Unicode
အနံ့အစင်းအလွန်ကောင်းမွန်သလို ပြင်းရှရှနှင့်လည်ချောင်းတစ်လျှောက်စီးဆင်းသွားပြီး လူကိုထုံထိုင်းမူးယစ်စေသည့် ယမကာ။
ဟိန်းစိုး အိမ်ရှေ့ကွပ်ပစ်တွင်ထိုင်ကာ အရက်ကိုဇိမ်ခံကာ အရသာရှိရှိသောက်လိုက်ပေမယ့် သူဘဝင်မကျ...ဘာလို့ဆို ဒီယမကာရည်ဟာ သူ့ကိုစိတ်ပျော်ရွှင်အောင်မစွမ်းဆောင်နိုင်...ယမကာဂမုန်း ဆိုတဲ့ လူသားယမကာနှင့်မှ သူဟာစိတ်ပျော်ရွှင်နိုင်မည်။
မျက်နှာအနှံ့ပေါက်ရောက်နေသော နှုတ်ခမ်းမွှေး၊ ပါးသိုင်းမွှေးများနှင့်ထိုလူဟာ..ချောမောသည့်ရုပ်ရည်ရူပကာရှိလှသည်။
ဒါပေမယ့် သူ့ရဲ့စိတ်ကတော့လွန်စွာမှအကျည်းတန်လှတယ်။
နာမကျန်းဖြစ်နေသည့်မုဆိုးမ မိခင်ကြီး ရှိပေမယ့် မိဘကိုမိဘနေရာမထားသည့် လူ့ငမိုက်သား..။
" သား...ဟိန်းစိုး လူလေး၊ အမေ့ကိုရေလေးခပ်တိုက်ပါလားသားရယ်.."
ဒေါ်စိန် ရေသောက်ချင်တာကြောင့် သူမ၏သားကို လေသံတိုးသဲ့သဲ့ဖြင့်ဆိုလ်ိုက်တယ်။
နာမကျန်းနေတာကြာပေမယ့် မနေ့ကသားလေး ချွတ်ကာပုံထားတဲ့ အကျီနဲ့ပုဆိုးလေးကိုသူမ ချောင်းစပ်တွင်လျှော်ပေးခဲ့တာ ကြည့်ရတာ လေစိမ်းတွေတိုက်ပြီးအဖျားကြီးနေပြီထင်ပါရဲ့..။
အိမ်တွင်လုပ်အားလည်းမရှိသည်မို့ ဒီသားလေးကိုပဲအာကိုးရမယ် ဆိုပေမယ့် သူမရဲ့သားဟာ လိမ်မာရေးခြားရှိသည့်သားလှတစ်ယောက်တော့မဟုတ်ချေ။
အာခေါင်တွေခြောက်ပြီး ရေသောက်ချင်တာကိုဖြေဖျောက်မရ၍ အိမ်ရှေ့ကွပ်ပစ်တွင်အရက်ထိုင်ကာသောက်နေသော သူမ၏သား ဟိန်းစိုးကို ရေလေးတစ်ခွက်ခပ်ခိုင်းမိပါရဲ့...သိုပေမယ့် ကြားရတဲ့စကားက အမေ့ရင်ဝထဲမီးစနဲ့ထိုးသလိုပူလောင်လှ၏။
"ကျစ်!!..ခင်ဗျားကြီးဗျာ..အပြင်မှာနေပူလို့အိမ်ထဲဇိမ်ခံပြီး အရက်ထိုင်သောက်နေတာ...ခင်ဗျားကြီးရဲ့$သံကိုကြားတာနဲ့ ကျုပ်အပြင်မှာထက်ပိုပူတယ်...သောက်ချင်ရင်ကိုယ့်ဘာသာ လာခပ်သောက် ကျုပ်မအားဘူး...အရက်သောက်နေတယ်.."
"လူလေးရယ်...အမေခေါင်းတွေကိုက်ပြီးမထနိုင်လို့ပါ...အမေ့ကိုရေလေးတစ်ခွက်ပဲခပ်တိုက်ပါသားရယ်...နောက်သားလုပ်ချင်တာအကုန်လုပ်ပါ..!!"
"ဟာကွာ!!..ခွမ်းးးးး!!"
"အမလေး...!!"
