Godly Sword System
Chapter 696 အင်ပါယာ နန်းတော်
Translated by Thura
ဒီအချိန်မှာတော့ ပိုင်မျိုးနွယ်က လူတိုင်း ကျောက်ရုပ်အလား တုန့်ဆိုင်းနေခဲ့ကြတယ်။
အရင်ဆုံး သူတို့အားလုံးက ယန်ချီကို သာမန် စိတ်ဝိဉာဉ်ပညာရှင်တစ်ယောက်လို့ ထင်ခဲ့မိကြတယ်။
ဒါပေမယ့် ယန်ချီက ဒီလောက်ကြီး အစွမ်းထက်လိမ့်မယ်လို့ သူတို့တွေ မထင်မိကြပါဘူး။
ဟွိုင်မျိုးနွယ်ခေါင်းဆောင် ဟွိုင်ဝူယဆိုတာ လင်ယွင်မြို့မှာ အစွမ်းအထက်ဆုံး လူတစ်ယောက်ဖြစ်ပေမယ့်လည်း ယန်ချီအရှေ့မှာတော့ သနားစရာ ကောင်းစွာ အရှက်ကွဲခဲ့ရတယ်။
သူတို့တွေသာ ယန်ချီနဲ့ ရင်ဆိုင်မိမယ်ဆိုရင်တော့ အကျိုးဆက်ကို စဉ်းတောင် မစဉ်းရဲခဲ့ပါဘူး။
“ယန်ချီ ကျေးဇူးတင်ပါတယ်”
ဘေးမှာ ရှိနေတဲ့ ပိုင်လင်းက မပြောပြနိုင်အောင် ကျေးဇူးတင်နေခဲ့တယ်။
“အင်း ကိစ္စ မရှိပါဘူး”
ယန်ချီက ပုံမှန်အတိုင်း ပြောလိုက်တယ်။
“ငါ သွားတော့မယ်”
ယန်ချီက ဆက်ပြောလိုက်တယ်။
ဒီစကားကို ကြားတော့ ပိုင်မျိုးနွယ်က လူတိုင်း အံ့အားသင့်သွားကြတယ်။
“ယန်ချီ မင်း . . မင်းက ဘယ်ကို သွားမှာလဲ”
ပိုင်မျိုးနွယ်ခေါင်းဆောင် ပိုင်ခွန်က ယန်ချီကို ကြည့်ပြီး နားမလည်နိုင်စွာနဲ့ မေးလိုက်တယ်။
“အင်ပါယာ နန်းတော်”
ယန်ချီက စကားအပို မပြောခဲ့ပါဘူး။
ပိုင်လင်းက ယန်ချီကို ကြည့်လိုက်ပြီး သူရဲ့ ဖြူစင်တဲ့ သွားတွေနဲ့ အံကြိတ်လိုက်မိတယ်။
ချက်ချင်းပင် သူမရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ စွမ်းအားတွေက တစ်ခုခုကြောင့် ယိုစိမ့်သွားသလို ခံစားလိုက်ရတယ်။
ယန်ချီက ဒီနေရာမှာ ဘာမှ မဆိုင်တဲ့အတွက် ဒီမှာ အကြာကြီး မနေဘူးဆိုတာ သူမ သိပါတယ်။
“အဲ့ဒါဆိုရင် ရှင့်ရဲ့ ခရီးလမ်းချောမွေ့ပါစေလို့ ကျွန်မဆုတောင်းပေးလိုက်တယ်”
ပိုင်လင်းက ယန်ချီကို ပြောလိုက်တယ်။
ယန်ချီလည်း ခေါင်းညိတ်လိုက်ပြီးနောက် ချက်ချင်းပင် ပိုင်မျိုးနွယ် စံအိမ်ဆီကနေ ဖြေးညှင်းစွာ လမ်းလျှောက်သွားခဲ့တယ်။
မဟာယန် အင်ပါယာ အင်ပါယာနန်းတော်. . . ။
ယန်ချီတစ်ယောက် မဟာယန်အင်ပါယာ အင်ပါယာမြို့တော်ဆီကို ပြန်ရောက်လာခဲ့တယ်။
သူက ဒီကို ပြန်လာတာ လင်တျန်းနဲ့ လင်ယွဲ့တို့ နှစ်ယောက်ကို နှုတ်ဆက်စကားပြောဖို့ပါ။
ဘာပဲ ဖြစ်ဖြစ် လင်ယွဲ့က သူ့ကို မဟာယန်အင်ပါယာဆီ ဖိတ်ခေါ်ခဲ့တဲ့ လူတစ်ယောက်ပါ။
သူက အင်ပါယာနန်းတော်ဆီကို ဦးတည် ထွက်လာခဲ့တယ်။
သိပ်မကြာခင်မှာပဲ ယန်ချီက အင်ပါယာနန်းတော်ဆီကို ရောက်လာခဲ့တယ်။
“ရပ်စမ်း ဒီနေရာက အင်ပါယာ နန်းတော်ပဲ။ အခြားသူတွေ ဝင်လို့ မရဘူး”
နန်းတော်စောင့် စစ်သားများစွာက ယန်ချီကို တားဆီးလိုက်တယ်။
“င့ါနာမည် ယန်ချီပါ။ လင်တျန်းနဲ့ လင်ယွဲ့တို့နှစ်ယောက်ရဲ့ မိတ်ဆွေပါ”
ယန်ချီက သူ့ကို တားဆီးလိုက်တဲ့ စစ်သားတွေကို ပြောလိုက်တယ်။
စစ်သားတွေက ယန်ချီရဲ့ စကားကို ကြားတဲ့အခါ ယန်ချီကို အထင်သေးစွာ ကြည့်နေခဲ့တယ်။
“ငါတို့ မင်းသားကြီးနဲ့ တတိယမင်းသမီးတို့ကို အင်ပါယာ တစ်ခုလုံး မသိတဲ့သူ မရှိဘူး။ မင်းက အဲ့ဒီလို ပြောတိုင်း အထဲကို ပေးဝင်ရမှာလား”
စစ်သားတစ်ယောက်က ယန်ချီကို ပြောလိုက်တယ်။
ယန်ချီက သူ အမှန်ပြောတိုင်း လူတွေက ဘာကြောင့် မယုံကြည်ကြလဲလို့ တွေးပြီး ခေါင်းခါယမ်းမိလိုက်တယ်။
စိတ်ပျက်စွာနဲ့ပဲ သူက ကောင်းကင်အဆင့် အဆင့်မြင့် စိတ်ဝိဉာဉ်နည်းစနစ် မိုးကြိုးမှော်အရိပ်ခြေလှမ်းကို အသုံးပြုဖို့မှတပါး အခြားမရှိတော့ပါဘူး။
ချက်ချင်းပင် ယန်ချီတစ်ယောက် နေရာကနေ ပျောက်ကွယ်သွားခဲ့တယ်။
စစ်သားတွေက ဒီမြင်ကွင်းကြောင့် မှင်သက်သွားခဲ့ပြီး ယန်ချီရဲ့ ပုံရိပ်အစစ်ကို လိုက်လံရှာဖွေခဲ့ကြတယ်။
ဒါပေမယ့် လည်း သူတို့တွေ ဘယ်လောက်ပဲ ရှာပါစေ ယန်ချီကတခါမှ မရောက်လာသလို ပျောက်ကွယ်သွားခဲ့တယ်။
