TYGW's Mr.Lucky (BL) [Myanmar...

By Comet222

175K 34K 546

This novel's not mine. I love to read this novel. So I translate for fun. Please support original author and... More

Chapter(61):ပိုအားျပင္းေသာ တြန္းအားေပးမႈ
Chapter(62):သံုးဖက္ျမင္ပံုရိပ္ ျမင္ကြင္းျပႆနာ
Chapter(63):စီမံခန္႔ခြဲေရးမွဴး ေပၚထြက္လာျခင္း-1
Chapter(63):စံမံခန္႔ခြဲေရးမွဴး ေပၚထြက္လာျခင္း-2
Chapter(64):မနာလို သဝန္တိုျဖစ္ျခင္း
Chapter(65):ျပင္းထန္ရက္စက္ေသာ ေကာလဟာလမ်ား-1
Chapter(65):ျပင္းထန္ရက္စက္ေသာ ေကာလဟာလမ်ား-2
Chapter(66):က်န္းမိသားစုက လံုျခံဳသြားၿပီ။-1
Chapter(66):က်န္းမိသားစုက လံုျခံဳသြားၿပီ။-2
Chapter(67):ခႏၶာကိုယ္ ျပန္လည္ေကာင္းမြန္လာမႈ-1
Chapter(67):ခႏၶာကိုယ္ ျပန္လည္ေကာင္းမြန္လာမႈ-2
Chapter(68):သူ႔အပိုင္-1 သူ့အပိုင်-1
Chapter(68):သူ႔အပိုင္-2 သူ့အပိုင်-2
Chapter(69):အဲ့ဒါ ေကာင္းတာေပါ့!-1
Chapter(69):အဲ့ဒါ ေကာင္းတာေပါ့!-2
Chapter(70):ငါ့သတို႔သားေလာင္း-1
Chapter(70):ငါ့သတို႔သားေလာင္း-2
Chapter(70):ဧည့္သည္မ်ားအား ဧည့္ခံျခင္း-3
Chapter(70):ဧည့္သည္မ်ားအား ဧည့္ခံျခင္း-4
Chapter(71):ေသြးေဆာင္ ဖ်ားေယာင္းႏိုင္တဲ့ ပစၥည္းအသစ္တစ္မ်ိဳး-1
Chapter(71):ေသြးေဆာင္ ဖ်ားေယာင္းႏိုင္တဲ့ ပစၥည္းအသစ္တစ္မ်ိဳး-2
Chapter(72):သူ႔ကို ေက်ာင္းပို႔ျခင္း-1
Chapter(72):သူ႔ကို ေက်ာင္းပို႔ျခင္း-2
Chapter(73):စြမ္းအင္ကတ္ကို အသက္သြင္းျခင္း-1
Chapter(73):စြမ္းအင္ကတ္ကို အသက္သြင္းျခင္း-2
Chapter(74):စိတ္႐ွဳပ္ေထြးေနၾကတဲ့ လူသံုးေယာက္-1
Chapter(74):စိတ္႐ွဳပ္ေထြးေနၾကတဲ့ လူသံုးေယာက္-2
Chapter(75):စိတ္ခြန္အားကို စစ္ေဆးျခင္း-1
Chapter(75):စိတ္ခြန္အားကို စစ္ေဆးျခင္း-2
Chapter(76):ဆရာ ေက်းဇူးျပဳၿပီး လက္ဖက္ရည္သံုးေဆာင္ပါ။-1
Chapter(76):ဆရာ ေက်းဇူးျပဳၿပီး လက္ဖက္ရည္သံုးေဆာင္ပါ။-2
Chapter(77):ကတ္လက္မႈ အတတ္ပညာ ေလ့က်င့္ခန္း-1
Chapter(77):ကတ္လက္မႈ အတတ္ပညာ ေလ့က်င့္ခန္း-2
Chapter(78):စြမ္းအင္ မ႐ွိဘူး။-1 စွမ်းအင် မရှိဘူး။-1
Chapter(78):စြမ္းအင္ မ႐ွိဘူး။-2 စွမ်းအင် မရှိဘူး။-2
Chapter(79):ေပါက္ကြဲထြက္မႈ ႏွစ္ခု!-1 ပေါက်ကွဲထွက်မှု နှစ်ခု!-1
Chapter(79):ေပါက္ကြဲထြက္မႈ ႏွစ္ခု-2! ပေါက်ကွဲထွက်မှု နှစ်ခု-2!
Chapter(80):႐ုပ္ဖ်က္ထားေသာ စိတ္စြမ္းအား-1
Chapter(80):႐ုပ္ဖ်က္ထားေသာ စိတ္စြမ္းအား-2
Chapter(81):အား႐ွန္းအတြက္ အထူးသီးသန္႔-1
Chapter(81):အား႐ွန္းအတြက္ အထူးသီးသန္႔-2
Chapter(82):ဝင္ခြင့္စာေမးပြဲ(I)-1 ဝင်ခွင့်စာမေးပွဲ(I)-1
Chapter(82):ဝင္ခြင့္စာေမးပြဲ(I)-2 ဝင်ခွင့်စာမေးပွဲ(I)-2
Chapter(83):ဝင္ခြင့္စာေမးပြဲ(II)-1 ဝင်ခွင့်စာမေးပွဲ(II)-1
Chapter(83):ဝင္ခြင့္စာေမးပြဲ(II)-2 ဝင်ခွင့်စာမေးပွဲ(II)-2
Chapter(84):ေနာက္ဆံုးမွာေတာ့ ဝင္ခြင့္ရခဲ့ၿပီ။-1
Chapter(84):ေနာက္ဆံုးမွာေတာ့ ဝင္ခြင့္ရခဲ့ၿပီ။-2
Chapter(85):အေစာပိုင္းကာလ ပထမဆံုး ေက်ာင္းတက္အေတြ႔အၾကံဳ-1
Chapter(85):အေစာပိုင္းကာလ ပထမဆံုး ေက်ာင္းတက္အေတြ႔အၾကံဳ-2
Chapter(86):ဆိုးရြားေသာ ပတ္ဝန္းက်င္-1
Chapter(86):ဆိုးရြားေသာ ပတ္ဝန္းက်င္-2
Chapter(87):ကမာၻမေၾက ရန္ဘက္ေတြ အၾကားက ျငင္းခံုမႈ-1
Chapter(87):ကမာၻမေၾက ရန္ဘက္ေတြ အၾကားက ျငင္းခံုမႈ-2
Chapter(88):အခန္းေဖာ္ အသစ္မ်ားနဲ႔ ေတြ႔ဆံုျခင္း-2
Chapter(89):သူငယ္ခ်င္း အသစ္မ်ားနဲ႔ မိတ္ဆက္ျခင္း
Chapter(90):တိုက္ခိုက္ေရး လမ္းၫႊန္မႈမ်ား-1
Chapter(90):တိုက္ခိုက္ေရး လမ္းၫႊန္မႈမ်ား-2
Chapter(91):ခက္ခဲေသာ ေလ့က်င့္ေရး-1

