သူ့အန်တီ

By rachel_mai33

68.3K 2.3K 126

အန်တီ မျက်တောင်တစ်ချက်ခတ်လျှင်ကို သူ့အချစ်တွေတိုးရပါတယ် ။ More

အခန်း-၁
အခန်း-၁
ဇာတ်သိမ်းပိုင်း
ဇာတ်သိမ်းပိုင်း
သင်္ကြန်လက်ဆောင်
အခန်းပို- ၁
အခန်းပို-၂
အခန်းပို-၂
အခန်းပို-၃
အခန်းပို-၃
...
come back par
let's fri

အခန်းပို-၁

1.7K 31 2
By rachel_mai33

ညစာစားပြီးတည်းက သူ့မနက်အစည်းအဝေးအတွက် စာရွက်စာတန်းတွေကိုသေချာလိုက်စစ်ရသည် ။မနက်ကျရင် အဆင့်သင့်ဖြစ်စေဖို့ ညတည်းကပြီးမှဖြစ်မည် ။

လက်တော့နှင့်အလုပ်လုပ်နေတုန်း သူ့ပေါင်ပေါ်အတင်းတိုးထိုင်ကာ တစောင်းအနေအထားနှင့်လည်တိုင်တွေကိုဖက်တွယ်လာသည့် အန်တီ ။

"ဘာဖြစ်လို့လဲဟင် အန်တီ "

ကျောပြင်အားလက်တစ်ဖက်ဖြင့်ဖက်ထားပေးရင်း လည်တိုင်လေးကြားတစ်ချက်နမ်းရှိုက်ကာမေးတော့ သူ့ရင်ခွင်ထဲကနေမော့ကြည့်၍ခေါင်းယမ်းပြသည် ။

"ဟင့်အင်း တို့ကိုအာရုံမစိုက်နဲ့ ။သူ့အလုပ်ကိုသာလုပ်ပါ "

လည်တိုင်ကြားထဲအတင်းတိုးဝင်ကာနှုတ်ခမ်းလွှာလေးတွေနှင့် ဖွဖွနမ်းသည့် အန်တီ ။ထိုနှုတ်ခမ်းတွေက လည်ပင်း ညှပ်ရိုးနေရာတွေကိုလည်း တတိတိကိုက်လိုက် နှုတ်ခမ်းနှစ်လွှာတွင်း ဟပ်ယူလိုက်နှင့် ။

အန်တီ့ရဲ့ဒီအပြုအမူကို မြင်ရုံနှင့်ဘာဖြစ်နေတာလဲ သူသိတယ် ။ဒီလိုအချိန်တွေဆီ အနားကနေမခွာကပ်တက်သည့်အမျိုးသမီး ။သူ့အနားကို အရမ်းကပ်သည် ။

"သူ့ ရေနွေးအိပ်ကပ်ပေးရအုံးမလား? "

"ဟင့်အင်း "

ရင်ခွင်ထဲကနေ သူ့အင်္ကျီကော်လံစကိုကိုင်ကာ ခေါင်းတွေခါယမ်း ဖြေသည် ။အန်တီဒီလိုမျိုးဖြစ်နေရင် သူ့အကြိုက်ဆုံးဘဲ ။လတိုင်းလတိုင်း ဒီအမျိုးသမီးကလူကိုကလေးလေးလို တွယ်ကပ်နေတက်တာ ဒီလိုရက်ပိုင်းလေးတွေမှာဘဲ ရှိတာ ။

တခြားရက်တွေရဲ့ လူကြီးဆန်တက်တဲ့ အန်တီ ။အရှက်ကြီးတက်တဲ့ အန်တီ့ကိုလည်း ချစ်သလို ။ပွတ်သီပွတ်သပ် အန်တီ့ကိုလည်း တမျိုးလေးအူတွေယားပြီး ချစ်သည် ။

"ဘာစားချင်တာ ရှိလဲဟင် ။တစ်ခုခုပေါ့ "

"တော်ပြီ ။တို့ကို အာရုံမစိုက်ပါနဲ့လို့ဆိုနေ သူ့အလုပ်မပြီးသေးဘူးမဟုတ်လား? "

"အင်း ။ခဏစောင့်နော် သူ့အလုပ်တွေအပြီးသတ်လိုက်မယ် "

"ဟုတ် "

ကလေးလေးတွေလိုပြန်ဖြေနေတဲ့အန်တီ့အား အသည်းယားလွန်း၍လက်တစ်ဖက်ဖြင့်ကိုယ်လုံးလေးအားဖျစ်ညစ်ကာ အလုပ်မှာအာရုံစိုက်ရတော့သည် ။

