ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼...

By AvocadojuiceO_2

66.2K 7.2K 498

Start date _ 15/3/2023 End date - I don't own this novel and cover art. Just a fan translation. All credit t... More

Synopsis
1
1 Zawgyi
2
2 Zawgyi
3
3 Zawgyi
4
4 Zawgyi
5
5 Zawgyi
6 Zawgyi
7
7 Zawgyi
8
8 Zawgyi
9
9 Zawgyi
10
10 Zawgyi
11
11 Zawgyi
12
12 Zawgyi
13
13 Zawgyi
14
15
16
17
18
Story Glory
19
20
21
22
23

6

2K 302 16
By AvocadojuiceO_2

⦅မရေရာသောမျှော်လင့်ချက်⦆

•••••••

အသံကအတော်ကိုနူးညံ့ညင်သာတယ်။ လုရွှမ်းရဲ့သန်မာတဲ့လက်တွေသာ သူ့ခါးကိုမဖက်ထားရင် ထင်ယောင်ထင်မှားတွေကြားနေတာလို့ ယဲ့ယောင်ထင်မိလိမ့်မယ်။

ယဲ့ယောင်ရှော့ခ်ရစွာ ခေါင်းလှည့်လိုက်ပြီး သူ့အနောက်၌ရပ်နေသော လုရွှမ်းရဲ့အကြည့်တွေနှင့်ဆုံသည့်အခါ သူ့အမူအရာကလုံးဝကိုသင်္ကာမကင်းဖြစ်လို့နေသည်။

လုရွှမ်းရဲ့အမူအရာက ဖော်မပြနိုင်စွာတစ်မူထူးခြားနေပြီး အပြုံးကိုချုပ်တည်းထားရသလို သူ့နှုတ်ခမ်းထောင့်လေးများကအပေါ်သို့မြင့်တက်ချင်ချင်ဖြစ်လို့နေသည်။ ဒါပေမယ့်ယဲ့ယောင်ရဲ့မယုံသင်္ကာအကြည့်နှင့်ဆုံပြီးနောက် ထိုအမူအရာကပျောက်ကွယ်သွားပြီး လုရွှမ်းရဲ့မျက်နှာမှာချက်ခြင်းပင် ပုံမှန်ပြန်ဖြစ်သွားတော့သည်။

"မင်းဘာပြောလိုက်တာလဲ?" ယဲ့ယောင်က မရေမရာမေးသည်။

"သေချာမကြားရဘူးလား? ဒါဆိုငါကကျယ်ကျယ်လေးပြောပေးမှာပေါ့" လုရွှမ်းကမျက်ခုံးပင့်လိုက်ကာ သူ့ရဲ့ချောမောပြီးမဆင်မခြင်အမူအရာက မည်သည့်လေးနက်မှု အရိပ်အယောင်မျှရှိမနေချေ။

လုရွှမ်းကအောက်ကို တစ်ချက်ငုံ့ကြည့်ကာ "မင်းရဲ့ညီလေးက ထကြွသောင်းကျန်းနေတယ်မလား? ငါမင်းကိုကူပြီး ဒီကလေးကိုသင်ခန်းစာပေး,ပေးမယ်လေ၊ မင်းတို့ညီအစ်ကိုကြားက ပဋိပက္ခကိုဖြေရှင်းပေးပြီး မင်းကိုဘယ်တော့မှ မဆန့်ကျင်ရဲအောင်လုပ်ပေးမယ်။ ဘာအရေးလဲ ဒီကောင်ကမင်းကို ဆိုးသွမ်းရဲသေးတာပဲလေ?"

ယဲ့ယောင် : "....."

ယဲ့ယောင် တုန်လှုပ်သွားတယ်။

သူတွေးထားတဲ့ အကောင်းဆုံးအခြေအနေမှာ လုရွှမ်းကသူ့ကိုလွတ်ပေးပြီး မမြင်ချင်ယောင်ဆောင်လိုက်တာပင်။ ပြီးတော့အနာဂတ်မှာသူတို့နှစ်ယောက်လုံး ဒီအကြောင်းကိုမပြောပဲ ထားခဲ့လိုက်ဖို့ပင်။

ဒါမှမဟုတ်လည်း လုရွှမ်းကိုသူအကြောင်းပြချက်တွေရှင်းပြနိုင်ပြီး လုရွှမ်းကဂရုမစိုက်၊ အရေးမကြီးဟန် ရယ်ပစ်လိုက်တာမျိုးပေါ့။

ဒါပေမယ့်မမျှော်လင့်ထားစွာပဲ လုရွှမ်းရဲ့တွေးခေါ်ပုံက သူ့ရဲ့စိတ်ကူးယဥ်တွေးထားတာထက်ကျော်လွန်နေပြီး အကြောင်းပြချက်ကိုတောင်မေးမနေပဲ သူ့ကိုကူပြီးသူ့ညီလေးကို တိုက်ရိုက်ဆုံးမချင်နေတယ်။

"ကလေးတွေကိုဆိုဆုံးမတဲ့အခါ အလွယ်တကူပင်ပန်းလွယ်တယ်၊ မင်းကိုကူဖို့ ငါရှိနေတာပဲလေ အဲ့အတွက်စိတ်မပူနဲ့" လုရွှမ်းကသူ့ဦးတည်ရာကို အနေအထားပြင်ပြီး ယဲ့ယောင်ကိုလက်မောင်းတွေထဲဖက်ထားကာ အနောက်ဆုတ်၍ ရပ်ကွက်လူမိုက်တွေလိုအမူအရာမျိုးနှင့် "အိုး အကြိမ်အနည်းငယ်လောက်ဆုံးမပြီးရင် သူအလျှော့ပေးလာပါလိမ့်မယ်"

ယဲ့ယောင်သူခေါ်တဲ့အတိုင်းလိုက်၍ ခြေနှစ်လှမ်းလောက်လှမ်းပြီးနောက် အသိအာရုံတွေရုတ်တရတ်ပြန်ရောက်လာပြီး သူ့ခြေလှမ်းတွေကိုရပ်လိုက်သည်။

သူဘာလုပ်နေတာလဲ၊ လုရွှမ်းကိုတကယ်ပဲကူခိုင်းစေချင်လို့လား?