Chapter(88):အခန္းေဖာ္ အသစ္မ်ားနဲ႔ ေတြ႔ဆံုျခင္း-1

1.1K 210 4
By Comet222

Zawgyi

Chapter(88):အခန္းေဖာ္ အသစ္မ်ားနဲ႔ ေတြ႔ဆံုျခင္း-1

က်န္းေမာ့႐ွန္းနဲ႔ ေ႐ွာင္မုလန္တို႔တေတြ ထြက္သြားၿပီးတဲ့ေနာက္မွာ အေဆာင္ခန္း တစ္ခန္းလံုးထဲတြင္ ယြီဂ်င္လီ တစ္ေယာက္တည္းသာ က်န္ေနခဲ့တယ္။ အခုထိ ျပန္မေရာက္လာေသးတဲ့ တစ္ျခား အခန္းေဖာ္ႏွစ္ေယာက္အေၾကာင္းကို သူအရမ္းသိခ်င္စိတ္ ျပင္းျပေနမိၿပီးေတာ့ အဲ့ႏွစ္ေယာက္က ဘယ္သူေတြျဖစ္မလဲဆိုတာ မသိပါဘူး။

မေန႔တုန္းက သူအတန္း F မွာ မြန္းလြဲပိုင္းတစ္ပိုင္းလံုး တက္ခဲ့တာဆိုေပမဲ့ သူတစ္ေယာက္နဲ႔ တစ္ေယာက္ မသိခဲ့ၾကသလို ဘယ္အတန္းေဖာ္ႏွစ္ေယာက္က သူ႔အခန္းေဖာ္ျဖစ္လာၾကမလဲ ဆိုတာကိုလည္း သူမသိခဲ့ပါဘူး။

အဲ့အခ်ိန္မွာပဲ အေဆာင္တံခါးက ေနာက္တစ္ႀကိမ္ ထပ္မံပြင့္လာျပန္တယ္။ သူ႔အခန္းထဲမွာ႐ွိေနတဲ့ ယြီဂ်င္လီတစ္ေယာက္ အျပင္ဘက္မွ တစ္ခစ္ခစ္ရယ္ေမာသံေတြကို ၾကားလိုက္ရေတာ့ သူ႔အခန္းေဖာ္ႏွစ္ေယာက္ ျပန္ေရာက္လာၾကၿပီ ဆိုတာကို သူသိလိုက္ၿပီးေတာ့ အခန္းတံခါးကို အလ်င္အျမန္ ဖြင့္လိုက္ၿပီး အခန္းေဖာ္အသစ္ေတြကို ႏႈတ္ဆက္စကား ေျပာခ်င္ေနခဲ့တယ္။

႐ုတ္တရက္ တံခါးက တြန္းဖြင့္ခံလိုက္ရၿပီးေတာ့ အျပင္ဘက္က ရယ္ေမာသံေတြကလည္း ရပ္စဲသြားခဲ့တယ္။ ယြီဂ်င္လီနဲ႔ တျခားအခန္းေဖာ္ ႏွစ္ေယာက္တို႔ေတြက ဧည့္ခန္းကို ျဖတ္ၿပီး အခ်င္းခ်င္း စိုက္ၾကည့္ေနမိၾကတယ္။ အခ်ိန္ေတြ ရပ္တန္႔သြားသလိုမ်ဳိး စကၠန္႔အနည္းငယ္ေလာက္ တိတ္ဆိတ္သြားခဲ့တယ္။

"မင္းဘယ္သူလဲ? မင္းဘယ္လိုလုပ္ၿပီး ဒီမွာ႐ွိေနရတာလဲ?" လ်ဳိ႐ွင္းယဲ့တစ္ေယာက္ သူတို႔ရဲ႕အေဆာင္ခန္းထဲမွာ သူစိမ္းတစ္ေယာက္ကို ႐ုတ္တရက္ ျမင္လိုက္ရတာမို႔ မတတ္ႏိုင္ပဲ သတိႀကီးစြာ ေမးလိုက္မိတယ္။

သူ႔ေ႐ွ႕မွာ႐ွိေနတဲ့လူကို ၾကည့္ရတာ နည္းနည္းရင္းႏွီးေနသလိုပဲ။ လ်ဳိ႐ွင္းယဲ့တစ္ေယာက္ ယြီဂ်င္လီတစ္ကိုယ္လံုးကို အထက္ေအာက္ စုန္ဆန္ၾကည့္လိုက္ၿပီးေတာ့ တစ္ဖက္လူနဲ႔ သက္ဆိုင္မဲ့ အခ်က္အလက္ေတြကို သူ႔စိတ္ထဲမွာ ႐ွာေဖြၾကည့္လိုက္မိေပမဲ့လည္း ႐ွာေဖြမႈက က်ဆံုးသြားခဲ့တယ္။

"ငါ . . . ငါ့နာမည္က ယြီဂ်င္လီပါ။ ၿပီးေတာ့ ဆရာမက ငါ့ကို ဒီမွာေနဖို႔ေျပာခဲ့တာ။" ယြီဂ်င္လီက အသံတိုးတိုးေလးနဲ႔ စိတ္မသက္မသာျဖစ္စြာ ႐ွင္းျပလိုက္တယ္။

ယြီဂ်င္လီ? ယြီဂ်င္လီ! အဲ့ဒါက မေန႔က ေက်ာင္းေျပာင္းလာခဲ့တဲ့ ေက်ာင္းသားအသစ္နဲ႔ နာမည္အတူတူပဲ မဟုတ္ဘူးလား? လတ္စသတ္ေတာ့ သူျဖစ္ေနတာကို။ လ်ဳိ႐ွင္းယဲ့တစ္ေယာက္ ေနာက္ဆံုးမွာေတာ့ ဘာလို႔ ဒီလူကို ၾကည့္ရတာ ရင္းႏွီးေနပံုရသလဲဆိုတဲ့ အေၾကာင္းကို သတိရသြားခဲ့ပါၿပီ။

