๐ฟ๐‘œ๐‘ฃ๐‘’ ๐ฟ๐‘’๐‘ก๐‘ก๐‘’๐‘Ÿ:๐‘ค๐‘Ÿ๐‘–๏ฟฝ...

Door Daydream-fah

10.3K 1.1K 356

๐ฝ๐‘ข๐‘ ๐‘ก ๐‘“๐‘Ÿ๐‘–๐‘’๐‘›๐‘‘ ๐‘๐‘ข๐‘ก โ„Ž๐‘’'๐‘  ๐‘š๐‘–๐‘›๐‘’... Meer

๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-1
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-2
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-3
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-4
Happy Birthday To Me
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-5
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-6
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-7
Heyyy....
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-9
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-10
๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-11

๐“›๐“ฎ๐“ฝ๐“ฝ๐“ฎ๐“ป-8

983 97 40
Door Daydream-fah

Unicode

ရိပေါ်အိပ်နေရင်း အိပ်ခန်းတံခါးကိုအဆတ်မပြတ်ထုရိုက်နေတဲ့အသံကြောင့် မျက်လုံးမပွင့်တပွင့်ဖြင့် အိပ်ယာထဲမှကုန်းရုန်းထလိုက်မိသည်။ တံခါးလော့ခ်ကိုဖွင့်ပေးလိုက်တာနဲ့တစ်ပြိုင်နက် ရှောင်းကျန့်က ဇွတ်အတင်းတွန်းဖွင့်လာတာမို့ သူရန်တွေ့ဖို့ပြင်လိုက်တုန်းမှာပင် ရှောင်းကျန့်ကသူ့ခါးကိုဆွဲဖက်ကာ နှုတ်ခမ်းချင်းထိကပ်လာတာမို့ သူမျက်လုံးအပြူးသားဖြင့်ကြောင်သွားမိသည်။

သူ့အသိစိတ်က ရှောင်းကျန့်ခန္ဓာကိုယ်ကြီးကိုတွန်းဖယ်ဖို့ ပြင်ပေမယ့် လက်တွေ့မှာတော့အားမပါလှတဲ့သူ့ရဲ့လက်တွေက ရှောင်းကျန့်လည်ပင်းကိုဖက်တွယ်လို့ သိပ်သည်းလှတဲ့အနမ်းတွေကို နင့်နင့်နဲနဲကိုတုံ့ပြန်နေမိသည်။ သူ့နှုတ်ခမ်းတွေကိုအနည်းငယ်ဟလိုက်တာနဲ့ သူ့ခံတွင်းထဲအတင်းတိုးလျှိုဝင်ရောက်လာတဲ့ လျှာဖျားကသူ့လျှာကိုမထိတထိတို့ထိလို့ လိမ်ယှက်စုပ်ယူလိုက်တာမို့ သူ့လက်သည်းတွေက ရှောင်းကျန့်ရဲ့လက်မောင်းထဲနစ်ဝင်နေလေသည်။

ရှောင်းကျန့်ကသန်မာလှတဲ့လက်တစ်ဖက်ဖြင့် သူ့ခါးကိုခြေဖျားထောက်လုမတတ်သိမ်းပွေ့ထားပြီး ကျန်လက်တစ်ဖက်ကတော့ သူ့လည်ဂုတ်ကိုထိန်းကိုင်ကာ အရူးအမူးကို ဖိနမ်းနေတာမို့ ရင်ထဲတလှပ်လှပ်ဖြင့် နေရခက်တာတော့အမှန်ပင်။ အသက်ရှူမဝသလို ခံစားလာရတဲ့အချိန်လောက်မှာ ရှောင်းကျန့်ကသူ့နှုတ်ခမ်းတွေကိုလွှတ်ပေးတာမို့ အသက်ကိုခပ်ပြင်းပြင်းရှူသွင်းရှူထုတ်လုပ်နေရင်း ရုတ်တရက်သူ့ကိုပွေ့ချီခံလိုက်တာမို့ လန့်ဖြန့်သွားပြီး ရှောင်းကျန့်ရဲ့လည်ပင်းကိုဖက်တွယ်ထားလိုက်မိသည်။

"ရှောင်းကျန့်.. ဘာလုပ်..."

သူ့ပြောနေခိုက်မှာပင် ရှောင်းကျန့်ကသူ့ကို အိပ်ယာပေါ်ပစ်တင်ကာ အပေါ်ကနေအုပ်မိုးလိုက်တာမို့ သူ့စကားတွေကဆက်ပြီးထွက်မလာတော့ပဲ လမ်းတစ်ဝက်မှာတင်ရပ်တန့်သွားတော့သည်။ သူကြောင်အနေတုန်းမှာပင် ရှောင်းကျန့်ရဲ့သန်မာလှတဲ့လက်မောင်းတစ်ဖက်က သူ့ခါးအောက်ကနေသိမ်းပွေ့လို့ ကိုယ်ချင်းကိုပိုလို့နီးကပ်စေလိုက်တာကြောင့် အရှက်ပိုစွာဖြင့် အောက်နှုတ်ခမ်းလေးကိုအသာကိုက်ရင်း မျက်နှာကိုခေါင်းအုံးထဲနစ်ဝင်မတတ်စောင်းငဲ့ချလိုက်မိသည်။

အသက်ရှူသံပြင်းပြင်းက သူ့လည်ပင်းတစ်ဝိုက်မှာ ကျီဆယ်နေပြီး တစ်ချက်တစ်ချက်သွားနဲ့ဖိကိုက်လိုက်တဲ့အခါမျိုးမှာ သတိလက်လွတ်ဖြင့်သူ့နှုတ်ကထွက်သွားတတ်တဲ့ ငြီးသံတစ်ချို့ကြောင့် လက်တစ်ဖက်ကပါးစပ်ကိုအုပ်ထားမိသည်။ လည်ပင်းကမှတစ်ဆင့် ရင်ဘတ်အထိတဖြည်းဖြည်းနဲ့အနမ်းတွေကိုလျှောဆင်းသွားတဲ့ရှောင်းကျန့်ကို ရီဝေစွာဖြင့်ငေးနေမိသည်။ သူ့ဘောင်းဘီထဲအထိ တိုးဝင်လာတဲ့ရှောင်းကျန့်ရဲ့လက်တွေက ပေါင်အတွင်းသားတွေကို မထိတထိနဲ့ပွတ်သပ်နေတာမို့ ရင်ထဲမရိုးမယွဖြစ်ကာ ရှောင်းကျန့်လည်ပင်းကိုအတင်းဆွဲချရင်း သူ့ဘက်ကစတင်လို့ ရှောင်းကျန့်ရဲ့နှုတ်ခမ်းကိုဖိနမ်းလိုက်မိသည်။

ရှောင်းကျန့်ဆီက တုံ့ပြန်အနမ်းတွေမရတာမို့ နှုတ်ခမ်းချင်းဖယ်ခွာရင်း ရှောင်းကျန့်မျက်နှာကိုကြည့်လိုက်တော့ နှုတ်ခမ်းဖျားကလှုပ်ခတ်သွားပြီး သူ့ကိုတစ်ခုခုပြောလိုက်သည့်ဟန်။ သေချာမကြားလိုက်ရတာမို့ မျက်မှောင်ကျုံ့ပြီးကြည့်မိတော့ ရှောင်းကျန့်ကထပ်ပြီးသူ့နား,နားကပ်ကာ

"ရိပေါ် ထတော့... ကျောင်းနောက်ကျနေပြီ။ မြန်မြန်ထ အပျင်းတစ်မနေနဲ့"

"ဟင်.."

ရှောင်းကျန့်ရဲ့စကားတွေကို နားမလည်စွာဖြင့်မျက်မှောင်ကုပ်လို့ကြည့်နေရင်း လူကိုပါလှုပ်နှိုးခံနေရတာမို့ သူလန့်ဖြန့်ကာငုပ်တုပ်ထထိုင်လိုက်မိသည်။

"နောက်ဆုံးတော့ နိုးလာပြီပေါ့။ ငါနှိုးနေတာကြာပြီ"

သူ့ကုတင်ဘေးမှာ မတ်တပ်ရပ်လို့ပြောနေတဲ့ရှောင်းကျန့်ကိုတစ်လှည့် အိပ်ယာပေါ်ကမိမိကိုယ်ကိုတစ်လှည့်ပြန်ကြည့်ရင်း ရိပေါ်မျက်နှာတွေပူထူလာမိသည်။ မဟုတ်မှ သူခုနကအိပ်မက်,မက်နေတာလား။ အိပ်မက်ကလည်းရိုးရိုးအိပ်မက်တောင်မဟုတ်ပဲ ရှောင်းကျန့်နဲ့သူနဲ့ ဒီကုတင်ပေါ်မှာ...။ အတွေးမဆုံးခင်ပင် ရိပေါ်လက်မခံနိူင်စွာနဲ့ ခေါင်းကိုအဆတ်မပြတ်ခါထုတ်လိုက်မိသည်။ မဖြစ်နိူင်လိုက်တာ သူ့ဘဝမှာပထမဆုံးwet dreamမက်ဖူးတာဖြစ်ပြီး ဒါကလည်းရှောင်းကျန့်နဲ့တဲ့လား။

"ဘာဖြစ်လို့လဲ ရိပေါ်.. နေမကောင်းဘူးလား။ မျက်နှာတွေရဲနေ..."