အန်တီကသာ အာရုံမစိုက်နဲ့ပြောနေတာ သူမလုပ်ပုံက သူ့အလုပ်ထဲကို လုံးဝအာရုံမရ ။ရှေ့က လက်တော့မှန်ပြင်ကို မြင်ရစေရန် ပခုံးတစ်ဖက်မှာဘဲစောင်းမှီပေးရင်း ထိုပခုံးသားတွေကို နှာခေါင်းဖျားနှင့်နမ်း၍တဖုံ ပါးစပ်ဖြင့်ကိုက်၍တမျိုး အမျိုးမျိုးကလိနေသည် ။

ရှပ်အင်္ကျီပေါ်မှတဆင့် လက်ချောင်းနုနုလေးတွေနှင့် သူ့ဗိုက်သားတွေကို ဖြတ်လျှောက်သွားချိန်မှာတော့ ဘယ်လိုမှထိန်းမထားနိုင်တော့ ။ပေါင်ပေါ်ကနေ သူမစိတ်တိုင်းကျကစားနေသည့် အန်တီ့ရဲ့မေးရိုးတွေကို အုပ်ကိုင်ပြီး နှုတ်ခမ်းပါးစိုအိအိလေးကို ဆွဲငုံ့ပစ်လိုက်သည် ။

"အွင့် သူ့"

အထဲကပန်းရောင်ပြေပြေ
လျှာလေးကိုပါ တိုးဝင်ယူပြီးသွားနှင့် မနာအောင်ကိုက်သည် ။အကြာကြီးနမ်းနေရာမှ လက်မောင်းတွေကို နာနာပုတ်လာသည့် အန်တီကြောင့် သုံးစက္ကန့်မျှလွှတ်ပေးပြီး ပြန်နမ်းဖို့အလုပ်မှာ ကိုယ့်နှုတ်ခမ်းတွေပေါ် ဒေါင်လိုက်ကျလာသည့် အန်တီ့လက်ညိုး ။

"ထိန်းအုံး ကလေးမလေး ။မရဘူး..အ့ "

လာစတဲ့ အမျိုးသမီးကို အသည်းတွေယားလွန်းလို့ ပါးစပ်နားက သူမလက်ညိုးကို ဆက်ခနဲ့ ကိုက်ပစ်လိုက်တယ် ။

"အပြစ်ပေးတာ ။သူ့ကို လာကလိလို့ "

သဘောတကျတခစ်ခစ်ရီနေသည့်အန်တီကို ဒူးခေါင်းတွေကြားလက်ထိုးပြီးပွေ့ချီတော့ လည်တိုင်တွေကိုအမိအရလှမ်းဖက်သည် ။

"မင်းနားမှာငြိမ်ငြိမ်လေးဘဲနေနေတာလေ ။အဲ့ဒါကို ဘာလို့ဒီအိပ်ရာပေါ်လာချပေးတာလဲ "

အိပ်ရာပေါ်ချပေးတော့နှုတ်ခမ်းတစ်စူစူနှင့် မျက်ခုံးတွေကျုံ့ထားရင်း ပြောသည် ။ငြိမ်ငြိမ်လေးနေနေတာကလည်းနော် ။သူ့စိတ်တွေကိုထိန်းထားရလို့သာ ။ဒီအမျိုးသမီး ဟာလေ..။

"သူ့ အန်တီအိပ်မှ အလုပ်ပြန်လုပ်မယ်လေ။အန်တီနဲ့အတူတူ အိပ်ပေးမလို့ "

ထိုအခါမှပြုံးလာကာ အနားဝင်အိပ်သည့်သူ့ရင်ခွင်ထဲအတင်းတိုးလာသည် ။ခေါင်းကိုပွတ်သပ်ပေးနေရာမှ အန်တီကတစ်စုံတစ်ခုကိုသတိရသည့်အလား သူ့ကိုမော့ကြည့်လာကာ..

