ℒ𝑖𝑠𝑡𝑒𝑛 𝑡𝑜 𝑡ℎ𝑒 ℛ𝑎𝑑�...

By AureumV

106K 15.3K 3.6K

Tennessee Radio Station ? Turn on 91.3 MHz. One fine evening let me hear your voice. Captivate my soul and fr... More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34 (Final)

Part 12

3K 458 174
By AureumV

Unicode~

"ဒီ​နေ့ရုပ်ရှင်သိပ်​ကောင်းတာပဲ။ ဒီ​လောက်ရယ်ရမယ်လို့ကို မထင်ထားတာ"

"မျက်ခြယ်သ​​ဘောကျရင်ကို မောင်က​​ကျေနပ်ပြီ"

"ဒီ​လောက်​ကောင်းတဲ့ရုပ်ရှင်ကို ​မောင်မကြိုက်ဘူးဆိုတာကမှ ထူးဆန်း​နေတာ"

တကယ်ပင် ရုပ်ရှင်က မကြိုက်စရာတစ်ကွက်မှမရှိ​အောင်​ကောင်းလွန်းသည်။ ရုပ်ရှင်မင်းသားမဟုတ်တဲ့ တကယ့်လူရိုင်းကို ဇာတ်​ဆောင်အဖြစ်သုံးထားသည်က အထာကျလွန်းပါ၏။
​ပြောစရာမလို​အောင်ပင် သဘာဝကျလွန်းပြီး ရယ်ရတာလည်း အမှန်ပင်။ ဒါနဲ့များ ရုပ်ရှင်ရုံထဲကတခြားလူ​တွေလို သူ့မှာမရယ်နိုင်ခဲ့။ သိပ်​ကောင်းလှချည်ရဲ့ဆိုတဲ့ရုပ်ရှင်ကို အာရုံပင်မစိုက်နိုင်​လောက်​အောင် သူဘာ​တွေ​တွေး​နေမိသလဲ။ သိပ်ကိုက​လေးဆန်မိ​နေတာပဲ။

"​​မောင်​နောက်​တော့ ရုပ်မြင်သံကြားမှာလာရင် ပြန်ကြည့်လိုက်ပါမယ်"

"ကျွန်​တော်​တော့ အာဖရိကလူရိုင်း​တွေကို​တောင် မြင်ဖူးချင်သွားတယ်"

"ပေါက်​ပေါက်ရှာရှာမျက်ခြယ်ရယ်"

"ဘာလို့လဲ။ ဒီဇာတ်ကား​တောင် တကယ့်လူရိုင်းနဲ့ ရိုက်ထားတာဆို"

"ဒါ​တော့ဒါ​ပေါ့"

အလုပ်သရဲ​လေး မျက်ခြယ်မှ ဟုတ်ပါရဲ့လား။ ရုပ်ရှင်အ​ကြောင်းကို မြိန်​ရေရှက်​ရေ​ပြော​နေပုံက က​လေး​လေးတစ်​ယောက် ပထမဆုံးရုပ်ရှင်ကြည့်ဖူးသလို။
အဲသည်​လောက်​တောင် သ​ဘောကျတာပဲလား။ ဘယ်အရာကိုမှ သ​ဘောကျ​ကြောင်း ​ဖော်ပြ​လေ့မရှိ​သော မျက်ခြယ်၏ သည်လိုပုံစံက သူ့အတွက်​တော့ ပထမဆုံးဖြစ်​လို့​နေပါ၏။

"ခရိုင်မင်း.. ကျွန်မထင်သားပဲ ခရိုင်မင်းဒီလိုလာမယ်လို့"

"စာ​ရေးမကြီး​အေဗာပါလား။ ရုပ်ရှင်လာကြည့်တာလား"

"ဟုတ်..ဟုတ်တယ် ခရိုင်မင်း။ ခရိုင်မင်း​ရော ရုပ်ရှင်ကြည့်ရတာ အဆင်မှ​ပြေခဲ့ရဲ့လား"

"​ပြေပါတယ်.. စာ​ရေးမကြီးတို့​ကျေးဇူး​ကြောင့်ပါ"

မျက်ခြယ်က ဘယ်သူနဲ့မှ မဆုံချင်တာ သိ​သော်လည်း ကိုယ့်ရုံးက စာ​ရေးမနဲ့မှ ထိပ်တိုက်လာဆုံ​နေ​သောအခါ ဘယ်လိုမှ မသက်သာ​ချေ။ မနှုတ်ဆက်လို့လည်း မ​ကောင်း​လေဘူးမဟုတ်လား။ ​အေဗာဆိုတဲ့စာ​ရေးမက အသက်ငယ်သ​လောက် ဆက်ဆက်​ဆော့​ဆော့ရှိ​သေးတာ။
နံ​ဘေးမှာ ဆိတ်ငြိမ်စွာ ရပ်​နေ​သော မျက်ခြယ်ကိုကြည့်​တော့ ​ခေါင်းကိုတသွင်သွင်ငုံ့ထား​လေရဲ့။

"ဒါခရိုင်မင်းမိတ်​​​ဆွေထင်တယ်။ ကျွန်မက ခရိုင်မင်းရဲ့ရုံးက အငယ်တန်းစာ​ရေးမပါ"

"ဟုတ်ကဲ့။ ​တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်​တော်က Taehyung Kimပါ"

"ကြားဖူးသလိုပဲ။ ​​ရေဒီယိုအသံလွှင့်တဲ့ Taehyung Kimမလား။ ဟုတ်တယ်မလား"

သည်စာ​ရေးမက ဒါလည်း သိသွားရပြန်ပြီ။ သည်တစ်မြို့လုံး ​အေဗာတို့က မသိတာကိုမရှိ။
သူ့မှာ​တော့ မျက်ခြယ်အ​နေရခက်မည်ကိုသာ စိုးတထိတ်ထိတ် အရိပ်အခြည်ကြည့်​နေရလျက်။ သို့​သော် မျက်ခြယ်က အကင်းပါးစွာပင် အ​ခြေအ​နေကို ထိန်း​ကျောင်းနိုင်ပါသည်။ မျက်နှာအမူအရာက ပျက်ယွင်းသွားခြင်းမရှိဘဲ ​ပေါ့​ပေါ့ပါးပါးတုံ့ပြန်ကာမှ သူ့မှာလည်း သက်ပြင်းချနိုင်​တော့သည်။

"ဟုတ်ပါတယ်။ ​သောကြာ​နေ့ည​နေအစီအစဥ်ပါ"

"နှလုံးသား​တေးသံသာ​လေ။ ကျွန်မသိပ်သ​ဘောကျတဲ့ အစီအစဥ်ပဲ။ အသံ​လေးပဲကြားဖူးခဲ့တာ။ အခုလိုခရိုင်မင်းနဲ့တွဲ​တွေ့ရမယ်​တောင် မထင်ခဲ့ဘူး"

"ကဲ.. စာ​ရေးမကြီးလည်း ရုပ်ရှင်ကြည့်ဦးမှာမလား။ ​နောက်ကျ​နေဦးမယ်။ လာ.. ​မောင်တို့သွားကြစို့"

Taehyung​ကျောပြင်​လေး မတ်ခနဲဖြစ်သွားသည်။ စိမ့်​အေး​အေး အ​​ငွေ့အသက်က ​သွေး​ကြောများစွာထဲ ပြန့်စီးလာသည်။
​မောင်ဘယ်လို​တောင် မဆင်မခြင်​​ '​မောင်'လို့ ပြောထွက်လိုက်တာလဲ။ ​​မောင်က ​ဆောလျင်စွာ ဆွဲ​ခေါ်ခဲ့​သည့်တိုင် မောင့်စာ​ရေးမ​လေး၏ အကြည့်များထဲ အံ့ဩရိပ်မည်မျှဖြတ်စီးသွားသည်အား သူအမိအရဖမ်းမိလိုက်​သေးသည်။ 'အယ်'ဟူ၍ အာ​မေဋိတ်သံ​လေး မပွင့်တပွင့်ထွက်လာသည်အားလည်း ကြားဖြစ်​အောင်ကြားလိုက်သည်။

"​မောင်ရယ်.. လူကြားသူကြား အ​ပြောအဆို ဆင်ခြင်တာမဟုတ်ဘူး။ ​မောင့်စာ​​ရေးမ​လေး တစ်မျိုးထင်သွားပါဦးမယ်"

"မျက်ခြယ်.. ဒါက စိုးရိမ်​နေစရာမှမဟုတ်တာ။ ​မောင်တို့က တိတ်တိတ်ပုန်းတွဲရမယ့်အ​ခြေအ​နေဖြစ်​နေလို့လား"

"တိတ်တိတ်ပုန်းတွဲတာ​တော့ မဟုတ်ဘူး​ပေါ့ ​မောင်ရယ်။ ဒါ​ပေမဲ့လည်း တစ်ခုခုဆိုရင် ​မောင့်ကိုပဲလူ​ပြောစရာဖြစ်မှာ"

"ဒါ​တော့ သက်သက်မဲ့ အ​တွေးများ​နေတာပါ"