"အဲ့တာမင်းကိစ္စမဟုတ်ပါဘူး"

သူ့စကားမဆုံးခင်မှာတင် ရိပေါ်နဖူးဆီလှမ်းနေတဲ့သူ့ရဲ့လက်ကို ရိပေါ်ကပုတ်ထုတ်ပြီး ပြောလိုက်တာမို့ သူကြောင်သွားမိသည်။ အိပ်ပျော်နေတာကို သူနှိုးလိုက်လို့ ရိပေါ်ကစိတ်ဆိုးသွားတာများလား။

"ပြီးတော့ နောက်တစ်ခါငါ့ခွင့်ပြုချက်မရပဲ ဒီအခန်းထဲဝင်မလာနဲ့။ ငါမကြိုက်ဘူး"

ရိပေါ်ကစိတ်ဆိုးမာန်ဆိုးပြောပြီးတာနဲ့ ရေချိုးခန်းထဲကိုဝင်သွားတော့သည်။ ရုတ်တရက်ကြီး ရိပေါ်ကသူ့ကိုဘာလို့စိတ်ဆိုးသွားမှန်းမသိပေမယ့် ရိပေါ်ကမဟုတ်လဲ သူ့ကိုဒီလိုပဲပြောဆိုနေကျမို့ သူလည်းခေါင်းထဲသိပ်မထားတော့ပဲ ရိပေါ်အလိုကျ အခန်းထဲကထွက်လာပေးမိသည်။

ထူးဆန်းတာက ရိပေါ်ကရေချိုးပြင်ဆင်ပြီး အခန်းထဲကထွက်လာချိန် သူနဲ့အတူကျောင်းသွားမယ်ထင်ထားပေမယ့် ရိပေါ်ကသူသွားစရာရှိသေးတယ်ဆိုကာ တက္ကစီခေါ်ပြီးအရင်ထွက်သွားနှင့်တာမို့ သူ့မှာတစ်ယောက်ထဲငူငူကြီးကျန်ခဲ့တော့သည်။ ရိပေါ်က သူ့ကိုအသိမပေးပဲ ဘာတွေလုပ်နေတာများလဲ။ အရင်ဆို သူတို့နှစ်ယောက်လုံးမှာဘာကိစ္စပဲရှိရှိ နှစ်ယောက်အတူသွားလာနေကြမဟုတ်လား။

ကျောင်းရောက်တော့လည်း ရိပေါ်ကိုမတွေ့။ နေ့လည်စာစားချိန်လောက်မှ ရောက်လာသည်။ ရောက်လာပြီးတော့လည်း သူ့ကိုစကားမပြောပဲ သူနဲ့ခပ်လှမ်းလှမ်းကခုံမှာသွားထိုင်နေလေသည်။ သူ့ဘက်ကစပြီး စကားပြောမယ်ကြံလိုက်တိုင်းလည်း ရိပေါ်ကရှောင်ပြီးထွက်သွားတတ်သည်။ ပြောရရင် ကျောင်းဆင်းလို့အိမ်ပြန်ရောက်တဲ့အချိန်အထိ ရိပေါ်ကသူနဲ့မျက်နှာချင်းကိုဆိုင်မလာပေ။

ညစာစားတော့လည်း ရိပေါ်ကအင်း အဲလောက်သာပြန်ပြောပြီး စောစောစီးစီးအခန်းထဲဝင်သွားလေသည်။ တစ်ခါတစ်လေကျရင် သူရိပေါ်ကိုလုံးဝကိုနားမလည်နိူင်တော့ပေ။ ငယ်ငယ်ကထဲက ရိပေါ်ရဲ့စိတ်ကအပြောင်းအလဲမြန်သလို ခန့်မှန်းရလည်းခက်လှသည်။ အခုလည်း အကောင်းကြီးကနေ သူ့ကိုစကားမပြော မျက်နှာချင်းမဆိုင်သည်မှာ ဒီနေ့တစ်နေ့လုံးပင်ဖြစ်သည်။

ฅ^•ﻌ•^ฅ

"ရှောင်းကျန့် ဒီနေ့စောတယ်နော်။ ရိပေါ်ရော မတွေ့ပါလား"

ကန်တင်းထဲဝင်လာရင်း အဝင်အထွက်မှာရွှီယိလင်းနဲ့တွေ့တော့ သူ့ကိုတအံ့တသြဖြင့်ကြည့်ရင်းမေးလာတာမို့ ခေါင်းအသာညိမ့်ရင်း ပြုံးပြလိုက်ရပေမယ့် သူ့စိတ်ထဲမှာတော့ ရိပေါ်အတွက်စိတ်ပူနေမိသည်။ ကျစ်.. မနက်အစောကြီးထဲက ထွက်သွားပြီးတော့ အခုထိကျောင်းမရောက်လာရအောင် ရိပေါ်တစ်ယောက်ဘယ်တွေလျှောက်သွားနေတာများလဲ။ ရိပေါ်ကိုလိုက်ရှာဖို့အတွက် ကန်တင်းထဲကပြန်ထွက်ဖို့ပြင်လိုက်ပေမယ့် ရွှီယိလင်းကသူ့လက်မောင်းတစ်ဖက်ကိုလှမ်းဆွဲရင်း

"ရောက်မှတော့ မနက်စာစားသွားလေရှောင်းကျန့်။ ကြည့်ရတာ ရိပေါ်နဲ့စိတ်ကောက်ထားကြတယ်ထင်တယ်။ ရိပေါ်ကတော့ ကံကောင်းလိုက်တာနော်။ အမြဲတမ်းအရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးမယ့်နင့်လိုကောင်လေးမျိုးရထားတာ"

ရွှီယိလင်းရဲ့စကားတွေကြောင့် အပြင်ကိုပြန်ထွက်ဖို့လှမ်းနေတဲ့ သူ့ရဲ့ခြေထောက်တွေရပ်တန့်သွားရသည်။

"ငါဘယ်လိုသိလဲလို့တော့လာမမေးနဲ့နော်။ နင်ရိပေါ်ကိုကြိုက်နေတယ်ဆိုတာ တစ်ကျောင်းလုံးသိတယ်။ ရိပေါ်ကလွဲလို့ပေါ့.."

ပြုံးစစဖြင့်ပြောလာတဲ့ ရွှီယိလင်းရဲ့စကားကြောင့် ရှောင်းကျန့်အနည်းငယ်ရှက်သလိုဖြစ်သွားပြီး လည်ပင်းကိုလက်ဖြင့်ပွတ်လိုက်မိသည်။ သူ့ပုံစံကဒီလောက်တောင်သိသာနေတာလား။

"မိုးတိုးမတ်တပ်လုပ်နေတာရပ်ပြီး ဒီမှာလာထိုင်စမ်းပါဟာ။ ငါနင့်ကိုသင်ပေးစရာတွေအများကြီးရှိတယ်"

ပြောပြောဆိုဆိုနဲ့ ရွှီယိလင်းကသူ့လက်ကိုဆွဲကာ စားပွဲခုံမှာဝင်ထိုင်စေတာမို့ သူလည်းအသာတကြည်ပင်ဝင်ထိုင်လိုက်မိသည်။ ဒီလိုကိစ္စတွေနဲ့ပတ်သတ်ရင် မိန်းကလေးတွေကပိုပြီးအမြင်စူးရှတတ်ကြတာမဟုတ်လား။

"ပြောပါဦး ဘယ်လိုကနေဘယ်လိုဖြစ်ပြီး ရိပေါ်ကနင့်ကိုစိတ်ဆိုးသွားရတာလဲ"

ရှောင်းကျန့်လည်း ကယ်တင်ရှင်အခုမှတွေ့လိုက်ရသည့်နှယ်ဖြင့် သူနဲ့ရိပေါ်ရဲ့ငယ်စဥ်ကအကြောင်းတွေကစလို့ မနေ့ကအထိအခြေအနေတွေအားလုံးကို ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တော့သည်။ သူအစက ရွှီယိလင်းကိုကိန်းကန်းကြီးပြီး တစ်သီးတစ်သန့်နေတတ်မယ်လို့ထင်ထားပေမယ့် တကယ်တမ်းကျရွှီယိလင်းက သိပ်ကိုပွင့်လင်းပြီး သိပ်ပြီးလည်းပျော်တတ်သူဖြစ်သည်။

သူတို့နှစ်ယောက်ပြန်အဆင်ပြေအောင်ကူညီပေးဖို့ ဘယ်လောက်တောင်တက်ကြွနေသလဲဆို သူနဲ့ရိပေါ်ရဲ့အကြောင်းကို​ပြောပြနေစဥ်ကာလတစ်လျှောက်လုံး ရေပင်မသောက် မျက်တောင်ပင်မခတ်ပဲ အပြည့်အဝအာရုံစူးစိုက်ပြီးကိုနားထောင်နေတော့သည်။ ဒါကိုတောင် သူရွှီယိလင်းနဲ့ရင်းနှီးခါစက ရွှီယိလင်းကသူ့ကိုများစိတ်ဝင်စားနေသလားဆိုပြီး တလွဲထင်ခဲ့ဖူးသည်။ အခုမှ ထိုအကြောင်းရင်းကိုသေချာသဘောပေါက်တော့သည်။

