Unicode
စူးယိရန်၏ သည်နေ့လွှင့်သည့် လိုက်ဖ်ထုတ်လွှင့်မှုက အတော်လေးကောင်းမွန်သည်။
လူသစ်များအတွက် Apple Live က စီစဥ်ပေးသည့် ပထမဆုံးတိုက်ရိုက်ထုတ်လွှင့်မှုဟာ ဝဘ်ပေ့ချ်နှင့် App ကို တစ်ချိန်တည်းမှာ ချိတ်ဆက်ပေးထားသည်ဖြစ်ရာ လူအသွားအလာများစွာကို တကယ်ပဲ ဆွဲဆောင်နိုင်ခဲ့၏။စတင်ထုတ်လွှင့်ပြီး သိပ်မကြာခင်မှာပင် သောင်းချီသော ကြည့်ရှုသူများဟာ Live Room ထဲသို့ အလျှင်အမြန် တိုးဝင်လာခဲ့ကြသည်။
တချို့က သူ၏ အချိုပွဲပေါ်တွေအပေါ် အနည်းငယ်စိတ်ဝင်စား၍ဖြစ်ကာ တချို့ကတော့ အစီအစဥ်တင်ဆက်သူအသစ်ကို စူးစမ်းချင်၍ဖြစ်ပြီး တချို့ကတော့ သာမန်ကာလျှံကာ ကလစ်နှိပ်မိသွားသည့် ဖြတ်သွားဖြတ်လာများ ဖြစ်သည်။
အခုလေးတင်ဝင်လာသည့် ကြည့်ရှုသူအချို့ဟာ Live Room ထဲ တစ်ချက်ပဲဝင်ကြည့်ကာ ထွက်သွားကြပြီး တချို့ကတော့ စူးယိရန်၏ တိုက်ရိုက်ထုတ်လွှင့်မှုဆီကနေ ဆွဲဆောင်ခံလိုက်ရကာ နေရစ်ခဲ့ကြလေသည်။
ချောချောမွေ့မွေ့ဖြစ်နေသော သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုနှင့်အတူ ကြည့်ရှုသူများကလည်း ပို၍ပို၍ များပြားလာသည်။ သူ၏ ပထမဆုံးအချိုပွဲဖြစ်သည့် နို့စတော်ဘယ်ရီဂျယ်လီကိုပြုလုပ်ပြီးသွားချိန်မှာ Live Room ထဲရှိ ကြည့်ရှုသူအရေအတွက်ဟာ ၂သိန်း၅သောင်းဝန်းကျင်လောက်၌ တည်ငြိမ်သွားပြီဖြစ်သည်။
ထိုရလာဒ်က လူသစ်များအတွက်တော့ အလွန်ကောင်းမွန်နေပြီပင်။ ယေဘူယျအားဖြင့်ပြောရလျှင် ဤ recommendation အဆင့်နေရာမှာရှိသည့် လူသစ်တစ်ယောက်ဟာ ကြည့်ရှုသူအရေအတွက် ၉သောင်းကနေ ၁သိန်းခွဲလောက်မှာ တည်ငြိမ်နေတတ်ပြီး ယင်းက ပျှမ်းမျှလယ်ဗယ်ဖြစ်၍ ၂သိန်းထိရောက်သောလူဆိုတာ အင်မတန်မှ ရှားပေသည်။
စူးယိယန်ကတော့ အလွန်ပျော်နေသည်။ သူ ဆက်လက်ပြီး တိုက်ရိုက်ထုတ်လွှင့်နေလိုက်၏။ ဒုတိယအချိုပွဲဖြစ်သည့် သရက်သီးအုန်းနို့ထပ်တစ်ရာကျောက်ကျောလုပ်နေစဥ် ဘာကြောင့်ရယ်မသိ အလွန်များပြားသောကြည့်ရှုသူအရေအတွက်အသစ်တွေက Live Room ထဲ ရုတ်ချည်းပြုံတိုးလာကာ အချိန်တိုအတွင်း နှစ်ဆဖြစ်လာပြီး ဆယ်မိနစ်မပြည့်ခင်လေးမှာ သန်းတစ်ဝက်နီးပါး တစ်ဟုန်ထိုး မြင့်တက်လာခဲ့တော့သည်။
အချိန်နှင့်တပြေးညီ On-screen ကွန်းမန့်တွေကလည်း အမြန်အဆန်တက်နေပြီး ဒါဟာ သူ၏ လိုက်ဖ်ကို တခြားသော big V အကောင့်ပိုင်ရှင်များစွာက တစ်ယောက်ပြီးတစ်ယောက် forward လုပ်ကာ recommend ပေးနေကြတာကြောင့်ဆိုတာ စူးယိရန်သိသည်။
တကယ့်ကို ကြင်နာတတ်သူတွေ အလွန်များပြားလှပေသည်။
ကြည့်ရှုသူအသစ်များဟာ Live Room ထဲ ဝင်ဝင်ချင်းအလွန်စိတ်လှုပ်ရှားနေကြသည်။ မကြာမှီမှာပင် ကြီးမားလှသော on-screen ကွန်းမန့်များဟာ လူတွေဖယ်ကြည့်လို့မရလောက်တော့အောင်များပြားလာပြီး စရင်တစ်ခုလုံးကိုဖုံးအုပ်သွားကာ သူ၏လိုက်ဖ်က အနောက်မှာပိတ်မိနေတော့သည်။
စူးယိရန်က သူတို့တွေအရူးအမူးရေးချင်တာရေးနေကြတာတွေကို ဆယ်မိနစ်လောက်ခွင့်ပြုပေးထားလိုက်သည်။ နောက်တော့ On-screen ကွန်းမန့်တွေက အလွန်များလာကာ ပရိသတ်တချို့၏ မေးခွန်းတွေကိုတောင် သေချာမမြင်ရတော့တာကြောင့် ကွန်ပြူတာကနေ Live Room နောက်ခံမှာ စကားလုံးတချို့ကို ဘလော့ခ်လုပ်ထားလိုက်သည်။
မလိုတမာအငြိုးထားသည့် on-screen ကွန်းမန့်တွေဖြင့် spam လုပ်ခံရမည့်အရေးကနေ အစီအစဥ်တင်ဆက်သူများကိုကာကွယ်ဖို့ရာ Apple Live က အစီအစဥ်တင်ဆက်သူများအား ဘက်ဂရောင်းတွေမှာ စကားလုံးတွေဘလော့ခ်လုပ်ခွင့်အာဏာကိုပေးအပ်ထား၏။စကားလုံးတွေကို ဘလော့ခ်လုပ်နည်း ၂မျိုးရှိသည်။
တစ်မျိုးက ဘလော့ခ်လုပ်ပြီးနောက် ထိုကဲ့သို့သောon-screen ကွန်းမန့်များဟာ အစီအစဥ်တင်ဆက်သူ၏ Live Room နောက်ခံမှာ ပေါ်မလာတတ်တော့သလို Live Room ထဲမှာကြည့်နေသည့် ပရိသတ်တွေ၏ စခရင်အရှေ့တွေမှာလည်း ပေါ်မလာတော့တာမျိုး ဖြစ်သည်။ နောက်တစ်မျိုးကတော့ ဘလော့ခ်လုပ်ပြီးနောက် ထို on-screen ကွန်းမန့်တွေဟာ Live Room ထဲက အစီအစဥ်တင်ဆက်သူထံ၌ လုံးဝပေါ်မလာတော့ပေမဲ့ Live Roomထဲရှိကြည့်ရှုသူပရိသတ်တွေ၏ စခရင်ပေါ်မှာတော့ ဘာမျှမသက်ရောက်ဘဲ မြင်နေရတာမျိုးဖြစ်၏။ စူးယိရန် သုံးချင်တာကလည်း ဒါမျိုးပင်။
သူက အများဆုံးပေါ်လာတတ်သော "အား!" "ဝူး" ဆိုသောအဓိပ္ပါယ်မရှိသည့် ကြိယာပုဒ်တွေကို ဘလော့ခ်ကာ မြင်ရလျှင်ရှက်စရာကောင်းသော တခြား keyword တွေကိုလည်း ရွေးလိုက်သည်။ ထိုဘလော့ခ်မည့်စကားလုံးတွေကိုစီစဥ်ဖို့ သူကိုယ်တိုင်စာရိုက်ရချိန်မှာ မရှက်ရွံ့ဘဲကိုမနေနိုင်ချေ။
စူးယိရန် စီစဥ်သတ်မှတ်လိုက်ပြီးနောက် on-screen ကွန်းမန့်တွေ၏ ဘက်ဂရောင်းက ပို၍ ရှင်းလင်းလာသည်။on-screen ကွန်းမန့်တွေကတော့ အများအပြားရှိနေဆဲဖြစ်ပြီး အများစုက သူလုပ်နေသည့်အချိုပွဲတွေနှင့်ပတ်သက်ပြီး ဆွေးနွေးခြင်း၊ စူးစမ်းခြင်းနှင့် ချီးကျူးစကားဆိုနေခြင်းများဖြစ်ပြီး အနည်းငယ်က လူသစ်အစီအစဥ်တင်ဆက်သူအကြောင်း စပ်စုနေကြခြင်းဖြစ်ကာ ပိစိလောက်သောအပိုင်းကတော့ ဘလော့ခ်လုပ်ဖို့အရွေးချယ်မခံရဘဲ ပိုက်ကွန်ထဲမှလွတ်ထွက်လာသောငါးများသာ ဖြစ်လေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုက ချော့ချောမွေ့မွေ့ဆက်သွားနေပြီး ပေါ်ပြူလာဖြစ်မှုကနှင်းမုန်တိုင်းတိုက်နေသလို တလိမ့်လိမ့်ထိုးတက်လာနေသည်။လူ့စိတ်ဆိုတာက စုစုရုံးရုံးအုပ်လိုက်ဖြစ်နေတာမျိုးဆို လိုက်ကြည့်တတ်သည့်အမျိုးဖြစ်သည်။အကျွမ်းတဝင်မဟုတ်သည့် အနှီ Live room က ရုတ်တရက်အလွန်ပေါ်ပြူလာဖြစ်လာသောအခါ စပ်စုချင်သောလူတိုင်းက တစ်ချက်လောက်ဝင်ကြည့်ဖို့ ကလစ်နှိပ်တတ်ကြပြီး နှင်းမုန်တိုင်းကို ပို၍ ပို၍ ကြီးမားလာစေလေသည်။
တစ်နာရီကျော်ကျော်လောက်အကြာမှတော့ သူ၏ Live Room က တိုက်ရိုက်ထုတ်လွှင့်မှုကဏ္ဍ၏ ဟုမ်းပေ့ချ်ပေါ်က Top wheel ဘားတန်းမှာတောင်ပေါ်လာတော့သည်။ ယင်းက Live Room ထဲရှိ အချိန်နှင့်တပြေးညီကြည့်ရှုသူအရေအတွက်ပေါ်တည်ပြီးမှရသော ကြီးမားလှသည့် recommendation ပင်။