ယန်ချီကတော့ အင်ပါယာ နန်းတော်ထဲ ရောက်သွားခဲ့ပါပြီ။
ဒါပေမယ့် သူက လင်းယွဲ့တစ်ယောက် ဘယ်မှာ ရှိမှန်း မသိပါဘူး။
ဒါပေမယ့်လည်း သူ့ကံက သိပ်ကို ကောင်းနေပါသေးတယ်။
မိနစ်အနည်းငယ်လောက် လျှောက်သွားပြီးနောက်မှာ သူက လင်းယွဲ့ကို မြင်လိုက်ရတယ်။
လင်ယွဲ့က ရင်ပြင်တစ်ခုမှာ မတ်တပ်ရပ်နေခဲ့တယ်။
“လင်ယွဲ့”
ယန်ချီက လင်ယွဲ့ကို လှမ်းခေါ်လိုက်တယ်။
လင်ယွဲ့က ဒီလို အလွန်တရာ ရင်းနှီးတဲ့ အသံကို ကြားတဲ့အခါ တစ်ကိုယ်လုံး တုန်ယင်သွားခဲ့တယ်။
သူမက အဆောတလျင် နောက်ပြန်လှည့်ကြည့်လိုက်ပြီး ယန်ချီကို ကြည့်လိုက်တယ်။
“စီနီယာ ရှင် . . ရှင် ပြန်လာပြီလား”
လင်ယွဲ့က ယန်ချီကို အံ့အားသင့်စွာ နှုတ်ဆက်လိုက်တယ်။
“အင်း .. ”
ယန်ချီက ခေါင်းညိတ်တုန့်ပြန်လိုက်တယ်။
“ဒါနဲ့ စကားမစပ် လင်တျန်းက ဘယ်မှာလဲ”
ယန်ချီက လင်ယွဲ့ကိုနားမလည်နိုင်စွာနဲ့ မေးလိုက်တယ်။
“ကျွန်မ အစ်ကိုကြီးက ကျုံနန်ကျောင်းကို ပြန်သွားပြီး”
လင်ယွဲ့က ပြောလိုက်တယ်။
“ငါ အခု မင်းကို နှုတ်ဆက်ဖို့ ရောက်လာတာ။ ငါ လည်း ကျုံနန်ကျောင်းကို ပြန်တော့မယ်”
ယန်ချီက ပုံမှန်အတိုင်း ပြောလိုက်တယ်။
လင်းယွဲ့လည်း ယန်ချီရဲ့ စကားကြောင့် အံ့အားသင့်သွားခဲ့တယ်။
စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားပြီးနောက် လင်ယွဲ့က ယန်ချီကို ကြည့်ပြီး ပြောလိုက်တယ်။ “စီနီယာ ကျွန်မလည်း ရှင်နဲ့အတူ ကျုံနန်ကျောင်းကို လိုက်ချင်တယ်”
“မင်းလည်း ကျုံနန်ကျောင်းကို သွားချင်တာလား”
လင်ယွဲ့က ဒီစကားကို ပြောလိမ့်မယ်လို့ ယန်ချီ မမျှော်လင့်မိထားပါဘူး။
ဒါပေမယ့်လည်း သူ တိတ်တဆိတ် သက်ပြင်းချမိလိုက်တယ်။
ဘာကြောင့်လဲဆိုတော့ လင်ယွဲ့က လင်တျန်းကြောင့် ကျုံနန်ကျောင်းကို သွားချင်တာ မဟုတ်ပဲ သူ့အတွက်နဲ့ လိုက်ခဲ့ချင်မှန်း သိလိုက်တယ်။
🐱🐱🐱🐱🐱
Godly Sword System
Chapter 697 မင်း င့ါကို နှစ်သက်နေတာလား
Translated by Thura
ယန်ချီက သူ့ရဲ့ ချောမောခန့်ညားမှုကို ဘာကြောင့် မသိပဲ နေရမှာလဲ။
သူနဲ့ တွေ့ဆုံဖူးတဲ့ မိန်းကလေးတိုင်းက သူ့ကို နှစ်သက်သဘောကျသွားတက်ပါတယ်။
ဒီအတွက် သူ ဘာမှ မတက်နိုင်ပါဘူး။
“ဒါပေမယ့် မင်းက ကျုံနန်ကျောင်းကို သွားမယ်ဆိုရင်. . . ”
ယန်ချီ စကားပြောလို့ မဆုံးသေးခင်မှာပဲ လင်ယွဲ့က သူ့လက်ကို ရဲရဲရင့်ရင့်ဆွဲကိုင်ပြီး ပြောလိုက်တယ်။ “ယန်ချီ ကျွန်မအဖေဆီကို သွားကြမယ်”
လင်ယွဲ့က သူမကိုယ်သူမ ကလေးတစ်ယောက်လို့ ပြုမူနေလိမ့်မယ်လို့ သူ မထင်မိခဲ့ပါဘူး။
ယန်ချီအနေနဲ့ လင်ယွဲ့တစ်ယောက် ဒီလို ပြုမူတာနဲ့ ပတ်သတ်ပြီး ကျင့်သားမရသေးပါဘူး။
“အင်း ကောင်းပြီလေ”
စိတ်ပျက်လက်ပျက်နဲ့ ယန်ချီက သဘောတူလိုက်ရတယ်။
အဲ့ဒီနောက်တော့ သူတို့နှစ်ယာက်က အင်ပါယာနန်းတော်ဆီကို ဦးတည်လာခဲ့ကြတယ်။
သိပ်မကြာခင်မှာပဲ ယန်ချီနဲ့ လင်ယွဲ့တို့နှစ်ယောက် အင်ပါယာနန်းတော် ခန်းမဆီကို ရောက်လာခဲ့တယ်။
ခန်းမထဲမှာတော့ ရဲရင့် တည်ကြည်ပုံရတဲ့ လူတစ်ယောက် ရှိနေခဲ့တယ်။
ဒီလူကို ကြည့်ရတာ ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက်နဲ့ တူပြီး သူ့ရဲ့ လှုပ်ရှားမှုကနေ အဆုံးမရှိတဲ့ လွှမ်းမိုးမှုတွေ ပေါ်လွင်နေခဲ့တယ်။
တစ်ချက်လောက်ကြည့်လိုက်တာနဲ့ ယန်ချီက ဒီလူကို အခြားလူမဟုတ်ပဲ မဟာယန်အင်ပါယာမှန်း သိလိုက်တယ်။
“အဖေ ”
လင်ယွဲ့က အင်ပါယာကို နှုတ်ဆက်လိုက်တယ်။
“ယွဲ့အာ .. သူက. . ”
အင်ပါယာက မျက်မှောင်ကြုတ်ပြီး ယန်ချီကို ကြည့်ကာ မေးလိုက်တယ်။
ယန်ချီကတော့ စိတ်ဝိဉာဉ်အင်ပါယာအဆင့်က စိတ်ဝိဉာဉ်အင်ပါယာပဲလို့ တွေးနေခဲ့တယ်။