ရွှီယိလင်းကကျောင်းစပြောင်းလာတဲ့အချိန်ကတည်းက သူ့ကိုဖော်ရွေစွာပြောဆိုဆက်ဆံသည်မှာလည်း ဒါ့ကြောင့်ပင်ဖြစ်သည်။ အချိန်ခဏလေးအတွင်းမှာပင် သူနဲ့ရွှီယိလင်းကနှစ်ရှည်လများခင်လာတဲ့သူငယ်ချင်းတွေသဖွယ် ရင်းနှီးသွားတော့သည်။

ရိပေါ် ဟောက်ရွှမ်းတို့နဲ့အတူ စကားတပြောပြောဖြင့် ကန်တင်းထဲဝင်လာချိန် ကျောင်းသူသစ်နဲ့အတူ ရွှင်မြူးစွာစကားတွေဖောင်ဖွဲ့နေတဲ့ရှောင်းကျန့်ကိုမြင်လိုက်ရတာမို့ မမြင်ချင်ယောင်ဆောင်လိုက်ရင်း ထိုင်နေကျခုံမှာဝင်ထိုင်လိုက်သည်။ ဘယ်လောက်တောင်ကြည်နူးနေသလဲမသိလေတဲ့ရှောင်းကျန့်က စားစရာတွေမှာပြီးတဲ့အထိ သူတို့ရောက်လာတာကိုမသိပဲ အတော်လေးကြာတော့မှ ပြာပြာသလဲလဲဖြင့် သူတို့ဝိုင်းဆီကိုကူးလာလေသည်။

ဒါတောင်သံယောစဥ်ကအမျှင်မပြတ်ပဲ ပိုက်ဆံရှင်းပြီးထွက်သွားပြီဖြစ်တဲ့ ကျောင်းသူသစ်ကိုလည်​ပြန်ကြည့်ကာ လက်ပြနှုတ်ဆက်နေသေးသည်။ သူလည်းမကြည့်မိအောင်ထိန်းထားသည့်ကြားမှ ရှောင်းကျန့်မျက်နှာကိုမကျေမချမ်းဖြင့် လှမ်းကြည့်မိလိုက်သေးသည်။ ရှောင်းကျန့်ကတော့ ဘာမှမဖြစ်ဟန်ဖြင့် ထုံးစံအတိုင်း ရိပေါ်ရှေ့မှာချထားတဲ့တူကို ခွာပေးရင်း ခေါက်ဆွဲပန်းကန်ကိုပါ မွှေပေးဖို့ပြင်နေတာမို့ ခေါက်ဆွဲပန်းကန်ကို ရှောင်းကျန့်ယူလို့မရအောင် သူ့ရှေ့နားထိကပ်နေအာင် ဆွဲယူလိုက်ပြီး တူကိုလည်းရှောင်းကျန့်ကမ်းပေးတာမယူပဲ ဗူးထဲကအသစ်တစ်စုံကိုထုတ်ယူလိုက်သည်။

"ဖြည်းဖြည်းစား... ပူနေသေးတယ်"

စိတ်ပေါက်ပေါက်ဖြင့် အငွေ့တထောင်းထောင်းထနေတဲ့ခေါက်ဆွဲကို တူနဲ့ညှပ်စားဖို့ပြင်လိုက်ပြီးမှ ရှောင်းကျန့်ရဲ့သတိပေးစကားသံကြောင့် ရိပေါ်မသိမသာကိုယ်ရှိန်ပြန်သတ်လိုက်မိသည်။ တော်သေးလို့ပေါ့.. မဟုတ်ရင်သူ့လျှာကျက်တော့မလို့။ ရှောင်းကျန့်ကထိုမျှသာပြောပြီး ဟောက်ရွှမ်းတို့ဟွိုက်ဆန်းတို့နှင့် ထွေရာလေးပါးတွေပြောနေသည်။ အဲ့တာကြောင့်သူလည်း အပြစ်မရှိတဲ့ခေါက်ဆွဲတွေကိုသာ တူနဲ့အကြမ်းပတမ်းထိုးမွှေနေမိတော့သည်။

ฅ^•ﻌ•^ฅ

ရိပေါ်ဟိုနေ့ညကအိပ်မက်ကိုမက်ပြီးထဲက ရှောင်းကျန့်ကိုမျက်နှာချင်းဆိုင်ရမှာ ကြောက်သလိုလိုရှက်သလိုလိုဖြင့် တွန့်ဆုတ်နေမိသည်။ တစ်ချိန်လုံးရှောင်းကျန့်နဲ့သူငယ်ချင်းတွေပါဆိုပြီး ကြွေးကြော်ခဲ့သူ့ဘက်က အခုလိုစိတ်မျိုးတွေဝင်လာသည့်အတွက်လည်း ကိုယ့်ကိုယ်ကိုမလုံမလဲဖြင့်ရှက်ရွံ့နေသည်။ သူရှောင်းကျန့်ကို မုန်းနေတာမျိုးမဟုတ်ပေမယ့် ရှောင်းကျန့်နဲ့အဲ့လိုအဆင့်အထိတော့မရောက်ချင်ပါ။

သူငယ်ချင်းအဖြစ်နဲ့ သူ့ဘဝတစ်လျှောက်လုံးအနားမှာရှိပေးခဲ့တဲ့ရှောင်းကျန့်က သူငယ်ချင်းစည်းကိုကျော်ပြီးကာမှ သူ့အနားကနေထွက်သွားမှာကို သူတွေးကြောက်မိသည်။ သူငယ်ချင်းဆိုတာက ဘယ်လောက်ပဲစကားများရန်ဖြစ်ဖြစ် တစ်ချိန်ကျပြန်ခေါ်​ပြောလို့ရပေမယ့် ရည်းစားတွေဖြစ်ပြီးလို့ ကွဲကွာသွားခဲ့ကြရင် အရင်လိုအခြေအနေမျိုးကို ဘယ်တော့မှပြန်ရတော့မှာမဟုတ်ပေ။ ပြီးတော့ ရှောင်းကျန့်နဲ့လည်းဘယ်တော့မှ မျက်နှာချင်းဆိုင်ဖြစ်တော့မှာမဟုတ်ပေ။

ဒါကြောင့်လည်း သူရှောင်းကျန့်နဲ့လက်ထပ်ရမယ့်အရေးကို အပြင်းအထန်ကန့်ကွက်နေရခြင်းဖြစ်သည်။ ဒီရက်ပိုင်းတွေအတွင်းတော့ သူရှောင်းကျန့်ကို မရ,ရအောင်ရှောင်နေမည်။ နောက်ပိုင်း သူ့စိတ်တွေပြန်တည်ငြိမ်သွားတဲ့အခါကျမှ ရှောင်းကျန့်ပြန်ပြီးစကားပြော မျက်နှာချင်းဆိုင်ဖို့ဆုံးဖြတ်ထားသည်။

ဒါပေမယ့် ဒီကြားထဲရုတ်တရက်ထင်မှတ်မထားတဲ့ကိစ္စကဖြစ်လာသည်။ သူရှောင်းကျန့်ကိုရှောင်ပြီး တစ်ပတ်လောက်အထိ ရှောင်းကျန့်ကသူ့ကိုအရင်လိုပဲစကားလိုက်ပြော ဂရုစိုက်ပေးပေမယ့် အခုနောက်ပိုင်းရှောင်းကျန့်က အရင်လို သူ့ကိုစိတ်ဆိုးပြေအောင် စနောက်မနေသလို စကားမရှိစကားရှာပြီးလည်းသူ့ကိုလာမပြောတော့ပေ။ အဲ့ဒီအစား ကျောင်းသူအသစ်နဲ့သာ တပူးပူးတတွဲတွဲဖြင့် တွဲသွားတွဲလားလုပ်နေသည်။

သူမြင်လိုက်တဲ့အခါတိုင်းလည်း နှစ်ယောက်သားကမိုးမမြင်လေမမြင်ဖြင့် ကြည်နူးပျော်ပါးနေတတ်ကြတာမို့ သူပင်မမြင်ချင်ယောင်ဆောင်ပြီး ရှောင်ထွက်သွားရတဲ့အထိပင်။ သူနဲ့တစ်အိမ်ထဲအတူနေပြီး ကျောင်းသွားကျောင်းပြန်လည်း အတူဆိုပေမယ့် ကားပေါ်မှာလည်း ဘာစကားမှမပြောသလို အိမ်ရောက်တော့လည်း သူတစ်ခွန်းကိုယ်တစ်ခွန်းကလွဲပြီး ကျန်တာမပြောဖြစ်ကြပေ။

သူတို့ပုံစံကမသိရင် အခုမှစပြီးတွေ့ဖူးတဲ့လူနှစ်ယောက် အိမ်တစ်အိမ်ကိုမျှသုံးနေကြခြင်းနှင့်တူနေလေသည်။ အခုဆိုသူနဲ့ရှောင်းကျန့်စကားမပြောဖြစ်တာ တစ်လပင်ပြည့်တော့မည်။ အရင်ကဆို သူနဲ့ရှောင်းကျန့်ရန်ဖြစ်ပြီးစကားများရင်တောင် အလွန်ဆုံးနေ့တစ်ဝက်ပဲစကားမပြောကြတာဖြစ်သည်။ ထိုနေ့ကတောင် သူ့ဘက်ကအကြောတင်းတင်းဖြင့် မာန်တင်းခံနေတာဖြစ်ပြီး ရှောင်းကျန့်ကတော့သူ့အနောက်တောက်လျှောက်လိုက်လို့ သူ့ကိုစကားပြန်မပြောပြောအောင် စနောက်နေတတ်တာဖြစ်သည်။

"မင်းနဲ့ရှောင်းကျန့်က ဘာဖြစ်ထားကြတာလဲ။ ကြည့်လည်းလုပ်ဦးနော် ရိပေါ်။ အခုတလော ရှောင်းကျန့်ကဟိုကျောင်းသူအသစ်ကောင်မလေးနဲ့ အရမ်းရင်းနှီးနေသလိုပဲ။ တစ်ခါတစ်လေလောက်လေး မင်းဘက်ကအလျှော့ပေးလိုက်ပေါ့ကွာ။ တော်ကြာ ရှောင်းကျန့်ကစိတ်ကုန်သွားပြီး.."

