𝔻𝕦𝕔𝕙𝕖𝕤𝕤 𝕆𝕗 𝕍𝕚𝕤𝕔�...
By choyee6
287K 26.3K 1.9K
13 Century နဲ့ လက်ရှိ Modern World အကြားက Time Travel အမျိုးအစားလေးပါ။ မှော်အတတ်ပညာတွေနဲ့ စိတ်ကူးယဉ်ဆန်ဆန် ရေ... More
Intro
Isaac Harold Kendrick
Minn Thit Kaung Yan (Kingsley)
🦋 1 🦋
🦋 2 🦋
🦋 3 🦋
🦋 4 🦋
🦋 5 🦋
🦋 6 🦋
🦋 7 🦋
🦋 8 🦋
🦋 9 🦋
🦋 10 🦋
🦋 11 🦋
🦋 12 🦋
Character Intro
🦋 13 🦋
🦋 14 🦋
🦋 15 🦋
🦋 16 🦋
🦋 17 🦋
🦋 18 🦋
ေခတၱရပ္နား (ခေတ္တရပ်နား)
နှစ်သစ်ဆုမွန်ကောင်း (နှစ်သစ်ဆုမွန်ကောင်း)
🦋 19 🦋
🦋 20 🦋
🦋 21 🦋
🦋 22 🦋
🦋 23 🦋
New Fic Announcement
🦋 24 🦋
သိစေချင်သည့်အကြောင်းအရာ
Return
🦋 25 🦋
🦋 26 🦋
သေချာပေါက်ဖတ်ပေးပါ
🦋 27 🦋
🦋 28 🦋
🦋 30 🦋
🦋 Isaac Harold Kendrick🦋
🦋 31 🦋
🦋 32 🦋
🦋 33 🦋
Announcement
🦋 34 🦋
🦋 35 🦋
🦋 36 🦋
🦋 37 🦋 (Final)
S2 & Explanation
ခဏတာ နှုတ်ဆက်စာ
S2 Announcement
Book Announcements
🦋 29 🦋
3.6K 434 10
By choyee6
"ခဏတာပါ ခမည်းတော်။ ​ကောင်းမွန်သွားပါပြီ"
"သွားနားချေဦး "
"သားတော် Kingsley နဲ့...."
"အိုင်းဆက်!!! "
"အရှင့်သား!!"
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
"ဒါပေမဲ့...အရှင့်သား"
"မဟုတ်ဘူး အရှင့်သား...."
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
"စစ်သူကြီး...."
"ဘာမှမဖြစ်ပါဘူး Land ။ ဒီကိုဘာလာလုပ်တာလဲ"
"အင်း...."
"အဲ့ဒါက......."
"............"
5200 words
Unicode
"ခမည်းတော်ကို ဂါရဝပြုပါတယ် ။ ခရီးပန်းနေရော့ပေါ့"
"ခန္ဓာကိုယ်ဘယ်လိုနေသေးသလဲ အိုင်းဆက်"
"ခဏတာပါ ခမည်းတော်။ ကောင်းမွန်သွားပါပြီ"
"အန်ချီရဲ့စစ်ကြေငြာမှုအပေါ် မင်းဘယ်လိုစဉ်းစားထားလေသလဲ"
"ပူပန်နေရော့သလားခမည်းတော်။ အန်ချီက မိုခီတာကိုမကျော်လွန်နိုင်သလို Elroy လဲ ကျွန်တော့်ကိုမယှဉ်နိုင်တာမို့လို့ ပူပန်နေစရာ မလိုအပ်ရော့ပါဘူး။"
"စိတ်တွေလေးလံနေတယ်။ အစစအရာရာ သတိကပ်၍လုပ်ဆောင်လှည့်ပါ"
"စိတ်ချလှည့်ပါခမည်းတော်"
"သွားနားချေဦး "
"ခမည်းတော်လဲအနားယူလှည့်ပါ"
ခရီးပန်းလာ၍လား၊ စစ်ရေးကိုမကြုံဆုံဖူးသေး၍ စိုးရိမ်နေသည်လားမသိ ခမည်းတော်ဧ။်မျက်နှာမှာ နွမ်းနယ်နေဧ။်။ ခန်းမဆောင်ဧ။်ပြင်ပသို့ ရောက်ရှိသွားသည့်အခါ အခြွေအရံများနှင့်အတူ အသင့်စောင့်ဆိုင်းနေသော မယ်တော်ကိုတွေ့လိုက်ရသည့်အခါ အိုင်းဆက်မှာအံ့သြစိတ်ဖြင့် နှုတ်ခမ်းများပင် ပွင့်ဟသွားရသည်။
"မယ်တော် မနက်ဝေလီဝေလင်းပဲ ရှိသေးချိန်မှာ နိုးနေရော့ပြီလား"
ထိုအခါမယ်တော်က မိမိအားအသာအယာပွေ့ဖက်ကာ ခပ်တိုးတိုးဆိုလာသည်။
"မယ်တော်မအိပ်ရသေးဘူး သားတော်"
"ဘာတွေများ ပူပန်နေရော့သလဲ"
"သားတော်နေမကောင်းဖြစ်နေတာကို မယ်တော်က ဘယ်လိုစိတ်နဲ့အိပ်ပျော်လိမ့်ပါ့မလဲ။ ပြီးတော့ အန်ချီက စစ်ကြော်ငြာသွားခဲ့တယ်ဆို"
"စစ်ရေးစစ်ရာကိစ္စကို ကျွန်တော်နဲ့ခမည်းတော်က နိုင်နင်းစွာကိုင်တွယ်မှာဖြစ်လို့ မယ်တော်အနေနဲ့ မပူပန်ရော့ပါနဲ့။ ကျွန်တော်နေမကောင်းမဖြစ်ပါဘူး အိပ်မက်ရဲ့ရိုက်ခတ်မှုကိုခံစားဖူးတာ ဒါပထမဆုံးမှမဟုတ်ရော့ပဲ"
"သားတော် Kingsley နဲ့...."
