မျောလွင့်နေသောပြာမှုန်များ

By PrettiOcean

30.4K 3.8K 97

This is not my own story English Title- Flying ash Author - 余酲 Translator- IQ Team More

Part-1
Part-2
Part-3.2
Part-4.1
Part-4.2
Part-5.1
Chapter-5.2
Part-6.1
Part-6.2
Part-7.1
Part-7.2
Part-8.1
Part-8.2
Part-9.1
Part-9.2
Part-10.1
Part-10.2
Part-11.1
Part-11.2
Part-12.1
Part-12.2
Part-13.1
Part-13.2
Part-14.1
Part-14.2
Part-15.1
Part-15.2
Part-16
Part-17.1
Part-17.2
Part-18.1
Part-18.2
Part-19.1
Part-19.2
Part-20.1
Part-20.2
Part-21.1
Part-21.2
Part-22
Part-23
Part-24.1
Part-24.2
Part-25.1
Part-25.2
Part-26.1
Part-26.2
Part-27.1
Part-27.2
Part-28.1
Part-28.2
Part-29.1
Part-29.2
Part-30
Part-31
Part-32.1
Part-32.2
Part-33.1
Part-33.2
Part-34.1
Part-34.2
Part-35.1
Part-35.2
Part-36.1
Part-36.2
Part-37.1

Part-3.1

613 76 0
By PrettiOcean

Chapter 3.1

နောက်တစ်နေ့မနက်တွင် ယီဟွေ့က ပန်းချီပြိုင်ပွဲဝင်လိုသည်ဟု ကျန်းရွှယ်မေ့ကို ပြောခဲ့သည်။ ကျန်းရွှယ်မေ့က ဝမ်းသာသွားပြီး မနက်စာချက်ပြုတ်နေလက်စကို ပစ်ထားလိုက်ကာ အထုပ်အပိုးများ စတင်ပြင်ဆင်တော့သည်။

" ဟိုမှာ တော်တော်အေးနေပြီ အဝတ်အစားထူထူတွေ ထည့်သွားရမယ်... ပြီးတော့ မက်စ်တွေလည်း ပြင်သွားရမယ်..."

မနက်စာမစားရသေးသော ကျန်းယီမန့်က မပျော်မရွှင်ဖြင့် စားပွဲကိုရိုက်ချလိုက်ပြီး သတိပေးလိုက်သည်။

" ရက် နည်းနည်းလိုသေးတာပဲကို ဘာတွေလောနေတာလဲ..."

နေ့လယ်ခင်း နေထွက်လာချိန်တွင် ယီဟွေ့က စတူဒီယိုထဲရောက်နေပြီး ပန်းချီကားများ စီနေသည်။ ကျန်းရွှယ်မေ့က အပြင်ဘက်မှ အိမ်နီးနားချင်းများကို အသံကျယ်ကျယ်ဖြင့် ပြောနေသည်ကို သူကြားလိုက်ရသည်။

" ယီဟွေ့က မြို့မှာ ပန်းချီပြိုင်ပွဲသွားပြိုင်မယ်တဲ့ ကျွန်မတို့ ရက်နည်းနည်းလောက်တော့ သွားရဦးမယ် အဲ့အချိန်အတွင်း ကျေးဇူးပြုပြီး ယီမန့်ကို ဂရုစိုက်ပေးပါဦး... အာ... ချီးကျူးတာ ကျေးဇူးပါပဲ ကျွန်မတို့ပြန်လာမှ လက်ဆောင်တွေ ဝယ်ခဲ့မယ်နော်..."

သူမ စကားလုံးများက ပျော်ရွှင်မှုများဖြင့် ပြည့်နေသည်။

ဤမိသားစုက မြို့တော်သို့မပြန်သည်က အချိန်အတန်ကြာပြီဖြစ်ကြောင်း ယီဟွေ့မှန်းဆလိုက်မိသည်။ ဤတစ်ကြိမ် ပြိုင်ပွဲတွင်ပါဝင်ရန် သဘောတူလိုက်ခြင်းက သူ၏ကုသခြင်းလုပ်ငန်းစဉ်များကို ရှေ့ဆက်တိုးနိုင်ပြီး အကောင်းဘက်သို့ရောက်လာသည်ဟု မှတ်ယူနိုင်ပေသည်။ သူမက မိခင်တစ်ယောက်ဖြစ်၍ ပျော်ရွှင်နေမည်မှာ သဘာဝပင်။

သူတို့ နောက်တစ်ပတ်သွားမည့်ခရီးအတွက် ယခုချိန်တည်းက လက်မှတ်ကြိုမှာထားခဲ့သည်။

မြို့က ခေါင်ဖျားသောနေရာတွင်ရှိသောကြောင့် ရထားများက ဤနေရာအထိ ရောက်မလာကြ၍ မြို့သို့ ကားဖြင့်သာ သွားနိုင်ပေသည်။ ကျန်းရွှယ်မေ့နှင့် သဘောတူညီချက်ယူပြီးသည့်အခါ ယီဟွေ့က ရထားလက်မှတ်ကို လိုင်းပေါ်မှမှာယူရန်အတွက်  ကွန်ပျူတာ ငှားရမ်းရမည်ဖြစ်သောကြောင့် ယီမန့်၏ အခန်းတံခါးကို ခေါက်လိုက်သည်။

သူ့ကို တစ်မိနစ်ခန့် စောင့်ဆိုင်းစေပြီးမှ ယီမန့်က အခန်းတံခါးပွင့်လာသည်။ သူ ကွန်ပျူတာငှားမည့်အကြောင်း ရှင်းပြလိုက်သောအခါ သူမက စိတ်မရှည်လက်မရှည်ဖြင့် ပြောလိုက်သည်။

" အစ်ကိုကြီး ဘာလို့စမတ်ဖုန်းမလဲသေးတာလဲ... အမေ့ကိုပြောပြီး အသစ်တစ်လုံး ဝယ်ခိုင်းပါလား..."

