~~ဦး~~(Completed)
Winterbear2216 tarafından
23.2K 503 13
ဦးဇာတ်လမ်းတိုများစုစည်းမှူ Daha Fazla
(၁)
(၂)
(၃)
(၄)
(၅) ဇာတ်သိမ်းပိုင်း
ခါးး (Side story 2)
ခါးး (Side Story 1)
1.6K 27 1
Winterbear2216 tarafından
၂၀၂၀ အတာသင်္ကြန်
===============
🎼မြူးကြွတဲ့တေးသံ...ပျံ့လွင့်လို့နေ...ကူးပြောင်းစတန်ခူးလေမှာ...တစ်ယောက်တစ်လှည့်မို့လှမ်းကာဖျန်းပက်ကြစဥ်...ပိတောက်ဖူးလေးတွေပန်ဆင်ထားသူရေ..ခေါင်းလေးမော့လို့..ပိတောက်ဖူးလေးတွေပန်ဆင်ထားသူရေ....🎼
ခခ မနက်စောစောထရေချိုးခေါင်းလျှော်ပြီး သနပ်ခါးသွေးနေစဥ် ဖုန်းသံမြည်လာသည်။သ
ကြ်န်ကျပြီမလို့ ဖုန်းringtoneကို သကြ်န်သီချင်းပြောင်းတတ်တာ ခခအကျင့်။
'ဟယ်လို...ချစ်ရစွာသော ခခရဲ့အသည်းတုန်းမေမေရေ'
'ဘာအသဲတုန်းလည်း..အသဲတုန်းဆိုမေမေ့ကိုအခုလိုထားခဲ့မှာမဟုတ်ဘူး'
'တာဝန်အရမလို့ပါမေမေရာ..မေမေ့သမီးလေးက နိုင်ငံ့ဝန်ထမ်းလေမေမေရဲ့'
'တော်ပါ...ပြိုင်မပြောတော့ဘူး..အခုဘာလုပ်နေလဲ'
'ရေချိုးခေါင်းလျှော်ပြီး သနပ်ခါးသွေးနေတာ'
'ခေါင်းပြောင်အောင်သုတ်နော်'
'ဟုတ်'
'ဒီနေ့ရော အကတိုက်ရအုံးမှာလား'
'ဟုတ်မေ..တိုက်ရမှာ..'
'မနက်စာတော့စားသွားနော်'
'ဟုတ်မေ..ကလေးတွေမနက်စာလာပို့ထားကြတယ်..မုန့်လုံးရေပေါ်တွေရော..ရွှေရင်အေးတွေရော..မေနဲ့ဖေရောဘုန်းကြီးကျောင်းသွားမှာလား'
'အင်းးး..သွားမှာ...ဦးခွန်းစစ်တို့ ရှိုးထုတ်နေတာမပြီးသေးလို့စောင့်နေတာ..အသက်ကဖြင့်၅၀ ကျော်ပြီ..သူကရှိုးများတုန်း..မပြောလိုက်ချင်ဘူး '
'ခ်ခ်..ဖေကအသက်၅၀ပေမယ့်နုပါသေးတယ်မေရဲ့'
'ဟုတ်ပါတယ်..သူတိူ့က ကလေးမမွေးရတော့နုနိုင်တာပေါ့..မေ့မှာသာကလေး၄ယောက်မွေးပြီးလူကအိုစာနေတာ..၄ယောက်မွေးထားတယ်သာပြောတာ..အနားမှာတစ်ယောက်မှမရှိ..ရင်နာစရာကောင်းလိုက်တာ'
'မေကလည်း..ခခ အကြတ်နေ့ပြန်လာမှာလို့..နော်..ပြီးတော့လေ...လောကကြီးမှာ.ခခနေမင်းရဲ့မာမီမားသားမာမားမေမေဒေါ်စိမ်းရွက်ဖူးကအချောဆုံးသိလား..'