"Kingsley ပတ်သတ်ပြီး မပြောပဲနေကြလို့ မဖြစ်ရော့ဘူးလား။ မယ်တော်တို့က သူနဲ့ပတ်သတ်ပြီးတစ်မျိုးမြင်ပေမယ့် ကျွန်တော်ကတစ်မျိုးမြင်ပါတယ် အမြင်မတူညီတဲ့အပေါ်ထပ်ပြီး အမျက်မပွားများပဲ စောင့်ကြည့်ပေးလို့မရရော့ဘူးလား။ အချိန်တန်တဲ့အခါ ကံကြမ္မာက အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်"
"သားတော်က Kingsley အပေါ် ချစ်စိတ်ဝင်နေလို့ဒီလိုဖြစ်နေခဲ့တယ်ဆိုရင် မယ်တော်တို့ဘက်ကိုရော သားတော် ပြန်မကြည့်တော့ဘူးလား"
"Kingsley အပေါ် ဘာကြောင့်များဒီလောက်အထိ ကန်ကွက်နေရော့သလဲ မယ်တော်။ မျိုးတူချစ်ကြိုက်မိရင် တိုင်းပြည်ပျက်သုန်းရလိမ့်မယ်ဆိုတဲ့ ဘယ်သူမှ သေချာမသိရော့တဲ့ အဆိုအဟောတခုလောက်အတွက်နဲ့လား"
"အိုင်းဆက်!!! "
အမည်ကိုတပ်ခေါ်သည်အထိ ဖြစ်လာရသည့် မယ်တော်ဧ။်ဒေါသကို ခံစားမိလိုက်ရခြင်းကြောင့် အိုင်းဆက် အသံတိတ်နေလိုက်တော့သည်။
"အခုအထိ ဘာတွေဖြစ်ပျက်လာခဲ့သလဲဆိုတော့ မင်းမမြင်လိမ့်ဘူးလား အိုင်းဆက် ။ သူနဲ့မင်း မေတ္တာသက်ဝင်ကတည်းက မင်း ထိခိုက်မိတာတွေများလွန်းပေတယ် အခုဆိုလဲ စစ်ရေးကိစ္စဖြစ်ပွားတော့မယ် အဲ့ဒါတွေက ရှေ့ပြေးနမိတ်တွေ မဟုတ်ပေလိမ့်ဘူးလား"
"ကျွန်တော့်မှာဖြစ်ပျက်သမျှတွေက ကံတရားရဲ့စေခိုင်းမှုအရ အလိုအရ ဖြစ်လာတာတွေပါ Kingsley နဲ့မသက်ဆိုင်ရော့ပါဘူးမယ်တော်။ သတ္တဝါကြီးနဲ့တွေ့ချိန်တုန်းကလဲ သူပါဝင်တိုက်ခိုက်ပေးတယ် ။ ယမန်နေ့က Elroy လာစဉ်ကလဲ သူအစွမ်းကုန် ဟန့်တားပေးခဲ့လို့ ကျွန်တော်အချိန်ရခဲ့တာပါ ။ သူ့ကြောင့် ဒီဖြစ်ရပ်တွေဖြစ်ခဲ့တာမဟုတ်ရော့လို့ အပြစ်မပြောပါနဲ့ "
"Kingsley အပေါ် ဤမျှလောက်တောင် မေတ္တာသက်ဝင်နေရသလား အိုင်းဆက်ရယ် "
"ကျွန်တော်ရဲ့ အဆောင်အယောင်စလို့ အသက်အထိ အကုန်စွန့်လွှတ်ပြီး လဲယူနိုင်တဲ့အထိ ချစ်မြတ်နိုးပါတယ်။ Kingsley ကျွန်တော်ဖြစ်တည်လာကတည်းနေ ယခုအချိန်အထိ ကျွန်တော်လိုချင်မိတဲ့ တစ်ခုတည်းသောအရာလေးပါ ။ ဒါကို မယ်တော် နားလည်ပေးနိုင်လိမ့်မယ်ဆို သိပ်ကောင်းလိမ့်မှာပဲ"