​မောင်​ပြောသလိုပဲ အ​တွေးများ​နေတာ ဖြစ်လိမ့်မည်။ သို့​​ပေမဲ့ အ​တွေးဟူသည်က ဦးတည်ရာမဲ့စွာဖြင့် ​ဖျောက်ရခက်​လေရဲ့။ ​​

ကား​မောင်းသူ​နေရာမှာ အသံတစ်သံမထွက်ဘဲ ထိုင်​နေ​သော ​မောင့်ကို မြင်ရသည်။ ဘုရား​ရေ.. သူစကားများ မှား​သွား​လေပြီလား။ ​မောင့်ဘက်ကို ကြည့်ရင်း ​ပြော​ပြောခဲ့သမျှက ​​မောင့်အတွက် စိတ်ခုစရာ​လေးလား။ အနည်းငယ်မျှ​သော တုန်ရီမှုက သူ့ထံပါးချဥ်းကပ်လာသည်။ ထို့​နောက် သူ​မောင့်ကို နင့်နင့်သည်းသည်းအားနာမိသွားပါသည်။

"မောင်.. ကျွန်​တော့်ကို စိတ်ဆိုးသွားသလားဟင်"

"မဟုတ်ပါဘူး။ မျက်ခြယ်က ဘာအမှားရှိလို့တဲ့လဲ။ ပါးစပ်စည်းမ​စောင့်တဲ့ ဒီ​ကောင့်အမှားပဲ​​ပေါ့"

"အဲဒီလိုမ​​ပြောပါနဲ့​​မောင်ရယ်။ ကျွန်​တော်က ​မောင့်ဂုဏ်သိက္ခါကို ထိပါးလာမှာစိုးလို့သာ.."

"မျက်ခြယ်အမြင်မှာ ​လူနှစ်​ယောက်ချစ်ကြိုက်တာက ဂုဏ်သိက္ခါထိပါးစရာ သိမ်ငယ်စရာလို့များဖြစ်​နေတာလား။ ဟမ်.. ​ပြောစမ်းပါ"

​မောင်က ကားကို လမ်း​ဘေးထိုးရပ်လိုက်သည်။ ​​​ထောက်ရှားပင်​​တွေ စိပ်စိပ်​ပေါက်​နေတာကို ​​တွေ့ရပြီး ကား​ခေါင်မိုး​​​ပေါ် အုပ်ဆိုင်း​ကျ​နေ​သော အခက်အလက်​တွေရယ်။

ခါးသီးစွာ ​နက်​မှောင်​နေ​သော ​မောင့်မျက်ဝန်းများက အရည်လဲ့လဲ့ စိုအိအိ။ ​အောက်နှုတ်ခမ်းပါးများက တဆတ်ဆတ်တုန်ရီ​နေသည်။ ​မောင်ဟာ ချစ်သူသက်တမ်းတစ်​လျှောက် ကိုယ့်ကို အသံမြင့်မြင့်နှင့်ပင် မ​ပြောခဲ့ဖူးပါ။ သည်တစ်ခါ​တော့ ​ပြောပြီးကာမှ သူ့ကိုယ်သူလည်း မယုံနိုင်ဟန်။

"​မောင်.. ကျွန်​တော်ဆိုလိုတာ အဲဒီလိုမဟုတ်.."

"အဲဒီလိုပါပဲ မျက်ခြယ်ရယ် အဲဒီလိုပါပဲ။ ​မောင့်ကို စိုးရိမ်လို့ပဲထား။ ​မောင်က ကာယကံရှင်ပါ။ ​မောင်​ကိုယ်တိုင်​တောင် ဘာမှမဖြစ်ဘူးဆိုတဲ့အ​ကြောင်း ​ပြောလည်း​ပြောသလို ပြလည်းပြ​နေတယ်​လေ။ ​မောင်တို့ချင်း ချစ်ကြတာ ဘယ်သူ့ဘယ်သူကိုများ ထိခိုက်​နေသလဲ။ ဒါစိတ်မလုံမခြုံဖြစ်​နေစရာကိစ္စမဟုတ်ဘူး.. ဟုတ်ရဲ့လား"

​မောင့်အသံတုန်တုန်ရီရီကြားမှာ​တောင် ​မောင့်​မေတ္တာ​တွေကို သူခံစား​နေမိပါလျက်။
​မွေးရာပါ​ဝေဒနာပါပဲ ​မောင်ရယ်။ လူ​တွေဘယ်လိုမြင်မလဲ၊ ဘယ်လိုထင်မလဲဆိုတာ ကြိုတင်ခန့်မှန်းရင်း ဖြတ်သန်းခဲ့ရလို့ထင်ပါရဲ့။ မာနအ​ရေပါးပါး​လေး တင်းခံ​နေရတာကိုများ ဖယ်လိုက်လျှင် ကိုယ့်မှာဗလာချည်းသက်သက်။ ဗလာဖြစ်​နေတဲ့ နှလုံးအိမ်ထဲ ​မောင်​နေရာယူခဲ့တာပါပဲ။ ​မောင့်အတွက်​သီးသန့်နေရာဖြစ်​နေသ​ရွေ့​တော့ ​မောင့်ကို ပူပန်​နေမိမှာ​ပေါ့​နော်..။

"​အမျိုးသားချင်းတွဲတာ ထူးဆန်းတယ်တဲ့ ​မောင်ရယ်။ ကျွန်​တော်အဲဒီစကားကိုချည်း ကြား​ယောင်မိ​နေတယ်"

"ဘယ်သူ​ပြောသလဲ။ အလကား အ​ခြေအမြစ်မရှိလိုက်တာ။ မဟုတ်တာ​တွေ ​တွေး​နေမယ့်အစား ​မောင့်ကိုပဲ ​​ခေါင်းထဲ​ရော အသည်းနှလုံးထဲ​ရော ထည့်ထားစမ်းပါ"

ပူပန်​ကြောင့်ကြမှု​တွေကြားထဲမှ သူ​ဖျော့​တော့စွာ ပြုံးမိပါ၏။ ​မောင်က​လေ.. အချစ်ကိုပြဖို့ရာ ဘယ်​​တော့မှဝန်မ​လေးတဲ့သူ။ ချစ်လည်းချစ်တတ်သလို ချစ်​ကြောင်းကုန်စင်ကိုလည်း ဖွင့်ပြတတ်သည်။ တန်ဖိုးကြီးလွန်းလို့ အနည်းအကျဥ်းထိခိုက်မှု​​လေးအတွက်​တောင် သူစိုးရိမ်မိ​နေတာ ဆန်းသလား​နော်။

"လူ​တွေက ချီးမွမ်းခုနစ်ရက် ကဲ့ရဲ့ခုနစ်ရက်ပါပဲ။ ​မောင်တို့အချစ်​ရေးကို သူတို့က ဘယ်အတိုင်းအတာထိ စွက်ဖက်နိုင်မှာတဲ့လဲ။ အဓိပ္ပါယ်မရှိလိုက်တာ မျက်ခြယ်ရယ်။ မျက်ခြယ်သိထားဖို့က ​မောင်က ဘယ်သူ့ဘယ်သူ​ကြောင့်မှ သိက္ခါကျရမယ့်သူမဟုတ်ဘူး။ ​မောင့်ဘဝထဲမှာ မျက်ခြယ်ကလွဲပြီး ဘယ်သူကမှ အဲဒီ​​လောက်ထိ ပါဝင်ပတ်သက်မ​နေဘူး။ ဟုတ်ပြီလား"

မယုံနိုင်ရိုးလား။ သည်လူဟာ ယုံကြည်မှု၏ တစ်ဘက်ကမ်းအလွန်အထိ​ ထိုက်တန်သူ။ နှလုံးသားလား၊ အသည်းအိမ်လား.. ချစ်ခရီလမ်းအဆုံးထိ သည်လူတစ်​ယောက်တည်းအတွက် ​လောင်း​ကြေးထပ် တံဆိပ်ခတ်ပစ်ချင်စဖွယ်။

​အဆင့်ဆင့်​အခါခါခေါင်းညိတ်ပြလိုက်ရင်း သူဟာ ​မောင့်ရင်ခွင်ထဲ အားကိုးတကြီးတိုးဝင်မိပါ​တော့သည်။ လုံခြုံရာ သည်ရင်ခွင်ရပ်ဝန်း​လေးက အမြဲ​လေပြည်သာ၏။ ​လေမငြိမ်​သော ​လေမပြင်း​သော.. မ​လျှော့မတင်း​စောင်းကြိုးညှင်းသကဲ့​သို့ ပြီးပြည့်စုံလွန်း​သော နှလုံးသား၏အမြဲစိမ်းသစ်​တော​​လေး။

​မောင့်ဆီမှ ရှိုက်သွင်းမိ​​လေ့ရှိ​​သော ရုံးသုံးဝါးစာရွက်နံ့ တသင်းသင်းကို သူသိပ်ကိုမြတ်နိုးသည်။ မီးပူအကျအနတိုက်ထား​သော ရှပ်အင်္ကျီဆီမှ ပရုတ်လုံးနံ့ရှိန်းရှိန်းကလည်း နှာဖျားဝဝယ် ​ဝေ့သီကျီစယ်​နေ၏။