"သူ့မာမီရော နေမကောင်းဖြစ်တာ
သက်သာရဲ့လား ။တို့သွားလို့က ဒီရက်ပိုင်းအဆင်မပြေဘူး ။ကျောင်းကလည်း ကလေးတွေကစာမေးပွဲနားနီးတော့တာဆိုတော့လေ "

"မာမီက သွေးတိုးရှိလို့ပါ ။မနေ့ကမှ သူ့ကုမ္မဏီကအပြန်အိမ်ဝင်ခဲ့သေးတယ် ထူထူထောင်ထောင်ပါပဲ ။အစားမှားသွားလို့ဖြစ်တာလေ "

"ဒီတစ်ပတ်နားရက်ကျတော့ တို့ကိုလိုက်ပို့ပေးအုံး ။မုန့်တစ်ခုခုဝယ်ပြီး သွားရအောင်လို့ "

"ဟုတ်ပါပြီ ။သူ့လိုက်ပို့ပေးမယ်နော် ။ခုတော့ အိပ်ပျော်အောင်အိပ်လိုက်အုံး ။အန်တီပင်ပန်းတယ် "

"ဒီတိုင်းအိပ်မှာနော် "

သူ့ခါးအားလက်ဖြင့်တိုးဖက်ရင်း ရင်ခွင်ထဲကနေမျက်လုံးကြည်ကြည်လေးတွေကမော့၍ပြောနေသည် ။နဖူးပြင်အားတစ်ချက်နှုတ်ခမ်းဖြင့်ဖိကပ်နမ်းရသည် ။

"အင်း ။ဒီတိုင်းပဲအိပ် ။သူ့အန်တီနဲ့တူတူအိပ်ပေးမယ် "

ဘယ်တုန်းထဲက ဖြုတ်ခံထားရမှန်းမသိတဲ့အပေါ်ကြယ်သီးတစ်လုံးကြောင့် လည်တိုင်ကိုရှင်းရှင်းလင်းလင်းမြင်ရသည့်နေရာဆီ အန်တီက ပြုံးပြုံးလေးလုပ်ကာ တိုးလာပြန်သည် ။သူ့ခေါင်းတွေကိုမော့ထားကာ အန်တီ့ရဲ့ဆံပက်တွေပေါ် မေးတင်ထားရ၏ ။

မအိပ်ခင်ထိ လည်တိုင်မှာ တရွရွလုပ်နေတဲ့ အမျိုးသမီးကြောင့်သူ့မှာစိတ်တွေကိုအတော်တင်းထားရသည် ။

ခဏလောက်ကြာမှ လည်တိုင်ဆီက ခံစားမိလာတဲ့အသက်ရှူသံမှန်မှန်လေး ။လက်မောင်းမှ အန်တီ့ခေါင်းရဲ့အလေးချိန်ပိုတိုးလာသည် ။လည်တိုင်ကခပ်လှုပ်လှုပ်နှုတ်ခမ်းပါးတွေဟာလည်း တင်းတင်းပိတ်ထား၏ ။ခါးကိုတင်းနေအောင်ဖက်ထားသည့် လက်တွေက အနည်းငယ်ပြေလျော့လာတယ် ။

အိပ်ပျော်သွားပြီပဲ.. ။

ထိုအနေအထားအတိုင်း၁၅မိနစ်လောက်နေပေးပြီး အလုပ်အပြီးသပ်ရန်ထဖို့အလုပ် တအင်းအင်းနှင့် လှုပ်လာသည့် အန်တီ့ကြောင့်ငြိမ်ပေးရသည် ။ထဖို့ပြင်တိုင်း လှုပ်လှုပ်လာတာကြောင့် သူ့အလုပ်လုပ်ရန်အစီအစဉ်ကို ခေါင်းထဲကထုတ်ပစ်ရသည် ။
မနက်မှကုမ္မဏီမသွားခင်မှ အပြီးလုပ်ရတော့မယ် ။