တိုက်ရိုက်ထုတ်လွှင့်မှုက ၂နာရီကျော်ကျော်လောက်မှာ ချောချောမွေ့မွေ့အဆုံးသတ်သွားသည်။ အဆုံးမှာတော့ Live Room ထဲရှိကြည့်ရှုသူအရေအတွက်က ၁.၂သန်းထိရောက်ရှိသွားပြီး သူ၏ Live Room ကိုဖောလိုးလုပ်သူအရေအတွက်က ၈သိန်းနီးပါးရှိသွားပြီဖြစ်သည်။
စူးယိရန်က စိတ်ကျေနပ်စွာဖြင့် ထိုင်ချရင်း ဒီနေ့က အတော်လေးအောင်မြင်သည်ဟု ခံစားလိုက်ရသည်။
ဒါပေါ့။ဒါဟာ သူ၏ ပထမဆုံးလွှင့်သည့် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုသာရှိသေးပြီး အရာအားလုံးက ခုမှစတင်ရုံ ရှိသေးသည်။
သည်နေ့လာကြည့်သည့် ဧရာမပရိသတ်အရေအတွက်ဟာ နှင်းမုန်တိုင်းသက်ရောက်မှု၊ စူးစမ်းလိုစိတ်နှင့်၊ စုစုရုံးရုံးနောက်လိုက်တတ်ကြသည့် လူ့မနောတို့ကြောင့်သာဖြစ်၏။ နောက်ပိုင်း ထပ်မံလိုက်ဖ်လွှင့်ပါက ပလက်ဖောင်းဆီကနေ ပထမဆုံးအကြိမ်လိုမျိုး ထူးခြားဘက်လိုက်ပေးသော ထောက်ပံ့မှုမျိုးရတော့မှာမဟုတ်ချေ။Recommendation အဆင့်သတ်မှတ်ချက်များဟာ ကိုယ့်အားထုတ်နိုင်မှုအပေါ်မှာသာ မှီခိုနေတော့မှာ ဖြစ်သည်။
နောက်တစ်ခုအနေဖြင့် သူရထားသည့် ကျော်ကြားမှုကို ဆက်မထိန်းနိုင်ပါက သူ့ကိုဖောလိုးထားသည့် ၈သိန်းသော user ထဲမှ အများစုဟာ ခြောက်ကပ်တိတ်ဆိတ်သွားမည့်ဖော်လိုဝါများ ဖြစ်သွားမည်ဖြစ်ပြီး အမှန်တကယ်ပရိသတ်များအဖြစ် ပြောင်းလာတော့မည်မဟုတ်ပေ။
စူးယိရန်က စိတ်ထဲကနေ နောက်အစီအစဥ်တစ်ခုကို တွေးနေကာ အိုင်ဒီယာအသစ်အဆန်းတချို့ တဖြည်းဖြည်းပေါ်လာတော့မှ အိမ်ပြန်ဖို့ပြင်ကာ ထင်ကောနှင့် ထပ်မံဆွေးနွေးဖို့ ဟန်ပြင်လိုက်သည်။
သူက ကုယွမ်းထင်ထံ ဝီချတ်ကနေမက်ဆေ့လှမ်းပို့လိုက်သည်။
{ထင်ကော အိမ်ရောက်ပြီလား။ ကျွန်တော်ခုလေးတင် လိုက်ဖ်လွှင့်ပြီးသွားတာ}
သူအပျော်တွေကို မထိန်းချုပ်နိုင်ဘဲ နောက်မက်ဆေ့တစ်ခု ထပ်ပို့လိုက်ပြန်သည်။
{လိုက်ဖ်လွှင့်တာက တအားအောင်မြင်တယ်။ ကျွန်တော် အရမ်းပျော်တာပဲ [ပတ်ချာလည်ပြေးနေသော အီမိုဂျီ]}
ပြန်စာတော့ မရချေ။ ထင်ကောက ဝီချတ်မက်ဆေ့ကိုမမြင်တာဖြစ်မည်ဟု ခန့်မှန်းမိသည်။ ထို့ကြောင့် သူ ဆိုင်ကိုအရင်သိမ်းကာ အိမ်ပြန်လာခဲ့လိုက်တော့သည်။
သူ ဆိုင်ပြင်ရောက်ချိန်မှာ အပြင်ဘက်၌ ဘယ်အချိန်ကတည်းကရွာနေမှန်းမသိသော မိုးဖွဲများကိုတွေ့လိုက်ရသည်။ ဆောင်းဦးပေါက်မိုးဖွဲများဟာ တပေါက်ပေါက်ကျဆင်းနေရာကနေ သည်းသထက်သည်းလာသည်။
ရာသီဥတုအေးအေးမှာ ဆောင်းဦးပေါက်မိုးကရွာပြန်တော့ အဝတ်အစားတွေ ထပ်ဝတ်ရပေဦးတော့မည်။
စူးယိရန် အိမ်ပြန်ရောက်တော့ ထင်ကော ခုထိအိမ်ပြန်မရောက်သေးတာကို အံ့အားသင့်ဖွယ်ကောင်းစွာ တွေ့လိုက်ရသည်။
ခုဆို ၁၀နာရီပင် ထိုးလုနီးပါးဖြစ်နေပြီဖြစ်ပြီး လော့ဂျစ်ကျကျပြောရပါက အချိန်ပိုအလုပ်ပြီးသင့်တာကြာလှပြီဖြစ်သည်။
ဝီချတ်မှာ ပြန်စာမရသေးချေ။ စူးယိရန်က ကုယွမ်းထင်ကို ဖုန်းခေါ်လိုက်သည်။ သို့ငြား ဖုန်းဖြေမည့်သူမရှိခဲ့။ သူ ခဏမျှစောင့်နေပြီးမှ ဒုတိယအကြိမ်ခေါ်လိုက်ပြန်သည်။ သို့သော်လည်း ခုထိ ပြန်မဖြေပါချေ။
ဘာဖြစ်တာများလဲ။ အလုပ်များရှုပ်နေလား။
စူးယိရန် စိတ်ပူလာသည်။အကယ်၍ သူသာ ထင်ကော အလုပ်မဆင်းသေးမှန်း ကြိုသိခဲ့ပါက ကုမ္ပဏီကို သွားကြိုခဲ့မည်ပင်။
သူ ဧည့်ခန်းမှာ နှစ်ခါမျှ ဝိုင်းကြီးပတ်လည် လျှောက်နေပြီးမှ လသာဆောင်၏ မှန်တံခါးကိုဖွင့်လိုက်သည်။ ညချမ်းအပြင်ဘက်၌ ရွာနေသောမိုးက တဖြောက်ဖြောက်အသံနှင့်အတူ အတန်ငယ်စဲသွားပြီဖြစ်သည်။
ကုယွမ်းထင်၏ ကုမ္ပဏီ၌ ထီးရှိကာ ဘဏ္ဍာရေးကုမ္ပဏီက သူ့အား ကားနှင့် ဒရိုက်ဘာပါ ထောက်ပံ့ပေးထားရာ မိုးမိသွားမှာကိုတော့ စူးယိရန်မစိုးရိမ်ချေ။
ဖုန်းအဆက်အသွယ်မရ၍သာ တစ်စုံတစ်ရာများဖြစ်နေသလားဟု သူပူပန်နေရခြင်းပင်။
ခဏကြာတော့ စူးယိရန် ထပ်ဖုန်းခေါ်လိုက်ပြန်သည်။ သို့ငြား ခုထိ ဖုန်းမဖြေသေး။ သူ စောင့်မနေတော့။ သော့ယူကာ ကုယွမ်းထင်၏ကုမ္ပဏီကိုသာ သွားရှာဖို့ပြင်လိုက်တော့သည်။
သူ အိမ်အဝင်ပေါက်မှာ ဖိနပ်လဲကာ အကုန်ပြီးသွားမှ တံခါးလော့ခ်ဖွင့်သံ တီ ကိုကြားလိုက်ရကာ တံခါးပွင့်လာပြီး ကုယွမ်းထင်က အပြင်ဘက်၌ ရပ်နေလေသည်။
ကုယွမ်းထင်ကိုမြင်တော့ စူးယိရန်မှာ အံ့အားသင့်သွားရင်း
"ပြန်လာပြီလား. ..ကျွန်တော်ခုပဲလာကြိုတော့မလို့။ မိုးတော့မမိခဲ့ဘူးမလား"
ကုယွမ်းထင်၏ အဝတ်အစားနှင့်ဆံပင်တွေ စိုစွတ်နေခြင်းမရှိတာကိုမြင်မှ သူ စိတ်အေးသွားရင်း အနည်းငယ်အထွန့်တက်လိုက်သည်။
"ဘာလို့ကျွန်တော့်ဖုန်းကို ပြန်မဖြေတာလဲ"
ကုယွမ်းထင်က စူးယိရန်ကိုကြည့်လာသည်။ စကားတော့မပြော။ စူးယိရန်က သူစောနလေးတင်လဲလိုက်သည့်ဖိနပ်ကနေ အိမ်စီးဖိနပ်ပြန်လဲရင်း ကုယွမ်းထင်၏ အိမ်စီးဖိနပ်ကိုပါ ထုတ်၍ ပြောလိုက်သည်။
"လာလေ မြန်မြန်ဖိနပ်လဲစီးချေ"
ကုယွမ်းထင်က စူးယိရန်ထုတ်ပေးသည့် အိမ်စီးဖိနပ်တွေကိုစီးကာ တိတ်ဆိတ်နေလျက်သားဖြင့်ပင် အိမ်ထဲအရင်ဝင်သွားလေ၏။
စူးယိရန်က တံခါးကိုပိတ်ကာ သူ့အနောက်ကနေ မကျေမချမ်းလိုက်လာရင်း ထပ်ညည်းညူလိုက်ပြန်သည်။
"ဝီချတ်ကကျွန်တော့်စာတွေကို မပြန်ဘူးရော်"
ကုယွမ်းထင်က ဧည့်ခန်းထဲက ဆိုဖာပေါ်မှာထိုင်ချလိုက်တာကို သူကြည့်နေရင်း ရုတ်တရက် ညာဘက်လက်ပေါ် ဖျတ်ခနဲအကြည့်ရောက်သွားပြီး မျက်နှာပျက်ယွင်းသွားတော့သည်။
"လက်က ဘာဖြစ်တာလဲ"
ကုယွမ်းထင်၏ ညာဘက်လက်ပေါ်၌ သွေးတို့ရှိနေချေသည်။
စူးယိရန်သည် ဖုန်းကောလ်နှင့် ဝီချတ်မက်ဆေ့ကဲ့သို့သောအသေးအမွှားကိစ္စတွေကို ဂရုမစိုက်နိုင်တော့။ သူအမြန်သွားကာ ကုယွမ်းထင်၏ညာဘက်လက်ကိုကိုင်၍ စစ်ဆေးကြည့်လိုက်တော့ ကုယွမ်းထင်၏ ညာဘက်လက်ဖဝါးပေါ်မှာ မွစာကြဲနေသောဒဏ်ရာများစွာကို ထိတ်လန့်တကြားမြင်လိုက်ရတော့သည်။လက်မနှင့်လက်ညိုးကြားက အဟနေရာနှင့် လက်ဖမိုးမှာလည်း သေးသေးမွှားမွှားဒဏ်ရာများစွာရှိနေပြီး တချို့ဒဏ်ရာတွေက သွေးခဲနေကာ တချို့က သွေးတွေစိမ့်ထွက်နေတုန်းပင်။
