Unicode~
ခေါက်ဆွဲဆိုင်လေးက သူ့အနေအထားအရ လူစည်ကားသည်မှန်သော်လည်း သူတို့နှစ်ယောက်မှာတော့ နှစ်ယောက်တည်းတစ်လောကဖြစ်နေသည်။
ရှက်ဝဲဝဲနှင့် နှုတ်ခမ်းဖျားက ကြွေကျလာတတ်သော အာမေဋိတ်သံလေးများကို ပန်းပွင့်များလို သီကုံးထားလိုက်ချင်သည်။ မသိမသာနီရဲနေသော ပါးမို့မို့လေးများက ထောက်ရှားပန်းပွင့်တွေ ကြွေကျနေသည့်နည်းတူ။ သူ့စိတ်ကူးထဲကအတိုင်း၊ ဒါမှမဟုတ် စိတ်ကူးထဲကပို၍ မျက်ခြယ်က သိပ်လှသည်။
နတ်သက်ကြွေလာသူတစ်ယောက်တောင် မျက်ခြယ်ကို မီနိုင်မှာမဟုတ်။
"သိပ်ကြည့်တာပဲ။ ဘယ်လိုအစာစားရမလဲတောင် မသိတော့ဘူး"
"ဒါဆို ဘာလို့ကြည့်ချင်စရာကောင်းအောင် စားနေသေးလဲ ဟင်.."
"ဟောဗျာ.. ကျွန်တော်က ပုံမှန်အတိုင်းစားနေတာမဟုတ်ဘူးလား။ ဒီလိုနဲ့ပဲ ခရိုင်မင်းခေါက်ဆွဲတွေက ပွတော့မှာ"
ကိုယ်ကပဲ အကဲပိုနေမိတာလား။ သာမာန်စကားလေးပြောရင်တောင် ရင်ခုန်မိနေတာ။ မျက်ခြယ်ဘက်က ဘယ်လိုသဘောထားပြီးပြောတယ်ဆိုတာ မသိရသေးခင် ကိုယ့်မှာတော့ ခရီးရှည်ကြီးကို ကြိုတွေးနေမိပါသည်။
နဖူးပေါ်ဝဲကျနေသော အညိုရောင်ဆံစများကို ခပ်ဖွဖွတို့ထိရင်း မင်းဆီကို အပတ်တိုင်း စာသဝဏ်လွှာပို့နေသူဟာ သည်လူဖြစ်ကြောင်း ပြောလိုက်ချင်သည်။ အမြန်ဆုံးပြောထွက်နိုင်ဖို့ရာ အခြေအနေအချိန်အခါကို ကိုယ့်မှာတွက်ဆနေရသည်။ အချိန်မှန်ဖြစ်ဖို့ရာ ဘယ်ဗေဒင်ဆရာက တွက်ဆနိုင်မှာတဲ့လဲ မျက်ခြယ်ရယ်။
"ကျွန်တော့်အတွက်တော့ ဒီအရသာက ပုံမှန်ပဲ။ ခရိုင်မင်းအတွက်ရော.. အစပ်များ ပေါ့နေရော့သလား"
"မောင်က အစားအသောက်ကြေးမများတတ်ပါဘူးကွယ်"
Taehyung အကြည့်တစ်မျိုးဖြင့်ကြည့်မိသည်။ 'အတည်ကြီး ဒီလိုပြောနေတာလား'ဟု မေးချင်နေသော အကြည့်မျိုး။ ဒါပေမဲ့ မေးခွန်းထုတ်လိုက်ရန် အခါအခွင့်မသင့်မှာစိုး၍ ဆိတ်ဆိတ်သာ ဆက်နေလိုက်သည်။
'မောင်..' သူ့အတွက် 'မောင်'လို့ သုံးနှုန်းတတ်သူဟာ သူ့ထံပါး စာစောင်မှန်မှန်ပို့တတ်သူသာ။ ခရိုင်မင်းကလည်း သူ့အစီအစဥ်ရဲ့ ပရိတ်သတ်လို့ ပြောခဲ့ဖူးတာပါပဲ။ ခရိုင်မင်းများလားဟု အတင့်ရဲစွာ တွေးမိတိုင်း မထိုက်မတန်ဟူသော ကောက်ချက်က တစ်ပါတည်းလိုက်ပါလာသည်။ တွေးလိုက်ချင်ပါသော်လည်း၊ အတွေးထဲစဥ်ဆက်မပြတ်ရှိနေပါသော်လည်း ဖြစ်သင့်ရဲ့လား ဝေခွဲရခက်ပါသည်။
တချို့သော စည်းများက မကျော်ဖို့ရာ သတ်မှတ်ထားခြင်းဖြစ်သည်။ မနေ့ညကမှ တွေ့ဆုံခဲ့သော ခရိုင်မင်းက သူ့ကိုမနက်စာဧည့်ခံနေသည်နှင့်ပင် ဘယ်စည်းတွေကျော်လိုက်မိပါပြီလဲ။ ရင်းနှီးမှုနှုန်းက အဟုန်ဖြင့် မြင့်တက်လာတော့ သူ့မှာ စိုးထိတ်ရပါသည်။
"ဗိုက်ဝသွားပြီလား။ အစားနည်းလိုက်တာ။ ကိုယ်က မြိန်ရေရှက်ရေစားတော့မယ်ထင်နေတာ"
"ကျွန်တော်ဗိုက်မဆာတော့လို့ပါ"
"ဒါဆို ကိုယ်တို့သွားကြတော့မလား။ ကုန်တိုက်သွားမယ်လို့ ပြောထားတယ်လေ"
"အင်း.. သွားကြတာပေါ့"
ခရိုင်မင်း၏ကားက သက်တောင့်သက်သာရှိသည်။ သူမဖြစ်မနေစီးနေကျ တက္ကစီများထက် အဆများစွာသာသည်။ အိစက်ညက်ညောသော ထိုင်ခုံများနှင့် လေဝင်လေထွက်ကောင်းသော ကားအတွင်းခန်း။ ကားရေဒီယိုကလည်း အသံကြည်လင်ပြတ်သားသည်။ ဖွင့်ထားသော ရေဒီယိုလှိုင်းက Melomaniac FMဖြစ်နေသော သူတစ်ယောက်တည်း ကြိတ်ပြုံးမိသည်။
'မင်္ဂလာပါ။ Melomaniac FMမှ ကြိုဆိုပါတယ်။ ကြိမ်နှုန်း 91.3MHzကို ဖွင့်ပြီး သီချင်းကောင်းလေးများကို နားဆင်နိုင်ပါပြီနော်'
"ခရိုင်မင်းက ကျွန်တော်တို့ ရေဒီယိုလှိုင်းကို တကယ်နားဆင်သားပဲ"
"ဘာလဲ.. မနေ့ညက လိမ်ပြောလိုက်တယ် ထင်လို့လား"
"အင်း.. လိမ်တယ်တော့မဟုတ်ဘူးပေါ့။ သက်သက်လောကွတ်ချော်နေတယ်ထင်တာ"
"တွေးရက်လှချည်လားဗျာ။ ကိုယ်က 'နှလုံးသားတေးသံသာ'ရဲ့ တကယ့်ပရိတ်သတ်ပါ။ တခြားအစီအစဥ်တွေတောင် ကိုယ်နားထောင်ဖြစ်တာမဟုတ်ဘူး"
ကားစတီယာတိုင်ကို ခပ်ဖွဖွကိုင်ထားသော လက်မှာ သွေးကြောစိမ်းတွေအပြည့်။ တက်တူးအပိုင်းအစများကလည်း မနေ့ညကကဲ့သို့ပင် ဟိုသည်တစ်ကွက်စီ ထိုးထွက်လျက်ရှိသည်။
သူနှင့်ဆန့်ကျင်စွာ ဆံသားများက သေသပ်ပိရိလျက်။ ခရိုင်မင်းက ပင်ကိုမူလကပင် လူကုံထံအသိုင်းအဝိုင်းက ဆင်းသက်လာသူမှန်း သိသာလှပါသည်။
"ဒီကုန်တိုက်ဟုတ်ပါရဲ့နော်"
"ဟုတ်ကဲ့ ကျေးဇူးပါ။ ကျွန်တော် သွားလိုက်ပါဦးမယ်"
JungKookက နားမလည်သလို မျက်မှောင်တစ်ချက်ကြုတ်ပြီးမှ
"ကိုယ်လိုက်လို့မရလို့များလား။ အတူတူသွားရမယ် ထင်နေလို့ လိုက်ပို့ပေးတာကို"
"အိုး.. လိုက်မရတာမဟုတ်ပါဘူး။ ကျွန်တော်က အိမ်ပစ္စည်းတွေ၀ယ်မှာဆိုတော့ ခရိုင်မင်းနေရခက်မှာစိုးတာကြောင့်ပါ"
အားစိုက်ထုတ်စရာအကြောင်းများမရှိဘဲ အလိုလိုပင် ခရိုင်မင်းက သူ့အနားပါလာသည်။ အိမ်သုံးပစ္စည်းတွေကို အမြဲလိုလို တစ်ယောက်တည်းဝယ်နေကျ။ ယခု သူ့ဘေးနား လူတစ်ယောက်ပါလာတော့ အနည်းငယ်မျက်နှာပူချင်သလိုလို။ မျက်မှန်းတန်းမိနေသော ကုန်တိုက်ဝန်ထမ်းလေးများကလည်း သူ့ကို လူထူးလူဆန်းကြီးလို ကြည့်နေကြတော့ ခြေမကိုင်မိလက်မကိုင်မိပါ ဖြစ်ချင်လာတော့၏။
"အစားအသောက်တွေရော တစ်ပတ်စာ၀ယ်နေတာလား"
"ဟုတ်တယ်။ ရုံးဖွင့်ရက်တွေကျ ဒါတွေလိုက်၀ယ်နေဖို့ အချိန်မရှိဘူးလေ။ စနေနေ့ကျတော့လည်း အိမ်မှာအေးဆေးအနားယူချင်သေးတာ။ အဲဒီတော့ တနင်္ဂနွေမှပဲ တစ်ပတ်စာထွက်ဝယ်ဖြစ်တော့တယ်"
အသားခြောက်များ၊ ရေခဲရိုက်ထားသည့် စားသောက်ကုန်များကို ရွေးထည့်နေရင်း စိတ်ရှည်လက်ရှည်ရှင်းပြနေတာ။ ကိုယ်တစ်မနက်လုံး လိုက်နေတာတောင် မငြိုမငြင်ရှိနေဆဲဆိုတော့ ဒါအခြေအနေကောင်းတာလို့ပဲ ဆိုရမလား။
"မ,ပေးမယ်"
"ကျွန်တော်တစ်ယောက်တည်းနိုင်.."
