Unicode~
"မငိုပါဘူး"
"ငိုထားပါတယ်။ ကြည့်ပါဦး.. မျက်သားတွေတောင်နီနေပြီ မျက်ခြယ်ရယ်။ အလုပ်မှာတစ်ခုခုဖြစ်ခဲ့လို့လား"
"မမေးနဲ့ဘာမှ။ ဒီတိုင်းလေး ဖက်ထားပေး"
မျက်ခြယ်က သူ့အတွက် အထိအခိုက် အပွန်းအရှမခံသော သက်ရှိလူသားလေး။ သူတစ်ယောက်တည်း ဖွက်ထားပြီး ပိုးမွေးသလိုမွေးလို့ရရင် ဘယ်လောက်တောင်ကောင်းလိမ့်မလဲ။ ဖြစ်ပျက်နေကျ လောကဓံအပိုင်းအစလေးတွေကပင် မျက်ခြယ်အတွက် အန္တရာယ်များလွန်းနေတာမဟုတ်လား။
"အင်း.. အဆင်သင့်ဖြစ်တဲ့အခါကျ မောင့်ကိုပြော"
"အလုပ်လုပ်ရတာ ပင်ပန်းတယ်မောင်။ စိတ်ပင်ပန်းရတယ်"
"ထွက်ချင်လို့လား။ ရေဒီယိုထဲကအသံလေးကို လွမ်းနေရတော့မှာဆိုပေမဲ့ မျက်ခြယ်သဘော"
"ဘယ်ဖြစ်ပါ့မလဲ။ ဒီအလုပ်နဲ့ထမင်းစားရတယ်၊ ဒီအလုပ်နဲ့ပဲ အကြွေးဆပ်နေရတာကို"
"မောင်လည်း ထမင်းကျွေးနိုင်ပါတယ်။ အကြွေးလည်း ဆပ်ပေးနိုင်တယ်"
အဲသည်လိုပြောရင် မျက်ခြယ်က လုံးဝသဘောမကျ။ တည်တံ့အေးစက်သွားသော အကြည့်ဖြင့် သူ့ကို ကြည့်လာသည်။ အမှီအခိုကင်းလွန်းသူပါပဲ။ ကိုယ့်မှာ မားမားမတ်မတ်ရပ်တည်ပေးဖို့ရာ ဆန္ဒရယ်လို့ ဖောဖောသီသီရှိနေတာတောင် မျက်ခြယ်က ခွင့်မပြုပါချေ။
တခြားတစ်ယောက်သာ မျက်ခြယ်နေရာမှာဆို စိတ်လိုလက်ရ လက်ခံချင်စရာဖြစ်ကောင်းဖြစ်လိမ့်မည်။ မျက်ခြယ်ကတော့ သိပ်မာနကြီးတာပါပဲ။
"မလိုဘူး။ ကျွန်တော့်အကြွေး ကျွန်တော်ဆပ်နိုင်တယ်။ မောင်နဲ့မဆိုင်ဘူး"
"မောင်က သဘောပြောပြတာပါ။ စိတ်မဆိုးပါနဲ့..နော်"
မျက်ခြယ်က သူ့ရင်ခွင်ထဲ ပြန်မှီတွယ်လာသည်။ ထွေးအိစွာဖြင့် ပြိုကျနေသော ခန္ဓါကိုယ်လေးက သူ့လက်တစ်ပွေ့စာ။ အသက်ရှူသံတိုးတိုးလေးက ရင်ဘတ်ပေါ် လာရိုက်ခတ်နေပြီး ၎င်းကိုပင် ကိုယ်ကရေတွက်နေမိပြန်၏။
တစ်လျှောက်လုံး တစ်ယောက်တည်းရှင်သန်လာရသူ။ ဘယ်လောက်တောင် တာဝန်ကြီးလိမ့်မလဲ။ ဘယ်သူ့ကိုမှ မမှီမခိုပါဘဲလျက် ကြံကြံခံရှင်သန်လာရင်း မာနလေးကလည်းရှိသေးတာ။
မျက်ခြယ်ကလေ.. အားငယ်ရင်တောင် အားငယ်ကြောင်း ဖွင့်မပြချင်တဲ့သူမျိုး။ သည်လိုကိုင်တွယ်ရခက်တဲ့ အခက်အခဲလေးကိုမှ ကိုယ်က ချစ်မိနေတာ။
"စိတ်မဆိုးပါဘူး။ လူတွေပြောသလိုပဲ ကျွန်တော်က သိပ်မာနကြီးတာလား"
"လူတွေဘာပြောပြော ဘာအရေးလဲ"
"အသုံးမဝင်တဲ့မာနတွေလို့ ပြောကြတယ်။ ဘာမှလည်း အသုံးမလိုဘဲ မာနကြီးပြနေတယ်တဲ့"
"ဘယ်လိုတောင် အမှိုက်ဆန်တဲ့စကားတွေလဲ။ အခုရော အလုပ်ကအဲဒီလိုပြောခဲ့လို့လား"
အဲသည်ထက် ဆိုးပါတယ်မောင်ရယ်ဟုသာ ပြောလိုက်ချင်သည်။ မောင့်ကို သက်သက်မဲ့ အတွေးမများစေချင်လို့သာ နှုတ်ပိတ်နေရမည်။ သူကြားကြားခဲ့သမျှ စည်းမျဥ်းများအကြောင်းကိုသာ ဇာချဲ့ပြောရလျှင် နှစ်ကိုယ်တူခေါင်းချင်းဆိုင် စိတ်ဆင်းရဲနေရုံကလွဲ တတ်နိုင်စရာလည်းမရှိ။
"ထားလိုက်ပါတော့ မောင်ရယ်။ ဒါနဲ့ မောင်ညစာမစားခဲ့ဘူးမလား။ ကျွန်တော်တစ်ခုခုလုပ်ကျွေးမယ်လေ"
"လုပ်ပေးဖို့ အားရော ရှိလို့လား။ မောင်လမ်းထိပ်မှာ တစ်ခုခုသွားဝယ်ပေးမယ်လေ"
"ရတယ်.. ကျွန်တော်ဗိုက်မဆာဘူး"
"မဆာတိုင်းမစားတာက မဟုတ်သေးပါဘူး။ မျက်ခြယ်ထိုင်နေစမ်းပါ.. မောင်တစ်ခုခုလုပ်ပေးပါ့မယ်"
လုပ်ပေးမယ်ဟုသာ ပြောရသည်။ JungKookအဖို့ အိမ်တွင်းမှုကိစ္စများကို ရင်းနှီးခဲ့ခြင်းမရှိ။ Jimတို့မိသားစုက အသေးစိတ်စီမံပေးနေတော့ သူ့မှာဝင်လုပ်စရာအကြောင်းရယ်လို့ မယ်မယ်ရရ မရှိခဲ့။
အခုတော့ မျက်ခြယ်၏ မီးဖိုခန်းကျဥ်းလေးထဲ ယောင်ချာချာ။ အအေးခန်းထဲထည့်ထားသော ဟင်းသီးဟင်းရွက်နှင့် အသားခြောက်များကို ကြည့်ရင်း ခေါင်းထဲထွက်လာသည့် ဟင်းအမျိုးအစားရယ်လို့မရှိ။ တစ်သက်လုံး သူများချက်ကျွေးသမျှ အရသာခံစားလာရင်း ကိုယ်တိုင်စီမံဖို့ရာ ရုတ်ခြည်းတာဝန်ယူလိုက်ရတော့ အခက်တွေ့စရာ။
"ဘာလို့ အဲဒါကို ငုံ့ကြည့်နေတာလဲ။ မဟုတ်မှ.. မောင်ဘာမှမချက်တတ်ဘူးမဟုတ်လား"
မျက်ခြယ်က မီးဖိုခန်းအပေါက်ဝမှာ သူ့ကို တအံ့တဩကြည့်လျက်။ သူ့ကိုရယ်ချင်နေသည်အား အတင်းထိန်းထားပုံရသည်။ သည်လိုလေးကျ မျက်နှာက အနည်းငယ်ရွှင်ပျပျ။ ဟင်းမချက်တတ်လို့ ကြောင်တောင်တောင်ဖြစ်နေတာကပဲ မျက်ခြယ်ကိုစိတ်ရွှင်စေတာပါဆိုလျှင်တော့ ကြောင်တောင်တောင်ဖြစ်ရကျိုးနပ်ပါ၏။
