ကျိုးပဲ့သစ်ကိုင်းငယ်

By cherry_yuyi

53.3K 5.1K 755

ဆယ်နှစ်အကြာမှာ ရန်သူဟောင်းဟာ သွမ့်လင်ရဲ့ လက်ထဲကို ကျရောက်လာခဲ့တယ်။ သို့ပေမဲ့လည်း ....... ဆယ်နှစ်အကြာမှာ ရန်သူ... More

Description [Unicode]
အပိုင်း (၁) Unicode
အပိုင်း (၂) Unicode
အပိုင်း (၃) Unicode + Manhua
🚨 အပိုင်း (၄) Unicode
အပိုင်း (၅) Unicode
အပိုင်း (၆) Unicode
အပိုင်း (၇) Unicode
အပိုင်း (၈) Unicode
အပိုင်း (၉) Unicode
အပိုင်း (၁၀) Unicode
အပိုင်း (၁၁) Unicode
အပိုင်း (၁၂) Unicode
အပိုင်း (၁၃) Unicode
အပိုင်း (၁၄) Unicode
🚨 အပိုင်း (၁၅) Unicode
အပိုင်း (၁၆) Unicode
အပိုင်း (၁၇) Unicode
Description [Zawgyi]
အပိုင်း (၁) Zawgyi
အပိုင်း (၂) Zawgyi
အပိုင်း (၃) Zawgyi + Manhua
အပိုင်း (၅) Zawgyi
အပိုင်း (၆) Zawgyi
အပိုင်း (၇) Zawgyi
အပိုင်း (၈) Zawgyi
အပိုင်း (၉) Zawgyi
အပိုင်း (၁၀) Zawgyi
အပိုင်း (၁၁) Zawgyi
အပိုင်း (၁၂) Zawgyi
အပိုင်း (၁၃) Zawgyi
အပိုင်း (၁၄) Zawgyi
🚨 အပိုင်း (၁၅) Zawgyi
အပိုင်း (၁၆) Zawgyi
အပိုင်း (၁၇) Zawgyi

🚨 အပိုင်း (၄) Zawgyi

302 27 2
By cherry_yuyi

သွမ့်လင်မှာ ပထမအံ့အားသင့်မှုမှ ပြန်သတိဝင်မလာသေး၊ နောက်တစ်ကြိမ်ရိုက်ချက်ပြင်းပြင်းကို ခံစားလိုက်ရပြီး ကြက်သေသေကာ အသံမထွက်နိုင်တော့ပေ။

"ယောက်ျား"

အမျိုးသမီးက နီမြန်းသောနှုတ်ခမ်းလွှာတို့ကိုဖွင့်ဟ၍ ပြုံးရယ်ကာဆိုသည်။

"ဧည့်သည်တွေရောက်နေတာကို ဘာလို့အိမ်ထဲဝင်မထိုင်ခိုင်းတာလဲ"

"ကိုယ့်ရဲ့အစ်ကိုကြီးလာတာ"

"အစ်ကိုကြီး၊ နောက်ဆုံးတော့ ရောက်လာပြီပဲ။ ရှိုးယန်က အစ်ကိုကြီးကို နေ့တိုင်းသတိရနေရှာတာ"

ထိုအမျိုးသမီးက ကိုယ်ကိုကိုင်းညွှတ်ကာ အရိုအသေပေးလိုက်ပြီးနောက် သွမ့်လင်ကို ကြည့်၍ -

"ဒီက..."

"ဒီသခင်လေးသွမ့်က ကိုယ့်အစ်ကိုကြီးရဲ့ ရှစ်တိလေ။ ကိုယ့်ရဲ့မိတ်ဆွေဆိုလည်းဟုတ်တယ်"

"သခင်လေးသွမ့်"

သွမ့်လင်၏လည်ချောင်းထဲတွင် တစ်စုံတစ်ရာတစ်ဆို့နေသလို မြိုမရထွေးမရနှင့် ခက်ခက်ခဲခဲတုံ့ပြန်လိုက်သည်။

".....သခင်မလု"

တိုတောင်းသော အနှီစကားလုံးတို့က သူ့နှလုံးသားကို ဖဲ့ခြွေယူလိုက်သလိုပင်။

ထို့နောက် ဘာဆက်ပြောဖြစ်ကြသည်ကို သွမ့်လင်မသိတော့။ ကလေးငယ်က စကားတစ်ခွန်းပြောလိုက်ပြီး တစ်မိသားစုလုံး ပွဲကျသွားသည်ကိုသာ သိလိုက်ပါ၏။ လုရှိုးယန်က နံဘေးမှ အမျိုးသမီး၏လက်ကို အသာပုတ်ပေးလိုက်ပြီး ဇနီးမောင်နှံနှစ်ဦးက ချစ်ခင်စုံမက်ကာ ပျော်ရွှင်ရယ်မောနေကြလေသည်။

ထို့နောက် အိမ်ထဲသို့ ထမင်းစားဖိတ်ခံလိုက်ရသည်။ ဧည့်သည်ရောက်မည်ကိုမသိသဖြင့် သခင်မလုက ရိုးရိုးရှင်းရှင်းအိမ်ဟင်းနှစ်ပွဲကိုသာ ချက်ထားမိ၏။ ဟင်းများကဖွယ်ရာပါသော်လည်း သွမ့်လင်မှာ အရသာမခံနိုင်ရှာ။ ဝင်ရုံသာစားလိုက်ပြီး စကားတစ်ခွန်းပင်မဆိုနိုင်တော့ချေ။

အိမ်တွင် အခန်းနှစ်ခန်းသာရှိသဖြင့် အိပ်ရာဝင်ချိန်တွင် သွမ့်လင်က လုရှိုးဝမ်နှင့် တစ်ခန်းတည်းအတူနေလိုက်ရသည်။ သူက အခန်းထဲသို့ ဝင်ဝင်ချင်း တိတ်ဆိတ်နေပြီး စားပွဲပေါ်မှဖယောင်းတိုင် တဖြည်းဖြည်းအရည်ပျော်သွားသည်ကို စိုက်ကြည့်နေသည်။ ထို့နောက် ရုတ်တရက်ပြောလိုက်၏။

"ကျွန်တော် မနက်ဖြန် ဒီကထွက်သွားတော့မယ်"

လုရှိုးဝမ်က လက်ထဲမှစာအုပ်ကို ငုံ့ဖတ်နေပြီး အသံကြားသောအခါ မော့ကြည့်မလာဘဲ ပြန်​ပြောသည်။

"ကောင်းပြီလေ၊ ငါ့ကို ခရီးဝေးတလျှောက်လိုက်ပို့ပေးခဲ့လို့ ရှစ်တိကိုကျေးဇူးတင်ပါတယ်"

ထိုစကားကြားပြီးနောက် သွမ့်လင်မှာ ပို၍ဒေါသဖြစ်မိတော့သည်။ ဤမျှခရီးကို အရောက်လာခဲ့ပြီးလေမှ သူ့နှလုံးသားထဲမှခံစားချက်ကို ထုတ်ပြခွင့်မရတော့သည့်အပြင် လုရှိုးဝမ်ကပါ အမြတ်ရသွားသေးသည်။

"ရှိုးယန်က အိမ်ထောင်ကျပြီးသားဆိုတာကို ခင်ဗျားသိနှင့်နေတာလား"

"အွန်း၊ ငါနဲ့ ညီလေးက မတွေ့ဖြစ်ကြပေမဲ့ စာတွေအပြန်အလှန် ပုံမှန်ရေးဖြစ်ကြပါတယ်"

"ဒါဆို ဘာလို့ကျွန်တော့်ကို စောစောမပြောတာလဲ"

"ရှစ်တိမှမမေးဘဲလေ။ ငါက ဘာလို့ပြောပြရမှာလဲ"

လုရှိုးဝမ်၏မျက်နှာက အပြစ်ကင်းသည့်ပုံစံနှင့် အံ့အားသင့်သွားသလိုပင် ဟန်ဆောင်လိုက်သေးသည်။

"မဟုတ်မှလွဲရော၊ ရှစ်တိက မတွေးဖူးတာလားနော်။ ရှိုးယန်လည်း အိမ်ထောင်ပြုပြီး သားသမီးရနေနှင့်လောက်ပြီလို့လေ"

"ကျွန်တော်.."

