သူ့အန်တီ

By rachel_mai33

68.2K 2.3K 126

အန်တီ မျက်တောင်တစ်ချက်ခတ်လျှင်ကို သူ့အချစ်တွေတိုးရပါတယ် ။ More

အခန်း-၁
အခန္း-၁
ဇာတ်သိမ်းပိုင်း
ဇာတ်သိမ်းပိုင်း
သင်္ကြန်လက်ဆောင်
အခန်းပို- ၁
အခန်းပို-၁
အခန်းပို-၂
အခနျးပို-၃
အခန်းပို-၃
...
come back par
let's fri

အခန်းပို-၂

8.5K 349 24
By rachel_mai33

"အ့ "

"ဘာဖြစ်တာလဲ အန်တီလွန်း ။ဓားခိုင်းမိတာလား ။အဲ့ဒါကြောင့် လုံးလုံးပဲချက်ပ့မယ်ပြောတာကို အန်တီလွန်းကနားမထောင်ဘူး "

လွန်းအား တပျစ်တောက်တောက်ပြောလာတဲ့ လုံးလုံးကြောင့်သဘောတကျပြုံးမိသည် ။ကြက်သွန်လှီးရင်း အတွေးများပြီးခိုက်မိတာပါ ။

"နည်းနည်းလေးပါ လုံးလုံးရဲ့ "

"နည်းနည်းလည်း မမလေးသာရှိရင် လုံးလုံးကိုအဆူခံရအုံးမယ် ။ဖယ်ပါနော် လုံးလုံးဘာသာချက်လိုက်တော့မယ် "

"အင်းအင်း "

လုံးလုံးအပြောကြောင့် လွန်းမျက်ရည်ပါဝေ့လာပြီထိုထမင်းချက်ခန်းထဲကထွက်လာလိုက်သည် ။သူအနားမှာမရှိတာ ၅ရက် ။ကျောင်းကလည်းပိတ်ထား ၊လွန်းအနားမှာသူကလည်းမရှိတော့ ပျင်းပျင်းနှင့်ဒီ၅ရက်မှာဟိုဟာစပ်စပ် ဒီဟာစပ်စပ်လုပ်နေမိတာပါ ။

လက်ညိုးက သွေးစကိုမြင်တော့လွန်ခဲ့တဲ့၅ရက်က ဘယ်ဘက်ခြေထောက်က ဒဏ်ရာကိုငုံ့ကြည့်မိသည် ။နည်းနည်းလေးတောင် အမာရွတ်ထင်မနေတော့ ။ပါးပေါ်ကျလာတဲ့မျက်ရည်စကိုသုတ်ပစ်ရင်း ထပ်ထပ်ငိုနေမိသည် ။

၅ရက်လုံးလွန်း သူ့အရိပ်အားမတွေ့ရတာ ။နှစ်ဖက်မိဘတွေအားလည်းသွားပြီးတော့ အပူမပေးချင် ။
ရုံးမှာပဲနေသည်ဟု စံစံဆီကသိရတော့ လွန်းမှာသက်ပြင်းချမိသည်ကအခါခါ ။ရုံးမှာစားတာသောက်တာက အဆင်မှပြေပ့မလား ။လွန်းကတော့ အိမ်တင်နေတာတောင် အဆင်မပြေဘူး ။အိမ်ထောင်သက်၂နှစ်အတွင်း ဒီတစ်ခါပြဿနာကအကြီးဆုံးပင် ။

လွန်းကမာနခံနေ၍ ပြန်လည်းမခေါ်မိ ။ဒါပေမဲ့ သူကတော့လွန်းနားပြန်လာသင့်သည်မလား ။ချစ်ပါတယ်ဆို ။

"ဟုတ်ကဲ့ ဒီပရောဂျက်က နိူင်ငံခြားသားတွေနဲ့ပြုလုပ်သွားမှာဖြစ်ပြီး နောက်နှစ်လနေရင်အကောင်အထည်ဖော်နိူင်အောင်လို့ ကျွန်မကြိုးစားနေပါတယ် "

TVအားဖွင့်ကြည့်တော့ တိုက်ဆိုင်စွာ သူ့၏အင်တာဗျူးလာနေသည် ။ချောင်ကျသွားသည့်မျက်နှာလေးက မိတ်ကပ်ဘယ်လောက်ဖုံးဖုံးလွန်းအတွက်တော့ သိသာနေသည် ။ညာဘက်လက်က ပတ်တီးဖြူဖြူကြောင့် ရင်ထဲအောင့်ခနဲ့ ။

တစ်ဖက်ကမေးတာကို ပြုံးပြုံးလေးပြန်ပြန်ဖြေပေးနေသည် ။သူ့အလုပ်ကိစ္စတွေအား လွန်းမသိပေမဲ့ ခုတလောပရောဂျက်အသစ်အတွက်အလုပ်များနေသည်ကိုတော့ သတိထားမိသည် ။ဒီကာလကြီးကျမှ လွန်းနဲ့ပြဿနာဖြစ်တယ်လို့ ။

အရမ်းပင်ပန်းနေမှာပဲ ။

-

"မိုးရွာတော့မယ်ထင်တယ် ။ကောင်းကောင်းပြန်နော် လှိုင် "

"ငါအိပ်ပေးရမလား လွန်း ။နင်တစ်ယောက်တည်းအဆင်ပြေရဲ့လား "

"ပြေပါတယ် ပြန်တော့ ။မိုးတွေတောင်ပိုအုံ့လာပြီ "

"အင်းအင်း "

လှိုင်နှင်ကြမိန်းကလေးသူငယ်ချင်းမို့ ပိုပြီးတိုင်တိုင်ပင်ပင်ရှိသည် ။အခုလည်း လုံးလုံးက သူ့ကြီးကြီးနေမကောင်း၍ ခွင့်ယူသွားသည်ကြောင့် အိမ်မှာလွန်းတစ်ယောက်တည်းအားစိတ်ပူ၍ပြောခြင်းပါ ။

"အို..ဒီမိုးကလည်းအချိန်အခါမဟုတ် "

လှိုင်ကားထွက်သွားတာနဲ့သည်းထန်စွာရွာချသည့်မိုး ။နွေရာသီကို ။လွန်းထီးလည်းမယူလာမိတော့ မိုးရေချက်ချင်းမိကာစိုရွဲကုန်သည် ။ခြံတံခါးသော့ကလည်း အကြီးကြီးမို့လွန်းမဖွင့်နိူင် ။သော့ကရေနှင့်ဆိုတော့ ချောင်ချောင်ထွက်နေတာ ။