"မဟုတ်တာ။ မျက်ခြယ်ခံတွင်းတွေ့လောက်မယ့်ဟင်းကို မောင်က စဥ်းစားနေတာ"
"ထားလိုက်ပါ။ ကျွန်တော်ချက်လိုက်မယ်"
"မောင်ချက်ပါမယ်ဆို"
"ကျွန်တော့်ကို အကူလို့ပဲ သဘောထားလိုက်"
အဲသည်လို ပြောလိုက်မှပဲ မောင်က လက်ခံတော့သည်။ လူနဲ့မလိုက်အောင်ကို ကလေးဆန်ချင်သေးတာ။ ဟင်းမချက်တတ်ရင် မချက်တတ်ဘူး ဝန်ခံရသားနဲ့ ဟန်လုပ်ချင်သေးတာတဲ့လေ။ ဘယ်သူက ဟင်းချက်တာကို အမှတ်ထိုင်ပေးနေမှာတဲ့လဲ.. တကယ့်လူ။
"ပြောပါဦး.. စားဖိုမှူးကြီးJeon. ဘာများချက်ပြုတ်မယ်လို့ စဥ်းစားထားလဲ"
"မျက်ခြယ်ကြိုက်တာပါဆို မောင့်သဘောမေးနေရသေးတယ်"
"ကျွန်တော့်မှာ ပေါင်မုန့်ကြမ်းတွေကျန်သေးတယ်။ အသားနဲ့အသီးအရွက်လေးပြင်ပြီးရင် ညှပ်စားလို့ရသားပဲ။ မောင် ပေါင်မုန့်ကြမ်းစားတတ်ပါရဲ့နော်"
"မောင်က အစားအသောက်ကြေးမများတာ မျက်ခြယ်သိသားပဲ"
မောင်က အစားအသောက်မရွေးတတ်သည့်အပြင် အခြားကိစ္စအဝဝတို့မှာလည်း ဇီဇာကြောင်နေတာမျိုးမရှိ။ ဒါကိုတော့ မောင်နှင့်တွဲပြီး လပိုင်းခန့်အကြာမှာ သူအတည်ပြုခဲ့ရပါသည်။
မျိုးရိုးမြင့်မြင့်လူကုံထံအသိုင်းအဝိုင်းမှ မင်းသားတစ်ပါးလို ဆင်းသက်လာသည့်တိုင် မောင်က ဒူပေဒဏ်ပေခံလွန်းသည်။ ကိုယ်ဘယ်လောက်ထိတောင် ချွတ်ခြုံကျနေသလဲဆိုတာ မောင့်မျက်မြင်ပါပဲ။ ထိုသို့ဖြစ်သည့်တိုင် မောင်ဟာ ကိုယ့်ကို အကြည့်ဖြင့်သော်လည်းကောင်း အမူအရာဖြင့်သော်လည်းကောင်း ဝေဖန်ခြင်းအလျှင်းမရှိပါချေ။
ဘာမှမရှိတာတောင် မာနခေါင်ခိုက်နေသော ကိုယ့်အတွက် မောင်က လက်ဆောင်မွန်ပါပဲ။
စည်းမျဥ်းများ ဘယ်လောက်ကာကာ တစ်ဘက်လူက မောင်သာဖြစ်နေခဲ့မည်ဆိုလျှင် စည်းတွေဟာလည်း ကျော်ဖြတ်ပစ်ချင်စရာအတိပေါ့။
"မောင် ဘာကူပေးရမလဲ"
"ခရမ်းချဥ်သီးလောက်တော့ လှီးတတ်တယ်မဟုတ်လား"
"ဒါပေါ့။ မောင်အဲဒီလောက်ထိ မညံ့ပါဘူး"
အမြင်ကသာလွယ်လိမ့်မည်။ ခရမ်းချဥ်သီးလှီးတာမှာလည်း သူ့ပညာနှင့်သူ။ JungKook လှီးဖြတ်လိုက်ပုံက အတုံးလိုက်အတစ်လိုက်။ စားချင်စရာ တစ်ကွက်မှမရှိ။
Taehyungခမျာ ရယ်လည်းရယ်ချင်သည်။ ရယ်လည်းမရယ်ရက်။ သူ့ကြောင့်သာ မောင့်မှာလည်း မလုပ်ဖူးတာတွေလုပ်နေရတာမဟုတ်လား။ ဟင်းချက်ဓါးကို ငှက်ကြီးတောင်ဓါးလို လေးလေးပင်ပင် အားပါးတရကိုင်နေသော မောင့်က သူ့မျက်လုံးထဲ အရမ်းကို ချစ်ပစ်ချင်စရာကောင်းနေသည်။
"ထားလိုက်တော့ မောင်။ ငြိမ်ငြိမ်ထိုင်နေတော့။ မောင်ခရမ်းချဥ်သီးလှီးတာ စားပွဲတစ်ခုလုံးရှုပ်ပွကုန်ပြီ"
"တောင်းပန်ပါတယ် မျက်ခြယ်ရယ်။ မောင်ဒီနေရာမှာတကယ်ညံ့တယ်"
"ဟော.. ဘာမဟုတ်တာလေးကို လာတောင်းပန်နေတယ်"
Taehyung သူတတ်သလောက်မှတ်သလောက်နှင့် အသားဟင်တစ်ခွက်ရအောင် ချက်လိုက်သည်။ သူ့လက်ရာက သူ့တစ်ယောက်စာအတွက်တော့ စားဝင်လောက်ရုံ အဆင်ပြေပြေ။ အဝင်ဆိုးရလောက်အောင် အညံ့ကြီးမဟုတ်။
သို့သော် မောင်သဘောမကျတာစိုးရိမ်သည်နှင့်ပင် မောင့်က သူ့လက်ရာကို တစ်ခါမှမမြည်းစမ်းဖူးပါချေ။
"မျက်ခြယ်မတော်တဲ့နေရာ ဘယ်နေရာရှိသေးလဲ"
"စားကောင်းလား"
"မောင်စားဖူးသမျှ အသားညှပ်ပေါင်မုန့်တွေထဲ အရသာ အရှိဆုံးပဲ"
"မောင်သက်သက်မဲ့ပိုပြောနေတာပဲ ဖြစ်ရမယ်"
သူတို့နှစ်ယောက်တည်းကမ္ဘာလေးမှာ မပြေလည်စရာအကြောင်းများရယ်လို့ မရှိပါလေ။ ချစ်ပေးနိုင်သူနှင့် အချစ်ကို လက်ခံပေးနိုင်သူအကြား ဘာကများ အဆင်မပြေစရာရှိလိမ့်မလဲ။
ကြားလူတွေရဲ့ စကားအလီလီကိုသာ သူတို့နှစ်ယောက်ကြား ထည့်သွင်းစဥ်းစားခြင်းမရှိလျှင် အဖုအထစ်ရယ်တောင် ရှိမှာမဟုတ်။ တွေးစရာ ဆွေးစရာရယ်လို့လည်း များများစားစားမရှိနိုင်။
မောင်ဟာ သူမသိတဲ့အချိန်တွေမှာတောင် နှစ်နှစ်ပတ်လုံး သူ့ကို စိတ်ခွန်အားနှင့် လုံခြုံမှုပေးခဲ့သူ။ မောင့်လိုလူဟာ ဘေးကတိုက်တွန်းစကားများကြောင့် သူ့ကို ပစ်ပယ်သွားမည့်လူမျိုးမဟုတ်။ စောစောက သူဘာတွေကိုများ တွေးပူနေခဲ့သနည်း။ မောင်ဟာ သူ့အတွက်ပြည့်စုံခြင်းမည်လျှင် သူက ပြည့်စုံခြင်းကို အရောင်ခြယ်သနိုင်သူသာ ဖြစ်ရပါလိမ့်မည်။
