ငါ့ကိုပွေ့ဖက်ထားနိုင်မလား(ဘာသ...

By suyinhtike

15.5K 1.3K 7

Reader လေးတစ်ယောက်က တောင်းဆိုထားလို့ပါ Both Uni and Zawgyi ************ လုခယ့်ဟာ သူ့ရဲ့အသက်သုံးဆယ်ပြည့်မွေးနေ... More

Prolouge
Chapter - 1
Chapter-2,3
Chapter-4
Chapter-5
Chapter- 6
Chapter-7
Chapter-8,9
Chapter-10,11
Chapter-12,13
Chapter-14
Chapter-15
Chapter-16 (Mature)
Chapter-17
Chapter-18
Chapter-21
The End

Chapter-19,20

503 49 0
By suyinhtike


Unicode

Chapter-19

အရာအားလုံး ချောချောမွေ့မွေ့ပင်... ထုံယန်ဟာ နှစ်လအတွင်းမှာ နန်းတော်ကိုတိုက်ခိုက်ဖို့ လူစုဆောင်းနိုင်ခဲ့တယ်...

သူတို့မှာ ငွေကြေးလုံလုံလောက်မရှိတာကြောင့် ငါတတ်နိုင်သမျှ ရွှေဒင်္ဂါးတွေ ပေးခဲ့၏.. ထုံယန်က ဒီတိုက်ပွဲမှာ ငါ့ကိုမပါစေချင်ပေမဲ့ သူသွားရင် ငါသူ့ဘေးမှာပဲနေပြီး ကာကွယ်စောင့်ရှောက်ကာ ထောက်ပံ့ပေးမည်ဖြစ်သည်...

ငါသူ့ကိုကယ်ခဲ့ကတည်းက ဒီတိုက်ပွဲမှာပါနေပြီဖြစ်ကာ ဧကရာဇ်ဟောင်းဖုန်းဆွန်းက ငါ့အား ငွေဒင်္ဂါး လေးထောင်ဖြင့် ဝရမ်းထုတ်ထားခဲ့တယ်... 

ငါအဲလောက်တန်မှန်းသိတော့ ဝမ်းသာသွားခဲ့သေးပေမဲ့ ထူးဆန်းတာက သူတို့ ဘာအတွက်ကြောင့် ငါ့ကိုဝရမ်းထုတ်လဲဆိုတာ မဖော်ပြထားပေ... ဒါ့အပြင် ငါဘယ်သူဆိုတာကို ထုံယန်ရယ် ယွမ်ယွမ်ရယ် ငါ့လူတွေရယ်ကလွဲပြီး ဘယ်သူမှမသိတာ ကံကောင်းသွားခဲ့သည်...

လက်ရှိအချိန်..

ငါ အနောက်ပိုင်းနယ်စပ်ရှိ ဘုရားကျောင်းတစ်ခုမှာရှိနေတဲ့ ယွမ်ယွမ့်ဆီသွားလည်ဖို့ဆုံးဖြတ်လိုက်သည်... ထုံယန်က ငါတစ်ယောက်သွားမှာကို စိတ်မချတာကြောင့် ငါဘာမှမဖြစ်နိုင်ပါဟု နှစ်သိမ့်ခဲ့၏...

ငါတို့ ပွေ့ဖက်နှုတ်ဆက်ပြီးနောက် မြင်းပေါ်တက်ကာ အနောက်ပိုင်းနယ်စပ်ကို ဦးတည်သွားလိုက်သည်... ငါဘုရားကျောင်းကိုရောက်ဖို့ အချိန် ၄ရက်လောက်ကုန်သွားတယ်...ငါရောက်တော့ နေရာမှာ တိတ်ဆိတ်နေ၏...

ကလေးတွေလည်းမတွေ့သလို ဘုန်းကြီးတွေလည်းမတွေ့ဘဲ ထူးဆန်းနေလေသည်... ငါ့မြင်းကို အလယ်ဆောင်ရှိ သစ်ပင်တစ်ပင်မှာ ချည်ကာ လှေကားကနေတက်သွားလိုက်သည်...

ငါအပေါ်ဆုံးအဆင့်ကိုရောက်တော့ ကြမ်းပြင်မှာ သွေးတွေပျံ့ကျဲနေပြီး လောင်ကျွမ်းနေတဲ့ အနံ့တွေလည်း ရလေ၏... ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အချိန်မှာတော့ အလောင်းများစွာကို မြင်လိုက်ရတော့သည်...

"ဘာ? ဘာဖြစ်?!" အတွေးတွေကို စုစည်းဖို့ကြိုးစားပြီး "ယွမ်ယွမ်?! ယွမ်ယွမ်?" ငါအော်ဟစ်ရင်း သူမလေးကို နေရာတိုင်းမှာ ရှာဖွေလိုက်သည်...

စိတ်ထဲမှာတော့ သူမ အန္တရာယ်ကင်းဖို့ မျှော်လင့်ရင်း ဆုတောင်းနေ၏... ငါပြေးလွှားကြည့်နေရင်း ငါ့လူတွေအကုန်အသတ်ခံလိုက်ရတာကို မြင်လိုက်ရတော့သည်... ငါမျှော်လင့်ချက်တွေ စွန့်လွှတ်လိုက်တော့မယ့်အချိန်မှာပဲ စပါးခင်းထဲတွင် လှဲလျောင်းနေသည့် ခန္ဓာကိုယ်လေးကို ရှာတွေ့သွား၏...

ငါပြေးသွားလိုက်ရင်း ယွမ်ယွမ်နဲ့ ခြောက်ပေလောက်ပဲကွာတဲ့နေရာရောက်တဲ့အချိန်မှာတော့ ငါခြေလှမ်းတွေကို ရပ်လိုက်လေသည်... ငါ့ကမ္ဘာကြီးတစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာကွဲသွားရလေပြီ...

သူမလေးဘေးနားကို လျှောက်သွားရင်း ငါအသက်ရှူတွေကျပ်လာ၏... ယွမ်ယွမ်လေးရဲ့ ခန္ဓာကိုယ်မှာ အသက်မဲ့လျက်ဖြစ်ပြီး ဓားဒဏ်ရာနဲ့အတူ အဓမ္မကျင့်ခံထားရတဲ့ အရိပ်အယောင်တွေပါ မြင်လိုက်ရလေသည်...

