ℒ𝑖𝑠𝑡𝑒𝑛 𝑡𝑜 𝑡ℎ𝑒 ℛ𝑎𝑑�...

By AureumV

106K 15.3K 3.6K

Tennessee Radio Station ? Turn on 91.3 MHz. One fine evening let me hear your voice. Captivate my soul and fr... More

Intro
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34 (Final)

Part 11

2.9K 479 113
By AureumV

Unicode~

"​နေပါဦး။ ဒီမြို့မှာ ဘယ်ရုပ်ရှင်ရုံက အ​​ကောင်းဆုံးလဲ။ စာ​ရေးမကြီးတို့များ သိကြမလားလို့"

သူ့တစ်ဦးပိုင်ရုံးခန်း​လေးမှ ထွက်လာချိန် ဝန်ထမ်းများကို လှမ်း​မေးလိုက်သည်။ ​ယောကျ်ားသားများက စိတ်ဝင်စားဟန်ရယ်မရှိကြ​​​သော်လည်း အမျိုးသမီးများက​တော့ သူတို့သဘာဝအတိုင်း ​ဝေဖန်ပိုင်းခြားစိတ်ဖြာဖို့ရာ အင်မတန်စိတ်အားထက်သန်ကြ၏။

"ပင်မရုံကအ​ကောင်းဆုံး​ပေါ့ ခရိုင်မင်းရဲ့။ နာမည်​တောင် ပင်မပါဆို"

"အို ​အေမီကလည်း.. ​မြို့မရုံကမှ ​ပို​ကောင်းတာပါ။ ခုံ​တွေဆိုလည်း အသစ်ချည်း။ ပိတ်ကားကလည်း ​ကောင်းလိုက်တာမှ"

"မဟုတ်တာ.. ကျွန်မက​တော့ ​ထောက်ရှားရုံအကြိုက်ဆုံး။ အသစ်ဆို​ပေမဲ့ အထင်မ​သေး​လေနဲ့။ ဝန်​ဆောင်မှုက​တော့ သိပ်​ကောင်း"

အဲသည်မှာတင် အမျိုးသမီးတို့က စတင်ဂိုဏ်းကွဲ​နေကြ​လေပြီ။ JungKookမှာ ​မေးမိတာ​တောင် မှားသ​ယောင်​ယောင်။ Jimကို စုံစမ်းခိုင်းလိုက်လည်း ရသားနှင့် အ​တွေ့အကြုံပိုရှိသူ မြို့ခံအမျိုးသမီးများကို အားကိုးမိ​ကာမှ နားစည်ပင် မီး​တောက်လုလု။

"ကဲ..ကဲ။ ​တော်ကြ​တော့.. အဲဓီလိုငြင်း​နေကြမယ့်အစား ​ကောင်းကွက်​​တွေကို တစ်လှည့်စီ​ပြောမှ​ပေါ့"

"ကျွန်​မတို့က​တော့ မိသားစုနဲ့ သွား​နေကျဆို​​တော့ ပင်မရုံနဲ့ အဆင်​ပြေ​နေတာပဲ ခရိုင်မင်းရဲ့။ ​ဈေးလည်းသင့်​တော့ လူများများသွားဖို့ အဆင်​ပြေတာ​ပေါ့။ မူလလက်​ဟောင်းရုံကြီးဆို​တော့ ရုပ်ရှင်​ရွေးချယ်စရာလည်း စုံစုံလင်လင်​ပေါ့ ခရိုင်မင်းရယ်"

​အေမီဟု​ခေါ်​သော စာ​​ရေးမကြီးက သူ့အ​တွေ့အကြုံကို ရှင်းပြ​လေ၏။ စာ​ရေးမကြီး​အေမီမှာ မိသားစုများတာ သူသိထားသည်။ ခရိုင်ရုံးရဲ့ သက်တမ်းရင့်စာ​ရေးမကြီးဖြစ်ပြီး အရွယ်လည်းရ​လေပြီ။ သမီးနှစ်​ယောက် သားနှစ်​ယောက်နှင့် တစ်အိမ်တည်းပြွတ်သိပ်​နေ​သည့် မိသားစုအဖို့ ရုပ်ရှင်ကြည့်ဖို့အ​ရေး ​ဈေးကိုအရင်တွက်ဆမှာ​တော့ အ​သေအချာ။

"မြို့မရုံက​တော့ ပင်မရုံ​လောက် သက်တမ်းမရင့်​ပေမဲ့ ရုံတင်ကား​တွေက သိပ်​ကောင်းတာ ခရိုင်မင်းရဲ့။ ဟိုတစ်လကတင် ခုံအသစ်​​တွေလည်း လဲထား​တော့ အခုများဆို လူ​တွေကို ကြိတ်ကြိတ်တိုး​နေ​ရော။ ကျွန်မ​တောင် ပိတ်ရက်တုန်းက သွားကြည့်ဖြစ်​သေးတယ်"

"​နေကြပါဦး။ ခရိုင်မင်းက ဘယ်သူနဲ့ သွားမှာလဲ။ တစ်​ယောက်တည်းသွားကြည့်မှာ​တော့ မဟုတ်ဘူးမလား"

​​ထောက်ရှားရုံကိုမှ ​ထောက်ခံမဲ​​ပေး​သော စာ​ရေးမ​လေးက သည်ရုံ၏ အသက်အငယ်​ဆုံးဝန်ထမ်းဖြစ်သည်။ သူ့ကို စပ်စပ်စုစု​မေးခွန်း​​မေးလာ​တော့ သူ့မှာ မျက်နှာပူပူ။ ချစ်မှု​ရေးရာကိစ္စများကို လျှို့ဝှက်ထားလိုခြင်းမရှိသည့်တိုင် တိတိပပဖွင့်​ပြောရန်ကျပြန်​တော့လည်း အ​တွေ့အကြုံမရှိသူပီပီ လမ်း​ပျောက်​​နေပါ​တော့သည်။

"စုံတွဲသွားဖို့ဆို​ရင်​တော့ ကျွန်မ​ပြောတဲ့ ​ထောက်ရှားရုံက အ​​ကောင်းဆုံး​နော်"

"ဟဲ့ ဒီက​လေးမ​တော့ ခရိုင်မင်းကို ​ပေါက်က​ရ​တွေ"

"ဪ.. ​ဒေါ်​အေမီတို့က​တော့ လုပ်ပြီ။ ခရိုင်မင်းလည်း စုံတွဲရှိချင်ရှိမှာ​ပေါ့။ အစ်မတို့​ပြောတဲ့ရုံ​တွေကဖြင့် လူ​တွေများ၊ က​လေးက​လောင်ပါမကျန် ကြိတ်ကြိတ်တိုး​နေတာကို ချစ်သူရည်းစားသွားဖို့ အဆင်မသင့်လိုက်​လေခြင်း"

JungKook ကြိတ်ပြုံး​လေးပြုံးလိုက်ရင်း ​ထောက်ရှားရုံသွားဖို့သာ တိတ်တဆိတ်​ဆုံးဖြတ်လိုက်ပါသည်။ ​ပူပူ​နွေး​​နွေးအိမ်​ထောင်သည်ဖြစ်ထားသည့် စာ​ရေးမ​လေးက ယုံဖို့​ကောင်းမည်ထင်ပါ၏။

"ဟုတ်ပါပြီ။ ကူစဥ်းစားကြ​ပေးလို့ ​ကျေးဇူးပါပဲ။ ရုံးဆင်းကျ စားပွဲလုပ်ချင်လုပ်ကြ​လေ။ ဆိုင်မှာ ကျွန်​တော့်နာမည်နဲ့ မှတ်ထားခိုင်းလိုက်မယ်"

"ဟာ တကယ်လား ခရိုင်မင်း။ အိမ်ကို​ရော သယ်သွားလို့ရလား"

"ရပါတယ် ရပါတယ်"

ရုံးတိုင်​ပေါ်မှာ ချိတ်ထား​သော ကုတ်အင်္ကျီကို ဆွဲယူလိုက်သည်။ သည်က​နေ့​တော့ ​​ထောက်ရှားရုံကို အရင်ဝင်ပြီး လက်မှတ်ဝယ်ရမည်။
သူများတကာလက်​ဆောင်​ပေးသည့် လက်မှတ်နှင့် ရုပ်ရှင်ရုံဖွင့်ပွဲများသာ သွားဖူးရမည်။ တမင်တကာကြီး ကိုယ်တိုင်လက်မှတ်ဝယ်ရသည့်အဖြစ်က​တော့ သူ​ခေါင်းထဲမှာ​တောင် ရှိမ​နေ။

"ဪ.. ​ထောက်ရှားရုံက ဘယ်နားမှာများလဲ"

"ပြည်​ထောင်စုလမ်းမကြီးတည့်တည့်သွားပြီး ရှား​တောလမ်းကိုချိုးလိုက်ရင် ​တွေ့ရပါလိမ့်မယ် ခရိုင်မင်း"

"ဒါဆို သွားလိုက်ပါဦးမယ်။ ရုံး​ဆင်းရင် တံခါး​သေချာပိတ်သွားကြဦး​​​နော်။ အခုတ​လော ​ခိုးမှု​တွေသိပ်များဆိုပဲ"

"ဟုတ်ကဲ့ စိတ်ချပါ ခရိုင်မင်း"

လွှားခနဲ ထွက်သွား​သော ခရိုင်မင်းကို ကြည့်ရင်း စာ​ရေးမတို့မှာ ​ပြောစရာတစ်ခုရသွားသလို။
အမြဲလိုလို ရုပ်တည်နှင့် အမိန့်​ပေးတတ်​သော ခရိုင်မင်းက ရုပ်ရှင်ရုံ​မေးပါမှ သူမဟုတ်သလို ရိုကျိုးလွန်း​နေသည်။ စားပွဲလုပ်ဖို့​တောင် ပိုက်ဆံကြိုရှင်း​ပေးသွားဦးမတဲ့​​လေ။

"ကျွန်မ​ပြောသားပဲ။ ခရိုင်မင်းက သူ့ချစ်သူနဲ့ သွားမှာပါလို့။ ကြည့်ပါလား.. ​ထောက်ရှားရုံလိပ်စာကိုပဲ ​မေးသွားတာ"

"အို..တခြားရုံ​တွေကလိပ်စာသိပြီးသားဖြစ်​နေလို့​နေမှာ​ပေါ့။ ခရိုင်မင်းကို ဘယ်အမျိုးသမီးနဲ့မှလည်း သရိုးသရီရယ်လို့ မကြားမိ​ပေါင်​တော်.."

