"ခင်ဗျားကို ဒီဗမာဆေးတွေမသောက်ဖို့ ပြောထားတာ ဘယ်နှစ်ခါရှိပြီလဲ ဒီလိုသာဆက်လုပ်နေမယ်ဆိုရင် ကျွန်တော် မကုတော့ဘူး ဆေးရုံဆင်းလိုက်တော့ "
ဖျားနာဆောင်ဘက်အရောက်မှာပင် ကြားလိုက်ရသည့် အရုဏ်ဦး၏လေသံခပ်မာမာကြောင့် သူ့မျက်ခုံးတွေ တစ်ချက်ပင့်တက်သွားရသည်။ စိတ်ရှည်နူးညံ့ပါသည့် ဒေါက်တာ အရုဏ်ဦး ကိုတောင် ဒေါသထွက်စေသည်ဆိုမှတော့ ထိုလူနာဟာ အတော့်ကို ပြောစကားနားမထောင်သည့် သူသာ ဖြစ်ပေမည်။ တံခါးဝမှာရပ်ရင်း ward ထဲကို လှမ်းကြည့်လိုက်တော့ အဆူခံရသည့် လူနာမှာ ခေါင်းငိုက်စိုက်ကျနေခဲ့သည်။ အနောက်ကလိုက်နေသည့် လက်ထောက်ဆရာဝန်နှင့် ဆရာမလေးများမှာ အရုဏ်ဦးရဲ့ ဒေါသကြောင့် လန့်နေကြသည့် ပုံပင်။
ဆေးမှတ်တမ်းတွေကို လက်ထဲကိုင်ကာကြည့်ရင်း တင်းမာနေသည့်မျက်နှာထားနှင့် သမားတော်ကို ကြည့်ရင်း ပြုံးမိသူမှာ သူတစ်ယောက်သာရှိပေမည်။ အရုဏ်ဦးရဲ့ စိတ်ကိုသိနေသော သူ့အတွက်တော့ ယခုပုံစံမှာ ထိုလူနာအတွက် အကောင်းဆုံးကုသပေးနိုင်မည့်နည်းလမ်းကိုတွေးတောနေသည့် အရုဏ်ဦးရဲ့ မျက်နှာထားမှန်း သိနေပြီးသားပင်။
စိတ်ကိုလျှော့လိုက်သော အရုဏ်ဦးဟာ ထိုလူနာ အမျိုးသားကြီးအား ရှမ်းဘာသာစကားဖြင့် စိတ်ရှည်လက်ရှည်ရှင်းပြနေလေတော့သည်။ လူနာမှာလည်း ခေါင်းတငြိမ့်ငြိမ့်နဲ့ သာ နားထောင်ရတော့သည်။ရှမ်းစကားကို တစ်လုံးတစ်လေသာ နားလည်သည့် သူ့အတွက်တော့ ဘာတွေပြောနေမှန်းတော့မသိနိုင်ခဲ့။ ၁၅မိနစ်ခန့် ဆက်တိုက်ပြောနေခဲ့ပြီးမှ တံခါးဝမှာရပ်နေသည့် သူ့ကို လှမ်းမြင်သည်။
" ဆရာမိုးသောက် ကျွန်တော့်အခန်းထဲဝင်ပြီး စောင့်နေလို့ရပါတယ် "
"အင်း အင်း ဟုတ်ပြီ "