သွမ့်လင်မှာ ဒေါသပေါက်ကွဲသွားရသည်။

သူကိုယ်တိုင်က စွဲစွဲမြဲမြဲစုံမက်မိသလို လုရှိုးယန်က အဆပေါင်းရာထောင်ချီပိုလိမ့်မည်ဟု သူတွေးခဲ့မိသည်။ တကယ်တမ်းတွင် ... သူ့ဘက်မှ အနမ်းစပေးခဲ့ခြင်းမဟုတ်ပါလား ! ငယ်ရွယ်သည့်အချိန်က ခံစားချက်ဆိုသည်ကို သွမ့်လင် နားမလည်သေးခဲ့ပါချေ။ လုရှိုးယန်က သူ့ကိုသက်စွန့်စံဖျားကယ်တင်ပြီး ရုတ်တရက်အနမ်းခြွေခဲ့ခြင်းကြောင့်သာမဟုတ်လျှင် သူလည်း ရင်ခုန်ခဲ့လိမ့်မည်မဟုတ်ပေ။

မည်သူက တွေးထင်ခဲ့ပါမည်နည်း။

ပျော်ပျော်ရွှင်ရွှင်နှင့် သဟဇာတဖြစ်လှသည့် မိသားစုသုံးယောက်အကြောင်းတွေးမိသည်နှင့် သွမ့်လင်၏မျက်နှာက ကျောချမ်းဖွယ်ကောင်းလောက်အောင် တည်တံ့သွားသည်။

လုရှိုးဝမ်က နံဘေးမှ မီးလောင်ရာလေပင့်လုပ်ကာ ခေါင်းတယမ်းယမ်းနှင့်ဆို၏။

"လက်စသတ်တော့ ရှစ်တိက တစ်ကိုယ်တည်း တစ်ဖက်သတ်ခံစားနေခဲ့ရှာတာကိုး"

သူက ဆက်၍ပြောသည်။

"မင်းလည်း အမျိုးသမီးတစ်ယောက်ရှာပြီး အမြန်လက်ထပ်လိုက်တော့။ နောက်နှစ်မှာ မိန်းကလေးမွေးမယ်ဆိုရင် ချန်အာနဲ့ စေ့စပ်ကြောင်းလမ်းဖို့ မီနိုင်သေးတယ်"

သွမ့်လင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လက်ထဲမှ ရေနွေးခွက်ကို သူ့လည်တိုင်ဟုသတ်မှတ်ကာ အသံမြည်အောင် ညှစ်ခွဲပစ်လိုက်သည်။

လုရှိုးဝမ်က သူ့ကိုတစ်ချက်ကြည့်ရင်း မျက်လုံးများက ပြုံးယောင်သမ်းလျှက်ဆို၏။

"ရှစ်တိက လက်မလျှော့နိုင်သေးဘဲ သခင်မလုဖြစ်ချင်တုန်းပဲဆိုရင် မဖြစ်နိုင်တာတော့မဟုတ်ပါဘူး"

"ဘာရယ်"

"ရှိုးယန်က အိမ်ထောင်ကျသွားပြီဆိုပေမဲ့ မင်းရဲ့ရှေ့မှာ လုမျိုးရိုးတစ်ယောက် ရှိနေသေးတယ်မဟုတ်လား"

သွမ့်လင်က တခဏကြောင်သွားပြီးနောက် ဓားကို ဓားအိမ်မှဆွဲထုတ်ကာ တစ်ဖက်လူကို သတိပေးသလိုချိန်ရွယ်လိုက်သည်။

လုရှိုးဝမ်က မရှောင်တိမ်းပါဘဲ တမင်တကာသမ်းဝေလိုက်ပြီး -

"မိန်းမရေ၊ ငါ့အတွက် အိပ်ရာပြင်ပေးတော့လေ"

သွမ့်လင်မှာ ကုတင်ကို နှစ်ခြမ်းပိုင်းမိလုနီးနီး ဖြစ်သွားရပါ၏။

သို့သော် လုရှိုးယန်၏ကုတင်ဖြစ်ကြောင်း သတိရသွားပြီး စိတ်ကိုပြန်ထိန်းလိုက်ရသည်။ လုရှိုးဝမ်နှင့် တစ်ကုတင်တည်းအတူအိပ်ရန်တော့ ဆန္ဒမရှိသဖြင့် ဖယောင်းတိုင်မီးကိုမှုတ်ပြီး စားပွဲဘေးတွင်သာ ညလုံးပေါက်ထိုင်နေခဲ့တော့သည်။

မိုးလင်းခါနီးလေမှ သူ မှေးခနဲအိပ်ပျော်သွားသည်။ အိပ်မက်ထဲတွင် လူငယ်အရွယ် လုရှိုးယန်က တံခါးကိုတွန်းဖွင့်ဝင်လာပြီး ထိုညက လရောင်အောက်မှပုံစံနှင့်ထပ်တူ ဆံပင်ရှည်တို့က နက်မှောင်ကာ မျက်ဝန်းများကတောက်ပနေလျက် သူ့ကိုခေါ်လိုက်သည်။

"အားလင်"

သွမ့်လင်က စကားပြောရန် ပါးစပ်ဟလိုက်ချိန်တွင် အိပ်မက်မှနိုးလာတော့၏။

တံခါးများကို တင်းကြပ်စွာစေ့ပိတ်ထား၍ အခန်းထဲတွင် မှောင်နေပြီး အပြင်ဘက်တွင်တော့ ကောင်းကင်ယံက လင်းတစ်ဝက်မှောင်တစ်ဝက်အချိန်ဖြစ်သည်။

သွမ့်လင် စိတ်အားငယ်သလို ရုတ်တရက်ခံစားမိလာသည်။

သူ ဆက်၍လည်းအိပ်မပျော်နိုင်တော့၍ ကိုယ်လက်သန့်စင်ကာ အပြင်သို့ထွက်လာခဲ့လိုက်၏။

တောင်တန်းကြားမှ မနက်ခင်းက ဆိတ်ငြိမ်အေးချမ်းလှသည်။ ငှက်ကလေးများအော်မြည်သံကို ကြားနိုင်သလို မြူခိုးပါးပါးကိုဖြတ်၍ ကောင်းကင်ရှိတိမ်တို့ကြားမှ အလင်းမှိန်မှိန်ကိုလည်း မြင်တွေ့နိုင်သည်။

သွမ့်လင်က ချောင်းနံဘေးတွင် နှစ်ကြိမ်မျှပတ်လျှောက်ပြီးနောက် မနက်စောစော ရေခပ်ရန်လာသည့် လုရှိုးယန်နှင့် ဆုံတော့သည်။

"ရှိုးယန်..."

"အားလင်၊ ဘယ်လိုလုပ်အစောကြီးနိုးနေတာလဲ။ အိပ်ရတာအသားမကျလို့လား"

"မဟုတ်ပါဘူး။ အရင်ရက်တွေက အိပ်ထားတာများသွားလို့ စောနိုးလာတာပါ"

"တောထဲတောင်ထဲမှာနေရတာက ခက်ခဲတယ်။ မင်းကို ဒုက္ခခံခိုင်းမိပြီ"

"အဲဒီလိုမဖြစ်ပါဘူး။ ဒီနေရာက ရှုခင်းတွေကလှပါတယ်။ ခင်ဗျားနဲ့ သခင်မလုလို ဇနီးမောင်နှံတွေအတွက် နေဖို့သင့်လျော်တယ်"

လက်ကို တင်းတင်းဆုပ်ရင်း ရင်ထဲမှ ချဉ်စူးသောခံစားချက်ကိုဖိနှိပ်၍ သူ ဆက်ပြောလိုက်သည်။

"ခင်ဗျား အိမ်ထောင်ပြုသွားတာ မသိလိုက်ဘူး။ ဂုဏ်ပြုပါတယ်"

"ဟားဟား၊ ကလေးတောင် ဒီအရွယ်ရောက်နေပြီလေကွာ။ ဘာကို ဂုဏ်ပြုနေသေးတာလဲ"

လုရှိုးယန်က သူ့ကျောကိုပုတ်ပေးရင်း ပြောသည်။

"အိမ်မှာ စားကောင်းတာသိပ်မရှိဘူး။ ဒါပေမဲ့ ငါချက်ထားတဲ့ အရက်ကောင်းကောင်းနှစ်အိုးတော့ရှိတယ်။ ညကျရင် အတူသောက်ကြတာပေါ့"

