You Are My Doll (or) ချစ်ခြင်...

Autorstwa ShanThaKhin

9.3K 498 14

နာကျင်မှုကနေမုန်းတီးမှုဆီကျရောက်လာခဲ့မယ်ဆိုရင် ပူလောင်လွန်းတဲ့လက်စားချေမှုတွေဖြစ်ပေါ်လာလိမ့်မယ် လက်စားချေမှုက... Więcej

You Are My Doll(intro)
You Are My Doll (part1)
You Are My Doll (part2)
You Are My Doll (part3)
You Are My Doll (part4)
You Are My Doll(part5)
You Are My Doll (part6)
You Are My Doll (part8)
You Are My Doll(part9)
You Are My Doll(part10)
You Are My Doll (part11)
You Are My Doll ( The Main Characters)
You Are My Doll (part12)
You Are My Doll (part13)
You Are My Doll(part14)
You Are My Doll(part15)
You Are My Doll (part16)
You are my doll (part17)
You Are My Doll (part18)
You Are My Doll(part19)
You Are My Doll(part20)🚨🚨
You Are My Doll (part21)Final
Fic နာမူနာ

You Are My Doll (part7)

288 25 0
Autorstwa ShanThaKhin

အသံကြားရကိုလှည့်ကြည့်လိုက်ချိန်တံခါး၀တွင်ရပ်နေသောမဲမဲပုံရိပ်ကြောင့်အကုန်လုံးကြောက်ကာအပေါ်ထပ်သို့ပြေးတက်သွားလေသည်။...

''အားးးးး...သရဲ.....''

''ဟာဟေ့ဒါဘယ်ကိုလဲ ...ဟေ့ နေအုန်းလေ...''

နက္ခဆရာကြီးအော်ခေါ်နေပေမယ့်တစ်ယောက်မှလှည့်မကြည့်ကြပေ။

လော်ကေ့ကြောင်တောင်တောင်နဲ့ပြည်ပိုင်ဆဲွခေါ်ရာနောက်ကိုပါလာလေသည်။ပြည်ပိုင်မှာကြောက်အားလန့်အားဖြင့်ပြေးလာတာကြောင့်သူ့ကိုဆဲွခေါ်လာမှန်းမသိဆဲွခေါ်လာခဲ့မိသည်။လော်ကေ့သတိပြန်၀င်လာပြီးပြည်ပိုင်လက်ထဲမှသူ့လက်မောင်းကိုဆွဲဖြုတ်ကာပြောတော့သည်။..

''ကိုငယ်ဘာတွေဒီလောက်ကြောက်နေတာလဲ...''

''ဟာနင်မမြင်ဘူးလားအိမ်ရှေ့တံခါး၀မှာရပ်နေတာလေ...ပြည်ပိုင်ပြောနေပေမယ့်မျက်လုံးများမှာဂဏာမငြိမ်ဘဲတောင်ကြည့်လိုက်မြောက်ကြည့်လိုက်နှင့်ပင်....လော်ကေ့ကရယ်ကာ..''

''ကိုငယ်ကလဲကြောက်တတ်လိုက်ယောကျာ်းမဟုတ်တဲ့အတိုင်းဘဲ...''

''ယောကျာ်းလဲမကြောက်ရဘူးလို့ဘယ်သူပြောလဲ..''

''ဘာမှမရှိပါဘူးလာပါကိုငယ်ကျွန်တော်တို့အောက်ကိုဆင်းကြည့်ရအောင်..''

ပြည်ပိုင်အောက်ကိုဆင်းရမှာကြောက်တာကြောင့်ခေါင်းကိုပြုတ်သည်အထိခါပြနေတော့သည်။..လော်ကေ့စိတ်မရှည်တာကြောင့်

''မင်းမလိုက်ချင်နေငါတစ်ယောက်ထဲဘဲသွားမယ်....''