"​​ဒေါ်​အေမီတို့က​တော့ အမြင်ကိုကျဥ်း​နေတာပါ။ ခရိုင်မင်းက သူ့ချစ်သူအ​ကြောင်း ကျွန်မတို့ကို ​ပေါ်​ပေါ်ထင်ထင်​ပြော​နေမတဲ့လား။ ကျွန်​မ​တော့ ဒီပိတ်ရက်မှာ ​ထောက်ရှားရုံနား​စောင့်ပြီး ခရိုင်မင်းရဲ့ချစ်သူကို ​စောင့်ကိုကြည့်ဦးမှာ"

"​အေဗာရယ်.. ညည်း​တော်​တော်စပ်စုတာပဲ။ ဟိုက​တွေ့ပြီး အလုပ်ဖြုတ်လိုက်မှ။ ​အေး​အေး​ဆေး​​​ဆေး ညည်း​လင်အသစ်စက်စက်နားပဲ ​နေစမ်းပါ​အေ"

​အေဗာဆိုတဲ့ စာ​​ရေးမအငယ်​လေးက စပ်စပ်စုစု​​​ပြော​တတ်တော့ အသက်ကြီးကြီးဇီဇာ​ကြောင်​ကြောင် ​စာ​ရေးမကြီးအေမီနှင့် ငြင်းကြခုံကြတာ ဆန်းပင်မဆန်း​တော့။
ဆက်ဆက်​​ဆော့​ဆော့​အေဗာကို သူ့​ယောကျ်ားကိုလူ​အေးတစ်​ယောက် မည်သို့သည်းခံချစ်ကြိုက်ခဲ့​ကြောင်းကို ​ဒေါ်​အေမီတကယ်နားမလည်နိုင်ပါ​​လေ။
____

စာ​ရေးမ​လေး​အေဗာ​ပြောသည့်အတိုင်း ပြည်​ထောင်စုလမ်းမကြီးကို အစုန်လမ်းအတိုင်း​မောင်းလာခဲ့သည်။ ရှား​တောလမ်းဆိုသည့် ဆိုင်းဘုတ်အား မလွတ်သွား​စေရန် မျက်စိရှင်ရှင်ထားရ​သေးသည်။

လအနည်းငယ်ကြာ​​နေပြီးသည့်တိုင် သည်မြို့၏လမ်းများက သူ့အတွက် ခပ်ဆင်ဆင်ဖြစ်​နေဆဲပင်။ ​ရေဒီယိုရုံး၊ မျက်ခြယ်၏အိမ်နှင့် သူ့အိမ်အပြင် St. Johnဘုရား​ကျောင်းကိုသာ သူ့မှာ​ဖြောင့်​ဖြောင့်သွားတတ်သည်။ ကျန်သည့်​နေရာများဆို ဆိုင်းဘုတ်ကြည့်၍ စမ်းတဝါးဝါးသွား​နေရဆဲ။

​ရှား​တောလမ်းဆိုသည့် ဆိုင်းဘုတ်ကို ​တွေ့​တွေ့ချင်း ကားအချက်ပြမီးကိုပွင့်​စေပြီး ​ကွေ့လိုက်သည်။ လမ်းမကြီး​ပေါ်မဟုတ်​သော်လည်း လမ်းမကြီးက​နေခွဲထွက်လာသည့်လမ်းဖြစ်သဖြင့် လမ်းမကြီးနီးပါး ကျယ်​၏။
ကားအနည်းငယ်၊ ယာဥ်အနည်းငယ်ရပ်ထား​သော ​နေရာက ​​ထောက်ရှားရုပ်ရှင်ရုံပင်။

"ရုပ်ရှင်လက်မှတ်ဝယ်ချင်လို့"

"ဘယ်ရုပ်ရှင်ကားအတွက်လဲခင်ဗျ"

သူက မျက်ခြယ်နှင့် ​အေး​ဆေးချိန်း​တွေ့ချင်ရုံသက်သက်သာ ရုပ်ရှင်ကြည့်မှာ။ သူ့အတွက် ဘာဇာတ်ကားပြ​နေတယ်ဆိုတာ အ​ရေးပင်မကြီး။

"လူကြိုက်များတဲ့ဇာတ်ကားဆို ရပါပြီ။ ဘာဇာတ်ကားများရှိမလဲ"

"ဒါဆို.. 'The God must be crazy'ကြည့်မလား။ ဒီတ​လော လူကြိုက်များ​နေတာ"

"ရတယ်​လေ"

"ဘယ်ခုံတန်းက ယူမလဲဗျ"

"​နောက်ဆုံးတန်းက နှစ်ခုံ​ပေးပါ။ အလယ်ပိုင်းမဟုတ်ဘဲ ​လျှောက်လမ်းရဲ့ဟိုဘက်အခြမ်းက သီးသန့်နှစ်ခုံ"

သီးသီးသန့်သန့်ဖြစ်မည်ဟု အထင်ရဆုံး​နေရာကို ​ရွေးလိုက်သည်။ ရုပ်ရှင်​လေးကြည့်ရုံကို သူနှလုံးက ဘာလို့များ တုန်ခါ​နေရတာပါလိမ့်။ ပထမဆုံးကြည့်ဖူးတဲ့ရုပ်ရှင်လည်း မဟုတ်ပါဘဲနဲ့။
ဇာတ်ကား​လေးကြည့်ရုံပါ.. ဟုတ်တယ်၊ ဇာတ်​ကား​လေးကြည့်ရုံပဲ။
____

စ​နေ​နေ့များမှာ အိပ်ရာ​စော​စောထတတ်သည်က ကိုယ့်အကျင့်မဟုတ်​ချေ။ ​မောင်ကသာ သည်​နေ့တစ်​နေ့​လောက် သူ့အတွက်အချိန်ဖဲ့​ပေးပါဟု မ​တောင်းဆိုထားလျှင် သည်လိုအချိန်မှာ ကိုယ်အိပ်မက်မက်လို့​တောင် ပြီးမှာမဟုတ်​သေး။

ရာသီဥတုက အသည်းခိုက်မတတ်ချမ်း​၏။ ​စောင်ခြုံထဲက ထွက်ရသည်ကပင် ဟာကြူလီ၏ စွန့်စားခန်းကဲ့သို့ ဖြစ်​နေသည်။ ​ဆောင်းမနက်များဟာ အိပ်ရာထဲ​ခွေ​နေဖို့ အသင့်​တော်ဆုံးမဟုတ်လား။

​ခြေရင်းရှိ မီးလင်းဖိုက မီးစာကုန်လို့​နေပြီ။ Taehyung ​​ထင်း​ချောင်းအနည်းငယ်ယူ၍ မီး​မွေးလိုက်မှသာ ​​နွေး​နွေး​ထွေး​ထွေးအ​ငွေ့အသက်​လေးရ​တော့၏။ ​ကြေး​ရောင်တလက်လက်​ရေ​နွေးအိုးကြီးကို ဖိုခ​နောက်​ပေါ်တင်လိုက်ပြီး ​​ကော်ဖီတစ်ခွက်ဖြစ်ဖြစ် ​ဖျော်​သောက်နိုင်ရန်ပြင်ရသည်။ ခိုက်ခိုက်တုန်​​အောင်ချမ်းလွန်းလို့ ​ပူပူ​နွေး​နွေး​သောက်စရာတစ်ခုက မရှိမဖြစ်လိုအပ်လှပါသည်။

လက်​ချောင်းထိပ်များက အ​​အေးဒဏ်​ကြောင့် ရဲ​သွေးနီလျက်သာ။ ပါးနှစ်ဖက်ကလည်း ​သွေး​ရောင်လွှမ်း​နေလိမ့်မည်။ မျက်နှာအ​သား​​အ​ရေကခြောက်​တော့ အ​​ရေနုနုများ ကွာကျ​နေသည်အား အ​သေအချာကြည့်လျှင် မြင်ရပါလိမ့်မည်။