ပြောပြီးသည်နှင့် သူမက လှည့်ထွက်ပြီး အခန်းထဲပြန်ဝင်ကာ ယီဟွေ့ကိုကျောပေးပြီး အိပ်ရာပေါ်လှဲနေလိုက်သည်။

ယီဟွေ့ မိန်းမကလေးတစ်ယောက်၏ အခန်းထဲဝင်ဖူးသည်က ပထမဆုံးအကြိမ်ဖြစ်သည်။

"ခွင့်ပြုပါဦး" ဟု တီးတိုးပြောလိုက်ကာ‌ ဘေးဘယ်ညာကိုကြည့်မနေတော့ပဲ စားပွဲရှိရာသို့ တည့်တည့်လျှောက်သွားပြီး မောက်စ်ကို ကိုင်ကာ တစ်ချက်နှိပ်လိုက်သည်။

သူက ကွန်ပျုတာအသုံးပြုနည်းကို ကောင်းကောင်းမသိပေ။ သူ ဖျင်းယင်းစာလုံးများကို တဖြည်းဖြည်းရေရွတ်နေပြီး ကီးဘုတ်ကို တစ်လုံးစီရိုက်ပြီးသည့်အခါတွင်မှ လက်မှတ်ကြိုတင်မှာယူရမည့် website သို့ ရောက်သွားသည်။  သို့ရာတွင် မရင်းမနှီးဖြစ်နေသည့် စာမျက်နှာဖြစ်သောကြောင့် မည်သည့်နေရာနိပ်ရမည်ကို မသ်ိချေ။

" လုပ်မှာလား မလုပ်ဘူးလား..."

ကျန်းယီမန့်က ထပ်ကြည့်မနေနိုင်တော့ပေ။ သူမ အိပ်ရာပေါ်မှထလာပြီး ယီဟွေ့လက်ထဲမှ မောက်စ်ကိုယူပြီး ထွက်ခွာမည့်အချိန်ကို မေးလိုက်သည်။ သူမ တတောက်တောက်ဖြင့် နှိပ်လိုက်ပြီးနောက် နှစ်မိနစ်အတွင်း လက်မှတ်ဝယ်ပြီးသွားခဲ့သည်။

ကွန်ပျူတာစာမျက်နှာက homepageသို့ ပြန်ရောက်လာပြီးနောက် ယီဟွေ့ကို သူမေးလိုက်သည်။

" အပြန်အတွက်ရော လက်မှတ်ဝယ်ဦးမှာလား..."

ယီဟွေ့ ခေါင်းခါလိုက်သည်။

" မဝယ်တော့ဘူး... သူပြောတာ အမ်... အမေပြောတာတော့‌ ဟိုရောက်မှ ဝယ်မယ်တဲ့..."

ကျန်းရွှယ်မေ့က သူမသားကို မြို့တွင် ရက်အနည်းငယ်ခန့် ပျော်ပျော်ရွှင်ရွှင်နေခိုင်းဦးမည်ကို တွေးမိသည့်အခါ ကျန်းယီမန့်၏မျက်နှာက မသာမယာထပ်ဖြစ်သွားသည်။

ယီဟွေ့က မတ်တပ်ရပ်လိုက်ပြီးနောက် အိပ်ရာပေါ်ပြန်တက်ကာ ဖုန်းကလိတော့မည့် မိန်းကလေးကိုမေးလိုက်သည်။

" အတူတူသွားချင်လား..."

ကျန်းယီမန့်က သူ့အသံကြားသည်နှင့် ခေါင်းလှည့်လာသည်။ သူမ မျက်နှာပေါ်တွင် အံ့အားသင့်မှုတစ်ခု ဖြတ်ပြေးသွားသော်လည်း စိတ်ဓာတ်ကျသွားပုံဖြင့် ပြောလိုက်သည်။

" ထားလိုက်ပါတော့... ညီမလေးက ကျောင်းတက်ရဦးမှာ အမေကလည်းသွားခိုင်းမှာ မဟုတ်ပါဘူး..."

ယီဟွေ့ ခဏတာတွေးလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။

" ခွင့်ယူလို့ရမယ်ဆိုရင် အစ်ကိုကြီး အမေ့ကို ပြောပေးမယ်လေ..."

" အစ်ကိုကြီးက ပြောပေးမယ်တဲ့လား..."

ကျန်းယီမန့်က သူ့ကို မယုံမကြည်ဖြစ်သွားသကဲ့သို့ သင်္ကာမကင်းဖြင့် ကြည့်လိုက်သည်။

" ကျွန်မကို ရှုပ်တယ်လို့ အမြဲတမ်းထင်နေတာမလား... ဘာလို့ ရုတ်တရက်ကြီး ကောင်းပြနေတာလဲ..."

ထိုသို့ပြောလာမည်ဟု ယီဟွေ့ မထင်ထားခဲ့ပေ။ တစ်ချိန်ကမူ သူက မိသားစု၏ တစ်ဦးတည်းသောသားဖြစ်ခဲ့သည်။ အခြားလူများက ညီ၊ ညီမရှိသည်ကို မြင်သောအခါ အမြဲ မနာလိုဖြစ်ခဲ့ရသည်။ နောက်ပိုင်းတွင် ယီဟွေ့ထံ၌ အစ်ကိုတစ်ယောက်ရှိလာခဲ့သည်။ သူတို့က သွေးတစ်ဝက်သာရောသည့် ညီအစ်ကိုများဖြစ်ကြသော်လည်း မိသားစုထဲတွင် သူနှင့်စကားပြောနိုင်သည့် အသက်အရွယ် မတိမ်းမယိမ်းလူတစ်ယောက် ရှိလာခဲ့၍ စိတ်လှုပ်ရှားခဲ့ရသည်။

ကျန်းယီဟွေ့က အမှန်တကယ်ပင် သီးသန့်ဆန်စွာနေလွန်းပြီး နှုတ်ဆိတ်လွန်းသူဖြစ်သောကြောင့် ညီမအရင်းနှင့်ပင် ဆက်ဆံရေးအလွန်ဆိုးရွားနေသည်က မဆန်းတော့ပေ။

ယီဟွေ့က ခွန်းတုံ့ပြန်ခြင်းမရှိပဲ တိတ်ဆိတ်စွာရပ်နေသည်ကို မြင်သောအခါ ကျန်းယီမန့်က သူမပြောလိုက်သည်က လွန်သွားသည်ဟု ထင်လိုက်၍ အိပ်ရာပေါ်မှ ထလာပြီး ရှက်စရာကောင်းသောအခြေအနေမှ ရုန်းထွက်ရန်ပြင်လိုက်သည်။

" အစ်ကိုကြီးက ကိုယ့်ကိစ္စကိုယ်လုပ်ပါ... ဆံပင်တောင် သေချာမဖြီးတတ်ပဲနဲ့... ဟိုသွားရင်လည်း အမေက အစ်ကိုကြီးဖို့ပဲ စိတ်ပူနေရမှာပဲ...