ကိုယ်ပေါ်ကျနေတဲ့မိုးပေါက်တွေက ဆက်မကျလာတော့ ။အပေါ်ကိုမော့ကြည့်တော့ လွန်းကိုယ်ပေါ်မှာ ထီးအနက်တစ်ချောင်း ။မိုးရွာနေတာကို နှာဖျားထဲဝင်လာတဲ့မိုးနံ့နှင့် ကိုယ်သင်းနံ့တစ်ခု ။

နောက်ကိုလှည့်ကြည့်တော့ လွန်းနီးတူစိုရွဲနေတဲ့ခန္ဓာကိုယ်နှင့် သူ့ ။အညိုရောင် ကိုယ်ကျပ်dressနှင့်ဆံပင်တွေကိုမြှောက်စည်းထားသည် ။ပါတီပွဲတစ်ခုခုကပြန်လာတာထင်သည် ။အရက်နံ့တချို့လည်း ရသည် ။သူ့ရင်ခွင်ထဲတိုးဝင်ပစ်ချင်စိတ်ကိုထိန်းကာ ခပ်ကြောင်ကြောင်လေးသာမော့ကြည့်နေမိသည် ။

"သော့မဖွင့်တက်တာမို့လား ။ပေး...သူ့ဖွင့်ပေးမယ် ။ထီးဆောင်းထား "

လွန်းလက်ထဲကိုထီးထိုးထည့်ကာ သော့ဖွင့်နေသည့် သူ့နောက်ကျောကိုကြည့်ရင်း ထီးကိုလည်းသူ့အားလုံအောင်ဆောင်းထားရသည် ။

ချောက်!

"ရပြီ "

သော့ဖွင့်ပြီး တံခါးကိုဆွဲဖွင့်ကာလွန်းအားဝင်ရန်လမ်းဖယ်ပေးသည် ။နေပါအုံး ။သူကအိမ်ပြန်လာတာမဟုတ်ဘူးလား ။ကြည့်နေတဲ့လွန်းကို မျက်နှာလွှဲပြီးထွက်သွားဖို့ပြင်နေသည် ။မဟုတ်မှ ။

"ဘယ်သွားမလို့လဲ "

လွန်းမှာထီးကြီးတကိုင်ကိုင်နှင့် သူ့နောက်လိုက်ရသည် ။

"သူ့ပြန်မလို့လေ "

ဒီကလေး တကယ်ကြီးပြန်မလို့လား ။လွန်းကအိမ်ပြန်လာပြီထင်ကာ ပျော်နေတာကိုလေ ။

"လုံးလုံးကခွင့်ယူသွားတယ် "

"အင်း ။သူ့ကိုခွင့်လှမ်းတောင်းတယ် "

"တို့..တို့တစ်ယောက်တည်းမနေ..

ခြိမ်း..ခြိမ်း!!

"အို "

မိုးခြိမ်းသံကြောင့် လွန်းကိုယ်လေးမှာတစ်ခါတည်း သူ့ရင်ခွင်ထဲရောက်သွားရသည် ။လက်တစ်ဖက်ကထီးကိုကိုင်ပြီး တစ်ဖက်ကသူ့ပခုံးကို အားဖြင့်ဆုတ်လိုက်ရသည် ။

"သူ့ရှိတယ် အန်တီ ။မကြောက်နဲ့ ။အိမ်ထဲဝင်တော့နော် တစ်ကိုယ်လုံးစိုနေပြီ ဖျားလိုက်မယ် "

အတင်းကိုအိမ်ထဲဝင်ခိုင်းနေတဲ့သူ့ကြောင့် လွန်းမှာဒေါသထွက်ကာ သူ့ပခုံးကိုတဘုန်းဘုန်းထုရိုက်ရင်း...

"လုံးလုံး မရှိဘူးလို့ပြောနေတာကို! ။လုံးလုံးမရှိဘူး ။တို့တစ်ယောက်တည်းကြောက်တယ် "

ထိုအခါမှလှစ်ခနဲ့ပြုံးသွားတဲ့ရုပ်တည်တည် ။အမြင်ကပ်ဖို့ကိုကောင်းတယ် ။

"အင်း ။သူ့နေပေးမယ်နော် ။လာ..သွားရအောင် "

အခန်းထဲရောက်တဲ့ထိ အန်တီကအဝတ်သွားလဲနေပြီး သူ့မှာတစိမ်းအိမ်လို ဘာလုပ်လို့လုပ်ရမှန်းမသိ ။မျက်ခုံးကိုခဏခဏ ကုတ်ကာခပ်ဖွဖွရီနေမိသည် ။

အိမ်ပြန်မလာဖြစ်တဲ့၈ရက်အတွင်း ညတိုင်းလိုလို သူ့ကဒီအိမ်နားမှာရှိနေတက်သည် ။၁၂ကေျာ်လောက်မှပြန်တက်ပေမဲ့ တစ်ခါတစ်လေမိုးလင်းသည်ထိ ကားပေါ်မှာပဲအိပ်ပျော်သွားတက်သည် ။အန်တီနှင့်လုံးလုံးနှစ်ယောက်ထဲသာအိမ်မှာရှိသည်မို့ သူ့စိတ်မချလို့ပါ ။ဦးထွန်းက ခွင့်ယူသွားတာနှစ်ပတ်လောက်ရှိပြီဆိုတော့ အိမ်မှာယောင်္ကျားသားမရှိ ။

အန်တီရိပ်မိမှာစိုးတာကြောင့် ကားပြောင်းပြီး ကိုယ့်မိန်းမကို၈ရက်လုံးလုံးလာလာ ချောင်နေတက်တာပါ ။တစ်ခါတစ်လေမှာ ခြံထဲကဒန်းပေါ်တွေတွေလေးထိုင်နေတက်တဲ့ အန်တီနားပြေးသွားလိုက်ချင်ပေမဲ့ သူ့မသွားရဲ ။အန်တီစိတ်တည်ငြိမ်အောင်သူ့မှာအချိန်ယူနေရတာ ။

ဖြစ်ခဲ့တဲ့ပြဿနာမှာ ဘယ်သူမှားတယ်မှန်တယ်မသိပေမဲ့ ။အတွင်းရေးမှူးစံစံပြောပြလို့ အန်တီအဲ့နေ့ကသူ့အားအုန်းနို့ခေါက်ဆွဲလာပို့တာနှင့်အဖြစ်အပျက်အကုန်ကိုသိရသည် ။အပျက်အပျက်နှင့် သူ့တို့အဖြစ်ကနှာခေါင်းသွေးထွက်တာပင် ။ကိစ္စသေးသေးလေးကို နှစ်ယောက်သားက သဝန်တိုတက်ကြတော့ မထင်မှတ်ဘဲကြီးသွားတာ ။