သွ့မ်လင်က သူ၏အပူအပင်ကင်းသောပုံစံကိုကြည့်ရင်း မိမိဘက်ကသာ တစ်ဖက်သတ်ခံစားချက်ရှိခဲ့ခြင်းဖြစ်မည်ဟု တွေးမိသွားသည်။ သူ နှစ်ပေါင်းများစွာ လွမ်းဆွတ်တမ်းတခဲ့ရသော အနမ်းတစ်ပွင့်အကြောင်းကို လုရှိုးယန်ကတော့ မေ့သွားနှင့်ပြီထင်သည်။

သွမ့်လင်က သက်ပြင်းရှည်တစ်ချက်ကို ရှိုက်ထုတ်လိုက်ပြီး အသံကိုပုံမှန်ဖြစ်အောင် ထိန်းလိုက်သည်။

"အဲဒီနှစ်တုန်းက ခင်ဗျားက အသက်စွန့်ပြီး ဂိုဏ်းချုပ်ရဲ့အမိန့်ပြားကိုခိုးပေးခဲ့တယ်။ ဘယ်လိုပဲဖြစ်ပါစေ၊ ကျွန်တော့်အသက်ကို ကယ်ခဲ့တဲ့အတွက် ခင်ဗျားကို အမြဲပြန်ပေးဆပ်ချင်ခဲ့တာပါ"

"အားလင်...."

လုရှိုးယန်က မှင်သက်သွားပြီး ခွန်းတုံ့ပြန်ရန်ပြင်လိုက်စဉ်တွင် "ကျွီ" ခနဲမြည်သံနှင့်အတူ လုရှိုးဝမ်က တံခါးကို တွန်းဖွင့်၍ထွက်လာသည်။

ညီဖြစ်သူနှင့်တွေ့ပြီးနောက် သူ့အခြေအနေက ပိုကောင်းမွန်လာသည်။ ယနေ့အဖို့ အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး မျက်နှာကလည်း ယခင်လိုဖြူဖျော့မနေတော့ပေ။ သူက တံခါးကိုမှီရပ်လိုက်ပြီး ပျင်းရိစွာဆိုသည်။

"ရှိုးယန်၊ အစ်ကိုကြီး မင်းကို ပြောစရာရှိတယ်"

ပြောပြောဆိုဆိုနှင့် သွမ့်လင်ကိုတစ်ချက်ကြည့်ကာမေး၏။

"ရှစ်တိ စိတ်မရှိဘူးမဟုတ်လား"

သွမ့်လင်က သူနှင့် အငြင်းအခုန်မလုပ်ချင်ပေ။ ထို့အပြင် လွန်ခဲ့သောညက စနောက်ခဲ့သည့်အကြောင်းကို ပြန်တွေးမိသည်နှင့် စကားတစ်ချက်မဆိုဘဲ မျက်နှာလွှဲလိုက်သည်။

လုရှိုးယန်တွင် မိမိအစ်ကိုဖြစ်သူကို မေးချင်သောအရာများစွာရှိနေသည်။ ပြီးခဲ့သောညက လူများနေသဖြင့် များများစားစားထုတ်မေးရန်မသင့်တော်ပေ။ ရာသီဥတုအခြေအနေကလည်းကောင်းနေသဖြင့် သွမ့်လင်ကို အားတုံ့အားနာစကားဆိုပြီး လုရှိုးဝမ်ကို အနီးမှတောအုပ်ထဲသို့လိုက်ပြရန် ခေါ်ခဲ့တော့သည်။

ဆောင်းဝင်နေဖြစ်သော်လည်း တောထဲရှိအပင်များက စိမ်းစိုလန်းဆန်းနေသည်။ အဝေးတစ်နေရာမှ ရေစီးသံတသွင်သွင်ကလည်း စိတ်ကိုအေးချမ်းတည်ငြိမ်စေ၏။

လုရှိုးယန်က စကားအပိုမပြောတော့ဘဲ တည့်တိုးဆိုလိုက်သည်။

"အစ်ကိုကြီး၊ ကျွန်တော့်ကိုအမှန်အတိုင်းပြောပါ။ အစ်ကိုကြီးရဲ့ရောဂါက... တကယ်ပဲအခြေအနေဘယ်လိုရှိတာလဲ"

လုရှိုးဝမ်က သူ့မေးခွန်းကိုတန်းမဖြေဘဲ လက်ကိုနောက်ပစ်ရင်း အရပ်လေးမျက်နှာဝန်းရံနေသည့် တောင်တန်းများကိုကြည့်ကာ တောင်ထိပ်တစ်ခုကို ညွှန်ပြ၍မေးလိုက်သည်။

"အဲဒီတောင်က ဘာတောင်လဲ"

"အဲဒါက လော့ရှာတောင်တန်းလေ။ နေ့တိုင်းနေဝင်ရီတရောအချိန်ဆိုရင် ဆည်းဆာရောင်က ကောင်းကင်တခွင်လွှမ်းပြီး ပိုးထည်လွှာကိုဖြန့်ခင်းထားသလိုပဲ။ အဲဒီတောင်ပေါ်ရှုခင်းကတော့ လူကို ရင်သပ်ရှုမောမှု အပေးနိုင်ဆုံးပေါ့။ အဲဒါကြောင့် ဒီနာမည်တွင်သွားတာပါပဲ"

(လော့ရှာ - နေဝင်ဆည်းဆာ)

"အကယ်၍ ဆည်းဆာကြည့်ဖို့နေရာဆိုရင် ဘာလို့ခယ်မလေးက ဒီလောက်အစောကြီးတောင်ပေါ်တက်သွားတာလဲ"

လုရှိုးယန်က အသေအချာတစ်ချက်ကြည့်လိုက်သောအခါ တောင်ခါးပန်းပေါ်တွင် တင့်တယ်၍သိမ်မွေ့သောလူရိပ်ကို မြင်တွေ့လိုက်ရသည်။ သူ့မျက်နှာထက်တွင် နွေးထွေးသောအရိပ်အယောင်က မဖုံးကွယ်နိုင်စွာ ပေါ်ထွက်လာပြီး ဆိုသည်။

"ချန်အာရဲ့အမေက တောင်ပေါ်မှာ စိန်ပန်းပင်နှစ်ပင်စိုက်ထားတော့ နေ့တိုင်းရေသွားလောင်းနေတာလေ"

လုရှိုးဝမ်က ခေါင်းညိတ်လိုက်ပြီး -

"မင်းတို့ဇနီးမောင်နှံတွေ ချစ်ချစ်ခင်ခင်ရှိပြီး ချန်အာကလည်း သိတတ်လိမ္မာတာမြင်ရတော့ အစ်ကိုကြီးစိတ်ချနိုင်ပါပြီ"

"အစ်ကိုကြီး...."

"အဲဒီနှစ်က ငါ့ကြောင့်နဲ့ မင်းကိုထိခိုက်စေမှာစိုးလို့ အပြင်လောကနဲ့ဝေးရာမှာ သီးသန့်နေစေခဲ့မိတယ်။ အခုတော့ ထျန်းကျွယ်ဂိုဏ်းလည်း ပျောက်ကွယ်သွားပြီ။ အကယ်၍ ဒီတောတောင်ထဲမှာနေရတာ ခက်ခဲတယ်လို့ထင်ရင် ချန်အာတို့ခေါ်ပြီး အပြင်လောကမှာနေလို့ရပါပြီ"

"တောတောင်ကြားမှာအနေကြာတော့ အပြင်လောကက သိပ်ရှုပ်ထွေးတယ်လို့တောင် ခံစားမိနှင့်နေပါပြီ"

"ဟုတ်လား။ ငါလည်း ဒီတောင်ကြားကို သဘောကျမိတယ်"

လုရှိုးဝမ်၏နှုတ်ခမ်းထောင့်များက ကော့ညွတ်သွားပြီး တည်ငြိမ်စွာပြောသည်။

"ငါသေသွားရင် ဒီလော့ရှာတောင်ပေါ်မှာပဲ မြှုပ်ပေးပါ။ ဆည်းဆာရှုခင်းကို နေ့တိုင်းကြည့်ရတာလည်း ကောင်းတယ်လေ"

သူက ရောဂါအခြေအနေကိုပြောရန်ရှောင်လွှဲနေခဲ့ပြီး ဤစကားတို့ကို ရုတ်တရက်ဆိုလာသောအခါ လုရှိုးယန်ထိတ်လန့်သွားသည်။