သူ့အနေနဲ့ အင်ပါယာဆီကနေ မယုံကြည်လောက်တဲ့ ဖိနှိပ်မှုကို ခံစားနေခဲ့ရတယ်။
“အဖေ သူက ယန်ချီပါ”
လင်ယွဲ့က ပြုံးပြီး ပြောလိုက်တယ်။
ဒီစကားကို ကြားတော့ အင်ပါယာက ယန်ချီကို ပြန်ကြည့်လိုက်ပြီး တချိန်တည်းမှာပင် ယန်ချီဆီကို ဖိအားတွေ ပိုပြီး ထုတ်လွှတ်လိုက်တယ်။
ယန်ချီက အဲ့ဒီဖိအားကို ခံစားခဲ့ရတယ်။
ဒါပေမယ့်လည်း အဲ့ဒီ ဖိနှိပ်မှုကို သူခံစားနေရဆဲပါ။
ဒါပေမယ့်လည်း အင်ပါယာဆီကနေ ထုတ်လွှတ်လိုက်တဲ့ ဖိအားက ပိုပြီး တိုးမြင့်လာလိမ့်မယ်လို့ မမျှော်လင့်မိပါဘူး။
ယန်ချီက မောက်မာသူ တစ်ယောက်တော့ မဟုတ်ပါဘူး။
သူက အင်ပါယာရဲ့ ပြိုင်ဖက် မဖြစ်နိုင်ဘူးဆိုတာ သိပေမယ့်လည်း သူက ဒီဖိအားကို ခံနိုင်လိမ့်မယ်လို့ တွေးနေခဲ့မိတယ်။
ထပ်ပြီးသာ တိုးမြင့်လိုက်မယ်ဆိုရင်တော့ သူ ခံနိုင်တော့မှာ မဟုတ်ပါဘူး။
“လူငယ်လေး မင်း အရမ်းတော်တာပဲ”
အချိန်အတော်ကြာပြီးနောက် အင်ပါယာက ယန်ချီကို ပြုံးပြီး ပြောလိုက်တယ်။
ယန်ချီကတော့ တစ်ကိုယ်လုံး ချွေးတွေ ရွဲစိုနေပါပြီ။
အဲ့ဒီနောက်တော့ အင်ပါယာဆီကနေ ထုတ်လွှတ်နေတဲ့ ဖိနှိပ်မှုတွေက အစအန မကျန်အောင်ကို ပျောက်ကွယ်သွားခဲ့တယ်။
“ယွဲ့အာက ပြောတယ်။ မင်းက အလယ်ပိုင်းဒေသ ပါရမီရှင် နှီးနှောဖလှယ်ပွဲမှာ ပထမရတယ်ဆိုတာ့ အရမ်း အစွမ်းထက်တာပဲ”
အင်ပါယာက ယန်ချီကို ဆက်ပြောလိုက်တယ်။
ပြောပြီးနောက် အင်ပါယာက လင်ယွဲ့ကို ကြည့်လိုက်ပြီး မေးလိုက်တယ်။ “ယွဲ့အာ သမီး အဖေကို ရှာတာ ဘာကိစ္စ ရှိလို့လဲ”
“အဖေ သမီး ကျုံနန်ကျောင်းကို သွားချင်တယ်”
လင်ယွဲ့ ပြောလိုက်တယ်။
“ကျုံနန်ကျောင်းကို သွားမှာလား”
အင်ပါယာက လင်ယွဲ့ရဲ့ စကားကြောင့် မှင်သက်သွားခဲ့တယ်။
လင်ယွဲ့က ဒီလို ပြောလိမ့်မယ်လို့ သူ မထင်ထားမိပါဘူး။
“ယွဲ့အာ သမီးက ကျုံနန်ကျောင်းကို သွားပြီး ဘာသွားလုပ်မလို့လဲ”
“သမီး .. သမီး အပြင်ထွက်ပြီး အတွေ့အကြုံရှာချင်လို့ပါ”
လင်ယွဲ့က ထစ်ထစ်ငေါ့ငေါ့နဲ့ ပြန်ဖြေလိုက်တယ်။
အင်ပါယာက လင်ယွဲ့မျက်နှာကပေါ်က အမူအယာကို ကြည့်ပြီး ယန်ချီကို ထပ်ကြည့်လိုက်တယ်။
“မိန်းကလေးတွေက ကြီးလာရင် အိမ်မှာ မနေချင်ကြတော့ဘူးပဲ”
ပြောပြီးနောက် အင်ပါယာက ခေါင်းခါလိုက်တယ်။
ဒီစကားကို ကြားတော့ လင်ယွဲ့ တစ်ယောက် ကူကယ်ရာမဲ့စွာနဲ့ သူမရဲ့ မျက်နှာထက်မှာ ရှက်ရွံ့မှုတွေ ပေါ်လာခဲ့တယ်။
“အဖေ . . . . အဖေက ဘယ်လို ပြောလိုက်တာလဲ”
ဒီစကားကို ပြောပြီးနောက် လင်ယွဲ့တစ်ယောက် ခေါင်းငုံ့လိုက်မိတယ်။
“သွားတော့လေ”
အင်ပါယာက ပြောလိုက်တယ်။
လင်ယွဲ့က သူမရဲ့ အဖေ သဘောတူလိုက်တာကို မြင်တော့ သူမရဲ့ မျက်နှာထက်မှာ ပျော်ရွှင်မှုတွေ ပေါ်လာခဲ့တယ်။
“ကျေးဇူးတင်ပါတယ် အဖေ”
နောက်တနေ့နေရောင် လင်းလက်လာတော့ ယန်ချီနဲ့ လင်ယွဲ့တို့နှစ်ယောက် ခရီးထွက်လာခဲ့တယ်။
“စီနီယာ ရှင်တို့ ကျုံနန်ကျောင်းက ဘယ်လိုလဲ”
လင်ယွဲ့က ယန်ချီဆီမှာ စပ်စုကြည့်လိုက်တယ်။
“ဘယ်လိုမှ မနေပါဘူး”
“အဲ့ဒီလို မဟုတ်ဘူးလေ”
ယန်ချီကတော့ ကျုံနန်ကျောင်းက ကျောင်းတစ်ကျောင်းပဲ ဖြစ်တာကြောင့် ဘယ်လိုနေရမှာလဲလို့ တွေးနေခဲ့တယ်။
“ဒါနဲ့ မင်းက င့ါကို ချစ်နေတာလား”
ရုတ်တရက် ယန်ချီက ရပ်တန့်လိုက်ပြီး လင်ယွဲ့ကို စူးစိုက်ကြည့်ပြီး မေးလိုက်တယ်။
လင်ယွဲ့လည်း ယန်ချီရဲ့ စကားကြောင့် သူမတစ်ကိုယ်လုံး တုန်ယင်သွားခဲ့ပြီး ယန်ချီကို အံ့အားသင့်စွာ ကြည့်နေခဲ့တယ်။
“စီနီယာ ရှင်. . ရှင်က ဘာပြောလိုက်တာလဲ”
လင်ယွဲ့ရဲ့ ရဲရဲနီနေတဲ့ မျက်နှာက ပန်းသီးတစ်လုံးအလား ရဲဗဒေါင်းခတ်သွားခဲ့ပြီး ပိုပြီး ဆွဲဆောင်မှု ရှိသွားခဲ့တယ်။
🐱🐱🐱🐱🐱
Godly Sword System
Chapter 698 ကောင်းကင်ဓါးဂိုဏ်း
Translated by Thura
ယန်ချီကတော့ တည်ငြိမ်စွာနဲ့ လင်ယွဲ့ကို စူးစိုက်ကြည့်နေခဲ့တယ်။