ခွင့်ပြုချက်ရလေမှတော့ အရုဏ်ဦးရဲ့ရုံးခန်းအတွင်း စပ်စုလိုစိတ်နဲ့ဝင်ခဲ့တော့သည်။ သန့်ရှင်းသပ်ရပ်နေသည့် အခန်းငယ်ဟာ စာအုပ်အများစုသာ နေရာယူထားပေသည်။ စားပွဲပေါ်တွင်မူ ဖတ်လက်စ စာအုပ်တစ်အုပ်ကို တင်ထားပေသည်။ နံရံကပ်ဗီရိုပေါ်ရှိ အစီအရီတင်ထားသော စာအုပ်တွေကို လျှောက်ကြည့်မိရင်း ထောင့်တစ်နေရာတွင် ဖျတ်ကနဲမြင်လိုက်ရသည့် အရာကြောင့် သူ့မျက်နှာထက်တွင် အပြုံးတစ်ခုဖြစ်တည်လာရပြန်သည်။
အညိုရောင် ကော်ဖီထုပ်သုံးလေးထုပ်ဟာ စာအုပ်စင်ထောင့်မှာ ပုန်းလျှိုးကွယ်လျှိုး နေရာယူလို့ထားလေသည်။ သည် ရွှေဆု တံဆိပ်ကော်ဖီကို အကြိုက်ဆုံးဟာ သူမှ လွဲ၍အခြားသူမရှိ။ ဆိုင်တိုင်းတွင် တင်ထားလေ့မရှိသော ကော်ဖီထုပ်အမျိုးအစား၊ လက်ဆောင်ပေးလို့ မလှသော ထုပ်ပိုးမှုပုံစံနဲ့ ကော်ဖီထုပ် သုံးလေးထုပ်ဟာ သည်အခန်းအတွင်း ရောက်နေသည်မှာ အနည်းငယ်ထူးဆန်းနေသလိုပင်။ ပြီးတော့ ကော်ဖီ လုံးဝမသောက်သူရဲ့ အခန်းမှာလေ။
ရွှေဆုကော်ဖီထုပ်ကို ကိုင်ရင်းကြည့်နေတုန်း အရုဏ်ဦးက အခန်းထဲဝင်လာခဲ့သည်။ သူ့လက်ထဲက ပစ္စည်းကိုမြင်တော့ အရုဏ်ဦးရဲ့ နားရွက်ဖျားတွေဟာ ရဲကနဲဖြစ်သွားသည်။
"အဲ အဲ့ဒါ လူနာတစ်ယောက်လက်ဆောင်ပေးထားတာ မင်းသောက်မယ်ဆိုရင် ယူသွား "
စိတ်ခံစားချက်ပြင်းထန်သည့်အခါမျိုးတွင် သည်ရှမ်းကလေးရဲ့ နားရွက်တွေဟာ သိသိသာသာရဲတက်လာသည်ကို ရင်းနှီးကြသူတွေအကုန် သိထားပြီးသားပင်။ နှုတ်ဖြေစာမေးပွဲလိုအခါမျိုးတွင် အခန်းထဲမှ ထွက်လာသည် စတော်ဘယ်ရီမျက်နှာနှင့်အရုဏ်ဦးကို အကုန်လုံးက ဝိုင်းစနောက်တတ်ကြသည်ကို အမှတ်ရမိပြန်သည်။
နေမကောင်းဖြစ်နေသူအား အခက်မတွေ့စေလိုသဖြင့် နီနီရဲရဲနားရွက်တွေကို မသိချင်ယောင်သာ ဆောင်ထားလိုက်မိသည်။
" အင်း ငါ တစ်ထုပ်ယူသွားမယ် လာ အိမ်ပြန်လိုက်ပို့ပေးမယ် "