ဒီအမျိုးသမီးကို သူ့မနိုးစေချင်..

~~~

လက်ထဲက ငါးဆင့်ချိုင့်အားတစ်ချက်ငုံ့ကြည့်၍လွန်းဓာတ်လှေကားထဲမှာပြုံးနေမိသည် ။ဟိုတစ်နေ့က အုန်းနို့ခေါက်ဆွဲစားချင်သည်ပြောနေသောသူ့ကြောင့် လွန်းချက်ကျွေးဖို့အစီအစဉ်ရှိပေမဲ့ အခုမှလုပ်ကျွေးရတော့သည် ။

လွန်းကျောင်းကလည်းပိတ်ထားတော့ ဒီရက်ပိုင်းမှအားတာလေ ။ဓာတ်လှေကားပွင့်တာနှင့် လွန်းသူရှိရာရုံးခန်းကိုသာဦးတည်သွားတော့သည် ။အုန်းနို့ခေါက်ဆွဲလုပ်ပေးရုံမက ရုံးထိလာပို့လျှင်ပြုံးရွှင်နေတက် သု့မျက်နှာအားလွန်းမြင်ချင်လှပြီ ။

သူ့ရုံးခန်းသွားတဲ့လမ်းတစ်လျှောက်လုံး သူတို့CEO၏ အမျိုးသမီးဖြစ်တဲ့သူမအား အားလုံးကခေါင်းငုံ့ရိုသေပေးကြသည် ။လွန်းလည်းအလိုက်သင့်နေပေးကာ သူ့ရှိရာဆီသာတန်းတန်းမတ်မတ်လျှောက်နေမိ၏ ။

"ဘယ်လိုလဲ ထက် ။စားကောင်းရဲ့လား "

ရုံခန်းနားမရောက်ခင်မှာ ပူးကပ်ကာထိုင်နေတဲ့အရိပ်နှစ်ခုကိုမြင်တော့ လွန်းလက်ထဲက ငါးဆင့်ချိုင့်အားတင်းနေအောင်လက်ဖြင့်ဆုတ်လိုက်မိသည် ။

"အင်း ကောင်းတယ် ။ဟန်ဟန် နင့်လက်ရာတွေတောင်အတော်ကောင်းလာပြီနော် "

ပြုံးရယ်ကာထမင်းလုတ်တွေကို စားပို့နင့်အောင်ထိစားသောက်နေတဲ့ သူ့ထက်သာရယ် ။အနားမှာတောက်တဲ့လိုကိုယ်ပေါ်မကပ်တွယ်ရုံတမယ်ဖြစ်နေတဲ့ ဟန်ဟန်ဆိုတဲ့ကလေးမလေး ။

"ရော့ ထည့်စားအုံး "

လွန်းထိုနေရာမှထွက်လာခဲ့လိုက်တော့သည် ။လက်ထဲကချိုင့်ကို လွှင့်ပစ်ချင်သည်ထိ ။လွန်းနှင့်မတွေ့ခင်က ရည်းစားကိုမှိုလိုပေါက်အောင်ထားခဲ့သည့် သူ့ထက်သာ ။မိဘကအလိုလိုက်၍ အလုပ်ဆိုတာမပြောနှင့် တစ်နေ့တစ်နေ့မြင်ရလျှင် ဆိုင်ကယ်တစ်စီးနှင့်လမ်းပေါ်မှာသာ လက်ယားလက်ယားနှင့် ။

စတွေ့တုန်းက ထောင့်မကျိုးခဲ့တဲ့သူ့အား လွန်းဘယ်လိုများချစ်မိသွားသည်လဲမသိ ။ဆိုးလိုက်တာလည်း ချာလို့ ။လွန်းနှင့်ချစ်သူဖြစ်ပြီးတည်းက လွန်းကထိန်း၍ အနည်းငယ်ခြေငြိမ်ပေမဲ့တစ်ခါတစ်လေ ထထဖောက်တက်သည် ။

အဆိုးဆုံးက ထိုဟန်ဟန်ဆိုသည့်ရည်းစားဟောင်းကလေးမလေးအား သနားလို့သနားလို့နှင့်အခုထိမျက်နှာသာပေးနေတုန်း ။လွန်းက ထိုကလေးမရဲ့အကြည့်တွေကိုသိနေတော့ သူ့အားစိတ်မချရဲ ။လွန်းနှင့်ဆိုအသက်အများကြီးကွာတယ်မလား ။

ဒီအသက်ကွာခြားမှုကြောင့် လွန်းမှာသူနှင့်ပြဿနာဖြစ်တိုင်း စိတ်ဖိစီးရသည် ။ဝေ့တက်လာသည့်မျက်ရည်စတို့အား လက်ဖမိုးဖြင့်သုတ်ကား ဓာတ်လှေကားနှင့်ပြန်ဆင်းခဲ့လိုက်သည် ။

"ပန်း ။ကုမ္မဏီလာတာလား "

ဓာတ်လှေကားကအထွက်တွေ့လိုက်ရတဲ့ အောင်ကြောင့်လွန်းကိုယ်လေးတုန်သွားရသည် ။အောင်က ကျူတာဆရာပေမဲ့ သူ့ဒယ်ဒီနှင့်ရင်းနှီးကာ သူ့တို့ကုမ္မဏီကရှယ်ယာရှင်တစ်ဦးလည်းဖြစ်သည် ။ထို့ကြောင့် ကျောင်းပိတ်သည့်ရက်တွေဆို ကုမ္မဏီမှာမကြာမကြာရှိနေတက်၏ ။

လွန်းဖြတ်ခနဲ့ဝင်လာတဲ့ စောနကမြင်ကွင်းကြောင့် ။

"အင်း ။နင်နေ့လည်စာစားပြီးတာလား "

"မစားရသေးဘူး ။ငါခဏနေမှ အပြင်ထွက်စားမလို့ ။နင်ရောလိုက်ခဲ့မလား "

"အပြင်သွားမနေနဲ့လေ ငါအုန်းနို့ခေါက်ဆွဲလုပ်လာတယ် ။လာ..နာနေခန်းထဲသွားပြီးစားရအောင် "

"ဟာ..ကျေးဇူးပဲဟာ ။နင့်လက်ရာမစားရတာကြာပြီ "

