်​။
"အင်း ဒါ​လေးယူမယ်​.."
"ဟုတ်​ အစ်​ကို ဒါဆို​ကောင်​တာကိုယူသွား​ပေးပါ့မယ်​.."
သူ​ခေါင်းကိုခပ်​​လေး​လေးသာငြိမ့်လိုက်​မိပြီး​နောက်​ အိတ်​ကပ်​အတွင်းရှိတုန်​ယင်​​လာ​သောဖုန်းကိုစိတ်​ပျက်​စွာဆွဲထုတ်​လိုက်​သည်​။သူ့ကိုယ်​ပိုင်​အချိန်​​တွေမှာ ရည်းစားဖုန်းဆက်​လာတာမျိုးကိုသူမနှစ်​မြို့ပါ။
သို့​သော်​ ဖုန်း​ခေါ်လာ​သူ​ဟာ​မ​မျှော်​လင့်ထား​သော *🍓*..​ဆော့ဂျင်​ပါတဲ့..။အလျပ်​တပြတ်​ပါပဲ..။ပါးချိုင့်​တွေလှစ်​​ပေါ်သွားလိုက်​တာများ..မျက်​ဝန်းစူးစူး​တွေအ​ရောင်​လက်​သွားတာများ..။လှုပ်​ရှားမှု​တွေအလွန်​လျင်​မြန်​စွာဖုန်းကိုဆက်​လက်​တုန်​ခါခွင့်မ​ပေးဘဲအမြန်​ကိုင်​လိုက်​တာများ..။ဘက်​လိုက်​တတ်​​လေခြင်း။
"ဟယ်​လို..​သက်​သာရဲ့လား.."
*အာ..နမ်​ဂျွန်းဖြစ်​​နေတာပဲ..*
တစ်​ဖက်​မှရယ်​သံခပ်​တိုးတိုး​လေး​ကြောင့် သူ့မျက်​ခုံး​တွေပင့်သွားကြပြီး မျက်​ဝန်းများရယ်​ရိပ်​မြူးရသည်​။စီးကရက်​ဘူးကိုအိတ်​ကပ်​အတွင်းထည့်​နေရင်း မ​နေ့ည​နေကစ​တော်​ဘယ်​ရီ​လေးအားမြင်​လွှာအတွင်းပြန်​လည်​ထင်​ဟက်​သည်​။​ယောက်ျားတစ်​​ယောက်​ပါပဲ...သို့​သော်​ သူ့အတွက်​သိပ်​ထူးဆန်း​သော..​ယောက်ျားတစ်​​ယောက်​​ပေါ့..။
"ဒါ​ပေါ့​​ဗျာ..​​ဖြေပါဦးကိုယ့်​မေးခွန်းကို.."
*အာ..ဟုတ်​ သက်​သာပါတယ်​ နမ်​ဂျွန်း ကျွန်​​တော်​ နမ်​ဂျွန်းကို​ကျေးဇူးတင်​တယ်​​ပြောချင်​လို့ ဖုန်းဆက်​ဖို့ပဲ ဒါ​ပေမယ့် ဖုန်းနံပါတ်​ကမသိဖြစ်​​နေခဲ့တာ..*
"မလိုပါဘူး​ဗျာ...​"
သူ​ခပ်​တိုးတိုး​ရေရွတ်​မိပြီးguitar​တွေတန်းစီတင်​ထား​သောစင်​များကြားမှခပ်​ဖြည်းဖြည်း​လျှောက်​လာလိုက်​သည်​။​ဂျောင်​ကုကို​ပြောခဲ့သလိုပဲနမ်​ဂျွန်းရင်​​တွေခုန်​​နေခဲ့သည်​။အနက်​​ရောင်​ဂျင်းဂျာကင်​ကိုအလွန်​ဆုပ်​ကိုင်​ထား​သောလက်​​တွေကသက်​သာဖြစ်​သည်​။
"​ဆော့ဂျင်​..ဒီညအားရဲ့လား အားရင်​တစ်​​နေရာမှာ​တွေ့ချင်​လို့.."