"လတ္စသတ္ေတာ့ မင္းက အသစ္ေျပာင္းလာတဲ့ အတန္းေဖာ္ျဖစ္ေနတာကို။ အားစု ေနာက္ဆံုးမွာေတာ့ ငါတို႔အေဆာင္ခန္းထဲမွာ တတိယေျမာက္အခန္းေဖာ္ ႐ွိလာခဲ့ၿပီ။ ၿပီးေတာ့ ငါတို႔ေတြအားလံုးက အတူတူေတြပဲ။" လ်ဳိ႐ွင္းယဲ့က စိတ္လႈပ္႐ွားစြာ ေျပာလိုက္တယ္။

သူတို႔ရဲ႕အတန္းထဲမွာ စုစုေပါင္း ေက်ာင္းသားအေယာက္ ႏွစ္ဆယ္႐ွိတယ္။ အေဆာင္ခန္းတစ္ခန္းဆီမွာ ေက်ာင္းသားသံုးေယာက္ ေနထိုင္ၾကတယ္။ သူတို႔ရဲ႕အေဆာင္ခန္း တစ္ခန္းထဲမွာသာ ေက်ာင္းသားႏွစ္ေယာက္တည္း ႐ွိေနတာပါ။ သူတို႔ေတြ ညဘက္မွာ landlord ဂိမ္း ကစားခ်င္ေနခဲ့တာ ဆိုရင္ေတာင္မွ စုစုေပါင္း သံုးေယာက္ထဲမွာ တစ္ေယာက္လိုေနဆဲပဲမို႔ ေဆာ့မကစားႏိုင္ခဲ့ပါဘူး။

အခုခ်ိန္မွာေတာ့ ေနထိုင္မဲ့ ေက်ာင္းသားသစ္တစ္ေယာက္ တိုးလာခဲ့ၿပီေလ။ သူတို႔ရဲ႕အေဆာင္ခန္းေလးက ေနာက္ဆံုးမွာေတာ့ ၿပီးျပည့္စံုသြားခဲ့ၿပီ။ ေနာက္က်ရင္ သူတို႔ေတြ landlord ဂိမ္းကို ေဆာ့လို႔ရၿပီ။

လ်ဳိ႐ွင္းယဲ့က ယြီဂ်င္လီရဲ႕ေရာက္႐ွိလာမႈကို ႀကိဳဆိုလိုက္ၿပီးေတာ့ သူ႔ကို မိတ္ဆက္ေပးလိုက္တယ္။ "ငါ့နာမည္က လ်ဳိ႐ွင္းယဲ့ မင္းငါ့ကို အားယဲ့လို႔ ေခၚလို႔ရတယ္။ ဒီစကားမေျပာတဲ့ တစ္ေယာက္နာမည္က လ်ဳိယြမ္စု။ မင္းသူ႔ကို အားစုလို႔ ေခၚလို႔ရတယ္။ ဒါနဲ႔ ငါမင္းကို ေ႐ွာင္လီဇီလို႔ ေခၚလို႔ရမလား? ဒီနာမည္က အရမ္း စိတ္ဝင္စားဖို႔ေကာင္းတယ္။"

ယြီဂ်င္လီက လ်ဳိ႐ွင္းယဲ့ရဲ႕အမည္တပ္ေခၚဆိုမႈကို မျငင္းပယ္ခဲ့ေပ။ အဆံုးမွာေတာ့ သူ႔မိသားစုကလည္းသူ႔ကို သစ္အယ္သီးေလးလို႔ေခၚရတာကို ႀကိဳက္ႏွစ္သက္တယ္ေလ။ သူဒါကို ေနသားက်ေနၿပီးၿပီ ျဖစ္တာမို႔ လ်ဳိ႐ွင္းယဲ့ကို ျပန္တံု႔ျပန္တဲ့အေနနဲ႔ ေခါင္းၿငိမ့္ျပလိုက္တယ္။

"ေ႐ွာင္လီဇီ မင္းဘာလို႔ ေက်ာင္းကို အရမ္းေနာက္က်မွ လာတက္ရတာလဲ? ေက်ာင္းစဖြင့္ေနတာ ႏွစ္လ႐ွိေနၿပီေလ။" လ်ဳိ႐ွင္းယဲ့က ​ေပါင္းသင္းဆက္ဆံရ လြယ္ကူတဲ့လူတစ္ေယာက္ ျဖစ္တာမို႔ မိနစ္အနည္းငယ္ေလးအတြင္းမွာတင္ တစ္ေယာက္နဲ႔တစ္ေယာက္ အခ်ိန္အၾကာႀကီးကတည္းက သိၿပီး ခင္မင္လာခဲ့ၾကတဲ့ သူငယ္ခ်င္းေတြလိုမ်ဳိး ယြီဂ်င္လီနဲ႔ ခင္မင္ရင္းႏွီးသြားခဲ့ၾကတယ္။

ယြီဂ်င္လီကလည္း ဒီေနရာမွာ သူ႔ရဲ႕ပထမဆံုးသူငယ္ခ်င္းေတြ ဖြဲ႔ႏိုင္ခဲ့တဲ့အတြက္ အရမ္းေပ်ာ္ရႊင္သြားမိတယ္။

"ဟုတ္လား? ငါမသိခဲ့ဘူး။ ငါ့အေမကငါ့ကို ေက်ာင္းတက္ခ်င္လားလို႔ ေမးခဲ့တာ။ ၿပီးေတာ့ ငါကလည္း တက္ခ်င္တယ္လို႔ ျပန္ေျဖလိုက္ေတာ့ ငါ့အေမကငါ့ကို ဒီေနရာဆီ ပို႔လိုက္တာပဲ။" ယြီဂ်င္လီက ႐ိုး႐ိုးသားသား ေျပာလိုက္ၿပီးေနာက္ အနည္းငယ္ လိမ္လည္လွည့္ဖ်ားတတ္တဲ့ ေလသံေလးနဲ႔ ေမးလိုက္တယ္။ "ငါအရင္တုန္းက ေက်ာင္းမတက္ဖူးလို႔ ဘယ္အခ်ိန္ ေက်ာင္းစဖြင့္လဲဆိုတာကို ငါမသိဘူး။ အခုခ်ိန္ ငါေက်ာင္းလာတက္လို႔ ရေသးလား?"