"လုပ်ပေးချင်လို့ပါ"
နာ့ရှ်ဗီးလ်တစ်ခရိုင်လုံးကို ကြီးကြပ်ကွပ်ကဲနေရသူက သူ့အိမ်အတွက်စားသောက်ကုန်အထုပ်ကြီးငယ်ကို ကူသယ်ပေးနေရတယ်လို့။ မအပ်မစပ်ဖြစ်မနေဘူးလား။
"Mr. Kim.. ဈေးလာ၀ယ်တာလား"
အသံလွှင့်ရုံမှူးကြီးနဲ့မှ တည့်တည့်ဆုံရတယ်လို့။ တစ်ယောက်တည်းလည်းမဟုတ်၊ မိန်းမနှင့်ကလေးနှစ်ယောက်အပါ မိသားစုလိုက်။
"ဟုတ်တယ်ခင်ဗျ။ ရုံးပိတ်တာနဲ့ပဲ"
"ဒါခရိုင်မင်းမလား။ မနေ့ညက မိတ်ဆက်တယ်လေ။ ကျွန်တော့်ကို မှတ်မိရဲ့လားမသိဘူး"
"မှတ်မိပါတယ်။ Mr. Kimရဲ့ အထက်လူကြီးဟုတ်ပါရဲ့နော်"
အသံလွှင့်ရုံမှူးမှာ ရင်ခံသွားတာ အသိသာ။ သူ့ကိုမမှတ်ထားဘဲ Kim Taehyung၏ အထက်လူကြီးဟုသာ မှတ်ထားသတဲ့လား။ ကြိုဆိုဧည့်ခံပွဲစီစဥ်ပေးတဲ့အထဲ သူကအဓိကလူဖြစ်နေလျက် မျက်နှာသာမရတော့ စိတ်မကြည်တော့။
"Mr. Kimက ခရိုင်မင်းနဲ့ တော်တော်ရင်းနှီးတယ်ထင်တယ်"
"အာ.. အဲဒါက"
"ခရိုင်မင်းပစ္စည်းတွေသယ်နေတာ အားနာစရာ။ Mr. Kimက ကူသယ်ပေးလိုက်တာမဟုတ်ဘူး"
"ဒါ Kim Taehyungရဲ့ ပစ္စည်းတွေပါ။ ကျွန်တော်က ကူသယ်ပေးနေတာ"
လောလောဆယ်တော့ Taehyung သည်ကြားထဲမနေချင်တော့။ အသံလွှင့်ရုံမှူးက သူ့ကို ဘုကြည့်ကြည့်နေပြီ။ လောလောလတ်လတ်ရောက်လာတဲ့ခရိုင်မင်းကို ခိုင်းစားနေသည်ဟု ထင်သွားလောက်သည်။
"Mr. Kimက ခရိုင်မင်းကို အထုပ်တွေ သယ်ခိုင်းတယ်။ ဟုတ်လား"
"သူမခိုင်းပါဘူး။ ကျွန်တော်က လုပ်ပေးချင်လို့ပါ။ ဒါဆို ခွင့်ပြုပါဦး"
အသံလွှင့်ရုံမှူးဆိုသူတစ်ယောက် နားမလည်သော အကြည့်ဖြင့်သာ ကျန်ခဲ့မည်ဖြစ်ကြောင့် JungKookသိလို့နေသည်။ လက်တစ်ဖက်က အထုပ်ကြီးငယ်ဆွဲထားသော်လည်း ကျန်လက်တစ်ဖက်က Kim Taehyungလက်ကို ဆွဲယူပြီး ထွက်လာခဲ့သည်။ သူလုပ်လိုက်တာ မျက်ခြယ်တော့ သိပ်ကိုနေရခက်နေတော့မှာ။
"အသံလွှင့်ရုံမှူးက အဲဒီလိုပဲ။ သိပ်အရစ်ရှည်တာ"
"ကြည့်တာနဲ့ သိသာပါတယ်"
"အဲဒီလိုဖြစ်သွားလား"
သူတို့နှစ်ဦးပြိုင်တူရယ်မိသွားကြပါသည်။
____
လူရည်လည်သော ဝန်ထမ်းတစ်ယောက်အနေနှင့် လူတစ်ယောက်ကို နှစ်ကြိမ်နှစ်ခါခန့် တွေ့မြင်ဖူးရုံဖြင့် ရင်းနှီးကျွမ်းဝင်သွားဖို့ရာက မခက်ခဲခဲ့ချေ။
အလုပ်နားရက် နှစ်ရက်အတွင်း ဆုံစည်းခဲ့ရသော ခရိုင်မင်းက မရှိသလောက်ရှားပါးလှသော သူ့မိတ်ဆွေစာရင်းတွင်ပါဝင်လာသည်။
သို့သော် သူဟာ ခရိုင်မင်းကို နေ့စဥ်တွေ့ရလိမ့်မည်ဟု မျှော်မှန်းထားသူမဟုတ်ချေ။
သူ့ဘဝထဲက လူတစ်ယောက်ဖြစ်လာဖို့က မလွယ်။ အလုပ်သဘောအရ မည်မျှပင် ရည်မွန်ပါစေဦး၊ ကိုယ်ပိုင်ဘဝထဲနေရာယူထားသူက မရှိသလောက်။
ခရိုင်မင်းJeon JungKook သူ့ကိုယ်ပိုင်ဘဝလေးထဲ ဝင်လာပုံက ညင်သာသိမ်မွေ့လွန်းသည်။ သိမ်မွေ့လွန်းအားကြီးသဖြင့် ဘယ်အချိန်ဝင်ရောက်အခြေချနေမှန်းပင် မသိလိုက်အောင်။
"Mr. Kimအတွက် စာရောက်နေတယ်"
"ဟုတ်လား။ သောကြာနေ့လည်း မဟုတ်ဘဲနဲ့။ ပြပါဦး"
ရုံးတက်တက်ချင်းအချိန်မှာပင် သူ့အတွက်စာတစ်စောင်က စာတိုက်ပုံးထဲနေရာယူထားခဲ့သည်။ သောကြာနေ့မွန်းလွဲချိန်မဟုတ်ဘဲ သူ့ဆီစာရောက်လာစရာအကြောင်းက ရှိပါသေးရဲ့လား။
သူမြင်တွေ့နေကျ စာအိတ်ညိုညို။ ဖွင့်မကြည့်ရသေးခင်မှာပင် သူ့ကို မျက်ခြယ်ဟု ခေါ်မည့်သူ၏စာမှန်း သိနေသည်။ သောကြာနေ့မဟုတ်တာက အတန်ငယ်ထူးဆန်းနေရုံ။ ဘာလို့များပါလိမ့်။
'မျက်ခြယ်..'