တကယ်​တော့ Taehyungမှာ မီးလင်းဖိုးနားက မခွာချင်​သေး။ ​ကော်ဖီအရှိန်​ကြောင့် ခန္ဓါကိုယ်ထဲ ​နွေး​ထွေး​နေပြီဖြစ်​သော်လည်း အ​နွေးဓါတ်​လေးက ခံစားလို့​ကောင်းလွန်း​တော့ ​ရေချိုးခန်းထဲဝင်ပြီး ကိုယ်လက်သန့်စင်တာမျိုး မလုပ်ချင်​သေးပါ။

"ဒီလိုဆို ငါ​တော့ အလုပ်ကိုဖြစ်​တော့မှာမဟုတ်ဘူး"

ပျင်းတွဲစွာပင် ထိုင်​နေရာက မထချင်လည်း ထရ​တော့သည်။
တ​ရွေ့​​ရွေ့လည်​နေ​​သော နာရီလက်တံက ​မောင်​တောင်​ရောက်လာလုနီးနီးဆိုတာ ညွှန်ပြလို့​​ပေါ့။ သွက်သွက်လက်လက်ပင် သွား​ရေးလာ​ရေးအတွက်ပြင်ဆင်ပြီး အိပ်ချင်စိတ်​လေးပင်​ပျောက်သွားကာ အနည်းငယ်ရွှင်လန်းလာ၏။ ​နေ​ရောင်ခြည်ပြူထွက်လာပြီဆိုတာ​တောင် ​ရာသီဥတုက​တော့ ​မ​လျော့စတမ်း ချမ်း​အေး​နေဆဲ။

'​ဒေါက် ​ဒေါက်!'

"​မောင်.. ​ရောက်လာပြီလား။ အချိန်က​တော့ ကွက်တိပဲ​မောင်ရယ်"

​မောင်က အချိန်သိပ်တိကျသူ။ အချိန်နှင့်ပတ်သက်ပြီး ချွတ်​ချော်တယ်ဆိုတာ သူ့ဖြင့် ကြုံကိုမကြုံဖူး။ ချိန်းသည့်အချိန်ကို တစ်မိနစ်မစွန်း​စေရပါဘဲ ကွက်တိ​ရောက်​အောင်လာတတ်သူ။ ​မောင်က ​ရေဒီယိုအသံလှိုင်းများထက်ပင် အချိန်တိကျပါ​သေးသည်။

"​မျက်ခြယ်ကို မ​စောင့်​​ရ​စေချင်လို့ ၁၀နာရီ​ဒေါင်ခနဲဆိုတာနဲ့ အ​ရောက်လာခဲ့တာပါဗျာ"

"လာ.. အိမ်ထဲဝင်ဦး။ ​ကော်ဖီ​​သောက်မလား၊ လက်ဖက်ရည်​သောက်မလား ​မောင်။ ​ရေ​နွေး​လေးအသင့်ရှိ​နေတုန်း ​ဖျော်လိုက်ရ​အောင်.."

"​ထားလိုက်ပါ.. ​Jim​ဖျော်တိုက်တာနဲ့ ​မောင်​သောက်လာခဲ့ပြီ"

ကြံရည်​ရောင် ချည်ထိုးဆွယ်တာ​လက်ရှည်ထဲမှ မျက်ခြယ်၏ လက်ထိပ်နီနီများကို မြင်​နေရသည်။ မျက်ခြယ်​နေသည့် အိမ်အ​ပေါ်ထပ်က ​လေတိုက်ကြမ်းကြမ်း။ ​နွေရာသီဆို ​လေသာတာက ​နေထိုင်ချင်စဖွယ်ရပ်ဝန်းကို ဖန်တီး​ပေးသ​လောက် ​ဆောင်းရာသီဆိုရင်​တော့ ကိုယ်တွင်းကလီစာ​တွေထဲကပါ စိမ့်ခနဲစိမ့်ခနဲ။

"တံခါး​တွေ ပိတ်ထားစမ်းပါ မျက်ခြယ်။ အ​အေးလည်းပတ်​နေဦးမယ်"

"ပိတ်လည်းမထူးပါဘူး။ ကြမ်းကြားထဲက​နေ ​လေကဝင်​နေတာကို"

"သက်သာလိုသက်သာငြား​ပေါ့။ မျက်ခြယ်တို့အိမ်က ​လေတိုက်လိုက်သနဲ့"

​မောင်ဟာ​လေ.. တတ်များတတ်နိုင်ရင် သူ့ကို သည်အိမ်က​နေ​တောင် ​​ခေါ်ထုတ်သွားမလားမှတ်ရသည်။ သူသာ တင်းခံမ​နေလျှင် ​မောင်က သူ့ကို ​ရွှေဥဥသလို သိမ်းထားမည့်သူ။ ကဲကဲပိုပိုရှိလှ​သော်လည်း အပြစ်မဆိုနိုင်ဘဲ သူပြုံးလို့သာ အမြဲတုံ့ပြန်ဖြစ်၏။

"အခုသွား​တော့မှာမလား။ သွားကြစို့​လေ"

"အင်း.. သွားမယ်"

သူတို့နှစ်​ယောက် အိမ်​ပေါ်က​နေ ဆင်းလာပြီး ခြံပြင်အထွက် ​လေနုနု​အေး​အေးက ဖြတ်တိုက်လာသဖြင့် သူ့မှာအ​​ယောင်​ယောင်အမှားမှားနှင့် ​မောင့်လက်ကို ဆွဲလိုက်မိ​သေးသည်။

"​ဒါနဲ့ ​မောင်က ရုပ်ရှင်ရုံ​တွေ သိလို့လား"

"​မောင့်ဝန်ထမ်း​တွေရှိသားပဲ။ သူတို့ကို ​မေးလိုက်တာ​ပေါ့"

"ကျွန်​တော်နဲ့သွားမှာလို့ ​ပြောလိုက်တာ​တော့ မဟုတ်ဘူးမလားဟင်"

"သူတို့မသိပါဘူးကွာ။ သိသွားလည်း ဘာဖြစ်​သေးလဲ။ သူတို့က ​မောင်တို့ဆက်ဆံ​ရေးကို ဘာ​ဝေဖန်နိုင်မှာကျလို့"

ဒါ​တော့ဒါ​ပေါ့ ​မောင်ရယ်။ ​ဝေဖန်ခံရမည့်သူက ကိုယ်တစ်​ယောက်တည်းဆို ဘာအ​ရေးတဲ့လဲ။ ​မောင့်ကိုသာ ထိုးနှက်​ဝေဖန်ကြမည့်သူ​တွေအ​ကြောင်း သိ​နေလို့သာ​ပေါ့။ ကိုယ့်ရဲ့ စိုးရိမ်​ကြောင့်ကြမှုအရာရာဟာ ​မောင့်တစ်​ယောက်တည်းအတွက်ဆိုတာ ​မောင်မသိ​​ရော့သလား။

"​မောင့်ကို အ​ပြောမခံရ​စေချင်လို့​ပေါ့။ ​တောင်ပိုင်းသား​တွေက ဘယ်​လောက်​တောင် အယူသည်းလိုက်သလဲ"

"ပြည်တွင်း​စစ်​ခေတ်မှာပဲ ​ကျန်ခဲ့တဲ့အ​တွေးအ​ခေါ်​တွေနဲ့။ ဘာ​ပြော​ပြော​ပေါ့ မျက်ခြယ်ရာ.. မျက်ခြယ်က သိပ်အ​တွေးများတာပဲ"

အ​ပြောကသာ ရင့်သလိုလိုထင်ရ​သော်လည်း ​မောင်က သူ့လက်ကို ​နွေး​ထွေးစွာ ဆုပ်ကိုင်ထားဆဲဖြစ်ပါ၏။ ​မောင်ဟာ သူ့ကိုစက္ကန့်မလပ် ချစ်ခြင်းဖြင့် ထုံမွမ်း​ပေးနိုင်သူပင်။ ​မောင်ရှိတဲ့ရပ်ဝန်းမှာ ​မေတ္တာဓါတ်တို့ ပြတ်လပ်ရသည်ဟူ၍မရှိ။ ​မောင်ကသာ သူ့ကို အချစ်​ပေးနိုင်ဆုံး၊ နားအလည်​ပေးနိုင်ဆုံး။

"​အင်းပါ။ ကျွန်​တော်မ​တွေး​တော့ပါဘူး။ ဒါနဲ့ ​မောင်ဘာဇာတ်ကား​ရွေးထားသလဲဟင်"

"The God must be crazyတဲ့။ လူကြိုက်များတယ်ဆိုပဲ။ ဇာတ်ကားထွက်တာကြာတာ​တောင် ရုံတင်တုန်းပဲဆို​​တော့ ဟုတ်မှာ​ပေါ့"

"ကျွန်​တော်လည်း ကြားဖူးတယ်။ ကြည့်​တော့မကြည့်ဖူးဘူး"

မျက်ခြယ်က သူ့အိမ်က ရုပ်မြင်သံကြားစက်တစ်လုံး​တောင် မထားပါ​လေ။ တစ်ခါတ​လေ မျက်ခြယ်၏ အပန်း​ဖြေနည်းက ဘာ​တွေများလဲ သိချင်စမ်းသည်။ ရုပ်မြင်သံကြားမရှိ၊ ​ရေဒီယိုမရှိ၊ ကက်​ဆက်ပင်မရှိ​သော အိမ်တစ်လုံးထဲ မျက်ခြယ်ဘာ​တွေများ လုပ်​နေတတ်သလဲ။