စူးယိရန်၏ မျက်ဝန်းတို့က ပူပန်သောကကြောင့် ရဲရဲနီလာကာ အသံကတုန်ယင်လာသည်။
"ဘာဖြစ်တာလဲ"
သူက စိုးရိမ်တကြီးဖြင့် ဆေးသေတ္တာသွားရှာဖို့ဟန်ပြင်လိုက်သည်။
"ကျွန်တော် ဆေးသေတ္တာသွားရှာလိုက်ဦးမယ်"
သူက ကုယွမ်းထင်၏လက်ကို အသာအယာချပေးကာ ထထွက်သွားဖို့လုပ်ချိန် ကုယွမ်းထင်က ရုတ်တရက်ကြီး သူ့လက်ကိုနောက်ပြန်ဆွဲကာ ခပ်တင်းတင်းပြန်ဆုပ်ကိုင်လာသည်။သူ့လှုပ်ရှားမှုကြောင့် ညာဘက်လက်ပေါ်က မွစာကြဲနေသောဒဏ်ရာများက အနည်းငယ်ပွင့်လာလေသည်။
သူ့ကို ထိုနှယ်မြင်ရတော့ စူးယိရန်မှာ ပို၍ပင်စိုးရိမ်သောကရောက်လာရကာ အမြန်အဆန် နှစ်သိမ့်ရတော့၏။
"ထင်ကော...ကျွန်တော်ဆေးသွားယူမလို့။ ခဏလေးပဲစောင့်ပေးလေနော်"
ကုယွမ်းထင်က လွှတ်မပေး။ ထိုအစား ပိုတင်းကြပ်စွာ ဆုပ်ကိုင်လာကာ စူးယိရန်အား နက်မှောင်သည့်မျက်ဝန်းအစုံနှင့်အတူ ကြည့်လာရင်း
"နောက်ဆို မင်းရဲ့လိုက်ဖ်လွှင့်တာကို မလုပ်နဲ့တော့"
စူးယိရန်၏ အာရုံကတော့ သူ၏ဒဏ်ရာရနေသော လက်အပေါ်၌သာရှိနေသည်။ ထင်ကောလက်ကနေ သွေးတွေစီးကျလာတာကိုမြင်လိုက်ရချိန်မှာတော့ သူခဏလောက်မူးဝေလာကာ အသည်းနှလုံးတွေနာကျင်လာရရင်း ငိုချတော့မယောင်ဖြစ်ကာ စကားတစ်ခွန်းကိုပင် ထပ်ခါတလဲလဲပြောနေမိတော့သည်။
"ထင်ကော ကျွန်တော် ဆေးသွားယူမလို့"
ကုယွမ်းထင်သည် ထိုသူ့အသံက ငိုသံပေါက်နေတာကိုကြားရတော့ သူ့နှလုံးသားလည်း မွန်းကြပ်လာရကာ နောက်ဆုံးတော့ လက်ကိုလွှတ်ပေးလိုက်တော့သည်။
စူးယိရန်က ဆေးသေတ္တာရှာဖို့ စာကြည့်ခန်းထဲ စိတ်စောစွာဖြင့် ပြေးသွားလိုက်သည်။ သူ စိတ်ကိုငြိမ်ငြိမ်ထား၍ ဆေးသေတ္တာကိုယူလာကာ ကုယွမ်းထင်ဘေး၌ထိုင်ချရင်း ဂွမ်းဖတ်နှင့်အိုင်အိုဒင်းကိုဆွတ်၍ သူ့ကိုယ်သူ စိတ်စုစည်းကာ ကုယွမ်းထင်၏ညာဘက်လက်ကိုဆွဲယူပြီး စတင်ဆေးထည့်ပေးလိုက်သည်။
သူ ကုယွမ်းထင်ဒဏ်ရာကို ဂွမ်းဖတ်ဖြင့် ဂရုတစိုက်သန့်စင်ပေးနေတုန်း ဒဏ်ရာအသေးလေးပေါ်မှာ သေးငယ်သည့်ဖန်စအချို့ရှိနေတာကို တွေ့လိုက်ရလေသည်။ သူမေးလိုက်၏။
"ဖန်ကွဲစကြောင့်ဖြစ်လာတာလား။ဘယ်လိုလုပ် ဒါမျိုးဖြစ်ရတာလဲ"
ကုယွမ်းထင် : "မတော်တဆပါ"
စူးယိရန်က သွေးတွေနှင့် ဒဏ်ရာပေါ်က မှန်ကွဲစတွေအကုန်လုံးကို ဂရုတစိုက်သန့်စင်နေလိုက်ကာ ခဏကြာအောင် စကားမပြောတော့ချေ။
သန့်စင်အပြီးမှာတော့ သူစိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ကံကောင်းစွာဖြင့် အကုန်လုံးက အသေးစားဒဏ်ရာတွေသာဖြစ်သည်။ ကြည့်ရတာကြောက်ဖို့ကောင်းပေမဲ့ ဆေးရုံတော့သွားဖို့မလို။ ဆေးသောက်၊ ဆေးလိမ်းလိုက်လျှင် မကြာခင်သက်သာသွားမည်ပင်ဖြစ်၏။
သူ အိုင်အိုဒင်းအရည်ဖြင့် ညင်သာစွာပိုးသတ်ပေးရင်း မကြာခဏဆိုသလို ဂရုတစိုက်မေးနေမိသည်။
"နာလား"
ကုယွမ်းထင် : "မနာဘူး"
သေချာပေါက်နာ,မည်ဆိုတာ စူးယိရန်သိသည်။နာပေမဲ့လည်း ပိုးကတော့သတ်ပေးရမည်ပင်။ သူ တတ်နိုင်သမျှအညင်သာဆုံးလှုပ်ရှားပေးကာ အခြေအနေကို မေးမြန်းလိုက်သည်။
"ဘယ်လိုတွေဖြစ်ရတာလဲ။ ဘာလို့ဒီလောက် နမော်နမဲ့နိုင်ရတာလဲ"
သူ့အသံလေးက စိုးရိမ်နေသောအပြစ်တင်သံအပြည့်ပင်။
ကုယွမ်းထင် : "ခွက်ကို မတော်တဆခွဲမိသွားတာ"
စူးယိရန်ကမေးလိုက်ပြန်သည်။
"ဒဏ်ရာကိုဘာလို့အချိန်မှီ မကုရတုန်း။ခင်ဗျားရဲ့ခန္ဓာကိုယ်ကို ဒီလိုမျိုးဂရုမစိုက်လုပ်နေမယ်ဆိုရင် ခင်ဗျား...."
သူစကားပြောတာရပ်လိုက်ပြီး ထပ်မပြောတော့။ကြမ်းကြမ်းတမ်းတမ်းတွေလည်း သူ ဆက်မပြောရက်ချေ။ပိုးသတ်ပြီးနောက် သူလည်း စိတ်အေးသွားကာ ဆေးကိုခပ်ဖြည်းဖြည်းချင်း လိမ်းပေးလိုက်လေသည်။
ကုယွမ်းထင်၏ မျက်ဝန်းတွေက နက်ရှနေကာ သူ့အား အလေးအနက်ထား၍ ဆေးလိမ်းပေးနေသော စူးယိရန်အား တိတ်ဆိတ်စွာပင် ကြည့်နေခဲ့သည်။
ထိုသူဟာ ရှည်လျားထူထဲသောမျက်တောင်တို့နှင့်အတူ ခေါင်းငုံ့ထားကာ မျက်နှာဖြူဖြူသေးသေးလေးပေါ်မှာဖြင့် လေးနက်ကာ စိုးရိမ်နေသောအမူအရာရှိနေပြီး အလွန်တရာမှ သိမ်မွေ့ညင်သာလှသည်။
ကုယွမ်းထင်သည် သူစူးယိရန်အပေါ်ဘယ်လိုခံစားနေရလဲ မသိတော့ချေ။သူ့နှလုံးသားက လှုပ်ရှားထိရှသွားတာကိုတော့ သူဝန်ခံပါ၏။ သို့ငြား ယင်းက မူလပိုင်ရှင်၏ ကျန်ရှိနေသောအသိစိတ်က သူ့အပေါ်အဆက်မပြတ်သက်ရောက်နေ၍လား သို့မဟုတ် သူကိုယ်တိုင်က တကယ်ပဲလှုပ်ရှားထိရှနေသလားရယ်တော့ မပြောတတ်ပါလေတော့။
နောက်ထပ်သော ခွဲခြမ်းစိတ်ဖြာမှုတွေလည်း သူမလုပ်ချင်တော့ပါပေ။
သူ့အနေဖြင့် စူးယိရန်အား အခန်းလည်းမခွဲတော့သလို ထွက်လည်းမသွားတော့ပါဟု ကတိပေးထားပြီးပြီဆိုကတည်းက စူးယိရန်အား လက်ခံဖို့၊ ဤအိမ်ထောင်ရေးကို လက်ခံဖို့၊ စူးယိရန်အား သူ့ကမ္ဘာထဲခေါ်သွင်းဖို့ ဆုံးဖြတ်ပြီးသား ဖြစ်သည်။
စူးယိရန်ဟာ သူ၏ လုံးဝဥသုံသော ပိုင်ဆိုင်မှုတစ်ခုသာ။
မည်သူမျှ ယူမသွားစေရ။
မည်သူမျှ တပ်မက်ခွင့်လည်း မရှိစေရ။
သူပါးစပ်ဟကာ ယခင်စကားဝိုင်းကိုပင်ဆက်ပြောလိုက်သည်။
"နောက်ဆို မင်းရဲ့လိုက်ဖ်လွှင့်တာကို မလုပ်ရတော့ဘူး"
"အမ်.."
စူးယိရန်သည် ကုယွမ်းထင် ရုတ်တရက်ကြီးသည်လိုထပြောမည်ထင်မထားသဖြင့် ခဏမျှတောင့်ခဲသွားကာ ပဟေဋ္ဌိဖြစ်စွာဖြင့် သူ့အား မော့ကြည့်လာလေသည်။
"ဘာလို့လဲ"
ကုယွမ်းထင်က ပြောလိုက်၏။
"အစီအစဥ်တင်ဆက်သူတစ်ယောက်အနေနဲ့ နောက်ဆို အင်တာနက်ပေါ်မှာ မင်းအများကြီးဝေဖန်မှုတွေကြုံလာတော့မှာ။ ဆိုက်ဘာဘူလီလုပ်တာတွေလည်း ခံရလိမ့်မယ်"
သူကတိုက်ရိုက်ထုတ်လွှင့်ခြင်း၏ ဆိုးကျိုးများစွာကို တစ်ခုပြီးတစ်ခု စီရွတ်ပြတော့သည်။
"......."
စူးယိရန်၏ မျက်ခုံးတို့က အနည်းငယ်တွန့်ချိုးသွားကာ ကုယွမ်းထင်အား ဆေးဆက်လိမ်းပေးနေရင်းဖြင့်
"အဲ့စကားတွေက ခင်ဗျား ကျွန်တော့်ကို လိုက်ဖ်မလွှင့်စေချင်တဲ့ လွန်ခဲ့တဲ့နှစ်တွေတုန်းက ပြောခဲ့တဲ့စကားတွေမဟုတ်ဘူးလား"
ကုယွမ်းထင် : "....."