သူမက ပြောပြောဆိုဆိုဖြင့် အိပ်ရာဘေးရှိစားပွဲပေါ်မှ ရော်ဘာဘီးကုတ်လေးကိုထုတ်ပြီး ယီဟွေ့ကိုထိုင်ခိုင်းပြီး ဆံပင်ဖြီးပေးလိုက်သည်။ သူမက လျှာသွက်အာသွက်ရှိသူတစ်ယောက်ဖြစ်သည်။

" ဘယ်လောက်တောင် အစားကောင်းတွေစားရလို့လဲမသိဘူး အစ်ကိုကြီးဆံပင်တွေက ညီမလေးထက်တောင် ပိုထူပြီးတော့ ပိုရှည်နေတယ်..."

အကယ်၍ အတိတ်တွင်ဆိုပါက ယီဟွေ့က သူမ သူ့ကို ချီးမွမ်းနေသည်ဟုသာ ထင်လိုက်မည်ဖြစ်ပြီး သူမစကားထဲမှ ထစ်ငေါ့မှုများကို နားလည်မည်မဟုတ်ပေ။ ယခုအခါ သူက ဦး‌နှောက်အသစ်တစ်ခုကို ရရှိသွားပြီဖြစ်ရာ သူ နားမလည်ပဲ မနေတော့ပေ။

သူက ခြောက်ကပ်ကပ်ပြုံးပြပြီး မေးလိုက်သည်။
" ဒီနားမှာ ဆံပင်ညှပ်ဆိုင်ရှိလား..."

" အိမ်တွင်းပုန်းနေတာ အဲ့လောက်တောင် များသွားတာလား အိမ်နားမှာ ဘာတွေရှိမှန်းတောင် မသိဘူးပေါ့..."

ကျန်းယီမန့်က ပွစိပွစိ ရေရွတ်ပြီးသည့်အခါ အဓိကအချက်ကို သဘောပေါက်သွားပြီး သူ့ကိုစိုက်ကြည့်လိုက်သည်။

" ဆံပင်ညှပ်ချင်လို့လား..."

ညနေခင်း နေဝင်ခါနီးတွင် ကျန်းမိသားစုဝင်သုံးယောက်က သူတို့၏အိမ်နီးချင်းအန်တီချိုးနှင့် သူမ၏ ကလေးပေါက်စနှစ်ယောက်ဖြင့်အတူ လမ်းလျှောက်ထွက်ပြီး ဆံပင်ညှပ်ဆိုင်လေးတစ်ခုထဲ ဝင်လာခဲ့သည်။

မြို့ငယ်လေးက လူဦးရေနည်းပါးလှသော်လည်း ဤနေရာမှလူများက ရင်းနှီးကြပေသည်။ မီးခိုးရောင်ဆံပင်နှင့်ဆံသဆရာက ကတ်ကြေးနှင့် သင်တုန်းဓားကို ပြင်ဆင်နေစဉ် တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။

" အားဟွေ့... ဆံပင်ညှပ်ချင်တယ်ဆို‌တာ သေချာရဲ့လား..."

ယီဟွေ့က ခုံတွင်ထိုင်နေပြီးဖြစ်ကာ မှန်ထဲမှ သူ့ပုံသူကြည့်ပြီး ဆံပင်ရှည်များက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်ကိုမြင်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။

" ဟုတ်..."

ဆံသဆရာက ဆံပင်ကိုကိုင်ကြည့်လိုက်ပြီး ခေါင်းခါကာ သက်ပြင်းချလိုက်သည်။ သူ ပထမဆုံးတစ်ဖြတ် ညှပ်တော့မည့်အချိန်တွင် ဘေးနားမှ စောင့်ကြည့်နေသော ကျန်းရွှယ်မေ့က ရုတ်ချည်းထပြောလိုက်သည်။

" ခဏလေးနေပါဦး..."

သူမက ယီဟွေ့ကိုလှည့်ကြည့်ပြီး သူ့ကိုလိမ္မာပါးနပ်စွာ ဖျောင်းဖျရန် တွေးလိုက်သည်။

" ယီဟွေ့ ထပ်စဉ်းစားပါဦး... ဆံပင်ညှပ်လိုက်ရင် ထပ်ရှည်လာတော့မှာ မဟုတ်ဘူး... သား ဆံပင်အရမ်းရှည်နေလို့ ပန်းချီဆွဲတိုင်း ပေကုန်မှာစိုးရိမ်ရင် အမေ နေ့တိုင်း ဖြီးပေးမှာပေါ့..."

" အမေ... အစ်ကိုကြီးက ဆုံးဖြတ်ပြီးသားလေ ဘာလို့ မလိုတာတွေ ထပ်ပြောနေတာလဲ..."

ကျန်းယီမန့်က လောလိုက်သည်။

အန်တီချိုးကလည်း သူမပြောသည်ကို ထောက်ခံလိုက်သည်။

" ကောင်လေးတွေက အသက်ငယ်ငယ် အသက်ကြီးကြီး ဆံပင်တိုနဲ့က အကောင်းဆုံးပဲ... ' စိုးရိမ်မှုဆံချည်မျှင်သုံးထောင်ကို ညှပ်ပစ်တယ် 'ဆိုတဲ့ ဆိုရိုးတောင် ရှိတယ်လေ... ဆံပင်ညှပ်လိုက်ရင် အားဟွေ့ နေမကောင်းတာလည်း လုံးဝပျောက်ရင်ပျောက်သွားမှာပေါ့..."

ကျန်းမိသားစုက ဤမြို့ငယ်လေးတွင် နေထိုင်ခဲ့သည်မှာ သုံးနှစ်နီးပါးရှိပြီဖြစ်ရာ အိမ်နီးနားချင်းများက ကျန်းယီဟွေ့ စိတ်ရောဂါရှိကြောင်း သိကြသည်။

ကျန်းရွှယ်မေ့က အန်တီချိုးကို တံတောင်ဖြင့်တွတ်လိုက်ပြီး ကလေးရှေ့တွင် ထိုအကြောင်းမပြောရန် အရိပ်အမြွက်ပြလိုက်သည်။ အန်တီချိုးက သဘောပေါက်သွားပြီး အသံတိုးသွားသည်။

" ဟုတ်သားပဲ ငါတို့တွေပြောနေတော့ရော ဘာလုပ်ရမှာလဲ ကာယကံရှင်ကိုယ်တိုင် ဆုံးဖြတ်ခိုင်းလိုက်လေ..."