'မြှောက်မနေနဲ့..ရေပက်ခံမထွက်နဲ့နော်..ဖျားမယ်..မေမေစိတ်ချမယ်..အကျနေ့ညနေကားလွှတ်လိုက်မယ်..မေမေလည်းလိုက်ရင်လိုက်လာမှာ'
'ဟာ...ရတယ်မေ့...မလွှတ်နဲ့...ကားကြုံရှိတယ်...ခခပြောထားပြီးပြီ'
'ဟင်...ဘယ်ကကားကြုံလဲ'
'မဟူရာစိန်တိုက်မေမေသိတယ်မလား'
'အင်းး..သိတယ်'
'အဲ့ဒီစိန်တိုက်ပိုင်ရှင် ဒေါက်တာမင်းမဟော်လေ..သူနဲ့ပြန်လာမှာ'
(ဦးမဟော်က မေမေ့သားမက်ဖြစ်လာမယ့်သူဆိုတာတော့ ခခမပြောရဲသေး..မဟုတ်ရင်ဒေါ်ကြီးစိမ်းရွက်ဖူးကချက်ချင်းသွေးတက်သွားမှာ)
'နေပါဦး..သမီးက ဒေါက်တာနဲ့ဘယ်လိုသိတာလဲ..ဒေါက်တာက ရန်ကုန်မှာနေတာလေ'
'ဟိုဟာလေ..ဒေါက်တာကဒီမှာပရဟိတဆေးရုံကြီးဖွင့်ထားတာလေ..ဒေါက်တာတို့ဆေးရုံကဆရာဝန်တွေက ခခတို့ကျောင်းက ကလေးတွေကိုလည်းတစ်လတစ်ခါဆေးလာစစ်ပေးကြရင်း ရင်းနှိးသွားတာမေရဲ့..ဒေါက်တာကမေတို့ကိုလည်းသိတယ်တဲ့လေ...အဲ့ကနေစကားစပ်မိသွားရင်းခင်သွားတာ'
ခခ မေ့ကိုခပ်တည်တည်နဲ့လှိမ့်နေပေမယ့် ရင်ထဲမှာတော့တဒိတ်ဒိတ်ခုန်နေပြီ။
'ဒေါက်တာကသကြ်န်ကို မပြန်ဘူးလား '
'ဒေါက်တာက ကော့ကရိတ်ရဲ့မြို့မျက်နှာဖုံးလိုဖြစ်နေတော့ ဦးကို ​ဗဟိုမဏ္ဍပ်ဖွင့်ပွဲအတွက်ဖိတ်ထားလို့ မပြန်ရသေးတာ'
'ဦးး...သမီးကဒေါက်တာ့က်ိုဦးလို့ခေါ်နေတာလား..မခေါ်ရဘူးနော်..သူ့ဂုဏ်ပုဒ်ကိုလေးစားသမှူနဲ့.ဒေါက်တာပဲခေါ်ရမယ်'
'ဟုတ်..ဒါဆို..မေအိမ်က ကားမလွှတ်နဲ့တော့နော်'
'အင်းပါ..သမီးသူငယ်ချင်းရော ပြန်လိုက်မှာမလား'
'ဟုတ်..အတူတူပြန်မှာမေ'
'ဒါဆို သမီးကြိုက်တာလေးတွေ မေချက်ထားမယ်နော်..သမီးကိုကြီးတို့လည်းအဲ့နေ့ပြန်လာကြမယ်ပြောတယ်'
'ဟုတ်မေ့..ချစ်တယ်နော်..အာဘွားအကြီးကြီးယူ'
'သမီးး..ဖေ့ကိုရော'
'ဖေ့ကိုလည်းအာဘွားအကြီးကြီးပေးတယ်..love u so much နော်'
'ဖေကလည်း အငယ်ဆုံးအချောဆုံးအဆိုးဆုံးလေးကိုlove u ပါကွာ..ဒီမိန်းမလေးကိုလည်းlove uပါကွာ..အူးးး...မွ'
'ဟာ..မောင့်..ဘယ်လိုဖြစ်'