ယွမ်ယွမ့်အဝတ်အစားတွေအားလုံးမှာ စုတ်ပြဲနေပြီး ခြေထောက်နှစ်ဖက်ကြားမှာလည်း သွေးတွေ ဒဏ်ရာတွေပင်... သူမလေးရဲ့ ဖြူဖျော့တဲ့ အသားရည်ပေါ်မှာ လက်ချောင်းရာတွေထင်းနေပြီး လူယုတ်မာတွေ အနိုင်ကျင့်ခဲ့တုန်းက ဖမ်းချုပ်ထားတဲ့ဒဏ်ဖြစ်ပုံရသည်...

သူမ ခန္ဓာကိုယ်အနှံ့မှာ ခြေထောက်ရာတွေကိုလည်း မြင်တွေ့ရ၏.. "ယွ...ယွမ်ယွမ်!" ငါ သူမကို ထိတွေ့ဖို့ကြိုးစားလိုက်ပေမဲ့ ငါမလုပ်နိုင်ပေ... ငါ့ရင်တွေတင်းကျပ်လာပြီးနောက် မျက်ရည်တွေ ထိန်းချုပ်လို့မရအောင် ကျဆင်းလာလေသည်.... ဒေါသနဲ့ နာကျင်မှုကြောင့် ငါအော်ဟစ်နေလိုက်တော့၏...

"ကတိပေးခဲ့တဲ့အတိုင်း မကာကွယ်ပေးနိုင်ခဲ့တဲ့အတွက် တောင်း...တောင်းပန်ပါတယ်.. ယွမ်ယွမ်" သူမကိုယ်လေးကို ငါ့အပေါ်ဝတ်ရုံခြုံပေးပြီးနောက် ဘေးမှာထိုင်ကာ ငိုနေလိုက်သည်...

"ကတိမတည်ခဲ့တဲ့အတွက် တကယ်တောင်းပန်ပါတယ်... ဒါပေမဲ့ ယွမ်ယွမ်အတွက် တရားမျှတမှုရှာပေးမှာပါ... ငါသေရမယ်ဆိုရင်တောင် ယွမ်ယွမ့်ကို ဒီလိုလုပ်ခဲ့တဲ့သူတွေကိုရှာပြီး အပြစ်ပေးမှာ" ထို့နောက် ကျဆင်းလာတဲ့ မျက်ရည်တွေကို သုတ်ပစ်လိုက်သည်...

ယွမ်ယွမ်ခန္ဓာကိုယ်လေးကို ငါ့ရင်ခွင်ထဲမှာ ပွေ့ဖက်ထားလိုက်၏... "သမီးကို အဖေ အန္တရာယ်ဖြစ်အောင် မထားခဲ့သင့်ဘူး...ဒီအသုံးမကျတဲ့ အဖေကို ခွင့်လွှတ်ပါ.. ယွမ်ယွမ်ကြိုက်သလို အဖေ့ကို အပြစ်ပေးပါ" 

အခြားလူတွေကို မြှုပ်နှံပေးပြီးနောက် ယွမ်ယွမ့်ကို အကောင်းဆုံးမြှုပ်နှံပေးကာ သူမနာမည်ကို ကျောက်တုံးတွင် ထွင်းကာ စိုက်ထူပေးထားလိုက်သည်... 

ပန်းအချို့ကို သူမ အုပ်ဂူပေါ်တွင် တင်ပေးပြီးနောက် ဦးညွှတ်ကာ နောင်တအပြည့်ဖြင့် နောက်ကိုတစ်ချက်မှပြန်လှည့်မကြည့်တော့ဘဲ ထွက်လာလိုက်သည်...

Chapter-20

အနီးဆုံးမြို့မှာ ငါနားလိုက်တော့ လူတစ်စုက မြို့ကိုကြီးစိုးအုပ်ချုပ်နေတာကို တွေ့လိုက်ရသည်...

ငါရောက်တော့ မြို့ဝင်ကြေးအနေနဲ့ ငွေဒင်္ဂါး ၅၀ ပေးဆောင်ဖို့ ပြော၏... ထိုငွေက သာမန်မြို့အားဖြင့်တော့ မလိုအပ်ချေ...

နေ့လည်စာစားပြီးရင် ပြန်သွားရမလားလို့ ငါတွေးနေတုန်း တစ်စုံတစ်ခုက ငါ့အာရုံကိုဆွဲဆောင်သွား၏... ငါရှေ့ ညာဘက်ခြမ်းမှာ အမျိုးသမီးလေးယောက်ထိုင်နေပြီး အလယ်ကတစ်ယောက်ကို ငါသတိထားမိသွားသည်...

သူမကလည်း ငါစိုက်ကြည့်နေတာကို သတိထားမိသွားပုံရကာ အော်လိုက်တာကြောင့် ငါအသိပြန်ဝင်လာ၏... "အဲ့ဒီ့ ခရမ်းရောင် စိန်ဆံထိုးကို ဘယ်ကရခဲ့တာလဲ" ငါသူမခေါင်းပေါ်ကို ကြည့်ကာ မေးလိုက်သည်....

"ကျွန်မ ခင်ပွန်းပေးတာပါ" သူမ ပြန်ဖြေ၏... ထို့နောက် ငါ သူမခေါင်းပေါ်က ဆံထိုးကိုဆွဲဖြုတ်ကာ အဝတ်နဲ့သုတ်လိုက်ပြီးနောက် ငါ့ဝတ်ရုံထဲကို ထည့်လိုက်သည်...

ဒီလိုရုပ်ဆိုးတဲ့ မိန်းမကများ ယွမ်ယွမ့်အတွက် ငါလုပ်ပေးထားတဲ့ ဆံထိုးကိုဝတ်ရဲတယ်.. "နင်ဘယ်လို..!!" သူမပြောလိုက်ပေမဲ့ ငါလက်က သူမမျက်နှာဆီရောက်သွားတာကြောင့် ဆက်မပြောနိုင်တော့ပေ... 

"ငါနဲ့တွေ့ကြသေးတာပေါ့" ငါတိုးတိုးလေးပြောလိုက်တယ်ဆိုပေမဲ့ သူမတစ်ယောက်တည်းသာကြားနိုင်လောက်သည့် ခြိမ်းခြောက်တဲ့အရိပ်အယောင်ပင်..

နေရာလွတ်ထဲကနေ ဓားတစ်ချောင်းထုတ်ကာ သူမကိုချိန်ရွယ်ထားလိုက်သည်... တခြားလူတွေကလည်း ကြောက်လန့်တကြားကြည့်နေကြပြီး ဘယ်သူမှ မတိုက်ခိုက်ရဲကြချေ...