အရုဏ်ဦးနေသည့် တောင်ကြီးဆေးတက္ကသိုလ် အနီးအနားအထိ မောင်းလာသည့်လမ်းတစ်လျှောက် နှစ်ယောက်စလုံး ဟာ ငြိမ်သက်နေမိခဲ့ကြသည်။ တောင်တန်းတွေကိုလည်း မငေးမိခဲ့သလို တောပန်းတွေကိုလည်း မမြင်နိုင်ခဲ့။ မြို့အလယ် ဗိုလ်ချုပ်လမ်းမကို ဖြတ်ကာ စူဠာမုဏိနားအရောက်မှာတော့ လမ်းတစ်ဖက်တစ်ချက် မှ ချယ်ရီပင်ပျိုတို့ ဖူးငုံစပြုနေပြီကို သတိထားမိလိုက်သည်။
"ချယ်ရီတွေတောင် ပွင့်တော့မယ်နော် "
တီးတိုးရေရွတ်မိသော သူ့ရဲ့စကားသံကသာ နှစ်ယောက်ကြားရှိ တိတ်ဆိတ်နေသောလေထုကို ဖြိုခွင်းလိုက်သည်။ အရုဏ်ဦးဟာလည်း လမ်းဘေးရှိ ချယ်ရီတွေကို ငေးကာ ပြောလာခဲ့သည်။
" ချယ်ရီတွေက သစ္စာရှိတယ်လေ ပိတောက်ကသာ အချိန်အခါကို မစောင့်တော့တာ "
ပန်းတွေအကြောင်းပြောနေသည်လား အဓိပ္ပါယ်တွေပါဝင်နေသလား သူ မခွဲခြားတတ်တော့။ လမ်းဘက်ကို ငေးနေသည့်သူကိုသာ ဝေခွဲရခက်စွာ လှည့်ကြည့်မိလိုက်သည်။
အချိန်ခဏအကြာမှာပင် နှစ်ဆောင်ပြိုင်အိမ်ကြီးရှိရာ ခြံဝန်းဆီသို့ ရောက်လာခဲ့သည်။ ခြံရှေ့မှာပင် ကားရပ်လိုက်တော့ အရုဏ်ဦးက တံခါးကို ဖွင့်ကာဆင်းရင်း သူ့ကို ပြန်ငုံ့ကြည့်ကာ ပြောသည်။
" အိမ်ထဲဝင်ဦးလေ "
" တော်ပါပြီ မင်းမယ်မယ်က ငါ့ကို မြင်ချင်မှာမဟုတ်ဘူး "
သူ့စကားကို ကြားတော့ အရုဏ်ဦးရဲ့မျက်နှာ တစ်ချက်ပျက်သွားသည်။ အေးစက်သွားသောဆက်ဆံရေးကို ပြန်လည်တည်ဆောက်ခွင့်မရစေခဲ့သည့် အကြောင်းအရင်းထဲတွင် အရုဏ်ဦးရဲ့ မယ်မယ်လည်း ပါသည်မဟုတ်ပါလား။
အလိုမကျသောမျက်ဝန်းတို့ဖြင့် သူ့ကို ကြည့်တတ်သည့် ထိုမဟာဒေဝီသည် ရင်သွေးအကြောင်း ကောင်းကောင်းသိနေသည့် မိခင်မဟုတ်ပါလား။ ဘာသာစကားမတူညီမှုကြောင့်သာ စကားတစ်ခွန်းမဆိုခဲ့ပေမယ့် သူကလည်း မဟာဒေဝီ၏စိတ်ကို နားလည်နိုင်ခဲ့ပါသည်။ တစ်ဦးတည်းသော မျိုးဆက်ရင်သွေးက ယောကျ်ားတစ်ယောက်နှင့်ချစ်ကြိုးသွယ်နေခြင်းကို ဘယ်လက်ခံနိုင်ပါ့မလဲလေ။