အန်တီနဲ့ပြန်အဆင်ပြေကောင်းပါရဲ့လေ ။သူ့မှာ လွမ်းလှပြီ ။

"အဝတ်လဲတော့လေ ။ရေစိုကြီးနဲ့ထိုင်မနေနဲ့ "

"ဟုတ်ကဲ့ "

ရေချိုးခန်းထဲဝင်သွားတဲ့နောက်ကျောပြင်လေးကိုကြည့်ရင်း လွန်းရဲ့ရင်ခုန်သံတွေကသူနဲ့စပြီးချစ်သူဖြစ်တဲ့အချိန်တွေဆီပြန်ရောက်သွားသလိုပဲ ။အဝတ်ထုတ်ပေးရမလားမထုတ်ပေးရမလား လွန်ဆွဲနေသည် ။

ကျွီ!

နောက်တော့သူထွက်လာသည်အထိအတွေးထဲမျောနေကာ အဝတ်ထုတ်မပေးလိုက်ဖြစ် ။လွန်းနားက ကုတင်ပေါ်ဝေ့ကြည့်ပြီး မျက်နှာပျက်သွားတဲ့ကလေးကိုကြည့်ပြီး လွန်းမှာစိတ်မကောင်း ။
သူ့ဘာသာဗီရိုထဲကထုတ်ပြီး လွန်းဘက်ပြန်ကြည့်ကာ ရေချိုးခန်းထဲဝင်သွားပြန်သည် ။

dryerနဲ့ခေါင်းကိုအခြောက်ခံလိုက်ပြီး တပတ်ကိုကိုင်ကာကုတင်ပေါ်မှာပဲ ငုတ်တုတ်ထိုင်နေမိတယ် ။လွန်းနေရခက်နေပါသည် ။

ညဝတ်အင်္ကျီ ပိုးသားတစ်စုံကိုလဲပြီး စိုနေတဲ့ဆံပင်တွေကိုခါကာ ထွက်လာသည် ။

"ရော့..တပတ် "

"ဟုတ်ကဲ့ "

တပတ်ဖြင့်ခဏသုတ်ပြီး လွန်းလိုပဲdryerနဲ့ခြောက်အောင်လုပ်နေသည် ။မှန်ထဲကနေလှည့်ကြည့်လှည့်ကြည့်လုပ်နေတဲ့ကလေးမအား လွန်းသတိထားမိပါသည် ။ညအိပ်ဝတ်ဂါဝန်စအားလက်တွေဖြင့်တင်းနေအောင်ဆုတ်ထားကာ ခြေထောက်တွေကိုကုတ်ထားမိသည် ။

"တစ်ခုခုစားမလား ဗိုက်ဆာနေရင် "

"ဟင့်အင်း "

"ဘာစားထားလို့လဲ "

"ခေါက်ဆွဲဘူး "

ပလပ်ပေါက်ကိုဖြုတ်ကာ dryerကိုသူ့နေရာသူထားသည် ။ထို့နောက်လွန်းနားကပ်လာသည့် ကလေးမကြောင့် ကိုယ်လေးကိုကျုံ့မိ၏ ။

"ခုန ဘယ်ကပြန်လာတာလဲ "

"လှိုင်တို့နဲ့ ညစာတူတူစားလာတာ "

"သြော် "

လှိုင်တို့လို့ပြောလိုက်သည်ကြောင့် အောင်.ပါနေမှာကို သူ့သိသွားမှာပင် ။သူ့အားမော့ကြည့်တော့ လွန်းကိုသာစိုက်ကြည့်နေသည် ။ထိုအနေအထားအတိုင်းတစ်ယောက်နှင့်တစ်ယောက်ခပ်ကြာကြာကြည့်နေပြီးမှ လွန်းအားဆွဲဖက်သည် ။ရုတ်တရက်မို့လန့်သွားပေမဲ့ သူ့ကိုမတွန်းဖယ်မိ ။လွန်းလည်း ရူးမတက်လွမ်းနေခဲ့တာ ။ဒီရင်ခွင်လေးကို ။

သူ့လက်ထဲကကိုယ်လေးကိုတင်းကျပ်နေအောင်ဖက်ပစ်သည် ။သို့သော်ပြန်ဖက်မလာတဲ့လက်သွယ်သွယ်တွေကြောင့် သူ့မှာဝမ်းနည်းရသည် ။ဒီကိုယ်ငွေ့လေးကိုအရမ်းလွမ်းနေတာ ။

"အိပ်တော့လေ ။အချိန်မနည်းတော့ဘူး "

ပြောရင်း လွန်းအားလွှတ်ကာမျက်နှာချင်းဆိုင်ကဆိုဖာဆီသွားသည် ။ဖြတ်ခနဲ့မြင်လိုက်ရတဲ့ ထိုကလေးမမျက်လုံးက အရည်တချို့ကြောင့်လွန်းမှာနေထိုင်မရ ။ဝမ်းနည်းအောင်လုပ်မိပြန်ပြီ ထင်ပါရဲ့ ။လွန်းမာနတွေကြောင့် ခြေထောက်တွေကခြေချုပ်မိကာ နည်းနည်းလေးမှမရွေ့မိ ။