ကုယွမ်းထင် သွယ်ဝိုက်မနေတော့။ အမိန့်သာ
တန်းပေးလိုက်တော့သည်။
"ကိုယ်မင်းကို အဲ့ဒါလုပ်ဖို့ထပ်ပြီးခွင့်မပြုတော့ဘူး"
"...ဒါပေမဲ့.."
စူးယိရန်က စကားဆက်သည်။
"အဲ့နေ့က ခင်ဗျားပဲသဘောတူခဲ့တာ မဟုတ်လား။ ကျွန်တော့်ကို အမြဲတမ်းအားပေးထောက်ခံမယ်လို့လဲ ပြောထားတာ။ အမြဲတမ်းတဲ့"
သူက "အမြဲတမ်း" ဟူသောစကားလုံးကိုဖိပြောလိုက်၏။
ကုယွမ်းထင် : "......"
ကုယွမ်းထင် : "...ကိုယ် ဒီနေ့ မင်းလိုက်ဖ်လွှင့်တာကို ကြည့်ခဲ့ရတယ်"
စခရင်ပေါ်က တစ်တစ်ခွခွရေးထားသော ထိုစာတွေကို တွေးမိသည်နှင့် သူ့နှလုံးသားက ပြင်းပြင်းထန်ထန်လောင်ကျွမ်းလာပြန်သည်။
စူးယိရန်သည်လည်း ထို on-screen ကွန်းမန့်တွေအကြောင်း တွေးမိသွားသည်။ ခုတော့ ကုယွမ်းထင်ဘာကို ဂရုထားနေသလဲကို သူနားလည်သွားချေပြီ။
"အဲ့ဒီ netizens တွေက ဟာသလုပ်ရုံပါ။ဒါပေမဲ့ on-screen မန့်တွေအတိုင်း တကယ်တွေးကြတာမဟုတ်ဘူး။ သူတို့ကို စိတ်ပူမနေနဲ့ တကယ်ပြောတာ"
သူက ကုယွမ်းထင်ကိုဖျောင်းဖျဖို့ကြိုးစားလိုက်သည်။
"ပြီးတော့ ဒီနေ့ ကျွန်တော့်ရဲ့လိုက်ဖ်လွှင့်တာရဲ့အကျိုးသက်ရောက်မှုက အတော်ကောင်းတယ်။ ကျွန်တော်ထင်တာတော့ အဲ့ဒါကပိုပြီး ......"
"မင်း သဘောမတူဘူးပေါ့"
ကုယွမ်းထင်က သူ့စကားကိုချက်ချင်းဖြတ်ချလာသည်။ သူ၏ လောင်ကျွမ်းနေသောနှလုံးသားက ဦးနှောက်ဆီကိုပါ ကူးစက်လောင်ကျွမ်းသွားကာ စူးယိရန်၏ စကားတွေကို လုံးဝနားမထောင်နိုင်တော့။ သူ့အာရုံက ကိစ္စတစ်ခုတည်းအပေါ်၌သာ ပြုံကျသွားသည်။
"သူတို့တွေ မင်းကိုအဲ့လိုတပ်မက်တာကို မင်းက လက်ခံနေတာလား"
စူးယိရန်မှာ ရယ်ရမလို၊ ငိုရမလိုပင်။
"ဘာတွေပြောနေတာတုန်း။ တကယ်တော့ ခုခေတ် netizens တွေက အဲ့လိုပြောကြတာ။ သူတို့က တအားတက်ကြွ...."
ကုယွမ်းထင်က စူးယိရန်၏ လက်ကို ဖမ်းဆုပ်ရင်း အနားသို့ ဆွဲခေါ်ပစ်လိုက်သည်။ စူးယိရန်ဟာ သူ့ကိုဆေးလိမ်းပေးပြီးပြီမို့ ပတ်တီးစည်းပေးနေတာဖြစ်သည်။ ခုတော့ ပတ်တီးစတွေ ပြေလျော့သွားချေလေပြီ။
သူ ကြောင်အမ်းသွားရင်း ကုယွမ်းထင်ကို မော့ကြည့်လိုက်သည်။
"အိုင်း...ပတ်တီးက..."
ကုယွမ်းထင်က သူ့အား နီရဲသောမျက်ဝန်းအစုံဖြင့် စိုက်ကြည့်လာကာ
"သူတို့မင်းကို ဘာတွေလုပ်ချင်နေကြလဲ မင်းသိလား"
စူးယိရန်မှာ ခုထိ စိတ်နှင့်လူ မကပ်သေး။
"ဘာရယ်"
ထိုမရေတွက်နိုင်သော ကွန်းမန့်တွေက ကုယွမ်းထင်ခေါင်းထဲ တဖျတ်ဖျတ်ပေါ်လာပြန်သည်။
[လောင်ကုန်း ဒီနေ့ဝတ်လာတဲ့ဆွယ်တာလေးကို ငါချွတ်ပစ်ချင်တယ်။ ငါ့လောင်ကုန်းမှာ ညှပ်ရိုးလှလှလေးတွေရှိမှာ သေချာပေါက်ပဲ]
ကုယွမ်းထင်၏ ဦးနှောက်က သဝန်တိုမှုကြောင့် အလုပ်လုပ်တာရပ်သွားကာ ရုတ်တရက် စူးယိရန်အား ဆိုဖာပေါ်မှာဖိချ၍ ကိုယ်ပေါ်မှာဝတ်ထားသော သနပ်ခါးရောင်ဆွယ်တာကို အောက်ကနေ အပေါ်လှန်၍ ဆုတ်ဖြဲပစ်လိုက်သည်။ စူးယိရန်မှာ မတုံ့ပြန်လိုက်ရခင် ဆွယ်တာအင်္ကျီအချွတ်ခံလိုက်ရပြီး အပေါ်ပိုင်းမှာ အတွင်းဝတ်ရှပ်တစ်ထည်သာ ကျန်နေခဲ့ကာ လှပသောညှပ်ရိုးများနှင့်အတူ နှင်းလိုဖြူဖွေးသည့် ခန္ဓာကိုယ်လေး ပေါ်လာတော့သည်။
"ဟေး.."
စူးယိရန်မှာ ကုယွမ်းထင်၏ လက်ကိုစိတ်ပူနေသည်။ ပတ်တီးစတွေက ပြေလျော့နေတာကြောင့် ကုယွမ်းထင်၏လှုပ်ရှားမှုက လက်ပေါ်မှာလိမ်းပေးထားသော ဆေးတွေအားပျက်ပြယ်စေမှာကို စိုးရွံ့နေ၏။ ထို့ကြောင့် သူ့ကိုယ်ပေါ်ဖိထားသော ခန္ဓာကိုယ်ကို အပေါ်ကြွသွားစေဖို့ မတတ်သာစွာ တွန်းထုတ်လိုက်သည်။
"ခင်ဗျားလက်က..ဆေးတွေ"
စူးယိရန်ဘက်က တွန်းမထုတ်လိုက်ပါက တော်ပေဦးမည်။ တစ်ချက်တွန်းလိုက်မိခြင်းက ကုယွမ်းထင်စိတ်ထဲက နောက်ဆုံးသောကြိုးကို အဖြေထုတ်ပေးလိုက်သယောင်ဖြစ်သွားကာ မျက်လုံးတွေရဲရဲနီလာရင်း စူးယိရန်၏ ရဲရဲတောက်ကာပူနွေးနေသော ကျောက်စိမ်းကဲ့သို့အသားအရေကို ပွတ်သပ်လိုက်သည်။ သူ့နှလုံးသားကမူ မီးတောက်နှင့်အတူ လိုအင်တပ်မက်စိတ်များပေါင်းလျက် လောင်ကျွမ်းလို့နေ၏။
[ဒီမှာပုံ...လောင်ကုန်းရဲ့ညှပ်ရိုးလေးကို အရူးအမူးလျှက်ချင်နေပါပြီနော်]
ကုယွမ်းထင်သည် သူ့အားတွန်းထုတ်နေသော စူးယိရန်၏ လက်နှစ်ဖက်ကိုဆုပ်ကိုင်ကာ ခေါင်းအထက်၌ ပူးချုပ်ထားလိုက်ပြီး သူ၏ တောင့်တင်းသောခန္ဓာကိုယ်က စူးယိရန်၏ အနည်းငယ်ရုန်းကန်နေသောခန္ဓာကိုယ်အထက်သို့ ခပ်တင်းတင်းဖိချလိုက်၏။သူ ခေါင်းငုံ့ကာ နူးညံ့လှသောညှပ်ရိုးနှစ်ဖက်ကို အရူးတစ်ယောက်နှယ် အကြမ်းပတမ်းကိုက်ခဲကာ လျှက်စုပ်လိုက်တော့သည်။
_____________
Zawgyi
စူးယိရန္၏ သည္ေန႔လႊင့္သည့္ လိုက္ဖ္ထုတ္လႊင့္မႈက အေတာ္ေလးေကာင္းမြန္သည္။
လူသစ္မ်ားအတြက္ Apple Live က စီစဥ္ေပးသည့္ ပထမဆုံးတိုက္႐ိုက္ထုတ္လႊင့္မႈဟာ ဝဘ္ေပ့ခ်္ႏွင့္ App ကို တစ္ခ်ိန္တည္းမွာ ခ်ိတ္ဆက္ေပးထားသည္ျဖစ္ရာ လူအသြားအလာမ်ားစြာကို တကယ္ပဲ ဆြဲေဆာင္ႏိုင္ခဲ့၏။စတင္ထုတ္လႊင့္ၿပီး သိပ္မၾကာခင္မွာပင္ ေသာင္းခ်ီေသာ ၾကည့္ရႈသူမ်ားဟာ Live Room ထဲသို႔ အလွ်င္အျမန္ တိုးဝင္လာခဲ့ၾကသည္။
တခ်ိဳ႕က သူ၏ အခ်ိဳပြဲေပၚေတြအေပၚ အနည္းငယ္စိတ္ဝင္စား၍ျဖစ္ကာ တခ်ိဳ႕ကေတာ့ အစီအစဥ္တင္ဆက္သူအသစ္ကို စူးစမ္းခ်င္၍ျဖစ္ၿပီး တခ်ိဳ႕ကေတာ့ သာမန္ကာလွ်ံကာ ကလစ္ႏွိပ္မိသြားသည့္ ျဖတ္သြားျဖတ္လာမ်ား ျဖစ္သည္။