"ဟေ့ကောင် ဟောက်ရွှမ်း.. မသိပဲဘာတွေလျှောက်ပြောနေတာလဲ။ မင်းပါးစပ်ကိုတော့ အပ်နဲ့ချုပ်ပေးမှရတော့မယ်ထင်တယ်"

ရှေ့မကြည့်နောက်မကြည့်စွတ်ပြောနေတဲ့ ဟောက်ရွှမ်းကြောင့် ကျင်းရီကအခြေအနေကိုထိန်းကာ ဝင်ပြောလိုက်ရသည်။ ရိပေါ်ကတော့ထုံးစံအတိုင်း ကန်ရေပြင်လိုတည်ငြိမ်နေတဲ့မျက်နှာမျိုးဖြင့်သာ ထိုင်နေသည်။ မသိရင် ခုနကဟောက်ရွှမ်းပြောလိုက်တဲ့စကားကို ဘာမှမကြားဟန် ဘာမှမခံစားရဟန်။ ရိပေါ်က ရှောင်းကျန့်အပေါ်အရမ်းကြီးခံစားချက်တွေရှိမနေလို့သာ တော်သေးတော့သည်။

"ငါတို့... အတူအိပ်ခဲ့ပြီးပြီ"

"ဟမ်.."

"ဘာ.."

"ဘယ်လို.."

"ငါနဲ့ရှောင်းကျန့် အတူအိပ်ခဲ့ပြီးပြီ။ အဲ့တာကြောင့် သူနဲ့ဟိုကျောင်းသူအသစ်နဲ့ကိစ္စက ဘယ်လိုမှဖြစ်နိူင်စရာအကြောင်းမရှိဘူး"

နားထောင်နေသူသုံးယောက်ကသာ ပါးစပ်အဟောင်းသားဖြင့် တအံ့တသြဖြစ်နေကြပေမယ့် ပြောပြနေသည့်ရိပေါ်မှာတော့ မျက်နှာတစ်ချက်ပင်ပျက်မသွားပေ။ တစ်ယောက်ထဲရေရွတ်သလိုပြောရင်း သူတို့ဘက်ကိုလှည့်ကြည့်လို့ ခပ်ပြုံးပြုံးပင်ဆိုလာသေးသည်။ အခုရိပေါ်ရဲ့ပုံစံက ရှောင်းကျန့်နဲ့သူနဲ့က သက်ဆိုင်သူတွေဖြစ်ပြီးသားမို့ ဘယ်လိုကိစ္စကိုမှဂရုမစိုက်ဟန်ဖြင့် သိပ်ပြီးယုံကြည်မှုပြည့်ဝနေပုံပင်။ ရှောင်းကျန့်က ဘယ်တော့မှသူ့အပေါ်မှာ စိတ်ကုန်သွားမှာမဟုတ်ကြောင်းလည်း တထစ်ချကိုယုံကြည်ထားပုံပင်။

ဒီလိုကျပြန်တော့လည်း ရိပေါ်လိုအေးစက်စက်ရေခဲတုံးက ရှောင်းကျန့်အပေါ်ခံစားချက်လေးရှိသားဆိုပြီး တွေးထင်ရပြန်သည်။ အဲ့တာကြောင့် သူဟောက်ရွှမ်းကိုပြောပါတယ်။ အတွဲတွေကြားမှာ ဘာမှ​သေချာမသိပဲဝင်လျှာမရှည်ချင်စမ်းပါနဲ့လို့။

သူတို့စကားပြောနေရင်းနှင့်ပင် အတန်းထဲကျွတ်စီကျွတ်စီဖြင့် တီးတိုးပြောသံတွေကျယ်လောင်လာတာမို့ အခန်းဝကိုလှမ်းကြည့်လိုက်တော့ ရွှီယိလင်းရဲ့ကိုယ်ပေါ်မှာ ရှောင်းကျန့်ရဲ့ဂျာကင်အကျီကိုထပ်ဝတ်ထားပြီး ရှောင်းကျန့်ကတော့ ရွှီယိလင်းရဲ့ပခုံးကိုထိန်းကိုင်ကာ အခန်းထဲတစ်လှမ်းချင်းဝင်လာလေသည်။ သာမန်လူတွေဆို ဒီကိစ္စကဘာမှမဟုတ်လောက်ပေမယ့် ရွှီယိလင်းလိုကျောင်းသားတွေကြားရေပန်းစားနေတဲ့ ကျောင်းသူသစ်လေးနဲ့ ရှောင်းကျန့်လိုကျောင်းရဲ့အချောဆုံးဂုဏ်ပုဒ်ရ ထိပ်တန်းကျောင်းသားလေးတို့ဖြစ်နေတာမို့ ဘေးလူတွေကတအံ့တသြနဲ့ကိုလိုက်ကြည့်နေကြလေသည်။

သူရှောင်းကျန့်ကိုမယုံနိူင်စွာနဲ့ လှမ်းကြည့်လိုက်တော့ ရှောင်းကျန့်ကဘာကိစ္စမှရှိမနေသလိုမျိုးပင် သူ့ကိုပြုံးပြနေတာမို့ ရိပေါ်ဒေါသစိတ်တွေကိုမြိုသိပ်ရင်း လက်သီးနှစ်ဖက်ကိုတင်းတင်းဆုပ်ထားမိသည်။

"နင်နဲ့ရှောင်းကျန့်ကကြိုက်နေကြပြီလား ယိယိ။ ငါတို့ကိုအမှန်တိုင်းဖြေနော်"

"မဟုတ်တာ.. ငါ့အကျီတွေက ရွှံ့ဗွက်တွေစင်သွားလို့ ရှောင်းကျန့်ကသူ့အကျီကိုငှားပေးထားတာပါ။ နင်တို့ထင်နေသလိုမျိုးမဟုတ်ဘူး"

ကြားနေရတဲ့စကားသံတွေကို ကြားချင်စိတ်မရှိတော့တာမို့ ရိပေါ်ကျောပိုးအိတ်ကိုဆွဲယူရင်း အတန်းပြင်ကိုအမြန်ထွက်လာမိသည်။ နားထဲမှာလည်း ဟောက်ရွှမ်းပြောတဲ့စကားတွေသာ အထပ်ထပ်အခါခါကြားယောင်လျက်...။

ရှောင်းကျန့်က တကယ်ပဲငါ့ကိုစိတ်ကုန်သွားပြီလား....။

ဒါလေးကိုမြန်မြန်ဇာတ်သိမ်းပြီး အသစ်လေးစရမလား ဒါမှမဟုတ် နှစ်ခုလုံးကိုခွထိုင်လိုက်ရမလား(•̀ᴗ•́)و
Happy Eid Mubarak🤍🤍




Zawgyi

ရိေပၚအိပ္ေနရင္း အိပ္ခန္းတံခါးကိုအဆတ္မျပတ္ထုရိုက္ေနတဲ့အသံေၾကာင့္ မ်က္လုံးမပြင့္တပြင့္ျဖင့္ အိပ္ယာထဲမွကုန္း႐ုန္းထလိုက္မိသည္။ တံခါးေလာ့ခ္ကိုဖြင့္ေပးလိုက္တာနဲ႕တစ္ၿပိဳင္နက္ ေရွာင္းက်န့္က ဇြတ္အတင္းတြန္းဖြင့္လာတာမို႔ သူရန္ေတြ႕ဖို႔ျပင္လိုက္တုန္းမွာပင္ ေရွာင္းက်န့္ကသူ႕ခါးကိုဆြဲဖက္ကာ ႏႈတ္ခမ္းခ်င္းထိကပ္လာတာမို႔ သူမ်က္လုံးအျပဴးသားျဖင့္ေၾကာင္သြားမိသည္။

သူ႕အသိစိတ္က ေရွာင္းက်န့္ခႏၶာကိုယ္ႀကီးကိုတြန္းဖယ္ဖို႔ ျပင္ေပမယ့္ လက္ေတြ႕မွာေတာ့အားမပါလွတဲ့သူ႕ရဲ႕လက္ေတြက ေရွာင္းက်န့္လည္ပင္းကိုဖက္တြယ္လို႔ သိပ္သည္းလွတဲ့အနမ္းေတြကို နင့္နင့္နဲနဲကိုတုံ႕ျပန္ေနမိသည္။ သူ႕ႏႈတ္ခမ္းေတြကိုအနည္းငယ္ဟလိုက္တာနဲ႕ သူ႕ခံတြင္းထဲအတင္းတိုးလွ်ိုဝင္ေရာက္လာတဲ့ လွ်ာဖ်ားကသူ႕လွ်ာကိုမထိတထိတို႔ထိလို႔ လိမ္ယွက္စုပ္ယူလိုက္တာမို႔ သူ႕လက္သည္းေတြက ေရွာင္းက်န့္ရဲ႕လက္ေမာင္းထဲနစ္ဝင္ေနေလသည္။