ဆိုဖာပေါ်ကိုပစ်လဲချကာ နဖူးပေါ်လက်တင်ကာအိပ်နေသည့်သူ့အားတစ်ချက်ကြည့်ပြီး လွန်းကျောပေးကာအိပ်လိုက်သည် ။

~~~

နောက်ကျောပေးအိပ်ပျော်သွားတဲ့ အန်တီနားသွားကာ ဘေးနားအသာဝင်အိပ်၍ခြံထားသည့်စောင်ထဲတိုးဝင်ရသည် ။ခါးသွယ်သွယ်ကိုဖက်ပြီး ရင်ခွင်ထဲအားသွင်းတော့ခန္ဓာကိုယ်သေးသည်ကြောင့် သူ့ရင်ခွင်ထဲလုံးလုံးဝင်လာသည် ။

ထို့နောက်တအင်းအင်းနှင့် လူးလွန့်ပြီးသူ့ရင်ဘတ်ဘက်ကို ကိုယ်လှည့်ကာမျက်နှာအတင်းတိုးလာသည်ကြောင့် မနိူးစေရန်နောက်ကျောပြင်အား ဖွဖွပုတ်ပေးရသည် ။

"ကျွတ်.. ကျွတ်..ဘာမှမဖြစ်ဘူးနော် ။အိပ်..အိပ် "

သူ့ခါးကိုပြန်ဖက်ကာ လည်တိုင်နားကိုနှာဖျားပါတိုးလာတော့ သူ့မှာတောင့်တောင့်ကြီးဖြစ်နေသည် ။

"ချစ်တယ် သူ့အမျိုးသမီးရယ် "

နဖူးပြင်လေးကိုဖိနမ်းကာ ခပ်တိုးတိုးလေးပြောမိသည် ။သူ့မှာ ဒီအမျိုးသမီးလေးကိုချစ်လိုက်ရတာ ။

မိုးတွေကလည်းအပြင်မှာသည်းနေတော့ အေးသည်ကြောင့် နွေးစေရန်အန်တီ့အားကျစ်နေအောင်ဖက်ထားပြီး အိပ်စက်လိုက်တော့သည် ။

မျက်လုံးမှိက်ထားရက်နှင့် သူ့ရင်ခွင်ထဲမှာ လွန်းနှုတ်ခမ်းတို့ကပြုံးနေမိသည် ။

-

နွေးနေပေမဲ့ လွန်းတစ်ခုခုလိုနေသလိုပင် ။မျက်လုံးတွေဖွင့်ကြည့်တော့ အနားမှာသူ့ကမရှိတော့ ။
စောင်ပုံကြီးထဲ လွန်းကမြုပ်နေသည် ။
ချက်ချင်း ကုတင်ပေါ်ကနေထထိုင်လိုက်ကာ ဖုန်းကိုယူကြည့်လိုက်တော့လည်း ဘာမှထူးထူးခြားခြားမရှိ ။မက်ဆေ့လေးဘာလေးပို့ထားပါတော့လား ။

သက်ပြင်းမောချကာ ကုတင်ပေါ်ကဆင်းပြီးမျက်နှာသစ်ကာအောက်ထပ်ဆင်းခဲ့လိုက်တော့သည် ။လုံးလုံးလည်းမရှိတော့ မနက်စာကိုလွန်းဘာသာပြင်ဆင်ရုံသာ ။မနေ့ကစျေးသွားတော့ မုန့်ဖတ်ထုတ်ဝယ်ထားသည်ကြောင့် မနက်ခင်းကိုနန်းကြီးသုတ်လုပ်စားဖို့တွေးလိုက်သည် ။ဟိုကလေးမက နန်းကြီးသုတ်ကြိုက်သည်တွေးမိတော့ ခေါင်းတွေကိုချက်ချင်းယမ်းမိသည် ။

"မနက်ခင်းအစောကြီးတည်းကထသွားရအောင် အဲ့လောက်တောင်မနေချင်ဖြစ်နေတာလား ဟွန့်.."

ရေခဲသေတ္တာထဲက မုန့်ဖတ်ထုတ်အားထုတ်၍ ပန်းကန်ထဲထည့်ကာ အသင့်လုပ်ထားပြီးသားဆီချက်တွေ အဆာပလာတွေထည့်ကာမွှေနေတုန်း ဖုန်းလာသည်ကြောင့် ကိုင်လိုက်သည် ။

"ဟယ်လို "

"ဆရာမ စံစံပါ CEOနေမကောင်းဘူး ။တစ်ချက်လောက်လာကြည့်ပေးပါလားဟင် "

"ဟုတ်ပြီနော် ဆရာမခုထွက်ခဲ့မယ် "

စံစံက လွန်းတပည့်လေးဖြစ်တာကြောင့်အခုထိဆရာမဆိုတဲ့အခေါ်အဝေါ်ကနှုတ်ကျိုးနေသည် ။ကလေးမက မိုးရေမိလျှင်ဖျားတက်တာလွန်းမေ့နေရသလား ။ဒါကိုမနက်အစောကြီး ကုမ္မဏီထသွားရတယ်လို့ ။

သုတ်နေဆဲနန်းကြီးသုတ်ကို ချိုင့်ထဲတစ်ခါတည်းထည့်ကာ အဝတ်စားလဲပြီး လွန်းသူ့ကုမ္မဏီဆီထွက်ခဲ့ရတော့သည် ။

~~~

"CEO ရုံးခန်းထဲမှာ ဆရာမ "

"ဟုတ်ပြီ ။ဒီမှာ စံစံတို့အတွက် ဆရာမနန်းကြီးသုတ်ထည့်လာတယ် ။စားလိုက်ကြအုံးနော် "

"ကျေးဇူးပါ CEOကတော် "

နောက်ကတစ်ညီတစ်ညာထဲပြန်ဖြေကျတဲ့ သူ့ဝန်ထမ်းတွေကြောင့် လွန်းပြုံးကာ သူ့ရုံးခန်းဆီသွားရတော့သည် ။ဝန်ထမ်းတွေကတော့ အရင်တစ်ပတ်လောက်က အကြီးအကျယ်ရန်ဖြစ်ထားတဲ့ သူမတို့နှစ်ယောက်ကို စိတ်ဝင်တစားလိုက်ကြည့်နေကြ၏။

ဒေါက် ဒေါက်

"ဝင်ခဲ့ "

တံခါးကိုဖွင့်လိုက်တော့ သူ့ခုံပေါ်မှာခေါင်းမှီထိုင်ကာ ခြေထောက်တွေကို စားပွဲပေါ်တင်ထားသည် ။ကြည့် လူကဂျစ်တိဂျစ်ကန်လေးပါဆို ။အဆိုးလေး ။

"ဘယ်လိုဖြစ်နေတာလဲ သူ့ထက်သာ "

သူ့ခေါင်းတွေတအားထိုးကိုက်နေ၍မျက်စိမှိက်ထားသည်ကို ချက်ချင်းဖွင့်လိုက်မိသည် ။အခန်းထဲ အန်တီဝင်လာတည်းက ကိုယ်သင်းနံ့ရပေမဲ့ မဟုတ်ဘူးပဲထင်ကာ မှိက်ထားတဲ့မျက်လုံးတွေကိုမဖွင့်ခဲ့တာ ။ခုတော့ တကယ်ပဲအန်တီဖြစ်နေသည် ။လက်ထဲကချိုင့်ကို ဆိုဖာနားကစားပွဲမှာတင်ပြီး သူ့ဆီလျှောက်လာသည် ။