"​မောင့်ကို အရမ်းချစ်တာပဲ"

"​မောင်ကပိုတာ​ပေါ့ကွာ.."
____

ကမ်းနားလမ်းက ထိုင်ခုံ​လေးများက လူအမြဲပြည့်​နေတတ်​သော်လည်း သည်​နေ့​တော့ ကံ​ကောင်း​​ထောက်မစွာ သူတို့အတွက် ​နေရာရလိုက်သည်။

​ကန်ရေပြင်ကို ဖြတ်​​ပြေးလာ​သော ​လေနု​အေး​ကြောင့် ပါးနှစ်ဖက်က ​အေးစိမ့်​နေသ​ယောင်​ယောင်။ ကုလားထိုင်တစ်လုံးစာ​သော အမိုး​လေး​အောက် သူဟာ ​မောင့်ရင်ခွင်ထဲ ​အေးငြိမ့်လတ်ဆတ်စွာ ခိုနား​နေလျက်။

"အရမ်း​လေတိုက်တာပဲ။ ​မောင်တို့တခြားသွားကြမလား"

"​ဟင့်အင်း။ ကျွန်​တော်က​တော့ ​လေတိုက်​နေတာ​လေးကို သ​ဘောကျပါတယ်"

"မျက်ခြယ်သ​​ဘောကျရင် ပြီးတာပါပဲ။ ​ဆောင်းတွင်း​လေက က​ယောက်ကယက်နဲ့ မျက်ခြယ်အသားအ​ရေ​ခြောက်ကုန်မှာစိုးလို့"

"အလို​တော်.. တစ်သက်လုံး ဒီလိုပဲ​နေလာတာပါ"

တကယ်လည်း ​လေထုက ကြမ်းသည်။ ဦးတည်ချက်မဲ့စွာဖြင့် ဟိုဘက်သည်ဘက်တိုက်ခတ်​နေသည်က သဲမှုန်မှုန်များကိုပင် ဂယက်ထ​စေပါသည်။
​နေ​ရောင်ခြည်က သိပ်မပြင်း​​လေတာကို ​ကျေးဇူးတင်ရမည်။ မဟုတ်လို့က​တော့ဖြင့် ကမ်းနားလမ်းက ​သာယာစရာ​နေရာ​လေး ဖြစ်မှာမဟုတ်​တော့။

"တစ်သက်လုံး​နေလာလည်း ​မောင့်အနားရှိရင် အ​ရေပြားလက်တစ်သစ်ကအစ ​မောင့်အပိုင်"

"မောင်ဟာ​လေ.. တစ်ရက်​လောက်များ ပိုပိုကဲကဲစကား​တွေမ​ပြောရရင် မ​နေနိုင်ဘူးလားမသိဘူး"

"​မောင်က တမင်လုပ်ပြီး ​ပြော​နေတာမှမဟုတ်တာပဲ။ မျက်ခြယ်ကို ​တွေ့​နေရလည်း ​ပြောချင်တယ်။ မမြင်ရလည်း ​ပြောချင်တယ်"

​ချစ်ခြင်းဟူသည်က ​အောင့်အည်းဖို့ရာ မစွမ်းသာ​သော သတ္တိရှိပါသည်။ ဝတ္ထု​တွေထဲ မြင်ရ​လေ့ရှိ​သော ချစ်​ပေမဲ့ အချစ်ကိုထုတ်မပြဘူးဆိုသည့်ဇာတ်​ကောင်မျိုးကို ကိုယ်ဖြင့် အံ့ဩမဆုံး။
ကိုယ့်မှာ​တော့ မျက်ခြယ်အသံ​လေးကြားရစအချိန်မှ ခုချိန်အထိ ရင်ထဲရှိရှိသမျှကို ဝှက်သိမ်းထားဖို့ရာ အင်မတန်ခက်ခဲခဲ့ပါသည်။ ဒါ​ကြောင့်လည်း စာတစ်တန်​​ပေတစ်တန်​သော သဝဏ်လွှာများ ​​​ပေါက်ဖွားခဲ့ခြင်း။ အပြုအမူဖြင့် အချစ်ကို ပြတတ်​သောသူရှိမည်။ နှုတ်အားဖြင့် တဖွဖွ​ပြောတတ်သူလည်းရှိလိမ့်မည်။ သူ​တော့ သည်လိုလူနှစ်မျိုးနှစ်စားလုံး​ပေါင်းထားသူမျိုး ဖြစ်ပါလိမ့်မည်။

"ကျွန်​တော်ဖြင့် ​မောင့်လို ကဗျာဆန်ဆန်​တွေ မ​ပြောတတ်ပါဘူး"

"ဪ.. ဒါက​တော့ အခံပါရမီကလည်းလို​သေးတာကိုး"

"​မောင်​နော်.. ရွှတ်​နောက်​​နောက်နဲ့"

​အောက်နှုတ်ခမ်း​လေးကို ကိုက်လို့ထားသည်က ပဲ့​ကြွေသွားမည်​တောင် စိုးရပါသည်။ ဘယ်​လောက်ထိ​တောင် ရှိုက်နမ်းချင်စရာ​ကောင်းလိုက်သလဲ။
ကိုယ့်မှာ နမ်းချင်စိတ်ကို မျိုသိပ်ရခက်ခက်ရယ်​ကြောင့် အနားကပ်သွားမိ​တော့..

"​မောင်.. လူမြင်ကွင်းကြီးမှာ​ကွာ.."

"ဘယ်သူမှကြည့်မ​နေပါဘူး။ သူတို့အာရုံနဲ့သူတို့"

မျက်ခြယ်တို့ အရှက်သည်းပုံများ​တော့ Jeon JungKookတို့ သူ​တော်စင်ကြီးဖြစ်သည်အထိ။

နှုတ်ခမ်း​လေးနမ်းရဖို့အ​ရေး​တောင် ဟို​နေရာ သည်​နေရာ​ရွေးရသည်က အလုပ်တစ်လုပ်။ များ​သောအားဖြင့် ​ကားကို​ချောင်ကျကျရပ်ထားသည့်အခါ သို့မဟုတ် အိမ်ထဲမှာမှ မဟုတ်လျှင် နမ်းဖို့မ​ပြောနှင့် ဖက်ဖို့​တောင် ​ချော့​မော့​ပြောရ​သည်။
သူများတကာစုံတွဲ​တွေများ လူကြားသူကြားထဲဆိုတာ​တောင် သတိမထားမိနိုင်​လောက်​အောင် ​ချော့မြူချစ်ပြ​နေကြချိန် ကိုယ်က​တော့ ဥပုသ်သည်ကြီးလုံးလုံးသာ ဖြစ်ခဲ့ရသည်။

"ကြည့်ချင်ကြည့်လာမှာ​ပေါ့။ ​နောက်မှနမ်း"

"​မောင့်ကို ရက်ရက်​​​ရော​ရောမရှိလိုက်တာဗျာ။ တွန့်တိုမ​နေစမ်းပါနဲ့.. မျက်ခြယ်ကို ​မောင့်အပိုင်မှန်းလူတိုင်းသိသွားတာ​ပေါ့"

"တစ်စက္ကန့်ပဲရမယ်​နော်"

တစ်စက္ကန့်ဆိုမှ တကယ်တစ်စက္ကန့်။ မြို့လယ်က စံ​တော်ချိန်နာရီထက်ကို သည်နှုတ်ခမ်းများက တိကျလွန်းလှချည့်။ တွန့်တို​နေတာ​လေးကို မ​ကျေမနပ်ဖြစ်ရသလို အသည်းလည်းယားရပါသည်။
သည်လိုတွန့်တို​နေပုံ​ထောက်ရင် လက်များထပ်ပြီးရင်​တော့ ဒုက္ခပါပဲ ​မျက်ခြယ်ရယ်။ ​

"ကပ်​စေးအိုး​လေး။ အနမ်းခံရတာကို အသားပဲ့ပါသွား​တော့မလိုပဲ"

"အို.. အသားပဲ့မပါတာ​တော့ သိတာ​ပေါ့။ လူမြင်ကွင်းကြီးမှာ ရှက်လို့"

"သူများတကာအတွဲ​တွေ ကြည့်ပါလား။ ​မောင်ပဲ ကန့်သတ်ချုပ်ချယ်ခံ​နေရသလိုပဲ"

"မ​ကျေနပ်တာလား ​မောင်က"

နှုတ်ခမ်းဖျားတင် ဖြစ်​ပေါ်လာ​သော အသံ​​လေး။ ​​စောင်းကြိုး​ပေါ် လက်​ချောင်းတင်လိုက်သလို ခပ်ဖွဖွ​လေး။ ကိုယ့်ကို မျက်ဆန်​လေး​​ထောင့်ကပ်လို့ မခို့တရို့ကြည့်​နေရှာသည်။ ဒါ​လေးက ကိုယ်မ​​ကျေမနပ်ဖြစ်သွားမှာကို စိုးရိမ်​နေတာလား။ မ​​​ကျေမနပ်ဖြစ်လည်း မတတ်နိုင်ဘူးဆိုတဲ့အကြည့်​လေးလား။ ဘယ်လိုပင်ဆိုဆို မျက်ဆန်ညိုညိုကို ဖုံးထား​သော ပန်းနု​ရောင်မျက်ခွံ​လေးများက ရှိုက်နမ်းပစ်ချင်စဖွယ်ပါပင်။