သူ့ဘက်ကလည်း လိုက်လျောပေးခဲ့ပါသည်။ ယခုလို အရုဏ်ဦးရဲ့မျက်နှာပျက်သွားသည်ကို မမြင်လို၍ ဆက်ပြီးမကြိုးစားခဲ့ခြင်းသာပင်။ အချစ်ဟာ ကြည့်နေ၊မြင်နေရရုံနှင့်ပင် ပျော်ရွှင်စေတတ်သည်မဟုတ်ပါလား။
" သွားတော့မယ် ဆေးသေချာသောက် ကောင်းကောင်းအနားယူ၊ မနက်ဖြန်မှတွေ့မယ်နော် "
နှုတ်ဆက်ပြီး ထွက်လာရင်း လက်က သီချင်းဖွင့်ဖို့ ခလုတ်ကို တန်းနှိပ်လိုက်မိသည်။
" ချစ်တဲ့...မင်းတစ်ယောက်...ကြင်နာသူမရှိနှင့်စေဖို့ရယ်..... ချယ်ရီပင်အောက်... နောက်တစ်ခေါက် ပြန်တွေ့တဲ့....အထိဝယ် "
ဟုတ်ပါရဲ့။ ချစ်တဲ့သူမှာ ကြင်နာသူရှိမလာစေဖို့သာ မျှော်လင့်မိရုံလေးပါ။ သူဟာတော့ ချယ်ရီပင်ကို မခွာနိုင်ဘဲ ပွင့်ဖတ်ကြွေကို ဖမ်းယူလို့ စောင့်ဆိုင်းနေမိသည့် သူသာပင်။
ဆက်ရန်
Author note-
တစ်ပတ် တစ်ပိုင်းတော့ ရအောင်ရေးပါမယ်နော်
ဖတ်ပေးကြတဲ့သူတွေကို ကျေးဇူးတင်ပါတယ်
update မျှော်နေတဲ့သူတွေကိုလည်း မစ်တီးက မေတ္တာနဲ့သာ ချစ်ပါလေရဲ့
Zawgyi
"ခင္ဗ်ားကို ဒီဗမာေဆးေတြမေသာက္ဖို႔ ေျပာထားတာ ဘယ္ႏွစ္ခါရွိၿပီလဲ ဒီလိုသာဆက္လုပ္ေနမယ္ဆိုရင္ ကြၽန္ေတာ္ မကုေတာ့ဘူး ေဆး႐ုံဆင္းလိုက္ေတာ့ "
ဖ်ားနာေဆာင္ဘက္အေရာက္မွာပင္ ၾကားလိုက္ရသည့္ အ႐ုဏ္ဦး၏ေလသံခပ္မာမာေၾကာင့္ သူ႕မ်က္ခုံးေတြ တစ္ခ်က္ပင့္တက္သြားရသည္။ စိတ္ရွည္ႏူးညံ့ပါသည့္ ေဒါက္တာ အ႐ုဏ္ဦး ကိုေတာင္ ေဒါသထြက္ေစသည္ဆိုမွေတာ့ ထိုလူနာဟာ အေတာ့္ကို ေျပာစကားနားမေထာင္သည့္ သူသာ ျဖစ္ေပမည္။ တံခါးဝမွာရပ္ရင္း ward ထဲကို လွမ္းၾကည့္လိုက္ေတာ့ အဆူခံရသည့္ လူနာမွာ ေခါင္းငိုက္စိုက္က်ေနခဲ့သည္။ အေနာက္ကလိုက္ေနသည့္ လက္ေထာက္ဆရာဝန္ႏွင့္ ဆရာမေလးမ်ားမွာ အ႐ုဏ္ဦးရဲ႕ ေဒါသေၾကာင့္ လန့္ေနၾကသည့္ ပုံပင္။