လ်ဳိ႐ွင္းယဲ့တစ္ေယာက္ အနည္းငယ္ အံ့အားသင့္သြားမိတယ္။ ယြီဂ်င္လီအရင္တုန္းက တစ္ခါမွ ေက်ာင္းမတက္ဖူးခဲ့ဘူး ဆိုတာကိုေတာ့ သူ မေမွ်ာ္လင့္ခဲ့မိေပမဲ့ သူ႔ကို ခ်က္ခ်င္း မနာလိုျဖစ္သြားမိတယ္။

သူကေလးဘဝကတည္းက စာသင္ၾကားရတာကို မႏွစ္သက္သလို ေက်ာင္းသြားရတာကိုလည္း မႀကိဳက္ပါဘူး။ ေက်ာင္းက အရမ္း ကန္႔သတ္ခ်ဳပ္ခ်ယ္လြန္းတယ္လို႔ သူအျမဲ ခံစားေနခဲ့ရတာျဖစ္တယ္။ ဒါေပမဲ့ သူ႔မိသားစုကေတာ့ သေဘာမတူခဲ့ၾကပါဘူး။ တကယ္လို႔ သူေက်ာင္းကို မသြားပဲ ေနရဲမယ္ဆိုရင္ သူ႔အေဖ႐ိုက္ႏွက္တာကို သူေသခ်ာေပါက္ ခံရမွာျဖစ္တယ္။ သူလိမ္လိမ္မာမာနဲ႔ ေက်ာင္းကို လာတက္ရံုသာ တတ္ႏိုင္ခဲ့တယ္။

အခုခ်ိန္မွာ တစ္စံုတစ္ေယာက္က အရင္တုန္းက တစ္ခါမွ ေက်ာင္းမတက္ခဲ့ဖူးဘူးလို႔ ေျပာစကားကို သူၾကားလိုက္ရေတာ့ လ်ဳိ႐ွင္းယဲ့တစ္ေယာက္ အမွန္တကယ္ကို မနာလိုျဖစ္သြားမိတယ္။ "ရတာေပါ့။ မင္းအခု ေရာက္လာခဲ့ၿပီပဲ မဟုတ္ဘူးလား?" လ်ဳိ႐ွင္းယဲ့က အျပံဳးေလးနဲ႔ ေျပာလိုက္တယ္။

ေထာက္ခံခ်က္ေပးတဲ့ ေနရာေတြ ႐ွိၾကတဲ့ ဒီမိသားစုေတြရဲ႕ ကေလးေတြအတြက္ သူတို႔ရဲ႕စိတ္စြမ္းအားက စမ္းသပ္ခ်က္ကို ေက်ာ္ျဖတ္ႏိုင္ေနသေရြ႕ ေက်ာင္းသြားဖို႔အတြက္ ေထာက္ခံခ်က္ေပးတဲ့ ေနရာေတြကို သူတို႔ေတြ အခ်ိန္မေရြး အသံုးျပဳလို႔ရႏိုင္တယ္ေလ။ ဘာပဲျဖစ္ျဖစ္ ေက်ာင္းက သူတို႔ေတြကို စြန္႔ပစ္ထားခဲ့ၿပီးၿပီ ျဖစ္ၿပီးေတာ့ သူတို႔ေတြက ကတ္လက္မႈပညာသည္ေတြ ျဖစ္လာၾကဖို႔ကိုလည္း မလိုအပ္ပါဘူး။ သူတို႔ရဲ႕ေကာလိပ္ဘဝကို သူတို႔ေတြ တည္တည္ၿငိမ္ၿငိမ္ ျဖတ္သန္းၿပီးေတာ့ ျပႆနာမ႐ွာသေရြ႕ ေနာက္ဆံုးမွာ သူတို႔ေတြ ဘြဲ႔ေအာင္လက္မွတ္ကို ရ႐ွိႏိုင္မွာျဖစ္တယ္။

"ဟုတ္တယ္။" ယြီဂ်င္လီက အသိစိတ္ ျပန္ဝင္လာရင္း တံု႔ျပန္လိုက္ၿပီးေတာ့ ေပါေၾကာင္ေၾကာင္ေလး ျပံဳးလိုက္မိတယ္။

လ်ဳိ႐ွင္းယဲ့ရဲ႕ အတန္းေဖာ္အသစ္ ယြီဂ်င္လီအေပၚထားတဲ့ ပထမဆံုးအျမင္က အေတာ္ေလး ေကာင္းမြန္တယ္။ အထူးသျဖင့္ တစ္ဖက္လူက အရမ္းၾကည့္ေကာင္းေနတဲ့ အခါမ်ဳိးမွာေပါ့။ ၿပီးေတာ့ သူက အရမ္းလည္း မ်က္စိဖမ္းစားႏိုင္တယ္ေလ။

"မင္းေန႔လယ္စာ စားၿပီးသြားၿပီလား? ငါတို႔ ေန႔လယ္စာစားဖို႔ ကန္တင္းကို သြားၾကမလား?" လ်ဳိ႐ွင္းယဲ့က ဖိတ္ေခၚလိုက္တယ္။

တစ္ဖက္လူက ဒီလိုေျပာလိုက္ေတာ့ ယြီဂ်င္လီတစ္ေယာက္ နည္းနည္း ဗိုက္ဆာလာသလို ခံစားလိုက္ရတယ္။ သူမနက္ခင္းတုန္းက ေစာေစာစားထားခဲ့တာ ျဖစ္တယ္။ အခုခ်ိန္က မြန္းတည့္ခ်ိန္ ျဖစ္ေနၿပီမို႔ ေန႔လယ္စာ စားရေတာ့မဲ့အခ်ိန္ ေရာက္ေနၿပီေလ။

က်န္းေမာ့႐ွန္း ဘာသြားလုပ္ေနသလဲဆိုတာကို ယြီဂ်င္လီ မသိပါဘူး။ ဒါေပမဲ့ သူတို႔ေတြ မြန္းလြဲခ်ိန္က်ရင္ ေနာက္တစ္ႀကိမ္ ျပန္ဆံုၾကမယ္လို႔ တစ္ဖက္လူက ေျပာထားခဲ့တာေၾကာင့္ ေန႔လယ္စာ အတူတူစားၾကဖို႔ဆိုတာက ျဖစ္ႏိုင္ေခ် မ႐ွိေတာ့ပါဘူး။

ယြီဂ်င္လီက က်န္းေမာ့႐ွန္းဆီကို သူ႔အခန္းေဖာ္ေတြနဲ႔ သြားစားေတာ့မယ္ဆိုတဲ့ အေၾကာင္းကို သူ႔ကိုေျပာျပဖို႔ မက္ေဆ့ခ်္အတိုခ်ဳပ္ ပို႔ေပးလိုက္တယ္။