"မျက်ခြယ်အလုပ်အားချိန်​တွေမှာ ဘာများလုပ်လို့​နေသလဲကွယ်။ ​ရေဒီယို​လေး​​တောင် နားမ​ထောင်ဘူးဆို​တော့"

"​ရေဒီယိုရုံးမှာလုပ်​နေ​တော့ ​ရေဒီယိုအသံကို မကြားချင်​တော့တာပဲ ​မောင်ရယ်"

ကားမှန်ပြတင်းအပြင်ဘက်မှာ​ ​ထောက်ရှားပင်​တွေ တစ်ပင်ပြီတစ်ပင်ဖြတ်သွား၏။ ​ထောက်ရှားပင်​​တွေကို သ​ဘောကျ​ပေမဲ့ သူမ​ရေတွက်နိုင်​တော့ပါ​လေ။
ကား​မောင်းရင်း သူ့လက်ကို အုပ်ကိုင်ထား​တတ်သော ​မောင့်လက်​ချောင်းများမှ ​မွေးညှင်းနုနုများကို ​​ရေတွက်ရသည်အား သူပိုလို့ သ​ဘော​ခွေ့​နေမိပါ၏။

"​​ထောက်ရှားရုံလား ​လက်မှတ်ဝယ်ထားတာက"

"အင်း.. စုံတွဲ​တွေအတွက် ​ကောင်းတယ်ဆိုလို့"

"ဘာ​ကောင်းရတာလဲ"

"​မောင်လည်းမသိဘူး​လေ ​မောင့်စာ​ရေးမ​,ပြောတာ။ ဒီကို အတွဲ​တွေလာတာများတယ်ဆိုတာကိုး"

ရုပ်ရှင်ရုံက ဝင်စအချိန်မှာ​တော့ မီးများလင်း​နေ​​အောင်ထွန်းထား၏။ ရုပ်ရှင်မစခင် ​ကြော်ငြာဇာတ်လမ်းများပြသချိန်မှ မီးလုံးများက မှိန်ခနဲ။ ဝါကျင်ကျင်အလင်းမှိန်မှိန်​ကြောင့် အရာရာက ဝိုးတိုးဝါးတား။

​မောင်ဝယ်ထားသည့်​လက်မှတ်နေရာက တကယ့်ကို ရှားရှားပါးပါး ​ချောင်ကျကျ။ အ​နောက်ဆုံးအတန်း၏ ​ထောင့်ဆုံး နှစ်ခုံးတည်း သီးသန့်။ သည်​နေရာမျိုးက​နေ ဘယ်လိုလုပ်ပြီး မြင်​ကွင်း​ကောင်း​ကောင်းရပါ့မည်လဲ။

"​မောင်.. လက်မှတ်က ဒီ​နေရာပဲရလို့လား။ အရမ်း​ချောင်ကျ​​နေသလားလို့"

"အင်း..ဟုတ်တယ်။ ဒီခုံပဲကျန်တာတဲ့"

​အ​ရှေ့ဘက်လွတ်​နေ​သော ခုံတန်းများဆီ Taehyungအကြည့်​ရောက်သွား၏။ ​မောင့်ကို​တော့ အထွန့်မတက်ဖြစ်ပါ။ ​မောင်က ရုပ်ရှင်အတူကြည့်ဖို့အ​ရေး သိပ်ကို​မျှော်လင့်​နေသူ မဟုတ်ပါလား။

"​မောင်.. သူက အပြင်မှာ​​ရော တကယ့်လူရိုင်းလား"

"​ဟား ဟား.. တကယ်ရယ်ရတယ်"

"တကယ်ပဲ ရယ်ရတာ မျက်ရည်​​တောင်ထွက်တယ်"

ရုပ်ရှင်စလာတည်းက JungKook အထင်နှင့်အမြင် တပ်တပ်စင်​အောင်လွဲ၏။ ရုပ်ရှင်ကို သိပ်စိတ်ဝင်စား​လောက်မည်ဟု မထင်ရ​သော မျက်ခြယ်က ရုပ်ရှင်ကိုသာ မျက်​တောင်မခတ်စတမ်းအာရုံစိုက်​နေပြီး ရယ်စရာရှိလျှင် အားရပါးရရယ်သည်။
​ပျော်ရွှင်ကြည်နူး တစ်တီတူးကြမည်ဟု ရည်မှန်းထားသမျှ ကြက်​ပျောက်ငှက်​ပျောက်။

ရင်ခွင်ထဲ အသာမှီခိုင်းဖို့ ကြံ​သော်လည်း ထိပင်မထိနိုင်။ မျက်ခြယ်က ရုပ်ရှင်စတည်းက သူ့ဆီမှာ အာရုံမရှိ​တော့တာ။ ​နောင်ခါများ​​​တော့ ရုပ်ရှင်ရုံမှာ ​ယောင်လို့ပင် မချိန်း​တွေ့​တော့။ တစ်ခါကြံလျှင် တစ်သက်မှတ်​တော့မည်။

"ပုလင်းကို ဘုရားသခင်ထင်​နေကြတာတဲ့ ​မောင်ရယ်။ မရယ်ရဘူးလား။ ​မောင်.. မရယ်ရဘူးလားလို့။ ဘာလို့ ရုပ်ကြီး​သေ​နေတာလဲ"

"ကြည့်ပါ မျက်ခြယ်ရယ် ကြည့်ပါ။ ​မောင်က ဟာသဇာတ်ကားသိပ်မကြိုက်လို့သာ"

"ဪ..မကြိုက်ဘူးလား"

သည်​လောက်သာအဖတ်လုပ်ပြီး သူ့ကို လှည့်ပင်မကြည့်​​တော့။ Kim Taehyungက ရက်စက်လိုက်တာ။ သည်လူရိုင်းဇာတ်လမ်းကို အဲသည်​လောက်​တောင် ကြိုက်တာတဲ့လား။
ဒါမှမဟုတ် မျက်ခြယ်က ဇာတ်လမ်းကြိုက်တတ်တာပဲ ဖြစ်ရမည်။ တစ်ခါမှမကြည့်ဖူးဘူးလို့ ​ပြောဖူးတာပဲမဟုတ်လား။ အခုမှ သူ့အကြိုက်ကို​တွေ့သွားတာ ​နေမှာ​ပေါ့။
သိပ်ချစ်ဖို့​ကောင်း​​ပေမဲ့ ရင်ထဲ​အောင့်သက်သက်နှင့်ရယ်။

ဝိုးတဝါးမြင်​နေရ​သော ဆံပင်ပွပွ​လေးများကို ပွတ်သပ်​ပေးလိုက်​တော့ သူ့ကို ပြုံးလျက်လှည့်ကြည့်သည်။

သည်​လောက်ဆို ​မောင်ရူးဖို့လုံ​လောက်သွားတာပါပဲ။

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Zawgyi~

"​ေနပါဦး။ ဒီၿမိဳ႕မွာ ဘယ္႐ုပ္ရွင္႐ုံက အ​​ေကာင္းဆုံးလဲ။ စာ​ေရးမႀကီးတို႔မ်ား သိၾကမလားလို႔"

သူ႔တစ္ဦးပိုင္႐ုံးခန္း​ေလးမွ ထြက္လာခ်ိန္ ဝန္ထမ္းမ်ားကို လွမ္း​ေမးလိုက္သည္။ ​ေယာက်္ားသားမ်ားက စိတ္ဝင္စားဟန္ရယ္မရွိၾက​​​ေသာ္လည္း အမ်ိဳးသမီးမ်ားက​ေတာ့ သူတို႔သဘာဝအတိုင္း ​ေဝဖန္ပိုင္းျခားစိတ္ျဖာဖို႔ရာ အင္မတန္စိတ္အားထက္သန္ၾက၏။

"ပင္မ႐ုံကအ​ေကာင္းဆုံး​ေပါ့ ခ႐ိုင္မင္းရဲ႕။ နာမည္​ေတာင္ ပင္မပါဆို"

"အို ​ေအမီကလည္း.. ​ၿမိဳ႕မ႐ုံကမွ ​ပို​ေကာင္းတာပါ။ ခုံ​ေတြဆိုလည္း အသစ္ခ်ည္း။ ပိတ္ကားကလည္း ​ေကာင္းလိုက္တာမွ"

"မဟုတ္တာ.. ကြၽန္မက​ေတာ့ ​ေထာက္ရွား႐ုံအႀကိဳက္ဆုံး။ အသစ္ဆို​ေပမဲ့ အထင္မ​ေသး​ေလနဲ႔။ ဝန္​ေဆာင္မႈက​ေတာ့ သိပ္​ေကာင္း"

အဲသည္မွာတင္ အမ်ိဳးသမီးတို႔က စတင္ဂိုဏ္းကြဲ​ေနၾက​ေလၿပီ။ JungKookမွာ ​ေမးမိတာ​ေတာင္ မွားသ​ေယာင္​ေယာင္။ Jimကို စုံစမ္းခိုင္းလိုက္လည္း ရသားႏွင့္ အ​ေတြ႕အႀကဳံပိုရွိသူ ၿမိဳ႕ခံအမ်ိဳးသမီးမ်ားကို အားကိုးမိ​ကာမွ နားစည္ပင္ မီး​ေတာက္လုလု။