အခုေလးတင္ဝင္လာသည့္ ၾကည့္ရႈသူအခ်ိဳ႕ဟာ Live Room ထဲ တစ္ခ်က္ပဲဝင္ၾကည့္ကာ ထြက္သြားၾကၿပီး တခ်ိဳ႕ကေတာ့ စူးယိရန္၏ တိုက္႐ိုက္ထုတ္လႊင့္မႈဆီကေန ဆြဲေဆာင္ခံလိုက္ရကာ ေနရစ္ခဲ့ၾကေလသည္။
ေခ်ာေခ်ာေမြ႕ေမြ႕ျဖစ္ေနေသာ သူ၏ တိုက္႐ိုက္ထုတ္လႊင့္မႈႏွင့္အတူ ၾကည့္ရႈသူမ်ားကလည္း ပို၍ပို၍ မ်ားျပားလာသည္။ သူ၏ ပထမဆုံးအခ်ိဳပြဲျဖစ္သည့္ ႏို႔စေတာ္ဘယ္ရီဂ်ယ္လီကိုျပဳလုပ္ၿပီးသြားခ်ိန္မွာ Live Room ထဲရွိ ၾကည့္ရႈသူအေရအတြက္ဟာ ၂သိန္း၅ေသာင္းဝန္းက်င္ေလာက္၌ တည္ၿငိမ္သြားၿပီျဖစ္သည္။
ထိုရလာဒ္က လူသစ္မ်ားအတြက္ေတာ့ အလြန္ေကာင္းမြန္ေနၿပီပင္။ ေယဘူယ်အားျဖင့္ေျပာရလွ်င္ ဤ recommendation အဆင့္ေနရာမွာရွိသည့္ လူသစ္တစ္ေယာက္ဟာ ၾကည့္ရႈသူအေရအတြက္ ၉ေသာင္းကေန ၁သိန္းခြဲေလာက္မွာ တည္ၿငိမ္ေနတတ္ၿပီး ယင္းက ပွ်မ္းမွ်လယ္ဗယ္ျဖစ္၍ ၂သိန္းထိေရာက္ေသာလူဆိုတာ အင္မတန္မွ ရွားေပသည္။
စူးယိယန္ကေတာ့ အလြန္ေပ်ာ္ေနသည္။ သူ ဆက္လက္ၿပီး တိုက္႐ိုက္ထုတ္လႊင့္ေနလိုက္၏။ ဒုတိယအခ်ိဳပြဲျဖစ္သည့္ သရက္သီးအုန္းႏို႔ထပ္တစ္ရာေက်ာက္ေက်ာလုပ္ေနစဥ္ ဘာေၾကာင့္ရယ္မသိ အလြန္မ်ားျပားေသာၾကည့္ရႈသူအေရအတြက္အသစ္ေတြက Live Room ထဲ ႐ုတ္ခ်ည္းၿပဳံတိုးလာကာ အခ်ိန္တိုအတြင္း ႏွစ္ဆျဖစ္လာၿပီး ဆယ္မိနစ္မျပည့္ခင္ေလးမွာ သန္းတစ္ဝက္နီးပါး တစ္ဟုန္ထိုး ျမင့္တက္လာခဲ့ေတာ့သည္။
အခ်ိန္ႏွင့္တေျပးညီ On-screen ကြန္းမန္႔ေတြကလည္း အျမန္အဆန္တက္ေနၿပီး ဒါဟာ သူ၏ လိုက္ဖ္ကို တျခားေသာ big V အေကာင့္ပိုင္ရွင္မ်ားစြာက တစ္ေယာက္ၿပီးတစ္ေယာက္ forward လုပ္ကာ recommend ေပးေနၾကတာေၾကာင့္ဆိုတာ စူးယိရန္သိသည္။
တကယ့္ကို ၾကင္နာတတ္သူေတြ အလြန္မ်ားျပားလွေပသည္။
ၾကည့္ရႈသူအသစ္မ်ားဟာ Live Room ထဲ ဝင္ဝင္ခ်င္းအလြန္စိတ္လႈပ္ရွားေနၾကသည္။ မၾကာမွီမွာပင္ ႀကီးမားလွေသာ on-screen ကြန္းမန္႔မ်ားဟာ လူေတြဖယ္ၾကည့္လို႔မရေလာက္ေတာ့ေအာင္မ်ားျပားလာၿပီး စရင္တစ္ခုလုံးကိုဖုံးအုပ္သြားကာ သူ၏လိုက္ဖ္က အေနာက္မွာပိတ္မိေနေတာ့သည္။
စူးယိရန္က သူတို႔ေတြအ႐ူးအမူးေရးခ်င္တာေရးေနၾကတာေတြကို ဆယ္မိနစ္ေလာက္ခြင့္ျပဳေပးထားလိုက္သည္။ ေနာက္ေတာ့ On-screen ကြန္းမန္႔ေတြက အလြန္မ်ားလာကာ ပရိသတ္တခ်ိဳ႕၏ ေမးခြန္းေတြကိုေတာင္ ေသခ်ာမျမင္ရေတာ့တာေၾကာင့္ ကြန္ျပဴတာကေန Live Room ေနာက္ခံမွာ စကားလုံးတခ်ိဳ႕ကို ဘေလာ့ခ္လုပ္ထားလိုက္သည္။
မလိုတမာအၿငိဳးထားသည့္ on-screen ကြန္းမန္႔ေတြျဖင့္ spam လုပ္ခံရမည့္အေရးကေန အစီအစဥ္တင္ဆက္သူမ်ားကိုကာကြယ္ဖို႔ရာ Apple Live က အစီအစဥ္တင္ဆက္သူမ်ားအား ဘက္ဂေရာင္းေတြမွာ စကားလုံးေတြဘေလာ့ခ္လုပ္ခြင့္အာဏာကိုေပးအပ္ထား၏။စကားလုံးေတြကို ဘေလာ့ခ္လုပ္နည္း ၂မ်ိဳးရွိသည္။
တစ္မ်ိဳးက ဘေလာ့ခ္လုပ္ၿပီးေနာက္ ထိုကဲ့သို႔ေသာon-screen ကြန္းမန္႔မ်ားဟာ အစီအစဥ္တင္ဆက္သူ၏ Live Room ေနာက္ခံမွာ ေပၚမလာတတ္ေတာ့သလို Live Room ထဲမွာၾကည့္ေနသည့္ ပရိသတ္ေတြ၏ စခရင္အေရွ႕ေတြမွာလည္း ေပၚမလာေတာ့တာမ်ိဳး ျဖစ္သည္။ ေနာက္တစ္မ်ိဳးကေတာ့ ဘေလာ့ခ္လုပ္ၿပီးေနာက္ ထို on-screen ကြန္းမန္႔ေတြဟာ Live Room ထဲက အစီအစဥ္တင္ဆက္သူထံ၌ လုံးဝေပၚမလာေတာ့ေပမဲ့ Live Roomထဲရွိၾကည့္ရႈသူပရိသတ္ေတြ၏ စခရင္ေပၚမွာေတာ့ ဘာမွ်မသက္ေရာက္ဘဲ ျမင္ေနရတာမ်ိဳးျဖစ္၏။ စူးယိရန္ သုံးခ်င္တာကလည္း ဒါမ်ိဳးပင္။
သူက အမ်ားဆုံးေပၚလာတတ္ေသာ "အား!" "ဝူး" ဆိုေသာအဓိပၸါယ္မရွိသည့္ ႀကိယာပုဒ္ေတြကို ဘေလာ့ခ္ကာ ျမင္ရလွ်င္ရွက္စရာေကာင္းေသာ တျခား keyword ေတြကိုလည္း ေ႐ြးလိုက္သည္။ ထိုဘေလာ့ခ္မည့္စကားလုံးေတြကိုစီစဥ္ဖို႔ သူကိုယ္တိုင္စာ႐ိုက္ရခ်ိန္မွာ မရွက္႐ြံ႕ဘဲကိုမေနႏိုင္ေခ်။
စူးယိရန္ စီစဥ္သတ္မွတ္လိုက္ၿပီးေနာက္ on-screen ကြန္းမန္႔ေတြ၏ ဘက္ဂေရာင္းက ပို၍ ရွင္းလင္းလာသည္။on-screen ကြန္းမန္႔ေတြကေတာ့ အမ်ားအျပားရွိေနဆဲျဖစ္ၿပီး အမ်ားစုက သူလုပ္ေနသည့္အခ်ိဳပြဲေတြႏွင့္ပတ္သက္ၿပီး ေဆြးေႏြးျခင္း၊ စူးစမ္းျခင္းႏွင့္ ခ်ီးက်ဴးစကားဆိုေနျခင္းမ်ားျဖစ္ၿပီး အနည္းငယ္က လူသစ္အစီအစဥ္တင္ဆက္သူအေၾကာင္း စပ္စုေနၾကျခင္းျဖစ္ကာ ပိစိေလာက္ေသာအပိုင္းကေတာ့ ဘေလာ့ခ္လုပ္ဖို႔အေ႐ြးခ်ယ္မခံရဘဲ ပိုက္ကြန္ထဲမွလြတ္ထြက္လာေသာငါးမ်ားသာ ျဖစ္ေလသည္။
တိုက္႐ိုက္ထုတ္လႊင့္မႈက ေခ်ာ့ေခ်ာေမြ႕ေမြ႕ဆက္သြားေနၿပီး ေပၚျပဴလာျဖစ္မႈကႏွင္းမုန္တိုင္းတိုက္ေနသလို တလိမ့္လိမ့္ထိုးတက္လာေနသည္။လူ႔စိတ္ဆိုတာက စုစု႐ုံး႐ုံးအုပ္လိုက္ျဖစ္ေနတာမ်ိဳးဆို လိုက္ၾကည့္တတ္သည့္အမ်ိဳးျဖစ္သည္။အကြၽမ္းတဝင္မဟုတ္သည့္ အႏွီ Live room က ႐ုတ္တရက္အလြန္ေပၚျပဴလာျဖစ္လာေသာအခါ စပ္စုခ်င္ေသာလူတိုင္းက တစ္ခ်က္ေလာက္ဝင္ၾကည့္ဖို႔ ကလစ္ႏွိပ္တတ္ၾကၿပီး ႏွင္းမုန္တိုင္းကို ပို၍ ပို၍ ႀကီးမားလာေစေလသည္။
တစ္နာရီေက်ာ္ေက်ာ္ေလာက္အၾကာမွေတာ့ သူ၏ Live Room က တိုက္႐ိုက္ထုတ္လႊင့္မႈက႑၏ ဟုမ္းေပ့ခ်္ေပၚက Top wheel ဘားတန္းမွာေတာင္ေပၚလာေတာ့သည္။ ယင္းက Live Room ထဲရွိ အခ်ိန္ႏွင့္တေျပးညီၾကည့္ရႈသူအေရအတြက္ေပၚတည္ၿပီးမွရေသာ ႀကီးမားလွသည့္ recommendation ပင္။
တိုက္႐ိုက္ထုတ္လႊင့္မႈက ၂နာရီေက်ာ္ေက်ာ္ေလာက္မွာ ေခ်ာေခ်ာေမြ႕ေမြ႕အဆုံးသတ္သြားသည္။ အဆုံးမွာေတာ့ Live Room ထဲရွိၾကည့္ရႈသူအေရအတြက္က ၁.၂သန္းထိေရာက္ရွိသြားၿပီး သူ၏ Live Room ကိုေဖာလိုးလုပ္သူအေရအတြက္က ၈သိန္းနီးပါးရွိသြားၿပီျဖစ္သည္။