လုရွှမ်းကသူ့ကို ညီအစ်ကိုလို့သဘောထားပြီး သူကတော့လုရွှမ်းကို ချစ်သူကောင်လေးအဖြစ်လိုချင်နေတယ်။ လုရွှမ်းကို ဒီလိုမျိုးအခွင့်ကောင်းယူလိုက်တာက တကယ်ကိုလူကြီးလူကောင်းမပီသဘူး။

"မဟုတ်ဘူး၊ သူ့ကိုဒီတိုင်းသူ့ဘာသာပဲထားလိုက်ပါ။ သူ့ဒေါသတွေပြေပျောက်သွားလိမ့်မယ်" လုရွှမ်းအာရုံစိုက်မနေစဥ် ယဲ့ယောင်လုရွှမ်းလက်ထဲမှ အလျင်အမြန်ထွက်ပြေးကာ အဝတ်တွေချွတ်ထားသည့်နေရာသို့ အမြန်နောက်ဆုတ်လိုက်သည်။ "မိသားစုရေးရာကိစ္စတွေက မင်းကိုမသက်မသာဖြစ်နေစေလိမ့်မယ်"

လုရွှမ်းသူ့ကို့ ထပ်ပြီးအပူမကပ်တော့အောင် သေချာရှင်းရှင်းလင်းလင်းလုပ်ခဲ့တယ်လို့ ယဲ့ယောင်ထင်လိုက်ပေမယ့် မမျှော်လင့်စွာပဲ လုရွှမ်းကအနောက်ကနေထပ်လိုက်လာ၍ ယဲ့ယောင်မှာလှည့်ပြီးခုခံဖို့ပဲတတ်နိုင်တော့သည်။

လုရွှမ်းဒီမကောင်းတဲ့အကောင်က မျှမျှတတမလုပ်ဘူး။ သူကယဲ့ယောင်ရဲ့ခါးကို လျှပ်စီးလိုအရှိန်နှင့် တို့ထိပြီးဆိတ်ဆွဲလိုက်တာကြောင့် ယဲ့ယောင်မှာထခုန်လုနီးပါးဖြစ်ရကာ သူ့ရဲ့လှုပ်ရှားမှုတွေကလည်း အားနည်းချက်တွေကို ထုတ်ဖော်ပြမိသွားတော့၏။

ထိုအချိန်အတိအကျမှာပဲ လုရွှမ်းကလက်ကိုလျင်မြန်စွာဆန့်ထုတ်၍ ထကြွနေတဲ့ဂျူနီယာလေးကို ဓားစာခံအဖြစ်ဆုပ်ကိုင်လိုက်ပြီး အစ်ကိုကြီးဖြစ်သူယဲ့ယောင်အား ခုခံနေတာရပ်ဖို့ ပြောလိုက်သည်။

“မင်းရဲ့မိသားစုရေးရာကိစ္စတွေကို ဂရုစိုက်ပေးတာက ဘာလို့ငါ့အတွက်မသက်မသာဖြစ်ရမှာလဲ? ငါတို့အတူတူအိပ်ပြီးနေပြီ။ မင်းအတွက်မင်းရဲ့ညီလေးကို ငါဆုံးမပေးတာက သဘာဝပဲလေ” လုရွှမ်းကအားရကျေနပ်စွာနှင့် ယဲ့ယောင်အားနောက်တစ်ဖန်ပွေ့ဖက်လိုက်ပေမယ့် မူလနေရာသို့ ယဲ့ယောင်အားပြန်မခေါ်သွားပေ။ အဲ့အစားသူက ယဲ့ယောင်နဲ့မျက်နှာချင်းဆိုင်ရပ်ကာ လက်တစ်ဖက်က'အငယ်ကောင်လေး'ကို ဓားစာခံအဖြစ်ကိုင်ထားပြီး နောက်တစ်ဖက်ကယဲ့ယောင်၏ခါးကို ရစ်ပတ်ထားလေကာ ယဲ့ယောင်ကိုထွက်ပြေးမည့် အခွင့်အရေးမှတားစီးလိုက်တော့၏။

“မင်း....ညစ်တီးညစ်ပတ်ကစားရတာကိုကြိုက်နေတာပဲ” ယဲ့ယောင်ရဲ့အသက်ရှူသံတွေက မတည်မငြိမ်ဖြစ်နေလေသည်။

“ဟမ့်” လုရွှမ်းက ဂုဏ်ယူစွာနဲ့ဝန်ခံသည်။

ယဲ့ယောင် ဘာဆိုဘာမှမပြောနိုင်တော့။ မျက်လုံးကိုမှိတ်လိုက်ပြီး တိတ်ဆိတ်နေဖို့သာရွေးလိုက်သည်။

သူကဘာတစ်ခွန်းမှ ဟမလာပေမယ့် လုရွှမ်းကတော့ပြောလေတယ်။ “ငါမင်းကိုလှည့်လိုက်တဲ့အချိန်မှာ ဘာလို့ထွက်ပြေးတာလဲ? ဒီအခြေအနေကိုကိုင်တွယ်ဖို့  အကောင်းဆုံးနည်းလမ်းက သေချာပေါက် ငါ့လက်ကိုပြဿနာ ဖြေရှင်းခွင့်ပေးလိုက်တာပဲ။ ညီအစ်ကိုကောင်းတွေက တစ်ယောက်နဲ့တစ်ယောက် ကူညီကြတယ်လေ။  မင်းအဲ့ဒါကိုမကြားဖူးဘူးလား?”