"အစ်ကိုကြီး"

လုရှိုးယန်မှာ စိတ်လှုပ်ရှားလွန်း၍ နှာခေါင်းထိပ်တို့ပင် ချွေးစို့လာသည်။

"ဒီလိုနမိတ်မရှိနမာမရှိစကားတွေကို ဘာလို့ပြောရတာလဲဗျာ"

လုရှိုးဝမ်၏အမူအရာက ပုံမှန်ဖြစ်ကာ ခပ်ဖွဖွပြုံးလျက်ဆို၏။

"သေခြင်းတရားကို ဘယ်သူမှ မရှောင်လွှဲနိုင်ပါဘူး။ အနှေးနဲ့အမြန်တော့ ကြုံကြရမှာပဲလေ"

"ဒါပေမဲ့ အစ်ကိုကြီးက ဒီလောက်ငယ်သေးတာ .... ကျွန်တော် ထျန်းကျွယ်ဂိုဏ်းကနေ ထွက်မလာခင်တုန်းက ရောဂါကုဖို့နည်းလမ်းကိုရှာတွေ့ပြီလို့ အစ်ကိုကြီးပြောခဲ့တယ်လေ။ ဂိုဏ်းမှာဆက်နေခဲ့တာကလည်း ရောဂါကုသဖို့အတွက်ပဲဆို။ မဟုတ်မှလွဲရော ကျွန်တော့်ကို ညာခဲ့တာလား"

ပြောရင်းဆိုရင်း လုရှိုးယန်၏မျက်ခမ်းစပ်တို့က နီရဲလာသည်။

လုရှိုးဝမ်က ချန်အာကို ခေါင်းလေးပုတ်ကာ ချော့မြှူသည့်နှယ်၊ သူ့ခေါင်းကိုအသာပုတ်ပေးရင်း -

"အစ်ကိုကြီးက မင်းကိုဘယ်လိုများလိမ်မှာတဲ့လဲ။ အဲဒီတုန်း ရှေးမှတ်တမ်းတွေကိုရှာဖတ်ရင်း ကုသနည်းကို တကယ်တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ကုသနည်းကဆန်းကြယ်လွန်းတယ်။ တွေးကြည့်တော့ ရှေးလူကြီးတစ်ယောက်က ကြုံရာရေးချခဲ့ပုံပဲ။ အတည်ယူလို့မရနိုင်ဘူး။ ကောင်းကင်ရဲ့အလိုက ဒီလိုဆိုမှတော့ မျှော်လင့်ချက်ဘယ်ရှိနိုင်ပါတော့မလဲ။'

လုရှိုးယန်က သူပြောသည့်စကားတို့ စစ်မှန်သည်လော၊ လိမ်ညာနေသည်လော မခွဲခြားနိုင်ပေ။ သို့သော် ဖြောင်းဖြပြောဆိုလိုက်၏။

"ဒီနည်းလမ်းကမဖြစ်ရင် တခြားနည်းလမ်းရှိဦးမှာပါ။ လောကကြီးထဲမှာ ထူးချွန်တဲ့သမားတော်တွေ အများကြီးရှိပါတယ်။ အစ်ကိုကြီးရဲ့ရောဂါကို မကုပေးနိုင်ဘဲတော့ မရှိလောက်ပါဘူး"

"ညီလေးပြောတဲ့စကားကလည်း အဓိပ္ပာယ်ရှိပါရဲ့။ နွေဦးရောက်အောင် စောင့်ကြတာပေါ့။ ရာသီဥတုနည်းနည်းနွေးလာရင် သမားတော်ကို ထွက်ရှာကြမယ်လေ"

သူ လအနည်းငယ်သာအသက်ရှင်နိုင်တော့မည့်အကြောင်းကို လုရှိုးယန်က မသိပေ။ ထို့ကြောင့် စိတ်ပြောင်းအောင်ပြောနိုင်ခဲ့ပြီဟုထင်ကာ အသေးစိတ်ဆွေးနွေးရန်ပြင်လိုက်စဉ် လုရှိုးဝမ်၏စကားသံကို ကြားလိုက်ရသည်။

"ခုနက ရှစ်တိ မင်းကို ဘာပြောသွားသေးလဲ"

"အားလင်လား။ သူပြောတာက ဂိုဏ်းချုပ်ရဲ့အမိန့်ပြားဆိုတာရော၊ သူ့အသက်ကို ကယ်ခဲ့တဲ့ကျေးဇူးဆိုတာရော .. ဘာအဓိပ္ပာယ်လည်းတော့မသိဘူး။ တစ်ခုခုကို အထင်မှားနေပုံရတယ်"

"အထင်မှားနေတာမဟုတ်ဘူး"

လုရှိုးဝမ်၏မျက်လုံးများက နက်ရှိုင်းစူးရှနေသည်။

"အရင်တုန်းက သူ့ရဲ့အသက်ကို မင်းကယ်ခဲ့ဖူးတယ်။ သူက ကျေးဇူးပြန်ဆပ်ချင်ရင် ဆပ်ခွင့်ပေးလိုက်ပါ။ ခန္ဓာနဲ့ကျေးဇူးမဆပ်ရင်ပဲ ရပါပြီ"

"ဒါပေမဲ့ ကျွန်တော် ဘယ်တုန်းကမှ..."

လုရှိုးယန်က စကားရပ်သွားပြီး -

"အစ်ကိုကြီး၊ ကျွန်တော့်အသွင်ယူပြီး သူ့ကိုလိမ်ခဲ့ပြန်တာလား"

"သူက အကြိမ်တိုင်းခွဲတတ်နေတော့ ခြွင်းချက်များရှိမလား ကြည့်ချင်မိလို့ပါ"

"အစ်ကိုကြီးက အားလင်ကို အနိုင်ကျင့်ရတာသိပ်ကြိုက်တာပဲ။ ဒါပေမဲ့ ဂိုဏ်းချုပ်ရဲ့အမိန့်ပြားက ဒီလောက်အရေးပါတာ။ အစ်ကိုကြီးဘယ်လိုများ ခိုးယူခဲ့တာလဲ။ ဂိုဏ်းချုပ်က..."

မည်သည်ကိုတွေးမိသည်မသိ။ လုရှိုးယန်၏မျက်နှာက အရောင်ပြောင်းသွားသည်။

"ဂိုဏ်းချုပ်ကအမြဲပြောတယ်။ အစ်ကိုကြီးကတွေ့ရခဲ့တဲ့ သိုင်းပညာပါရမီရှင်ပဲ။ နောက်ထပ်နှစ်ရာချီကြာပြီးရင် ဂိုဏ်းချုပ်နေရာက အစ်ကိုကြီးအတွက်ဖြစ်လာမှာတဲ့။ ဒါပေမဲ့ နောက်တော့ ဘာကြောင့်မှန်းမသိဘဲ ဂိုဏ်းချုပ်က ဒေါသပုန်ထသွားတယ်။ အစ်ကိုကြီးက ဂိုဏ်းရဲ့စည်းကမ်းကိုချိုးဖောက်လို့ဆိုပြီး အပြစ်ပေးတဲ့အနေနဲ့ သိုင်းပညာကိုလည်း ဖျက်စီးပစ်လိုက်တယ်လေ။ မဟုတ်မှလွဲရော ဒီကိစ္စကြောင့်လား။ ဟုတ်သားပဲ။ ဟုတ်တယ်။ အဲဒီအချိန်တည်းက အားလင်ကိုလည်း မတွေ့တော့တာပဲ..."