'အဟမ်းးး..FAမကြီးကိုသနားသောအားဖြင့်မRoပြကြပါနဲ့ရှင်..တောင်းပန်ပါတယ်ရှင်..FAမကြီးဖုန်းချပါပြီရှင်..ဆက်ပြီးRoကြပါ ဦးခွန်းစစ်နဲ့ဒေါ်စိမ်းရွက်ဖူးရှင့်'
ခခစကားကြောင့်ဖေနဲ့မေက အားရပါးရရယ်နေကြရင်း ခခကို ကျန်းမာရေး ဂရုစိုက်ဖို့ပြောကာဖုန်းချသွားတော့သည်။
(ဦးနဲ့ခခ ကိစ္စ ဖေနဲ့မေကို လျှို့ဝှက်ထားမိလို့တောင်းပန်ပါတယ်..ဖေနဲ့မေသိသွားရင်ဦးနဲ့ဝေးရမှာကြောက်လို့ပါ)
မေ့ဖုန်းချပြီးသိပ်မကြာ ဦးကဖုန်းခေါ်နေပြီ။
ဟုတ်သား..ခခ ရေချ်ိုးနေကတည်းကဦးကဖုန်းခေါ်ထားတာ..ပြန်မခေါ်ရသေးခင် မေ့ဖုန်းကဝင်လာတာ။စိတ်များကောက်နေပြီလားမသိ။
'ဦးး'
'ခါး..ဘယ်သူနဲ့ပြောနေတာလဲ'
ဟင်းးး..ခေါ်ပြန်ပြီဒီနာမည်။ဦးနဲ့စတွေ့ပါပြီဆိုကတည်းက ခါးလို့ပဲခေါ်တာ ခုထိနာမည်ပြင်ပေးလို့ကိုမရ။ချစ်တော့လည်း အလိုလိုက်ရတာပါပဲ။
'မေတို့နဲ့ပြောနေတာ ဦး'
'အာ..sorry..မောင်အိမ်ရှေ့ရောက်နေပြီ..'
'ဟင်..ဟုတ်လား..ခခက ခုမှရေချိုးလို့ပြီးတာ..ခဏလေးနော်ဦးး'
'ဟုတ်ဆရာမလေး..ကားပေါ်ကပဲစောင့်မယ်'
'ဟုတ်ဦး..ချစ်တယ်'
'အဟွန်းးး..'
ခခက ချစ်တယ်ပြောတိုင်း ဦးကအခုလိုပဲ ရှက်ရယ်ရယ်သည်။မောင်ကလဲချစ်ပါတယ်လို့ပြန်ပြောတာကြားချင်လို့ကို ဘယ်တော့မှမပြောပေမယ့် ဦးရဲ့အချစ်တွေကို ခခ ခံစားလို့ရတာကြောင့်ထိုကိစ္စကိုစိတ်ဆိုးစရာကိစ္စအဖြစ်မသတ်မှတ်တော့။ဒီနေ့မနက် ဦးရဲ့အိမ်ကိုလိုက်ပြီးမနက်စာစားဖို့ပြောထားတာကြောင့်ဦးက ခခကိုလာခေါ်ခြင်း။ချစ်သူသက်တမ်း ၉လမှာ ဦးရဲ့အိမ်ကို ပထမဆုံးအကြိမ်သွားမှာ။ခခက ဦးနဲ့သူ့အရင်ဇနီးနေခဲ့တဲ့အိမ်မှာ ငှားနေနေတာမလို့ဦးက သူ့ဆေးရုံကြီးရဲ့အပေါ်ဆုံးထပ်မှာ နေနေတာ။အင်း...ပြောရမယ်ဆိုရင်..ခခက ဦးရဲ့အရင်ဇနီးဖြစ်ခဲ့ဖူးတာပေမယ့် အခုတော့ဒီအိမ်မှာ ခခတစ်ယောက်တည်း။ပတ်ဝန်းကျင်ရဲ့အမြင်တွေက်ိုဂရုစိုက်နေရတာကြောင့် ဦးနဲ့အတူတူတစ်အိမ်ထဲနေခွင့်မရသေး။ဟင်းးးးး..အဲ့ဒီပတ်ဝန်းကျင်ဆိုတာကြီးမရှိရင်ကောင်းမှာပဲ..။ခခက ဦးနဲ့အတူနေချင်ပြီ။ဒီအိမ်မှာတစ်ယောက်တည်းနေရတာ တကယ်ပျင်းဖို့ကောင်းတယ်။အတူတူငှားနေတဲ့သူငယ်ချင်းကtransferရလို့ပြောင်းသွားပေမယ့် ခခကဦးနဲ့ခွဲရမှာကြောက်လို့..ဦးနဲ့လွပ်လွပ်လပ်လပ်တွဲချင်လို့ အပြောင်းအရွှေ့မတင်ဘဲကော့ကရိတ်မှာပဲကျောက်ချနေတာ။ဒါတွေဥိးသိရဲ့သားနဲ့ခခကိုခုထိလက်ထပ်ခွင့်မတောင်းသေးဘူး။