ငါ့ဓားမြှောင်ကို ထုတ်ကာ သူမနှဖူးပေါ်တွင် 'ကျွန်မကမိန်းမပျက်ပါ' ဟု စကားလုံးထွင်းပေးလိုက်၏... ဒဏ်ရာမှာ အလွန်နက်ကာ တစ်သက်လုံး စွဲကျန်နေမည့် အမာရွတ်ဖြစ်လာလိမ့်မည်...

သူမ ဆံပင်ကိုဖြတ်ကာ အဝတ်အစားတွေကို ဆွဲချွတ်လိုက်၏... ထို့နောက် ခန္ဓာကိုယ်ပေါ်တွင် စကားလုံးတွေ ဆက်ထွင်းလိုက်သည်... ငါကျေနပ်အောင်လုပ်ပြီးသွားတဲ့အချိန်မှာတော့ အပြုံးလေးတစ်ခုပြုံးကာ မတ်တပ်ရပ်လိုက်၏...

ထိုအချိန်မှာပဲ သူမ ယောက်ျားလို့ခေါ်တဲ့သူ ရောက်လာသည်...

သူ့ဘေးမှာကတော့ လူသုံးယောက်ရပ်နေတာကြောင့် "မင်းတို့လေးယောက်က အနောက်ဘုရားကျောင်းထဲက လူတွေကိုသတ်ခဲ့တဲ့ ကောင်တွေလား"

ငါမေးလိုက်တော့ ငါ့ကို သူတို့လှောင်ရယ်ကာ "ငါတို့လုပ်ခဲ့တယ်ဆိုရင်ရော မင်းဘာလုပ်မလို့လဲ... အားနည်းတဲ့ခလေးလေးရဲ့"

ငါနှုတ်ခမ်းတင်းတင်းစေ့ထားရင်း ငါ့ဝတ်ရုံထဲမှ သေနတ်ဆွဲထုတ်လိုက်သည်... ငါက သူတို့လို ကျွမ်းကျင်တဲ့လူသတ်သမားတွေမဟုတ်တာကြောင့် ထိပ်တိုက်ရင်ဆိုင်ရင် ငါဘာမှမလုပ်ရသေးချင်မှာပဲ ငါသေသွားလိမ့်မယ်...

"ချစ်စရာကောင်းလိုက်တဲ့အရုပ်လေး... ငါ့ကိုတိုက်ခိုက်ဖို့ အသုံးမဝင်တာကတော့ သနားစရာပဲ" ခေါင်းဆောင်ဖြစ်တဲ့လူက လှောင်ရယ်လိုက်ပေမဲ့ လက်သီးထိုးသံနောက်တွင် ဘန်း! ဆိုသည့် အသံတစ်ခုထွက်လာလေသည်...

ထိုမောက်မာတဲ့လူ လဲကျပြီး သေသွားတာကို သူတို့ကြည့်နေကြ၏... ထို့နောက် သူတို့အသိပြန်ဝင်လာပြီး အော်ဟစ်ကြလေတော့သည်... "အနက်ရောင် မှော်ပညာ!!"

သူတို့က တိုက်ခိုက်လာတာကြောင့် ဘယ်သူ့ကိုထိသွားမလဲဆိုတာ ဂရုမစိုက်ဘဲ ငါပစ်လိုက်တာပင်... ကျန်တဲ့လူသုံးယောက်ဘေးက အခြားလူတွေ ထိခိုက်သွားသေးလားဆိုတာ ငါလှည့်ပတ်ကြည့်နေစဉ် လှုပ်ရှားမှုတွေအားလုံးရပ်သွားလေသည်...

လူတွေထပ်ရောက်မလာခင် ဟိုလူသုံးယောက်ကို ကြိုးနဲ့ချည်ကာ ငါ့မြင်းနဲ့ဆွဲလာလိုက်၏...

နောက်နေ့ရောက်တော့ အတော်မြင့်တဲ့တောင်ထိပ်ပေါ်တက်ကာ ထိုလူသုံးယောက်ကို အဲ့မှာရှိတဲ့ သစ်ပင်တစ်ပင်စီမှာ ကြိုးချည်ထားလိုက်သည်... အခုချိန်မှာ ငါ ဒရယ်တစ်ကောင်ကို သတ်ပြီး သွေးတွေအကုန်ထုတ်ယူထားသည်...

သူတို့ထဲကတစ်ယောက်နိုးလာတာတွေ့တော့ သူနဲ့အရင်စကားပြောဖို့ ဆုံးဖြတ်လိုက်သည်... "ဟင်းဟင်း.. အခုတော့ နိုးလာပြီပေါ့" ငါစနောက်သလိုပြောလိုက်၏...

"ဝေးဝေးနေ... စုန်းကောင်" သူကျိန်ဆဲလိုက်တာကြောင့်က ငါရီလိုက်သည်... "ငါစိတ်နည်းနည်းလေးမှ မရှည်တာမလို့ လုပ်ငန်းစရအောင်" ငါခြိမ်းခြောက်လိုက်တာကြောင့် သူနည်းနည်းတုန်ယင်သွား၏...

"မင်းတို့ဘာလို့ ဘုရားကျောင်းကို တိုက်ခိုက်ခဲ့တာလဲ"ငါမေးလိုက်သော်လည်း အဖြေပြန်ရမလာပေ... အခုဆို သူ့အဖော်တွေကလည်း နိုးလာတာကြောင့် ငါဥပမာပြဖို့လုပ်လိုက်သည်... 

"မေးခွန်းတစ်ခုဖြေဖို့ ငြင်းဆန်တိုင်း မင်းတို့တစ်ယောက်စီမှာ ခြေလက်အင်္ဂါတစ်ခုဆုံးရှုံးရမယ်ဆိုတာ သိထား!!" ငါပြောလိုက်ပေမဲ့ အဖြေပြန်မဖြေသေးပေ...

ထိုကြောင့် ငါ သေနေတဲ့ဒရယ်နားရှိ ဓားကိုဆွဲကာ တစ်ယောက်ရဲ့ ခြေထောက်ကိုဖြတ်လိုက်၏... နောက်တစ်ယောက်ကိုတော့ လက်ဖြတ်ပစ်ကာ ပြန်မဖြေတဲ့တစ်ယောက်ကိုတော့ သူ့နားကို ဖြတ်ပစ်လိုက်သည်...