ယီဟွေ့က ဆံပင်ညှပ်တော့မည်ဖြစ်ရာ တံခါးနားတွင် စီးကရက်သောက်ပြီး ရှိုးပွဲကြည့်နေသည့် ဦးလေးကြီးကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

" အဲ့ပုံအတိုင်းလေး ညှပ်ပေးလို့ရမလား..."

အဆုံးတွင် သူ့ဆံပင်အားလုံးကို မညှပ်ချပဲ တစ်ဝက်ခန့်သာညှပ်လိုက်ရပေသည်။ ဆံသဆရာက လှိုင်းတွန့်ပုံစံဖြင့် ပိုလိုက်ဖက်ကြောင်း ဖျောင်းဖျကြည့်ရန် ကြိုးစားခဲ့သည်။

ယီဟွေ့က ခုံတွင်ထိုင်ကာ မျက်လုံးမှိတ်ထားပြီး ခေါင်းငြိမ့်ခေါင်းခါလုပ်ပြီးသာ ပြန်ဖြေခဲ့သည်။ အပေါ်ဝတ်ရုံကို ချွတ်လိုက်ပြီးချိန်မှသာ မျက်တောင်တဖျတ်ဖျတ်ခတ်ပြီး မျက်လုံးဖွင့်လိုက်သည်။

ကျန်းယီဟွေ့၏အခန်းထဲတွင် မှန်တစ်ချပ်မှ မရှိသည့်အပြင် ရေချိုးခန်းထဲမှ မှန်ကကွဲနေပြီး အသစ်မဝယ်ရသေးပေ။ ယီဟွေ့က ဤတစ်ပတ်ကျော်ကာလအတွင်းတွင် အပြင်ထွက်တိုင်း ဖရိုဖရဲပုံစံသာဖြစ်နေခဲ့ပြီး သူ့မျက်နှာကို ရှင်းလင်းစွာမြင်ခွင့်ရရန် အခွင့်အရေးမရှိခဲ့ပေ။

ယခုအခါတွင် ဆံပင်များအုပ်မနေသည့် သူ့မျက်နှာက ရှေ့တည့်တည့်မှ မှန်ပေါ်တွင် ရောင်ပြန်ဟပ်နေပေသည်။ သူ ပါးစပ်အဟောင်းသားဖြစ်သွားပြီး မျက်လုံးများ တဖြည်းဖြည်းချင်း ပြူးကျယ်လာသည်။

" ပြောသားပဲ အစ်ကိုကြီးက ဆံပင်တိုနဲ့ ပိုလိုက်ပါတယ်ဆို..."

ကျန်းယီမန့်က သူ့ကို ရှားရှားပါးပါးပြုံးပြလိုက်ပြီး ရှေ့တိုးလာကာ သူ့ပခုံးပေါ်မှ ဆံပင်မွေးများကို ပုတ်ပေးလိုက်ပြီး မှန်ထဲမှ သူ့ပုံကိုကြည့်နေသည်။

ယီဟွေ့က လှုပ်ရှားခြင်းမရှိပဲ ထိုင်နေပြီး သူ့အကြည့်များက မှန်ထဲမှ ပုံစံကို ခြေဆုံးခေါင်းဆုံးကြည့်နေသည်။  ကျန်းယီဟွေ့က မေးရိုးချွန်ချွန်၊ အချိန်အတန်ကြာ နေရောင်မထိထားခဲ့သည့် ဖြူဖျော့သောအသားအရည်နှင့် နှာခေါင်းချွန်ချွန်ရှိပေသည်။ မှန်ထဲမှလူကို ကြည့်လိုက်ချိန်တွင် သူ့တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ယင်လာသည်။

ကျန်းယီမန့်က သူမလက်နှစ်ဖက်လုံးကို သူ့ပခုံးပေါ် တင်ထားလိုက်ပြီး သူ တုန်ယင်နေသည်ကိုကြည့်ကာ စနောက်ကျီစယ်လိုက်သည်။

" ဘာလို့လဲ ကိုယ့်ကိုကိုယ် အရမ်းချော‌တယ်လို့ တွေးနေတာလား..."

ယီဟွေ့ ပါးစပ်ဟလိုက်သော်လည်း သူ စကားမပြောနိုင်မီတွင် အဓိပ္ပါယ်မရှိသော စကားလုံးအချို့ ထွက်ကျလာပေသည်။

လွန်ခဲ့သော ဆယ်ရက်အတွင်းက သူ့စိတ်ကို ပြင်ဆင်ထားခဲ့ပြီး ဤကမ္ဘာတွင် ကျန်းယီဟွေ့အဖြစ် အသက်ဆက်ရှင်မည်ဟု ဖျောင်းဖျခဲ့သော်လည်း သူ့မျက်စိရှေ့တည့်တည့်မှ မျက်နှာက ယခင်ယီဟွေ့နှင့် အတော်အတန်တူနေသည်ကို မြင်သောအခါ အတော်ပင် ထိတ်လန့်သွားရသည်။

.....

Chapter 3.1

ေနာက္တစ္ေန႔မနက္တြင္ ယီေဟြ႕က ပန္းခ်ီၿပိဳင္ပြဲဝင္လိုသည္ဟု က်န္း႐ႊယ္ေမ့ကို ေျပာခဲ့သည္။ က်န္း႐ႊယ္ေမ့က ဝမ္းသာသြားၿပီး မနက္စာခ်က္ျပဳတ္ေနလက္စကို ပစ္ထားလိုက္ကာ အထုပ္အပိုးမ်ား စတင္ျပင္ဆင္ေတာ့သည္။

" ဟိုမွာ ေတာ္ေတာ္ေအးေနၿပီ အဝတ္အစားထူထူေတြ ထည့္သြားရမယ္... ၿပီးေတာ့ မက္စ္ေတြလည္း ျပင္သြားရမယ္..."