ခခ အားလုံးပြင်လို့ဆင်လို့ပြီးတာနဲ့ ပိုက်ဆံအိတ်ယူကာ အိမ်သော့ခတ်ပြီးအပြင်ထွက်လာတော့ ကားတံခါးကိုမှီရပ်နေကာ လက်ပိုက်ထားပြီး ခခကိုပြုံးပြီးကြည့်နေတဲ့ ခခရဲ့ဦးကချောလိုက်တာ။ခဲရောင်လက်တိုကော်လည်ကတုံးအကျီနဲ့အနက်ရောင်ပိုးပဆိုးနဲ့ ဝင်းမွတ်နေတဲ့ အသားအရည်၊ရှင်းလင်းသေသပ်နေတဲ့ ဆံပင်၊ခခပေးထားတဲ့မွေးနေ့လက်ဆောင်နာရီအနက်ရောင်နဲ့..ကတ္တီပါဖိနပ်စီးထားတဲ့ခြေချောင်းဖွေးဖွေးလေးတွေနဲ့။မကြာခင် အသက်၅၀ပြည့်တော့မယ့် ဒီလူကြီးကို အသက်၂၀ကောင်လေးနဲ့​ပေးမလဲနိုင်လောက်တဲ့ထိ ဦးကို ခခအရမ်းချစ်သည်။ထို့ပြင်အရင်ဘဝရဲ့ရေစက်ကြောင့်ရော..အခုဘဝရဲ့ရေစက်
ကြောင့်ရော..ခခကိုယုံကြည်ပြီးစောင့်နေပေးခဲ့လို့ရော ဦးကိုပိုပိုပြိးချစ်ရပါသည်။မောင်လို့မခေါ်ပေးနိုင်သေးတာကလွဲရင်ပေါ့။
'ဦးး..စောင့်ရတာကြာသွားလား'
'မကြာပါဘူးဗျာ..ဒီနေ့မောင့်ခါးလေးက ပိုလှနေသလားလို့'
ဦးပြောမှ ခခကိုယ့်ဘာသာပြန်ငုံ့ကြည့်ဖြစ်သည်။ဒီနေ့ ခခက ဦးလက်ဆောင်ပေးထားတဲ့ မြန်မာရင်ဖုံးအကျီလက်ပြတ် အဝါရောင်ပေါ်မှာအညိုရောင်sportလေးတွေပါတဲ့ဝမ်းဆက်ကိုဝတ်ထားမိတာကြောင့်ဦးကလှတယ်ပြော​နေတာကိုးး။
'ခခရဲ့ ဦးပေးထားတဲ့လက်ဆောင်မလို့ပိုလှနေတာဖြစ်မယ်နော်'
'အဟွန်းးး..လာ..သွားရအောင်..ကားထဲရောက်ရင်ပေးစရာရှိတယ်..ခေါင်းလျှော်ထားတာ..ရေခြောက်ရဲ့လား..dryerမသုံးထားဘူးလား'
ဦးက ကားထဲရောက်တာနဲ့ ခခရဲ့ဖြန့်ချထားတဲ့ဆံပင်ရှည်တွေက်ိုလက်နဲ့ကိုင်ကြည့်ပြီးမေးနေတာ။
'ဟင့်အင်း..ဦးအိမ်ရောက်မှ ဦးလုပ်ပေး..ခခလက်ညောင်းလို့ '
'အဟွန်းးးးငပျင်းမလေး..ရော့..သကြ်န်လက်ဆောင်'
ဦးက ပိတောက်ပန်းခက်လေးပေးလာတော​့ ခခကမယူဘဲ..ဦးအနားကိုမျက်နှာလေးတိုးကပ်လိုက်ပြီးး
'ပန်ပေး..'