“ဟုတ်ပါတယ် စီနီယာ ကျွန်မ . . ကျွန်မ ရှင့်ကို နှစ်သက်တယ်”
လင်ယွဲ့ရဲ့ စကားတွေက ယန်ချီကို အံ့သြမှင်သက်စေခဲ့တယ်။
သူ့အနေနဲ့ အစောပိုင်းမှာ လင်ယွဲ့တစ်ယောက် ရှက်ရွံ့နေလိမ့်မယ်လို့ တွေးထားခဲ့ပေမယ့်လည်း လင်ယွဲ့က ဒီလို ပြောဆိုလိမ့်မယ်လို့ မထင်ထားပါဘူး။
“အင်း .. ”
“ငါ မင်းကို မေးတာ အခြားအဓိပ္ပါယ်တော့ မရှိပါဘူး။ များများ မတွေးပါနဲ့”
ပြောပြီးနောက် ယန်ချီက အရှေ့ကို ဆက်ပြီး ခရီးနှင်သွားခဲ့တယ်။
လင်ယွဲ့က ယန်ချီနောက်ကျောကို ကြည့်ပြီးနောက် အံကြိတ်လိုက်တယ်။
အဲ့ဒီနောက်တော့ ချက်ချင်းပင် အနောက်ကနေ လိုက်သွားခဲ့တယ်။
ကျုံနန်မြို့တော်. . ။ ကျုံနန်ကျောင်း အပြင်ဖက်မှာတော့ . . .။
ယန်ချီနဲ့ လင်ယွဲ့တို့နှစ်ယောက် ကျုံနန်ကျောင်း အပြင်ဖက်ကို ရောက်လာခဲ့တယ်။
ဒီအချိန်မှာတော့ ကျုံနန်ကျောင်းအပြင်မှာမှာ ကျောင်းသားများစွာ ရောက်ရှိနေခဲ့ကြတယ်။
သူတို့တွေက ယန်ချီတို့ကို မြင်လိုက်တော့ အံ့သြသင့်သွားခဲ့တယ်။
“ယန်. . ယန်. . ယန် . . ယန်ချီ .. . ”
အဲ့ဒီကျောင်းသားတွေက အမြင်များ မှားသလားဆိုပြီး မျက်လုံးကို ပွတ်သပ်ကြည့်လိုက်တယ်။
ဒါပေမယ့် သူတို့တွေ ဘယ်လောက်ပင်ပွတ်သပ်စေကာမူ ရလဒ်ကတော့ အတူတူပါပဲ။
အဲ့ဒီနောက်တော့ ကျောင်းသားတွေက အတွင်းထဲကို ပြေးဝင်သွားခဲ့တယ်။
“စီနီယာ သူတို့တွေက ဘာဖြစ်နေတာလဲ”
လင်ယွဲ့က နားမလည်နိုင်စွာနဲ့ မေးလိုက်တယ်။
“သူတို့တွေက ငါ့ကို မြင်သွားတာကြောင့်ပါ” ယန်ချီက ခဏလောက် စဉ်းစားပြီး ပြောလိုက်တယ်။
ပြောပြီးနောက် ယန်ချီက ကျောင်းဝင်ပေါက်ဆီကို လျှောက်သွားခဲ့တယ်။
ယန်ချီနဲ့ လင်ယွဲ့တို့နှစ်ယောက် ကျောင်းဝင်ပေါက်ကနေ ဝင်ရောက်ပြီးနောက် ကျောင်းက ရင်ပြင်မှာ ကျောင်းသားတွေ စုဝေးနေလိမ့်မယ်လို့ မထင်မိပါဘူး။
ပြီးတော့ ကျောင်းအုပ်ပြီး လက်ထောက်ကျောင်းအုပ်ကြီးနဲ့ ဆရာတွေလည်း ရှိနေခဲ့ကြတယ်။
ကြည့်ရတာတော့ ကြိုဆိုပွဲ တစ်ခုခုကို လုပ်မယ့်ပုံပါပဲ။
“ယန်ချီ မင်းက အလယ်ပိုင်းဒေသ ပါရမီရှင်ပြိုင်ပွဲမှာ ပထမရမယ်ဆိုတာ ငါတို့ ကြိုသိနေတယ်”
ကျောင်းအုပ်ကြိး ဟွမ်ချောင်က ယန်ချီကို ပြုံးပြီး ပြောလိုက်တယ်။
ယန်ချီက ကျောင်းအုပ်ကြီးရဲ့ လုပ်ဆောင်ချက်အတွက် ကျေနပ်သွားခဲ့တယ်။
“ယန်ချီ နောက်ဆုံးတော့ ရှင် ပြန်လာပြီ။ ရှင် ပြန်မလာတော့ဘူးလို့တောင် တွေးထားခဲ့တာ”
ကျိုးဇီက ယန်ချီကို ပြောလိုက်တယ်။
ယန်ချီကတော့ ကျိုးဇီကို အရင်ဆုံး မြင်ခဲ့ရတာက ကောင်းကင်ကြယ်အင်ပါယာမှာလို့ တွေးနေခဲ့တယ်။
ကျိုးဇီက ကောင်းကင်ဓါးဂိုဏ်းရဲ့ ဂုဏ်ယူရတဲ့ မိန်းကလေးတစ်ယောက်ပါ။
ပြီးတော့ သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယကလည်း ကောင်းကင်ဓါးဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက် ဖြစ်နေပါတယ်။
သူ့အနေနဲ့ အလယ်ပိုင်းဒေသ ပါရမီရှင်နှီးနှောဖလှယ်ပွဲမှာ ကောင်းကင်ဓါးဂိုဏ်းက ပါရမီရှင်တွေနဲ့ ဆုံခဲ့ရပါတယ်။
သူက သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာနဲ့ မတွေ့ရတာတောင် အချိန်တစ်ခု ကြာနေပါပြီ။
“ညီမလေး မင်းဘာကြောင့် ဒီကို ရောက်လာတာလဲ”
လင်တျန်းက လင်ယွဲ့ကို မြင်တဲ့အခါ သူ့မျက်နှာထက်မှာ အံ့အားသင့်မှုတွေ ပေါ်လာခဲ့တယ်။
“အစ်ကို က ကျွန်မ လာတာကို မကြိုဘူးလား”
လင်ယွဲ့ နှာခေါင်းရှုံ့ပြီး ပြောလိုက်တယ်။
“မဟုတ်ပါဘူး။ အစ်ကိုက ညီမလေးကို ဘယ်လိုလုပ်ပြီး မကြိုဆိုရမှာလဲ”
လင်တျန်းက ရွှင်ပြုံးတဲ့ အမူအယာနဲ့ ပြောလိုက်တယ်။
“ဒါနဲ့ စကားမစပ် ယန်ချီ မနက်ဖြန်ဆိုရင် ကျွန်မ ဂိုဏ်းကို ပြန်ဦးမယ်။ ရှင် ကျွန်မတို့ ကောင်းကင်ဓါးဂိုဏ်းကို လိုက်လည်ဦးမလား”