ထွက်ပေါ်လာသော ပုလင်းကွဲသံနှင့် ဒေါ်စိန်၏ အလန့်တကြားအော်သံ..။
ဟိန်းစိုး အရက်ပုလင်းကိုရိုက်ခွဲလိုက်ခြင်းကြောင့် ပုလင်းကွဲစများပြန့်ကြဲကာသွားသည်... ဒေါ်စိန်လည်း သားဖြစ်သူ၏ဒေါသတရားကြီးမားပုံများကို မြင်ပြီး လွန်စွာလန့်သွားသည်။
ရေတစ်ခွက်တောင် အမေ့ကို ခပ်မတိုက်နိုင်ဘူးလား သားရယ်။
အမေ့က သားလုပ်ထားတဲ့ပြစ်မှုအရာရာအတွက် ခွင့်လွှတ်နိုင်ပေမယ့်...မင်းကိုကံတရားကတော့ခွင့်လွှတ်မယ်လို့ အမေမထင်ဘူး...။
ဆိုးမိုက်နေတာတွေရပ်တန်းကရပ်ပါတော့ကွယ်...အမေ့ကိုပြစ်မှားရင် ငါ့သားလေးကံကြီးထိုက်မှာ အမေစိုးရိမ်မိလှတယ်။
ဒေါ်စိန်တစ်ယောက် ရင်ထဲကခံစားချက်များကိုစိတ်ထဲ၌သာပြောနေမိသည်။
အပြင်မှာ ထုတ်ပြောဖို့သူ့မမှာ ခွန်အားလုံလုံလ လမရှိ။
"ခင်ဗျားကြီး အသားမနာချင်ရင် ကျုပ်မျက်စိရှေ့ကနေထွက်သွား.. !!"
ဟိန်းစိုးသည် သူ့၏မိခင်ကိုပုလင်းကွဲဖြင့်ကိုင်ကာကြိမ်းမောင်းပြီး ပုဆိုးကိုတိုတိုပြင်ဝတ်ကာ ဘေးနားရှိထန်းရည်အိုးကို တစ်ကျိုက်တည်းမော့သောက်သည်။ (ဖြည်းဖြည်း သောက်နင်ပြီးသေနေမယ်😒)
ထိုနောက် အမြည်းဖြစ်တဲ့ပဲလှော်စေ့ကို ကိုက်ကာဝါးနေသည်။
" ဟျောင့်... ဟိန်းစိုး... ဟိန်းစိုး ရေ.."
သူ့၏ခြံထဲသို့အပြေးရောက်လာသော ရွာအရှေ့ပိုင်းက သူ့၏သောက်ဖော်တစ်ဦး..။
" ဘာလဲ..ဘာလဲ...ီးမို့လို့အော်ပြီးဝင်လာတာလား...ဟမ်...စောက်စိတ်ကအိမ်ကဘွားတော်ကြီးကြောင့်တိုနေတာနော်...မင်းဆီမြှားဦးလှည့်သွားမယ်...ပြောစမ်း ဘာလာလုပ်တာလဲ.."
"ဟို...ဟို..ချောင်းကူးတံတားမှာ ယ...ယမကာဂမုန်း ကိုတွေ့ခဲ့တယ်...သစ်မင်းမောင်နဲ့.."
"ဘာ!!"
ယမကာက ဘာလို့ သစ်မင်းမောင် နဲ့အတူရှိနေရတာလဲ။
ဒီကိစ္စကိုသူလုံးဝသည်းမခံနိုင်...ယမကာဟာ သူအတွက်ပဲဖြစ်ရမယ်..။
သောက်နေတဲ့ အရက်ပုလင်းကိုကောက်ကိုင်ပြီး ပုဆိုးကိုမကာ ချောင်းကူးတံတားဘက်သို့သူလိုက်လာသည်။
တွေ့ပါပြီ...တစ်ယောက်လက်ကိုတစ်ယောက်ကိုင်ကာ လာနေကြတဲ့သူနှစ်ယောက်။
မဟုတ်ဘူး... ယမကာဟာ ငါ့တစ်ယောက်ထဲရဲ့အပိုင်...ငါ့အပိုင်..။
!!"ယမကာ..!!"
"မင်း...!!"
ဂမုန်းသူ့ရှေ့သို့ ပုလင်းကိုကိုင်ပြီးလာရပ်သူကြောင့် နည်းနည်းတော့လန့်သွားသည်။
ဟိန်းစိုး မူးနေသည်။
သူရမ်းကားမှာ မစိုးရိမ်ပါ။
ယမကာဂမုန်းဟာလည်း သူ့လိုရမ်းကားတတ်တာကိုပြသလို့ရသည်။
တစ်ခုပဲ...မောင့်ကိုထိခိုက်မှာသူမလိုလားဘူး ...။
"မင်းကိုယ့်လမ်းကိုသွား...ဟိန်းစိုး...!!"