ထိုသို့ဆိုလိုက်သည့်အခါ မယ်တော်ကပင့်သက်ရှိုက်ကာ မိမိလက်နှစ်ဖက်လုံးအား ဆုပ်ကိုင်လာသည်။ သို့သော် ဘာမှတော့မပြောလာပဲ သူဧ။်အိပ်ခန်းဆောင်ရှိရာသို့ လှည့်ထွက်သွားခဲ့ဧ။်။ မိမိသည်လည်း စိတ်ရှုပ်ထွေးစွာဖြင့် ရဲတိုက်ဝင်ပေါက်အနီးသို့ထွက်ခဲ့ပြီး အနားသို့ပြေးကပ်လာသူ Lord ထံသို့မေးလိုက်သည်။
" Kingsley သူ့အိမ်ပြန်သွားရော့သလား "
"စစ်သူကြီး တောအုပ်ကြီးထဲသွားနေတာ ပြန်မရောက်သေးပါဘူး အရှင့်သား"
အိပ်ရာနိုးချိန်တွင် Kingsley ကိုမတွေ့ရှိရခြင်းကြောင့် ရှာနေမိခဲ့ပြီး တောအုပ်ထဲသွားသည်ဟုဆိုပြန်တော့ စိုးရိမ်စိတ်ကပိုလာခဲ့ရကာ လိုက်သွားရန်ပြင်နေချိန်မှာပင်...
"အရှင့်သား!!"
ဟူ၍ လှမ်းခေါ်လာသော ခပ်မြူးမြူးအသံတစ်သံက ရဲတိုက်ဝင်ပေါက်ဆီမှ ထွက်ပေါ်လာပြီး Kingsley မှာ မြင်းပေါ်မှခပ်သော့သော့ဆင်း၍ မိမိအနားသို့ကပ်လာခဲ့သည်။ တစ်ညလုံးမအိပ်ရသေး၍ ရဲတွတ်နေသည့်မျက်လုံးများ၊ နွမ်းဖက်နေသည့် မျက်နှာနှင့်ဆန့်ကျင်စွာ မိမိထံပြုံးပြနေခဲ့ဧ။်။
"အရှင့်သား အိပ်ရာအစောကြီးနိုးနေတာပဲ ။ အများကြီးသက်သာနေပြီဟုတ် "
"ဘာမှမဖြစ်တော့ဘူး ။ ငါ နိုးလာတော့ မင်းရှိမနေရော့ပါလား Kingsley "
"ကျွန်တော်မျိုးက ခဏလေးအပြင်သွားနေခဲ့တာ။ အရှင့်သားကို ပြောပြစရာရှိနေတယ် လာ ကျွန်တော်မျိုးနဲ့လိုက်ခဲ့ချေ..."
ရဲတိုက်အဝင်ဝပေမို့ ရဲမက်များနှင့် ဖြတ်သန်းသွားလာနေကြသည့် ပြည်သူပြည်သူတစ်ချို့ရှိနေခြင်းကို သတိလက်လွတ်ဖြစ်နေဟန်တူသည့် Kingsley မှာ ပထမစကားတစ်ခွန်းကို မိမိမျက်နှာနှင့်ပါးပြင်တစ်လျှောက် ပွတ်သပ်မေးနေခဲ့ပြီး ဒုတိယစကားနောက်မှာလဲ လက်တစ်ဖက်မှနေ ဆွဲခေါ်နေခြင်းကြောင့် အိုင်းဆက် မျက်ခုံးများပင်ပင့်တက်သွားရသလို ရဲမက်များနှင့်ပြည်သားတစ်ချို့မှာလဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကုန်ကြသည်။
အိုင်းဆက် မျက်ခုံးပင့်ရခြင်းက Kingsley ဧ။်ပေါ့ပါးသွက်လက်သည့်ဟန်ပန်ကို သဘောတကျရှိခြင်းကြောင့် ဖြစ်သော်ငြား ကျန်သူများဧ။်အကြည့်များကတော့ မေးခွန်းထုတ်နေကြသည့် အကြည့်များပင်ဖြစ်သည်။ အကြောင်းကား စစ်သူကြီးတစ်ယောက်အနေဖြင့် မိမိကဲ့သို့ တော်ဝင်မင်းသားတစ်ပါးအပေါ် မိတ်ဆွေတစ်ယောက်ကဲ့သို့ ပြုမူနေပြီး တနည်းအားဖြင့်လည်း မျိုးတူအချင်းချင်း အသားထိတွေ့မှုကိုပါ တရင်းတနှီး ထိတွေ့ကိုင်တွယ်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