ကျိုးဇီက ယန်ချီကို ပြောလိုက်တယ်။
“အင်း. . ”
ယန်ချီလည်း စဉ်းစားမနေတော့ပဲ သဘောတူလိုက်တယ်။
သူ့အနေနဲ့ ကောင်းကင်ဓါးဂိုဏ်းကို သွားဖို့ အခွင့်အရေး ရှာနေတာ ကြာပါပြီ။ တခါမှ အခွင့်အရေး မရခဲ့ပါဘူး။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့တယ်။
အချိန် နှစ်ရက်ဆိုတာက မျက်တောင်တခတ်အတွင်း ကျော်လွန်သွားခဲ့ရတယ်။
ကျိုးဇီက ယန်ချီကို ခေါ်ပြီး ကောင်းကင်ဓါးဂိုဏ်းဆီကို ခရီးနှင်ခဲ့တယ်။
ကောင်းကင်ဓါးဂိုဏ်းဆိုတာ အလယ်ပိုင်းဒေသမှာ စွမ်းအားကြီး ဂိုဏ်းတစ်ခုပါ။
ရက်အနည်းငယ် ကြာသွားပြီးနောက် ယန်ချီနဲ့ ကျိုးဇီတို့နှစ်ယောက် နောက်ဆုံးမှာတော့ ကောင်းကင်ဓါးဂိုဏ်းဆီကို ရောက်လာခဲ့ကြတယ်။
ဂိုဏ်း ဝင်ပေါက်မှာ စောင့်ကြပ်နေတဲ့ ဂိုဏ်းသားများစွာက ကျိုးဇီ ပြန်လာတာကို မြင်တော့ သူတို့တွေက ကျိုးဇီကို အဆောတလျင် နှုတ်ဆက်လိုက်ကြတယ်။
“အစ်မကျိုး ပြန်လာပြီလား”
ကျိုးဇီက သူတို့ရဲ့ နှုတ်ဆက်မှုကို ခေါင်းညိတ် အသိအမှတ် ပြုလိုက်တယ်။
အဲ့ဒီနောက်တော့ သူမက ယန်ချီကို ခေါ်ပြီး ဂိုဏ်းထဲ တခါတည်း ဝင်သွားခဲ့တယ်။
ယန်ချီကတော့ အသိမိတ်ဆွေရှိတာ အလွန်ကောင်းတယ်လို့ တိတ်တဆိတ် တွေးနေခဲ့မိတယ်။
အဲ့ဒီလိုမှမဟုတ်ရင် သူက အတားဆီးခံနေရဦးမှာပါ။
ယန်ချီက ကောင်းကင်ဓါးဂိုဏ်းထဲ ရောက်ပြီးနောက် ကောင်းကင်ဓါးဂိုဏ်းကို လေ့လာကြည့်တော့ ကောင်းမွန်တဲ့ ဂိုဏ်းတစ်ခုဖြစ်ကြောင်း တွေ့လိုက်ရတယ်။
ဒီအချိန်မှာတော့ ကောင်းကင်ဓါးဂိုဏ်းရဲ့ ရင်ပြင်မှာ ဂိုဏ်းသားတွေ စုဝေးနေခဲ့ကြတယ်။
သူတို့တွေက ကျိုးဇီ ပြန်လာတာကို မြင်တော့ လှမ်းကြည့်လိုက်ကြတယ်။
“စီနီယာ အစ်မ ကျိုးက ပြန်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး”
“အဲ့ဒီလိုလဲ ဘယ်ဟုတ်မလဲ။ စီနီယာ အစ်မ ကျိုးက ငါတို့ ကောင်းကင်ဓါးဂိုဏ်းက ဂုဏ်ယူရတဲ့ တပည့်တစ်ယောက်ပဲလေ”
“စီနီယာ အစ်မ ကျိုးက အရမ်း လှတာပဲ”
ရင်ပြင်ထက်မှာ ရှိနေတဲ့ ဂိုဏ်းသားတွေက ယန်ချီတို့နှစ်ယောက်ကို ကြည့်ပြီး ပြောဆိုနေခဲ့ကြတယ်။
🐱🐱🐱🐱🐱
Godly Sword System
Chapter 699 ကူညီမယ့်သူ
Translated by Thura
ကျိုးဇီတစ်ယောက် ဒီစကားတွေကို ကြားမိလိုက်တယ်။
သူမအနေနဲ့ ဒီလို စကားမျိုး အကြိမ်ပေါင်းများစွာ ကြားဖူးတာကြောင့် သူမရဲ့ အမူအယာက ပြောင်းလဲခြင်း မရှိပါဘူး။
“စီနီယာ အစ်မ ကျိုးရဲ့ ဘေးနားက လူငယ်က ဘယ်သူလို့ မင်း ထင်လဲ”
“ငါလည်း မသိဘူးလေ။ စီနီယာ အစ်မကျိုးရဲ့ ရည်းစားဖြစ်နိုင်လား”
“ငါလည်း မသိဘူးလေ။ အဲ့ဒီလူငယ်ကို ကြည့်ရတာ ချောမောခန့်ညားပုံပဲ”
ဂိုဏ်းသူအချို့က ယန်ချီကို ကြည့်ပြီး နှာဗူးတဲ့ အမူအယာနဲ့ တီးတိုးပြောဆိုနေခဲ့တယ်။
“ယန်ချီ မင်း ဒီကို ရောက်လာတာလား”
လူငယ်တစ်ယောက် ပြုံးရွှင်စွာနဲ့ ပြောရင်း လျှောက်လာနေခဲ့တယ်။
ရင်ပြင်ထက်မှာ ရှိနေတဲ့ တပည့်တွေက သူ့ကို မြင်တဲ့အခါ သူတို့ရဲ့ မျက်နှာထက်မှာ နားမလည်နိုင်မှုတွေ ပြည့်နှက်သွားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ စီနီယာ အစ်ကိုကြီး ဖြစ်သူက ဒီလူငယ်ကို သိနေတာကြောင့်လေ။
အဲ့ဒီလူငယ်က အခြားသူ မဟုတ်ပဲ နင်းယွင် ဖြစ်နေတာကြောင့်ပါ။
နင်းယွင်ဆိုတာက ကောင်းကင်ဓါးဂိုဏ်းရဲ့ ဂုဏ်ယူရတဲ့ တပည့်တစ်ယောက်ပါ။
လင်နန်မြို့မှာတုန်းက သူ့အနေနဲ့ ယန်ချီစွမ်းအားတွေရဲ့ ဖိနှိပ်မှုကို ခံစားခဲ့ရတယ်။
“အင်း ဒီကို အလည်လာတာပါ”
ယန်ချီက ပြန်ပြောလိုက်တယ်။
ရင်ပြင်ထက်က တပည့်တွေကတော့ စကားပြောနေတဲ့ နင်းယွင်နဲ့ ယန်ချီကို ကြည့်ပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်။
သူတို့ရဲ့ စီနီယာအစ်ကိုကြီးက အဲ့ဒီလူငယ်ကို ပြုံးပြီး စကားပြောလိမ့်မယ်လို့ မထင်မိဘူးလေ။