ယဲ့ယောင် ချက်ခြင်းပြန်မဖြေဘူး။ သူစကားမပြောခင် တစ်ခဏတိတ်ဆိတ်နေခဲ့ပြီး သူ့ရဲ့မူလကနှစ်လိုဖွယ်အသံလေးက ယခုတွင်အက်ကွဲနေလေ၏။ “...ငါကြားဖူးပေမယ့် မင်းသဘောကျမယ်မထင်လို့”

“ငါသဘောကျတာပေါ့” လုရွှမ်းကယဲ့ယောင်ရဲ့မျက်နှာလေးကို စိုက်ကြည့်ကာ သူ့ရဲ့သွယ်လျပြီးသန်မာသောလက်ချောင်းတွေက အနည်းငယ်တောင်ချန်လှပ်ထားခြင်းမရှိ ရှေ့တိုးနောက်ငင်ရွေ့လျားနေတယ်။ “ငါကဘာလို့သဘောမကျရမှာလဲ?”

ဘာလို့လဲဟုတ်လား? လုရွှမ်းက သေချာပေါက်ကို လိင်တူဆက်ဆံတာမုန်းတီးတဲ့အဖြောင့်ကောင်မို့လို့လေ။ လိင်တူချစ်တာကိုရွံရှာနေတဲ့ အဲ့လိုအဖြောင့်ကောင်တစ်ကောင်က ဒီလိုကိစ္စမျိုးမှာလိင်တူနဲ့ပါဝင်ပတ်သတ်နေမှာ ကြောက်မနေဘူးလို့ဘယ်သူများသိလဲ ပြီးတော့ အဲ့လိုလုပ်ဖို့တောင်ဆန္ဒရှိနေတယ်?

ယဲ့ယောင် အခုချိန်မှာအများကြီးမစဥ်းစားနိုင်ဘူး။ သူ့ရှေ့ရှိပုဂ္ဂိုလ်ကလုရွှမ်းလို့တွေးနေသရွေ့ သူ့အသိစိတ်တွေက လွတ်ထွက်နေတယ်။

သူတိတ်တဆိတ်ချစ်နေတဲ့လူက သူတောင့်တနေရတဲ့ နောက်ထပ်သောအထိအတွေ့တွေကို သူ့ထံပေးအပ်နေလေတယ်။

ယဲ့ယောင်ရဲ့နက်မှောင်ရှည်လျားသော မျက်တောင်မွေးလေးတွေက နှိုးဆွပေးမှုကြောင့် တဆတ်ဆတ်တုန်နေပြီး တုန်တုန်ယင်ယင်ရပ်နဲ့နေရသဖြင့် သူ့ခန္ဓာကိုယ်ကယိမ်းယိုင်နေလေတယ်။ တစ်စုံတစ်ရာအားကိုင်၍ထောက်ရပ်ရန် သူ့လက်ကိုမသိစိတ်အရ မြှောက်လိုက်ပေမယ့် လေထဲမှာပဲတစ်ဖန် တောင့်ခဲသွားရပြန်သည်။

လုရွှမ်းကယဲ့ယောင်ရဲ့ခါးလေးကို လွှတ်ပေးလိုက်ပြီး လေထဲရပ်တန့်နေတဲ့လက်ကိုဆွဲလှည့်ပြီး သူ့ပုခုံးပေါ်တင်လိုက်သည်။

ဒီနည်းက သူတို့ကိုပိုတောင်နီးကပ်သွားစေတယ်။

ယဲ့ယောင်မျက်လုံးတွေကိုမှိတ်လိုက်တယ်၊ လုရွှမ်းကသူ့ရှေ့ရှိလူကို ပြောင်ပြောင်တင်းတင်းပင်စိုက်ကြည့်နေကာ သူ့မျက်လုံးတွေထဲရှိစိတ်လှုပ်ရှားမှုတွေနဲ့ မီးတောက်လိုစိတ်အားထက်သန်မှုတွေကိုတော့ မည်သူမှတွေ့မြင်နိုင်မည်မဟုတ်။

သူအရင်ကတစ်ခါမှမမြင်ဖူးခဲ့သည့် ယဲ့ယောင်ရဲ့အပြုအမူတွေက သူ့မျက်စိရှေ့မှောက်၌ ပို၍ပို၍ပေါ်ပေါက်လာသည်။ ယဲ့ယောင်၏အနီရောင်နှုတ်ခမ်းလေးတွေက အနည်းငယ်ဟသွားရကာ အတွင်းထဲမှသွားဖြူဖြူလေးများအား ရေးရေးမျှမြင်နေရပြီး သူ့ရဲ့ကြုတ်ထားသောမျက်ခုံးတွေက ဘာနာကျင်မှုမှမရှိကြောင်းပြနေပေမယ့်လည်း ပြောမပြနိုင်လောက်အောင်တော့သာယာနေသည့်ပုံပင်။