လုရှိုးဝမ်က ခေတ္တငြိမ်သက်နေပြီး ဝန်မခံသလို ငြင်းလည်းမငြင်းပယ်ဘဲ မေးခွန်းသာပြန်ထုတ်လာသည်။

"ရှိုးယန်၊ အစ်ကိုကြီး မင်းကိုတောင်းဆိုခဲ့ဖူးတာရှိလား"

လုရှိုးယန်က မှင်သက်သွားပြီး ပြန်ဖြေသည်။

"ငယ်စဉ်တည်းက အရွယ်ရောက်တဲ့အထိ အစ်ကိုကြီးက ကျွန်တော့်ကို အမြဲကာကွယ်ပေးခဲ့တာပါ။ ထျန်းကျွယ်ဂိုဏ်းလို အန္တရာယ်ကြီးတဲ့နေရာမှာ အစ်ကိုကြီးရှိနေလို့သာမဟုတ်ရင် ကျွန်တော် အကြိမ်ပေါင်းရာထောင်ချီ သေပြီးနှင့်နေပါပြီ"

"ဟုတ်ပြီ၊ ဒါဆို ဒီနေ့ အစ်ကိုကြီးကို ကတိတစ်ခုပေးပါ"

"ဘာကတိများလဲ"

"ရှစ်တိက လူမှားနေပြီဆိုမှတော့ မှားလက်စနဲ့ဆက်မှားပါစေတော့။ အဲဒီလျှို့ဝှက်ချက်ကို ငါ့ကိုယ်စား ထိန်းသိမ်းပေးပါ"

လုရှိုးယန်က ဇဝေဇဝါဖြစ်သွားသည်။

"အားလင်က ကျေးဇူးပြန်ဆပ်ချင်တယ်လို့ပြောတာပါ။ ဘာကြောင့် သူ့ကိုဖုံးကွယ်ထားမှာလဲ"

ထိုအချိန်တွင် နေမြင့်စပြုနေပြီဖြစ်သည်။ နေရောင်ခြည်က သစ်ရွက်တို့ပေါ် တောက်ပစွာဖြာကျနေပြီး လေ​ညင်းတစ်သုတ်က လုရှိုးဝမ်၏ဝတ်ရုံစကို ညင်သာစွာဖြတ်၍တိုက်ခတ်သွား၏။ ထိုအခါမှ သူအလွန်ပိန်ပါးသွားကြောင်း လုရှိုးယန်သတိပြုမိတော့သည်။ သို့သော် သွမ့်လင်အကြောင်းပြောချိန်တွင် သူ့နှုတ်ခမ်းက မဖုံးဖိနိုင်စွာ ပြုံးယောင်သမ်းနေလျက် အမူအရာမှာ အဓိပ္ပာယ်ဖော်ရခက်လှသည်။ သူက သက်ပြင်းချသည့်နှယ် ညင်သာတိုးလျစွာ ဆိုလိုက်၏။

"ငါ့ရဲ့ရှစ်တိက သံယောဇဉ်သိပ်ကြီးတယ်။ ငါ့မှာ အသက်ရှင်ဖို့အချိန်သိပ်မကျန်မှတော့ ဘာကြောင့် သူ့ကိုဝမ်းနည်းစေဦးမှာလဲ"

••••••••••

သွမ့်လင်က လုရှိုးယန်ကို တစ်နေ့လုံးစောင့်နေခဲ့သည်။

နေ့လယ်ခင်းတွင် သခင်မလု ပေါင်းပေးသည့် မန်ထိုပေါက်စီနှစ်လုံးကိုစားသည်။ ညနေပိုင်းတွင်တော့ လုချန်ဟုခေါ်သည့်ကောင်လေးအတွက် သစ်သားဓားလေးလုပ်ပေးလိုက်သေးသည်။

လုချန်က မိခင်နှင့်ပိုတူသည်။ အသားဖြူဖြူနှင့် မျက်လုံးလဲ့လဲ့လေးများရှိကာ သွက်သွက်လက်လက်နှင့် ဟိုပြေးဒီသွားလုပ်နေတတ်၏။ သွမ့်လင်က စမ်းချောင်းနံဘေးတွင် ဓားသိုင်းကျင့်နေစဉ် ထိုကလေးက နံဘေးမှအတုယူကာ လိုက်လုပ်ပြီး အနည်းငယ်​ချီးကျူးလောက်သည်ဟုဆိုရမည်။ မနက်ခင်းက သူ့ကို ဦးဦးသွမ့်လင်ဟု ခေါ်သေးသော်လည်း ညနေခင်းရောက်သောအခါ "ဆရာ (ရှစ်ဖူ)" ဟုသာ ခေါ်တော့လေ၏။

သွမ့်လင်က ထိုကလေး၏ ချွေးစို့နေသောခေါင်းလေးကိုကြည့်လိုက်ရင်း လုရှိုးယန်၏သွေးသားလေးဆိုသည့်အချက်ကို တွေးမိသွားပြီး မနေနိုင်စွာ သင်ပြပေးမိသည်။ ထို့အပြင် ဤအိမ်နံဘေး၌ အိမ်တစ်လုံးဆောက်၍ လုရှိုးယန်တို့နှင့်တစ်နေရာတည်းနေရန်ပင် တွေးမိလိုက်သေးသည်။

ဆိုးသည့်အချက်မှာ လုရှိုးဝမ်လည်း ရှိနေမည်ပင်။ နောက်ဆိုလျှင် သူ့နှင့် နေ့တိုင်းဆုံတွေ့ရပြီး ဒေါသထွက်၍သေသွားနိုင်လောက်သည်။ သို့သော် နှစ်ဝက်ကာလတရွေ့ရွေ့ကုန်သွားသည်နှင့် သူ လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ၊ ထိုသူကို ထပ်တွေ့နိုင်တော့မည်မဟုတ်​ပေ။ ထိုအကြောင်းကိုတွေးမိသောအခါ သူ့နှလုံးသားက နစ်မွန်းသွားပြီး ရင်ထဲတွင် ထုတ်မ​ပြောနိုင်သည့် ဖိစီးမှုတစ်မျိုး ခံစားလိုက်ရ၏။

လုရှိုးယန်က နေဝင်ချိန်ရောက်လေမှ ပြန်လာပြီး လက်ထဲတွင် သွေးတစက်စက်ကျနေသည့် တောရိုင်းယုန်တစ်ကောင်ကို ဆွဲထားသည်။

လုရှိုးဝမ်က နောက်မှတဖြည်းဖြည်းလိုက်လာပြီး လုချန်ကို လက်ယပ်၍လှမ်းခေါ်ကာ မုန့်နှစ်ခုကို မှော်ပညာသုံးလိုက်သည့်ပုံစံဖြင့် ထုတ်ပေးသည်။ ကောင်စုတ်လေးလုချန်ကတော့ ချက်ချင်းဆိုသလို စိတ်ပြောင်းသွားပြီး သူ၏ဆရာသစ်လေးကို ချန်ရစ်ကာ အပြေးလှည့်ထွက်သွားတော့၏။

သွမ့်လင်လည်း လုပ်စရာမရှိ၍ စမ်းချောင်းနံဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ယုန်ကိုအရေခွံစုတ်နေသည့် လုရှိုးယန်ကို သွားကူပေးလိုက်သည်။

"နေ့လယ်စာကို တောင်ပေါ်မှာစားလာကြတာလား"

"အွန်း၊ အမဲလိုက်ပြီးပဲ စားလိုက်တယ်"

"ဒီညယုန်သားရှိတယ်ဆိုတော့ အရက်လေးပါတွဲလိုက်ရင် ပြည့်စုံသွားပြီပဲ"

လုရှိုးယန်၏နှုတ်ခမ်းထောင့်များလှုပ်ရှားသွားပြီး ကြိုးစား၍ပြုံးလာသည်။ သွမ့်လင်က သူ့မျက်ခမ်းများနီနေသည်ကိုတွေ့သောအခါ လုရှိုးဝမ်အကြောင်းသိသွားပြီဖြစ်ကြောင်း ရိပ်မိလိုက်ပြီး အတန်ကြာအောင် ဘာပြောသင့်သည်မသိပေ။

တခဏစောင့်ပြီးလေမှ -

"ကျွန်တော် ပြောထားတယ်လေ။ အသက်ကယ်ပေးခဲ့တဲ့ ခင်ဗျားရဲ့ကျေးဇူးကို ပြန်ဆပ်ချင်တယ်လို့။ အနာဂတ်မှာ ခင်ဗျားခိုင်းမယ်ဆိုရင် ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကိုပဲဖြတ်ရပါစေ၊ ကျွန်တော် မငြိုငြင်ပဲလုပ်ပေးမှာပါ"

လုရှိုးယန်က နှုတ်ခမ်းတို့ကိုဖွင့်ဟလိုက်သည့်တိုင် စကားမဆိုနိုင်ချေ။

လုရှိုးဝမ်က နံဘေးတွင် ချန်အာနှင့်ကစားပေးနေရာမှ သူ့ကို အေးစက်စက်တစ်ချက်ကြည့်လာသည်။