ဂူကြီးထဲမှရှာတွေ့လာသည့် ထူးခြားချက်ကို အရှင့်သားထံပြောပြဖို့စိတ်စောနေမှုကြောင့် မြင်းကိုဒုန်းဆိုင်းစီးကာ ရဲတိုက်ရှိရာသို့ ကောင်းယံအပြေးပြန်လာခဲ့သည်။ မနက်လင်းစပြုနေချိန်သာ ရှိသေး၍ အရှင့်သားမနိုးလောက်သေးဘူးဟု ယူဆခဲ့သော်ငြား ရဲတိုက်အဝင်ဝ၌ Lord နှင့်စကားပြောနေသည်ကို တွေ့လိုက်ရသည့်နောက် ဝမ်းသာစိတ်ကအတိုင်းအဆမရှိ။ အဘယ်ကြောင့်ဆိုသော် နက်ပြာရောင်ပိုးဖဲသားဝတ်ရုံနှင့် လေဝှေ့လိုက်တိုင်း ရွေ့လျားနေသည့် ရွှေအိုရောင်ဆံနွယ်များနှင့် လိုက်ဖက်နေသည့် ကြည်လင်နေသော မျက်နှာသွင်ပြင်ကြောင့်ပင်။
အပြေးသွားခဲ့ကာ သတိလက်လွတ်ဖြင့် အရှင့်သားအားလက်လွတ်စပယ် ကိုင်တွယ်ဆွဲခေါ်ခဲ့ပြီးမှ ကြောင်အမ်းနေသည့်အရှင့်သားဧ။် သွင်ပြင်နှင့်အတူ မသိမသာစောင်းငဲ့ကြည့်နေကြသည့် ရဲမက်များအပါအဝင် ဖြတ်သွားနေကြသည့်အရပ်သားတွေဧ။် တီးတိုးအကြည့်၊အသံများကို သတိပြုမိပါမှ မိမိလုပ်ရပ်ကိုပြန်သတိပြုမိကာ လက်ကိုအသာလွှတ်လိုက်ရဧ။်။ ထို့နောက်ကိုယ့်ကိုရို့လိုက်ကာ နောက်သို့ခြေလှမ်းဆုတ်၍ အရှင့်သားထံသို့် ဦးညွှတ်လိုက်ကာ...
"စိုးရွံမိပါတယ်အရှင့်သား။ ကျွန်တော်မျိုးရဲ့ အပြုအမူ..."
စကားပင်မဆုံးလိုက်ရ အရှင့်သားမှာ မိမိလက်ဖဝါးကို ခပ်တင်းတင်းဆုပ်ကိုင်လာခဲ့ဧ။်။ ထိုအခိုက်အတန့်တွင် တစ်ကိုယ်လုံးဖျဉ်းခနဲဖြစ်လာခဲ့ရပြီး လူအများရှေ့မှာ မိမိအပေါ်အရေးပေးမှုအပေါ် ကျေနပ်မိသော်လည်း မျက်လုံးပေါင်းများစွာရှေ့မှာတော့ မင်းသားဧ။်အပြုအမူမှာ ချစ်သူရည်းစားများသဖွယ်သို့ သက်ရောက်စေခြင်းကြောင့် စိုးရိမ်ပူပန်သွာ ရုန်းထွက်ရန်ပြင်တော့ လွှတ်မပေးလာခဲ့ပေ။
"သတိထားပြုမူပါအရှင့်သား။ လူတွေအများကြီးရှိနေပါတယ်"
"အနှေးနဲ့အမြန် သိသွားကြမယ့်အရေးမှာ ဘာကြောင့်ကွယ်ဝှက်ထားရော့မလဲ Kingsley ။ မင်းက ငါ့ရဲ့ကြင်ယာတော် အလောင်းအလျာဆိုတာကို တဖြည်းဖြည်းနဲ့ငါထုတ်ဖော်ပြသတော့မှာမို့ မမှုလိုရော့ဘူး"
"ဒါပေမဲ့...အရှင့်သား"
