~~ဦး~~(Completed)
بواسطة Winterbear2216
23.4K 510 13
ဦးဇာတ်လမ်းတိုများစုစည်းမှူ المزيد
(၁)
(၂)
(၃)
(၄)
(၅) ဇာတ်သိမ်းပိုင်း
ခါးး (Side Story 1)
ခါးး (Side story 2)
1K 31 3
بواسطة Winterbear2216
ဦးက ခခရင်ဖုံးအကျီက ဘောက်စေ့လေးတွေကိုသေချာပြန်တပ်ပေးနေတော့ ခခရှက်လို့ခေါင်းလေးငုံ့ထားရင်း ကပိုကရိုဝဲကျနေတဲ့ဆံပင်တွေကိုသပ်တင်နေမိသည်။
'နာနေသေးလား..ရေနွေးဝတ်ကပ်ပေးရမလား'
'ရ...ရပါတယ်..'
ရှက်ပါတယ်ဆို..ရေနွေးဝတ်ကပ်ပေးအုံးမတဲ့။ခခရဲ့ဦးက သိပ်မလည်ပါဘူး။
ဦးက ခခနဖူးကိုနမ်းလိုက်ပြီးနောက် ကုတင်ပေါ်ကဆင်းသွားပြီး မှန်တင်ခုံအံဆွဲထဲက ယွန်းသေတ္တာလေးယူပြီးကုတင်ပေါ်ပြန်တက်လာသည်။
'ဦးး..အဲ..ဟုတ်ပါဘူး..မောင်...အဲ့ဒါဘာလေးလဲ'
ခခက မှားခေါ်မိလို့ ပါးစပ်ကိုလက်နဲ့အုပ်ကာထားမိတော့ ဦးက ပြုံးပြလာသည်။
'ခါးအဆင်ပြေသလိုပဲခေါ်တော့..မောင်နားလည်တယ်'
'တကယ်နော်.. ဦးလို့ပဲခေါ်ချင်တယ်...'
'အင်းး...မောင်က ဦးအရွယ်ဖြစ်နေပြီဆိုတော့..'
'ဟာ...အဲ့လိုပြောပါနဲ့...ခခ ငယ်ငယ်ကတည်းက အိပ်မက်ထဲမှာဦးကို အမြဲတွေ့ခဲ့ရလို့ စိတ်ကစွဲနေလို့ပါ..နော်...ဦး....ဦးကအသက်ကြီးလို့ ဦးလို့ခေါ်တာမဟုတ်ဘူးလေနော်...'
'ဦးဖြစ်ဖြစ်မောင်ဖြစ်ဖြစ် ကိစ္စမရှိတော့ဘူး..ခခနေမင်းဆိုတဲ့ဆရာမလေးက မောင့်ရဲ့တစ်ချိန်တုန်းကခါးဆိုတာသေချာအတည်ပြုလိုက်ပြီမလို့ ရပြီ'
'ဟင်!...ဦးကဘာနဲ့အတည်ပြုလိုက်တာလဲဟင်'
'အဟွန်းးး..လက်ထပ်ပြီးရင်ပြောပြမယ်..ဟိူဘက်လှည့်...ဆံပင်စည်းပေးမယ်...'
ဦးက ယွန်းသေတ္တာလေးကိုဖွင့်လိုက်တော့ အထဲမှာHandmadeခေါင်းစည်းကွင်းလှလှလေးတွေ။
'ဦးး...လှလိုက်တာ... ဘယ်တုန်းကဝယ်ထားတာလဲ'
'ခါးကိိုယ်တိုင်လုပ်ခဲ့တာလေးတွေလေ..'
'ဟင်!....ဦးကခုထိသိမ်းထားသေးတယ်'
ထိုစဥ် ဦးက ကလစ်လေးတစ်ခုကို ခခရဲ့ခေါင်းမှာပန်ပေးလာပြီးး
'ဒီကလစ်ကလေးက ခါးနဲ့မောင်ကားပေါ်မှာ စ တွေ့ကြတုန်းက ကားပေါ်မှာကျန်ခဲ့တာလေ.'
ဦးက ကလစ်ပန်ပေးရင်းပြောလာတော့ ခခဝမ်းနည်းလာရပြန်သည်။ဦးက အရာအားလုံးကိုအသေးအဖွဲကအစ အမှတ်တရရှိသလောက် ခခကဘာမှမသိတော့တာ ဝမ်းနည်းဖွယ်ပင်။ခခစိတ်မကောင်းဖြစ်နေတာဦးကရိပ်မိသွားတယ်ထင်သည်။ခေါင်းစည်းကြိုးနဲ့ ဆံပင်ကိုစည်းပေးပြီးတာနဲ့ ဂုတ်သားဝင်းဝင်းလေးကိုဖွဖွနမ်းပြီး ခါးကျင်ကျင်လေးကိုနောက်ကနေသိုင်းဖက်လာကာ ခခရဲ့ပုခုံးပေါ်မေးတင်ထားပြီးငြိမ်နေတော့ ခခကဦးရဲ့လက်ပေါ် ထပ်ကိုင်ထားရင်း
'စိတ်မကောင်းမဖြစ်နဲ့..မောင်အဆင်ပြေတယ်'.