"မင်းတို့ဘာကြောင့် ဘုရားကျောင်းကို တိုက်ခိုက်ခဲ့တာလဲ" ငါထပ်မေးလိုက်သည်... ဒီတစ်ကြိမ်တော့ ပေါ့ပေါ့ပါးပါးလေး မေးလိုက်တာမဟုတ်ပေ... ပထမလူက ငါ့ကိုရပ်ဖို့တောင်းပန်နေ၏... ထို့နောက် သူ့ရဲ့ခြေထောက်နောက်တစ်ချောင်းကိုဖြတ်ပစ်လိုက်တာကြောင့် ဒုတိယလူက သနားညှာတာပေးဖို့ တောင်းပန်နေလေသည်...

ငါခြေလှမ်းကိုရပ်လိုက်ပြီး ငါကြားလိုက်တာမှန်ရဲ့လားဆိုသည့် ပုံစံဖြင့် ထိုလူကိုကြည့်လိုက်သည်... သူက ယွမ်ယွမ်ကို သနားညှာတာမပေးခဲ့ဘဲနဲ့ အခု သူ့ကိုယ်သူ သနားညှာတာပေးဖို့ တောင်းပန်နေတာပေါ့...

ငါ့ဓားကိုလွှဲယမ်းကာ ထိုလူ အသက်မရှိတော့သည်အထိ ဗိုက်ကို ဓားနဲ့ထပ်ခါထပ်ခါ ထိုးသွင်းလိုက်သည်... တတိယမြောက်လူနားကိုသွားပြီးနောက် ငါ့ခြင်းထဲရှိ ဒရယ်သွေးတွေကို ထိုလူခေါင်းပေါ်ကနေ လောင်းချလိုက်သည်...

"ငါ့ကိုမသတ်ပါနဲ့!" ထိုလူတောင်းပန်နေပေမဲ့ ငါ့ရဲ့စိတ်ရှည်မှု ကုန်ဆုံးသွားလေပြီ... ငါသူ့မျက်လုံးကို ဖောက်ထုတ်တော့မယ့်အချိန်မှာပဲ သူအော်ပြောလိုက်လေသည်... "ချွန်ရုံ!!!" 

"မင်းဘာပြောလိုက်တာ??!!" ငါနောက်ကို ခြေတစ်လှမ်းဆုတ်သွားပြီး မေးလိုက်၏...

"ချွန်ရုံက ယွမ်ယွမ့်ကိုသတ်ဖို့ ငါတို့ကိုခိုင်းလိုက်တာ... ဒါပေမဲ့ ဘုန်းကြီးတွေက ငါတို့လမ်းကိုလာပိတ်နေတာမလို့ အကုန်လုံးကိုသတ်ပစ်လိုက်တာ.. ကျေး..." သူပြော၏...

သူပြောလို့မပြီးခင်မှာပဲ ငါဖြတ်ပြောလိုက်သည်... "ဘာလို့ သူမက ယွမ်ယွမ့်ကိုသတ်ခိုင်းတာလဲ!"

"သူမပြောတာကတော့ ကျိရော့လိုခေါ်တဲ့ မိန်းမတစ်ယောက်က သူ့ကိုခြိမ်းခြောက်နေတာမလို့ အဲ့တစ်ယောက်ရဲ့ အနီးကပ်ဆုံးလူကိုသတ်ပစ်တာလို့ ပြောပါတယ်" သူခေါင်းငုံ့ထားရင်းပြန်ပြောသည်...

"ယွမ်ယွမ်မသေခင် နောက်ဆုံးပြောခဲ့တဲ့စကားကဘာလဲ" ငါမေးလိုက်ပေမဲ့ ပြန်မဖြေချေ.....

ထို့ကြောင့် ငါသူ့ရဲ့ နောက်နားတစ်ဖက်ကို ဓားရွှေ့သွားတော့ သူအော်ငိုလေ၏.... "တောင်းပန်တာပါ... သနားညှာတာပေးဖို့တောင်းပန်တာပါ!! အဲ့ဒါက နောက်ဆုံးစကားပဲ"

"မင်းတောင် ယွမ်ယွမ့်ကိုညှာတာမပေးခဲ့တာ ငါလည်းပဲ တူညီတဲ့အရာကိုလုပ်မယ်" ငါသူ့ပေါင်ထဲကို ဓားနဲ့ထိုးလိုက်တာကြောင့် ထိူလူရဲ့မျက်မှာမှာ ဖြူဖျော့လာ၏... သူ့ကိုအသက်ရှင်နေအောင်တော့ ငါလုပ်ထားသည်...

ငါသူ့လျှာကိုဖြတ်ပစ်ပြီးနောက် ကျောက်တုံးတစ်တုံးပေါ်မှာထိုင်ကာ ကျီးကန်းတွေ ထိုလူရဲ့အသားကို စားနေတာကို ကြည့်နေလိုက်သည်...

သူတောင်းပန်နေတဲ့အသံ ဝူးဝူးဝါးဝါးတွေထွက်နေပေမဲ့ ငါလျစ်လျူရှုထားလိုက်သည်... ငါကြည့်လိုက်တော့ နောက်တစ်ယောက်ကလည်း သေနေပြီဖြစ်တယ်... ထို့နောက် ငါမြင်းပေါ်တက်ကာ ထုံယန့်ဆီပြန်သွားဖို့ လုပ်လိုက်သည်...

"မစိုးရိမ်ပါနဲ့ ယွမ်ယွမ်...အဲ့မိန်းမကို ပြန်ပေးဆပ်ခိုင်းမှာပါ... ဒီမိန်းမ နာကျင်ခံစားရပြီး သေစေရမယ်" ငါကောင်းကင်ဘုံကိုမော့ကြည့်ကာပြောလိုက်သည်...



Zawgyi

Chapter-19

အရာအားလံုး ေခ်ာေခ်ာေမြ့ေမြ့ပင္... ထံုယန္ဟာ ႏွစ္လအတြင္းမွာ နန္းေတာ္ကိုတိုက္ခိုက္ဖို႔ လူစုေဆာင္းႏိုင္ခဲ့တယ္...

သူတို႔မွာ ေငြေၾကးလံုလံုေလာက္မရိွတာေၾကာင့္ ငါတတ္ႏိုင္သမ်ွ ေရႊဒဂၤါးေတြ ေပးခဲ့၏.. ထံုယန္က ဒီတိုက္ပြဲမွာ ငါ့ကိုမပါေစခ်င္ေပမဲ့ သူသြားရင္ ငါသူ႔ေဘးမွာပဲေနၿပီး ကာကြယ္ေစာင့္ေရွာက္ကာ ေထာက္ပံ့ေပးမည္ျဖစ္သည္...

ငါသူ႔ကိုကယ္ခဲ့ကတည္းက ဒီတိုက္ပြဲမွာပါေနၿပီျဖစ္ကာ ဧကရာဇ္ေဟာင္းဖုန္းဆြန္းက ငါ့အား ေငြဒဂၤါး ေလးေထာင္ျဖင့္ ဝရမ္းထုတ္ထားခဲ့တယ္... 