သူ့စားပွဲပေါ်က ခြေထောက်တွေကိုချကာချက်ချင်းကိုမတ်တပ်ထရပ်မိသည် ။အန်တီ့အားမြင်လျှင် အလိုအလျောက်ကို ခန္ဓာကိုယ်ကတုန့်ပြန်နေတာ ။

"အန်တီ "

"အို့...မင်းနဲ့ချက်ချင်းကြီး ထရပ်စရာလား ။ခေါင်းမူးနေတာကို "

ငိုက်ခနဲ့ဖြစ်သွားတဲ့ခေါင်းကြောင့် ယိုင်မလိုဖြစ်နေတာကို အန်တီကဘေးကိုရောက်လာကာထိန်းပေးပြီး ဆိုဖာပေါ်ပြောင်းထိုင်စေသည် ။

"ကိုယ်နည်းနည်းနွေးနေတယ် ။မင်းကြိုက်တဲ့နန်းကြီးသုတ်လုပ်လာတယ် စားပြီးဆေးသောက်လိုက်နော်"

"ဟုတ်ကဲ့ "

ချိုင်းကိုဖွင့်ပေးပြီး သူ့စားလို့ရအောင်လုပ်ပေးကာ လွန်းမှာ ရုံးခန်းကိုရှင်းရတော့သည် ။ဆိုဖာဘေးနားမှာကျနေသည့် ရှပ်အင်္ကျီအဖြူနှစ်ထည် ၊ပြီးတော့ရယ်ဒီမိတ်ခေါက်ဆွဲဘူးတွေက ၅ဘူး၆ဘူးလောက်ရှိသည် ။ခေါက်ဆွဲခြောက်တွေချည်စားနေတာ ဗိုက်အောင့်နေမှာပေါ့ ။

လွန်းသိသည် ။ဒီကလေးကတအား ဂျီးများလွန်းတာ ။အစားစာနဲ့ပတ်သက်ပြီးလည်း သန့်မှ ။ထို့ကြောင့်အပြင်စာတွေသိပ်မစားပဲ ခေါက်ဆွဲသာစားနေတာထင်သည် ။ဒီခေါက်ဆွဲခြောက်တွေက သူ့အကြိုက်လေ ။

ရုံးခန်းထဲ လုပ်ငန်းပါတနာဝင်လာလျှင်တောင်မြင်မကောင်း ။ရှုပ်ပွနေတာ ။လွန်းရှင်းနေသည်ကိုလည်း နန်းကြီးသုတ်စားရင်း ပြူးကြောင်ကြောင်ကြည့်နေသည် ။ဆူခံရမှာသိနေသည်လေ ။

"မင်းအရမ်းကိုတေလေနေတယ်နော် သူ့ထက်သာ ။ရုံးခန်းက ရုံးခန်းနဲ့တောင်မတူတော့ဘူး ။ခေါက်ဆွဲတွေချည်စားနေတာ အစာအိမ်ဖြစ်ရင်ဘယ်လိုလုပ်မလဲ ။ရေတောင်မှန်မှန်ချိုးရဲ့လားမသိဘူး ။အဝတ်ညစ်တွေကလည်း ခြင်းထဲမှာပုံလို့ "

"သူ့နားမှာ အန်တီမှမရှိတာ "

ဘယ်တုန်းတည်းကအနားရောက်နေသည်မသိ လွန်းခါးအားဖက်ကာ သူ့အရပ်ကြီးနှင့်မှီနွဲ့လာသည် ။ပူနွေးနွေးခန္ဓာကိုယ်ကို သတိထားမိတော့ လက်ထဲကအမှိုက်တွေအားအမှိုက်တောင်းထဲသွားထည့်တော့ ထိုထဲတွင်ဆေးလိပ်ဘူး ၊ဘီယာဘူးတွေမှ အများသား ။

နောက်နားရပ်နေတဲ့ သူ့ဆီပြန်သွားရင်း လွန်းလက်တစ်ဖက်ကိုခါးမှာထောက်ကာ ခပ်ထေ့ထေ့ကြည့်ရင်း...

"တို့နားကထွက်သွားတာ ဒီလိုလွတ်လွတ်လပ်လပ်နေချင်လို့လား ။၁၀ရက်တောင်မပြည့်သေးဘူး ပျက်စီးနေရသလား..ဟင် ။ကဲဟယ်...ကဲ "

ဘုန်း..ဘုန်း

"အား..အန်တီ ။သူ့နေမကောင်းဘူးလေ "

"မင်းကိုသေအောင်ထုချင်တာ "

ရင်ဘတ်ကိုတဘုန်းဘုန်းထုရိုက်နေတဲ့ အန်တီ့လက်တွေကိုဆွဲကာ တင်းနေအောင်ဖက်ထားလိုက်သည် ။ရင်ခွင်ထဲကတုန်ရီနေတဲ့ကိုယ်လေးက ငိုနေသည်ဆိုတာသိ၏ ။

"အန်တီ့ကို သူ့အရမ်းချစ်တယ် "

"အဟင့်..ဟင့် မင်းက မင်းကပျက်စီးနေတာ ။တို့နားကထွက်သွားလည်း ကောင်းကောင်းမွန်မွန်တော့နေပါလား ။မင်းမရှိပေမဲ့ တို့ကအကောင်းဆုံးဖြစ်အောင်နေခဲ့တာ ။မင်းလိုပျက်စီးတေလေနေတာမဟုတ်ဘူး "

ဖက်ထားသည်ကိုရုန်းကာထုရိုက်ပြောနေဆဲ အန်တီ ။ပြောနေတဲ့ စကားထဲကနေကို သူ့အားဘယ်လောက်တောင်ချစ်သလဲဆိုတာပေါ်လွင်နေသည် ။မျက်ရည်တွေနဲ့အမျိုးသမီးလေးအား သူ့မြတ်နိူးလိုက်ရတာ ။

"သူ့မှားတာပါ ။သူ့တောင်းပန်တယ်နော် "

"ဖယ်..တို့ကိုလွှတ်! "

"အန်တီရယ် သူ့မှားတာပါနော် တောင်းပန်တယ် ။အနားကနေထွက်သွားမိလို့ရော ။သူ့က တောင်းပန်တယ်နော် "

"မင်း အင့်..ဟင့်.."