ခခမျက်ရည်ဝဲရင်း ဦးရဲ့လက်သကြွယ်မှာရှိနေတဲ့လက်စွပ်လေးကိုဖွဖွထိတွေ့နေမိသည်။
'ဦးးး'
'ဗျာ'
'တောင်းပန်ပါတယ် ဘာမှမမှတ်မိတော့လို့'
'ပြန်လာပေးတာနဲ့တင်ကျေးဇူးတင်နေပြီ'
'ဦးးး'
'ဗျာ..'
'ဒီလက်စွပ်ရဲ့အဖော်လေးကို ခခကိုဘယ်တော့ပေးဝတ်မှာလဲ'
'နှစ်ဆန်း ၁ရက်နေ့ ပေးဝတ်မယ်..ခခနေမင်းလေးရဲ့မိဘတွေရှေ့မှာ ဝတ်ပေးမှာ'
'တကယ်နော်'
'တကယ်'
'ပြွတ်စ်..ဦးကို ခခ ချစ်တယ်နော်..ဖေဖေဘာပြောပြောဦးကလက်မလျှော့ရဘူးနော်..ခခက ဦးဘက်မှာ100%နော်'
'အင်းးး...ယုံတယ်'
ခခက ဦးကိုလည်ပြန်လေးမော့နမ်းတော့ ဦးက ခခကိုရှေ့ပြန်လှည့်ခွင့်မပေးတော့တဲ့အပြင် ခခ ခန္ဓာကိုယ်လေးက သခွားနုရောင်မွေ့ယာကြီးပေါ်
နောက်တစ်ကြိမ် တအိအိပြိုလဲရပြန်တော့သည်။ဦးရဲ့အိမ်ကိုမနက်စာလိုက်စားတဲ့ ခခက 
ဒီနေ့မနက်စာ စားရပါတော့မလား။
..
..
..
ကော့ကရိတ် မြို့တော်ခန်းမကြီးရဲ့မျက်နှာစာမှာတည်ရှိတဲ့ ခန့်ညားလှပစွာတည်ဆောက်ထားတဲ့ ရေကစားမဏ္ဍပ်ကြီးရဲ့ရှေ့မှာဌာနဆိုင်ရာရဲ့ တာဝန်ရှိပုဂ္ဂိုလ်များက ရေကစားမဏ္ဍပ်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးဖို့အဆင်သင့်ဖြစ်နေသလို ကပြယှဥ်ပြိုင်ဖျော်ဖြေမယ့် ယိမ်းအဖွဲ့အသီးသီးကလည်းအဆင်သင့်ဖြစ်နေပြီ။ထိုအဖွဲ့တွေထဲမှာ ခခရဲ့သမီးများအဖွဲ့လည်းပါတာမလ်ု့ ခခမှာ ကလေးတွေကို လှသည်ထက်ပိုလှအောင်တစ်ယောက်ဆီပြင်ဆင်ပေးနေရင်း..စိတ်မလှုပ်ရှားဖို့..လေ့ကျင့်ထားတဲ့အတိုင်းညီညီညာညာလေးကဖို့ ဆုရဖို့ကအဓိကမဟုတ်..ယှဥ်ပြိုင်ခြင်းသာအဓိကဖြစ်ကြောင်း ကလေးတွေစိတ်ဖိစီးမှူနည်းအောင်အားပေးစကားပြောနေစဥ် ခခရဲ့သူငယ်ချင်းမလေး သီတာက ခခနားတိုးတိုးကပ်ပြောလာသည်။
'ခခ..နင့်ရဲ့ဦး နင့်ဆီလာနေပြီ..လက်ထဲမှာရေဖလားနဲ့သပြေခက်နဲ့..နင့်ကိုရေလောင်းမလို့လားပဲ'