သူဟာ ထိုစာကို ခရိုင်မင်းအသံအား ကြားယောင်၍ ဖတ်မိသည်။ အရှက်မရှိသလိုဖြစ်သွားပေမဲ့ သည်လိုပဲဖတ်မိနေတာကို ဘယ်တတ်နိုင်ပါ့မလဲ။
'မောင်လေ.. မျက်ခြယ်ဘဝထဲတိုးဝင်ဖို့ရာ အဆင်သင့်ဖြစ်နေပါပြီ။
မျက်ခြယ်သာ တံခါးလေးဖွင့်ပြီး ကြိုလင့်မယ်ဆို ဝမ်းပမ်းတသာ ချစ်ခြင်းအဟုန်နှင့် မောင်တိုးဝင်လာပါ့မယ်'
ဘာလဲ။ ဒါကရည်းစားစာမဟုတ်နေဘူးလား။ အစီအစဥ်အကြောင်း၊ ရေဒီယိုအကြောင်းမဟုတ်ဘဲ မိန်းမပျိုတစ်ယောက်ကို ယောကျ်ားပျိုတစ်ယောက်က ပိုးပန်းနေသည့်စာမျိုး။ သည်လိုစာကို အမျိုးသားတစ်ယောက်က အမျိုးသားတစ်ယောက်ကို ပေးသတဲ့လား။
သဘာဝမဆန်စွာပင် သူအနေနှင့် ဒါကို မနှစ်မြို့ခြင်းအလျှင်းမရှိ။ ရင်ခုန်တတ်စ လူသားတစ်ယောက်လို စိတ်ကူးပင် ယဥ်မိသွားသည်။
'အညိုရောင် မျက်ဝန်းလေးရော.. အညိုရောင် ဆံသားလေးရော မောင်နမ်းရှိုက်ဖို့ချည်းသက်သက်ဖြစ်လိုက်ပါတော့ကွယ်'
အို.. ကိုယ့်မှာ အညိုရောင်မျက်ဆန်နှင့် ဆံသားတို့ရှိကြောင်း သူဘယ်လိုသိတာပါလိမ့်။ သည်လူက သူ့အနီးနားရှိနေပြီလား။ မဆိုင်သော်လည်း ဝန်းကျင်ကို တစ်ချက်ကြည့်မိလိုက်ပါသေးသည်။
"ခရိုင်မင်းရောက်လာတာလား။ ရုတ်တရက်ကြီးဆိုတော့ ကျွန်မတို့ ဘာမှမပြင်ဆင်လိုက်ရဘဲ ဖြစ်သွားတယ် ခရိုင်မင်းရယ်"
ဝန်ထမ်းအစ်မ၏အသံကြောင့် သူအပါအဝင် ရုံးခန်းတစ်ခုလုံးက တစ်နေရာတည်းကို လှည့်ကြည့်မိကြသည်။ အနောက်တိုင်းဝတ်စုံရယ်၊ အပေါ်ထပ်ကုတ်အရှည်ရယ်.. သူသိနေကျအတိုင်း ခရိုင်မင်းက ခံ့ညားတည်ကြည်လွန်းသည်။
"နေပါ.. နေပါ။ ကျွန်တော်က Mr. Kimကို လာတွေ့တာ"
"ဟင်.. ကျွန်တော့်ကိုလား"
"နေ့လယ်စာစားချိန်မလား။ အလုပ်မပြီးသေးလည်း စောင့်လိုက်ပါ့မယ် အေးဆေးလုပ်ပါ"
သည်အချိန်မှ အလုပ်အေးဆေးလုပ်နိုင်တာကမှ လူထူးလူဆန်းဖြစ်နေဦးမည်။ ဧည့်သည်တွေထိုင်သော ခုံတန်းမှာ အေးအေးဆေးဆေးထိုင်၍ စောင့်နေသူခရိုင်မင်းကြောင့် သူတကယ်ကို အလုပ်ဖြောင့်ဖြောင့်မလုပ်နိုင်။
"သွားကြတော့မလား"
"အလုပ်ပြီးပြီလား။ မြန်လိုက်တာ"
"ခရိုင်မင်းက အဲဒီလိုစောင့်နေမှတော့ ဘယ်လိုလုပ်ပြီး ဆက်လုပ်နိုင်ပါ့မလဲ"
"နောက်နေ့ကျတော့ ဖုန်းကြိုဆက်လိုက်ပါမယ်"
"နောက်နေ့.."
ပုခုံးကို လွှားခနဲဖက်ပြီး ခေါ်သွားချိန် ကိုယ့်ခြေလှမ်းတွေက အလိုက်သင့်ပင် သူ့နောက်လိုက်မိတော့သည်။ ရုံးဝန်ထမ်းများ၏ အာရုံအစုစုက ကိုယ်တို့နောက် ပါလာမှာ အသေအချာ။ ကိုယ်တိုင်တောင် အိပ်မက်လိုလို စိတ်ကူးယဥ်ကမ္ဘာထဲရောက်နေသလိုလို မရေမရာဖြစ်နေချိန် ဘယ်သူ့ကို ဘယ်လိုရှင်းပြနိုင်မှာတဲ့လဲ။
"ပုံမှန်နေ့လယ်စာ ဘယ်လိုစားလေ့ရှိလဲ။ ရုံးထဲလည်း ဆိုင်မရှိဘူးဆိုတော့"
"ဒီလိုပါပဲ။ ကြုံသလိုပေါ့"
"ဒီနေ့တော့ ကြုံသလိုစားလို့မဖြစ်ပါဘူး။ မောင့်နောက်သာလိုက်ခဲ့"
ခရိုင်မင်းက လူတိုင်းကို သည်လိုပြောလေ့ရှိသူတော့လည်း မဟုတ်လောက်ပါဘူးနော်။ အမှတ်တမဲ့ နှုတ်ကျိုးနေသယောင်ယောင် 'မောင်'လို့ သုံးလိုက်တိုင်း ကိုယ့်မှာအတွေးလွန်ရတာ တစ်ခါနှစ်ခါပင်မကချေတော့။
နောက်တစ်ခါသာဆိုလျှင်တော့ တိုက်ရိုက်ပဲ မေးလိုက်တော့မည်။ မသိမကြားသလို ဟန်ဆောင်ရတာက ခက်လိုက်တာမှ။
"ထောက်ရှားပန်းတွေက ဘယ်အချိန်ပွင့်သတဲ့လဲ"
"နွေဦးကနေ နွေရာသီကုန်အထိ။ သူတို့က နွေကြိုက်ပန်းတွေ"
"ပထမဆုံးမြင်ဖူးရမှာပဲ"
"ခရိုင်မင်းပြောင်းလာတဲ့မြို့မှာ မရှိဘူးလား"
"အော်စတင်မှာလား.. ဟင့်အင်း။ ရှိချင်လည်းရှိမှာတော့။ သိပ်မများလို့များလား.. ကိုယ်တော့ မမြင်မိပါဘူး"
လမ်းတစ်ဖက်မှာရပ်ထားသော ကားဆီ ဖြတ်ကူးသွားချိန် သူက ကိုယ့်ကျောပြင်ကို ခပ်ဖွဖွထိန်းပေးသည်။ ရေဒီယိုရုံးရှေ့လမ်းက ဖြတ်သွားဖြတ်လားသိပ်မများသော်လည်း လမ်းထောင့်ကနေ ရုတ်တရက်ထွက်လာသော ကားလေးတွေရှိတတ်သည်။ သို့သော် မြို့ခံဖြစ်တဲ့ကိုယ်က အဲသည်လောက်ထိ ဂရုမပြုမိ။ ကျောပြင်ထက်က နွေးနုနုအာရုံကြောင့်သာလျှင်..။