*ဟာ အားတာ​ပေါ့ နမ်​ဂျွန်းရဲ့ အားတယ်​ အားတယ်​*
အလျင်​စလိုအသံဟုထင်​ရ​သော်​လည်း သူသ​ဘောကျ​နေ​သည်​။တစ်​ဖက်​တွင်​ပြုံး​နေမည့်​ဆော့ဂျင်​၏အပြုံး​တွေသည်​ သူမြင်​ဖူးသမျှတွင်​အလှဆုံးဖြစ်​လိမ့်မည်။
🍓🚬
ည​နေ​လေးနာရီခန့် အချိန်​တွင်​ သူ့အိမ်​သို့ဝုန်းဒိုင်းကြဲစွာ​ရောက်​လာ​သော​ဂျောင်​ကု​ကြောင့် ​မေ​မေတို့မျက်​လုံးပြူးရသည်​။နမ်​ဂျွန်း..သူကိုယ်​တိုင်​သည်​ပင်​ လန့်ဖြန့်သွားပြီးသူ့အခန်းအတွင်းသို့​ခေါ်လာ​ကာ​ရေတိုက်​ထားရသည်​။ဆံနွယ်​​ကောက်​​ကောက်​​တွေပင်​လျှင်​ ဆိုင်​ကယ်​​လေအရှိန်​​ကြောင့်ထင်​သည်​။ ရှုပ်​ရှပ်​ခတ်​​နေကြသည်​။
"အစ်​ကို ! အမ အမဂျီဝွန်းက​လေ.."
​ပြောစရာစကားကို​ပြောမထွက်​သ​ယောင်​နှင့်​ဂျောင်​ကု ကုတင်​အ​ပေါ်ထိုင်​လိုက်​လို့ သူပါနံ​ဘေးတွင်​ဝင်​ထိုင်​လိုက်​မိပြီး ​မေး​ငေါ့ပြလိုက်​သည်​။​ဂျောင်​ကုသည်​ သူ့ထက်​ပင်​ရင်​​တွေတုန်​​နေ..​ဒေါသဖြစ်​​​နေပုံ​ပေါ်ပါသည်​။ဖြစ်​သင့်သည်​​လေ။​ဂျောင်​ကုဟာနမ်​ဂျွန်းကို အစ်​ကိုကြီးတစ်​​ယောက်​လိုသိပ်​ချစ်​တာ..။သိပ်​ခင်​တွယ်​တတ်​တာ..။
"​ဘာဖြစ်​လို့လည်း ကူး.."
"သူတို့ရုံးကသူ​ဋ္ဌေးနဲ့ကြိုက်​​နေကြတာတဲ့..အစ်​ကိုနဲ့တွဲပြီးမကြာဘူးထင်​တယ်​.."
မရဲတရဲ​ဂျောင်​ကု​ပြောပြီး​နောက်​ သူ့မျက်​နှာရိပ်​ကိုပါအကဲခတ်​​လေသည်​။နမ်​ဂျွန်းအလွန်​အကျွံမဟုတ်​​သော်​လည်း တုန်​​တော့တုန်​လှုပ်​မိသွားခဲ့သည်​။သူကိုယ်​တိုင်​ရည်းစားကိုအလွန်​စိတ်​မနှစ်​ထား​တော့​သော်​လည်း လ​ပေါက်​​အောင်​အရူးလုပ်​ခံရတာကို​တော့ အံသြသလိုခံပြင်းမိသည်​။သိပ်​ကို။
"ဘယ်​သူ​ပြောတာလည်း ​ဂျောင်​ကု.."
"ကျွန်​​တော့်သူငယ်​ချင်း​လေ မ​နေ့က​ဆေးရုံမှာ​သွား​တွေ့တဲ့သူငယ်​ချင်း သူ့အမကအဲ့ကုမ္ပဏီက အဲ့မှာကျွန်​​တော်​သူ့အိမ်​သွားလည်​​တော့ သူ့အမက သူများ​တွေအားကျတယ်​ ဘာညာနဲ့​ပြော​တော့ စပ်​ဆက်​မိသွားတာပဲ..ကျွန်​​တော်​စိတ်​တိုလွန်းလို့ပါ အစ်​ကိုရယ်​.."