ယဲ့ယောင်ရဲ့အေးစက်စက်စိတ်နေစိတ်ထားမှာ အဝေးသို့ဆေးကြောခံလိုက်ရပြီး သူ့ရဲ့မျက်နှာအသွင်အပြင်မှာ နေရောင်အောက်၌ပွင့်လန်းလာသည့် ပန်းပွင့်လေးတစ်ပွင့်လို အလွန်ပင်ခမ်းနားထည်ဝါနေလေ၏။

မည်သည့်အရောင်မှမစွန်းထင်နေသောပန်းပွင့်လေးမှာ ယခုတွင်တော့လောကီရေးရာအရောင်တို့ဖြင့် ဆေးဆိုးခံလိုက်ရပြီ။

သူ့လက်တွေရဲ့အောက်မှာ လှလှပပပွင့်လန်းနေခဲ့လေပြီပင်။

*

ယဲ့ယောင် မျက်လုံးတွေကိုနောက်တစ်ဖန်ဖွင့်လိုက်သည့်အခါ သူ့ရဲ့စိတ်ဝိညာဥ်တစ်ခုလုံး လေထဲလွင့်မြောနေသလိုပင်။ သို့ပေမယ့်လုရွှမ်းရဲ့လက်တွေကို ငုံ့ကြည့်လိုက်သည့်အခါမှာတော့ သူ့ရဲ့စိတ်ဝိညာဥ်လေးမှာ  သူ့နေရာသူရှက်ကိုးရှက်ကန်းဖြင့် ချက်ခြင်းပြန်ရောက်လာသည်။

ဘုရားရေ၊ လုရွှမ်းကသူ့ညီလေးကို အဲ့လိုမျိုးကိုင်ထားနေတုန်းပဲဟ!

ယဲ့ယောင်တောင့်တင်းစွာနှင့် တစ်ရှူးစက္ကူကိုအလျင်အမြန်သွားယူလိုက်ပြီး “ငါမင်းကိုသုတ်ပေးမယ်”

“ရပါတယ်” လုရွှမ်းကခေါင်းယမ်းလိုက်ကာ ယဲ့ယောင်လက်ထဲမှတစ်ရှူးကိုယူလိုက်ပြီး သူ့အပိုင်မဟုတ်တဲ့အဖြူရောင်အရည်တွေကို ဖြည်းညင်းစွာသုတ်လိုက်သည်။ သူကယဲ့ယောင်ကိုကြည့်နေရင်း နှုတ်ခမ်းတွေကအပေါ်သို့ကွေးတက်သွားကာ “အမှုထမ်းရှောင်လုရဲ့ ဝန်ဆောင်မှုကို ကျေနပ်ပါရဲ့လားခင်ဗျာ?”

ယဲ့ယောင် “...ကျေနပ်တယ်”

လုရွှမ်းမျက်နှာပေါ်က အပြုံးမှာပိုလို့တောင်ကြီးလာကာ “ဒါဆိုအနာဂတ်မှာ ဘော့စ်ကကျွန်တော့်ကို ပိုကောင်းတာပြန်ပေးဖို့သတိရနော်”

ယဲ့ယောင် “.....”

“ဒီအကြွေးကနေ ထွက်ပြေးချင်တယ်လို့တော့ ငါ့ကိုမပြောဘူးမလား?” သန့်ရှင်းပြီးသွားတဲ့လုရွှမ်းက ယဲ့ယောင်ရဲ့လည်ပင်းကို သူ့လက်တွေနဲ့ဖမ်းကိုင်ကာ သရော်ပြီး ယဲ့ယောင်ရဲ့ခေါင်းကိုအနီးသို့ဆွဲယူလိုက်ကာ အသံနိမ့်နိမ့်ဖြင့်ဆိုလေသည်။ “တစ်ယောက်နဲ့တစ်ယောက် ကူညီရမယ်ဆိုတာ သိတယ်မလား?”

သူတို့ကြားကအကွာအဝေးကကျဥ်းမြောင်းလာတော့ အသိဝင်လာသည့်ယဲ့ယောင်မှာ လုရွှမ်း၌လည်း တစ်စုံတစ်ခုမှားနေပြီဖြစ်ကြောင်း တွေ့ရှိသွားတော့သည်။

မှားယွင်းနေတယ်လို့ခံစားရတဲ့နေရာက သူ့ဝမ်းဗိုက်အောက်ပိုင်းမှာပင်။

လုရွှမ်းမိသားစုရဲ့ မျိုးဆက်အငယ်လေးက ဘာလို့အခုချိန်မှာထကြွသောင်းကျန်းနေရတာလဲ၊ ဒီပတ်ဝန်းကျင်လေထုက ကူးစက်နိုင်တာများလား?

ဒါအမှန်ပါပဲ၊ တကယ်တမ်းမှာ သူသက်တောင့်သက်သာရှိနေတာမြင်တော့ လုရွှမ်းလည်း အဲ့ဒါကိုစမ်းကြည့်ဖို့မစောင့်နိုင်တာကြောင့် အရမ်းစိတ်လှုပ်ရှားနေခဲ့တယ်။ ဒါကအတော်လေးကို ပုံမှန်ဖြစ်ပုံပါပဲ။

ဒီမြင်ကွင်းက ယဲ့ယောင်တကယ်ကို ကောင်းကောင်းဖြေရှင်းနိုင်တဲ့အရာမဟုတ်ပေ။ ယဲ့ယောင်ရဲ့ရှက်ကိုးရှက်ကန်းနဲ့ မယုံကြည်နိုင်သောစိတ်ခံစားချက်တွေမှာ တစ်လှိုင်းပြီးတစ်လှိုင်းတက်လို့လာသည်။ သူကစိတ်ကိုတည်ငြိမ်အောင်လျှော့ချပြီး လက်ကိုဆန့်ထုတ်လိုက်ကာ “အမ် ငါမင်းကိုကူပေးမယ်”