"ဟင့်အင်း.. အရမ်းချစ်လို့"

လက်​ချောင်းသွယ်သွယ်များကို အုပ်ကိုင်ယူပြီး နှုတ်ခမ်းသားများနှင့်ထိ​တွေ့ကြည့်သည်။ ဒါကို​တော့ မျက်ခြယ်က မငြင်းဆန်ပါ​ချေ။

"တစ်ပတ်တစ်ခါ​​တော့ ကိုယ်တို့ အပြင်မှာ ချိန်း​တွေ့သင့်တယ်​နော်"

"ဘယ်မှလည်း သွားစရာရှိတာမှမဟုတ်တာ"

"​မောင်စုံစမ်းထားမှာ​ပေါ့။ တန်နက်ဆီသား​လေးမသိတဲ့ တန်နက်ဆီပြည်နယ်တစ်ခွင်ကို ​မောင်က လိုက်ပို့​ပေးမှာ။ ခရီးတို​လေး​​တွေ​လောက်​တော့ ​မောင်တို့​နေ့ချင်းပြန်​တောင် သွားလို့ရတယ်"

"မနိုင်ပါဘူး ​မောင့်ကို​တော့"
____

​​မောင်က ​မောင့်ကတိအတိုင်းပင် သူ့ကို အပတ်တိုင်းလိုလို ဟိုဟိုသည်သည် ​ခေါ်သွားတတ်သည်။ ​လေးပတ်​မြောက်​ရောက်လာသည့် ယခုထိ​တော့ နာ့ရှ်ဗီးလ်မြို့​လေးထဲက မထွက်ခွာဖြစ်​သေးပါ။

​မောင်အလုပ်များ​နေ​တာ​ကြောင့်လည်းပါသည်။ ဘတ်ဂျက်လအကုန်ဖြစ်သည့်အတွက် ​မောင့်မှာ အလုပ်များသထက်များသလို တခြားဌာနအပိုင်ရုံးများအထိ စစ်​ဆေးရတာလည်းရှိသည်။ တစ်ခါတ​လေများဆို စာရွက်စာတမ်းများကို သူ့အိမ်အထိယူလာပြီး စစ်​နေတာ​တောင်​တွေ့ရ၏။
​မောင့်အိမ်​မောင်ပြန်ပြီး ​အေး​​အေး​ဆေး​​ဆေးစစ်​ဆေးဖို့ ​အကြံ​ပေး​သော်လည်း ဒါမျိုးကျ ​မောင်က သိပ်​ခေါင်းမာတာ။

"​ဒီလိုဆို မျက်ခြယ်ကို လာ​တွေ့ချိန်ရှိ​တော့မှာမဟုတ်ဘူး​လေ"

ထိုစကားကိုပင် လက်ကိုင်စွဲထားသူ။ မနိုင်တဲ့အဆုံး​​တော့ ​မောင်လုပ်ချင်ရာသာ လုပ်​တော့ဆိုပြီး အလိုက်သင့်​လေး ​နေ​ပေးလိုက်ရ၏။

"အ​ရှေ့ကခရိုင်မင်းကို အပြစ်​တော့ မတင်ချင်ပါဘူး။ ဒါ​ပေမဲ့ ဘယ်လိုလုပ်ခဲ့သလဲဆိုတာ ​မောင်​တော့တကယ်ကို နားမလည်နိုင်တာ"

"ဘာလို့လဲ ​မောင်ရဲ့"

"ဒီဘဏ္ဍာ​ရေးနှစ်ရဲ့ အ​ရှေ့ပိုင်းကို သူတာဝန်ယူသွားတာ မျက်ခြယ်လည်း အသိပဲ​လေ။ ဘဏ်စာရင်းက နည်းနည်းစီလွဲ​နေတာ.. ဌာနတိုင်းအတွက်ပဲ"

အလုပ်လုပ်​နေတဲ့အချိန်မှာ ​မောင်က ဆွဲ​​ဆောင်မှုအရှိဆုံး။ အာရုံစူးစူးစိုက်စိုက် စာရင်းဇယားများကို စစ်​​ဆေး​လေ့ရှိသည်က ​မောင့်အကျင့်။ ဘယ်အရာကိုမှ လက်လွတ်စပယ်မလုပ်သလို သိပ်လည်း​ဖြောင့်မတ်သူ။ ​မောင်က နာ့ရှ်ဗီးလ်တစ်ခရိုင်လုံးအတွက် ဘုရား​ပေးတဲ့ဆုလာဘ်အလား။

"အဲဒါ ​မောင်အခုဘယ်လိုလုပ်မလဲ"

"ဘယ်လိုလုပ်ရမလဲမျက်ခြယ်ရယ်။ အကုန်ပြင်ရ​တော့တာ​ပေါ့။ တစ်ခုခုများလွဲမှားပြီး အထက်ကိုတင်လိုက်ရင် အကုန်​မောင့်​​ခေါင်း​ပေါ်ကျလာမှာ.. ဟူး"

​မောင့်ခမျာ အလုပ်ဒဏ်​ကြောင့် နားထင်က ​ချွေးစ​ချွေးန​လေးများ​တောင် စိုအိအိ။ သည်လိုအချိန်​တွေဆို အစိုးရဌာနတိုင်း အလုပ်များတတ်​ပေမဲ့ ​မောင်တို့လိုအုပ်ချုပ်စီမံ​ရေးပိုင်းက ပိုကြပ်တည်းသည်။

"​မောင် ပင်ပန်း​နေမှာပဲ။ ကျွန်​တော့်အိမ်ကို ​နေ့တိုင်းမလာလည်း ရပါတယ်။ ​မောင့်အိမ်မှာ ​အေး​ဆေးလုပ်​ပေါ့"

"​မျက်ခြယ်က မလာ​စေချင်လို့လား။ ​မောင်လာပြီးရှုပ်​နေတယ်ထင်လို့လား"

"မဟုတ်တာ​မောင်ရယ်။ ​မောင်သက်သက်မဲ့ပင်ပန်း​နေရမှာစိုးလို့"

"​မောင်က မျက်ခြယ်ကိုမ​တွေ့ရမှ ပိုပင်ပန်းမှာ။ ဘာမှ​​တွေးမ​နေနဲ့။ ​မျက်ခြယ် မောင့်အနားထိုင်​ပေး​နေရုံနဲ့ ​မောင်က အ​မော​ပြေတယ်။ ဒီတစ်ပတ်ပါပဲ မျက်ခြယ်ရယ်။ ​နောက်အပတ်ဆို ဒါ​တွေပြီးပြီ"

​မောင့်​ကျောပြင်ကို မှီတွယ်သိုင်းဖက်ထားရင် ​မောင်အ​မော​ပြေသွားမှာပဲ​ပေါ့​နော်..။

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Zawgyi~

"ဒီ​ေန႔႐ုပ္ရွင္သိပ္​ေကာင္းတာပဲ။ ဒီ​ေလာက္ရယ္ရမယ္လို႔ကို မထင္ထားတာ"

"မ်က္ျခယ္သ​​ေဘာက်ရင္ကို ေမာင္က​​ေက်နပ္ၿပီ"

"ဒီ​ေလာက္​ေကာင္းတဲ့႐ုပ္ရွင္ကို ​ေမာင္မႀကိဳက္ဘူးဆိုတာကမွ ထူးဆန္း​ေနတာ"

တကယ္ပင္ ႐ုပ္ရွင္က မႀကိဳက္စရာတစ္ကြက္မွမရွိ​ေအာင္​ေကာင္းလြန္းသည္။ ႐ုပ္ရွင္မင္းသားမဟုတ္တဲ့ တကယ့္လူ႐ိုင္းကို ဇာတ္​ေဆာင္အျဖစ္သုံးထားသည္က အထာက်လြန္းပါ၏။
​ေျပာစရာမလို​ေအာင္ပင္ သဘာဝက်လြန္းၿပီး ရယ္ရတာလည္း အမွန္ပင္။ ဒါနဲ႔မ်ား ႐ုပ္ရွင္႐ုံထဲကတျခားလူ​ေတြလို သူ႔မွာမရယ္ႏိုင္ခဲ့။ သိပ္​ေကာင္းလွခ်ည္ရဲ႕ဆိုတဲ့႐ုပ္ရွင္ကို အာ႐ုံပင္မစိုက္ႏိုင္​ေလာက္​ေအာင္ သူဘာ​ေတြ​ေတြး​ေနမိသလဲ။ သိပ္ကိုက​ေလးဆန္မိ​ေနတာပဲ။

"​​ေမာင္​ေနာက္​ေတာ့ ႐ုပ္ျမင္သံၾကားမွာလာရင္ ျပန္ၾကည့္လိုက္ပါမယ္"

"ကြၽန္​ေတာ္​ေတာ့ အာဖရိကလူ႐ိုင္း​ေတြကို​ေတာင္ ျမင္ဖူးခ်င္သြားတယ္"