"အခု နည်းနည်းစိတ်အဆင်ပြေသွားပြီလား"
စားပြီးသောက်ပြီးလို့ ဧည့်ခန်းမမည်သော ခုံတန်းရှည်လေးမှာ ထိုင်နေစဥ် မောင့်ဘက်က အမေးစကားများ။ သူ့ကို ထွေးအိစွာ ဖက်တွယ်ထားသော မောင့်လက်ချောင်းများမှ မွေးညှင်းပေါက်များကို ရေတွက်နေရင်း လှိုက်ဖိုစွာ ပြုံးလိုက်ပါ၏။
"ဟုတ်"
"ဒီစနေ၊ တနင်္ဂနွေတော့ မျက်ခြယ်မှာ အချိန်ပိုဆင်းစရာတွေဘာတွေမရှိလောက်ပါဘူးနော်"
"မရှိပါဘူးမောင်ရဲ့.. ဘာလို့လဲ"
အရင့်အရင်ရက်သတ္တပတ်များက ရုံးပိတ်ရက်များကို သာမာန်ရုံးတက်ရက်လိုသာ သဘောထားဖြတ်ကျော်ခဲ့ရသည်။ အကြောင်းမှာ မျက်ခြယ်တို့ ရေဒီယိုအသံလွှင့်ရုံက လုပ်ငန်းစဥ်အသစ်များ တင်သွင်းလိုသောကြောင့် ဝန်ထမ်းတွေကို ပိတ်ရက်အချိန်ပိုခေါ်ထားခြင်းကြောင့်တည်း။ သူကသာ တစ်နေကုန် အိမ်မှာနေရင်း အားနေရမည်။ မျက်ခြယ်မှာ အနားပင်မယူရ။
အစိုးရပုဂ္ဂလိကဖက်စပ်ရုံးဖြစ်သဖြင့် ဟိုဟိုသည်သည်အလုပ်တွေက မရေမတွက်နိုင်အောင်။ သူ့မှာ ရည်းစားဖြစ်ခါစအချိန်လေး အေးအေးဆေးဆေးတွေ့ရမလားမှတ်တာ အမှားကြီးမှားတော့သည်။
"မောင်တို့ ရုပ်ရှင်သွားကြည့်ကြမလားလို့ပါ"
"မောင်လက်မှတ်ဝယ်ထားလို့လား"
"လက်မှတ်က မခက်ပါဘူး မျက်ခြယ်ရယ်။ မျက်ခြယ်ဘယ်ရုံမှာ ကြည့်ချင်သလဲသာပြော။ မောင်က နာ့ရှ်ဗီးလ်မှာ ဘယ်ရုံတွေနာမည်ကြီးသလဲ မသိတော့လေ"
"ကျွန်တော်လည်း တစ်ခါမှမကြည့်ဖူးဘူး မောင်ရဲ့"
အထူးအဆန်းစကားကို ကြားလိုက်ရသည့်နှယ်။ သည်ခေတ်ကြီးမှာ ရုပ်ရှင်ဆိုတာ ဖျော်ဖြေရေးလုပ်ငန်းများထဲတွင် အအောင်မြင်ဆုံးဟုပင် ဆိုရမည်။ ကျိကျိတက်ချမ်းသာသူအများစုက ရုပ်ရှင်ရုံထောင်ဖို့၊ ရုပ်ရှင်ရုံမှာ အစုရှယ်ယာဝင်ဖို့ သိပ်ကို စိတ်ဝင်စားကြသည်။
စိတ်ဝင်စားကြဆို ဝယ်လိုအား ပရိတ်သတ်အားကလည်း သိပ်များသည်။
ရုံးပိတ်ကျောင်းပိတ်ရက်များတွင် အပန်းဖြေစရာဆိုလို့ လက်ညှိုးထိုးပြလို့ရသည့်ခေတ်ကြီးမှာ ရုပ်ရှင်မကြိုက်သူမရှိ။
မကြည့်နိုင်လို့သာနေရမည်။ ကြည့်နိုင်လို့ကတော့ ရုပ်ရှင်တစ်ကားပြီးတစ်ကားထိုင်ကြည့်နေမည့်သူတွေချည်း။
"ဘာလို့မကြည့်ဖူးတာလဲ။ ရုပ်ရှင်မကြိုက်လို့လား"
"ဟင့်အင်း။ ကြိုက်မကြိုက်ကိုမသိတာ။ ကြည့်ဖို့ရာအတွက်လည်း တကူးတကစိတ်မကူးဖြစ်ပါဘူး"
"မျက်ခြယ်သဘောကျလောက်မှာပါ။ မောင့်တပည့်ကို လက်မှတ်ကြိုမှာထားလိုက်မယ်"
"မောင့်သဘောလေ။ သွားကြည့်ကြတာပေါ့"
ရုပ်ရှင်လက်မှတ်ခဟူသည် Taehyungအဖို့ သုံးစရာထက် ဖြုန်းစရာသာ ဖြစ်ခဲ့သည်။ ရုပ်ရှင်မကြည့်ရလို့ မသေသွားနိုင်သော်လည်း အငတ်မနေနိုင်သော သူ့အဖို့ ရုပ်ရှင်ကို ခေါင်းထဲပင် မထည့်ထားနိုင်။
ရေဒီယိုရုံးက ဝင်ငွေလေးတစ်ခုသာ ရှိသဖြင့် လစဥ်အတွက် အိမ်လခပေးပြီး၊ အကြွေးဆပ်ပြီးလျှင်တောင် သူ့မှာ စားဖို့သောက်ဖို့လောက်ငရုံသာကျန်သည်။
"မောင်က ကျွန်တော့်ကို ကောင်းကောင်းကြီးဖျက်ဆီးနေတာပဲ"
"ဟင်.. မောင်ဘာလုပ်မိလို့လဲ"
"အကျင့်ဖျက်နေတာပြောပါတယ်။ အကျင့်မပျက်အောင်လို့ တစ်ပတ်တစ်ပတ်ဘာအပျော်အပါးမှ မလိုက်စားမိအောင်နေပါတယ်ဆို ရုပ်ရှင်လိုက်ပြမယ်တဲ့လေ"
"အကျင့်ပျက်လည်းဘာဖြစ်လဲ မျက်ခြယ်ရယ်။ အလိုလိုက်ပေးမယ့် မောင်တစ်ယောက်လုံးရှိနေတာကို"
ပိုရန်ကောပဲမောင်ရယ်ဟု စိတ်ထဲရေရွတ်ပြီး တစ်ပါတည်းမောင့်ကို မျက်စောင်းထိုးမိသည်။ သည်လိုအချိန်မှာတောင် မောင်ဟာ အပြုံးမပျက်ပါလေ။ ဘယ်လောက်တောင် အလိုလိုက်ချင်နေသလဲဆို တစ်ခါတစ်ရံများဆို ကိုယ့်ဟာကိုယ် မောင့်ရဲ့သားများလားလို့တောင် မြင်မိလာသည်။ တစ်ခုခုများ ရိုးရိုးသားသားညည်းညူးလျှင်တောင် မောင်ဖြေရှင်းပေးမယ်ဆိုတဲ့ချည်းထွက်လာလွန်းလို့။
"အကျင့်မပျက်ချင်ပါဘူးနော်။ ဒီနေ့ နေ့တစ်ပိုင်းလေး ခွင့်ယူတာတောင် ဘယ်လောက်ထိပြောခံလိုက်ရသလဲ မောင်မသိလို့"
"ဘယ်သူကလဲ။ အသံလွှင့်ရုံမှူးလား"