နာ့ရှ်ဗီးလ်မြို့ရဲ့ အဆင့်မြင့်စားသောက်ဆိုင်ကို အလုပ်ကိစ္စမဟုတ်ဘဲ ပထမဆုံးရောက်ဖူးခြင်း။ ခရိုင်မင်းက ဤမြို့အတွက် လူသစ်ဖြစ်သည့်တိုင် အရှိန်အဝါကမနည်း။ မမြင်ဖူးတဲ့လူဆိုရင်တောင် ဒါအကြီးအကဲတစ်ယောက်မှန်း တန်းသိနိုင်မည့် အရှိန်နှင့်။
"ရုံးက တပည့်တွေက ဒီဆိုင်ကောင်းတယ်ဆိုလို့.. လမ်းအလွတ်ကျက်ပြီး လာရတယ်"
"ဟုတ်ပါရဲ့.. ခရိုင်မင်းရောက်တာပဲ နှစ်ရက်ရှိသေးတာ။ ဒရိုက်ဘာမပါလို့ ဖြစ်ရဲ့လား"
"ဒရိုက်ဘာပါလာရင် မောင်တို့ကြား ကန့်လန့်ကန့်လန့်ဖြစ်နေမှာပေါ့"
သည်တစ်ခါတော့ Taehyungကျော်မသွားနိုင်တော့။ မခို့တရို့အကြည့်၊ မထိတထိစကားလုံးများကပင် လွန်လှချေပြီ။ သက်ဆိုင်ရာတစ်ဦးပိုင်နာမ်စားအထိတော့ လွတ်ထားမပေးနိုင်၊ ခရိုင်မင်းက သူ့ကိုရူးအောင် လုပ်နေချင်စမ်းသလား။
"လာပြန်ပြီ။ ဒီတစ်ခါတော့ ကျွန်တော်ကျော်မသွားတော့ဘူး။ မေးရမှာကို ဖြစ်တော့မယ်"
"မေးလေ.. ဖြေပါ့မယ်"
"ခရိုင်မင်းက ဘာလို့များ ကိုယ့်ကိုယ်ကိုယ်'မောင်'လို့ ပြောနေရသလဲ။ လူတိုင်းကို ဒီအတိုင်းပဲပြောတတ်လို့လား။ ဒါမှမဟုတ် ခရိုင်မင်းရဲ့ တခြားနာမည်လား"
ခရိုင်မင်းက အနည်းငယ်ကြောင်အမ်းသွားပြီးနောက် နှုတ်ခမ်းပါးထက်ဝယ် အလိုလိုပြုံးရောင်သမ်းလာသည်။ စားသောက်ဆိုင်၏ မီးရောင်က ဝါကျင်ကျင်နှင့် ခပ်မှိန်မှိန်။ ထိုအလင်းရောင်ဖျော့ဖျော့အောက် လူတစ်ယောက်၏ အပြုံးကို မြင်ရသည်က ဗလာပိတ်ကားထက်မှာ ပန်းချီခြယ်သနေသည့်အလား။
"နည်းနည်းမှကို မရိပ်မိတာပဲလား။ ဒါမှမဟုတ် မောင်လို့သုံးတဲ့လူတွေကပဲများနေလို့ မောင့်ကို သီးခြားမမြင်နိုင်သေးတာလား"
"ဟင်..ခရိုင်မင်း ဘာကို"
"မျက်ခြယ် မနက်ကစာကို ဖတ်လိုက်သေးလား..ဟင်"
"အို.."
ပါးနှစ်ဖက်နီမြန်းသွားသည်ကို ဖုံးကွယ်နိုင်မည်အထင်နှင့် ခေါင်းငုံ့ထားသော်လည်း ဖုံနိုင်မည်မဟုတ်ချေ။
တိုက်ဆိုင်မှုလေလား၊ ထိုထက်ပိုသော ရေစက်လေလား။ ခရိုင်မင်းက အဲသည်လူတဲ့လေ။
ရင်ခုန်ရမလား ရင်တုန်ရမလားဆိုတာ တစ်ယောက်ယောက်ကို မေးကြည့်လို့ရရင် ကောင်းမည်။
ခရိုင်မင်းကို ရင်းနှီးပြီးသားလူတစ်ယောက်လို ခံစားခဲ့ရတာ ဒါကြောင့်လား။ မပြီးဆုံးနိုင်သော သံသရာစက်ဝန်းကြီးထဲ သည်ရေစက်က သိပ်လှနိုင်သည်။ တစ်ပြိုင်နက်တည်း တုန်လှုပ်ဖို့လည်းကောင်းသည်။
"အော်စတန်မှာ ၆နှစ်ကျော်လောက်တာဝန်ကျပြီး ဒီကိုဘာလို့ပြောင်းလာတာလဲ သိချင်ရဲ့လား။ ဇာတိမြို့နီးပါးရင်းနှီးနေတဲ့မြို့ကနေ ကောက်ခါငင်ကာပြောင်းလာတယ်ဆိုတာက.."
"ခရိုင်မင်းရယ်။ တကယ်တော့ ဒီလိုအချိန်မှာ ဘယ်လိုတုံ့ပြန်ရမလဲတောင်မသိတော့ပါဘူး။ ကျွန်တော်က သာမာန်လူတစ်ယောက်ဆီကစာလို့ပဲ မျှော်လင့်ထားခဲ့တာပါ"
"ကိုယ်ကသာမာန်လူတစ်ယောက်ပါပဲ မျက်ခြယ်။ လူတစ်ယောက်လို အသက်ရှူပြီး လူတစ်ယောက်လို အလုပ်လုပ်နေရတာပဲလေ"
ဘယ်တူပါ့မလဲ။ ခေတ်အခါအရ ခရိုင်မင်းဆိုသည့် အရှိန်အဝါကကြီးလွန်းသည်။ သာမာန်မိသားစုက ဆင်းသက်လာသူထက် မျိုးရိုးစဥ်ဆက်လူကုံထံအသိုင်းအဝိုင်းကဆိုလျှင် သူ့အတွက် ဖိအားပိုများသည်။
ဘာမှမသိခင်အချိန်တုန်းက စာသဝဏ်လွှာလေးတွေက သူ့အတွက် ခွန်အားဆိုလည်းဟုတ်သည်။ စိတ်ဖြေသိမ့်ရာဆိုလည်း မှန်သည်။ အခုတော့ လုံးလုံးလျားလျားမတူတော့။
ဟိုးကောင်းကင်ပေါ်ကနေ ကြွေဆင်းလာသည့် ရွှေပေလွှာကို ဖမ်းဆုပ်ရသကဲ့သို့ သူ့ပုခုံးနှစ်ဖက်ကို လေးလံစေပါသည်။
TBC~
Do vote⭐ me if you like it.
Love you and thank you Taekookers💜
Zawgyi~
ေခါက္ဆြဲဆိုင္ေလးက သူ႔အေနအထားအရ လူစည္ကားသည္မွန္ေသာ္လည္း သူတို႔ႏွစ္ေယာက္မွာေတာ့ ႏွစ္ေယာက္တည္းတစ္ေလာကျဖစ္ေနသည္။
ရွက္ဝဲဝဲႏွင့္ ႏႈတ္ခမ္းဖ်ားက ေႂကြက်လာတတ္ေသာ အာေမဋိတ္သံေလးမ်ားကို ပန္းပြင့္မ်ားလို သီကုံးထားလိုက္ခ်င္သည္။ မသိမသာနီရဲေနေသာ ပါးမို႔မို႔ေလးမ်ားက ေထာက္ရွားပန္းပြင့္ေတြ ေႂကြက်ေနသည့္နည္းတူ။ သူ႔စိတ္ကူးထဲကအတိုင္း၊ ဒါမွမဟုတ္ စိတ္ကူးထဲကပို၍ မ်က္ျခယ္က သိပ္လွသည္။
နတ္သက္ေႂကြလာသူတစ္ေယာက္ေတာင္ မ်က္ျခယ္ကို မီႏိုင္မွာမဟုတ္။
"သိပ္ၾကည့္တာပဲ။ ဘယ္လိုအစာစားရမလဲေတာင္ မသိေတာ့ဘူး"
"ဒါဆို ဘာလို႔ၾကည့္ခ်င္စရာေကာင္းေအာင္ စားေနေသးလဲ ဟင္.."