ငါအဲေလာက္တန္မွန္းသိေတာ့ ဝမ္းသာသြားခဲ့ေသးေပမဲ့ ထူးဆန္းတာက သူတို႔ ဘာအတြက္ေၾကာင့္ ငါ့ကိုဝရမ္းထုတ္လဲဆိုတာ မေဖာ္ျပထားေပ... ဒါ့အျပင္ ငါဘယ္သူဆိုတာကို ထံုယန္ရယ္ ယြမ္ယြမ္ရယ္ ငါ့လူေတြရယ္ကလြဲၿပီး ဘယ္သူမွမသိတာ ကံေကာင္းသြားခဲ့သည္...

လက္ရိွအခ်ိန္..

ငါ အေနာက္ပိုင္းနယ္စပ္ရိွ ဘုရားေက်ာင္းတစ္ခုမွာရိွေနတဲ့ ယြမ္ယြမ့္ဆီသြားလည္ဖို႔ဆံုးျဖတ္လိုက္သည္... ထံုယန္က ငါတစ္ေယာက္သြားမွာကို စိတ္မခ်တာေၾကာင့္ ငါဘာမွမျဖစ္ႏိုင္ပါဟု ႏွစ္သိမ့္ခဲ့၏...

ငါတို႔ ေပြ့ဖက္ႏႈတ္ဆက္ၿပီးေနာက္ ျမင္းေပၚတက္ကာ အေနာက္ပိုင္းနယ္စပ္ကို ဦးတည္သြားလိုက္သည္... ငါဘုရားေက်ာင္းကိုေရာက္ဖို႔ အခ်ိန္ ၄ရက္ေလာက္ကုန္သြားတယ္...ငါေရာက္ေတာ့ ေနရာမွာ တိတ္ဆိတ္ေန၏...

ကေလးေတြလည္းမေတြ့သလို ဘုန္းႀကီးေတြလည္းမေတြ့ဘဲ ထူးဆန္းေနေလသည္... ငါ့ျမင္းကို အလယ္ေဆာင္ရိွ သစ္ပင္တစ္ပင္မွာ ခ်ည္ကာ ေလွကားကေနတက္သြားလိုက္သည္...

ငါအေပၚဆံုးအဆင့္ကိုေရာက္ေတာ့ ၾကမ္းျပင္မွာ ေသြးေတြပ်ံ့က်ဲေနၿပီး ေလာင္ကြၽမ္းေနတဲ့ အနံ႔ေတြလည္း ရေလ၏... ေဘးပတ္ဝန္းက်င္ကို ၾကၫ့္လိုက္တဲ့အခ်ိန္မွာေတာ့ အေလာင္းမ်ားစြာကို ျမင္လိုက္ရေတာ့သည္...

"ဘာ? ဘာျဖစ္?!" အေတြးေတြကို စုစည္းဖို႔ႀကိဳးစားၿပီး "ယြမ္ယြမ္?! ယြမ္ယြမ္?" ငါေအာ္ဟစ္ရင္း သူမေလးကို ေနရာတိုင္းမွာ ရွာေဖြလိုက္သည္...

စိတ္ထဲမွာေတာ့ သူမ အႏၲရာယ္ကင္းဖို႔ ေမ်ွာ္လင့္ရင္း ဆုေတာင္းေန၏... ငါေျပးလႊားၾကၫ့္ေနရင္း ငါ့လူေတြအကုန္အသတ္ခံလိုက္ရတာကို ျမင္လိုက္ရေတာ့သည္... ငါေမ်ွာ္လင့္ခ်က္ေတြ စြန႔္လႊတ္လိုက္ေတာ့မယ့္အခ်ိန္မွာပဲ စပါးခင္းထဲတြင္ လွဲေလ်ာင္းေနသၫ့္ ခႏၶာကိုယ္ေလးကို ရွာေတြ့သြား၏...

ငါေျပးသြားလိုက္ရင္း ယြမ္ယြမ္နဲ႔ ေျခာက္ေပေလာက္ပဲကြာတဲ့ေနရာေရာက္တဲ့အခ်ိန္မွာေတာ့ ငါေျခလွမ္းေတြကို ရပ္လိုက္ေလသည္... ငါ့ကမ႓ာႀကီးတစ္ခုလံုး အစိတ္စိတ္အႁမြွာႁမြွာကြဲသြားရေလၿပီ...

သူမေလးေဘးနားကို ေလ်ွာက္သြားရင္း ငါအသက္ရႉေတြက်ပ္လာ၏... ယြမ္ယြမ္ေလးရဲ့ ခႏၶာကိုယ္မွာ အသက္မဲ့လ်က္ျဖစ္ၿပီး ဓားဒဏ္ရာနဲ႔အတူ အဓမၼက်င့္ခံထားရတဲ့ အရိပ္အေယာင္ေတြပါ ျမင္လိုက္ရေလသည္...

ယြမ္ယြမ့္အဝတ္အစားေတြအားလံုးမွာ စုတ္ၿပဲေနၿပီး ေျခေထာက္ႏွစ္ဖက္ၾကားမွာလည္း ေသြးေတြ ဒဏ္ရာေတြပင္... သူမေလးရဲ့ ျဖဴေဖ်ာ့တဲ့ အသားရည္ေပၚမွာ လက္ေခ်ာင္းရာေတြထင္းေနၿပီး လူယုတ္မာေတြ အႏိုင္က်င့္ခဲ့တုန္းက ဖမ္းခ်ဳပ္ထားတဲ့ဒဏ္ျဖစ္ပံုရသည္...

သူမ ခႏၶာကိုယ္အႏွံ႔မွာ ေျခေထာက္ရာေတြကိုလည္း ျမင္ေတြ့ရ၏.. "ယြ...ယြမ္ယြမ္!" ငါ သူမကို ထိေတြ့ဖို႔ႀကိဳးစားလိုက္ေပမဲ့ ငါမလုပ္ႏိုင္ေပ... ငါ့ရင္ေတြတင္းက်ပ္လာၿပီးေနာက္ မ်က္ရည္ေတြ ထိန္းခ်ဳပ္လို႔မရေအာင္ က်ဆင္းလာေလသည္.... ေဒါသနဲ႔ နာက်င္မႈေၾကာင့္ ငါေအာ္ဟစ္ေနလိုက္ေတာ့၏...