ေရွာင္းက်န့္ကသန္မာလွတဲ့လက္တစ္ဖက္ျဖင့္ သူ႕ခါးကိုေျခဖ်ားေထာက္လုမတတ္သိမ္းေပြ႕ထားၿပီး က်န္လက္တစ္ဖက္ကေတာ့ သူ႕လည္ဂုတ္ကိုထိန္းကိုင္ကာ အ႐ူးအမူးကို ဖိနမ္းေနတာမို႔ ရင္ထဲတလွပ္လွပ္ျဖင့္ ေနရခက္တာေတာ့အမွန္ပင္။ အသက္ရႉမဝသလို ခံစားလာရတဲ့အခ်ိန္ေလာက္မွာ ေရွာင္းက်န့္ကသူ႕ႏႈတ္ခမ္းေတြကိုလႊတ္ေပးတာမို႔ အသက္ကိုခပ္ျပင္းျပင္းရႉသြင္းရႉထုတ္လုပ္ေနရင္း ႐ုတ္တရက္သူ႕ကိုေပြ႕ခ်ီခံလိုက္တာမို႔ လန့္ျဖန့္သြားၿပီး ေရွာင္းက်န့္ရဲ႕လည္ပင္းကိုဖက္တြယ္ထားလိုက္မိသည္။

"ေရွာင္းက်န့္.. ဘာလုပ္..."

သူ႕ေျပာေနခိုက္မွာပင္ ေရွာင္းက်န့္ကသူ႕ကို အိပ္ယာေပၚပစ္တင္ကာ အေပၚကေနအုပ္မိုးလိုက္တာမို႔ သူ႕စကားေတြကဆက္ၿပီးထြက္မလာေတာ့ပဲ လမ္းတစ္ဝက္မွာတင္ရပ္တန့္သြားေတာ့သည္။ သူေၾကာင္အေနတုန္းမွာပင္ ေရွာင္းက်န့္ရဲ႕သန္မာလွတဲ့လက္ေမာင္းတစ္ဖက္က သူ႕ခါးေအာက္ကေနသိမ္းေပြ႕လို႔ ကိုယ္ခ်င္းကိုပိုလို႔နီးကပ္ေစလိုက္တာေၾကာင့္ အရွက္ပိုစြာျဖင့္ ေအာက္ႏႈတ္ခမ္းေလးကိုအသာကိုက္ရင္း မ်က္ႏွာကိုေခါင္းအုံးထဲနစ္ဝင္မတတ္ေစာင္းငဲ့ခ်လိဳက္မိသည္။

အသက္ရႉသံျပင္းျပင္းက သူ႕လည္ပင္းတစ္ဝိုက္မွာ က်ီဆယ္ေနၿပီး တစ္ခ်က္တစ္ခ်က္သြားနဲ႕ဖိကိုက္လိုက္တဲ့အခါမ်ိဳးမွာ သတိလက္လြတ္ျဖင့္သူ႕ႏႈတ္ကထြက္သြားတတ္တဲ့ ၿငီးသံတစ္ခ်ိဳ႕ေၾကာင့္ လက္တစ္ဖက္ကပါးစပ္ကိုအုပ္ထားမိသည္။ လည္ပင္းကမွတစ္ဆင့္ ရင္ဘတ္အထိတျဖည္းျဖည္းနဲ႕အနမ္းေတြကိုေလွ်ာဆင္းသြားတဲ့ေရွာင္းက်န့္ကို ရီေဝစြာျဖင့္ေငးေနမိသည္။ သူ႕ေဘာင္းဘီထဲအထိ တိုးဝင္လာတဲ့ေရွာင္းက်န့္ရဲ႕လက္ေတြက ေပါင္အတြင္းသားေတြကို မထိတထိနဲ႕ပြတ္သပ္ေနတာမို႔ ရင္ထဲမရိုးမယြျဖစ္ကာ ေရွာင္းက်န့္လည္ပင္းကိုအတင္းဆြဲခ်ရင္း သူ႕ဘက္ကစတင္လို႔ ေရွာင္းက်န့္ရဲ႕ႏႈတ္ခမ္းကိုဖိနမ္းလိုက္မိသည္။

ေရွာင္းက်န့္ဆီက တုံ႕ျပန္အနမ္းေတြမရတာမို႔ ႏႈတ္ခမ္းခ်င္းဖယ္ခြာရင္း ေရွာင္းက်န့္မ်က္ႏွာကိုၾကည့္လိုက္ေတာ့ ႏႈတ္ခမ္းဖ်ားကလႈပ္ခတ္သြားၿပီး သူ႕ကိုတစ္ခုခုေျပာလိုက္သည့္ဟန္။ ေသခ်ာမၾကားလိုက္ရတာမို႔ မ်က္ေမွာင္က်ဳံ႕ၿပီးၾကည့္မိေတာ့ ေရွာင္းက်န့္ကထပ္ၿပီးသူ႕နား,နားကပ္ကာ

"ရိေပၚ ထေတာ့... ေက်ာင္းေနာက္က်ေနၿပီ။ ျမန္ျမန္ထ အပ်င္းတစ္မေနနဲ႕"

"ဟင္.."

ေရွာင္းက်န့္ရဲ႕စကားေတြကို နားမလည္စြာျဖင့္မ်က္ေမွာင္ကုပ္လို႔ၾကည့္ေနရင္း လူကိုပါလႈပ္ႏွိုးခံေနရတာမို႔ သူလန့္ျဖန့္ကာငုပ္တုပ္ထထိုင္လိုက္မိသည္။

"ေနာက္ဆုံးေတာ့ နိုးလာၿပီေပါ့။ ငါႏွိုးေနတာၾကာၿပီ"

သူ႕ကုတင္ေဘးမွာ မတ္တပ္ရပ္လို႔ေျပာေနတဲ့ေရွာင္းက်န့္ကိုတစ္လွည့္ အိပ္ယာေပၚကမိမိကိုယ္ကိုတစ္လွည့္ျပန္ၾကည့္ရင္း ရိေပၚမ်က္ႏွာေတြပူထူလာမိသည္။ မဟုတ္မွ သူခုနကအိပ္မက္,မက္ေနတာလား။ အိပ္မက္ကလည္းရိုးရိုးအိပ္မက္ေတာင္မဟုတ္ပဲ ေရွာင္းက်န့္နဲ႕သူနဲ႕ ဒီကုတင္ေပၚမွာ...။ အေတြးမဆုံးခင္ပင္ ရိေပၚလက္မခံနိူင္စြာနဲ႕ ေခါင္းကိုအဆတ္မျပတ္ခါထုတ္လိုက္မိသည္။ မျဖစ္နိူင္လိုက္တာ သူ႕ဘဝမွာပထမဆုံးwet dreamမက္ဖူးတာျဖစ္ၿပီး ဒါကလည္းေရွာင္းက်န့္နဲ႕တဲ့လား။

"ဘာျဖစ္လို႔လဲ ရိေပၚ.. ေနမေကာင္းဘူးလား။ မ်က္ႏွာေတြရဲေန..."

"အဲ့တာမင္းကိစၥမဟုတ္ပါဘူး"

သူ႕စကားမဆုံးခင္မွာတင္ ရိေပၚနဖူးဆီလွမ္းေနတဲ့သူ႕ရဲ႕လက္ကို ရိေပၚကပုတ္ထုတ္ၿပီး ေျပာလိုက္တာမို႔ သူေၾကာင္သြားမိသည္။ အိပ္ေပ်ာ္ေနတာကို သူႏွိုးလိုက္လို႔ ရိေပၚကစိတ္ဆိုးသြားတာမ်ားလား။

"ၿပီးေတာ့ ေနာက္တစ္ခါငါ့ခြင့္ျပဳခ်က္မရပဲ ဒီအခန္းထဲဝင္မလာနဲ႕။ ငါမႀကိဳက္ဘူး"

ရိေပၚကစိတ္ဆိုးမာန္ဆိုးေျပာၿပီးတာနဲ႕ ေရခ်ိဳးခန္းထဲကိုဝင္သြားေတာ့သည္။ ႐ုတ္တရက္ႀကီး ရိေပၚကသူ႕ကိုဘာလို႔စိတ္ဆိုးသြားမွန္းမသိေပမယ့္ ရိေပၚကမဟုတ္လဲ သူ႕ကိုဒီလိုပဲေျပာဆိုေနက်မိဳ႕ သူလည္းေခါင္းထဲသိပ္မထားေတာ့ပဲ ရိေပၚအလိုက် အခန္းထဲကထြက္လာေပးမိသည္။

ထူးဆန္းတာက ရိေပၚကေရခ်ိဳးျပင္ဆင္ၿပီး အခန္းထဲကထြက္လာခ်ိန္ သူနဲ႕အတူေက်ာင္းသြားမယ္ထင္ထားေပမယ့္ ရိေပၚကသူသြားစရာရွိေသးတယ္ဆိုကာ တကၠစီေခၚၿပီးအရင္ထြက္သြားႏွင့္တာမို႔ သူ႕မွာတစ္ေယာက္ထဲငူငူႀကီးက်န္ခဲ့ေတာ့သည္။ ရိေပၚက သူ႕ကိုအသိမေပးပဲ ဘာေတြလုပ္ေနတာမ်ားလဲ။ အရင္ဆို သူတို႔ႏွစ္ေယာက္လုံးမွာဘာကိစၥပဲရွိရွိ ႏွစ္ေယာက္အတူသြားလာေနၾကမဟုတ္လား။