ရှိုက်သည်ထိငိုလာသည့် အန်တီ့အားသူ့ပေါင်တွေပေါ်တင်ထားပေးကာ ဆိုဖာကိုမှီထိုင်ထားရသည် ။အဝါဖျော့ဖျော့မြန်မာဝတ်စုံနှင့် ဆံပင်တွေကိုမြှောက်စည်းထားသည်ကြောင့် တစိုတစကျနေတဲ့လည်ဂုတ်ပေါ်ကဆံပင်တွေကို သပ်ပေးနေရင်းတဖွဖွချော့ရသည် ။

"မင်းမို့လို့ လုံးလုံးနဲ့တို့ကိုနှစ်ယောက်တည်းစိတ်ချလက်ချထားခဲ့ရဲတယ် ။အင့်...နေ့တိုင်းပြန်လာမလားလို့ မီးဖိုချောင်ကိုယ်တိုင်ဝင်ပြီး မင်းအကြိုက်တွေချက်ထားလည်း ပြန်မလာဘူး ။ဒီရုံးခန်းထဲမှာပဲ တေလေနေတာ ။..နည်းနည်းလေးတောင် အဆင်ပြေရဲ့လား လာကြည့်လို့လား ။တစ်ခုခုဆို ဒေါသတကြီးပဲ ပြုမှုတက်တာ "

တတွတ်တွတ်ပြောရင်း ပိုပိုငိုလာသည် ။သူ့မှာကျေနပ်လွန်းလို့ ပြုံးမိလျှင်လည်း သူမကိုလှောင်တယ်ဆိုပြီး စိတ်ကောက်အုံးမယ်စိုးတာကြောင့် မပြုံးရဲ ။နေ့တိုင်း အန်တီ့အားလာလာကြည့်နေတာမသိဘူးပေါ့လေ ။

"သူ့က အန်တီ့ကိုလာမကြည့်ဘူးလို့ဘယ်သူကပြောလဲ ။နေ့တိုင်းနေ့တိုင်း အလုပ်အားတဲ့အချိန်ဖြတ်ဖြတ်လာရတာအမော ။ညတိုင်းလည်း တစ်ရက်လေးတောင်မပျက်ဘူး သူ့ကအိမ်နားမှာရှိတယ် ။အန်တီအိပ်မပျော်ဘဲ ဝရံတာထွက်ထိုင်တာလည်းသိတယ် ၊ခြံထဲလမ်းဆင်းလျောက်တာလဲသိတယ် ။လုံးလုံးကိုအိမ်စောင့်ခိုင်းပြီး စျေးသွားတော့လည်း သူ့နောက်ကလိုက်ပေးနေတာ တစ်လျှောက်လုံး ။အန်တီကပဲမမြင်တာပါ သူ့ကအန်တီ့နားမှာပဲ "

ထိုအခါမှ ပြူးကျယ်ကျယ်လေးသူ့အားကြည့်နေပြီး အငိုတိတ်သည် ။

"တကယ်လား "

"တကယ်ပေါ့လို့ ။ပြီးတော့ဖြစ်ခဲ့သမျှအကုန် သူ့ဘက်ကပဲတောင်းပန်တယ်နော် ။အဲ့ဒါတွေအကုန်လုံးက အန်တီ့ကိုချစ်လွန်းလို့ဖြစ်သွားတာပါ. ။အန်တီပြောသလို သူ့ကပြဿနာတစ်ခုခုဆိုရင် ဒေါသကိုရှေ့ထားတက်တော့ ပိုဆိုးကုန်တာ ။သူ့တောင်းပန်တယ်နော် "

"အန်တီက သူ့ကိုခွင့်လွှတ်ပေးပြီးသားပါကွယ် ။ကိုယ်တွေနွေးနေတုန်းပဲ အသုတ်စားပြီးတာဆို ဆေးသောက်ရအောင်နော် "

"ဟုတ်ကဲ့ "

"အဟင်း..လိမ္မာတယ် "

ဆေးသောက်နေတဲ့သူ့ကိုကြည့်နေရင်းနဲ့ကို လွန်းမှာမျက်ရည်ဝေ့တက်လာရသည် ။ဒီ၈ရက်အတွင်းမှာအစားအသောက်က ဖြစ်သလိုဆိုတော့မျက်နှာဟာသိသိသာသာကိုချောင်ကျလို့နေ၏ ။

"အလုပ်တွေကပြီးပြီလား "

"ဒီနေ့တွက် ညနေပိုင်းဝယ်သူနဲ့တွေ့ရုံဘဲရှိတော့တာပါ ။လက်မှတ်ထိုးစရာတွေတော့ကျန်သေးတယ် "

"တို့နဲ့အိမ်ပြန်လိုက်ခဲ့ပါလားဟင် "

မျက်နှာငယ်လေးနှင့်ပြောနေတဲ့ အန်တီကြောင့်သူ့မှာအသည်းတွေယားလာတာ ။အလုပ်တွေကပစ်ထားလို့မဖြစ်ပေမဲ့ ။ဒီအမျိုးသမီးအတွက်ဆိုလျှင်တော့ သူ့အချိန်တွေအများကြီးပေးနိူင်ပါရဲ့ ။

"ဒီမှာ ခဏတော့စောင့်နေပေးအုံး ။သူ့ စံစံဆီကနေလက်မှတ်ထိုးစရာတွေယူခဲ့လိုက်မယ် ။ပြီးမှ အိမ်ပြန်ကြတာပေါ့နော် "

"အင်း "