'ကလစ်ပါလား'
'ဟင့်အင်းပါဘူး..ပန်တတ်သလိုပန်ပေး'
ထိုအခါ ဦးကပြုံးဖြီးဖြီးကြီးနဲ့ ပိတောက်လေးတစ်ခက်ကိုချ်ိုးလိုက်ပြီး ခခရဲ့ ဘယ်ဘက်နားရွက်​​ကြားမှာပန်ဆင်ပေးလာပြီး သနပ်ခါးလေးတွေမှူန်ညက်နေအောင်လူးထားတဲ့ ပါးပြင်လေးက်ို ဖွဖွနမ်းတော့ခခက မျက်လုံးလေးတွေမှိတ်ထားလိုက်မိသည်။ဦးဆီကဒီလိုအနမ်းလေးရဖို့ခဲယဥ်းလွန်းလို့။
ခခက မျက်လုံးလေးမှိတ်ပေးထားတော့ ဦးကနောက်ထပ်ပါးပြင်တစ်ဖက်ကိုဖွဖွလေးထပ်နမ်းသည်။ကကြီးပုံနဖူးလေးကိုနမ်းသည်။ထို့နောက် ခခရဲ့ နှင်းဆီဖူးနှုတ်ခမ်းလေးဆီတရွေ့ရွေ့နီးကပ်လာတာကိုခံစားမိလိုက်တော့ ခခလက်သီးဆုပ်ထားရင်း ခခနှူတ်ခမ်းပေါ်ကျရောက်လာမယ့်အနမ်းတို့ကိုမျှော်လင့်နေစဥ်...
'ဒီးးးး....ဒီးးးး....ဒီးးးးး'
(ဟင်းးးး...အဖျက်တွေအဖျက်တွေ)
ခခစိတ်ထဲကနေပဲ မကျေမနပ်ရေရွတ်မိရင်း..ဦးကိုမျက်နှာလွှဲထားလိုက်တော့ ဦးက ခခလက်ကိုဆုပ်ကိုင်ထားရင်းဖုန်းပြောနေသည်။
'အေးး..သားကြီးး'
'ဖေကြီး...သကြ်န်လေးတောင်ပြန်မလာဘူးလားဗျ..သားတွေသမီးတွေကို သကြ်န်လေးတော့အချိန်ပေးအုံးလေဗျာ..ကော့ကရိတ်မှာနောက်အိမ်ထောင်များကြနေပြီလားဖေကြီး..'
ဖုန်းထဲက ဦးရဲ့သားကြီးအသံကြားတော့ ခခတိတ်တိတ်လေးရယ်မိသည်။သူ့သားတွေပြောလည်းပြောချင်စရာ..ဦးက ခခနဲ့တွေ့ပြီးကတည်းက ရန်ကုန်ကိုပြန်ကိုမပြန်တော့လို့ သူ့သားတွေသမီးတွေကလာတွေ့ရတဲ့အဖြစ်။အမှန်တိုင်းပြောရရင် ထိုကလေးလေးတွေက ခခအရင်ဘဝကမွေးပေးခဲ့တာလေးတွေ။ ဦးက သားနဲ့သမီးကို ခခနဲ့ပေးတွေ့ချင်ပေမယ့် ခခကမတွေ့ရဲသေးတာ။ဒါပေမယ့်အကြတ်နေ့ကြရင်တော့ သားနဲ့သမီးကိုခခလိုက်တွေ့ဖို့ဆုံးဖြတ်ထားပြိးပြီ။
'ပြန်လာမှာပါကွ..အကြတ်နေ့ပြန်လာမယ်..ဧည့်သည်ပါလာမယ်..'
'ဟုတ်ကဲ့ပါခင်ဗျ..ပြန်လာပေးလို့ကျေးဇူးပါကျေးဇူးရှင်ဖခင်ကြီးခင်ဗျ..မျှော်နေပါ့မယ်ဗျ' 
သားကဖုန်းထဲကနေခပ်ရွဲ့ရွဲ့ပြောလေ..ခခကအသံတ်ိတ်ကြိတ်ရယ်လေမလို့ ဦးကရှက်ပြိးဖုန်းချလိုက်တော့သည်။
'ဦးအရင်က အဲ့လိုမရှက်တတ်ပါဘူး..အခုမှဘာလို့တအားရှက်တတ်နေတာလဲ'
'အသက်အရွယ်ကြောင့်ရယ်..အသက်အရမ်းကွာနေတဲ့ကောင်မလေးတစ်ယောက်ကြောင့်လို့ထင်တာပဲ'
'ဒါဆို ဦးက ခခကိုရှက်နေတာပေါ​့..ချစ်သူတွေကိုရှက်စရာလား....ဦးကနမ်းတာတောင်ရှက်နေတာ..ခခရှက်ဖို့လည်းထားပါအုံး..ပြီးတော့ ခခကတစ်ဘဝတောင်မဟုတ်ဘူးနော်..နှစ်ဘဝချစ်သူလေးကိုရှက်ပါနဲ့လို့..ဦး..နော်...နော်...နော်'
ခခဦးရဲ့လက်တစ်ဖက်ကိုဆွဲဖက်ကာပခုံးပေါ်ခေါင်းမှီချပြီးချွဲတော့ဦးက ခခက နားထင်လေးကိုဖွဖွနမ်းရင်းကားမောင်းမပျက်။
'ဦးး..လို့...'