"မန်နေဂျာလေ။ တခြားလူတွေ လိမ်လည်ပြီးခွင့်ယူတာ ကျွန်တော်နဲ့များ ဘယ်လိုသက်ဆိုင်သွားတယ်မသိဘူး။ ရတဲ့ခွင့်နဲ့မှမတန် အဆူခံလိုက်ရသေးတယ်"
ဒါကတော့ မဟုတ်သေးပါ။ နောက်များကြုံလျှင် သတိပေးဖြစ်အောင်ပေးဦးမည်။ ဝန်ထမ်းတွေကြား သည်လိုတရားမမျှတမှုတွေကို JungKookသဘောကျတာမဟုတ်။ သူကိုယ်တိုင်လည်း တရားမမျှတမရှိရလေအောင် နေတတ်သူဖြစ်တာကြောင့် မျက်ခြယ်ကိုလည်း ဒါတွေမခံစားစေချင်ပါ။
"အဲဒီလူက တော်တော်အပေါက်ဆိုးတဲ့ပုံပဲ"
"ဟုတ်တယ်။ အမြဲတမ်းဆူပူမာန်မဲနေတာ။ သွားတွေ့တိုင်း စိတ်ကို မချမ်းသာရဘူး"
"နောက်ဆို မောင့်လာတိုင်"
"မောင်နော်။ ကျွန်တော်ဒီလိုပြောတယ်ဆိုတိုင်း သွားပြီးအာဏာမပြရဘူး။ ကျွန်တော်မကြိုက်တာသိတယ်မဟုတ်လား"
"အင်းပါ.. မောင်စကားနားထောင်ပါတယ်"
မျက်ခြယ်၏ဆံပင်ပွယောင်းယောင်းများက နဖူးပေါ်အုပ်ကျလျက်။ သူ့မှာ ဆံသားလေးတွေ သပ်တင်ပေးနေရတာကိုပင် အခွင့်ထူးကြီးရသလို မြတ်မြတ်နိုးနိုး။
သူ့ချစ်ခြင်းတွေက အနန္တစကြဝဠာကြီးနှင့် ယှဥ်တွဲလျက်ရှိသော အမှန်တရားပင်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တည်းဟူသော ကာလကြီးသုံးပါးအတွက် ဖောက်ပြားပြောင်းလဲသွားခြင်း အနည်းငယ်မျှပင်မရှိ။ အသံလေးကြားရစအချိန်မှ ယခုထိ လျော့သွားခြင်းမရှိ၊ တရိပ်ရိပ်တိုးလာသော အပေါင်းလက္ခဏာဆောင်သည့် ချစ်ခြင်းမေတ္တာများသာ။
"အခုလို ရွှင်ရွှင်လန်းလန်းတွေ့ရမှပဲ မောင်လည်းအသက်ရှူချောင်တော့တယ် မျက်ခြယ်လေးရယ်"
"ကျွန်တော်က နေမကောင်းဖြစ်နေတာမှမဟုတ်တာမောင်ရယ်"
"လူနေမကောင်းတာဖြစ်ဖြစ် စိတ်နေမကောင်းတာဖြစ်ဖြစ် မောင့်မှာ စိတ်ပူရတာပါပဲ။ အခုတောင် မျက်ခြယ်ဘာဖြစ်လာသလဲ မောင်မသိရသေးဘူး"
ကိုယ်တစ်ယောက်တည်း၏ တစ်ဖက်သတ်အလွန်အကျွံအတွေးများပါပဲ မောင်ရယ်။ သည်လိုအတွေးတွေအတွက် မောင်ဟာ ကိုယ့်အတွက် မျှဝေခံစားပေးစရာလိုမည်မထင်ပါ။ ရူးကြောင်ကြောင်ကန့်သတ်ချက်များအား မောင့်ခေါင်းထဲမှာ နေရာမပေးစေလို။
သူတစ်ယောက်တည်းသာ အတွေးတွေကိုစ၍ တစ်ယောက်တည်းသာ အဆုံးသတ်ချင်ပါသည်။ စိတ်ပူပြင်းစရာ အတွေးအစစ၏ ဆိုးဒဏ်အရိပ်အငွေ့အားလုံးသည် သူတစ်ယောက်တည်းနှင့်သာ သက်ဆိုင်ပါ၍ မောင်ဆိုတဲ့ သူ့အပိုင်လူသားလေးကိုတော့ ချစ်ခြင်းနှင့်သာ သက်ဆိုင်စေလိုပါ၏။
"မောင် ကျွန်တော့်ကို ယုံတယ်မဟုတ်လား"
"ယုံတာပေါ့.. ဒီတစ်လောကမှာ မောင်အယုံဆုံး"
"အင်း.. အရေးကြီးကိစ္စဆို မောင့်ကိုမပြောဘဲမနေဘူးဆိုတာလည်း မောင်ယုံရမယ်။ မပြောဘူးဆိုတာ ပြောဖို့မလိုအပ်လို့ပေါ့ မောင်ရယ်။ ကျွန်တော်တောင် မောင်ရောက်လာတော့ အဲဒါကြီးကို မေ့သွားတော့တာပဲကြည့်"
"ဟုတ်ပါပြီ မျက်ခြယ်ရယ်။ မျက်ခြယ်မလိုဘူးထင်ရင် သဘောပဲ။ မျက်ခြယ်သဘောက မောင့်သဘော"
မောင့်ရင်ခွင်ထဲမှီထိုင်ရင်း လှိုက်မောစွာပင် ပြုံးမိလိုက်သည်။ မောင့်ကို အနမ်းတဖွဖွပေးချင်လောက်အောင် သည်အချိန်မှာ သူရင်ခုန်နေပါသည်။
အချစ်အရေးမှာ အတွေ့အကြုံနည်းသူဖြစ်တာကြောင့် အနမ်းများကို အစပြုရန်ပင် သူက ရှက်တတ်သေးသည်။ မောင်အထင်သေးသွားမယ်ဆိုတာ တစ်သက်မှာတစ်ခါမဖြစ်နိုင်ပါလျက် သူကရှာကြံစိုးထိတ်တတ်သေးတာ။
တစ်လောကလုံးကလူတွေ သူကို အထင်မကြီးရုံမက အထင်သေးပါစေဦး။ မောင်ကတော့ သူ့ကို မြတ်နိုးပြီးရင်း မြတ်နိုးနေရမည်။
သူ့အချစ်များကသာ မိုးစက်တွေဖြစ်နေမည်ဆိုလျှင် မောင်က မြတ်နိုးခြင်းတိမ်တိုက်ပါပင်။ တိမ်တိုက်တွေမရှိဘဲ ဘယ်လိုမိုးရွာပါ့မလဲ မောင်..။
"မောင်အခု ဘာလုပ်ချင်နေလဲသိလား"
"ဘာလုပ်ချင်တာလဲ"
"မျက်ခြယ်ကို ဟောဒီလို နမ်းပစ်ချင်နေတာ"
နူးညံ့ပိုက်ထွေးစွာ အနမ်းအစုံစုံတို့ကို မောင်က သူ့နှုတ်ခမ်းပေါ် ဖြန့်ကြက်လာ၏။ အနမ်းရေယဥ်ကြောထဲ ကူးခတ်နေရင်းကပင် သူ့အသည်းနှလုံးအိမ်ထဲမှ တလပ်လပ်ခုန်ပေါက်သံကို ကြားနေရ၏။
သူလိုလိုလားလားမျှော်လင့်နေသော အနမ်းတွေအကြောင်း မောင်ဘယ်လိုသိတာပါလိမ့်။
ဪ.. အချစ်ဆိုသည်မှာ ဝိညာဥ်နှစ်ခု အတွေးတစ်မျိုးတည်းကို တစ်ပြိုင်တည်းတွေးလိုက်ခြင်းဆိုပါလား..။
TBC~
Do vote⭐ me if you like it.