​ဂျောင်​ကု၏စကား​တွေသည်​နားထဲဝင်​တစ်​ချက်​၊မဝင်​တစ်​ချက်​ဖြစ်​​နေချိန်​တွင်​ သူသည်​လည်း​ခံပြင်း​ဒေါသ​တွေဖြစ်​သည်​။သူကိုယ်​တိုင်​သည်​လည်းရည်းစားမဟုတ်​သူတစ်​ဦးကို ရင်​ခုန်​မိဖူးပြီ​ပေမယ့် ဒီလို​တွေအရူးမလုပ်​ခဲ့ပါ။အမှန်​ဆိုလျှင်​ သူ့အ​ပေါ်စိတ်​ပြတ်​သည်​နှင့်လမ်းခွဲခဲ့သင့်သည်​​လေ..။ရည်းစားသည်​သိပ်ိတ်​ပျက်​စရာ​ကောင်းပါသည်​။
"အစ်​ကို ဆက်​မ​နေနဲ့ မတန်​ဘူး ဒီတိုင်းသာ-"
"မဟုတ်​ဘူး ​ဂျောင်​ကု အပြတ်​​ပြောသင့်တယ်​​လေ.."
စီးကရက်​တစ်​လိပ်​ကိုဖွာလိုက်​ပြီး​နောက်​ နံရံတွင်​​ကျောမှီကာ ဖုန်းကိုအသံဖွင့်ထားလိုက်​သည်​။​ဂျောင်​ကုသည်​သူ့စီးကရက်​အ​ငွေ့များကြားမျက်​နှာရှုံ့မဲ့ပြီး​နောက်​ တစ်​ဖက်​သို့လှည့်သွား​လေသည်​။
*ဟယ်​လို ရှင်​babyဆီကိုအရင်​ဆုံးဆက်​လို့ပါလား..*
"​ပျော်​ရဲ့လား..အတွင်း​ရေးမှူးဟန်​.."
*ဟမ်​..*
"ငါ့ကိုကစားရတာ​ပျော်​လာလို့​မေး​နေတာ သူ​ဋ္ဌေးနဲ့ကြိုက်​​နေရင်​လည်း ကိုယ့်ကိုဖြတ်​​​ပေါ့ကွာ ကိုယ့်ကိုအရူးလုပ်​တာလွန်​တယ်​မဟုတ်​လား.."
*ရှင်​ ဘယ်ကသတင်း​တွေကြားပြီး လာစွပ်​စွဲ​နေတာလည်း..ကင်​မ်​နမ်​ဂျွန်းရဲ့*
နမ်​ဂျွန်းစီကရက်​ကို​နောက်​တစ်​ချက်​ရှိုက်​လိုက်​ပြီး​နောက်​ ဇက်​ကိုပါချိုးလိုက်​မိသည်​။​ဗြောင်​လိမ်​တာ​တွေကိုသူသိပ်​မုန်းတာ..။
"ကိုယ်​က​တော့ မင်းရည်းစားနှစ်​​ယောက်​ထဲကတစ်​ယာက်​မဖြစ်​ချင်​ဘူးကွာ ​နော်​ အဲ့​တော့ကိုယ်​တို့လမ်းခွဲကြတာ​ပေါ့.."
*ရှင်​တစ်​ဖက်​သတ်​ကြီး babyကိုအဲ့လိုလုပ်​လို့မရဘူး အလုပ်​မရှိအကိုင်​မရှိ​ကောင်​ရဲ့ ရှင်​အလုပ်​မရှိ၊အသုံးမကျလို့ဖြစ်​တဲ့ပြဿနာ​လေ ဒါက*
"ဟ ​သောက်​ဇယားကွာ ငါ့​ကြောင့်ဖြစ်​လည်းအဲ့လိုပဲမှတ်​​တော့ လာမပတ်​သတ်​နဲ့ ပိုပြီး.."
တစ်​ဖက်​မှ​အော်​ဟစ်​သံများကိုမကြားချင်​သည့်အဆုံးမှာ​တော့ဖုန်းကိုတိခနဲချပစ်​လိုက်​သည်​။ကုန်​သွား​သောစီးကရက်​ကိုခုံအ​ပေါ်သို့ထိုးကြိတ်​လိုက်​လျက်​ လှည့်ကြည့်​နေ​သော​ဂျောင်​ကုကို သူပြုံးပြလိုက်​မိသည်​။
"အဆင်​မ​ပြေရင်​မပြုံးပါနဲ့ ရပါတယ်​ အစ်​ကိုရယ်​.."