'ခါးကမောင့်ကို မောင်လို့မခေါ်သ၍ စိတ်ကရှက်နေသလိုခံစားရတယ်..ခခက..မောင့်ရဲ့ခါးဆိုတာသိနေပေမယ့်လည်း...စိတ်ကိုတစ်ခုခုကတားဆီးထားနေသလိုခံစားနေရတယ်..ဒါပေမယ့်တစ်ခုတော့ရှိတယ်...ခါးကိုမောင်အဆုံးရှုံးတော့မခံဘူးနော်..သကြ်န်ပြီးရင်လက်ထပ်မှာ'
'ဟုတ်..ခခကလည်း..ဦးကိုပဲလက်ထပ်မှာ..ဖေဖေတို့သဘောမတူလဲရတယ်...အမွေဖြတ်ချင်လည်းဖြတ်....ဦးကိုပဲယူမှာ...ယုံတယ်မလား'
'ယုံတယ်...ခါးဘာပြောပြောမောင်ယုံတယ်'
'ချစ်လိုက်တာနော်... ဒီဦးလေးကြီးကို ခခအရမ်းချစ်တာပဲသိလား'
ခခတကယ်ချစ်လွန်းလို့ဦးရဲ့ပါးပြင်တစ်ဖက်ကိုပြွတ်စ်ခနဲမြည်အောင်လှမ်းနမ်းတော့ အရှက်ကြီးတဲ့ဦးမျက်နှာကြီးကရဲတွတ်နေပြီ။ဆေးရုံရှေ့လည်းရောက်ပြီမလို့ ခခလက်ကိုဆွဲကာ..အပေါ်ဆုံးထပ်က ဦးနေတဲ့အခန်းဆီ ခေါ်လာခဲ့သည်။ဆေးရုံအုပ်နေတဲ့အခန်းဆိုတော့ အခန်းအပြင်အဆင်က သပ်ရပ်သန့်ရှင်းတောက်ပြောင်နေပြီး တစ်ခန်းလုံးကို ခခကြိုက်တဲ့သခွားနုရောင်လိုက်ကာတွေနဲ့အလှဆင်ထားသည်။ဧည့်ခန်းရဲ့ အလယ်တည့်တည့်မှာလဲ ဦးနဲ့ခါးတို့ရဲ့မဂ်လာဆောင်ဓာတ်ပုံအကြီးကြ်ီးကနေရာယူထားသည်။ဦးသာ ခခကိုဒီပုံမပြနိုင်ဘူးဆိုရင် ဦးပြောပြတဲ့အကြောင်းတွေ ခခယုံနိုင်မှာမဟုတ်။
'ခါး..လာ..ဆံပင်အခြောက်ခံရအောင်'
ဦးက သူ့အိပ်ခန်းထဲ ခခလက်ကိုဆွဲကာခေါ်သွားတော့ ခခရင်တွေခုန်လာတာထိန်းမရ။ဦးရဲ့အိပ်
ခနိးထဲကကုတင်ကအကြီးကြီး။စောင်၊ခေါင်းအူံး ဖက်လုံး မွှေ့ယာ တွေကအစ သခွားနုရောင်တွေ။ကုတင်ရဲ့ခေါင်းရင်းမှာလည်းမဂ်လာဓာတ်ပုံအကြီးကြီးကနေရာယူထားပြန်သည်။
ဦးက ခခက်ိုမှန်တင်ခုံရှေ့ထိုင်စေပြီး half စည်းထားတဲ့ကလစ်လေးနဲ့ သူပန်ပေးထားတဲ့ပိ​တောက်ခတ်လေးကိုကို​ဖြုတ်ချလိုက်သည်။တင်ပါးနားထိရှည်တဲ့ ခခဆံပင်တွေက်ိုခေါင်းဖီးနဲ့သေချာဖြီးပေးနေတော့ ခခက ဦးကိုမှန်ထဲကနေတဆင့်ကြည့်နေလိုက်သည်။ဦးကလေ..ကြည့်လေချောလေ။ဒီရုပ်ရည်ကအသက်၅၀ပြည့်တော့မယ်ဆိုတာယုံနိုင်စရာကိုမရှိ။ခခတို့ကျောင်းက အသက်၃၀ ကျော်ကျောင်းဆရာတွေက ဦးထက်ရင့်တယ်။ခခရဲ့ဦးကတကယ်အရွယ်တင်တာ။