~~~

သူ့လက်မှတ်ထိုးပေးနေရင်း ထိုင်ဖုန်းကနေတဆင့်အတွင်းရေးမှူးစံစံက နားနေခန်းထဲ အန်တီရောက်နေသည်ပြောတာကြောင့် လုပ်လက်စတွေအားထားခဲ့ကာ မပြေးရုံတမယ်လာရသည် ။ပုံမှန်ဆို သူ့ရုံးအားခေါ်ဖို့ခက်သည့်အန်တီက ထူးထူးဆန်းဆန်းရုံးကိုလိုက်လာလျှင် သူ့မှာတအားပျော်တာ ။

နက်ကတိုင်အား ပြေလျော့လျော့လုပ်ကာနားနေခန်းထဲက အန်တီဆီအားအမြန်သွားရသည် ။သို့သော်မြင်လိုက်ရတဲ့ မြင်ကွင်းကသူ့နှလုံးသားအား အောင့်ခနဲ့ ။

"အန်တီ! "

ထင်သည့်အတိုင်း တဇွတ်ထိုးရောက်ချလာသည် ။မျက်လုံးတွေနီရဲကာ လက်သီးတွေလည်းဆုတ်ထား၏ ။သူ့ထက်သာက သူ့အလှည့်ကျမှ ခံစားတက်နေတာ ။လွန်း သူ့အားတစ်ချက်လေးသာမော့ကြည့်ပြီး အုန့်နို့ခေါက်ဆွဲကိုသာ သောက်နေလိုက်သည် ။အောင်ကလည်း ထိုသို့တုန်လှုပ်တက်သူမဟုတ် ။သူမှန်လျှင် ။

"လာ..သူ့နောက်လိုက်ခဲ့ "

"အ့...မင်းလွှတ် "

ကျင်ခနဲ့ဖြစ်သွားသည့်လက်ကောက်ဝတ်ကြောင့် လွန်းအသံထွက်ညည်းတွာမိသည် ။ဒီကေလးက ေဒါသထွက်ၾလႇင်ဘာမွမမြင် ။အဲ့လိုမျိုး လွန်းလည်းစိတ်ကြီးတက်ချင်သည် ။သူ့အရွယ်လို ဘာကိုမှမစဉ်စားဘဲ သူ့လိုမျိုးတဇွတ်ထိုးဆန်ပစ်လိုက်ချင်သည် ။

"ပန်း အဆင်ပြေလား "

"ခင်ဗျာ..သောက်ပေါက်ကိုပိတ်ထားနော် "

"သူ့ထက်သာ! "

"အန်တီ သူ့ကိုမအော်နဲ့! ။သူ့ဒီချိန်မှာ အန်တီ့သိက္ခာကိုလည်းထည့်တွက်နိုင်မယ်မထင်ဘူးနော် ။သူ့နဲ့လိုက်ခဲ့ "

"ဖယ်!..တို့မလိုက်ဘူး "

သူ့လက်ထဲကနေ ဆောင့်ရုန်းသွားသည့်အန်တီ့လက်ကြောင့် လက်ထဲတွင်သာမက နှလုံးသားထဲကပါ ဟာသွားရသည် ။

"အောင် ငါ့ကိုအိမ်ပြန်လိုက်ပို့ပေး "

ထင်ထားသည်ထက်ပို၍ ဒေါသကြီးနေတဲ့ သူ့ကြောင့်လွန်းဒီကနေပြန်ဖို့သာပြင်ရသည် ။ဝန်ထမ်းတွေကလည်း သူတို့ရဲ့CEOကိုကြောက်ကြ၍ ပေါ်တင်သာမကြည်ရဲတာ နားနေခန်းနားက ရစ်သီရစ်သီနှင့် ။သူ့အတွင်းရေးမှူးမလေး စံစံကတော့ သူ့အနောက်ကနေဗျာများနေရသည် ။

"ဒေါ်ပန်းလွန်းအိမ်! "