စူးယိရန္က စိတ္ေက်နပ္စြာျဖင့္ ထိုင္ခ်ရင္း ဒီေန႔က အေတာ္ေလးေအာင္ျမင္သည္ဟု ခံစားလိုက္ရသည္။
ဒါေပါ့။ဒါဟာ သူ၏ ပထမဆုံးလႊင့္သည့္ တိုက္႐ိုက္ထုတ္လႊင့္မႈတစ္ခုသာရွိေသးၿပီး အရာအားလုံးက ခုမွစတင္႐ုံ ရွိေသးသည္။
သည္ေန႔လာၾကည့္သည့္ ဧရာမပရိသတ္အေရအတြက္ဟာ ႏွင္းမုန္တိုင္းသက္ေရာက္မႈ၊ စူးစမ္းလိုစိတ္ႏွင့္၊ စုစု႐ုံး႐ုံးေနာက္လိုက္တတ္ၾကသည့္ လူ႔မေနာတို႔ေၾကာင့္သာျဖစ္၏။ ေနာက္ပိုင္း ထပ္မံလိုက္ဖ္လႊင့္ပါက ပလက္ေဖာင္းဆီကေန ပထမဆုံးအႀကိမ္လိုမ်ိဳး ထူးျခားဘက္လိုက္ေပးေသာ ေထာက္ပံ့မႈမ်ိဳးရေတာ့မွာမဟုတ္ေခ်။Recommendation အဆင့္သတ္မွတ္ခ်က္မ်ားဟာ ကိုယ့္အားထုတ္ႏိုင္မႈအေပၚမွာသာ မွီခိုေနေတာ့မွာ ျဖစ္သည္။
ေနာက္တစ္ခုအေနျဖင့္ သူရထားသည့္ ေက်ာ္ၾကားမႈကို ဆက္မထိန္းႏိုင္ပါက သူ႔ကိုေဖာလိုးထားသည့္ ၈သိန္းေသာ user ထဲမွ အမ်ားစုဟာ ေျခာက္ကပ္တိတ္ဆိတ္သြားမည့္ေဖာ္လိုဝါမ်ား ျဖစ္သြားမည္ျဖစ္ၿပီး အမွန္တကယ္ပရိသတ္မ်ားအျဖစ္ ေျပာင္းလာေတာ့မည္မဟုတ္ေပ။
စူးယိရန္က စိတ္ထဲကေန ေနာက္အစီအစဥ္တစ္ခုကို ေတြးေနကာ အိုင္ဒီယာအသစ္အဆန္းတခ်ိဳ႕ တျဖည္းျဖည္းေပၚလာေတာ့မွ အိမ္ျပန္ဖို႔ျပင္ကာ ထင္ေကာႏွင့္ ထပ္မံေဆြးေႏြးဖို႔ ဟန္ျပင္လိုက္သည္။
သူက ကုယြမ္းထင္ထံ ဝီခ်တ္ကေနမက္ေဆ့လွမ္းပို႔လိုက္သည္။
{ထင္ေကာ အိမ္ေရာက္ၿပီလား။ ကြၽန္ေတာ္ခုေလးတင္ လိုက္ဖ္လႊင့္ၿပီးသြားတာ}
သူအေပ်ာ္ေတြကို မထိန္းခ်ဳပ္ႏိုင္ဘဲ ေနာက္မက္ေဆ့တစ္ခု ထပ္ပို႔လိုက္ျပန္သည္။
{လိုက္ဖ္လႊင့္တာက တအားေအာင္ျမင္တယ္။ ကြၽန္ေတာ္ အရမ္းေပ်ာ္တာပဲ [ပတ္ခ်ာလည္ေျပးေနေသာ အီမိုဂ်ီ]}
ျပန္စာေတာ့ မရေခ်။ ထင္ေကာက ဝီခ်တ္မက္ေဆ့ကိုမျမင္တာျဖစ္မည္ဟု ခန္႔မွန္းမိသည္။ ထို႔ေၾကာင့္ သူ ဆိုင္ကိုအရင္သိမ္းကာ အိမ္ျပန္လာခဲ့လိုက္ေတာ့သည္။
သူ ဆိုင္ျပင္ေရာက္ခ်ိန္မွာ အျပင္ဘက္၌ ဘယ္အခ်ိန္ကတည္းက႐ြာေနမွန္းမသိေသာ မိုးဖြဲမ်ားကိုေတြ႕လိုက္ရသည္။ ေဆာင္းဦးေပါက္မိုးဖြဲမ်ားဟာ တေပါက္ေပါက္က်ဆင္းေနရာကေန သည္းသထက္သည္းလာသည္။
ရာသီဥတုေအးေအးမွာ ေဆာင္းဦးေပါက္မိုးက႐ြာျပန္ေတာ့ အဝတ္အစားေတြ ထပ္ဝတ္ရေပဦးေတာ့မည္။
စူးယိရန္ အိမ္ျပန္ေရာက္ေတာ့ ထင္ေကာ ခုထိအိမ္ျပန္မေရာက္ေသးတာကို အံ့အားသင့္ဖြယ္ေကာင္းစြာ ေတြ႕လိုက္ရသည္။
ခုဆို ၁၀နာရီပင္ ထိုးလုနီးပါးျဖစ္ေနၿပီျဖစ္ၿပီး ေလာ့ဂ်စ္က်က်ေျပာရပါက အခ်ိန္ပိုအလုပ္ၿပီးသင့္တာၾကာလွၿပီျဖစ္သည္။
ဝီခ်တ္မွာ ျပန္စာမရေသးေခ်။ စူးယိရန္က ကုယြမ္းထင္ကို ဖုန္းေခၚလိုက္သည္။ သို႔ျငား ဖုန္းေျဖမည့္သူမရွိခဲ့။ သူ ခဏမွ်ေစာင့္ေနၿပီးမွ ဒုတိယအႀကိမ္ေခၚလိုက္ျပန္သည္။ သို႔ေသာ္လည္း ခုထိ ျပန္မေျဖပါေခ်။
ဘာျဖစ္တာမ်ားလဲ။ အလုပ္မ်ားရႈပ္ေနလား။
စူးယိရန္ စိတ္ပူလာသည္။အကယ္၍ သူသာ ထင္ေကာ အလုပ္မဆင္းေသးမွန္း ႀကိဳသိခဲ့ပါက ကုမၸဏီကို သြားႀကိဳခဲ့မည္ပင္။
သူ ဧည့္ခန္းမွာ ႏွစ္ခါမွ် ဝိုင္းႀကီးပတ္လည္ ေလွ်ာက္ေနၿပီးမွ လသာေဆာင္၏ မွန္တံခါးကိုဖြင့္လိုက္သည္။ ညခ်မ္းအျပင္ဘက္၌ ႐ြာေနေသာမိုးက တေျဖာက္ေျဖာက္အသံႏွင့္အတူ အတန္ငယ္စဲသြားၿပီျဖစ္သည္။
ကုယြမ္းထင္၏ ကုမၸဏီ၌ ထီးရွိကာ ဘ႑ာေရးကုမၸဏီက သူ႔အား ကားႏွင့္ ဒ႐ိုက္ဘာပါ ေထာက္ပံ့ေပးထားရာ မိုးမိသြားမွာကိုေတာ့ စူးယိရန္မစိုးရိမ္ေခ်။
ဖုန္းအဆက္အသြယ္မရ၍သာ တစ္စုံတစ္ရာမ်ားျဖစ္ေနသလားဟု သူပူပန္ေနရျခင္းပင္။
ခဏၾကာေတာ့ စူးယိရန္ ထပ္ဖုန္းေခၚလိုက္ျပန္သည္။ သို႔ျငား ခုထိ ဖုန္းမေျဖေသး။ သူ ေစာင့္မေနေတာ့။ ေသာ့ယူကာ ကုယြမ္းထင္၏ကုမၸဏီကိုသာ သြားရွာဖို႔ျပင္လိုက္ေတာ့သည္။
သူ အိမ္အဝင္ေပါက္မွာ ဖိနပ္လဲကာ အကုန္ၿပီးသြားမွ တံခါးေလာ့ခ္ဖြင့္သံ တီ ကိုၾကားလိုက္ရကာ တံခါးပြင့္လာၿပီး ကုယြမ္းထင္က အျပင္ဘက္၌ ရပ္ေနေလသည္။
ကုယြမ္းထင္ကိုျမင္ေတာ့ စူးယိရန္မွာ အံ့အားသင့္သြားရင္း
"ျပန္လာၿပီလား. ..ကြၽန္ေတာ္ခုပဲလာႀကိဳေတာ့မလို႔။ မိုးေတာ့မမိခဲ့ဘူးမလား"
ကုယြမ္းထင္၏ အဝတ္အစားႏွင့္ဆံပင္ေတြ စိုစြတ္ေနျခင္းမရွိတာကိုျမင္မွ သူ စိတ္ေအးသြားရင္း အနည္းငယ္အထြန္႔တက္လိုက္သည္။
"ဘာလို႔ကြၽန္ေတာ့္ဖုန္းကို ျပန္မေျဖတာလဲ"
ကုယြမ္းထင္က စူးယိရန္ကိုၾကည့္လာသည္။ စကားေတာ့မေျပာ။ စူးယိရန္က သူေစာနေလးတင္လဲလိုက္သည့္ဖိနပ္ကေန အိမ္စီးဖိနပ္ျပန္လဲရင္း ကုယြမ္းထင္၏ အိမ္စီးဖိနပ္ကိုပါ ထုတ္၍ ေျပာလိုက္သည္။
"လာေလ ျမန္ျမန္ဖိနပ္လဲစီးေခ်"
ကုယြမ္းထင္က စူးယိရန္ထုတ္ေပးသည့္ အိမ္စီးဖိနပ္ေတြကိုစီးကာ တိတ္ဆိတ္ေနလ်က္သားျဖင့္ပင္ အိမ္ထဲအရင္ဝင္သြားေလ၏။
စူးယိရန္က တံခါးကိုပိတ္ကာ သူ႔အေနာက္ကေန မေက်မခ်မ္းလိုက္လာရင္း ထပ္ညည္းညဴလိုက္ျပန္သည္။
"ဝီခ်တ္ကကြၽန္ေတာ့္စာေတြကို မျပန္ဘူးေရာ္"
ကုယြမ္းထင္က ဧည့္ခန္းထဲက ဆိုဖာေပၚမွာထိုင္ခ်လိုက္တာကို သူၾကည့္ေနရင္း ႐ုတ္တရက္ ညာဘက္လက္ေပၚ ဖ်တ္ခနဲအၾကည့္ေရာက္သြားၿပီး မ်က္ႏွာပ်က္ယြင္းသြားေတာ့သည္။
"လက္က ဘာျဖစ္တာလဲ"
ကုယြမ္းထင္၏ ညာဘက္လက္ေပၚ၌ ေသြးတို႔ရွိေနေခ်သည္။