"မဟုတ်​ပါဘူး ကိုယ့်မာနကိုထိလိုက်​လို့ပါ ကိုယ်​လည်းသိပ်​စိတ်​မရှိဘူး ​တော်​တယ်​ကူး..သတင်း​ပေးတာ.."
"အဲ့မိန်းမက​တော့အရှိုက်​ထိသွား​ပုံပဲ​နော်​.."
​ဂျောင်​ကုသည်​​တွေးစစဆိုလျက်​ လက်​ထဲရှိ​ရေခွက်​ကိုသူ့ထံသို့ကမ်း​ပေးလာသည်​။ရင်​ထဲလှစ်​ဟသွားတာကလွတ်​လပ်​သွားမှုမျိုးလားမသိ​ပေမယ့် သူ​ဒေါသ​တွေထွက်​နေဆဲဖြစ်​သည်​။
🍓🚬
ည​အေး​အေးတွင်​ ဟန်​မြစ်​၏နံ​ဘေးရှိ​​ပဲ​ခေါက်​ဆွဲဆိုင်​တွင်​ နမ်​ဂျွန်းချိန်းထား၍သူ​ရောက်​လာခဲ့သည်​။အပြာ​ရောင်​လွင်​လွင်​ရှပ်​ကိုသာသူဝတ်​ထားပြီး ပြင်​မပြီး​နိုင်​ဖြစ်​ခဲ့လို့ယွန်းဂီ​တောင်​​အော်​သည်​အထိပင်​။
အခုလည်းမြစ်​၏​လေ​အေး​အေးကိုခံစား​နေရရင်း သူ့လက်​ပတ်​နာရီကိုတကြည့်"ဖြစ်​​နေရသည်​။ထူးဆန်းပါသည်​။အံ့သြဖွယ်​ပင်​ဖြစ်​သည်​။နမ်​ဂျွန်း၏ဖုန်းဖြစ်​​နေမှန်းသိလိုက်​တုန်းက သူလိုလူဟာတအံ့တသြနှင့်အ​ပျော်​လုံး​တွေကိုစို့သွားခဲ့တာပဲ..ဒီ​နေရာမှာချိန်းပြန်​​တော့လည်းထပင်​ခုန်​မိမတတ်​။ရုံးကအမ​တွေ​တောင်​မျက်​လုံးတပြူးဖြစ်​​ရသည်​အထိပါပဲ..။
"​ဟေး ​ရောက်​​နေတာကြာပြီလား.."
​ရောက်​လာပါပြီ။​ဆော့ဂျင်​​လောက်​မ​ချော​သောထိုကိုယ်​လူ​ချောသည်​ ထုံးစံအတိုင်းအနက်​​ရောင်​ဂျင်း..စီးကရက်​တစ်​လိပ်​နှင့်..​နောက်​ထပ်​မူပိုင်​ပါးချိုင့်နက်​နက်​​တွေနှင့်..။ပိုင်​ဆိုင်​ထားသည့်ပိုင်​ရှင်​ဟာ​တော့ တန်​ဖိုးထားရ​ကောင်းမှန်း​ရောသိရဲ့လားမသိ..။
"​ဟေး ​ငေးလှချည်​လား.."
"အာ.."
နမ်​ဂျွန်းသည်​သူ့​ဘေးတွင်​ဝင်​ထိုင်​ပြီး​နောက်​ဆိုင်​ကယ်​​သော့ကို​​ရှေ့သို့​ဝှေ့ရမ်းကာရယ်​ရိပ်​မြူးစွာဆို​လေသည်​။မ​နေတတ်​မထိုင်​တတ်​နှင့်မှာပင်​မမှာရ​သေးဘဲစားပွဲအ​ပေါ်ရှိတူအား​ဆော့ဂျင်​..သူ​ကောက်​​ဖောက်​လိုက်​သည်​။
"နမ်​ဂျွန်းအတွက်​ ဘာကြိုက်​လည်းမသိ​ပေမယ့် ပဲ​ခေါက်​ဆွဲပဲမှာထားလိုက််တယ်​.."