လုရှိုးယန်က စကားလုံးများကိုပြန်မြိုချကာ ခေါင်းငုံ့၍ ယုန်ကိုဆက်ဆေးနေလိုက်ရင်းပြော၏။

"ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကိုဖြတ်စရာမလိုပါဘူးကွာ။ အားလင် မင်းသာ ကောင်းကောင်းမွန်မွန် ပျော်ပျော်ရွှင်ရွှင်ရှင်သန်နေရင် ငါ ... ငါ့မှာတခြားတောင်းဆိုစရာမရှိတော့ပါဘူး"

သွမ့်လင်၏နှလုံးသားက စူးအောင့်သွားပြီး တုံ့ပြန်ပြောဆိုလိုက်သည်။

"ဒါတော့ သေချာပေါက်ဖြစ်မှာပါ"

လုရှိုးယန်၏လှုပ်ရှားမှုက မြန်ဆန်သွက်လက်ပြီး သိပ်မကြာခင်မှာပင် ယုန်ကိုဆေးပြီးသွားသည်။ ထို့နောက် အသားတုံးလေးများတုံးကာ ဟင်းခတ်အမွှေးအကြိုင်တို့ရောထည့်၍ ကြော်လှော်လိုက်၏။ ယုန်သားဟင်းရနံ့သည်ကား မွှေးပျံ့နေတော့သည်။ သခင်မလုက အရွက်ကြော်နှစ်ပွဲပြင်ပြီး တောတွင်းပေါက်သည့် ဟင်းရွက်ကန်စွန်းများဖြစ်သည့်တိုင် အရသာကထူးကဲလှပါ၏။

ယနေ့ညစာက ယခင်နေ့ကထက် ပို၍ဖွယ်ရာသည်။ လုရှိုးယန်က ဆီးသီးကို ကိုယ်တိုင်ကျိုထားသည့် အရက်နှစ်အိုးဖွင့်ကာ သွမ့်လင်နှင့်အတူသောက်သည်။

နှစ်ဦးစလုံးက ရင်ထဲတွင် ကိုယ်စီမခံမချိသာဖြစ်နေကြပြီး သေရည်သောက်ပြီးသောအခါ အချင်းချင်းရင်ဖွင့်မိကြတော့၏။ သခင်မလုက မှောင်ရီပျိုးစတည်းကပင် အိပ်ရာဝင်နှင့်ပြီဖြစ်ကာ လုရှိုးဝမ်ကလည်း ညဥ့်နက်အောင် နေ၍မရပေ။ နောက်ဆုံးတွင်တော့ သူတို့နှစ်ဦးသာ တစ်ခွက်တစ်ဖလားသောက်ရင်း ကျန်ရစ်ခဲ့တော့သည်။

"ဒီသေရည်ကို ကျိုထားတာ ခုနစ်နှစ်ရှိပြီ။ အစ်ကိုကြီးကို ငါထားခဲ့တာလည်း ခုနစ်နှစ်ရှိခဲ့ပြီ။ နောက်တစ်ကြိမ်ပြန်ဆုံတဲ့အချိန်မှာ သူ့ရဲ့ရောဂါက သေလုမြောပါးအခြေအနေဆိုးနေမယ်လို့ ထင်မထားခဲ့ဘူး"

"ဟဟ၊ ခင်ဗျားက ခုနစ်နှစ်တည်း။ ကျွန်တော်ဆို လူတစ်ယောက်ကို ဆယ်နှစ်လုံးလုံး လွမ်းဆွတ်ခဲ့ရတာ"

"ငါတို့ညီအစ်ကိုငယ်ငယ်လေးတည်းက မိဘတွေဆုံးပါးသွားခဲ့တယ်။ အစ်ကိုကြီးကတော့ ငယ်ငယ်တည်းက သိပ်ခေါင်းမာတာ။ ငါ့ကိုကာကွယ်ဖို့အတွက် ဘယ်လောက်ထိဒုက္ခခံခဲ့တယ်မသိဘူး။ အဲဒီထျန်းကျွယ်ဂိုဏ်းမှာဆိုရင် နည်းနည်းလေးတောင် မချွတ်ယွင်းရဲခဲ့ဘူးလေ"

"ကျွန်တော်က မွေးတည်းက ဝတ်ရုံလက်ပြတ်ဖြစ်နေတာများလားဟင်။ မဟုတ်ရင်၊ မဟုတ်ရင် .... ဟွန်း၊ ကျွန်တော်လည်း အစောကြီးတည်းက အိမ်ထောင်ပြုပြီး ကလေးရနှင့်လောက်ပြီ။"

လုရှိုးယန်က သေရည်ကို ခံနိုင်ရည်သိပ်မရှိဘဲ သွမ့်လင်ကလည်း သိပ်ပြီးထူးမခြားနားပေ။ နှစ်ဦးလုံးက စကားများအမြီးအမောက်မတည့် ဗလုံးဗထွေးဖြစ်အောင် မူးနေကြသည့်တိုင် ဆက်၍ပြောနိုင်ကြသေးသည်။

ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်သောက်ခဲ့မိကြောင်း သွမ့်လင်မသိတော့ပေ။ အရက်နှစ်အိုးကုန်သွားပြီးနောက် လုရှိုးယန်က နှစ်အိုးထပ်သွားယူပြန်၏။ ထို့​နောက် သူ့လည်ချောင်းက မီးလိုပူပြင်းလာပြီး စားပွဲကိုမှောက်လှဲ၍ အိပ်ပျော်သွားတော့သည်။

အိပ်ပျော်နေစဉ် အိပ်မက်ထဲတွင် လုရှိုးယန်၏ "အစ်ကိုကြီး"ဟု ခေါ်သံကို ဝိုးတဝါးကြားမိလိုက်သေးသည်။

သူပြန်နိုးလာချိန်တွင် အိမ်ထဲမှအိပ်ရာပေါ် လှဲနေနှင့်ပြီဖြစ်သည်။ အမူးမပြေသေးသည့်အပြင် ခေါင်းကိုက်လွန်း၍ မျက်လုံးပင်ကောင်းကောင်း မဖွင့်နိုင်ချေ။ လူတစ်ယောက်က သူ့ပခုံးကိုတွန်းလိုက်ရင်း နားနားကပ်ပြောသည်ကို ခံစားလိုက်ရသည်။

"အမူးပြေစွပ်ပြုတ် နည်းနည်းသောက်လိုက်ဦး"

ထိုအသံကို အနည်းငယ်ရင်းနှီးနေပါ၏။

သွမ့်လင်က မျက်လုံးကို အားယူဖွင့်လိုက်သောအခါ သူ့ရှေ့မှမျက်နှာကိုလည်း အကျွမ်းတဝင်ရှိကြောင်း သိလိုက်ရသည်။ သူ မထိန်းချုပ်နိုင်စွာ ပြုံးရင်း ခေါ်လိုက်၏။

"ရှိုးယန်"

သူ့ရှေ့မှလူက ခွန်းတုံ့မပြန်ပေ။

သွမ့်လင်က စိုးထိတ်သွားပြီး လက်ကိုအလျင်အမြန်ဖမ်းဆွဲကာ နောက်တစ်ကြိမ်ထပ်ခေါ်လိုက်သည်။

"ရှိုးယန်...."