မနက္စာမစားရေသးေသာ က်န္းယီမန႔္က မေပ်ာ္မ႐ႊင္ျဖင့္ စားပြဲကို႐ိုက္ခ်လိုက္ၿပီး သတိေပးလိုက္သည္။

" ရက္ နည္းနည္းလိုေသးတာပဲကို ဘာေတြေလာေနတာလဲ..."

ေန႔လယ္ခင္း ေနထြက္လာခ်ိန္တြင္ ယီေဟြ႕က စတူဒီယိုထဲေရာက္ေနၿပီး ပန္းခ်ီကားမ်ား စီေနသည္။ က်န္း႐ႊယ္ေမ့က အျပင္ဘက္မွ အိမ္နီးနားခ်င္းမ်ားကို အသံက်ယ္က်ယ္ျဖင့္ ေျပာေနသည္ကို သူၾကားလိုက္ရသည္။

" ယီေဟြ႕က ၿမိဳ႕မွာ ပန္းခ်ီၿပိဳင္ပြဲသြားၿပိဳင္မယ္တဲ့ ကြၽန္မတို႔ ရက္နည္းနည္းေလာက္ေတာ့ သြားရဦးမယ္ အဲ့အခ်ိန္အတြင္း ေက်းဇူးျပဳၿပီး ယီမန႔္ကို ဂ႐ုစိုက္ေပးပါဦး... အာ... ခ်ီးက်ဴးတာ ေက်းဇူးပါပဲ ကြၽန္မတို႔ျပန္လာမွ လက္ေဆာင္ေတြ ဝယ္ခဲ့မယ္ေနာ္..."

သူမ စကားလုံးမ်ားက ေပ်ာ္႐ႊင္မႈမ်ားျဖင့္ ျပည့္ေနသည္။

ဤမိသားစုက ၿမိဳ႕ေတာ္သို႔မျပန္သည္က အခ်ိန္အတန္ၾကာၿပီျဖစ္ေၾကာင္း ယီေဟြ႕မွန္းဆလိုက္မိသည္။ ဤတစ္ႀကိမ္ ၿပိဳင္ပြဲတြင္ပါဝင္ရန္ သေဘာတူလိုက္ျခင္းက သူ၏ကုသျခင္းလုပ္ငန္းစဥ္မ်ားကို ေရွ႕ဆက္တိုးႏိုင္ၿပီး အေကာင္းဘက္သို႔ေရာက္လာသည္ဟု မွတ္ယူႏိုင္ေပသည္။ သူမက မိခင္တစ္ေယာက္ျဖစ္၍ ေပ်ာ္႐ႊင္ေနမည္မွာ သဘာဝပင္။

သူတို႔ ေနာက္တစ္ပတ္သြားမည့္ခရီးအတြက္ ယခုခ်ိန္တည္းက လက္မွတ္ႀကိဳမွာထားခဲ့သည္။

ၿမိဳ႕က ေခါင္ဖ်ားေသာေနရာတြင္ရွိေသာေၾကာင့္ ရထားမ်ားက ဤေနရာအထိ ေရာက္မလာၾက၍ ၿမိဳ႕သို႔ ကားျဖင့္သာ သြားႏိုင္ေပသည္။ က်န္း႐ႊယ္ေမ့ႏွင့္ သေဘာတူညီခ်က္ယူၿပီးသည့္အခါ ယီေဟြ႕က ရထားလက္မွတ္ကို လိုင္းေပၚမွမွာယူရန္အတြက္  ကြန္ပ်ဴတာ ငွားရမ္းရမည္ျဖစ္ေသာေၾကာင့္ ယီမန႔္၏ အခန္းတံခါးကို ေခါက္လိုက္သည္။

သူ႔ကို တစ္မိနစ္ခန႔္ ေစာင့္ဆိုင္းေစၿပီးမွ ယီမန႔္က အခန္းတံခါးပြင့္လာသည္။ သူ ကြန္ပ်ဴတာငွားမည့္အေၾကာင္း ရွင္းျပလိုက္ေသာအခါ သူမက စိတ္မရွည္လက္မရွည္ျဖင့္ ေျပာလိုက္သည္။

" အစ္ကိုႀကီး ဘာလို႔စမတ္ဖုန္းမလဲေသးတာလဲ... အေမ့ကိုေျပာၿပီး အသစ္တစ္လုံး ဝယ္ခိုင္းပါလား..."

ေျပာၿပီးသည္ႏွင့္ သူမက လွည့္ထြက္ၿပီး အခန္းထဲျပန္ဝင္ကာ ယီေဟြ႕ကိုေက်ာေပးၿပီး အိပ္ရာေပၚလွဲေနလိုက္သည္။

ယီေဟြ႕ မိန္းမကေလးတစ္ေယာက္၏ အခန္းထဲဝင္ဖူးသည္က ပထမဆုံးအႀကိမ္ျဖစ္သည္။

"ခြင့္ျပဳပါဦး" ဟု တီးတိုးေျပာလိုက္ကာ‌ ေဘးဘယ္ညာကိုၾကည့္မေနေတာ့ပဲ စားပြဲရွိရာသို႔ တည့္တည့္ေလွ်ာက္သြားၿပီး ေမာက္စ္ကို ကိုင္ကာ တစ္ခ်က္ႏွိပ္လိုက္သည္။

သူက ကြန္ပ်ဳတာအသုံးျပဳနည္းကို ေကာင္းေကာင္းမသိေပ။ သူ ဖ်င္းယင္းစာလုံးမ်ားကို တျဖည္းျဖည္းေရ႐ြတ္ေနၿပီး ကီးဘုတ္ကို တစ္လုံးစီ႐ိုက္ၿပီးသည့္အခါတြင္မွ လက္မွတ္ႀကိဳတင္မွာယူရမည့္ website သို႔ ေရာက္သြားသည္။  သို႔ရာတြင္ မရင္းမႏွီးျဖစ္ေနသည့္ စာမ်က္ႏွာျဖစ္ေသာေၾကာင့္ မည္သည့္ေနရာနိပ္ရမည္ကို မသ္ိေခ်။

" လုပ္မွာလား မလုပ္ဘူးလား..."