"ေဟာဗ်ာ.. ကြၽန္ေတာ္က ပုံမွန္အတိုင္းစားေနတာမဟုတ္ဘူးလား။ ဒီလိုနဲ႔ပဲ ခ႐ိုင္မင္းေခါက္ဆြဲေတြက ပြေတာ့မွာ"
ကိုယ္ကပဲ အကဲပိုေနမိတာလား။ သာမာန္စကားေလးေျပာရင္ေတာင္ ရင္ခုန္မိေနတာ။ မ်က္ျခယ္ဘက္က ဘယ္လိုသေဘာထားၿပီးေျပာတယ္ဆိုတာ မသိရေသးခင္ ကိုယ့္မွာေတာ့ ခရီးရွည္ႀကီးကို ႀကိဳေတြးေနမိပါသည္။
နဖူးေပၚဝဲက်ေနေသာ အညိဳေရာင္ဆံစမ်ားကို ခပ္ဖြဖြတို႔ထိရင္း မင္းဆီကို အပတ္တိုင္း စာသဝဏ္လႊာပို႔ေနသူဟာ သည္လူျဖစ္ေၾကာင္း ေျပာလိုက္ခ်င္သည္။ အျမန္ဆုံးေျပာထြက္ႏိုင္ဖို႔ရာ အေျခအေနအခ်ိန္အခါကို ကိုယ့္မွာတြက္ဆေနရသည္။ အခ်ိန္မွန္ျဖစ္ဖို႔ရာ ဘယ္ေဗဒင္ဆရာက တြက္ဆႏိုင္မွာတဲ့လဲ မ်က္ျခယ္ရယ္။
"ကြၽန္ေတာ့္အတြက္ေတာ့ ဒီအရသာက ပုံမွန္ပဲ။ ခ႐ိုင္မင္းအတြက္ေရာ.. အစပ္မ်ား ေပါ့ေနေရာ့သလား"
"ေမာင္က အစားအေသာက္ေၾကးမမ်ားတတ္ပါဘူးကြယ္"
Taehyung အၾကည့္တစ္မ်ိဳးျဖင့္ၾကည့္မိသည္။ 'အတည္ႀကီး ဒီလိုေျပာေနတာလား'ဟု ေမးခ်င္ေနေသာ အၾကည့္မ်ိဳး။ ဒါေပမဲ့ ေမးခြန္းထုတ္လိုက္ရန္ အခါအခြင့္မသင့္မွာစိုး၍ ဆိတ္ဆိတ္သာ ဆက္ေနလိုက္သည္။
'ေမာင္..' သူ႔အတြက္ 'ေမာင္'လို႔ သုံးႏႈန္းတတ္သူဟာ သူ႔ထံပါး စာေစာင္မွန္မွန္ပို႔တတ္သူသာ။ ခ႐ိုင္မင္းကလည္း သူ႔အစီအစဥ္ရဲ႕ ပရိတ္သတ္လို႔ ေျပာခဲ့ဖူးတာပါပဲ။ ခ႐ိုင္မင္းမ်ားလားဟု အတင့္ရဲစြာ ေတြးမိတိုင္း မထိုက္မတန္ဟူေသာ ေကာက္ခ်က္က တစ္ပါတည္းလိုက္ပါလာသည္။ ေတြးလိုက္ခ်င္ပါေသာ္လည္း၊ အေတြးထဲစဥ္ဆက္မျပတ္ရွိေနပါေသာ္လည္း ျဖစ္သင့္ရဲ႕လား ေဝခြဲရခက္ပါသည္။
တခ်ိဳ႕ေသာ စည္းမ်ားက မေက်ာ္ဖို႔ရာ သတ္မွတ္ထားျခင္းျဖစ္သည္။ မေန႔ညကမွ ေတြ႕ဆုံခဲ့ေသာ ခ႐ိုင္မင္းက သူ႔ကိုမနက္စာဧည့္ခံေနသည္ႏွင့္ပင္ ဘယ္စည္းေတြေက်ာ္လိုက္မိပါၿပီလဲ။ ရင္းႏွီးမႈႏႈန္းက အဟုန္ျဖင့္ ျမင့္တက္လာေတာ့ သူ႔မွာ စိုးထိတ္ရပါသည္။
"ဗိုက္ဝသြားၿပီလား။ အစားနည္းလိုက္တာ။ ကိုယ္က ၿမိန္ေရရွက္ေရစားေတာ့မယ္ထင္ေနတာ"
"ကြၽန္ေတာ္ဗိုက္မဆာေတာ့လို႔ပါ"
"ဒါဆို ကိုယ္တို႔သြားၾကေတာ့မလား။ ကုန္တိုက္သြားမယ္လို႔ ေျပာထားတယ္ေလ"
"အင္း.. သြားၾကတာေပါ့"
ခ႐ိုင္မင္း၏ကားက သက္ေတာင့္သက္သာရွိသည္။ သူမျဖစ္မေနစီးေနက် တကၠစီမ်ားထက္ အဆမ်ားစြာသာသည္။ အိစက္ညက္ေညာေသာ ထိုင္ခုံမ်ားႏွင့္ ေလဝင္ေလထြက္ေကာင္းေသာ ကားအတြင္းခန္း။ ကားေရဒီယိုကလည္း အသံၾကည္လင္ျပတ္သားသည္။ ဖြင့္ထားေသာ ေရဒီယိုလႈိင္းက Melomaniac FMျဖစ္ေနေသာ သူတစ္ေယာက္တည္း ႀကိတ္ၿပဳံးမိသည္။
'မဂၤလာပါ။ Melomaniac FMမွ ႀကိဳဆိုပါတယ္။ ႀကိမ္ႏႈန္း 91.3MHzကို ဖြင့္ၿပီး သီခ်င္းေကာင္းေလးမ်ားကို နားဆင္ႏိုင္ပါၿပီေနာ္'
"ခ႐ိုင္မင္းက ကြၽန္ေတာ္တို႔ ေရဒီယိုလႈိင္းကို တကယ္နားဆင္သားပဲ"
"ဘာလဲ.. မေန႔ညက လိမ္ေျပာလိုက္တယ္ ထင္လို႔လား"
"အင္း.. လိမ္တယ္ေတာ့မဟုတ္ဘူးေပါ့။ သက္သက္ေလာကြတ္ေခ်ာ္ေနတယ္ထင္တာ"
"ေတြးရက္လွခ်ည္လားဗ်ာ။ ကိုယ္က 'ႏွလုံးသားေတးသံသာ'ရဲ႕ တကယ့္ပရိတ္သတ္ပါ။ တျခားအစီအစဥ္ေတြေတာင္ ကိုယ္နားေထာင္ျဖစ္တာမဟုတ္ဘူး"
ကားစတီယာတိုင္ကို ခပ္ဖြဖြကိုင္ထားေသာ လက္မွာ ေသြးေၾကာစိမ္းေတြအျပည့္။ တက္တူးအပိုင္းအစမ်ားကလည္း မေန႔ညကကဲ့သို႔ပင္ ဟိုသည္တစ္ကြက္စီ ထိုးထြက္လ်က္ရွိသည္။
သူႏွင့္ဆန္႔က်င္စြာ ဆံသားမ်ားက ေသသပ္ပိရိလ်က္။ ခ႐ိုင္မင္းက ပင္ကိုမူလကပင္ လူကုံထံအသိုင္းအဝိုင္းက ဆင္းသက္လာသူမွန္း သိသာလွပါသည္။
"ဒီကုန္တိုက္ဟုတ္ပါရဲ႕ေနာ္"
"ဟုတ္ကဲ့ ေက်းဇူးပါ။ ကြၽန္ေတာ္ သြားလိုက္ပါဦးမယ္"
JungKookက နားမလည္သလို မ်က္ေမွာင္တစ္ခ်က္ၾကဳတ္ၿပီးမွ
"ကိုယ္လိုက္လို႔မရလို႔မ်ားလား။ အတူတူသြားရမယ္ ထင္ေနလို႔ လိုက္ပို႔ေပးတာကို"
"အိုး.. လိုက္မရတာမဟုတ္ပါဘူး။ ကြၽန္ေတာ္က အိမ္ပစၥည္းေတြ၀ယ္မွာဆိုေတာ့ ခ႐ိုင္မင္းေနရခက္မွာစိုးတာေၾကာင့္ပါ"
အားစိုက္ထုတ္စရာအေၾကာင္းမ်ားမရွိဘဲ အလိုလိုပင္ ခ႐ိုင္မင္းက သူ႔အနားပါလာသည္။ အိမ္သုံးပစၥည္းေတြကို အၿမဲလိုလို တစ္ေယာက္တည္းဝယ္ေနက်။ ယခု သူ႔ေဘးနား လူတစ္ေယာက္ပါလာေတာ့ အနည္းငယ္မ်က္ႏွာပူခ်င္သလိုလို။ မ်က္မွန္းတန္းမိေနေသာ ကုန္တိုက္ဝန္ထမ္းေလးမ်ားကလည္း သူ႔ကို လူထူးလူဆန္းႀကီးလို ၾကည့္ေနၾကေတာ့ ေျခမကိုင္မိလက္မကိုင္မိပါ ျဖစ္ခ်င္လာေတာ့၏။
"အစားအေသာက္ေတြေရာ တစ္ပတ္စာ၀ယ္ေနတာလား"
"ဟုတ္တယ္။ ႐ုံးဖြင့္ရက္ေတြက် ဒါေတြလိုက္၀ယ္ေနဖို႔ အခ်ိန္မရွိဘူးေလ။ စေနေန႔က်ေတာ့လည္း အိမ္မွာေအးေဆးအနားယူခ်င္ေသးတာ။ အဲဒီေတာ့ တနဂၤေႏြမွပဲ တစ္ပတ္စာထြက္ဝယ္ျဖစ္ေတာ့တယ္"
အသားေျခာက္မ်ား၊ ေရခဲ႐ိုက္ထားသည့္ စားေသာက္ကုန္မ်ားကို ေ႐ြးထည့္ေနရင္း စိတ္ရွည္လက္ရွည္ရွင္းျပေနတာ။ ကိုယ္တစ္မနက္လုံး လိုက္ေနတာေတာင္ မၿငိဳမျငင္ရွိေနဆဲဆိုေတာ့ ဒါအေျခအေနေကာင္းတာလို႔ပဲ ဆိုရမလား။
"မ,ေပးမယ္"
"ကြၽန္ေတာ္တစ္ေယာက္တည္းႏိုင္.."