ကတ္လက္မႈပညာသည္ အိပ္ေဆာင္ အေဆာက္အအံုဆီကို အေျပးလာေနတဲ့ က်န္းေမာ့႐ွန္းတစ္ေယာက္ ယြီဂ်င္လီရဲ႕မက္ေဆ့ခ်္ကို လမ္းတစ္ဝက္မွာ လက္ခံရ႐ွိလိုက္တယ္။ ဖတ္ၿပီးေနာက္မွာ သူရပ္လိုက္ၿပီးေတာ့ တျခားတစ္ဖက္ဆီ ခ်က္ခ်င္း စာျပန္လိုက္တယ္။

က်န္းေမာ့႐ွန္း : မ်ားမ်ားစား။ မြန္းလြဲက်ရင္ ေတြ႔မယ္။

ထို႔ေနာက္ သူျပန္လွည့္လာၿပီးေတာ့ တျခားဦးတည္ရာဘက္ဆီ သြားလိုက္ေတာ့တယ္။

က်န္းေမာ့႐ွန္းက ယြီဂ်င္လီရဲ႕အခန္းေဖာ္ေတြနဲ႔ ေန႔လယ္စာ အတူမစားခ်င္တာေၾကာင့္ မဟုတ္ေပ။ ဒါေပမဲ့ တစ္ဖက္လူက သူဘယ္သူလဲဆိုတာကို ျမင္သြားတာနဲ႔ခ်က္ခ်င္း ဒီေန႔လယ္စာကို ေကာင္းေကာင္းစားျဖစ္ေတာ့မွာ မဟုတ္ဘူးဆိုတာကို သူသိေနတာေၾကာင့္ ျဖစ္တယ္။

ေကာင္ငယ္ေလးက တျခားလူေတြနဲ႔ အတူတူေနထိုင္တာကို သူနည္းနည္း သဝန္တိုမိေသာ္ျငားလည္းပဲ သာမန္ေက်ာင္းသားဘဝကို ေကာင္ငယ္ေလးကို ခံစားေစခ်င္မိၿပီးေတာ့ အတန္းေဖာ္ေတြ၊ အခန္းေဖာ္ေတြနဲ႔ ေပါင္းသင္းဆက္ဆံေစခ်င္မိတယ္။

က်န္းေမာ့႐ွန္းရဲ႕ရည္ရြယ္ခ်က္ေတြကို အခုေလာေလာဆယ္မွာ ယြီဂ်င္လီ မသိေသးေပမဲ့ တစ္ဖက္လူဆီကေန ျပန္စာကို လက္ခံရ႐ွိလိုက္တာမို႔ သူအရမ္းေပ်ာ္ရႊင္မိတယ္။

"ကန္တင္းက အစားအစာေတြက အရသာ႐ွိလား?" ယြီဂ်င္လီက သူ႔ရဲ႕ light brain ကို ေဘးဖယ္ထားလိုက္ရင္း ေမးလိုက္တယ္။

"ဟင္းပြဲေတြကို ခ်က္ျပဳတ္ဖို႔ ေက်ာင္းက ပထမတန္းစား စားဖိုမွဴးတစ္ေယာက္ကို ငွါးရမ္းထားတယ္ေလ။ ဟင္းပြဲေတြ အမ်ဳိးမ်ဳိး႐ွိတယ္။ တကယ္လို႔ မင္းစိတ္မ႐ွိရင္ ငါမင္းကို အဲ့ဟင္းပြဲေတြကို စားၾကည့္ေစခ်င္တယ္။" လ်ဳိ႐ွင္းယဲ့က အျပံဳးေလးနဲ႔ ေျပာလိုက္တယ္။

"တကယ္လား? အဲ့ဒါဆိုရင္ ျမန္ျမန္သြားၾကစို႔။" အရသာ႐ွိတဲ့ အစားအစာေတြ႐ွိတယ္လို႔ ယြီဂ်င္လီတစ္ေယာက္ ၾကားလိုက္ရတာနဲ႔ခ်က္ခ်င္း သူတစ္ခါမွ မေရာက္ဖူးေသးတဲ့ ကန္တင္းကို ခ်က္ခ်င္း ပံုေဖာ္ေမွ်ာ္လင့္ေနမိတယ္။

"အားစု ငါတို႔ကန္တင္းမွာ သြားစားၾကေတာ့မလို႔။ မင္းေရာ သြားမွာလား?" လ်ဳိ႐ွင္းယဲ့က လ်ဳိယြမ္စုကို ေမးလိုက္တယ္။

"Um" လ်ဳိယြမ္စုက အရမ္း စိတ္အားထက္သန္မႈ မျပပဲ ေခါင္းအနည္းငယ္ ၿငိမ့္ရံုမွ်သာ ၿငိမ့္ျပလိုက္ေပမဲ့ ယြီဂ်င္လီကေတာ့ ဒီအခန္းေဖာ္ကို အေတာ္ေလး သေဘာက်မိေနဆဲ ျဖစ္တယ္။









Unicode

Chapter(88):အခန်းဖော် အသစ်များနဲ့ တွေ့ဆုံခြင်း-1

ကျန်းမော့ရှန်းနဲ့ ရှောင်မုလန်တို့တတွေ ထွက်သွားပြီးတဲ့နောက်မှာ အဆောင်ခန်း တစ်ခန်းလုံးထဲတွင် ယွီဂျင်လီ တစ်ယောက်တည်းသာ ကျန်နေခဲ့တယ်။ အခုထိ ပြန်မရောက်လာသေးတဲ့ တစ်ခြား အခန်းဖော်နှစ်ယောက်အကြောင်းကို သူအရမ်းသိချင်စိတ် ပြင်းပြနေမိပြီးတော့ အဲ့နှစ်ယောက်က ဘယ်သူတွေဖြစ်မလဲဆိုတာ မသိပါဘူး။

မနေ့တုန်းက သူအတန်း F မှာ မွန်းလွဲပိုင်းတစ်ပိုင်းလုံး တက်ခဲ့တာဆိုပေမဲ့ သူတစ်ယောက်နဲ့ တစ်ယောက် မသိခဲ့ကြသလို ဘယ်အတန်းဖော်နှစ်ယောက်က သူ့အခန်းဖော်ဖြစ်လာကြမလဲ ဆိုတာကိုလည်း သူမသိခဲ့ပါဘူး။