က်န္းယီမန႔္က ထပ္ၾကည့္မေနႏိုင္ေတာ့ေပ။ သူမ အိပ္ရာေပၚမွထလာၿပီး ယီေဟြ႕လက္ထဲမွ ေမာက္စ္ကိုယူၿပီး ထြက္ခြာမည့္အခ်ိန္ကို ေမးလိုက္သည္။ သူမ တေတာက္ေတာက္ျဖင့္ ႏွိပ္လိုက္ၿပီးေနာက္ ႏွစ္မိနစ္အတြင္း လက္မွတ္ဝယ္ၿပီးသြားခဲ့သည္။

ကြန္ပ်ဴတာစာမ်က္ႏွာက homepageသို႔ ျပန္ေရာက္လာၿပီးေနာက္ ယီေဟြ႕ကို သူေမးလိုက္သည္။

" အျပန္အတြက္ေရာ လက္မွတ္ဝယ္ဦးမွာလား..."

ယီေဟြ႕ ေခါင္းခါလိုက္သည္။

" မဝယ္ေတာ့ဘူး... သူေျပာတာ အမ္... အေမေျပာတာေတာ့‌ ဟိုေရာက္မွ ဝယ္မယ္တဲ့..."

က်န္း႐ႊယ္ေမ့က သူမသားကို ၿမိဳ႕တြင္ ရက္အနည္းငယ္ခန႔္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနခိုင္းဦးမည္ကို ေတြးမိသည့္အခါ က်န္းယီမန႔္၏မ်က္ႏွာက မသာမယာထပ္ျဖစ္သြားသည္။

ယီေဟြ႕က မတ္တပ္ရပ္လိုက္ၿပီးေနာက္ အိပ္ရာေပၚျပန္တက္ကာ ဖုန္းကလိေတာ့မည့္ မိန္းကေလးကိုေမးလိုက္သည္။

" အတူတူသြားခ်င္လား..."

က်န္းယီမန႔္က သူ႔အသံၾကားသည္ႏွင့္ ေခါင္းလွည့္လာသည္။ သူမ မ်က္ႏွာေပၚတြင္ အံ့အားသင့္မႈတစ္ခု ျဖတ္ေျပးသြားေသာ္လည္း စိတ္ဓာတ္က်သြားပုံျဖင့္ ေျပာလိုက္သည္။

" ထားလိုက္ပါေတာ့... ညီမေလးက ေက်ာင္းတက္ရဦးမွာ အေမကလည္းသြားခိုင္းမွာ မဟုတ္ပါဘူး..."

ယီေဟြ႕ ခဏတာေတြးလိုက္ၿပီးေနာက္ ျပန္ေျဖလိုက္သည္။

" ခြင့္ယူလို႔ရမယ္ဆိုရင္ အစ္ကိုႀကီး အေမ့ကို ေျပာေပးမယ္ေလ..."

" အစ္ကိုႀကီးက ေျပာေပးမယ္တဲ့လား..."

က်န္းယီမန႔္က သူ႔ကို မယုံမၾကည္ျဖစ္သြားသကဲ့သို႔ သကၤာမကင္းျဖင့္ ၾကည့္လိုက္သည္။

" ကြၽန္မကို ရႈပ္တယ္လို႔ အၿမဲတမ္းထင္ေနတာမလား... ဘာလို႔ ႐ုတ္တရက္ႀကီး ေကာင္းျပေနတာလဲ..."

ထိုသို႔ေျပာလာမည္ဟု ယီေဟြ႕ မထင္ထားခဲ့ေပ။ တစ္ခ်ိန္ကမူ သူက မိသားစု၏ တစ္ဦးတည္းေသာသားျဖစ္ခဲ့သည္။ အျခားလူမ်ားက ညီ၊ ညီမရွိသည္ကို ျမင္ေသာအခါ အၿမဲ မနာလိုျဖစ္ခဲ့ရသည္။ ေနာက္ပိုင္းတြင္ ယီေဟြ႕ထံ၌ အစ္ကိုတစ္ေယာက္ရွိလာခဲ့သည္။ သူတို႔က ေသြးတစ္ဝက္သာေရာသည့္ ညီအစ္ကိုမ်ားျဖစ္ၾကေသာ္လည္း မိသားစုထဲတြင္ သူႏွင့္စကားေျပာႏိုင္သည့္ အသက္အ႐ြယ္ မတိမ္းမယိမ္းလူတစ္ေယာက္ ရွိလာခဲ့၍ စိတ္လႈပ္ရွားခဲ့ရသည္။

က်န္းယီေဟြ႕က အမွန္တကယ္ပင္ သီးသန႔္ဆန္စြာေနလြန္းၿပီး ႏႈတ္ဆိတ္လြန္းသူျဖစ္ေသာေၾကာင့္ ညီမအရင္းႏွင့္ပင္ ဆက္ဆံေရးအလြန္ဆိုး႐ြားေနသည္က မဆန္းေတာ့ေပ။

ယီေဟြ႕က ခြန္းတုံ႔ျပန္ျခင္းမရွိပဲ တိတ္ဆိတ္စြာရပ္ေနသည္ကို ျမင္ေသာအခါ က်န္းယီမန႔္က သူမေျပာလိုက္သည္က လြန္သြားသည္ဟု ထင္လိုက္၍ အိပ္ရာေပၚမွ ထလာၿပီး ရွက္စရာေကာင္းေသာအေျခအေနမွ ႐ုန္းထြက္ရန္ျပင္လိုက္သည္။

" အစ္ကိုႀကီးက ကိုယ့္ကိစၥကိုယ္လုပ္ပါ... ဆံပင္ေတာင္ ေသခ်ာမၿဖီးတတ္ပဲနဲ႔... ဟိုသြားရင္လည္း အေမက အစ္ကိုႀကီးဖို႔ပဲ စိတ္ပူေနရမွာပဲ...

သူမက ေျပာေျပာဆိုဆိုျဖင့္ အိပ္ရာေဘးရွိစားပြဲေပၚမွ ေရာ္ဘာဘီးကုတ္ေလးကိုထုတ္ၿပီး ယီေဟြ႕ကိုထိုင္ခိုင္းၿပီး ဆံပင္ၿဖီးေပးလိုက္သည္။ သူမက လွ်ာသြက္အာသြက္ရွိသူတစ္ေယာက္ျဖစ္သည္။

" ဘယ္ေလာက္ေတာင္ အစားေကာင္းေတြစားရလို႔လဲမသိဘူး အစ္ကိုႀကီးဆံပင္ေတြက ညီမေလးထက္ေတာင္ ပိုထူၿပီးေတာ့ ပိုရွည္ေနတယ္..."