“အဲ့ဒီလူငယ်က ပြိုင်ဖက်ကင်းပါရမီရှင် တစ်ယောက် လား”
“စီနီယာ အစ်ကိုကြီး ကျွန်တော်. . သူ ဘယ်သူလဲ ”
တပည့်တစ်ယောက်က အလွန်သိချင်လာတာကြောင့် နင်းယွင်ကို မေးလိုက်တယ်။
ဒီစကားကို ကြားတော့ ရင်ပြင်ထက်မှာ ရှိနေတဲ့ ဂိုဏ်းသားတွေက နင်းယွင်ကြည့်မိလိုက်ကြတယ်။ သူတို့အားလုံးကလည်း ယန်ချီ ဘယ်သူလဲဆိုတာ သိချင်ခဲ့ကြတယ်။
နင်းယွင်က အဲ့ဒီတပည့်ရဲ့ စကားကြောင့် မှင်သက်သွားခဲ့တယ်။ သူက ယန်ချီကို ကြည့်လိုက်တော့ ယန်ချီရဲ့ မျက်နှာ အမူအယာ ပြောင်းလဲခြင်းမရှိတာကို မြင်တော့ သူ စိတ်သက်သာရာ ရသွားခဲ့တယ်။
“သူ့နာမည်က ယန်ချီ။ပြီးတော့ အလယ်ပိုင်းဒေသပါရမီရှင် နှီးနှောဖလှယ်ပွဲမှာ ပထမဆုရှင်ပဲ”
နင်းယွင်က ရင်ပြင်မှာ ရှိနေတဲ့ တပည့်အားလုံးကို တချက် ကြည့်လိုက်ပြီး ပြောလိုက်တယ်။
“ဟူး .. . ”
ရင်ပြင်ထက်မှာ ရှိနေတဲ့ ကောင်းကင်ဓါးဂိုဏ်းရဲ့ တပည့်တွေက ဒီစကားကို ကြားတဲ့အခါ ကူကယ်ရာမဲ့စွာနဲ့ ပင့်သက်ရှိုက်မိလိုက်ပြီး ထိတ်လန့်သွားခဲ့ကြတယ်။
ဘာကြောင့်လဲဆိုတော့ ယန်ချီက အလယ်ပိုင်းဒေသ ပါရမီရှင် နှီးနှောဖလှယ်ပွဲမှာ ပထမရတဲ့ သူ ဖြစ်လိမ့်မယ်လို့ မထင်မိပါဘူး။
ဒီပွဲက အလယ်ပိုင်းဒေသမှာ ရှိတဲ့ ပါရမီရှင် တွေ အများကြီး ဝင်ရောက် ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲ တစ်ခုလေ။
“ယန်ချီ အထဲကို သွားပြီး ဂိုဏ်းခေါင်းဆောင် နဲ့ သွားတွေ့ရအောင်”
ကျိုးဇီက ယန်ချီကို ပြောလိုက်တယ်။
ယန်ချီလည်း ခေါင်းညိတ်လိုက်တယ်။
ချက်ချင်းပင် ယန်ချီနဲ့ ကျိုးဇီတို့နှစ်ယောက်က ခန်းမကြီးဆီကို ဦးတည် လျှောက်သွားခဲ့တယ်။
ကောင်းကင်ဓါးဂိုဏ်း ခန်းမထဲမှာတော့ . . .။
“တလကြာရင် တျန်းယုက ပါရမီရှင်တွေ ငါတို့ ကောင်းကင်ဓါးဂိုဏ်းကို ရောက်လာလိမ့်မယ်လို့ မင်းပြောခဲ့တယ်နော်။ အဲ့ဒီအချိန်ကျရင်တော့ ငါတို့တွေ အရှက်ကွဲ ခံရဦးမယ်”
“အဲ့ဒီ အတွက် ဘာမှ မတက်နိုင်ဘူး”
“အရင်တုန်းက နဂါး ဘုရားကျောင်းကို မစော်ကားသင့်ဘူး”
ဂိုဏ်းခေါင်းဆောင် ရှခွမ်က သက်ပြင်းချပြီး ရေရွတ်လိုက်မိတယ်။
သူ့အနေနဲ့ အရင်က တျန်းယုက လူတစ်ယောက်ပါ။ သူက တျန်းယုက အစွမ်းထက် လူတစ်ယောက် ဖြစ်ခဲ့တယ်။
ဘာကြောင့်လဲဆိုတော့ တျန်းယုမှာ ရှိစဉ်က အစွမ်းထက် နေရာတစ်ခုဖြစ်တဲ့ နဂါးဘုရားကျောင်းကို ပြစ်မှားမိခဲ့တယ်။ ဒီအတွက် သူက တျန်းယုမှာ ဆက်မနေဖို့ အဆင်မပြေတာကြောင့် အလယ်ပိုင်းဒေသကို ရောက်လာခဲ့တာပါ။
နှစ်အနည်းငယ် ကြာတိုင်းမှာ နဂါးဘုရားကျောင်းက သူတို့ရဲ့ ပါရမီရှင်တွေကို စေလွှတ်ပြီး ကောင်းကင်ဓါးဂိုဏ်းကို အရှက်ခွဲခဲ့ပါတယ်။
“ဂိုဏ်းခေါင်းဆောင် ကျွန်တော်တို့ကိုကူညီနိုင်မယ့်သူ ရှိတယ်”
ရုတ်တရက်လူအိုကြီး တစ်ယောက်က ပြောလိုက်တယ်။
စကားပြောလိုက်တဲ့ လူအိုကြီးက အခြားသူ မဟုတ်ပါဘူး။ သူကတော့ သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာပါ။
သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာက ကောင်းကင်ဓါးဂိုဏ်းရဲ့ အကြီးအကဲ တစ်ယောက်ပါ။
နာမည်က ဝူချင်းဖန့်ပါ။
ကောင်းကင်ဓါးဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် ရှခွမ်နဲ့ အကြီးအကဲတွေအားလုံးက သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာကို စိတ်ဝင်တစားနဲ့ ကြည့်လိုက်ကြတယ်။
“ဘယ်သူလဲ”
ကောင်းကင်ဓါးဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်နဲ့ အကြီးအကဲတွေက နဂါးဘုရားကျောင်းရဲ့ ပါရမီရှင်တွေကို အနိုင်ယူဖို့ သူတို့ကိုကူညီမယ့်သူကို ဘယ်လိုမှ မစဉ်းစားနိုင်ပါဘူး။
“ယန်ချီ”
သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာက ပြောလိုက်တယ်။
“ယန်ချီလား . .”