"ငါ့ရဲ့ချစ်မေတ္တာကိုယုံကြည်ပြီး ငါ့မျက်နှာကိုပဲကြည့်ပြီး နေလှည့်ပါကောင်းယံ မင်းကိုအစွမ်းကုန် ငါကာကွယ်ပေးရော့မှာမို့ ။ ယနေ့ ငါတို့အပြုအမူကြောင့် ရိုက်ခတ်လာမယ့် ဘယ်လိုအရာမျိုးကနေမဆို အတူတူဖြတ်ကျော်နိုင်ဖို့ မင်းထံရောက်ရှိလာသမျှကို မျက်ကွယ်ပြု ငါ့ကိုပဲကြည့်နေပေးပြီး ငါ့အတွက်ကလဲ ငါ့နံဘေးမှာမင်းရှိဖို့ပဲ လိုရော့တယ်"
ခပ်ကြိတ်ကြိတ်ဖြင့် ပြောနေရာက အရှင့်သားဧ။်နောက်ဆုံးစကား တစ်ခွန်းအနောက်မှာတော့ ကောင်းယံငြိမ်ကျသွားရပြီး အရှင့်သားနှင့်မျက်လုံးခြင်းဆုံ၍ အတန်ကြာကြည့်နေမိကြသည်။ ရွှေရောင်မျက်ဝန်းတွေမှတစ်ဆင့်  တစ်လောကလုံးကို အပိုင်စားရသွားသည့်နှယ် ခံစားလိုက်ရပြီး ဘာမှပြန်မပြောလိုတော့ ဘယ်အရာတွေလာလာ ရင်ဆိုင်သွားလိုပြီမို့ မိမိလက်ကိုဆုပ်ကိုင်ထားသည့် အရှင့်သားလက်ကို ပြန်ဆုပ်ကိုင်၍ မြင်းဖြူကြီးထားရှိရာ မြင်းဇောင်းဘက်သို့ ထွက်လာခဲ့ကြတော့သည်။
"ကျွန်တော်မျိုး ဂူထဲရောက်ခဲ့ပြီ အရှင့်သား၊ ဘာတွေ့ခဲ့တယ်ထင်လဲ"
မြင်းဇောင်းရောက်သည်နှင့် မဆိုင်းမတွပြောလာသည့် Kingsley ။ ဘာတွေ့ခဲ့သလဲဆိုတာထက် ဂူထဲရောက်ခဲ့သည်ဟူသော စကားအပေါ် အိုင်းဆက် ပို၍ စိတ်ဝင်စားမှုမြင့်တက်သွားရဧ။်။
"ကျောက်တံခါးကြီးကို ဘယ်လိုဖြတ်ကျော်ခဲ့ရော့သလဲ"
"ဒီတိုင်းလေး တွန်းဖွင့်ရုံနဲ့ပွင့်သွားခဲ့တာပဲ အရှင့်သား"
"အားထုတ်ဖို့တောင် မလိုခဲ့ရော့ဘူးတဲ့လား"
"အဲ့ဒါခဏထားပါ။ အထဲမှာ ကျွန်တော်မျိုး မာတန်ဘုရင်ကြီးကိုတွေ့ခဲ့တယ်"
"မာတန်ဘုရင်....မာတန်ဘုရင်ကြီးက ပျောက်ကွယ်သွားခဲ့ပြီလေ Kingsley ။ နတ်မြင်းပျံကိုခေါ်ခဲ့မှုအတွက် သူအဖိုးအခပေးလိုက်ရရော့တယ်...."
"မဟုတ်ဘူး အရှင့်သား...."
"မှတ်တမ်းကမမှားနိုင်ရော့ဘူး ။ ငါ့ရဲ့ဖခမည်းတော်ကိုယ်တိုင်...."
"မာတန်ဘုရင်ကြီးက နတ်မြင်းပျံကြီးပဲ အရှင့်သား"
မိမိစကားကိုဖြတ်၍ ပြောလာသည့် Kingsley ဧ။် စကားလုံးသည် ရှေ့ဆက်ပြောတော့မည့် စကားအားလုံးကိုဝပ်သွားစေခဲ့ဧ။်။ မာတန်ဘုရင်ကြီးက နတ်မြင်းပျံကြီးဖြစ်နေခဲ့တယ်ဟု ဆိုနေပါလား။
"အရှင့်သား ယုံကြည်ဖို့ခက်ခဲနေတယ်မဟုတ်လား။ ကျွန်တော်မျိုးတို့ အဲ့ဒီကိုတစ်ခေါက်သွားပြီး လက်တွေ့ပြပါ့မယ်။ သွားကြရအောင်..."
"မင်းရဲ့မျက်လုံးတွေ ရဲတွတ်နေရော့တယ် Kingsley ။ အနားယူပြီးမှ သွားကြလဲ နောက်မကျရော့ပါဘူး။ အနားယူလိုက်ပါ..."