အကယ္၍ အတိတ္တြင္ဆိုပါက ယီေဟြ႕က သူမ သူ႔ကို ခ်ီးမြမ္းေနသည္ဟုသာ ထင္လိုက္မည္ျဖစ္ၿပီး သူမစကားထဲမွ ထစ္ေငါ့မႈမ်ားကို နားလည္မည္မဟုတ္ေပ။ ယခုအခါ သူက ဦး‌ေႏွာက္အသစ္တစ္ခုကို ရရွိသြားၿပီျဖစ္ရာ သူ နားမလည္ပဲ မေနေတာ့ေပ။

သူက ေျခာက္ကပ္ကပ္ၿပဳံးျပၿပီး ေမးလိုက္သည္။
" ဒီနားမွာ ဆံပင္ညႇပ္ဆိုင္ရွိလား..."

" အိမ္တြင္းပုန္းေနတာ အဲ့ေလာက္ေတာင္ မ်ားသြားတာလား အိမ္နားမွာ ဘာေတြရွိမွန္းေတာင္ မသိဘူးေပါ့..."

က်န္းယီမန႔္က ပြစိပြစိ ေရ႐ြတ္ၿပီးသည့္အခါ အဓိကအခ်က္ကို သေဘာေပါက္သြားၿပီး သူ႔ကိုစိုက္ၾကည့္လိုက္သည္။

" ဆံပင္ညႇပ္ခ်င္လို႔လား..."

ညေနခင္း ေနဝင္ခါနီးတြင္ က်န္းမိသားစုဝင္သုံးေယာက္က သူတို႔၏အိမ္နီးခ်င္းအန္တီခ်ိဳးႏွင့္ သူမ၏ ကေလးေပါက္စႏွစ္ေယာက္ျဖင့္အတူ လမ္းေလွ်ာက္ထြက္ၿပီး ဆံပင္ညႇပ္ဆိုင္ေလးတစ္ခုထဲ ဝင္လာခဲ့သည္။

ၿမိဳ႕ငယ္ေလးက လူဦးေရနည္းပါးလွေသာ္လည္း ဤေနရာမွလူမ်ားက ရင္းႏွီးၾကေပသည္။ မီးခိုးေရာင္ဆံပင္ႏွင့္ဆံသဆရာက ကတ္ေၾကးႏွင့္ သင္တုန္းဓားကို ျပင္ဆင္ေနစဥ္ တြန႔္ဆုတ္စြာျဖင့္ ေမးလိုက္သည္။

" အားေဟြ႕... ဆံပင္ညႇပ္ခ်င္တယ္ဆို‌တာ ေသခ်ာရဲ႕လား..."

ယီေဟြ႕က ခုံတြင္ထိုင္ေနၿပီးျဖစ္ကာ မွန္ထဲမွ သူ႔ပုံသူၾကည့္ၿပီး ဆံပင္ရွည္မ်ားက သူ႔တစ္ကိုယ္လုံးကို လႊမ္းၿခဳံထားသည္ကိုျမင္ၿပီး ေခါင္းၿငိမ့္ျပလိုက္သည္။

" ဟုတ္..."

ဆံသဆရာက ဆံပင္ကိုကိုင္ၾကည့္လိုက္ၿပီး ေခါင္းခါကာ သက္ျပင္းခ်လိုက္သည္။ သူ ပထမဆုံးတစ္ျဖတ္ ညႇပ္ေတာ့မည့္အခ်ိန္တြင္ ေဘးနားမွ ေစာင့္ၾကည့္ေနေသာ က်န္း႐ႊယ္ေမ့က ႐ုတ္ခ်ည္းထေျပာလိုက္သည္။

" ခဏေလးေနပါဦး..."

သူမက ယီေဟြ႕ကိုလွည့္ၾကည့္ၿပီး သူ႔ကိုလိမၼာပါးနပ္စြာ ေဖ်ာင္းဖ်ရန္ ေတြးလိုက္သည္။

" ယီေဟြ႕ ထပ္စဥ္းစားပါဦး... ဆံပင္ညႇပ္လိုက္ရင္ ထပ္ရွည္လာေတာ့မွာ မဟုတ္ဘူး... သား ဆံပင္အရမ္းရွည္ေနလို႔ ပန္းခ်ီဆြဲတိုင္း ေပကုန္မွာစိုးရိမ္ရင္ အေမ ေန႔တိုင္း ၿဖီးေပးမွာေပါ့..."

" အေမ... အစ္ကိုႀကီးက ဆုံးျဖတ္ၿပီးသားေလ ဘာလို႔ မလိုတာေတြ ထပ္ေျပာေနတာလဲ..."

က်န္းယီမန႔္က ေလာလိုက္သည္။

အန္တီခ်ိဳးကလည္း သူမေျပာသည္ကို ေထာက္ခံလိုက္သည္။

" ေကာင္ေလးေတြက အသက္ငယ္ငယ္ အသက္ႀကီးႀကီး ဆံပင္တိုနဲ႔က အေကာင္းဆုံးပဲ... ' စိုးရိမ္မႈဆံခ်ည္မွ်င္သုံးေထာင္ကို ညႇပ္ပစ္တယ္ 'ဆိုတဲ့ ဆို႐ိုးေတာင္ ရွိတယ္ေလ... ဆံပင္ညႇပ္လိုက္ရင္ အားေဟြ႕ ေနမေကာင္းတာလည္း လုံးဝေပ်ာက္ရင္ေပ်ာက္သြားမွာေပါ့..."

က်န္းမိသားစုက ဤၿမိဳ႕ငယ္ေလးတြင္ ေနထိုင္ခဲ့သည္မွာ သုံးႏွစ္နီးပါးရွိၿပီျဖစ္ရာ အိမ္နီးနားခ်င္းမ်ားက က်န္းယီေဟြ႕ စိတ္ေရာဂါရွိေၾကာင္း သိၾကသည္။

က်န္း႐ႊယ္ေမ့က အန္တီခ်ိဳးကို တံေတာင္ျဖင့္တြတ္လိုက္ၿပီး ကေလးေရွ႕တြင္ ထိုအေၾကာင္းမေျပာရန္ အရိပ္အႁမြက္ျပလိုက္သည္။ အန္တီခ်ိဳးက သေဘာေပါက္သြားၿပီး အသံတိုးသြားသည္။

" ဟုတ္သားပဲ ငါတို႔ေတြေျပာေနေတာ့ေရာ ဘာလုပ္ရမွာလဲ ကာယကံရွင္ကိုယ္တိုင္ ဆုံးျဖတ္ခိုင္းလိုက္ေလ..."