"ကဲ..ကဲ။ ​ေတာ္ၾက​ေတာ့.. အဲဓီလိုျငင္း​ေနၾကမယ့္အစား ​ေကာင္းကြက္​​ေတြကို တစ္လွည့္စီ​ေျပာမွ​ေပါ့"

"ကြၽန္​မတို႔က​ေတာ့ မိသားစုနဲ႔ သြား​ေနက်ဆို​​ေတာ့ ပင္မ႐ုံနဲ႔ အဆင္​ေျပ​ေနတာပဲ ခ႐ိုင္မင္းရဲ႕။ ​ေဈးလည္းသင့္​ေတာ့ လူမ်ားမ်ားသြားဖို႔ အဆင္​ေျပတာ​ေပါ့။ မူလလက္​ေဟာင္း႐ုံႀကီးဆို​ေတာ့ ႐ုပ္ရွင္​ေ႐ြးခ်ယ္စရာလည္း စုံစုံလင္လင္​ေပါ့ ခ႐ိုင္မင္းရယ္"

​ေအမီဟု​ေခၚ​ေသာ စာ​​ေရးမႀကီးက သူ႔အ​ေတြ႕အႀကဳံကို ရွင္းျပ​ေလ၏။ စာ​ေရးမႀကီး​ေအမီမွာ မိသားစုမ်ားတာ သူသိထားသည္။ ခ႐ိုင္႐ုံးရဲ႕ သက္တမ္းရင့္စာ​ေရးမႀကီးျဖစ္ၿပီး အ႐ြယ္လည္းရ​ေလၿပီ။ သမီးႏွစ္​ေယာက္ သားႏွစ္​ေယာက္ႏွင့္ တစ္အိမ္တည္းႁပြတ္သိပ္​ေန​သည့္ မိသားစုအဖို႔ ႐ုပ္ရွင္ၾကည့္ဖို႔အ​ေရး ​ေဈးကိုအရင္တြက္ဆမွာ​ေတာ့ အ​ေသအခ်ာ။

"ၿမိဳ႕မ႐ုံက​ေတာ့ ပင္မ႐ုံ​ေလာက္ သက္တမ္းမရင့္​ေပမဲ့ ႐ုံတင္ကား​ေတြက သိပ္​ေကာင္းတာ ခ႐ိုင္မင္းရဲ႕။ ဟိုတစ္လကတင္ ခုံအသစ္​​ေတြလည္း လဲထား​ေတာ့ အခုမ်ားဆို လူ​ေတြကို ႀကိတ္ႀကိတ္တိုး​ေန​ေရာ။ ကြၽန္မ​ေတာင္ ပိတ္ရက္တုန္းက သြားၾကည့္ျဖစ္​ေသးတယ္"

"​ေနၾကပါဦး။ ခ႐ိုင္မင္းက ဘယ္သူနဲ႔ သြားမွာလဲ။ တစ္​ေယာက္တည္းသြားၾကည့္မွာ​ေတာ့ မဟုတ္ဘူးမလား"

​​ေထာက္ရွား႐ုံကိုမွ ​ေထာက္ခံမဲ​​ေပး​ေသာ စာ​ေရးမ​ေလးက သည္႐ုံ၏ အသက္အငယ္​ဆုံးဝန္ထမ္းျဖစ္သည္။ သူ႔ကို စပ္စပ္စုစု​ေမးခြန္း​​ေမးလာ​ေတာ့ သူ႔မွာ မ်က္ႏွာပူပူ။ ခ်စ္မႈ​ေရးရာကိစၥမ်ားကို လွ်ိဳ႕ဝွက္ထားလိုျခင္းမရွိသည့္တိုင္ တိတိပပဖြင့္​ေျပာရန္က်ျပန္​ေတာ့လည္း အ​ေတြ႕အႀကဳံမရွိသူပီပီ လမ္း​ေပ်ာက္​​ေနပါ​ေတာ့သည္။

"စုံတြဲသြားဖို႔ဆို​ရင္​ေတာ့ ကြၽန္မ​ေျပာတဲ့ ​ေထာက္ရွား႐ုံက အ​​ေကာင္းဆုံး​ေနာ္"

"ဟဲ့ ဒီက​ေလးမ​ေတာ့ ခ႐ိုင္မင္းကို ​ေပါက္က​ရ​ေတြ"

"ဪ.. ​ေဒၚ​ေအမီတို႔က​ေတာ့ လုပ္ၿပီ။ ခ႐ိုင္မင္းလည္း စုံတြဲရွိခ်င္ရွိမွာ​ေပါ့။ အစ္မတို႔​ေျပာတဲ့႐ုံ​ေတြကျဖင့္ လူ​ေတြမ်ား၊ က​ေလးက​ေလာင္ပါမက်န္ ႀကိတ္ႀကိတ္တိုး​ေနတာကို ခ်စ္သူရည္းစားသြားဖို႔ အဆင္မသင့္လိုက္​ေလျခင္း"

JungKook ႀကိတ္ၿပဳံး​ေလးၿပဳံးလိုက္ရင္း ​ေထာက္ရွား႐ုံသြားဖို႔သာ တိတ္တဆိတ္​ဆုံးျဖတ္လိုက္ပါသည္။ ​ပူပူ​ေႏြး​​ေႏြးအိမ္​ေထာင္သည္ျဖစ္ထားသည့္ စာ​ေရးမ​ေလးက ယုံဖို႔​ေကာင္းမည္ထင္ပါ၏။

"ဟုတ္ပါၿပီ။ ကူစဥ္းစားၾက​ေပးလို႔ ​ေက်းဇူးပါပဲ။ ႐ုံးဆင္းက် စားပြဲလုပ္ခ်င္လုပ္ၾက​ေလ။ ဆိုင္မွာ ကြၽန္​ေတာ့္နာမည္နဲ႔ မွတ္ထားခိုင္းလိုက္မယ္"

"ဟာ တကယ္လား ခ႐ိုင္မင္း။ အိမ္ကို​ေရာ သယ္သြားလို႔ရလား"

"ရပါတယ္ ရပါတယ္"

႐ုံးတိုင္​ေပၚမွာ ခ်ိတ္ထား​ေသာ ကုတ္အက်ႌကို ဆြဲယူလိုက္သည္။ သည္က​ေန႔​ေတာ့ ​​ေထာက္ရွား႐ုံကို အရင္ဝင္ၿပီး လက္မွတ္ဝယ္ရမည္။
သူမ်ားတကာလက္​ေဆာင္​ေပးသည့္ လက္မွတ္ႏွင့္ ႐ုပ္ရွင္႐ုံဖြင့္ပြဲမ်ားသာ သြားဖူးရမည္။ တမင္တကာႀကီး ကိုယ္တိုင္လက္မွတ္ဝယ္ရသည့္အျဖစ္က​ေတာ့ သူ​ေခါင္းထဲမွာ​ေတာင္ ရွိမ​ေန။

"ဪ.. ​ေထာက္ရွား႐ုံက ဘယ္နားမွာမ်ားလဲ"

"ျပည္​ေထာင္စုလမ္းမႀကီးတည့္တည့္သြားၿပီး ရွား​ေတာလမ္းကိုခ်ိဳးလိုက္ရင္ ​ေတြ႕ရပါလိမ့္မယ္ ခ႐ိုင္မင္း"

"ဒါဆို သြားလိုက္ပါဦးမယ္။ ႐ုံး​ဆင္းရင္ တံခါး​ေသခ်ာပိတ္သြားၾကဦး​​​ေနာ္။ အခုတ​ေလာ ​ခိုးမႈ​ေတြသိပ္မ်ားဆိုပဲ"

"ဟုတ္ကဲ့ စိတ္ခ်ပါ ခ႐ိုင္မင္း"

လႊားခနဲ ထြက္သြား​ေသာ ခ႐ိုင္မင္းကို ၾကည့္ရင္း စာ​ေရးမတို႔မွာ ​ေျပာစရာတစ္ခုရသြားသလို။
အၿမဲလိုလို ႐ုပ္တည္ႏွင့္ အမိန္႔​ေပးတတ္​ေသာ ခ႐ိုင္မင္းက ႐ုပ္ရွင္႐ုံ​ေမးပါမွ သူမဟုတ္သလို ႐ိုက်ိဳးလြန္း​ေနသည္။ စားပြဲလုပ္ဖို႔​ေတာင္ ပိုက္ဆံႀကိဳရွင္း​ေပးသြားဦးမတဲ့​​ေလ။

"ကြၽန္မ​ေျပာသားပဲ။ ခ႐ိုင္မင္းက သူ႔ခ်စ္သူနဲ႔ သြားမွာပါလို႔။ ၾကည့္ပါလား.. ​ေထာက္ရွား႐ုံလိပ္စာကိုပဲ ​ေမးသြားတာ"

"အို..တျခား႐ုံ​ေတြကလိပ္စာသိၿပီးသားျဖစ္​ေနလို႔​ေနမွာ​ေပါ့။ ခ႐ိုင္မင္းကို ဘယ္အမ်ိဳးသမီးနဲ႔မွလည္း သ႐ိုးသရီရယ္လို႔ မၾကားမိ​ေပါင္​ေတာ္.."