ခေါင်းငြိမ့်ကာပြုံးပြုံးလေး လုပ်နေတဲ့အန်တီ့အား သူ့မှာအချစ်ပိုလိုက်ရတာ ။

~~~

ကုမ္မဏီကပြန်လာပြီးတည်းက သူ့နားပဲကပ်နေသည့်အန်တီ ။အန်တီဆေးတိုက်ထား၍ အစာလည်းဝင်ထားတော့ သူ့မှာကိုယ်လေးနည်းနည်းနွေးရုံသာ ။

အခုလည်းဧည့်ခန်းကဆိုဖာမှာထိုင်နေတဲ့သူ့ရင်ခွင်ထဲလာတိုးထိုင်ကာ TVကြည့်နေသည် ။သူ့ကတော့ TVကိုအာရုံမရ ခွဲနေရတဲ့အချိန်တွေအတွက် ရင်ခွင်ထဲကအမျိုးသမီးဂုတ်ပိုးလေးတွေအား နှုတ်ခမ်းသားတွေဖြင့်နမ်းရှိုက်နေမိသည် ။

"တို့ မင်းကိုသိပ်လွမ်းနေတာ "

သူမခါးပေါ်က သူ့လက်ကိုပိုတင်းနေအောင်ဖက်စေဖို့ဆွဲယူပြီး ထိုလက်တွေကိုပွတ်သပ်ကာ ခပ်တိုးတိုးပြောလာသည် ။အန်တီ့နားရွတ်ဖျားလေးအား နမ်းတော့ခေါင်းတွေတွန့်လိမ်နေ၏ ။

"သူ့လည်း အန်တီ့ကိုလွမ်းတယ် "

ရွှတ်

ခေါင်းကိုသူ့ဘက်စောင်းလာပြီး ပါးပြင်အားနမ်းသည် ။လက်ဖဝါးတွေက မြှောက်ပြီးနောက်ပြန်သူ့ပါးအားပွတ်သပ်ပေးနေတာ ။ပူးကပ်နေတဲ့ကိုယ်နှစ်ခုကြားမှာ နွေးနေ၏ ။

"ကိုယ်ကနွေးနေတုန်းပဲ သူ့ ။ခေါင်းကိုက်တာတွေရှိသေးလား "

"ဟင့်အင်း.."

ခေါင်းတွေယမ်းပြီး လွန်းလည်တိုင်ကြားတိုးဝေ့လာသည် ။လွန်း ခဏလေးတောင်သူ့ရင်ခွင်ထဲကမထွက်ချင် ။လည်တိုင်တစ်လျောက် ငုံ့နမ်းလာသည်ကြောင့် သူ့အဆင်ပြေစေရင် လည်ပင်းအားမော့ပေးထားမိသည် ။

သူ့ဆံပင်တွေကြားထဲလက်ထိုးပြီး ဖွပေးနေကာ သူ့အနမ်းတွေအားမျက်လုံးမှိက်ခံယူနေမိသည် ။

"အ့ "

"ဆောရီး အန်တီ ။တအားနာသွားလား "

"ဟင့်အင်း တို့သဘောကျတယ် "

လည်တိုင်မှာနီရဲရဲအမှတ်တစ်ခုကို လက်တွေဖြင့်ဖွဖွထိကိုင်ပြီးမေးတဲ့သူ့ကို လွန်းခေါင်းယမ်းဖြေကာ ခန္ဓာကိုယ်ကို သူ့ဘက်လှည့်၍ ခါးတွေအားခွထိုင်လိုက်သည် ။

"တို့ရော ကိုက်ချင်တယ် "

"ရတယ် အန်တီ "

ခွင့်တောင်းပြီးတာနဲ့ သူ့လည်ပင်းကိုစုပ်ယူနမ်းနေသည်ကြောင့် ခေါင်းအားဆိုဖာနောက်ကိုမှီပေးထားလိုက်သည် ။ခွထိုင်ထား၍ လိပ်တက်နေတဲ့ညအိပ်ဝတ်ဂါဝန်အနားစက အန်တီ့ပေါင်ရင်းနားက အသားဖြူဖြူအားထင်ထင်ရှားရှားပေါ်လွင်စေသည် ။

ထိုဖြူနှစ်နေသည့် ပေါင်တံသွယ်လျလျတွေကို သူ့လက်ဖြင့်ဆုတ်ကိုင်မိတော့ အိစက်နေတာကရင်ခုန်ချင်စရာ ။ဘေဘီskinလေးလို ထိလိုက်တာနဲ့ အသားထဲထိနစ်ဝင်သွားတက်တာကို သူ့သဘောကျလွန်းနေတာ ။

လည်တိုင်နားက ဆူးခနဲ့ ဆူးခနဲ့ဖြစ်ဖြစ်သွားသည်ကို သူ့အံကြိတ်ကာ ကျိတ်မှိက်နေရသည် ။သူ့ကိုယ်ပေါ်ကအငြိမ်မနေတဲ့ အန်တီကြောင့်လည်း စိတ်တွေတအားကြွတက်လာကာ လက်တွေကအန်တီ့တင်ပါးမှာ ဖျစ်ညစ်နေမိ၏ ။

သွားဖြင့်တစ်ချက်နာနာကိုက်ကာ သူ့ကိုကြည့်လာပြီး မျက်ခုံးတွေကျုံ့ထားသည် ။

"ဘာဖြစ်လို့လဲ အန်တီ "

"တို့ကိုက်တာ မနာဘူးလား "

"ဒီမှာလေ..သွေးတောင်ထွက်တာနာတာပေါ့ ။ဒါပေမဲ့အန်တီဖြစ်နေလို့ နာလည်းသူ့ကကျေနပ်နေတာ "

"ဘာလို့မအော်တာလဲ "

"ဟင်? "

"တို့က မင်းအော်သံကြားချင်လို့ကို "

ကြည့်ပါအုံး အထက်ပုဂ္ဂိုင်လုပ်ချင်နေတဲ့ အမျိုးသမီးလေးကို ။သူ့ အန်တီ့နှာဖျားအားဖွဖွလေးညှစ်ကာ..

"သူ့ကြောင့်သာ အန်တီကအော်ရမှာ ။သူ့ကအဲ့လိုအော်တဲ့သူမျိုးမဟုတ်ဘူး "

"တို့ တို့ပြောချင်တာက အဲ့လိုမျိုးမဟုတ်ဘူးလေ "

ရှက်ကာ မျက်နှာတွေနီရဲလာသည့်အန်တီ ။ခါးရိုးတစ်လျောက်သူ့လက်တွေ အစုံအဆန်ပြေးနေတာကို တစ်ချက်တစ်ချက်တုန်သွားသည် ။အန်တီကသာ ထိရှလွယ်တာ ။

ပွေ့ချီရက်နှင့်အပေါ်ထပ်ကိုတက်တော့ သူ့လည်တိုင်ကိုတင်းနေအောင်ဖက်တွယ်ထားသည် ။လှေကားပေါ်တက်နေရင်း သူ့ကိုကြည့်နေတဲ့အန်တီကြောင့် မထိန်းနိူင်စွာ နီရဲစိုစိုနှုတ်ခမ်းလေးကိုငုံထွေးတော့ ပြုတ်ကျမည်ဆိုးတာကြောင့် သူ့ရှပ်အင်္ကျီကော်လံအားအတင်းကုတ်ကိုင်လာသည် ။

"အခန်း.. အခန်းထဲရောက်မှ သူ့ ။ပြုတ်ကျမယ်.. အွင့် "

လှေကားအလယ်လောက်မှာဖြစ်တာကြောင့် လွန်းသတိပေးတော့ ထိုကလေးမကမရ ။လွန်းနှုတ်ခမ်းတွေကိုအတင်းစုပ်ယူနေတာ ဒီလိုအခြေအနေမျိုးဆို လွန်းစကားကိုနည်းနည်းလေးတောင်နားမထောင်တက်ဘူး ။

"သူ့အင်္ကျီကြယ်သီးဖြုတ်ပေး အန်တီ "

ကုတင်ပေါ်ချပေးပြီး ပြောတော့ မတ်တပ်ရပ်နေတဲ့သူ့နဲ့ညီအောင် အန်တီကဒူးထောက်ကာသူ့ကြယ်သီးတို့အား တုန်တုန်ရီရီဖြုတ်ပေးနေသည် ။ညမီးရောင်အောက်က ရှက်ဝဲဝဲမျက်နှာလေးကိုကြည့်ရတာ သူ့မှာဆန္ဒတွေထိုးတက်လာရသည် ။

"အို့..သူ့ "

အန်တီဖြုတ်လို့မပြီးစီးနိူင်တဲ့ အင်္ကျီကို သူ့အကြမ်းပတမ်း ကိုယ့်ဘာသာဆွဲချွတ်ပြီး အန်တီအားမွေ့ရာမှာလဲချကာ အပေါ်ကနေအုပ်မိုး၍ မျက်နှာတစ်ခုလုံးကိုနမ်းမိသည် ။

အောက်နှုတ်ခမ်းသားတွေကို ငုံထွေးစုပ်ယူပြီး ရင်ခွင်အောက်က အန်တီ့အားကြည့်တော့ မျက်တောင်တွေကပုတ်ခတ်ပုတ်ခတ်နဲ့ ။ဒီအချိန်မှာ ထိုမျက်တောင်ပုတ်ခတ်လျှင်ကို သူ့မှာပိုမိုပြင်းပြတက်တာ မသိလေသလား ။

"တစ်ညလုံး သူ့နာမည်ကိုအော်ပေး အန်တီ "

"ဟင့်အင်း..ဟင့်အင်း သူ့! "

နားဆီကပ်ပြောတော့ ရှက်ရွံ့စွာနှင့် အန်တီ့ကိုယ်ကသူ့ဆီကနေရုန်းသည် ။သူ့အကြောင်းကို အန်တီအသိဆုံးမလား ။ကြောက်တက်တာ မဆန်းပါဘူး ။

"သူ့ကိုချစ်လား "

"အင်း "

"ဒါဆို သူ့ဆန္ဒကိုလည်းလိုက်လျောပေးလေနော်..အန်တီ ။သူ့မရတာ ဘယ်နှရက်ရှိပြီလဲ "

နှုတ်ခမ်းထောင့်နားလေးအား ဖွဖွချင်းဆီနမ်းပြီး တောင်းဆိုနေတော့ သူ့အားကြည့်နေတာလေးက ချစ်စဖွယ် ။

"တို့ခွင့်ပြုတယ် "

အကြည့်တို့အားလွဲသွားသည် ။

ဒီအမျိုးသမီးကို သူ့မှာမြတ်နိူးလိုက်ရတာ ။ဆံဖျားတွေကအစ ခြေဖမိုးလှလှတွေထိ လှရက်တဲ့အန်တီကြောင့် သူ့မှာစိတ်တွေအကုန်လွတ်မပစ်လိုက်မိဖို့ထိန်းထားရသည် ။မဟုတ်လျှင် သူ့ရဲ့အမျိုးသမီးလေးပဲ ပင်ပန်းရမှာ ။