စူးယိရန္သည္ ဖုန္းေကာလ္ႏွင့္ ဝီခ်တ္မက္ေဆ့ကဲ့သို႔ေသာအေသးအမႊားကိစၥေတြကို ဂ႐ုမစိုက္ႏိုင္ေတာ့။ သူအျမန္သြားကာ ကုယြမ္းထင္၏ညာဘက္လက္ကိုကိုင္၍ စစ္ေဆးၾကည့္လိုက္ေတာ့ ကုယြမ္းထင္၏ ညာဘက္လက္ဖဝါးေပၚမွာ မြစာႀကဲေနေသာဒဏ္ရာမ်ားစြာကို ထိတ္လန္႔တၾကားျမင္လိုက္ရေတာ့သည္။လက္မႏွင့္လက္ညိဳးၾကားက အဟေနရာႏွင့္ လက္ဖမိုးမွာလည္း ေသးေသးမႊားမႊားဒဏ္ရာမ်ားစြာရွိေနၿပီး တခ်ိဳ႕ဒဏ္ရာေတြက ေသြးခဲေနကာ တခ်ိဳ႕က ေသြးေတြစိမ့္ထြက္ေနတုန္းပင္။
စူးယိရန္၏ မ်က္ဝန္းတို႔က ပူပန္ေသာကေၾကာင့္ ရဲရဲနီလာကာ အသံကတုန္ယင္လာသည္။
"ဘာျဖစ္တာလဲ"
သူက စိုးရိမ္တႀကီးျဖင့္ ေဆးေသတၱာသြားရွာဖို႔ဟန္ျပင္လိုက္သည္။
"ကြၽန္ေတာ္ ေဆးေသတၱာသြားရွာလိုက္ဦးမယ္"
သူက ကုယြမ္းထင္၏လက္ကို အသာအယာခ်ေပးကာ ထထြက္သြားဖို႔လုပ္ခ်ိန္ ကုယြမ္းထင္က ႐ုတ္တရက္ႀကီး သူ႔လက္ကိုေနာက္ျပန္ဆြဲကာ ခပ္တင္းတင္းျပန္ဆုပ္ကိုင္လာသည္။သူ႔လႈပ္ရွားမႈေၾကာင့္ ညာဘက္လက္ေပၚက မြစာႀကဲေနေသာဒဏ္ရာမ်ားက အနည္းငယ္ပြင့္လာေလသည္။
သူ႔ကို ထိုႏွယ္ျမင္ရေတာ့ စူးယိရန္မွာ ပို၍ပင္စိုးရိမ္ေသာကေရာက္လာရကာ အျမန္အဆန္ ႏွစ္သိမ့္ရေတာ့၏။
"ထင္ေကာ...ကြၽန္ေတာ္ေဆးသြားယူမလို႔။ ခဏေလးပဲေစာင့္ေပးေလေနာ္"
ကုယြမ္းထင္က လႊတ္မေပး။ ထိုအစား ပိုတင္းၾကပ္စြာ ဆုပ္ကိုင္လာကာ စူးယိရန္အား နက္ေမွာင္သည့္မ်က္ဝန္းအစုံႏွင့္အတူ ၾကည့္လာရင္း
"ေနာက္ဆို မင္းရဲ႕လိုက္ဖ္လႊင့္တာကို မလုပ္နဲ႔ေတာ့"
စူးယိရန္၏ အာ႐ုံကေတာ့ သူ၏ဒဏ္ရာရေနေသာ လက္အေပၚ၌သာရွိေနသည္။ ထင္ေကာလက္ကေန ေသြးေတြစီးက်လာတာကိုျမင္လိုက္ရခ်ိန္မွာေတာ့ သူခဏေလာက္မူးေဝလာကာ အသည္းႏွလုံးေတြနာက်င္လာရရင္း ငိုခ်ေတာ့မေယာင္ျဖစ္ကာ စကားတစ္ခြန္းကိုပင္ ထပ္ခါတလဲလဲေျပာေနမိေတာ့သည္။
"ထင္ေကာ ကြၽန္ေတာ္ ေဆးသြားယူမလို႔"
ကုယြမ္းထင္သည္ ထိုသူ႔အသံက ငိုသံေပါက္ေနတာကိုၾကားရေတာ့ သူ႔ႏွလုံးသားလည္း မြန္းၾကပ္လာရကာ ေနာက္ဆုံးေတာ့ လက္ကိုလႊတ္ေပးလိုက္ေတာ့သည္။
စူးယိရန္က ေဆးေသတၱာရွာဖို႔ စာၾကည့္ခန္းထဲ စိတ္ေစာစြာျဖင့္ ေျပးသြားလိုက္သည္။ သူ စိတ္ကိုၿငိမ္ၿငိမ္ထား၍ ေဆးေသတၱာကိုယူလာကာ ကုယြမ္းထင္ေဘး၌ထိုင္ခ်ရင္း ဂြမ္းဖတ္ႏွင့္အိုင္အိုဒင္းကိုဆြတ္၍ သူ႔ကိုယ္သူ စိတ္စုစည္းကာ ကုယြမ္းထင္၏ညာဘက္လက္ကိုဆြဲယူၿပီး စတင္ေဆးထည့္ေပးလိုက္သည္။
သူ ကုယြမ္းထင္ဒဏ္ရာကို ဂြမ္းဖတ္ျဖင့္ ဂ႐ုတစိုက္သန္႔စင္ေပးေနတုန္း ဒဏ္ရာအေသးေလးေပၚမွာ ေသးငယ္သည့္ဖန္စအခ်ိဳ႕ရွိေနတာကို ေတြ႕လိုက္ရေလသည္။ သူေမးလိုက္၏။
"ဖန္ကြဲစေၾကာင့္ျဖစ္လာတာလား။ဘယ္လိုလုပ္ ဒါမ်ိဳးျဖစ္ရတာလဲ"
ကုယြမ္းထင္ : "မေတာ္တဆပါ"
စူးယိရန္က ေသြးေတြႏွင့္ ဒဏ္ရာေပၚက မွန္ကြဲစေတြအကုန္လုံးကို ဂ႐ုတစိုက္သန္႔စင္ေနလိုက္ကာ ခဏၾကာေအာင္ စကားမေျပာေတာ့ေခ်။
သန္႔စင္အၿပီးမွာေတာ့ သူစိတ္သက္သာရာရစြာ သက္ျပင္းခ်လိုက္သည္။ ကံေကာင္းစြာျဖင့္ အကုန္လုံးက အေသးစားဒဏ္ရာေတြသာျဖစ္သည္။ ၾကည့္ရတာေၾကာက္ဖို႔ေကာင္းေပမဲ့ ေဆး႐ုံေတာ့သြားဖို႔မလို။ ေဆးေသာက္၊ ေဆးလိမ္းလိုက္လွ်င္ မၾကာခင္သက္သာသြားမည္ပင္ျဖစ္၏။
သူ အိုင္အိုဒင္းအရည္ျဖင့္ ညင္သာစြာပိုးသတ္ေပးရင္း မၾကာခဏဆိုသလို ဂ႐ုတစိုက္ေမးေနမိသည္။
"နာလား"
ကုယြမ္းထင္ : "မနာဘူး"
ေသခ်ာေပါက္နာ,မည္ဆိုတာ စူးယိရန္သိသည္။နာေပမဲ့လည္း ပိုးကေတာ့သတ္ေပးရမည္ပင္။ သူ တတ္ႏိုင္သမွ်အညင္သာဆုံးလႈပ္ရွားေပးကာ အေျခအေနကို ေမးျမန္းလိုက္သည္။
"ဘယ္လိုေတြျဖစ္ရတာလဲ။ ဘာလို႔ဒီေလာက္ နေမာ္နမဲ့ႏိုင္ရတာလဲ"
သူ႔အသံေလးက စိုးရိမ္ေနေသာအျပစ္တင္သံအျပည့္ပင္။
ကုယြမ္းထင္ : "ခြက္ကို မေတာ္တဆခြဲမိသြားတာ"
စူးယိရန္ကေမးလိုက္ျပန္သည္။
"ဒဏ္ရာကိုဘာလို႔အခ်ိန္မွီ မကုရတုန္း။ခင္ဗ်ားရဲ႕ခႏၶာကိုယ္ကို ဒီလိုမ်ိဳးဂ႐ုမစိုက္လုပ္ေနမယ္ဆိုရင္ ခင္ဗ်ား...."
သူစကားေျပာတာရပ္လိုက္ၿပီး ထပ္မေျပာေတာ့။ၾကမ္းၾကမ္းတမ္းတမ္းေတြလည္း သူ ဆက္မေျပာရက္ေခ်။ပိုးသတ္ၿပီးေနာက္ သူလည္း စိတ္ေအးသြားကာ ေဆးကိုခပ္ျဖည္းျဖည္းခ်င္း လိမ္းေပးလိုက္ေလသည္။
ကုယြမ္းထင္၏ မ်က္ဝန္းေတြက နက္ရွေနကာ သူ႔အား အေလးအနက္ထား၍ ေဆးလိမ္းေပးေနေသာ စူးယိရန္အား တိတ္ဆိတ္စြာပင္ ၾကည့္ေနခဲ့သည္။
ထိုသူဟာ ရွည္လ်ားထူထဲေသာမ်က္ေတာင္တို႔ႏွင့္အတူ ေခါင္းငုံ႔ထားကာ မ်က္ႏွာျဖဴျဖဴေသးေသးေလးေပၚမွာျဖင့္ ေလးနက္ကာ စိုးရိမ္ေနေသာအမူအရာရွိေနၿပီး အလြန္တရာမွ သိမ္ေမြ႕ညင္သာလွသည္။
ကုယြမ္းထင္သည္ သူစူးယိရန္အေပၚဘယ္လိုခံစားေနရလဲ မသိေတာ့ေခ်။သူ႔ႏွလုံးသားက လႈပ္ရွားထိရွသြားတာကိုေတာ့ သူဝန္ခံပါ၏။ သို႔ျငား ယင္းက မူလပိုင္ရွင္၏ က်န္ရွိေနေသာအသိစိတ္က သူ႔အေပၚအဆက္မျပတ္သက္ေရာက္ေန၍လား သို႔မဟုတ္ သူကိုယ္တိုင္က တကယ္ပဲလႈပ္ရွားထိရွေနသလားရယ္ေတာ့ မေျပာတတ္ပါေလေတာ့။
ေနာက္ထပ္ေသာ ခြဲျခမ္းစိတ္ျဖာမႈေတြလည္း သူမလုပ္ခ်င္ေတာ့ပါေပ။
သူ႔အေနျဖင့္ စူးယိရန္အား အခန္းလည္းမခြဲေတာ့သလို ထြက္လည္းမသြားေတာ့ပါဟု ကတိေပးထားၿပီးၿပီဆိုကတည္းက စူးယိရန္အား လက္ခံဖို႔၊ ဤအိမ္ေထာင္ေရးကို လက္ခံဖို႔၊ စူးယိရန္အား သူ႔ကမာၻထဲေခၚသြင္းဖို႔ ဆုံးျဖတ္ၿပီးသား ျဖစ္သည္။
စူးယိရန္ဟာ သူ၏ လုံးဝဥသုံေသာ ပိုင္ဆိုင္မႈတစ္ခုသာ။
မည္သူမွ် ယူမသြားေစရ။
မည္သူမွ် တပ္မက္ခြင့္လည္း မရွိေစရ။
သူပါးစပ္ဟကာ ယခင္စကားဝိုင္းကိုပင္ဆက္ေျပာလိုက္သည္။
"ေနာက္ဆို မင္းရဲ႕လိုက္ဖ္လႊင့္တာကို မလုပ္ရေတာ့ဘူး"
"အမ္.."