"ကတိေပးခဲ့တဲ့အတိုင္း မကာကြယ္ေပးႏိုင္ခဲ့တဲ့အတြက္ ေတာင္း...ေတာင္းပန္ပါတယ္.. ယြမ္ယြမ္" သူမကိုယ္ေလးကို ငါ့အေပၚဝတ္ရံုၿခံဳေပးၿပီးေနာက္ ေဘးမွာထိုင္ကာ ငိုေနလိုက္သည္...

"ကတိမတည္ခဲ့တဲ့အတြက္ တကယ္ေတာင္းပန္ပါတယ္... ဒါေပမဲ့ ယြမ္ယြမ္အတြက္ တရားမ်ွတမႈရွာေပးမွာပါ... ငါေသရမယ္ဆိုရင္ေတာင္ ယြမ္ယြမ့္ကို ဒီလိုလုပ္ခဲ့တဲ့သူေတြကိုရွာၿပီး အျပစ္ေပးမွာ" ထို႔ေနာက္ က်ဆင္းလာတဲ့ မ်က္ရည္ေတြကို သုတ္ပစ္လိုက္သည္...

ယြမ္ယြမ္ခႏၶာကိုယ္ေလးကို ငါ့ရင္ခြင္ထဲမွာ ေပြ့ဖက္ထားလိုက္၏... "သမီးကို အေဖ အႏၲရာယ္ျဖစ္ေအာင္ မထားခဲ့သင့္ဘူး...ဒီအသံုးမက်တဲ့ အေဖကို ခြင့္လႊတ္ပါ.. ယြမ္ယြမ္ႀကိဳက္သလို အေဖ့ကို အျပစ္ေပးပါ" 

အျခားလူေတြကို ျမႇဳပ္ႏွံေပးၿပီးေနာက္ ယြမ္ယြမ့္ကို အေကာင္းဆံုးျမႇဳပ္ႏွံေပးကာ သူမနာမည္ကို ေက်ာက္တံုးတြင္ ထြင္းကာ စိုက္ထူေပးထားလိုက္သည္... 

ပန္းအခ်ိဳ႕ကို သူမ အုပ္ဂူေပၚတြင္ တင္ေပးၿပီးေနာက္ ဦးၫႊတ္ကာ ေနာင္တအျပၫ့္ျဖင့္ ေနာက္ကိုတစ္ခ်က္မျွပန္လွၫ့္မၾကၫ့္ေတာ့ဘဲ ထြက္လာလိုက္သည္...

Chapter-20

အနီးဆံုးၿမိဳ႔မွာ ငါနားလိုက္ေတာ့ လူတစ္စုက ၿမိဳ႔ကိုႀကီးစိုးအုပ္ခ်ဳပ္ေနတာကို ေတြ့လိုက္ရသည္...

ငါေရာက္ေတာ့ ၿမိဳ႔ဝင္ေၾကးအေနနဲ႔ ေငြဒဂၤါး ၅၀ ေပးေဆာင္ဖို႔ ေျပာ၏... ထိုေငြက သာမန္ၿမိဳ႔အားျဖင့္ေတာ့ မလိုအပ္ေခ်...

ေန့လည္စာစားၿပီးရင္ ျပန္သြားရမလားလို႔ ငါေတြးေနတုန္း တစ္စံုတစ္ခုက ငါ့အာရံုကိုဆြဲေဆာင္သြား၏... ငါေရ႔ွ ညာဘက္ျခမ္းမွာ အမ်ိဳးသမီးေလးေယာက္ထိုင္ေနၿပီး အလယ္ကတစ္ေယာက္ကို ငါသတိထားမိသြားသည္...

သူမကလည္း ငါစိုက္ၾကၫ့္ေနတာကို သတိထားမိသြားပံုရကာ ေအာ္လိုက္တာေၾကာင့္ ငါအသိျပန္ဝင္လာ၏... "အဲ့ဒီ့ ခရမ္းေရာင္ စိန္ဆံထိုးကို ဘယ္ကရခဲ့တာလဲ" ငါသူမေခါင္းေပၚကို ၾကၫ့္ကာ ေမးလိုက္သည္....

"ကြၽန္မ ခင္ပြန္းေပးတာပါ" သူမ ျပန္ေျဖ၏... ထို႔ေနာက္ ငါ သူမေခါင္းေပၚက ဆံထိုးကိုဆြဲျဖဳတ္ကာ အဝတ္နဲ႔သုတ္လိုက္ၿပီးေနာက္ ငါ့ဝတ္ရံုထဲကို ထၫ့္လိုက္သည္...

ဒီလိုရုပ္ဆိုးတဲ့ မိန္းမကမ်ား ယြမ္ယြမ့္အတြက္ ငါလုပ္ေပးထားတဲ့ ဆံထိုးကိုဝတ္ရဲတယ္.. "နင္ဘယ္လို..!!" သူမေျပာလိုက္ေပမဲ့ ငါလက္က သူမမ်က္ႏွာဆီေရာက္သြားတာေၾကာင့္ ဆက္မေျပာႏိုင္ေတာ့ေပ... 

"ငါနဲ႔ေတြ့ၾကေသးတာေပါ့" ငါတိုးတိုးေလးေျပာလိုက္တယ္ဆိုေပမဲ့ သူမတစ္ေယာက္တည္းသာၾကားႏိုင္ေလာက္သၫ့္ ၿခိမ္းေျခာက္တဲ့အရိပ္အေယာင္ပင္..

ေနရာလြတ္ထဲကေန ဓားတစ္ေခ်ာင္းထုတ္ကာ သူမကိုခ်ိန္ရြယ္ထားလိုက္သည္... တျခားလူေတြကလည္း ေၾကာက္လန႔္တၾကားၾကၫ့္ေနၾကၿပီး ဘယ္သူမွ မတိုက္ခိုက္ရဲၾကေခ်...

ငါ့ဓားေျမႇာင္ကို ထုတ္ကာ သူမႏွဖူးေပၚတြင္ 'ကြၽန္မကမိန္းမပ်က္ပါ' ဟု စကားလံုးထြင္းေပးလိုက္၏... ဒဏ္ရာမွာ အလြန္နက္ကာ တစ္သက္လံုး စြဲက်န္ေနမၫ့္ အမာရြတ္ျဖစ္လာလိမ့္မည္...

သူမ ဆံပင္ကိုျဖတ္ကာ အဝတ္အစားေတြကို ဆြဲခြၽတ္လိုက္၏... ထို႔ေနာက္ ခႏၶာကိုယ္ေပၚတြင္ စကားလံုးေတြ ဆက္ထြင္းလိုက္သည္... ငါေက်နပ္ေအာင္လုပ္ၿပီးသြားတဲ့အခ်ိန္မွာေတာ့ အၿပံဳးေလးတစ္ခုၿပံဳးကာ မတ္တပ္ရပ္လိုက္၏...