ကောင်းကင်ဓါးဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် ရှခွမ်နဲ့ အကြီးအကဲတွေက ယန်ချီရဲ့ နာမည်ကို ကြားဖူးကြပါတယ်။
ဒါပေမယ့်လည်း ယန်ချီက ဘာကြောင့် ကောင်းကင်ဓါးဂိုဏ်းကို ကူညီမှာလဲ။
“ဂိုဏ်းခေါင်းဆောင်”
ရုတ်တရက် ကောင်းကင်ဓါးဂိုဏ်းရဲ့ တပည့်တစ်ယောက် ခန်းမထဲကို အဆောတလျင်ပြေးဝင်လာခဲ့တယ်။
ကောင်းကင်ဓါးဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်နဲ့ အကြီးအကဲတွေက အဲ့ဒီ တပည့်ရဲ့ မျက်နှာပေါ်က အမူအယာကို ကြည့်ပြီး နဂါးဘုရားကျောင်းက ပါရမီရှင် ဒီအချိန်ကြီးမှာ ရောက်လာတာလို့ တွေးလိုက်မိကြတယ်။
🐱🐱🐱🐱🐱
Godly Sword System
Chapter 700 သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာနဲ့ တွေ့ဆုံခြင်း
Translated by Thura
“ဘာတွေ ဖြစ်နေလို့လဲ”
ကောင်းကင်ဓါးဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် ရှခွမ်က သူ့အရှေ့မှာ ရှိတဲ့ တပည့်ကို ကြည့်ပြီး မေးလိုက်တယ်။
သူကိုယ်တိုင်က အဲ့ဒီတပည့်ရဲ့ အမူအယာကို မြင်တော့ နဂါးဘုရားကျောင်းရဲ့ ပါရမီရှင်က စောစီးစွာ ရောက်လာတာ ဖြစ်နိုင်တယ်လို့ ထင်မိလိုက်တယ်။
ဒီအတိုင်းသာဆိုရင်တော့ သူတို့ကောင်းကင်ဓါးဂိုဏ်းက နောက်တစ်ကြိမ် အရှက်ရဦးမှာပေါ့။
“စီနီယာ အစ်မ ကျိုး ပြန်လာပြီ”
ကောင်းကင်ဓါးဂိုဏ်းရဲ့ တပည့်က အဆောတလျင် ပြန်ပြောလိုက်တယ်။
ကောင်းကင်ဓါးဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် နဲ့ အကြီးအကဲတွေက ဒီစကားကို ကြားတော့ သူတို့တွေက သက်ပြင်းတစ်ချက်ချမိလိုက်ပြီး စိုးရိမ်ပူပန်စိတ်တွေလည်း သက်သာရာ ရသွားခဲ့တယ်။
“အဲ့ဒါအပြင်ကို စီနီယာ အစ်မ ကျိုးဇီရဲ့ ဘေးမှာ လူငယ်တစ်ယောက်ပါသေးတယ်”
ကောင်းကင်ဓါးဂိုဏ်းရဲ့ တပည့်က ထပ်ဖြည့် ပြောလိုက်တယ်။
“လူငယ် တစ်ယောက်လား”
ကောင်းကင်ဓါးဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် ရှခွမ်နဲ့ အကြီးအကဲတွေအားလုံး အံ့အားသင့်သွားခဲ့တယ်။
သူတို့အားလုံးက ကောင်းကင်ဓါးဂိုဏ်းရဲ့ တပည့်အနေနဲ့ ဒီစကားကို ပြောလိမ့်မယ်လို့ မထင်ထားမိပါဘူး။
“အဲ့ဒီလူငယ်က ဘယ်လိုပုံစံလဲ”
“ကျောက်စိမ်းလို ချောမွေ့တဲ့ အသားအရေနဲ့ ပြိုင်ဖက်ကင်းအောင် ချောမောခန့်ညားတဲ့ တစ်ယောက်ပဲ”
ကောင်းကင်ဓါးဂိုဏ်းရဲ့ တပည့်တစ်ယောက်က ပြောလိုက်တယ်။
ဒီစကားကို ကြားလိုက်တော့ ခန်းမထဲမှာ ရှိတဲ့ လူတိုင်း အံ့အားသင့်သွားခဲ့တယ်။
ကျောက်စိမ်းလို အသားအရေ ရှိပြီး ချောမောခန့်ညားမှုက ပြိုင်ဖက်ကင်းအောင် ချောမောခန့်ညားသူ . . ။ ဒီလို လူမျိုး ကရှိပါ့မလား။
“သူတို့ကို အထဲ ဝင်ခိုင်းလိုက်”
“ကောင်းကင်ဓါးဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် ရှခွမ်က ပြောလိုက်တယ်။
ကောင်းကင်ဓါးဂိုဏ်းရဲ့ တပည့်လည်း အဲ့ဒီ စကားကို ကြားတော့ အဆောတလျင်နဲ့ ခန်းမထဲကနေ ပြန်ထွက်သွားခဲ့တယ်။
သိပ်မကြာခင်မှာပဲ ယန်ချီနဲ့ကျိုးဇီတို့နှစ်ယောက် ခန်းမထဲကို ဝင်လာခဲ့တယ်။
သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာ ဝူချင်ဖန့်မှအပ ဂိုဏ်းခေါင်းဆောင်နဲ့ အကြီးအကဲတွေက ယန်ချီကို မြင်တော့ သူတို့အားလုံး အံ့အားသင့်သွားကြတယ်။
သူတို့တွေအနေနဲ့ မယုံကြည်နိုင်ခဲ့ပါဘူး။
ဘာကြောင့်လဲဆိုတော့ သူတို့တွေ ငယ်ရွယ်စဉ်တုန်းကလည်း အလွန် ချောမောခန့်ညားသူတွေပါ။ သူတို့တွေကို စိတ်ထဲမှာ အိမ်မက် ချစ်သူအဖြစ် သတ်မှတ်ထားတဲ့ မိန်းကလေးတွေ ဘယ်လောက်များ လဲဆိုတာ မသိနိုင်ပါဘူး။
ဒါပေမယ့်လည်း သူတို့တွေ ယန်ချီကို မြင်လိုက်ရတဲ့ အခါမှာတော့ သူတို့တွေ ငယ်ရွယ်စဉ်က ရုပ်အသွင်နဲ့ ယန်ချီနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် ကောင်းကင်နဲ့ မြေကြီးလောက် ကွာဟပြီး လုံးဝကို ခြားနားနေတယ်ဆိုတာ သိလိုက်တယ်။
“မင်းက. . . ”
ကောင်းကင်ဓါးဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် ရှခွမ်က သတိပြန်ဝင်လာပြီးနောက် ယန်ချီကို မေးလိုက်တယ်။
“သူက ယန်ချီပါ”
သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာ ဝူချင်းဖန်က ပြောလိုက်တယ်။
“ဘာ . . ဘာ. . .”