"ကျွန်တော်မျိုးအဆင်ပြေတယ်"
"ငါ အဆင်မပြေရော့ဘူး။ ယမန့်နေ့ညကတည်းက တစ်ချက်ကလေးတောင် မအိပ်ရသေးပေဘူးမဟုတ်လား။ သွားအနားယူလိုက်ပါ ရန်သူနဲ့ တိုက်ခိုက်နိုင်ဖို့အတွက် ငါအပါအဝင်အကုန်လုံးက စိတ်ရောကိုယ်ပါ ကြည်လင်ကျန်းမာနေရမယ်"
"ဒါဆို ကျွန်တော်မျိုး နေ့လည်ကျရင်ပြန်လာပါ့မယ်"
တကယ်လဲအရမ်းပင်ပန်းနေခြင်းကြောင့် ကောင်းယံ ထပ်အတွန့်မတက်တော့ အိမ်ရှိရာသို့ပြန်ပြေးလာခဲ့ကာ ထိုးအိပ်လိုက်တော့သည်။
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
"အရှင့်သားကို ကျွနု်ပ်စောင့်ဆိုင်းနေတာ ကြာခဲ့ပါပြီ။ ကံကြမ္မာဆိုးကြီး ဖြစ်ပေါ်မလာသေးခင် အကျွနု်ပ်ကိုတွေ့အောင်ရှာပါ။ ဖြစ်ပေါ်လာခဲ့ပြီးရင်တော့ အဲ့ဒီ ကံကြမ္မာဆိုးကြီးကို နတ်ဘုရားတို့စောင့်ရှောက်ခြင်းခံရတဲ့ မင်းသားတစ်ပါးနဲ့ သူဧ။်ထူးခြားတဲ့ အပါးတော်မြဲတို့ကသာ ဟန့်တားနှိမ်နှင်းနိုင်မှာပါ။ တောတောင်တွေထဲမှာ ကျွန်ုပ်ရှိနေပါတယ် အရှင့်သား"
အသံတစ်သံက နားထဲသို့ဝင်ရောက်လာပြီး အလင်းရောင်ပြပြသာရှိနေသည့် ဂူပုံစံနေရာတခု ထိုဂူသည် မိမိသွားရောက်ခဲ့သည့်ဂူပင်ဖြစ်ကြောင်း ကောင်းယံသတိပြုမိသည်။ ဘယ်ကဘယ်လို ဂူရှိရာပြန်ရောက်နေသလဲဟု မစဉ်းစားနိုင် ကျောက်ရုပ်တုကဲ့သို့ အသွင်သဏ္ဍန်ရှိ အရာဝထ္ထုတခုကို တွေ့လိုက်ရပြီး ထိုရုပ်တူသည် နတ်မြင်းပျံကြီးဧ။် ရုပ်တုဖြစ်ပြီး ဝိုးတဝါးပုံရိပ်ကဲ့သို့ ရွှေရောင်ဖိတ်ဖိတ်တောက်နေသော ခန့်ညားလှသည့် ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားသူ လူတစ်ယောက်ကပါ မြင်ကွင်းထဲရောက်လာသည်။ ထိုလူမှာ မာတန်ဘုရင်ကြီးပင် ဖြစ်နိုင်ပြီး ရုပ်ဝထ္ထုမရှိ အငွေ့အရိပ်သဏ္ဍန်ဖြင့်သာ မြင်ရချေသည်။ ထိုအရာအားလုံးဧ။်ရှေ့တွင်တော့ မင်းသားအိုင်းဆက်ကိုမြင်နေရပြီး လက်ထဲတွင် မြားတစ်စင်းကဲ့သို့သော အရာတစ်ခုကို ကိုင်ဆောင်ထားသည်။
မင်းသားအိုင်းဆက်ဧ။်သွင်ပြင်မှာ အရာတခုခုကိုဆုံးရှုံးလိုက်ရတော့မည့်နှယ် ကြေကွဲနေခဲ့ပြီး မလုပ်လိုက်ဖို့ကိုတားမြစ်နေခဲ့ဧ။်။ ဘယ်သူထံတားမြစ်နေသည်ကို မမြင်ရ၍ အားစိုက်ကြည့်လိုက်သည့်အခါ မင်းသားအိုင်းဆက်ဧ။။ရှေ့တွင် ရှိနေသူမှာ မိမိပင်ဖြစ်ပြီး လက်ထဲတွင် တစ်စုံတရာကို ဖမ်းဆုပ်ထား၍ ပါးပြင်ပေါ်မျက်ရည်စက်တို့က ခိုဆင်းကျလို့နေခဲ့သည်။ သို့သော်မျက်လုံးများကတော့ မျက်နှာအမူအရာနဲ့ကွဲပြားစွာ ဆုံးဖြတ်လိုက်သော တခုခုအတွက် ကျေနပ်သောအသွင်ကိုဆောင်ပြီး နှုတ်ခမ်းများမှာကော့ညွှတ်နေအောင်ကို ပြုံးလို့နေဧ။်။
"မလုပ်နဲ့ ကောင်းယံ။ မလုပ်လိုက်ပါနဲ့ ငါ့နှလုံးသားတွေကွဲကြေနေရော့ပြီ..."
ထိုစကားတစ်ခွန်းကိုသာ ထပ်ခါတလဲလဲရွတ်နေသည့် မင်းသားအိုင်းဆက်က နှုတ်မှတားမြစ်နေသော်ငြား လူကိုယ်တိုင်ကတော့ မလှုပ်နိုင်အောင်ကို ဝေဒနာခံစားနေရဟန်ပေမို့ မိမိကိုထဆွဲဖို့ရာ မစွမ်းသာသည့်ဟန်။
"စစ်သူကြီး...."