"ေပါက္​ေပါက္ရွာရွာမ်က္ျခယ္ရယ္"

"ဘာလို႔လဲ။ ဒီဇာတ္ကား​ေတာင္ တကယ့္လူ႐ိုင္းနဲ႔ ႐ိုက္ထားတာဆို"

"ဒါ​ေတာ့ဒါ​ေပါ့"

အလုပ္သရဲ​ေလး မ်က္ျခယ္မွ ဟုတ္ပါရဲ႕လား။ ႐ုပ္ရွင္အ​ေၾကာင္းကို ၿမိန္​ေရရွက္​ေရ​ေျပာ​ေနပုံက က​ေလး​ေလးတစ္​ေယာက္ ပထမဆုံး႐ုပ္ရွင္ၾကည့္ဖူးသလို။
အဲသည္​ေလာက္​ေတာင္ သ​ေဘာက်တာပဲလား။ ဘယ္အရာကိုမွ သ​ေဘာက်​ေၾကာင္း ​ေဖာ္ျပ​ေလ့မရွိ​ေသာ မ်က္ျခယ္၏ သည္လိုပုံစံက သူ႔အတြက္​ေတာ့ ပထမဆုံးျဖစ္​လို႔​ေနပါ၏။

"ခ႐ိုင္မင္း.. ကြၽန္မထင္သားပဲ ခ႐ိုင္မင္းဒီလိုလာမယ္လို႔"

"စာ​ေရးမႀကီး​ေအဗာပါလား။ ႐ုပ္ရွင္လာၾကည့္တာလား"

"ဟုတ္..ဟုတ္တယ္ ခ႐ိုင္မင္း။ ခ႐ိုင္မင္း​ေရာ ႐ုပ္ရွင္ၾကည့္ရတာ အဆင္မွ​ေျပခဲ့ရဲ႕လား"

"​ေျပပါတယ္.. စာ​ေရးမႀကီးတို႔​ေက်းဇူး​ေၾကာင့္ပါ"

မ်က္ျခယ္က ဘယ္သူနဲ႔မွ မဆုံခ်င္တာ သိ​ေသာ္လည္း ကိုယ့္႐ုံးက စာ​ေရးမနဲ႔မွ ထိပ္တိုက္လာဆုံ​ေန​ေသာအခါ ဘယ္လိုမွ မသက္သာ​ေခ်။ မႏႈတ္ဆက္လို႔လည္း မ​ေကာင္း​ေလဘူးမဟုတ္လား။ ​ေအဗာဆိုတဲ့စာ​ေရးမက အသက္ငယ္သ​ေလာက္ ဆက္ဆက္​ေဆာ့​ေဆာ့ရွိ​ေသးတာ။
နံ​ေဘးမွာ ဆိတ္ၿငိမ္စြာ ရပ္​ေန​ေသာ မ်က္ျခယ္ကိုၾကည့္​ေတာ့ ​ေခါင္းကိုတသြင္သြင္ငုံ႔ထား​ေလရဲ႕။

"ဒါခ႐ိုင္မင္းမိတ္​​​ေဆြထင္တယ္။ ကြၽန္မက ခ႐ိုင္မင္းရဲ႕႐ုံးက အငယ္တန္းစာ​ေရးမပါ"

"ဟုတ္ကဲ့။ ​ေတြ႕ရတာ ဝမ္းသာပါတယ္။ ကြၽန္​ေတာ္က Taehyung Kimပါ"

"ၾကားဖူးသလိုပဲ။ ​​ေရဒီယိုအသံလႊင့္တဲ့ Taehyung Kimမလား။ ဟုတ္တယ္မလား"

သည္စာ​ေရးမက ဒါလည္း သိသြားရျပန္ၿပီ။ သည္တစ္ၿမိဳ႕လုံး ​ေအဗာတို႔က မသိတာကိုမရွိ။
သူ႔မွာ​ေတာ့ မ်က္ျခယ္အ​ေနရခက္မည္ကိုသာ စိုးတထိတ္ထိတ္ အရိပ္အျခည္ၾကည့္​ေနရလ်က္။ သို႔​ေသာ္ မ်က္ျခယ္က အကင္းပါးစြာပင္ အ​ေျခအ​ေနကို ထိန္း​ေက်ာင္းႏိုင္ပါသည္။ မ်က္ႏွာအမူအရာက ပ်က္ယြင္းသြားျခင္းမရွိဘဲ ​ေပါ့​ေပါ့ပါးပါးတုံ႔ျပန္ကာမွ သူ႔မွာလည္း သက္ျပင္းခ်ႏိုင္​ေတာ့သည္။

"ဟုတ္ပါတယ္။ ​ေသာၾကာ​ေန႔ည​ေနအစီအစဥ္ပါ"

"ႏွလုံးသား​ေတးသံသာ​ေလ။ ကြၽန္မသိပ္သ​ေဘာက်တဲ့ အစီအစဥ္ပဲ။ အသံ​ေလးပဲၾကားဖူးခဲ့တာ။ အခုလိုခ႐ိုင္မင္းနဲ႔တြဲ​ေတြ႕ရမယ္​ေတာင္ မထင္ခဲ့ဘူး"

"ကဲ.. စာ​ေရးမႀကီးလည္း ႐ုပ္ရွင္ၾကည့္ဦးမွာမလား။ ​ေနာက္က်​ေနဦးမယ္။ လာ.. ​ေမာင္တို႔သြားၾကစို႔"

Taehyung​ေက်ာျပင္​ေလး မတ္ခနဲျဖစ္သြားသည္။ စိမ့္​ေအး​ေအး အ​​ေငြ႕အသက္က ​ေသြး​ေၾကာမ်ားစြာထဲ ျပန္႔စီးလာသည္။
​ေမာင္ဘယ္လို​ေတာင္ မဆင္မျခင္​​ '​ေမာင္'လို႔ ေျပာထြက္လိုက္တာလဲ။ ​​ေမာင္က ​ေဆာလ်င္စြာ ဆြဲ​ေခၚခဲ့​သည့္တိုင္ ေမာင့္စာ​ေရးမ​ေလး၏ အၾကည့္မ်ားထဲ အံ့ဩရိပ္မည္မွ်ျဖတ္စီးသြားသည္အား သူအမိအရဖမ္းမိလိုက္​ေသးသည္။ 'အယ္'ဟူ၍ အာ​ေမဋိတ္သံ​ေလး မပြင့္တပြင့္ထြက္လာသည္အားလည္း ၾကားျဖစ္​ေအာင္ၾကားလိုက္သည္။

"​ေမာင္ရယ္.. လူၾကားသူၾကား အ​ေျပာအဆို ဆင္ျခင္တာမဟုတ္ဘူး။ ​ေမာင့္စာ​​ေရးမ​ေလး တစ္မ်ိဳးထင္သြားပါဦးမယ္"

"မ်က္ျခယ္.. ဒါက စိုးရိမ္​ေနစရာမွမဟုတ္တာ။ ​ေမာင္တို႔က တိတ္တိတ္ပုန္းတြဲရမယ့္အ​ေျခအ​ေနျဖစ္​ေနလို႔လား"

"တိတ္တိတ္ပုန္းတြဲတာ​ေတာ့ မဟုတ္ဘူး​ေပါ့ ​ေမာင္ရယ္။ ဒါ​ေပမဲ့လည္း တစ္ခုခုဆိုရင္ ​ေမာင့္ကိုပဲလူ​ေျပာစရာျဖစ္မွာ"

"ဒါ​ေတာ့ သက္သက္မဲ့ အ​ေတြးမ်ား​ေနတာပါ"

​ေမာင္​ေျပာသလိုပဲ အ​ေတြးမ်ား​ေနတာ ျဖစ္လိမ့္မည္။ သို႔​​ေပမဲ့ အ​ေတြးဟူသည္က ဦးတည္ရာမဲ့စြာျဖင့္ ​ေဖ်ာက္ရခက္​ေလရဲ႕။ ​​

ကား​ေမာင္းသူ​ေနရာမွာ အသံတစ္သံမထြက္ဘဲ ထိုင္​ေန​ေသာ ​ေမာင့္ကို ျမင္ရသည္။ ဘုရား​ေရ.. သူစကားမ်ား မွား​သြား​ေလၿပီလား။ ​ေမာင့္ဘက္ကို ၾကည့္ရင္း ​ေျပာ​ေျပာခဲ့သမွ်က ​​ေမာင့္အတြက္ စိတ္ခုစရာ​ေလးလား။ အနည္းငယ္မွ်​ေသာ တုန္ရီမႈက သူ႔ထံပါးခ်ဥ္းကပ္လာသည္။ ထို႔​ေနာက္ သူ​ေမာင့္ကို နင့္နင့္သည္းသည္းအားနာမိသြားပါသည္။

"ေမာင္.. ကြၽန္​ေတာ့္ကို စိတ္ဆိုးသြားသလားဟင္"

"မဟုတ္ပါဘူး။ မ်က္ျခယ္က ဘာအမွားရွိလို႔တဲ့လဲ။ ပါးစပ္စည္းမ​ေစာင့္တဲ့ ဒီ​ေကာင့္အမွားပဲ​​ေပါ့"

"အဲဒီလိုမ​​ေျပာပါနဲ႔​​ေမာင္ရယ္။ ကြၽန္​ေတာ္က ​ေမာင့္ဂုဏ္သိကၡါကို ထိပါးလာမွာစိုးလို႔သာ.."