Love you and thank you Taekookers💜
Zawgyi~
"မငိုပါဘူး"
"ငိုထားပါတယ္။ ၾကည့္ပါဦး.. မ်က္သားေတြေတာင္နီေနၿပီ မ်က္ျခယ္ရယ္။ အလုပ္မွာတစ္ခုခုျဖစ္ခဲ့လို႔လား"
"မေမးနဲ႔ဘာမွ။ ဒီတိုင္းေလး ဖက္ထားေပး"
မ်က္ျခယ္က သူ႔အတြက္ အထိအခိုက္ အပြန္းအရွမခံေသာ သက္ရွိလူသားေလး။ သူတစ္ေယာက္တည္း ဖြက္ထားၿပီး ပိုးေမြးသလိုေမြးလို႔ရရင္ ဘယ္ေလာက္ေတာင္ေကာင္းလိမ့္မလဲ။ ျဖစ္ပ်က္ေနက် ေလာကဓံအပိုင္းအစေလးေတြကပင္ မ်က္ျခယ္အတြက္ အႏၲရာယ္မ်ားလြန္းေနတာမဟုတ္လား။
"အင္း.. အဆင္သင့္ျဖစ္တဲ့အခါက် ေမာင့္ကိုေျပာ"
"အလုပ္လုပ္ရတာ ပင္ပန္းတယ္ေမာင္။ စိတ္ပင္ပန္းရတယ္"
"ထြက္ခ်င္လို႔လား။ ေရဒီယိုထဲကအသံေလးကို လြမ္းေနရေတာ့မွာဆိုေပမဲ့ မ်က္ျခယ္သေဘာ"
"ဘယ္ျဖစ္ပါ့မလဲ။ ဒီအလုပ္နဲ႔ထမင္းစားရတယ္၊ ဒီအလုပ္နဲ႔ပဲ အေႂကြးဆပ္ေနရတာကို"
"ေမာင္လည္း ထမင္းေကြၽးႏိုင္ပါတယ္။ အေႂကြးလည္း ဆပ္ေပးႏိုင္တယ္"
အဲသည္လိုေျပာရင္ မ်က္ျခယ္က လုံးဝသေဘာမက်။ တည္တံ့ေအးစက္သြားေသာ အၾကည့္ျဖင့္ သူ႔ကို ၾကည့္လာသည္။ အမွီအခိုကင္းလြန္းသူပါပဲ။ ကိုယ့္မွာ မားမားမတ္မတ္ရပ္တည္ေပးဖို႔ရာ ဆႏၵရယ္လို႔ ေဖာေဖာသီသီရွိေနတာေတာင္ မ်က္ျခယ္က ခြင့္မျပဳပါေခ်။
တျခားတစ္ေယာက္သာ မ်က္ျခယ္ေနရာမွာဆို စိတ္လိုလက္ရ လက္ခံခ်င္စရာျဖစ္ေကာင္းျဖစ္လိမ့္မည္။ မ်က္ျခယ္ကေတာ့ သိပ္မာနႀကီးတာပါပဲ။
"မလိုဘူး။ ကြၽန္ေတာ့္အေႂကြး ကြၽန္ေတာ္ဆပ္ႏိုင္တယ္။ ေမာင္နဲ႔မဆိုင္ဘူး"
"ေမာင္က သေဘာေျပာျပတာပါ။ စိတ္မဆိုးပါနဲ႔..ေနာ္"
မ်က္ျခယ္က သူ႔ရင္ခြင္ထဲ ျပန္မွီတြယ္လာသည္။ ေထြးအိစြာျဖင့္ ၿပိဳက်ေနေသာ ခႏၶါကိုယ္ေလးက သူ႔လက္တစ္ေပြ႕စာ။ အသက္ရႉသံတိုးတိုးေလးက ရင္ဘတ္ေပၚ လာ႐ိုက္ခတ္ေနၿပီး ၎ကိုပင္ ကိုယ္ကေရတြက္ေနမိျပန္၏။
တစ္ေလွ်ာက္လုံး တစ္ေယာက္တည္းရွင္သန္လာရသူ။ ဘယ္ေလာက္ေတာင္ တာဝန္ႀကီးလိမ့္မလဲ။ ဘယ္သူ႔ကိုမွ မမွီမခိုပါဘဲလ်က္ ႀကံႀကံခံရွင္သန္လာရင္း မာနေလးကလည္းရွိေသးတာ။
မ်က္ျခယ္ကေလ.. အားငယ္ရင္ေတာင္ အားငယ္ေၾကာင္း ဖြင့္မျပခ်င္တဲ့သူမ်ိဳး။ သည္လိုကိုင္တြယ္ရခက္တဲ့ အခက္အခဲေလးကိုမွ ကိုယ္က ခ်စ္မိေနတာ။
"စိတ္မဆိုးပါဘူး။ လူေတြေျပာသလိုပဲ ကြၽန္ေတာ္က သိပ္မာနႀကီးတာလား"
"လူေတြဘာေျပာေျပာ ဘာအေရးလဲ"
"အသုံးမဝင္တဲ့မာနေတြလို႔ ေျပာၾကတယ္။ ဘာမွလည္း အသုံးမလိုဘဲ မာနႀကီးျပေနတယ္တဲ့"
"ဘယ္လိုေတာင္ အမႈိက္ဆန္တဲ့စကားေတြလဲ။ အခုေရာ အလုပ္ကအဲဒီလိုေျပာခဲ့လို႔လား"
အဲသည္ထက္ ဆိုးပါတယ္ေမာင္ရယ္ဟုသာ ေျပာလိုက္ခ်င္သည္။ ေမာင့္ကို သက္သက္မဲ့ အေတြးမမ်ားေစခ်င္လို႔သာ ႏႈတ္ပိတ္ေနရမည္။ သူၾကားၾကားခဲ့သမွ် စည္းမ်ဥ္းမ်ားအေၾကာင္းကိုသာ ဇာခ်ဲ႕ေျပာရလွ်င္ ႏွစ္ကိုယ္တူေခါင္းခ်င္းဆိုင္ စိတ္ဆင္းရဲေန႐ုံကလြဲ တတ္ႏိုင္စရာလည္းမရွိ။
"ထားလိုက္ပါေတာ့ ေမာင္ရယ္။ ဒါနဲ႔ ေမာင္ညစာမစားခဲ့ဘူးမလား။ ကြၽန္ေတာ္တစ္ခုခုလုပ္ေကြၽးမယ္ေလ"
"လုပ္ေပးဖို႔ အားေရာ ရွိလို႔လား။ ေမာင္လမ္းထိပ္မွာ တစ္ခုခုသြားဝယ္ေပးမယ္ေလ"
"ရတယ္.. ကြၽန္ေတာ္ဗိုက္မဆာဘူး"
"မဆာတိုင္းမစားတာက မဟုတ္ေသးပါဘူး။ မ်က္ျခယ္ထိုင္ေနစမ္းပါ.. ေမာင္တစ္ခုခုလုပ္ေပးပါ့မယ္"
လုပ္ေပးမယ္ဟုသာ ေျပာရသည္။ JungKookအဖို႔ အိမ္တြင္းမႈကိစၥမ်ားကို ရင္းႏွီးခဲ့ျခင္းမရွိ။ Jimတို႔မိသားစုက အေသးစိတ္စီမံေပးေနေတာ့ သူ႔မွာဝင္လုပ္စရာအေၾကာင္းရယ္လို႔ မယ္မယ္ရရ မရွိခဲ့။
အခုေတာ့ မ်က္ျခယ္၏ မီးဖိုခန္းက်ဥ္းေလးထဲ ေယာင္ခ်ာခ်ာ။ အေအးခန္းထဲထည့္ထားေသာ ဟင္းသီးဟင္း႐ြက္ႏွင့္ အသားေျခာက္မ်ားကို ၾကည့္ရင္း ေခါင္းထဲထြက္လာသည့္ ဟင္းအမ်ိဳးအစားရယ္လို႔မရွိ။ တစ္သက္လုံး သူမ်ားခ်က္ေကြၽးသမွ် အရသာခံစားလာရင္း ကိုယ္တိုင္စီမံဖို႔ရာ ႐ုတ္ျခည္းတာဝန္ယူလိုက္ရေတာ့ အခက္ေတြ႕စရာ။
"ဘာလို႔ အဲဒါကို ငုံ႔ၾကည့္ေနတာလဲ။ မဟုတ္မွ.. ေမာင္ဘာမွမခ်က္တတ္ဘူးမဟုတ္လား"