ကောင်းကင်ဓါးဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် ရှခွမ်နဲ့ အကြီးအကဲတွေက ဒီစကားကို ကြားတော့ အံ့အားသင့်သွားကြတယ်။
သူတို့ရဲ့ အရှေ့မှာ ရှိနေတဲ့ ချောမောခန့်ညားတဲ့ လူငယ်လေးက ယန်ချီ ဖြစ်လိမ့်မယ်လို့ မထင်မိပါဘူး။
“စီနီယာ မတွေ့ရတာ အတော်ကြာပြီ”
ယန်ချီက သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာကို နှုတ်ဆက်လိုက်တယ်။
ယန်ချီက စိတ်ထဲကနေ သက်ပြင်းချမိလိုက်တယ်။
မြေတိမ်တိုက်မြို့မှာတုန်းက သူက သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာနဲ့ တွေ့ဆုံခဲ့ပါတယ်။
“ဟုတ်တယ် ယန်ချီ ကောင်းကင်ဓါးဂိုဏ်းကို လာပြီး ငါ့ကို လာရှာဖို့ မင်းကို တောင်းဆိုခဲ့တယ်။ ဒါပေမယ့် ကောင်းကင်ဓါးဂိုဏ်းကို မရောက်ခင် မင်း နာမည်ကြီးလိမ့်မယ်လို့ မထင်မိဘူး”
သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာ ဝူချင်းဖန့်က ယန်ချီကို ပြုံးပြီး ပြောလိုက်တယ်။
အဲ့ဒီအချိန်မှာပဲ ရှခွမ်က ချောင်းနှစ်ချက် ဟန့်လိုက်တယ်။
သူက အချက်ပေးလိုက်တာ ရှင်းပါတယ်။ သူက သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာကို ဆိုလိုရင်း ပြောစေချင်ခဲ့တယ်။
ရှေးဆန်တဲ့ လူအိုကြီး တစ်ယောက်ဖြစ်တဲ့ သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာက ဂိုဏ်းခေါင်းဆောင်ရဲ့ ဆိုလိုရင်းကို နားမလည်ခဲ့ပါဘူး။
“ယန်ချီ မင်း ကောင်းကင်ဓါးဂိုဏ်းကို ရောက်တုန်း မင်း ငါ့တို့ကို မျက်နှာသာပေးလို့ ရမလား”
သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာက ယန်ချီကို မေးလိုက်တယ်။
“ရပါတယ် ကိစ္စ မရှိပါဘူး”
ယန်ချီက ပြောလိုက်တယ်။
ယန်ချီဘေးမှာ ရှိတဲ့ ကျိုးဇီလည်း ဒီစကားတွေကြောင့် မှင်သက်နေခဲ့တယ်။
ကောင်းကင်ဓါးဂိုဏ်းက ယန်ချီရဲ့ အကူအညီ ဘာကြောင့် လိုအပ်နေမှန်း သူမ နားမလည်ခဲ့ပါဘူး။
ကောင်းကင်ဓါးဂိုဏ်းဆိုတာ အလယ်ပိုင်းဒေသမှာ ထိပ်တန်း ဂိုဏ်းတစ်ခုလေ။
“ယန်ချီ မင်း နဂါးဘုရားကျောင်းဆိုတာကို ကြားဖူးလား”
သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာ ဝူချင်းဖန်က ယန်ချီကို ရုတ်တရက် မေးလိုက်တယ်။
“နဂါးဘုရားကျောင်းလား”
တကယ်တော့ ယန်ချီက နဂါးဘုရားကျောင်းကို တခါမှ မကြားဖူးပါဘူး။
“ဘယ်လို နေရာလဲ”
“နဂါးဘုရားကျောင်း”
ဘေးမှာ ရှိနေတဲ့ ကျိုးဇီတစ်ယောက် အံ့သြမှင်သက်နေခဲ့တယ်။
“အဲ့ဒါက တျန်းယုက အစွမ်းထက် ဂိုဏ်းတစ်ခုမဟုတ်လား”
ကျိုးဇီက မေးလိုက်တယ်။
“ဟုတ်တယ် အဲ့ဒါက တျန်ယုက စွမ်းအားကြီး ဂိုဏ်းတစ်ခုပဲ”
သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာက ခေါင်းညိတ်ပြီး ပြောလိုက်တယ်။
“တလကြာရင် နဂါးဘုရားကျောင်းကနေ ပါရမီရှင်တစ်ယောက် ငါတို့ ကောင်းကင်ဓါးဂိုဏ်းကို ရောက်လာလိမ့်မယ်။ ငါတို့ ကောင်းကင်ဓါးဂိုဏ်းက အဲ့ဒီ နဂါးဘုရားကျောင်းရဲ့ ပါရမီရှင်ကို အနိုင်မယူနိင်ဘူး။ အဲ့ဒါကြောင့် . .. ”
သတ်ဖြတ်သူ စိတ်ဝိဉာဉ်အင်ပါယာက စကားကို ဆုံးအောင်မပြောခဲ့ပေမယ့် ဆက်ပြီး ဘာပြောမလဲဆိုတာ ယန်ချီ တွေးဖို့ မခက်ခဲပါဘူး။