ဤတစ်ကြိမ်တွင်တော့ လေသံက အလွန်ညင်သာလှပြီး ထိုသူ လန့်၍ထွက်ပြေးသွားမည်ကို စိုးထိတ်နေသည့်နှယ်။

ရှေ့မှလူက တခဏတိတ်ဆိတ်နေပြီးနောက် ရယ်လိုက်ကာ ခေါင်းငုံ့ရင်း အမူးပြေစွပ်ပြုတ်ကို သောက်ရန်ပြင်လိုက်၏။

သွမ့်လင်က အလွန်မူးနေပြီး သူ့ခေါင်းထဲတွင် ချာချာလည်နေကာ ဇဝေဇဝါမေးလိုက်မိသည်။

"စွပ်ပြုတ်က ကျွန်တော့်ကိုတိုက်ဖို့မဟုတ်ဘူးလား"

"အွန်း၊ မင်းကိုတိုက်ဖို့"

အနှီလူက စွပ်ပြုတ်ကို တစ်ငုံစာငုံလိုက်ပြီး သွမ့်လင်အနားသို့တိုးလာသည်။ သူ့မျက်နှာအမူအရာက လွန်ခဲ့သောဆယ်နှစ်မှ အသွင်ကို ရုတ်တရက်ပြောင်းလဲသွားပြီး ထိုညက လရောင်အောက်မှ အနမ်းသဖွယ် သူ့နှုတ်ခမ်းကို ဖြည်းညင်းစွာနမ်းလာခဲ့သည်။

နွေးထွေးသောနှုတ်ခမ်းနှင့် လျှာဖျားတို့မှတစ်ဆင့် အမူးပြေစွပ်ပြုတ်က သူ့ခံတွင်းထဲသို့ ကူးပြောင်းရောက်ရှိလာတော့သည်။

(🚨 အောက်ပါအကြောင်းအရာများကို အသက်မပြည့်သူများ ဖတ်ရှုရန်မသင့်တော်ပါ။)

ထူးဆန်းသောစွပ်ပြုတ်နံ့က သွမ့်လင်ကို အမူးမပြေစေဘဲ ပိုရစ်မူးစေခဲ့၏။ ထိုနှုတ်ခမ်းနှစ်လွှာကို အလျင်စလိုပြန်လည်နမ်းရှိုက်ရင်း မိန်းမောရစ်မူးဖွယ်အရသာကို တိုး၍မြည်းစမ်းမိတော့သည်။

သူ့နှုတ်ခမ်းကြားသို့ တိုးဝင်လာသောလျှာက လွန်စွာကျွမ်းကျင်သွက်လက်လှပြီး သွားတန်းတလျှောက် ခပ်သာသာလျက်၍ ဖော်ပြရန်ခက်သည့် ပူနွေးမှုကို ဆောင်ကြဉ်းလာသည်။ သွမ့်လင်က အရှုံးမပေးလိုဘဲ အနှီခပ်ဆိုးဆိုးလျှာဖျားလေးကို စုပ်ယူရစ်ပတ်၍ နှုတ်ခမ်းချင်းယှက်သွယ်အောင် အတင်းအကြပ်ပြန်လည်နမ်းရှိုက်လိုက်သည်။

မြိုချရန်အချိန်မမိလိုက်သည် စွပ်ပြုတ်ရည်တို့က နှုတ်ခမ်းထောင့်မှ စီးကျလာတော့၏။

သွမ့်လင်က ထိုသူ၏မေးဖျားကို လျှာဖြင့်လျက်ရင်း မနည်းလွန်း၊မများလွန်းသည့်အားဖြင့် တမင်တကာ ကိုက်လိုက်သည်။

ထိုလူက "အွန်း" ဟု တစ်ချက်အသံပြုပြီး ထွက်သက်ကို အသာရှိုက်ထုတ်လိုက်ရင်း နောက်သို့ပြန်ဆုတ်သွား၏။

မိစ္ဆာဂိုဏ်းမှ ထိုညကို သွမ့်လင် ပြန်တွေးမိသွားသည်။ လုရှိုးယန်က သူ့ကိုနမ်းပြီးနောက် ဤသို့ဤနှယ် လှည့်ထွက်သွားခဲ့ပြီး ဆယ်နှစ်ကြာခွဲခွာခဲ့ရသည်လေ။

မှတ်ဉာဏ်ဟောင်းတို့က ပစ္စုပ္ပန်နှင့် ရောထွေးယှက်သွယ်သွားသည်။

သွမ့်လင်က ရုတ်တရက်အားပြည့်လာပြီး ကုတင်ပေါ်မှထကာ ထိုသူကို ဆွဲ၍ပွေ့ဖက်လိုက်၏။

"မသွားပါနဲ့...."

ထိုသူက ထိတ်လန့်သွားပြီး သူ့လက်ကိုဆွဲဖယ်သည်။

"အမူးမပြေသေးဘူးလား။ ပြဿနာမရှာနဲ့လေ"

သွမ့်လင်က သူ့ကိုလွှတ်မပေးဘဲ တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားပြီး နားကို နှုတ်ခမ်းဖြင့်ဖိကပ်၍ ညင်သာတိုးလျစွာ ရေရွတ်နေသည်။

"ရှိုးယန်....ရှိုးယန်..."

ထိုသူက အစပိုင်းတွင် အနည်းငယ်ရုန်းနေသော်လည်း သူ့ထံမှခေါ်သံကို အကြိမ်အနည်းငယ်ကြားပြီးနောက် တဖြည်းဖြည်းရပ်တန့်သွားသည်။ အစနဂိုက တောင့်တင်းနေသည့် ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်းနူးညံ့သွားသည်မှာ ရေထုအလားပင်။

သွမ့်လင်၏နှလုံးသားသည်လည်း နူးညံ့သွားရပြီး နားသီးလေးကို အနမ်းပေးရင်း ထိုသူကို ကုတင်ပေါ်သို့ တဖြည်းဖြည်းတွန်းလှဲလိုက်သည်။

အိပ်ရာက မာကြောသည့်တိုင် သူ့ခန္ဓာအောက်မှလူသည်ကား နွေးထွေး၍ သက်ရှိထင်ရှားရှိနေသည်။

ကိုယ်တွင်းမှဆန်တက်လာသော ပြင်းပြသည့်ဆန္ဒတို့ကို သွမ့်လင် ဆက်၍ထိန်းချုပ်မထားနိုင်တော့ချေ။ ခေါင်းငုံ့ကာ ထိုသူ၏ဆွဲဆောင်မှုရှိသော မျက်နှာချောချောထက်သို့ အနမ်းများကြဲချမိတော့သည်။ တစ်ချိန်တည်းမှာပင် သူ့လက်က အနည်းငယ်လှစ်ဟနေသော ထိုသူ၏ရင်ဘတ်ဆီသို့ လျှောဆင်းသွား၏။ သူ့ရင်ဘတ်တို့က ထင်ထားသည်ထက်ပို၍ အထိအတွေ့မခံနိုင်ပေ။ အနည်းငယ်ပွတ်သပ်ကျီစယ်ရုံဖြင့် ရင်ဘတ်ပေါ်မှ အသားစိုင်လေးနှစ်ခုက တုန်ယင်စွာ ဆူထွက်လာတော့၏။

သွမ့်လင်က အသားစိုင်လေးတစ်ခုကို လက်ဖြင့်ဖိခြေ၍ ကစားလိုက်ရာ ထိုသူ၏ကိုယ်က မခံမရပ်နိုင်စွာ ကော့ညွှတ်သွားပြီး နှင်းသဖွယ်ဖြူဆွတ်သောရင်ဘတ်ကို သူ့ရှေ့မှောက်သို့ အရောက်ပို့ပေးလာသည်။

သွမ့်လင်က ချုပ်တီးမထားနိုင်တော့ဘဲ ပါးစပ်ဟ၍ ကိုက်လိုက်မိပြီး လျှာဖျားကိုသုံး၍ လျက်လိုက်သည်။

"အာ့..."

ထိုသူ၏ ဖိနှိပ်ထားသည့် ငိုညည်းသံပေါ်ထွက်လာသော်လည်း ချက်ချင်းပျောက်ကွယ်သွားသည်။ သူက သူ့လက်ကိုသူ နာနာကိုက်ထားရင်း စိုစွတ်နေသောမျက်လုံးလေးများနှင့် သွမ့်လင်ကို ကြည့်လာ၏။

သွမ့်လင်၏ အောက်ပိုင်းက တင်းမာလွန်း၍ နာကျင်စပြုလာပြီဖြစ်သည်။ ထိုသူ၏လျော့တိလျော့ရဲဝတ်စုံကို အမြန်ဖယ်ချွတ်ပေးလိုက်ရာ မျက်စိကျိန်းလုအောင် ဖွေးဆွတ်သည့်ခြေတံတို့ ပေါ်ထွက်လာတော့သည်။ သွမ့်လင်က ​ခြေထောက်နှစ်ဖက်ကို ဆွဲကားလိုက်ပြီး အထဲသို့တိုးဝင်ရန်ပြင်သည်။ သို့သော် ဝင်ပေါက်က အလွန်တရာကျဉ်းမြောင်းလှပြီး အကြိမ်အနည်းငယ်တိုးဝင်သည့်တိုင် အတွင်းသို့ဝင်မရပါချေ။

သူ့အောက်မှလူက အသာရယ်လိုက်ပြီး အသံက အနည်းငယ်အက်ရှနေ၏။

"အရူးလေး၊ ဒီလိုလုပ်လို့ဘယ်ဝင်ပါ့မလဲ"