မ်က္ျခယ္က မီးဖိုခန္းအေပါက္ဝမွာ သူ႔ကို တအံ့တဩၾကည့္လ်က္။ သူ႔ကိုရယ္ခ်င္ေနသည္အား အတင္းထိန္းထားပုံရသည္။ သည္လိုေလးက် မ်က္ႏွာက အနည္းငယ္႐ႊင္ပ်ပ်။ ဟင္းမခ်က္တတ္လို႔ ေၾကာင္ေတာင္ေတာင္ျဖစ္ေနတာကပဲ မ်က္ျခယ္ကိုစိတ္႐ႊင္ေစတာပါဆိုလွ်င္ေတာ့ ေၾကာင္ေတာင္ေတာင္ျဖစ္ရက်ိဳးနပ္ပါ၏။
"မဟုတ္တာ။ မ်က္ျခယ္ခံတြင္းေတြ႕ေလာက္မယ့္ဟင္းကို ေမာင္က စဥ္းစားေနတာ"
"ထားလိုက္ပါ။ ကြၽန္ေတာ္ခ်က္လိုက္မယ္"
"ေမာင္ခ်က္ပါမယ္ဆို"
"ကြၽန္ေတာ့္ကို အကူလို႔ပဲ သေဘာထားလိုက္"
အဲသည္လို ေျပာလိုက္မွပဲ ေမာင္က လက္ခံေတာ့သည္။ လူနဲ႔မလိုက္ေအာင္ကို ကေလးဆန္ခ်င္ေသးတာ။ ဟင္းမခ်က္တတ္ရင္ မခ်က္တတ္ဘူး ဝန္ခံရသားနဲ႔ ဟန္လုပ္ခ်င္ေသးတာတဲ့ေလ။ ဘယ္သူက ဟင္းခ်က္တာကို အမွတ္ထိုင္ေပးေနမွာတဲ့လဲ.. တကယ့္လူ။
"ေျပာပါဦး.. စားဖိုမႉးႀကီးJeon. ဘာမ်ားခ်က္ျပဳတ္မယ္လို႔ စဥ္းစားထားလဲ"
"မ်က္ျခယ္ႀကိဳက္တာပါဆို ေမာင့္သေဘာေမးေနရေသးတယ္"
"ကြၽန္ေတာ့္မွာ ေပါင္မုန္႔ၾကမ္းေတြက်န္ေသးတယ္။ အသားနဲ႔အသီးအ႐ြက္ေလးျပင္ၿပီးရင္ ညႇပ္စားလို႔ရသားပဲ။ ေမာင္ ေပါင္မုန္႔ၾကမ္းစားတတ္ပါရဲ႕ေနာ္"
"ေမာင္က အစားအေသာက္ေၾကးမမ်ားတာ မ်က္ျခယ္သိသားပဲ"
ေမာင္က အစားအေသာက္မေ႐ြးတတ္သည့္အျပင္ အျခားကိစၥအဝဝတို႔မွာလည္း ဇီဇာေၾကာင္ေနတာမ်ိဳးမရွိ။ ဒါကိုေတာ့ ေမာင္ႏွင့္တြဲၿပီး လပိုင္းခန္႔အၾကာမွာ သူအတည္ျပဳခဲ့ရပါသည္။
မ်ိဳး႐ိုးျမင့္ျမင့္လူကုံထံအသိုင္းအဝိုင္းမွ မင္းသားတစ္ပါးလို ဆင္းသက္လာသည့္တိုင္ ေမာင္က ဒူေပဒဏ္ေပခံလြန္းသည္။ ကိုယ္ဘယ္ေလာက္ထိေတာင္ ခြၽတ္ၿခဳံက်ေနသလဲဆိုတာ ေမာင့္မ်က္ျမင္ပါပဲ။ ထိုသို႔ျဖစ္သည့္တိုင္ ေမာင္ဟာ ကိုယ့္ကို အၾကည့္ျဖင့္ေသာ္လည္းေကာင္း အမူအရာျဖင့္ေသာ္လည္းေကာင္း ေဝဖန္ျခင္းအလွ်င္းမရွိပါေခ်။
ဘာမွမရွိတာေတာင္ မာနေခါင္ခိုက္ေနေသာ ကိုယ့္အတြက္ ေမာင္က လက္ေဆာင္မြန္ပါပဲ။
စည္းမ်ဥ္းမ်ား ဘယ္ေလာက္ကာကာ တစ္ဘက္လူက ေမာင္သာျဖစ္ေနခဲ့မည္ဆိုလွ်င္ စည္းေတြဟာလည္း ေက်ာ္ျဖတ္ပစ္ခ်င္စရာအတိေပါ့။
"ေမာင္ ဘာကူေပးရမလဲ"
"ခရမ္းခ်ဥ္သီးေလာက္ေတာ့ လွီးတတ္တယ္မဟုတ္လား"
"ဒါေပါ့။ ေမာင္အဲဒီေလာက္ထိ မညံ့ပါဘူး"
အျမင္ကသာလြယ္လိမ့္မည္။ ခရမ္းခ်ဥ္သီးလွီးတာမွာလည္း သူ႔ပညာႏွင့္သူ။ JungKook လွီးျဖတ္လိုက္ပုံက အတုံးလိုက္အတစ္လိုက္။ စားခ်င္စရာ တစ္ကြက္မွမရွိ။
Taehyungခမ်ာ ရယ္လည္းရယ္ခ်င္သည္။ ရယ္လည္းမရယ္ရက္။ သူ႔ေၾကာင့္သာ ေမာင့္မွာလည္း မလုပ္ဖူးတာေတြလုပ္ေနရတာမဟုတ္လား။ ဟင္းခ်က္ဓါးကို ငွက္ႀကီးေတာင္ဓါးလို ေလးေလးပင္ပင္ အားပါးတရကိုင္ေနေသာ ေမာင့္က သူ႔မ်က္လုံးထဲ အရမ္းကို ခ်စ္ပစ္ခ်င္စရာေကာင္းေနသည္။
"ထားလိုက္ေတာ့ ေမာင္။ ၿငိမ္ၿငိမ္ထိုင္ေနေတာ့။ ေမာင္ခရမ္းခ်ဥ္သီးလွီးတာ စားပြဲတစ္ခုလုံးရႈပ္ပြကုန္ၿပီ"
"ေတာင္းပန္ပါတယ္ မ်က္ျခယ္ရယ္။ ေမာင္ဒီေနရာမွာတကယ္ညံ့တယ္"
"ေဟာ.. ဘာမဟုတ္တာေလးကို လာေတာင္းပန္ေနတယ္"
Taehyung သူတတ္သေလာက္မွတ္သေလာက္ႏွင့္ အသားဟင္တစ္ခြက္ရေအာင္ ခ်က္လိုက္သည္။ သူ႔လက္ရာက သူ႔တစ္ေယာက္စာအတြက္ေတာ့ စားဝင္ေလာက္႐ုံ အဆင္ေျပေျပ။ အဝင္ဆိုးရေလာက္ေအာင္ အညံ့ႀကီးမဟုတ္။
သို႔ေသာ္ ေမာင္သေဘာမက်တာစိုးရိမ္သည္ႏွင့္ပင္ ေမာင့္က သူ႔လက္ရာကို တစ္ခါမွမျမည္းစမ္းဖူးပါေခ်။
"မ်က္ျခယ္မေတာ္တဲ့ေနရာ ဘယ္ေနရာရွိေသးလဲ"
"စားေကာင္းလား"
"ေမာင္စားဖူးသမွ် အသားညႇပ္ေပါင္မုန္႔ေတြထဲ အရသာ အရွိဆုံးပဲ"
"ေမာင္သက္သက္မဲ့ပိုေျပာေနတာပဲ ျဖစ္ရမယ္"
သူတို႔ႏွစ္ေယာက္တည္းကမာၻေလးမွာ မေျပလည္စရာအေၾကာင္းမ်ားရယ္လို႔ မရွိပါေလ။ ခ်စ္ေပးႏိုင္သူႏွင့္ အခ်စ္ကို လက္ခံေပးႏိုင္သူအၾကား ဘာကမ်ား အဆင္မေျပစရာရွိလိမ့္မလဲ။
ၾကားလူေတြရဲ႕ စကားအလီလီကိုသာ သူတို႔ႏွစ္ေယာက္ၾကား ထည့္သြင္းစဥ္းစားျခင္းမရွိလွ်င္ အဖုအထစ္ရယ္ေတာင္ ရွိမွာမဟုတ္။ ေတြးစရာ ေဆြးစရာရယ္လို႔လည္း မ်ားမ်ားစားစားမရွိႏိုင္။
ေမာင္ဟာ သူမသိတဲ့အခ်ိန္ေတြမွာေတာင္ ႏွစ္ႏွစ္ပတ္လုံး သူ႔ကို စိတ္ခြန္အားႏွင့္ လုံၿခဳံမႈေပးခဲ့သူ။ ေမာင့္လိုလူဟာ ေဘးကတိုက္တြန္းစကားမ်ားေၾကာင့္ သူ႔ကို ပစ္ပယ္သြားမည့္လူမ်ိဳးမဟုတ္။ ေစာေစာက သူဘာေတြကိုမ်ား ေတြးပူေနခဲ့သနည္း။ ေမာင္ဟာ သူ႔အတြက္ျပည့္စုံျခင္းမည္လွ်င္ သူက ျပည့္စုံျခင္းကို အေရာင္ျခယ္သႏိုင္သူသာ ျဖစ္ရပါလိမ့္မည္။