အဲ့အချိန်မှာပဲ အဆောင်တံခါးက နောက်တစ်ကြိမ် ထပ်မံပွင့်လာပြန်တယ်။ သူ့အခန်းထဲမှာရှိနေတဲ့ ယွီဂျင်လီတစ်ယောက် အပြင်ဘက်မှ တစ်ခစ်ခစ်ရယ်မောသံတွေကို ကြားလိုက်ရတော့ သူ့အခန်းဖော်နှစ်ယောက် ပြန်ရောက်လာကြပြီ ဆိုတာကို သူသိလိုက်ပြီးတော့ အခန်းတံခါးကို အလျင်အမြန် ဖွင့်လိုက်ပြီး အခန်းဖော်အသစ်တွေကို နှုတ်ဆက်စကား ပြောချင်နေခဲ့တယ်။

ရုတ်တရက် တံခါးက တွန်းဖွင့်ခံလိုက်ရပြီးတော့ အပြင်ဘက်က ရယ်မောသံတွေကလည်း ရပ်စဲသွားခဲ့တယ်။ ယွီဂျင်လီနဲ့ တခြားအခန်းဖော် နှစ်ယောက်တို့တွေက ဧည့်ခန်းကို ဖြတ်ပြီး အချင်းချင်း စိုက်ကြည့်နေမိကြတယ်။ အချိန်တွေ ရပ်တန့်သွားသလိုမျိုး စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားခဲ့တယ်။

"မင်းဘယ်သူလဲ? မင်းဘယ်လိုလုပ်ပြီး ဒီမှာရှိနေရတာလဲ?" လျိုရှင်းယဲ့တစ်ယောက် သူတို့ရဲ့အဆောင်ခန်းထဲမှာ သူစိမ်းတစ်ယောက်ကို ရုတ်တရက် မြင်လိုက်ရတာမို့ မတတ်နိုင်ပဲ သတိကြီးစွာ မေးလိုက်မိတယ်။

သူ့ရှေ့မှာရှိနေတဲ့လူကို ကြည့်ရတာ နည်းနည်းရင်းနှီးနေသလိုပဲ။ လျိုရှင်းယဲ့တစ်ယောက် ယွီဂျင်လီတစ်ကိုယ်လုံးကို အထက်အောက် စုန်ဆန်ကြည့်လိုက်ပြီးတော့ တစ်ဖက်လူနဲ့ သက်ဆိုင်မဲ့ အချက်အလက်တွေကို သူ့စိတ်ထဲမှာ ရှာဖွေကြည့်လိုက်မိပေမဲ့လည်း ရှာဖွေမှုက ကျဆုံးသွားခဲ့တယ်။

"ငါ . . . ငါ့နာမည်က ယွီဂျင်လီပါ။ ပြီးတော့ ဆရာမက ငါ့ကို ဒီမှာနေဖို့ပြောခဲ့တာ။" ယွီဂျင်လီက အသံတိုးတိုးလေးနဲ့ စိတ်မသက်မသာဖြစ်စွာ ရှင်းပြလိုက်တယ်။

ယွီဂျင်လီ? ယွီဂျင်လီ! အဲ့ဒါက မနေ့က ကျောင်းပြောင်းလာခဲ့တဲ့ ကျောင်းသားအသစ်နဲ့ နာမည်အတူတူပဲ မဟုတ်ဘူးလား? လတ်စသတ်တော့ သူဖြစ်နေတာကို။ လျိုရှင်းယဲ့တစ်ယောက် နောက်ဆုံးမှာတော့ ဘာလို့ ဒီလူကို ကြည့်ရတာ ရင်းနှီးနေပုံရသလဲဆိုတဲ့ အကြောင်းကို သတိရသွားခဲ့ပါပြီ။

"လတ်စသတ်တော့ မင်းက အသစ်ပြောင်းလာတဲ့ အတန်းဖော်ဖြစ်နေတာကို။ အားစု နောက်ဆုံးမှာတော့ ငါတို့အဆောင်ခန်းထဲမှာ တတိယမြောက်အခန်းဖော် ရှိလာခဲ့ပြီ။ ပြီးတော့ ငါတို့တွေအားလုံးက အတူတူတွေပဲ။" လျိုရှင်းယဲ့က စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်။

သူတို့ရဲ့အတန်းထဲမှာ စုစုပေါင်း ကျောင်းသားအယောက် နှစ်ဆယ်ရှိတယ်။ အဆောင်ခန်းတစ်ခန်းဆီမှာ ကျောင်းသားသုံးယောက် နေထိုင်ကြတယ်။ သူတို့ရဲ့အဆောင်ခန်း တစ်ခန်းထဲမှာသာ ကျောင်းသားနှစ်ယောက်တည်း ရှိနေတာပါ။ သူတို့တွေ ညဘက်မှာ landlord ဂိမ်း ကစားချင်နေခဲ့တာ ဆိုရင်တောင်မှ စုစုပေါင်း သုံးယောက်ထဲမှာ တစ်ယောက်လိုနေဆဲပဲမို့ ဆော့မကစားနိုင်ခဲ့ပါဘူး။

အခုချိန်မှာတော့ နေထိုင်မဲ့ ကျောင်းသားသစ်တစ်ယောက် တိုးလာခဲ့ပြီလေ။ သူတို့ရဲ့အဆောင်ခန်းလေးက နောက်ဆုံးမှာတော့ ပြီးပြည့်စုံသွားခဲ့ပြီ။ နောက်ကျရင် သူတို့တွေ landlord ဂိမ်းကို ဆော့လို့ရပြီ။

လျိုရှင်းယဲ့က ယွီဂျင်လီရဲ့ရောက်ရှိလာမှုကို ကြိုဆိုလိုက်ပြီးတော့ သူ့ကို မိတ်ဆက်ပေးလိုက်တယ်။ "ငါ့နာမည်က လျိုရှင်းယဲ့ မင်းငါ့ကို အားယဲ့လို့ ခေါ်လို့ရတယ်။ ဒီစကားမပြောတဲ့ တစ်ယောက်နာမည်က လျိုယွမ်စု။ မင်းသူ့ကို အားစုလို့ ခေါ်လို့ရတယ်။ ဒါနဲ့ ငါမင်းကို ရှောင်လီဇီလို့ ခေါ်လို့ရမလား? ဒီနာမည်က အရမ်း စိတ်ဝင်စားဖို့ကောင်းတယ်။"

ယွီဂျင်လီက လျိုရှင်းယဲ့ရဲ့အမည်တပ်ခေါ်ဆိုမှုကို မငြင်းပယ်ခဲ့ပေ။ အဆုံးမှာတော့ သူ့မိသားစုကလည်းသူ့ကို သစ်အယ်သီးလေးလို့ခေါ်ရတာကို ကြိုက်နှစ်သက်တယ်လေ။ သူဒါကို နေသားကျနေပြီးပြီ ဖြစ်တာမို့ လျိုရှင်းယဲ့ကို ပြန်တုံ့ပြန်တဲ့အနေနဲ့ ခေါင်းငြိမ့်ပြလိုက်တယ်။