ေဆးမွတ္တမ္းေတြကို လက္ထဲကိုင္ကာၾကည့္ရင္း တင္းမာေနသည့္မ်က္ႏွာထားႏွင့္ သမားေတာ္ကို ၾကည့္ရင္း ၿပဳံးမိသူမွာ သူတစ္ေယာက္သာရွိေပမည္။ အ႐ုဏ္ဦးရဲ႕ စိတ္ကိုသိေနေသာ သူ႕အတြက္ေတာ့ ယခုပုံစံမွာ ထိုလူနာအတြက္ အေကာင္းဆုံးကုသေပးနိုင္မည့္နည္းလမ္းကိုေတြးေတာေနသည့္ အ႐ုဏ္ဦးရဲ႕ မ်က္ႏွာထားမွန္း သိေနၿပီးသားပင္။
စိတ္ကိုေလွ်ာ့လိုက္ေသာ အ႐ုဏ္ဦးဟာ ထိုလူနာ အမ်ိဳးသားႀကီးအား ရွမ္းဘာသာစကားျဖင့္ စိတ္ရွည္လက္ရွည္ရွင္းျပေနေလေတာ့သည္။ လူနာမွာလည္း ေခါင္းတၿငိမ့္ၿငိမ့္နဲ႕ သာ နားေထာင္ရေတာ့သည္။ရွမ္းစကားကို တစ္လုံးတစ္ေလသာ နားလည္သည့္ သူ႕အတြက္ေတာ့ ဘာေတြေျပာေနမွန္းေတာ့မသိနိုင္ခဲ့။ ၁၅မိနစ္ခန့္ ဆက္တိုက္ေျပာေနခဲ့ၿပီးမွ တံခါးဝမွာရပ္ေနသည့္ သူ႕ကို လွမ္းျမင္သည္။
" ဆရာမိုးေသာက္ ကြၽန္ေတာ့္အခန္းထဲဝင္ၿပီး ေစာင့္ေနလို႔ရပါတယ္ "
"အင္း အင္း ဟုတ္ၿပီ "
ခြင့္ျပဳခ်က္ရေလမွေတာ့ အ႐ုဏ္ဦးရဲ႕႐ုံးခန္းအတြင္း စပ္စုလိုစိတ္နဲ႕ဝင္ခဲ့ေတာ့သည္။ သန့္ရွင္းသပ္ရပ္ေနသည့္ အခန္းငယ္ဟာ စာအုပ္အမ်ားစုသာ ေနရာယူထားေပသည္။ စားပြဲေပၚတြင္မူ ဖတ္လက္စ စာအုပ္တစ္အုပ္ကို တင္ထားေပသည္။ နံရံကပ္ဗီရိုေပၚရွိ အစီအရီတင္ထားေသာ စာအုပ္ေတြကို ေလွ်ာက္ၾကည့္မိရင္း ေထာင့္တစ္ေနရာတြင္ ဖ်တ္ကနဲျမင္လိုက္ရသည့္ အရာေၾကာင့္ သူ႕မ်က္ႏွာထက္တြင္ အၿပဳံးတစ္ခုျဖစ္တည္လာရျပန္သည္။
အညိုေရာင္ ေကာ္ဖီထုပ္သုံးေလးထုပ္ဟာ စာအုပ္စင္ေထာင့္မွာ ပုန္းလွ်ိုးကြယ္လွ်ိုး ေနရာယူလို႔ထားေလသည္။ သည္ ေ႐ႊဆု တံဆိပ္ေကာ္ဖီကို အႀကိဳက္ဆုံးဟာ သူမွ လြဲ၍အျခားသူမရွိ။ ဆိုင္တိုင္းတြင္ တင္ထားေလ့မရွိေသာ ေကာ္ဖီထုပ္အမ်ိဳးအစား၊ လက္ေဆာင္ေပးလို႔ မလွေသာ ထုပ္ပိုးမႈပုံစံနဲ႕ ေကာ္ဖီထုပ္ သုံးေလးထုပ္ဟာ သည္အခန္းအတြင္း ေရာက္ေနသည္မွာ အနည္းငယ္ထူးဆန္းေနသလိုပင္။ ၿပီးေတာ့ ေကာ္ဖီ လုံးဝမေသာက္သူရဲ႕ အခန္းမွာေလ။