မောင်က ဒေါသတကြီးပြောတာကို ဟိန်းစိုးကပါးချောင်တွင်းသို့ လျှာထိုးထည့်ပြီး မထီသလိုပြုံးသည်။ထိုနောက် တံတွေးကိုဖွီခနဲ ထွေးကာ။
"သစ်မင်းမောင်... မင်းကဘာကောင်မို့ ယမကာနဲ့ငါ့ကြားကိုဝင်နေတာလဲ...ဘာလဲ...ငါယမကာကိုကြိုက်နေမှန်းသိလို့..မင်းကစနှိုက်ကြော်ပြီး လှည်းကြိုးထမ်းမလို့လား..!!"
"ဘာ!! ီးကောင်... ခွပ်..!!"
ထစ်ခနဲဆို ဒေါသထွက်လွယ်တဲ့ သောကြာသား... ဟိန်းစိုး၏ဘယ်ဘက်ပါးသို့ အားပါပါထိုးလိုက်တယ်။အငိုက်မိသွားသည်ကြောင့် ဟိန်းစိုး ဖင်ထိုင်ရက်လဲကျသွားတော့ ဂမုန်းက အနောက်ကချုပ်ပေးထားဖြစ်သည်။
"ခွပ်!!..အဲ့ဒါက ဂမုန်းပင်ကိုတဏှာမျက်လုံးတွေနဲ့ကြည့်တဲ့အတွက်..."
"ခွပ်...ဒါက လွန်ခဲ့တဲ့၂နှစ်က ကိစ္စအတွက်..!!"
"ခွပ်!!...ဒါကငါ့ကို ီးစကားတွေလာပြောနေတဲ့အတွက်.."
ဂမုန်းကချုပ်ပေးထားသည်ကြောင့် အားရသလိုသစ်မင်းမောင် ဟိန်းစိုးကိုထိုးကြိတ်နေသည်။
အားရပြီဆိုကာမှ...။
"မင်းမြဲမြဲမှတ်ထား... ဂမုန်းပင်ကပိုင်ရှင်ရှိပြီးသားမို့...ဘယ်သူမှလာမထိနဲ့ အေးးးလာထိပြီဆိုရင်လည်း ငါကခွင့်လွှတ်မှာမဟုတ်ဘူး ယမကာဂမုန်းကိုထိရင် သစ်မင်းမောင်နဲ့ငြိမယ်...!!"..
"လာ...ဂမုန်းပင် မောင်တို့ပြန်ကြမယ်..!!"
ပါးစပ်အတွင်းမှစီးကျလာသော ငံကျိကျိသွေးစများကိုထွေးထုတ်ကာ ဟိန်းစိုး မထီသလိုပြုံးသည်။
ဟက်!! ပွဲကအခုမှစမှာ ယမကာ။
"ယမကာ!! မင်းတော့ မင်းချစ်တဲ့လူတစ်ယောက်ကိုဂရုစိုက်ဖို့လိုနေပြီ..ဟားးးးးးးး!!"
"ကံကောင်းပါစေဗျာ...ကံကောင်းပါစေ... ဟားးးးး!!"
ကြားတယ် ။ဟိန်းစိုးရဲ့ ခြိမ်းခြောက်တဲ့စကားသံတွေကိုကြားတယ်။
သူပြောတဲ့ ကျုပ်ချစ်ရတဲ့သူဆိုတာ မောင်မဖြစ်ဖို့သာအရေးကြီးသည်။
ဘာလိုဆို... သူကောက်ကျစ်စဥ်းလဲတော့မယ်ဆိုတာ ကျုပ်အတတ်သိနေလို့ပဲ။
မုန်းတယ်... ဟိန်းစိုးရယ်... ငါမင်းကိုသိပ်မုန်းလှတယ်။
🍁🍁🍁🍁🍁
ဖျားနေတာ မထနိုင်ဘူး။မနေ့ကဆေးခန်းသွားလို့ စာလည်းမရေးနိုင်ဘူး...မျက်လုံးတွေစပ်နေတာ ကန်းတော့မှာလားမသိဘူး😔😔
ပင့်ကူအိမ် 🕸
Zawgyi
"ခှပျ...ဒါက လှနျခဲ့တဲ့၂နှဈက ကိစ်စအတှကျ..!!"
"ခှပျ!!...ဒါကငါ့ကို ီးစကားတှလောပွောနတေဲ့အတှကျ.."
🍁🍁🍁🍁🍁