"မ်က္ျခယ္အျမင္မွာ ​လူႏွစ္​ေယာက္ခ်စ္ႀကိဳက္တာက ဂုဏ္သိကၡါထိပါးစရာ သိမ္ငယ္စရာလို႔မ်ားျဖစ္​ေနတာလား။ ဟမ္.. ​ေျပာစမ္းပါ"

​ေမာင္က ကားကို လမ္း​ေဘးထိုးရပ္လိုက္သည္။ ​​​ေထာက္ရွားပင္​​ေတြ စိပ္စိပ္​ေပါက္​ေနတာကို ​​ေတြ႕ရၿပီး ကား​ေခါင္မိုး​​​ေပၚ အုပ္ဆိုင္း​က်​ေန​ေသာ အခက္အလက္​ေတြရယ္။

ခါးသီးစြာ ​နက္​ေမွာင္​ေန​ေသာ ​ေမာင့္မ်က္ဝန္းမ်ားက အရည္လဲ့လဲ့ စိုအိအိ။ ​ေအာက္ႏႈတ္ခမ္းပါးမ်ားက တဆတ္ဆတ္တုန္ရီ​ေနသည္။ ​ေမာင္ဟာ ခ်စ္သူသက္တမ္းတစ္​ေလွ်ာက္ ကိုယ့္ကို အသံျမင့္ျမင့္ႏွင့္ပင္ မ​ေျပာခဲ့ဖူးပါ။ သည္တစ္ခါ​ေတာ့ ​ေျပာၿပီးကာမွ သူ႔ကိုယ္သူလည္း မယုံႏိုင္ဟန္။

"​ေမာင္.. ကြၽန္​ေတာ္ဆိုလိုတာ အဲဒီလိုမဟုတ္.."

"အဲဒီလိုပါပဲ မ်က္ျခယ္ရယ္ အဲဒီလိုပါပဲ။ ​ေမာင့္ကို စိုးရိမ္လို႔ပဲထား။ ​ေမာင္က ကာယကံရွင္ပါ။ ​ေမာင္​ကိုယ္တိုင္​ေတာင္ ဘာမွမျဖစ္ဘူးဆိုတဲ့အ​ေၾကာင္း ​ေျပာလည္း​ေျပာသလို ျပလည္းျပ​ေနတယ္​ေလ။ ​ေမာင္တို႔ခ်င္း ခ်စ္ၾကတာ ဘယ္သူ႔ဘယ္သူကိုမ်ား ထိခိုက္​ေနသလဲ။ ဒါစိတ္မလုံမၿခဳံျဖစ္​ေနစရာကိစၥမဟုတ္ဘူး.. ဟုတ္ရဲ႕လား"

​ေမာင့္အသံတုန္တုန္ရီရီၾကားမွာ​ေတာင္ ​ေမာင့္​ေမတၱာ​ေတြကို သူခံစား​ေနမိပါလ်က္။
​ေမြးရာပါ​ေဝဒနာပါပဲ ​ေမာင္ရယ္။ လူ​ေတြဘယ္လိုျမင္မလဲ၊ ဘယ္လိုထင္မလဲဆိုတာ ႀကိဳတင္ခန္႔မွန္းရင္း ျဖတ္သန္းခဲ့ရလို႔ထင္ပါရဲ႕။ မာနအ​ေရပါးပါး​ေလး တင္းခံ​ေနရတာကိုမ်ား ဖယ္လိုက္လွ်င္ ကိုယ့္မွာဗလာခ်ည္းသက္သက္။ ဗလာျဖစ္​ေနတဲ့ ႏွလုံးအိမ္ထဲ ​ေမာင္​ေနရာယူခဲ့တာပါပဲ။ ​ေမာင့္အတြက္​သီးသန္႔ေနရာျဖစ္​ေနသ​ေ႐ြ႕​ေတာ့ ​ေမာင့္ကို ပူပန္​ေနမိမွာ​ေပါ့​ေနာ္..။

"​အမ်ိဳးသားခ်င္းတြဲတာ ထူးဆန္းတယ္တဲ့ ​ေမာင္ရယ္။ ကြၽန္​ေတာ္အဲဒီစကားကိုခ်ည္း ၾကား​ေယာင္မိ​ေနတယ္"

"ဘယ္သူ​ေျပာသလဲ။ အလကား အ​ေျခအျမစ္မရွိလိုက္တာ။ မဟုတ္တာ​ေတြ ​ေတြး​ေနမယ့္အစား ​ေမာင့္ကိုပဲ ​​ေခါင္းထဲ​ေရာ အသည္းႏွလုံးထဲ​ေရာ ထည့္ထားစမ္းပါ"

ပူပန္​ေၾကာင့္ၾကမႈ​ေတြၾကားထဲမွ သူ​ေဖ်ာ့​ေတာ့စြာ ၿပဳံးမိပါ၏။ ​ေမာင္က​ေလ.. အခ်စ္ကိုျပဖို႔ရာ ဘယ္​​ေတာ့မွဝန္မ​ေလးတဲ့သူ။ ခ်စ္လည္းခ်စ္တတ္သလို ခ်စ္​ေၾကာင္းကုန္စင္ကိုလည္း ဖြင့္ျပတတ္သည္။ တန္ဖိုးႀကီးလြန္းလို႔ အနည္းအက်ဥ္းထိခိုက္မႈ​​ေလးအတြက္​ေတာင္ သူစိုးရိမ္မိ​ေနတာ ဆန္းသလား​ေနာ္။

"လူ​ေတြက ခ်ီးမြမ္းခုနစ္ရက္ ကဲ့ရဲ႕ခုနစ္ရက္ပါပဲ။ ​ေမာင္တို႔အခ်စ္​ေရးကို သူတို႔က ဘယ္အတိုင္းအတာထိ စြက္ဖက္ႏိုင္မွာတဲ့လဲ။ အဓိပၸါယ္မရွိလိုက္တာ မ်က္ျခယ္ရယ္။ မ်က္ျခယ္သိထားဖို႔က ​ေမာင္က ဘယ္သူ႔ဘယ္သူ​ေၾကာင့္မွ သိကၡါက်ရမယ့္သူမဟုတ္ဘူး။ ​ေမာင့္ဘဝထဲမွာ မ်က္ျခယ္ကလြဲၿပီး ဘယ္သူကမွ အဲဒီ​​ေလာက္ထိ ပါဝင္ပတ္သက္မ​ေနဘူး။ ဟုတ္ၿပီလား"

မယုံႏိုင္႐ိုးလား။ သည္လူဟာ ယုံၾကည္မႈ၏ တစ္ဘက္ကမ္းအလြန္အထိ​ ထိုက္တန္သူ။ ႏွလုံးသားလား၊ အသည္းအိမ္လား.. ခ်စ္ခရီလမ္းအဆုံးထိ သည္လူတစ္​ေယာက္တည္းအတြက္ ​ေလာင္း​ေၾကးထပ္ တံဆိပ္ခတ္ပစ္ခ်င္စဖြယ္။

​အဆင့္ဆင့္​အခါခါေခါင္းညိတ္ျပလိုက္ရင္း သူဟာ ​ေမာင့္ရင္ခြင္ထဲ အားကိုးတႀကီးတိုးဝင္မိပါ​ေတာ့သည္။ လုံၿခဳံရာ သည္ရင္ခြင္ရပ္ဝန္း​ေလးက အၿမဲ​ေလျပည္သာ၏။ ​ေလမၿငိမ္​ေသာ ​ေလမျပင္း​ေသာ.. မ​ေလွ်ာ့မတင္း​ေစာင္းႀကိဳးညႇင္းသကဲ့​သို႔ ၿပီးျပည့္စုံလြန္း​ေသာ ႏွလုံးသား၏အၿမဲစိမ္းသစ္​ေတာ​​ေလး။

​ေမာင့္ဆီမွ ရႈိက္သြင္းမိ​​ေလ့ရွိ​​ေသာ ႐ုံးသုံးဝါးစာ႐ြက္နံ႔ တသင္းသင္းကို သူသိပ္ကိုျမတ္ႏိုးသည္။ မီးပူအက်အနတိုက္ထား​ေသာ ရွပ္အက်ႌဆီမွ ပ႐ုတ္လုံးနံ႔ရွိန္းရွိန္းကလည္း ႏွာဖ်ားဝဝယ္ ​ေဝ့သီက်ီစယ္​ေန၏။

"​ေမာင့္ကို အရမ္းခ်စ္တာပဲ"

"​ေမာင္ကပိုတာ​ေပါ့ကြာ.."
____

ကမ္းနားလမ္းက ထိုင္ခုံ​ေလးမ်ားက လူအၿမဲျပည့္​ေနတတ္​ေသာ္လည္း သည္​ေန႔​ေတာ့ ကံ​ေကာင္း​​ေထာက္မစြာ သူတို႔အတြက္ ​ေနရာရလိုက္သည္။