ယဲ့ယောင်ရဲ့လက်က ပုံမှန်အတိုင်းတည်ငြိမ်မနေပဲ အနည်းငယ်တွန့်ဆုတ်နေရကာ ပိုင်ရှင်၏စိတ်ခံစားချက်တွေလို လက်ထိပ်ဖျားလေးတွေက နောက်တွန့်နေလေ၏။

သို့သော်လည်း သူ့လက်ကလမ်းတစ်ဝက်မှာတင် ကြားဖြတ်ခံလိုက်ရသည်။

“ကိစ္စမရှိဘူး” လုရွှမ်းကပြောသည်။

ယဲ့ယောင် ခဏလောက်ကြက်သေ,သေသွားသည်။ သူ့ခံစားချက်တွေက ရှုပ်ထွေးနေခဲ့ကာ မျက်လုံးတွေကိုအောက်စိုက်ကြည့်၍ မျက်နှာတည်နဲ့သာသူ့လက်ကို ပြန်ဆွဲယူဖို့ကြိုးစားလိုက်သည်။ “ဟမ်း”

လက်က အဖမ်းခံလိုက်ရပြန်သည်။ သူ့ကိုကိုင်ထားတဲ့လူက ပျော်ရွှင်နေသည့်ဟန်ပန်ဖြင့်

“မင်းအခုငါ့ဆီမှာ အကြွေးတင်သွားပြီ၊  အချိန်တန်ရင် ငါဒါကိုပြန်လာယူမှာ” လုရွှမ်းကယဲ့ယောင်လက်ကို ကိုင်၍အရှေ့သို့လျှောက်သွားသည်။“မဟုတ်ရင် မင်းကငါတို့ကျေသွားပြီဆိုပြီး နောက်တစ်ခေါက်ဆိုတာမရှိတော့ဘူးလို့ တွေးကောင်းတွေးနေမှာ။ ငါမင်းကိုပြောမယ်...”

ယဲ့ယောင်ရဲ့နှလုံးခုန်နှုန်းက မြန်ပြီးရင်းမြန်လာသည်။ လုရွှမ်းကယဲ့ယောင်ကို လှည့်ကြည့်ကာ မျက်ခုံးပင့်လိုက်ပြီး ကျေနပ်အားရတဲ့အပြုံးတစ်ခုကို လှစ်ဟပြလာသည်။

“မဖြစ်နိုင်တာ”

ဒီလိုကောင်းတဲ့အရာက ဘယ်လိုလုပ်ရှိနေရတာလဲ?

မရေရာတဲ့မျှော်လင့်ချက်လေးတစ်ခု ကောင်းကင်ပေါ်ကနေ သူ့ခေါင်းပေါ်ပြုတ်ကျလာရင် သူ့အလိုတွေမပြည့်မှာစိုးရတယ်။ အဲ့ဒါကြောင့် တစ်ခါတလေမှပဲ သူ့အပေါ် အများကြီးကောင်းပေးရမလား?

*

သူတို့ရေချိုးခန်းမှ ပြန်ရောက်လာသည့်အခါ နဘေး၌ရွှင်ပြနေသော လုရွှမ်းနဲ့ယှဥ်ရင် ယဲ့ယောင်မှာ မိန်းမောလို့နေသည်။

“ရေချိုးအဆောက်အအုံမှာ ပထမဆုံးအကြိမ်ရေချိုးရတာ ဘယ်လိုနေလဲ?” လုရွှမ်းက ယဲ့ယောင်ပုခုံးပေါ် လက်မောင်းတစ်ဖက်တင်လိုက်ကာ “မြောက်ပိုင်းမှာရေချိုးတာကို လက်ခံနိုင်ပြီလား?”

ယဲ့ယောင် နှုတ်ခမ်းကိုတင်းတင်းစေ့ထားကာ ဘာစကားမှမပြော။

ယဲ့ယောင် ပြန်မဖြေရင်တောင် လုရွှမ်းအတွက်ကိစ္စမရှိ၊ အခုချိန်တွင် ယဲ့ယောင်ကို သူ့လက်မောင်းတွေထဲပွေ့ဖက်ထားပြီး သူ့နှလုံးသားတစ်ခုလုံးက ကျေနပ်အားရမှုတွေနှင့်အပြည့်ဖြစ်နေပြီပင်။

"ငါတို့ဘယ်တော့ထပ်သွားကြဦးမလဲ?” လုရွှမ်းကမေးတယ်။

ယဲ့ယောင် တစ်ခဏတိတ်ဆိတ်နေပြီးနောက် ခေါင်းယမ်းလိုက်တယ်။

ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကို ရှင်းလင်းစေဖို့အတွက်မေးလာခဲ့လျှင် လုရွှမ်းနဲ့ ရေချိုးအဆောက်အအုံကို သူဘယ်တော့မှသွားချင်တော့မှာ မဟုတ်လောက်ဘူး။

“လုရွှမ်း မင်းဘာလုပ်နေလဲဆိုတာ မင်းသိလား?” ယဲ့ယောင်မေးလိုက်သည်။

“ဘာဖြစ်လို့လဲ?” ကျီစယ်ပြုံးကိုချိတ်ဆွဲ၍ အရိုးခံမျက်နှာပေးလေးနှင့်လုရွှမ်းမှာ ယဲ့ယောင်ရဲ့အမူအရာကိုကြည့်ပြီး သူ့လက်ကိုယဲ့ယောင်ရဲ့ပုခုံးကိုဖက်ထားရာမှ ယဲ့ယောင်၏လက်ဆီသို့ပြောင်း၍ ဆုပ်ကိုင်ထားလိုက်သည်။ “ဘာဖြစ်လို့လဲ ငါတို့က best friendတွေလေ”

*

ညသန်းခေါင်ယံတွင် ယဲ့ယောင်အိပ်ရာပေါ်တစ်ယောက်တည်းလဲလျောင်းရင်း အတွေးနက်နေလေတယ်။

...... ဒါကဘယ်လိုအဖြောင့်ကောင်ရဲ့ သီအိုရီကြီးလဲ?