"အခု နည္းနည္းစိတ္အဆင္ေျပသြားၿပီလား"
စားၿပီးေသာက္ၿပီးလို႔ ဧည့္ခန္းမမည္ေသာ ခုံတန္းရွည္ေလးမွာ ထိုင္ေနစဥ္ ေမာင့္ဘက္က အေမးစကားမ်ား။ သူ႔ကို ေထြးအိစြာ ဖက္တြယ္ထားေသာ ေမာင့္လက္ေခ်ာင္းမ်ားမွ ေမြးညႇင္းေပါက္မ်ားကို ေရတြက္ေနရင္း လႈိက္ဖိုစြာ ၿပဳံးလိုက္ပါ၏။
"ဟုတ္"
"ဒီစေန၊ တနဂၤေႏြေတာ့ မ်က္ျခယ္မွာ အခ်ိန္ပိုဆင္းစရာေတြဘာေတြမရွိေလာက္ပါဘူးေနာ္"
"မရွိပါဘူးေမာင္ရဲ႕.. ဘာလို႔လဲ"
အရင့္အရင္ရက္သတၱပတ္မ်ားက ႐ုံးပိတ္ရက္မ်ားကို သာမာန္႐ုံးတက္ရက္လိုသာ သေဘာထားျဖတ္ေက်ာ္ခဲ့ရသည္။ အေၾကာင္းမွာ မ်က္ျခယ္တို႔ ေရဒီယိုအသံလႊင့္႐ုံက လုပ္ငန္းစဥ္အသစ္မ်ား တင္သြင္းလိုေသာေၾကာင့္ ဝန္ထမ္းေတြကို ပိတ္ရက္အခ်ိန္ပိုေခၚထားျခင္းေၾကာင့္တည္း။ သူကသာ တစ္ေနကုန္ အိမ္မွာေနရင္း အားေနရမည္။ မ်က္ျခယ္မွာ အနားပင္မယူရ။
အစိုးရပုဂၢလိကဖက္စပ္႐ုံးျဖစ္သျဖင့္ ဟိုဟိုသည္သည္အလုပ္ေတြက မေရမတြက္ႏိုင္ေအာင္။ သူ႔မွာ ရည္းစားျဖစ္ခါစအခ်ိန္ေလး ေအးေအးေဆးေဆးေတြ႕ရမလားမွတ္တာ အမွားႀကီးမွားေတာ့သည္။
"ေမာင္တို႔ ႐ုပ္ရွင္သြားၾကည့္ၾကမလားလို႔ပါ"
"ေမာင္လက္မွတ္ဝယ္ထားလို႔လား"
"လက္မွတ္က မခက္ပါဘူး မ်က္ျခယ္ရယ္။ မ်က္ျခယ္ဘယ္႐ုံမွာ ၾကည့္ခ်င္သလဲသာေျပာ။ ေမာင္က နာ့ရွ္ဗီးလ္မွာ ဘယ္႐ုံေတြနာမည္ႀကီးသလဲ မသိေတာ့ေလ"
"ကြၽန္ေတာ္လည္း တစ္ခါမွမၾကည့္ဖူးဘူး ေမာင္ရဲ႕"
အထူးအဆန္းစကားကို ၾကားလိုက္ရသည့္ႏွယ္။ သည္ေခတ္ႀကီးမွာ ႐ုပ္ရွင္ဆိုတာ ေဖ်ာ္ေျဖေရးလုပ္ငန္းမ်ားထဲတြင္ အေအာင္ျမင္ဆုံးဟုပင္ ဆိုရမည္။ က်ိက်ိတက္ခ်မ္းသာသူအမ်ားစုက ႐ုပ္ရွင္႐ုံေထာင္ဖို႔၊ ႐ုပ္ရွင္႐ုံမွာ အစုရွယ္ယာဝင္ဖို႔ သိပ္ကို စိတ္ဝင္စားၾကသည္။
စိတ္ဝင္စားၾကဆို ဝယ္လိုအား ပရိတ္သတ္အားကလည္း သိပ္မ်ားသည္။
႐ုံးပိတ္ေက်ာင္းပိတ္ရက္မ်ားတြင္ အပန္းေျဖစရာဆိုလို႔ လက္ညႇိဳးထိုးျပလို႔ရသည့္ေခတ္ႀကီးမွာ ႐ုပ္ရွင္မႀကိဳက္သူမရွိ။
မၾကည့္ႏိုင္လို႔သာေနရမည္။ ၾကည့္ႏိုင္လို႔ကေတာ့ ႐ုပ္ရွင္တစ္ကားၿပီးတစ္ကားထိုင္ၾကည့္ေနမည့္သူေတြခ်ည္း။
"ဘာလို႔မၾကည့္ဖူးတာလဲ။ ႐ုပ္ရွင္မႀကိဳက္လို႔လား"
"ဟင့္အင္း။ ႀကိဳက္မႀကိဳက္ကိုမသိတာ။ ၾကည့္ဖို႔ရာအတြက္လည္း တကူးတကစိတ္မကူးျဖစ္ပါဘူး"
"မ်က္ျခယ္သေဘာက်ေလာက္မွာပါ။ ေမာင့္တပည့္ကို လက္မွတ္ႀကိဳမွာထားလိုက္မယ္"
"ေမာင့္သေဘာေလ။ သြားၾကည့္ၾကတာေပါ့"
႐ုပ္ရွင္လက္မွတ္ခဟူသည္ Taehyungအဖို႔ သုံးစရာထက္ ျဖဳန္းစရာသာ ျဖစ္ခဲ့သည္။ ႐ုပ္ရွင္မၾကည့္ရလို႔ မေသသြားႏိုင္ေသာ္လည္း အငတ္မေနႏိုင္ေသာ သူ႔အဖို႔ ႐ုပ္ရွင္ကို ေခါင္းထဲပင္ မထည့္ထားႏိုင္။
ေရဒီယို႐ုံးက ဝင္ေငြေလးတစ္ခုသာ ရွိသျဖင့္ လစဥ္အတြက္ အိမ္လခေပးၿပီး၊ အေႂကြးဆပ္ၿပီးလွ်င္ေတာင္ သူ႔မွာ စားဖို႔ေသာက္ဖို႔ေလာက္င႐ုံသာက်န္သည္။
"ေမာင္က ကြၽန္ေတာ့္ကို ေကာင္းေကာင္းႀကီးဖ်က္ဆီးေနတာပဲ"
"ဟင္.. ေမာင္ဘာလုပ္မိလို႔လဲ"
"အက်င့္ဖ်က္ေနတာေျပာပါတယ္။ အက်င့္မပ်က္ေအာင္လို႔ တစ္ပတ္တစ္ပတ္ဘာအေပ်ာ္အပါးမွ မလိုက္စားမိေအာင္ေနပါတယ္ဆို ႐ုပ္ရွင္လိုက္ျပမယ္တဲ့ေလ"
"အက်င့္ပ်က္လည္းဘာျဖစ္လဲ မ်က္ျခယ္ရယ္။ အလိုလိုက္ေပးမယ့္ ေမာင္တစ္ေယာက္လုံးရွိေနတာကို"
ပိုရန္ေကာပဲေမာင္ရယ္ဟု စိတ္ထဲေရ႐ြတ္ၿပီး တစ္ပါတည္းေမာင့္ကို မ်က္ေစာင္းထိုးမိသည္။ သည္လိုအခ်ိန္မွာေတာင္ ေမာင္ဟာ အၿပဳံးမပ်က္ပါေလ။ ဘယ္ေလာက္ေတာင္ အလိုလိုက္ခ်င္ေနသလဲဆို တစ္ခါတစ္ရံမ်ားဆို ကိုယ့္ဟာကိုယ္ ေမာင့္ရဲ႕သားမ်ားလားလို႔ေတာင္ ျမင္မိလာသည္။ တစ္ခုခုမ်ား ႐ိုး႐ိုးသားသားညည္းညဴးလွ်င္ေတာင္ ေမာင္ေျဖရွင္းေပးမယ္ဆိုတဲ့ခ်ည္းထြက္လာလြန္းလို႔။
"အက်င့္မပ်က္ခ်င္ပါဘူးေနာ္။ ဒီေန႔ ေန႔တစ္ပိုင္းေလး ခြင့္ယူတာေတာင္ ဘယ္ေလာက္ထိေျပာခံလိုက္ရသလဲ ေမာင္မသိလို႔"
"ဘယ္သူကလဲ။ အသံလႊင့္႐ုံမႉးလား"