အောင်နှင့်အပြင်ထွက်ဖို့ပြင်နေသည့်ခြေလှမ်းတွေက သူ့အသံကြားတော့ တုန့်သွားပေမဲ့ ခဏပါပဲခြေလှမ်းတွေက ပုံမှန်ပြန်ဖြစ်သွားက ဒီနေရာကနေအမြန်ထွက်သွားဖို့ပြင်ရသည် ။သို့သော် လွန်းနောက်က အောင်အားဆွဲ၍ထိုးလိုက်သည့် သူ့ ။

ခွပ်

"အောင်! အဆင်ပြေရဲ့လား "

"အင်း ပန်းငါရတယ် "

လဲကျသွားတဲ့အောင်နားသွားပြီး ထူပေးနေတာကိုလွန်းလက်အားအတင်းဆွဲလာသည် ။

"အန်တီ သူ့နဲ့လိုက်ခဲ့ "

"ဖယ်..တို့အောင်နဲ့ပြန်..အွင့် "

ပါးနှစ်ဖက်အားထိန်းကိုင်၍ နှုတ်ခမ်းတွေအားနမ်းသည် ။လွန်းမှာ လူအများရှေ့နမ်းခံရသည်ကြောင့် ရှက်စိတ်တို့ဖြင့်ထူပူကာ သူ့အားဆောင့်တွန်းပေမဲ့ မရ ။အတင်းကို အသံထွက်အောင်ကိုနမ်းရှိုက်နေတာ ။အခန်းထဲကထွက်သွားရမလိုဖြစ်နေတဲ့ စံစံရော ၊မျက်နှာလွှဲထားတဲ့အောင်ရော ၊ပြီးတော့ အပေါက်ဝနားက ဝန်ထမ်းတွေရောကြည့်နေကြတာ ။လွန်းမှာငိုချင်လာရသည် ။

တစ်မိနစ်လောက်ကြာမှလွှတ်ပေးတဲ့ သူ့အားလွန်းထူပူစွာနဲ့ လက်တွေအားမြှောက်ချ၍ သူ့ပါးအားရိုက်ဖို့ပြင်လိုက်သည် ။ရှောင်လည်းမရှောင်ဘဲ လွန်းကိုတစိုက်မတ်မတ်ကြည့်နေတဲ့ မျက်ဝန်းနီတွေကြောင့် မြှောက်ထားတဲ့လက်ကိုချလိုက်သည် ။သူ့ဝန်ထမ်းတွေရှေ့မှာ လွန်းသူ့အားအရှက်မခွဲချင် ။သူဘက်ကသာ လွန်းအရှက်နှင့်သိက္ခာကို အလေးမထားတာ ။

"သူ့နဲ့လိုက်ခဲ့ ။မဟုတ်ရင် သူ့အကြောင်းသိပါတယ်နော် "

အောင့်ကိုတစ်ချက်ကြည့်တော့ ခေါင်းငြိမ့်ပြသည် ။နားနေခန်းထဲမှာအဆင်မပြေသည်မို့ လွန်းသူဆွဲခေါ်ရာနောက်ကိုသာပါလာရသည် ။သူ့အတွက်အုန့်နို့ခေါက်ဆွဲချိုင့်လည်းမပါတော့ ။

ကားမောင်းနေတဲ့တစ်လျှောက်လုံး ဘာမှမပြောပေမဲ့ ။လည်ပင်းက အကြောစိမ်းတွေထောင်အောင်မျက်နှာတွေနီရဲတက်နေသည့်သူ့အား လွန်းအနည်းငယ်တော့ကြောက်သည် ။ဒါပေမဲ့ ဒီပြဿနာမှာ လွန်းကမှားပါသလား ။မျက်လုံးထဲကပေါ်လာတဲ့ သူ့နှင့်ဟိုကလေးမပုံရိပ်ကြောင့်အောက်နှုတ်ခမ်းကိုဖိကိုက်မိသည် ။အရင်တုန်းကပုံရိပ်တွေကလည်းထပ်၍ထပ်၍ပေါ်လာသည် ။သူက ထိုကလေးမနှင့်ဆိုအနေနီးလွန်းပါရဲ့ ။