"ရှောင်လီဇီ မင်းဘာလို့ ကျောင်းကို အရမ်းနောက်ကျမှ လာတက်ရတာလဲ? ကျောင်းစဖွင့်နေတာ နှစ်လရှိနေပြီလေ။" လျိုရှင်းယဲ့က ​ပေါင်းသင်းဆက်ဆံရ လွယ်ကူတဲ့လူတစ်ယောက် ဖြစ်တာမို့ မိနစ်အနည်းငယ်လေးအတွင်းမှာတင် တစ်ယောက်နဲ့တစ်ယောက် အချိန်အကြာကြီးကတည်းက သိပြီး ခင်မင်လာခဲ့ကြတဲ့ သူငယ်ချင်းတွေလိုမျိုး ယွီဂျင်လီနဲ့ ခင်မင်ရင်းနှီးသွားခဲ့ကြတယ်။

ယွီဂျင်လီကလည်း ဒီနေရာမှာ သူ့ရဲ့ပထမဆုံးသူငယ်ချင်းတွေ ဖွဲ့နိုင်ခဲ့တဲ့အတွက် အရမ်းပျော်ရွှင်သွားမိတယ်။

"ဟုတ်လား? ငါမသိခဲ့ဘူး။ ငါ့အမေကငါ့ကို ကျောင်းတက်ချင်လားလို့ မေးခဲ့တာ။ ပြီးတော့ ငါကလည်း တက်ချင်တယ်လို့ ပြန်ဖြေလိုက်တော့ ငါ့အမေကငါ့ကို ဒီနေရာဆီ ပို့လိုက်တာပဲ။" ယွီဂျင်လီက ရိုးရိုးသားသား ပြောလိုက်ပြီးနောက် အနည်းငယ် လိမ်လည်လှည့်ဖျားတတ်တဲ့ လေသံလေးနဲ့ မေးလိုက်တယ်။ "ငါအရင်တုန်းက ကျောင်းမတက်ဖူးလို့ ဘယ်အချိန် ကျောင်းစဖွင့်လဲဆိုတာကို ငါမသိဘူး။ အခုချိန် ငါကျောင်းလာတက်လို့ ရသေးလား?"

လျိုရှင်းယဲ့တစ်ယောက် အနည်းငယ် အံ့အားသင့်သွားမိတယ်။ ယွီဂျင်လီအရင်တုန်းက တစ်ခါမှ ကျောင်းမတက်ဖူးခဲ့ဘူး ဆိုတာကိုတော့ သူ မမျှော်လင့်ခဲ့မိပေမဲ့ သူ့ကို ချက်ချင်း မနာလိုဖြစ်သွားမိတယ်။

သူကလေးဘဝကတည်းက စာသင်ကြားရတာကို မနှစ်သက်သလို ကျောင်းသွားရတာကိုလည်း မကြိုက်ပါဘူး။ ကျောင်းက အရမ်း ကန့်သတ်ချုပ်ချယ်လွန်းတယ်လို့ သူအမြဲ ခံစားနေခဲ့ရတာဖြစ်တယ်။ ဒါပေမဲ့ သူ့မိသားစုကတော့ သဘောမတူခဲ့ကြပါဘူး။ တကယ်လို့ သူကျောင်းကို မသွားပဲ နေရဲမယ်ဆိုရင် သူ့အဖေရိုက်နှက်တာကို သူသေချာပေါက် ခံရမှာဖြစ်တယ်။ သူလိမ်လိမ်မာမာနဲ့ ကျောင်းကို လာတက်ရုံသာ တတ်နိုင်ခဲ့တယ်။

အခုချိန်မှာ တစ်စုံတစ်ယောက်က အရင်တုန်းက တစ်ခါမှ ကျောင်းမတက်ခဲ့ဖူးဘူးလို့ ပြောစကားကို သူကြားလိုက်ရတော့ လျိုရှင်းယဲ့တစ်ယောက် အမှန်တကယ်ကို မနာလိုဖြစ်သွားမိတယ်။ "ရတာပေါ့။ မင်းအခု ရောက်လာခဲ့ပြီပဲ မဟုတ်ဘူးလား?" လျိုရှင်းယဲ့က အပြုံးလေးနဲ့ ပြောလိုက်တယ်။

ထောက်ခံချက်ပေးတဲ့ နေရာတွေ ရှိကြတဲ့ ဒီမိသားစုတွေရဲ့ ကလေးတွေအတွက် သူတို့ရဲ့စိတ်စွမ်းအားက စမ်းသပ်ချက်ကို ကျော်ဖြတ်နိုင်နေသရွေ့ ကျောင်းသွားဖို့အတွက် ထောက်ခံချက်ပေးတဲ့ နေရာတွေကို သူတို့တွေ အချိန်မရွေး အသုံးပြုလို့ရနိုင်တယ်လေ။ ဘာပဲဖြစ်ဖြစ် ကျောင်းက သူတို့တွေကို စွန့်ပစ်ထားခဲ့ပြီးပြီ ဖြစ်ပြီးတော့ သူတို့တွေက ကတ်လက်မှုပညာသည်တွေ ဖြစ်လာကြဖို့ကိုလည်း မလိုအပ်ပါဘူး။ သူတို့ရဲ့ကောလိပ်ဘဝကို သူတို့တွေ တည်တည်ငြိမ်ငြိမ် ဖြတ်သန်းပြီးတော့ ပြဿနာမရှာသရွေ့ နောက်ဆုံးမှာ သူတို့တွေ ဘွဲ့အောင်လက်မှတ်ကို ရရှိနိုင်မှာဖြစ်တယ်။

"ဟုတ်တယ်။" ယွီဂျင်လီက အသိစိတ် ပြန်ဝင်လာရင်း တုံ့ပြန်လိုက်ပြီးတော့ ပေါကြောင်ကြောင်လေး ပြုံးလိုက်မိတယ်။

လျိုရှင်းယဲ့ရဲ့ အတန်းဖော်အသစ် ယွီဂျင်လီအပေါ်ထားတဲ့ ပထမဆုံးအမြင်က အတော်လေး ကောင်းမွန်တယ်။ အထူးသဖြင့် တစ်ဖက်လူက အရမ်းကြည့်ကောင်းနေတဲ့ အခါမျိုးမှာပေါ့။ ပြီးတော့ သူက အရမ်းလည်း မျက်စိဖမ်းစားနိုင်တယ်လေ။