ပြောရင်းဆိုရင်း သူက သွမ့်လင်၏လက်ကိုဆွဲယူကာ လက်ချောင်းထိပ်တို့ကို ညင်သာစွာနမ်းလိုက်သည်။

သွမ့်လင်၏လက်ချောင်းထိပ်တို့ ထုံထိုင်းသွားပြီး နှလုံးသားမှာလည်း တုန်ယင်လာတော့သည်။

ထိုသူက သူ့ကိုပြုံးစစနှင့် စိုက်ကြည့်ရင်း မျက်ခမ်းစွန်းတို့ ကော့ညွတ်နေပုံက ဆန်းကြယ်သည့်အမြင်ကိုဖြစ်စေ၏။

သွမ့်လင် တုန့်ခနဲရပ်သွားသည်။ ထိုသူက တစ်စုံတစ်ယောက်နှင့် တူနေသလိုခံစားရသည်။ သို့သော် မည်သူဖြစ်ကြောင်းမတွေးနိုင်ခင် ထိုသူက သူ့လက်ချောင်းတို့ကို ခံတွင်းထဲသို့ ထည့်လိုက်ပြီဖြစ်၏။ ထိုလူက နှုတ်ခမ်းနှင့်လျှာကိုသုံး၍ တခဏအတွင်း လက်ချောင်းများကိုစိုစွတ်သွားစေသည်။ ခံတွင်းထဲမှ ပြန်ထုတ်ချိန်တွင်လည်း စိုစွတ်စေးကပ်၍ ဒွိဟဖြစ်စေသောအသံကို ပေါ်ထွက်စေလိုက်သေးသည်။

သူက ဆို၏။

"ကျန်တာကိုတော့ သင်ပေးစရာမလိုတော့ဘူးမလား"

သွမ့်လင်က အစပိုင်းတွင် မသိလျှင်သော်မှ ယခုတော့ ဆရာ မလိုတော့ဘဲ တတ်မြောက်သွားပြီဖြစ်သည်။ စိုစွတ်အောင် အလျက်ခံထားရသည့် လက်ချောင်းတို့နှင့် အောက်ဘက်မှ တင်းကြပ်သည့်အဝလေးကို ဝိုက်ကာပွတ်သပ်ပြီး ခပ်ကြမ်းကြမ်းသွင်းထည့်လိုက်တော့၏။

"အွန်း..."

ထိုသူက နေရခက်သလို ခါးတွန့်သွားပြီး ခြေနှစ်ဖက်ကို ပို၍ကားပေးလာသည်။ သွမ့်လင်၏လက်ချောင်းတို့ ဝင်ရောက်သွားသည့်နေရာက စိုစွတ်၍ နူးညံ့လှပြီး သူ့ကို တင်းတင်းကြပ်ကြပ်စုပ်ယူထားပြန်သည်။ သူက လက်ချောင်းတို့ကို အထဲတွင်မွှေနှောက်ကာ နေရာချဲ့ပေးလိုက်ရာ တခဏအတွင်း ဖရိုဖရဲနှင့် စိုစွတ်လာတော့၏။

သွမ့်လင်က နောက်ထပ်လက်တစ်ချောင်းထပ်ထည့်ကာ အနည်းငယ်လှုပ်ရှားပြီးနောက် ထိုသူ၏ပြောသံကို ကြားလိုက်ရသည်။

"ရပြီ၊ ဝင်ခဲ့တော့"

သွမ့်လင်က ထိန်းချုပ်ထားသည်မှာ ကြာလှပြီဖြစ်သည်။ ထိုစကားကိုကြားသည်နှင့် လက်ချောင်းများကို ပြန်ထုတ်ကာ ခြေထောက်တစ်ဖက်ကို ဆွဲမ၍ မိမိ၏ပူနွေးတင်းမာသောအရာကြီးနှင့် ချိန်ထားလိုက်၏။ ထို့နောက် ခါးကိုဆွဲကာ တစ်ချက်တည်းဆောင့်သွင်းလိုက်ပြီး စိုစွတ်နူးညံ့သောနေရာလေးထဲသို့ တဆုံးဝင်ရောက်လိုက်တော့သည်။

အတွင်းဘက်ကို စိုစွတ်ချောမွေ့အောင် လုပ်ယူထားသည့်တိုင် အလွန်တင်းကြပ်နေဆဲ။ နှစ်ဦးသား အသက်ကိုတဝရှိုက်သွင်းရင်း အတန်ကြာအောင် မလှုပ်ရှားဝံ့ကြပေ။

တခဏကြာလေမှ သွမ့်လင်အောက်မှလူက လှုပ်ရှားလာပြီး သူ၏ခြေသလုံးကို ခြေဖမိုးဖြင့် ပွတ်သပ်လိုက်၏။ သွမ့်လင်မှာ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ ထိုသူ၏ပခုံးကိုဖိကိုင်၍ အတွင်းထဲသို့ အရှိန်ဖြင့် ထိုးသွင်းလှုပ်ရှားမိတော့သည်။

"အာ့... မလုပ်.... နက်လွန်းတယ်..."

သွမ့်လင်က အစပိုင်းတွင် နည်းမသိသေးဘဲ သူ့အောက်မှ ထိုသူက ညှာတာပေးရန် အကြိမ်ကြိမ်တောင်းပန်တိုးလျှိုးခဲ့ရရှာသည်။ ထို့နောက်မှ တဖြည်းဖြည်းအရှိန်လျှော့လာပြီး အတွင်းသို့ ခပ်နက်နက်သွင်းချည်ထုတ်ချည်ဖြင့် ခန္ဓာအား လှုပ်ရှားပေးတော့သည်။

ထိုသူက အိပ်ရာထဲတွင် လွန်စွာပွင့်လင်းလှသည်။ ခြေထောက်တို့ကို သွမ့်လင်၏ခါး၌ တင်းကြပ်စွာချိတ်၍ နှုတ်မှ အလွန်တရာညစ်ညမ်းသောစကားတို့ကို ထုတ်ညည်းတတ်သည်။ သူ့အား ရံဖန်ရံခါ "အားလင်" ဟုခေါ်ပြီး ရံဖန်ရံခါတွင်မတော့ "သိပ်တော်တဲ့ကိုကိုလေး" ဟုလည်း ညည်းညူတတ်ပြန်၏။

သွမ့်လင်၏ မျက်နှာနှင့်နားရွက်တို့ နီမြန်းနေသည်မှာ မီးမြိုက်တော့မည့်အလားပင်။ အကြိမ်များစွာ ထိုးသွင်းလှုပ်ရှားပြီးနောက် ရုတ်တရက် အရှိန်တင်ရင်း ရှိုက်ညည်းလိုက်၏။

"ရှိုးယန်၊ ကျွန်တော်...."

ထိုသူက သွမ့်လင်ဆီမှ သူ့နာမည်ခေါ်သံကို ကြားသောအခါ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သို့သော် ချက်ချင်းဆိုသလို ပြုံးလိုက်ပြီး မျက်ဝန်းများထဲတွင်တော့ လွင့်မပြယ်နိုင်သည့် မြူတို့ဆိုင်းနေခဲ့၏။ သူက သွမ့်လင်၏ပခုံးကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်ကာ မပြီးဆုံးသေးသည့်စကားကို နှုတ်ခမ်းတို့ဖြင့် ပိတ်ဆို့တားမြစ်လိုက်တော့သည်။

Continue Reading

You'll Also Like

330K 19.7K 53
အင်းဝခေတ် (ရတနာပူရမင်းနေပြည်တော်)ကို အခြေခံ၍ ရေးသားထားသော စိတ်ကူးယဉ် ဇာတ်လမ်းလေးတစ်ပုဒ်သာဖြစ်သည် ။ အင်းဝခေတ် (ရတနာပူရမင်းနေပြည်တော်)ကို အခြေခံ၍ ရေးသ...
1.8M 274K 82
Type - Web Novel (CN) Title - Tyrant Pampering Wife Diary (暴君宠婚日常) Author - To Know One Thousand In A Day /Yī rì zhī qiān/ (一日知千) Genre - Comedy, Rom...
4.3M 498K 92
Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်းယုံတို့၏ ကြည်နူးဖွယ် ဒဏ္ဍာရီတစ်ပုဒ်... N...
43.6K 4.5K 48
ဘာသာပြန်သူ စွဲညို့အသင်း