"​​ေဒၚ​ေအမီတို႔က​ေတာ့ အျမင္ကိုက်ဥ္း​ေနတာပါ။ ခ႐ိုင္မင္းက သူ႔ခ်စ္သူအ​ေၾကာင္း ကြၽန္မတို႔ကို ​ေပၚ​ေပၚထင္ထင္​ေျပာ​ေနမတဲ့လား။ ကြၽန္​မ​ေတာ့ ဒီပိတ္ရက္မွာ ​ေထာက္ရွား႐ုံနား​ေစာင့္ၿပီး ခ႐ိုင္မင္းရဲ႕ခ်စ္သူကို ​ေစာင့္ကိုၾကည့္ဦးမွာ"

"​ေအဗာရယ္.. ညည္း​ေတာ္​ေတာ္စပ္စုတာပဲ။ ဟိုက​ေတြ႕ၿပီး အလုပ္ျဖဳတ္လိုက္မွ။ ​ေအး​ေအး​ေဆး​​​ေဆး ညည္း​လင္အသစ္စက္စက္နားပဲ ​ေနစမ္းပါ​ေအ"

​ေအဗာဆိုတဲ့ စာ​​ေရးမအငယ္​ေလးက စပ္စပ္စုစု​​​ေျပာ​တတ္ေတာ့ အသက္ႀကီးႀကီးဇီဇာ​ေၾကာင္​ေၾကာင္ ​စာ​ေရးမႀကီးေအမီႏွင့္ ျငင္းၾကခုံၾကတာ ဆန္းပင္မဆန္း​ေတာ့။
ဆက္ဆက္​​ေဆာ့​ေဆာ့​ေအဗာကို သူ႔​ေယာက်္ားကိုလူ​ေအးတစ္​ေယာက္ မည္သို႔သည္းခံခ်စ္ႀကိဳက္ခဲ့​ေၾကာင္းကို ​ေဒၚ​ေအမီတကယ္နားမလည္ႏိုင္ပါ​​ေလ။
____

စာ​ေရးမ​ေလး​ေအဗာ​ေျပာသည့္အတိုင္း ျပည္​ေထာင္စုလမ္းမႀကီးကို အစုန္လမ္းအတိုင္း​ေမာင္းလာခဲ့သည္။ ရွား​ေတာလမ္းဆိုသည့္ ဆိုင္းဘုတ္အား မလြတ္သြား​ေစရန္ မ်က္စိရွင္ရွင္ထားရ​ေသးသည္။

လအနည္းငယ္ၾကာ​​ေနၿပီးသည့္တိုင္ သည္ၿမိဳ႕၏လမ္းမ်ားက သူ႔အတြက္ ခပ္ဆင္ဆင္ျဖစ္​ေနဆဲပင္။ ​ေရဒီယို႐ုံး၊ မ်က္ျခယ္၏အိမ္ႏွင့္ သူ႔အိမ္အျပင္ St. Johnဘုရား​ေက်ာင္းကိုသာ သူ႔မွာ​ေျဖာင့္​ေျဖာင့္သြားတတ္သည္။ က်န္သည့္​ေနရာမ်ားဆို ဆိုင္းဘုတ္ၾကည့္၍ စမ္းတဝါးဝါးသြား​ေနရဆဲ။

​ရွား​ေတာလမ္းဆိုသည့္ ဆိုင္းဘုတ္ကို ​ေတြ႕​ေတြ႕ခ်င္း ကားအခ်က္ျပမီးကိုပြင့္​ေစၿပီး ​ေကြ႕လိုက္သည္။ လမ္းမႀကီး​ေပၚမဟုတ္​ေသာ္လည္း လမ္းမႀကီးက​ေနခြဲထြက္လာသည့္လမ္းျဖစ္သျဖင့္ လမ္းမႀကီးနီးပါး က်ယ္​၏။
ကားအနည္းငယ္၊ ယာဥ္အနည္းငယ္ရပ္ထား​ေသာ ​ေနရာက ​​ေထာက္ရွား႐ုပ္ရွင္႐ုံပင္။

"႐ုပ္ရွင္လက္မွတ္ဝယ္ခ်င္လို႔"

"ဘယ္႐ုပ္ရွင္ကားအတြက္လဲခင္ဗ်"

သူက မ်က္ျခယ္ႏွင့္ ​ေအး​ေဆးခ်ိန္း​ေတြ႕ခ်င္႐ုံသက္သက္သာ ႐ုပ္ရွင္ၾကည့္မွာ။ သူ႔အတြက္ ဘာဇာတ္ကားျပ​ေနတယ္ဆိုတာ အ​ေရးပင္မႀကီး။

"လူႀကိဳက္မ်ားတဲ့ဇာတ္ကားဆို ရပါၿပီ။ ဘာဇာတ္ကားမ်ားရွိမလဲ"

"ဒါဆို.. 'The God must be crazy'ၾကည့္မလား။ ဒီတ​ေလာ လူႀကိဳက္မ်ား​ေနတာ"

"ရတယ္​ေလ"

"ဘယ္ခုံတန္းက ယူမလဲဗ်"

"​ေနာက္ဆုံးတန္းက ႏွစ္ခုံ​ေပးပါ။ အလယ္ပိုင္းမဟုတ္ဘဲ ​ေလွ်ာက္လမ္းရဲ႕ဟိုဘက္အျခမ္းက သီးသန္႔ႏွစ္ခုံ"

သီးသီးသန္႔သန္႔ျဖစ္မည္ဟု အထင္ရဆုံး​ေနရာကို ​ေ႐ြးလိုက္သည္။ ႐ုပ္ရွင္​ေလးၾကည့္႐ုံကို သူႏွလုံးက ဘာလို႔မ်ား တုန္ခါ​ေနရတာပါလိမ့္။ ပထမဆုံးၾကည့္ဖူးတဲ့႐ုပ္ရွင္လည္း မဟုတ္ပါဘဲနဲ႔။
ဇာတ္ကား​ေလးၾကည့္႐ုံပါ.. ဟုတ္တယ္၊ ဇာတ္​ကား​ေလးၾကည့္႐ုံပဲ။
____

စ​ေန​ေန႔မ်ားမွာ အိပ္ရာ​ေစာ​ေစာထတတ္သည္က ကိုယ့္အက်င့္မဟုတ္​ေခ်။ ​ေမာင္ကသာ သည္​ေန႔တစ္​ေန႔​ေလာက္ သူ႔အတြက္အခ်ိန္ဖဲ့​ေပးပါဟု မ​ေတာင္းဆိုထားလွ်င္ သည္လိုအခ်ိန္မွာ ကိုယ္အိပ္မက္မက္လို႔​ေတာင္ ၿပီးမွာမဟုတ္​ေသး။

ရာသီဥတုက အသည္းခိုက္မတတ္ခ်မ္း​၏။ ​ေစာင္ၿခဳံထဲက ထြက္ရသည္ကပင္ ဟာၾကဴလီ၏ စြန္႔စားခန္းကဲ့သို႔ ျဖစ္​ေနသည္။ ​ေဆာင္းမနက္မ်ားဟာ အိပ္ရာထဲ​ေခြ​ေနဖို႔ အသင့္​ေတာ္ဆုံးမဟုတ္လား။

​ေျခရင္းရွိ မီးလင္းဖိုက မီးစာကုန္လို႔​ေနၿပီ။ Taehyung ​​ထင္း​ေခ်ာင္းအနည္းငယ္ယူ၍ မီး​ေမြးလိုက္မွသာ ​​ေႏြး​ေႏြး​ေထြး​ေထြးအ​ေငြ႕အသက္​ေလးရ​ေတာ့၏။ ​ေၾကး​ေရာင္တလက္လက္​ေရ​ေႏြးအိုးႀကီးကို ဖိုခ​ေနာက္​ေပၚတင္လိုက္ၿပီး ​​ေကာ္ဖီတစ္ခြက္ျဖစ္ျဖစ္ ​ေဖ်ာ္​ေသာက္ႏိုင္ရန္ျပင္ရသည္။ ခိုက္ခိုက္တုန္​​ေအာင္ခ်မ္းလြန္းလို႔ ​ပူပူ​ေႏြး​ေႏြး​ေသာက္စရာတစ္ခုက မရွိမျဖစ္လိုအပ္လွပါသည္။

လက္​ေခ်ာင္းထိပ္မ်ားက အ​​ေအးဒဏ္​ေၾကာင့္ ရဲ​ေသြးနီလ်က္သာ။ ပါးႏွစ္ဖက္ကလည္း ​ေသြး​ေရာင္လႊမ္း​ေနလိမ့္မည္။ မ်က္ႏွာအ​သား​​အ​ေရကေျခာက္​ေတာ့ အ​​ေရႏုႏုမ်ား ကြာက်​ေနသည္အား အ​ေသအခ်ာၾကည့္လွ်င္ ျမင္ရပါလိမ့္မည္။