သီတာ့စကားကြောင့် ခခက ဦးရှိတဲ့နေရာစီလှမ်းကြည့်လိုက်တော့ ဦးက တကယ်ကြီးခခဆီကိုဦးတည်လာနေတာ။မဏ္ဍပ်ထဲမှာရှိတဲ့ ဧည့်သည်တွေ အကလာကြည့်ကြတဲ့ပရိတ်သတ်တွေအားလုံးကလည်း ဦးဘယ်သူ့ဆီလာနေတာလည်းစိတ်ဝင်တစားလိုက်ကြည့်နေကြတာ။ ဦးက ကော့ကရိတ်မှာ မသိသူမရှိတဲ့ လူတိုင်းလေးစားအားကျရတဲ့ လူချမ်းသာလူချောဆရာဝန်ကြီးဆိုတော့ အားလူံးကစိတ်ဝင်စားနေကြတာဖြစ်သည်။ ထို့ပြင် ခခနဲ့ဦးက silent တွဲနေကြတာမလို့ သီတာကလွဲပြီး ခခနဲ့ဦးရဲ့ဆက်ဆံရေးကို ဘယ်သူမှ မသိကြသေး။ပြီးတော့ မြို့နယ်အသီးသီးက ယိမ်းအဖွဲ့တွေလာပြ်ိုင်ကြတာမလို့ မဏ္ဍပ်ထဲမှာ တာဝန်ခံဆရာမကရင်မလေးလှလှလေးတွေလည်းအများကြိး။
ခုချိန်ပွဲကြည့်ပရိတ်သတ်တွေရဲ့အာရုံက သခွားနုရောင် ပိုးပဆိုးနဲ့တိုက်ပုံဝတ်ထားတဲ့ခန့်ချောကြီး ဒေါက်တာမင်းမဟော်ဆီမှာ။ ဦးရေလောင်းမယ့်သူကဘယ်သူများဖြစ်မလဲ သိချင်နေကြတဲ့အကြည့်တွေနဲ့။ ခခက​တော့ သီတာပြောတုန်းကတစ်ခါသာဦးက်ိုလှမ်းကြည့်လိုက်ပြီး ကလေးတွေကို ပိတောက်ပန်းတွေဆက်ပြီးပန်ပေးနေလိုက်သည်။ဘာလို့ဆို ဦးကဘယ်သူ့ကိုရေလာလောင်းမှာလဲဆိုတာ ခခကသိနေတာကိုးးး။ လည်တဲ့သူတွေဆို ဦးမဟော်ဘယ်သူ့ကိုရေလောင်းမှာလည်းသိချငိသိနေကြမှာ။ဘာလို့ဆို..ခခဝတ်ထားတာကလည်းဦးလိုပဲသခွားနုရောင်ဖြစ်နေလို့။မနက်က ဦးက ဦးနဲ့ခါးမဂ်လာဆောင်တုန်းကဝတ်စုံကိုဝတ်ဖို့ပြောတာကြောင့် အခုညနေမှာ နှစ်ယောက်သားဆင်တူဝတ်လာကြတာဖြစ်သည်။
ခခ ကလေးတွေကိုပဲအာရုံစိုက်ထားပေမယ့် ရင်တွေကတော့ထိန်းမရအောင်ခုန်နေပြီ။ပန်းပန်ပေးနေတဲ့လက်တွေတောင်တုန်နေလို့ သီတာက တခ်ခ်ိနဲ့ရယ်နေသေး။
'မိန်းမ မရယ်နဲ့..ငါတကယ်ရင်တွေတုန်နေတာ'
'နင်တို့တွဲတာဖြင့်ကြာနေပြီကို ရင်ကခုန်နေတုန်းပဲလား'
'မသိဘူး..ဦးဆိုတဲ့အသံကြားရင်ကို ရင်ကအလ်ိုလိုခုန်ပြီးသား'
ထိုစဥ် ခခရဲ့ပခူံးပေါ်ကိုကျရောက်လာတဲ့ သကြ်န်ရေအေးအေးလေး။
'မောင့်မေတ္တာတွေ အချစ်တွေအပြည့်ပါတဲ့ 
သကြ်န်ရေ အေးပါရဲ့လားဆရာမလေး'
ဦးက ခခကိုကြည့်ပြီးပုံမှန်အသံနဲ့ပြောနေတာကြောင့် ခခက ဘေးဘီကိုဝေ့ဝဲကြည့်မိတော့ အားလုံးကပြုံးစိစိလေးတွေနဲ့ကြည့်နေကြတာ။
'ဦး..လူတွေကြည့်နေကြတယ်လေ..'
'ကြည့်ပါစေလေ..ဘာဖြစ်လဲ..'