​ကန္ေရျပင္ကို ျဖတ္​​ေျပးလာ​ေသာ ​ေလႏု​ေအး​ေၾကာင့္ ပါးႏွစ္ဖက္က ​ေအးစိမ့္​ေနသ​ေယာင္​ေယာင္။ ကုလားထိုင္တစ္လုံးစာ​ေသာ အမိုး​ေလး​ေအာက္ သူဟာ ​ေမာင့္ရင္ခြင္ထဲ ​ေအးၿငိမ့္လတ္ဆတ္စြာ ခိုနား​ေနလ်က္။

"အရမ္း​ေလတိုက္တာပဲ။ ​ေမာင္တို႔တျခားသြားၾကမလား"

"​ဟင့္အင္း။ ကြၽန္​ေတာ္က​ေတာ့ ​ေလတိုက္​ေနတာ​ေလးကို သ​ေဘာက်ပါတယ္"

"မ်က္ျခယ္သ​​ေဘာက်ရင္ ၿပီးတာပါပဲ။ ​ေဆာင္းတြင္း​ေလက က​ေယာက္ကယက္နဲ႔ မ်က္ျခယ္အသားအ​ေရ​ေျခာက္ကုန္မွာစိုးလို႔"

"အလို​ေတာ္.. တစ္သက္လုံး ဒီလိုပဲ​ေနလာတာပါ"

တကယ္လည္း ​ေလထုက ၾကမ္းသည္။ ဦးတည္ခ်က္မဲ့စြာျဖင့္ ဟိုဘက္သည္ဘက္တိုက္ခတ္​ေနသည္က သဲမႈန္မႈန္မ်ားကိုပင္ ဂယက္ထ​ေစပါသည္။
​ေန​ေရာင္ျခည္က သိပ္မျပင္း​​ေလတာကို ​ေက်းဇူးတင္ရမည္။ မဟုတ္လို႔က​ေတာ့ျဖင့္ ကမ္းနားလမ္းက ​သာယာစရာ​ေနရာ​ေလး ျဖစ္မွာမဟုတ္​ေတာ့။

"တစ္သက္လုံး​ေနလာလည္း ​ေမာင့္အနားရွိရင္ အ​ေရျပားလက္တစ္သစ္ကအစ ​ေမာင့္အပိုင္"

"ေမာင္ဟာ​ေလ.. တစ္ရက္​ေလာက္မ်ား ပိုပိုကဲကဲစကား​ေတြမ​ေျပာရရင္ မ​ေနႏိုင္ဘူးလားမသိဘူး"

"​ေမာင္က တမင္လုပ္ၿပီး ​ေျပာ​ေနတာမွမဟုတ္တာပဲ။ မ်က္ျခယ္ကို ​ေတြ႕​ေနရလည္း ​ေျပာခ်င္တယ္။ မျမင္ရလည္း ​ေျပာခ်င္တယ္"

​ခ်စ္ျခင္းဟူသည္က ​ေအာင့္အည္းဖို႔ရာ မစြမ္းသာ​ေသာ သတၱိရွိပါသည္။ ဝတၳဳ​ေတြထဲ ျမင္ရ​ေလ့ရွိ​ေသာ ခ်စ္​ေပမဲ့ အခ်စ္ကိုထုတ္မျပဘူးဆိုသည့္ဇာတ္​ေကာင္မ်ိဳးကို ကိုယ္ျဖင့္ အံ့ဩမဆုံး။
ကိုယ့္မွာ​ေတာ့ မ်က္ျခယ္အသံ​ေလးၾကားရစအခ်ိန္မွ ခုခ်ိန္အထိ ရင္ထဲရွိရွိသမွ်ကို ဝွက္သိမ္းထားဖို႔ရာ အင္မတန္ခက္ခဲခဲ့ပါသည္။ ဒါ​ေၾကာင့္လည္း စာတစ္တန္​​ေပတစ္တန္​ေသာ သဝဏ္လႊာမ်ား ​​​ေပါက္ဖြားခဲ့ျခင္း။ အျပဳအမူျဖင့္ အခ်စ္ကို ျပတတ္​ေသာသူရွိမည္။ ႏႈတ္အားျဖင့္ တဖြဖြ​ေျပာတတ္သူလည္းရွိလိမ့္မည္။ သူ​ေတာ့ သည္လိုလူႏွစ္မ်ိဳးႏွစ္စားလုံး​ေပါင္းထားသူမ်ိဳး ျဖစ္ပါလိမ့္မည္။

"ကြၽန္​ေတာ္ျဖင့္ ​ေမာင့္လို ကဗ်ာဆန္ဆန္​ေတြ မ​ေျပာတတ္ပါဘူး"

"ဪ.. ဒါက​ေတာ့ အခံပါရမီကလည္းလို​ေသးတာကိုး"

"​ေမာင္​ေနာ္.. ႐ႊတ္​ေနာက္​​ေနာက္နဲ႔"

​ေအာက္ႏႈတ္ခမ္း​ေလးကို ကိုက္လို႔ထားသည္က ပဲ့​ေႂကြသြားမည္​ေတာင္ စိုးရပါသည္။ ဘယ္​ေလာက္ထိ​ေတာင္ ရႈိက္နမ္းခ်င္စရာ​ေကာင္းလိုက္သလဲ။
ကိုယ့္မွာ နမ္းခ်င္စိတ္ကို မ်ိဳသိပ္ရခက္ခက္ရယ္​ေၾကာင့္ အနားကပ္သြားမိ​ေတာ့..

"​ေမာင္.. လူျမင္ကြင္းႀကီးမွာ​ကြာ.."

"ဘယ္သူမွၾကည့္မ​ေနပါဘူး။ သူတို႔အာ႐ုံနဲ႔သူတို႔"

မ်က္ျခယ္တို႔ အရွက္သည္းပုံမ်ား​ေတာ့ Jeon JungKookတို႔ သူ​ေတာ္စင္ႀကီးျဖစ္သည္အထိ။

ႏႈတ္ခမ္း​ေလးနမ္းရဖို႔အ​ေရး​ေတာင္ ဟို​ေနရာ သည္​ေနရာ​ေ႐ြးရသည္က အလုပ္တစ္လုပ္။ မ်ား​ေသာအားျဖင့္ ​ကားကို​ေခ်ာင္က်က်ရပ္ထားသည့္အခါ သို႔မဟုတ္ အိမ္ထဲမွာမွ မဟုတ္လွ်င္ နမ္းဖို႔မ​ေျပာႏွင့္ ဖက္ဖို႔​ေတာင္ ​ေခ်ာ့​ေမာ့​ေျပာရ​သည္။
သူမ်ားတကာစုံတြဲ​ေတြမ်ား လူၾကားသူၾကားထဲဆိုတာ​ေတာင္ သတိမထားမိႏိုင္​ေလာက္​ေအာင္ ​ေခ်ာ့ျမဴခ်စ္ျပ​ေနၾကခ်ိန္ ကိုယ္က​ေတာ့ ဥပုသ္သည္ႀကီးလုံးလုံးသာ ျဖစ္ခဲ့ရသည္။

"ၾကည့္ခ်င္ၾကည့္လာမွာ​ေပါ့။ ​ေနာက္မွနမ္း"

"​ေမာင့္ကို ရက္ရက္​​​ေရာ​ေရာမရွိလိုက္တာဗ်ာ။ တြန္႔တိုမ​ေနစမ္းပါနဲ႔.. မ်က္ျခယ္ကို ​ေမာင့္အပိုင္မွန္းလူတိုင္းသိသြားတာ​ေပါ့"

"တစ္စကၠန္႔ပဲရမယ္​ေနာ္"

တစ္စကၠန္႔ဆိုမွ တကယ္တစ္စကၠန္႔။ ၿမိဳ႕လယ္က စံ​ေတာ္ခ်ိန္နာရီထက္ကို သည္ႏႈတ္ခမ္းမ်ားက တိက်လြန္းလွခ်ည့္။ တြန္႔တို​ေနတာ​ေလးကို မ​ေက်မနပ္ျဖစ္ရသလို အသည္းလည္းယားရပါသည္။
သည္လိုတြန္႔တို​ေနပုံ​ေထာက္ရင္ လက္မ်ားထပ္ၿပီးရင္​ေတာ့ ဒုကၡပါပဲ ​မ်က္ျခယ္ရယ္။ ​

"ကပ္​ေစးအိုး​ေလး။ အနမ္းခံရတာကို အသားပဲ့ပါသြား​ေတာ့မလိုပဲ"

"အို.. အသားပဲ့မပါတာ​ေတာ့ သိတာ​ေပါ့။ လူျမင္ကြင္းႀကီးမွာ ရွက္လို႔"

"သူမ်ားတကာအတြဲ​ေတြ ၾကည့္ပါလား။ ​ေမာင္ပဲ ကန္႔သတ္ခ်ဳပ္ခ်ယ္ခံ​ေနရသလိုပဲ"

"မ​ေက်နပ္တာလား ​ေမာင္က"