"လုပ္ေပးခ်င္လို႔ပါ"
နာ့ရွ္ဗီးလ္တစ္ခ႐ိုင္လုံးကို ႀကီးၾကပ္ကြပ္ကဲေနရသူက သူ႔အိမ္အတြက္စားေသာက္ကုန္အထုပ္ႀကီးငယ္ကို ကူသယ္ေပးေနရတယ္လို႔။ မအပ္မစပ္ျဖစ္မေနဘူးလား။
"Mr. Kim.. ေဈးလာ၀ယ္တာလား"
အသံလႊင့္႐ုံမႉးႀကီးနဲ႔မွ တည့္တည့္ဆုံရတယ္လို႔။ တစ္ေယာက္တည္းလည္းမဟုတ္၊ မိန္းမႏွင့္ကေလးႏွစ္ေယာက္အပါ မိသားစုလိုက္။
"ဟုတ္တယ္ခင္ဗ်။ ႐ုံးပိတ္တာနဲ႔ပဲ"
"ဒါခ႐ိုင္မင္းမလား။ မေန႔ညက မိတ္ဆက္တယ္ေလ။ ကြၽန္ေတာ့္ကို မွတ္မိရဲ႕လားမသိဘူး"
"မွတ္မိပါတယ္။ Mr. Kimရဲ႕ အထက္လူႀကီးဟုတ္ပါရဲ႕ေနာ္"
အသံလႊင့္႐ုံမႉးမွာ ရင္ခံသြားတာ အသိသာ။ သူ႔ကိုမမွတ္ထားဘဲ Kim Taehyung၏ အထက္လူႀကီးဟုသာ မွတ္ထားသတဲ့လား။ ႀကိဳဆိုဧည့္ခံပြဲစီစဥ္ေပးတဲ့အထဲ သူကအဓိကလူျဖစ္ေနလ်က္ မ်က္ႏွာသာမရေတာ့ စိတ္မၾကည္ေတာ့။
"Mr. Kimက ခ႐ိုင္မင္းနဲ႔ ေတာ္ေတာ္ရင္းႏွီးတယ္ထင္တယ္"
"အာ.. အဲဒါက"
"ခ႐ိုင္မင္းပစၥည္းေတြသယ္ေနတာ အားနာစရာ။ Mr. Kimက ကူသယ္ေပးလိုက္တာမဟုတ္ဘူး"
"ဒါ Kim Taehyungရဲ႕ ပစၥည္းေတြပါ။ ကြၽန္ေတာ္က ကူသယ္ေပးေနတာ"
ေလာေလာဆယ္ေတာ့ Taehyung သည္ၾကားထဲမေနခ်င္ေတာ့။ အသံလႊင့္႐ုံမႉးက သူ႔ကို ဘုၾကည့္ၾကည့္ေနၿပီ။ ေလာေလာလတ္လတ္ေရာက္လာတဲ့ခ႐ိုင္မင္းကို ခိုင္းစားေနသည္ဟု ထင္သြားေလာက္သည္။
"Mr. Kimက ခ႐ိုင္မင္းကို အထုပ္ေတြ သယ္ခိုင္းတယ္။ ဟုတ္လား"
"သူမခိုင္းပါဘူး။ ကြၽန္ေတာ္က လုပ္ေပးခ်င္လို႔ပါ။ ဒါဆို ခြင့္ျပဳပါဦး"
အသံလႊင့္႐ုံမႉးဆိုသူတစ္ေယာက္ နားမလည္ေသာ အၾကည့္ျဖင့္သာ က်န္ခဲ့မည္ျဖစ္ေၾကာင့္ JungKookသိလို႔ေနသည္။ လက္တစ္ဖက္က အထုပ္ႀကီးငယ္ဆြဲထားေသာ္လည္း က်န္လက္တစ္ဖက္က Kim Taehyungလက္ကို ဆြဲယူၿပီး ထြက္လာခဲ့သည္။ သူလုပ္လိုက္တာ မ်က္ျခယ္ေတာ့ သိပ္ကိုေနရခက္ေနေတာ့မွာ။
"အသံလႊင့္႐ုံမႉးက အဲဒီလိုပဲ။ သိပ္အရစ္ရွည္တာ"
"ၾကည့္တာနဲ႔ သိသာပါတယ္"
"အဲဒီလိုျဖစ္သြားလား"
သူတို႔ႏွစ္ဦးၿပိဳင္တူရယ္မိသြားၾကပါသည္။
____
လူရည္လည္ေသာ ဝန္ထမ္းတစ္ေယာက္အေနႏွင့္ လူတစ္ေယာက္ကို ႏွစ္ႀကိမ္ႏွစ္ခါခန္႔ ေတြ႕ျမင္ဖူး႐ုံျဖင့္ ရင္းႏွီးကြၽမ္းဝင္သြားဖို႔ရာက မခက္ခဲခဲ့ေခ်။
အလုပ္နားရက္ ႏွစ္ရက္အတြင္း ဆုံစည္းခဲ့ရေသာ ခ႐ိုင္မင္းက မရွိသေလာက္ရွားပါးလွေသာ သူ႔မိတ္ေဆြစာရင္းတြင္ပါဝင္လာသည္။
သို႔ေသာ္ သူဟာ ခ႐ိုင္မင္းကို ေန႔စဥ္ေတြ႕ရလိမ့္မည္ဟု ေမွ်ာ္မွန္းထားသူမဟုတ္ေခ်။
သူ႔ဘဝထဲက လူတစ္ေယာက္ျဖစ္လာဖို႔က မလြယ္။ အလုပ္သေဘာအရ မည္မွ်ပင္ ရည္မြန္ပါေစဦး၊ ကိုယ္ပိုင္ဘဝထဲေနရာယူထားသူက မရွိသေလာက္။
ခ႐ိုင္မင္းJeon JungKook သူ႔ကိုယ္ပိုင္ဘဝေလးထဲ ဝင္လာပုံက ညင္သာသိမ္ေမြ႕လြန္းသည္။ သိမ္ေမြ႕လြန္းအားႀကီးသျဖင့္ ဘယ္အခ်ိန္ဝင္ေရာက္အေျခခ်ေနမွန္းပင္ မသိလိုက္ေအာင္။
"Mr. Kimအတြက္ စာေရာက္ေနတယ္"
"ဟုတ္လား။ ေသာၾကာေန႔လည္း မဟုတ္ဘဲနဲ႔။ ျပပါဦး"
႐ုံးတက္တက္ခ်င္းအခ်ိန္မွာပင္ သူ႔အတြက္စာတစ္ေစာင္က စာတိုက္ပုံးထဲေနရာယူထားခဲ့သည္။ ေသာၾကာေန႔မြန္းလြဲခ်ိန္မဟုတ္ဘဲ သူ႔ဆီစာေရာက္လာစရာအေၾကာင္းက ရွိပါေသးရဲ႕လား။
သူျမင္ေတြ႕ေနက် စာအိတ္ညိဳညိဳ။ ဖြင့္မၾကည့္ရေသးခင္မွာပင္ သူ႔ကို မ်က္ျခယ္ဟု ေခၚမည့္သူ၏စာမွန္း သိေနသည္။ ေသာၾကာေန႔မဟုတ္တာက အတန္ငယ္ထူးဆန္းေန႐ုံ။ ဘာလို႔မ်ားပါလိမ့္။
'မ်က္ျခယ္..'