အရှိန်ကိုအမြန်တင်ကာမောင်းနေတဲ့ကားပေါ်မှာ လွန်းမျက်လုံးတွေမှိက်လက်သီးတွေဆုတ်ကာလိုက်ပါခဲ့ရတော့သည် ။

~~~

ကားထဲကထွက်တာနဲ့ လွန်းအားပွေ့ချီသည်ကြောင့် သူ့အားထုရိုက်ပေမဲ့ မမှုဘဲဆက်ချီကာ
လှေကားကနေအပေါ်ထပ်က လွန်းတို့အခန်းထဲရောက်သည်နှင့်မွေ့ရာပေါ်ပစ်ချသည် ။အောင့်သွားရတဲ့ ခါးရိုးကြောင့်မျက်ရည်တို့ပါဝေ့လာသည် ။

"အ့..နာတယ် "

လျော့တိလျော့ရဲနက်ကတိုင်ကိုဖြုတ်ပစ်ပြီး ရှပ်အင်္ကျီကကြယ်သီးကိုပါဖြုတ်နေသည်ကြောင့် လွန်းထိတ်လန့်ကာ အခန်းထဲကထွက်ဖို့ပြင်တော့ ခါးကနေဆွဲပွေ့ကာမွေ့ရာပေါ်ပြန်ရောက်စေ သည် ။

"ဟင့်အင်း..မင်းနော် ။ဘာလုပ်မလို့လဲ "

"တိတ်တိတ်နေပေး အန်တီ ။သူ့အရမ်းဒေါသထွက်နေတယ် "

"အို..ဟင့်အင်း ဟင့်အင်း "

လွန်းအပေါ်မှအုပ်မိုးကာနှုတ်ခမ်းတွေကိုအကြမ်းပတမ်းနမ်းသည် ။သူ့ရင်ဘတ်ကိုထုရိုက်နေသည့်လက်တွေအား သူ့လက်တွေဖြင့်ထပ်ဖိကပ်မွေ့ရာမှာနစ်သည် ။လွန်းမှာတော့ သူ့ရင်ခွင်အောက်ကနေ အနမ်းတွေကိုခေါင်းယမ်းရှောင်နေပေမဲ့ အလုပ်မဖြစ် ။

"ဟိုလူနဲ့ဆို ရီပြုံးနေတက်တာ ဒီနှုတ်ခမ်းတွေလား "

"အ့ "

အောက်နှုတ်ခမ်းသားကို ကိုက်သည် ။ငံကျိကျိအရသာကို တမျင်းမျင်းစုပ်ယူနေသည့်သူ့ကြောင့်ရင်တွေပါတုန်လာကာ မောလာရသည် ။

"အန်တီ့ကို အဲ့လူကသူ့လိုမပြုမှုရဘူးမလား ။ဒီလို.. ဒီလို အန်တီ့ရင်သားတွေကိုလေ "

ရင်ဖုံးအင်္ကျီပေါ်ကနေ လက်ဖြင့်ဆုတ်နှယ်နေသည်ကြောင့် လွန်းမှာနာကျင်လှပြီ ။ကြယ်သီးတို့အားဆွဲဖြုတ်ကာ ရင်ညွှန်းနေရာတွေကိုအမှတ်သားဖြစ်အောင်ထိ စုပ်ယူနမ်းနေတာ ။လွန်းမှာ သူ့အပြုအမှု တွေကြောင့်မျက်ရည်တို့ပါကျလာရသည် ။

"မင်းက..မင်းကတို့ကို လိင်စိတ်တစ်ခုတည်းနဲ့..အင့်.အဟင့် "

ဖြူနှစ်နေသည့်အန်တီ့ရင်ညွှန့်တို့အားနမ်းနေရင်း ကြားလိုက်ရတဲ့စကားကြောင့်သူ့ အန်တီ့အားမော့ကြည့်မိတော့ မျက်နှာလွဲကာငိုရှိုက်နေသည် ။သူ့တုန်လှုပ်စွာ အန်တီ့ကိုယ်ပေါ်မှထလိုက်ရင်း အန်တီ့အားမယုံနိုင်စွာကြည့်ကာ...

"အန်တီက အဲ့လိုထင်နေတာလား ။သူ့အချစ်ကို အန်တီကအဲ့လိုထင်နေတယ်ပေါ့..ဟာကွာ.. တောက်စ့် "

ခွမ်း!
ဒုတ် ဒုတ်

လွန်းအပြောကလွန်းသွားသည်ဆိုတာသတိရတော့ သူ့ကအခန်းထဲကပန်းအိုးအားခွဲ၍ အုတ်နံရံအားလက်သီးဖြင့်ထိုးနေသည် ။မွေ့ရာပေါ်မှထလိုက်ကာ ပုံပျက်နေတဲ့ရင်ဖုံးအားလည်းမပြင်နိုင် ။လက်မှာသွေးတွေရဲလာတဲ့သူ့ကိုထိုင်ကြည့်နေရင်း ငိုရှိုက်မိ၏ ။ဘယ်တော့ဖြစ်ဖြစ် ဒေါသရှေ့ထားတက်တဲ့သူ ။