''ဟာအဲလိုမလုပ်နဲ့လေဟာငါတစ်ယောက်ထဲကြောက်တယ်ဟလိုက်မယ်ကွာ''

ပြည်ပိုင်လော်ကေ့လက်အားဖက်ကာနောက်မှကပ်ပြီးလိုက်လာတော့သည်။လော်ကေ့မှာငယ်ငယ်ကတည်းကအမေနဲ့နေလာတယ်ဆိုပေမယ့်တစ်ယောက်ထဲအပြင်မှာညဘက်အလုပ်လုပ်လာများတာကြောင့်အမှောင်ကိုမကြောက်ပေ။ပန်းမြိုင်စံအိမ်မှာတုန်းကဆိုညဘက်အလုပ်လုပ်ရတာများသည်။သခင်ကြီးရဲ့စံအိမ်နောက်မှာရော်ဘာပင်တွေရှိတာကြောင့်ည၂နာရီဆိုရော်ဘာခြစ်တဲ့အလုပ်ကိုလော်ကေ့တို့အလုပ်သမားတွေကလုပ်ရသည်။.....
ရော်ဘာခြစ်တဲ့အချိန်ဆိုအလုပ်သမားတွေကရောက်တတ်ရာရာပြောကြသရဲအကြောင်းပြောကြတာကိုလော်ကေ့စိတ်၀င်တစားနားထောင်လေ့ရှိသည်။သရဲဆိုတာမမြင်ဖူးပေမယ့်စိတ်တော့၀င်စားသည်ဒါကြောင့်ပြည်ပိုင်ပြောတဲ့မဲမဲပုံရိပ်ကိုမြင်ချင်လာသောကြောင့်အောက်ထပ်ကိုဆင်းလာခဲ့သည်မြင်ချင်စိတ်ကပြင်းထန်နေသောကြောင့်အောက်ကိုမြန်မြန်ဆင်းလာခဲ့သည်။ပြည်ပိုင်မှာကြောက်တာကြောင့်လော်ကေ့အားဆွဲကာ...

''လော်ကေ့ဖြည်းြဖည်းဆင်းပါဟငါကြောက်တယ်အောက်ရောက်တော့မှာ...''

လှေကားကညာကနေဘယ်ကိုပတ်သောကြောင်လိမ်လှေကားဖြစ်တာကြောင့်ဆင်းရတာကြာသည်။ရှေးခေတ်အိမ်လဲဖြစ်တာကြောင့်လှေကားထစ်များမှာနင်းလိုက်တိုင်းတကျွီကျွီဆိုတဲ့အသံတွေမှာညအမှောင်ထဲလမ်းလျှောက်နေသောလော်ကေ့တို့စိတ်ကိုခြောက်ခြားစေသည်။..

ကျွီ!!!

''ဟာလော်ကေ့ငါကြောက်တယ်....''

''ကျွန်တော်ရှိတယ်ကိုငယ်မကြောက်နဲ့...လာသွားရအောင်....''

အောက်ထပ်ကိုရောက်တော့တံခါး၀ဘက်လှည့်ကြည့်လိုက်တော့ဘယ်သူ့မှမတွေ့တော့ပေ။...

''ဘာမှမရှိပါဘူးကွာ....''

''လော်ကေ့မင်း...မင်းနောက်မှာ....''

ပြည်ပိုင်လက်ညိုးထိုးပြီးနောက်ကိုဆုတ်သွားတာကြောင့်လော်ကေ့ပြည်ပိုင်ညွှန်ပြရာနေရာကိုလှည့်ကြည့်လိုက်တော့အ၀တ်မဲ၀တ်ဆင်ထားသောလူတစ်ယောက်လော်ကေ့အားသူ့မျက်စိစူးစူးတွေဖြင့်စိုက်ကြည့်နေလေသည်။လော်ကေ့ကဘာမှမဖြစ်သလိုပြံုးပြကာ..

''အဘကဘယ်သူလဲ....''

ထိုအခါမှလူကြီးကပြုံးပြကာလော်ကေ့အား..

''ကလေးမင်းကတကယ်သတ္တိခဲဘဲမင်းကိုတော့အဘလေးစားတယ်ကွာကဲကျန်တဲ့လူတွေထွက်လာခဲ့လို့ရပြီး...''

ဒယ်ဒီရောမာမီတို့ကပါထွက်လာတာကြောင့်လော်ကေ့အံသြသွားကာ..

''အဘက....''

''ဟားဟားဟုတ်တယ်ကလေးမမင်းရဲ့စိတ်ဓာတ်ကိုစမ်းချင်လို့အခုလိုစီစဥ်ထားတာပေါ့မင်းဒယ်ဒီတို့ကဘာမှမဖြစ်ပါဘူးကဲသခင်ကြီးတို့သမီးကိုကျုပ်နက္ခတွက်ဖို့အချိန်ကျပြီးကျုပ်ခေါ်သွားတော့မယ်သခင်ကြီးတို့ဒီမှာဘဲစောင့်နေကြပါအဖြေတစ်ခုရတာနဲ့ကျုပ်လာခဲ့မယ်.....''