စူးယိရန္သည္ ကုယြမ္းထင္ ႐ုတ္တရက္ႀကီးသည္လိုထေျပာမည္ထင္မထားသျဖင့္ ခဏမွ်ေတာင့္ခဲသြားကာ ပေဟ႒ိျဖစ္စြာျဖင့္ သူ႔အား ေမာ့ၾကည့္လာေလသည္။
"ဘာလို႔လဲ"
ကုယြမ္းထင္က ေျပာလိုက္၏။
"အစီအစဥ္တင္ဆက္သူတစ္ေယာက္အေနနဲ႔ ေနာက္ဆို အင္တာနက္ေပၚမွာ မင္းအမ်ားႀကီးေဝဖန္မႈေတြႀကဳံလာေတာ့မွာ။ ဆိုက္ဘာဘူလီလုပ္တာေတြလည္း ခံရလိမ့္မယ္"
သူကတိုက္႐ိုက္ထုတ္လႊင့္ျခင္း၏ ဆိုးက်ိဳးမ်ားစြာကို တစ္ခုၿပီးတစ္ခု စီ႐ြတ္ျပေတာ့သည္။
"......."
စူးယိရန္၏ မ်က္ခုံးတို႔က အနည္းငယ္တြန္႔ခ်ိဳးသြားကာ ကုယြမ္းထင္အား ေဆးဆက္လိမ္းေပးေနရင္းျဖင့္
"အဲ့စကားေတြက ခင္ဗ်ား ကြၽန္ေတာ့္ကို လိုက္ဖ္မလႊင့္ေစခ်င္တဲ့ လြန္ခဲ့တဲ့ႏွစ္ေတြတုန္းက ေျပာခဲ့တဲ့စကားေတြမဟုတ္ဘူးလား"
ကုယြမ္းထင္ : "....."
ကုယြမ္းထင္ သြယ္ဝိုက္မေနေတာ့။ အမိန္႔သာ
တန္းေပးလိုက္ေတာ့သည္။
"ကိုယ္မင္းကို အဲ့ဒါလုပ္ဖို႔ထပ္ၿပီးခြင့္မျပဳေတာ့ဘူး"
"...ဒါေပမဲ့.."
စူးယိရန္က စကားဆက္သည္။
"အဲ့ေန႔က ခင္ဗ်ားပဲသေဘာတူခဲ့တာ မဟုတ္လား။ ကြၽန္ေတာ့္ကို အၿမဲတမ္းအားေပးေထာက္ခံမယ္လို႔လဲ ေျပာထားတာ။ အၿမဲတမ္းတဲ့"
သူက "အၿမဲတမ္း" ဟူေသာစကားလုံးကိုဖိေျပာလိုက္၏။
ကုယြမ္းထင္ : "......"
ကုယြမ္းထင္ : "...ကိုယ္ ဒီေန႔ မင္းလိုက္ဖ္လႊင့္တာကို ၾကည့္ခဲ့ရတယ္"
စခရင္ေပၚက တစ္တစ္ခြခြေရးထားေသာ ထိုစာေတြကို ေတြးမိသည္ႏွင့္ သူ႔ႏွလုံးသားက ျပင္းျပင္းထန္ထန္ေလာင္ကြၽမ္းလာျပန္သည္။
စူးယိရန္သည္လည္း ထို on-screen ကြန္းမန္႔ေတြအေၾကာင္း ေတြးမိသြားသည္။ ခုေတာ့ ကုယြမ္းထင္ဘာကို ဂ႐ုထားေနသလဲကို သူနားလည္သြားေခ်ၿပီ။
"အဲ့ဒီ netizens ေတြက ဟာသလုပ္႐ုံပါ။ဒါေပမဲ့ on-screen မန္႔ေတြအတိုင္း တကယ္ေတြးၾကတာမဟုတ္ဘူး။ သူတို႔ကို စိတ္ပူမေနနဲ႔ တကယ္ေျပာတာ"
သူက ကုယြမ္းထင္ကိုေဖ်ာင္းဖ်ဖို႔ႀကိဳးစားလိုက္သည္။
"ၿပီးေတာ့ ဒီေန႔ ကြၽန္ေတာ့္ရဲ႕လိုက္ဖ္လႊင့္တာရဲ႕အက်ိဳးသက္ေရာက္မႈက အေတာ္ေကာင္းတယ္။ ကြၽန္ေတာ္ထင္တာေတာ့ အဲ့ဒါကပိုၿပီး ......"
"မင္း သေဘာမတူဘူးေပါ့"
ကုယြမ္းထင္က သူ႔စကားကိုခ်က္ခ်င္းျဖတ္ခ်လာသည္။ သူ၏ ေလာင္ကြၽမ္းေနေသာႏွလုံးသားက ဦးေႏွာက္ဆီကိုပါ ကူးစက္ေလာင္ကြၽမ္းသြားကာ စူးယိရန္၏ စကားေတြကို လုံးဝနားမေထာင္ႏိုင္ေတာ့။ သူ႔အာ႐ုံက ကိစၥတစ္ခုတည္းအေပၚ၌သာ ၿပဳံက်သြားသည္။
"သူတို႔ေတြ မင္းကိုအဲ့လိုတပ္မက္တာကို မင္းက လက္ခံေနတာလား"
စူးယိရန္မွာ ရယ္ရမလို၊ ငိုရမလိုပင္။
"ဘာေတြေျပာေနတာတုန္း။ တကယ္ေတာ့ ခုေခတ္ netizens ေတြက အဲ့လိုေျပာၾကတာ။ သူတို႔က တအားတက္ႂကြ...."
ကုယြမ္းထင္က စူးယိရန္၏ လက္ကို ဖမ္းဆုပ္ရင္း အနားသို႔ ဆြဲေခၚပစ္လိုက္သည္။ စူးယိရန္ဟာ သူ႔ကိုေဆးလိမ္းေပးၿပီးၿပီမို႔ ပတ္တီးစည္းေပးေနတာျဖစ္သည္။ ခုေတာ့ ပတ္တီးစေတြ ေျပေလ်ာ့သြားေခ်ေလၿပီ။
သူ ေၾကာင္အမ္းသြားရင္း ကုယြမ္းထင္ကို ေမာ့ၾကည့္လိုက္သည္။
"အိုင္း...ပတ္တီးက..."
ကုယြမ္းထင္က သူ႔အား နီရဲေသာမ်က္ဝန္းအစုံျဖင့္ စိုက္ၾကည့္လာကာ
"သူတို႔မင္းကို ဘာေတြလုပ္ခ်င္ေနၾကလဲ မင္းသိလား"
စူးယိရန္မွာ ခုထိ စိတ္ႏွင့္လူ မကပ္ေသး။
"ဘာရယ္"
ထိုမေရတြက္ႏိုင္ေသာ ကြန္းမန္႔ေတြက ကုယြမ္းထင္ေခါင္းထဲ တဖ်တ္ဖ်တ္ေပၚလာျပန္သည္။
[ေလာင္ကုန္း ဒီေန႔ဝတ္လာတဲ့ဆြယ္တာေလးကို ငါခြၽတ္ပစ္ခ်င္တယ္။ ငါ့ေလာင္ကုန္းမွာ ညႇပ္႐ိုးလွလွေလးေတြရွိမွာ ေသခ်ာေပါက္ပဲ]
ကုယြမ္းထင္၏ ဦးေႏွာက္က သဝန္တိုမႈေၾကာင့္ အလုပ္လုပ္တာရပ္သြားကာ ႐ုတ္တရက္ စူးယိရန္အား ဆိုဖာေပၚမွာဖိခ်၍ ကိုယ္ေပၚမွာဝတ္ထားေသာ သနပ္ခါးေရာင္ဆြယ္တာကို ေအာက္ကေန အေပၚလွန္၍ ဆုတ္ၿဖဲပစ္လိုက္သည္။ စူးယိရန္မွာ မတုံ႔ျပန္လိုက္ရခင္ ဆြယ္တာအက်ႌအခြၽတ္ခံလိုက္ရၿပီး အေပၚပိုင္းမွာ အတြင္းဝတ္ရွပ္တစ္ထည္သာ က်န္ေနခဲ့ကာ လွပေသာညႇပ္႐ိုးမ်ားႏွင့္အတူ ႏွင္းလိုျဖဴေဖြးသည့္ ခႏၶာကိုယ္ေလး ေပၚလာေတာ့သည္။
"ေဟး.."
စူးယိရန္မွာ ကုယြမ္းထင္၏ လက္ကိုစိတ္ပူေနသည္။ ပတ္တီးစေတြက ေျပေလ်ာ့ေနတာေၾကာင့္ ကုယြမ္းထင္၏လႈပ္ရွားမႈက လက္ေပၚမွာလိမ္းေပးထားေသာ ေဆးေတြအားပ်က္ျပယ္ေစမွာကို စိုး႐ြံ႕ေန၏။ ထို႔ေၾကာင့္ သူ႔ကိုယ္ေပၚဖိထားေသာ ခႏၶာကိုယ္ကို အေပၚႂကြသြားေစဖို႔ မတတ္သာစြာ တြန္းထုတ္လိုက္သည္။
"ခင္ဗ်ားလက္က..ေဆးေတြ"
စူးယိရန္ဘက္က တြန္းမထုတ္လိုက္ပါက ေတာ္ေပဦးမည္။ တစ္ခ်က္တြန္းလိုက္မိျခင္းက ကုယြမ္းထင္စိတ္ထဲက ေနာက္ဆုံးေသာႀကိဳးကို အေျဖထုတ္ေပးလိုက္သေယာင္ျဖစ္သြားကာ မ်က္လုံးေတြရဲရဲနီလာရင္း စူးယိရန္၏ ရဲရဲေတာက္ကာပူေႏြးေနေသာ ေက်ာက္စိမ္းကဲ့သို႔အသားအေရကို ပြတ္သပ္လိုက္သည္။ သူ႔ႏွလုံးသားကမူ မီးေတာက္ႏွင့္အတူ လိုအင္တပ္မက္စိတ္မ်ားေပါင္းလ်က္ ေလာင္ကြၽမ္းလို႔ေန၏။
[ဒီမွာပုံ...ေလာင္ကုန္းရဲ႕ညႇပ္႐ိုးေလးကို အ႐ူးအမူးလွ်က္ခ်င္ေနပါၿပီေနာ္]
ကုယြမ္းထင္သည္ သူ႔အားတြန္းထုတ္ေနေသာ စူးယိရန္၏ လက္ႏွစ္ဖက္ကိုဆုပ္ကိုင္ကာ ေခါင္းအထက္၌ ပူးခ်ဳပ္ထားလိုက္ၿပီး သူ၏ ေတာင့္တင္းေသာခႏၶာကိုယ္က စူးယိရန္၏ အနည္းငယ္႐ုန္းကန္ေနေသာခႏၶာကိုယ္အထက္သို႔ ခပ္တင္းတင္းဖိခ်လိုက္၏။သူ ေခါင္းငုံ႔ကာ ႏူးညံ့လွေသာညႇပ္႐ိုးႏွစ္ဖက္ကို အ႐ူးတစ္ေယာက္ႏွယ္ အၾကမ္းပတမ္းကိုက္ခဲကာ လွ်က္စုပ္လိုက္ေတာ့သည္။