ေ႐ႊဆုေကာ္ဖီထုပ္ကို ကိုင္ရင္းၾကည့္ေနတုန္း အ႐ုဏ္ဦးက အခန္းထဲဝင္လာခဲ့သည္။ သူ႕လက္ထဲက ပစၥည္းကိုျမင္ေတာ့ အ႐ုဏ္ဦးရဲ႕ နား႐ြက္ဖ်ားေတြဟာ ရဲကနဲျဖစ္သြားသည္။
"အဲ အဲ့ဒါ လူနာတစ္ေယာက္လက္ေဆာင္ေပးထားတာ မင္းေသာက္မယ္ဆိုရင္ ယူသြား "
စိတ္ခံစားခ်က္ျပင္းထန္သည့္အခါမ်ိဳးတြင္ သည္ရွမ္းကေလးရဲ႕ နား႐ြက္ေတြဟာ သိသိသာသာရဲတက္လာသည္ကို ရင္းႏွီးၾကသူေတြအကုန္ သိထားၿပီးသားပင္။ ႏႈတ္ေျဖစာေမးပြဲလိုအခါမ်ိဳးတြင္ အခန္းထဲမွ ထြက္လာသည္ စေတာ္ဘယ္ရီမ်က္ႏွာႏွင့္အ႐ုဏ္ဦးကို အကုန္လုံးက ဝိုင္းစေနာက္တတ္ၾကသည္ကို အမွတ္ရမိျပန္သည္။
ေနမေကာင္းျဖစ္ေနသူအား အခက္မေတြ႕ေစလိုသျဖင့္ နီနီရဲရဲနား႐ြက္ေတြကို မသိခ်င္ေယာင္သာ ေဆာင္ထားလိုက္မိသည္။
" အင္း ငါ တစ္ထုပ္ယူသြားမယ္ လာ အိမ္ျပန္လိုက္ပို႔ေပးမယ္ "
အ႐ုဏ္ဦးေနသည့္ ေတာင္ႀကီးေဆးတကၠသိုလ္ အနီးအနားအထိ ေမာင္းလာသည့္လမ္းတစ္ေလွ်ာက္ ႏွစ္ေယာက္စလုံး ဟာ ၿငိမ္သက္ေနမိခဲ့ၾကသည္။ ေတာင္တန္းေတြကိုလည္း မေငးမိခဲ့သလို ေတာပန္းေတြကိုလည္း မျမင္နိုင္ခဲ့။ ၿမိဳ႕အလယ္ ဗိုလ္ခ်ဳပ္လမ္းမကို ျဖတ္ကာ စူဠာမုဏိနားအေရာက္မွာေတာ့ လမ္းတစ္ဖက္တစ္ခ်က္ မွ ခ်ယ္ရီပင္ပ်ိဳတို႔ ဖူးငုံစျပဳေနၿပီကို သတိထားမိလိုက္သည္။
"ခ်ယ္ရီေတြေတာင္ ပြင့္ေတာ့မယ္ေနာ္ "
တီးတိုးေရ႐ြတ္မိေသာ သူ႕ရဲ႕စကားသံကသာ ႏွစ္ေယာက္ၾကားရွိ တိတ္ဆိတ္ေနေသာေလထုကို ၿဖိဳခြင္းလိုက္သည္။ အ႐ုဏ္ဦးဟာလည္း လမ္းေဘးရွိ ခ်ယ္ရီေတြကို ေငးကာ ေျပာလာခဲ့သည္။
" ခ်ယ္ရီေတြက သစၥာရွိတယ္ေလ ပိေတာက္ကသာ အခ်ိန္အခါကို မေစာင့္ေတာ့တာ "
ပန္းေတြအေၾကာင္းေျပာေနသည္လား အဓိပ္ပါယ်တွေပါဝင်နေသလား သူ မခြဲျခားတတ္ေတာ့။ လမ္းဘက္ကို ေငးေနသည့္သူကိုသာ ေဝခြဲရခက္စြာ လွည့္ၾကည့္မိလိုက္သည္။
အခ်ိန္ခဏအၾကာမွာပင္ ႏွစ္ေဆာင္ၿပိဳင္အိမ္ႀကီးရွိရာ ၿခံဝန္းဆီသို႔ ေရာက္လာခဲ့သည္။ ၿခံေရွ႕မွာပင္ ကားရပ္လိုက္ေတာ့ အ႐ုဏ္ဦးက တံခါးကို ဖြင့္ကာဆင္းရင္း သူ႕ကို ျပန္ငုံ႕ၾကည့္ကာ ေျပာသည္။