ေက်ာင္းေရာက္ေတာ့လည္း ရိေပၚကိုမေတြ႕။ ေန႕လည္စာစားခ်ိန္ေလာက္မွ ေရာက္လာသည္။ ေရာက္လာၿပီးေတာ့လည္း သူ႕ကိုစကားမေျပာပဲ သူနဲ႕ခပ္လွမ္းလွမ္းကခုံမွာသြားထိုင္ေနေလသည္။ သူ႕ဘက္ကစၿပီး စကားေျပာမယ္ႀကံလိုက္တိုင္းလည္း ရိေပၚကေရွာင္ၿပီးထြက္သြားတတ္သည္။ ေျပာရရင္ ေက်ာင္းဆင္းလို႔အိမ္ျပန္ေရာက္တဲ့အခ်ိန္အထိ ရိေပၚကသူနဲ႕မ်က္ႏွာခ်င္းကိုဆိုင္မလာေပ။

ညစာစားေတာ့လည္း ရိေပၚကအင္း အဲေလာက္သာျပန္ေျပာၿပီး ေစာေစာစီးစီးအခန္းထဲဝင္သြားေလသည္။ တစ္ခါတစ္ေလက်ရင္ သူရိေပၚကိုလုံးဝကိုနားမလည္နိူင္ေတာ့ေပ။ ငယ္ငယ္ကထဲက ရိေပၚရဲ႕စိတ္ကအေျပာင္းအလဲျမန္သလို ခန့္မွန္းရလည္းခက္လွသည္။ အခုလည္း အေကာင္းႀကီးကေန သူ႕ကိုစကားမေျပာ မ်က္ႏွာခ်င္းမဆိုင္သည္မွာ ဒီေန႕တစ္ေန႕လုံးပင္ျဖစ္သည္။

ฅ^•ﻌ•^ฅ

"ေရွာင္းက်န့္ ဒီေန႕ေစာတယ္ေနာ္။ ရိေပၚေရာ မေတြ႕ပါလား"

ကန္တင္းထဲဝင္လာရင္း အဝင္အထြက္မွာ႐ႊီယိလင္းနဲ႕ေတြ႕ေတာ့ သူ႕ကိုတအံ့တၾသျဖင့္ၾကည့္ရင္းေမးလာတာမို႔ ေခါင္းအသာညိမ့္ရင္း ၿပဳံးျပလိုက္ရေပမယ့္ သူ႕စိတ္ထဲမွာေတာ့ ရိေပၚအတြက္စိတ္ပူေနမိသည္။ က်စ္.. မနက္အေစာႀကီးထဲက ထြက္သြားၿပီးေတာ့ အခုထိေက်ာင္းမေရာက္လာရေအာင္ ရိေပၚတစ္ေယာက္ဘယ္ေတြေလွ်ာက္သြားေနတာမ်ားလဲ။ ရိေပၚကိုလိုက္ရွာဖို႔အတြက္ ကန္တင္းထဲကျပန္ထြက္ဖို႔ျပင္လိုက္ေပမယ့္ ႐ႊီယိလင္းကသူ႕လက္ေမာင္းတစ္ဖက္ကိုလွမ္းဆြဲရင္း

"ေရာက္မွေတာ့ မနက္စာစားသြားေလေရွာင္းက်န့္။ ၾကည့္ရတာ ရိေပၚနဲ႕စိတ္ေကာက္ထားၾကတယ္ထင္တယ္။ ရိေပၚကေတာ့ ကံေကာင္းလိုက္တာေနာ္။ အၿမဲတမ္းအရိပ္တၾကည့္ၾကည့္နဲ႕ ဂ႐ုစိုက္ေပးမယ့္နင့္လိုေကာင္ေလးမ်ိဳးရထားတာ"

႐ႊီယိလင္းရဲ႕စကားေတြေၾကာင့္ အျပင္ကိုျပန္ထြက္ဖို႔လွမ္းေနတဲ့ သူ႕ရဲ႕ေျခေထာက္ေတြရပ္တန့္သြားရသည္။

"ငါဘယ္လိုသိလဲလို႔ေတာ့လာမေမးနဲ႕ေနာ္။ နင္ရိေပၚကိုႀကိဳက္ေနတယ္ဆိုတာ တစ္ေက်ာင္းလုံးသိတယ္။ ရိေပၚကလြဲလို႔ေပါ့.."

ၿပဳံးစစျဖင့္ေျပာလာတဲ့ ႐ႊီယိလင္းရဲ႕စကားေၾကာင့္ ေရွာင္းက်န့္အနည္းငယ္ရွက္သလိုျဖစ္သြားၿပီး လည္ပင္းကိုလက္ျဖင့္ပြတ္လိုက္မိသည္။ သူ႕ပုံစံကဒီေလာက္ေတာင္သိသာေနတာလား။

"မိုးတိုးမတ္တပ္လုပ္ေနတာရပ္ၿပီး ဒီမွာလာထိုင္စမ္းပါဟာ။ ငါနင့္ကိုသင္ေပးစရာေတြအမ်ားႀကီးရွိတယ္"

ေျပာေျပာဆိုဆိုနဲ႕ ႐ႊီယိလင္းကသူ႕လက္ကိုဆြဲကာ စားပြဲခုံမွာဝင္ထိုင္ေစတာမို႔ သူလည္းအသာတၾကည္ပင္ဝင္ထိုင္လိုက္မိသည္။ ဒီလိုကိစၥေတြနဲ႕ပတ္သတ္ရင္ မိန္းကေလးေတြကပိုၿပီးအျမင္စူးရွတတ္ၾကတာမဟုတ္လား။

"ေျပာပါဦး ဘယ္လိုကေနဘယ္လိုျဖစ္ၿပီး ရိေပၚကနင့္ကိုစိတ္ဆိုးသြားရတာလဲ"

ေရွာင္းက်န့္လည္း ကယ္တင္ရွင္အခုမွေတြ႕လိုက္ရသည့္ႏွယ္ျဖင့္ သူနဲ႕ရိေပၚရဲ႕ငယ္စဥ္ကအေၾကာင္းေတြကစလို႔ မေန႕ကအထိအေျခအေနေတြအားလုံးကို ျဖစ္ေၾကာင္းကုန္စင္ေျပာျပလိုက္ေတာ့သည္။ သူအစက ႐ႊီယိလင္းကိုကိန္းကန္းႀကီးၿပီး တစ္သီးတစ္သန့္ေနတတ္မယ္လို႔ထင္ထားေပမယ့္ တကယ္တမ္းက်႐ႊီယိလင္းက သိပ္ကိုပြင့္လင္းၿပီး သိပ္ၿပီးလည္းေပ်ာ္တတ္သူျဖစ္သည္။

သူတို႔ႏွစ္ေယာက္ျပန္အဆင္ေျပေအာင္ကူညီေပးဖို႔ ဘယ္ေလာက္ေတာင္တက္ႂကြေနသလဲဆို သူနဲ႕ရိေပၚရဲ႕အေၾကာင္းကို​ေျပာျပေနစဥ္ကာလတစ္ေလွ်ာက္လုံး ေရပင္မေသာက္ မ်က္ေတာင္ပင္မခတ္ပဲ အျပည့္အဝအာ႐ုံစူးစိုက္ၿပီးကိုနားေထာင္ေနေတာ့သည္။ ဒါကိုေတာင္ သူ႐ႊီယိလင္းနဲ႕ရင္းႏွီးခါစက ႐ႊီယိလင္းကသူ႕ကိုမ်ားစိတ္ဝင္စားေနသလားဆိုၿပီး တလြဲထင္ခဲ့ဖူးသည္။ အခုမွ ထိုအေၾကာင္းရင္းကိုေသခ်ာသေဘာေပါက္ေတာ့သည္။

႐ႊီယိလင္းကေက်ာင္းစေျပာင္းလာတဲ့အခ်ိန္ကတည္းက သူ႕ကိုေဖာ္ေ႐ြစြာေျပာဆိုဆက္ဆံသည္မွာလည္း ဒါ့ေၾကာင့္ပင္ျဖစ္သည္။ အခ်ိန္ခဏေလးအတြင္းမွာပင္ သူနဲ႕႐ႊီယိလင္းကႏွစ္ရွည္လမ်ားခင္လာတဲ့သူငယ္ခ်င္းေတြသဖြယ္ ရင္းႏွီးသြားေတာ့သည္။

ရိေပၚ ေဟာက္႐ႊမ္းတို႔နဲ႕အတူ စကားတေျပာေျပာျဖင့္ ကန္တင္းထဲဝင္လာခ်ိန္ ေက်ာင္းသူသစ္နဲ႕အတူ ႐ႊင္ျမဴးစြာစကားေတြေဖာင္ဖြဲ႕ေနတဲ့ေရွာင္းက်န့္ကိုျမင္လိုက္ရတာမို႔ မျမင္ခ်င္ေယာင္ေဆာင္လိုက္ရင္း ထိုင္ေနက်ခဳံမွာဝင္ထိုင္လိုက္သည္။ ဘယ္ေလာက္ေတာင္ၾကည္ႏူးေနသလဲမသိေလတဲ့ေရွာင္းက်န့္က စားစရာေတြမွာၿပီးတဲ့အထိ သူတို႔ေရာက္လာတာကိုမသိပဲ အေတာ္ေလးၾကာေတာ့မွ ျပာျပာသလဲလဲျဖင့္ သူတို႔ဝိုင္းဆီကိုကူးလာေလသည္။