ဦးက dryerယူကာ ခခရဲ့ဆံပင်တွေကိုလေမှူတ်ပေးနေတာ လုပ်နေကြအလုပ်တစ်ခုလိုမျိူး။
'ဥိးး'
'ဟင်'
'ခါးကိုရော အခုလိုမျိုး လုပ်ပေးနေကြလား'
'အင်းး.လုပ်ပေးနေကျ.'
'ဦးး'
'ဟင်...'
'ခါးနဲ့..ခခဘယ်သူ့ကိုပိုချစ်လဲ'
ခခရဲ့ကလေးဆန်တဲ့အမေးကြောင့်ဦးက ရယ်သည်။
'ခါးနဲ့ ခခ တစ်ယောက်တည်းပဲကို'
'ဦးတကယ်ပဲအဲ့လိုမှတ်ထားတာသေချာလား'
'သေချာတာပေါ့'
'ဒါဆိုဦးက ခါးနဲ့ချစ်သူဖြစ်တုန်းကလည်းအခုလိုပဲလား'
(ခခဆိုလိုချင်တဲ့အမေးကိုဦးကသဘောပေါက်သည်)
'မဟုတ်ဘူး '
'ဒါဆို ခခကိုကျတော့ရော'
'မောင်ပြောတယ်လေ..ခါးက..မောင်လို့မခေါ်သေးလို့စည်းခြားထားသလိုခံစားနေရတယ် တကယ်ပြောတာ'
ဦးရဲ့အသံခပ်အက်အက်ကြောင့် ခခရင်ထဲဆူးခနဲဖြစ်သွားလို့ခခက ချက်ချင်းဥိီးရင်ခွင်ထဲတိုးဝင်ကာ ဦးရဲ့ခါးကိုဖက်လိုက်ပြိးးး...
'မောင်....ချစ်တယ်'
ခခစကားဆုံးတာနဲ့ ဦးက ခခရဲ့မျက်နှာလေးကိုလက်နှစ်ဖက်နဲ့ပင့်မော့စေပြိး မျက်ရည်ဝေ့နေတဲ့အကြည့်တွေနဲ့ပြုံးပြီးကြည့်လာသည်။
'မောင့်ခါးကမောင့်ဆီတကယ်ပြန်ရောက်လာခဲ့ပြီပဲ...ချစ်တယ်ခါး...မောင့်ခါးကိုအရမ်းချစ်တယ်'
စကားဆုံးတာနဲ့ ခခရဲ့နှုတ်ခမ်းပေါ်သို့ကျရောက်လာတဲ့မောင့်အနမ်းနွေးနွေးတွေ။ချစ်သူသက်တမ်း၉လမှာမောင့်ဆီကပထမဆုံးရတဲ့အနမ်းနွေးနွေးတွေကို ခခ ကျေကျေနပ်နပ်ခံယူရင်းမျက်လုံးတွေမှိတ်ချလိုက်မိတော့သည်။ထို့နောက် မောင်က ခခကိုယ်လေးကိုပွေ့ချီပြီး အိပ်ယာပေါ်ချပေးလာတော့ ခခရင်တွေခုန်တာထိန်းမရတော့။ထို့နောက်......,......
TBC
Winterbear
Okumaya devam et
Bunları da Beğeneceksin
1.2M 63.5K 50
231K 6.8K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
315K 33.9K 171
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
4.8M 529K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...