"ဟင့် အဟင့်.."

နားထဲမှာအန်တီ့ငိုသံကြားလေ သူ့နံရံအားပိုထိုးလေ ။ရင်ထဲကနာတာက လက်ကနာကျင်မှုကိုမယှဉ်နိုင် ။ကြာတော့ အချက်ပေါင်းများစွာထိုးနှက်နေတဲ့ နံရံကသွေးစတွေဟိုတစ်စဒီတစ်စ ။သူ့ညာဘက်လက်ကလည်း သွေးတွေနီရဲနေသည် ။

အန်တီ့က သူ့အချစ်အားဘယ်လိုများမှတ်ယူထားသလဲ ။

ခွမ်း!

"အဟင့်...အ့ "

အလုပ်စားပွဲပေါ်က အလှပန်းအိုးကိုသူ့ကိုင်ပေါက်ပစ်လိုက်တဲ့အခါ ပေါ်ထွက်လာတဲ့အန်တီ့အသံကြောင့် အန်တီ့နားကိုခြေလှမ်းတွေကအလိုလိုရောက်သွားရသည် ။

ကုတင်ပေါ်ကတွဲလောင်းကျထားသည့် ဘယ်ဘက်ခြေထောက်နားမှာ ဖန်ကွဲစကရှပ်ထိသွားပေမဲ့ အသားအရေနုနုကသွေးတို့ထွက်လာသည် ။
သူ့ဒူးထောက်ထိုင်ချလိုက်တော့ မျက်ရည်တွေနှင့်မျက်နှာလေးက ငုံ့ကြည့်လာသည် ။အန်တီ့အားသူ့ငိုအောင်လုပ်မိပြန်ပါပြီလေ ။

"အို "

ဘယ်ခြေဖမိုးကဖန်ကွဲစရှပ်ထိသည်ကြောင့် ထွက်နေသည့်သွေးတို့အား ကုန်းစုပ်ပေးသည် ။လွန်းခြေထောက်အားကိုင်ထားတဲ့ သူ့လက်ကသွေးတွေရဲနေတာမြင်ရတော့ ပိုငိုချင်လာသည် ။လွန်းဟာလည်း စိတ်တိုလျှင်ကျူတာဆရာမတစ်ယောက်အနေနှင့် စကားကိုနာအောင်ပြောတက်သည် ။ပြဿနာဟာ အကျယ့်အကျယ်ဖြစ်လာကာ ခုတော့နာကျင်ရတာက နှစ်ယောက်စလုံး ။

အံဆွဲထဲက ဆေးသေတ္တာဘူးအားယူပြီး လွန်းခြေထောက်ကို ပလာစတာသေးသေးလေးနှင့်ကပ်ပေးသည် ။ထိုနောက်ဆွေးငေးနေသည့် မျက်ဝန်းတွေဖြင့်တစ်ချက်ကြည့်ကာ အခန်းထဲကထွက်သွားသည့်သူ့ ။

လွန်းကုတင်ပေါ်မှာပဲထိုင်နေရင်း ခဏကြာတော့ကြားလိုက်ရတဲ့ခပ်ကြမ်းကြမ်းကားမောင်းထွက်သံကြောင့် သက်ပြင်းကိုချကာ မျက်နှာကိုလက်ဖဝါးနှစ်ဖက်ထဲထည့်၍ ငိုမိတော့သည် ။

~~~

extra extraနဲ့တောင်းနေကြလို့ ဆက်ပြီးနောက်ထပ်နှစ်ပိုင်းလောက်ရေးပေးမယ်နော် ။

Continue Reading

You'll Also Like

2M 113K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
58.2K 3.4K 31
အချစ်ကို ဖွဲ့နွဲ့မပြတတ်ပေ။ အချစ်ဆိုတာ ပျော်ရွှင်မှုသာ ဖြစ်မည်။ လုံခြုံမှုသာ ဖြစ်မည်။ နှလုံးသားရဲ့ ဖွဲ့နွဲ့မှုလည်းဖြစ်နိုင်သည်။
9.7K 723 27
ကြိုးစားသမျှ အရာမထင်ခင်မှာပဲ ကျွန်တော်ဟာအရင်ထားခဲ့ခံရတယ်။တစ်သက်လုံးကိုင်ထားချင်တဲ့ လက်တစ်စုံကို ကျွန်တော်ဖမ်းဆုပ်ခွင့်မရှိခဲ့ဘူး ကိုယ့်အတွက်မဟုတ်မှန်...
1.7M 126K 45
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...