သူတို့မှာ ချစ်သူကောင်မလေးတွေမရှိရင် သူငယ်ချင်းနှစ်ယောက်က အချင်းချင်းရိုင်းပင်းကူညီကြတယ်။ သူလည်းအဖြောင့်တစ်ယောက်ဖြစ်ခဲ့တုန်းက ဒီစကားကိုကြားခဲ့ပေမယ့် အဲ့တုန်းကလှောင်ပြောင်သရော်ခဲ့ဖူးသည်။

တစ်ခြားသူတွေဘာလုပ်လုပ် သူသိပ်ပြီးဂရုမစိုက်ပေမယ့် သူကတော့သူ့သူငယ်ချင်းနဲ့ အဲ့ဒါကိုဘယ်လိုနည်းနဲ့မှ လုပ်မှာမဟုတ်ဘူး။

အခုသူလည်းဖြောင့်ရာမှ ဂေးသွားပြီဖြစ်၍ ဒီဖြစ်ရပ်ကို မျက်နှာဖြတ်ရိုက်ခံလိုက်ရစွာ  လက်ခံလိုက်ပြီပင်။ ဒါပေမယ့်လုရွှမ်းကရော?

လိင်တူချစ်ခြင်းကို အလွန့်အလွန်ရွံရှာနေတဲ့ လုရွှမ်းလိုအဖြောင့်ကောင်ကလည်း  လိင်တူနှစ်ယောက်ကြားက ကျူးကျူးလွန်လွန်အပြုအမူတွေကို လက်ခံနိုင်တာပဲလား။ သူကအရမ်းကိုဖြောင့်လွန်းတာကြောင့်လား၊ ဒါမှမဟုတ်သူလည်း ...... တိတ်တိတ်ပုန်းဂေးနေလို့များလား?

သူနဲ့လုရွှမ်း နှစ်တွေအများကြီးသူငယ်ချင်းဖြစ်ခဲ့ပေမယ့် သူ့ရဲ့အတွေးအခေါ်တွေက အတော်ကွာခြားတာကြောင့် လုရွှမ်းရဲ့လုပ်ရပ်တွေအားလုံးနောက်ကွယ်မှ ရည်ရွယ်ချက်ကိုသူနားမလည်နိုင်ပေ။

ယဲ့ယောင်ထိုအကြောင်းတွေကိုတွေးရင်း စောင်ခေါင်းမြီးခြုံလိုက်သည်။ အဲ့ဒီနောက် အစွမ်းထက်လှပါသောBaiduတွင် အကူအညီရှာရန်ဖုန်းကို ဖွင့်လိုက်တော့သည်။

တစ်စုံတစ်ယောက်က ယဲ့ယောင်သိချင်နေတဲ့မေးခွန်းကို တကယ်ကြီးမေးထားတယ်:

【ငါကြိုက်နေတဲ့ ယောက်ျားလေးအဖြောင့်သူငယ်ချင်းက ဂေးတွေကိုမုန်းနေတာကွာ၊ ဒါပေမယ့် သူကငါ့ကိုသူ့လက်တွေနဲ့'အဲ့ဒီဟာ'ကို ဖြေရှင်းပေးသွားတယ် ...... အဲ့ဒါကသိမ်မွေ့နက်နဲတယ်လို့ပြောရင် လူတိုင်းနားလည်မယ်ထင်တယ်! ငါအရမ်းပျော်တာပဲ၊ သူကသိပ်မဖြောင့်တာများဖြစ်နိုင်လား?】

ထိုအောက်တွင် အဖြေအနည်းငယ်ရှိလေတယ်:

【ဟယ်လို၊ သူကမင်းကွေးနေမှန်းသိရင် မင်းကိုရိုက်နေလောက်ပြီ။ မင်းကအဖြောင့်လို့သူထင်နေရင်တော့ အဲ့ဒါဆိုဒါကသာမန်သူငယ်ချင်းအပြုအမူပဲ။ အဲ့ဒါကြောင့်အများကြီးတွေးမနေနဲ့။】

【နည်းနည်းလောက်လက်ဆင့်ကမ်းပြောရရင် ဒါကအဖြောင့်တစ်ယောက်ဖြစ်နေသေးရုံပဲ၊ အကွေးကောင်ကဖြောင့်ချင်ယောင်ဆောင်နေတာ၊ မင်းနဲ့သူ့မျက်နှာကိုငါထိုးပစ်မယ်】

【ပြောဖို့တော့ခက်တယ်၊ သူကတိတ်တိတ်ပုန်းကွေးနေတာလည်း ဖြစ်နိုင်ခြေရှိသလို ဖြောင့်နေတာလည်းဖြစ်နိုင်တယ်၊ အဲ့ဒါကြောင့်အကုန်တွေးမနေနဲ့၊ မင်းဘာလို့ထပ်မကြိုးစားတော့တာလဲ? ဥပမာကွာ သူ့ကိုဂေးဘားသွားဖို့ခေါ်လိုက်၊ သူဘယ်လိုတုန့်ပြန်လဲကြည့်】