"မန္ေနဂ်ာေလ။ တျခားလူေတြ လိမ္လည္ၿပီးခြင့္ယူတာ ကြၽန္ေတာ္နဲ႔မ်ား ဘယ္လိုသက္ဆိုင္သြားတယ္မသိဘူး။ ရတဲ့ခြင့္နဲ႔မွမတန္ အဆူခံလိုက္ရေသးတယ္"
ဒါကေတာ့ မဟုတ္ေသးပါ။ ေနာက္မ်ားႀကဳံလွ်င္ သတိေပးျဖစ္ေအာင္ေပးဦးမည္။ ဝန္ထမ္းေတြၾကား သည္လိုတရားမမွ်တမႈေတြကို JungKookသေဘာက်တာမဟုတ္။ သူကိုယ္တိုင္လည္း တရားမမွ်တမရွိရေလေအာင္ ေနတတ္သူျဖစ္တာေၾကာင့္ မ်က္ျခယ္ကိုလည္း ဒါေတြမခံစားေစခ်င္ပါ။
"အဲဒီလူက ေတာ္ေတာ္အေပါက္ဆိုးတဲ့ပုံပဲ"
"ဟုတ္တယ္။ အၿမဲတမ္းဆူပူမာန္မဲေနတာ။ သြားေတြ႕တိုင္း စိတ္ကို မခ်မ္းသာရဘူး"
"ေနာက္ဆို ေမာင့္လာတိုင္"
"ေမာင္ေနာ္။ ကြၽန္ေတာ္ဒီလိုေျပာတယ္ဆိုတိုင္း သြားၿပီးအာဏာမျပရဘူး။ ကြၽန္ေတာ္မႀကိဳက္တာသိတယ္မဟုတ္လား"
"အင္းပါ.. ေမာင္စကားနားေထာင္ပါတယ္"
မ်က္ျခယ္၏ဆံပင္ပြေယာင္းေယာင္းမ်ားက နဖူးေပၚအုပ္က်လ်က္။ သူ႔မွာ ဆံသားေလးေတြ သပ္တင္ေပးေနရတာကိုပင္ အခြင့္ထူးႀကီးရသလို ျမတ္ျမတ္ႏိုးႏိုး။
သူ႔ခ်စ္ျခင္းေတြက အနႏၲစၾကဝဠာႀကီးႏွင့္ ယွဥ္တြဲလ်က္ရွိေသာ အမွန္တရားပင္။ အတိတ္၊ ပစၥဳပၸန္၊ အနာဂတ္တည္းဟူေသာ ကာလႀကီးသုံးပါးအတြက္ ေဖာက္ျပားေျပာင္းလဲသြားျခင္း အနည္းငယ္မွ်ပင္မရွိ။ အသံေလးၾကားရစအခ်ိန္မွ ယခုထိ ေလ်ာ့သြားျခင္းမရွိ၊ တရိပ္ရိပ္တိုးလာေသာ အေပါင္းလကၡဏာေဆာင္သည့္ ခ်စ္ျခင္းေမတၱာမ်ားသာ။
"အခုလို ႐ႊင္႐ႊင္လန္းလန္းေတြ႕ရမွပဲ ေမာင္လည္းအသက္ရႉေခ်ာင္ေတာ့တယ္ မ်က္ျခယ္ေလးရယ္"
"ကြၽန္ေတာ္က ေနမေကာင္းျဖစ္ေနတာမွမဟုတ္တာေမာင္ရယ္"
"လူေနမေကာင္းတာျဖစ္ျဖစ္ စိတ္ေနမေကာင္းတာျဖစ္ျဖစ္ ေမာင့္မွာ စိတ္ပူရတာပါပဲ။ အခုေတာင္ မ်က္ျခယ္ဘာျဖစ္လာသလဲ ေမာင္မသိရေသးဘူး"
ကိုယ္တစ္ေယာက္တည္း၏ တစ္ဖက္သတ္အလြန္အကြၽံအေတြးမ်ားပါပဲ ေမာင္ရယ္။ သည္လိုအေတြးေတြအတြက္ ေမာင္ဟာ ကိုယ့္အတြက္ မွ်ေဝခံစားေပးစရာလိုမည္မထင္ပါ။ ႐ူးေၾကာင္ေၾကာင္ကန္႔သတ္ခ်က္မ်ားအား ေမာင့္ေခါင္းထဲမွာ ေနရာမေပးေစလို။
သူတစ္ေယာက္တည္းသာ အေတြးေတြကိုစ၍ တစ္ေယာက္တည္းသာ အဆုံးသတ္ခ်င္ပါသည္။ စိတ္ပူျပင္းစရာ အေတြးအစစ၏ ဆိုးဒဏ္အရိပ္အေငြ႕အားလုံးသည္ သူတစ္ေယာက္တည္းႏွင့္သာ သက္ဆိုင္ပါ၍ ေမာင္ဆိုတဲ့ သူ႔အပိုင္လူသားေလးကိုေတာ့ ခ်စ္ျခင္းႏွင့္သာ သက္ဆိုင္ေစလိုပါ၏။
"ေမာင္ ကြၽန္ေတာ့္ကို ယုံတယ္မဟုတ္လား"
"ယုံတာေပါ့.. ဒီတစ္ေလာကမွာ ေမာင္အယုံဆုံး"
"အင္း.. အေရးႀကီးကိစၥဆို ေမာင့္ကိုမေျပာဘဲမေနဘူးဆိုတာလည္း ေမာင္ယုံရမယ္။ မေျပာဘူးဆိုတာ ေျပာဖို႔မလိုအပ္လို႔ေပါ့ ေမာင္ရယ္။ ကြၽန္ေတာ္ေတာင္ ေမာင္ေရာက္လာေတာ့ အဲဒါႀကီးကို ေမ့သြားေတာ့တာပဲၾကည့္"
"ဟုတ္ပါၿပီ မ်က္ျခယ္ရယ္။ မ်က္ျခယ္မလိုဘူးထင္ရင္ သေဘာပဲ။ မ်က္ျခယ္သေဘာက ေမာင့္သေဘာ"
ေမာင့္ရင္ခြင္ထဲမွီထိုင္ရင္း လႈိက္ေမာစြာပင္ ၿပဳံးမိလိုက္သည္။ ေမာင့္ကို အနမ္းတဖြဖြေပးခ်င္ေလာက္ေအာင္ သည္အခ်ိန္မွာ သူရင္ခုန္ေနပါသည္။
အခ်စ္အေရးမွာ အေတြ႕အႀကဳံနည္းသူျဖစ္တာေၾကာင့္ အနမ္းမ်ားကို အစျပဳရန္ပင္ သူက ရွက္တတ္ေသးသည္။ ေမာင္အထင္ေသးသြားမယ္ဆိုတာ တစ္သက္မွာတစ္ခါမျဖစ္ႏိုင္ပါလ်က္ သူကရွာႀကံစိုးထိတ္တတ္ေသးတာ။
တစ္ေလာကလုံးကလူေတြ သူကို အထင္မႀကီး႐ုံမက အထင္ေသးပါေစဦး။ ေမာင္ကေတာ့ သူ႔ကို ျမတ္ႏိုးၿပီးရင္း ျမတ္ႏိုးေနရမည္။
သူ႔အခ်စ္မ်ားကသာ မိုးစက္ေတြျဖစ္ေနမည္ဆိုလွ်င္ ေမာင္က ျမတ္ႏိုးျခင္းတိမ္တိုက္ပါပင္။ တိမ္တိုက္ေတြမရွိဘဲ ဘယ္လိုမိုး႐ြာပါ့မလဲ ေမာင္..။
"ေမာင္အခု ဘာလုပ္ခ်င္ေနလဲသိလား"
"ဘာလုပ္ခ်င္တာလဲ"
"မ်က္ျခယ္ကို ေဟာဒီလို နမ္းပစ္ခ်င္ေနတာ"
ႏူးညံ့ပိုက္ေထြးစြာ အနမ္းအစုံစုံတို႔ကို ေမာင္က သူ႔ႏႈတ္ခမ္းေပၚ ျဖန္႔ၾကက္လာ၏။ အနမ္းေရယဥ္ေၾကာထဲ ကူးခတ္ေနရင္းကပင္ သူ႔အသည္းႏွလုံးအိမ္ထဲမွ တလပ္လပ္ခုန္ေပါက္သံကို ၾကားေနရ၏။
သူလိုလိုလားလားေမွ်ာ္လင့္ေနေသာ အနမ္းေတြအေၾကာင္း ေမာင္ဘယ္လိုသိတာပါလိမ့္။
ဪ.. အခ်စ္ဆိုသည္မွာ ဝိညာဥ္ႏွစ္ခု အေတြးတစ္မ်ိဳးတည္းကို တစ္ၿပိဳင္တည္းေတြးလိုက္ျခင္းဆိုပါလား..။
TBC~
Do vote⭐ me if you like it.
Love you and thank you Taekookers💜