သူဟာ ထိုစာကို ခ႐ိုင္မင္းအသံအား ၾကားေယာင္၍ ဖတ္မိသည္။ အရွက္မရွိသလိုျဖစ္သြားေပမဲ့ သည္လိုပဲဖတ္မိေနတာကို ဘယ္တတ္ႏိုင္ပါ့မလဲ။
'ေမာင္ေလ.. မ်က္ျခယ္ဘဝထဲတိုးဝင္ဖို႔ရာ အဆင္သင့္ျဖစ္ေနပါၿပီ။
မ်က္ျခယ္သာ တံခါးေလးဖြင့္ၿပီး ႀကိဳလင့္မယ္ဆို ဝမ္းပမ္းတသာ ခ်စ္ျခင္းအဟုန္ႏွင့္ ေမာင္တိုးဝင္လာပါ့မယ္'
ဘာလဲ။ ဒါကရည္းစားစာမဟုတ္ေနဘူးလား။ အစီအစဥ္အေၾကာင္း၊ ေရဒီယိုအေၾကာင္းမဟုတ္ဘဲ မိန္းမပ်ိဳတစ္ေယာက္ကို ေယာက်္ားပ်ိဳတစ္ေယာက္က ပိုးပန္းေနသည့္စာမ်ိဳး။ သည္လိုစာကို အမ်ိဳးသားတစ္ေယာက္က အမ်ိဳးသားတစ္ေယာက္ကို ေပးသတဲ့လား။
သဘာဝမဆန္စြာပင္ သူအေနႏွင့္ ဒါကို မႏွစ္ၿမိဳ႕ျခင္းအလွ်င္းမရွိ။ ရင္ခုန္တတ္စ လူသားတစ္ေယာက္လို စိတ္ကူးပင္ ယဥ္မိသြားသည္။
'အညိဳေရာင္ မ်က္ဝန္းေလးေရာ.. အညိဳေရာင္ ဆံသားေလးေရာ ေမာင္နမ္းရႈိက္ဖို႔ခ်ည္းသက္သက္ျဖစ္လိုက္ပါေတာ့ကြယ္'
အို.. ကိုယ့္မွာ အညိဳေရာင္မ်က္ဆန္ႏွင့္ ဆံသားတို႔ရွိေၾကာင္း သူဘယ္လိုသိတာပါလိမ့္။ သည္လူက သူ႔အနီးနားရွိေနၿပီလား။ မဆိုင္ေသာ္လည္း ဝန္းက်င္ကို တစ္ခ်က္ၾကည့္မိလိုက္ပါေသးသည္။
"ခ႐ိုင္မင္းေရာက္လာတာလား။ ႐ုတ္တရက္ႀကီးဆိုေတာ့ ကြၽန္မတို႔ ဘာမွမျပင္ဆင္လိုက္ရဘဲ ျဖစ္သြားတယ္ ခ႐ိုင္မင္းရယ္"
ဝန္ထမ္းအစ္မ၏အသံေၾကာင့္ သူအပါအဝင္ ႐ုံးခန္းတစ္ခုလုံးက တစ္ေနရာတည္းကို လွည့္ၾကည့္မိၾကသည္။ အေနာက္တိုင္းဝတ္စုံရယ္၊ အေပၚထပ္ကုတ္အရွည္ရယ္.. သူသိေနက်အတိုင္း ခ႐ိုင္မင္းက ခံ့ညားတည္ၾကည္လြန္းသည္။
"ေနပါ.. ေနပါ။ ကြၽန္ေတာ္က Mr. Kimကို လာေတြ႕တာ"
"ဟင္.. ကြၽန္ေတာ့္ကိုလား"
"ေန႔လယ္စာစားခ်ိန္မလား။ အလုပ္မၿပီးေသးလည္း ေစာင့္လိုက္ပါ့မယ္ ေအးေဆးလုပ္ပါ"
သည္အခ်ိန္မွ အလုပ္ေအးေဆးလုပ္ႏိုင္တာကမွ လူထူးလူဆန္းျဖစ္ေနဦးမည္။ ဧည့္သည္ေတြထိုင္ေသာ ခုံတန္းမွာ ေအးေအးေဆးေဆးထိုင္၍ ေစာင့္ေနသူခ႐ိုင္မင္းေၾကာင့္ သူတကယ္ကို အလုပ္ေျဖာင့္ေျဖာင့္မလုပ္ႏိုင္။
"သြားၾကေတာ့မလား"
"အလုပ္ၿပီးၿပီလား။ ျမန္လိုက္တာ"
"ခ႐ိုင္မင္းက အဲဒီလိုေစာင့္ေနမွေတာ့ ဘယ္လိုလုပ္ၿပီး ဆက္လုပ္ႏိုင္ပါ့မလဲ"
"ေနာက္ေန႔က်ေတာ့ ဖုန္းႀကိဳဆက္လိုက္ပါမယ္"
"ေနာက္ေန႔.."
ပုခုံးကို လႊားခနဲဖက္ၿပီး ေခၚသြားခ်ိန္ ကိုယ့္ေျခလွမ္းေတြက အလိုက္သင့္ပင္ သူ႔ေနာက္လိုက္မိေတာ့သည္။ ႐ုံးဝန္ထမ္းမ်ား၏ အာ႐ုံအစုစုက ကိုယ္တို႔ေနာက္ ပါလာမွာ အေသအခ်ာ။ ကိုယ္တိုင္ေတာင္ အိပ္မက္လိုလို စိတ္ကူးယဥ္ကမာၻထဲေရာက္ေနသလိုလို မေရမရာျဖစ္ေနခ်ိန္ ဘယ္သူ႔ကို ဘယ္လိုရွင္းျပႏိုင္မွာတဲ့လဲ။
"ပုံမွန္ေန႔လယ္စာ ဘယ္လိုစားေလ့ရွိလဲ။ ႐ုံးထဲလည္း ဆိုင္မရွိဘူးဆိုေတာ့"
"ဒီလိုပါပဲ။ ႀကဳံသလိုေပါ့"
"ဒီေန႔ေတာ့ ႀကဳံသလိုစားလို႔မျဖစ္ပါဘူး။ ေမာင့္ေနာက္သာလိုက္ခဲ့"
ခ႐ိုင္မင္းက လူတိုင္းကို သည္လိုေျပာေလ့ရွိသူေတာ့လည္း မဟုတ္ေလာက္ပါဘူးေနာ္။ အမွတ္တမဲ့ ႏႈတ္က်ိဳးေနသေယာင္ေယာင္ 'ေမာင္'လို႔ သုံးလိုက္တိုင္း ကိုယ့္မွာအေတြးလြန္ရတာ တစ္ခါႏွစ္ခါပင္မကေခ်ေတာ့။
ေနာက္တစ္ခါသာဆိုလွ်င္ေတာ့ တိုက္႐ိုက္ပဲ ေမးလိုက္ေတာ့မည္။ မသိမၾကားသလို ဟန္ေဆာင္ရတာက ခက္လိုက္တာမွ။
"ေထာက္ရွားပန္းေတြက ဘယ္အခ်ိန္ပြင့္သတဲ့လဲ"
"ေႏြဦးကေန ေႏြရာသီကုန္အထိ။ သူတို႔က ေႏြႀကိဳက္ပန္းေတြ"
"ပထမဆုံးျမင္ဖူးရမွာပဲ"
"ခ႐ိုင္မင္းေျပာင္းလာတဲ့ၿမိဳ႕မွာ မရွိဘူးလား"
"ေအာ္စတင္မွာလား.. ဟင့္အင္း။ ရွိခ်င္လည္းရွိမွာေတာ့။ သိပ္မမ်ားလို႔မ်ားလား.. ကိုယ္ေတာ့ မျမင္မိပါဘူး"