ယီေဟြ႕က ဆံပင္ညႇပ္ေတာ့မည္ျဖစ္ရာ တံခါးနားတြင္ စီးကရက္ေသာက္ၿပီး ရႈိးပြဲၾကည့္ေနသည့္ ဦးေလးႀကီးကို လက္ညႇိဳးထိုးျပၿပီး ေျပာလိုက္သည္။

" အဲ့ပုံအတိုင္းေလး ညႇပ္ေပးလို႔ရမလား..."

အဆုံးတြင္ သူ႔ဆံပင္အားလုံးကို မညႇပ္ခ်ပဲ တစ္ဝက္ခန႔္သာညႇပ္လိုက္ရေပသည္။ ဆံသဆရာက လႈိင္းတြန႔္ပုံစံျဖင့္ ပိုလိုက္ဖက္ေၾကာင္း ေဖ်ာင္းဖ်ၾကည့္ရန္ ႀကိဳးစားခဲ့သည္။

ယီေဟြ႕က ခုံတြင္ထိုင္ကာ မ်က္လုံးမွိတ္ထားၿပီး ေခါင္းၿငိမ့္ေခါင္းခါလုပ္ၿပီးသာ ျပန္ေျဖခဲ့သည္။ အေပၚဝတ္႐ုံကို ခြၽတ္လိုက္ၿပီးခ်ိန္မွသာ မ်က္ေတာင္တဖ်တ္ဖ်တ္ခတ္ၿပီး မ်က္လုံးဖြင့္လိုက္သည္။

က်န္းယီေဟြ႕၏အခန္းထဲတြင္ မွန္တစ္ခ်ပ္မွ မရွိသည့္အျပင္ ေရခ်ိဳးခန္းထဲမွ မွန္ကကြဲေနၿပီး အသစ္မဝယ္ရေသးေပ။ ယီေဟြ႕က ဤတစ္ပတ္ေက်ာ္ကာလအတြင္းတြင္ အျပင္ထြက္တိုင္း ဖ႐ိုဖရဲပုံစံသာျဖစ္ေနခဲ့ၿပီး သူ႔မ်က္ႏွာကို ရွင္းလင္းစြာျမင္ခြင့္ရရန္ အခြင့္အေရးမရွိခဲ့ေပ။

ယခုအခါတြင္ ဆံပင္မ်ားအုပ္မေနသည့္ သူ႔မ်က္ႏွာက ေရွ႕တည့္တည့္မွ မွန္ေပၚတြင္ ေရာင္ျပန္ဟပ္ေနေပသည္။ သူ ပါးစပ္အေဟာင္းသားျဖစ္သြားၿပီး မ်က္လုံးမ်ား တျဖည္းျဖည္းခ်င္း ျပဴးက်ယ္လာသည္။

" ေျပာသားပဲ အစ္ကိုႀကီးက ဆံပင္တိုနဲ႔ ပိုလိုက္ပါတယ္ဆို..."

က်န္းယီမန႔္က သူ႔ကို ရွားရွားပါးပါးၿပဳံးျပလိုက္ၿပီး ေရွ႕တိုးလာကာ သူ႔ပခုံးေပၚမွ ဆံပင္ေမြးမ်ားကို ပုတ္ေပးလိုက္ၿပီး မွန္ထဲမွ သူ႔ပုံကိုၾကည့္ေနသည္။

ယီေဟြ႕က လႈပ္ရွားျခင္းမရွိပဲ ထိုင္ေနၿပီး သူ႔အၾကည့္မ်ားက မွန္ထဲမွ ပုံစံကို ေျခဆုံးေခါင္းဆုံးၾကည့္ေနသည္။  က်န္းယီေဟြ႕က ေမး႐ိုးခြၽန္ခြၽန္၊ အခ်ိန္အတန္ၾကာ ေနေရာင္မထိထားခဲ့သည့္ ျဖဴေဖ်ာ့ေသာအသားအရည္ႏွင့္ ႏွာေခါင္းခြၽန္ခြၽန္ရွိေပသည္။ မွန္ထဲမွလူကို ၾကည့္လိုက္ခ်ိန္တြင္ သူ႔တစ္ကိုယ္လုံး ျပင္းျပင္းထန္ထန္ တုန္ယင္လာသည္။

က်န္းယီမန႔္က သူမလက္ႏွစ္ဖက္လုံးကို သူ႔ပခုံးေပၚ တင္ထားလိုက္ၿပီး သူ တုန္ယင္ေနသည္ကိုၾကည့္ကာ စေနာက္က်ီစယ္လိုက္သည္။

" ဘာလို႔လဲ ကိုယ့္ကိုကိုယ္ အရမ္းေခ်ာ‌တယ္လို႔ ေတြးေနတာလား..."

ယီေဟြ႕ ပါးစပ္ဟလိုက္ေသာ္လည္း သူ စကားမေျပာႏိုင္မီတြင္ အဓိပၸါယ္မရွိေသာ စကားလုံးအခ်ိဳ႕ ထြက္က်လာေပသည္။

လြန္ခဲ့ေသာ ဆယ္ရက္အတြင္းက သူ႔စိတ္ကို ျပင္ဆင္ထားခဲ့ၿပီး ဤကမာၻတြင္ က်န္းယီေဟြ႕အျဖစ္ အသက္ဆက္ရွင္မည္ဟု ေဖ်ာင္းဖ်ခဲ့ေသာ္လည္း သူ႔မ်က္စိေရွ႕တည့္တည့္မွ မ်က္ႏွာက ယခင္ယီေဟြ႕ႏွင့္ အေတာ္အတန္တူေနသည္ကို ျမင္ေသာအခါ အေတာ္ပင္ ထိတ္လန႔္သြားရသည္။

.....

Continue Reading

You'll Also Like

1M 48.2K 28
1950s. ***Story contains mature scenes and Hindi phrases in initial chapters which are not translated in english*** Abhigyan Singh, a Sarpanch of the...
2.3M 135K 45
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
1.9M 107K 89
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
521K 18.3K 93
"Leave, you're free. Don't ever come back here again." She said, hoping he wouldn't return and she'll get to live Hael was shocked, "Are you abandon...