" အိမ္ထဲဝင္ဦးေလ "
" ေတာ္ပါၿပီ မင္းမယ္မယ္က ငါ့ကို ျမင္ခ်င္မွာမဟုတ္ဘူး "
သူ႕စကားကို ၾကားေတာ့ အ႐ုဏ္ဦးရဲ႕မ်က္ႏွာ တစ္ခ်က္ပ်က္သြားသည္။ ေအးစက္သြားေသာဆက္ဆံေရးကို ျပန္လည္တည္ေဆာက္ခြင့္မရေစခဲ့သည့္ အေၾကာင္းအရင္းထဲတြင္ အ႐ုဏ္ဦးရဲ႕ မယ္မယ္လည္း ပါသည္မဟုတ္ပါလား။
အလိုမက်ေသာမ်က္ဝန္းတို႔ျဖင့္ သူ႕ကို ၾကည့္တတ္သည့္ ထိုမဟာေဒဝီသည္ ရင္ေသြးအေၾကာင္း ေကာင္းေကာင္းသိေနသည့္ မိခင္မဟုတ္ပါလား။ ဘာသာစကားမတူညီမႈေၾကာင့္သာ စကားတစ္ခြန္းမဆိုခဲ့ေပမယ့္ သူကလည္း မဟာေဒဝီ၏စိတ္ကို နားလည္နိုင္ခဲ့ပါသည္။ တစ္ဦးတည္းေသာ မ်ိဳးဆက္ရင္ေသြးက ေယာက်္ားတစ္ေယာက္ႏွင့္ခ်စ္ႀကိဳးသြယ္ေနျခင္းကို ဘယ္လက္ခံနိုင္ပါ့မလဲေလ။
သူ႕ဘက္ကလည္း လိုက္ေလ်ာေပးခဲ့ပါသည္။ ယခုလို အ႐ုဏ္ဦးရဲ႕မ်က္ႏွာပ်က္သြားသည္ကို မျမင္လို၍ ဆက္ၿပီးမႀကိဳးစားခဲ့ျခင္းသာပင္။ အခ်စ္ဟာ ၾကည့္ေန၊ျမင္ေနရ႐ုံႏွင့္ပင္ ေပ်ာ္႐ႊင္ေစတတ္သည္မဟုတ္ပါလား။
" သြားေတာ့မယ္ ေဆးေသခ်ာေသာက္ ေကာင္းေကာင္းအနားယူ၊ မနက္ျဖန္မွေတြ႕မယ္ေနာ္ "
ႏႈတ္ဆက္ၿပီး ထြက္လာရင္း လက္က သီခ်င္းဖြင့္ဖို႔ ခလုတ္ကို တန္းႏွိပ္လိုက္မိသည္။
" ခ်စ္တဲ့...မင္းတစ္ေယာက္...ၾကင္နာသူမရွိႏွင့္ေစဖို႔ရယ္..... ခ်ယ္ရီပင္ေအာက္... ေနာက္တစ္ေခါက္ ျပန္ေတြ႕တဲ့....အထိဝယ္ "
ဟုတ္ပါရဲ႕။ ခ်စ္တဲ့သူမွာ ၾကင္နာသူရွိမလာေစဖို႔သာ ေမွ်ာ္လင့္မိ႐ုံေလးပါ။ သူဟာေတာ့ ခ်ယ္ရီပင္ကို မခြာနိုင္ဘဲ ပြင့္ဖတ္ေႂကြကို ဖမ္းယူလို႔ ေစာင့္ဆိုင္းေနမိသည့္ သူသာပင္။
ဆက္ရန္
Author note-
တစ္ပတ္ တစ္ပိုင္းေတာ့ ရေအာင္ေရးပါမယ္ေနာ္
ဖတ္ေပးၾကတဲ့သူေတြကို ေက်းဇူးတင္ပါတယ္
update ေမွ်ာ္ေနတဲ့သူေတြကိုလည္း မစ္တီးက ေမတၱာနဲ႕သာ ခ်စ္ပါေလရဲ႕