သူ့အ​ပြော​ကြောင့်နမ်​ဂျွန်းသည်​ခပ်​ဟဟရယ်​ပါသည်​။
"ကြိုက်​ပါတယ်​..ကိုယ်​ရည်းစားနဲ့ပြတ်​သွားပြိ.."
​ခပ်​ရွှင်​ရွှင်​​ပြောလိုက်​​သောထိုစကားသည်​ စိတ်​မ​ကောင်းစရာပဲကိုသူဘာ​ကြောင့်​ပျော်​သွားလည်း​တော့မသိ။နမ်ဂျွန်း၏မျက်​ဝန်းခပ်​ကျဉ်းကျဉ်းများကိုစုံကြည့်မိလိုက်​​တော့စ​နောက်​ပုံ​တော့မ​ပေါ်..။သိသွားပြီထင်​ပါတယ်​..။ဒါများ​ဆော့ဂျင်​အရင်​မ​ပြောလိုက်​မိတာ..တစ်​မျိုးထင်​သွား​ကောင်းပါရဲ့..။
"ကျွန်​​တော်​ ​ပြောပြမလို့​ပေမယ့်..အားနာလို့ပါ.."
"အာ..ဒါ​ကြောင့်​ဆော့ဂျင်​ကိုဆိုးပါတယ်​လို့​တွေး​နေတာ..ရုံးကအလုပ်​​ဖော်​ဆို​တော့သူ့ဘက်​က​ပေါ့.."
"အာ..မ..မဟုတ်​တာ နမ်​ဂျွန်းရယ်​ ကျွန်​​တော်​အတွင်း​ရေးမှူးဟန်​နဲ့သိရုံပါပဲ.."
ပြာပြာသလဲသူရှင်းပြမိ​တော့ ထိုစီးကရက်​ဟာဘာ​တွေကိုသ​ဘောကျ​နေလည်းမသိ။ရယ်​​လေပြန်​ပြိး ချ​ပေးလာ​သောပဲ​ခေါက်​ဆွဲ​တွေကိုချက်​ချင်းစား​လေ​တော့သည်​။ဒါကရည်းစားနဲ့ပြတ်​လာတဲ့လူ​ပေါ့..​​ဆော့ဂျင်​..သူ့လို့ပါပဲ..သူလည်းရည်းစား​တွေနဲ့ပြတ်​တုန်းကအပူအပင်​မရှိ။​အေး​အေး​ဆေး​ဆေး။
"​ဆော့ဂျင်​​ရော..ရည်းစားရှိလား..ထားဖူးလား.."
မျက်​ဝန်း​တွေကိုပင့်၍​မေးလာ​သူသည်​ နှုတ်​ခမ်းခပ်​ထူထူထပ်​၌ပဲ​ခေါက်​ဆွဲ၏အနှစ်​​တွေတင်​လို့​နေ​သေးသည်​။အနီးကပ်​ကြည့်မိမှ မီး​ရောင်​ခပ်​​ဖျော့​ဖျော့​အောက်​တွင်​ မှဲ့နက်​​တွေဟာထင်းလို့ရယ်​..။​သေချာတာက​တော့အနုပညာတစ်​ခုလိုပဲ..။
"လက်​ရှိ​တော့မရှိ​ပေမယ့် ဘယ်​နှ​ယောက်​မှန်း​တောင်​မသိ​တော့ပါဘူး​ဗျာ.."
"ဟ လူရှုပ်​ပဲ..ကိုယ်​ဖြင့်တစ်​​ယောက်​တည်းရှိ​သေးတာ.."
ရယ်​မ​နေဘဲ​ပြော​သောနမ်​ဂျွန်း၏စကားများ​ကြောင့် ​ဆော့ဂျင်​ ​ခေါက်​ဆွဲ​တွေကို​မွှေ​နေရင်းအကြည့်လွှဲထားလိုက်​ရသည်​။စီးကရက်​​ငွေ့သမ်း​နေတဲ့မျက်​ဝန်း​တွေကိုသူမရင်​ဆိုင်​နိုင်​ပါဘူးတဲ့​လေ..။
"နမ်​ဂျွန်းကိုရုံးကိုလာကြိုတာအရင်​ကမ​တွေ့ဘူး.."