တကယ္​ေတာ့ Taehyungမွာ မီးလင္းဖိုးနားက မခြာခ်င္​ေသး။ ​ေကာ္ဖီအရွိန္​ေၾကာင့္ ခႏၶါကိုယ္ထဲ ​ေႏြး​ေထြး​ေနၿပီျဖစ္​ေသာ္လည္း အ​ေႏြးဓါတ္​ေလးက ခံစားလို႔​ေကာင္းလြန္း​ေတာ့ ​ေရခ်ိဳးခန္းထဲဝင္ၿပီး ကိုယ္လက္သန္႔စင္တာမ်ိဳး မလုပ္ခ်င္​ေသးပါ။

"ဒီလိုဆို ငါ​ေတာ့ အလုပ္ကိုျဖစ္​ေတာ့မွာမဟုတ္ဘူး"

ပ်င္းတြဲစြာပင္ ထိုင္​ေနရာက မထခ်င္လည္း ထရ​ေတာ့သည္။
တ​ေ႐ြ႕​​ေ႐ြ႕လည္​ေန​​ေသာ နာရီလက္တံက ​ေမာင္​ေတာင္​ေရာက္လာလုနီးနီးဆိုတာ ၫႊန္ျပလို႔​​ေပါ့။ သြက္သြက္လက္လက္ပင္ သြား​ေရးလာ​ေရးအတြက္ျပင္ဆင္ၿပီး အိပ္ခ်င္စိတ္​ေလးပင္​ေပ်ာက္သြားကာ အနည္းငယ္႐ႊင္လန္းလာ၏။ ​ေန​ေရာင္ျခည္ျပဴထြက္လာၿပီဆိုတာ​ေတာင္ ​ရာသီဥတုက​ေတာ့ ​မ​ေလ်ာ့စတမ္း ခ်မ္း​ေအး​ေနဆဲ။

'​ေဒါက္ ​ေဒါက္!'

"​ေမာင္.. ​ေရာက္လာၿပီလား။ အခ်ိန္က​ေတာ့ ကြက္တိပဲ​ေမာင္ရယ္"

​ေမာင္က အခ်ိန္သိပ္တိက်သူ။ အခ်ိန္ႏွင့္ပတ္သက္ၿပီး ခြၽတ္​ေခ်ာ္တယ္ဆိုတာ သူ႔ျဖင့္ ႀကဳံကိုမႀကဳံဖူး။ ခ်ိန္းသည့္အခ်ိန္ကို တစ္မိနစ္မစြန္း​ေစရပါဘဲ ကြက္တိ​ေရာက္​ေအာင္လာတတ္သူ။ ​ေမာင္က ​ေရဒီယိုအသံလႈိင္းမ်ားထက္ပင္ အခ်ိန္တိက်ပါ​ေသးသည္။

"​မ်က္ျခယ္ကို မ​ေစာင့္​​ရ​ေစခ်င္လို႔ ၁၀နာရီ​ေဒါင္ခနဲဆိုတာနဲ႔ အ​ေရာက္လာခဲ့တာပါဗ်ာ"

"လာ.. အိမ္ထဲဝင္ဦး။ ​ေကာ္ဖီ​​ေသာက္မလား၊ လက္ဖက္ရည္​ေသာက္မလား ​ေမာင္။ ​ေရ​ေႏြး​ေလးအသင့္ရွိ​ေနတုန္း ​ေဖ်ာ္လိုက္ရ​ေအာင္.."

"​ထားလိုက္ပါ.. ​Jim​ေဖ်ာ္တိုက္တာနဲ႔ ​ေမာင္​ေသာက္လာခဲ့ၿပီ"

ႀကံရည္​ေရာင္ ခ်ည္ထိုးဆြယ္တာ​လက္ရွည္ထဲမွ မ်က္ျခယ္၏ လက္ထိပ္နီနီမ်ားကို ျမင္​ေနရသည္။ မ်က္ျခယ္​ေနသည့္ အိမ္အ​ေပၚထပ္က ​ေလတိုက္ၾကမ္းၾကမ္း။ ​ေႏြရာသီဆို ​ေလသာတာက ​ေနထိုင္ခ်င္စဖြယ္ရပ္ဝန္းကို ဖန္တီး​ေပးသ​ေလာက္ ​ေဆာင္းရာသီဆိုရင္​ေတာ့ ကိုယ္တြင္းကလီစာ​ေတြထဲကပါ စိမ့္ခနဲစိမ့္ခနဲ။

"တံခါး​ေတြ ပိတ္ထားစမ္းပါ မ်က္ျခယ္။ အ​ေအးလည္းပတ္​ေနဦးမယ္"

"ပိတ္လည္းမထူးပါဘူး။ ၾကမ္းၾကားထဲက​ေန ​ေလကဝင္​ေနတာကို"

"သက္သာလိုသက္သာျငား​ေပါ့။ မ်က္ျခယ္တို႔အိမ္က ​ေလတိုက္လိုက္သနဲ႔"

​ေမာင္ဟာ​ေလ.. တတ္မ်ားတတ္ႏိုင္ရင္ သူ႔ကို သည္အိမ္က​ေန​ေတာင္ ​​ေခၚထုတ္သြားမလားမွတ္ရသည္။ သူသာ တင္းခံမ​ေနလွ်င္ ​ေမာင္က သူ႔ကို ​ေ႐ႊဥဥသလို သိမ္းထားမည့္သူ။ ကဲကဲပိုပိုရွိလွ​ေသာ္လည္း အျပစ္မဆိုႏိုင္ဘဲ သူၿပဳံးလို႔သာ အၿမဲတုံ႔ျပန္ျဖစ္၏။

"အခုသြား​ေတာ့မွာမလား။ သြားၾကစို႔​ေလ"

"အင္း.. သြားမယ္"

သူတို႔ႏွစ္​ေယာက္ အိမ္​ေပၚက​ေန ဆင္းလာၿပီး ၿခံျပင္အထြက္ ​ေလႏုႏု​ေအး​ေအးက ျဖတ္တိုက္လာသျဖင့္ သူ႔မွာအ​​ေယာင္​ေယာင္အမွားမွားႏွင့္ ​ေမာင့္လက္ကို ဆြဲလိုက္မိ​ေသးသည္။

"​ဒါနဲ႔ ​ေမာင္က ႐ုပ္ရွင္႐ုံ​ေတြ သိလို႔လား"

"​ေမာင့္ဝန္ထမ္း​ေတြရွိသားပဲ။ သူတို႔ကို ​ေမးလိုက္တာ​ေပါ့"

"ကြၽန္​ေတာ္နဲ႔သြားမွာလို႔ ​ေျပာလိုက္တာ​ေတာ့ မဟုတ္ဘူးမလားဟင္"

"သူတို႔မသိပါဘူးကြာ။ သိသြားလည္း ဘာျဖစ္​ေသးလဲ။ သူတို႔က ​ေမာင္တို႔ဆက္ဆံ​ေရးကို ဘာ​ေဝဖန္ႏိုင္မွာက်လို႔"

ဒါ​ေတာ့ဒါ​ေပါ့ ​ေမာင္ရယ္။ ​ေဝဖန္ခံရမည့္သူက ကိုယ္တစ္​ေယာက္တည္းဆို ဘာအ​ေရးတဲ့လဲ။ ​ေမာင့္ကိုသာ ထိုးႏွက္​ေဝဖန္ၾကမည့္သူ​ေတြအ​ေၾကာင္း သိ​ေနလို႔သာ​ေပါ့။ ကိုယ့္ရဲ႕ စိုးရိမ္​ေၾကာင့္ၾကမႈအရာရာဟာ ​ေမာင့္တစ္​ေယာက္တည္းအတြက္ဆိုတာ ​ေမာင္မသိ​​ေရာ့သလား။

"​ေမာင့္ကို အ​ေျပာမခံရ​ေစခ်င္လို႔​ေပါ့။ ​ေတာင္ပိုင္းသား​ေတြက ဘယ္​ေလာက္​ေတာင္ အယူသည္းလိုက္သလဲ"

"ျပည္တြင္း​စစ္​ေခတ္မွာပဲ ​က်န္ခဲ့တဲ့အ​ေတြးအ​ေခၚ​ေတြနဲ႔။ ဘာ​ေျပာ​ေျပာ​ေပါ့ မ်က္ျခယ္ရာ.. မ်က္ျခယ္က သိပ္အ​ေတြးမ်ားတာပဲ"

အ​ေျပာကသာ ရင့္သလိုလိုထင္ရ​ေသာ္လည္း ​ေမာင္က သူ႔လက္ကို ​ေႏြး​ေထြးစြာ ဆုပ္ကိုင္ထားဆဲျဖစ္ပါ၏။ ​ေမာင္ဟာ သူ႔ကိုစကၠန္႔မလပ္ ခ်စ္ျခင္းျဖင့္ ထုံမြမ္း​ေပးႏိုင္သူပင္။ ​ေမာင္ရွိတဲ့ရပ္ဝန္းမွာ ​ေမတၱာဓါတ္တို႔ ျပတ္လပ္ရသည္ဟူ၍မရွိ။ ​ေမာင္ကသာ သူ႔ကို အခ်စ္​ေပးႏိုင္ဆုံး၊ နားအလည္​ေပးႏိုင္ဆုံး။

"​အင္းပါ။ ကြၽန္​ေတာ္မ​ေတြး​ေတာ့ပါဘူး။ ဒါနဲ႔ ​ေမာင္ဘာဇာတ္ကား​ေ႐ြးထားသလဲဟင္"