ဒါေတာင္သံေယာစဥ္ကအမွ်င္မျပတ္ပဲ ပိုက္ဆံရွင္းၿပီးထြက္သြားၿပီျဖစ္တဲ့ ေက်ာင္းသူသစ္ကိုလည္​ျပန္ၾကည့္ကာ လက္ျပႏႈတ္ဆက္ေနေသးသည္။ သူလည္းမၾကည့္မိေအာင္ထိန္းထားသည့္ၾကားမွ ေရွာင္းက်န့္မ်က္ႏွာကိုမေက်မခ်မ္းျဖင့္ လွမ္းၾကည့္မိလိုက္ေသးသည္။ ေရွာင္းက်န့္ကေတာ့ ဘာမွမျဖစ္ဟန္ျဖင့္ ထုံးစံအတိုင္း ရိေပၚေရွ႕မွာခ်ထားတဲ့တူကို ခြာေပးရင္း ေခါက္ဆြဲပန္းကန္ကိုပါ ေမႊေပးဖို႔ျပင္ေနတာမို႔ ေခါက္ဆြဲပန္းကန္ကို ေရွာင္းက်န့္ယူလို႔မရေအာင္ သူ႕ေရွ႕နားထိကပ္ေနအာင္ ဆြဲယူလိုက္ၿပီး တူကိုလည္းေရွာင္းက်န့္ကမ္းေပးတာမယူပဲ ဗူးထဲကအသစ္တစ္စုံကိုထုတ္ယူလိုက္သည္။

"ျဖည္းျဖည္းစား... ပူေနေသးတယ္"

စိတ္ေပါက္ေပါက္ျဖင့္ အေငြ႕တေထာင္းေထာင္းထေနတဲ့ေခါက္ဆြဲကို တူနဲ႕ညွပ္စားဖို႔ျပင္လိုက္ၿပီးမွ ေရွာင္းက်န့္ရဲ႕သတိေပးစကားသံေၾကာင့္ ရိေပၚမသိမသာကိုယ္ရွိန္ျပန္သတ္လိုက္မိသည္။ ေတာ္ေသးလို႔ေပါ့.. မဟုတ္ရင္သူ႕လွ်ာက်က္ေတာ့မလို႔။ ေရွာင္းက်န့္ကထိုမွ်သာေျပာၿပီး ေဟာက္႐ႊမ္းတို႔ဟြိုက္ဆန္းတို႔ႏွင့္ ေထြရာေလးပါးေတြေျပာေနသည္။ အဲ့တာေၾကာင့္သူလည္း အျပစ္မရွိတဲ့ေခါက္ဆြဲေတြကိုသာ တူနဲ႕အၾကမ္းပတမ္းထိုးေမႊေနမိေတာ့သည္။

ฅ^•ﻌ•^ฅ

ရိေပၚဟိုေန႕ညကအိပ္မက္ကိုမက္ၿပီးထဲက ေရွာင္းက်န့္ကိုမ်က္ႏွာခ်င္းဆိုင္ရမွာ ေၾကာက္သလိုလိုရွက္သလိုလိုျဖင့္ တြန့္ဆုတ္ေနမိသည္။ တစ္ခ်ိန္လုံးေရွာင္းက်န့္နဲ႕သူငယ္ခ်င္းေတြပါဆိုၿပီး ေႂကြးေၾကာ္ခဲ့သူ႕ဘက္က အခုလိုစိတ္မ်ိဳးေတြဝင္လာသည့္အတြက္လည္း ကိုယ့္ကိုယ္ကိုမလုံမလဲျဖင့္ရွက္႐ြံ႕ေနသည္။ သူေရွာင္းက်န့္ကို မုန္းေနတာမ်ိဳးမဟုတ္ေပမယ့္ ေရွာင္းက်န့္နဲ႕အဲ့လိုအဆင့္အထိေတာ့မေရာက္ခ်င္ပါ။

သူငယ္ခ်င္းအျဖစ္နဲ႕ သူ႕ဘဝတစ္ေလွ်ာက္လုံးအနားမွာရွိေပးခဲ့တဲ့ေရွာင္းက်န့္က သူငယ္ခ်င္းစည္းကိုေက်ာ္ၿပီးကာမွ သူ႕အနားကေနထြက္သြားမွာကို သူေတြးေၾကာက္မိသည္။ သူငယ္ခ်င္းဆိုတာက ဘယ္ေလာက္ပဲစကားမ်ားရန္ျဖစ္ျဖစ္ တစ္ခ်ိန္က်ျပန္ေခၚ​ေျပာလို႔ရေပမယ့္ ရည္းစားေတြျဖစ္ၿပီးလို႔ ကြဲကြာသြားခဲ့ၾကရင္ အရင္လိုအေျခအေနမ်ိဳးကို ဘယ္ေတာ့မွျပန္ရေတာ့မွာမဟုတ္ေပ။ ၿပီးေတာ့ ေရွာင္းက်န့္နဲ႕လည္းဘယ္ေတာ့မွ မ်က္ႏွာခ်င္းဆိုင္ျဖစ္ေတာ့မွာမဟုတ္ေပ။

ဒါေၾကာင့္လည္း သူေရွာင္းက်န့္နဲ႕လက္ထပ္ရမယ့္အေရးကို အျပင္းအထန္ကန့္ကြက္ေနရျခင္းျဖစ္သည္။ ဒီရက္ပိုင္းေတြအတြင္းေတာ့ သူေရွာင္းက်န့္ကို မရ,ရေအာင္ေရွာင္ေနမည္။ ေနာက္ပိုင္း သူ႕စိတ္ေတြျပန္တည္ၿငိမ္သြားတဲ့အခါက်မွ ေရွာင္းက်န့္ျပန္ၿပီးစကားေျပာ မ်က္ႏွာခ်င္းဆိုင္ဖို႔ဆုံးျဖတ္ထားသည္။

ဒါေပမယ့္ ဒီၾကားထဲ႐ုတ္တရက္ထင္မွတ္မထားတဲ့ကိစၥကျဖစ္လာသည္။ သူေရွာင္းက်န့္ကိုေရွာင္ၿပီး တစ္ပတ္ေလာက္အထိ ေရွာင္းက်န့္ကသူ႕ကိုအရင္လိုပဲစကားလိုက္ေျပာ ဂ႐ုစိုက္ေပးေပမယ့္ အခုေနာက္ပိုင္းေရွာင္းက်န့္က အရင္လို သူ႕ကိုစိတ္ဆိုးေျပေအာင္ စေနာက္မေနသလို စကားမရွိစကားရွာၿပီးလည္းသူ႕ကိုလာမေျပာေတာ့ေပ။ အဲ့ဒီအစား ေက်ာင္းသူအသစ္နဲ႕သာ တပူးပူးတတြဲတြဲျဖင့္ တြဲသြားတြဲလားလုပ္ေနသည္။

သူျမင္လိုက္တဲ့အခါတိုင္းလည္း ႏွစ္ေယာက္သားကမိုးမျမင္ေလမျမင္ျဖင့္ ၾကည္ႏူးေပ်ာ္ပါးေနတတ္ၾကတာမို႔ သူပင္မျမင္ခ်င္ေယာင္ေဆာင္ၿပီး ေရွာင္ထြက္သြားရတဲ့အထိပင္။ သူနဲ႕တစ္အိမ္ထဲအတူေနၿပီး ေက်ာင္းသြားေက်ာင္းျပန္လည္း အတူဆိုေပမယ့္ ကားေပၚမွာလည္း ဘာစကားမွမေျပာသလို အိမ္ေရာက္ေတာ့လည္း သူတစ္ခြန္းကိုယ္တစ္ခြန္းကလြဲၿပီး က်န္တာမေျပာျဖစ္ၾကေပ။

သူတို႔ပုံစံကမသိရင္ အခုမွစၿပီးေတြ႕ဖူးတဲ့လူႏွစ္ေယာက္ အိမ္တစ္အိမ္ကိုမွ်သုံးေနၾကျခင္းႏွင့္တူေနေလသည္။ အခုဆိုသူနဲ႕ေရွာင္းက်န့္စကားမေျပာျဖစ္တာ တစ္လပင္ျပည့္ေတာ့မည္။ အရင္ကဆို သူနဲ႕ေရွာင္းက်န့္ရန္ျဖစ္ၿပီးစကားမ်ားရင္ေတာင္ အလြန္ဆုံးေန႕တစ္ဝက္ပဲစကားမေျပာၾကတာျဖစ္သည္။ ထိုေန႕ကေတာင္ သူ႕ဘက္ကအေၾကာတင္းတင္းျဖင့္ မာန္တင္းခံေနတာျဖစ္ၿပီး ေရွာင္းက်န့္ကေတာ့သူ႕အေနာက္ေတာက္ေလွ်ာက္လိုက္လို႔ သူ႕ကိုစကားျပန္မေျပာေျပာေအာင္ စေနာက္ေနတတ္တာျဖစ္သည္။

"မင္းနဲ႕ေရွာင္းက်န့္က ဘာျဖစ္ထားၾကတာလဲ။ ၾကည့္လည္းလုပ္ဦးေနာ္ ရိေပၚ။ အခုတေလာ ေရွာင္းက်န့္ကဟိုေက်ာင္းသူအသစ္ေကာင္မေလးနဲ႕ အရမ္းရင္းႏွီးေနသလိုပဲ။ တစ္ခါတစ္ေလေလာက္ေလး မင္းဘက္ကအေလွ်ာ့ေပးလိုက္ေပါ့ကြာ။ ေတာ္ၾကာ ေရွာင္းက်န့္ကစိတ္ကုန္သြားၿပီး.."