"မင်းနေ့လယ်စာ စားပြီးသွားပြီလား? ငါတို့ နေ့လယ်စာစားဖို့ ကန်တင်းကို သွားကြမလား?" လျိုရှင်းယဲ့က ဖိတ်ခေါ်လိုက်တယ်။

တစ်ဖက်လူက ဒီလိုပြောလိုက်တော့ ယွီဂျင်လီတစ်ယောက် နည်းနည်း ဗိုက်ဆာလာသလို ခံစားလိုက်ရတယ်။ သူမနက်ခင်းတုန်းက စောစောစားထားခဲ့တာ ဖြစ်တယ်။ အခုချိန်က မွန်းတည့်ချိန် ဖြစ်နေပြီမို့ နေ့လယ်စာ စားရတော့မဲ့အချိန် ရောက်နေပြီလေ။

ကျန်းမော့ရှန်း ဘာသွားလုပ်နေသလဲဆိုတာကို ယွီဂျင်လီ မသိပါဘူး။ ဒါပေမဲ့ သူတို့တွေ မွန်းလွဲချိန်ကျရင် နောက်တစ်ကြိမ် ပြန်ဆုံကြမယ်လို့ တစ်ဖက်လူက ပြောထားခဲ့တာကြောင့် နေ့လယ်စာ အတူတူစားကြဖို့ဆိုတာက ဖြစ်နိုင်ချေ မရှိတော့ပါဘူး။

ယွီဂျင်လီက ကျန်းမော့ရှန်းဆီကို သူ့အခန်းဖော်တွေနဲ့ သွားစားတော့မယ်ဆိုတဲ့ အကြောင်းကို သူ့ကိုပြောပြဖို့ မက်ဆေ့ချ်အတိုချုပ် ပို့ပေးလိုက်တယ်။

ကတ်လက်မှုပညာသည် အိပ်ဆောင် အဆောက်အအုံဆီကို အပြေးလာနေတဲ့ ကျန်းမော့ရှန်းတစ်ယောက် ယွီဂျင်လီရဲ့မက်ဆေ့ချ်ကို လမ်းတစ်ဝက်မှာ လက်ခံရရှိလိုက်တယ်။ ဖတ်ပြီးနောက်မှာ သူရပ်လိုက်ပြီးတော့ တခြားတစ်ဖက်ဆီ ချက်ချင်း စာပြန်လိုက်တယ်။

ကျန်းမော့ရှန်း : များများစား။ မွန်းလွဲကျရင် တွေ့မယ်။

ထို့နောက် သူပြန်လှည့်လာပြီးတော့ တခြားဦးတည်ရာဘက်ဆီ သွားလိုက်တော့တယ်။

ကျန်းမော့ရှန်းက ယွီဂျင်လီရဲ့အခန်းဖော်တွေနဲ့ နေ့လယ်စာ အတူမစားချင်တာကြောင့် မဟုတ်ပေ။ ဒါပေမဲ့ တစ်ဖက်လူက သူဘယ်သူလဲဆိုတာကို မြင်သွားတာနဲ့ချက်ချင်း ဒီနေ့လယ်စာကို ကောင်းကောင်းစားဖြစ်တော့မှာ မဟုတ်ဘူးဆိုတာကို သူသိနေတာကြောင့် ဖြစ်တယ်။

ကောင်ငယ်လေးက တခြားလူတွေနဲ့ အတူတူနေထိုင်တာကို သူနည်းနည်း သဝန်တိုမိသော်ငြားလည်းပဲ သာမန်ကျောင်းသားဘဝကို ကောင်ငယ်လေးကို ခံစားစေချင်မိပြီးတော့ အတန်းဖော်တွေ၊ အခန်းဖော်တွေနဲ့ ပေါင်းသင်းဆက်ဆံစေချင်မိတယ်။

ကျန်းမော့ရှန်းရဲ့ရည်ရွယ်ချက်တွေကို အခုလောလောဆယ်မှာ ယွီဂျင်လီ မသိသေးပေမဲ့ တစ်ဖက်လူဆီကနေ ပြန်စာကို လက်ခံရရှိလိုက်တာမို့ သူအရမ်းပျော်ရွှင်မိတယ်။

"ကန်တင်းက အစားအစာတွေက အရသာရှိလား?" ယွီဂျင်လီက သူ့ရဲ့ light brain ကို ဘေးဖယ်ထားလိုက်ရင်း မေးလိုက်တယ်။

"ဟင်းပွဲတွေကို ချက်ပြုတ်ဖို့ ကျောင်းက ပထမတန်းစား စားဖိုမှူးတစ်ယောက်ကို ငှါးရမ်းထားတယ်လေ။ ဟင်းပွဲတွေ အမျိုးမျိုးရှိတယ်။ တကယ်လို့ မင်းစိတ်မရှိရင် ငါမင်းကို အဲ့ဟင်းပွဲတွေကို စားကြည့်စေချင်တယ်။" လျိုရှင်းယဲ့က အပြုံးလေးနဲ့ ပြောလိုက်တယ်။

"တကယ်လား? အဲ့ဒါဆိုရင် မြန်မြန်သွားကြစို့။" အရသာရှိတဲ့ အစားအစာတွေရှိတယ်လို့ ယွီဂျင်လီတစ်ယောက် ကြားလိုက်ရတာနဲ့ချက်ချင်း သူတစ်ခါမှ မရောက်ဖူးသေးတဲ့ ကန်တင်းကို ချက်ချင်း ပုံဖော်မျှော်လင့်နေမိတယ်။

"အားစု ငါတို့ကန်တင်းမှာ သွားစားကြတော့မလို့။ မင်းရော သွားမှာလား?" လျိုရှင်းယဲ့က လျိုယွမ်စုကို မေးလိုက်တယ်။

"Um" လျိုယွမ်စုက အရမ်း စိတ်အားထက်သန်မှု မပြပဲ ခေါင်းအနည်းငယ် ငြိမ့်ရုံမျှသာ ငြိမ့်ပြလိုက်ပေမဲ့ ယွီဂျင်လီကတော့ ဒီအခန်းဖော်ကို အတော်လေး သဘောကျမိနေဆဲ ဖြစ်တယ်။



Continue Reading

You'll Also Like

187K 19.2K 115
ဘာသာပြန်သူ - စွဲညို့အသင်း
2M 161K 47
"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "က်ဳပ္နာမည္ ေတာ္ဝင္ေယာက္်ား...
608K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...