ပခုံးဆီသို့လက်တစ်ဖက်ရောက်လာကာ အသာလှုပ်နှိုး၍ ခေါ်လာသည့် အသံတစ်သံကြောင့် အသိတရားပြန်ကပ်လာချိန်မှာတော့ မိမိသည်ဂူထဲမှာမဟုတ်၊ နေအိမ်ဧ။်အိပ်ရာပေါ်တွင်သာ အိပ်လျက်ရှိနေဧ။။် အိပ်မက်....ထိုအိမ်မက်သည် မင်းသားအိုင်းဆက်ပြောပြသည့် သူဧ။်အိပ်မက်ဖြစ်ပြီး မိမိက ထိုအိပ်မက်ထဲ ဘာကြောင့်များ ပါဝင်နေခဲ့သနည်း။ ဘာတွေဖြစ်လို့ ဘာတွေလုပ်ဖို့ကြံရွယ်ပြီး ဘယ်အရာကိုတားမြစ်နေခဲ့ကြသည်လဲ ငါ ပြန်ရတော့မှာလား။ ထိုသို့တွေးလိုက်ယုံဖြင့် မိမိချစ်ရသူ အရှင့်သားဧ။် မျက်ရည်စက်လက်ဖြင့် နှလုံးသား ကွဲကြေနေသည့်သွင်ပြင်ကို ပြန်မြင်ယောင်ကာ ရင်ထဲအောင့်တက်လာရဧ။်။
"စစ်သူကြီး အိပ်မက်ကအရမ်းဆိုးပုံရတယ်။ အဆင်ပြေရဲ့လား"
မိမိထံမှအသံမကြား၍ထင့် Land ကထပ်ပြောလာပြီး ထိုတော့မှ မျက်နှာပေါ်စိုစွတ်လျက်ရှိသေးသည့် မျက်ရည်စီးကြောင်းနှစ်ခုကို ကိုင်တွယ်မိသွားသည့်တခဏ...
"ငါ....ငါငိုနေခဲ့တာလား အပြင်မှာတကယ်ငိုမိနေခဲ့တာလား..."
"စစ်သူကြီး တကယ်ပဲအဆင်ပြေပါရဲ့လား"
"ဘာမှမဖြစ်ပါဘူး Land ။ ဒီကိုဘာလာလုပ်တာလဲ"
"ကျွန်တော်ပြောသင့်လား မပြောသင့်လားနဲ့ချိန်ဆနေခဲ့တာ အတော်ကြာခဲ့ပါပြီ။ တိုင်းသူပြည်သားတွေကြားထဲမှာ သတင်းစကားတခု ပျံ့နှံ့လာနေတယ်"
"အင်း...."
"အရှင့်သားက သူ့အစောင့်အရှောက်ကို မေတ္တာသက်ဝင်နေပြီး မသင့်လျော်တဲ့ အပြုအမူတွေ လုပ်နေခဲ့ကြောင်းနဲ့ အမှန်တကယ်သာဆိုရင် အရှင့်သားကြောင့် တိုင်းပြည်ပျက်သုန်းရမယ်ဆိုတဲ့အကြောင်းက တိုင်းသူပြည်သားတွေကြားမှာပျံ့နှံ့နေပါတယ် စစ်သူကြီး"
တစ်ချိန်ကျရင် ဒီလိုကြားရလိမ့်မည်ဆိုတာကို သိနှင့်သော်ငြား တကယ်တမ်းကြားရသည့်အခါ မျက်နှာပူသလိုလို၊စိုးရိမ်သလိုလိုဖြင့် လူကဒိန်းခနဲဖြစ်လာရဧ။်။
"ဒီအတိုင်း ထင်ကြေးပေးပြောနေကြတာနေမှာပါ Land ။ တစ်ခြားတိုင်းပြည်က စစ်ကြေငြာထားတဲ့အချိန် ဒါမျိုးတွေမပျံ့နှံ့စေချင်ဘူး"
"ကျွန်တော်လဲ အဲ့ဒီလိုပဲထင်လို့စပျံ့နှံ့ကတည်းက မပြောဖြစ်ခဲ့ပဲနေခဲ့တာပါ။ ဒါပေမဲ့ အန်ချီကစစ်ကြေငြာသွားတော့ တိုင်းသူပြည်သားတွေက သူတို့ထင်တာမှန်လာပြီ။ အခုဆိုပျက်သုန်းရတော့မယ်ဆိုတာတွေ ပိုပြောလာကြသလို မနက်က ရဲတိုက်အဝင်ဝမှာ အရှင့်သားနဲ့စစ်သူကြီးရဲ့ ပုံစံကိုမြင်သွားကြတော့ ပိုပိုပြီးဆိုးလာနေပါတယ် "
"မသင့်လျော်တဲ့ အပြုအမူတွေ လုပ်နေခဲ့တယ်ဆိုတာ ဘာကိုပြောတာလဲ Land"
"အဲ့ဒါက......."