ႏႈတ္ခမ္းဖ်ားတင္ ျဖစ္​ေပၚလာ​ေသာ အသံ​​ေလး။ ​​ေစာင္းႀကိဳး​ေပၚ လက္​ေခ်ာင္းတင္လိုက္သလို ခပ္ဖြဖြ​ေလး။ ကိုယ့္ကို မ်က္ဆန္​ေလး​​ေထာင့္ကပ္လို႔ မခို႔တ႐ို႕ၾကည့္​ေနရွာသည္။ ဒါ​ေလးက ကိုယ္မ​​ေက်မနပ္ျဖစ္သြားမွာကို စိုးရိမ္​ေနတာလား။ မ​​​ေက်မနပ္ျဖစ္လည္း မတတ္ႏိုင္ဘူးဆိုတဲ့အၾကည့္​ေလးလား။ ဘယ္လိုပင္ဆိုဆို မ်က္ဆန္ညိဳညိဳကို ဖုံးထား​ေသာ ပန္းႏု​ေရာင္မ်က္ခြံ​ေလးမ်ားက ရႈိက္နမ္းပစ္ခ်င္စဖြယ္ပါပင္။

"ဟင့္အင္း.. အရမ္းခ်စ္လို႔"

လက္​ေခ်ာင္းသြယ္သြယ္မ်ားကို အုပ္ကိုင္ယူၿပီး ႏႈတ္ခမ္းသားမ်ားႏွင့္ထိ​ေတြ႕ၾကည့္သည္။ ဒါကို​ေတာ့ မ်က္ျခယ္က မျငင္းဆန္ပါ​ေခ်။

"တစ္ပတ္တစ္ခါ​​ေတာ့ ကိုယ္တို႔ အျပင္မွာ ခ်ိန္း​ေတြ႕သင့္တယ္​ေနာ္"

"ဘယ္မွလည္း သြားစရာရွိတာမွမဟုတ္တာ"

"​ေမာင္စုံစမ္းထားမွာ​ေပါ့။ တန္နက္ဆီသား​ေလးမသိတဲ့ တန္နက္ဆီျပည္နယ္တစ္ခြင္ကို ​ေမာင္က လိုက္ပို႔​ေပးမွာ။ ခရီးတို​ေလး​​ေတြ​ေလာက္​ေတာ့ ​ေမာင္တို႔​ေန႔ခ်င္းျပန္​ေတာင္ သြားလို႔ရတယ္"

"မႏိုင္ပါဘူး ​ေမာင့္ကို​ေတာ့"
____

​​ေမာင္က ​ေမာင့္ကတိအတိုင္းပင္ သူ႔ကို အပတ္တိုင္းလိုလို ဟိုဟိုသည္သည္ ​ေခၚသြားတတ္သည္။ ​ေလးပတ္​ေျမာက္​ေရာက္လာသည့္ ယခုထိ​ေတာ့ နာ့ရွ္ဗီးလ္ၿမိဳ႕​ေလးထဲက မထြက္ခြာျဖစ္​ေသးပါ။

​ေမာင္အလုပ္မ်ား​ေန​တာ​ေၾကာင့္လည္းပါသည္။ ဘတ္ဂ်က္လအကုန္ျဖစ္သည့္အတြက္ ​ေမာင့္မွာ အလုပ္မ်ားသထက္မ်ားသလို တျခားဌာနအပိုင္႐ုံးမ်ားအထိ စစ္​ေဆးရတာလည္းရွိသည္။ တစ္ခါတ​ေလမ်ားဆို စာ႐ြက္စာတမ္းမ်ားကို သူ႔အိမ္အထိယူလာၿပီး စစ္​ေနတာ​ေတာင္​ေတြ႕ရ၏။
​ေမာင့္အိမ္​ေမာင္ျပန္ၿပီး ​ေအး​​ေအး​ေဆး​​ေဆးစစ္​ေဆးဖို႔ ​အႀကံ​ေပး​ေသာ္လည္း ဒါမ်ိဳးက် ​ေမာင္က သိပ္​ေခါင္းမာတာ။

"​ဒီလိုဆို မ်က္ျခယ္ကို လာ​ေတြ႕ခ်ိန္ရွိ​ေတာ့မွာမဟုတ္ဘူး​ေလ"

ထိုစကားကိုပင္ လက္ကိုင္စြဲထားသူ။ မႏိုင္တဲ့အဆုံး​​ေတာ့ ​ေမာင္လုပ္ခ်င္ရာသာ လုပ္​ေတာ့ဆိုၿပီး အလိုက္သင့္​ေလး ​ေန​ေပးလိုက္ရ၏။

"အ​ေရွ႕ကခ႐ိုင္မင္းကို အျပစ္​ေတာ့ မတင္ခ်င္ပါဘူး။ ဒါ​ေပမဲ့ ဘယ္လိုလုပ္ခဲ့သလဲဆိုတာ ​ေမာင္​ေတာ့တကယ္ကို နားမလည္ႏိုင္တာ"

"ဘာလို႔လဲ ​ေမာင္ရဲ႕"

"ဒီဘ႑ာ​ေရးႏွစ္ရဲ႕ အ​ေရွ႕ပိုင္းကို သူတာဝန္ယူသြားတာ မ်က္ျခယ္လည္း အသိပဲ​ေလ။ ဘဏ္စာရင္းက နည္းနည္းစီလြဲ​ေနတာ.. ဌာနတိုင္းအတြက္ပဲ"

အလုပ္လုပ္​ေနတဲ့အခ်ိန္မွာ ​ေမာင္က ဆြဲ​​ေဆာင္မႈအရွိဆုံး။ အာ႐ုံစူးစူးစိုက္စိုက္ စာရင္းဇယားမ်ားကို စစ္​​ေဆး​ေလ့ရွိသည္က ​ေမာင့္အက်င့္။ ဘယ္အရာကိုမွ လက္လြတ္စပယ္မလုပ္သလို သိပ္လည္း​ေျဖာင့္မတ္သူ။ ​ေမာင္က နာ့ရွ္ဗီးလ္တစ္ခ႐ိုင္လုံးအတြက္ ဘုရား​ေပးတဲ့ဆုလာဘ္အလား။

"အဲဒါ ​ေမာင္အခုဘယ္လိုလုပ္မလဲ"

"ဘယ္လိုလုပ္ရမလဲမ်က္ျခယ္ရယ္။ အကုန္ျပင္ရ​ေတာ့တာ​ေပါ့။ တစ္ခုခုမ်ားလြဲမွားၿပီး အထက္ကိုတင္လိုက္ရင္ အကုန္​ေမာင့္​​ေခါင္း​ေပၚက်လာမွာ.. ဟူး"

​ေမာင့္ခမ်ာ အလုပ္ဒဏ္​ေၾကာင့္ နားထင္က ​ေခြၽးစ​ေခြၽးန​ေလးမ်ား​ေတာင္ စိုအိအိ။ သည္လိုအခ်ိန္​ေတြဆို အစိုးရဌာနတိုင္း အလုပ္မ်ားတတ္​ေပမဲ့ ​ေမာင္တို႔လိုအုပ္ခ်ဳပ္စီမံ​ေရးပိုင္းက ပိုၾကပ္တည္းသည္။

"​ေမာင္ ပင္ပန္း​ေနမွာပဲ။ ကြၽန္​ေတာ့္အိမ္ကို ​ေန႔တိုင္းမလာလည္း ရပါတယ္။ ​ေမာင့္အိမ္မွာ ​ေအး​ေဆးလုပ္​ေပါ့"

"​မ်က္ျခယ္က မလာ​ေစခ်င္လို႔လား။ ​ေမာင္လာၿပီးရႈပ္​ေနတယ္ထင္လို႔လား"

"မဟုတ္တာ​ေမာင္ရယ္။ ​ေမာင္သက္သက္မဲ့ပင္ပန္း​ေနရမွာစိုးလို႔"

"​ေမာင္က မ်က္ျခယ္ကိုမ​ေတြ႕ရမွ ပိုပင္ပန္းမွာ။ ဘာမွ​​ေတြးမ​ေနနဲ႔။ ​မ်က္ျခယ္ ေမာင့္အနားထိုင္​ေပး​ေန႐ုံနဲ႔ ​ေမာင္က အ​ေမာ​ေျပတယ္။ ဒီတစ္ပတ္ပါပဲ မ်က္ျခယ္ရယ္။ ​ေနာက္အပတ္ဆို ဒါ​ေတြၿပီးၿပီ"

​ေမာင့္​ေက်ာျပင္ကို မွီတြယ္သိုင္းဖက္ထားရင္ ​ေမာင္အ​ေမာ​ေျပသြားမွာပဲ​ေပါ့​ေနာ္..။

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Continue Reading

You'll Also Like

38.8K 1.9K 57
in which two childhood stars fall for each other in the worst of ways
1.1M 19K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
133K 15.1K 62
Jeon Jungkook x Kim Taehyung CRIMINAL FICTION X TRAGEDY DRAMA #Malepregnant #drug Song Recommend - [ Love Letter - Anthony Lazaro and Sarah Kang ] �...
14.9K 1.5K 36
Life is not easy well that's something we hear since we start understanding things around us. People say we should not complain about life because e...