လမ္းတစ္ဖက္မွာရပ္ထားေသာ ကားဆီ ျဖတ္ကူးသြားခ်ိန္ သူက ကိုယ့္ေက်ာျပင္ကို ခပ္ဖြဖြထိန္းေပးသည္။ ေရဒီယို႐ုံးေရွ႕လမ္းက ျဖတ္သြားျဖတ္လားသိပ္မမ်ားေသာ္လည္း လမ္းေထာင့္ကေန ႐ုတ္တရက္ထြက္လာေသာ ကားေလးေတြရွိတတ္သည္။ သို႔ေသာ္ ၿမိဳ႕ခံျဖစ္တဲ့ကိုယ္က အဲသည္ေလာက္ထိ ဂ႐ုမျပဳမိ။ ေက်ာျပင္ထက္က ေႏြးႏုႏုအာ႐ုံေၾကာင့္သာလွ်င္..။
နာ့ရွ္ဗီးလ္ၿမိဳ႕ရဲ႕ အဆင့္ျမင့္စားေသာက္ဆိုင္ကို အလုပ္ကိစၥမဟုတ္ဘဲ ပထမဆုံးေရာက္ဖူးျခင္း။ ခ႐ိုင္မင္းက ဤၿမိဳ႕အတြက္ လူသစ္ျဖစ္သည့္တိုင္ အရွိန္အဝါကမနည္း။ မျမင္ဖူးတဲ့လူဆိုရင္ေတာင္ ဒါအႀကီးအကဲတစ္ေယာက္မွန္း တန္းသိႏိုင္မည့္ အရွိန္ႏွင့္။
"႐ုံးက တပည့္ေတြက ဒီဆိုင္ေကာင္းတယ္ဆိုလို႔.. လမ္းအလြတ္က်က္ၿပီး လာရတယ္"
"ဟုတ္ပါရဲ႕.. ခ႐ိုင္မင္းေရာက္တာပဲ ႏွစ္ရက္ရွိေသးတာ။ ဒ႐ိုက္ဘာမပါလို႔ ျဖစ္ရဲ႕လား"
"ဒ႐ိုက္ဘာပါလာရင္ ေမာင္တို႔ၾကား ကန္႔လန္႔ကန္႔လန္႔ျဖစ္ေနမွာေပါ့"
သည္တစ္ခါေတာ့ Taehyungေက်ာ္မသြားႏိုင္ေတာ့။ မခို႔တ႐ို႕အၾကည့္၊ မထိတထိစကားလုံးမ်ားကပင္ လြန္လွေခ်ၿပီ။ သက္ဆိုင္ရာတစ္ဦးပိုင္နာမ္စားအထိေတာ့ လြတ္ထားမေပးႏိုင္၊ ခ႐ိုင္မင္းက သူ႔ကို႐ူးေအာင္ လုပ္ေနခ်င္စမ္းသလား။
"လာျပန္ၿပီ။ ဒီတစ္ခါေတာ့ ကြၽန္ေတာ္ေက်ာ္မသြားေတာ့ဘူး။ ေမးရမွာကို ျဖစ္ေတာ့မယ္"
"ေမးေလ.. ေျဖပါ့မယ္"
"ခ႐ိုင္မင္းက ဘာလို႔မ်ား ကိုယ့္ကိုယ္ကိုယ္'ေမာင္'လို႔ ေျပာေနရသလဲ။ လူတိုင္းကို ဒီအတိုင္းပဲေျပာတတ္လို႔လား။ ဒါမွမဟုတ္ ခ႐ိုင္မင္းရဲ႕ တျခားနာမည္လား"
ခ႐ိုင္မင္းက အနည္းငယ္ေၾကာင္အမ္းသြားၿပီးေနာက္ ႏႈတ္ခမ္းပါးထက္ဝယ္ အလိုလိုၿပဳံးေရာင္သမ္းလာသည္။ စားေသာက္ဆိုင္၏ မီးေရာင္က ဝါက်င္က်င္ႏွင့္ ခပ္မွိန္မွိန္။ ထိုအလင္းေရာင္ေဖ်ာ့ေဖ်ာ့ေအာက္ လူတစ္ေယာက္၏ အၿပဳံးကို ျမင္ရသည္က ဗလာပိတ္ကားထက္မွာ ပန္းခ်ီျခယ္သေနသည့္အလား။
"နည္းနည္းမွကို မရိပ္မိတာပဲလား။ ဒါမွမဟုတ္ ေမာင္လို႔သုံးတဲ့လူေတြကပဲမ်ားေနလို႔ ေမာင့္ကို သီးျခားမျမင္ႏိုင္ေသးတာလား"
"ဟင္..ခ႐ိုင္မင္း ဘာကို"
"မ်က္ျခယ္ မနက္ကစာကို ဖတ္လိုက္ေသးလား..ဟင္"
"အို.."
ပါးႏွစ္ဖက္နီျမန္းသြားသည္ကို ဖုံးကြယ္ႏိုင္မည္အထင္ႏွင့္ ေခါင္းငုံ႔ထားေသာ္လည္း ဖုံႏိုင္မည္မဟုတ္ေခ်။
တိုက္ဆိုင္မႈေလလား၊ ထိုထက္ပိုေသာ ေရစက္ေလလား။ ခ႐ိုင္မင္းက အဲသည္လူတဲ့ေလ။
ရင္ခုန္ရမလား ရင္တုန္ရမလားဆိုတာ တစ္ေယာက္ေယာက္ကို ေမးၾကည့္လို႔ရရင္ ေကာင္းမည္။
ခ႐ိုင္မင္းကို ရင္းႏွီးၿပီးသားလူတစ္ေယာက္လို ခံစားခဲ့ရတာ ဒါေၾကာင့္လား။ မၿပီးဆုံးႏိုင္ေသာ သံသရာစက္ဝန္းႀကီးထဲ သည္ေရစက္က သိပ္လွႏိုင္သည္။ တစ္ၿပိဳင္နက္တည္း တုန္လႈပ္ဖို႔လည္းေကာင္းသည္။
"ေအာ္စတန္မွာ ၆ႏွစ္ေက်ာ္ေလာက္တာဝန္က်ၿပီး ဒီကိုဘာလို႔ေျပာင္းလာတာလဲ သိခ်င္ရဲ႕လား။ ဇာတိၿမိဳ႕နီးပါးရင္းႏွီးေနတဲ့ၿမိဳ႕ကေန ေကာက္ခါငင္ကာေျပာင္းလာတယ္ဆိုတာက.."
"ခ႐ိုင္မင္းရယ္။ တကယ္ေတာ့ ဒီလိုအခ်ိန္မွာ ဘယ္လိုတုံ႔ျပန္ရမလဲေတာင္မသိေတာ့ပါဘူး။ ကြၽန္ေတာ္က သာမာန္လူတစ္ေယာက္ဆီကစာလို႔ပဲ ေမွ်ာ္လင့္ထားခဲ့တာပါ"
"ကိုယ္ကသာမာန္လူတစ္ေယာက္ပါပဲ မ်က္ျခယ္။ လူတစ္ေယာက္လို အသက္ရႉၿပီး လူတစ္ေယာက္လို အလုပ္လုပ္ေနရတာပဲေလ"
ဘယ္တူပါ့မလဲ။ ေခတ္အခါအရ ခ႐ိုင္မင္းဆိုသည့္ အရွိန္အဝါကႀကီးလြန္းသည္။ သာမာန္မိသားစုက ဆင္းသက္လာသူထက္ မ်ိဳး႐ိုးစဥ္ဆက္လူကုံထံအသိုင္းအဝိုင္းကဆိုလွ်င္ သူ႔အတြက္ ဖိအားပိုမ်ားသည္။
ဘာမွမသိခင္အခ်ိန္တုန္းက စာသဝဏ္လႊာေလးေတြက သူ႔အတြက္ ခြန္အားဆိုလည္းဟုတ္သည္။ စိတ္ေျဖသိမ့္ရာဆိုလည္း မွန္သည္။ အခုေတာ့ လုံးလုံးလ်ားလ်ားမတူေတာ့။
ဟိုးေကာင္းကင္ေပၚကေန ေႂကြဆင္းလာသည့္ ေ႐ႊေပလႊာကို ဖမ္းဆုပ္ရသကဲ့သို႔ သူ႔ပုခုံးႏွစ္ဖက္ကို ေလးလံေစပါသည္။
TBC~
Do vote⭐ me if you like it.
Love you and thank you Taekookers💜