"ပြော Land ဘာမှမဖြစ်ဘူး"
"အရှင့်သားနဲ့စစ်သူကြီးကို ကင်းထောက်ပြန်လာတဲ့နေ့က မိုခီတာပြန်မရောက်ခင် ရေကန်တစ်ခုမှာ ကိုယ်လက်နှီးနှောနေကြတာကို မြင်ခဲ့တယ်လို့ လူတစ်ယောက်ကပြောပါတယ်"
မေးတုန်းကမေးပြီး အဖြေရလာတော့ မျက်နှာကိုရေခဲရေဖြင့်အပက်ခံလိုက်ရသည့်နှယ် အေးစက်တက်လာကာ ရုတ်တရက် ဘာပြောရမလဲတောင်မသိပေ။ စကားဆိုသည်မှာ ကားတတ်သည်ဆိုသည့်အတိုင်း မိမိကြားဘာမှမဖြစ်ခဲ့ပါပဲ သတင်းကတော့ထွက်သွားရဧ။်။
"ငါနဲ့အရှင့်သားကြား မေတ္တာသက်ဝင်တယ်ဆိုတာဟုတ်တယ်။ ဒါပေမဲ့ အဲ့ဒီနေ့က ငါတို့ဘာမှမလုပ်ခဲ့ပါဘူး။ ပြီးတော့ အရှင့်သားက တိုင်းပြည်အပေါ် ဘယ်လောက်တောင် ချစ်မြတ်နိုးတယ်ဆိုတာ မင်းတို့သိမှာပါ။ မနေ့ညက သတိလည်ကာစဖြစ်နေတာတောင် သူ့တိုင်းပြည်အပေါ် ကျရောက်လာမယ့် အန္တာရယ်ကို မြို့ရိုးပေါ်ကနေ လာကာကွယ်သွားခဲ့တယ်။ အရှင့်သားလိုလူမျိုးကို သူ့ကြောင့်တိုင်းပြည်ပျက်တော့မှာ ဆိုတဲ့စကားကြီးက"
"ကျွန်တော်က နားလည်ပေးနိုင်ပါတယ် စစ်သူကြီး။ ဒါပေမဲ့တိုင်းသူပြည်သားတွေနဲ့ အရှင့်သားကို ခစားနေတဲ့ ရဲမက်စစ်သည်တော်တွေ အနေနဲ့ကတော့....ပြောရခက်ပါတယ်"
"အားလုံးက သူ့အပေါ်ကိုပစ်ပယ်မယ်ဆို အရှင့်သားက သိပ်သနားဖို့ကောင်းမှာပဲ"
"............"
"အရှင့်သား ဒါကိုသိပြီးပြီလား"
"Lord ပြောပြနေလောက်ပါပြီ စစ်သူကြီး"
"အင်း....ငါနဲ့အရှင့်သား သွားစရာနေရာရှိသေးတယ်။"
ထူးဆန်းစွာမက်သည့် အိပ်မက်တစ်ခုရယ်၊ ယခုဖြစ်ရပ်ရယ်ပေါင်းကာ စိတ်ရောကိုယ်ပါလေးလံလာပြီး ခြေလှမ်းတွေမှာ ရဲတိုက်ရှိရာသို့ရောက်ရှိဖို့တောင် မနည်းသယ်ယူနေရတော့သည်။ မကြာခင်မှာ ကြုံတွေ့ရတော့မယ့်အရာတွေက မိမိတို့တွက်ဆထားသည်ထက် ပြင်းထန်နေလိမ့်မှာလား။
ဒါဆိုရင် အရှင့်သားနဲ့ငါကရော ကျော်ဖြတ်နိုင်လိမ့်မှာလား။ ကျော်ဖြတ်နိုင်ပြီးရင်ရော ငါကနေထိုင်ရာအရပ်ဆီသို့ ပြန်လွင့်ရတော့မယ့် လူတစ်ယောက်ပေလား။ ပြန်လွင့်ခဲ့ပြီးရင် အရှင့်သားက ဘယ်လိုမျိုးကျန်ရစ်ခဲ့မှာလဲ၊မိမိကတော့ တစ်ဖက်ခြမ်းမှာ အရင်တုန်းကလို အသက်ရှင် နေထိုင်နိုင်မှာမဟုတ်တော့ပေ။ အရာရာက ဘယ်ရှုထောင့်မှကြည့်ကြည့် အဆိုးဘက်သို့သာ ဦးတည်လို့နေသည်။
(AN - ဒီတခါတော့နည်းနည်းကြာနေခဲ့တာ ကဘလ ကိစ္စကိုကြည့်ပြီး စာပါမရေးနိုင်ခဲ့လို့ပါ။ DOV က လေးငါးပိုင်းလောက်ဆို ဇတ်သိမ်းနိုင်ပါတယ်)
5200 words
Continue Reading
You'll Also Like
112K 228 86
Erotic shots
60.8M 2.9M 83
[IN BOOKSTORES AND KINDLE UNLIMITED NOW!] What if you were matched with the original love god? --- When Lila goes to the Cupids Matchmaking Service i...
907K 30.9K 110
When Grace returns home from college, it doesn't go like she thought it would. With her past still haunting her everyday choices, she discovers a sid...
256K 10.1K 32
""SIT THERE AND TAKE IT LIKE A GOOD GIRL"" YOU,DIRTY,DIRTY GIRL ,I WAS TALKING ABOUT THE BOOK🌝🌚