~~~

"ကျေးဇူးတင်ပါတယ် ။သူ့ရဲ့တစ်ဦးတည်းသော အမျိုးသမီးလေးဖြစ်နေပေးလို့ ။အိမ်ထောင်သက်တစ်လျှောက်လုံးမှာ သူ့အပေါ်ဂရုတစိုက်နဲ့ချစ်နေပေးတာရော ..။ အန်တီ့ကို သူ့ကသိပ်ချစ်တာ ။အရင်ကရော အခုရော နောင်ရောသူ့နှလုံးသားက အန်တီတစ်ယောက်ထဲကိုပဲ ပေးလို့ရတာ ။ချစ်ပေးနိိူင်တာ ။သူ့အပြုအမူတွေက အန်တီ့အမြင်မှာ သိပ်ပြီး တစ်ကိုယ်ကောင်ဆန် အတ္တကြီးသလိုဖြစ်နေမှာဆိုပေမဲ့ အဲ့ဒါတွေ အကုန်လုံးကအန်တီကြောင့် ။အန်တီ့ကို ချစ်လွန်းလို့ မစွန့်လွှတ်နိူင် ။မတင်းတိမ်နိူင်ဖြစ်နေတာ "

သူ့ရဲ့ စကားအရှည်ကြီးအပြီးမှာ ရင်ခွင်ထဲက စောင်အနက်ရောင်ကြီးအောက်က သူ့လက်မောင်းပေါ်က ပန်းလွန်းအိမ်ဆိုသည့်အမျိုးသမီးက မျက်လုံးတွေမှိက်ထားရက်နှင့် နှုတ်ခမ်းတွေ ကွေးတက်နေသည် ။

အန်တီ့ဆီက တုန့်ပြန်စကားလည်း သူ့မမျှော်ခဲ့ပါ ။သူ့ရဲ့အန်တီက အရမ်းပင်ပန်းနေတာ ။ချွေးတွေနှင့် စီးကပ်ကပ်ဆံပင်တွေဆီ နှာဖျားကိုနစ်သည် ။ဆံပင်တွေကို သပ်တင်ပေးကာ နဖူးရှင်းရှင်းမှာလဲ နှုတ်ခမ်းတွေကို အရာထင်အောင် အကြာကြီး ဖိကပ်ထားသည် ။

"အိပ်တော့နော် ပင်ပန်းနေပြီ ။
အန်တီ့ကို သူ့သိပ်ချစ်တယ် "

မျက်တောင်တွေပုတ်ခတ်ပုတ်ခတ်လုပ်နေရာမှ လုံးဝကိုငြိမ်ချသွားတော့သည့် အန်တီ ။စောင်ကို နှစ်ယောက်ကိုယ်ပေါ်သေချာခြုံလိုက်ရသည် ။နွေရာသီကြီးဖြစ်တာကြောင့်ပူပေမဲ့ ရင်ခွင်ထဲကအန်တီ့ကိုမလွှတ်ပေးချင်တာကြောင့် အခန်းအဲကွန်းကိုသာ အအေးမြှင့်လိုက်တော့သည် ။

~~~

မှတ်ချက်လေးတွေအများကြီးရေးပေးရင် နှင်းနောက်တစ်ပိုင်းထပ်ပြီးupပေးပါအုံးမယ်နော် ။

Continue Reading

You'll Also Like

4.7M 295K 107
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
1.7M 120K 44
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
289K 20.1K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^