ထိုအခ်ိန္မွာပဲ သူမ ေယာက္်ားလို႔ေခၚတဲ့သူ ေရာက္လာသည္...

သူ႔ေဘးမွာကေတာ့ လူသံုးေယာက္ရပ္ေနတာေၾကာင့္ "မင္းတို႔ေလးေယာက္က အေနာက္ဘုရားေက်ာင္းထဲက လူေတြကိုသတ္ခဲ့တဲ့ ေကာင္ေတြလား"

ငါေမးလိုက္ေတာ့ ငါ့ကို သူတို႔ေလွာင္ရယ္ကာ "ငါတို႔လုပ္ခဲ့တယ္ဆိုရင္ေရာ မင္းဘာလုပ္မလို႔လဲ... အားနည္းတဲ့ခေလးေလးရဲ့"

ငါႏႈတ္ခမ္းတင္းတင္းေစ့ထားရင္း ငါ့ဝတ္ရံုထဲမွ ေသနတ္ဆြဲထုတ္လိုက္သည္... ငါက သူတို႔လို ကြၽမ္းက်င္တဲ့လူသတ္သမားေတြမဟုတ္တာေၾကာင့္ ထိပ္တိုက္ရင္ဆိုင္ရင္ ငါဘာမွမလုပ္ရေသးခ်င္မွာပဲ ငါေသသြားလိမ့္မယ္...

"ခ်စ္စရာေကာင္းလိုက္တဲ့အရုပ္ေလး... ငါ့ကိုတိုက္ခိုက္ဖို႔ အသံုးမဝင္တာကေတာ့ သနားစရာပဲ" ေခါင္းေဆာင္ျဖစ္တဲ့လူက ေလွာင္ရယ္လိုက္ေပမဲ့ လက္သီးထိုးသံေနာက္တြင္ ဘန္း! ဆိုသၫ့္ အသံတစ္ခုထြက္လာေလသည္...

ထိုေမာက္မာတဲ့လူ လဲက်ၿပီး ေသသြားတာကို သူတို႔ၾကၫ့္ေနၾက၏... ထို႔ေနာက္ သူတို႔အသိျပန္ဝင္လာၿပီး ေအာ္ဟစ္ၾကေလေတာ့သည္... "အနက္ေရာင္ ေမွာ္ပညာ!!"

သူတို႔က တိုက္ခိုက္လာတာေၾကာင့္ ဘယ္သူ႔ကိုထိသြားမလဲဆိုတာ ဂရုမစိုက္ဘဲ ငါပစ္လိုက္တာပင္... က်န္တဲ့လူသံုးေယာက္ေဘးက အျခားလူေတြ ထိခိုက္သြားေသးလားဆိုတာ ငါလွၫ့္ပတ္ၾကၫ့္ေနစဉ္ လႈပ္ရွားမႈေတြအားလံုးရပ္သြားေလသည္...

လူေတြထပ္ေရာက္မလာခင္ ဟိုလူသံုးေယာက္ကို ႀကိဳးနဲ႔ခ်ည္ကာ ငါ့ျမင္းနဲ႔ဆြဲလာလိုက္၏...

ေနာက္ေန့ေရာက္ေတာ့ အေတာ္ျမင့္တဲ့ေတာင္ထိပ္ေပၚတက္ကာ ထိုလူသံုးေယာက္ကို အဲ့မွာရိွတဲ့ သစ္ပင္တစ္ပင္စီမွာ ႀကိဳးခ်ည္ထားလိုက္သည္... အခုခ်ိန္မွာ ငါ ဒရယ္တစ္ေကာင္ကို သတ္ၿပီး ေသြးေတြအကုန္ထုတ္ယူထားသည္...

သူတို႔ထဲကတစ္ေယာက္ႏိုးလာတာေတြ့ေတာ့ သူနဲ႔အရင္စကားေျပာဖို႔ ဆံုးျဖတ္လိုက္သည္... "ဟင္းဟင္း.. အခုေတာ့ ႏိုးလာၿပီေပါ့" ငါစေနာက္သလိုေျပာလိုက္၏...

"ေဝးေဝးေန... စုန္းေကာင္" သူက်ိန္ဆဲလိုက္တာေၾကာင့္က ငါရီလိုက္သည္... "ငါစိတ္နည္းနည္းေလးမွ မရွည္တာမလို႔ လုပ္ငန္းစရေအာင္" ငါၿခိမ္းေျခာက္လိုက္တာေၾကာင့္ သူနည္းနည္းတုန္ယင္သြား၏...

"မင္းတို႔ဘာလို႔ ဘုရားေက်ာင္းကို တိုက္ခိုက္ခဲ့တာလဲ"ငါေမးလိုက္ေသာ္လည္း အေျဖျပန္ရမလာေပ... အခုဆို သူ႔အေဖာ္ေတြကလည္း ႏိုးလာတာေၾကာင့္ ငါဥပမာျပဖို႔လုပ္လိုက္သည္... 

"ေမးခြန္းတစ္ခုေျဖဖို႔ ျငင္းဆန္တိုင္း မင္းတို႔တစ္ေယာက္စီမွာ ေျခလက္အဂၤါတစ္ခုဆံုးရႈံးရမယ္ဆိုတာ သိထား!!" ငါေျပာလိုက္ေပမဲ့ အေျဖျပန္မေျဖေသးေပ...

ထိုေၾကာင့္ ငါ ေသေနတဲ့ဒရယ္နားရိွ ဓားကိုဆြဲကာ တစ္ေယာက္ရဲ့ ေျခေထာက္ကိုျဖတ္လိုက္၏... ေနာက္တစ္ေယာက္ကိုေတာ့ လက္ျဖတ္ပစ္ကာ ျပန္မေျဖတဲ့တစ္ေယာက္ကိုေတာ့ သူ႔နားကို ျဖတ္ပစ္လိုက္သည္...

"မင္းတို႔ဘာေၾကာင့္ ဘုရားေက်ာင္းကို တိုက္ခိုက္ခဲ့တာလဲ" ငါထပ္ေမးလိုက္သည္... ဒီတစ္ႀကိမ္ေတာ့ ေပါ့ေပါ့ပါးပါးေလး ေမးလိုက္တာမဟုတ္ေပ... ပထမလူက ငါ့ကိုရပ္ဖို႔ေတာင္းပန္ေန၏... ထို႔ေနာက္ သူ႔ရဲ့ေျခေထာက္ေနာက္တစ္ေခ်ာင္းကိုျဖတ္ပစ္လိုက္တာေၾကာင့္ ဒုတိယလူက သနားၫွာတာေပးဖို႔ ေတာင္းပန္ေနေလသည္...