ဥိးက သပြေခက်ကိုရေနှစ်လိုက်ပြီး နောက်တစ်ကြိမ်ထပ်ဖျန်းနေပြန်သည်။
'ရှက်တယ်လို့..ဝိုင်းကြည့်နေကြတာလေ'
'ကြည့်ပါစေ...ဘာဖြစ်လဲ..လာ လိုက်ခဲ့..သီတာ ခဏခေါ်သွားမယ်'
'ဟုတ် ဆရာ'
ဦးက ခခ လက်ကိုဆွဲကာ ဦးတို့အတွက်နေရာပေးထားတဲ့VVIP ခုံတွေဆီခေါ်သွားပြီး တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ခခကိုတရားဝင်မိတ်ဆက်ပေးနေတော့ ခခပျော်လိုက်သည့်ဖြစ်ခြင်း။ဦးရဲ့မိတ်ဆွေတွေကလည်း ဦးကိုကွန်ကွန်တွေလုပ်ကြတော့ ဦးရဲ့မျက်နှာပေါ်ကအပြုံးကြီးက ခန့်ညားလိုက်တာ။
ထိုနေ့ညက ဦးကိုသကြ်န်သီချင်းဆိုခိုင်းပြီး ခခကို ကပေးဖို့ တောင်းဆိုလာကြတာကြောင့် အားလုံးရဲ့ဆန္ဒကိုလိုက်လျောပေးခဲ့ရသေးသည်။ယိမ်းအဖွဲ့တွေပြိုင်ပွဲမှာလည်း ခခရဲ့သမီးလေးတွေအဖွဲ့က ပထမဆုရလို့ ခခ ထခုန်မိမတတ်ပျော်လို့ဦးကခခလက်ကိုဆုပ်ကိုင်ထားပေးရသေး။
အကျနေ့မှာတော့ ဦးတို့ဆေးရုံက ဆရာဝန်တွေ..သူနာပြုလေးတွေကိုသကြ်န်လည်ဖို့ဦးက ကားတွေစီစဥ်ပေးပြီးသကြ်န်မုန့်ဖိုးတွေပေးသည်။ခခလည်းသကြ်န်လည်ချင်လို့ဦးကိုပူဆာတော့ ဦးနဲ့ခခလည်း ဆေးရုံကအဖွဲ့တွေနဲ့အတူ ဘားအံသို့ရေပက်ခံထွက်ခွင့်ရသည်။ဦးကတော့ ရေပက်ခံထွက်ရင်းအပျော်လွန်နေတဲ့ခခကိုထိန်းရသည်ပေါ့။ရေပက်ခံထွက်တဲ့နေ့မှာ ခခအပျော်ဆုံးအချ်ိန်က ရေပိုက်ကြီးနဲ့ပက်လိုက်တိုငိး ခခကိုထွေးဖက်ကာကွယ်ပေးတတ်တဲ့ဦးရဲ့ရင်ခွင်ကျယ်ကြီးထဲခိုဝင်နေရတဲ့အချိန်ပင်။ညကျတော့ ခခ အအေးပတ်ပြီးဖျားမလိုဖြစ်တာကြောင့် ဦးရဲ့အိပ်ခန်းမှာပဲလိုက်အိပ်ရင်း ချစ်ဆုံးကြီးရဲ့ရင်ခွင်နွေးနွေးကြီးထဲခိုဝင်အိပ်ခဲ့ရတဲ့သကြ်န်အကျနေ့ကလည်း မမေ့နိုင်စရာအမှတ်တရလေး။
၂၀၂၀အတာသကြ်န်ကတော့ ခခ အသက်၂၁နှစ်အတွင်းမှာ မမေ့နိုင်​တော့မယ့် ပျော်စရာအကောင်းဆုံးသကြ်န်နေ့ရက်လေးဖြစ်ခဲ့လေသည်။
တစ်ဖက်မှာအတာသကြ်န်ပွဲကို အပူအပင်မရှိပျော်ရွှင်စွာဆင်နွှဲနေတဲ့စုံတွဲတစ်တွဲရှိသလို တစ်ဖက်မှာတော့ သမီးအငယ်ဆုံးလေးက သူနဲ့အသက်သိပ်မကွာတဲ့သူငယ်ချင်းမုဆိုးဖိုဆရာဝန်တစ်ဦးနဲ့အတူယှဥ်တွဲ သီဆိုကပြနေကြတဲ့ Vedioကိုကြည့်ပြီး commentတွေလိုက်ဖတ်ရင်းသွေးတက်နေတဲ့ ဦးခွန်းစစ်နေမင်းကို ဇနီးစိမ်းရွက်ဖူးက မျက်ရည်တသွင်သွင်နဲ့ သွေးကျဆေးတိုက်နေရင်း သူမကို်ယ်တိုင်လည်းသံပုရာသီးလေးရှူလို့။ဒါတင်မကသေး fb မှာtrend ဖြစ်နေတဲ့ညီမဖြစ်သူကွေးနေအောင်ကနေတဲ့
Vedioကိုမိဘနှစ်ပါးအားပြလိုက်မိလို့ မိန်းမဆူတာခံနေရတဲ့ ကောင်လေးတစ်ဦးလည်းရှိသတဲ့။
Winterbear
14 April 23
واصل القراءة
ستعجبك أيضاً
246K 36.7K 88
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest
1.2M 63.9K 50
328K 34.6K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
302K 15.1K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...