အချိန်မှာ၉ခဲွဆိုတဲ့နေရာကိုလက်တံကပြနေလေသည်။

''ကဲကလေးမအဘနဲ့လိုက်ခဲ့မင်းရဲ့နက္ခကိုတွက်ကြည့်မယ်..''

''ဟုတ်ကဲ့အဘ.....''

လော်ကေ့လဲအဘခေါ်ဆောင်ရာနောက်သို့လိုက်လာခဲ့သည်။အခန်းတစ်ခုထဲ၀င်သွားတာကြောင့်အဘနောက်သို့လော်ကေ့လိုက်၀င်သွားလေသည်။..မှောင်မဲနေသောအခန်းတစ်ခုထဲတွင်ကြယ်ပုံစံအမှတ်အသားကိုကြမ်းပြင်ပေါ်မှာရေးဆဲွထားပြီးဘေးဘက်တွေမှာဖယာင်းတိုင်မီးကိုထွန်းညိထားလေသည်။

''ကလေးမအဲဒီစည်း၀ိုင်းတွင်းမှာသွားထိုင်လိုက်ပါ....''

''ဟုတ်ကဲ့..''

လော်ကေ့၀င်သွားတော့ဆရာကြီးကဂါထာတစ်ခုရွတ်ဆိုကာမန်းမှုတ်လိုက်သည်။

''စိတ်ကိူငြိမ်အောင်ထားဘုရားကိုအာရုံပြု....အဘစပြီးနက္ခတွက်တော့မယ်...''

ခမ်ထစ်နက္ခကိုကျောက်သင်ပုန်းနဲ့သေချာတွက်ကြည့်တော့အဖြေတစ်ခုကိုရှာတွေ့လေသည်။အဖြေကိုသေချာကြည်မိတော့အံ့သြခြင်းနဲ့အတူလော်ကေ့အားကြည့်မိတော့လော်ကေ့ကိုယ်ထဲကနေအပြာရောင်အလင်းတန်တွေထွက်နေတာကိုတွေ့ရလေသည်။..

''ဒါက....ဒါ.ကငါတွေ့ဖူးတဲ့အရာတွေထဲမှာအထူးဆန်းဆုံးဘဲသခင်ကြီးသမီးငယ်ကမဟာနတ်ထရာအတွက်ကောင်းကျိုးတွေကြီးယူလာပေးမယ့်ကြီးမြတ်တဲ့လူသားဘဲ....စနေသမီးတစ်ယောက်ခုနှစ်စင်ကြယ်နက္ခနဲ့ယှဥ်ပြီးမွေးလာတာကြောင့်ဒီကလေးမအမည်နာမကိုနတ်မြတ်စစ်နန္ဒ ဆိုပြီးပေးရမယ်ဒီကလေးဟာနောင်တစ်ချိန်မဟာနတ်ထရာရဲ့အကျိုးကိုသယ်ပိုးမယ်မိုးနတ်မင်းချီးမြင့်ထားတဲ့လူသားဘဲ......''

ဆရာကြီးမှာအဖြေတစ်ခုကိုရရှိသွားပြီးဖြစ်တာကြောင့်လော့်ကေ့အားခေါ်ကာအခန်းထဲမှထွက်လာခဲ့တော့သည်။

################################

Czytaj Dalej

To Też Polubisz

323K 4.4K 31
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
51.7K 707 61
Katie Goldberg has had the worst life imaginable. From having to live with her uncle due to a tragedy to a haunting relationship streak. She becomes...
9.6K 352 25
Transman ❤ girl နာကျည်းမှုလွန်ကဲနေတဲ့အမုန်းဆိုတဲ့နှောင်ကြိုးမျှင်ကိုဖြတ်တောက်ပစ်ခဲ့မယ်ဆိုရင်..ဦးမုန်းနေတဲ့တေးဟာဦးသိပ်ချစ်ရတဲ့တေးဖြစ်လာမယ်ဆိုတာတေးယုံက...
7.9K 465 21
မချစ်မနှစ်သက်ဘဲအတင်းလက်ထပ်သိမ်းပိုက်ခဲ့သောနန်းထိုက်အပေါ်မုန်းတီးနာကျည်းနေသောနောင်တစ်ယောက်၊ သူမတို့၂ယောက်ကြားကမုန်းတီးမှုတွေကအချစ်စစ်ကြောင့်မုန်းရိပ်တ...