【...... အဖြောင့်? ဝေါဟာရတွေနဲ့ပတ်သတ်ပြီး ငါနားလည်မှုလွဲနေခဲ့တဲ့ တစ်ခုခုများရှိနေတာလား?】

ယဲ့ယောင် ချင့်ချိန်စဥ်းစားကြည့်သည်။

လုရွှမ်းကိုဂေးဘားခေါ်သွားဖို့ မေးနေစရာမလို။ သူကိုယ်တိုင်လည်းမသွားချင်သလို လုရွှမ်းကိုလည်း ထိုသို့သောနေရာမျိုးကို မသွားစေချင်ဘူး။ အဲ့နေရာကအရမ်းထူးဆန်းတယ်။

အဲ့ဒီတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့  တစ်ခြားနူးနူးညံ့ညံ့နည်းလမ်းတွေကို ကြိုးစားကြည့်တာပေါ့။ ဥပမာ  ယောက်ျားလေးသူငယ်ချင်းနှစ်ယောက် အချင်းချင်းသဘောကျနေကြကာ အဆုံးမှာတော့နှစ်ယောက်သားကွဲကွာသွားကြပြီး နောင်တရစွာလွဲချော်သွားသည့်အကြောင်းကို သိမ်သိမ်မွေ့မွေ့ဇာတ်ကွက်တွေနဲ့ ရိုက်ထားတဲ့ ထွက်ထားတာမကြာသေးသော ရုပ်ရှင်ကိုကြည့်ဖို့ လုရွှမ်းကိုပြောရမယ်၊။

ဒီလိုမရှင်းမလင်းဇာတ်ကွက်မျိုးကို လုရွှမ်းဘယ်လိုကြည့်မလဲ သိချင်မိတယ်။

လုရွှမ်းက ဂေးတွေကိုမနှစ်သက်မှန်း ယဲ့ယောင်သိသည်၊ ဒါပေမယ့် သူ, သူ့ကိုသိလာတဲ့ကာလပတ်လုံး လိင်တူစုံတွဲနှင့်ရင်ဆိုင်တွေ့ရသည့်အခါ လုရွှမ်းရဲ့တုံ့ပြန်ပုံကိုတော့ သူတစ်ခါမှမမြင်ဖူးခဲ့ပေ။

ဒါ့အတွက်အကြောင်းအရာက ရိုးရှင်းပါတယ်: သူတို့စတွေ့ဆုံကတည်းက လုရွှမ်းနဲ့ဆက်သွယ်ဖူးသည့် ဂေးတွေမှာ လုရွှမ်းကိုကြိုက်တာကြောင့်၊ ဒါမှမဟုတ်သူ့ကိုကြိုက်နေတာကြောင့်ပင်။ သူတို့တွေအကုန်လုံး လုရွှမ်းရဲ့ကောင်းတဲ့ဘက်ခြမ်းကို တစ်ခါမှမမြင်ဖူးလိုက်ပေ။ တစ်ဖက်တွင်လည်း တစ်ခြားဂေးစုံတွဲတွေက လုရွှမ်းနဲ့အနီးကပ် အဆက်မဆံမလုပ်ကြပေ။

မနက်ဖြန် လုရွှမ်းနဲ့ရုပ်ရှင်သွားကြည့်မယ်။

လုရွှမ်းသာ တိတ်တိတ်လေးဂေးနေတယ်ဆိုရင် ဖြစ်နိုင်လောက်လား ......

ယဲ့ယောင် နှုတ်ခမ်းကိုစေ့ကာ ဖုန်းကိုပိတ်လိုက်ပြီး ခေါင်းပေါ်ခြုံထားတဲ့စောင်ကို ဆွဲချလိုက်သည်။ အဲ့ဒီနောက် မှောင်ရီဝိုးတဝါးထဲ သူ့အပေါ်တွင်တိုက်ရိုက်ငုံ့ကြည့်နေတဲ့မျက်နှာတစ်ခုကို တွေ့လိုက်ရလေ၏။

ယဲ့ယောင်ယောင် မျက်ခုံးတောင်မပင့်ပဲ ထိုမျက်နှာကိုအဝေးသို့ရောက်အောင် တွန်းထုတ်လိုက်သည်။

“ငါ့ကိုခြောက်ဖို့ စောင့်နေတာလား?” ယဲ့ယောင်မေးလိုက်တယ်။

လုရွှမ်းက ယဲ့ယောင်လက်ကိုကိုင်လိုက်ကာ “ငါမင်းကိုမခြောက်ပါဘူး၊ မင်းပဲဒီညတစ်ယောက်ထဲနေချင်တယ်ဆိုလို့ ငါလိုက်လျောပြီး ဘာဆူညံသံမှမလုပ်ဘူးလေ”

ဟုတ်ပါတယ်၊ ဒီနေ့ကအရမ်းစိတ်လှုပ်ရှားပြီး သူတစ်ယောက်တည်းနေချင်ကြောင်း လုရွှမ်းကိုပြောထားတာကြောင့် ဒီညအိပ်ရာပေါ်၌ ယဲ့ယောင်တစ်ယောက်တည်းအိပ်နေတာပင်။

လုရွှမ်းရဲ့အိပ်ရာက ...... သူ့အိပ်ရာရဲ့ညာဘက်တွင်ရှိပြီး သူတို့အိပ်သည့်ပုံစံဦးတည်ရာကတူလေသည်။ အဲ့ဒါကြောင့် ယဲ့ယောင်တစ်ယောက်တည်းအိပ်ရင်တောင် လုရွှမ်းနဲ့လက်တစ်လှမ်းအကွာထက်မပိုပေ။