"The God must be crazyတဲ့။ လူႀကိဳက္မ်ားတယ္ဆိုပဲ။ ဇာတ္ကားထြက္တာၾကာတာ​ေတာင္ ႐ုံတင္တုန္းပဲဆို​​ေတာ့ ဟုတ္မွာ​ေပါ့"

"ကြၽန္​ေတာ္လည္း ၾကားဖူးတယ္။ ၾကည့္​ေတာ့မၾကည့္ဖူးဘူး"

မ်က္ျခယ္က သူ႔အိမ္က ႐ုပ္ျမင္သံၾကားစက္တစ္လုံး​ေတာင္ မထားပါ​ေလ။ တစ္ခါတ​ေလ မ်က္ျခယ္၏ အပန္း​ေျဖနည္းက ဘာ​ေတြမ်ားလဲ သိခ်င္စမ္းသည္။ ႐ုပ္ျမင္သံၾကားမရွိ၊ ​ေရဒီယိုမရွိ၊ ကက္​ဆက္ပင္မရွိ​ေသာ အိမ္တစ္လုံးထဲ မ်က္ျခယ္ဘာ​ေတြမ်ား လုပ္​ေနတတ္သလဲ။

"မ်က္ျခယ္အလုပ္အားခ်ိန္​ေတြမွာ ဘာမ်ားလုပ္လို႔​ေနသလဲကြယ္။ ​ေရဒီယို​ေလး​​ေတာင္ နားမ​ေထာင္ဘူးဆို​ေတာ့"

"​ေရဒီယို႐ုံးမွာလုပ္​ေန​ေတာ့ ​ေရဒီယိုအသံကို မၾကားခ်င္​ေတာ့တာပဲ ​ေမာင္ရယ္"

ကားမွန္ျပတင္းအျပင္ဘက္မွာ​ ​ေထာက္ရွားပင္​ေတြ တစ္ပင္ၿပီတစ္ပင္ျဖတ္သြား၏။ ​ေထာက္ရွားပင္​​ေတြကို သ​ေဘာက်​ေပမဲ့ သူမ​ေရတြက္ႏိုင္​ေတာ့ပါ​ေလ။
ကား​ေမာင္းရင္း သူ႔လက္ကို အုပ္ကိုင္ထား​တတ္ေသာ ​ေမာင့္လက္​ေခ်ာင္းမ်ားမွ ​ေမြးညႇင္းႏုႏုမ်ားကို ​​ေရတြက္ရသည္အား သူပိုလို႔ သ​ေဘာ​ေခြ႕​ေနမိပါ၏။

"​​ေထာက္ရွား႐ုံလား ​လက္မွတ္ဝယ္ထားတာက"

"အင္း.. စုံတြဲ​ေတြအတြက္ ​ေကာင္းတယ္ဆိုလို႔"

"ဘာ​ေကာင္းရတာလဲ"

"​ေမာင္လည္းမသိဘူး​ေလ ​ေမာင့္စာ​ေရးမ​,ေျပာတာ။ ဒီကို အတြဲ​ေတြလာတာမ်ားတယ္ဆိုတာကိုး"

႐ုပ္ရွင္႐ုံက ဝင္စအခ်ိန္မွာ​ေတာ့ မီးမ်ားလင္း​ေန​​ေအာင္ထြန္းထား၏။ ႐ုပ္ရွင္မစခင္ ​ေၾကာ္ျငာဇာတ္လမ္းမ်ားျပသခ်ိန္မွ မီးလုံးမ်ားက မွိန္ခနဲ။ ဝါက်င္က်င္အလင္းမွိန္မွိန္​ေၾကာင့္ အရာရာက ဝိုးတိုးဝါးတား။

​ေမာင္ဝယ္ထားသည့္​လက္မွတ္ေနရာက တကယ့္ကို ရွားရွားပါးပါး ​ေခ်ာင္က်က်။ အ​ေနာက္ဆုံးအတန္း၏ ​ေထာင့္ဆုံး ႏွစ္ခုံးတည္း သီးသန္႔။ သည္​ေနရာမ်ိဳးက​ေန ဘယ္လိုလုပ္ၿပီး ျမင္​ကြင္း​ေကာင္း​ေကာင္းရပါ့မည္လဲ။

"​ေမာင္.. လက္မွတ္က ဒီ​ေနရာပဲရလို႔လား။ အရမ္း​ေခ်ာင္က်​​ေနသလားလို႔"

"အင္း..ဟုတ္တယ္။ ဒီခုံပဲက်န္တာတဲ့"

​အ​ေရွ႕ဘက္လြတ္​ေန​ေသာ ခုံတန္းမ်ားဆီ Taehyungအၾကည့္​ေရာက္သြား၏။ ​ေမာင့္ကို​ေတာ့ အထြန္႔မတက္ျဖစ္ပါ။ ​ေမာင္က ႐ုပ္ရွင္အတူၾကည့္ဖို႔အ​ေရး သိပ္ကို​ေမွ်ာ္လင့္​ေနသူ မဟုတ္ပါလား။

"​ေမာင္.. သူက အျပင္မွာ​​ေရာ တကယ့္လူ႐ိုင္းလား"

"​ဟား ဟား.. တကယ္ရယ္ရတယ္"

"တကယ္ပဲ ရယ္ရတာ မ်က္ရည္​​ေတာင္ထြက္တယ္"

႐ုပ္ရွင္စလာတည္းက JungKook အထင္ႏွင့္အျမင္ တပ္တပ္စင္​ေအာင္လြဲ၏။ ႐ုပ္ရွင္ကို သိပ္စိတ္ဝင္စား​ေလာက္မည္ဟု မထင္ရ​ေသာ မ်က္ျခယ္က ႐ုပ္ရွင္ကိုသာ မ်က္​ေတာင္မခတ္စတမ္းအာ႐ုံစိုက္​ေနၿပီး ရယ္စရာရွိလွ်င္ အားရပါးရရယ္သည္။
​ေပ်ာ္႐ႊင္ၾကည္ႏူး တစ္တီတူးၾကမည္ဟု ရည္မွန္းထားသမွ် ၾကက္​ေပ်ာက္ငွက္​ေပ်ာက္။

ရင္ခြင္ထဲ အသာမွီခိုင္းဖို႔ ႀကံ​ေသာ္လည္း ထိပင္မထိႏိုင္။ မ်က္ျခယ္က ႐ုပ္ရွင္စတည္းက သူ႔ဆီမွာ အာ႐ုံမရွိ​ေတာ့တာ။ ​ေနာင္ခါမ်ား​​​ေတာ့ ႐ုပ္ရွင္႐ုံမွာ ​ေယာင္လို႔ပင္ မခ်ိန္း​ေတြ႕​ေတာ့။ တစ္ခါႀကံလွ်င္ တစ္သက္မွတ္​ေတာ့မည္။

"ပုလင္းကို ဘုရားသခင္ထင္​ေနၾကတာတဲ့ ​ေမာင္ရယ္။ မရယ္ရဘူးလား။ ​ေမာင္.. မရယ္ရဘူးလားလို႔။ ဘာလို႔ ႐ုပ္ႀကီး​ေသ​ေနတာလဲ"

"ၾကည့္ပါ မ်က္ျခယ္ရယ္ ၾကည့္ပါ။ ​ေမာင္က ဟာသဇာတ္ကားသိပ္မႀကိဳက္လို႔သာ"

"ဪ..မႀကိဳက္ဘူးလား"

သည္​ေလာက္သာအဖတ္လုပ္ၿပီး သူ႔ကို လွည့္ပင္မၾကည့္​​ေတာ့။ Kim Taehyungက ရက္စက္လိုက္တာ။ သည္လူ႐ိုင္းဇာတ္လမ္းကို အဲသည္​ေလာက္​ေတာင္ ႀကိဳက္တာတဲ့လား။
ဒါမွမဟုတ္ မ်က္ျခယ္က ဇာတ္လမ္းႀကိဳက္တတ္တာပဲ ျဖစ္ရမည္။ တစ္ခါမွမၾကည့္ဖူးဘူးလို႔ ​ေျပာဖူးတာပဲမဟုတ္လား။ အခုမွ သူ႔အႀကိဳက္ကို​ေတြ႕သြားတာ ​ေနမွာ​ေပါ့။
သိပ္ခ်စ္ဖို႔​ေကာင္း​​ေပမဲ့ ရင္ထဲ​ေအာင့္သက္သက္ႏွင့္ရယ္။

ဝိုးတဝါးျမင္​ေနရ​ေသာ ဆံပင္ပြပြ​ေလးမ်ားကို ပြတ္သပ္​ေပးလိုက္​ေတာ့ သူ႔ကို ၿပဳံးလ်က္လွည့္ၾကည့္သည္။

သည္​ေလာက္ဆို ​ေမာင္႐ူးဖို႔လုံ​ေလာက္သြားတာပါပဲ။

TBC~

Do vote⭐ me if you like it.
Love you and thank you Taekookers💜

Continue Reading

You'll Also Like

747K 16.7K 45
In wich a one night stand turns out to be a lot more than that.
1.1M 19K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
14.8K 1K 73
"i don't need anyone. i just need everyone and then some." - in which tyler is a senior in high-school who's been living on his own for two years and...
1.1M 59.8K 37
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...