"ေဟ့ေကာင္ ေဟာက္႐ႊမ္း.. မသိပဲဘာေတြေလွ်ာက္ေျပာေနတာလဲ။ မင္းပါးစပ္ကိုေတာ့ အပ္နဲ႕ခ်ဳပ္ေပးမွရေတာ့မယ္ထင္တယ္"

ေရွ႕မၾကည့္ေနာက္မၾကည့္စြတ္ေျပာေနတဲ့ ေဟာက္႐ႊမ္းေၾကာင့္ က်င္းရီကအေျခအေနကိုထိန္းကာ ဝင္ေျပာလိုက္ရသည္။ ရိေပၚကေတာ့ထုံးစံအတိုင္း ကန္ေရျပင္လိုတည္ၿငိမ္ေနတဲ့မ်က္ႏွာမ်ိဳးျဖင့္သာ ထိုင္ေနသည္။ မသိရင္ ခုနကေဟာက္႐ႊမ္းေျပာလိုက္တဲ့စကားကို ဘာမွမၾကားဟန္ ဘာမွမခံစားရဟန္။ ရိေပၚက ေရွာင္းက်န့္အေပၚအရမ္းႀကီးခံစားခ်က္ေတြရွိမေနလို႔သာ ေတာ္ေသးေတာ့သည္။

"ငါတို႔... အတူအိပ္ခဲ့ၿပီးၿပီ"

"ဟမ္.."

"ဘာ.."

"ဘယ္လို.."

"ငါနဲ႕ေရွာင္းက်န့္ အတူအိပ္ခဲ့ၿပီးၿပီ။ အဲ့တာေၾကာင့္ သူနဲ႕ဟိုေက်ာင္းသူအသစ္နဲ႕ကိစၥက ဘယ္လိုမွျဖစ္နိူင္စရာအေၾကာင္းမရွိဘူး"

နားေထာင္ေနသူသုံးေယာက္ကသာ ပါးစပ္အေဟာင္းသားျဖင့္ တအံ့တၾသျဖစ္ေနၾကေပမယ့္ ေျပာျပေနသည့္ရိေပၚမွာေတာ့ မ်က္ႏွာတစ္ခ်က္ပင္ပ်က္မသြားေပ။ တစ္ေယာက္ထဲေရ႐ြတ္သလိုေျပာရင္း သူတို႔ဘက္ကိုလွည့္ၾကည့္လို႔ ခပ္ၿပဳံးၿပဳံးပင္ဆိုလာေသးသည္။ အခုရိေပၚရဲ႕ပုံစံက ေရွာင္းက်န့္နဲ႕သူနဲ႕က သက္ဆိုင္သူေတြျဖစ္ၿပီးသားမို႔ ဘယ္လိုကိစၥကိုမွဂ႐ုမစိုက္ဟန္ျဖင့္ သိပ္ၿပီးယုံၾကည္မႈျပည့္ဝေနပုံပင္။ ေရွာင္းက်န့္က ဘယ္ေတာ့မွသူ႕အေပၚမွာ စိတ္ကုန္သြားမွာမဟုတ္ေၾကာင္းလည္း တထစ္ခ်ကိဳယုံၾကည္ထားပုံပင္။

ဒီလိုက်ျပန္ေတာ့လည္း ရိေပၚလိုေအးစက္စက္ေရခဲတုံးက ေရွာင္းက်န့္အေပၚခံစားခ်က္ေလးရွိသားဆိုၿပီး ေတြးထင္ရျပန္သည္။ အဲ့တာေၾကာင့္ သူေဟာက္႐ႊမ္းကိုေျပာပါတယ္။ အတြဲေတြၾကားမွာ ဘာမွ​ေသခ်ာမသိပဲဝင္လွ်ာမရွည္ခ်င္စမ္းပါနဲ႕လို႔။

သူတို႔စကားေျပာေနရင္းႏွင့္ပင္ အတန္းထဲကြၽတ္စီကြၽတ္စီျဖင့္ တီးတိုးေျပာသံေတြက်ယ္ေလာင္လာတာမို႔ အခန္းဝကိုလွမ္းၾကည့္လိုက္ေတာ့ ႐ႊီယိလင္းရဲ႕ကိုယ္ေပၚမွာ ေရွာင္းက်န့္ရဲ႕ဂ်ာကင္အက်ီကိုထပ္ဝတ္ထားၿပီး ေရွာင္းက်န့္ကေတာ့ ႐ႊီယိလင္းရဲ႕ပခုံးကိုထိန္းကိုင္ကာ အခန္းထဲတစ္လွမ္းခ်င္းဝင္လာေလသည္။ သာမန္လူေတြဆို ဒီကိစၥကဘာမွမဟုတ္ေလာက္ေပမယ့္ ႐ႊီယိလင္းလိုေက်ာင္းသားေတြၾကားေရပန္းစားေနတဲ့ ေက်ာင္းသူသစ္ေလးနဲ႕ ေရွာင္းက်န့္လိုေက်ာင္းရဲ႕အေခ်ာဆုံးဂုဏ္ပုဒ္ရ ထိပ္တန္းေက်ာင္းသားေလးတို႔ျဖစ္ေနတာမို႔ ေဘးလူေတြကတအံ့တၾသနဲ႕ကိုလိုက္ၾကည့္ေနၾကေလသည္။

သူေရွာင္းက်န့္ကိုမယုံနိူင္စြာနဲ႕ လွမ္းၾကည့္လိုက္ေတာ့ ေရွာင္းက်န့္ကဘာကိစၥမွရွိမေနသလိုမ်ိဳးပင္ သူ႕ကိုၿပဳံးျပေနတာမို႔ ရိေပၚေဒါသစိတ္ေတြကိုၿမိဳသိပ္ရင္း လက္သီးႏွစ္ဖက္ကိုတင္းတင္းဆုပ္ထားမိသည္။

"နင္နဲ႕ေရွာင္းက်န့္ကႀကိဳက္ေနၾကၿပီလား ယိယိ။ ငါတို႔ကိုအမွန္တိုင္းေျဖေနာ္"

"မဟုတ္တာ.. ငါ့အက်ီေတြက ႐ႊံ႕ဗြက္ေတြစင္သြားလို႔ ေရွာင္းက်န့္ကသူ႕အက်ီကိုငွားေပးထားတာပါ။ နင္တို႔ထင္ေနသလိုမ်ိဳးမဟုတ္ဘူး"

ၾကားေနရတဲ့စကားသံေတြကို ၾကားခ်င္စိတ္မရွိေတာ့တာမို႔ ရိေပၚေက်ာပိုးအိတ္ကိုဆြဲယူရင္း အတန္းျပင္ကိုအျမန္ထြက္လာမိသည္။ နားထဲမွာလည္း ေဟာက္႐ႊမ္းေျပာတဲ့စကားေတြသာ အထပ္ထပ္အခါခါၾကားေယာင္လ်က္...။

ေရွာင္းက်န့္က တကယ္ပဲငါ့ကိုစိတ္ကုန္သြားၿပီလား....။


ဒါေလးကိုျမန္ျမန္ဇာတ္သိမ္းၿပီး အသစ္ေလးစရမလား ဒါမွမဟုတ္ ႏွစ္ခုလုံးကိုခြထိုင္လိုက္ရမလား(•̀ᴗ•́)و
Happy Eid Mubarak🤍🤍

Ga verder met lezen

Dit interesseert je vast

3.7K 251 14
แ€กแ€–แ€ผแ€ฐแ€…แ€„แ€บแ€†แ€ฏแ€ถแ€ธแ€กแ€แ€ปแ€…แ€บแ€แ€ญแ€ฏแ€ท แ€™แ€„แ€บแ€ธแ€‘แ€ถแ€•แ€ฑแ€ธแ€กแ€•แ€บแ€•แ€ซแ€แ€šแ€บ แ€›แ€พแ€ฑแ€ฌแ€„แ€บแ€ธแ€„แ€šแ€บ.........แ‹
2.5K 211 4
ยฟPorque la familia Watts se habรญa ido de California si eran tan felices ahรญ? ยฟque secreto ocultaban?
1.3M 67.1K 59
๐’๐œ๐ž๐ง๐ญ ๐จ๐Ÿ ๐‹๐จ๐ฏ๐žใ€ข๐๐ฒ ๐ฅ๐จ๐ฏ๐ž ๐ญ๐ก๐ž ๐ฌ๐ž๐ซ๐ข๐ž๐ฌ ใ€ˆ๐›๐จ๐จ๐ค 1ใ€‰ ๐‘ถ๐’‘๐’‘๐’๐’”๐’Š๐’•๐’†๐’” ๐’‚๐’“๐’† ๐’‡๐’‚๐’•๐’†๐’… ๐’•๐’ ๐’‚๐’•๐’•๐’“๐’‚๐’„๐’• โœฐ|| ๐‘บ๐’•๐’†๐’๐’๐’‚ ๐‘ด๏ฟฝ...