ငါေျခလွမ္းကိုရပ္လိုက္ၿပီး ငါၾကားလိုက္တာမွန္ရဲ့လားဆိုသၫ့္ ပံုစံျဖင့္ ထိုလူကိုၾကၫ့္လိုက္သည္... သူက ယြမ္ယြမ္ကို သနားၫွာတာမေပးခဲ့ဘဲနဲ႔ အခု သူ႔ကိုယ္သူ သနားၫွာတာေပးဖို႔ ေတာင္းပန္ေနတာေပါ့...

ငါ့ဓားကိုလႊဲယမ္းကာ ထိုလူ အသက္မရိွေတာ့သည္အထိ ဗိုက္ကို ဓားနဲ႔ထပ္ခါထပ္ခါ ထိုးသြင္းလိုက္သည္... တတိယေျမာက္လူနားကိုသြားၿပီးေနာက္ ငါ့ျခင္းထဲရိွ ဒရယ္ေသြးေတြကို ထိုလူေခါင္းေပၚကေန ေလာင္းခ်လိုက္သည္...

"ငါ့ကိုမသတ္ပါနဲ႔!" ထိုလူေတာင္းပန္ေနေပမဲ့ ငါ့ရဲ့စိတ္ရွည္မႈ ကုန္ဆံုးသြားေလၿပီ... ငါသူ႔မ်က္လံုးကို ေဖာက္ထုတ္ေတာ့မယ့္အခ်ိန္မွာပဲ သူေအာ္ေျပာလိုက္ေလသည္... "ခြၽန္ရံု!!!" 

"မင္းဘာေျပာလိုက္တာ??!!" ငါေနာက္ကို ေျခတစ္လွမ္းဆုတ္သြားၿပီး ေမးလိုက္၏...

"ခြၽန္ရံုက ယြမ္ယြမ့္ကိုသတ္ဖို႔ ငါတို႔ကိုခိုင္းလိုက္တာ... ဒါေပမဲ့ ဘုန္းႀကီးေတြက ငါတို႔လမ္းကိုလာပိတ္ေနတာမလို႔ အကုန္လံုးကိုသတ္ပစ္လိုက္တာ.. ေက်း..." သူေျပာ၏...

သူေျပာလို႔မၿပီးခင္မွာပဲ ငါျဖတ္ေျပာလိုက္သည္... "ဘာလို႔ သူမက ယြမ္ယြမ့္ကိုသတ္ခိုင္းတာလဲ!"

"သူမေျပာတာကေတာ့ က်ိေရာ့လိုေခၚတဲ့ မိန္းမတစ္ေယာက္က သူ႔ကိုၿခိမ္းေျခာက္ေနတာမလို႔ အဲ့တစ္ေယာက္ရဲ့ အနီးကပ္ဆံုးလူကိုသတ္ပစ္တာလို႔ ေျပာပါတယ္" သူေခါင္းငံု႔ထားရင္းျပန္ေျပာသည္...

"ယြမ္ယြမ္မေသခင္ ေနာက္ဆံုးေျပာခဲ့တဲ့စကားကဘာလဲ" ငါေမးလိုက္ေပမဲ့ ျပန္မေျဖေခ်.....

ထို႔ေၾကာင့္ ငါသူ႔ရဲ့ ေနာက္နားတစ္ဖက္ကို ဓားေရႊ့သြားေတာ့ သူေအာ္ငိုေလ၏.... "ေတာင္းပန္တာပါ... သနားၫွာတာေပးဖို႔ေတာင္းပန္တာပါ!! အဲ့ဒါက ေနာက္ဆံုးစကားပဲ"

"မင္းေတာင္ ယြမ္ယြမ့္ကိုၫွာတာမေပးခဲ့တာ ငါလည္းပဲ တူညီတဲ့အရာကိုလုပ္မယ္" ငါသူ႔ေပါင္ထဲကို ဓားနဲ႔ထိုးလိုက္တာေၾကာင့္ ထိူလူရဲ့မ်က္မွာမွာ ျဖဴေဖ်ာ့လာ၏... သူ႔ကိုအသက္ရွင္ေနေအာင္ေတာ့ ငါလုပ္ထားသည္...

ငါသူ႔လ်ွာကိုျဖတ္ပစ္ၿပီးေနာက္ ေက်ာက္တံုးတစ္တံုးေပၚမွာထိုင္ကာ က်ီးကန္းေတြ ထိုလူရဲ့အသားကို စားေနတာကို ၾကၫ့္ေနလိုက္သည္...

သူေတာင္းပန္ေနတဲ့အသံ ဝူးဝူးဝါးဝါးေတြထြက္ေနေပမဲ့ ငါလ်စ္လ်ူရႈထားလိုက္သည္... ငါၾကၫ့္လိုက္ေတာ့ ေနာက္တစ္ေယာက္ကလည္း ေသေနၿပီျဖစ္တယ္... ထို႔ေနာက္ ငါျမင္းေပၚတက္ကာ ထံုယန႔္ဆီျပန္သြားဖို႔ လုပ္လိုက္သည္...

"မစိုးရိမ္ပါနဲ႔ ယြမ္ယြမ္...အဲ့မိန္းမကို ျပန္ေပးဆပ္ခိုင္းမွာပါ... ဒီမိန္းမ နာက်င္ခံစားရၿပီး ေသေစရမယ္" ငါေကာင္းကင္ဘံုကိုေမာ့ၾကၫ့္ကာေျပာလိုက္သည္...

Continue Reading

You'll Also Like

82.4K 743 12
အသက်ရွယ်ကန့်သက်ချက်တွေ လွန်လွန်ကြူးကြူးပါဝင်လို့ ကိုယ့်ဟာကိုယ် ဆင်ခြင်ဖတ်ပါ။
178K 8.8K 50
My name is Alex Cruz, I'm a omega, so I'm just a punching bag to my pack. But Emma, Queen of werewolves Sam, queen of dragons Winter, queen of vampi...
8.3M 309K 43
Life is unfair, something that Zayne knows from experience. His whole life is unfair. His birth wasn't allowed, his existence hated as his mother gav...
1.7K 200 4
This story is not mine and I give full credit to original author and eng translator. This is just a pure fan translation and I don't have any purpose...