မနက်ဖြန်ကအားလပ်ရက်ဖြစ်၍ ရှောင်ပန်နဲ့ဝမ်ခဲ့က တစ်ညလုံးကစားရန် အင်တာနက်ကဖေးသို့သွားကြပြီး တစ်ခြားသူတွေကိုစကားပြောရင်း နှောင့်ယှက်နေမှာစိုးရိမ်စရာမလိုပေ။

လုရွှမ်းရဲ့ကျီစယ်နေတဲ့လေသံက ပျောက်ကွယ်သွားပြီး “အမှောင်ထဲမှာဖုန်းသုံးမနေနဲ့၊ မင်းမျက်လုံးအတွက်မကောင်းဘူးလေ။ ဖုန်းဆော့ချင်တယ်ဆိုရင်လည်း ငါမီးဖွင့်ပေးမယ်”

ယဲ့ယောင်ရဲ့လက်က ဆုပ်ကိုင်ထားခံရ၍  နွေးထွေးနေကာ သူကတိုးတိုးလေးပြန်ပြောလိုက်သည်။ “မဖွင့်နဲ့ ငါအချက်အလက်တစ်ချို့ ရှာနေရုံပဲ”

လုရွှမ်းကကျေနပ်သွားပုံရကာ သူ့လက်ကိုယဲ့ယောင်ရဲ့ပါးလွှာသည့် မျက်ခွံလေးတွေပေါ်တင်၍ ယဲ့ယောင်ကိုမျက်လုံးလေးတွေနှိပ်နယ်ပေးကာ တစ်ချိန်တည်းမှာပဲသူက စတင်ဆူပူတော့သည်။

“မင်းဒါကိုတွေးတောင်မတွေးနဲ့နော်၊ တကယ်လို့ မင်းကအသက်၁၀၀လောက်ရှိတဲ့အခါ မျက်နှာတွေကိုသေချာမမြင်နိုင်တော့ပဲ တစ်ခြားလူအိုကြီးတွေကို ငါလို့မှတ်ပြီးအိမ်ခေါ်သွားခဲ့ရင် ငါတော့အဲ့လူအိုကြီးတွေနဲ့ ရန်သွားဖြစ်ရတော့မလားပဲ? မင်းအသက်ကြီးလာရင် မကောင်းတဲ့သက်ရောက်မှုတွေရှိလာမှာ ငါအရမ်းစိုးရိမ်တယ်”

“......” ယဲ့ယောင်ဆွံ့အသွားသည်။ “အဲ့ဒါအယ်လ်ဇိုင်းမားမှမဟုတ်တာ၊ ငါဘယ်လိုလုပ်မင်းမျက်နှာကိုမှားမှာလဲ၊ အများဆုံးမင်းရဲ့သားကိုပဲ မင်းလို့မှားမိလိမ့်မယ်”

လုရွှမ်းရဲ့လက်က ခဏရပ်သွားပြီးနောက် ထိုအစားယဲ့ယောင်ရဲ့ပါးက အသားစိုင်လေးတွေကိုဖိညှစ်နေလေသည်။ ယခုလေးတင် ကောင်းမွန်နေခဲ့တဲ့သူ့လေသံက တစ်ဖန်အေးစက်သွားလေတယ်။ “ကောင်းပြီ၊ မင်းမှာအခွင့်အရေးရှိမှာမဟုတ်ဘူး”

လုရွှမ်းကရပ်ကာ ထရပ်လိုက်သည်။ “တစ်ရက်လောက်လေးငါနဲ့အတူမအိပ်တာနဲ့ပဲ မင်းကပေါက်ကရတွေစပြောနေပြီပဲ။ အိုကေ ငါ့ကိုလျစ်လျူရှုနေတာရပ်လိုက်တော့၊ ငါတိတ်တိတ်လေးနေပြီး ဒီညလည်းငါတို့အတူတူအိပ်ကြမယ်လေနော်”

ယဲ့ယောင်ရဲ့ကန့်ကွက်မှုတွေက ပယ်ချခံလိုက်ရပြီး တစ်ယောက်အိပ်ကုတင်လေးကို လုရွှမ်းနဲ့မျှသုံးဖို့ရာ အတင်းအကြပ်ခိုင်းစေခံလိုက်ရ၏။

ရင်းနှီးသည့်ပွေ့ဖက်မှုထဲ ယဲ့ယောင်နောက်တစ်ဖန်နစ်မြှုပ်သွားခဲ့ပြန်သည်။ ဒီအိပ်ရာသည် လူနှစ်ယောက်အိပ်စက်ရန်ရည်ရွယ်ထားသကဲ့သို့ အရာအားလုံးကပုံမှန်အတိုင်း ပြန်ဖြစ်သွားလေတော့၏။


×××××××
Thanks for Reading


29.4.2023

တစ်ချို့နေရာလေးတွေ သိပ်နားမလည်လို့အဆင်ပြေသလိုတော့ပြန်ပေးထားပါတယ်။

Continue Reading

You'll Also Like

303 104 25
A short love story I hope y'all will enjoy.
461K 51.6K 61
ကြီးမားတဲ့ပြောင်းလဲမှုတွေနဲ့ ပိုပြီးကြီးမားတဲ့လှည့်ကွက်တွေ ဇာတ်ကြောင်းတစ်ခုထဲက နောက်ထပ်ဇာတ်ကြောင်းတစ်ခု သူဟာပိုပြီးလှလာဖို့ ပိုပြီးဆွဲဆောင်မှုရှိလာဖ...
3.7M 292K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...