"မကြိုခိုင်းတာပါ ကိုယ်​ကလည်းအလုပ်​မရှုပ်​ချင်​တာ​ပါတာ​ပေါ့.."
"​အော်​ ဒါ​ကြောင့်အရင်​တစ်​​နေ့ကသူ​ဋ္ဌေးမရှိလို့လာခိုင်းတာဖြစ်​မယ်​.."
နမ်​ဂျွန်းသည်​ထိုအ​ကြောင်းအရာများကိုဆက်​လက်​​၍ မ​ပြောချင်​​တော့ပုံနှင်​​ခေါင်းခါ​လေသည်​။ပဲ​ခေါက်​ဆွဲစား​နေတာကိုအဆုံးသတ်​ပြီး ထို​နေ့ကကဲ့သို့ရီ​ဝေ​ဝေမျက်​ဝန်းများနှင့်​ငေးလာသည်​။
"ကိုယ်ရင်​ခုန်​​နေတယ်​.."
ခပ်​ရှရှထို​လေသံသည်​စ​တော်​ဘယ်​ရီရနံ့​တွေလိုပါပဲ။နူးညံ့သလိုနှင့် ခံစားချက်​​တွေ​ပေါင်းစုံကုန်​သည်​။နမ်​ဂျွန်း​ပြော​သောစကား​ကြောင့်သူတူလွတ်​ကျသွားပြီး ရင်​တုန်​သည်​။
"​နောက်​​နေ့​တွေလည်း ဒီလို​တွေ့လို့ရမလား..."
"နမ်​ဂျွန်းသ​ဘောပါ.."
စီးကရက်​ဘူးကိုဖွင့်​နေ​သောနမ်​ဂျွန်းကို သူ​ငေးမ​နေ​တော့ဘဲ ထိုစကားကို​ပြောဖြစ်​ခဲ့သည်​။​တော်​ပြီ​လေ။အပြုအမူ​တွေကိုမျက်​​တောင်​မခတ်​​ငေး​နေခဲ့တာ​တွေ​တော်​သင့်ပြီ​​ပေါ့။
နမ်​ဂျွန်းရဲ့သ​ဘောပါတဲ့..။ကင်​မ်​​ဆော့ဂျင်​ဆိုတာ..ကိုယ့်သ​ဘော..ကိုယ့်စိတ်​ကြိုက်​အတိုင်း​နေခဲ့သည့်လူ...မည်​သူ့ပ​ယောဂနှင့်မှ သူ့ဘဝ​နေထိုင်​မှုကိုမ​ပြောင်းလဲပစ်​ခဲ့သည့်လူမဟုတ်​ပါလား..?သို့​သော်​လည်း ထိုစကားကိုဆိုခဲ့သူမှာလည်း ကင်​မ်​​ဆော့ကိုယ်​တိုင်​ပါပဲ..။
🍓🚬
blue eyes , black jeans...Lighters and candy . I've been a fool
From KSJ ♡
🍓🚬
T.B.C
Written By
Guu_Joonilili
Continue Reading
You'll Also Like
60.9K 2.5K 21
Namjin's galaxy မှကြိုဆိုပါတယ်😁✌
956K 21.8K 49
In wich a one night stand turns out to be a lot more than that.
1.7K 311 10
"وازمەھێنن لە پرسیارکردن لەوەی کە بۆ دەژین؟ وە بۆچی دەژین؟"
1.2K 174 10
𝐂𝐚𝐮𝐬𝐞 𝐲𝐨𝐮𝐧𝐠 𝐩𝐞𝐨𝐩𝐥𝐞 𝐟𝐚𝐥𝐥 𝐢𝐧 𝐥𝐮𝐯 𝐰𝐢𝐭𝐡 𝐭𝐡𝐞 𝐰𝐨𝐫𝐨𝐧𝐠 𝐩𝐞𝐨𝐩𝐥𝐞 𝐬𝐨𝐦𝐞𝐭𝐢𝐦𝐞𝐬